← Chapters

အခန်း (၁၂၇၇-၁၂၈၀)

Vol. 64 Ch. 1277-1280

အခန်း (၁၂၇၇-၁၂၈၀)

Vol. 64 Ch. 1277-1280

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၂၇၇ )

မတော်တဆ မဟုတ်ဘူးလား

" နှစ်နာရီကျန်သေးတယ် မဟုတ်လား။ မင်း ဘာလို့အလျင်လိုနေတာလဲ "

ယဲ့ဖန် အနည်းငယ် စိတ်မချမ်းမသာ ဖြစ်သွားသည်။

" ထပြီး ရေချိုးလိုက်။ ပြီးရင် မနက်စာ သွားစား။ သွားရမှာနဲ့ အချိန်က နီးနေပြီ။ ရှင်မထရင် တက်လာပြီး ရှင့်စောင့်ကို ဖယ်လိုက်မယ် "

လင်းကျွင်းကျွင်း ချက်ချင်း ခြိမ်းခြောက်လိုက်သည်။

" ကောင်းပြီ၊ ကိုယ်သိပြီ "

ယဲ့ဖန်သည် ထ၍ ရေချိုးရတော့သည်။

သူ ရေချိုးပြီး ရေချိုးခန်းထဲက ထွက်လာသည့်အခ် ချန်းဖေးအယ် ထွက်လာသည်ကို တွေ့လိုက်ရသည်။

" ဒီနေ့ အပြင်သွားမလို့လား "

ချန်းဖေးအယ် သူ့ကို ကူကယ်ရာမဲ့စွာ ကြည့်နေသည်။

ဤကောင်လေးသည် နေ့တိုင်း အစောထွက်သွားပြီး နောက်ကျမှ ပြန်လာလေသည်။

သူနှင့် နောက်လာမည့် အစီအစဉ်ကို ဆွေးနွေးချင်သော်လည်း အချိန်မပေးနိုင်ပေ။

" ဟုတ်တယ်၊ ဒီနေ့လေလံပွဲသွားရမယ် "

ယဲ့ဖန် ပေါ့ပါးစွာ ပြန်ဖြေလေသည်။

" လေလံပွဲသွားမလို့လား "

ချန်းဖေးအယ် စိတ်ဝင်စားမှုကို ခံရသည်။

" မရဘူး၊ လက်မှတ်တစ်ခုကို လူနှစ်ယောက်ပဲ ဝင်ခွင့်ပြုတယ် '

ယဲ့ဖန်သည် ချက်ချင်းပင် သူမ၏ အတွေးများကို ဖယ်ရှားလိုက်သည်။

ချန်းဖေးအယ် ဒေါသတကြီး လှမ်းပြောလိုက်သည်။

" ရှင် တစ်နေ့တခြား မိန်းမကြီးနဲ့ ပိုတူလာတယ် "

ယဲ့ဖန်သည် သူမ ကလေးမလေးလို ပြုမူသည်ကို မြင်သောအခါ မတတ်နိုင်ဘဲ စနောက်လှောင်ပြောင်သည်။

" ဘာတွေပြောနေတာလဲ။ ကိုယ်က မိန်းမပဲ "

ချန်းဖေးအယ် ချက်ချင်း ကန့်ကွက်လိုက်သည်။

" အဲ့တာဆို မိန်းမကြမ်းကြီးပဲ ဖြစ်ရမယ် "

ယဲ့ဖန်သည် အနက်ရောင်ဝတ်စုံကို ၀တ်ဆင်ရန် အိပ်ခန်းထဲသို့ ပြန်လာလျက် ရယ်မောနေသည်။

ချန်းဖေးအယ်သည် သူ့အိပ်ခန်းထဲမှ ပြန်ထွက်လာသည်ကို စောင့်ဆိုင်းနေပြီး ရုတ်တရက် မထင်မှတ်ထားသည့် သတင်းတစ်ပုဒ်ကို ပြောပြခဲ့သည်။

" ဒီည ရာမာဂူမီ-ဂူချီဂိုဏ်းဌာနချုပ်ကို ခိုးဝင်ပြီး ယုကျိုးအိုကို ခိုးမယ်လို့ အားကန်က ပြောတယ် "

ယဲ့ဖန် အနည်းငယ် အံ့သြသွားသည်။

" သူ ပြင်ဆင်ပြီးပြီလား "

ရာမာဂူချီ-ဂူမီဂိုဏ်းဌာနချုပ်မှ ခိုးယူခြင်းသည် ဟာသမဟုတ်ပေ။

အထူးသဖြင့် ယုကျိုးအိုးကဲ့သို့ နိုင်ငံတော်ရတနာကို တင်းကြပ်စွာ ထိန်းသိမ်းထားမည် ဖြစ်သည်။

ချန်းဖေးအယ်၏ အမူအရာမှာလည်း အနည်းငယ် လေးနက်နေသည်။

" ကျွန်မလည်း သူ့ကို မေးတယ်။ အလုပ်ရှင်က သူ့ကို ယုကျိုးအိုးကို သုံးရက်အတွင်း ပို့ပေးဖို့ တိုက်တွန်းနေပြီလို့ ပြောတယ်။ မဟုတ်ရင် အရောင်းအဝယ် ပျက်သွားလိမ့်မယ် ''

ယဲ့ဖန် ခေါင်းမညိတ်ခင် ခဏလောက် စဉ်းစားလိုက်သည်။

" ဒါဆို သူ့ကိုသတိထားဖို့ ပြောလိုက်။ အဆင်မပြေရင် နောက်ထပ်အခွင့်အရေးကို ရှာနိုင်တယ် "

ချန်းဖေးအယ် သဘောတူကြောင်း ခေါင်းညိတ်သည်။

ယဲ့ဖန် တခြားဘာမှ မပြောတော့ပေ။

သူ ချက်ချင်း လှည့်ပြီး ထွက်သွားသည်။

ယဲ့ဖန်သည် ဟိုတယ်မှ ထွက်လာသောအခါတွင် လင်းကျွင်းကျွင်းသည် အနီရောင် BMWကားကို မှီနေသည်ကို တွေ့လိုက်ရသည်။

သူမသည် ယနေ့တွင် အနီရောင် ရုံးအမျိုးသမီးဝတ် ၀တ်စုံကို ၀တ်ဆင်ထားပြီး သူမ၏ ဖြောင့်စင်းသော ခြေထောက်များနှင့် အနီရောင် ဒေါက်မြင့်ဖိနပ်တစ်ရံကို ဝတ်ဆင်ထားသည်။

သူမကို ကြည့်ရသည်မှာ အလွန်ဆွဲဆောင်မှုရှိနေသည်။

ယဲ့ဖနခယ်သည် လောဘကို လုံးဝ မဖုံးကွယ်ဘဲ သူမစီသို့ ဖြည်းညှင်းစွာ လျှောက်လာသည်။

" ဒီနေ့ အရမ်းလှအောင် ဝတ်ပြီး လှည့်စားဖို့ ကြိုးစားနေတာ ဘယ်သူလဲ "

လင်းကျွင်းကျွင်းသည် သူမ၏ ဂုဏ်ယူမှုကို မြှင့်တင်လိုက်သည်။

" တကယ်တော့ ကျွန်မက အများကြီး မဝတ်ထားပေမယ့် အရမ်းလှတယ်လို့ ရှင်က ထင်နေတုန်းပဲ။ မတတ်နိုင်ဘူး။ မိတ်ကပ်မလိမ်းရင်တောင် အတိုင်းအတာတစ်ခုအထိ လှနေတော့ လူတွေက သေချာ ၀တ်စားတတ်တယ်လို့ ထင်ကြတာပဲ "

သူမ၏ လေသံသည် မနေ့က ယဲ့ဖန် စကားကို တုပသည်။

သူမသည် မနေ့ က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကို တေးမှတ်ထားဆဲဖြစ်သည်။

ယဲ့ဖန် ခါးသီးစွာ ပြုံးလိုက်သည်။

" မိန်းမတွေက တကယ်ကို ရက်စက်တာပဲ "

ကားပေါ်မတက်ခင် သူတို့နှစ်ယောက် စကားစမြည်ပြောပြီး ရယ်မောလိုက်ကြသည်။

လင်းကျွင်းကျွင်းသည် ယဲ့ဖန်ကို မနက်စာစားရန် နာမည်ကြီးသည့် ဆိုင်ကို အရင်ဦးဆုံး မောင်းသွားခဲ့ပြီး ဆာကီခါဝါ လေလံအိမ်ကို ဆက်၍ မောင်းသွားခဲ့သည်။

ယဲ့ဖန်သည် ရှေ့ခရီးသည်ထိုင်ခုံတွင် ထိုင်နေသည်။

သူမ၏ လေးနက်သော အမူအရာကို မြင်လိုက်ရကာ သူ ရယ်လိုက်သည်။

" ဘာတွေ စိတ်ပူနေတာလဲ "

လင်းကျွင်းကျွင်းသည် စတီယာရင်ဘီးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။

" ဒါက မေပယ်ရွက်ဆိုင်အတွက် ဝယ်ဖို့ ပထမဆုံး ကိုယ်စားပြုတာလေ။ ဒါက အရမ်းကြီး အမှာစာတစ်ခုပဲ။ ဘယ်လိုမှ စိတ်မပူဘဲ မနေနိုင်ဘူး "

ယဲ့ဖန် ရယ်ချင်စိတ်ကို ထိန်းလိုက်သည်။

" မင်းမှာ ကိုယ် မရှိဘူးလား "

လင်းကျွင်းကျွင်းသည် သူ့ကို စိုက်ကြည့်မိရာမှ ပိုလို့ပင် တုန်လှုပ်သွားသည်ကို ပြောချင်သည်။

သူမ ကောင်းကောင်း မလုပ်နိုင်ဘဲ ယဲ့ဖန်ကို စိတ်ပျက်စေမည်ကို စိုးရိမ်မိသည်။

" ဟုတ်သားပဲ၊ ယဲ့ဖန် ရှင် ..... "

သူမ လှည့်ပြီး တစ်ခုခုပြောခါနီး ယဲ့ဖန်၏ အမူအရာ ရုတ်တရက် ပြောင်းသွားသည်။

သူ အရှေ့ကို အမြန်ညွှန်ပြသည်။

" သတိထားဦး၊ ကားကိုကြည့် ..... "

လင်းကျွင်းကျွင်း လှည့်ကြည့်လိုက်ရာ သူမမျက်နှာသည် ချက်ချင်းပင် အလွန်ကြောက်လန့်သွားသည်။

သူတို့ရှေ့တွင် ကုန်တင်ကားကြီးတစ်စီးသည် ဆန့်ကျင်ဘက်မှ ဦးတည်လာနေသည်။

ထို့အပြင် အလွန်လျင်မြန်သော အရှိန်ဖြင့် ရွေ့လျားနေပြီး သူမ တုံ့ပြန်ရန် လုံးဝအခွင့်အရေးမရှိပေ။

သူမ ထိတ်လန့်တုန်လှုပ်စွာဖြင့် သူမသည် ယဲ့ဖန်အား အန္တရာယ်မှာ ကာကွယ်ပေးနိုင်ရန်မျှော်လင့်လျက် ယဲ့ဖန် ရှေ့သို့ သူမခန္ဓာကိုယ်ကို အမြန်ရွှေ့လိုက်သည်။

သို့သော် သူမသည် အကြောင်းအရာတစ်ခုကို မတွေးမိခဲ့ပေ။

သူမ၏ သေးသွယ်သော ခန္ဓာကိုယ်ဖြင့် လေးလံသော ထရပ်ကား၏ သက်ရောက်မှုကို သူမ မည်သို့ တားဆီးနိုင်မည်နည်း။

ထိုအရေးကြီးသော အခိုက်အတန့်တွင် ယဲ့ဖန်သည် အရှိန်မြှင့်စက်ကို ရုတ်တရက်နင်းလိုက်ပြီး စတီယာတိုင်ကို လှည့်လိုက်သည်။

ဝူး

ကားမတိုက်မီ တစ်စက္ကန့်အလိုတွင် BMWသည် ထရပ်ကား၏ ခေါင်းကို ကျော်သွားသည်။

သို့သော် BMWနောက်မှ လိုက်လာသည့် ကားများမှာတော့ ကံမကောင်းခဲ့ပေ။

ကျွီ ...... ဝုန်း

ကျယ်လောင်သော ပေါက်ကွဲသံများနှင့်အတူ အနောက်မှ ကားများသည် မှောက်သွားခဲ့သည်။

တရားခံဖြစ်သည့် ကုန်တင်ကားကြီးသည် ကားများပေါ်မှ ဖြတ်ကာ လမ်းမီးတိုင်ဘေးကို ဝင်တိုက်သည်။

ထူထဲသော လမ်းမီးတိုင်ကို ဝင်တိုက်ကာ ကားရှေ့ခန်းလည်း မွစာကြဲသွားသည်။

ယာဉ်မောင်း၏ ရှင်ခြင်း၊ သေခြင်းကို မသိရသေးပေ။

" အား … လူနာတင်ကား မြန်မြန်ခေါ်ကြ ..... "

" သွေးတွေ အများကြီးပဲ ...... တစ်ယောက်ယောက် သေသွားတယ် .... "

" ဒီမှာ ယာဉ်တိုက်မှုဖြစ်နေတယ်။ရဲကို အမြန်ခေါ် ..... "

ယာဉ်တိုက်မှုဖြစ်ပွားသည့်နေရာသည် ရှုပ်ပွနေပြီ ဖြစ်သည်။

ယဲ့ဖန်သည် BMW ကားကို လမ်းဘေး၌ ရပ်လိုက်ပြီး လင်းကျွင်းကျွင်းကို အမြန်စစ်ဆေးလိုက်သည်။

" အဆင်ပြေရဲ့လား၊ နာနေသေးလား "

လင်းကျွင်းကျွင်း ကြောင်အစွာဖြင့် ခေါင်းယမ်းလိုက်သည်။

သူမသည် ထိတ်လန့်ခြင်းမှ မသက်သာသေးပေ။

အချိန်အတော်ကြာပြီးနောက် သူမသည် ယဲ့ဖန်၏ ရင်ခွင်ထဲသို့ လှဲချလိုက်ပြီး ငိုချလိုက်သည်။

" ယဲ့ဖန်၊ ကျွန်မ သေပြီထင်တာ။ ကျေးဇူးတင်ပါတယ် ...... "

ယဲ့ဖန်သည် အခင်းဖြစ်ပွားရာနေရာကို ကြည့်ရင်း သူမကို နှစ်သိမ့်ပေးခဲ့သည်။

ထရပ်ကားသည် သူတို့စီသို့ သီးသန့်လာသည်မှာ ထူးဆန်းလွန်းလှသည်။

သံသယမဖြစ်ရန် ခက်လေသည်။

" ကားပေါ်မှာ အေးအေးဆေးဆေးနားနေ။ ကိုယ် သွားကြည့်လိုက်ဦးမယ် "

သူသည် လင်းကျွင်းကျွင်းကို ပြောပြီး တံခါးကို တွန်းဖွင့်ကာ ကားထဲက ဆင်းလိုက်သည်။

လင်းကျွင်းကျွင်းသည် ခဏတာ တုံ့ဆိုင်းနေပြီးနောက် ကားထဲမှ အမြန်ထွက်ကာ သူ့နောက်သို့ လိုက်သွားခဲ့သည်။

လက်ရှိအချိန်တွင် မြင်ကွင်းသည် ရှုပ်ထွေးနေဆဲ ဖြစ်သည်။

လူအများအပြား လာရောက်၍ မီးငြိမ်းသတ်နေကြကာ ဒဏ်ရာရသူများကို ကယ်ဆယ်နေကြသည်။

ယဲ့ဖန်သည် အတိုက်ခံရသော ကားများကို လှည့်ပတ်ကာ ထရပ်ကား၏ ယာဉ်မောင်းထိုင်ခုံစီသို့ ရောက်လာသည်။

အတော်ပင်ပုံပျက်နေသော တံခါးကို ဖွင့်ရန်ယဲ့ဖန် အကြိမ်များစွာ ကြိုးစားအားထုတ်ခဲ့သည်။

ကားမောင်းသူသည် စတီယာရင်ဘီးပေါ်၌ လဲလျောင်းနေသည်။

စတီယာရင်ဘီးသည် ယာဉ်တိုက်မှုကြောင့် သူ့ရင်ဘတ်သို့ နစ်ဝင်ပြီး သူ့ခေါင်းမှာလည်း သွေးထွက်သံယို ဖြစ်နေသည်။

ထိုလူကို ကားထဲမှ အမြန်ဆွဲထုတ်ပြီး နှစ်ကြိမ် ခေါ်အော်သည်။

သို့သော်လည်း ယာဉ်မောင်းက လုံးဝ တုံ့ပြန်ခြင်း မရှိပေ။

ယဲ့ဖန်သည် သူ၏ သွေးခုန်နှုန်းကို စစ်ဆေးကြည့်ရာ အားနည်းနေသေးသည်ကို တွေ့ရှိခဲ့သည်။

သူသည် ချက်ချင်းပင် ငွေအပ်နှစ်ချောင်းကို ထုတ်ပြီး ထိုလူ၏ သွေးကြောနေရာများကို ထိုးလိုက်သည်။

နောက်ဆုံးတွင် သူသည် ထိုယာဉ်မောင်း၏ အပ်စိုက်ကုထုံးနေရာကို ဖိလိုက်သည်။

ကားမောင်းသူသည် အမှန်တကယ်ပင် ဖြည်းညှင်းစွာ နိုးလာသော်လည်း ယဲ့ဖန်မျက်နှာကို မြင်လိုက်ရသောအခါ ထိတ်လန့်နေသော အရိပ်အယောင်များ သူ့မျက်လုံးထဲ၌ ပေါ်လာသည်။

ယဲ့ဖန်သည် သူ့အမူအရာကို မြင်ပြီး ချက်ချင်းပင် နှာမှုတ်လိုက်သည်။

" မင်းကို ဘယ်သူက ဒီကို ပို့လိုက်တာလဲ "

ဒရိုင်ဘာသည် ချက်ချင်းပင် စိတ်ရှုပ်ဟန်ဆောင်လေသည်။

" ငါ ...... နားမလည်ဘူး ......။ ဘာအကြောင်းပြောနေတာလဲ "

ဘေးနားရှိ လင်းကျွင်းကျွင်းပင်လျှင် ယဲ့ဖန်အား စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။

ဒါက မတော်တဆမှုတစ်ခု မဟုတ်ဘူးလား။

ဘာလို့ လုပ်ကြံထားသလို ယဲ့ဖန်က ပြောနေတာလဲ။

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၂၇၈ )

သေတာနဲ့ သေတာထက်ဆိုးတာ ဘယ်ဟာရွေးမလဲ

ယာဉ်မောင်းက ငြင်းနေသည်ကို ယဲ့ဖန် မြင်ပြီး အေးစက်စွာ နှာမှုတ်လိုက်သည်။

" မသိချင်ဟန်ဆောင်နေတာလား။ မင်းနောက်မှာ တစ်ယောက်ယောက်ရှိနေမှန်း ငါသိတယ်။ ငါ့ကို ပြောရင် မင်းကို လွှတ်ပေးလို့ရတယ် "

ကားသမားသည် ယဲ့ဖန်ပြောသည်ကို ကြားသော်လည်း တုန်လှုပ်ခြောက်ခြားမနေပေ။

သူ့မျက်နှာ၌ လှောင်ရယ်သံတစ်ခု ပေါ်လာသည်။

" ငါက ..... ငါက သေတော့မှာ။ မင်းငါ့ကို ဘာလုပ်နိုင်မှာလဲ ..... "

သူ စကားပြောစဉ် ပါးစပ်မှ သွေးများထွက်ကာ မျက်နှာနီရဲလာသည်။

ယဲ့ဖန် ချက်ချင်း ရယ်လိုက်သည်။

" သေခါနီး ဘာမှမလုပ်နိုင်ဘူးလို့ တကယ် ထင်နေတာလား။ ဒီကမ္ဘာမှာ သေတာထက် ပိုကြောက်စရာကောင်းတဲ့ အရာတွေ ရှိသေးတယ်။ အဲ့တာက သေတာထက် ပိုဆိုးတဲ့ဘဝနဲ့ နေထိုင်ရတာပဲ "

ထိုအချိန်တွင် သူသည် ကားမောင်းသမား၏ ရင်ဘတ်ဆီသို့ ရုတ်တရက် လှမ်းလိုက်သည်။

သူသည် နံရိုးအနည်းငယ်ကျိုးထားကာ နှစ်ချောင်းမှာ သူ့နှလုံးထဲသို့ ထိုးဖောက်ဝင်နေသည်။

သူသည် မျှော်လင့်ချက်မဲ့နေလေသည်။

ကားမောင်းသူသည် သူ့မျက်နှာတွင် မထီမဲ့မြင်ပြုသော အကြည့်ဖြင့် ကြည့်လိုက်သည်။

" ငါ ဒီနေ့ သေဖို့ အဆင်သင့်ဖြစ်နေပြီ။ ဘယ်ဟာက ငါ့ကို ခြိမ်းခြောက်နိုင်မှာလဲ "

သို့သော် မကြာခင်မှာပင် သူ့စိတ်ကူးမှာ ဘယ်လောက် ကလေးဆန်သည်ဆိုတာ သူသဘောပေါက်သွားသည်။

ဖော်မပြနိုင်သော နာကျင်မှုတစ်ခုသည် ရုတ်တရက် သူ့အပေါ် လွှမ်းခြုံသွားပြီး သူ့တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။

ယဲ့ဖန်သည် ကျိုးနေသည့်နံရိုးများကို ဆွဲလိုက်သည်။

သူ့မျက်နှာ၌ အပြုံးရှိနေသေးသည်။

" သေတာလား၊ ဒါမှမဟုတ် သေတာထက် ပိုဆိုးတဲ့ ဘဝလား။ ဘယ်ဟာ ရွေးမှာလဲ "

ကားသမားသည် သူ့ကို စိုက်ကြည့်ပြီး သူ့ရှေ့မှ လူငယ်လေးသည် နတ်ဆိုးထက် ပိုကြောက်စရာကောင်းမှန်း သိလိုက်ရသည်။

" ငါ…ပြောမယ်… "

ကားသမားသည် ခဏတာ အချိန်ဆွဲချင်မိသွားသည်။

သို့သော် ဤသည်က ကလေးဆန်နေမှန်း သူသိလေသည်။

သူ့ဘဝ၏ နောက်ဆုံးအဆင့်သည် သူထင်ထားသည်ထက် ပိုနှေးကွေးနေသည်ဆိုတာ နားလည်လိုက်သည်။

သူ တကယ်ပင် မခံနိုင်တော့ဘဲ နောက်ဆုံး၌ နောင်တရသွားသည်။

ထိုမှသာ ယဲ့ဖန်သည် သူ၏ဘနံရိုးများကို လွှတ်ပေးလိုက်သည်။

သူ့မျက်နှာတွင် အန္တရာယ်ကင်းသော အပြုံးတစ်ခုရှိနေသည်။

" ကျွန်တော်တို့ စောစောက ပူးပေါင်းဆောင်ရွက်ရင် ပိုကောင်းမှာ မဟုတ်ဘူးလား။ ကျွန်တော့်နည်းလမ်းတွေကို စမ်းသပ်မှရမှာလား "

ကားသမားသည် ကြောက်ရွံ့နေသော မျက်လုံးများဖြင့် သူ့ကို ကြည့်နေသည်။

သူ့ခန္ဓာကိုယ်သည် ပြင်းထန်စွာ နာကျင်နေသော်လည်း အစောကအချိန်နှင့် နှိုင်းယှဉ်ပါက ကောင်းကင်ဘုံသို့ ပြန်ရောက်သွားသကဲ့သို့ ဖြစ်နေသည်။

" ပြော၊ ခင်ဗျားကို ဘယ်သူက ဒီကို ပို့လိုက်တာလဲ "

ယဲ့ဖန်လေသံသည် ပိုနူးညံ့လာသည်။

" ဟို .... မီကီဆန်က ပို့တာ ..... "

ကားသမားက ဖြည်းညှင်းစွာပြောသည်။

" မီကီဆန်တဲ့လား။ သူ့နာမည်အပြည့်အစုံကဘာလဲ "

ယဲ့ဖန်သည် ဤနာမည်ကို မသိသောကြောင့် ချက်ချင်း မေးလိုက်သည်။

" သူ့ကို .... သူ့ကို မီကီချောင်ယန်းလို့ခေါ်တယ် ...... "

ရကားသမားက ရိုးသားစွာ ဖြေသည်။

" မီကီချောင်ယန်းတဲ့လား "

လင်းကျွင်းကျွင်းသည် ထိုနာမည်ကို ကြားလိုက်သောအခါ သူမ ချက်ချင်းပင် အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။

သေချာပေါက် သူမ ကြားဖူးလေသည်။

ယဲ့ဖန် သူမကို ချက်ချင်းမမေးဘဲ ကားမောင်းသူကို ဆက်မေးသည်။

" သူက ဘာလို့ ငါ့ကို သတ်ချင်တာလဲ "

ကားသမား၏ မျက်နှာသည် နီရဲနေပြီဖြစ်ကာ ထိန်းမရတော့ပေ။

" သူ .... သူပြောတာ .... မင်း .... မင်းကို လေလံ ..... မသွား ..... တားရမယ်တဲ့ .... "

သူ့စကားမပြီးခင်မှာပင် ခေါင်းစောင်းပြီး အသက်ရှုရပ်သွားသည်။

သို့သော် ယဲ့ဖန် နားလည်လိုက်သည်။

သူ ဆာကီခါဝါ လေလံအိမ်သို့ သွားခြင်းမှ တားချင်ခြင်း ဖြစ်သည်။

ထိုသည်ကို တွေးပြီး လင်းကျွင်းကျွင်းကို လှည့်ကြည့်လိုက်သည်။

" မင်း ဒီ မီကီချောင်ယန်းကို သိလား "

လင်းကျွင်းကျွင်း ချက်ချင်း ခေါင်းညိတ်လိုက်သည်။

" မီကီချောင်ယန်းက ဂျပန်နိုင်ငံရဲ့ ထိပ်တန်းရှေးဟောင်းပစ္စည်းရောင်းဝယ်သူပဲ။ သူက ဂျပန်နိုင်ငံ ရှေးဟောင်းဈေးကွက်ရဲ့ ထက်ဝက်ကို လွှမ်းမိုးထားတဲ့သူလို့ ပြောလို့ရတယ်။ ဒီတစ်ကြိမ် လေလံပွဲမှာ သူ ပါဝင်မယ်လို့ ကြားတယ် "

ယဲ့ဖန် သူမ ရှင်းပြချက်ကို ကြားပြီး ချက်ချင်း သဘောပေါက်သွားသည်။

ဤလေလံပွဲတွင် အဖိုးတန်ပစ္စည်းများကို အကောင်ကြီးတစ်ယောက်က ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း မာစုယာမာ ရှိုဂျီထံမှ ကြားသိထားသည်။

ဒီအကောင်ကြီးက မီကီဆန်ပဲ ဖြစ်ရမယ် မဟုတ်လား။

သူ တစ်ခါမှ မတွေ့ဖူးသည့် မီကီဆန်သည် သူ့ကို နံပါတ်တစ်ပြိုင်ဘက်အဖြစ် သတ်မှတ်ပုံရသည်။

" သွားကြရအောင် "

ထိုအရာအားလုံးကို သူ စဉ်းစားပြီးနောက် လင်းကျွင်းကျွင်းကို ချက်ချင်း ခေါ်လိုက်သည်။

လင်းကျွင်းကျွင်းသည် ကားမောင်းသမားကို တစ်ချက်ကြည့်လိုက်ပြီး သူ့အနောက်သို့ အမြန်လိုက်သွားခဲ့သည်။

ယာဉ်တိုက်မှုကြန့်ကြာမှုကြောင့် သူတို့နှစ်ဦး လေလံပွဲသို့ ရောက်ရှိလာချိန်၌ အခြားလူများ ဝင်နေကြပြီဖြစ်သည်။

သူတို့နှစ်ယောက်သား တံခါး၌ စစ်ဆေးမှုများ ပြီးသည့်နောက် ခန်းမထဲသို့ ပြေးဝင်သွားကြသည်။

ခန်းမကြီးသည် လူတစ်ထောင်ဆံ့သည်အထိ ကျယ်ဝန်းသည်။

သို့သော် လက်ရှိအချိန်တွင် လူ ၆၀မှ ၇၀ခန့်သာ ထိုင်နေသည်။

မနေ့က အရင်းအနှီးငွေကို မြှင့်ပြီး ပြင်ပလူအများစုကို ပိတ်ထားလိုက်သည်ဆိုတာ ထင်ရှားသည်။

ယနေ့ ဤနေရာသို့ ဝင်ရောက်နိုင်သူများအားလုံးသည် အလွန်အင်အားကြီးမားသော အဖွဲ့အစည်းများ ဖြစ်သည်။

ယခုအချိန်တွင် ဆာကီခါဝါလေလံအိမ် ပိုင်ရှင် ဆာကီခါဝါ တာရိုသည် စင်ပေါ်၌ လူတိုင်းအား လေလံစည်းမျဉ်းများကို ရှင်းပြနေသည်။

ယဲ့ဖန် ဝင်လာတာကို သူ သတိထားမိပြီး ပြုံးပြကာ ခေါင်းညိတ်ပြသော်လည်း သူ ရှင်းပြနေသည်ကို မရပ်လိုက်ပေ။

ယဲ့ဖန်သည် ထိုလူ ကားမတော်တဆမှုအကြောင်း မသိကြောင်း သူ့အမူအရာမှ ပြောပြနိုင်သည်။

မဟုတ်ရင် သူ့မျက်လုံးများက လွတ်မည် မဟုတ်ပေ။

" ကျွန်တော်တို့ရဲ့ လေလံပွဲက ယခင်ကနဲ့ မတူပါဘူး။ လေလံဆွဲဖို့ အလှည့်ကျနည်းလမ်းကို အသုံးမပြုပါဘူး။ အဲ့ဒီအစား ကြုံရာရွေးချယ်တဲ့ လေလံပွဲကိုလုပ်မှာပါ ...... "

ဆာကီခါဝါ တာရိုမှ ဆက်လက် ရှင်းပြခဲ့သည်။

'ကြုံရာလေလံပွဲ'ဟူသော စကားကို ပရိသတ်များကြားသောအခါ ချက်ချင်းပင် စတင်ဆွေးနွေးကြသည်။

ဤလေလံပွဲ၏ စည်းမျဉ်းများနှင့်ပတ်သက်၍ သံသယအချို့ ရှိနေသည်မှာ ထင်ရှားသည်။

လူတိုင်း၏ အမူအရာကို မမြင်ရသကဲ့သို့ ဆာကီခါဝါ တာရိုက ဆက်လက်ရှင်းပြသည်။

" ရိုးရိုးပြောရရင် ကျွန်တော်တို့က ပစ္စည်းတွေအားလုံးကို တစ်ကြိမ်တည်းမှာပြပြီး လူတိုင်းကြည့်ရှုဖို့ တစ်နာရီ အချိန်ပေးပါမယ်။ အချိန်ပြည့်တဲ့အခါ လူတိုင်းက သူတို့ပေးမယ့် ပစ္စည်းလေလံဈေးကို လေလံစာရင်းမှာ ရေးမှတ်ထားမှာပါ။ အမြင့်ဆုံး လေလံပေးတဲ့သူက ပစ္စည်းကို ရမှာဖြစ်ပါတယ် "

စင်မြင့်အောက်မှ လူအုပ်ကြီးသည် ထိုသည်ကို ကြားပြီး နောက်ဆုံး၌ တစ်စုံတစ်ယောက်က သူ့လက်ကို ဆန့်လိုက်သည်။

" လူကြီးမင်း ဆာကီခါဝါ၊ တစ်နာရီက နည်းနည်းလေး မဟုတ်လား "

" ဟုတ်တယ်၊ ဒီတစ်ခါ လေလံပွဲမှာ ပစ္စည်း ရာနဲ့ချီ ရှိတယ်လို့ ကြားတယ်။ တစ်နာရီ မလုံလောက်ဘူး "

" ငါတို့လည်း ရှာကြည့်ဖို့ အချိန်အလုံအလောက်ရှိအောင် အချိန်ကို သုံးနာရီအထိ တိုးဖို့ အကြံပြုတယ် "

" ဟုတ်တယ်၊ ဟုတ်တယ်၊ တစ်နာရီလောက်က မလုံလောက်ဘူး ...... "

စင်အောက်၌ ထိုင်နေသည့် ယဲ့ဖန်သည် မတတ်နိုင်ဘဲ ရယ်မိသည်။

ဂရုတစိုက်လေ့လာဖို့ အချိန်မရအောင် ဒီစည်းမျဉ်းကို ချမှတ်ထားတာလေ၊

သူတို့ကို ပိုကြာအောင် အချိန်ပေးစေချင်တာလား။

မျှော်လင့်ထားသည့်အတိုင်း ဆာကီခါဝါ တာရို၏ အမူအရာသည် လူတိုင်း၏ တိုင်ကြားချက်များကို ကြားပြီးနောက်တွင် ပြောင်းလဲခြင်း မရှိပေ။

" စိတ်မကောင်းပါဘူး။ ဒါပေမယ့် ဒီလေလံပွဲရဲ့ စည်းမျဉ်းတွေကို လေလံပွဲရဲ့ အမြင့်ဆုံးအဆင့်ရှိသူတွေနဲ့ စုပေါင်းဆုံးဖြတ်ပြီး လူကြီးမင်းချန်းသောင်း ကိုယ်တိုင်ကိုယ်ကျ အတည်ပြုခဲ့တာပါ။ နောက်ဆုံးမိနစ်မှာမှ အပြောင်းအလဲလုပ်ဖို့ မဖြစ်နိုင်ပါဘူး "

အားလုံးသည် သူ့အဖြေကို ကြားလိုက်သည့်အခါ သူတို့၏ ဆန္ဒပြမှုတွေက ပိုကျယ်လောင်လာသည်။

" ဒါကို ကန့်ကွက်တယ်။ လူသိရှင်ကြား လေလံတင်ဖို့ ရွေးချယ်ခဲ့တာဆိုတော့ ငါတို့ရဲ့ ထင်မြင်ယူဆချက်ကို လေးစားသင့်တယ် "

" ဟုတ်တယ်။ ဒီစုဆောင်းမှုတွေအားလုံးက အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေပဲ။ အဲ့တာတစ်ခုစီတိုင်းကို သေသေချာချာ လေ့လာဖို့ အချိန်အများကြီးလိုတယ်။ အလျင်စလို ဆုံးဖြတ်ချက်ချရင် ဘယ်လိုလုပ် မှန်နိုင်မှာလဲ "

" လူကြီးမင်း ဆာကီခါဝါက ကျွန်တော်တို့ရဲ့ ထင်မြင်ချက်ကို လေလံပွဲအကြီးအကဲတွေဆီ တင်ပြနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် "

" မဟုတ်ရင် ဒီလေလံပွဲကို သပိတ်မှောက်လို့ရတယ် "

" ငါ အနည်းဆုံး လေလံပွဲပေါင်း ၈၀၀၊ ၁၀၀၀မက သွားဖူးပေမဲ့ ဒီလိုထူးဆန်းတဲ့ စည်းမျဉ်းကို တစ်ခါမှ မတွေ့ဖူးဘူး။ အဲ့တာကို ပြောင်းရမယ် ...... "

ဆာကီခါဝါ တာရိုသည် လူတိုင်း၏ ကန့်ကွက်မှုကို တိတ်တဆိတ် နားထောင်ခဲ့သည်။

ထို့နောက် ရုတ်တရက် သူ့အမူအရာ မည်းမှောင်သွားသည်။

" အခြားလေလံပွဲတွေရဲ့ စည်းမျဉ်းတွေက ဘယ်လိုပဲဖြစ်နေပါစေ ဒါက ဆာကီခါဝါ လေလံအိမ်ပဲ။ ဒီမှာ မင်းတို့ ငါ့ရဲ့ စည်းမျဉ်းကို လိုက်နာရမယ်။ ငါတို့ရဲ့ စည်းမျဉ်းတွေက ကြမ်းတမ်းလွန်းတယ်လို့ ခံစားရရင် ကျေးဇူးပြုပြီး ထွက်သွားလိုက်ပါ။ ဒီမှာ နေဖို့ တောင်းဆိုမနေဘူး "

သူ့သဘောထားကို ကြားပြီး လူတိုင်း တစ်ယောက်ကို တစ်ယောက် ကြည့်မိကြသည်။

လေလံပွဲသည် လုပ်ငန်းအတွက် ဖွင့်လှစ်ထားခြင်း ဖြစ်သည်။

နည်းလမ်းတကျ ပြောရလျှင် လေလံပွဲသို့ လာရောက်ကြသောဧည့်သည်များကို ယဉ်ကျေးစွာ ပြောဆိုသင့်သည်။

ဤသို့ အဆင့်မြင့်လေလံပွဲ၌ ပါဝင်နိုင်သူ အားလုံးသည် အလွန်ချမ်းသာကြသည်။

ဤမျှလောက်သော ဧည့်သည်များကို စော်ကားခြင်းသည် ပညာရှိသည့်လုပ်ရပ် မဟုတ်ပေ။

သို့သော် ဆာကီခါဝါ၏ သဘောထားသည် အမှန်တကယ် တင်းမာနေကာ အချို့လူများသည် ထွက်ရန် မတ်တပ်ရပ်ကုန်ကြသည်။

သို့သော် လေလံပွဲမှ ပစ္စည်းကောင်းများကို တွေးမိပြီး နောက်ဆုံး၌ သူတို့ ဒေါသများကို မျိုချရန် ရွေးချယ်ခဲ့သည်။

အများစုသည် ဤပွဲကို တက်ရောက်ပြီး နောက်တစ်ခါမလာရန် ဆုံးဖြတ်ကြသည်။

ဘယ်သူမှ ကန့်ကွက်ခြင်း မရှိသည်ကို မြင်ပြီး ဆာကီခါဝါ တာရို ပြုံးလိုက်သည်။

" ဘယ်သူမှ မကန့်ကွက်တဲ့အတွက် လေလံပွဲကို အခုပဲ စတင်ပါပြီ "

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၂၇၉ )

ယဲ့လူကြီးမင်းရဲ့ ပရိတ်သတ်ပါ

" ကျေးဇူးပြုပြီး ပြပွဲခန်းမကို ရွှေ့ပေးပါ "

ဘေးမှ ပြပွဲခန်းမကို လူတိုင်းအား လမ်းပြပေးရင်း ဆာကီခါဝါ တာရို၏ အပြုံးမှာ ပြန်တောက်ပလာသည်။

ယဲ့ဖန်နှင့် လင်းကျွင်းကျွင်းတို့သည် ပြပွဲခန်းမထဲသို့ လူစုလူဝေးနောက်မှ လိုက်သွားသောအခါ ပြပွဲခန်းမသည် စတုရန်းမီတာ တစ်ထောင်ကျော် ကျယ်ဝန်းပြီး ပြောင်လက်တောက်ပသော ပစ္စည်းများ စုဆောင်းထားသည်ကို တွေ့လိုက်ရသည်။

တရုတ်နိုင်ငံမှ ရှေးဟောင်းကျောက်စိမ်းများ၊ ပန်းချီကားများအပြင် အနောက်တိုင်းဆီ ပန်းချီနှင့် ပန်းပုများလည်း ရှိခဲ့သည်။

" ချန်းသောင်းလူကြီးမင်းက တကယ်ကို စုဆောင်းသူပဲ။ ဒါတွေအကုန်လုံးက ပစ္စည်းကောင်းတွေ "

" ဟုတ်တယ်၊ ဟုတ်တယ်။ ဒီတစ်ခါ ငါ့မှာ လုံလောက်တဲ့ ရန်ပုံငွေမရှိလို့ အပိုင်းသေးသေးကိုတောင် လေလံမဆွဲနိုင်မှာ စိုးရိမ်ရတယ် "

" ဒီမှာရှိတဲ့ဟာတွေ အားလုံးက အဖိုးမဖြတ်နိုင်တဲ့ အရာတွေပဲ။ တစ်ယောက်တည်းက အရာအားလုံးကို ဝယ်ယူဖို့ဆိုတာ မဖြစ်နိုင်ဘူး "

" ဒါပေမဲ့ အနည်းဆုံး လူတိုင်း ဒီနေ့ အမြတ်တွေ ရလိမ့်မယ် ..... "

အားလုံး ခန်းမထဲသို့ ဝင်လိုက်သည်နှင့် ချက်ချင်း ဝိုင်းကြည့်ကြသည်။

သူတို့သည် ရှာဖွေရန် တစ်နာရီသာ အချိန်ရှိသောကြောင့် မိနစ်တိုင်းကို အမိဖမ်းထားရသည်။

အဖွဲ့အစည်းတိုင်းတွင် ကိုယ်ပိုင်အကဲဖြတ်သူများရှိကြသည်။

ထိုအချိန်တွင် သူတို့သည် မှန်များကို ကိုင်ဆောင်ကာ ရှေးဟောင်းပစ္စည်းများအနီးတွင် ရပ်ကာ ကြည့်နေကြသည်။

" မြန်မြန်လုပ်၊ နောက်ထပ် ရတနာတွေကို လေလံဆွဲကြရအောင် "

လင်းကျွင်းကျွင်းသည် လူစုလူဝေးနှင့် ပူးပေါင်းရန် ယဲ့ဖန်ကို အမြန်ဆွဲလိုက်သည်။

သို့သော် ယဲ့ဖန်သည် ချက်ချင်း မရှာပေ။

သူသည် နက်နဲသော စစ်ဆေးခြင်း လုပ်ဆောင်ချက်ကို အသုံးပြုပြီး မကြာမီတွင် ပစ္စည်းတစ်ခုကို တွေ့ရှိခဲ့သည်။

ပြပွဲခန်းမတွင် မျက်စိအကြည့်ပေါ်ရာ နေရာများ၌ ချို့ယွင်းနေသော ထုတ်ကုန်များသာ ရှိ

သည်။

လူများစွာ၏ အမြင်တွင် တရုတ်ယွမ်ငွေ သိန်းပေါင်းများစွာ သို့မဟုတ် သန်းပေါင်းများစွာတန်သော အဆိုပါ စုဆောင်းမှုများသည် အလွန်ရှားပါးနေပြီ ဖြစ်သည်။

သို့သော် ထိုပစ္စည်းများသည် ယဲ့ဖန် မျက်လုံးထဲသို့ မဝင်ခဲ့ချေ။

သူ တကယ်ကြိုက်သည့် ပစ္စည်းများသည့် မထင်ရှားနေရာများ၌ တမင်တကာ ထည့်ထားသည်။

ထိုအရာများကမှ တကယ့် အဖိုးမဖြတ်နိုင်သည့် ရတနာများဖြစ်သည်။

လေလံအိမ်သည် လူတိုင်းကို ရှုပ်ထွေးစေကာ အတော်လေးရှည်သည်။

ယနေ့ လေလံပွဲသို့ ဝင်ရောက်နိုင်သူများသည် လူကောင်းများ မဟုတ်ကြပေ။

သူတို့ထဲ အချို့သည် ဆွဲဆောင်မှုရှိသော စုဆောင်းမှုများကို စွန့်လွှတ်ကာ ထောင့်စွန်းမှ တကယ့်လက်ရာကောင်းများဆီသို့ ဦးတာ်သွားခဲ့ကြသည်။

သို့သော် ထိုအချိန်တွင် ပြပွဲခန်းမအတွင်း အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

" ယဲ့လူကြီးမင်း၊ ဒါက တရုတ်ပြည်ရဲ့ အကဲဖြတ်ဆရာကြီး မဟုတ်လား "

ထိုအသံသည် ရုတ်တရက် ပေါ်လာပြီး ပြပွဲခန်းမရှိ လူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်သည်။

ယဲ့ဖန်နှင့် လင်းကျွင်းကျွင်းတို့သည် လှည့်ကြည့်လိုက်ရာ လူလတ်ပိုင်းအရွယ် လူတစ်ယောက် လျှောက်လာသည်ကို တွေ့လိုက်ရသည်။

ထိုလူသည် စိတ်လှုပ်ရှားနေသော အမူအရာဖြင့် ယဲ့ဖန်စီသို့ ပြေးသွားခဲ့သည်။

သူ့စံပြပုဂ္ဂိုလ်ကို မြင်လိုက်သည့် အရူးတစ်ယောက်လို စိတ်လွတ်သွားသည်။

ယဲ့ဖန်သည် ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။

" ခင်ဗျားကို သိလို့လား "

ထိုလူက အမြန်ခေါင်းခါလိုက်သည်။

" ကျွန်တော့်လိုလူကို ဘယ်လိုလုပ်သိမှာလဲ။ ဒါပေမယ့် ကျွန်တော် ခင်ဗျားကိုသိတယ်။ ခင်ဗျားက တရုတ်မှာ နံပါတ်တစ်အကဲဖြတ်သူလေ။ ယဲ့လူကြီးမင်း၊ ကျွန်တော် ခင်ဗျားရဲ့ပရိတ်သတ်ပါ "

ယဲ့ဖန်သည် သူ့စကား ကြားသောအခါ ပို၍ပင် သံသယဝင်လာသည်။

အရာများသည် ထင်သလောက် မရိုးရှင်းကြောင်း သူ ခံစားမိသည်။

ထိုအချိန် အနီးနားပတ်ဝန်းကျင်ရှိ လူတွေ ဆွေးနွေးနေကြသည်ကို ကြားလိုက်ရသည်။

" ဒါက လူကြီးမင်း တာကာယာမာ ရှီတာ မဟုတ်ဘူးလား။ သူက ဂျပန်မှာ နာမည်ကြီး အကဲဖြတ်သူတစ်ယောက်လေ "

" ဟုတ်တယ်၊ ငါ ဥရောပမှာ ဝေးနေပေမယ့် တာကာယာမာရဲ့ နာမည်ကို ကြားဖူးတယ် "

" ဒီလူငယ်က ဘယ်သူလဲ။ တာကာယာမာ

က သူ့ကိုတွေ့ရတာ ဘာလို့ အရမ်းစိတ်လှုပ်ရှားနေတာလဲ "

" တာကာယာမာ ပြောတာကို အခု မကြားလိုက်ဘူးလား။ သူက တရုတ်နိုင်ငံရဲ့ နံပါတ်တစ် အကဲဖြတ်သူလေ "

" အို ဘုရားရေ၊ တရုတ်ရဲ့ နံပါတ်တစ်တဲ့လား။ တကယ်ဒလား။ သူက ဘာလို့ ဒီလောက် ငယ်ရတာလဲ"

" စာအုပ်တစ်အုပ်ကို မျက်နှာဖုံးနဲ့ အကဲဖြတ်လို့မရဘူး။ ဒီလူကို တာကာယာမာက သဘောကျမှတော့ သူ့မှာ ခွန်အားတစ်ခုခု ရှိရမယ် ...... "

ချက်ချင်းပင် ခန်းမထဲမှ လူများအားလုံးသည် ပစ္စည်းများကြည့်နေသည်ကို ရပ်လိုက်ပြီး ယဲ့ဖန်ဘက် လှည့်လိုက်သည်။

ထိုသည်က မလုံလောက်သလိုဖြင့် တာကာယာမာ ရှီတာက လူတိုင်းကို ချက်ချင်းရှင်းပြခဲ့သည်။

" ဒီယဲ့လူကြီးမင်းကို လူတိုင်း မသိကြဘူးလား။ သူက တကယ့်အကဲဖြတ်ဆရာကြီးပဲ။ ယဲ့လူကြီးမင်းနဲ့ယှဉ်ရင် ငါက ဘာမှမဟုတ်ဘူး ...... "

လင်းကျွင်းကျွင်းလည်း ယဲ့ဖန်ကို စူးစိုက်ကြည့်နေသည်။

သူက ရှေးဟောင်းလောကထဲမှာ ဒီလောက်တောင် နာမည်ကြီးတာလား။

ဒီမှာ ပရိသတ်တွေနဲ့တောင် တွေ့နေတာလား။

ယဲ့ဖန်သည် မျက်လွှာမချဘဲ တာကာယာမာ ရှီတာကို စိုက်ကြည့်နေသည်။

သူဘာလုပ်မည်ဆိုတာကို မြင်ချင်နေသည်။

ထိုအချိန် တာကာယာမာ ရှီတာသည် တကယ်ပင် ပရိတ်သတ်အကြီးစား ဖြစ်သွားသည်။

သူသည် ယဲ့ဖန်၏ အတိတ်မှ အောင်မြင်မှုတိုင်းအား လူတိုင်းကို စတင်မိတ်ဆက်ခဲ့သည်။

" ယဲ့လူကြီးမင်း၊ တစ်ခါက လက်ဖက်ခြောက် ဝယ်ဖို့ လက်ဖက်ရည်ဆိုင်မှာ တရုတ်ယွမ်ငွေ ၂၀၀၀နဲ့ ဝယ်ခဲ့တာ။ နောက်ကျ အထဲမှာ တံဆိပ်ခေါင်းတုံးတစ်ခုတွေ့တယ်။ အဲ့တာက ဘာတံဆိပ်တုံးလဲဆိုတာ သိလား "

ထိုလူသည် ဝါကြွားရုံသာမက လူတိုင်းကို မေးရန်လည်း မမေ့ချေ။

လူတိုင်းသည် သူတို့ ဒီကို ဘာအတွက်ကြောင့် ရှိနေသည်လဲဆိုတာ မေ့သွားပုံရသည်။

သူတို့သည် စူးစမ်းလိုစိတ်များ ပြည့်နှက်နေသော မျက်နှာများဖြင့် တညီတညွတ်တည်း ခေါင်းယမ်းလိုက်ကြသည်။

သူ့မျက်နှာပေါ်၌ ကျေနပ်သော အမူအရာတစ်ခု ရှိနေသည်။

" အဲ့ဒီတံဆိပ်တုံးက အနက်ရောင်တံဆိပ်တုံးပဲ "

ရှိနေသူတိုင်းသည် စုဆောင်းမှုဈေးကွက်နှင့် အလွန်ရင်းနှီးသော ကျွမ်းကျင်သူများဖြစ်သည်။

'အနက်ရောင်တံဆိပ်ခေါင်း'ဟူသော စကားလုံးကို ကြားလိုက်သောအခါ အားလုံးသည် တုန်လှုပ်ခြောက်ခြားဖွယ်ရာ အမူအရာများကို ထုတ်ဖော်ခဲ့ကြသည်။

" အို ဘုရားရေ၊ ငါကြားတာ မှားသွားတာလား။ အဲ့တာ အနက်ရောင်တံဆိပ်ခေါင်းတဲ့လား။ ဒီတံဆိပ်ခေါင်းက အဖိုးမဖြတ်ဘူး "

" လွန်ခဲ့တဲ့နှစ်အနည်းငယ်က Sothebyက အနက်ရောင်တံဆိပ်ခေါင်းကို တရုတ်ယွမ် သန်း၆၀နဲ့ လေလံတင်ရောင်းချခဲ့တယ်လို့ ဆိုတယ်။ အခုဈေးက ပိုတောင် မြင့်လာပြီလို့ ထင်တယ် "

" ငါကြားတာ မမှားရင် ယဲ့လူကြီးမင်းက ဒီဟာကို တရုတ်ယွမ် ၂၀၀၀နဲ့ ဝယ်ခဲ့တာဆိုတော့ ဘယ်နှစ်ဆပြန်ရတာလဲ "

" အနည်းဆုံး အဆ၃သောင်းပဲ။ ဘုရားရေ ...... "

လူတိုင်း ဗြောင်းဆန်ကုန်ကြသည်။

တာကာယာမာ ရှီတာ ပေးသောသတင်းသည် အလွန်တုန်လှုပ်စရာကောင်းသည်။

တာကာယာမာ ရှီတာသည် ထိုသည်က မလုံလောက်ဘူးဟု ထင်နေပုံရပြီး သူက ဆက်ပြောသည်။

" အဲ့ဒီတံဆိပ်ခေါင်းကို သန်း ၁၃၀တန်တဲ့ ရှေးဟောင်းပစ္စည်းဆိုင် မေပယ်ရွက်ဆိုင်နဲ့ လဲလှယ်ခဲ့တာ။ အခု မေပယ်ရွက်ဆိုင်ကို တောင်ပိုင်းကွမ်တုန်း ပြည်နယ်တစ်ခုလုံးမှာ ဖွင့်ထားပြီး သူ့ရဲ့တန်ဖိုးက တရုတ်ယွမ် ၂ဘီလီယံထက် မနည်းဘူး "

" ဟာ ..... "

ထိုသို့ပြောပြီးနောက် အားလုံး ဦးနှောက်ပင် အလုပ်မလုပ်တော့ဟု ခံစားရသည်။

၂ ဘီလီယံဟာ သူတို့အတွက် မထင်မှတ်ထားသော ကိန်းဂဏန်းတစ်ခု မဟုတ်ပေသော်လည်း ယွမ် ၂၀၀၀နှင့် လဲလှယ်ခဲ့သည်က ကြီးကျယ်လှသည်။

မကြားဖူးသည့် အံ့ဖွယ်တစ်ခုဖြစ်သည်။

ထိုအခိုက်အတန့်တွင် လူတိုင်းသည် ယဲ့ဖန်အား ပူလောင်သောအကြည့်များဖြင့် ကြည့်နေကြသည်။

တစ်လခွဲကြာ ဗိုက်ဆာနေခဲ့သည့် ဝံပုလွေတစ်ကောင်သည် အရသာရှိသော သိုးလေးတစ်ကောင်ကို ရုတ်တရက် မြင်ပြီး ကိုက်စားချင်နေသလို ဖြစ်နေသည်။

သို့သော် တာကာယာမာ ရှီတာသည် သူ့ကို ချီးကျူးသည်အား မရပ်ခဲ့ချေ။

သူသည် ယဲ့ဖန်၏ ရလဒ်များကို တစ်ခုပြီးတစ်ခု ပြောခဲ့သည်။

နဂါးကိုးခွက်၊ နီလာမီးအိမ် စသည်တို့ဖြင့် အားလုံးမှာ တုန်လှုပ်ခြောက်ခြားစရာ ကောင်းနေသည်။

လူတိုင်းသည် ဒဏ္ဍာရီပုံပြင်တစ်ပုဒ် ကြားလိုက်ရသလို ခံစားလိုက်ရပြီး သူတို့၏ အမူအရာများမှာ ပိုပြီး တုန်လှုပ်သွားခဲ့သည်။

မိနစ်နှစ်ဆယ်နီးပါး ချီးမွမ်းပြီးနောက် တာကာယာမာ ရှီတာသည် ဖြည်းညှင်းစွာ ရပ်သွားခဲ့သည်။

" ယဲ့လူကြီးမင်း ကံကောင်းလွန်းတဲ့ အောင်မြင်မှုတွေ ရှိတယ်။ အဲ့တာတွေကို သုံးရက်သုံးညလောက် ပြောရင်တောင် အဆုံးမသတ်နိုင်ဘူး။ တိုတိုပြောရရင် ယဲ့လူကြီးမင်းက ငါမြင်ဖူးသမျှ အကဲဖြတ်တဲ့ အကြီးမြတ်ဆုံး အကဲဖြတ်သခင်ပဲ "

သူသည် ဦးနှောက်မဲ့ အမာခံပရိတ်သတ်တစ်ယောက်ဖြစ်နေသည်မှာ သေချာသည်။

သူ ပြောပြီးသည်နှင့် ယဲ့ဖန်အား ချက်ချင်းပင် စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။

" ယဲ့လူကြီးမင်းရဲ့ အမြင်နဲ့ ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်ရုံက ကျွန်တော် နေ့တစ်ဝက်စာ ကြည့်နေတာထက် အများကြီး ပိုကောင်းပါတယ်။ ကျွန်တော်တို့ ဘယ်တစ်ခုကို လေလံဆွဲသင့်တယ်ဆိုတဲ့ အချက်တချို့ကို ပေးလို့ရမလား "

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၂၈၀ )

သူ ပြောသလောက် မဟုတ်ဘူး

ယဲ့ဖန်သည် မျက်လုံးများကို မှေးထားပြီး တာကာယာမာ ရှီတာကို စိုက်ကြည့်နေသည်။

သူသည် တစ်ဖက်သား၏ မြှောက်ပင့်ပြောဆိုမှုကြောင့် မျက်စိကွယ်သွားလိမ့်မည်မဟုတ်သလို တစ်ဖက်သားကို သူ၏အမာခံပရိသတ်အဖြစ် အမှန်တကယ် ဆက်ဆံမာ် မဟုတ်ပေ။

ဤလူ ထိုကဲ့သို့လုပ်ရသည့် အကြောင်းရင်းက နောက်ကွယ်၌ ပြောမပြနိုင်သော ပူးပေါင်းကြံစည်မှုတစ်ခု ရှိနေသည်မှာ သေချာသည်။

ယဲ့ဖန်သည် သူ့အား လေးစားမှုအပြည့်ရှိနေသည့် ပတ်ဝန်းကျင်ရှိ လူများကိုသာ တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုလူ၏ အစီအစဉ်ကို အကြမ်းဖျင်းနားလည်နေပြီ ဖြစ်သည်။

ပထမဦးစွာ သူသည် တမင်တကာ 'ဝှက်ထားသော' ရတနာများကို အာရုံမစိုက်စေရန် အခြားလူများအား အာရုံပြောင်းစေကာ ဤလူများ၏ အာရုံစိုက်မှုကို ယဲ့ဖန်စီသို့ ဆွဲဆောင်လိုက်သည်။

ဒုတိယအနေနှင့် ထိုလူများက ယဲ့ဖန်၏ လှုပ်ရှားမှုတိုင်းကို အမြဲအာရုံစိုက်နေသည့်အခါ လှုပ်ရှားမှုတိုင်းကို မလွှဲမရှောင်သာ ကန့်သတ်ရလိမ့်မည်။

ကျောက်ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ကို သတ်လိုက်သည်ဟု ပြောနိုင်သည်။

ရတနာများကို အဆုံးအဖြတ်ပေးသော မီကီဆန်သာလျှင် နောက်ဆုံးအနိုင်ရသူဖြစ်သည်။

ထိုသည်ကို တွေးပြီးသည်နှင့် သူ့ပါးစပ်ထောင့်မှ ချက်ချင်း အေးစက်သည့် အပြုံးတစ်ခု ဖြစ်လာသည်။ရ

" လူတိုင်း၊ တာကာယာမာ ပြောတာကို နားမထောင်ပါနဲ့။ ကျွန်တော်က သူပြောသလောက် မထူးချွန်ပါဘူး။ သာမန်အကဲဖြတ်သူ တစ်ယောက်ပါ။ အားလုံး မြန်မြန်ရွေးကြပါ "

သူသည် ချက်ချင်းပင် လူစုလူဝေးကို လက်ဝှေ့ယမ်းကာ စုဆောင်းမှုကို စတင်ကြည့်ရှုခဲ့သည်။

သို့သော် ယခုအခါ လူတိုင်းသည် သူ၏ အံ့ဖွယ်တိုက်ပွဲမှတ်တမ်းကို သိရှိကြပြီး သူတို့သည် သူ၏ လှုပ်ရှားမှုတိုင်းကို အာရုံစိုက်တေခဲ့ကြသည်။

သူတို့အားလုံးသည် ယဲ့လူကြီးမင်း ဘာရွေးမည်ဆိုတာကို မြင်ချင်နေကြသည်။

နောက်မှ လိုက်ခြင်းဖြင့် အကျိုးကျေးဇူးများစွာ ရရှိနိုင်သည်။

ယဲ့ဖန်သည် သူတို့ကို ကြိမ်ဖန်များစွာ စည်းရုံးရန် ကြိုးစားသော်လည်း ဒီလူများသည် သူ့ကို လျစ်လျူရှုပြီး သူ့အနောက်မှ လိုက်လာကြသည်။

သူ ချက်ချင်း ဒေါသ ထွက်သွားသည်။

ကံကောင်းစွာဖြင့် သူ့တွင် စနစ်၏ စကန်ဖတ်စစ်ဆေးခြင်း ရှိသည်။

မကြည့်ဘဲနှင့် ဘယ်အရာများက အရည်အသွေး ကောင်းလဲဆိုတာ ပြောပြနိုင်သည်။

တခြားသူသာဖြစ်ပါက ဤလူအုပ်စုကြောင့် တကယ်ပင် ပျက်စီးသွားနိုင်သည်။

ဤလူများ၏ ဗျူဟာများကို ယဲ့ဖန် စိတ်ထဲမှ လှောင်ရယ်နေမိသည်။

တောင်းဆိုမှတော့ ရွေးတာမှားရင် ငါ့ကို အပြစ်မတင်နဲ့။

ထိုသည်ကို တွေးပြီး ချို့ယွင်းချက်ရှိသည့် ပစ္စည်းများရှေ့၌ တမင်တကာ ရပ်ပြီး သူတို့ကို စောင့်ကြည့်ခဲ့သည်။

ထို့နောက် အရမ်းကျေနပ်သွားသလို ခဏခဏ ခေါင်းညိတ်လိုက်သည်။

ထို့နောက် သူ လှည့်ကြည့်ကာ လင်းကျွင်းကျွင်းကို ပြောသည်။

" ဒါကို မှတ်ထား "

သူ့အသံကို မလျှော့ပေ။

ထိုအစား လူတိုင်း သူ့ကိုကြားနိုင်စေမည့် အသံဖြင့် ပြောသည်။

လင်းကျွင်းကျွင်း အနည်းငယ် စိုးရိမ်နေမိသည်။

သူမ အသံကို လျှော့ရန် မျက်လုံးဖြင့် အလျင်အမြန် အချက်ပြလိုက်သည်။

သို့သော် ယဲ့ဖန်သည် သူမ၏ အရိပ်အမြွက်ကို နားမလည်ခဲ့ပေ။

နှစ်သက်သလိုသာ ဆက်လုပ်နေသည်။

လင်းကျွင်းကျွင်းသည် သူ့နားထဲကို တီးတိုးပြောသည်။

" အသံကို လျှော့လို့မရဘူးလား။ ကျွန်မတို့ဘာရွေးမယ်ဆိုတာ လူတိုင်းသိနေပြီ။ နောက်ကျ စျေးထပ်တက်လိမ့်မယ် "

ထိုစကားကို ယဲ့ဖန် ကြားပြီးနောက် သူမကို အဓိပ္ပါယ်ရှိသော အပြုံးတစ်ခု ပေးလိုက်သည်။

" ကိုယ့်ကိုယုံကြည်ထား "

လင်းကျွင်းကျွင်း တစ်ခုခုကို ပြောချင်နေသေးသော်လည်း သူ့အကြည့်များကို တွေ့လိုက်ပြီး အကြောင်းပြချက်တစ်ခုခုကြောင့် သူမ စိတ်ထဲမှ စကားများကို မပြောနိုင်တော့ပေ။

မေ့လိုက်ပါ၊ ဘယ်သူက သူဌေးမလို့လဲ။

သူဌေးကတောင် အလျင်လိုမနေတာ ငါက ဘာတွေများ စိတ်ပူနေတာလဲ။

ရှာဖွေချိန် တစ်နာရီသည် လျှင်မြန်စွာ ပြီးဆုံးသွားခဲ့သည်။

ယဲ့ဖန် မကြည့်တော့ပေ။

သူ လှည့်ကြည့်လိုက်ပြီး မှတ်သားဟန်ဆောင်နေသေးသော လူစီသို့ လျှောက်သွားသည်။

" တာကာယာမာ ခင်ဗျားရဲ့ရွေးချယ်မှုက ဘယ်လိုလဲ။ ကြိုက်တာတစ်ခုခု ရှိလား "

တာကာယာမာ ရှီတာသည် ယဲ့ဖန်ဘက်မှ စကားပြောရန် အစပြုမည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူ ခဏတာ ထိတ်လန့်သွားသည်။

" ဒီကို ကြည့်ဖို့ပဲ လာခဲ့တာ။ ဒီက စုဆောင်းပစ္စည်းတွေက အရမ်းစျေးကြီးတယ်။ အဲ့တာတွေကို လေလံဆွဲဖို့ ပိုက်ဆံမရှိဘူး "

ယဲ့ဖန်သည် သူ့လက်ထဲတွင်ရှိသော မှတ်စုစာအုပ်ကို တစ်ချက်ကြည့်လိုက်သည်။

" တာကာယာမာ၊ ခင်ဗျား တော်တော်များများ မှတ်ထားပြီးပြီပဲ။ ကျွန်တော့်ကို ကြည့်ခွင့်ပေးလို့ ရမလား "

တစ်ဖက်မှ သဘောတူသည်ကို မစောင့်ဘဲ သူ့မှတ်စုစာအုပ်ကို ချက်ချင်း လုယူလိုက်သည်။

ယဲ့ဖန် နှစ်ကြိမ် လှန်ကြည့်ပြီးနောက် တာကာယာမာ ရှီတာသည် ဒေါသမျက်နှာထားဖြင့် ပြန်ဆွဲယူလိုက်သည်။

" မင်းက တခြားသူတွေရဲ့ ပစ္စည်းကို ဘယ်လိုလုပ် ယူကြည့်တာလဲ "

ယဲ့ဖန် တောင်းပန်ပြီး ပြုံးလိုက်သည်။

" ခင်ဗျ လေလံဆွဲတာ ပါဖို့ အစီအစဉ်မရှိဘူးဆိုလို့ ကြည့်လိုက်မိတာ။ တကယ်ကို တောင်းပန်ပါတယ် "

တာကာယာမာ ရှီတာသည် သူ့ကို မုန်းတီးစွာ စိုက်ကြည့်လိုက်သော်လည်း တခြားဘာမှ မပြောပေ။

ထို့နောက် သူလှည့်ပြီး ထွက်သွားသည်။

သူ့နှလုံးသားသည် တဒိန်းဒိန်းခုန်နေသည်။

ဒီကလေးက တစ်ချက်ကြည့်ရုံနဲ့ သူ မှတ်ထားတာတွေကို မမှတ်မိလောက်ဘူး မဟုတ်လား။

သူကို မီကီချောင်ယန်းမှ တာဝန်ပေးထားသောကြောင့် လေလံပွဲကို လာခဲ့ခြင်းဖြစ်သည်။

ပစ္စည်းများနှင့် ဈေးနှုန်းများကို သိထားပြီး ဖြစ်သည်။

မီကီချောင်ယန်းက သူ့ကို နာမည်စာရင်းပေးထားသည်။

စာရင်းအရ ကိုးကားရန်သာလိုသည်။

အခြားတာဝန်မှာ ယဲ့ဖန်အား လူတိုင်း၏ အာရုံစိုက်မှုကို ဆွဲဆောင်ရန် ဖြစ်သည်။

ယဲ့ဖန်၏ တိုက်ပွဲအောင်မြင်မှုများနှင့်ပတ်သက်သည်ကို မီကီချောင်ယန်းမှ ပေးခဲ့သည်။

သူသည် ထိုအရာများကို လုံးဝမယုံခဲ့ပေ။

ကြည့်လိုက်ရုံဖြင့် ရယ်စရာကောင်းနေသည်။

ဒီလို မယုံနိုင်စရာကောင်းတဲ့ အရာတွေက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

သို့သော် လူမိုက်များက ထိုသည်ကို အမှန်တကယ် ယုံကြည်ခဲ့ကြသည်။

မီကီဆန်က သူတို့ကို လိမ်နိုင်တာ အံ့သြစရာမဟုတ်ဘူး။

သူတို့နဲ့ ထိုက်တန်တယ်။

ယဲ့ဖန်သည် တာကာယာမာ ရှီတာ၏ နောက်ကျောကို ကြည့်လိုက်သည်။

သူ့မျက်နှာတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။

ယဲ့ဖန်သည် တစ်ချက်ကြည့်လိုက်ရုံနှင့် တစ်ဖက်လူ၏ မှတ်စုကို မှတ်မိလေသည်။

သူ၏ တစ်ထောင်သော နည်းပညာဖြင့် ဂဏန်းအနည်းငယ်မျှသာ စာများကို အလွတ်ကျက်ရန် စက္ကန့်အနည်းငယ်သာ လိုအပ်သည်။

သူ မျှော်လင့်ထားသည့်အတိုင်း တစ်ဖက်လူ လေလံဆွဲလိုသည့် ပစ္စည်းများသည် သူလိုချင်သည့် အရည်အသွေးမြင့်ပစ္စည်းများနှင့် တိုက်ဆိုင်နေသည်။

ထိုအချိန်တွင် လင်းကျွင်းကျွင်းသည် သူမလက်ထဲတွင် မှတ်စုကိုကိုင်ကာ လျှောက်လာသည်။

" ဒီပစ္စည်းအားလုံးအတွက် စျေးနှုန်းရေး ပေးရမှာလား "

ယဲ့ဖန်သည် မှတ်စုများနှင့် ပြည့်နေသော သူမ၏ မှတ်စုစာအုပ်ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းယမ်းလိုက်သည်။

" မင်းရေးထားတဲ့ ပစ္စည်းတွေကလွဲရင် ကျန်တာ အကုန်လိုချင်တယ် "

လင်းကျွင်းကျွင်း သူ့ကို ကြောင်အစွာကြည့်နေသည်။

သူ ဘာဖြစ်တာလဲ။

ရှာဖွေချိန်ကုန်ဆုံးပြီးနောက် လူတိုင်းသည် လေလံခန်းမသို့ ပြန်ခဲ့ကြသည်။

ဆာကီခါဝါ တာရို စင်မြင့်ပေါ်သို့ ပြန်တက်လာပြီး လူတိုင်းကို ပြုံးပြသည်။

" ကြိုက်တဲ့ပစ္စည်းကို လူတိုင်း တွေ့ပြီးပြီလို့ ယုံကြည်ပါတယ်။ အခု လေလံပစ္စည်းကို စျေးနှုန်းစာရွက်ပေါ်မှာ ရေးမှတ်ထားလိုက်ပါ။ အဲ့တာကို တစ်နေရာတည်းမှာ ကြေညာပေးပါ့မယ် "

သူပြောပြီးသည်နှင့် ဝန်ထမ်းတစ်ယောက်မှ လေလံတင်ရန်စာရွက်ကို လူတိုင်းအား ပေးသည်။

လင်းကျွင်းကျွင်းသည် လက်ခံရရှိပြီးနောက် သူမသည် ယဲ့ဖန်၏ ညွှန်ကြားချက်အတိုင်း လိုက်နာပြီး ပစ္စည်း၏ အမှတ်စဉ်နံပါတ်နှင့် စျေးနှုန်းများကို ဖြည့်စွက်ခဲ့သည်။

စာရင်း ၂၀ကျော်သည် ဆယ်မိနစ်အတွင်း ပြီးမြောက်ခဲ့သည်။

ထိုအချိန်တွင် အခြားသူများသည် သူတို့၏ ပုံစံများကို ဖြည့်ပြီး စျေးနှုန်းစာရင်းများကို ဝန်ထမ်းများထံ ပေးအပ်ခဲ့သည်။

ယဲ့ဖန်သည် သူ့နောက်မှ ရုတ်တရက် အသံတစ်ခု ကြားလိုက်သည်။

" တကယ်တောင်းပန်ပါတယ်၊ ကျွန်တော်နောက်ကျသွားတယ် "

သူ လှည့်ကြည့်လိုက်သည့်အခါ ခပ်ပိန်ပိန်လူလတ်ပိုင်းအရွယ် ခန်းမထဲကို ဖြည်းညှင်းစွာ လျှောက်လာနေတာကို တွေ့လိုက်ရသည်။

ထိုအမျိုးသားသည် သူ၏နှုတ်ခမ်းတွင် နှုတ်ခမ်းမွေးရှိပြီး အဖြူရောင် tuxedo ၀တ်ထားသည်။

သူ့ကို ကြည့်ရသည်မှာ အလယ်ခေတ်မှ မြင့်မြတ်သူတစ်ယောက်လိုဖြစ်သည်။

တာကာယာမာ ရှီတာသည် ခွေးတစ်ကောင်လို သူ့နောက်သို့ လိုက်နေသည်။

မမေးဘဲနှင့် ယဲ့ဖန်သည် ထိုလူ၏အမည်ကို ခန့်မှန်းပြီး ဖြစ်သည်။

မီကီချောင်ယန်း

ထိုလူသည် အခုအချိန်အထိ မပေါ်လာခဲ့ပေ။

အောင်ပွဲသည် သူ့လက်ထဲ၌ ရှိနေပြီး အသီးအနှံများကို ရိတ်သိမ်းရန် ထွက်လာသည်မှာ ထင်ရှားသည်။

မီကီဆန်သည် ရှေးဟောင်းပစ္စဘ်းလောကတွင် အလွန်သြဇာကြီးသည်ကို တွေ့မြင်နိုင်သည်။

လေလံပွဲရှိ လူတိုင်းက မတ်တပ်ရပ်ပြီး သူ့ကို နှုတ်ဆက်ကြသည်။

" မင်္ဂလာပါ၊ မီကီဆန် "

" မီကီဆန် ...... "

All Chapters