အခန်း (၁၂၇၃-၁၂၇၆)
Vol. 64 Ch. 1273-1276
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၂၇၃ )
အလားအလာရှိတဲ့ လူငယ်လေး
ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။
" ပိုက်ဆံပို့ဖို့ တစ်ယောက်ယောက်ကို လှမ်းခေါ်ထားတယ်။ အဲ့တာ မကြာခင် ဒီကို ရောက်လာလိမ့်မယ် "
ရှီကဲရု အာကီတာသည် သူ့လက်ကို ယင်ကောင်တစ်ကောင် ဖယ်သကဲ့သို့ စိတ်မရှည်စွာ ဝှေ့ယမ်းလိုက်သည်။
" ဒါဆို မင်းလူတွေ ရောက်လာတဲ့အခါမှ ငါတို့စကားပြောကြမယ် "
ယဲ့ဖန် မျက်မှောင်ကြုတ်လိုက်သော်လည်း သူ အမြန်ဖြေလျှော့လိုက်သည်။
သူ့အိတ်ထဲမှ ရှယ်ယာလွှဲပြောင်းစာချုပ်ကို ထုတ်ယူလိုက်သည်။
" ဒါက နီရှီကျိုဂင်ဇာဈေးဝယ် အဆောက်အဦးရဲ့ ပိုင်ဆိုင်ခွင့်စာချုပ်ပဲ။ ဒီစာချုပ်က နီရှီကျိုဂင်ဇာဈေးဝယ် အဆောက်အဦးကို ပိုင်ဆိုင်ကြောင်း သက်သေပြနိုင်တယ်။ ဒါ ကျွန်တော့်ရဲ့ ငွေကြေးအင်အားကို သက်သေပြနိုင်လောက်တယ် မဟုတ်လား "
သူ့အသံသည် အကျယ်ကြီး မဟုတ်သော်ငြား ပတ်ဝန်းကျင်မှ လူများမှာ အံ့သြသွားကြသည်။
နီရှီကျိုဂင်ဇာဈေးဝယ် အဆောက်အဦးသည် အီဒိုမြို့၏ အထင်ကရ အဆောက်အဦးဖြစ်ပြီး အချမ်းသာဆုံး စီးပွားရေး အဆောက်အဦးများထဲမှ တစ်ခုဖြစ်သည်။
အနည်းဆုံး ဂျပန်ယန်း ဘီလီယံ ၁၀၀မက တန်လေသည်။
အကယ်၍ ဤလူငယ်လေးသည် နီရှီကျိုဂင်ဇာဈေးဝယ် အဆောက်အဦး၏ပိုင်ရှင် ဖြစ်ခဲ့ပါက သူ၏ ငွေကြေးအင်အားနှင့်ပတ်သက်၍ သံသယဖြစ်စရာမရှိချေ။
ရှီကဲရု အာကီတာသည် သုန်မှုန်သော မျက်နှာထားဖြင့် စာချုပ်ကို ကြည့်လိုက်သည်။
စာမျက်နှာအနည်းငယ်ကို လှန်ကြည့်ပြီးနောက် သူ ချက်ချင်း လှောင်ပြောင်ပြီး စာချုပ်ကို ပြန်ပစ်လိုက်သည်။
" မင်းလိုလူ တော်တော်များများကို ငါ တွေ့ဖူးတယ်။ ငါ့ကို စာချုပ်အတုနဲ့ လိမ်ချင်နေတာလား။ ငါက ယုံလွယ်တဲ့သူလို့ ထင်နေတာလား "
စာချုပ်အတုတဲ့လား။
ထိုစကားကို အနီးနားမှ လူများ ကြားပြီးနောက် အားလုံး စိတ်ရှုပ်ကုန်သည်။
ယဲ့ဖန် သူ့ကို စိုက်ကြည့်ရင်း အေးစက်စွာ မေးလိုက်သည်။
" ဒီစာချုပ်က အတုလို့ ဘာလို့ ပြောတာလဲ "
ရှီကဲရု အာကီတာသည် အေးစက်သော အပြုံးဖြင့် သူ့ကို ကြည့်နေသည်။
" အီဒိုမြို့ရဲ့ ဂင်ဇာတာဝါက လူကြီးမင်း ဆာကာမိုတို မီရာဇာကီပိုင်တာမှန်း အီဒိုမြို့က လူတိုင်းသိတယ်။ ဂင်ဇာတာဝါ ပိုင်ရှင်ပြောင်းတဲ့အကြောင်းကို တစ်ခါမှ မကြားဖူးဘူး "
သူ့ပတ်ဝန်းကျင်မှ လူများကလည်း သူပြောသည်ကို ကြားပြီး အဓိပ္ပါယ်ရှိသွားသည်ဟု ခံစားရသည်။
နီရှီကျိုဂင်ဇာဈေးဝယ် အဆောက်အဦးကဲ့သို့ အဆောက်အဦးကြီးကို ဝယ်ယူလိုက်သည်ဆိုပါက ကြီးမားသော ရုန်းရင်းဆန်ခတ်မှု ဖြစ်စေမည် ဖြစ်သည်။
သို့သော် နီရှီကျိုဂင်ဇာဈေးဝယ် အဆောက်အဦးအား ၀ယ်ယူလိုက်သည်ကို မည်သည့်အဖွဲ့အစည်းကမှ ထုတ်ပြန်ကြေညာခြင်း မရှိပေ။
နီရှီကျိုဂင်ဇာဈေးဝယ် အဆောက်အဦး၏ ပိုင်ရှင်အသစ် ရုတ်တရက် ပေါ်လာသောအခါ မည်သူမဆို ပဟေဠိဖြစ်ပေလိမ့်မည်။
အားလုံးသည် သူနှင့် သဘောတူသည်ကို တွေ့ပြီး ရှီကဲရု အာကီတာ၏ မျက်နှာမှာ ပိုလို့ပင် မောက်မာလာသည်။
" ပြီးတော့ မင်းက ဆံပင်တောင် မပေါက်သေးတဲ့ ကလေးလေးပဲ။ မင်းကများ နီရှီကျိုဂင်ဇာဈေးဝယ် အဆောက်အဦး ပိုင်ရှင်လို့ ကြွားရဲသေးတာလား။ ဟားဟား၊ မင်းက Ginza Tower ပိုင်ရှင်ဆိုရင် ငါက ဂျပန်ပါလီမန်ဥက္ကဋ္ဌပဲ "
သူ၏ ထေ့ငေါ့သောစကားကို ကြားပြီး လူတိုင်းက ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။
လေးဆယ်ကျော် သို့မဟုတ် ငါးဆယ်ကျော် အရွယ်ရှိသူ ရောက်လာလျှင် ပို၍ ယုံနိုင်ဖွယ်ရှိသေးသည်။
သို့သော် ယဲ့ဖန်မှာ အလွန်ငယ်သေးသည်။
သူ့ကို ကြည့်ရသည်မှာ ဘွဲ့မရသေးသည့် တက္ကသိုလ်ကျောင်းသားတစ်ယောက်လို ဖြစ်သည်။
သူသည် နီရှီကျိုဂင်ဇာဈေးဝယ် အဆောက်အဦး၏ သူဌေးအသစ်ဖြစ်သည်ကို ယုံရန်မှာ ခက်လှသည်။
ယဲ့ဖန်သည် ရှီကဲရု အာကီတာ၏ ပါးစပ်ထောင့်ကို ကြည့်လိုက်သည်။
သူ ချက်ချင်း ကိုယ်ချင်းစာသွားသည်။
" ကောင်းပြီ၊ နားလည်ပါတယ်။ ခင်ဗျားကအသက်ကြီးနေပေမယ့် ခင်ဗျားက လေလံအိမ်တစ်ခုရဲ့ မန်နေဂျာအဆင့်ပဲ ဖြစ်လာသေးတာ။ အဲ့တော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အလားအလာရှိတဲ့သူက ဘယ်လိုလဲဆိုတာ နားလည်မှာမဟုတ်ဘူး။ ဒီနှစ်မှာ အသက် ၂၁နှစ်နဲ့ နီရှီကျိုဂင်ဇာဈေးဝယ် အဆောက်အဦးကို ဝယ်နိုင်နေပြီလေ။ အဲ့တာကို နားမလည်နိုင် လက်ခံပါတယ် "
ရှီကဲရု အာကီတာ၏ မျက်နှာသည် လှောင်ပြောင်သရော်မှုများနှင့် ပြည့်နှက်နေသေးသော်လည်း ထိုသည်ကို ကြားသောအခါတွင် သူ၏အမူအရာသည် ချက်ချင်းပင် မည်းမှောင်သွားခဲ့သည်။
" တရုတ်ဝက်ကောင်၊ မင်းမှာ သတ္တိရှိရင် ထပ်ပြောလိုက် "
ဆာကီခါဝါ လေလံအိမ်သည် အီဒိုမြို့ရှိ အကြီးဆုံး လေလံအိမ်များထဲမှ တစ်ခုဟု သတ်မှတ်ခံထားရသည်။
မန်နေဂျာဖြစ်သည်ဆိုသည်မှာ အထက်တန်းစားအဆင့်သို့ ရောက်သွားပြီဟု ယူဆနိုင်သည်။
သူ၏ အောင်မြင်မှုများအတွက် အမြဲဂုဏ်ယူနေခဲ့သော်လည်း ယခုအချိန်တွင် သူ့အား မုန်းရသည့် တရုတ်လူမျိုး လူငယ်တစ်ယောက်မှ လှောင်ပြောင်နေသည်ကို ခံနေရသည်။
သူ ဒေါသတကြီး ဖြစ်သွားသည်။
ယဲ့ဖန် သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။
" ငါများ တစ်ခုခု မှားနေတာလား။ လေလံလုပ်ငန်းမှာ မန်နေဂျာတစ်ယောက်ဖြစ်တာနဲ့ တခြားသူတွေထက် သာတယ်လို့ ထင်နေတယ်လို့တော့ မပြောနဲါ။ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒီနေ့ ဒီကိုလာနိုင်တဲ့သူတွေထဲက ဘယ်လူက မင်းထက် အဆင့်အတန်းပိုနိမ့်နေလို့လဲ။ ဘာလို့ ကိုယ့်ကိုယ်ကိုယ် မကြည့်တာလဲ။ မင်းမှာ ငါတို့နဲ့ တန်းတူစကားပြောပိုင်ခွင့်ရှိလို့လား "
ရှီကဲရု အာကီတာသည် သူပြောသည်ကို နားထောင်ပြီးနောက် ရှက်ကာ မျက်နှာနီသွားသည်။
သူသည် တစ်စုံတစ်ယောက်ကို ကိုက်ချင်နေသော ခွေးတစ်ကောင်လို ဖြစ်လာသည်။
ထို့နောက် လူတိုင်းသည် အစောက ရှီကဲရု အာကီတာ၏ ပြောဆိုမှုကို အများကြီး ခံခဲ့ရသည်။
ထို့ကြောင့် ယဲ့ဖန်မှ ထိုလူအား ကြိမ်းမောင်းနေသည်ကို ကြားလိုက်ရပြီး လက်ခုပ်တီးကာ အားပေးလိုက်ချင်သည်။
ယဲ့ဖန်သည် သူ့ဒေါသကို သတိမထားမိပုံရသည်။
ထိုလူ၏ နှလုံးသားကို ဆက်၍ ထိုးသတ်လိုက်သည်။
" လေလံအိမ်က မင်းကို ကျောထောက်နောက်ခံ ပေးထားတာနဲ့ ငါတို့ကို ပြောလို့ရတယ် ထင်နေလား။ မင်းရဲ့လေလံအိမ်ကို ထောက်ပံ့ပေးဖို့ ငါတို့က ဒီကိုရောက်နေတာ။ ငါတို့က မင်းရဲ့ ထမင်းရှင်ပဲ "
ဖူးဟားဟးဟား
ဘေး၌ ရပ်နေသည့် လင်းကျွင်းကျွင်းသည် ချက်ချင်း ရယ်မိသွားသည်။
သို့သော် သူမ ချက်ချင်း တုံ့ပြန်ကာ ထိန်းလိုက်သည်။
လက်ရှိ ရယ်နေသည်မှာ အနည်းငယ် မသင့်တော်၍ သူမ ပါးစပ်ကို အမြန်ဖုံးလိုက်သည်။
သို့သော် သူမ၏ ရယ်သံသည် မီးထဲသို့ လောင်စာထည့်လိုက်သလို ဖြစ်သွားသည်။
ရှီကဲရု အာကီတာ၏ နှလုံးသားထဲတွင် ဒေါသမီး ချက်ချင်း လောင်ကျွမ်းလာခဲ့သည်။
" မိုက်မဲတဲ့ တရုတ်ဝက်။ မင်းက သေချင်နေတာပဲ။ မင်းတို့အားလုံး ဟိုမှာ ဘာရပ်နေတာလဲ။ ဒီတရုတ်ဝက်ကောင်ကို မြန်မြန် မောင်းထုတ်လိုက် "
သူ့နောက်ကွယ်မှ လုံခြုံရေးအစောင့်အဖွဲ့ကို အမိန့်ပေးလိုက်သည်။
ထိုမှသာ လုံခြုံရေးအစောင့်အဖွဲ့များက တုံ့ပြန်ခဲ့သည်။
သူတို့သည် ချက်ချင်းပင် ယဲ့ဖန်စီသို့ ပြေးသွားကြသည်။
ပြဿနာဖြစ်တော့မည်ကို မြင်လိုက်ရပြီး ဘေးမှလူများက အလျင်စလို နောက်ဆုတ်သွားသည်။
လုံခြုံရေးအစောင့်အုပ်စု သူ့ရှေ့သို့ အပြေးအလွှားရောက်လာသည်ကို မြင်လိုက်ရပြီး ယဲ့ဖန် ရုတ်တရက် အေးစက်စွာ အော်လိုက်သည်။
" ဘယ်သူ နောက်တစ်လှမ်းတိုးရဲတဲ့ သတ္တိရှိလဲ ကြည့်ရအောင် "
သူ့အကြည့်များသည် အေးစက်နေသည်။
လုံခြုံရေးအစောင့်အုပ်စုသည် ဘေး၌ ရပ်ပြီး သူ့ကို ထိတ်လန့်စွာ ကြည့်နေခဲ့ကြသည်။
ယဲ့ဖန်၏ ပြတ်သားသော အကြည့်သည် လုံခြုံရေးအစောင့်များကို ဖြတ်ကျော်သွားသည်။
" အမှန်အတိုင်းပြောရရင် ငါ့ရဲ့ပိုင်ဆိုင်မှုက အနည်းဆုံး ဂျပန်ယန်း ၁၀၀ဘီလီယံလောက်ရှိတယ်။ မတော်တဆ တစ်ခုခုဖြစ်သွားရင် မင်းတို့ ဒေဝါလီခံသွားရင်တောင် လျော်ဖို့ မတတ်နိုင်ဘူး။ တစ်လကို ယန်းထောင်ဂဏန်းလောက်နဲ့ ဘာတွေ လာကစားနေတာလဲ "
ထိုစကားလုံးများ၏ စွမ်းအားသည် ဓားထက် လုံးဝ မနိမ့်ချေ။
လုံခြုံရေးအစောင့်အဖွဲ့သည် ကြောက်လန့်တကြား ချက်ချင်း ဆုတ်ခွာသွားခဲ့ကြသည်။
အမှန်တွင် ယနေ့ ရင်းနှီးငွေ လာစစ်ကြသည့်လူများအားလုံးသည် သူဌေးကြီးများ ဖြစ်ကြသည်။
သူတို့အားလုံးသည် အလွန်စျေးကြီးကြသူများလည်း ဖြစ်သည်။
သူတို့ တကယ်ပင် မကောင်းတာလုပ်မိပါက ဒုက္ခအကြီးအကျယ်ရောက်လိမ့်ပေမည်။
ယဲ့ဖန်၏ စကားများသည် လုံခြုံရေးအစောင့်များကို ကြောက်လန့်သွားစေသည်ကို ရှီကဲရု အာကီတာ မြင်လိုက်ရသဖြင့် ပို၍ပင် ဒေါသဖြစ်လာရသည်။
" ခွေးသားတွေ၊ ငါဒီမှာ ရှိနေတာကို မင်းတို့က ဘာကြောက်နေတာလဲ "
သို့သော် သူ ဘာပဲ ပြောနေပါစေ လုံခြုံရေးအစောင့်များက ရပ်သွားသည်။
ရှီကဲရု အာကီတာသည် ယဲ့ဖန်အား လမ်းကြောင်းလွှဲရန်မှတပါး ရွေးချယ်စရာမရှိပေ။
" ဟမ်း၊ ကောင်လေး။ မင်းက လျှာပါးပေမဲ့ ငါကိုတော့ အနိုင်ယူလို့မရဘူး။ မင်း တကယ် နီရှီကျိုဂင်ဇာဈေးဝယ် အဆောက်အဦးရဲ့ သူဌေးဖြစ်ရင်တောင် စာချုပ်ချုပ်လို့ မရဘူး။ ဧကရာဇ်မင်းကြွလာရင်တောင် ဒီနေ့ သက်သေအဖြစ် ယန်း ၁၀ဘီလီယံ မထုတ်နိုင်ရင် အလုပ်မဖြစ်ဘူး "
ဤစကားကို ပြောပြီးနောက် သူသည် ယဲ့ဖန်ကို အားရပါးရ ကြည့်လိုက်သည်။
ဟားဟား၊ မင်းအဆင့်အတန်းက ငါ့ထက်မြင့်တယ် မဟုတ်လား။
ဘာဖြစ်လဲ။
ဒီနေ့ မင်း ဘယ်လိုဝင်မလဲဆိုတာ ကြည့်ကြမယ်။
အောင်နိုင်ပြီဟု ခံစားရပြီး ရုတ်တရက် အသံတစ်ခု ကြားလိုက်ရသည်။
" ဧကရာဇ် ကြွလာရင်တောင် အဆင်မပြေဘူးလား။ ငါလာရင် ဘယ်လိုလုပ်မလဲ "
အသံသည် အကျယ်ကြီးမဟုတ်သော်လည်း လူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်သည်။
လူတိုင်း လှည့်ကြည့်လိုက်သည့်အခါ ဝတ်စုံပြည့်ဝတ်ထားသည့် လူလတ်ပိုင်း အမျိုးသားတစ်ယောက် သူတို့စီ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။
" လူကြီးမင် ဆာကာမိုတိုလား "
ထိုလူကို တွေ့လိုက်သည့်အခါ ရှီကဲရု အာကီတာ၏ အမူအရာ ပြောင်းသွားသည်။
ဤလူသည် ဂင်ဇာအဆောက်အဦး၏ ပိုင်ရှင် ဆာကာမိုတို မီယာဇာကီ ဖြစ်သည်။
သူသည် လေလံအိမ်၌ ပုံမှန်ဖောက်သည်ဖြစ်သောကြောင့် သူ့ကို သိလေသည်။
" လူကြီးမင်း ဆာကာမိုတို၊ အချိန်ကိုက် ရောက်လာတာပဲ။ အခုပဲ ဒီကလေးက နီရှီကျိုဂင်ဇာဈေးဝယ် အဆောက်အဦးရဲ့ သူဌေးအသစ် အယောင်ဆောင်နေတယ်။ အခု သူဌေးက ဒီမှာရှိနေပြီ။ ဒီကလေး ဘာပြောမလဲ ကြည့်ရအောင် "
သူသည် ရိုင်းစိုင်းသောအမူအရာဖြင့် ယဲ့ဖန်ကို အားရပါးရကြည့်ကာ ထိုကောင်လေးအရူးဖြစ်မည်ကို မြင်ရန် စောင့်မျှော်နေလေသည်။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၂၇၄ )
ငါ့မျက်နှာတောင် မရဘူးလား
ထိုအချိန် ဆာကာမိုတို မီယာဇာကီသည် အေးစက်စွာ နှာမှုတ်လိုက်သည်။
" သူက ဟန်ဆောင်တဲ့သူလို့ ဘယ်သူ ပြောလဲ။ ယဲ့လူကြီးမင်းက တကယ်ပဲ နီရှီကျိုဂင်ဇာဈေးဝယ် အဆောက်အဦး ယရဲ့ သူဌေးအသစ် "
" အိုး ...... "
ထိုစကားကို ပြောပြီးသည်နှင့် ပတ်ဝန်းကျင်မှ ချက်ချင်းပင် အာမေဋိတ်များ ထွက်ပေါ်လာသည်။
" ဒီလူငယ်လေးက :ဂင်ဇာရဲ့ သူဌေးအသစ်ဖြစ်နေမယ်လို့ မမျှော်လင့်ထားဘူး။ ဟန်ဆောင်နေတာလို့ ထင်ခဲ့တာ "
" လူကြီးမင်း ဆာကာမိုတိုကိုယ်တိုင်က အဲ့တာကို အတည်ပြုပေးထားတာလေ။ ဘယ်လိုလုပ် အတုဖြစ်နိုင်မှာလဲ "
" ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုအောင်မြင်မှုတွေ ရနိုင်တာ တကယ်ကို အံ့သြစရာပဲ "
" သူက တရုတ်ပြည်က မိသားစုတစ်စုရဲ့ မျိုးဆက်တစ်ယောက် ဖြစ်နိုင်တယ်။ ဟုတ်တယ်မလား။ အစကနေ စပြီးတော့ ဘယ်လိုလုပ် ဒီလိုဖြစ်နိုင်မှာလဲ "
အားလုံးသည် တီးတိုးပြောနေပြီး အံ့သြမှုများ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် ကြည့်နေကြသည်။
ရှီကဲရု အာကီတာ၏ မျက်နှာပေါ်မှ အမူအရာ အေးခဲသွားသည်။
" လူကြီးမင်း ဆာကာမိုတို၊ နောက် ...... နောက်နေတာလား။ သူက တကယ်ပဲ နီရှီကျိုဂင်ဇာဈေးဝယ် အဆောက်အဦးရဲ့ သူဌေးအသစ်လား "
ဆာကာမိုတို မီယာဇာကီ သူ့ကို အေးစက်စွာ ကြည့်နေသည်။
" မင်းက ငါ့ကို မယုံဘူးလို့ ပြောနေတာလား။ လွှဲပြောင်းစာချုပ်ကို မင်းကို ပြဖို့ လိုသေးလား "
ရှီကဲရု အာကီတာ ပါးစပ်မှာ လှုပ်သွားသည်။
စာချုပ်ကို ဖတ်ပြီးကာ မယုံခဲ့ကြောင်း ပြောလိုက်ချင်သည်။
သူ မုန်းတီးနေသော တရုတ်ကောင်လေးကို ထိတ်လန့်တုန်လှုပ်မှု၊ မုန်းတီးမှုတို့ဖြင့် ကြည့်နေမိသည်။
သူ့စိတ်တွေ အလွန်ရှုပ်ထွေးနေခဲ့သည်။
ဆာကာမိုတို မီယာဇာကီက သူ့ကို လျစ်လျူရှုလိုက်သည်။
သူသည် လှည့်ပြီး ယဲ့ဖန်စီကိုသာ လျှောက်သွားခဲ့သည်။
" ယဲ့လူကြီးမင်း၊ ကျွန်တော် ပိုက်ဆံယူလာပါတယ်။ ကံမကောင်းစွာနဲ့ အချိန်က မလောက်တော့ ဂျပန်ယန်း ၃ဘီလီယံပဲ စုဆောင်းနိုင်ခဲ့ပါတယ် "
ဤသို့လာသည့်လမ်း၌ ယဲ့ဖန်သည် ဆာကာမိုတို မီယာဇာကီကို ဖုန်းဆက်ပြီး သူ့အကောင့်ထဲသို့ ငွေလွှဲပေးရန် တောင်းဆိုခဲ့သည်။
၃ဘီလီယံသာ ရသည်ဟု သူ ကြားသောအခါ မျက်မှောင်ကြုတ်သွားသည်။
လင်းကျွင်းကျွင်း၏ ၆ဘီလီယံနှင့် သူ့၌ ၉ဘီလီယံသာ ရှိသည်။
သူသည် ဆယ်ဘီလီယံ သတ်မှတ်ချက်ဖြင့် ခြေတစ်လှမ်း ဝေးနေသည်။
ဆာကာမိုတို မီယာဇာကီသည် ယဲ့ဖန်အပြောအဆိုနှင့် အမူအရာကို တစ်ချိန်လုံး အာရုံစိုက်နေခဲ့သည်။
သူ အနည်းငယ် စိတ်မချမ်းမသာ ဖြစ်သည်ကို မြင်ပြီး ပြောလေသည်။
" ယဲ့လူကြီးမင်း၊ ကျွန်တော် အတတ်နိုင်ဆုံးကြိုးစားပြီးသွားပါပြီ။ အချိန်က အရမ်းကြပ်နေလို့ပါ။ အချိန်နည်းနည်း ပိုပေးရင် ဒီထက်ပိုပြီး ရနိုင်ပါလိမ့်မယ် "
ယဲ့ဖန်သည် သူ အမှန်တိုင်းပြောနေသည်ကို သိသည်။
သူ ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။
" ဒါပေမယ့် လေလံအိမ်မှာ ၀င်ဖို့ ရန်ပုံငွေ ၁၀ဘီလီယံရှိရမယ်ဆိုတဲ့ စည်းမျဉ်းရှိတယ်။ ကျွန်တော်တို့က ၁ဘီလီယံ လိုနေသေးတယ် "
ဆာကာမိုတို မီယာဇာကီ ဂရုတစိုက် နားထောင်ပြီး ရှီကဲရု အာကီတာကို ချက်ချင်း လှည့်ကြည့်လိုက်သည်။
" မန်နေဂျာ ရှီကဲရု၊ မင်းငါ့အတွက် ခြွင်းချက် လုပ်ပေးနိုင်မလား "
ရှီကဲရု အာကီတာသည် သူ၏ တုန်လှုပ်ချောက်ချားမှုမှ ပြန်လည်ကောင်းမွန်လာခဲ့သည်။
သူ့အမေးကို ကြားပြီးနောက် ပြန်ဖြေသည်။
" လူကြီးမင်းဆာကာမိုတို၊ တကယ်တောင်းပန်ပါတယ်။ လူတိုင်းကို တန်းတူရည်တူ ဆက်ဆံရတာပါ။ ဒီမှာ စည်းမျဉ်းတွေကို ချိုးဖောက်လို့ မရပါဘူး "
ဆာကာမိုတို မီယာဇာကီ၏ မျက်နှာသည် ချက်ချင်း မည်းမှောင်သွားသည်။
" ငါ့မျက်နှာတောင် ထောက်လို့မရဘူးလား "
ရှီကဲရု အာကီတာသည် လူကြီးလူကောင်း အသွင်အပြင်ယူလိုက်သည်။
" ဆာကာမိုတိုလူကြီးမင်း ကျွန်တော့်ကို အဒခက်ခဲအောင်လုပ်မှာ မဟုတ်ဘူးလို့ မျှော်လင့်ပါတယ် "
ဆာကာမိုတို မီယာဇာကီ အေးစက်စွာ နှာမှုတ်လိုက်သည်။
" ဒါဆို မင်းရဲ့သူဌေးနဲ့ ငါ တိုက်ရိုက်စကားပြောမယ် "
ထိုစကားကိုပြောပြီးနောက် ချက်ချင်းပင် ဖုန်းကိုထုတ်ကာ ဆာကီခါဝါလေလံအိမ်ပိုင်ရှင်ထံ ဖုန်းဆက်ခဲ့သည်။
ရှီကဲရု အာကီတာက သူ့ကို မတားပေ။
သူသည် ယဲ့ဖန်ကို မကြောက်မရွံ့ကြည့်ကာ သူတို့နှစ်ဦးသာ ကြားနိုင်သော အသံဖြင့် ပြောလိုက်သည်။
" ကောင်လေး၊ ငါဒီမှာရှိနေသရွေ့ ဝင်ခွင့်ရဖို့ မင်းမေ့လိုက် "
သူ ထိုသို့ပြောရန် ယုံကြည်မှုရှိသည့် အကြောင်းရင်းမှာ သူဌေးသည် ဆာကာမိုတို မီယာဇာကီအတွက် စည်းမျဉ်းတွေကို ဖောက်ဖျက်မှာ မဟုတ်ဘူးဟု သူ သိသောကြောင့်ဖြစ်သည်။
မဟုတ်ရင် တခြားသူတွေကို ဘယ်လိုရှင်းပြနိုင်မှာလဲ။
ဆာကာမိုတို မီယာဇာကီ ဖုန်းခေါ်အပြီးတွင် လေးထောင့်ပုံစံမျက်နှာရှိသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး အမြန်ထွက်လာခဲ့သည်။
" အိုက်ယား၊ လူကြီးမင်းဆာကာမိုတို။ မကြိုဆိုတဲ့အတွက် တောင်းပန်ပါတယ် "
ထိုလူသည် ဆာကာမိုတို မီယာဇာကီနှင့် လက်ဆွဲနှုတ်ဆက်ရန် အစပြုခဲ့သည်။
သူတို့သည် အသိဟောင်းများ ဖြစ်ပုံရသည်။
ဆာကာမိုတို မီယာဇာကီသည် သူနှင့် ဖြစ်ပျက်ခဲ့သည်များကို ချက်ချင်း ပြောပြခဲ့သည်။
ထိုလူသည် အခြားသူများကို ကြည့်ပြီး စိတ်ပူပန်နေပုံရသည်။
" လူကြီးမင်းဆာကာမိုတို၊ တခြား တစ်ခုခုဖြစ်ရင် ငါ သေချာပေါက် ကူညီပေးပါ့မယ်။ ဒါပေမယ့် ဒီကိစ္စကိုတော့ ငါ တကယ်မကူညီနိုင်ဘူး "
ရှီကဲရု အာကီတာသည် ထိုအခြေအနေကို မျှော်လင့်ထားပြီးသားဖြစ်ပြီး သူ့မျက်နှာပေါ်မှ အပြုံးမှာ ပိုလို့ပင် တောက်ပသွားခဲ့သည်။
ဆာကာမိုတို မီယာဇာကီ၏ အမူအရာသည် အနည်းငယ် ရုပ်ဆိုးနေသည်။
" မင်း တကယ် လိုက်လျောလို့ မရဘူးလား "
လေးထောင့်မျက်နှာဖြင့် ယောက်ျားက ခေါင်းခါသည်။
" မရဘူး "
ဆာကာမိုတို မီယာဇာကီသည် သူ၏ စိတ်ထဲတွင် ဒေါသကို မျိုသိပ်လိုက်ပြီး ထိုလူကို အေးစက်စွာ ကြည့်နေလေသည်။
" ခြွင်းချက်တစ်ခုလုပ်ဖို့ အကြံပေးတယ်။ ဒါက မင်းတို့အကျိုးအတွက်ပဲ "
လေလံအိမ်ပိုင်ရှင်သည် ဆာကာမိုတို မီယာဇာကီ၏ ခြိမ်းခြောက်စကားကို ကြားသောအခါ သူ၏ မျက်နှာသည် ချက်ချင်းပင် မည်းမှောင်သွားသည်။
" လူကြီးမင်းဆာကာမိုတို၊ ငါ မင်းကို သူငယ်ချင်းလို ဆက်ဆံတာကြောင့် မင်းနဲ့ ညှိနှိုင်းဖို့ ကြိုးစားနေတာ။ မင်းကို ငါ ကြောက်တယ်လို့ မင်း ထင်နေတာလား "
ဆာကာမိုတို မီယာဇာကီ သူ့ကို ပြုံးပြသည်။
" ငါလည်း မင်းကို သူငယ်ချင်းလို ဆက်ဆံလို့ ပြောတာပဲ။ ယဲ့လူကြီးမင်းရဲ့ ခွန်အားက မင်း စိတ်ကူးကြည့်လို့ရတဲ့အရာ မဟုတ်ဘူး။ မင်း ဒီလိုလုပ်ဖို့ တွန်းအားပေး နေသေးရင် ငါ မင်းကို တားမှာ မဟုတ်ဘူး။ အချိန်တန်ရင် မင်းကို သတိမပေးမိလို့ အပြစ်မတင်နဲ့ "
ထိုလူက ချက်ချင်းပင် ပြန်ပြောသည်။
" သူ ဘယ်လောက်ပဲ သန်မာနေပါစေ ငါ့ရဲ့ ဆာကီခါဝါ လေလံပွဲကို လာသရွေ့ ငါက သူတို့ကို တန်းတူရည်တူ ဆက်ဆံမှာပဲ။ လူတစ်ယောက်တည်းအတွက် စည်းမျဉ်းတွေကို ဘယ်တော့မှ ချိုးဖောက်မှာ မဟုတ်ဘူး "
ရှီကဲရု အာကီတာသည် ယဲ့ဖန်ကို စူးရဲစွာ ကြည့်နေသည်။
'ကောင်လေး၊ ဒီနေ့ မင်း ဘယ်လိုဝင်ခွင့်ရမလဲဆိုတာ ကြည့်ရအောင်'
သူ ရယ်နေချိန် ဆာကာမိုတို မီယာဇာကီသည် သူ့သူဌေး၏ နားထဲသို့ တစ်ခုခု တီးတိုးပြောနေသည်ကို တွေ့လိုက်ရသည်။
ထို့နောက် ယခင်က မကြောက်မရွံ့ဖြစ်နေသော သူဌေးသည် အမူအရာ သိသာစွာ ပြောင်းလဲသွားသည်ကို သူမြင်လိုက်ရသည်။
သူ ယဲ့ဖန်ကို ချက်ချင်းကြည့်မိသည်။
ဆာကာမိုတို မီယာဇာကီသည် သူ တုံ့ဆိုင်းနေသေးသည်ကို မြင်လိုက်ရပြီး စောင်းငဲ့ကာ သူ့နားထဲသို့ တစ်စုံတစ်ခုကို တိုးတိုး ပြောလိုက်သည်။
ဆိုင်ပိုင်ရှင်သည် ငြိမ်မနေနိုင်တော့ဘဲ ယဲ့ဖန်ထံ အမြန်လျှောက်လာပြီး ဦးညွတ်လိုက်သည်။
" ယဲ့ ...... ယဲ့လူကြီးမင်း၊ ကျွန်တော်က ဆာကီခါဝါ လေလံအိမ်ပိုင်ရှင် ဆာကီခါဝါ တာရိုပါ။ ကျွန်တော်ရဲ့ ရိုင်းစိုင်းမှုအတွက် တောင်းပန်ပါတယ် "
ရှီကဲရု အာကီတာ အပါအဝင် လူတိုင်းသည် လျှာကိုက်မိကြသည်။
ဘာတွေဖြစ်နေတာလဲ။
ခုနက အရမ်းတင်းမာနေတဲ့ သူဌေးက ဘာလို့ ရုတ်တရက် ငြိမ်ကုပ်သွားတာလဲ။
ဒီကလေးက နီရှီကျိုဂင်ဇာဈေးဝယ် အဆောက်အဦးရဲ့ သူဌေးဖြစ်ရင်တောင် သူက ဒီလောက်လေးစားဖို့ မလိုဘူး မဟုတ်လား။
ယဲ့ဖန်သည် ဆာကီခါဝါ တာရို ၏ စေတနာကို မျက်နှာမူကာ မျက်နှာမပြဘဲ ခေါင်းညိတ်လိုက်သည်။
" လူကြီးမင်း ဆာကီကာဝါ၊ ခင်ဗျားရဲ့လေလံအိမ်က ကျွန်တော့်ကို တော်တော်ဆိုးတဲ့ အတွေ့အကြုံ ပေးတာပဲ။ အရမ်းစိတ်ပျက်မိတယ် "
" တောင်းပန်ပါတယ် "
တာရိုu ဆာကီခါဝါ ထပ်ခါထပ်ခါ တောင်းပန်နေခဲ့သည်။
နောက်ဆုံးတွင် သူသည် ရှီကဲရု အာကီတာထံသို့ လှည့်လာပြီး ပြောသည်။
" ရင်းနှီးငွေ လုပ်ငန်းဆိုင်ရာကိစ္စတွေကို ချက်ချင်း ကူညီပေးလိုက်။ ယဲ့လူကြီးမင်းကို မင်းကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းပေးရမယ် "
ရှီကဲရု အာကီတာမှ ပြောသည်။
" လူကြီးမင်း ဆာကီခါဝါ၊ ဒီကောင်လေး ..... ယဲ့လူကြီးမင်းရဲ့ ရန်ပုံငွေက ဝင်ခွင့်အဆင့်ကို မရောက်သေးပါဘူး။ သူ့တစ်ယောက်တည်းအတွက် စည်းမျဉ်းတွေကို ချိုးဖောက်လို့ မရပါဘူး "
ဆာကီခါဝါ တာရို၏ မျက်နှာ မည်းမှောင်သွားသည်။
" ဘာလဲ၊ ငါ့စကားတောင် အလုပ်မဖြစ်ဘူးလား "
ရှီကဲရု အာကီတာသည် သူ၏ သူဌေး မပျော်မရွှင်ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ရင်တုန်သွားသည်။
သို့သော် သူ ခဏတာ တုံ့ဆိုင်းပြီးနောက် ပြန်လည် ခိုင်မာလာသည်။
" လေလံအိမ်ရဲ့ မန်နေဂျာတစ်ယောက်အနေနဲ့ လေလံအိမ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရပါမယ်။ စည်းမျဉ်းတွေကို ဖောက်ဖျက်ဖို့ သူဌေးဆိုတဲ့ အထောက်အထားကို အသုံးချချင်ရင်တော့ မန်နေဂျာအဖြစ်ကနေ နှုတ်ထွက်လိုက်ပါမယ် "
သူ့စကားသည် လုပ်ကြံထားသော်လည်း စကားမှာ ဖြောင့်မတ်လွန်းသောကြောင့် လူတိုင်းက ချီးကျူးဩဘာပေးကြသည်။
ဘယ်သူကမှ ဝင်ခွင့် အရည်အချင်းမပြည့်မီပါက သူတို့ ဆန္ဒမရှိသော်လည်း ဘာမှ မပြောကြပေ။
သို့သော် တစ်စုံတစ်ယောက်သည် နောက်ဖေးတံခါးမှ ဝင်၍ ဝင်ခွင့်ရသွားပါက လူအများ၏ ဒေါသကို နှိုးဆွမိမည်ဖြစ်သည်။
စည်းမျဥ်းများကို လိုက်နာရန် မန်နေဂျာ ရှီကဲရုသည် သူ့သူဌေးကို ဆန့်ကျင်နိုင်သည်အထိ တွန့်ဆုတ်မနေခဲ့ချေ။
ဒီလိုသတ္တိက တကယ် ချီးကျူးစရာကောင်းလိုက်တာ ..........
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၂၇၅ )
ယန်း ၁ဘီလီယံပဲမလား။ ငါ ယဲ့လူကြီးမင်းအစား ပေးမယ်
ဆာကီခါဝါ တာရိုသည် ရှီကဲရု အာကီတာကို စိုက်ကြည့်နေသည်။
ဒီခွေးသား ဘာဖြစ်နေမှန်း သူ မသိပေ။
သာမာန်အားဖြင့် သူသည် ခွေးတစ်ကောင်လို နားထောင်သည်။
ယနေ့အခါ သူသည် လူရှေ့သူရှေ့တွင် သူ့အား ဆန့်ကျင်သူ ဖြစ်လာသည်။
သို့သော် ရှီကဲရု အာကီတာသည် သူ၏ မျက်နှာပေါ်တွင် ဖြောင့်မတ်သောအကြည့်ဖြင့် ခြိမ်းခြောက်မှုကို လုံးဝ ကြောက်ရွံ့နေခြင်းမရှိပေ။
ဆာကီခါဝါ တာရိုသည် ခြိမ်းခြောက်နေသည့် အကြည့်များကို ပြန်ရုတ်လိုက်ပြီး ချက်ချင်း ပြောလိုက်သည်။
" ယဲ့လူကြီးမင်းက အခု ပိုက်ဆံ ဘယ်လောက်ရှိလဲ "
ရှီကဲရု အာကီတာသည် ဘာမှ ဖုံးကွယ်မထားချေ။
" သူ့ရဲ့အဆိုအရ ၉ ဘီလီယံ ရှိပါတယ်။ သူက ကျွန်တော်တို့သတ်မှတ်ထားတဲ့ အနိမ့်ဆုံးသတ်မှတ်ချက်ကနေ ၁ ဘီလီယံလောက်လိုနေပါသေးတယ် "
ဆာကီခါဝါ တာရို၏ မျက်နှာပေါ်တွင် တည်ငြိမ်သော အပြုံးတစ်ခု ပေါ်လာသည်။
" ဒါက ၁ ဘီလီယံမလား။ ကျွန်တော် ယဲ့လူကြီးမင်းကို ပေးမယ် "
ရှီကဲရု အာကီတာသည် သူ နားကြားမှားသည်ဟု ထင်လိုက်သည်။
အများအားဖြင့် အလွန်တွန့်တိုတတ်သည့် သူ၏သူဌေးသည် အခြားတစ်ယောက်အတွက် ၁ ဘီလီယံကို ပေးမည်ဟု ပြောလာသည်။
" လူကြီးမင်း ဆာကီခါဝါ နောက်နေတာလား "
သူသည် သူ့သူဌေးကို အံ့ဩစွာ ကြည့်နေမိသည်။
" ငါ နောက်နေတာ ထင်လို့လား။ ယဲ့လူကြီးမင်းလိုလူက ငါ့လေလံပွဲကို လာတာနဲ့တင် ဂုဏ်ယူရတယ်။ သူဌေးအနေနဲ့ ကျေးဇူးတင်ကြောင်း ဖော်ပြသင့်တယ် "
ဆာကီခါဝါ တာရိုသည် သူ့ဘဏ်ကတ်ကို စားပွဲပေါ်တင်ကာ ပြောလိုက်သည်။
ရှီကဲရု အာကီတာ ထိတ်လန့်သွားသည်။
သူ့ဦးနှောက်သည် အလုပ်မလုပ်တော့သလို ဘာမှကို မစဉ်းစားနိုင်တော့ပေ။
ဆာကီခါဝါ တာရိုသည် ကျန်ရှိသော 1 ဘီလီယံကို ပေးဆောင်ရန် ဆန္ဒရှိနေပါက စည်းမျဉ်းများနှင့် လုံးဝကိုက်ညီတော့မည်ဖြစ်သည်။
ဘယ်သူမှ အပြစ်ရှာလို့ မရတော့ပေ။
" မင်း ဘာကို စောင့်နေတာလဲ။ မကူညီရင် တခြားတစ်ယောက်ကို ခေါ်လိုက်မယ် "
သူ ထိုနေရာ၌ ကြောင်အစွာ ရပ်နေသောကြောင့် ဆာကီခါဝါ တာရို သူ့ကို တိုက်တွန်းလိုက်သည်။
ရှီကဲရု အာကီတာ မကျေမနပ်ဖြစ်နေသော်လည်း သူသည် တခြားရွေးချယ်စရာ မရှိတော့ပေ။
သူသည် မျက်နှာပျက်လျက် ယဲ့ဖန်၏ ရင်းနှီးငွေလုပ်ငန်းစဉ်များကို ကူညီပေးခဲ့သည်။
ထိုမြင်ကွင်းကို အနီးပတ်ဝန်းကျင်မှ လူများက မြင်ပြီး အံ့သြသွားကြသည်။
" ဒီလူငယ်လေယက ဘယ်သူလဲ။ သူက ဘယ်လိုမလို့ လူကြီးမင်းဆာကီခါဝါကတောင် ၁ဘီလီယံ လိုတာ စိုက်ပေးတာလဲ "
" ဒီဆာကီခါဝါလူကြီးမင်းက တွန့်တိုတတ်တဲ့သူလို့ ကြားထားတာ။ သူ့မိန်းမက ယန်း၁သိန်းတန်တဲ့အိတ်ကို ဝယ်ခဲ့လို့ ရိုက်လိုက်တာ ဆေးရုံပို့လိုက်ရတယ်တဲ့ "
" ဟုတ်တယ်၊ သူ့သားက ပြိုင်ကားဝယ်ဖို့ ယန်း၁၀သန်း သုံးခဲ့တာကို သိတော့ သူ့သားကို အိမ်အပြင် နှင်ထုတ်ပြီး အဆက်အသွယ်ဖြတ်မယ်လို့တောင် ပြောခဲ့သေးတာ "
" အဲ့ဒီလို နာမည်ကြီး တွန့်တိုတဲ့လူက တခြားတစ်ယောက်အတွက် ယန်း၁ဘီလီယံကြီးတောင် ပေးဖို့ ဆန္ဒရှိနေတာလား။ နေက အနောက်အရပ်ကနေ တကယ် ထွက်လာတော့မယ် "
" ဒီတရုတ်နိုင်ငံက လူငယ်လေးက မရိုးရှင်းဘူးဆိုတာပဲ။ အဲ့တာကြောင့် သူ့ကို အရမ်းကပ်နေတာ "
" သူက မရိုးရှင်းဘူးဆိုရင်တောင် တရုတ်လူမျိုးဖြစ်နေတုန်းပဲ။ သူက ဂျပန်မှာ အင်အားအများကြီး မရှိနိုင်ဘူး။ လူကြီးမင်း ဆာကီခါဝါရဲ့ အနေအထားနဲ့ ဘာလို့ သူ့ကို မျက်နှာသာပေးရတာလဲ "
" ဟုတ်တယ် ..... "
လူတိုင်းသည် အချင်းချင်း တီးတိုးပြောနေကြပြီး ယဲ့ဖန်၏ သရုပ်မှန်ကို တိတ်တဆိတ် ခန့်မှန်းနေကြသည်။
ဆာကီခါဝါ တာရိုသည် ထိုလူများကို စိတ်မ၀င်စားဘဲ ရှီကဲရု အာကီတာမှ စီစစ်ခြင်း ပြီးဆုံးသည့်အခါ ယဲ့ဖန်စီသို့ ကိုယ်တိုင်ကိုယ်ကျ ယူဆောင်လာခဲ့သည်။
" လူကြီးမင်း မှတ်ပုံတင်ပြီးပါပြီ။ မနက်ဖြန်လေလံပွဲကိုဝင်ဖို့ ဒီလက်မှတ်ကို သုံးလို့ရပါတယ် "
ယဲ့ဖန်သည် သူ့လက်ထဲက လက်မှတ်ကို ကြည့်လိုက်ပြီး ချက်ချင်း မယူလိုက်ချေ။
သူသည် ရှီကဲရု အာကီတာကို ညွှန်ပြသည်။
" သူ့ကို ငါ့ဆီ ကိုယ်တိုင်ကိုယ်ကျ ပေးခိုင်းလိုက် "
ရှီကဲရု အာကီတာသည် ထိုစကားကို ကြားသောအခါ သူ၏အမူအရာသည် ချက်ချင်းပင် အလွန်ရုပ်ဆိုးသွားခဲ့သည်။
ဒါက သူ့မျက်နှာကို ပါးရိုက်လိုက်တာပဲ။
ယဲ့ဖန်သည် သူ့ကို ငြင်းပယ်လိုက်သော်လည်း ဆာကီခါဝါ တာရို စိတ်မချမ်းမသာ မဖြစ်သွားပေ။
ဘာမှကို မဖြစ်ပေ။
အစောက ဆာကာမိုတို မီယာဇာကီသည် ယဲ့လူကြီးမင်း၏ ခမ်းနားလှသော တိုက်ပွဲမှတ်တမ်းများအကြောင်း သူ့ကို ပြောပြခဲ့သည်။
ဂျပန်နိုင်ငံ၏ နံပါတ်တစ်ဂိုဏ်းဖြစ်သည့် ရာမာဂူမီ-ဂူချီဂိုဏ်းကိုပင် ယဲ့လူကြီးမင်းက နှိမ်နင်းခဲ့သည်။
ထိုကဲ့သို့လူအား လက်စားချေရန် စိတ်ကူးပင် မယဉ်သင့်ပေ။
လေလံအိမ် ပိုင်ရှင်တစ်ယောက်အနေနဲ့ ဒီလိုလူကို နှိုးဆွဖို့ ဘယ်က သတ္တိရှိမှာလဲ။
" မင်းကိုယ်တိုင် ပေးလိုက် "
သူသည် စကားပြောနေစဉ်တွင် လက်မှတ်ကို ရှီကဲရု အာကီတာစီသို့ ပြန်ပေးလိုက်သည်။
ရှီကဲရု အာကီတာ၏ မျက်နှာသည် ပြာနှမ်းသွားသည်။
ထို့နောက် အံကြိတ်ကာ ယဲ့ဖန်ဆီသို့ လျှောက်သွားလိုက်သည်။
သူ့မျက်နှာမှာ တင်းမာနေဆဲဖြစ်သည်။
" ဒီမှာပါ "
ယဲ့ဖန် သူ့လက်များကို အိတ်ကပ်ထဲထည့်လိုက်သည်။
" ဒါက ခင်ဗျားတို့ရဲ့ လေလံအိမ်က ဖောက်သည်တွေကို ဆက်ဆံတဲ့ပုံစံလား "
ရှီကဲရု အာကီတာ၏ ရင်ဘတ်သည် ပြင်းထန်စွာ ခုန်ပေါက်နေသည်။
အဆုံးတွင် သူသည် ဒေါသကို မျိုသိပ်လိုက်ပြီး သူ့လေသံမှာ အနည်းငယ် တိုးတက်လာသည်။
" ကျေးဇူးပြုပြီး ဒီလက်မှတ်ကို လက်ခံပေးပါ "
ယဲ့ဖန်၏ နှုတ်ခမ်းသည် လှောင်ပြုံးဖြစ်နေသည်။
" ဧကရာဇ် ဒီနေ့ ကြွလာရင်တောင် မဝင်ရဘူးလို့ မပြောခဲ့ဘူးလား။ အခု ဘာပြောစရာ ရှိသေးလဲ "
ရှီကဲရု အာကီတာသည် အလွန်အရှက်ကွဲရသော်လည်း လက်နှစ်ဖက်ဖြင့် ရိုသေစွာ ပေးနေဆဲဖြစ်သည်။
" အရင်က ..... ကျွန်တော် ရိုင်းစိုင်းမိသွားပါတယ်။ ကျေးဇူးပြုပြီး ...... ယဲ့လူကြီးမင်းက ကျွန်တော့်လိုနဲ့ ဖက်မဖြစ်ပါနဲ့ "
ယဲ့ဖန်သည် ကတ်ကို မယူသေးပေ။
" ခုနက ပြောခဲ့ပါသေးတယ်။ ငါနဲ့ စကားပြောနိုင်တာက မင်း ဂုဏ်ယူစရာပဲ။ မင်းကိုယ့်ကိုယ်ကိုယ် မှန်ကန်တဲ့နေရာမှာ နေပြီး ဂုဏ်မယူနိုင်တာ သနားစရာပဲ။ ဒါပေမယ့် အမှန်က မင်းခွေးတစ်ကောင်ပဲ "
ရှီကဲရု အာကီတာ ရုတ်တရက် ခေါင်းမော့ပြီး သူ့ကို စိုက်ကြည့်လိုက်သည်။
ယဲ့ဖန် သူ့ကို တည်ငြိမ်စွာ ကြည့်နေသည်။
" ခွေးရဲ့ အနေအထားကို မင်း အခုထိ မတွေ့သေးဘူးထင်တယ်။ ဒါဆို ငါ မင်းကို သင်ပေးမယ် "
ထိုစကားကို ပြောပြီးနောက် ပါးရိုက်လိုက်လေသည်။
ဖြောင်း
ထိုပါးရိုက်ချက်မှာ ပြင်းထန်လွန်းသောကြောင့် ရှီကဲရု အာကီတာသည် လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။
ထိုမြင်ကွင်းကို လူတိုင်း တိတ်ဆိတ်စွာ ကြည့်နေကြသော်လည်း ဘယ်သူမှ မပြောရဲကြပေ။
ဆာကီခါဝါ တာရိုမှာတော့ သူ့ဝန်ထမ်းကို ရိုက်နှက်သည်အား မတွေ့သလို ခေါင်းကို လှည့်လိုက်သည်။
လင်းကျွင်းကျွင်းသည် ယဲ့ဖန်၏ အနောက်တွင် ရပ်နေသည်။
သူမ တိတ်တဆိတ် သဘောကျသွားသည်။
ထိုရှီကဲရု အာကီတာသည် ယခင်က သူမအား အရှက်မဲ့စွာ ခြိမ်းခြောက်ခဲ့ဖူးသည်။
ယခု သူသည် ယဲ့ဖန်၏ ပြင်းထန်စွာ အရိုက်ခံရခြင်းကို မြင်လိုက်ရသည့်အတွက် သူမ အလွန်ကျေနပ်သွားသည်။
ရှီကဲရု အာကီတာသည် သူ့မျက်နှာကို ဂရုစိုက်သူတစ်ယောက် ဖြစ်သည်။
လူများစွာရှေ့၌ ယဲ့ဖန်ထံမှ ပါးရိုက်ခံရပြီးနောက် သူ့ရင်ထဲ၌ ဒေါသများ ပူလောင်လာသည်။
သူသည် တောက်လောင်နေသည့် မျက်လုံးများဖြင့် ယဲ့ဖန်ကို ကြည့်လိုက်သည်။
ယဲ့ဖန်သည် နောက်မဆုတ်ချေ။
သူ့ကို ပါးရိုက်လိုက်ပြန်သည်။
" မင်းကို နောက်ထပ်အကြံဉာဏ်တစ်ခု ပေးမယ်။ မင်းက တခြားသူတွေထက် အားနည်းနေရင် မင်းရဲ့ မာနကို ဖုံးကွယ်ဖို့ သင်ယူရမယ်။ မဟုတ်ရင် မင်း မြန်မြန်သေလိမ့်မယ် "
ရှီကဲရု အာကီတာသည် သူ၏ ပူလောင်နေသော ပါးပြင်ကို ဖုံးအုပ်ထားပြီး သူ့မျက်နှာ၌ နာကြည်းမှု တစ်စုံတစ်ရာ မပြရဲတော့ချေ။
မဟုတ်ပါက ပို၍ ရိုက်နှက်ခံရမည်သာ ဖြစ်သည်။
ယဲ့ဖန်သည် သူ၏ သဘောထား နောက်ဆုံးတွင် 'ရည်မွန်'လာသည်ကို မြင်ပြီး ဆက်လက် တိုက်ခိုက်မနေတော့ပေ။
" ယသင်ယူတာ မြန်သားပဲ။ မယုံရင် အချိန်မရွေး လာပြီး လက်စားချေနိုင်တယ်။ မင်းကို လက်နှစ်ဖက်နဲ့ ကြိုဆိုပေးမယ် "
ယဲ့ဖန် စကားပြောနေစဉ်တွင် သူ့လက်ထဲမှ လက်မှတ်ကို ယူကာ လင်းကျွင်းကျွင်းစီသို့ လှည့်ပြီး လမ်းလျှောက်ထွက်သွားခဲ့သည်။
ရှီကဲရု အာကီတာ၏ မျက်လုံးများထဲတွင် အမုန်းတရားများကို ထိန်းမနိုင်တော့ပေ။
သူသည် ယဲ့ဖန်နောက်ကျောကို စိုက်ကြည့်ပြီး မနက်ဖြန်လေလံပွဲ၌ ဘယ်လိုလက်စားချေရမည်လဲဆိုတာ စဉ်းစားနေသည်။
ယဲ့ဖန်သည် တံခါးပေါက်သို့ ရောက်ပြီးမှ ရုတ်တရက် ရပ်သွားသည်။
သူသည် လှည့်ကြည့်ပြီး ဆာကီခါဝါ တာရိုကို ပြုံးပြသည်။
" မနက်ဖြန် ဒီလူကို ထပ်မတွေ့ချင်တော့ဘူး "
ထိုသို့ ပေါ့ပါးစွာ ပြောပြီးနောက် လှည့်ထွက်သွားသည်။
ရှီကဲရု အာကီတာ သူ့နှလုံးသားထဲ၌ လှောင်ရယ်နေသည်။
သူ့ကိုယ်သူ ဂျပန်ပါလီမန်ရဲ့ ဥက္ကဌလို့ ထင်နေတာလား။
မင်းပြောတိုင်း သူများတွေက နားထောင်ရမှာလား၊
သူ တွေးနေစဉ် သူ့သူဌေး ဆာကီခါဝါ တာရိုက သူ့စီ ဖြည်းညှင်းစွာ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။
" အခု ဘဏ္ဍာရေးဌာနကို သွားပြီး လစာကို ရှင်းလိုက်၊ မနက်ဖြန်ကစပြီး မင်းဒီကို လာစရာ မလိုတော့ဘူး ........ "
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၂၇၆ )
ချစ်စရာကောင်းသည့် တုံးအမှု
ရှီကဲရု အာကီတာ၏ အမူအရာသည် သိသာစွာ ပြောင်းလဲသွားသည်။
" လူကြီးမင်း ဆာကီခါဝါ၊ ဒီကလေးရဲ့ စကားကြောင့် ကျွန်တော့်ကို တကယ်ထုတ်မှာလား။ ကျွန်တော်က ကျွန်တော်တို့လေလံအိမ်ရဲ့ သူရဲကောင်းပါ။ ကျွန်တော့်ကို ဒီလိုလုပ်လို့မရဘူး "
ဆာကီခါဝါ တာရို ရယ်မောလိုက်သည်။
" မင်းက လေလံအိမ်ရဲ့ သူရဲကောင်းတင် မပြောနဲ့ မင်းက ငါ့အဖေအရင်း ဖြစ်နေရင်တောင် ယဲ့လူကြီးမင်းက မင်းကို မကြိုက်သရွေ့ မင်း အထုပ်အပိုးယူပြီး ထွက်သွားရလိမ့်မယ် "
ရှီကဲရု အာကီတာ စိတ်ရှုပ်သွားသည်။
" ဘာလို့လဲ၊ သူက တရုတ်ပဲ မဟုတ်ဘူးလား။ ဘာလို့ သူ့ကို ကြောက်နေတာလဲ "
ဆာကီခါဝါ တာရို၏ အမူအရာသည် ချက်ချင်းပင် မည်းမှောင်သွားသည်။
" လေလံအိမ်အတွက် မင်း အကောင်းဆုံးကြိုးစားပြီးပြီဆိုတော့ မင်းကို ငါအကြံတစ်ခုပေးမယ်။ ယဲ့လူကြီးမင်းကို ထပ်ပြီး မကောင်းပြောမနေနဲ့။ လက်စားချေဖို့လည်း စိတ်ကူးမထားနဲ့။ မဟုတ်ရင် မင်းကို သူက အပြစ်ပေးရုံတင်မကဘူး၊ မင်းမိသားစုပါ ဒုက္ခရောက်လိမ့်မယ် "
ရှီကဲရု အာကီတာ နားထောင်ပြီး ပို၍ ထိတ်လန့်သွားလေသည်။
သူ ဘာကြောင့်လဲဆိုတာ တကယ် သိချင်မိသည်။
သို့သော် ဆာကီခါဝါ တာရိုသည် သူ့ကို ထပ်ပြောရန် အခွင့်အရေးမပေးခဲ့ပေ။
" ဒါပဲ ငါပြောစရာရှိတယ်။ မင်းနားထောင်ချင်လားဆိုတာ မင်းအပေါ်မှာပဲ မူတည်တယ်။ ဒါပေမယ့် အခုချိန်ကစပြီး ငါတို့လေလံပွဲနဲ့ မင်းနဲ့ ဘာမှမဆိုင်တော့ဘူး "
ထိုစကားကို ပြောပြီးနောက် ပြတ်ပြတ်သားသား ထွက်ခွာသွားခဲ့သည်။
ရှီကဲရု အာကီတာ၏ ခြေထောက်များသည် ပျော့ခွေသွားကာ လဲကျလုနီးပါး ဖြစ်ခဲ့သည်။
သူဌေး ဆာကီခါဝါ တာရိုပင်လျှင် ဤလူကို အလွန်ကြောက်လေသည်။
သူ ဘယ်လို သက်ရှိဘိုးဘေးကို နှိုးဆော်ခဲ့တာလဲ။
လင်းကျွင်းကျွင်းသည် ယဲ့ဖန် လေလံတင်အိမ်မှ ထွက်လာသည်ကို လိုက်သွားခဲ့သည်။
သူမ ခေါင်းမှာ အနည်းငယ် မူးနေသေးသည်။
သူမကို စိတ်ပူပန်စေခဲ့သောကိစ္စကို ယဲ့ဖန်မှ လွယ်ကူစွာ ဖြေရှင်းပေးခဲ့သည်။
သူမ ပျော်နေသော်လည်း တစ်ချိန်တည်းမှာပင် ရှုံးနိမ့်မှုကို နက်ရှိုင်းစွာ ခံစားခဲ့ရသည်။
ယဲ့ဖန်သည် သူမ အနည်းငယ် စိတ်ဓာတ်ကျနေသည်ကို မြင်လိုက်ရပြီး သူမကို စနောက်လေသည်။
" ဘာဖြစ်နေတာလဲ။ ဝင်ခွင့်ရပြီကို မင်းဘာလို့ မပျော်တာလဲ "
လင်းကျွင်းကျွင်း အတင်းပြုံးပြသည်။
" အရမ်းပျော်တယ်။ ဒါပေမယ့် ရှင်နဲ့ယှဉ်ရင် ကျွန်မက အမှိုက်တစ်စလို ခံစားရတယ် "
ထိုသည်ကို ယဲ့ဖန်ကြားပြီးနောက် သူ့အမူအရာက ချက်ချင်းပင် လေးနက်လာသည်။
" မင်းကိုယ့်ကို ဘာလို့ပြိုင်နေတာလဲ။ မင်းကိုယ်မင်း ဒုက္ခရှာနေတာ မဟုတ်ဘူးလား "
လင်းကျွင်းကျွင်းသည် သူမကို နှစ်သိမ့်ပေးလိမ့်မည်ဟု တွေးလိုက်သည်။
သို့သော် သူသည် ဤမျှလောက် တည်ငြိမ်နေလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။
သူမ ချက်ချင်း မျက်လုံးပြူးသွားသည်။
" ဟေး ဟေး ဟေး၊ ရှင် နည်းနည်းလောက် နှိမ့်ချလို့ မရဘူးလား "
ယဲ့ဖန် ပုခုံးတွန့်လိုက်သည်။
" တကယ်တော့ ကိုယ်က အခုတောင် အရမ်းနှိမ့်ချနေပြီ။ ဒါပေမယ့် ကိုယ့်ကို မာနကြီးလွန်းတယ်လို့ မင်းက ထင်နေတုန်းပဲ။ အဲ့တာကိုတော့ မကူညီနိုင်ဘူး။ ခွန်အားက အတိုင်းအတာတစ်ခုအထိ ကွာခြားသွားတဲ့အခါ အစာစားတာတောင် ဟန်ဆောင်လို့ သတ်မှတ်ခံရလိမ့်မယ်။ ကိုယ်လည်း ကူကယ်ရာမဲ့ဖြစ်နေပြီ "
ဒီတစ်ယောက်ကတော့ ထပ်ပြီး သရုပ်ဆောင်နေပြန်ပြီ။
လင်းကျွင်းကျွင်းသည် သူမ၏ လက်သီးနှစ်ဖက်ကို ဆုပ်ထားသည်။
သူ့ကို ရိုက်ချင်သော်လည်း မရိုက်ရဲပေ။
သူမသည် ချစ်စရာကောင်းစွာ နုံအနေခဲ့သည်။
ယဲ့ဖန်သည် သူမ၏ ချစ်စဖွယ် အသွင်အပြင်ကို မြင်ပြီး မသိစိတ်မှ သူမ၏ခါးကို ဖက်လိုက်သည်။
" ကိုယ့်အနားမှာ မင်း ဘာမှဂရုမစိုက်ဘဲ ကောင်းကောင်းနေနိုင်တယ်။ ကောင်းကင်ကြီးကျလာရင်တောင် ကိုယ်ကို ထောက်ထားပေးမယ် "
လင်းကျွင်းကျွင်း၏ ခန္ဓာကိုယ်သည် ရုတ်တရက် သူမအား ပွေ့ဖက်လိုက်သောအခါ အသက်ရှုသံများ မြန်လာပြီး တောင့်သွားသည်။
" အဟွတ် ... အဟွတ် .... "
သူတို့နှစ်ယောက်ကြားမှ လေထုသည် အနည်းငယ် ပူပြင်းလာချိန် သူတို့အနောက်မှ ဆာကာမိုတို မီယာဇာကီ ချောင်းဆိုးသံကို ရုတ်တရက် ကြားလိုက်ရသည်။
လင်းကျွင်းကျွင်း ရှက်သွားပြီး သူ့ကို တွန်းထုတ်လိုက်သည်။
" ရှင်ရဲ့ဘေးနားမှာ ဘယ်သူက ဒီအတိုင်း အသာခိုနေချင်လို့လဲ။ ကျွန်မကိုယ်ပိုင်ခွန်အားနဲ့ သက်သေပြချင်တာ "
ထိုသို့ပြောပြီးနောက် သူမသည် ကားတစ်စီးကို လှမ်းခေါ်ကာ နောက်ပြန်မလှည့်ဘဲ ထွက်သွားခဲ့သည်။
ယဲ့ဖန် သူမထွက်သွားသည့် လမ်းကြောင်းကို ကြည့်လိုက်သည်။
သူ့မျက်နှာ၌ အပြုံးတစ်ခု ရှိနေသေးသည်။
သူမသည် ပိုသာ၍ ပိုကောင်းသူဖြစ်ရန်သာ ငြင်းဆိုခဲ့သည်။
သို့သော် သူ့အနားမှာ မနေချင်ဘူးဟု မပြောခဲ့ချေ။
သူမအတွေးလေးတွေကို ဖုံးကွယ်ထားနိုင်မယ်လို့ သူမ ထင်နေတာလား။
ဆာကာမိုတို မီယာဇာကီသည် သူ့အား လုံးဝမဖုံးကွယ်ဘဲ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။
" ယဲ့လူကြီးမင်းမှာ ဒီလို အရင်းနှီးဆုံး မိန်းကလေးအဖော်ရှိတာ မနာလိုမိပါတယ် "
ယဲ့ဖန် သူ့ကို လှည့်ကြည့်လိုက်သည်။
" ဒီနေ့လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် "
ဆာကာမိုတို မီယာဇာကီ သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။
" ကျေးဇူးပြုပြီး အဲ့လိုမပြောပါနဲ့။ နီရှီကျိုဂင်ဇာဈေးဝယ် အဆောက်အဦးကို ဝယ်ပြီးတာတောင် စီမံခန့်ခွဲခွင့်ပေးတာကို ကျေးဇူးတင်ရမှာပါ။ ဒီလိုအသေးအမွှားကိစ္စလေးမှာ ကူညီပေးတာတင်ပါပဲ "
ယဲ့ဖန် ပေါ့ပါးစွာသာ ပြုံးလိုက်သည်။
ထို့နောက် သူ ခေါင်းစဉ်ပြောင်းလေသည်။
" အာ၊ ကျွန်တော် ခင်ဗျားကို နောက်တစ်ခု အကူအညီတောင်းဦးမယ် "
ဆာကာမိုတို မီယာဇာကီသည် ချက်ချင်းပင် လေးနက်လာသည်။
" တခြားညွှန်ကြားချက် ရှိတာပါလား "
ယဲ့ဖန်သည် သူ့ကို ဂျပန်ယန်း ၁၀ဘီလီယံပါသည့် ဘဏ်ကတ်ကို ပေးလိုက်သည်။
" ဒီထဲက ပိုက်ဆံတွေအားလုံးကို ထုတ်နိုင်အောင် ကူညီပေးပါ။ မနက်ဖြန်လေလံပွဲမစခင် လေလံပွဲကို ပို့ပေးရမယ် "
ဆာကာမိုတို မီယာဇာကီ စိတ်ရှုပ်သွားသည်။
" လေလံအိမ်မှာ ကတ်နဲ့ ပေးချေလို့ရပါတယ်။ ဘာလို့ ငွေသားနဲ့ ပေးရမှာလဲ "
ယဲ့ဖန် ဆက်လက် ရှင်းပြမနေပေ။
" ကျွန်တော်ပြောတဲ့အတိုင်း လုပ်လိုက်ပါ။ မနက်ဖြန် သိလိမ့်မယ် "
သူ ရှင်းပြလိုစိတ် မရှိသည်ကို မြင်ပြီး ဆာကာမိုတို မီယာဇာကီက ဆက်မမေးတော့ပေ။
ချက်ချင်း သဘောတူပြီး မောင်းထွက်သွားသည်။
ယဲ့ဖန် လှည့်ကြည့်လိုက်ပြီးနောက် ဆာကီခါဝါ လေလံအိမ်၏ ဆိုင်းဘုတ်ကို ကြည့်လိုက်သည်။
သူ့နှုတ်ခမ်းထောင့်က တွန့်ကွေးသွားသည်။
မနက်ဖြန်တွေ့ကြတာပေါ့။
.........................
ဘုန်း
အလင်းရောင်မှိန်ပျပျ ရုံးခန်းတစ်ခုတွင် တန်ဖိုးကြီး သလင်းကျောက်ခွက်အား မြေကြီးပေါ်သို့ ရိုက်ခွဲလိုက်ရာ အပိုင်းအစများ နေရာအနှံ့ ပျံ့လွင့်သွားခဲ့သည်။
ဆာကီခါဝါ တာရိုသည် ကျယ်လောင်စွာပင် အသက်မရှူရဲဘဲ လေးစားစွာ ရပ်နေခဲ့သည်။
" ဒီကလေးအတွက် မင်းက ဘာလို့ ပိုက်ဆံကို ပေးခဲ့တာလဲ။ ဒီပစ္စည်းတွေကို ငါဆုံးဖြတ်ပြီးသွားပြီဆိုတာ မင်း သိပါတယ်။ ဒါပေမယ့် အခု မင်းက အဲ့ဒီလို ပြင်းထန်တဲ့ ရန်သူကို တမင်တကာ လွှတ်ပေးလိုက်တော့ ငါ့ရဲ့ ကြီးမားတဲ့ အစီအစဉ်ကြီးကို ဖျက်ဆီးဖို့ ကြိုးစားနေတာလား "
စားပွဲနောက်၌ ထိုင်နေသည့်လူက မေးသည်။
အလင်းရောင်ကြောင့် သူ့တစ်ကိုယ်လုံးသည် အမှောင်ထဲ၌ ကွယ်နေပြီး သူ့အသွင်အပြင် အတိအကျကို ရှင်းလင်းစွာ မမြင်ရပေ။
ဆာကီခါဝါ တာရိုသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်သည်။
" မီကီဆန်၊ ယဲ့လူကြီးမင်းက အရမ်းသန်မာလွန်းတယ်။ ကျွန်တော် .... သူ့ကို မစော်ကားရဲဘူး "
အုန်း
'မီကီဆန်'ဟု ခေါ်သူသည် ပိုလို့ပင် ဒေါသထွက်လာပြီး စားပွဲကို ထပ်ရိုက်လိုက်သည်။
" မင်းက သူ့ကိုမစော်ကားရဲပေမယ့် ငါ့ကိုကျ စော်ကားရဲတာလား "
ဆာကီခါဝါ တာရိုသည် သူ့နဖူးမှ ချွေးများကို သုတ်လိုက်သည်။
" မီကီဆန်၊ ကျွန်တော့်အတွက် ခက်ခဲအောင် မလုပ်ပါနဲ့။ လူကြီးမင်းတို့ နှစ်ယောက်လုံးက တကယ့်အကောင်ကြီးတွေပါပဲ။ ဘယ်သူ့ကိုပဲ စော်ကားခဲ့ပါစေ ကျွန်တော်ပဲ အဆုံးကျ ခံရမှာပါ "
သူ စိတ်ထဲ၌ တိတ်တဆိတ် ညည်းညူနေမိသည်။
မသေနိုင်တဲ့ သရဲတွေနဲ့ တိုက်ရတာ ဘာလဲသိလား။
ဒါပဲ
မီကီဆန်သည် စကားထပ်မပြောတော့ပေ။
သူ့လက်ချောင်းများသည် စားပွဲပေါ်ကို ရိုက်ပုတ်သံများ ထွက်နေသည်။
ထိုသည်ကို ကြားပြီး ဆာကီခါဝါ တာရို၏ နှလုံးသားမှာ ကြောက်လန့်တကြား ခုန်ပေါက်သွားသည်။
ဤ မီကီဆန်၏ ခွန်အားမှာလည်း ထူးယခြားလှသည်။
စကားတစ်ခွန်း ပြောလိုက်သည်ဖြင့် ပျောက်ကွယ်သွားပေလိမ့်မည်။
ခဏကြာပြီးနောက် မီကီဆန်က ထပ်ပြောပြန်သည်။
" ဒါ မင်းအပြစ်တော့ မဟုတ်ပါဘူး။ မူလအစီအစဉ်အတိုင်း ဆက်သွားကြရအောင် "
ထိုအခါမှ ဆာကီခါဝါ တာရို သက်ပြင်းတစ်ချက်ချလိုက်သည်။
" ဒါဆို ကျွန်တော် ဆက်ပြီး စီစဉ်ပါ့မယ် "
မီကီဆန် တခြားဘာမှပြန်မပြောသည်ကို တွေ့၍ ဖြည်းညှင်းစွာ ရုံးခန်းထဲမှ ထွက်လာခဲ့သည်။
ရုံးခန်းထဲမှ ထွက်လာပြီးနောက် သူ့ကျော၌ ချွေးများ ရွှဲနေသည်ကို သိလိုက်ရသည်။
မီကီဆန်က အရမ်းကြောက်စရာကောင်းတယ်။
သူ မတတ်နိုင်ဘဲ တုန်ရီစွာနှင့် အမြန်ထွက်သွားသည်။
နောက်နေ့မနက်တွင် ယဲ့ဖန်သည် သူ့ဖုန်းမြည်သံကြောင့် အိပ်ပျော်နေရာမှ နိုးလာယသည်။
ခေါ်ဆိုသူကို မကြည့်ဘဲ ဖုန်းကို ကောက်ကိုင်လိုက်သည်။
" ဘယ်သူလဲ "
သူ ကြောင်အစွာနှင့် မေးသည်။
" ဘယ်နှစ်နာရီရှိပြီလဲ။ ဘာလို့အိပ်နေသေးတာလဲ "
လင်းကျွင်းကျွင်း၏ အသံသည် အခြားတစ်ဖက်မှ ထွက်ပေါ်လာသည်။
" ၈း၀၀နာရီပဲရှိသေးတယ်။ ဘာလို့အစောကြီး ထနေတာလဲ "
ယဲ့ဖန်သည် အချိန်ကို ကြည့်လိုက်ပြီး အနည်းငယ် စိတ်မချမ်းသာပေ။
" လေလံပွဲက ၁၀နာရီလောက်မှ စမှာလေ။ မြန်မြန်ထ။ ရှင့်ရဲ့ဟိုတယ်မှာ အောက်ထပ်ရောက်နေပြီ "
လင်းကျွင်းကျွင်းက တိုက်တွန်းလိုက်သည်။