← Chapters

အခန်း (၁၂၅၃-၁၂၅၆)

Vol. 63 Ch. 1253-1256

အခန်း (၁၂၅၃-၁၂၅၆)

Vol. 63 Ch. 1253-1256

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၂၅၃ )

မင်းကို မသတ်ရဲဘူးလို့ ထင်နေတာလား

ဖုမာ ခါဇူဟီကိုသည် သူ့ပြိုင်ဘက် သေလုမြောပါး ဖြစ်နေသော မြင်ကွင်းကို မြင်နေရသကဲ့သို့ ဆိုးရွားလှသည့် အပြုံးကို ထုတ်ဖော်လိုက်သည်။

သို့သော် သူသည် မောင်းခလုတ်ကို မဆွဲနိုင်မီတွင် မှုန်ဝါးစွာနှင့် သူ့လက်ထဲမှ ဒူးလေး ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။

သူ ပြန်လည် မတုံ့ပြန်နိုင်ခင်မှာပင် အနက်ရောင် ဒူးလေးသည် သူ့ခေါင်းပေါ် ရောက်နေပြီဖြစ်သည်။

ထို့နောက် နဖူးပေါ်သို့ ချွေးအေးများ ချက်ချင်း စီးကျလာသည်။

ယဲ့ဖန် အေးစက်သော အပြုံးဖြင့် သူ့ကို ကြည့်သည်။

" မင်း ငါ့ကို ပေါ်တင် မချနိုင်တော့ ဒီလို ညစ်တီးညစ်ပတ် ကစားချင်တာလား။ ဘယ်လောက် အရှက်မရှိလိုက်လဲ "

ထိုအခိုက်အတန့်တွင် ဖုမာ ခါဇူဟီကို၏ စိတ်ထဲ၌ မရေမတွက်နိုင်သော အတွေးများ ပေါ်လာသည်။

အသနားခံရမလား။

အကယ်၍ ထိုသို့ဖြစ်ခဲ့ပါက သူ၏ဂုဏ်သတင်းသည် ပျက်စီးသွားမည်ဖြစ်ပြီး သူသည် ဖုမာမိသားစုထဲတွင် ထပ်မံ ရပ်တည်နိုင်တော့မည် မဟုတ်ပေ။

ထို့အပြင် တစ်ဖက်လူသည် သူ့ကို မလွှတ်ပေးတာ ဖြစ်နိုင်သည်။

ထို့ကြောင့် မိသားစုခေါင်းဆောင် လာပြီး သူ့ကို ကယ်တင်မည့်အချိန်အထိ ခုခံရုံသာ တတ်နိုင်တော့သည်။

ကောင်းကျိုးဆိုးကျိုးများကို တွေးပြီးသည်နှင့် ချက်ချင်း လှောင်ပြောင် ပြောဆိုလိုက်သည်။

" ဟားဟားဟား၊ မင်းမှာ သတ္တိရှိရင် မောင်းခလုတ်ကို ဆွဲလိုက်။ မင်းငါ့ကို သတ်လိုက်ရင် ဖုမာ မိသားစုက မင်းကို အသက်ရှင်လျက် ထားမှာ မဟုတ်ဘူးဂ"

ယဲ့ဖန်၏ မျက်နှာပေါ်ရှိ အပြုံးသည် ပို၍ပင် ကျယ်လာသည်။

" မင်းကို ငါမသတ်ရဲဘူးလို့ တကယ် ထင်နေတာလား "

ဖုမာ ခါဇူဟီကိုသည် သူ့စကားကို ကြားသောအခါ ယဲ့ဖန်သည် သူ့ကို မသတ်ရဲကြောင်း ပိုသေချာလာသည်။

မဟုတ်ပါက သူ့ကို တိုက်ရိုက် တိုက်ခိုက်လိမ့်မည် ဖြစ်သည်။

အဲ့လိုပြောနေမယ့်အစား ဘာလို့ လေကုန်ခံနေမှာလဲ။

" မင်းမှာ သတ္တိရှိရင် စမ်းကြည့်လိုက်။ ဘယ်လိုသုံးရမယ်မှန်း မသိဘူးမလား။ သင်ပေးရဦးမလား "

သူသည် ယဲ့ဖန်ကို မကြောက်မရွံ့ ကြည့်နေသည်။

သူ့မျက်နှာ၌ အထင်သေးမှု အရိပ်အယောင်များပင် ရှိနေသည်။

" မင်းက စမ်းကြည့်ဖို့ မစောင့်နိုင်ဘူးဆိုမှတော့ မင်းရဲ့ တောင်းဆိုမှုကို ငါ ဖြည့်ဆည်းပေးမယ် "

ယဲ့ဖန်၏အပြုံး ပျောက်ကွယ်သွားတော့သည်။

ဖုမာ ခါဇူဟီကိုသည် ဆိုးရွားသော ခံစားချက်ကြောင့် နှလုံးခုန်ပေါက်သွားသည်။

ထိုအချိန် တံခါးအတွင်းမှ အော်သံတစ်ခု ထွက်ပေါ်လာသည်။

" ရပ်လိုက် "

ချက်ချင်းပင် ဂုဏ်သိက္ခာရှိသော ကိုယ်ဟန်ဖြင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး အမြန်ထွက်လာခဲ့သည်။

သူ၏ အသွင်အပြင်မှ ဖုမာ ကျန်းဝူ၏ ပုံရိပ်အချို့ကို တွေ့မြင်နိုင်သည်။

ထိုလူသည် အသက်ငါးဆယ်ကျော်နေပြီ ဖြစ်သော်လည်း ချောမောနေဆဲဖြစ်သည်။

သူသည် ငယ်စဉ်ကတည်းက ချောမောသော ယောက်ျားတစ်ယောက် ဖြစ်ရပေမည်။

ဤလူ၏ ကိုယ်ရောင်ဝါမှာ မိမိကိုယ်မိမိ ယုံကြည်မှုအပြည့်ရှိကြောင်း ထင်ရှားသည်။

သူသည် ဖုမာမိသားစု ခေါင်းဆောင် ဖုမာ ဟာရာဘူဆာ ဖြစ်သည်။

သို့သော် ယဲ့ဖန်သည် သူ့စကားကို မကြားသလို ခလုတ်ကို ဆွဲလိုက်သည်။

ဖောင်း

မူလက သူသည် ဖုမာ ခါဇူဟီကို၏ ဦးခေါင်းအား ချိန်ရွယ်ထားခဲ့သော်လည်း ဖုမာ ဟာရာဘူဆာ၏ လက်ဖဝါးသည် ကာရန် ရောက်လာသောကြောင့် ယဲ့ဖန် မတတ်နိုင်ဘဲ နောက်ဆုတ်လိုက်ရသည်။

စတီးအပ်သည် သူ့ပေါင်ကို ထိသွားလေသည်။

" ခွေးသား "

ယဲ့ဖန်သည် သူ့အရှေ့တွင် လူသတ်ရဲသည်ကို ဖုမာ ဟာရာဘူဆာ မြင်လိုက်ရသဖြင့် ဒေါသတကြီး ပြေးလာပြီး ရိုက်ချလိုက်သည်။

သို့သော် ယဲ့ဖန်သည် သူ့ကိုတော့ တိုက်ခိုက်ရန် မစီစဉ်ထားချေ။

ထို့ကြောင့် ရှောင်ပြီး ခြေနှစ်လှမ်း ဆုတ်လိုက်သည်။

ယဲ့ဖန်အနောက်ကို လိုက်မယ့်အစား ဖုမာ ဟာရာဘူဆာသည် မြေပေါ်မှ ဖုမာ ခါဇူဟီကိုကို အမြန် ကူညီပေးခဲ့သည်။

" ခါဇူဟီကို မင်း အဆင်ပြေရဲ့လား "

ခဏအကြာတွင် ဖုမာ ခါဇူဟီကို၏ မျက်နှာသည် မည်းလာပြီဖြစ်သည်။

အဆိပ်ခတ်ခံရသည်မှာ ထင်ရှားလေသည်။

" ခေါင်းဆောင်၊ ကျွန်တော့်အတွက် ...... လက်စားချေပေးရမယ် ...... "

ဖုမာ ဟာရာဘူဆာသည် တောင်းဆိုနေရင်း သူ့မျက်လုံးထဲ၌ မုန်းတီးစိတ်များ ပြည့်နှက်နေသည်။

" စကားမပြောသေးနဲ့ဦး။ မင်းမသေရဘူး ဒီကိုလာ "

ဖုမာ ဟာရာဘူဆာသည် သူ့ကို အလျင်အမြန် တားလိုက်သည်။

သူသည် လှည့်ပြီး အိမ်တော်ထိန်းကို လှမ်းအော်လေသည်။

" မြန်မြန် သခင်မကို ရှာကြ "

အိမ်တော်ထိန်း မရှာခင်မှာပင် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။

ထိုသည်မှာ ယဲ့ဖန် မနေ့က တွေ့ခဲ့သည့် ချီဇူရူ စူဂါဝါရာ ဖြစ်သည်။

" သခင်မ၊ မြန်မြန်လာပါ။ ခါဇူဟီကို သေတော့မယ် "

ဖုမာ ဟာရာဘူဆာ အမြန် အော်လိုက်သည်။

ချီဇူရူ စူဂါဝါရာသည် ဖုမာ ခါဇူဟီကို၏ မျက်ခွံများကို ပထမဆုံး လှနါလိုက်ပြီး သူ၏ သွေးခုန်နှုန်းကို စစ်ဆေးသည်။

သူမခန္ဓာကိုယ်မှ ကြွေပုလင်းတစ်ခုကို အလျင်အမြန်ထုတ်ကာ ဆေးပြားကို ထုတ်ပြီး ဖုမာ ခါဇူဟီကို၏ ပါးစပ်ထဲသို့ ထည့်လိုက်သည်။

" သူ အဆင်ပြေရဲ့လား "

ဖုမာ ဟာရာဘူဆာ အမြန်မေးလေသည်။

ချီဇူရူ စူဂါဝါရာ ခေါင်းယမ်းလိုက်သည်။

" ဒီအပ်ပေါ်က အဆိပ်က ရက်စက်လွန်းတယ်။ ဒီစိတ်စွမ်းအင်တိုးမြှင့်ဆေးက အဆိပ်ပျံ့နှံ့တာကို ခဏပဲ ရပ်ပေးနိုင်တာ။ သိပ်မကြာခင်အတွင်း အာနိသင်ပြယ်သွားလိမ့်မယ် "

ဖုမာ ဟာရာဘူဆာ၏ အမူအရာသည် ချက်ချင်းပင် ရုပ်ဆိုးသွားသည်။

ခါဇူဟီကို ဖုမာသည် ဖုမာမိသားစု၏ မျိုးဆက်သစ်လူငယ်များကြားတွင် အကောင်းဆုံးတစ်ဦးဟု သတ်မှတ်နိုင်သည်။

ဒီအတိုင်းသေသွားရင် နှမြောစရာပဲ။

သို့သော်လည်း ချီဇူရူ စူဂါဝါရာ၏ လေသံ ရုတ်တရက် ပြောင်းလဲသွားသည်။

" ယဲ့လူကြီးမင်းမှာ နည်းလမ်း ရှိကောင်းရှိလိမ့်မယ် "

ဖုမာ ဟာရာဘူဆာ အံ့ဩသွားသည်။

" သူက ဘာလုပ်နိုင်မှာလဲ "

ချီဇူရူ စူဂါဝါရာသည် မနေ့က ဖြစ်ပျက်ခဲ့သည်များကို ချက်ချင်း ရှင်းပြခဲ့သည်။

" ရှင် မနေ့က ပြန်ရောက်တာ အရမ်းနောက်ကျနေတော့ ရှင့်ကိုပြောဖို့ အချိန်မရှိလိုက်လို့ ....... "

ယဲ့ဖန်သည် သူ့အဖေကို စိတ်တည်ငြိမ်စေရန် ငွေအပ်ကို အသုံးပြုကြောင်း ဖုမာ ဟာရာဘူဆာ ကြားသောအခါ သူ အံ့သြသွားသည်။

ဤသို့ အံ့သြစရာကောင်းလှသည့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုမျိုး သူ တကယ်ပင် မကြားဖူးချေ။

သူသည် ချက်ချင်းပင် ယဲ့ဖန်ကို ဖြူစင်သောမျက်နှာထားဖြင့် ကြည့်လိုက်သည်။

ထို့နောက် သူ့လက်ကို ဖြန့်လေသည်။

" အဆိပ်ဖြေဆေး၊ ပေး "

ယဲ့ဖန်သည် ဖုမာ ဟာရာဘူဆာ၏ အမိန့်ပေးသံကို ကြားပြီး ချက်ချင်းပင် ရယ်လိုက်သည်။

" ဖုမာဆန်၊ ခင်ဗျား လူမှားမေးနေတာလား။ ဒီအဆိပ်ကို ကျွန်တော် သုတ်ထားတာ မဟုတ်ဘူး။ ဘာလို့ ကျွန်တော့်စီ ဖြေဆေးတောင်းနေတာလဲ "

" မင်း ..… မင်းရဲ့ ဆေးပညာ ကျွမ်းကျင်မှုနဲ့ အဆိပ်ကို မဖော်ရင်တောင်မှ အဆိပ်ဖြေနိုင်တဲ့ နည်းလမ်း ရှိလောက်တယ် မဟုတ်လား "

ဖုမာ ဟာရာဘူဆာ ချက်ချင်း မေးလိုက်သည်။

ယဲ့ဖန်သည် သူ့လက်များကို အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။

" ကျွန်တော့်မှာ အဆိပ်ဖြေဆေးရှိရင်တောင် ကိုယ့်ကိုသတ်ချင်နေတဲ့လူကို ကယ်ဖို့ ဘာလို့ ပေးရမှာလဲ "

သူ့မျက်နှာ ချက်ချင်း မည်းမှောင်သွားသည်။

အိမ်တော်ထိန်းက ဝင်ပြောသည်။

" ရှောင်ဝူက မင်းကောင်းကြောင်း ပြောနေပေမယ့် မင်းကို ဒီလောက်ယုတ်မာရက်စက်မယ်လို့ မမျှော်လင့်ထားဘူး "

ယဲ့ဖန်၏ အမူအရာမှာ အေးစက်သွားသည်။

" ဟား၊ ခင်ဗျားကိုလည်း အမှားနဲ့အမှန် မခွဲခြားနိုင်တဲ့ အရူးအဘိုးကြီး ဖြစ်နေမယ်လို့ မမျှော်လင့်ထားဘူး။ ဒါက ဘယ်သူ့ဒူးလေးလဲ။ ကျွန်တော်သာ အချိန်မီ မဖမ်းမိလိုက်ရင် အခု မြေကြီးပေါ်မှာလဲပြီး သေဖို့စောင့်နေရမှာ။ အဲ့ဒီအချိန်ကျ ခင်ဗျားတို့ ဒီလိုစကားမျိုး ပြောမှာလား "

ဖုမာ ဟာရာဘူဆာ ချက်ချင်းပင် စကားမပြောနိုင် ဖြစ်သွားရသည်။

ထို့နောက် အံကြိတ်ကာ ပြောလိုက်သည်။

" ခါဇူဟီကိုက ဒီကိစ္စမှာ တကယ်ပဲ အပြစ်ရှိတယ်။ သူက ဒီလောက် ဆိုးရွားတဲ့ လျှို့ဝှက်လက်နက်ကို မသုံးသင့်ဘူး။ အခု သူနဲ့ထိုက်တန်တဲ့ ပြစ်ဒဏ်ကို ခံပြီးပြီ။ မင်း သူ့ကို ကယ်တင်ပေးသင့်တယ် မဟုတ်လား "

ယဲ့ဖန် ပုခုံးတွန့်လိုက်သည်။

" တောင်းပန်ပါတယ်၊ ခင်ဗျားကို ဒါတော့ မကူညီနိုင်ဘူး "

ဖုမာ ဟာရာဘူဆာ မတ်တပ်ရပ်ပြီး သူ့ကို စိုက်ကြည့်နေသည်။

" မင်း ဒီလောက် ရက်စက်ချင်တာ သေချာလား "

ယဲ့ဖန် သူ့ကို အေးဆေးစွာသာ ကြည့်နေသည်။

" သူ တောင်းဆိုတာပဲ "

ဖုမာ ဟာရာဘူဆာသည် လှေကားထစ်များပေါ်တွင် ရပ်ကာ သူ့ကို ငုံ့ကြည့်သည်။

သူ့မျက်နှာပေါ်ရှိ အအေးဓာတ်မှာ ပို၍ ပြင်းထန်လာသည်။

မီတာအနည်းငယ်အကွာမှပင် သူ့ခန္ဓာကိုယ်မှ ထွက်လာသည့် သတ်ပစ်ချင်စိတ်ကို ရှင်းလင်းစွာ ခံစားနိုင်သည်။

ဖုမာမိသားစုဝင်များ အားလုံး သတိထားနေကြသည်။

မိသားစုခေါင်းဆောင်မှ အမိန့်ပေးလိုက်သည်နှင့် သူတို့အားလုံးက အတူတူ တိုက်ခိုက်ကြမည် ဖြစ်သည်။

လေထုသည် ပို၍ပို၍ တင်းမာလာသည်နှင့်အမျှ တိုက်ပွဲကြီးသည် အချိန်မရွေး ပေါက်ကွဲတော့မည်ဖြစ်သည်။

ထိုအချိန် ခြံဝင်းထဲမှ ရွှင်မြူးသော အသံတစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။

" ယဲ့ကျီလေး၊ မင်းငါ့ကို တွေ့ဖို့ လာတာလား "

ထိုအသံကို ကြားသောအခါ နေရာရှိ လူသတ်အငွေ့အသက်သည် ချက်ချင်း ပျံ့နှံ့သွားသည်။

အားလုံးက မှုန်ဝါးသော အကြည့်ဖြင့် လှမ်းကြည့်ကြသည် ။

ထို့နောက်တွင် ဖုမာ တာကာနိုဆူကဲသည် သူ၏ ညဝတ်အင်္ကျီဖြင့် သူတို့သို့ ပြေးလာနေသည်ကို တွေ့လိုက်ရသည်။

သူ့နောက်မှ လိုက်နေသည့် ကလေးထိန်းတစ်ယောက်လည်း ရှိလေသည်။

" အဖေ၊ ဘာလို့ ဒီကိုရောက်နေတာလဲ ..... "

ဖုမာ ဟာရာဘူဆာသည် သူ့အဖေနှင့် စကားပြောရန် ပြင်လိုက်သည်။

သို့သော် သခင်ကြီးဖုမာသည် သူ့သားကို မမြင်သလိုပဲ ပြုမူလေသည်။

သူ့အဖေသည် သူ့ကို ကျော်သွားပြီး ယဲ့ဖန်စီသို့ ဦးတည်သွားသည်။

" မင်း ငါ့ကိုလိမ်တာ မဟုတ်ဘူးဆိုတာ ငါ သိတယ်။ မင်းငါ့ကို တကယ် လာတွေ့တာလား "

သခင်ကြီးသည် ယဲ့ဖန်စီသို့ ပြေးလာသည်။

သူ့မျက်နှာ၌ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေသည်။

" ဟုတ်တယ်၊ သခင်ကြီးကို တွေ့ဖို့လာတာ "

ယဲ့ဖန်လည်း သူ၏ သတိအနေအထားကို ဖယ်လိုက်ကာ ပြုံးပြလေသည်။

သခင်ကြီးဖုမာသည် သူ့လက်ကို ကိုင်ထားပြီး တစ်စုံတစ်ခုကို တီးတိုးပြောနေချိန်မှာပင် သူတို့ကို ကြောင်အစွာ ကြည့်နေသည့် ပတ်ဝန်းကျင်မှ လူအုပ်ကြီးကို ရုတ်တရက် သတိထားမိလိုက်သည်။

သူ အနည်းငယ် စိတ်မချမ်းမသာ ဖြစ်သွားသည်။

" မင်းတို့ ဒီမှာ ဘာလုပ်နေကြတာလဲ။ မင်းတို့ကို မတွေ့ချင်ဘူး။ မြန်မြန်ထွက်သွား ...... "

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၂၅၄ )

ဒီကလေးကို ဦးလေးလို့ ခေါ်ရမှာလား။

လူတိုင်းသည် မိသားစုခေါင်းဆောင်ဖြစ်သည့် ဖုမာ ဟာရာဘူဆာ၏ အမိန့်ကို စောင့်နေကြသည်။

ဖုမာ ဟာရာဘူဆာသည် မျက်မှောင်ကြုတ်လျက် သူ့အဖေနားသို့ အမြန်လျှောက်သွားသည်။

" အဖေ၊ ကျွန်တော်တို့မှာ ဖြေရှင်းစရာ ကိစ္စလေးတွေ ကျန်နေသေးလို့ အရင်ပြန်သွားပြီး အနားယူလိုက်ပါလား။ ပြီးရင် အဖေ့ကို လာကြည့်မယ်လေ "

ဖုမာ တာကာနိုဆူကဲ သူ့ကို စိုက်ကြည့်နေသည်။

" မင်းရဲ့ ကိစ္စတွေကို ငါ ဂရုမစိုက်ဘူး။ ငါ့ကို ယဲ့ကျီလေးနဲ့ ကျန်းဝူလေးက အဖော်ပြုပေးဖို့ပဲ လိုတယ် "

ထို့နောက် သူသည် လှည့်ပြီး ယဲ့ဖန်ကို ပြုံးပြသည်။

" ယဲ့ကျီလေး၊ လာ မင်းကို လင်းပိုင်လေး ကြည့်ဖို့ ငါ ခေါ်သွားပေးမယ် "

သူတို့နှစ်ယောက် ထွက်သွားတော့မည်ကို တွေ့လိုက်ရသဖြင့် ဖုမာ ဟာရာဘူဆာမှ အမြန်ပြောလိုက်သည်။

" အဖေ၊ ဒီကလေးစီက အဆိပ်ဖြေဆေးကို အရင်တောင်းရမယ်။ မဟုတ်ရင် ခါဇူဟီကိုရဲ့ အသက်အန္တရာယ်ရှိလိမ့်မယ် "

ဖုမာ တာကာနိုဆူကဲ အနည်းငယ် စိတ်မချမ်းမသာ ဖြစ်သွားသည်။

သူသည် ယဲ့ဖန်ကို ညွှန်ပြသည်။

" မင်း အခု သူ့ကို ဘာလို့ ခေါ်လိုက်တာလဲ "

ဖုမာ ဟာရာဘူဆာ အနည်းငယ် စိတ်ရှုပ်သွားသည်။

" ဒီကလေးလို့လေ ….... ဘာဖြစ်လို့လဲ ....... "

သူ့စကား အဆုံးမသတ်နိုင်ခင်မှာပင် အဘိုးအိုက ရုတ်တရက် ရိုက်ရန် လက်ရွယ်လိုက်သည်။

တခြားသူသာ ဖြစ်ပါက ဖုမာ ဟာရာဘူဆာ သေချာပေါက် လက်တုံ့ပြန်လိမ့်မည် ဖြစ်သည်။

သို့သော် သူ၏ ဖခင်အိုကို ရင်ဆိုင်ရသည့်အခါ သူသည် တုံ့ပြန်ရန်မပြောနှင့် ရှောင်တောင်မရှောင်ကေ။

အံကိုကြိတ်လျက်သာ သည်းခံခဲ့ရသည်။

ဖြောင်း

သခင်အိုကြီးဖုမာသည် သူ့ခေါင်းကို ပိတ်ရိုက်လိုက်သည်။

" မင်းကများ သူ့ကို ကလေးလို့ ခေါ်ရဲသေးတာလား။ သူ့ကို ဦးလေးလို့ခေါ် "

ဖုမာ ဟာရာဘူဆာ နားကြားမှားသည်ဟု ထင်လိုက်သည်။

" အဖေ၊ နောက်နေတာလား ........ ကျွန်တော်က သူ့ကို ဦးလေးလို့ ခေါ်ရမှာလား "

သခင်အိုကြီးဖုမာသည် ယုံကြည်မှုရှိစွာ ပြောသည်။

" ဟုတ်တယ်။ ယဲ့ကျီလေးက ငါ့ရဲ့သွေးသောက်ညီအစ်ကိုပဲ။ မင်းက သူ့ကို ဦးလေးလို့မခေါ်ရင် ဘယ်လိုခေါ်ချင်လို့လဲ "

ဖုမာ ဟာရာဘူဆာ၏ နှုတ်ခမ်းထောင့်မှာ တွန့်လှုပ်သွားပြီး ချီဇူရူ စူဂါဝါရာကို လှည့်ကြည့်လိုက်သည်။

ချီဇူရူ စူဂါဝါရာ အကူအညီမဲ့စွာ ပုခုံးကို တွန့်လိုက်သည်။

" အဖေက ယဲ့လူကြီးမင်းကို အတော်လေး သဘောကျတော့ သွေးသောက်ညီအစ်ကိုလုပ်မယ်တဲ့။ ရှင်လည်း မြင်နေတာပဲ "

ဖုမာ ဟာရာဘူဆာ သွေးအန်ထွက်မတတ် ဖြစ်သွားရသည်။

သူသည် ဖုမာမိသားစု၏ မျိုးနွယ်စုခေါင်းဆောင်ကြီးဖြစ်သည်။

ဤသည်ကို သူ၏သမီးအရွယ်လောက်သာရှိသော ကောင်လေးကို ဦးလေးဟု ခေါ်ရမည်လား။

ဒါ ဘယ်လိုဟာသမျိုးလဲ။

" အဖေ ...... "

" အဖေတဲ့လား။ မင်း သူ့ကို ဦးလေးအဖြစ် မသတ်မှတ်ရင် ငါ့ကို နောက်ကျ အဖေလို့ မခေါ်နဲ့။ ငါ့မှာ မင်းလိုသားမျိုး မရှိဘူး "

ဖုမာ တာကာနိုဆူကဲသည် မျက်လုံးကို ပြူးလျက် ကလေးလို ပြဿနာရှာတော့သည်။

ဖုမာ ဟာရာဘူဆာသည် တွန့်ဆုတ်နေဆဲဖြစ်သည်။

ထို့နောက် သူ့အဖေဘေးရှိ ယဲ့ဖန်ကို ကြည့်လိုက်သည်။

သူသည် ယဲ့ဖန်ကို 'ဦးလေး'ဟု ခေါ်မထွက်ပေ။

ချီဇူရူ စူဂါဝါရာသည် ထိုအချိန်တွင် အမြန်လျှောက်လာပြီး သူ့လက်ကို အမြန်ဆွဲလိုက်သည်။

" အမြန် အဖေပြောတဲ့အတိုင်း လုပ်လိုက်။ မဟုတ်ရင် ဒေါသထွက်လာပြီး ရောဂါပိုဆိုးလာလိမ့်မယ် "

ဖုမာ ဟာရာဘူဆာသည် သူ့အဖေ စိတ်ပေါက်ပြီး ကြောက်စရာကောင်းသည့် မြင်ကွင်းကို တွေးမိလိုက်သည့်အခါ အံကြိတ်ကာ သူ့သွားကြားထဲမှ စကားလုံးများကို ညှစ်ထုတ်ခဲ့ရသည်။

" ဦးလေး ...... "

သူ့အသံသည် အလွန်တိုးလေသည်။

တစ်ယောက်နှင့် တစ်ယောက် အလွန်နီးနေလျှင်ပင် ရှင်းလင်းစွာ မကြားနိုင်လောက်ပေ။

သို့သော် ယဲ့ဖန်ကတော့ တမင်တကာ ကျယ်လောင်စွာ သဘောတူလိုက်သည်။

" ဟေ့ တူကောင်းလေး၊ ကျွန်တော်တို့က အခု မိသားစုဖြစ်ပြီဆိုတော့ ခင်ဗျားကို လေးစားပြီး မပြောတော့ဘူး "

ဖုမာ ဟာရာဘူဆာသည် အလွန်ဒေါသထွက်ပြီး ဦးနှောက်သွေးကြောပေါက်မလိုပါ ဖြစ်နေသည်။

ဒီကလေးက တိုင်ကို ဘယ်လို တွယ်တက်ရမယ်ဆိုတာ တကယ်သိတာပဲ။

အထူးသဖြင့် သူ့ပတ်ဝန်းကျင်ရှိ ဂိုဏ်းသားများမှ ကြိတ်၍ ရယ်မောနေကြသည်ကို သူသတိပြုမိသောအခါ သူ မျက်နှာပျက်သွားသလို ခံစားလိုက်ရသည်။

ဒီလို စိတ်မချရတဲ့ အဖေတစ်ယောက်နဲ့ သူဘယ်လိုတောင် အဆုံးသတ်တော့မှာလဲ။

ဖုမာ တာကာနိုဆူကဲသည် ယဲ့ဖန်အား သူ့သားမှ 'ဦးလေး'လို့ ခေါ်သည်ကို ကြားပြီးနောက်မှ သူ့အမူအရာက ပိုကောင်းလာသည်။

" မင်းဦးလေးကို လင်းပိုင် သွားကြည့်ဖို့ ငါခေါ်သွားမယ်။ ဘယ်သူ့ကိုမှ နှောင့်ယှက်ခွင့် မပေးဘူး "

ထိုသို့ပြောပြီး ယဲ့ဖန်ကို ဆွဲခေါ်လိုက်သည်။

" အဖေ ဒီကလေးကို ...... "

ဖုမာ ဟာရာဘူဆာသည် သူ့အဖေ၏ စူးရှသောအကြည့်ကို တွေ့လိုက်သောအခါ သူ့စကားကို တစ်ဝက်တစ်ပျက်ဖြင့် ရပ်သွားတော့သည်။

နောက်ဆုံး၌ သူ့စကားလုံးများကို ပြောင်းလဲလိုက်ရသည်။

" ဦးလေးကို ကျေးဇူးပြုပြီး အဆိပ်ဖြေဆေး အရင်ထားခဲ့ခိုင်းလိုက်ပါ။ဂနှောင့်နှေးနေရင် ခါဇူဟီကိုကို တကယ် မကယ်တင်နိုင်မှာ စိုးရိမ်ရတယ် "

ဖုမာ တာကာနိုဆူကဲလှည့်၍ အသက်ရှူမဝဖြစ်နေသော ဖုမာ ခါဇူဟီကိုကို တစ်ချက် ကြည့်လိုက်သည်။

" မရဘူး။ အဲ့တာ သူနဲ့ထိုက်တန်တယ် "

သခင်ကြီး ဖုမာ၏ လက်ရှိ ဉာဏ်ရည်သည် ခြောက်နှစ်သား ကလေးနှင့် ညီမျှသည်။

သို့သော် တစ်ခါတလေ ကလေးများ၏ ပင်ကိုယ်ဥာဏ်ရည် မှန်ကန်လေသည်။

ဖုမာ ခါဇူဟီကိုသည် မကောင်းသော အကြံဉာဏ်ဖြင့် သူ့စီ ချဉ်းကပ်လာသည်ကို ခံစားသိရှိနိုင်သောကြောင့် သူ့ကို စိတ်ထဲမှပင် မုန်းတီးလေခဲ့သည်။

ထို့နောက် တစ်ဖက်လူ သေတော့မည်ကို သူကြားလိုက်ရသည့်အခါ သူ လုံးဝဂရုမစိုက်ဘဲ အနည်းငယ်ပင် ပျော်သလို ခံစားလိုက်ရသည်။

သခင်ကြီးဖုမာသည် ဖုမာ ခါဇူဟီကိုကို မကြိုက်ကြောင်း ဖုမာ ဟာရာဘူဆာ သိသည်။

သို့သော် ဖုမာ ခါဇူဟီကိုကို ကယ်တင်နိုင်သူမှာ ယဲ့ဖန်ဖြစ်ပြီး ယဲ့ဖန်၏ စိတ်ကို ပြောင်းလဲနိုင်သော တစ်ဦးတည်းသော သူမှာ ဖုမာသခင်ကြီး ဖြစ်သောကြောင့် ဆက်လက် နားချရသည်။

သို့သော် ထိုအချိန် ချီဇူရူ စူဂါဝါရာသည် ရုတ်တရက် သူ့ကို ဘေးခေါ်လိုက်သည်။

" ရှင် သူ့ကို ဒီလို ဆွဲဆောင်တာက အသုံးမဝင်ဘူး "

ဖုမာ ဟာရာဘူဆာသည် သူ့ဇနီးသည်၌ အမြဲအကြံကောင်းများစွာရှိသည်ကို သိသောကြောင့် သူ ချက်ချင်း အသံတိုးတိုးဖြင့် မေးလိုက်သည်။

" ဒါဆို မင်းစိတ်ထဲမှာ ဘာရှိလဲ "

ချီဇူရူ စူဂါဝါရာသည် ချက်ချင်းပင် သူ့နားထဲသို့ တိုးတိုးလေး ပြောသည်။

ထိုစကားကို ကြားပြီးနောက် ဖုမာ ဟာရာဘူဆာသည် ယဲ့ဖန်ကို ဦးစွာကြည့်လိုက်သည်။

ထို့နောက် သူသည် မျက်မှောင်ကြုတ်ကာ တစ်စုံတစ်ခုနှင့် ပတ်သက်၍ ငြင်းခုံနေသကဲ့သို့ စတင်တွေးတောနေသည်။

ချီဇူရူ စူဂါဝါရာ သည် သူ တုံ့ဆိုင်းသွားသည်ကို မြင်လိုက်ရပြီး အလျင်အမြန် တိုက်တွန်းလိုက်သည်။

" မြန်မြန် ဆုံးဖြတ်လိုက်ပါ။ ခါဇူဟီကိုက ကြာကြာ ထိန်းမထားနိုင်လောက်မှာကို စိုးရိမ်ရတယ် "

ဖုမာ ဟာရာဘူဆာသည် ဖုမာ ခါဇူဟီကိုကို တစ်ချက်ကြည့်လိုက်ပြီး သူ့မျက်နှာတစ်ခုလုံး မည်းသွားသည်ကို တွေ့လိုက်ရသည်။

သူ့မျက်နှာ၌ အသက်ရှိနေသည့် အရိပ်အယောင် လုံးဝမရှိပေ။

ထို့ကြောင့် သူ အံကြိတ်ပြီး လှည့်ကာ ယဲ့ဖန်စီသို့ လျှောက်သွားသည်။

" မင်း သူ့အသက်ကို ကယ်နိုင်တာနဲ့ မင်းကို တစ်သက်မှာ တစ်ကြိမ်ပဲရမယ့် အခွင့်အရေးပေးလို့ရတယ် "

ထိုစကားကို ယဲ့ဖန် ကြားသောအခါ မတတ်နိုင်ဘဲ ရယ်မိသည်။

" တစ်သက်မှာ တစ်ကြိမ်ပဲရမယ့် အခွင့်အရေးတဲ့လား။ ပြောကြည့်လေ "

ဖုမာ ဟာရာဘူဆာသည် ယဲ့ဖန်ကို လေးနက်သော အမူအရာဖြင့် ကြည့်သည်။

" ဖုမာမိသားစုရဲ့ စမ်းသပ်မှုမှာ ပါဝင်နိုင်မယ့် အခွင့်အရေးပဲ။ ဒီစမ်းသပ်မှုကို မင်းအောင်မြင်တာနဲ့ ဖုမာမိသားစုကနေ ဂိုဏ်းတံဆိပ်ပြားတစ်ခု ရလိမ့်မယ် "

ဖုမာမိသားစုမှ အဖွဲ့ဝင်များသည် 'ဂိုဏ်းတံဆိပ်ပြား'ဟူသော စကားကို ကြားသောအခါ သူတို့သည် ချက်ချင်းပင် ရုန်းရင်းဆန်ခတ် ဖြစ်လာခဲ့ကြသည်။

လူတိုင်း၏ မျက်လုံးများသည် စူးရဲစွာ တောက်လောင်လာသည်။

ယဲ့ဖန်သည် လူတိုင်း၏ အမူအရာကို ကြည့်လိုက်မိသည်။

ထို့နောက် မျက်တောင်မခတ်ဘဲ မေးလိုက်သည်။

" ဒီဂိုဏ်းတံဆိပ်ပြားက ဘာသုံးရတာလဲ "

ဖုမာ ဟာရာဘူဆာသည် လက်ဖဝါးအရွယ် ကြေးပြားတစ်ခုကို ထုတ်လိုက်သည်။

'ဖုမာ' နှင့် 'အမိန့်ပြား' ဟူသော စကားလုံးများကို ရှေးတရုတ်စာလုံးများဖြင့် ရေးထိုးထားသည်။

" ငါတို့ရဲ့ ဖုမာ မျိုးနွယ်စုဂိုဏ်း စည်းမျဉ်းတွေအရ တံဆိပ်ပြားကို မြင်တာက မျိုးနွယ်ခေါင်းဆောင်ကို မြင်ရသလိုပဲ။ ဒီတံဆိပ်ပြားနဲ့ဆို ငါအပါအဝင် မိသားစုဝင် မျိုးနွယ်စုအတွင်းကလူတိုင်း မင်းအမိန့်ကို နာခံရမယ်။ အခွင့်အရေးသုံးကြိမ်ရှိတယ် "

ယဲ့ဖန်သည် သူ၏ ရှင်းပြချက်ကို ကြားသောအခါ တုန်လှုပ်သွားသည်။

ဒီလောက်ကောင်းတဲ့အရာ ရှိတာလား။

ဖုမာမိသားစုသည် ဂျပန်နိုင်ငံတွင် နှစ်ပေါင်းရာနှင့်ချီ၍ အမွေအနှစ်များ ပိုင်ဆိုင်ထားသည့် ရှေးမိသားစုကြီးဖြစ်သည်။

သူ့လို ကျိကျိတက်ချမ်းသာသူပင် ယှဉ်လို့မရသည်မှာ သေချာလေသည်။

အထူးသဖြင့် သူနှင့် နျုံစစ်သွမ်းတို့ ကြားမှ အဆုံးသတ်တိုက်ပွဲသည် နီးကပ်နေပြီဖြစ်သည်။

သူသည်သာ ဖုမာမိသားစု၏ အားကောင်းသော ပံ့ပိုးကူညီမှုကို ရနိုင်ပါက ယဲ့ဖန်သည် နောက်ထပ် ဝှက်ဖဲတစ်ခု ရှိလာမည်မှာ သေချာသည်။

သို့သော် ချက်ချင်း သဘောမတူလိုက်ပေ။

ထိုအစား သူက ဆက်မေးသည်။

" အစမ်းမအောင်မြင်ရင် ဘယ်လိုလုပ်မလဲ။ ဘာပြန်ပေးရမှာလဲ "

ဖုမာ ဟာရာဘူဆာသည် သူ့မေးခွန်းကို ကြားသောအခါ ယဲ့ဖန်ကို မချီးကျူးဘဲ မနေနိုင်ပေ။

ဤကဲ့သို့သော ရက်ရောသောဆုလာဘ်ကို လူအများစုမှ ကြားသည့်အခါ အရာရာကို မျက်ကွယ်ပြုပြီး ချက်ချင်း သဘောတူကြပေမည်။

သို့သော် ယဲ့ဖန်သည် တည်ငြိမ်အေးဆေးပြီး ရှုံးနိုင်သည့် ဖြစ်နိုင်ခြေကို ဆင်ခြင်ခဲ့သည်။

ဤသည်မှာ လူအတော်အများထက် အများကြီး ပိုကောင်းလေသည်။

ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်အောင်မြင်နိုင်တာ အံ့သြစရာမရှိပါဘူး။

ဖုမာမိသားစု၏ မျိုးဆက်သစ်လူငယ်များထဲတွင် မည်သူမျှ ဤလူငယ်နှင့် မနှိုင်းယှဉ်နိုင်ပေ။

" မင်း စမ်းသပ်မှု မအောင်မြင်ရင် ရှောင်ဝူကို ထပ်တွေ့ခွင့် မပေးဘူး "

ထိုသည်ကို ကြားပြီးနောက် ယဲ့ဖန်၏ နှုတ်ခမ်း ကော့တက်သွားသည်။

သူသည် ဘာမှပြန်မပြောဘဲ ဖုမာ ခါဇူဟီကိုစီသို့ လျှောက်သွားသည်။

ဘာမှ ပြောစရာမရှိ၍ ယဲ့ဖန် စိန်ခေါ်မှုကို လက်ခံသည်။

မည်သို့ပင်ဆိုဖြစ်စေ အကြွင်းမဲ့အာဏာ အောက်တွင် အစီအစဥ်များ၊ လှည့်ကွက်များ အားလုံးသည် စက္ကူကျားများသာ ဖြစ်သည်။

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၂၅၅ )

မျှတအောင် အပ်ကုထုံးကို တားမြစ်ထားတယ်

ဖုမာ ခါဇူဟီကို၏ မျက်နှာသည် မီးသွေးကဲ့သို့ မည်းနေပြီး သူ့အသက်ရှုသံမှာ မကြားရသလောက်ပင် ဖြစ်သည်။

သူသည် လူသေနှင့် မခြားနားပေ။

ယဲ့ဖန်သည် ဖုမာ ခါဇူဟီကို၏ အခြေခံအခြေအနေကို နားလည်ရန် သူ၏ သွေးခုန်နှုန်းကို အရင်ဆုံး စမ်းသပ်လိုက်သည်။

ထို့နောက် သူ့ပေါင်ပေါ်လက်ကို ဖိကာ သူ့အတွင်းအားကို ညင်သာစွာ ထုတ်ပေးသည်။

အဆိပ်သုတ်ထားသည့် အပ်သည် သူ့ပေါင်ထဲ ချက်ချင်းထွက်လာပြီး တစ်ချိန်တည်းမှာပင် အနက်ရောင်သွေးခဲများကို အန်ထုတ်လေသည်။

ကံကောင်းစွာဖြင့် ယဲ့ဖန် ကြိုတင် ရှောင်လိုက်သောကြောင့် သူ့မျက်နှာပေါ် သွေးပေမည်ကို ရှောင်နိုင်ခဲ့သည်။

ထို့နောက် ယဲ့ဖန်သည် ထိုက်ရွှမ်း နတ်ရွှေအပ်နှစ်ချောင်းကို ထုတ်ယူကာ ဖုမာ ခါဇူဟီကို၏ နှလုံးသို့ တစ်ချောင်းနှင့် နောက်တစ်ချောင်းကို သူ၏ ညာဘက်ကျောက်ကပ်နားသို့ ထိုးစိုက်ခဲ့သည်။

နောက်ဆုံး၌ ယဲ့ဖန်သည် လင်ဇီးတစ်ခြမ်းကို ထုတ်ကာ ဖုမာ ခါဇူဟီကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။

ထိုကိစ္စများ အားလုံးကို လုပ်ပြီးသည့်နောက် သူ့နဖူး၌ ချွေးများကျလာတော့သည်။

ကျန်သည့်ကိစ္စများ အားလုံးသည် အဆင်ပြေသော်လည်း ထိုက်ရွှမ်းနတ်ရွှေအပ်နှစ်ချောင်း စိုက်ရသည်က အတွင်းအားနှင့် ချီစွမ်းအားကို အလွန်အကျွံ သုံးရသည်။

ယဲ့ဖန် ဘာမှ မလုပ်တော့သည်ကို တွေ့လိုက်ပြီးနောက် ဖုမာ ဟာရာဘူဆာ အမြန်လျှောက်သွားသည်။

" ခါဇူဟီကို အဆင်ပြေလား "

ယဲ့ဖန် သူ့နဖူးမှ ချွေးများကို သုတ်လိုက်ပြီး သူ့ကို မော့ကြည့်လိုက်သည်။

" သူ သေမှာတော့မဟုတ်ဘူး။ ဒါပေမယ့် အနာဂတ်မှာ ဒုက္ခိတဖြစ်ဖို့ များတယ် "

ဖုမာ ဟာရာဘူဆာ ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။

" ဘာကိုဆိုလိုတာလဲ "

ယဲ့ဖန် အနည်းငယ် စိတ်မရှည်သော်လည်း ရှင်းပြပေးသည်။

" အဆိပ်က သူ့ရဲ့ အတွင်းအားတွေ အားလုံးကို ဖျက်ဆီးလိုက်ပြီ။ သူ့ကို အသက်ရှင်အောင် ထိန်းထားနိုင်ပေမယ့် သူ ဘယ်တော့မှ ကိုယ်ခံပညာကို ထပ်မလေ့ကျင့်နိုင်တော့မှာတော့ စိုးရိမ်ရတယ် "

ဖုမာ ဟာရာဘူဆာ၏ အမူအရာ ချက်ချင်းပြောင်းသွားသည်။

ခါဇူဟီကိုကို ကယ်တင်ရန် အားထုတ်မှုများစွာကို ဖြုန်းတီးခဲ့သော အကြောင်းရင်းမှာ ထိုကဲ့သို့ ငယ်ရွယ်သော အရည်အချင်းရှိသည့် မျိုးဆက်သစ်ကို မဆုံးရှုံးလိုသောကြောင့် ဖြစ်သည်။

ယခုအခါ ယဲ့ဖန်၏ စကားအရ ဖုမာ ခါဇူဟီကိုသည် အသက်ရှင်နေလျှင်ပင် ဒုက္ခိတဖြစ်ပေလိမ့်မည်။

သူသည် ဤအတွက်နှင့် အရင်းအနှီးများစွာကို ဖြုန်းတီးလိုက်သလို ဖြစ်နေသည်။

" မင်း သူ့ကို ရည်ရွယ်ချက်ရှိရှိ မကုပေးခဲ့တာ မဟုတ်ဘူးလား "

သူသည် ယဲ့ဖန်ကို စူးရဲစွာ စိုက်ကြည့်နေသည်။

ယဲ့ဖန်သည် သူ့မေးခွန်းကို ကြားပြီး ချက်ချင်း နှာမှုတ်လိုက်သည်။

" ကျွန်တော်က လူသားတစ်ယောက်ပါ။ နတ်ဘုရားမဟုတ်ဘူး။ ကျွန်တော် အဆိပ်ကို ထွင်ခဲ့တာ မဟုတ်တော့ အဆိပ်ဖြေဆေးလည်း မရှိဘူး။ သူ့ကို အသက်ဆက်ရှင်နိုင်လောက် လုပ်ထားတာပဲ အတော်လေး ကောင်းနေပြီ။ ခင်ဗျား သူ့အဆိပ်ကို ကုသနိုင်မယ်လို့ ထင်ရင် စမ်းကြည့်နိုင်တယ် "

ဖုမာ ဟာရာဘူဆာသည် အညှာတာကင်းစွာ ဆုံးမခံလိုက်ရပြီး ဒေါသထွက်ကာ ပြဿနာရှာတော့မည် ဖြစ်သည်။

ချီဇူရူ စူဂါဝါရာ သူ့ကို အမြန်ပြန်ဆွဲတားလိုက်သည်။

" ကျွန်မ ခါဇူဟီကိုရဲ့ အခြေအနေကို အခုနက မြင်ပြီးပြီ။ ယဲ့လူကြီးမင်း ပြောတဲ့အတိုင်း သူ အသက်ရှင်နေသေးတာတင် ကံကောင်းတာ ဖြစ်နေပြီ "

သူ့မိန်းမ ပြောသည်ကို ကြားပြီးနောက် ဖုမာ ဟာရာဘူဆာ ဒေါသကို ထိန်းပြီး သူ့လက်အောက်ငယ်သားများကို လက်ဝှေ့ယမ်းပြသည်။

" သူ့ကို အနားယူဖို့ ခေါ်သွားလိုက် "

ထိုသို့ပြောပြီးနောက် သူသည် ဖုမာ ခါဇူဟီကိုကို နောက်တစ်ကြိမ် မကြည့်တော့ပေ။

ကိုယ်ခံပညာကို မလေ့ကျင့်နိုင်သော မိသားစု တပည့်တစ်ဦးသည် သူ့မျက်လုံးထဲတွင် ဝက် သို့မဟုတ် ခွေးလောက်ပင် အရေးမပါပေ။

ခါဇူဟီကိုသည် တိုးတက်နိုင်သည့်တန်ဖိုး လုံးဝ မရှိချေပြီ။

သူ့ကို နှလုံးသားမရှိသည့်သူဟု အပြစ်တင်လို့ မရပေ။

ဖုမာမိသားစုသည် သူတို့၏ နူးညံ့သော ခံစားချက်ကြောင့်မဟုတ်ဘဲ အေးစက်သော ရွေးချယ်မှုတို့ကြောင့်သာ နှစ်ရာနှင့်ချီ၍ ရှင်သန်နိုင်ခဲ့ခြင်း ဖြစ်သည်။

အကိုင်းခွဲမိသားစုမှ ဆင်းသက်လာသူတစ်ဦးသည် အရည်အချင်းနှင့် ခွန်အားများဖြင့်သာ မိသားစုကြီး၏ အာရုံစိုက်မှုကို ရရှိနိုင်သည်။

အလားတူပင် ထိုလူသည် ဤအရာများ ဆုံးရှုံးသွားပါက နွမ်းနေသော ဖိနပ်တစ်ရံကဲ့သို့ စွန့်ပစ်ခံရပေလိမ့်မည်။

ထို့နောက် ချက်ချင်းပင် ဂိုဏ်းသားနှစ်ယောက် ရောက်လာသည်။

တစ်ယောက်သည် ဖုမာ ခါဇူဟီကိုကို လက်နှစ်ဖက်မှ ကိုင်ထားပြီး နောက်တစ်ယောက်မှာတော့ ခြေထောက်ထောက်ကို ကိုင်ထားသည်။

သူတို့သည် ဖုမာ ခါဇူဟီကိုကို ခွေးသေတစ်ကောင်လို သယ်သွားကြသည်။

အခြားလူများသည် သူ့ကိုကြည့်ကာ ဝမ်းနည်းခြင်းအမူအရာများ ပေါ်လွင်နေသည်။

" သခင်ကြီး .... ယဲ့ဖန် ..... "

ထိုအချိန်တွင် ခြံဝင်းထဲမှ သိမ်မွေ့သော အသံတစ်ခု ထွက်ပေါ်လာသည်။

ယဲ့ဖန် လှည့်ကြည့်လိုက်သည့်အခါ သူ ရက်ပေါင်းများစွာ မတွေ့ခဲ့ရသည့် ဖုမာ ကျန်းဝူ ပြေးလာသည်ကို တွေ့လိုက်ရသည်။

သူမသည် ယနေ့တွင် ရိုးရှင်းသော အဖြူရောင်၀တ်စုံကို ၀တ်ဆင်ထားသည်။

သူမမျက်နှာ၌ မိတ်ကပ်မလိမ်းထားသော်လည်း နူးညံ့သည့်အလှကို ပိုင်ဆိုင်သည်။

ဖုမာ ခါဇူဟီကိုအနားမှ ဖြတ်သွားသောအခါ သူမ၏ ခြေလှမ်းများသည် အနည်းငယ် နှေးကွေးသွားသော်လည်း သူမသည် တစ်ချက်မျှသာ အမြန်လှမ်းကြည့်ပြီး ယဲ့ဖန်စီသို့ ဆက်ပြေးသွားခဲ့သည်။

" တ ...... တကယ် ဒီကို ရောက်လာတာလား "

ဖုမာ ကျန်းဝူသည် သူ့စီသို့ ပြေးလာပြီး သူမ၏ မျက်လုံးတွင်လည်း ရှုပ်ထွေးသော အမူအရာဖြင့် မော့ကြည့်လိုက်သည်။

လွန်ခဲ့သော နှစ်ရက်အတွင်း သည်းခံခဲ့ရသော ခါးသီးမှုများကို သူမ ချစ်သူရှေ့တွင် ဖြေဆည်လိုက်ချင်သည်။

သို့သော် သူ့အဖေနှင့် မိသားစုများစွာရှေ့တွင် စကားများစွာ မပြောနိုင်ပေ။

နာကျင်မှုတို့သည် သူမ၏ မျက်လုံးများထဲတွင် နူးညံ့သိမ်မွေ့သော မျက်ရည်ဖွဲ့အကြည့်အဖြစ်သို့ ပြောင်းလဲသွားသည်။

ယဲ့ဖန်မှာတော့ ထိုမျှလောက် စိတ်ရှုပ်မှုမရှိပေ။

သူသည် သူမလက်ကိုဆွဲပြီး ခေါင်းလေးကို ပွတ်လိုက်သည်။

" အင်း၊ ကိုယ်ရောက်ပြီ "

ထိုရိုးရှင်းသော စကားလုံးများသည် စကားလုံးတစ်ထောင်မကသည်ထက် တန်ဖိုးရှိပြီး ဖန်းကျန်းဝူ မျက်ရည်ကျမတတ် ဖြစ်သွားသည်။

ဖုမာ ဟာရာဘူဆာသည် ယဲ့ဖန်နှင့် သူ့သမီးတို့ကြားမှ ရင်းနှီးသော ဆက်ဆံမှုကို မျက်မြင် တွေ့လိုက်ရသည်။

မကျေနပ်သော အရိပ်အယောင်များ သူ့မျက်နှာအနှံ့ ပေါ်လာသည်။

" ဘယ်သူက ထွက်လာခွင့်ပေးလို့လဲ "

သူ၏ စကားများသည် ဖုမာ ကျန်းဝူကို ဦးတည်နေခဲ့သည်။

ဖုမာ ကျန်းဝူသည် သူမ၏ ဖခင်ကို အလွန်ကြောက်ရွံ့ပြီး ထိတ်လန့်သွားသည်မှာ ထင်ရှားသည်။

" သမီးက ..... သခင် .... ယဲ့ဖန်က စမ်းသပ်မှုမှာ ပါမယ်ဆိုလို့ ဒီပွဲကို ကြည့်ချင်လို့ပါ။ ဘာပဲဖြစ်ဖြစ် ဒီလို တစ်စုံတစ်ယောက်ကို စမ်းသပ်တာက နှစ်ပေါင်းတစ်ရာကျော်အတွင်း ပထမဆုံးအကြိမ်ပဲလေ "

ဖုမာ ဟာရာဘူဆာသည် ဆက်၍ ကြိမ်းမောင်းတော့မည်ဖြစ်ရာ ချီဇူရူ စူဂါဝါရာက သူ့အင်္ကျီလက်ကို ဆွဲလိုက်သည်။

" ရှောင်ဝူက ပွဲကို ကြည့်ချင်တယ်ဆိုရင် သူမကို ကြည့်ခွင့်ပေးလိုက်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီစမ်းသပ်မှုမျိုးက ရှားတယ်လေ။ သူမတစ်သက်မှာ တစ်ကြိမ်ပဲ မြင်ရမှာ "

သူ့မိန်းမပြောသည်ကို ကြားပြီးနောက် ဖုမာ ဟာရာဘူဆာ တခြားဘာမှ မပြောတော့ပေ။

သို့သော် ဖန်းကျန်းဝူကတော့ ထိုသည်ကို သဘောကျပုံမပေါ်ချေ။

သူမသည် ချီဇူရူ စူဂါဝါရာဘက်ကိုလှည့်ပြီး ဟွန်းခနဲလုပ်ကာ ယဲ့ဖန်ဘက် ပြန်လှည့်လာသည်။

သူမ၏ သဘောထားကို မြင်လိုက်ပြီး ဖုမာ ဟာရာဘူဆာ၏ ဒေါသများ တိုးလာပြန်သည်။

" မင်းက ဘာကို ဟွန်းခနဲ ဟက်ခနဲ လုပ်နေတာလဲ။ မင်းအမေကို ဘယ်လို ဆက်ဆံရမလဲဆိုတာ မသိဘူးလား "

ဖုမာ ကျန်းဝူသည် ချီဇူရူ စူဂါဝါရာကို မုန်းတီးစွာ စိုက်ကြည့်နေသည်။

" သူမက သမီးအမေ မဟုတ်ဘူး "

" ကောင်မစုတ်လေး .... "

သူမစကားကို ကြားပြီးနောက် ဖန်းကျန်းဆွန်း သူမကို ဆက်ပြီး ဆူငေါက်ချင်သည်။

" မင်းကမှ ကောင်စုတ် "

ထိုအချိန် ဘေး၌ရပ်နေသည့် ဖုမာ တာကာနိုဆူကဲ ရုတ်တရက် လမ်းလျှောက်လာပြီး သူ့ခေါင်းကို ရိုက်လိုက်ပြန်သည်။

" မင်းကို ရှောင်ဝူနဲ့ ဒီလိုစကားပြောခွင့် မပေးဘူး "

ဖုမာ ဟာရာဘူဆာသည် အဘိုးအိုကို ရင်ဆိုင်ရသည့်အခါ သူ့သဘောထားမှာ ချက်ချင်း ပျော့ပြောင်းသွားသည်။

" အဖေ၊ ကျွန်တော့်သမီးကို သင်ခန်းစာပေးနေတာ။ အဖေ သူမကို ဒီလိုမျိုး အမြဲတမ်း အလိုလိုက်လို့ မရဘူး ..... "

" ငါလည်း ငါ့သားကို သင်ခန်းစာ ပေးနေတာပဲ။ ဘာဖြစ်လဲ၊ မရဘူးလား "

သခင်ကြီးဖုမာသည် သူ့ကို ဒေါသတကြီး စိုက်ကြည့်နေသည်။

ဖုမာ ဟာရာဘူဆာသည် သူ့သမီးကို ကြည့်ပြီး အဖေဖြစ်သူကို ကြည့်ရပြန်သည်။

သူ စကားမပြော ဖြစ်သွားသည်။

ယဲ့ဖန်သည် ဤမိသားစု၏ အဖြစ်အပျက်များကို တစ်ဖက်မှ ကြည့်နေသည်။

လက်ရှိမြင်နေရသည်မှာ တီဗီဇာတ်လမ်းတွဲများထက် ပိုကောင်းသည်ဟု ခံစားရသည်။

ကိစ္စတစ်ခုပြီးတစ်ခု ဇာတ်ရှိန်တက်လာသည်။

ချီဇူရူ စူဂါဝါရာသည် အဆင်မပြေသောလေထုကို သတိပြုမိပြီး ချောင်းခြောက်ဆိုးသည်။

" နောက်ကျနေပြီ။ စမ်းသပ်တာကို လုပ်ကြရအောင် "

ဖုမာ ဟာရာဘူဆာ ယဲ့ဖန်ကို ကြည့်လိုက်သည်။

" ဖုမာမိသားစုရဲ့ စည်းမျဉ်းအရ ဒီစမ်းသပ်မှုကို အဆင့်သုံးဆင့် ခွဲခြားထားတယ်။ ပထမအချီမှာ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှု ပြိုင်ဆိုင်ရမယ်။ အဲ့တော့ ဖုမာမိသားစုမှာ အကောင်းဆုံး ဆေးဘက်ဆိုင်ရာ အရည်အချင်းရှိတဲ့သူကို စိန်ခေါ်ရမယ်။ မင်းအနိုင်ရရင် မင်း ဒီအဆင့်ကို ကျော်သွားနိုင်လိမ့်မယ်။ ရှုံးရင်တော့ မင်း အထုတ်ခံရလိမ့်မယ် "

ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုကို ယှဉ်ပြိုင်မည်ဟု ယဲ့ဖန်ကြားသောအခါ သူ ပေါ့ပါးစွာ ပြုံးလိုက်သည်။

" ဒါဆို ခင်ဗျားမိသားစုမှာ အကောင်းဆုံး ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုရှိတဲ့သူကို ထုတ်လိုက် "

ဖုမာ ဟာရာဘူဆာ သူ့ဘေးနားတွင် ရှိသည့် သူ့မိန်းမကို ချက်ချင်း လက်ညှိုးထိုးပြလိုက်သည်။

" ငါ့မိန်းမရဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုကို ငါတို့မိသားစုမှာ အကောင်းဆုံးလို့ အသိအမှတ်ပြုနိုင်တယ်။ မင်းတို့နှစ်ယောက် ပြိုင်ကြ "

ဖုမာမိသားစုမှ အဖွဲ့ဝင်များအားလုံးသည် ချီဇူရူ စူဂါဝါရာကို ရိုသေမှုနှင့်အတူ စောင့်မျှော်နေကြသည်။

ချီဇူရူ စူဂါဝါရာသည် သူမကိုယ်သူမ ကိုယ်ဟန်ထိန်းပြီး ချက်ချင်း ထွက်လာခဲ့သည်။

" ယဲ့လူကြီးမင်းရဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုက သာလွန်ပါတယ်။ ကျွန်မ အရှုံးကို ဝန်ခံတယ် "

ဤစကားကို ပြောပြီးသည်နှင့် တပြိုင်နက် တက်ရောက်လာသူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

မပြိုင်ရသေးဘူး၊ အရှုံးကို ဝန်ခံလိုက်ပြီလား။

ဒီစမ်းသပ်မှုက ဘာအတွက်ကြီလဲ။

ဖန်းကျန်းဆွန်းလည်း ရှက်ရွံ့သွားပြီး သူမကို အလျင်စလို တွန်းထုတ်လိုက်သည်။

" မင်း ဘာတွေပြောနေတာလဲ။ ငါတို့ ပြိုင်တောင် မပြိုင်ရသေးဘူး။ မင်း ဘာလို့ တခြားသူကို မြှောက်ပင့်ပြီး ကိုယ့်ကိုကိုယ် နှိမ့်ချနေတာလဲ "

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၂၅၆ )

ဒီလူက နိုင်ဖို့ဆို မျက်နှာမပျက်ဘဲ အကုန်လုပ်မှာ

ချီဇူရူ စူဂါဝါရာ ခါးသီးစွာ ပြုံးလိုက်သည်။

" ယဲ့လူကြီးမင်း ခုနက လုပ်ပြသွားတဲ့ အပ်စိုက်ကုထုံးကို အားလုံးမြင်ကြမှာပါ။ ကျွန်မ အဲ့တာကို မလုပ်နိုင်ဘူး "

ဖုမာ ဟာရာဘူဆာသည် သူ့မျက်လုံးများကို မှေးကာတွေးလိုက်ပြီးနောက် ချက်ချင်း အကြံတစ်ခုရလာသည်။

" အပ်စိုက်ကုသတာက တကယ်ပဲ ဆေးပညာကျွမ်းကျင်မှုဆိုပေမဲ့ အပ်စိုက်ကုတာကို ဆေးဘက်ဆိုင်ရာကျွမ်းကျင်မှုအဖြစ် ကန့်သတ်မထားဘူး။ တရားမျှတဖို့အတွက် အပ်စိုက်တာကို တားမြစ်ထားတယ် "

ဤစကားများသည် အနည်းငယ်မျှပင် ယုတ္တိမရှိပေ။

ဖုမာမိသားစုဝင်များပင် ရှက်သွားကြသည်။

ဤပွဲသည် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ရာ ပြိုင်ဆိုင်မှု ဖြစ်သောကြောင့် နည်းလမ်း အမျိုးမျိုးကို အသုံးပြုနိုင်သည်။

တစ်ဖက်သူ၏ အပ်စိုက်ကုထုံးမှာ သူတို့ထက် တော်သောကြောင့် တားမြစ်၍ မရပေ။

သို့သော် ဖုမာ ဟာရာဘူဆာသည် မိသားစုထဲ၌ ဂုဏ်သိက္ခာမြင့်သည်။

ထို့ကြောင့် လူတိုင်းသည် သူ့ကို စိတ်ထဲ၌ ပြစ်တင်ဝေဖန်နေကြသော်လည်း မည်သူမျှ သူ့ကို မငြင်းဆန်ရဲကြပေ။

သို့သော် ဖုမာ ကျန်းဝူသည် စိတ်မချမ်းမသာ ဖြစ်သွားသည်။

" အပ်စိုက်ကုတာကလည်း ဆေးပညာကျွမ်းကျင်ရပ်တစ်ခုပဲလေ။ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ရေး ပြိုင်နေမှတော့ အပ်စိုက်ကုထုံးကို ဘာလို့ အသုံးမပြုနိုင်တာလဲ "

ဖုမာ ဟာရာဘူဆာသည် သူ၏ သမီးဖြစ်သူမှ ပထမဆုံး ဆန့်ကျင်လာ၍ ချက်ချင်း ဒေါသဖြစ်သွားသည်။

" မသုံးရဘူးလို့ ငါ ပြောရင် သုံးလို့မရဘူးဘဲ။ ငါက နောက်ဆုံး စည်းကမ်းထုတ်ပိုင်ခွင့်ရှိတဲ့သူ။ စည်းမျဉ်းတွေကို မလိုက်နာချင်ရင် အရင်ဆုံး ခေါင်းဆောင်ဖြစ်ရမယ် "

" အဖေက ယုတ္တိမရှိတာကြီး "

ဖုမာ ကျန်းဝူ ဒေါသထွက်လွန်း၍ ငိုတော့မည် ဖြစ်သည်။

" ဟမ်း၊ တခြား တစ်ခုခုထပ်ပြောရင် စမ်းသပ်မယ့်ဟာကို ဖျက်လိုက်မယ် "

ဖုမာ ဟာရာဘူဆာ ခြိမ်းခြောက်လေသည်။

ဖုမာ ကျန်းဝူ တခြားဘာမှ မပြောရဲတော့ဘဲ သူမ အဘိုးကိုသာ အကူအညီတောင်းရတော့သည်။

သို့သော် ဖုမာ တာကာနိုဆူကဲ၏ ဉာဏ်ရည်သည် ခြောက်နှစ်သားကလေးနှင့် ညီမျှသည်။

ထို့ကြောင့် ဘက်လိုက်ခြင်း၏ ခြားနားချက်ကို သူ မပြောနိုင်ချေ။

ပျော်စရာကောင်းသည်ကိုပဲ သူ သိလေသည်။

" ကောင်းပြီ၊ ပြိုင်ကြရအောင် ..... "

ဖုမာ ဟာရာဘူဆာသည် သူကြောက်ရသည့် တစ်ဦးတည်းသော သူ့အဖေမှ အခြားဘာမှပြန်မပြောသည်ကို မြင်လိုက်ရပြီး စိတ်သက်သာရာရသွားသည်။

သူ့လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။

" ဆုံးဖြတ်ပြီးပြီ။ မျိုးနွယ်စုထဲက နာမကျန်းဖြစ်နေတဲ့ လူနှစ်ယောက်ကို ရွေးမယ်။ မင်း တို့နှစ်ယောက်က ကုပေးဖို့ ရွေးရမယ်။ အပ်စိုက်ကုထုံးကလွဲပြီး တခြားနည်းလမ်းတွေ သုံးလို့ရတယ် "

စည်းမျဥ်းများကို ပြောပြီးနောက် သူသည် ယဲ့ဖန်၏ ထင်မြင်ချက်ကို သိရရန် လှည့်ကြည့်လိုက်သည်။

" မင်း ကန့်ကွက်စရာရှိလား "

ယဲ့ဖန်သည် ဘက်လိုက်မှု အပြည့်ဖြစ်နေသော သူ့ကို ကြည့်လိုက်သည်။

ထို့နောက် သူ ခေါင်းယမ်းပြီး ပြုံးလိုက်သည်။

" ကန့်ကွက်စရာမရှိပါဘူး "

ဖုမာ ဟာရာဘူဆာ၏ ပါးစပ်ထောင့် အနည်းငယ် တွန့်ကွေးသွားသည်။

" ကောင်းပြီ၊ မင်း ကန့်ကွက်စရာ မရှိဘူးဆို ပွဲစတော့မယ် "

ထိုအချိန် ဤနေရာတွင် စမ်းသပ်မှုရှိကြောင်း ကြားသိရ၍ ဖုမာမိသားစု တပည့်များအားလုံးသည် နှစ်တစ်ရာမှာ တစ်ခါပင် မရှိသော စမ်းသပ်ပွဲကို တွေ့ရန် ရောက်လာခဲ့ကြသည်။

မကြာမီတွင် ဖုမာမိသားစု၏ ခြံဝင်းကြီးသည် လူစွာများဖြင့် ပြည့်နှက်နေတော့သည်။

အနည်းဆုံး လူနှစ်ရာမှ သုံးရာအထိ ရှိနေခဲ့သည်။

ဖုမာ ဟာရာဘူဆာသည်လည်း လူလွှတ်ကာ လူနာနှစ်ဦးကို ရှာလိုက်သည်။

သူတို့သည် အသက်ခြောက်ဆယ်ကျော် ခုနစ်ဆယ်ကျော်များဖြစ်သည်။

သူတို့သည် ပိန်ပါးပြီး နာမကျန်းဖြစ်နေကြ၍ သယ်ပိုးလာရသည်။

ဖုမာ ဟာရာဘူဆာလှည့်၍ ယဲ့ဖန်နှင့် ချီဇူရူ စူဂါဝါရာကို ကြည့်လိုက်သည်။

" ဘယ်လူနာကို ကုမလဲဆိုတာ ရွေးချယ်နိုင်တယ်။ အချိန်ကန့်သတ်ချက်မရှိဘူး။ နောက်ဆုံးရလဒ်ပေါ်ပဲ မူတည်တယ် "

သူသည် ပြောပြီးသည်နှင့် ချီဇူရူ စူဂါဝါရာသည် ချက်ချင်းလှည့်ကာ ယဲ့ဖန် ကို ပြုံးပြသည်။

" မင်းက ဧည့်သည်ပဲ။ မင်း အရင်ရွေးလို့ ရတယ် "

အားလုံးသည် ယဲ့ဖန်မှ အရှုံးပေးမည်ဟု ထင်နေကြသည်။

ထို့အပြင် တစ်ဖက်မှာ အမျိုးသမီးတစ်ဦး ဖြစ်သည်။

သို့သော် လူတိုင်း အံ့အားသင့်သွားရသည်မှာ ယဲ့ဖန်သည် လူနာများကို ကြည့်ပြီးနောက် အမျိုးသားလူနာတစ်ဦးကို လက်ညှိုးထိုးပြသည်။

" ဒီတစ်ယောက်ကို ရွေးမယ် "

ထိုမြင်ကွင်းကို အနီးပတ်ဝန်းကျင်မှ လူအုပ်ကြီးက မြင်ပြီး ချက်ချင်း အော်ငေါက်ကြသည်။

" ဒီကောင်က အနိုင်ယူဖို့အတွက် သူ့မျက်နှာကိုတောင် လုံးဝ ဂရုမစိုက်ဘူး။ တကယ် ဘယ်လို ရိုသေရမလဲဆိုတာတောင် မသိဘူး "

" သူ အရင် သွားရတော့ ကုရတာ ပိုလွယ်မယ့်သူကို သေချာပေါက် ရွေးမှာပဲ ဟုတ်တယ်မလား "

" မင်းပြောတာ မှန်တယ်။ ဒီယောက်ျားရဲ့ အခြေအနေက အဲ့ဒီမိန်းမထက် ပိုကောင်းတယ်ဆိုတာ သိသာတယ်။ ကိုယ်လုံးကိုယ်ပေါက် ဒါမှမဟုတ် အမူအရာအရရော အဲ့ယောက်ျားက ပိုကောင်းနေတော့ အဲ့တာကို အခွင့်ကောင်းယူနေတော မဟုတ်လား "

" ဟား၊ ခေါင်းဆောင်ကြီးဟက ဒီလိုလူမျိုးအတွက် စမ်းသပ်ဖို့အခွင့်အရေးကို တကယ် ပေးလိုက်တာလား။ အဲ့တာက တကယ် မတန်ဘူး "

" မှန်တယ်။ ငါတို့မိသားစုမှာ ထိပ်တန်းခွန်အားရှိတဲ့သူတွေ အများကြီးရှိပေမယ့် ဒီလိုအခွင့်အရေးမျိုး မရကြဘူး။ သူ့မှာ ဘာအခွင့်အရေးရှိလို့လဲ "

ပတ်ဝန်းကျင်မှ ဆွေးနွေးမှုများက ပိုကျယ်လောင်လာသည်။

သူတို့အားလုံး ယဲ့ဖန်ကို အတော်ပင် မကျေမနပ်ဖြစ်ခဲ့ကြသည်။

အမျိုးသားလူနာ၏ ရောဂါလက္ခဏာများသည် အမျိုးသမီးလူနာထက် ပိုမို ပေါ့ပါးသည်။

လူနာအမျိုးသမီးသည် မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေရသည်။

လက်ညှိုးကို မြှောက်ရန်ပင် ခွန်အားမရှိချေ။

သူမသည် ဖျားနာနေသည်။

အမျိုးသားလူနာသည် နာမကျန်းဖြစ်နေသော်လည်း အနည်းဆုံး ခန္ဓာကိုယ်ကို ထိန်းထားနိုင်ပြီး နှစ်ကြိမ်လောက်သာ ချောင်းဆိုးသည်။

ဤအမျိုးသားလူနာသည် ကုသရ လွယ်ကူသည်ဟု မည်သူမဆို ထင်ကြပေမည်။

သို့သော် ချီဇူရူ စူဂါဝါရာသည် အမျိုးသားလူနာ၏ ရောဂါလက္ခဏာများမှာ အမျိုးသမီးလူနာထက် များစွာ ပိုမိုရှုပ်ထွေးကြောင်း ပြောနိုင်သည်။

အမျိုးသမီးလူနာသည် အထူးတလည် ဖျားနာနေသော်လည်း သူမအခြေအနေက မရှုပ်ထွေးချေ။

ထိုအမျိုးသား၏ ချောင်းဆိုးသံမှတစ်ဆင့် သူသည် ပြင်းထန်သော အဆုတ်ရောဂါရှိရုံသာမက အတွင်းဒဏ်ရာများလည်း ပြင်းထန်စွာ ခံစားခဲ့ရကြောင်း သူမ ပြောနိုင်ခဲ့သည်။

နာတာရှည်ဖျားနာမှုအပြင် ဒဏ်ရာဟောင်းရှိသည့် ဤသို့လူနာမျိုးသည် တကယ်၌ ကုသရ အခက်ဆုံးဖြစ်သည်။

ယဲ့ဖန်သည် သူမကို အခွင့်ကောင်းယူနေသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် သူမကို ဂရုစိုက်ပေးနေခြင်း ဖြစ်သည်။

" လူကြီးမင်း၊ ငါ ဒီလူနာကို ကုရမလား "

သူမ ချက်ချင်း လျှောက်လာပြီး ယဲ့ဖန်ကို အကြံပြုလိုက်သည်။

" မလိုပါဘူး။ ကျွန်တော် ဒီတစ်ယောက်ကို ရွေးမယ် "

ယဲ့ဖန်သည် ချက်ချင်းပင် ခေါင်းယမ်းကာ ငြင်းပယ်လိုက်သည်။

ချီဇူရူ စူဂါဝါရာသည် ရည်ရွယ်ချက်ကောင်းရှိသည်။

သူမသည် ယဲ့ဖန်ကို ကူညီချင်လေသည်။

ကုသရန် လွယ်ကူသည့်လူနာကို ယဲ့ဖန်အား ရွေးစေချင်၍ အရင်ရွေးခိုင်းခြင်းဖြစ်သည်။

သို့သော် ယဲ့ဖန်သည် သူမ၏ ရည်ရွယ်ချက်ကောင်းများကို ငြင်းဆန်ကာ သူ့အတွက် ခက်ခဲသောလူနာကို ရွေးခဲ့သည်။

အခြားသူများ၏ အမြင်တွင် ဤမြင်ကွင်းသည် အဓိပ္ပါယ်နောက်တစ်မျိုး ဖြစ်နေသည်။

သူများ၏ အမြင်များအရ ချီဇူရူ စူဂါဝါရာ သည် 'ကုသရလွယ်ကူသည့်လူနာ'အား ကုသခွင့်ပေးရန် ယဲ့ဖန်အား တောင်းပန်ရန် အစပြုခဲ့သော်လည်း ယဲ့ဖန် က သူမကို မညှာမတာ ငြင်းပယ်လိုက်သည်။

" ဒီလူက တကယ်ကို ထူးဆန်းလွန်းတယ်။ သူ့မှာ ကျင့်ဝတ် လုံးဝမရှိဘူး "

" စမ်းသပ်မှုပြီးရင် အမိန့်ပြားကို ရမှာလေ။ အဲ့တော့ ဖုမာ မိသားစုကနေ အမြတ်ထုတ်နိုင်မှာဆိုတော့ မျက်နှာသာပေးမှာ မဟုတ်လောက်ဘူး "

" ဒါပေမဲ့ ဒါက လွန်လွန်းတယ်။ ဒီလိုလူမျိုးမှာ အမိန့်ပြားရသွားရင်တောင် ငါ သူ့အမိန့်ကို နားမထောင်ဘူး "

" မင်း လုပ်ရဲလို့လား။ ဂိုဏ်းစည်းကမ်းတွေအရ အမိန့်ကို မလိုက်နာရင် ညှာတာမှုမရှိဘဲ အသတ်ခံရနိုင်တယ် "

" ငါ .... မင်းကို အမိန့်မနာခံဘူးလို့ မပြောခဲ့ဘူး။ ဒီကောင်က နည်းနည်း အရှက်မဲ့တယ်လို့ ပြောတာ "

" ငါလည်း အဲ့လိုထင်တယ် ..... "

ဖုမာ ကျန်းဝူသည် ယဲ့ဖန်အား လူတိုင်းမှ ဆဲဆိုနေသံကို ကြားလိုက်သည်။

သူမသည် သူမသခင်ကို ကာကွယ်ပေးချင်သည်။

သူမသည် ဆေးပညာအကြောင်း မသိ၍ လူနာများကြားမှ ကွာခြားချက်ကို မပြောနိုင်ပေ။

ယဲ့ဖန်အတွက် ကာပြောပေးချင်သော်လည်း ဘယ်က စရမည်မှန်းမသိချေ။

သူမသည် တိတ်တဆိတ် စိုးရိမ်နေသည်။

သူမဘေး၌ ထိုင်နေသည့် ဖုမာ ဟာရာဘူဆာမှာတော့ ဇာတ်လမ်း၏ အတွင်းပိုင်းကို သိနေသည်။

သူသည် ဤလူနာနှစ်ယောက်ကို ရွေးပေးခဲ့သည့်သူ ဖြစ်သည်။

သူ့ထက် အခြေအနေအား ပိုသိသူ မည်သူမျှ မရှိသော်လည်း သူသည် ယဲ့ဖန်အတွက် ရှင်းပြပေးမည် မဟုတ်ပေ။

တစ်ဖက်လူမှ သူ့ကိုယ်သူ အရူးလုပ်သည်ကိုသာ မြင်ချင်သည်။

ဟမ်း၊ ဒီလို လူမျိုးကို လေ့ကျင့်ပေးဖို့က အတော်ရှားတဲ့ အခွင့်အရေးဆိုပေမဲ့ ဒီကလေးက ခေါင်းမာဖို့ ကြိုးစားနေတာပဲ။

ဒီလိုသာဆို ကြီးမားတဲ့ အောင်မြင်မှုတွေ ရနိုင်မှာ မဟုတ်ဘူး။

သူ စိတ်ထဲမှ တိတ်တဆိတ် မှတ်ချက်ပေးသည်။

သူသာဖြစ်လျှင် သူ့မျက်နှာကို ဂရုစိုက်မည် မဟုတ်ပေ။

သူသည် သေချာပေါက် ကုသရ လွယ်ကူသည့်သူကို အရင်ရွေးမည် ဖြစ်သည်။

တစ်စုံတစ်ယောက်သည် ယဲ့ဖန်နှင့် ချီဇူရူ စူဂါဝါရာအတွက် လိုအပ်သော ကုသရေးပစ္စည်းများကို ယူဆောင်လာပေးသည်။

သူတို့နှစ်ယောက်၏ အနောက်တွင် လက်ထောက်တစ်ယောက်စီ ရပ်နေသည်။

ပြိုင်ရန် အသင့်ဖြစ်သောအခါ ဖုမာ ဟာရာဘူဆာသည် စမ်းသပ်မှု စတင်ကြောင်း ချက်ချင်း ကြေညာသည်။

စမ်းသပ်မှု စတင်သည်နှင့်အမျှ ချီဇူရူ စူဂါဝါရာနှင့် သူမ၏လက်ထောက်သည် ချက်ချင်း အလုပ်ရှုပ်သွားသည်။

သူမသည် လူနာအမျိုးသမီး၏ အခြေအနေကို ဦးစွာ စစ်ဆေးပြီးနောက် လူနာ၏ နေ့စဉ်ဘဝကိုမေးကာ သေချာမှတ်သားနေသည်။

All Chapters