← Chapters

အခန်း (၁၂၆၁-၁၂၆၄)

Vol. 64 Ch. 1261-1264

အခန်း (၁၂၆၁-၁၂၆၄)

Vol. 64 Ch. 1261-1264

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၂၆၁ )

ဘာလို့ မနှုတ်ထွက်တာလဲ

" ငါ အရမ်း သိချင်တာလေးရှိတယ်။ ဘာလို့ အဲ့လူနာအမျိုးသားက ရုတ်တရက်ကြီး ရှော့ဖြစ်သွားတာလဲ "

ချီဇူရူ စူဂါဝါရာ အမြန်မေးလိုက်သည်။

ယဲ့ဖန်သည် ဖုံးကွယ်ထားခြင်း မရှိပေ။

သူသည် သူမကို ရိုးရှင်းသော ရှင်းပြချက်တစ်ခုကို ပြောပြလာသည်။

လူနာ၏ အခြေအနေသည် အမှန်တကယ်ပင် ရှုပ်ထွေးလှသည်။

တိုက်ကျွေးသောဆေးသည် ပျော့ပါက လုံးဝထိရောက်မှုရှိမည် မဟုတ်ပေ။

ထို့ကြောင့် အန္တရာယ်ကိုယူကာ ဆေးပြင်းများကို အသုံးပြုခဲ့သည်။

ထိုဆေးများထဲမှ နှစ်မျိုးသည် အမှန်တကယ်ပင် ပြင်းထန်လှသည်။

ထိုဆေးကို သောက်ပြီးပါက မခံနိုင်သော လူနာရှင်အချို့မှာ သေပင်သေသွားနိုင်သည်။

သို့သော် သည်းခံနိုင်ပါက အကျိုးသက်ရောက်မှုမှာ မပြောပြနိုင်လောက်အောင် ဖြစ်သွားပေမည်။

ချီဇူရူ စူဂါဝါရာသည် ယဲ့ဖန်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် အလွန်တုန်လှုပ်သွားသည်။

" မင်းက လောင်းကြေးထပ်လိုက်တာပဲ။ သူ မရှင်ရင် ဘယ်လိုလုပ်မလဲ "

ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။

" လောင်းကြေးထပ်လိုက်တာကို ဝန်ခံတယ်။ ဒါပေမဲ့ ကံကောင်းပြီး နိုင်သွားတယ်လေ "

ချီဇူရူ စူဂါဝါရာ တကယ်ပင် ဘာပြောရမည်ကို မသိတော့ပေ။

'လုပ်ရဲသည်နှင့် လုပ်နိုင်စွမ်း'ကြီးသည်ဟုသာ သူမ သတ်မှတ်လိုက်နိုင်သည်။

မည်သို့ပင်ဖြစ်စေ ထိုကဲ့သို့ ဆေးမျိုးကို သူမဘဝတွင် ဘယ်တော့မှ လုပ်ရဲမည် မဟုတ်ပေ။

" နာတာရှည်ရောဂါတွေကို ကုသဖို့ အားပြင်းတဲ့ဆေးကို သုံးရမယ်။ ဆေးပြင်းတွေကို မသုံးရဲရင် ဆရာဝန်တွေက ဘယ်တော့မှ ထိပ်တန်းဆရာဝန်တွေ ဖြစ်လာမှာ မဟုတ်ဘူး "

ယဲ့ဖန်သည် အတွေးအခေါ်ပိုင်းဆိုင်ရာ တစ်စုံတစ်ခုကို ပြောလိုက်သည်။

ချီဇူရူ စူဂါဝါရာသည် သူ့ကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။

ထိုကောင်လေးသည် အတော်ပင် ငယ်ရွယ်သေးသော်လည်း သူ့ထံမှ များစွာ သင်ယူရသည်ဟု သူမ ခံစားရသည်။

သူမ သူ့ကို ဆရာတင်ရင် သူက လက်ခံပါ့မလား။

သူမသည် သူ့အား ဆက်တိုက် ငေးကြည့်နေသည်ကို ယဲ့ဖန်တွေ့လိုက်ရသည်။

သူ့နှလုံးခုန်သံမှာ ဝုန်းဒိုင်းကြဲသွားရတော့သည်။

ဒီအမျိုးသမီးက ငါ့ကို စိတ်ဝင်စားနေတာလား။

ယဲ့ဖန်သည် ဖုမာကျန်းဝူကို လှည့်ကြည့်လိုက်သည်။

သူတို့သည် သွေးသားအရ မတော်စပ်သော်လည်း နာမည်ခံအရ သားအမိများ ဖြစ်ကြသည်။

အကယ်၍ ဤအမျိုးသမီးနှစ်ယောက်လုံးသည် သူ့ကို စိတ်ဝင်စားနေပါက .......

ဒါက အတော်လေး သားရဲဆန်မနေဘူးလား။

ပထမပွဲစဉ်ပြီးသည့်နောက် ဖုမာ ဟာရာဘူဆာသည် ဒုတိယပွဲကို ချက်ချင်း မကြေညာခဲ့ပေ။

လူတိုင်း နားနေပြီး နာရီဝက်လောက်ကြာပြီးမှ ထ၍ ကြေညာလိုက်သည်။

" စမ်းသပ်မှုရဲ့ နောက်တစ်ဆင့်က ဒုတိယအဆင့်ဖြစ်တယ်။ အမွှေးတိုင်တစ်တိုင်စာ ကြာတဲ့အထိ မင်းက ဖုမာမိသားစုရဲ့ ကျိုနင်းနင်ဂျာသုံးယောက်ရဲ့ တိုက်ခိုက်တာကို ခံရမယ်။ အမွှေးတိုင်ကုန်တဲ့အထိ မင်းတောင့်ခံပြီး ထွက်လာနိုင်ရင် တတိယအဆင့်ကို အောင်မြင်စွာ ဝင်ရောက်နိုင်ပြီပဲ "

ဖုမာ ဟာရာဘူဆာသည် ယဲ့ဖန်ကို ကြည့်ပြီးနောက် ဒုတိယပွဲစဉ်၏ အကြောင်းအရာကို ကြေညာလိုက်သည်။

ယဲ့ဖန်မှာ မတုံ့ပြန်သော်လည်း လူအုပ်ကြီးသည် အော်ဟစ်နေကြပြီဖြစ်လေသည်။

" ဘုရားရေ၊ ထပ်တန်း ကျိုနင်းအဆင့် နင်ဂျာသုံးယောက်က တစ်ခါတည်း တိုက်မှာလား။ ပြီးတော့ သူက အမွှေးတိုင်တစ်တိုင်စာတောင် တောင့်ခံရမှာတဲ့။ ဘယ်သူက ဒါကို ခံနိုင်မှာလဲ "

" ဟုတ်တယ်။ အတွင်းအားကျင့်စဉ် နောက်ဆုံးပိုင်းကိုရောက်မှ ကျိုနင်းဖြစ်လာနိုင်တာ။ ဒီလိုအဆင့်ရှိတဲ့သူသုံးယောက်က တိုက်မှာဆိုတော့ တကယ်ကို ကြောက်စရာပဲ "

" ကောင်လေး၊ မင်း အရှုံးပေးလိုက်ဖို့ အကြံပေးတယ်။ မဟုတ်ရင် မင်း ဒီပွဲမှာ ရှင်ဖို့တောင် ခက်ခဲလိမ့်မယ် "

" အမှန်ပဲ။ ပထမပွဲကို ရှုံးတာက အသက်အန္တရာယ်မရှိပေမဲ့ ဒီပွဲမှာကတော့ သေပါသေနိုင်တယ် ...... "

လူတိုင်းသည် ယဲ့ဖန်ကို ခြောက်လှန့်ကာ နှင်ထုတ်ချင်၍ ကြောက်ဖို့ကောင်းသော မှတ်ချက်များ စတင်ပေးတော့သည်။

ဖန်းကျန်းဝူ၏ မျက်နှာပင် ပြာနှမ်းနေပြီဖြစ်သည်။

သူမ ယဲ့ဖန်၏လက်ကို လွှတ်လိုက်ပါက သူ့အား ဆုံးရှုံးလိုက်ရမည်ကို ကြောက်သကဲ့သို့ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။

ယဲ့ဖန်၏ မျက်နှာပေါ်တွင် အခြားအမူအရာ မရှိပေ။

သူသည် ဖုမာ ဟာရာဘူဆာကိုသာ တည့်တည့် ကြည့်နေသည်။

" ခင်ဗျားသာဆိုရင်ရော ကျိုနင်းသုံးယောက် တိုက်တာကို အမွှေးတိုင်တစ်တိုင်စာ တောင့်ခံနိုင်မလား မေးပါရစေ "

ဖန်းကျန်းဆွန်းသည် ယဲ့ဖန်၏ မေးခွန်းကို ကြားပြီးနောက် ပွင့်လင်းစွာဖြင့် ဖုံးကွယ်လိမ်ညာမနေဘဲ ဖြေလိုက်သည်။

" မနိုင်ဘူး "

ယဲ့ဖန် နှာမှုတ်လိုက်သည်။

" ခင်ဗျားကိုယ်တိုင်တောင် မရနိုင်တာ ကျွန်တော့်ကို ဘာအကြောင်းနဲ့ လုပ်ခိုင်းရတာလဲ "

ဖုမာ ဟာရာဘူဆာ၏ နှုတ်ခမ်းမှာ ကွေးတက်သွားသည်။

" မင်းငြင်းလို့ရတယ်။ ဒါပေမဲ့ ဒီစမ်းသပ်ပွဲကို အရှုံးပေးလိုက်ရုံပဲ "

ယဲ့ဖန် သူ့ကို စိုက်ကြည့်ပြီးနောက် တိတ်ဆိတ်သွားသည်။

" ငါသာ မင်းသာဆိုရင် လက်လျှော့လိုက်ဖို့ကိုပဲ ရွေးချယ်ဖြစ်မယ်။ ထိပ်တန်းအဆင့်ရှိတဲ့ ကျိုနင်းသုံးယောက်ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ရတာက ဟာသမဟုတ်ဘူး။ သတိမထားရင် သေသွားနိုင်တယ်။ မင်းက ငယ်ပါသေးတယ်။ မင်းကိုယ်မင်း အန္တရာယ်တွင်းထဲ ခုန်ဆင်းစရာ မလိုဘူး ...... "

ဖုမာ ဟာရာဘူဆာသည် ယဲ့ဖန် တုံ့ဆိုင်းသွားသည်ကို မြင်ပြီးနောက် ဖြည်းညှင်းစွာပြောလိုက်သည်။

" အမွှေးတိုင် တစ်တိုင်လုံးကြာအောင် အချိန်ယူရမှာလား "

ယဲ့ဖန်သည် ဖန်းကျန်းဆွန်း ပြောနေသည်အား ရုတ်တရက် အနှောင့်အယှက်ပေးကာ ဖြတ်ပြောလိုက်သည်။

" အမွှေးတိုင်တစ်ချောင်းလုံး ထွန်းထားတာက အချိန်ကြာလွန်းတယ်လို့ ထင်လို့လား "

ဖုမာ ဟာရာဘူဆာသည် ယဲ့ဖန်အမေးကို ကြားလိုက်သောအခါ အနည်းငယ် ရယ်စရာကောင်းသည်ဟု ထင်မိသည်။

ထို့နောက် သူ့အပြုံးများ ပျောက်ကွယ်သွားသည်။

" စိတ်မကောင်းပါဘူး။ ဒါပေမယ့် ဖုမာမိသားစုရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ မင်း အမွှေးတိုင်တစ်တိုင်စာ ကုန်တဲ့အချိန်ထိ တိုက်ခိုက်ရမယ်။ ဒါက ညှိနှိုင်းလို့မရဘူး "

ယဲ့ဖန် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

" ခင်ဗျား ကျွန်တော့်စကားကို အထင်မှားနေပြီ။ ကျွန်တော်ဆိုလိုချင်တာက ကျိုနင်းသုံးယောက်က အမွှေးတိုင်တစ်တိုင်စာ ကုန်တဲ့အထိ တောင့်မခံနိုင်ရင် ဘယ်လိုလုပ်မလဲ "

" ဟမ် ....... "

ဖုမာ ဟာရာဘူဆာသည် ယဲ့ဖန်စကားကြောင့် စကားသီးမတတ် ဖြစ်သွားသည်။

သူ နားကြားမှားသည်ဟုပင် ထင်လိုက်မိသည်။

" မင်းပြောတာက ကျိုနင်းသုံးယောက်ကို အမွှေးတိုင်မကုန်ခင် သတ်နိုင်တယ်လို့ ဆိုလိုချင်တာလား "

သူတို့နှစ်ယောက်သည် အသံကို တမင်တကာ လျှော့မပြောကြကြပေ။

ထို့ကြောင့် ဘေးပတ်လည်၌ ကြည့်နေသော ဖုမာမိသားစုမှ အဖွဲ့ဝင်များသည် သူတို့အချင်းချင်း ပြောဆိုနေမှုများကို ကြားလိုက်ရပြီး ချက်ချင်းပင် ဆူညံသွားကြသည်။

" ဟားဟားဟား၊ ဒီကလေးက ငါ့ကို သတ်နေတာပဲ။ သူက ကျိုနင်းသုံးယောက်ကို တကယ် သတ်ချင်သေးတာတဲ့လား "

" ကျိုနင်းတွေရဲ့ အဓိပ္ပာယ်ကို သူ မသိဘူးလား။ အထူးသဖြင့် ဖုမာမိသားစုရဲ့ ကျိုနင်းတွေအားလုံးက တစ်သောင်းမှာ တစ်ယောက်ပဲရှိတဲ့ ထိပ်တန်းကျွမ်းကျင်သူတွေပဲ "

" ဟုတ်တယ်၊ အဲ့လိုကျိုနင်းတွေက သုံးယောက် အတူတူတိုက်ခိုက်မှာ။ သူတို့ကို ပြန်သတ်ဖို့မပြောနဲ့ အမွှေးတိုင် ကုန်တဲ့အထိ အသက်ရှင်အောင် တောင့်ခံနိုင်ရင်ပဲ တော်လှပြီ "

" ဒီကလေးကို ကျိုနင်းသုံးယောက် ရိုက်မှာကို မြင်ရဖို့ မစောင့်နိုင်တော့ဘူး ....... "

ယဲ့ဖန်သည် လူတိုင်း၏ သရော်လှောင်ပြောင်မှုကို မကြားသလိုနေလိုက်သည်။

သူသည် ဖုမာ ဟာရာဘူဆာကိုသာ အေးဆေးတည်ငြိမ်စွာသာ ကြည့်လေသည်။

"ကျွန်တော်မေးချင်တာ ကျွန်တော်က ဒီကျိုနင်း သုံးယောက်ကို သတ်နိုင်ရင် ဘယ်လိုလုပ်မလဲ "

" မင်း ကျိုနင်းသုံးယောက်ကို သတ်နိုင်ရင် မင်းရဲ့စမ်းသပ်မှု အောင်မြင်လိမ့်မယ်။ ဖုမာမိသားစုက မင်းကို ဒုက္ခမပေးဘူးဆိုတာ ငါ အာမခံနိုင်တယ် "

ယဲ့ဖန် သူ့ရင်ဘတ်ကို ပုတ်လိုက်သည်။

" ဒါဆို စိတ်ချရပြီ "

ဖုမာ ဟာရာဘူဆာ ပါးစပ်မှာ တွန့်သွားသည်။

သူသည် ဤကောင်လေးနှင့် စကားဆက်ပြောပါက ဒေါသထွက်ကာ သွေးအန်ထွက်သွားနိုင်သည်ဟု ခံစားမိသည်။

" မင်းမှာ ကန့်ကွက်စရာမရှိဘူးဆို ငါနဲ့လိုက်ခဲ့ "

ထိုစကားကို ပြောပြီးသည်နှင့် ခြံနောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။

အခြားမိသားစုအဖွဲ့ဝင် ဂိုဏ်းသားများကလည်း ချက်ချင်း လိုက်လာကြသည်။

ယဲ့ဖန်နှင့် ဖုမာ ကျန်းဝူတို့သည် ခြံအနောက်ဘက်သို့ လျှောက်သွားကြသည်။

" သခင်ကြီး၊ ဘာလို့ စမ်းသပ်ပွဲကနေ မနှုတ်ထွက်တာလဲ "

ဖုမာ ကျန်းဝူ၏ မျက်နှာသည် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။

" ဘာလဲ။ ကိုယ့်ခွန်အားကို မယုံဘူးလား "

ယဲ့ဖန် သူမကို ကြည့်လျက် ဖြတ်ခနဲ ပြုံးပြလိုက်သည်။

" မဟုတ်ပါဘူး၊ မဟုတ်ပါဘူး။ ကျန်းဝူ အဲ့လိုမထင်ဘူး "

ဖုမာ ကျန်းဝူ လက်နှစ်ဘက်လုံးကို လျင်မြန်စွာ ဝှေ့ယမ်းလိုက်သည်။

" ကျန်းဝူက ... သခင်ကြီးကို အန္တရာယ် မဖြစ်စေချင်ဘူး။ အန္တရာယ်က ၁%လေးပဲ ရှိရင်တောင် ကျန်းဝူက မမြင်ချင်ဘူး "

ယဲ့ဖန် သူမမျက်နှာလေးကို ဖိညှစ်လိုက်သည်။

" စိတ်မပူပါနဲ့။ မင်းရဲ့ သခင်ကိုယ်တိုင် လာတယ်ဆိုရင် ၀.၀၀၀၀%တောင် အန္တရာယ်ရှိမှာ မဟုတ်ဘူး "

ဖုမာ ကျန်းဝူသည် ယုံကြည်မှုအပြည့်ဖြင့် ပြောသော ယဲ့ဖန်၏ မျက်နှာကို ကြည့်လိုက်သည်။

အကြောင်းတစ်ခုခုကြောင့် သူမသည် သူ့စကားကို အမှန်တကယ်ပင် ယုံကြည်လာသည်။

အကယ်၍ ယဲ့ဖန် အမှန်တကယ် တစ်စုံတစ်ခု ဖြစ်ခဲ့ပါက သူမအား မိသားစုမှ သစ္စာဖောက်ဟု ခေါ်လျှင်ပင် သူမ ဂရုမစိုက်ဘဲ သူမသခင်အတွက် လက်စားချေရန် ထိုကျိုနင်းများကို သတ်ပစ်မည် ဖြစ်သည်။

သူမ၏ စိုးရိမ်မှုများကို ခေတ္တလျှော့ချလိုက်ပြီး ဖုမာမိသားစု၏ အိမ်ခန်းကို ယဲ့ဖန် အား စတင် မိတ်ဆက်ပေးခဲ့သည်။

ဤအိမ်ကြီးသည် အလွန်ကြီးမားပြီး ဧရိယာစတုရန်းမီတာ ထောင်ပေါင်းများစွာ ကျယ်ဝန်းသည်။

အများသောအားဖြင့် မျိုးနွယ်စုခေါင်းဆောင်၏ မိသားစုသာလျှင် ဤနေရာတွင် နေထိုင်ကြသည်။

မိသားစု၏ တိုက်ရိုက် သားစဉ်မြေးဆက်များအား နေထိုင်ရန်အိမ်ယာနှင့် လစဉ်ထောက်ပံ့ကြေးများ ခွဲဝေပေးသည်။

ဖုမာမိသားစုဝင်များ အားလုံးသည် အလုပ်မလုပ်လျှင်ပင် အဆင်ပြေသည့်ဘဝကို ဖြတ်သန်းနိုင်ကြသည်။

သို့သော် မိသားစုခွဲ၏ သားမြေးများမှာတော့ အဆင်မပြေကြပေ။

သူတို့သည် ကိုယ်တိုင် အိမ်ငှားကာ ဝင်ငွေလည်းရှာရရုံသာမက သူတို့ရသော လစာ၏တစ်စိတ်တစ်ပိုင်းကိုပင် မိသားစုကြီးအား လစဉ် လွှဲပေးရသည်။

ထိုသို့သော အကြောင်းအရင်းများကြောင့် မိသားစုခွဲမှ ဆင်းသက်လာသော ဖုမာ ခါဇူဟီကိုသို့လူများသည် ဦးနှောက်ပျက်မတတ် မိသားစုအူတိုင်စက်ဝိုင်းထဲသို့ ဝင်ရောက်လိုခြင်း ဖြစ်သည်။

မိသားစုအကြီးထဲဝင်နိုင်ပါက အကျိုးအမြတ်များ တိုးလာမည် ဖြစ်သည်။

အိမ်ကြီးကို အိမ်ရှေ့ခြံနှင့် နောက်ဖေးခြံလေးဟူ၍ ပိုင်းထားသည်။

ဖုမာဇနီးမောင်နှံနှင့် ဖုမာ ကျန်းဝူတို့သည် အိမ်ရှေ့ခြံဝင်းကြီးထဲတွင် နေထိုင်ကြပြီး သခင်အိုကြီး ဖုမာသည် အိမ်နောက်ဖေးခြံလေးထဲတွင် တစ်ယောက်တည်း နေထိုင်သည်။

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၂၆၂ )

ဘာလို့ အပြင်လူဘက်က ပါနေတာလဲ

အစောက ပြိုင်ပွဲစတင်ပြီးနောက် အဘိုးအိုသည် ပျင်းရိလာ၍ သူ၏ ခြံဝင်းအနောက်ဘက်ဆီသို့ ပြန်သွားခဲ့သည်။

လူအုပ်စုသည် အိမ်နောက်ဖေးသို့ ရောက်သောအခါတွင် သခင်အိုကြီး စိတ်မချမ်းသာမည်ကို စိုးရိမ်သဖြင့် အားလုံးက တညီတညွတ်တည်း ခြေထောက်ကို ဖော့လျက် လမ်းလျှောက်ကြသည်။

" အားယား၊ ယဲ့ကျီလေး၊ ရှောင်ဝူလေး။ မင်းတို့ ဘာလို့ ဒီကိုရောက်နေတာလဲ "

ဖုမာ တာကာနိုစုကဲသည် လွတ်လပ်သော အနောက်ဘက်ခြံဝင်းထဲမှ ရုတ်တရက် ပြေးထွက်လာပြီး သူတို့နှစ်ယောက်အား ရွှင်လန်းပျော်မြူးစွာ ကြည့်နေသည်။

သူသည် အခြားသူများကိုတော့ မမြင်သလို လုံးဝလျစ်လျူရှုထားသည်။

" သခင်ကြီး ....... ယဲ့ဖန်က ပထမပွဲကို နိုင်သွားပြီ "

ဖန်းကျန်းဝူသည် သူ့ကို ချက်ချင်းရှင်းပြလိုက်သည်။

ဤမိသားစုကြီးထဲတွင် သူမအား မိသားစုဟု ခံစားရစေသော တစ်ဦးတည်းသောသူမှာ သူမရှေ့ရှိ အဘိုးအိုတစ်ယောက်တည်းသာ ဖြစ်သည်။

ဖုမာ တာကာနိုစုကဲသည် ထိုစကားကို ကြားပြီးနောက် ယဲ့ဖန်ကို အံ့ဩတကြီး ကြည့်လိုက်သည်။

" ယဲ့ကျီလေးက အရမ်းတော်တာပဲ။ အခု ငါနဲ့ ကစားလို့ရပြီလား "

ယဲ့ဖန် ပြုံးပြီးနောက် ခေါင်းကို ခါယမ်းလိုက်သည်။

" အခုတော့ မရသေးဘူး။ စမ်းသပ်ပွဲရဲ့ ဒုတိယပွဲစဉ်မှာ ပါရဦးမယ် "

ဖုမာ တာကာနိုစုကဲ စိတ်ပျက်စွာဖြင့် ဆူပုတ်သွားသည်။

" စမ်းသပ်ပွဲမှာ ပါရတာ ဘာပျော်စရာကောင်းလို့လဲ။ လုံးဝ ပျော်စရာမကောင်းဘူး "

ဖုမာ ကျန်းဝူ မျက်လုံးလှန်ပြီး ရုတ်တရက် ပြောလိုက်သည်။

" ဟုတ်တယ်၊ အဲ့တာက လုံးဝ ပျော်စရာမကောင်းဘူး။ အရမ်းအန္တရာယ်များတယ်။ အဖေက ယဲ့ဖန်ကို ထိပ်တန်းကျိုနင်းသုံးယောက်နဲ့ တိုက်ခိုက်ခိုင်းပြီးတော့ သူ့မှာ အမွှေးတိုင်တစ်ချောင်း ကုန်တဲ့အထိခံရမယ်တဲ့။ အဲ့တာက အနိုင်ကျင့်နေတာ မဟုတ်ဘူးလား "

သူမသည် သူမ၏အဘိုးမှတစ်ဆင့် သူမအဖေအား စမ်းသပ်ပွဲ၏ စည်းမျဉ်းများကို ပြောင်းလဲစေလိုခြင်း ဖြစ်သည်။

သို့သော် မမျှော်လင့်ထားစွာဖြင့် ဖုမာ တာကာနိုစုကဲသည် ထိုစကားကို ကြားပြီးနောက် မထီမဲ့မြင်သာ ရယ်မောနေခဲ့သည်။

" အဲ့တာက ကျိုနင်းသုံးယောက်လောက်ပဲလေ။ ဘာကို ကြောက်ရမှာလဲ။ ငါတောင် သူတို့ကို လက်တစ်ဖက်တည်းနဲ့ အနိုင်ယူနိုင်တယ် "

ဖုမာ ကျန်းဝူ ချက်ချင်း လက်မထောင်ပြလိုက်သည်။

" အဘိုးက အစွမ်းထက်တယ် သိတယ်။ အဲ့ဒီ ကျိုနင်းသုံးယောက်က အဘိုးနဲ့ လုံးဝ မယှဉ်နိုင်ဘူး။ ဒါပေမယ့် ယဲ့ဖန်က အဘိုးလောက် မသန်မာဘူးလေ။ သူ ဝင်သွားရင် အရမ်းအန္တရာယ်များလိမ့်မယ်။ ဒီစမ်းသပ်မှုကို ဖျက်သိမ်းဖို့ အဖေကို စည်းရုံးသင့်တယ် "

ဖုမာ တာကာနိုစုကဲသည် ချက်ချင်းပင် ခေါင်းကို ပြင်းထန်စွာ ခါယမ်းလိုက်သည်။

" မဟုတ်ဘူး၊ ယဲ့ကျီက ငါ့ထက် အများကြီး ပိုသန်မာတယ် "

ဖုမာ ကျန်းဝူ စကားမပြောနိုင် ဖြစ်သွားရသည်။

သူမ၏ သခင်သည် အလွန်သန်မာသည်ဆိုတာကို သူမ သိသော်လည်း သူမအဘိုးထက် ဘယ်လိုလုပ် သန်မာနိုင်မည်နည်း။

သူမ၏အဘိုးသည် ဖုမာမိသားစုတွင် နံပါတ်တစ် ကျွမ်းကျင်သူဖြစ်ပြီး သူသည် အတွင်းအားစု ကျင့်စဉ်၏ နောက်ဆုံးပိုင်းအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။

အဘိုးအိုသည် မဟုတ်သည့်စကားများ ပြောသည်ဟု သူမ ထင်လိုက်သည်။

သို့သော် သူမ စကားပြန်မပြောမီတွင် ဖုမာသခင်အိုကြီးသည် ယဲ့ဖန်ကို လက်သီးဆုပ်ကာ ဝှေ့ယမ်းပြသည်။

" ယဲ့ကျီလေး၊ မင်းလုပ်နိုင်တယ် "

ထို့နောက် သူသည် နောက်ပြန်လှည့်မကြည့်ဘဲ သူ့ခြံထဲသို့ ပြန်ဝင်သွားသည်။

ဖုမာ ကျန်းဝူသည် ယဲ့ဖန်ကို အားကိုးရာမဲ့စွာ ကြည့်နေသည် ။

" သခင် ..… ကံကောင်းပါစေ "

ဖုမာမိသားစု၏ စံအိမ်သည် တောင်ပေါ်တွင် တည်ဆောက်ထားသည်။

အိမ်၏ အနောက်မြောက်ထောင့်တွင် အမြင့်ငါးမီတာခန့်ရှိသော တောင်ကြီးတစ်ခုရှိသည်။

တောင်ပေါ်၌ လှိုဏ်ဂူတစ်ခု တူးဖော်ထားသည်။

အပြင်ဘက်မှကြည့်လျှင် အမြင့်သုံးမီတာခန့်ရှိသည်။

အတွင်းထဲ၌ မည်းမှောင်နေပြီး ဘာကိုမှ မမြင်ရပေ။

သို့သော်လည်း သူတို့သည် တောင်အတွင်းသို့ ရောက်သွားသည်နှင့် ဖော်မပြနိုင်သော ဖိအားတစ်ခုကို ချက်ချင်း ခံစားလိုက်ရသည်။

စကားစမြည်ပြောရင်း ရယ်မောနေကြသော လူများသည် ချက်ချင်း လေးနက်သွားကြသည်။

ဖုမာ ဟာရာဘူဆာသည် သွားနေသည့် လမ်းကို ရပ်လိုက်ပြီး ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။

" ကျိုနင်းသုံးယောက်က အထဲမှာ စောင့်နေတယ်။ ဒီတစ်ခါတော့ မင်းတစ်ယောက်တည်း ဝင်ရလိမ့်မယ်။ အမွှေးတိုင်တစ်တိုင်လုံး ကုန်ပြီးတဲ့အထိမှ အသက်ရှင်လျက် ထွက်သွားနိုင်ရင် မင်း ဒီပွဲကို ကျော်သွားလိမ့်မယ် "

သူ စကားပြောနေစဉ်တွင် ဂိုဏ်းသားတစ်ယောက်သည် အမွှေးတိုင်စားပွဲကို ယူလာပြီးဖြစ်သည်။

အမွှေးတိုင်စားပွဲပေါ်တွင် အမွှေးတိုင်တစ်တိုင် ရှိနေသည်။

အမွှေးတိုင်အိုးထဲတွင် အမွှေးတိုင်တစ်ချောင်း စိုက်ထားသော်လည်း မီးမထွန်းရသေးပေ။

အချက်အလက်အရ ပြောရလျှင် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းရန် အနည်းဆုံး နာရီဝက်ခန့်မျှ ကြာသည်။

တစ်နည်းအားဖြင့် ယဲ့ဖန်သည် ကျိုနင်းသုံးယောက်အား အနည်းဆုံး နာရီဝက်ကြာ တိုက်ခိုက်ရပေမည် ဖြစ်သည်။

လူတိုင်းသည် ယဲ့ဖန်၏မျက်နှာပေါ်မှကို ကြောက်စိတ်ကို မြင်ချင်၍ လှည့်ကြည့်လိုက်ကြသည်။

သို့သော် သူတို့သည် သိသာစွာပင် စိတ်ပျက်သွားရသည်။

ယဲ့ဖန်သည် ထိတ်လန့်သော အရိပ်အယောင်မျှပင် မပြခဲ့ပေ။

ထိုအစား သူ့မျက်နှာ၌ တည်ငြိမ်သည့် အပြုံးတစ်ခုသာ ရှိနေခဲ့သည်။

သူသည် စမ်းသပ်ပွဲအတွက် မဟုတ်ဘဲ အားလပ်ရက် အလည်လာသလို ထိုနေရာ၌ရှိနေသည်။

' ဟမ်း၊ မင်း ဟန်ဆောင်တာတော့ တော်တော်ကောင်းတာပဲ'

ဖုမာ ဟာရာဘူဆာသည် ယဲ့ဖန်၏မျက်နှာပေါ်တွင် သူမြင်ချင်သော ခံစားချက်များကို မမြင်နိုင်ပေ။

ထို့ကြောင့် သူ့စိတ်ထဲမှ အထင်သေးစွာ ပြောလိုက်သည်။

" အဆင်သင့်ဖြစ်ရင် စလို့ရပြီ "

ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။

" ဒါဆို စလိုက်ရအောင် "

ထိုသို့ဖြင့် ယဲ့ဖန်သည် သူ့လက်ကို အိတ်ကပ်ထဲထည့်ကာ ဂူထဲသို့ လျှောက်သွားသည်။

ဖုမာမိသားစုဝင်များသည် ယဲ့ဖန် ဂူထဲသို့ ဝင်သွားသည်ကို စောင့်ကြည့်နေကြသည်။

သူတို့၏ အမူအရာများမှာ ရှုပ်ထွေးနေကြသည်။

တစ်ချို့မှာ ယဲ့ဖန် ကျရှုံးသည်ကို မစောင့်နိုင်တော့ပေ။

တစ်ချို့မှာတော့ စူးစမ်းချင်နေကြပြီး အများစုမှာ ယဲ့ဖန်ခံရမည်ကို ကျေနပ်နေကြသည်။

ဖုမာ ဟာရာဘူဆာသည် တစ်စုံတစ်ဦးအား အမွှေးတိုင်ထွန်းရန် ချက်ချင်း အမိန့်ပေးခဲ့သည်။

ချီဇူရူ စူဂါဝါရာသည် စိုးရိမ်ပူပန်နေသောအမူအရာဖြင့် ဖြည်းညှင်းစွာ လျှောက်လာသည်။

" ဒုတိယအဆင့်က နည်းနည်း ခက်တယ်မဟုတ်လား။ ဒီလူကြီးမင်းသုံးယောက်ကို ကြိုပြောထားပါလား ဒီကလေး တိုက်ပဲတိုက်ပြီး မချဖို့ "

ဖုမာ ဟာရာဘူဆာသည် သူမအား စိတ်မချမ်းသာစွာ စိုက်ကြည့်လိုက်သည်။

" မိသားစုရဲ့ စည်းမျဉ်းတွေကို ဘယ်လိုလုပ် လွယ်လွယ်နဲ့ ပြောင်းနိုင်မှာလဲ။ စိန်ခေါ်မှုကို လက်ခံဖို့ ရွေးချယ်ခဲ့တာ ဒီကလေးဆိုတော့ သေသွားရင်တောင် သူ့အပြစ်ပဲ "

ထိုအချိန်တွင် သူ့မျက်လုံးထဲ၌ သံသယ အရိပ်အယောင်များ ပေါ်လာသည်။

" ရှောင်ဝူက အသိမကပ်တာဆိုရင်တောင် တော်ပါသေးတယ်။ ဒါပေမယ့် မင်းက ဘာလို့ အပြင်လူဘက်က ဘက်လိုက်နေရတာလဲ။ မင်း သူ့စီက ဘာအကျိုးကျေးဇူးမှ မရထားဘူး မဟုတ်လား "

ချီဇူရူ စူဂါဝါရာ အနည်းငယ် ဒေါသထွက်သွားသည်။

" ရှင် ဘာမဟုတ်တာတွေ ပြောနေတာလဲ။ သူ့ရဲ့ဆေးပညာက အရမ်းတော်တာမလို့ ဒီလိုလူတော် သေမှာကို မမြင်ချင်ရုံပဲ "

ဖုမာ ဟာရာဘူဆာ ဟက်ခနဲ အသံပြုလိုက်သည်။

" သူ့ရဲ့ ဆေးပညာ ကျွမ်းကျင်မှုက ဘယ်လောက်ပဲ ကောင်းနေပါစေ သူ့အတွက်နဲ့ ငါ စည်းကမ်းတွေကို ဘယ်တော့မှ ချိုးဖောက်မှာ မဟုတ်ဘူး "

" ရှင် ..... "

ချီဇူရူ စူဂါဝါရာ ဒေါသထွက်နေသော်လည်း ခင်ပွန်းသည်ဖြစ်သူသည် ဆုံးဖြတ်ချက်ချပြီးသည်နှင့် ပြောင်းလဲရန် ခက်ခဲမည်ကို သူမ သိသည်။

သူမ သက်ပြင်းသာ ချနိုင်တော့သည်။

ဘေး၌ ရပ်နေသည့် ဖုမာ ကျန်းဝူသည် သူတို့ ငြင်းခုံနေသည်ကို တိတ်တဆိတ် နားထောင်နေပြီး ဝင်မပါခဲ့ပေ။

ဤနေရာတွင် ယဲ့ဖန်၏ လုံခြုံရေးအား သူမထက် ပို၍ စိုးရိမ်သူ မည်သူမျှ မရှိပါ။

သို့သော် ဤနေရာသို့ ရောက်နေပြီ ဖြစ်သောကြောင့် ထွက်လမ်းမရှိကြောင်းကို သူမ သိသည်။

ထို့ကြောင့် ယဲ့ဖန် အသက်ရှင်လျက် ပြန်၍ ထွက်လာနိုင်စေရန်သာ သူမ ဆုတောင်းနိုင်တော့သည်။

မဟုတ်ရင်ပါက ...… သူမ သူ့အတွက် လက်စားချေပြီး သူ့အနောက်ကို လိုက်သွားမည်ဖြစ်သည်။

ယဲ့ဖန် လှိုဏ်ဂူထဲသို့ လျှောက်သွားသည့်အချိန်တွင် သူသည် အေးစက်သော လေပြင်းတစ်ချက်ကို ခံစားလိုက်ရသည်။

ဒီမှာ သရဲကားတွေရိုက်ရင် မဆိုးလောက်ဘူး။

ဂူထဲသို့ ဝင်လာလေလေ အတွင်းပိုင်း၌ ပို၍ ကျယ်လေလေ ဖြစ်သည်။

သို့သော် ဂူအတွင်းထဲ၌ မီးအလင်းရောင်များ မရှိသောကြောင့် သူတို့၏ ကိုယ်ပိုင်လက်ချောင်းများကိုပင် မမြင်နိုင်ပေ။

သို့သော် ယခုအခါတွင် ယဲ့ဖန်သည် အလွန်ကျွမ်းကျင်အဆင့် ရောက်နေသူပြီး ပတ်ဝန်းကျင်မြင်ကွင်းကို သူ၏ ခံစားချက်ဖြင့်ပင် အကြမ်းဖျင်း အကဲဖြတ်နိုင်သောကြောင့် သူ၏ လှုပ်ရှားမှုများကို အမှောင်ထုမှ ထိခိုက်ခြင်း မရှိပေ။

တစ်ချိန်တည်းမှာပင် သူ့စိတ်ထဲမှ အန္တရာယ်သတိပေးချက်တစ်ခု တိတ်တဆိတ် ပေါ်လာသည်။

ဤသည်မှာ မရေမတွက်နိုင်သော တိုက်ပွဲများကို တွေ့ကြုံပြီးနောက် တဖြည်းဖြည်း ခံစားမိသော မသိစိတ်တစ်ခု ဖြစ်သည်။

ဂူထဲသို့ ရောက်လာလေလေ အန္တရာယ်ကို အာရုံခံနိုင်လေလေ ဖြစ်သည်။

ရုတ်တရက် ယဲ့ဖန်သည် သွားနေသည့်လမ်းကြောင်းကို ရပ်လိုက်ပြီး အမှောင်ထဲတွင် လုံးဝပုန်းနေလိုက်သည်။

ဂူကြီးတစ်ခုလုံးမှာ မည်းမှောင်နေသည်။

အသက်ရှုသံပင် မကြားရအောင်အထိ တိတ်ဆိတ်ငြိမ်သက်နေသည်။

ရန်သူသည် သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေမှန်း ယဲ့ဖန် သိလေသည်။

သူ စိတ်လျှော့လိုက်သည်နှင့် တစ်ဖက်လူမှ မဆိုင်းမတွ တိုက်ခိုက်ပေလိမ့်မည်။

ငါးဖမ်းချင်လျှင် ငါးစာ လက်တစ်ဆုပ်လောက် အရင်ချပေးရသည်။

ထိုသည်ကို တွေးမိပြီး ယဲ့ဖန်၏ အသိစိတ်အပြည့်ကပ်ထားသည့် အာရုံကြောများကို ရုတ်တရက် ဖြေလျော့လိုက်ကာ ချို့ယွင်းချက်တစ်ခုကို တမင်တကာ ထုတ်ဖော်လိုက်သည်။

ယဲ့ဖန် မျှော်လင့်ထားသည့်အတိုင်း သူ့အားနည်းချက်ကို ထုတ်ဖော်လိုက်သောအခါ သူ့နောက်မှ ရုတ်တရက် တစ်ခုခု ပေါ်လာသည်။

ထိုလူသည် အနက်ရောင်၀တ်ရုံကို ၀တ်ထားပြီး သူ့တစ်ကိုယ်လုံးကို ခြုံထားသည်။

ဂူ၏အမှောင်ထုသည် သူ၏ အကောင်းဆုံးဖုံးကွယ်မှု ဖြစ်လာသည်။

ထိုလူသည် အလွန်လျင်မြန်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့အနောက်သို့ ရောက်လာသည်။

အေးစက်နေသော ကနတဓားသည် ရုတ်ချည်း ဓားအိမ်ထဲမှ ထွက်လာသည်။

ထိုလူ တိုက်ခိုက်လိုက်သည်နှင့် ယဲ့ဖန်၏ နှုတ်ခမ်း တွန့်ကွေးသွားသည်။

သူ့လက်ထဲ၌ ကြို၍ ပြင်ဆင်ကာ ထုတ်ထားပြီးသားဖြစ်သော ငွေအပ်တစ်ချောင်း ထွက်လာသည်။

အနက်ရောင်ဝတ်ရုံ ဝတ်ထားသူသည် ရုတ်တရက် ညည်းတွားကာ ချက်ချင်း ပြန်ဆုတ်ရန် လက်တန်းဆုံးဖြတ်ချက် ချလိုက်သည်။

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၂၆၃ )

အဆုံးသတ်ဖို့ အချိန်ကျပြီ

" ထွက်လာမှတော့ နေလိုက်တော့ "

ယဲ့ဖန် အေးစက်စွာ ရယ်လိုက်သည်။

ထို့နောက် ချက်ချင်း လက်ဖဝါးဖြင့် ရိုက်လိုက်သည်။

သူ၏ လက်ဝါးအရှိန်သည် အလွန်ပင် မြန်ဆန်လှသည်။

တခဏချင်းမှာပင် အနက်ရောင်ဝတ်ရုံဖြင့် လူအရှေ့သို့ ရောက်သွားသည်။

ထိုအမျိုးသားသည် သူ့ရှေ့မှ ပြဿနာအား တန်း၌မဖြေရှင်းလျှင် ဤမျှ လွယ်ကူစွာနှင့် လွတ်မြောက်နိုင်မည် မဟုတ်ကြောင်းကို သိလေသည်။

ထို့ကြောင့် သူသည်လည်း ချက်ချင်း လက်ဖဝါးရိုက်ချက်ဖြင့် တုံ့ပြန်သည်။

ဘန်း

လက်နှစ်ဖက် ဆုံသည့်အခါ တစ်စုံတစ်ခု မှားနေပြီဆိုသည်ကို အနက်ရောင်ဝတ်ရုံ ဝတ်ထားသူမှာ ချက်ချင်း သိလိုက်ရသည်။

ယဲ့ဖန်၏ လက်ဖဝါးရိုက်ချက်သည် ပေါ့ပါးပုံရသော်လည်း အမှန်တကယ်တွင် အလွန်အားပြင်းလွန်းလှသည်။

အနက်ရောင်ဝတ်ရုံ ဝတ်ထားသူသည် ချက်ချင်းပင် ရေလွှမ်းခံလိုက်ရသကဲ့သို့ အရှိန်အဟုန်ပြင်းတိုက်ချက်ကို ခံစားလိုက်ရပြီး သူ၏ခန္ဓာကိုယ်သည် သူ့အနောက်မှ တောင်ဆီသို့ တန်းတိုက်သွားသည်။

ထို့အပြင် သက်ရောက်မှုက အလွန်ပြင်းထန်လွန်းကာ ဂူတစ်ခုလုံး တုန်ခါသွားခဲ့သည်။

ထိုအချိန် ဂူအပြင်၌ ရလဒ်ကို စောင့်နေကြသည့် လူများပင် တုန်ရီသွားကာ စကားပြောနေသည်ကိုပင် ရပ်လိုက်ကြသည်။

" သူတို့ အထဲမှာ တိုက်ခိုက်နေကြပြီလား။ ဒါကြီးက မြန်လွန်းတယ် မဟုတ်ဘူးလား "

" အခုတုန်သွားတာက ကြမ်းလွန်းတယ် မဟုတ်ဘူးလား။ တစ်ယောက်ယောက်က တောင်ကို ဝင်တိုက်သလိုမျိုး ခံစားရတယ်။ မဟုတ်ရင် ဒီလို ပြင်းထန်တဲ့ တုန်လှုပ်မှုမျိုး ဖြစ်လာမှာ မဟုတ်ဘူး "

" ဟိုကောင်လေးကို ကျိုနင်းသုံးယောက်က လွင့်သွားအောင် လုပ်လိုက်တယ်လို့ ငါထင်တယ်။ မှောင်နေတဲ့ပတ်ဝန်းကျင်ဆိုတာ နင်ဂျာတွေရဲ့ ပြိုင်ဘက်မရှိတဲ့ အားသာချက်တစ်ခုပဲ "

" ဟူး၊ ဒီအမွှေးတိုင်းက ငါးပုံတစ်ပုံတောင် မလောင်သေးဘူး။ ဒီကလေး ချက်ချင်း သေတော့မှာလား "

" ဟားဟားဟား၊ တန်တာပဲ ..... "

ဖုမာ ကျန်းဝူ၏ နှလုံးသားသည် လူတိုင်း၏ ဆွေးနွေးချက်များကို နားထောင်လျက် သူမလည်ချောင်းထဲသို့ တက်လာသလို တစ်ဆို့နေသည်။

သူမ ချက်ချင်း ဂူဆီသို့ လျှောက်သွားသည်။

" ရပ်လိုက် "

ထိုအချိန်တွင် ဖုမာ ဟာရာဘူဆာမှ တင်းမာစွာ ပြောလိုက်သည်။

" မင်း ဂူထဲကို သတ္တိရှိရင် ဝင်လိုက်။ ဝင်တာနဲ့ သူ့ကို စမ်းသပ်နေတဲ့ပွဲ ချက်ချင်း ရုတ်သိမ်းလိုက်မယ် "

ဖုမာ ကျန်းဝူသည် သူမ သွားနေသည့်လမ်းကြောင်းပေါ်တွင်သာ ရပ်နေပြီး သူမအဖေကို သနားစရာကောင်းစွာ ကြည့်လိုက်သည်။

" အဖေ၊ သူ အန္တရာယ်ရှိနိုင်တယ်။ ခဏလောက် ရပ်ပေးလို့ရမလား "

ဖုမာ ဟာရာဘူဆာသည် သူမကို အေးစက်စွာ ကြည့်နေသည်။

" စမ်းသပ်မှုကို စပြီးတာနဲ့ ရပ်လို့ မရဘူး။ ဒါက သူ့ကိုယ်ပိုင်ရွေးချယ်မှုပဲ။ သူ အရာအားလုံးကို ရင်ဆိုင်ရမှာ "

ဖုမာ ကျန်းဝူ နှုတ်ခမ်းများကို တင်းကြပ်စွာ ကိုက်လိုက်ပြီး လက်သီးများကို ဆုပ်ထားလိုက်သည်။

တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သူမ လက်တို့ကို ဖြည်းညှင်းစွာ ဖြေလျှော့လိုက်သည်။

သူမ လုပ်နိုင်သည်မှာ ဘာမှမရှိပေ။

ယဲ့ဖန် အဆင်ပြေရန်သာ သူမ ဆုတောင်းနေရတော့သည်။

ဂူထဲ၌။

ယဲ့ဖန်သည် ဝတ်ရုံအနက်ဖြင့်လူအား ပျံထွက်သွားအောင်လုပ်ပြီးနောက် ထိုလူ့အနောက်သို့ လိုက်တော့မည် ဖြစ်သည်။

သို့သော် ထိုအချိန်တွင် လျှို့ဝှက်သည့်ပုံရိပ်တစ်ခုသည် သူ့အနောက်မှ ရုတ်တရက် ပေါ်ထွက်လာသည်။

ဝူး ....................

အအေးဓာတ်သည် ရုတ်တရက် ပေါ်ထွက်လာပြီး သူ့ခေါင်းသို့ တည့်တည့် ဦးတည်သွားသည်။

ယဲ့ဖန် ချက်ချင်း ပြန်ဆုတ်လိုက်သည်။

သို့သော် ယဲ့ဖန် လက်တုံ့ပြန်ခြင်း မပြုနိုင်မီတွင် ထိုလူသည် လျင်မြန်စွာ ပြန်လည်ဆုတ်ခွာသွားပြီး အမှောင်ထဲသို့ တစ်ဖန် ပြန်၍ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

သူ့ကြောင့် ထိခိုက်သွားသည့် အနက်ရောင်၀တ်ရုံနှင့် ယောက်ျားလည်း ပျောက်သွားသည်။

သူတို့နှစ်ဦး၏ ပူးပေါင်းဆောင်ရွက်မှုမှာ အတော်ပင် ကောင်းသည်ဟု ပြောရပေမည်။

အကယ်၍ သူတို့၏ တိုက်ခိုက်မှုများသည် လွဲချော်သွားပါက ၎င်းတို့သည် ချက်ချင်း ပုန်းလိုက်ကြပြီး ထိပ်တိုက်ရင်ဆိုင်ခြင်း မပြုကြပေ။

ယဲ့ဖန်သည် ပတ်ပတ်လည်ကို ကြည့်လိုက်သော်လည်း မည်သည့်ကိုယ်ရောင်ဝါကိုမှ အာရုံမခံနိုင်ပေ။

သူ၏ ပါးစပ်ထောင့်သည် အေးစက်သော အပြုံးတစ်ခုအဖြစ် ကွေးတက်သွားသည်။

ယဲ့ဖန်သည် ထိုလူများကို ဆက်လက်ရှာဖွေရန် မလုပ်ဘဲ မြေပြင်ပေါ်တွင်သာ ထိုင်နေခဲ့သည်။

ယခုအခါ နှစ်ဖက်လုံးသည် စိတ်ရှည်သည်းခံမှုဖြင့် ယှဉ်ပြိုင်နေကြပြီ ဖြစ်သည်။

သို့သော် အချိန်ပိုင်းအခြားအရ ဤသို့ တိုက်ခိုက်မှုသည် ယဲ့ဖန်အတွက် အလွန်ပင်အကျိုးရှိလေသည်။

အမွှေးတိုင်ကုန်မည့် အချိန်အတိုင်းအတာတစ်ခုအထိ ဟန့်တားနိုင်ပါက တိုက်ခိုက်မှုမရှိဘဲ အောင်နိုင်မည် ဖြစ်သည်။

ထိုသည်ကို တွေးမိပြီး ယဲ့ဖန် ပိုလို့တောင် စိတ်အေးလက်အေး ခံစားလိုက်ရသည်။

အဆုံး၌ သူသည် အနားယူရန်ပင် လှဲလျောင်းလိုက်သည်။

ဤလုပ်ရပ်သည် လွန်စွာ အန္တရာယ်မရှိသော်လည်း ပြိုင်ဘက်ကို အတော်လေး စော်ကားသည့် အပြုအမူဖြစ်သည်။

အမှောင်ထဲက လူသုံးယောက် တော်တော် ဒေါသထွက်နေပုံပဲ မဟုတ်လား။

အချိန်မှာ တဖြည်းဖြည်းကုန်လာသည်။

ဂူအပြင်ဘက်ရှိ အမွှေးတိုင်သည် တစ်ဝက်လောက် လောင်ကျွမ်းနေပြီး ဖြစ်သည်။

" ဘာလို့ အထဲမှာ လှုပ်ရှားမှု မရှိနေသေးတာလဲ။ ဒီကလေးက သေပြီ မဟုတ်လား "

" ငါတော့ မထင်ဘူး။ သူ အသတ်ခံရရင် ခေါင်းဆောင်က စမ်းသပ်မှု ပြီးဆုံးကြောင်း ကြေညာလိမ့်မယ် "

" သူ မသေသေးဘူးဆို ဘာလို့ ဒီလောက်ငြိမ်နေတာလဲ "

" မင်း နားမလည်ဘူးလား။ အရည်အချင်းပြည့်မီတဲ့ နင်ဂျာတစ်ယောက်က အမှောင်ထဲမှာ စောင့်နေရင်း အချိန်ကျလာတာနဲ့ ၉၉% အပီအပြင်ချမှာ "

" ဟုတ်တယ်။ ဒီကလေး အားနည်းချက်တစ်ခုခုကို ပြတာနဲ့ ကျိုနင်းသုံးယောက်က သူ့ကို သတ်ပစ်လိမ့်မယ် "

" အချိန်တွေ အများကြီး ကျန်ပါသေးတယ်။ မကြာခင် သတင်းကောင်း ထွက်လာမယ်လို့ ယုံတယ် ...... "

ဖုမာ ကျန်းဝူသည် လှိုဏ်ဂူထဲသို့ စိတ်အားထက်သန်စွာ ကြည့်လိုက်သော်လည်း အတွင်းထဲတွင် မည်းမှောင်နေပြီး သူမ ဘာမှ မမြင်ရပေ။

ဤဆယ်မိနစ်သည် သူမအတွက် ဆယ်နှစ်လောက် ကြာသလို ခံစားရသည်။

သို့သော် မည်သည့်သတင်းကမှ သတင်းကောင်း မဟုတ်ကြောင်းကိုလည်း သူမ သိသည်။

အနည်းဆုံးအနေဖြင့် သူမ၏သခင် အသက်ရှင်နေသေးသည်။

သူမအနားရှိ ဖုမာ ဟာရာဘူဆာမှာတော့ မတတ်နိုင်ဘဲ မျက်မှောင်ကြုတ်မိသည်။

ယဲ့ဖန်သည် ဤမျှ ကြာသည်အထိ ဆက်၍ တောင့်ခံနိုင်မည်ဟု သူ မမျှော်လင့်ထားပေ။

ထိုကလေးသည် ဝင်သွားပြီးသည်နှင့် ချက်ချင်း အသတ်ခံရလိမ့်မည်ဟု သူထင်ခဲ့သည်။

သို့သော် ဆယ်မိနစ်ကျော် ကြာလွန်သွားသော်လည်း သတင်းမှ ထွက်မလာသေးပေ။

ကျိုနင်းသုံးယောက်နှင့် တိုက်ခိုက်ပြီး ဆယ်မိနစ်ကြာသည်အထိ တောင့်ခံနိုင်သည်မှာ အမှန်ပင် ရှားပါးလှသည်။

ထိုကောင်လေး အခု လက်လျှော့လိုက်မည်ဆိုလျှင်ပင် သူ့သမီးကို လက်ထပ်ဖို့ စဉ်းစားပေးနိုင်လိမ့်မည်ဟု သူ တွေးမိသည်။

ဆေးပညာကျွမ်းကျင်မှုနှင့် ကိုယ်ခံပညာ နှစ်ခုလုံးရှိသော သမက်တစ်ဦးရှိရန်မှာ အမှန်ပင် မဆိုးလှပေ။

ဒါပေမယ့် ဒီကောင်လေးက လက်လျှော့မှာလား။

လှိုဏ်ဂူထဲရှိ ယဲ့ဖန်သည် အေးဆေးစွာ လှဲလျောင်းနေစဉ် ဤသို့ဖြင့် အနိုင်ရပါက အမှန်တကယ်ပင် မဆိုးကြောင်း တွေးနေခဲ့သည်။

သို့သော် ဤအယူအဆသည် လက်တွေ့မကျသည်မှာ ထင်ရှားသည်။

ထိုအချိန်မှာပင် အမှောင်ထဲ၌ ပုန်းနေသည့် ကျိုနင်းသုံးယောက်သည် ဆက်၍ မထိန်းနိုင်တော့ချေ။

သူတို့အတွက် အချိန်သိပ်မကျန်တော့သည်မှာ ရှင်းလင်းလေသည်။

သူတို့ အခု မတိုက်ခိုက်ပါက ယဲ့ဖန် အမှန်တကယ်ပင် အနိုင်ရသွားလိမ့်မည်။

ချွမ်

ယဲ့ဖန်၏ အထက်မှ သတ္တုခတ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီးနောက် အေးစက်သော အလင်းရောင်တစ်ခုသည် မိုးကြိုးကဲ့သို့ ကောင်းကင်မှ ဆင်းသက်လာသည်။

နောက်ဆုံး မထိန်းနိုင်တော့ဘူးဘဲ။

ယဲ့ဖန်၏ မျက်နှာပေါ်တွင် လှောင်ပြောင်သော အမူအရာ ရှိနေသည်။

ညာလက်ဖြင့် မြေကြီးကို တွန်းလိုက်သည်။

သူ၏ ခန္ဓာကိုယ်သည် ချက်ချင်း ထသွားကာ ထိုပြင်းထန်သော တိုက်ခိုက်မှုကို အလွယ်တကူ ရှောင်တိမ်းလိုက်နိုင်သည်။

အနက်ရောင်ဝတ်ရုံ ၀တ်ထားသော အမျိုးသားသည် လေထဲတွင် ရှိနေသေးသည်။

သို့သော် သူ့လက်ထဲမှ ဓားရှည်သည် ချက်ချင်းပင် လမ်းကြောင်းပြောင်းပြီး ယဲ့ဖန်ကို အလျားလိုက် ဖြတ်သည်။

ဝူးရှ်

ယဲ့ဖန်သည် ပေါ့ပါးသော ခြေလှမ်းဖြင့် နောက်ပြန်ဆုတ်လိုက်သည်။

ကနတဓားရှည်သည် သူ့လည်ချောင်းကို ဖြတ်လုနီးပါး ဖြစ်သွားသည်။

တစ်ချိန်တည်းမှာပင် သူ့လက်ထဲမှ ငွေအပ်တစ်ချောင်း ထွက်လာသည်။

ချွမ်

နူးညံ့သော သတ္တုသံတစ်ခု ထွက်ပေါ်လာသည်။

ငွေအပ်ကို တစ်ဖက်လူမှဓားဖြင့် ကာထားသည်။

ယဲ့ဖန်သည် တစ်ဖက်သား၏ စောင့်ကြည့်နိုင်မှုစွမ်းရည်ကို မတတ်နိုင်ဘဲ ချီးကျူးမိသည်။

ငွေအပ်၏ အားသာချက်မှာ အရွယ်အစားသေးငယ်ပြီး အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ရန် မဖြစ်နိုင်ခြင်းပင် ဖြစ်သည်။

အထူးသဖြင့် တိတ်ဆိတ်မှောင်မည်းနေသော အနက်ရောင်လှိုဏ်ဂူထဲတွင် ပို၍ မလွယ်ကူပေ။

သို့သော် တစ်ဖက်လူသည် ယဲ့ဖန်၏ ငွေအပ်ကို အနီးကပ် အကွာအဝေးမှာပင် ဖယ်နိုင်ခဲ့သည်။

ဤသို့ တုံ့ပြန်နိုင်သည့် အရှိန်မှာ အံ့သြစရာဖြစ်သည်။

သို့သော်လည်း ယဲ့ဖန် အနည်းငယ် အံ့သြသွားခဲ့သည်။

သူ့လက်များမှာ မရပ်မနား လှုပ်ရှားနေရသည်။

ငွေအပ်ကို ပစ်လိုက်ပြီးနောက် ရှေ့ကို ပြေးသွားသည်။

အနက်ရောင်ဝတ်ရုံ ၀တ်ထားသော အမျိုးသားသည် ငွေအပ်ကို ပိတ်လိုက်သောကြောင့် သူ၏ဓားရှည်ကို ပြန်ရုတ်သိမ်းရန် အချိန်မရှိပေ။

ရုတ်တရက် သူ့ညာလက်ကို မြှောက်လိုက်ပြီး သူ့အင်္ကျီလက်ထဲမှ လှံတစ်ချောင်းကို ပစ်လိုက်သည်။

လှံပေါ်တွင် အဆိပ်ရှိမရှိကို ယဲ့ဖန် မသိနိုင်ပေ။

ထို့ကြောင့် လက်ဗလာဖြင့် ဖမ်းရန် မဝံ့ရဲဘဲ ဘေးဘက်ကိုသာ ရှောင်တိမ်းနိုင်ခဲ့သည်။

သို့သော် ဤအခိုက်အတန့်တွင် လူသတ်အငွေ့အသက်များက သူ့နောက်သို့ လိုက်လာသည်။

မသိစိတ်ကြောင့် ယဲ့ဖန် သူ့ခန္ဓာကိုယ်အပေါ်ပိုင်းကို ငုံ့လိုက်သည်။

ထို့နောက် သူ့အနောက်မှ အေးစက်သော လေထုကို ခံစားလိုက်ရသည်။

ဓားရှည်သည် သူ့နောက်ကျောကို ဖြတ်လုမတတ် ဖြစ်သွားသည်။

သူ ၀.၀၁စက္ကန့်ပင် ပိုနှေးပါက သူ့ခန္ဓာကိုယ်အား တစ်ဝက်ပိုင်းဖြတ်ခံရနိုင်သည်။

ရွှမ် ရွှမ်

သူ့နောက်ကျောအား ယဲ့ဖန် ပြန်မတည့်မတ်နိုင်ခင်မှာပင် ဓားရှည်နှစ်ခုသည် သူ့ကို တစ်ချိန်တည်း၌ ခုတ်လေသည်။

ထိုလျှပ်တစ်ပြက်အချိန်တန်တွင် သူ အရှေ့ကို လှိမ့်သွားသည်။

ချွမ် ချွမ်

ဓားခုတ်ချက် လွတ်သွားကာ မြေပြင်ပေါ်တွင် မီးပွားများ ထွက်လာသည်။

သို့သော် ယဲ့ဖန် ပြန်မထလာနိုင်ခင်မှာပင် အနက်ရောင်ဝတ်ရုံဖြင့်လူသည် ဆန့်ကျင်ဘက်မှ ပြေးထွက်လာသည်။

သူ၏ ဓားရှည်က ယဲ့ဖန်ကို လှမ်းထိုးခုတ်သည်။

ယဲ့ဖန်သည် နောက်ဆုတ်ရန် သို့မဟုတ် ရှောင်ရန်ပင် နေရာမရပေ။

အကြောင်းမှာ သူ့အနောက်မှ ကျိုနင်းနှစ်‌ယောက်သည် သူ့ကို ဝိုင်းထားပြီး ဖြစ်သောကြောင့်ဖြစ်သည်။

လုပ်ဆောင်ချက်များသည် ကြားရပါက ရှုပ်ထွေးသည်ဟု ထင်နိုင်သော်လည်း အမှန်တွင် သူတို့အတွက် တိုက်ခိုက်ရာ၍ ၂စက္ကန့် ၃စက္ကန့်မျှသာ ကြာလေသည်။

ယဲ့ဖန်သည် သေမင်းတံခါးကို အကြိမ်များစွာ ဖြတ်ထားပြီးဖြစ်သည်။

ဤတစ်ကြိမ်တွင်လည်း သူသည် အဆုံးသတ်သို့ တွန်းပို့ခံနေရသည်။

အင်အားကောင်းလှသော ကျိုနင်း၃ယောက်သည် တြိဂံပုံစံဖြင့် သူ့ကို တစ်ချိန်တည်းမှာပင် တိုက်ခိုက်နေကြသည်။

ယဲ့ဖန်၏ နှုတ်ခမ်းထောင့်မှာ တွန့်ကွေးတက်သွားသည်။

အဆုံးသတ်ဖို့ အချိန်ရောက်ပြီ။

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၂၆၄ )

သခင် မသေဘူးမလား

ယဲ့ဖန်သည် မရေမတွက်နိုင်သော တိုက်ပွဲများမှ သင်ယူခဲ့သည်မှာ သူ့ထက် များသော ရန်သူများနှင့် ရင်ဆိုင်ရာတွင် နေရာအနှံ့မှ မတိုက်ခိုက်သင့်ပေ။

ထိုအခါ တိုက်ခိုက်ရာ၌ ပင်ပန်းစေပြီး လက်ကုန်သော အခြေအနေသို့ ကျရောက်စေမည်ဖြစ်သည်။

သို့သော် ဝိုင်းခံရသောအခါတွင် အကောင်းဆုံးဗျူဟာမှာ ဝိုင်းနေသူများထဲမှ အားနည်းချက်ကို တိုက်ခိုက်ဖြစ်ပြီး ထိုနေရာအား ခွန်အားအားလုံးကို အာရုံစိုက်ရန် ဖြစ်သည်။

ယဲ့ဖန် သူတို့သုံးယောက်ထဲ၌ အားအနည်းဆုံးအချက်ကို အမြန်ပင် ရှာတွေ့ခဲ့သည်။

သူ၏ ညာဘက်အနောက်တွင် အားနည်းချက် ရှိနေသည်။

ထိုလူသည် သူ့ကို အစကတည်းက တိုက်ခိုက်ခဲ့သူဖြစ်သည်။

ထိုလူ အားနည်းရသည်မှာ ငွေအပ် ထိမှန်ထားပြီး သူ၏ လက်ဖဝါးရိုက်ချက်ဖြင့် လွင့်ပျံထားသောကြောင့် ဖြစ်သည်။

သူ့ဒဏ်ရာမှာ မပြင်းထန်သော်လည်း အခြားနှစ်ယောက်နှင့် သူ၏ ပူးပေါင်းဆောင်ရွက်မှု ထိခိုက်လောက်အောင် ဖြစ်သွားသည်။

သူ၏ လှုပ်ရှားမှုများသည် အခြားနှစ်ယောက်ထက် အနည်းငယ် နှေးကွေးနေသည်မှာ ထင်ရှားသည်။

ဂရုတစိုက် စူးစမ်းမှုမရှိပါက ဖော်ထုတ်လို့ မရနိုင်သော အချက်တစ်ခုသာ ဖြစ်သော်လည်း ယဲ့ဖန်၏မျက်လုံးတွေမှ လွတ်မြောက်နိုင်ခြင်း မရှိပေ။

အောင်ပွဲနှင့် ရှုံးနိမ့်မှုသည် ဤလှုပ်ရှားမှုအပေါ်တွင် မူတည်နေသည်။

ယဲ့ဖန် ကျန်နှစ်ယောက်ကို ချက်ချင်းလက်လျှော့လိုက်သည်။

တစ်ချက်သာ လှည့်ကြည့်လိုက်ပြီးနောက် အနက်ရောင်ဝတ်ရုံ ဝတ်ထားသည့် ထိုလူစီကိုသာ ဦးတည်ပြေးသွားသည်။

သူ့လက်ထဲ၌လည်း ငွေအပ်နှစ်ချောင်းကို ကိုင်ထားသည်။

အနက်ရောင်ဝတ်ရုံ ၀တ်ထားသော အမျိုးသားသည်လည်း သေချာပေါက် ပြင်ဆင်ထားပြီး ဖြစ်သည်။

သူသည် ဓားရှည်ကို နှစ်ကြိမ်ဝှေ့ယမ်းပြီး ငွေအပ်နှစ်ချောင်းကို ဖယ်လိုက်သည်။

သို့သော် ထိုအပ်များကို ဖယ်နေရ၍ နှောင့်နှေးသွားသည့် အခိုက်အတန့်တွင် ယဲ့ဖန်သည် သူ့အရှေ့သို့ ရောက်နေပြီးဖြစ်သည်။

ဝူး

အနက်ရောင်ဝဆ်ရုံ ၀တ်ထားသော အမျိုးသားသည် ဓားရှည်ကို အလျင်အမြန် ပြန်ထိန်းဖမ်းကာ နောက်ပြန် ခုတ်သည်။

သို့သော် ယဲ့ဖန်သည် သူ့ကို ထိုအခွင့်အရေးကို မည်သို့မျှ မပေးတော့ချေ။

ယဲ့ဖန်၏ ညာလက်သည် လျှပ်စီးလက်သကဲ့သို့ ဆန့်ထွက်လာကာ ထိုလူ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။

သူသည် တကယ့်တိုက်ပွဲများ၌ အတွေ့အကြုံ အများအပြား ရှိပုံရသည်။

သူ့လက်မောင်းများ ရုတ်တရက် တုန်ခါသွားသည်။

အခြားသူသာ ဖြစ်ပါက ချက်ချင်း ရုန်းထွက်ကာ လွတ်သွားနိုင်သည်။

သို့သော် ယဲ့ဖန်မှာတော့ ထိုသည်ကို ပြင်ဆင်ထားပြီး ဖြစ်သည်။

သူ့လက်ထဲမှ ခွန်အားကို ပိုထုတ်ပြီး လက်ကောက်ဝတ်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး နောက်ကျောဘက်ကိုဆွဲကာ ခေါင်းအနောက်မှ လာနေသော ဓားရှည်ကို ပိတ်ဆို့လိုက်သည်။

ချွမ်၊ ချွမ် ..............

တစ်ချိန်တည်းနီးပါးပင် သူ့ခေါင်းအနောက်မှ ရောက်လာသော ဓားရှည်နှစ်ခေါင်းကို တစ်ခါတည်း တားပြီးသား ဖြစ်သွားသည်။

အမှောင်ထဲမှ ယောက်ျားသုံးဦး၏ မျက်လုံးများမှာ ရုတ်တရက် ထူးဆန်းသော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားသည်။

ဤသည်မှာ သေပွဲရှင်ပွဲဖြစ်သော တိုက်ပွဲတစ်ခု မဟုတ်ပါက သူတို့သည် ဤလူငယ်လေးအတွက် လက်ခုပ်ဩဘာပင် ပေးလိုက်ချင်သည်။

ထိုလူငယ်လေး၏ ခွန်အား၊ တုံ့ပြန်နိုင်စွမ်း၊ တိုက်ခိုက်နိုင်စွမ်းတို့မှာ တကယ်ပင် အံ့အားသင့်စရာကောင်းလှသည်။

သူတို့သည် စိတ်ထဲ၌သာ ချီးကျူးနေကြသော်လည်း တိုက်ခိုက်နေသည်ကိုတော့ မရပ်လိုက်ပေ။

သူတို့သည် ဤကောင်လေးအား ဒုတိယပွဲစဉ် အောင်နိုင်ခြင်းအား တားမြစ်ရမည်ဟူသော အမိန့်တစ်ခုသာ ရထားသည်။

ထို့ကြောင့် ယဲ့ဖန် သေရမည်ဖြစ်သည်။

ဂူ၏အပြင်ဘက်၌ အမွှေးတိုင်သည် တဖြည်းဖြည်း လောင်ကျွမ်းလာပြီးဖြစ်ရာ မူလတိုင်၏ ငါးပုံတစ်ပုံသာ ကျန်တော့သည်။

ဓားခုတ်သံများကြောင့် ဖုမာ ဟာရာဘူဆာနှင့် အခြားလူများ အသက်ရှူမဝသလို ဖြစ်လာငြသည်။

ထို့နောက် ရုတ်တရက် အတွင်းထဲမှ အသံများ ပျောက်ကွယ်သွားသည်။

အသံ မကြားရတော့ပေ။

လူတိုင်း တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။

" တိုက်ပွဲပြီးသွားပြီလား။ ဘယ်သူအနိုင်ရသွားတာလဲ "

" အနိုင်ရတာက ကျိုနင်းသုံးယောက်ပဲ ဖြစ်ရမယ်။ ကျိုနင်းသုံးယောက်က အတွင်းအားကောင်းတဲ့ အဆင့်မှာ ရှိတယ်။ အဲ့တာတောင် ဒီကလေးကို မကိုင်တွယ်နိုင်တာ ဖြစ်နိုင်ပါ့မလား "

" မှန်တယ်၊ မှန်တယ်။ ပြီးတော့ ဂူရဲ့ မှောင်နေတဲ့ ပတ်ဝန်းကျင်က နင်ဂျာတွေအတွက် သင့်လျော်တယ်။ ကျိုနင်းသုံးယောက်ရဲ့ ခွန်အားကလည်း အမြင့်ဆုံးအဆင့်မှာပဲ။ ဒီကလေးက ဒီလောက်ကြာကြာ နေနိုင်တာကိုပဲ တော်တော်လေး တော်လှပြီ "

" တော်လဲ ဘာလုပ်လို့ရမှာလဲ။ ရလဒ်ကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူး ...... "

ဖုမာ ကျန်းဝူသည် ထိုလူများ၏ ဆွေးနွေးမှုများကို ကြားနေရကာ ရင်ထဲမှ နာကျင်လာမှုကြောင့် ဂူအဝင်ဝနားသို့ အရှိန်ပြင်းစွာဖြင့် ပြေးသွားသည်။

စည်းကမ်းဖောက်ဖျက်မိမည်ကိုပင် မကြောက်တော့ဘဲ အထဲသို့ အလျင်စလို ဝင်ကြည့်ချင်နေသည်။

သခင်ကြီး၊ ဘာမှ မဖြစ်ပါစေနဲ့။

မဟုတ်ရင် ကျန်းဝူ တစ်ယောက်တည်း နေနိုင်မှာ မဟုတ်ဘူး။

ချီဇူရူ စူဂါဝါရာ သူမခင်ပွန်းကို လှည့်ကြည့်လိုက်သည်။

" သူ ဒီပွဲကို နိုင်မယ်လို့ ထင်လား "

ဖုမာ ဟာရာဘူဆာ၏ မျက်နှာပေါ်မှ သရော်လှောင်ပြောင်သော အရိပ်အမြွက်ပေါ်လာသည်။

" မင်း ဒီကလေးကို တော်တော် အထင်ကြီးနေတာပဲ။ ထိပ်တန်းအဆင့် ကျိုနင်း သုံးယောက် ဝိုင်းခံထားရတာကနေ အသက်ရှင်လျက် ထွက်သွားနိုင်မယ်လို့ ထင်နေလား "

ချီဇူရူ စူဂါဝါရာသည် ပါးစပ်ကို ဖွင့်ထားသော်လည်း အဆုံးတွင် သူမ ဘာမှ မပြောနိုင်ပေ။

အမှန်တကယ်ပင် သူမ၏ယောက်ျား ပြောသလို ဤပွဲမှာ ခက်ခဲလွန်းသည်။

အသက်၂၀ကျော်သာ ရှိသေးသော လူငယ်လေးမပြောနှင့် မိသားစု၏ ထိပ်ဆုံးကျွမ်းကျင်သူ ဖုမာ တာကာနိုစုကဲပင်လျှင် ဤသုံးဦး၏ ဝိုင်းရံခြင်းမှ လွတ်မြောက်ရန် အခက်တွေ့နိုင်ပေသည်။

ဟူး၊ သနားစရာကောင်းလိုက်တာ။

လူတိုင်းသည် ရလဒ်ကို တိတ်တဆိတ် မှန်းဆနေချိန်မှာပင် အတွင်းထဲမှ ခြေသံများ ရုတ်တရက် ကြားလိုက်ရသည်။

လူတိုင်း၏ မျက်လုံးများ တောက်ပလာသည်။

" ခြေရာကို နားထောင်ကြည့်ရသလောက် ထွက်လာတဲ့လူက တစ်ယောက်ထက်ပိုတယ် "

" လူတစ်ယောက်ထက် ပိုမှတော့ ကျိုနင်းသုံးယောက်ပဲ ဖြစ်ရမယ် "

" ပြောရရင် ယဲ့ဖန် သေပြီလား ..... "

" ပြောစရာလိုသေးလို့လား ...... "

ဖုမာ ကျန်းဝူသည် လူတိုင်း၏ ဆွေးနွေးမှုကို ကြားပြီး သူမ၏ အမြင်အာရုံ မှောင်သွားသည်ဟု ခံစားလိုက်ရသည်။

သူမ မြေပြင်ပေါ်သို့ လဲကျမတတ် ဖြစ်သွားသည်။

ကံကောင်းစွာဖြင့် သူမအနားရှိ နှစ်ယောက်က လျင်မြန်စွာတုံ့ပြန်ပြီး သူမကို ကူတွဲပေးထားခဲ့သည်။

" သခင်ကြီး၊ တကယ် ကျန်းဝူကို မလိုတော့ဘူးလား "

သူမကို ကူတွဲထားသော လူနှစ်ယောက်ကို တွန်းဖယ်လိုက်ပြီး ဆုံးဖြတ်ချက်ချထားသည့် အရိပ်အမြွက် သူမ၏ မျက်လုံးများတွင် တောက်ပလာသည်။

" နင်တို့ ငါ့သခင်ကို သတ်လိုက်တဲ့အတွက် နင်တို့အားလုံးကို သခင်ကြီးနဲ့အတူ မီးမြှိုက်ပစ်မယ် "

သူမ၏ လက်ထဲတွင် ဓားမြှောင်တစ်ချောငိး ရုတ်တရက်ပေါ်လာပြီး သူမ လှည့်ကြည့်ကာ ဂူထဲသို့ ပြေးသွားလေသည်။

" မင်း ဘာလုပ်နေတာလဲ။ မြန်မြန်တားလိုက် ..... "

သမီးဖြစ်သူ၏ လုပ်ရပ်ကို မြင်သောအခါ ဖုမာ ဟာရာဘူဆာ၏ အမူအရာ ပြောင်းလဲသွားသည်။

သူသည် အခြားသူများကို အလျင်အမြန် အမိန့်ပေးလိုက်သည်။

မြင်ကွင်းမှာ ချက်ချင်း ပွက်လောရိုက်သွားသည်။

ဖုမာ ကျန်းဝူသည် ဂူထဲသို့ အမြန်ပြေးသွားစဉ် ထွက်လာသောလူကို တွေ့လိုက်ရသည်။

အလင်းရောင်မှာ မှိန်ဖျော့လွန်းသဖြင့် တစ်ဖက်သူ၏ အသွင်အပြင်ကို ရှင်းလင်းစွာ မမြင်နိုင်ရဘဲ ဓားမြှောင်နှင့် ထိုးသတ်လိုက်သည်။

ချွမ်

ကနတဓားရှည်သည် ရုတ်တရက် ထွက်လာပြီး သူမ၏ တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်သည်။

ဖုမာ ကျန်းဝူသည် စိတ်ဓာတ်မကျဘဲ ဆက်လက် တိုက်ခိုက်ခဲ့သည်။

ထိုအချိန်တွင် တစ်ဖက်မှ ရင်းနှီးသော အသံတစ်ခုကို သူမ ကြားလိုက်ရသည်။

" မင်းယောက်ျားကို သတ်ဖို့ ကြိုးစားနေတာလား "

သူမသည် မယုံကြည်နိုင်စွာ ရပ်နေချိန်ပြီး ဖုမာ ကျန်းဝူ၏ လှုပ်ရှားမှုများမျဖာ ချက်ချင်း ရပ်တန့်သွားသည်။

" သခင် ..… သခင်ကြီး မသေသေးဘူးလား "

ထိုအချိန်တွင် ယဲ့ဖန်သည် အမှောင်ထဲမှ ထွက်လာပြီး သူမ၏ နှာခေါင်းကို တို့လိုက်သည်။

" သူတို့လက်ထဲမှာ ကိုယ်မသေဘူး။ ဒါပေမဲ့ မင်းလက်ချက်နဲ့ ကိုယ် သေမတတ်ပဲ "

ယဲ့ဖန်၏ ရင်ခွင်ထဲသို့ ပစ်ဝင်သွားပြီးနောက် ဖုမာ ကျန်းဝူ၏ မျက်လုံးမှ မျက်ရည်များ စီးကျလာသည်။

" သခင်ကြီး၊ ကျန်းဝူ ကို မလိုချင်တော့လို့ ထားသွားပြီ ထင်နေတာ ...... "

ယဲ့ဖန် ခါးသီးစွာ ပြုံးလိုက်သည်။

ထို့နောက် သူမကို နှစ်သိမ့်ကာ ပွေ့ဖက်ထားခဲ့သည်။

ထိုအချိန် ဂူအပြင်ဘက်မှ လူများအားလုံးသည် သူ့ကို ကျောက်ရုပ်တစ်ခုလို စိုက်ကြည့်နေကြသည်။

" သူ ..... မသေ ..... မသေဘူးလား "

" သူ အသက်ရှင်လျက် ထွက်လာတာပဲ။ ဒါ မဟုတ်သေးဘူး ....... ကျိုနင်းသုံးယောက်က ရှုံးသွားပြီလို့ ဆိုလိုတာလား "

" မဖြစ်နိုင်ဘူး။ ဒါက လုံးဝကို မဖြစ်နိုင်ဘူး။ သူတို့တွေက အတွင်းအား အဆင့်အမြင့်မှာရှိတဲ့ ကျိုနင်းသုံးယောက်လေ။ သူတို့သုံးယောက်က တစ်ယောက်တည်းကို တိုက်ပြီးတော့ ဘယ်လိုလုပ် ရှုံးသွားတာလဲ "

" ဒီကျိုနင်းသုံးယောက် မရှုံးရင် ဒီကလေးက ဘယ်လိုလုပ် အသက်ရှင်လျက် ထွက်လာနိုင်မှာလဲ "

" သူက အချိန်ကို မှားတွက်မိတာ ဖြစ်နိုင်မလား။ အမွှေးတိုင်ကုန်သွားပြီ ထင်လို့ ထွက်လာတာလား။ ဒါပေမယ့် အမွှေးတိုင်က လုံးဝ မကုန်သေးဘူးလေ "

" ဟားဟားဟား၊ အမွှေးတိုင်တောင် မကုန်သေးဘူး၊ သူက ထွက်လာပြီ။ စည်းကမ်းကို ဖောက်ဖျက်တာပဲ။ စမ်းသပ်မှု မအောင်မြင်ဘူး "

" ဟုတ်တယ်၊ အဲ့တာပဲ ဖြစ်ရမယ် ..... "

ဖုမာမိသားစုမှ လူတိုင်းသည် သူတို့ကိုယ်သူတို့ နှစ်သိမ့်ရန် အကြောင်းပြချက်ရှာပြီး ကြိုးစားနေကြစဉ် ယဲ့ဖန်၏ အနောက်မှ လိုက်လာသော ကျိုနင်းသုံးယောက်ကို တွေ့လိုက်ရသည်။

သူတို့သုံးယောက်၏ အနက်ရောင်ဝတ်ရုံများသည် ပုံစံအမျိုးမျိုးဖြင့် ပျက်စီးနေခဲ့ပြီး သူတို့သည် လုံခြုံလျက် ခံ့ညားနေသော ယဲ့ဖန်နှင့် လုံးဝကွာခြားနေခဲ့သည်။

ထို့အပြင် သူတို့သုံးယောက်သည် စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့ကြသည်။

လက္ခဏာရပ်များအားလုံးသည် အမှန်တရားတစ်ခုသို့ ညွှန်ပြနေသည်။

သူတို့ ရှုံးသွားပြီ။

သို့သော် ဖုမာမိသားစုသည် ဤအချက်ကို မယုံချင်သေးချေ။

သူတို့သည် ကျိုနင်းသုံးဦးဖြစ်ပြီး တစ်ဦးချင်းစီတိုင်းသည် အဆင့်အမြင့်ဆုံး နင်ဂျာအဆင့်တွင် ရှိကြသည်။

ပတ်ဝန်းကျင်အသာစီးနှင့် သူတို့၏ လိမ္မာပါးနပ်သော ပူးပေါင်းဆောင်ရွက်မှုများ ပေါင်းစည်းလိုက်ပါက ဤလူငယ်လေးအား ရှုံးရန် အကြောင်းပြချက် လုံးဝမရှိပေ။

All Chapters