← Chapters

အခန်း (၁၂၉၃-၁၂၉၆)

Vol. 65 Ch. 1293-1296

အခန်း (၁၂၉၃-၁၂၉၆)

Vol. 65 Ch. 1293-1296

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၂၉၃ )

လူတစ်ယောက်ကို မျိုးရိုးဗီဇတစ်ခုလုံး ပြောင်းလိုက်တာ ကြားဖူးလား

" မင်းက ငါတို့ရှေ့မှာတင် လှည့်စားချင်နေတာလား။ သေချင်နေတာပဲ "

ယဲ့ဖန်သည် သူ့လက်ထဲ၌ သေတ္တာကို ကိုင်ထားဆဲ ဖြစ်သည်။

သူ ပြန်တိုက်ခိုက်ရန် မလွယ်ကူပေ။

သူသည် ချက်ချင်းပင် အားကန်၏ ဘီးတပ်ကုလားထိုင်ကို ဆွဲပြီး ပြန်ဆုတ်လိုက်သည်။

ချန်းဖေးအယ်သည် ခါဝါမိုတိုကို တားရန် ချက်ချင်း ပြေးထွက်သွားသည်။

" သေလိုက် "

ခါဝါမိုတို ဟီဒဲခိသည် ချန်းဖေးအယ်ကို ကြောက်ရွံ့ခြင်းမရှိဘဲ ရင်ဆိုင်ခဲ့သည်။

သူ၏ ညာဘက်လက်သီးသည် အရှိန်ထိန်းခြင်းမရှိဘဲ ပြင်းထန်စွာ ရောက်လာသည်။

ချန်းဖေးအယ်သည် မင်ကျင်းကျင့်စဉ်၏ နောက်ပိုင်းအဆင့် ကျွမ်းကျင်သူဖြစ်ပြီး သူမသည် တိုက်ပွဲအတွေ့အကြုံများစွာ ရှိလေသည်။

သူမသည် ချက်ချင်းပင် လက်နှစ်ဖက်ကို ဖြတ်ကာ ကာကွယ်သည့်ပုံစံကို ပြုလုပ်ခဲ့သည်။

သို့သော် သူမသည် သူ၏ ခွန်အားကို လျှော့တွက်ခဲ့လိုက်မိသည်။

ဘန်း

လက်သီးသည် သူမလက်ပေါ်သို့ ကျရောက်သွားသောအခါ စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။

သူမ နောက်ပြန်ဆုတ်လိုက်ရပြီး ပါးစပ်ထဲမှ သွေးများ ထွက်လာသည်။

" သေလိုက် "

ခါဝါမိုတို ဟီဒဲခိသည် သူမကို လွယ်လွယ်နှင့် လွှတ်ပေးရန် မရည်ရွယ်ခဲ့ပေ။

သူသည် လေပေါ်သို့ ခုန်တက်ပြီး ဒူးဖြင့် တိုက်ချရန် ပြင်လိုက်သည်။

အကယ်၍ ထိုဒူးတိုက်ချက်ကို ထိမိပါက ချန်းဖေးအယ်သည် ချက်ချင်းပင် သေဆုံးသွားမည် ဖြစ်သည်။

ထိုအရေးကြီးသော အခိုက်အတန့်တွင် လူတစ်ယောက်သည် လျင်မြန်စွာ ရှေ့တက်လာပြီး ခါဝါမိုတို ဟီဒဲခိ၏ဒူးကို ကန်လိုက်သည်။

ဘန်း

ထိုတိုက်ချက်နှစ်ခုသည် သတ္တုထည်ကြီးနှစ်ခု တိုက်မိသလို ကျယ်လောင်သည့် အသံထွက်လာသည်။

ခါဝါမိုတို ဟီဒဲခိသည် လွင့်ထွက်သွားတော့သည်။

မြေပြင်ပေါ်သို့ ပြန်ကျလာပြီးနောက် ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားခဲ့သည်။

သူ မော့ကြည့်လိုက်သည့်အခါ ယဲ့ဖန်သည် ချန်းဖေးအယ်ရှေ့၌ ရပ်နေပြီး သူ့ကို အေးစက်စွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

" မင်းက ဘယ်သူလဲ "

ခါဝါမိုတို ဟီဒဲခိသည် သူ့ကို ထိတ်လန့်စွာ ကြည့်လိုက်သည်။

သူသည် သရုပ်ဖျက်ထားသော ယဲ့ဖန်၏ ခွန်အားကြောင့် ထိတ်လန့်သွားသည်မှာ သေချာလေသည်။

ယဲ့ဖန် သူ့ကို ပြန်မဖြေပေ။

သူသည် လှည့်ပြီး ချန်းဖေးအယ်ကို ကူညီပေးကာ ဒဏ်ရာများကို အမြန်စစ်ဆေးနေသည်။

ကံကောင်းစွာဖြင့် သူမ၏ဒဏ်ရာသည် မစိုးရိမ်ရပေ။

တစ်ဖက်သူ၏ တိုက်ခိုက်ခြင်း သက်ရောက်မှုမှာ ပြင်းထန်လွန်း၍ သူမ လက်ဖျံရိုး အနည်းငယ် ကျိုးသွားခြင်းသာ ဖြစ်သည်။

ထိုသည်ကလည်း ယဲ့ဖန်ကို ထိတ်လန့်စေသည်။

ချန်းဖေးအယ်သည် မင်ကျင်းကျင့်စဉ်၏ နောက်ပိုင်းအဆင့် ကျွမ်းကျင်သူဖြစ်သော်လည်း သူမသည် တစ်ချက်တည်းဖြင့် ဒဏ်ရာရခဲ့သည်။

သူသာ အချိန်မီ မလုပ်ဆောင်နိုင်ခဲ့ပါက အကျိုးဆက်မှာ မှန်းဆလို့ပင် မရနိုင်ချေ။

ဤအရာမှ ထိုလူသည် မည်မျှ ခွန်အားပြင်းထန်သည်ကို မြင်နိုင်သည်။

သို့သော် ထိုလူနှစ်ယောက်ထံမှ အတွင်းအား အတက်အကျကို သူ တကယ်ပင် မခံစားနိုင်ပေ။

ဤသည်က ထူးဆန်းလွန်းလှသည်။

ထိုသည်ကို တွေးမိကာ ဖြည်းဖြည်းချင်းလှည့်ပြီး ခါဝါမိုတို ဟီဒဲခိနှင့် ထိုလူကို ကြည့်လိုက်သည်။

" မင်းတို့ကို မေးချင်တာ မင်းတို့က ဘယ်သူလဲ "

" မင်းတို့မှာ စွမ်းအင်အတက်အကျ မရှိဘူး။ ဒါပေမယ့် မင်းတို့က အရမ်းသန်မာတယ်။ အဲ့တာက တကယ် တွေးကြည့်လို့တောင် မရဘူး "

လူချောသည် ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လာကာ သူ့ကို ပြုံးလျက် ကြည့်နေသည်။

" ဒါဆို နောက်ထပ် သဘောတူညီချက်တစ်ခု ထပ်လုပ်ရအောင်။ မင်းရဲ့ သရုပ်မှန်အစစ်ကို ငါတို့ကို ပြောပြရင် ငါတို့လည်း ပြန်ပြောပြမယ် "

ယဲ့ဖန် သူတို့နှစ်ယောက်ကို ခဏလောက် စိုက်ကြည့်နေပြီး ပြုံးလိုက်သည်။

" ရတယ်လေ "

ထိုသို့ပြောပြီးနောက်တွင် ယဲ့ဖန်သည် မိတ်ကပ်ဖျက်ဆေးကို ထုတ်ကာ မျက်နှာပေါ်မှ အရာများကို ဖယ်ရှားကာ သူ၏ ရုပ်ရည်အသွင်အပြင်ကို မြင်စေလိုက်သည်။

ခါဝါမိုတို ဟီဒဲခိသည် သူ့အရင်းနှီးဆုံးမျက်နှာကို မြင်လိုက်သောအခါ ချက်ချင်းပင် အော်ပြောလိုက်သည်။

" ယဲ့ဖန်၊ တကယ်ပဲ မင်းလား "

လူချော၏ မျက်လုံးများ အနည်းငယ် မှေးမှိန်သွားသည်။

" ငါ မင်းဆီက ရင်းနှီးတဲ့ ခံစားချက်ကို ရလိုက်တယ်။ မင်းကိုယ်မင်း ဘယ်လို ရုပ်ဖျက်ရမယ်ဆိုတာ သိမယ်လို့ မမျှော်လင့်ထားဘူး "

ယဲ့ဖန်သည် သူ့စကားများမှ နောက်ထပ်အဓိပ္ပါယ်ကို နားလည်လိုက်သည်။

" ရင်းနှီးတဲ့ ခံစားချက်တဲ့လား။ ဒါဆို ငါတို့က အသိဟောင်းတွေလား။ ဘယ်တုန်းက အသိဟောင်းလဲ။ မင်းရဲ့ သရုပ်မှန်အစစ်ကို ထုတ်ပြနိုင်လား "

လူချောက ခေါင်းမော့ပြီး ရယ်သည်။

" မင်း ဒီလျှို့ဝှက်ချက်ကို တစ်သက်လုံး မသိနိုင်မှာ စိုးရိမ်ရတယ်။ မင်းက ဒီနေ့သေဖို့ ရောက်လာမှတော့ မင်းရဲ့ဆန္ဒကို ငါဖြည့်ဆည်းပေးမယ် "

ယဲ့ဖန် မထီမဲ့မြင်ပြုသော အပြုံးကို ထုတ်ဖော်လိုက်သည်။

" မင်းတို့နှစ်ယောက်က ငါ့ကို သတ်ချင်နေတာလား။ အိပ်မက်မက်နေလိုက် "

လူချောသည် ပူလောင်သော အကြည့်ဖြင့် သူ့ကို ကြည့်နေသည်။

" မင်းက မာနကြီးရဲသေးတာပဲ၊ ငါဝန်ခံတယ်။ မင်းက ငါထင်တာထက် ပိုသန်မာတယ်။ ဒါပေမယ့် မင်းဒီနေ့ သေရမယ် "

ယဲ့ဖန်သည် သူ့ယုံကြည်ချက်စကားကို ကြားပြီးနောက် ချက်ချင်း စိတ်ဝင်စားသွားသည်။

" ငါ မင်းကို ငါ့ရဲ့ သရုပ်မှန်အစစ်ကို ပြောပြပြီးပြီ။ အပြန်အလှန်အနေနဲ့ မင်းတို့ရဲ့ လျှို့ဝှက်ချက်ကို ပြောပြဖို့ အချိန်တန်ပြီ "

လူချောက မငြင်းပေ။

ထိုအစား သူက ပြန်မေးလိုက်သည်။

" မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ လူတစ်ယောက်အကြောင်း ကြားဖူးလား "

" မျိုးရိုးဗီဇ ပြုပြင်မွမ်းမံတာလား "

ယဲ့ဖန် ထိုအကြောင်းကို ကြားပြီး မျက်မှောင်ကြုတ်သွားသည်။

လူချောသည် ယဲ့ဖန်မျက်နှာပေါ်မှ ရှုပ်ထွေးမှုများကို မြင်လိုက်ရပြီး သာလွန်သော ခံစားချက်ကို ချက်ချင်း ခံစားလိုက်ရသည်။

" အခုခေတ်က နည်းပညာခေတ် ဖြစ်နေပြီ။ မင်းတို့ရဲ့ ကိုယ်ခံပညာဆိုတာ ခေတ်နောက်ကျသွားပြီ။ မင်း အားကြီးတယ်လို့ ယူဆတဲ့ အတွင်းအားကို ထုတ်လုပ်နိုင်နေပြီ။ မင်း ငါတို့ကို ဘာနဲ့ တိုက်ခိုက်မှာလဲ "

သူ့စကားများမှာ မြေကြီးပင် တုန်လှုပ်စေနိုင်သည်။

ယဲ့ဖန် သာမက သူ့နောက်တွင် ရှိသော ချန်းဖေးအယ်နှင့် အားကန်တို့ပင် ထိတ်လန့်တုန်လှုပ်သွားကြသည်။

မျိုးရိုးဗီဇတစ်ခုလုံး ပြုပြင်တာလား။

အတွင်းအားကျင့်စဉ်အဆင့် ကျွမ်းကျင်သူတွေကို ထုတ်လုပ်တာတဲ့လား။

ထိုအရာများ အားလုံးက မယုံနိုင်စရာ ကောင်းလှသည်။

သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ကို ကြည့်နေသလို ခံစားရသည်။

အတွင်းအား ကျွမ်းကျင်သူများ ထုတ်နိုင်လျှင်ပင် မည်မျှ အစွမ်းထက်မည်နည်း။

ဤသည်မှာ မှန်းဆလို့ပင် မရနိုင်ပေ။

ယဲ့ဖန်သည် တုန်လှုပ်သွားရာမှ ပထမဆုံး ပြန်လည် သတိကပ်လာသူ ဖြစ်သည်။

သူ့ရှေ့မှ လူနှစ်ယောက်ကို စိုက်ကြည့်လိုက်သည်။

" မင်းတို့ နှစ်ယောက်လုံး မျိုးရိုးဗီဇ ပြုပြင်ထားတာလား "

လူချောသည် ကြွားဝါသလို လူကို လှည့်ပတ်ပြလိုက်သေးသည်။

" ဟုတ်တယ်၊ ငါတို့က မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ လူတွေပဲ။ ညတွင်းချင်း သာမန်လူတစ်ယောက် အဖြစ်ကနေ ထိပ်တန်း ကိုယ်ခံပညာ ကျွမ်းကျင်သူတစ်ယောက် ဖြစ် သွားနိုင်တယ်။ ဆယ်စုနှစ်တွေချီပြီး လေ့ကျင့်ခဲ့တဲ့မင်းတောင် ငါတို့ရဲ့ ခွန်အားကို မမှီနိုင်ဘူး "

ယဲ့ဖန်သည် ဤလူများထံမှ အတွင်းအားကို မခံစားနိုင်ရသည့် အကြောင်းအရင်းကို နောက်ဆုံးတွင် နားလည်သဘောပေါက်သွားခဲ့သည်။

သူတို့သည် အတွင်းအားကို လုံးဝ မလေ့ကျင့်ဖူးသောကြောင့် ဖြစ်သည်။

ထိုသို့ အင်အားဖန်တီးနိုင်မှုကို မယုံကြည်နိုင်သော်လည်း ထိုသတင်းသည် တုန်လှုပ်စရာကောင်းအောင် အံ့သြစေနိုင်သည်။

တစ်ဖက်လူ ပြောသည့်စကား၏ မှန်ကန်နှုန်းမှာ တစ်ရာခိုင်နှုန်းသာရှိလျှင်ပင် ရိုးရာ သိုင်းပညာလောကအတွက် ဘေးဥပဒ်ဖြစ်စေမည်မှာ သေချာသည်။

ထိုအချိန် လူချောက ဆက်ပြောသည်။

" ကောင်းပြီ၊ မင်းကို ငါတို့ရဲ့လျှို့ဝှက်ချက်ကို ပြောပြီးပြီ။ သဘောတူညီချက်က ပြီးသွားပြီ။ အခု မင်းငါ့ကို ယုကျိုးအိုးနဲ့ ရှန်းဘုရင်ရဲ့ လျှို့ဝှက်ရတနာမြေပုံကို ပေးလို့ရပြီလား။ ပြီးရင် ငါ မင်းကို ဂုဏ်သိက္ခာရှိရှိသေအောင် လုပ်ပေးမယ် "

ယဲ့ဖန် လှောင်ပြောင်သော အပြုံးကို ထုတ်ပြလိုက်သည်။

" ခင်ဗျားတို့နဲ့ မတူတဲ့ ကျုပ်တို့လို့ အချိန်နဲ့ လေ့ကျင့်လာတဲ့သူတွေအတွက် သိက္ခာအရှိဆုံးက တိုက်ပွဲမှာ သေရတာပဲ။ မင်းတို့ ငါကို သတ်ချင်ရင် မင်းမှာ အရည်အချင်း ရှိမရှိ ကြည့်ရမယ် "

လူချောသည် ခေါင်းယမ်းပြီး သက်ပြင်းချလိုက်သည်။

" ဘာလို့ စိတ်ရှုပ်ခံနေတာလဲ။ ဒါပေမယ့် မင်းက ဒီလို တောင်းဆိုမှတော့ ငါက ကျေနပ်အောင် လုပ်ပေးမယ် "

" သူတို့ကို မျက်နှာသာပေးလိုက် "

ခါဝါမိုတို ဟီဒဲခိကို အမိန့်ပေးလိုက်သည်။

ခါဝါမိုတို ဟီဒဲခိသည် အမိန့်ကို လက်ခံလေသည်။

သူသည် လေထဲသို့ ခုန်တက်ပြီး ယဲ့ဖန်စီသို့ ဦးတည်လိုက်သည်။

" ဒါဆို ငါ မင်းကို သေရွာလိုက်ပို့ပေးမယ် "

" ယဲ့ဖန် သတိထား "

ချန်းဖေးအယ် သူ့ကို အမြန်သတိပေးလိုက်သည်။

ထိုလူ၏ စွမ်းအား မည်မျှထိ ကြောက်စရာကောင်းလဲဆိုတာ သူမ သိလေသည်။

ယဲ့ဖန်အတွက် သူမ စိုးရိမ်နေမိသည်။

သို့သော် အပြေးလာနေသော ခါဝါမိုတို ဟီဒဲခိကို ရင်ဆိုင်ရသော်လည်း ယဲ့ဖန်၏ အမူအရာမှာ အေးဆေးနေခဲ့သည်။

" မင်းက ငါ့ကိုသတ်ဖို့ မထိုက်တန်ဘူး "

ယဲ့ဖန် ထိုစကားပြောပြီးသည်နှင့် တပြိုင်နက် သူ၏ညာလက်သည် ရုတ်တရက် ဆန့်ထွက်ကာ ကျိုးနေပြီဖြစ်သော ခါဝါမိုတို ဟီဒဲခိ၏ ဒူးကို ဆွဲကိုင်လိုက်သည်။

ကျယ်လောင်သော အော်သံနှင့်အတူ ခါဝါမိုတိုသည် မြေပြင်ပေါ်သို့ ဆွဲချခံလိုက်ရသည်။

ခါဝါမိုတို ဟီဒဲခိ ထိတ်လန့်တုန်လှုပ်သွားပြီး ခုခံချင်သည်။

သို့သော် ယဲ့ဖန်၏ ခွန်အားက သူ့ထက် ပိုကြောက်စရာကောင်းသည်။

သူ လုံးဝ မခုခံနိုင်ခဲ့ချေ။

ဘုန်း

ခါဝါမိုတို ဟီဒဲခိ၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျလာခဲ့ပြီး ကြီးမားသော တုန်လှုပ်မှုကိုပင် ဖြစ်စေခဲ့သည်။

ဖူး .......

ခါဝါမိုတိုသည် သူ၏ အတွင်းအင်္ဂါများ လှုပ်ရှားသွားသည် ခံစားရပြီး သွေးများ အန်ထွက်လာသည်။

သူ့ဒဏ်ရာများကို စစ်ဆေးရန် အချိန်မရှိပေ။

ချက်ချင်းထရပ်ပြီး နောက်ဆုတ်လိုက်သည်။

သို့သော် သူ ဘာမှမလုပ်နိုင်ခင်မှာပင် ယဲ့ဖန်မှ သူ့အား ရိုက်ချလိုက်သည်ကိုသာ ရုတ်တရက် တွေ့လိုက်ရသည်။

ထိုလက်ဖဝါးရိုက်ချက်သည် ကောင်းကင်ထက်မှပင် ဆင်းသက်လာပုံရပြီး သူ့မျက်လုံးများရှေ့တွင် ပို၍ ပို၍ကြီးလာသည်။

ဘန်း

နောက်တစ်စက္ကန့်၌ ခါဝါမိုတို ဟီဒဲခိ၏ ဦးခေါင်းသည် ဖရဲသီးတစ်လုံးအခွဲခံလိုက်ရသလို အပိုင်းပိုင်းဖြစ်သွားသည်။

သွေးနှင့် ဦးနှောက် မြေပြင်အနှံ့ ပြန့်ကျဲသွားလေသည်။

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၂၉၄ )

ငါ့ဒူးတွေက ဒူးထောက်ဖို့ ခက်တယ်

အတွင်းအားနောက်ဆုံးအဆင့် ကျွမ်းကျင်ပညာရှင်တစ်ဦးအား ယဲ့ဖန်သည် လက်ဖဝါးတစ်ချက်ဖြင့် သတ်ပစ်လိုက်သည်။

ချန်းဖေးအယ်နှင့် အားကန်တို့သည် ထိုမြင်ကွင်းကြောင့် အံ့အားသင့်သွားခဲ့ကြပြီး အချိန်အတော်ကြာ စကားမပြောနိုင် ဖြစ်သွားကြသည်။

သို့သော် သေသွားသူသည် သူ၏ လက်အောက်ငယ်သားမဟုတ်သကဲ့သို့ လူချော၏ အမူအရာမှာ လုံးဝ ပြောင်းလဲသွားခြင်း မရှိပေ။

သူသည် ယဲ့ဖန်ကို ငြိမ်သက်စွာ ကြည့်နေသည်။

သူ့မျက်လုံးထဲ၌ ကျေနပ်မှုအချို့ပင် ရှိနေသည်။

" မင်းက ငါ့ကို နောက်တစ်ခါ အံ့သြစေခဲ့တာပဲ။ မင်းရဲ့ခွန်အားက ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်အဆင့်အထိ ရောက်နေမယ်လို့ ငါ မမျှော်လင့်ထားဘူး။ ဒါက တကယ် လန့်စရာကောင်းတယ် "

ယဲ့ဖန် သူ့အိတ်ကပ်ထဲမှ တစ်ရှုးကို ထုတ်ပြီး သူ့လက်ပေါ်က သွေးများကို သုတ်လိုက်သည်။

" ခင်ဗျားကြောက်ရင် အရှုံးပေးလိုက်။ ကျုပ် ခင်ဗျားကို မျက်နှာသာပေးလို့ရတယ် "

လူချောက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

" ငါက အရည်အချင်းရှိတာကို သဘောကျတယ်။ မင်းလို ဉာဏ်ကြီးရှင် သေသွားတာမျိုး မမြင်ချင်ဘူး။ မင်း ငါ့အောက်ကို လက်အောက်ခံတာနဲ့ ငါမင်းကို မသတ်မယ့်အပြင် အရင်းအနှီးတွေ အများကြီးကိုလည်း ပေးပြီးတော့ မင်းကို ကမ္ဘာကြီးက လေးစားရတဲ့ ဘုရင်အစစ်အမှန် ဖြစ်အောင် လုပ်ပေးမယ် "

ယဲ့ဖန် သူ့နှုတ်ခမ်းကို သပ်လိုက်သည်။

" ကမ္ဘာကြီးတစ်ခုလုံးရဲ့ ဘုရင်တဲ့လား။ မင်းက အဲ့လိုစကားလုံးကြီးတွေနဲ့ ထိုက်တန်တယ်လို့ ထင်နေလား "

လူချောသည် သူ၏ လှောင်ပြောင်မှုကို ဒေါသမထွက်ပေ။

" ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ မင်း အောင်မြင်ကျော်ကြားမှု နှစ်ခုလုံးကို ရနိုင်တယ်။ ကမ္ဘာကတောင် လေးစားခံရမယ်ဆိုတာ ငါ အာမခံနိုင်တယ်။ မင်းငါ့ကို လက်အောက်ခံနေသရွေ့ အရာအားလုံးဟာ မင်းလက်ထဲမှာပဲ ရှိနေလိမ့်မယ် "

ယဲ့ဖန် သူ့နှာခေါင်းကို ပွတ်ကာ ခါဝါမိုတို ဟီဒဲခိ၏ အလောင်းကို လှမ်းကြည့်လိုက်သည်။

" ခင်ဗျား ပြောခဲ့တာတွေက တကယ် ဆွဲဆောင်မှုရှိတယ်။ ဒါပေမယ့် ငါ့ဒူးတွေ မာလွန်းလို့ ဒူးထောက်လို့ မရဘူး။ ငါတို့ ဘာလုပ်သင့်တယ် ထင်လဲ "

လူချော၏ မျက်နှာသည် နောက်ဆုံးတွင် မည်းမှောင်သွားသည်။

" ဟူး၊ မင်းကို တကယ် မသတ်ချင်ဘူး။ မင်းဘာလို့ ဒီလို ငြင်းနေတာလဲ။ မင်းက ဒီလမ်းကိုလျှောက်ဖို့ ရွေးလိုက်မှတော့ ငါလည်း ပြောစရာမရှိတော့ဘူး။ မင်း သေလိုက်တော့ "

သူ စကားပြောပြီးသည်နှင့် အနက်ရောင်ဝတ်ရုံဖြင့် လူအယောက်၂၀ကျော်သည် ဒုတိယထပ်မှ ရုတ်တရက် ခုန်ဆင်းလာသည်။

ရွှား ရွှား ရွှား

လူနှစ်ဆယ်သည် မြေပြင်ပေါ်သို့ လွယ်ကူစွာ ဆင်းသက်လာကြပြီး လူချော၏ အနောက်၌ တညီတညွတ်တည်း ရပ်နေခဲ့ကြသည်။

သူတို့၏ ခါးမှာ ဓားတစ်ချောင်းစီ ရှိသည်။

ထိုလူများ၏ ကျွမ်းကျင်ပုံအရ သူတို့အားလုံးသည် ထိပ်တန်းကျွမ်းကျင်သူများဖြစ်ပြီး သူတို့သည် အတွင်းအားကျင့်စဉ်ထက်ပင် သာလွန်လေသည်။

ယဲ့ဖန် သူတို့ထဲမှ လေးယောက်ကို တစ်ချက် ကြည့်လိုက်သည်။

သူတို့သည် လွန်ခဲ့သောညက သွမ့်မူလက်ထင်းကို လိုက်ဖမ်းသော နင်ဂျာများ ဖြစ်ကြသည်။

ယဲ့ဖန်မျက်လုံးများ ချက်ချင်း မှေးမှိတ်သွားသည်။

အတွင်းအားအဆင့် နင်ဂျာ၂၀ကျော်လား။

ဒါက နည်းနည်း ချဲ့ကားနေတာ မဟုတ်ဘူးလား။

ဟိုလူချောပြောသလို ဖြစ်နေတာလား။

အတွင်းအားနောက်ဆုံးအဆင့်လူတွေကို ထုတ်နိုင်တာလား။

ဒီလိုသာဆို ဘယ်လို ကစားကြမှာလဲ။

ယဲ့ဖန် တစ်ခုခု မှားနေကြောင်း လျင်မြန်စွာ သတိထားမိလိုက်သည်။

ဤနင်ဂျာ အယောက်နှစ်ဆယ်သည် မျိုးရိုးဗီဇ ပြုပြင်မွမ်းမံထားသူများ မဟုတ်ပေ။

သူတို့စီမှ အတွင်းအား အတက်အကျကို ခံစားနိုင်သောကြောင့်ဖြစ်သည်။

ထိုအချက်မှ တစ်ဆင့် လူချောပြောသကဲ့သို့ မျိုးရိုးဗီဇပြုပြင်ထားသော အဆင့်မြင့်လူများကို လိုချင်သလောက် မထုတ်နိုင်သည်ကို မြင်နိုင်သည်။

မဟုတ်ပါက သူတို့သည် ကမ္ဘာမြေတစ်ခုလုံးကိုပင် စိုးမိုးရန် လုံလောက်သော အတွင်းအားကျွမ်းကျင်သူများကို ထုတ်လုပ်နိုင်မည် ဖြစ်သည်။

ထိုသည်ကို တွေးမိပြီးနောက် ယဲ့ဖန် ထိုနင်ဂျာအုပ်စုကို ချက်ချင်း ကြည့်လိုက်သည်။

" မင်းတို့က ဘယ်ဂိုဏ်းကလဲ "

" အီဂါရူ၊ ကာမီတာနီ မျိုးနွယ် "

အသံဩဩဖြင့် လူက ချက်ချင်းပြန်ဖြေသည်။

ယဲ့ဖန်သည် ဖန်းကျန်းဝူထံမှ ဂျပန်ရှိ နင်ဂျာမျိုးနွယ်စုများအကြောင်း ကြားသိခဲ့ရသည်။

ထို့ကြောင့် ဤကာမီတာနီမျိုးနွယ်သည် ဂျပန်တွင် အကျော်ကြားဆုံးမျိုးနွယ်စုတစ်ခုဖြစ်ကြောင်း သူ သိသည်။

" ဒါဆို ခင်ဗျား ကျုပ်နာမည်ကို ကြားဖူးတယ်၊ မဟုတ်လား "

အသံဩဩဖြင့် ထိုလူက ယဲ့ဖန်ကို တည်ငြိမ်စွာ စိုက်ကြည့်နေသည်။

" ကြားဖူးတော့ ဘာဖြစ်လဲ "

အသံဩဩနှင့်လူက သူ့ကို ကြည့်လိုက်သည်။

" ခင်ဗျား ငါ့နာမည်ကို ကြားဖူးမှတော့ ငါ့ရဲ့အစွမ်းနဲ့ ဒေါသကို သိလောက်တယ် မဟုတ်လား။ ငါ မင်းရဲ့ ကာမီတာနီမျိုးနွယ်နဲ့ အရင်က အငြှိုးတွေ မရှိဖူးဘူး။ အဲ့တာကြောင့် ပြဿနာတွေမဖြစ်အောင် ဝင်မပါဘူးလို့ ငါမျှော်လင့်တယ် "

အသံဩဩဖြင့်လူက ထိုစကားကို ကြားသောအခါတွင် ချက်ချင်းပင် ရယ်မောလိုက်သည်။

" ငါတို့က မိသားစုအကြီးအကဲရဲ့ အမိန့်အတိုင်း လူကြီးမင်း ညှင်းပွင့်၆ကို ကူညီရမယ်။ မင်းရဲ့ စကားနည်းနည်းလောက်ကို ငါတို့က ဘာလို့ ကြောက်ရမှာလဲ။ ကောင်လေး၊ မင်းအတွက် ဘာကောင်းတယ်ဆိုတာ သိရင် လက်မြှောက်အရှုံးပေးလိုက်ပါ။ ဒါမှမဟုတ်ရင် ငါတို့ကို မယဉ်ကျေးဘူးလို့ အပြစ်မတင်နဲ့ "

ယဲ့ဖန်သည် ထိုလူချော 'ညှင်း၆ပွင့်'ကို ကြည့်လိုက်သည်။

အဲ့လူက သူပဲဖြစ်လောက်တယ် မဟုတ်လား။

လူချောက ပြုံးပြသော်လည်း ဘာမှပြန်မပြောပေ။

ယဲ့ဖန်သည် အသံဩဩဖြင့် လူစီသို့ လှည့်ကြည့်လိုက်သည်။

" မင်းတို့ရဲ့ ကာမီတာနီ မျိုးနွယ်ကို ငါ အခွင့်အရေး ပေးနေတာ။ ဆက်ပြီး ခေါင်းမာနေလို့ ကျုပ် ဒေါသထွက်ရင် မင်းတို့ရဲ့ ကာမီတာနီ မျိုးနွယ် ပျက်သွားလိမ့်မယ် "

" ဟားဟားဟား၊ ငါတို့တွေ အများကြီးရဲ့ မျက်လုံးအောက်ကနေ မင်းက လွတ်ချင်သေးတာလား။ အိပ်မက် မက်နေတာ ရပ်လိုက် "

အသံဩဩနှင့်လူက စကားပြောပြီးသည်နှင့် တပြိုင်နက် သူ့နောက်ကွယ်မှ ကိုယ်ခံပညာရှင် နှစ်ဆယ်ကျော်သည် လှုပ်ရှားကာ ယဲ့ဖန်တို့ကို ဝိုင်းထားလိုက်ကြသည်။

" အခုပြော၊ မင်းဘယ်လို လွတ်နိုင်ဦးမှာလဲ "

အသံဩဩနှင့် လူသည် ကြောင်နှင့်ကြွက်ဂိမ်း ကစားနေသကဲ့သို့ သူ့မျက်နှာပေါ်တွင် လှောင်ပြောင်သောအမူအရာ ရှိနေသည်။

" ကောင်းပြီ၊ အခု ဘယ်လိုလွတ်မလဲ ပြောပြပေးမယ် "

ယဲ့ဖန်၏ နှုတ်ခမ်းထောင့် ကွေးတက်သွားသည်။

သူ့မျက်နှာပေါ်၌ လူသတ်အရိပ်တစ်ခု ပေါ်လာသည်။

အုန်း

ထိုအချိန် ဆေးရုံတံခါးမှာ ချိုးဖွင့်ခံလိုက်ရသည်။

လူတိုင်း လှည့်ကြည့်လိုက်သည့်အခါ အရပ်မြင့် လူတစ်ယောက် လမ်းလျှောက်လာသည် တွေ့လိုက်ရသည်။

ထိုလူမှာ သွမ့်မူလက်ထင်း ဖြစ်သည်။

" မင်းရဲ့အဘိုး သွမ့်မူ ရောက်ပြီ။ မင်းတို့တွေ ငါ့ကို တစ်နေ့က လုပ်ကြံခဲ့တာ။ ဒီနေ့ ငါ့ဒေါသကို ဖြေဖို့အချိန်ရောက်ပြီ "

သွမ့်မူလက်ထင်း၏အသံသည် အလွန်ကျယ်လောင်သောကြောင့် လူအများ၏ နားစည်ကို ထိခိုက်သွားစေသည်။

ထိုလူအုပ်စုသည် လျင်မြန်စွာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ယဲ့ဖန်တွင် အကူအညီပေးမည့်သူများ ရှိမည်ဟု မမျှော်လင့်ထားပေ။

သို့သော် ကူညီရန် ရောက်လာသူသည် တစ်ယောက်တည်း လာသည်ကို တွေ့လိုက်ပြီး သူတို့ မထိတ်လန့်သွားပေ။

" ဟားဟား၊ မင်းတို့ကို ကူညီဖို့ နောက်ထပ်လူပို ရှာသင့်တယ်။ ဒီတစ်ယောက်တည်း ဖြစ်တဲ့အပြင် သူက ငါတို့ကို ရှုံးသွားတဲ့သူပဲ။ သူက မင်းကို ဘယ်လိုလုပ် ကယ်တင်နိုင်မှာလဲ "

အသံဩဩနှင့်လူက ယဲ့ဖန်ကို အထင်သေးစွာ ကြည့်နေသည်။

သို့သော် ယဲ့ဖန် စကားမပြောမီတွင် တံခါးအပြင်ဘက်မှ နောက်ထပ်အသံတစ်ခုကို ကြားလိုက်ရသည်။

" တစ်ယောက်က မလုံလောက်ဘူးဆို ငါတို့ပါရင် ဘယ်လိုလဲ "

အသံတိတ်သွားသည်နှင့် အပြင်မှ လူခုနစ်ယောက် ဝင်လာသည်။

ထိုလူခုနစ်ယောက်သည် နိမ့်ကျပုံပေါက်သော်လည်း သူတို့၏ ခန္ဓာကိုယ်မှ ပြင်းထန်သော သွေးနံ့များ သယ်ဆောင်လာသောကြောင့် လူအများက သူတို့ကို လျှော့မတွက်ရဲကြပေ။

စီးရီးယပ်လုပ်ကြံရေး အဖွဲ့အစည်း

" မင်္ဂလာပါ သခင်ကြီး "

အာသာ၏ ဦးဆောင်မှုအောက်တွင် စီးရီးယပ်လုပ်ကြံရေး အဖွဲ့အစည်း အဖွဲ့ဝင်များသည် ယဲ့ဖန်ကို ဦးညွှတ်ကြသည်။

ဤတစ်ကြိမ်၌ ကာမီတာနီမျိုးနွယ်စုမှ နင်ဂျာအုပ်စုမှာ စတင်လှုပ်ခတ်လာခဲ့သည်။

ယခင်က သွမ့်မူလက်ထင်း အပါအဝင် ယဲ့ဖန်တွင် ကူညီပေးသူ ရှစ်ဦးရှိသည်။

သူတို့၏ လူအရေအတွက်သည် ကာမီတာနီမျိုးနွယ်စုထက် ကိန်းဂဏန်းအရ နည်းနေသေးသော်လည်း အနိုင်ရရန် မလွယ်တော့ပေ။

သူတို့ဘက်၌ အသေအပျောက် များမည်မှာ သေချာသည်။

သို့သော် သူတို့သည် ကြောက်ရွံ့မှုကို မပြခဲ့ပေ။

ကာမီတာနီမျိုးနွယ်စုသည် ယဲ့ဖန်၏ ရန်သူဖြစ်ရန် ရွေးချယ်လိုက်သောကြောင့် သူတို့သည် မိမိကိုယ်ကို စတေးရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။

သူတို့အားလုံးကို ဤအခြေအနေကို ထိန်းထားနိုင်မည်ဟု ယုံကြည်ကြသည်။

" ကြီးမြတ်လှတဲ့ ယဲ့လူကြီးမင်းဘက်က ဒါအကုန်ပဲလား။ မင်းမှာ အကူအညီတွေ ရှိသေးရင် ချက်ချင်း ထွက်လာခိုင်းလိုက် "

အသံဩဩဖြင့်သူက ယဲ့ဖန်ကို မထီမဲ့မြင်ပြုသည့်အမူအရာဖြင့် ဆက်၍ နှိုးဆော်နေခဲ့သည်။

ယဲ့ဖန် ပြုံးပြီး အသံထွက်ပြောလိုက်သည်။

" ဒါဆို ထွက်လာခဲ့ "

" တကယ်ရှိတာလား "

အသံဩဩနှင့် လူသည် အံ့အားသင့်သွားသည်။

မူလက သူသည် ကဲ့ရဲ့ခြင်းဖြင့် တစ်ဖက်သူကို ခြိမ်းခြောက်လိုခြင်း ဖြစ်သော်လည်း မှန်သွားမည်ဟု မထင်ထားပေ။

သူ မတုံ့ပြန်နိုင်ခင်မှာပင် အနက်ရောင်နင်ဂျာဝတ်စုံဝတ်ထားသည့် လူတစ်စု အပြင်မှ ပြေးဝင်လာသည်ကို တွေ့လိုက်ရသည်။

အယောက်နှစ်ဆယ်ခန့်ရှိပြီး သူတို့သည်လည်း ကာမီတာနီမျိုးနွယ်စုထက် အားနည်းသူများ မဟုတ်ပေ။

အသံဩဩနှင့် နောက်လိုက်များသည် နောက်ဆုံး၌ လေးနက်သော အမူအရာကို ထုတ်ဖော်ပြသလာသည်။

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၂၉၅ )

ယဲ့လူကြီးမင်း ပြောသမျှက အမိန့်ပဲ

" ဖုမာမိသားစုကလား "

အသံဩဩဖြင့်လူသည် လူအုပ်ထဲ၌ ဖုမာဟာရာဘူဆာနှင့် ဖုမာကျန်းဝူကို တွေ့သောအခါ သူ၏ အမူအရာမှာ ချက်ချင်း မည်းမှောင်သွားတော့သည်။

ဖုမာကျန်းဝူသည် ယဲ့ဖန်ကို လက်ယမ်းပြလိုက်သည်။

" သခင်ကြီး၊ ကျန်းဝူတို့ နောက်မကျဘူး မဟုတ်လားဟင် "

ယဲ့ဖန် သူမကို ပြုံးပြလိုက်သည်။

" မကျပါဘူး။ မင်း အချိန်ကိုက်ရောက်လာတာပဲ "

တစ်ချိန်တည်းတွင် ဖုမာ ဟာရာဘူဆာသည်လည်း အရင် လမ်းလျှောက်လာခဲ့သည်။

သူသည် ယဲ့ဖန်ကို လက်ဆုပ်အရိုအသေပေးလိုက်သည်။

" ယဲ့လူကြီးမင်း၊ ဖုမာမိသားစုက ကျိုနင်း အယောက်နှစ်ဆယ်လုံး ရောက်လာကြပါပြီ။ ကျွန်တော်တို့အားလုံး ယဲ့လူကြီးမင်း ပြောသမျှ အမိန့်အတိုင်းပါပဲ "

ယဲ့ဖန် စကားပြောတော့မည် ဖြစ်သည်။

" ဖုမာ ဟာရာဘူဆာ "

အသံဩဩနှင့် လူက ရုတ်တရက် အော်လိုက်သည်။

" မင်းက ဒီကလေးအတွက်နဲ့ ကာမီတာနီ မျိုးနွယ်ကို တကယ် တိုက်တော့မှာလား "

ထိုမှသာ ဖုမာ ဟာရာဘူဆာက သူ့ကို လှည့်ကြည့်လိုက်သည်။

" ဒါက ကာမီတာနီရင်းလား။ မင်းရဲ့ ကာမီတာနီမျိုးနွယ်က ဟော့ကိုင်းဒိုးမှာ ရှိရမှာ။ မင်း ဘာလို့ အီဒိုမြို့ကို လာတာလဲ "

ကာမီတာနီ ရင်း သူ့ကို စိုက်ကြည့်လိုက်သည်။

" မိသားစုအကြီးအကဲရဲ့အမိန့်အရ လူကြီးမင်း ညှင်း၆ပွင့်ကို ကူညီရမယ်။ အဲ့တော့ ဒီကိစ္စမှာ မင်းတို့ မပါဖို့ အကြံပေးတယ်။ မဟုတ်ရင် မင်းရဲ့ ဖုမာမိသားစု ပျက်စီးသွားလိမ့်မယ် "

သူ့ခြိမ်းခြောက်သံကို ကြားပြီး ဖုမာ ဟာရာဘူဆာ ချက်ချင်း ခေါင်းမော့ပြီး ရယ်လိုက်သည်။

" မင်းက ငါတို့ရဲ့ မျိုးနွယ်စုကို ဖျက်ဆီးပစ်ချင်တာလား။ မင်းရဲ့ မိသားစုအကြီးအကဲတောင် ဒီလို စကားမျိုး မပြောရဲဘူး ထင်တယ်။ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ "

အသံဩဩနှင့် လူသည် ဟာရာဘူဆာကို ဒေါသတကြီး ကြည့်နေသည်။

" ငါမင်းကို သတိပေးထားပြီးသား။ မင်း ဒီလိုဆက်လုပ်မယ်ဆိုရင် မင်းတို့ ဖုမာမိသားစုက ချောက်နက်ထဲ ကျသွားမှာ သေချာတယ် "

ချွမ်

ဖုမာ ဟာရာဘူဆာ သူ့ဓားကို ဓားအိမ်ထဲမှ ထုတ်လိုက်သည်။

" ဖုမာမိသားစုက ချောက်ထဲ ကျသွားမလားမသိဘူး။ ဒါပေမယ့် မင်းရဲ့ ကာမီတာနီမျိုးနွယ်စုကတော့ အရင်ကျတော့မယ်ဆိုတာ ငါသိတယ်။ မဟုတ်တဲ့စကားတွေ ရပ်ပြီး လုပ်လိုက် "

ဖုမာ ဟာရာဘူဆာသည် အပိုစကားများစွာ မပြောတတ်သူ ဖြစ်သည်။

သူ့ဓားကို တိုက်ရိုက်ဆွဲကာ တိုက်ခိုက်တော့သည်။

ရွှမ်း၊ ရွှမ်း၊ ရွှမ်း

သူ ဓားကိုဆွဲလိုက်သည့်အခါ ဖုမာမိသားစုနှင့် ကာမီတာနီမျိုးနွယ်စုမှ နင်ဂျာများသည်လည်း ဓားရှည်များကို ဆွဲထုတ်လိုက်ကြသည်။

စွန့်ပစ်ထားသော ဆေးရုံကြီးထဲတွင် အပ်ကျသံကိုပင် ကြားနေနိုင်သည်။

လူတိုင်းသည် အချက်ပြမှု စတင်ရန် စောင့်ဆိုင်းနေကြသည်။

အဝေးမှ ကြည့်နေသည့် ညှင်း၆ပွင့်က ရုတ်တရက် အချက်ပေးလိုက်သည်။

သူ၏ စကားတစ်ခွန်းသည် စစ်ပွဲ၏အစဖြစ်သည်မှာ သေချာသည်။

ကာမီတာနီမျိုးနွယ်စု၏ နင်ဂျာများသည် အချက်ပေးသံကိုရပြီး ယဲ့ဖန်အဖွဲ့စီသို့ ချီတက်သွားကြသည်။

အခြားသူများကလည်း လိုက်ကြသည်။

နှစ်ဘက်စလုံး ချက်ချင်း တိုက်ခိုက်နေတော့သည်။

ရာမာဂူချီ-ဂူမီဂိုဏ်းဂိုဏ်းများကြားမှ ကမောက်ကမ ရန်ပွဲများနှင့် မတူဘဲ ယနေ့ ရောက်လာသူများမှာ သိုင်းပညာ ကျွမ်းကျင်သူများ ဖြစ်ကြသည်။

အထူးသဖြင့် နှစ်ဖက်လုံး၏ အင်အားသည် အတော်လေး နီးစပ်ညီမျှသည်။

ခဏအတွင်းမှာပင် ဓားသွားများကြား အလင်းတန်းများ လက်လာကာ ဆေးရုံတစ်ခုလုံးကို လူသတ်အငွေ့အသက်များ လွှမ်းခြုံသွားသည်။

ယဲ့ဖန်ဘက်သည် အရေအတွက် အားသာချက်ရှိသောကြောင့် ပထမအချီတွင် အသာစီးရထားပြီး Kmitaniမျိုးနွယ်၏ နင်ဂျာများကို နှိမ်နှင်းလုနီးပါး ဖြစ်နေသည်။

သို့သော် ကာမီတာနီ မျိုးနွယ်စုဝင်များသည် သူတို့၏ မျက်နှာများတွင် ကြောက်ရွံ့မှု တစ်စုံတစ်ရာ မပြခဲ့ပေ။

အမှန်တွင် ......... ပူးပေါင်းကြံစည်မှုတစ်ခု အောင်မြင်ကြောင်း အရိပ်အမြွက်ပင် ပြနေခဲ့သည်။

ဖုမာ ဟာရာဘူဆာနှင့် ကာမီတာနီ ရင်းကြား တိုက်ပွဲသည် ရုန်းရင်းဆန်ခတ် ဖြစ်ပြီးနောက် နှစ်ချက်တည်းဖြင့် ကာမီတာနီ ရင်း နောက်ဆုတ်ရသည်။

" ကာမီတာနီ ရင်း၊ ငါ မင်းကို မတွေ့ရတာ နှစ်အတော်ကြာနေပြီ။ ဒါပေမယ့် မင်းရဲ့ ခွန်အားက လုံးဝ မတိုးတက်သေးဘူး "

တိုက်ခိုက်နေစဉ်တွင် ဖုမာ ဟာရာဘူဆာသည် စနောက်ရန် အချိန်ရှိသေးသည်။

" ဟား၊ အခု ငါတို့ ဘယ်ခေတ်ရောက်နေပြီလဲ။ ခွန်အားတစ်ခုတည်းက ရလဒ်ကို ဆုံးဖြတ်နိုင်မယ်လို့ မင်းထင်နေသေးတာလား။ ဖုမာ ဟာရာဘူဆာ၊ မင်း အသက်ကြီးပြီပဲ "

ကာမီတာနီ ရင်းသည် ဆုတ်ခွာလျက် လှောင်ပြောင်လိုက်သည်။

" ခွန်အားက အောင်ပွဲကို မဆုံးဖြတ်နိုင်ရင် ဘာက ဆုံးဖြတ်နိုင်မှာလဲ။ မင်းပါးစပ်က ငါ့ဓားထက် ပိုမြန်လား ကြည့်ရအောင် "

ဖုမာ ဟာရာဘူဆာသည် နှာမှုတ်ပြီး သူ့ခွန်အားကို အပြည့်သုံးတော့မည် ဖြစ်သည်။

ထိုအချိန် မထင်မှတ်သည့်ကိစ္စတစ်ခု ဖြစ်သွားသည်။

ဒိုင်း

သေနတ်သံကြားရပြီးနောက် ဖုမာ ဟာရာဘူဆာ၏ အော်ဟစ်သံနှင့်အတူ သူ၏ ဓားသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

လူတိုင်း လှည့်ကြည့်လိုက်သည့်အခါ သူ့ညာဘက်ပုခုံးကို ကျည်ဆန်ထိမှန်သွားပြီး သွေးများ စီးကျနေသည်ကို တွေ့လိုက်ရသည်။

ကျည်ဆံသည် အနည်းငယ် ပိုလွန်သွားပါက ဦးခေါင်းကို သေနတ်ထိမှန်သွားနိုင်သည်။

" အဖေ "

ဖုမာကျန်းဝူ ထိတ်လန့်သွားပြီး သူမအဖေစီ ပြေးသွားသည်။

" စနိုက်ပါသမား ရှိတယ် "

တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်ရာ မြင်ကွင်းသည် ချက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

ပြင်းထန်သော တိုက်ပွဲများကြားတွင် ရှိနေခဲ့သော ဖုမာမိသားစုသည် သူတို့၏ ပြိုင်ဘက်များကို ချက်ချင်း ရှောင်လိုက်သည်။

သူတို့အားလုံးသည် ဖုမာ ဟာရာဘူဆာ အနီးနားတွင် စုရုံးနေကြပြီး သူ့ကို အလယ်ဗဟိုတွင် ဝိုင်းထားသည်။

" ကာမီတာနီမျိုးနွယ်စုက ရွံစရာကောင်းလိုက်တာ။ သူတို့က စနိုက်ပါသမားကို တကယ်သုံးခဲ့တာပဲ "

" ဒါက ကိုယ်ခံပညာရှင်တွေကြားက တိုက်ပွဲလေ။ ဘာလို့ စနိုက်ပါသမား ပါနေတာလဲ "

" ကာမီတာနီရင်း၊ မင်းက ရွံစရာကောင်းလွန်းတယ်။ မင်းက သိုင်းပညာလောရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်နေတာပဲ "

" ကာမီတာနီမျိုးနွယ်စုက ကိုယ်ခံပညာလောကကနေ ထွက်မှာလား "

ဖုမာမိသားစုမှ လူတိုင်းသည် ဒေါသအလွန်ထွက်နေပြီး ကာမီတာနီမျိုးနွယ်ကို မေးခွန်းထုတ်လာကြသည်။

ကိုယ်ခံပညာလောက၏ မရေးထားသော စည်းမျဉ်းများအရ သိုင်းပညာရှင်အချင်းချင်း တိုက်ပွဲများတွင် သေနတ်ကို အသုံးမပြုရပေ။

မဟုတ်ပါက လူတိုင်း အသတ်ခံရပေလိမ့်မည်။

သို့သော် ယနေ့တွင် ကာမီတာနီမျိုးနွယ်စုသည် သိုင်းပညာရှင်နှစ်ဘက်ကြား တိုက်ပွဲတွင် စနိုက်ပါသမားကို အသုံးပြုခဲ့သည်။

ဤသည်က စည်းကမ်းကို ချိုးဖျက်လိုက်သည်မှာ သေချာလေသည်။

ကာမီတာနီရင်းသည် သူတို့၏ စွပ်စွဲချက်များနှင့် ရင်ဆိုင်ရသောအခါ ရှက်ရွံ့သွားခြင်း မရှိပေ။

ထိုအစား သူက ရယ်မောပြီး ပြောလိုက်သည်။

" ဒါက ဘယ်ခေတ်လဲ။ လွန်ခဲ့တဲ့ နှစ်ရာနဲ့ချီတဲ့ စည်းကမ်းဟောင်းတွေကို လိုက်နာနေတုန်းလား။ မင်းရဲ့ ဖုမာမိသားစုက အခု ဆုတ်ယုတ်လာတာ မဆန်းပါဘူး။ ခေတ်ကို အမီလိုက်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ သိလား "

ဖုမာမိသားစုမှ လူများသည် ဒေါသထွက်နေကြသော်လည်း သူတို့ ဘာမှ လုပ်လို့ မရပေ။

ထိုအချိန်တွင် ရန်သူ့ဘက်၌ ချောင်းနေသော စနိုက်ပါတစ်ဦး ရှိနေသောကြောင့် မည်သူမျှ မလှုပ်ရှားရဲပေ။

သိုင်းပညာရှင်တစ်ဦးသည် မည်မျှပင် ကျွမ်းကျင်သည်ဖြစ်စေ သေနတ်အောက်၌ သေသွားနိုင်သည်။

ဖုမာ ဟာရာဘူဆာသည် သူ့ပုခုံးပေါ်ရှိ ဒဏ်ရာကို ဖုံးအုပ်ထားသည်။

သူ့လက်ချောင်းများကြားမှ သွေးသည် ဆက်လက်စီးကျနေသည်။

သူ ဒေါသထွက်နေသော်လည်း ရှေ့ကို ဆက်မပြေးနိုင်တော့မှန်း သူသိသည်။

ထိုသို့ မဟုတ်ပါက သူ့မိသားစုဝင်များကို သေအောင် လုပ်မိပေလိမ့်မည်။

ထိုသည်ကို တွေးပြီး သူ ယဲ့ဖန်၏ ထင်မြင်ချက်ကို တောင်းရတော့သည်။

ယဲ့ဖန်တွင် ဖုမာမျိုးနွယ်စု၏ မျိုးနွယ်စု တံဆိပ်ပြားရှိနေသည်။

" သူ ပြောတာမှန်တယ်။ ဒါက ဘယ်ခေတ်မလို့လဲ။ စည်းမျဉ်းဟောင်းတွေကို တကယ်ပြောင်းသင့်ရင် ပြောင်းရမယ်။ သေနတ်ကို ကိုယ်ခံပညာရှင်တွေ သုံးလို့မရဘူးလို့ ဘယ်သူပြောလဲ "

ယဲ့ဖန်သည် ထိတ်လန့်သွားသည့် အရိပ်အယောင် မပြခဲ့ပေ။

ထိုအစား သူသည် ကာမီတာနီမျိုးနွယ်စုအတွက်ပင် ပြောပေးခဲ့သည်။

ဖုမာမိသားစုမှ လူတိုင်း အံ့ဩသွားကြသည်။

ယဲ့လူကြီးမင်းက ရန်သူ့ဘက်ကနေ ဘာလို့ ပြောပေးနေတာလဲ။

" ဟားဟားဟား၊ ယဲ့လူကြီးမင်း ပြောတာ မှန်တယ်။ အဲ့တာကြောင့် ဒီတိုက်ပွဲကို ဆက်တိုက်ဖို့ လိုသေးလို့လား။ မင်းတို့တွေက နာခံမှုအပြည့်နဲ့ အရှုံးပေးသင့်တယ်လို့ ထင်တယ် "

ကာမီတာနီ ရင်းသည် အပြုံးကြီးတစ်ခုကို ထုတ်ဖော်လိုက်သည်။

" စိတ်မပူနဲ့၊ နားထောင်လိုက် "

ယဲ့ဖန်သည် ရုတ်တရက် အဓိပ္ပါယ်ရှိသောအပြုံး ပြုံးပြပြီး သူ့ခေါင်းထိပ်ကို ညွှန်ပြလိုက်သည်။

ကာမီတာနီ ရင်း မတုံ့ပြန်မီတွင် အပေါ်မှ နောက်ထပ်သေနတ်သံတစ်ချက် ကြားလိုက်ရသည်။

ဒိုင်း

ထို့နောက် ဒုတိယထပ်မှ အလောင်းတစ်လောင်း ပြုတ်ကျလာခဲ့သည်။

ဘုန်း

လူတိုင်း သေချာကြည့်လိုက်ရာ ထိုပြုတ်ကျလာသူ၏ ဦးခေါင်းမှာ ပေါက်နေသည်ကို တွေ့လိုက်ရသည်။

သူ၏ အသွင်အပြင်ကို အတိအကျ မမြင်နိုင်ကြပေ။

သူ့လက်ထဲတွင် စနိုက်ပါရိုင်ဖယ်တစ်လက်ကို ကိုင်ထားသည်။

သူသည် ဖုမာ ဟာရာဘူဆာအား ဒဏ်ရာရအောင် လုပ်ခဲ့သော စနိုက်ပါသမား ဖြစ်လောက်သည်။

မျှော်လင့်ထားသည့်အတိုင်း ထိုလူကို မြင်သောအခါ ကာမီတာနီရင်း၏ အမူအရာမှာ သိသာစွာ ပြောင်းလဲသွားသည်။

" မင်းတို့လည်း စနိုက်ပါသမားနဲ့ ချုံခိုတိုက်တာလား "

ယဲ့ဖန် သူ့ကို ပြုံးပြသည်။

" ဘယ်သူမှာ စနိုက်ပါမရှိလို့လဲ။ ပြီးတော့ ငါ့စနိုက်ပါရဲ့ လက်စွမ်းက မင်းတို့ထက်တောင် ပိုတိကျသေးတယ် "

စီးရီးယပ်လုပ်ကြံရေး အဖွဲ့အစည်းတွင် စုစုပေါင်း လူရှစ်ဦးရှိသည်။

အစောက ခုနစ်ယောက်သာ ဝင်လာသည်။

စနိုက်ပါနတ်ဘုရားလီချန်းသည် ပုန်းနေခဲ့သည်။

ယဲ့ဖန် ကြိုတင်ကာကွယ်ထားရုံသာ ဖြစ်သည်။

ဤသို့ အကျိုးရှိလာမည်ဟု သူ မမျှော်လင့်ထားပေ။

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၂၉၆ )

သခင်က ဒီမှာရှိတယ်။ မင်းကို ဘယ်သူမှ အနိုင်မကျင့်စေရဘူး

" ရွံစရာကောင်းတယ်။ အရှက်မရှိဘူး "

ကာမီတာနီ ရင်း၏ မျက်နှာပေါ်မှ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုများ ပျောက်ကွယ်သွားပြီး နောက်ဆုံး၌ ကြောက်ရွံ့သော အမူအရာဖြင့် အစားထိုးလာသည်။

" ရွံစရာကောင်းတာတဲ့လား။ မင်းရဲ့စနိုက်ပါသမားတွေကပဲ ငါတို့ကို သတ်ခွင့်ရှိပြီး ငါတို့ကကျ မင်းကို သတ်ခွင့်မရှိဘူးလား "

ယဲ့ဖန်သည် သူ့မျက်နှာပေါ်တွင် လှောင်ပြောင်သရော်မှုကို မဖုံးကွယ်ထားပေ။

ကာမီတာနီ ရင်းသည် အချိန်အတော်ကြာ ရှာနေခဲ့သော်လည်း ရန်သူ့ဘက်မှ စနိုက်ပါသမား ပုန်းအောင်းနေသည့်နေရာကို မတွေ့ရသေးပေ။

" သိုင်းပညာလောကရဲ့ စည်းမျဉ်းတွေအရ ကိုယ်ခံပညာရှင်အချင်းချင်း တိုက်ပွဲတွေမှာ သေနတ်ကို ယူခွင့်မပြုဘူး။ မင်းရဲ့စနိုက်ပါသမားကို ချက်ချင်း ဖယ်ပြီး ငါတို့ ထပ်တိုက်မယ် "

ယဲ့ဖန် သူ့စကားကို သဘောကျသွားသည်။

" မင်းက အားသာနေတုန်းကကျ မင်းက စည်းသတ်မှတ်တယ်။ အခု ငါက အားသာတော့ကျ မင်းက တစ်ပြန်ကြီး စည်းသတ်မှတ်ချင်တာလား။ မင်းတို့မိသားစုက စည်းချတာမလို့လား "

ထိုသို့ပြောပြီးနောက် ယဲ့ဖန်မျက်နှာမှာ ချက်ချင်း မည်းမှောင်လာသည်။

" အခု ခင်ဗျား ငါ့စည်းကမ်းကို နားထောင်ရမယ် "

ထိုသို့ပြောပြီးနောက် ရပ်တန့်သွားသော တိုက်ပွဲမှာ ပြန်စလာသည်။

ချွမ်

ချွမ်

ချွမ်

နှစ်ဖက်လုံးမှ နောက်တစ်ကြိမ် ထိပ်တိုက်တွေ့ကြပြီး တိုက်ပွဲသံများနှင့် အော်ဟစ်သံများ ရောထွေးနေသည်။

အလွန်ကြောက်မယ်ဖွယ်ကောင်းလှသည်။

ယဲ့ဖန်ဘက်တွင် ကိန်းဂဏန်းအရ အားသာချက် ရှိနေပြီဖြစ်သည့်အပြင် ကာမီတာနီ မျိုးနွယ်သည် နောက်ဆုတ်နေရကာ သူတို့၏ ခေါင်းပေါ်တွင် 'သေနတ်'ချိန်ထားသည် ဟူသော အချက်က များစွာ ဆုတ်ယုတ်စေသည်။

ဘယ်အချိန်ကျမည်ဆိုတာ မသိနိုင်ကြသော်လည်း သူတို့၏ စိတ်ဓာတ်မှာ အကြီးအကျယ် ထိခိုက်နေခဲ့သည်။

သူတို့အတွက် ယှဉ်နိုင်သည့်ပွဲ မဟုတ်တော့ပေ။

ချက်ချင်းဆိုသလိုပင် သူတို့မျိုးနွယ်စုကို ဖုမာမိသားစု၊ စီးရီးယပ်လုပ်ကြံရေး အဖွဲ့အစည်းနှင့် သွမ့်မူလက်ထင်းတို့က ဝိုင်းရံသတ်ဖြတ်ခဲ့ကြသည်။

မူလ လူနှစ်ဆယ်ကျော်သည် အချိန်တိုအတွင်း ထက်ဝက်မက လျော့သွားသည်။

ဤနှုန်းဖြင့် ဆက်သွားပါက အချိန်အများကြီး မကြာလိုက်ဘဲ သူတို့အားလုံး ပျောက်ကွယ်သွားမည် ဖြစ်သည်။

တိုက်ပွဲကို အေးဆေးစွာ ကြည့်နေသည့် ညှင်း၆ပွင့်ပင် အေးဆေးစွာ မနေနိုင်တော့ပေ။

ခြေနှစ်လှမ်းနောက်ဆုတ်ပြီး ပြေးသွားသည်။

ထိုသည်ကို မြင်ပြီး အာသာနှင့် အခြားသူများက ရန်သူကို ရင်ဆိုင်ရန် ချက်ချင်း လှည့်လိုက်သည်။

" ထွက်သွား "

ညှင်း၆ပွင့်သည် အော်လိုက်ပြီး လက်ဖဝါးသိုင်းဖြင့် ရိုက်ချသည်။

အာသာသည် သူ့ဓားမြှောင်ကို လွှဲခါနီးတွင် တစ်ဖက်မှ မြန်ဆန်သော တိုက်ခိုက်မှုကြောင့် ဘာမှမမြင်လိုက်ရချိန်မှာပင် ရင်ဘတ်ကို ထိသွားတော့သည်။

ဒိုင်း

ရထားဖြင့် တိုက်ခံရသလို ခံစားလိုက်ရပြီး သူ့တစ်ကိုယ်လုံး လွင့်ပျံသွားကာ သွေးအန်ထွက်လာသည်။

စီးရီးယပ်လုပ်ကြံရေး အဖွဲ့အစည်းမှ အခြားအဖွဲ့ဝင်ခြောက်ဦးသည်လည်း ချက်ချင်းပူးပေါင်းပြီး ညှင်း၆ပွင့်ကို တိုက်ခိုက်တော့မည် ဖြစ်သည်။

သို့သော် ညှင်း၆ပွင့်၏ ခွန်အားသည် သူတို့ စိတ်ကူးထားသည်ထက် ကျော်လွန်နေသည်။

ဘန်း ဘန်း

မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့ခြောက်ယောက်လုံးသည် သူတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းအသီးသီးကို ပြင်းထန်စွာ ထိုးနှက်ခံရပြီး တစ်ချိန်တည်းနီးပါး လွင့်သွားကြသည်။

တစ်ချိန်တည်းမှာပင် အပေါ်မှ သေနတ်သံ ထွက်ပေါ်လာပြန်သည်။

ဒိုင်း

သေနတ်သံကြားသည်နှင့် တပြိုင်နက် ညှင်း၆ပွင့်မှ အရေးပေါ် ရှောင်တိမ်းလိုက်သည်။

ကျည်ဆန်သည် သူ့ခန္ဓာကိုယ်ကို ဖြတ်ပြီး မြေပြင်ကို ထိသွားသည်။

စနိုက်ပါနတ်ဘုရား လီချန်းသည် အမှန်တကယ်ပင် သူ၏ ပစ်ချက်အား လွဲချော်ခဲ့သည်။

ဤသည်မှာ သူ၏ စနိုက်ပါသမားဘဝအတွက် ရှက်စရာဖြစ်မည်မှာ သေချာသည်။

ညှင်း၆ပွင့်သည် စစ်နတ်ဘုရားအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။

သူသည် စီးရီးယပ်လုပ်ကြံရေး အဖွဲ့အစည်း၏ အတားအဆီးကို ကျော်ဖြတ်ကာ စစ်မြေပြင်သို့ အမြန်ပြေးလာခဲ့သည်။

ထိုအချိန်တွင် မြေပြင်နေရာ၌ ရုန်းရင်းဆန်ခတ်ဖြစ်နေခဲ့သည်။

ထိုနေရာ၌ အခြားသူများရှိ၍ လီချန်းသည် နောက်တစ်ကြိမ် သေနတ်ပစ်လို့ မရတော့ပေ။

ညှင်း၆ပွင့်သည် လူအုပ်ထဲသို့ ပြေးဝင်ကာ ဖုမာမိသားစု၏ ကျိုနင်းများကို ပြင်းထန်စွာ တိုက်ခိုက်ခဲ့သည်။

ဖုမာမိသားစုသည် ဤတစ်ကြိမ်တွင် အကျနာသွားရသည်။

ဤလူအယောက်နှစ်ဆယ်၌ တစ်ဦးချင်းစီသည် အတွင်းအားနောက်ဆုံးအဆင့်ကို ပိုင်ဆိုင်ထားကြသည်။

အခြားအခြေအနေများတွင် သူတို့သည် ထိပ်တန်းအဆင့်ကျွမ်းကျင်သူများ ဖြစ်ပေလိမ့်မည်။

သို့သော် ဤကျွမ်းကျင်သူများသည် ညှင်း၆ပွင့်၏လက်ထဲ၌ အသတ်ခံရန်စောင့်ဆိုင်းနေသော သိုးငယ်လေးများ ဖြစ်လာသည်။

သူ့ကို မည်သူမျှ မတားဆီးနိုင်ခဲ့ပေ။

ချက်ချင်းပင် ဖုမာမိသားစုမှ အဖွဲ့ဝင် ခြောက်ဦးသည် သေသူကသေကာ ဒဏ်ရာရသူများလည်း ရှိလေသည်။

ဤမြင်ကွင်းကို မြင်သောအခါ ဖုမာ ဟာရာဘူဆာ၏ မျက်လုံးများသည် ထွက်ကျလုနီးပါးဖြစ်လာတော့သည်။

သူ့ခန္ဓာကိုယ်မှ နာကျင်မှုကို လျစ်လျူရှုပြီး အခြားလက်တစ်ဖက်နှင့် ဓားကို ကိုင်လိုက်ပြီး ရှေ့သို့ တက်တော့မည် ဖြစ်သည်။

" ဖေဖေ၊ သမီး သွားလိုက်မယ် "

ဖုမာကျန်းဝူ ရုတ်တရက် ရပ်လိုက်ပြီး သူ့စီမှ ဓားကို ယူလိုက်သည်။

" ရှောင်ဝူ၊ သမီး ...... "

ဖုမာ ဟာရာဘူဆာသည် သူမအား ချက်ချင်း တားရန် ကြိုးစားလိုက်သည်။

ညှင်း၆ပွင့်၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားဖြင့် သူ့သမီး သေမည်ဖြစ်သည်။

" ဖေဖေ၊ သမီး အရင်တုန်းက အသိမရှိဘဲ အဖေ့ကို အများကြီး စိတ်ပူမိအောင်လုပ်ခဲ့တာ တောင်းပန်ပါတယ်။ ပြီးတော့ အန်တီ စူဂါဝါရာကိုလည်း တောင်းပန်ပါတယ်။ သူမကို ဒီလိုမျိုး မဆက်ဆံသင့်ဘူးဂ"

ထိုသို့ပြောပြီးနောက် သူမသည် သူမ၏ ဓားရှည်ဖြင့် ညှင်း၆ပွင့်စီသို့ ချက်ချင်း ပြေးသွားခဲ့သည်။

" ရှောင်ဝူ ...... "

ဖုမာ ဟာရာဘူဆာ ကျယ်လောင်စွာ အော်လိုက်သည်။

ဝူး .........

သူမသည် ညှင်း၆ပွင့်၏ တစ်မီတာအကွာတွင် သူမသည် ရုတ်တရက် ခုန်ကာ လက်ထဲမှ ကနတဓားရှည်ဖြင့် လှမ်းခုတ်သည်။

" သေလိုက် "

ညှင်း၆ပွင့်က သူမကို ပြုံးလျက် ကြည့်နေသည်။

" မင်းက ယဲ့ဖန်ရဲ့ ချစ်သူလား။ ဒါဆို ငါမင်းကို အရင်ပို့ပေးမယ် "

ချွမ်

သူသည် စကားပြောနေစဉ် အနောက်သို့ ခြေတစ်လှမ်းဆုတ်သွားကာ ဖုမာကျန်းဝူ၏ ဓားသည် သူ့နှာခေါင်းကို ဖြတ်လုနီးပါးဖြစ်သွားသည်။

ထို့နောက် သူသည် လက်ဖဝါးနှစ်ဖက်ကို ညှပ်ကာ ဓားကို လက်ဖဝါးကြားတွင် ထည့်ပြီး ဆွဲယူလိုက်သည်။

ဖုမာကျန်းဝူသည် မြေပြင်ပေါ်သို့ ပြန်ရောက်နေပြီ ဖြစ်သည်။

ညှင်း၆ပွင့်၏ လုပ်ရပ်ကို မြင်ပြီး သူမ၏ ဓားကို အမြန်ဆွဲထုတ်လိုက်သည်။

သို့သော် သူမ မထင်ထားစွာဖြင့် တစ်ဖက်သား၏ အင်အားသည် အံ့အားသင့်စရာကောင်းလောက်စွာ အားကြီးလှသည်။

သံကြိုးဖြင့် ချည်နှောင်ထားသကဲ့သို့ ဓားကို သူ၏ လက်ဖဝါးများကြားတွင် ချည်နှောင်ထားကာ သူမ လှုပ်ရှားရခက်နေသည်။

ဖုမာကျန်းဝူသည်လည်း ဉာဏ်များသူတစ်ယောက် ဖြစ်သည်။

သူမသည် ချက်ချင်းပင် ဓားကို လွှတ်ကာ အမြန်ပြန်ဆုတ်သွားခဲ့သည်။

သို့သော် အလွန်နောက်ကျသွားပြီ ဖြစ်သည်။

ညှင်း၆ပွင့်သည် ဓားကို ပြင်းထန်သော အရှိန်ဖြင့် သူမရှိရာသို့ ပစ်လိုက်သည်။

ဓားသည် ဖုမာကျန်းဝူ၏ မျက်နှာဆီသို့ ရောက်လာပြီး မရှောင်လွှဲနိုင်တော့သည်ကို သိလိုက်ကာ တွန့်ဆုတ်နေသော အမူအရာ ရုတ်တရက် ပေါ်လာသည်။

'သခင်ကြီး၊ ရှောင်ဝူက သခင်ကြီးအပေါ် တာဝန်မကျေတော့ဘူး'

ထိုအတွေးသည် သူမစိတ်ထဲ ပေါ်လာပြီးနောက် မျက်လုံးကိုမှိတ်ကာ သေခြင်းတရားကို စောင့်မျှော်နေခဲ့သည်။

ထိုအချိန်တွင် သူမခါးကို သန်မာသောလက်တစ်စုံက ဆွဲထုတ်လိုက်သည်ကို ရုတ်တရက် ခံစားလိုက်ရပြီး သူမသည် တစ်ဖက်လူ၏ ရင်ခွင်ထဲရောက်သွားသည်။

မော့ကြည့်လိုက်ရာ သူမအရှေ့၌ ရင်းနှီးနေသည့် မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။

သူသည် သူမ၏ခါးကို လက်တစ်ဖက်နှင့် ကိုင်ထားပြီး ကျန်တစ်ဖက်မှာ ဓားကို လှမ်းကိုင်ထားသည်။

သူ၏ လက်ဖဝါးမှ သွေးများ စီးကျလာသည်။

ဖုမာကျန်းဝူသည် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ ခဏတာ စိတ်လွတ်သွားသည်။

ဒီဓားက ခုနက အရှိန်နဲ့ လာနေတာလေ။

သခင်ကြီးက အဲ့တာကို အခု လက်ဗလာနဲ့ တကယ်ကြီး ဖမ်းလိုက်တာလား။

ထိုသို့လုပ်ရန် ကြီးမားသော ခွန်အားကို လိုအပ်ရုံသာမက သတ္တိလည်း လိုအပ်သည်။

ယဲ့ဖန်သည် မည်မျှပင် သန်မာနေသည်ဖြစ်စေ အသွေးအသားနှင့် တည်ဆောက်ထားဆဲဖြစ်သည်။

လက်ဗလာနှင့် ဓားရှည်ကို ဖမ်းသည်က အလွန်အန္တရာယ်များလှသည်။

သတိမထားပါက သူ့လက်တစ်ခုလုံး ပြတ်သွားနိုင်သည်။

" သခင်ကြီး ..... "

ဖုမာကျန်းဝူသည် အသိပြန်ကပ်လာပြီးနောက် သူမ၏ မျက်လုံးများမှ မျက်ရည်များ စီးကျလာသည်။

" Xiaowu၊ မငိုနဲ့။ ကိုယ် ဒီမှာရှိနေပြီ။ မင်းကို ဘယ်သူကမှ အနိုင်ကျင့်ခွင့် မပေးဘူး "

ယဲ့ဖန်သည် ခေါင်းငုံ့ကာ သူ့မျက်နှာပေါ်တွင် နူးညံ့သော အပြုံးဖြင့် သူမကို ကြည့်နေသည်။

ညှင်း၆ပွင့်သည် စကတည်းက တစ်ခုခုမှားနေကြောင်း ယဲ့ဖန် ခံစားမိ၍ ချက်ချင်း အရှေ့သို့ ပြေးသွားသည်။

သို့သော် တစ်ဖက်လူမှာ မြန်ဆန်လွန်းလှသည်။

စီးရီးယပ်လုပ်ကြံရေး အဖွဲ့အစည်းမှ တားဆီးသည်ကို ဖြတ်ကျော်ပြီး ဖုမာကျန်းဝူနှင့် တိုက်ခိုက်သည်အထိ အချိန်စက္ကန့်ပိုင်းသာ ကြာသည်။

ယဲ့ဖန် ရောက်လာချိန် ဓားသည် ဖုမာကျန်းဝူစီကို ဦးတည်နေပြီ ဖြစ်သည်။

အလျင်လိုနေသည့် အခိုက်အတန့်ဖြစ်၍ လက်ဗလာနှင့်သာ ဖမ်းခဲ့လိုက်သည်။

အခု ပြန်တွေးကြည့်သည့်အခါ အနည်းငယ်ကြောက်စရာကောင်းသည်။

အမှားလုပ်မိပါက သူ့လက် ပြတ်သွားမည်ကို စိုးရိမ်ရသည်။

အခုပင် သူ့လက်ဖဝါးမှာ အထဲထိ ပြတ်သွားပြီး အရိုးပင် အနည်းငယ်မြင်နေရကာ သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို ထိခိုက်စေသည်။

" ရှောင်ဝူ၊ ဘေးကနေပဲကြည့်။ ကိုယ် မင်းအတွက် ဒေါသကို ဘယ်လိုဖြေဖျောက်ပေးမလဲဆိုတာ ကြည့်လိုက် "

သူသည် ဖုမာကျန်းဝူကို ဖြည်းညှင်းစွာ လွှတ်ပေးလိုက်ပြီး သူမ၏ ခေါင်းလေးကို ပုံမှန်အတိုင်း ပွတ်ပေးလိုက်သည်။

ဖုမာကျန်းဝူသည် သူ့အတွက် အလွန်စိုးရိမ်နေသော်လည်း သူမသည် အားကန်နှင့် ချန်းဖေးအယ် အနားသို့ နာခံစွာ လျှောက်သွားသည်။

မနာလိုဖြစ်ရမည့်အချိန် မဟုတ်ကြောင်း သူမ သိသော်လည်း ချန်းဖေးအယ်၏ မျက်နှာတွင် မနာလိုမှု အရိပ်အမြွက်များ ဖြတ်ပြေးသွားသည်။

ယဲ့ဖန်သည် ဖုမာကျန်းဝူအား ကယ်တင်ရန်အတွက် သူ့အသက်ကိုပင် မငဲ့ကာ မည်သို့ စွန့်စားရဲသည်ကို မြင်ပြီး ချန်းဖေးအယ် မတတ်နိုင်ဘဲ မနာလိုဖြစ်မိသည်။

အခု ဒဏ်ရာရတဲ့သူက သူမသာဆို ဘယ်လောက်တောင် ကောင်းလိုက်မလဲ။

All Chapters