အခန်း (၁၂၈၉-၁၂၉၂)
Vol. 65 Ch. 1289-1292
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၂၈၉ )
အနှိုင်းမဲ့ ရတနာ
ယဲ့ဖန်ဖြစ်သည်ကို မြင်သောအခါမှ အားကန် သက်ပြင်းချကာ ပြန်ထိုင်လိုက်သည်။
သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာအားလုံးကို ကုသပြီးကာ ပေါင်ရိုးသာ ကျိုးနေသည်ကို မြင်လိုက်ပြီး ချက်ချင်းပင် ယဲ့ဖန်အား ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။
" ကျေးဇူးတင်ပါတယ် ယဲ့လူကြီးမင်း "
ယဲ့ဖန်သည် အားကန်လဲရန် သူ့အဝတ်အစား နှစ်ထည်ကို ပေးလိုက်သည်။
" ထွက်လာပြီးမှ စကားပြောကြတာပေါ့ "
အားကန် နံရံကို အမြန်ဆွဲကိုင်လိုက်ပြီး ရေချိုးခန်းထဲမှ ထွက်လာသည်။
ချန်းဖေးအယ် အပြင်၌ စောင့်နေသည်။
အားကန် ဖြစ်သည်ကို သူမ မြင်ပြီး အံ့သြသွားသည်။
" အားကန်၊ ရှင် ဘယ်လို အရိုက်ခံရတာလဲ "
အားကန်သည် ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ခါးသီးသော အပြုံးဖြင့် ထိုင်နေသည်။
" ဒီနေ့ည ယုကျိုးအိုးကို ခိုးယူဖို့ ရာမာဂူချီ-ဂူမီဂိုဏ်း ရုံးချုပ်ထဲကို ကျွန်တော်သွားခဲ့တယ်။ သူတို့ ဒီလောက်ထိ အစောင့်တွေကို တင်းကြပ်ထားမယ်လို့ ကျွန်တော် မမျှော်လင့်ထားတဲ့အပြင် သူတို့တွေက အရမ်းကို ကျွမ်းကျင်တဲ့သူတွေကို ချထားတယ်။ ကျွန်တော် အသက်ရှင်လျက် လွတ်နိုင်ခဲ့တာတောင် အရမ်းကံကောင်းနေပြီ "
ချန်းဖေးအယ်သည် ယုကျိုးအိုးဟူသော စကားကို ကြားသောအခါ သူမ၏ မျက်လုံးများ တောက်ပလာသည်။
" ရှင် ယုကျိုးအိုးကို ခိုးလာတာလား "
နောက်ဆုံး၌ အားကန် သတိရသွားသည်။
သူသည် ယဲ့ဖန်ကို အလျင်စလို ကြည့်လိုက်သည်။
" လူကြီးမင်း၊ ကျွန်တော် သယ်လာတဲ့ အထုပ်ကို ပြန်ယူလာခဲ့တယ် မဟုတ်လား "
ယဲ့ဖန် အားကန်ရင်ခွင်၌ သယ်လာသည့် အထုပ်ကို တွေးလိုက်သည်။
သူသည် ရေချိုးခန်းသို့ ပြန်သွားကာ ထိုအထုတ်ကို သွားယူသည်။
အားကန်သည် ထိုအထုတ်ကို ယူပြီးနောက် သွေးစွန်းနေသော အဝတ်အိတ်ကို ဖွင့်ကာ အတွင်းမှ အနက်ရောင်သေတ္တာတစ်လုံးကို ဖွင့်ထုတ်လိုက်သည်။
ပစ္စည်းဘေးကင်းမှုကို အထူးကောင်းမွန်စွာ ပြုလုပ်ထားသည်။
မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားသည်ကို မသိသော်လည်း အလွန်ခိုင်ခံ့လှသည်။
အားကန်သည် သေတ္တာကို စိုက်ကြည့်ကာ သူတို့နှစ်ဦးအား ရှင်းပြသည်။
" ဒီသေတ္တာကို အထူးသတ္တုစပ်ပစ္စည်းတစ်မျိုးနဲ့ လုပ်ထားတာ။ အရမ်းခိုင်တယ်။ လျှပ်စစ်လွှတွေနဲ့တောင် ဖျက်ဖို့ ခက်တယ်။ ပြီးတော့ ဒါကို ယန္တရားသော့ရော လျှပ်စစ်သော့တွေကိုရော အသုံးပြုထားတာ။ ဒီဟာကို သော့ဖျက်ဖို့က အရမ်းခက်တယ် "
ချန်းဖေးအယ် မတတ်နိုင်ဘဲ ခေါင်းကိုကုတ်လိုက်သည်။
" ဒါက အရမ်းရှုပ်ထွေးတယ်။ အဲ့တာဆို ဒါကို ဖွင့်လို့မရဘူးလို့ ဆိုလိုတာလား "
အားကန်၏ မျက်နှာပေါ်တွင် ယုံကြည်မှုအပြည့်ရှိသော အပြုံးတစ်ခု ပေါ်လာသည်။
" တခြားသူဆိုရင် သူတို့ ဖွင့်လို့မရဘူး။ ဒါပေမယ့် ကျွန်တော်က ဘယ်သူမလို့လဲ။ ကျွန်တော်က လောင်းကစားမြို့ရဲ့ သူခိုးဘုရင် ........ "
" ကောင်းပြီ၊ ကြွားလုံးထုတ်တာကို ရပ်လိုက်။ မြန်မြန် သော့ကိုဖွင့် "
ဘေးနားရှိ ယဲ့ဖန်သည် အမြန် ဖြတ်ပြောလိုက်သည်။
ထိုမှသာ အားကန်သည် ရှက်ရွံ့စွာဖြင့် ပါးစပ်ကို ပိတ်ထားလိုက်တော့သည်။
သော့ဖွင့်ရန် ခေါင်းငုံ့ကာ မေးလိုက်သည်။
" လူကြီးမင်းမှာ ဆရာဝန်သုံး နားကြပ်ရှိလား "
ယဲ့ဖန် မတတ်နိုင်ဘဲ မျက်လုံးဝေ့လိုက်သည်။
" ညဘက်ကြီး ဆရာဝန်သုံးနားကြပ်ကို ဘယ်မှာ သွားရှာရမှာလဲ။ လုပ်နိုင်လား၊ မလုပ်နိုင်ရင်ဖယ် ကျုပ် လုပ်မယ် "
အားကန် ခြောက်သွေ့စွာ ချောင်းဟန့်လိုက်သည်။
" ယောက်ျားတစ်ယောက်က ဘာမဆို ပြောနိုင်ပေမယ့် မလုပ်နိုင်ဘူးလို့လပြောလို့မရဘူး။ အသံမထွက်ကြပါနဲ့ "
ထိုသို့ဖြင့် သူ့နားကို သေတ္တာနား ကပ်လိုက်ပြီး စက်သော့ခလောက်ကို အခြားလက်တစ်ဖက်နှင့် ဖွင့်လိုက်သည်။
ဆယ်မိနစ် ကြာပြီးနောက် ယဲ့ဖန်တို့ စိတ်မရှည်ဖြစ်လာသည်။
သူတို့က သူ့ကို တိုက်တွန်းတော့မည်ဖြစ်သည်။
ထိုအချိန် ရုတ်တရက် ခလုတ်သံကို ကြားလိုက်ရသည်။
သူတို့နှစ်ဦး၏ ထူးကဲသော အကြားအာရုံကြောင့်သာ အသံကို ကြားလိုက်နိုင်သည်။
အလွန်မှာ တိုးလွန်း၍ သာမန်လူတစ်ယောက်ဆိုပါက မကြားနိုင်လောက်ချေ။
" ပွင့်ပြီလား "
ချန်းဖေးအယ် အလျင်အမြန် မေးလိုက်သည်။
" စက်သော့ခလောက်က ပွင့်သွားပေမယ့် လျှပ်စစ်သော့က ခတ်နေတုန်းပဲ "
အားကန် သူ့ချွေးများကို သုတ်လိုက်ပြီး သူမကို လှည့်ကြည့်လိုက်သည်။
" မင်းမှာ မိတ်ကပ်အောက်ခံမှုန့် ရှိလား "
" ဘာအတွက် အဲ့တာကို လိုတာလဲ "
ချန်းဖေးအယ် စိတ်ရှုပ်သွားသည်။
" အရင်သွားယူလိုက်ပါ။ နောက်ကျ သိလိမ့်မယ် "
အားကန် အမြန် တိုက်တွန်းလိုက်သည်။
ချန်းဖေးအယ်သည် သူမ၏ မိတ်ကပ်အောက်ခံ ဖောင်ဒေးရှင်းမှုန့်ကို သွားယူရတော့သည်။
သူမသည် အများအားဖြင့် မိတ်ကပ်မလိမ်းချေ။
ယဲ့ဖန်၏ အတွင်းရေးမှူးအဖြစ် သူမသရုပ်ဆောင်ရသည် မဟုတ်ပါက သူမသည် ဤအရာကိုပင် ဝယ်မည်မဟုတ်ချေ။
အားကန် မိတ်ကပ်မှုန့်ကို ယူပြီးနောက် အချို့ကို အသာအယာခြစ်ထုတ်ပြီး သော့ရှေ့၌ မှုတ်လိုက်သည်။
ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့သည် သော့ပေါ်တွင် မှုန်ဝါးသော လက်ဗွေဖြင့် ခလုတ်အချို့ကို တွေ့လိုက်ရသည်။
သူတို့နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
ဒါက တကယ် ကျွမ်းကျင်မှုပဲ။
အားကန်သည် သူတို့၏ အံ့အားသင့်နေသော အမူအရာများကို သတိပြုမိပြီး ပြုံးခဲ့သည်။
သူ့အရည်အချင်းကို မပြနိုင်ရင် ဆရာကြီးကန်ရဲ့တန်ဖိုးက ဘာရှိတော့မှာလဲ။
" အရမ်းပျော်မနေနဲ့။ မြန်မြန် သော့ဖွင့် "
ယဲ့ဖန် တိုက်တွန်းလိုက်သည်။
အားကန်သည် သူ၏ ဂုဏ်ယူနေသော အမူအရာကို အမြန်ဖယ်လိုက်ပြီး လျှပ်စစ်သော့ကို ဖောက်ထွင်းရန် အာရုံစိုက်နေခဲ့သည်။
မိနစ်အနည်းငယ်ကြာပြီးသော်လည်း သူသည် အကြိမ်အနည်းငယ်ဆက်တိုက် စကားဝှက်အမှားကိုသာ ရိုက်ထည့်နေမိသည်။
နောက်ဆုံး၌ တစ်ချက်နှိပ်လိုက်သည်နှင့် လုံခြုံရေးသေတ္တာတံခါးသည် ချက်ချင်း ပွင့်လာသည်။
ယဲ့ဖန်နှင့် ချန်းဖေးအယ် ဝမ်းသာသွားသည်။
သူ့ကို အမြန်ဝိုင်းလာကြသည်။
အားကန်လည်း အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
နဖူးမှ ချွေးများကို သုတ်ရန်ပင် စိတ်မ၀င်စားနိုင်ဘဲ အတွင်းရှိ ပစ္စည်းများကို အမြန်ထုတ်လိုက်သည်။
အထဲ၌ ဘတ်စကတ်ဘော အရွယ်လောက်ရှိသည့် ကြေးအိုးကြီးတစ်လုံး ရှိသည်။
ကိုယ်ထည်ဝိုင်းဝိုင်းနှင့် ထောက်ထားသည့် ခြေသုံးချောင်းရှိသည်။
အလွန်ရိုးရှင်းပြီး ကျက်သရေရှိလှသည်။
အိုးကို ထုတ်ယူလိုက်သည်နှင့် တပြိုင်နက် သူတို့သုံးဦး ဂန္တဝင်ဆန်သော အငွေ့အသက်များ ပျံ့နှံ့သွားသည်ကို ခံစားလိုက်ရသည်။
ချန်းဖေးအယ်သည် ယဲ့ဖန် ယကို ထိတ်လန့်တကြား ကြည့်လိုက်သည်။
" ဒါ ...... ဒါက ယုကျိုး အိုးလား "
" ဟုတ်တယ် "
ယဲ့ဖန် ချက်ချင်း ခေါင်းညိတ်လိုက်သည်။
အမှန်တွင် သူသည် အားကန်ကို ပြန်ခေါ်လာကတည်းက နက်နဲသော စစ်ဆေးခြင်းဖြင့် စစ်ဆေးပြီးသား ဖြစ်သည်။
ဤသည်မှာ အမှန်ပင် ယုကျိုးအိုး ဖြစ်သည်။
တရုတ်နိုင်ငံ၏ နတ်ဘုရားပစ္စည်းတစ်ခုဟု ဆိုနိုင်သည်။
ဤတစ်ကြိမ်တွင် နက်နဲသောစစ်ဆေးခြင်းသည် ယဲ့ဖန်အား ဤအိုးအတွက် မည်သည့်တန်ဖိုးကိုမှ မပေးခဲ့ပေ။
အမှန်ပင် ဤသို့ အဆင့်ရှိသော နိုင်ငံတော်ဘဏ္ဍာသည် စစ်မှန်စွာ အဖိုးမဖြတ်နိုင်သော ရတနာတစ်ခု ဖြစ်သည်။
ဤအိုးကို ကိုယ်စားပြုသည့် သမိုင်းဆိုင်ရာ အရေးပါမှုသည် ပြိုင်ဘက်ကင်းသည်ဟု ဆိုနိုင်သည်။
အကယ်၍ ဤအိုးကို လူသိရှင်ကြား ထုတ်ပြလိုက်ပါက ရှေးဟောင်းပစ္စည်းလောက တစ်ခုလုံးသာမင နိုင်ငံတစ်ခုလုံးကိုပင် တုန်လှုပ်စေမည့် ရှေးဟောင်းပစ္စည်းတစ်ခုဖြစ်သည်မှာ သေချာသည်။
အားကန်သည် ပြိုင်ဘက်ကင်းသော အလှကို ကြည့်နေသကဲ့သို့ ယုကျိုးအိုးကို စိုက်ကြည့်နေသည်။
စိတ်လှုပ်ရှားလွန်း၍ တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။
" ဒါက တကယ် ပြိုင်ဘက်ကင်း ပြီးပြည့်စုံတဲ့ ရတနာပဲ။ အနှိုင်းမဲ့ရတနာပဲ ..... "
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၂၉၀ )
ဒီကလေး သေချာပေါက် သေရမယ်။
ယဲ့ဖန်၏ အာရုံသည်လည်း ယုကျိုးအိုးကိုသာ အာရုံစိုက်နေခဲ့သည်။
ယဲ့ဖန်သည် ထိုအိုးမှာ အသက်ရှူနေပြီး သူနှင့် ဆက်သွယ်နေသလို ခံစားရသည်။
သူ၏ စိတ်ဝိညာဉ်သည် အနည်းငယ် တုန်လှုပ်သွားသည်။
ချန်းဖေးအယ်မှာတော့ သူတို့နှစ်ယောက်လောက် လေးနက်စွာ မခံစားရသော်လည်း တိုင်းပြည်အတွက် ဤအိုး၏ အရေးပါပုံကို သူမလည်း ရှင်းလင်းစွာ သိလေသည်။
တာဝန်ပြီးမြောက်၍ ရလာသည့် ခံစားချက်က သူမအပေါ် အလွန်သက်ရောက်ပြီး သူမကို အလွန်ဂုဏ်ယူစေသည်။
" ကျွန်မတို့နိုင်ငံကို ပြန်ပို့ရမယ် "
သူမ ယဲ့ဖန်ကို ပြောနေသည်လား၊ သူမကိုယ်တိုင် စကားပြောနေသည်လား မသိစွာ ပြောလိုက်သည်။
ယဲ့ဖန်သည် သူ၏ ထိတ်လန့်တုန်လှုပ်နေမှုမှ ပြန်လည် သတိကပ်လာခဲ့သည်။
သူ ပေါ့ပါးစွာ ခေါင်းညိတ်သည်။
" ဒါပေါ့၊ ကိုယ်တို့က ဒါကို သေချာပေါက် ပြန်ယူသွားရမယ်။ ဒါပေမယ့် အဲ့ဒီမတိုင်ခင် တခြားကိစ္စတစ်ခုကို ဖြေရှင်းဖို့ ကိုယ် အဲ့တာကို သုံးဖို့ လိုသေးတယ် "
ချန်းဖေးအယ်သည် ယုကျိုးအိုးကို ပြန်ယူလာရုံသာမက အခြားသောပြဿနာများကိုလည်း ဖြေရှင်းရန် ဂျပန်သို့ ရောက်လာသည်ကို ချက်ချင်း သဘောပေါက်သွားသည်။
ထို့နောက် ယဲ့ဖန်သည် အားကန်ကို ကြည့်လိုက်သည်။
" ခင်ဗျားကို ခိုးခိုင်းတဲ့သူစီ ချက်ချင်း ဆက်သွယ်ပြီး အရောင်းအဝယ်လုပ်ဖို့ အချိန်သတ်မှတ်လိုက် "
အားကန်လည်း ပုံမှန်အသိစိတ် ပြန်ဖြစ်နေပြီ ဖြစ်သည်။
ချက်ချင်း သဘောတူပြီး ဝယ်သူကို ဆက်သွယ်ရန် ဖုန်းကို ထုတ်လိုက်သည်။
..............................
တစ်ချိန်တည်းမှာပင် မြေအောက်ကားပါကင်၌။
" ခေါင်းဆောင်၊ ကျွန်တော်တို့ စစ်ဆေးပြီးပါပြီ။ ဒီကားက ကားအငှားကုမ္ပဏီကပါ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က လူတစ်ယောက် ငှားသွားတယ်လို့ ပြောပါတယ် "
ကားအကြောင်း စုံစမ်းလာသည့် လက်အောက်ငယ်သားက သေချာ သတင်းပို့လေသည်။
ခေါင်းဆောင်သည် သုန်မှုန်သော အမူအရာ ရှိနေသည်။
" ငှားတဲ့သူရဲ့ အချက်အလက်က ဘယ်မှာလဲ "
" သူဌေးက အစတုန်းကတော့ ဘာမှ မပြောပါဘူး။ သူက ဖောက်သည်ရဲ့ လျှို့ဝှက်ချက်လို့ ပြောတယ်။ နောက်ဆုံးကျ ကျွန်တော်က ..... "
ထိုလက်အောက်ငယ်သားက ချက်ချင်း ကြောက်ရွံ့စွာ ပြောလိုက်သည်။
" ကိစ္စကို ရောက်အောင်ပြော "
ထိုခေါင်းဆောင်က စိတ်မရှည်စွာ တားလိုက်သည်။
" ငှားတဲ့သူ ...... သူ့နာမည်က ယဲ့ဖန်ပါ "
လက်အောက်ငယ်သားမှ အခြားကိစ္စများကို ကျော်လိုက်ပြီး ဖြေလေသည်။
" ယဲ့ဖန်လား "
ခေါင်းဆောင်၏ အမူအရာမှာ သိသာစွာ ပြောင်းလဲသွားသည်။
ဤကာလအတွင်း ထိုအမည်သည် ရာမာဂူချီ-ဂူမီဂိုဏ်း တစ်ခုလုံး၏ အိပ်မက်ဆိုးဟု ဆိုနိုင်သည်။
ပထမအချက်အနေဖြင့် ယာမတဌာနခွဲမှာ လုံးဝပျက်ဆီးသွားရသည်။
ဂိုဂူနမ် ဆိပ်ကမ်းကိုလည်း ယဲ့ဖန်မှ ရာမာဂူချီ-ဂူမီဂိုဏ်းကို အနိုင်ပိုင်းယူသွားသောကြောင့် သူ့ကို လက်စားချေရန်ပင် စိတ်မကူးရဲကြပေ။
ဤလူနှင့် ထပ်တွေ့ရမည်ဟု မမျှော်လင့်ထားပေ။
ယခင်နှစ်ကြိမ်ထက်ပင် ပို၍ ဒေါသထွက်ခဲ့ရသည်။
ယဲ့ဖန်သည် သူတို့၏ ရာမာဂူချီ-ဂူမီဂိုဏ်း၏ အရေးကြီးဆုံးလက်နက်ဖြစ်သည့် ယုကျိုးအိုးကို အမှန်တကယ် ခိုးယူသွားခဲ့သည်။
နောက်လိုက်သည် ငုံ့ကာ ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။
" ခေါင်းဆောင်၊ ကျွန်တော် ဒီကောင်လေးရဲ့ အခန်းနံပါတ်ကိုလည်း ရှာတွေ့ခဲ့တယ်။ ကျွန်တော်တို့ အခု ယုကျိုးအိုးကို ပြန်ယူသင့်သလား ....... "
ဖြောင်း
သူ စကားမဆုံးခင်မှာပင် ခေါင်းဆောင်က သူ့ကို ပါးရိုက်လိုက်သည်။
" လုယူမှာလား။ ဘာလဲ၊ မင်းအသက်နဲ့ လဲချင်တာလား "
လက်အောက်ငယ်သားသည် ထိတ်လန့်သွားပြီး မကျေနပ်စွာဖြင့် သူ့မျက်နှာကို အုပ်ထားသည်။
" ဌာနချုပ်ကို ချက်ချင်း ပြန်သွားကြမယ် "
ခေါင်းဆောင်သည် ခဏ စဉ်းစားပြီး အခြားလူတွေကို ချက်ချင်းစုပြီး ထွက်သွားသည်။
..............................
နာရီဝက်အကြာ အီဒိုမြို့၊ ရာမာဂူချီ-ဂူမီဂိုဏ်း ရုံးချုပ်၌။
" ဘာလဲ၊ ဒါက ထပ်ပြီး ယဲ့ဖန်ပဲလား "
သူ့လက်အောက်ငယ်သားထံမှ တင်ပြချက်ကို ကြားပြီးနောက် ယာမာမိုတို တာခဲရှိ၏ အမူအရာမှာ ချက်ချင်း မည်းမှောင်သွားသည်။
လက်အောက်ငယ်သားမှာ ထိုနေရာ၌သာ တလေးတစား ရပ်နေသည်။
" ဟုတ်ပါတယ် ဥက္ကဌ။ အဲ့ဒီသူခိုးကို ယဲ့ဖန်က လွှတ်လိုက်တာ ဖြစ်မယ်။ အဲ့ဒီကလေးရဲ့ ခွန်အားကို သတိရပြီး ရန်သူကို သတိပေးသလိုဖြစ်မှာ စိုးရိမ်ပြီး ကျွန်တော်လူတွေကို အရင်ပြန်ခေါ်ခဲ့တာပါ "
ယာမာမိုတို တာခဲရှိ ခေါင်းညိတ်လိုက်သည်။
" မင်းလုပ်တာ မှန်တယ်။ မင်း ခေါ်သွားတဲ့လူတွေက အဲ့ဒီကလေးနဲ့ မယှဉ်နိုင်ဘူး "
လက်အောက်ငယ်သားသည် သူ့အမူအရာကို တိတ်တဆိတ် အကဲခတ်နေပြီး အစမ်းသဘောဖြင့် မေးလိုက်သည်။
" ဥက္ကဌ၊ အခု ကျွန်တော်တို့ ဘာလုပ်သင့်လဲ၊ ယုကျိုးအိုးက ကျွန်တော်တို့ရဲ့ ရာမာဂူချီ-ဂူမီဂိုဏ်းအတွက် အရမ်းအရေးကြီးပါတယ်။ ပြန်လုယူစေချင်ပါလား "
ယာမာမိုတို တာခဲရှိသည် မျက်လုံးများကိုမှိတ်ထားပြီး ခဏလောက် စဉ်းစားလိုက်သည်။
အဆုံး၌ သူ ခေါင်းခါလိုက်သည်။
" မလိုဘူး "
လက်အောက်ငယ်သားသည် ချက်ချင်းပင် ထိတ်လန့်သွားသည်။
" ဒီကလေးက ကျွန်တော်တို့ကို ဒီထိ တွန်းပို့ထားတာကို သည်းခံနေမှာလား "
ယာမာမိုတို တာခဲရှိ၏ မျက်နှာသည် သတ်ချင်စိတ် ပြင်းပြသော အရိပ်ယောင်များ ထင်ရှားနေသည်။
" ဟုတ်တယ်၊ ငါတို့ ဒီအတိုင်း ထားလို့မရဘူး။ ဒီကလေး သေကိုသေရမယ်။ ပြီးတော့ အဲ့ဒီနေ့က မဝေးတော့ဘူး "
" ငါတို့ အခုလုပ်ရမှာက စိတ်အေးအေးထားပြီး သတင်းကို စောင့်နေတာပဲ "
လက်အောက်ငယ်သားသည် သူ ပြောနေသည့် 'သတင်း'ဆိုသည်ကို မသိသော်လည်း ဥက္ကဌက ထိုသို့ပြောသည့်အတွက် သူလည်း သဘောတူလိုက်ရသည်။
.................................
" မနက်ဖြန်ညနေ ၅းဝဝနာရီ အီဒိုမြို့မှာရှိတဲ့ စွန့်ပစ်ဆေးရုံကို လာဖို့ ဟိုလူက ပြောပါတယ်။ တစ်ယောက်တည်း လာခဲ့ပါတဲ့ "
အားကန်သည် ဖုန်းကို ပိတ်လိုက်ပြီး အချိတ်အဆက်လုပ်ထားသူ၏ တောင်းဆိုမှုကို ပြောလိုက်သည်။
ထိုသည်ကို ယဲ့ဖန် ကြားပြီးနောက် သူ လှောင်ရယ်သော အပြုံးကို ထုတ်ဖော်လိုက်သည်။
" မနက်ဖြန် လုပ်ချင်တာလား။ မကြာခင် တရုတ်ကို ပြန်နိုင်မယ်ထင်တယ် "
အားကန် သူ့ကို ထိတ်လန့်စွာ ကြည့်လိုက်သည်။
" လူကြီးမင်း၊ မနက်ဖြန် ဘာလုပ်ကြမလဲ "
ယဲ့ဖန် သူ့ကို စိုက်ကြည့်နေသည်။
" စိတ်မပူပါနဲ့။ လုပ်ချင်တာ လုပ်နိုင်တယ်။ ကျန်တာကို ငါတို့ဆီ ထားခဲ့လိုက် "
ထိုမှသာ အားကန် သက်ပြင်းတစ်ချက်ချလိုက်သည်။
ယဲ့ဖန်သည် သူ့အား အန္တရာယ်များသည့်ကိစ္စ လုပ်ခိုင်းမည်ကို သူ စိုးရိမ်နေခဲ့သည်။
ထိုစကားကို ကြားလိုက်ပြီး နောက်ဆုံးမှ စိတ်သက်သာရာရသွားသည်။
ယဲ့ဖန် လမ်းလျှောက်လာပြီး သူ့ပုခုံးကို ပုတ်လိုက်သည်။
" ကောင်းပြီ၊ အရင် အနားယူနေလိုက်။ ခင်ဗျားရဲ့ အင်အား ပြန်ကောင်းလာပြီးမှ စကားပြောကြရအောင် "
အားကန်သည် ယဲ့ဖန်အခန်းထဲသို့ ထော့နဲ့စွာ ပြန်သွားခဲ့သည်။
သူ ထွက်သွားပြီးနောက် ယဲ့ဖန်သည် ချက်ချင်းပင် ချန်းဖေးအယ်ကို လှည့်ကြည့်လိုက်သည်။
" မနက်ဖြန်ရဲ့ အစီအစဉ်ကို အခုပဲ ဆွေးနွေးကြရအောင် "
ချန်းဖေးအယ်သည် ချက်ချင်းပင် လေးနက်လာသည်။
" ကောင်းပြီ "
......................................
အားကန် နောက်တစ်နေ့ မနက်အစောကြီးနိုးလာသည်။
မနေ့ညကလည်း အိပ်မပျော်ချေ။
တစ်ကြောင်းမှာ သူ့ခန္ဓာကိုယ်မှ ဒဏ်ရာများကြောင့် အိပ်မပျော်နိုင် ဖြစ်ခဲ့သည်။
တစ်ကြောင်းမှာ ယနေ့ ဖြစ်လာမည့် အရောင်းအဝယ်ကြောင့် အဓိကဖြစ်သည်။
သူ အသက်ရှင်လျက် ပြန်လာနိုင်မည်လားဆိုတာ မသေချာပေ။
မနက် ၄နာရီ၊ ၅ နာရီအထိ မအိပ်နိုင်ဘဲ ၉ နာရီခန့်တွင် နိုးလာသည်။
သူ့အဝတ်အစားများကို ၀တ်ပြီးနောက် နံရံကိုမှီပြီး အိပ်ခန်းထဲမှ ထွက်လိုက်သည်။
တံခါးဖွင့်လိုက်သည်နှင့် အပြင်မှ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။
အားကန် တုန်လှုပ်သွားပြီး မြေပြင်ပေါ် လဲကျသွားသည်။
" မင်း ..... မင်းတို့က ဘယ်သူလဲ "
တံခါးအပြင်ဘက်မှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် အနက်ရောင်ဝတ်စုံကို ၀တ်ဆင်ထားကြသည်။
ထိုလူ၏ လက်ထဲတွင် ဘီးတပ်ကုလားထိုင်ကို တွန်းလိုက်သည်။
သူတို့နှစ်ယောက်သည် သူ့ကို ပြုံးပြတေကြသည်။
" ခင်ဗျားက လောင်းကစားမြို့က သူခိုးဘုရင်ပဲ။ ဘာလို့ ဒီလောက် ကြောက်နေတာလဲ "
ထိုအချိန်တွင် ထိုလူက ရုတ်တရက် စကားပြောလာသည်။
ဤအသံကို ကြားသောအခါ အားကန် အံ့ဩသွားသည်။
" ယဲ့ ..... ယဲ့လူကြီးမင်းလား "
ဤသည်မှာ အမှန်ပင် ယဲ့ဖန်၏ အသံဖြစ်သည်။
သို့သော် ဤမရင်းနှီးသော မျက်နှာနှင့် မကိုက်ညီပေ။
သရဲမြင်နေရသလို ဖြစ်နေသည်။
ယဲ့ဖန် လမ်းလျှောက်လာပြီး အားကန်ကို ဘီးတပ်ကုလားထိုင်ပေါ် တက်ခိုင်းလိုက်သည်။
" ဟုတ်တယ်၊ ငါပဲ "
အားကန်သည် သူ့ကို ထိတ်လန့်စွာ ကြည့်နေသည်။
" လူကြီးမင်း ...... လူကြီးမင်း ဘယ်လိုဖြစ်လာတာလဲ "
ယဲ့ဖန် သူ့မျက်နှာကို ထိလိုက်သည်။
" နည်းနည်း လှည့်စားရုံပါပဲ "
အားကန်၏ ပါးစပ်ထောင့်သည် မတတ်နိုင်ဘဲ လှုပ်ယမ်းသွားသည်။
" ဒါကို လှည့်ကွက်လေးတစ်ခုလို့ ခေါ်သေးတာလား။ ဒါက အရမ်းကို ကောင်းမွန်တဲ့ နည်းပညာပဲ "
ထိုအချိန်တွင် သူ့ဘေးနားရှိ အမျိုးသမီးက စကားပြောလာသည်။
" ဒါကို ရုပ်ဖျက်တာလို့ ခေါ်တယ်။ အဲ့တာ ယဲ့ဖန်ရဲ့ ကျွမ်းကျင်မှုပဲ "
အားကန် သူမကို ထိတ်လန့်စွာ ကြည့်နေပြန်သည်။
" မင်းက ချန်းဖေးအယ်လား "
ချန်းဖေးအယ် ပြုံးပြီး ခေါင်းညိတ်သည်။
" ဟုတ်တယ် "
အားကန် စိတ်တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားလိုက်သည်။
" မင်းတို့အားလုံး ဘယ်လိုလုပ် ဒီလိုဖြစ်ကုန်တာလဲ "
ယဲ့ဖန် သူ့ပုခုံးကို ပုတ်လိုက်သည်။
" မင်းနဲ့ အရောင်းအဝယ်ကို လိုက်ဖို့ ငါတို့ ဆုံးဖြတ်လိုက်တယ် "
အားကန်၏ မေးရိုးသည် တုန်လှုပ်သွားခဲ့သည်။
" ဒါပေမယ့် ..... တစ်ဖက်လူက ကျွန်တော့်ကို တစ်ယောက်တည်း လာစေချင်တာ "
ယဲ့ဖန် မတတ်နိုင်ဘဲ သူ့မျက်လုံးများကို ဝှေ့လိုက်သည်။
" ခင်ဗျား နည်းနည်းလေး ရင့်ကျက်လို့ မရဘူးလား။ အခု ယုကျိုးအိုးက ငါတို့လက်ထဲမှာ ရှိနေတော့ ငါတို့ဘက်က အခြေအနေတွေ တောင်းဆိုနိုင်တယ် ....... "
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၂၉၁ )
လက်ပါးစေ ဖြစ်ပေးပါ့မယ်
ထိုမှသာ အားကန် တုံ့ပြန်နိုင်ခဲ့သည်။
" ဟုတ်တယ်။ ယုကျိုးအိုးက ကျွန်မတို့ လက်ထဲမှာ။ ဘာလို့ သူတို့ကို ခြယ်လှယ်ခွင့် ပေးလိုက်ရမှာလဲ "
အားကန်သည် တစ်ယောက်တည်းသွားပြီး အန္တရာယ်ရှိမည်ကို မူလက စိုးရိမ်နေခဲ့သည်။
သို့သော် အခုအခါ သူသည် ယဲ့ဖန်နှင့် ချန်းဖေးအယ်အား သူ၏ 'ကိုယ်ရံတော်'အဖြစ် ရှိနေ၍ ပိုပြီး သက်တောင့်သက်သာဖြစ်သလို ခံစားရသည်။
" ကောင်းပြီ၊ ဘာပဲဖြစ်ဖြစ် အရောင်းအဝယ်လုပ်ဖို့ စောနေသေးတယ်။ အပြင်ထွက်ပြီး ထမင်းစားရအောင် "
ယဲ့ဖန်သည် အားကန်ကို တွန်းကာ တံခါးမှ ထွက်လာလိုက်သည်။
အရောင်းအဝယ်အချိန်သည် ညနေငါးနာရီ ဖြစ်သည်။
သူတို့ သုံးယောက်သည် အလျင်လိုခြင်း မရှိ။
မနက်စာစားရန် အရင်သွားခဲ့ကြပြီး တစ်မနက်လုံး အင်္ကျီအနည်းငယ်ဝယ်ရန် ဈေးဝယ်ထွက်ခဲ့ကြသည်။
ထို့နောက် ထမင်းသွားစားကြသည်။
သူတို့သုံးယောက်က နေ့လယ် သုံးနာရီလောက်မှ ဟိုတယ်ကို ပြန်ရောက်လာသည်။
" ခင်ဗျားအဝတ်အစားတွေ အရင်ပြောင်းဝတ်လိုက်။ ပြီးရင် ကျွန်တော်တို့ ထွက်ကြမယ် "
ယဲ့ဖန်သည် အားကန်ကို အခန်းထဲသို့ ပြန်တွန်းပြီး ယနေ့ သူဝယ်လာသည့် အဝတ်အစားအသစ်များ လဲရန် ကူညီပေးလိုက်သည်။
အင်္ကျီလဲပြီးနောက် ယဲ့ဖန် အားကန် လှည့်ကြည့်ခိုင်းလိုက်သည်။
" ကြည့်လိုက်၊ ဘယ်လိုနေလဲ "
ထို့နောက် အားကန်သည် သူ့မျက်နှာမှ မျက်ရည်များစီးကျလာကာ ယဲ့ဖန်ကို ကြည့်နေသည်။
" ခင်ဗျား ဘာဖြစ်တာလဲ။ အဝတ်အစားတွေက မပြေရင်တောင် ငိုပြီး ရုပ်ဆိုးမနေသင့်ဘူး မဟုတ်လား "
ယဲ့ဖန် စိတ်ရှုပ်သွားသည်။
အားကန် သူ့မျက်ရည်များကို သုတ်လိုက်သည်။
" မဟုတ်ဘူး၊ တော်တော် ရင်ထဲထိသွားလို့ပါ "
ယဲ့ဖန် ချက်ချင်း မျက်လုံးလှန်လိုက်သည်။
" မဖြစ်နိုင်တာ။ အဝတ်အစား နည်းနည်းဝယ်ပေးလိုက်တာနဲ့ စိတ်လှုပ်ရှားနေပြီလား။ ခင်ဗျားက စိတ်ကူးယဉ်ဆန်တဲ့ လူတစ်ယောက်ဆိုတာ မသိခဲ့ဘူး "
အားကန် သက်ပြင်းချလိုက်သည်။
" ကျွန်တော် ငယ်ငယ်တုန်းကတည်းက မိဘတွေ သေသွားတော့ သူတောင်းစား အဘိုးကြီးနောက်က လိုက်တောင်းစားရတာ ..... "
" တော်လိုက်တော့။ ဒီနေ့ စိတ်ကောင်းနေတာ။ ခင်ဗျားရဲ့ ကြေကွဲစရာ အတွေ့အကြုံကို မကြားချင်ဘူး "
ယဲ့ဖန် ချက်ချင်း သူ့ကို တားလိုက်သည်။
အားကန် မကျေမနပ်နှင့် ခေါင်းကုတ်လိုက်သည်။
" တကယ်တော့ ကျွန်တော် ပြောချင်တာက ငယ်ငယ်ကတည်းက ဘယ်သူမှ ကောင်းကောင်း မဆက်ဆံပေးဖူးဘူး "
" ကျွန်တော်က 'သူခိုးဘုရင်'လို့ ခေါ်ရင်တောင်မှ တခြားလူတွေက ကျွန်တော့်ကို အသုံးချချင်ကြတာ။ ကျွန်တော့်ကို မြှောက်ပင့်ပြီး ကျွန်တော့်ဆီက တစ်ခုခု ယူချင်ကြတာ "
ယဲ့ဖန် ရယ်လိုကိသည်။
" ကျွန်တော်လည်း ခင်ဗျားကို အသုံးချနေတာပဲ "
အားကန် ချက်ချင်း ရယ်မောလိုက်သည်။
" ဒါပေမယ့် ဘာလို့လဲတော့ မသိဘူး။ ဒါပေမယ့် လူကြီးမင်းကို စိတ်ထဲကနေ အသုံးချတာ ခံရဖို့တောင် ဆန္ဒရှိတယ်။ လူကြီးမင်းနဲ့အတူ တိုက်ပွဲဝင်ရတာ အရမ်းလုံခြုံတယ်လို့ ခံစားရတယ် "
ယဲ့ဖန် မတတ်နိုင်ဘဲ ခေါင်းခါပြသည်။
" လူကြီးမင်း ဒီတာဝန်ပြီးရင် လူကြီးမင်းနောက် ဆက်လိုက်လို့ရမလား "
အားကန် ချက်ချင်း နှုတ်ခမ်းကို သပ်လိုက်ပြီး ပြုံးလိုက်သည်။
ယဲ့ဖန် အံ့သြသွားသည်။
" ခင်ဗျား ပြန်သွားပြီး သူခိုးဘုရင်ဖြစ်ဖို့ စိတ်ကူးမရှိဘူးလား "
အားကန် ခေါင်းယမ်းလိုက်သည်။
" သူခိုးဘဝကို ငြီးငွေ့နေတာ ကြာပြီ။ နေ့တိုင်း တစ်နေရာကနေ တစ်နေရာ ပုန်းအောင်းနေရတာက လူ့ဘဝ မဟုတ်ဘူး "
" ဒီကိစ္စပြီးရင်တောင် အခြေအနေပြောင်းဖို့ အစကတည်းက စီစဉ်နေခဲ့တာ။ လူကြီးမင်းက ကျွန်တော့်ကို ခေါ်သွားဖို့ ဆန္ဒရှိတယ်ဆိုရင် နောင်ကျ လူကြီးမင်းရဲ့လက်ပါးစေ ဖြစ်ပေးမယ် ....... "
" ကောင်းပြီ၊ စကားမပြောနဲ့တော့ "
ယဲ့ဖန် သူ့ကို အလျင်အမြန် တားလိုက်သည်။
" တီဗီဇာတ်လမ်းတွေထဲက ဇာတ်ကွက်တွေအရ အလံတွေ လွှင့်ပြီးတာနဲ့ ပြန်မလာနိုင်တော့ဘူး "
အားကန်၏ ပါးစပ်ထောင့် လှုပ်ယမ်းသွားသော်လည်း သူ မတတ်နိုင်ဘဲ တောင်းဆိုလိုက်သည်။
" ကျွန်တော် အလေးအနက်ထားပြီး ပြောနေတာပါ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခေါ်သွားပေးပါ။ လုပ်ခိုင်းချင်တာမှန်သမျှ လုပ်ပေးပါ့မယ် "
ယဲ့ဖန်သည် သူ့ကို ဘီးတပ်ကုလားထိုင်ပေါ် ထိုင်ရန်ကူညီပေးပြီးနောက် သူ့ကို လျစ်လျူရှုလိုက်သည်။
" စဉ်းစားကြည့်မယ်။ ကျွန်တော်က အမှိုက်ကို လက်ခံမယ့်လူ မဟုတ်ဘူး "
ထိုသို့ဖြင့် လှည့်ပြီး အခန်းထဲက ထွက်သွားသည်။
" ကောင်းပြီ၊ သေချာစဉ်းစားပေးပါ "
အားကန်၏ မျက်နှာတွင် စိတ်သက်သာရာရသွားသော အပြုံးတစ်ခု ချက်ချင်း ပေါ်လာသည်။
ဤကိစ္စမှာ ဖြစ်နိုင်ခြေအရှိဆုံးဘဖြစ်နေပြီဆိုတာ သူ သိသည်။
ဝယ်သူနှင့် ချိန်းထားသည့် စွန့်ပစ်သောဆေးရုံသို့ သွားကြသည်။
ထိုဆေးရုံသည် ယခင်က စိတ်ကျန်းမာရေးဆေးရုံဖြစ်ခဲ့သော်လည်း အကြောင်းတစ်စုံတစ်ရာကြောင့် ရွှေ့သွားခဲ့သည်။
ယခုအချိန်တွင် ဤနေရာသည် အလွန်ပျက်စီးနေပြီဖြစ်ပြီး ကျိုးပျက်နေသော နံရံများကို နေရာတိုင်းတွင် မြင်တွေ့နိုင်သည်။
ယဲ့ဖန်တို့ လမ်းလျှောက်လာရင်း စိမ့်ချမ်းလာသော လေထုကို ခံစားလိုက်ရသည်။
" ဒီဝယ်သူက တကယ်ကို ထူးဆန်းတာပဲ။ သူက စွန့်ပစ်ထားတဲ့ နေရာကိုမှ အရောင်းအဝယ်လုပ်ဖို့ ရွေးချယ်ခဲ့တာ "
ယဲ့ဖန် ဘီးတပ်ကုလားထိုင်ကို တွန်းလိုက်ပြီး ပတ်လည်ကို ကြည့်လိုက်သည်။
" ဒါက သက်သေတွေကို ဖျက်ဆီးဖို့ ကောင်းတဲ့ နေရာပဲ "
ချန်းဖေးအယ်သည် အထူးတပ်ဖွဲ့ဝင် တစ်ဦး၏ ရှုထောင့်မှ ခွဲခြမ်းစိတ်ဖြာခဲ့သည်။
" မင်းတို့နှစ်ယောက် ပြောနေတဲ့စကားတွေ ရပ်လိုက်။ ကြောက်စရာကြီး "
သူတို့နှစ်ယောက်စကားကို ကြားလိုက်သောအခါ အားကန်၏ ဆံပင် အဆုံးထိ ထောင်သွားတော့သည်။
" ဝယ်တဲ့သူဆီ ဖုန်းဆက်ပြီး ဘယ်အချိန်လာမယ်ဆိုတာ မေးကြည့်လိုက် "
ယဲ့ဖန် ချက်ချင်း ပြောလိုက်သည်။
အားကန် သူ့ဖုန်းကို ထုတ်လိုက်ပြီး ဖုန်းခေါ်မည့်အချိန် ဖုန်းဝင်လာသည်။
ကြည့်လိုက်သည့်အခါ ဝယ်သူဟု မြင်လိုက်ရ၍ သူ ချက်ချင်း ကောက်ကိုင်လိုက်သည်။
သူ စကားမပြောမီတွင် တစ်ဖက်မှ ကျယ်လောင်သောအသံတစ်ခု ထွက်လာသည်။
" မင်းတစ်ယောက်တည်း လာလို့ ငါပြောထားပြီးသား။ တခြားသူတွေကို ဘာလို့ ခေါ်လာတာလဲ "
ထိုစကားကို အားကန် ကြားသောအခါ လှည့်ပတ်ကြည့်လိုက်သည်။
တစ်ဖက်သူသည် သူတို့၏ လှုပ်ရှားမှုတိုင်းကို လျှို့ဝှက်စွာ စောင့်ကြည့်နေခဲ့သည်။
" ငါ့မေးခွန်းကို ဖြေ။ မင်း ဘာလို့ တခြားသူတွေကို ဒီကို ခေါ်လာတာလဲ "
တစ်ဖက်သူ၏ အသံမှာ အလွန်ပြင်းထန်လေသည်။
ထိုလူသည် သူတို့၏ လုပ်ဆောင်ချက်အား ဒေါသအလွန်ထွက်နေသည်မှာ သိသာလေသည်။
တစ်ဖက်သူ၏ အပြစ်တင်မှုကို ခံရပြီးနောက် အားကန် ထိတ်လန့်သွားပြီး သူ လေ့ကျင့်ထားသည့် အကြောင်းပြချက်ကို မေ့သွားသည်။
ထိုအချိန်မှာ လက်တစ်ဖက် သူ့ပုခုံးပေါ်ကို ရုတ်တရက် ရောက်လာသည်။
သူ လှည့်ကြည့်လိုက်သည့်အခါ ယဲ့ဖန်မှ သူ့ကို တည်ငြိမ်စွာ ကြည့်နေသည်ကို တွေ့လိုက်ရသည်။
အကြောင်းတစ်ခုခုကြောင့် ယဲ့ဖန်၏ အကြည့်ကို မြင်လိုက်ရပြီး သူ၏ ရှုပ်ယှက်ခတ်နေသော ခံစားချက်များ ချက်ချင်း ငြိမ်သက်သွားသည်။
ချက်ချင်းပင် ဖုန်းကို ကိုင်လိုက်ပြီး တစ်ဖက်သူအား လှမ်းအော်လိုက်သည်။
" ခင်ဗျား ယဉ်ကျေးရင် ကောင်းမယ်။ ခင်ဗျားအတွက် ဒီကွဲနေတဲ့အိုးကို ခိုးဖို့ ငါ့ခြေထောက် ကျိုးရသေးတယ်။ ငါတစ်ယောက်တည်း ဒီကို ဘယ်လိုလုပ်ရောက်လာနိုင်မှာလဲ။ လဲချင် လာလဲ။ မလဲချင်ရင် မေ့လိုက် "
ထိုစကားကို ပြောပြီးနောက် သူ ဖုန်းကိုချကာ ယဲ့ဖန်ကို လက်ဝှေ့ယမ်းလိုက်သည်။
" သွားကြစို့ "
ထိုစကားများကို ယဲ့ဖန်မှ သူ့ကို သင်ပေးခဲ့သည်။
သူ ပြောပြီးသည်နှင့် သူ့နှလုံးခုန်သံမှာ ခုန်ပေါက်နေတော့သည်။
ယဲ့ဖန်သည် 'နောက်လိုက်တစ်ယောက်' အခန်းကဏ္ဍကို အသေအချာ ဟန်ဆောင်ခဲ့ပြီး 'သူဌေး၏အမိန့်'ကို နာခံကာ ဘီးတပ်ကုလားထိုင်ကို ချက်ချင်း တွန်းထုတ်လိုက်သည်။
သူတို့သုံးယောက် တံခါးဝသို့ ရောက်ခါနီးတွင် အားကန်၏ ဖုန်းက ထပ်မြည်လာပြန်သည်။
အေးစက်သော မျက်နှာထားဖြင့် ဖုန်းကို ကောက်ကိုင်လိုက်သည်။
" တောင်းပန်ပါတယ်။ ငါ့ရဲ့ ခုနက သဘောထားအတွက် တောင်းပန်တယ်။ အဓိက အကြောင်းရင်းက ဒီတစ်ခါ အရောင်းအ၀ယ်က အရမ်းကို လျှို့ဝှက်ထားရမှာမလို့။ လူတော်တော်များများ မြင်ပြီး လျှို့ဝှက်ချက် ပေါက်ကြားသွားလို့ မဖြစ်ဘူး "
တစ်ဖက်သူ၏ လေသံမှာ သိသာစွာ ပျော့သွားသည်။
ထိုအခါမှ အားကန်၏ အမူအရာမှာ အနည်းငယ် တိုးတက်လာသည်။
" စိတ်မပူပါနဲ့၊ ဒီလူနှစ်ယောက်က ငါ့ရဲ့ ယုံကြည်ရတဲ့ လက်ထောက်တွေ ဖြစ်နေခဲ့တာ နှစ်အတော်ကြာနေပြီ။ မင်း ငါ့ကို ယုံကြည်သလောက် သူတို့ကို ယုံနိုင်တယ် "
ထိုအခါ တစ်ဖက်လူသည် သဘောမတူဘဲ ခဏ ငြိမ်သွားသည်။
" ကောင်းပြီ၊ မင်းတို့ ဒုတိယထပ်ကို တက်ခဲ့လို့ရပြီ "
အားကန် အေးစက်စွာ နှာမှုတ်လိုက်သည်။
" တောင်းပန်ပါတယ်၊ ငါ့ခြေထောက်က အဆင်မပြေလို့ ခင်ဗျား ဆင်းလာသင့်တယ် "
တစ်ဖက်သူသည် သူ၏ သဘောထားကို လက်မခံနိုင် ဖြစ်နေသည်မှာ ထင်ရှားလေသည်။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူက ပြန်ဖြေသည်။
" ကောင်းပြီ "
အားကန် ချက်ချင်း ဖုန်းချလိုက်ပြီး ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။
'ကျွန်တော့်ရဲ့ သရုပ်ဆောင်စွမ်းရည်က မဆိုးဘူးမလား'ဟု ပြောနေသလို ယဲ့ဖန် ကို ပြုံးပြသည်။
ယဲ့ဖန် ပြုံးပြီး ခေါင်းယမ်းလိုက်သည်။
ဘာကြောင့်မှန်း မသိသော်လည်း ဤသူခိုးဘုရင်မှာ ခွေးနှင့်တူလာသည်ဟု တွေးမိသည်။
ဖုန်းချပြီး ငါးမိနစ်ခန့်အကြာတွင် လှေကားထစ်မှ ဖြည်းညှင်းစွာ လျှောက်လာသည့် လူနှစ်ယောက်ကို တွေ့လိုက်ရသည်။
ရှေ့မှ လျှောက်လာသူမှာ အသက်လေးဆယ်ကျော်ခန့်ဖြစ်ပြီး အနည်းငယ် ချောမောလွန်းလှသည်။
ယဲ့ဖန်သည် သူ့ရုပ်ရည်ကို အမြဲတမ်း ယုံကြည်မှုအပြည့်ရှိသူ ဖြစ်သည်။
သို့သော် သူ့ရှေ့မှ ထိုလူနှင့် နှိုင်းယှဥ်လိုက်ပါက သူ၏ ယုံကြည်ချက်မှာ ချက်ချင်းပင် ကြေမွသွားရသည်။
ဤလူသည် သူ့ဘဝ၌ မြင်ဖူးသမျှထဲတွင် အချောဆုံးဟု ပြောလို့ရသည်။
သူ့နောက်ကျော၌ ရောင်ဝါများ တောက်ပနေသည့် နတ်ဘုရားတစ်ပါးလိုဖြစ်နေသည်။
သူ့နောက်၌ ယောက်ျားတစ်ယောက် လိုက်လာသည်။
ယဲ့ဖန်နှင့် ချန်းဖေးအယ်သည် ထိုလူကို မြင်သောအခါ မျက်လုံးများ ကျဉ်းမြောင်းသွားကြသည်။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၂၉၂ )
မသိတဲ့သူတွေက မင်းကို သခင်လို့ ထင်မှာပဲ
ထိုလူမှာ ခါဝါမိုတို ဟီဒဲခိ ဖြစ်သည်။
ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့ ခါဝါမိုတို ကုန်သွယ်ရေးသို့ သွားသောအခါ သူ့ကို တွေ့ခဲ့ပြီး ဤလူသည် ပြင်းထန်ပြီး ရည်မှန်းချက်ကြီးသော စိတ်ဓာတ်ရှိသည်။
ယခုအခါ သူသည် ထိုလူချော၏ အနောက်မှ လိုက်လာသော နောက်လိုက်တစ်ယောက် ဖြစ်နေသည်။
ခါဝါမိုတို ဟီဒဲခိသည် အတွင်းအားအဆင့်၏ နောက်ပိုင်းအဆင့်တွင် ရှိသည်ဟု သွမ့်မူလက်ထင်းထံမှ ကြားထားရသည်။
သို့သော် ယဲ့ဖန်သည် ထိုလူထံမှ စစ်မှန်သော ချီအင်အားများကို မခံစားနိုင်ပေ။
သူသည် ကြည့်ရသည်မှာ သာမန်လူတစ်ယောက်လို ဖြစ်သည်။
သူတို့နှစ်ယောက်သည် စိတ်ရှည်သည်းခံစွာဖြင့် ယဲ့ဖန်တို့ သုံးယောက်ကို တမင်တကာ ပြိုင်နေသကဲ့သို့ ဖြည်းညှင်းစွာ လျှောက်လာကြသည်။
သူတို့သုံးယောက်စီသို့ ရောက်လာရန် တစ်မိနစ်ကျော်ကြာသည်။
" မင်္ဂလာပါ၊ ကန်လူကြီးမင်း။ နောက်ဆုံးတော့ တွေ့ကြတာပေါ့ "
အလွန်ချောမောသောလူသည် စကားစပြောရန် အစပြုကာ သူ့လက်ကို အားကန်စီသို့ လှမ်းလိုက်သည်။
အားကန်သည် ဂရုမစိုက်သည့် အမူအရာနှင့် သူ့လက်ကို ယမ်းလိုက်သည်။
ထို့နောက် ညည်းညူကာ ပြောသည်။
" ခင်ဗျားရဲ့ ဒီတာဝန်က လွန်လွန်းတယ်။ ဂျပန်မှာ အသက်သေတော့မလိုနီးပါးပဲ "
" ဒါပြီးရင် နောက်ဆို ဒီလိုမျိုး တာဝန်တွေကို လက်ခံတော့မှာ မဟုတ်ဘူး "
ကြည့်ပျော်စရာကောင်းသော အပြုံးသည် ထိုလူ၏ မျက်နှာပေါ်တွင် ပေါ်လာသည်။
" လူကြီးမင်း အားကန်က ဒီတစ်ကြိမ် အလုပ်ကို ကြိုးကြိုးစားစား လုပ်ခဲ့တာကိုလည်း ကျွန်တော်တို့ သိပါတယ်။ အဲ့တာကြောင့် မူရင်း သဘောတူထားတဲ့ တရုတ်ယွမ်သန်း၁၀၀ကို တရုတ်ယွမ် သန်း၂၀၀ထိ တိုးပေးလိုက်ပါ့မယ် "
အားကန်သည် ချက်ချင်း စီးပွားရေးဆန်သည့် အပြုံးကို ထုတ်ဖော်လိုက်သည်။
" ခင်ဗျားတို့တွေနဲ့ တကယ် အလုပ်လုပ်ရတာ ကောင်းတယ်။ သဘောကျတယ်။ ပိုက်ဆံဘယ်မှာလဲ ငွေချေပြီးတာနဲ့ ပစ္စည်းပေးမယ် "
ထိုလူသည် ယဲ့ဖန်၏ လက်ထဲရှိ သေတ္တာကို တစ်ချက်ကြည့်လိုက်သည်။
" ပစ္စည်း အရင်ကြည့်လို့ရမလား။ ပစ္စည်းက ပြဿနာမရှိသရွေ့ ငါတို့ မင်းစီ ချက်ချင်း ငွေလွှဲပေးမယ် "
" ခင်ဗျားတို့က အရမ်းတုံးတာပဲ။ ကျုပ်က လောင်းကစားမြို့တော်က သူခိုးဘုရင်ပဲ။ ခင်ဗျားကို လှည့်စားဖို့အတွက်ဘအတုကို သုံးမှာတဲ့လား "
အားကန်သည် မကျေမနပ်ဖြစ်နေသော်လည်း ယဲ့ဖန်ကို လက်ပြလိုက်သည်။
" သူတို့ကို ပြလိုက် "
ယဲ့ဖန်သည် ချက်ချင်းပင် မီးခံသေတ္တာကို ဖွင့်လိုက်ပြီး ယုကျိုးအိုးကို ဖွင့်ပြလိုက်သည်။
ထိုလူချောနှင့် ခါဝါမိုတို ဟီဒဲခိသည် ယုကျိုးအိုးကို တွေ့လိုက်သည်နှင့် မျက်လုံးများ တောက်ပလာသည်။
" ခါဝါမိုတို၊ သွားကြည့်လိုက် "
ထိုလူချောသည် ခါဝါမိုတို ဟီဒဲခိကို အမိန့်ပေးလိုက်သည်။
ခါဝါမိုတို ဟီဒဲခိ ချက်ချင်း ဦးညွှတ်ပြီး အမိန့်ကို လက်ခံလိုက်သည်။
ထို့နောက် ယဲ့ဖန်ထံသို့ လျှောက်သွားပြီး အိုးကို ထိရန်လုပ်လေသည်။
ယဲ့ဖန် ရုတ်တရက် ခြေတစ်လှမ်း အနောက်သို့ ဆုတ်သွားသည်။
" ဘာတွေ လာထိနေတာလဲ "
ယဲ့ဖန် သူ့အသံကို တမင်တကာ ထိန်းချုပ်ပြီး မပေါ်စေရန် ကြိုးစားလိုက်သည်။
မျှော်လင့်ထားသည့်အတိုင်း ခါဝါမိုတို ဟီဒဲခိသည် ယဲ့ဖန်၏ အသံကို မကြားလိုက်ပေ။
သူ့ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
" မင်းတို့က အဲ့တာကို ထိခွင့်မပြုတော့ မင်းတို့ ငါတို့ကို လှည့်စားဖို့ အတုလုပ်ထားတာလားဆိုတာ ဘယ်လိုလုပ် သိနိုင်မှာလဲ "
ယဲ့ဖန်သည် ချက်ချင်းပင် လှောင်ပြောင်သော အမူအရာကို ပြလိုက်သည်။
" ဒါက အစစ်လား အတုလား မပြောနိုင်ဘဲ ဒီကို အရောင်းအ၀ယ်လုပ်ဖို့ လာရဲသေးတာလား။ အိမ်ပြန်ပြီး ကလေးထိန်းတာက ပိုကောင်းလိမ့်မယ် "
ခါဝါမိုတို ဟီဒဲခိ ဒေါသထွက်ကာ တိုက်ခိုက်တော့မည် ဖြစ်သည်။
" ခါဝါမိုတို "
ထိုလူချောက ချက်ချင်း တားလိုက်ပြီး အားကန်ကို လှည့်ကြည့်လိုက်သည်။
" ဒီက ဆရာကြီးကန်၊ ထိန်းပါ ....... "
အားကန်သည် ယဲ့ဖန်အား ကဲ့ရဲ့သောလေသံဖြင့် ချက်ချင်း ပြောသည်။
" အားရှင်း၊ ဖောက်သည်တွေကို ဖော်ရွေရမယ်။ ရွှေအစစ်က မီးမကြောက်ရဘူး။ ငါတို့ပစ္စည်းတွေက အစစ်အမှန်တွေဆိုတော့ ငါတို့က သူတို့စစ်မှာကို ဘာလို့ ကြောက်ရမှာလဲ "
" ဟုတ်ကဲ့ပါ၊ ဆရာကြီးကန် "
ယဲ့ဖန် ချက်ချင်း ဦးညွှတ်ပြီး ခါဝါမိုတို ဟီဒဲခိအား မီးခံသေတ္တာကို လွှဲပေးလိုက်သည်။
ခါဝါမိုတို ဟီဒဲခိသည် အမြန်လက်လှမ်းကာ မီးဖိုအိုးကို ထိလိုက်ပြီး နှစ်ကြိမ်တိုင်တိုင် ခေါက်ကြည့်လိုက်သည်။
ထို့နောက် ရွှင်မြူးသော မျက်နှာဖြင့် လူချောကို ခေါင်းညိတ်ပြသည်။
" ပြဿနာမရှိပါဘူး။ ဒါက ယုကျိုးအိုး အစစ်ပါ "
လူချော၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
သူသည် အားကန်ကို လက်မထောင်ပြသည်။
" မျှော်လင့်ထားတဲ့အတိုင်း ဆရာကြီးကန်ရဲ့ တိုက်ခိုက်မှုတွေက အမြဲတမ်း အောင်မြင်တာပဲ "
အားကန် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
" ကောင်းပြီ၊ ကျုပ်ကို မြှောက်နေတာ ရပ်လိုက်။ ပစ္စည်းကို မြင်ပြီးပြီဆိုတော့ ပိုက်ဆံက ဘယ်မှာလဲ "
" ဆရာကြီးကန်၊ ခင်ဗျား မေ့သွားပြီလား "
လူချောက အေးဆေးစွာ မေးသည်။
အားကန် အံ့သြသွားသည်။
" ဘာမေ့တာလဲ "
ထိုလူချောသည် ခေါင်းကို အသာအယာ ခါလိုက်ပြီး အားကန်ကို သတိပေးလိုက်သည်။
" ယုကျိုးအိုးနဲ့ ရှန်းဘုရင်လျှို့ဝှက်ဘဏ္ဍာမြေပုံကို ယူပေးဖို့ ကျုပ်တို့ သဘောတူထားတာလေ "
သူ၏ သတိပေးချက်အပြီးတွင် အားကန်သည် နောက်ဆုံးတွင် သတိရသွားပြီး သူ့နှလုံးမှာ ချက်ချင်းပင် ခုန်ပေါက်သွားသည်။
သူသည် ရှန်းဘုရင်၏ လျှို့ဝှက်ရတနာမြေပုံကို ယဲ့ဖန်စီသို့ ပြန်ပေးခဲ့ပြီး ဖြစ်သည်။
ထို့ကြောင့် ဒီနေ့တွင် ယဲ့ဖန်သည် သူနှင့်အတူ ယူလာသည်လား အားကန် မသိပေ။
သူ စိတ်မသက်မသာ ဖြစ်နေစဉ်မှာပင် ယဲ့ဖန်သည် သူ့ရင်ဘတ်ထဲမှ စက္ကူအိတ်ကို ဖြည်းညှင်းစွာ ထုတ်ပြီး ရှန်းဘုရင်လျှို့ဝှက်ရတနာမြေပုံ၏ အပိုင်းအစအချို့ကို ထုတ်ဖော်ပြသလိုက်သည်။
လူချောလူသည် ရှန်းဘုရင်၏ လျှို့ဝှက်ရတနာမြေပုံအပိုင်းအစများကို မြင်သောအခါ သူ၏ မျက်လုံးများသည် ယုကျိုးအိုးကို မြင်လိုက်သောအခါထက်ပင် ပိုမိုပြင်းထန်စွာ တောက်လောင်နေသည် အလင်းရောင်ကို ချက်ချင်း ပြသလိုက်လေသည်။
မြေပုံအပိုင်းအစများကို ယူရန် ရှေ့သို့ နှစ်လှမ်း တက်လာခဲ့သည်။
သို့သော် ယဲ့ဖန်က အမြန်တုံ့ပြန်လိုက်သည်။
သူသည် ရှန်းဘုရင်၏ လျှို့ဝှက်ရတနာမြေပုံကို ချက်ချင်း ပြန်သိမ်းလိုက်သည်။
" ပိုက်ဆံ အရင်ထုတ်လိုက် "
လူချောသည် သူ့လက်ကို ဖြည်းညှင်းစွာ ပြန်ရုတ်ကာ ရှက်ရွံ့စွာ ပြုံးလိုက်သည်။
" ဆရာကြီးကန်က ဒီလူကို တကယ်ယုံကြည်တာပဲ။ သူ့ကို အဖိုးတန် ပစ္စည်းနှစ်ခု ပေးထားပြီးတော့ အခု သူကတောင် အမိန့်ပေးနေသေးတယ်။ မသိတဲ့သူတွေက သူ့ကို သခင်လို့ ထင်ကြလိမ့်မယ် "
ထိုစကားကို ပြောပြီးသည်နှင့် လူသတ်ရိပ်များတွေ ချက်ချင်း ပျံ့နှံ့သွားသည်။
ထိုလူထံမှ ထွက်လာသော လူသတ် အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် အားကန်သည် ခဏတာ အထိတ်တလန့် ဖြစ်သွားသည်။
သို့သော် ထိုအချိန် သူ့နောက်မှ ယဲ့ဖန်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
" ကျွန်တော်က ဆရာကြီးကန်ရဲ့ တပည့်ပါ။ ကျွန်တော် ဆရာကြီးကန်ရဲ့အနောက်ကို လိုက်နေတာ ဆယ်နှစ်ကျော်ပြီ။ ဆရာကြီးက ကျွန်တော့်ကို ယုံကြည်တယ်။ အဲ့တာကြောင့် သူက ကျွန်တော့်ကို ဒီလို အရေးကြီးတဲ့ အလုပ်ကို လုပ်ခွင့်ပေးတာ "
ထိုလူသည် ယဲ့ဖန်၏ ရှင်းပြချက်ကို ကြားသောအခါ ယုံသွားသည်၊ မယုံသွားသည်ကိုတော့ ယဲ့ဖန် မသိပေ။
သို့သော် နောက်ဆုံး၌ သူ့ကိုယ်ပေါ်ရှိ လူသတ်ရိပ်မှာ ပျောက်ကွယ်သွားသည်။
" ဟားဟားဟား၊ ဆရာကြီးကန်ရဲ့ ယုံကြည်မှုကို ရထားမှတော့ ဒီလူငယ်လေးမှာ တောက်ပတဲ့ အနာဂတ်ရှိရမယ်။ ခါဝါမိုတို ငွေပေးလိုက် "
ထိုလူချောက အမိန့်ပေးလိုက်သည်။
ခါဝါမိုတို ဟီဒဲခိသည် ယဲ့ဖန်နှင့် အခြားနှစ်ယောက်ကို စိုက်ကြည့်နေသည်။
ထို့နောက် ဖုန်းကိုထုတ်ပြီး အမိန့်ပေးလိုက်သည်။
" သူတို့စီ ပိုက်ဆံလွှဲပေးလိုက် "
ထိုမှသာ အားကန်သည် တုန်ရီနေသောစိတ်ကို ပြန်၍ အနည်ထိုင်စေနိုင်ခဲ့သည်။
သူတို့ငါးယောက်သည် မိနစ်အနည်းငယ်ကြာ ငြိမ်သက်စွာ စောင့်နေပြီးနောက်အားကန်၏ ဖုန်းမှာ မြည်လာသည်။
ဖုန်းကို ထုတ်ကြည့်လိုက်ကာ ကျန်ရှိနေသေးသော တရုတ်ယွမ်သန်း၂၀၀ ရောက်လာကြောင်း အတည်ပြုပြီး ယဲ့ဖန် ကို ချက်ချင်းပင် ပျော်ရွှင်စွာ ကြည့်လိုက်သည်။
" ငွေလွှဲပြီးပြီ "
ယဲ့ဖန် မတုံ့ပြန်မီတွင် ထိုလူချောသည် စိတ်မရှည်စွာ လျှောက်လာခဲ့သည်။
" ငါ မင်းတို့ကို ပိုက်ဆံလွှဲပြီးပြီ။ ရှန်းဘုရင်ရဲ့ လျှို့ဝှက်ရတနာမြေပုံကိုပေး "
ယုကျိုးအိုးကို ချက်ချင်းမတောင်းဘဲ ရှန်းဘုရင်၏ လျှို့ဝှက်ရတနာမြေပုံကို အရင်တောင်းလေသည်။
မြေပုံအပိုင်းအစများသည် ယုကျိုးအိုးထက် ပိုအရေးကြီးသည်မှာ ထင်ရှားသည်။
" ရတာပေါ့ "
ယဲ့ဖန်၏ မျက်နှာပေါ်တွင် အန္တရာယ်ကင်းသော အပြုံးတစ်ခုရှိသည်။
ယဲ့ဖန် သူ့ညာလက်ကို ရင်ဘတ်ထဲသို့ ဖြည်းညှင်းစွာ သွင်းလိုက်သည်။
" ဒါဆို ခင်ဗျား ကောင်းကောင်းကိုင်ထားရမယ်။ မဖမ်းနိုင်ရင် ကျွန်တော့်ကို အပြစ်မတင်နဲ့ "
ယဲ့ဖန် စကားမဆုံးခင်မှာပင် ညာဘက်လက်ကို ရုတ်တရက် ဆွဲထုတ်လိုက်သည်။
သူ့လက်ထဲ၌ ငွေအပ်တစ်ချောင်း ပါလာပြီး လူချောကို လှမ်းပစ်လိုက်သည်။
ယဲ့ဖန် ထိုလူကို စစ်ဆေးခဲ့ရာ ခွန်အားစီးဆင်းမှု မရှိသည်ကို တွေ့ရှိခဲ့သည်။
သူသည် သာမန်လူတစ်ယောက်မျှသာဖြစ်သည်။
ထို့အပြင် သူတို့နှစ်ဦးသည် တစ်ယောက်နှင့်တစ်ယောက် ခြေတစ်လှမ်းမျှသာ ဝေးကွာသည်။
ထို့ကြောင့် ရုတ်ချည်း တိုက်ခိုက်ခဲ့သည်။
တစ်ဖက်မှ ရှောင်လွှဲလို့ မရနိုင်ချေ။
သို့သော် ယဲ့ဖန် အံ့အားသင့်သွားရသည်မှာ ထိုလူချော၏ တုံ့ပြန်မှုအရှိန်သည် အလွန်မြန်လှသည်။
ယဲ့ဖန်ညာလက်ကို ဆွဲထုတ်လိုက်သည်နှင့် ထိုလူချောသည် အနောက်သို့ အလျင်အမြန် ရှောင်ထွက်သွားပြီး ငွေအပ်ကို အချိန်မီ ရှောင်လိုက်သည်။
ယဲ့ဖန်လည်း ထိတ်လန့်သွားသည်။
သူ၏ ခိုးကြောင်ခိုးဝှက်တိုက်ခိုက်မှုအား ဤမျှနီးသော အကွာအဝေးဖြင့် ရှောင်တိမ်းနိုင်သည့် အင်အားမျိုးသည် ကြောက်စရာကောင်းလေသည်။
သို့သော် ယဲ့ဖန် တုန်လှုပ်ချောက်ချားခြင်း မရှိပေ။
ဤရုတ်တရက်ပြောင်းလဲမှုနှင့်အတူ ခါဝါမိုတို ဟီဒဲခိသည်လည်း သတိကပ်လာခဲ့သည်။
သူသည် ချက်ချင်း ရှေ့ကို ပြေးလာပြီး ယဲ့ဖန်ကို ထိုးသည်။