အခန်း (၁၂၉၇-၁၃၀၀)
Vol. 65 Ch. 1297-1300
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၂၉၇ )
မျိုးရိုးဗီဇ ပြောင်းထားတဲ့လူ
ညှင်း၆ပွင့်သည် မြင်ကွင်းတစ်ခုလုံးကို စစ်ဆေးပြီး နောက်ဆုံးတွင် ယဲ့ဖန်ကို မြင်သွားသည်။
" မင်းရဲ့ တိုက်ပွဲကို ဘေးကနေ ကြည့်ပြီး ရုတ်တရက် ရယ်စရာကောင်းတယ်လို့ ခံစားလိုက်ရတယ်။ စောက်တုံးတွေ အချင်းချင်း တို့ထိနေတဲ့ လူအုပ်ကြီးကို ကြည့်ရတာနဲ့ တူတယ်။ မင်းတို့ ဆယ်စုနှစ်ပေါင်းများစွာ လေ့ကျင့်ပျိုးထောင်ပြီး ဒီလိုဖြစ်လာတာလား။ ဟားဟားဟား ...... "
သူ့စကားများသည် ကာမီတာနီမျိုးနွယ်အပါအဝင် လူတိုင်းကို ဦးတည်နေသည်။
ယဲ့ဖန်သည် သူနှင့် ဆယ်မီတာခန့်သာ ဝေးသည်။
ညှင်း၆ပွင့်ကို ယဲ့ဖန် တိတ်ဆိတ်စွာသာ ကြည့်နေသည်။
" ကောင်းကင်ကြီးက တရားမျှတတယ်လို့ ငါ ယုံတယ်။ ကိုယ်ခံပညာရှင်တစ်ယောက်ရဲ့ လေ့ကျင့်စဉ်တွေက နှေးကွေးပေမယ့် သူတို့မှာ အားသာချက်တွေရှိတယ် "
" မင်းတို့လို မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ လူတွေက မြန်မြန် တိုးတက်လာနိုင်ပေမယ့် အားနည်းချက်တွေ ရှိမှာ သေချာတယ်။ ငါတို့ ကြိုးစားပြီးရင် ဘယ်သူက ပိုကောင်းလဲဆိုတာ ငါတို့ သိရမှာပဲ "
ညှင်း၆ပွင့်သည် ဟာသတစ်ခု ကြားရသလို ရယ်လိုက်သည်။
" ဒါဆိုရင် မျိုးရိုးဗီဇ ပြုပြင်ထားတဲ့လူရဲ့ တကယ့်ခွန်အားက ဘာလဲဆိုတာ မင်းကို ငါ ပြမယ်။ နည်းပညာစွမ်းအားက မင်း စိတ်ကူးထားတာထက် ကျော်နေပြီ "
သူသည် ထိုနောက်ဆုံးစကား ပြောလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်မှာ ရုတ်တရက် လှုပ်ရှားသွားပြီး ယဲ့ဖန်စီသို့ ဦးတည်သွားသည်။
သူ့အရှိန်မှာ အလွန်မြန်ဆန်သည်။
" ငါ့ကို အရင်ကျော်သွား "
ထိုအချိန်တွင် သွမ့်မူလက်ထင်း ရုတ်တရက် ပြေးထွက်လာပြီး သူ့လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။
ညှင်း၆ပွင့်၏ အမြန်နှုန်းသည် အနည်းငယ်မျှ နှေးကွေးသွားခြင်း မရှိပေ။
တစ်ချိန်တည်းမှာပင် သူသည် လက်သီးချက်ကို ပစ်သွင်းလိုက်သည်။
သွမ့်မူလက်ထင်းသည် သူ၏ ညာဘက်လက်သီးထဲသို့ သူ၏ခွန်အားအားလုံးကို စုစည်းထားသည်။
အုန်း
မြေကြီးကွဲအက်သံနှင့်အတူ သွမ့်မူလက်ထင်းသည် ချက်ချင်း လွင့်ပျံသွားပြီး နံရံဖြင်း ပြင်းထန်စွာ ရိုက်ချမိသွားခဲ့သည်။
သူ၏ ညာဘက်လက်သည် ပြင်းထန်စွာ ပုံပျက်သွားခဲ့သည်။
ထိုမြင်ကွင်း ကြည့်နေကြသူတိုင်း ထိတ်လန့်သွားသည်။
သွမ့်မူလက်ထင်းသည် အတွင်းအားနောက်ဆုံးအဆင့် ကျွမ်းကျင်သူဖြစ်သည်။
နေရာတွင် ရှိနေသူများထဲတွင် ယဲ့ဖန်တစ်ယောက်သာ သူ့ကို နှိမ်နှင်းနိုင်သည်။
မထင်မှတ်စွာဖြင့် ညှင်း၆ပွင့်မှ သူ့ကို တစ်ကွက်တည်းဖြင့် အနိုင်ပိုင်းခဲ့သည်။
ဤသို့ ကြောက်စရာကောင်းသည့် စွမ်းအားသည် ထိတ်လန့်တုန်လှုပ်ဖွယ်အဆင့်သို့ ရောက်နေပြီ ဖြစ်သည်။
သွမ့်မူလက်ထင်းကို တိုက်ခိုက်ပြီးနောက် ညှင်း၆ပွင့်၏ တိုက်ခိုက်မှုမှာ ရပ်မသွားပေ။
ယဲ့ဖန်စီ ဆက်လက် ပြေးသွားခဲ့သည်။
" သခင်ကြီး၊ မြန်မြန်ထွက်သွားပါ "
ထိုအချိန်တွင် အာသာနှင့် အခြားသူများ ပြေးထွက်လာပြန်သည်။
သူတို့သည် ညှင်း၆ပွင့်ရှေ့တွင် ရပ်ကာ ယဲ့ဖန်အား လွတ်မြောက်စေရန် အခွင့်အရေးကို ဖန်တီးလိုက်ကြသည်။
သို့သော် သူတို့ကို နှုတ်ဆက်နေသည့်အရာမှာ ပို၍ပင် ကြမ်းတမ်းသော ဖျက်ဆီးမှုတစ်ခု ဖြစ်သည်။
ဘန်း
ညာဖက်မှ ပြေးလာနေသော စီးရီးယပ်လုပ်ကြံရေး အဖွဲ့အစည်း အဖွဲ့ဝင်တစ်ဦး၏ ရင်ဘတ်ကိုပေါ်သို့ ညှင်း၆ပွင့်မှ လက်သီးတစ်ချက် ပြင်းထန်စွာ ထိုးနှက်လိုက်သည်။
ဤအဖွဲ့ဝင်သည် လက်တွေ့တိုက်ပွဲတွင် အလွန်အတွေ့အကြုံရှိဖူးသည်။
ထို့ကြောင့် အရေးကြီးသော အခိုက်အတန့်တွင် သူသည် အနည်းငယ် နောက်ပြန်ဆုတ်သွားခဲ့သည်။
သို့သော် ရင်ဘတ်ကို ပြင်းထန်စွာ ရိုက်ခံရဆဲဖြစ်သည်။
သူ့တစ်ကိုယ်လုံး ချက်ချင်း နောက်ပြန်လွင့်သွားကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြန်ကျလာခဲ့သည်။
သူ သေသည်လား၊ အသက်ရှင်သည်လား မသိရပေ။
ညှင်း၆ပွင့်သည် တိုက်ခိုက်ခြင်းကို မရပ်တန့်ဘဲ အခြားသူများကို တိုက်ခိုက်ရန် လှည့်လာခဲ့သည်။
ညှင်း၆ပွင့်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် စီးရီးယပ်လုပ်ကြံရေး အဖွဲ့အစည်းသည် တစ်ယောက်ပြီးတစ်ယောက် ကျရှုံးခဲ့ကြသည်။
အာသာ တစ်ယောက်သာ ကျန်တော့သည်။
သူသည် အခွင့်အရေးကို ဖမ်းဆုပ်ပြီး ဓားမြှောင်ဖြင့် ညှင်း၆ပွင့်၏ ပေါင်ကို ထိုးသွင်းလိုက်သည်။
ထိုဓားသည် အလွန်နက်သည်အထိ ပေါက်ပြီး ဓားဖျားသည် ပေါင်တစ်ဖက်မှပင် ပြန်ထွက်လာသည်။
အာသာသည် တစ်ဖက်လူကို ထိခိုက်ဒဏ်ရာရအောင် လုပ်နိုင်သွားသည်ဟု ထင်ကာ ဝမ်းသာသွားသည်။
သို့သော် သူ မမျှော်လင့်ထားစွာဖြင့် ညှင်း၆ပွင့်၏ မျက်နှာပေါ်၌ နာကျင်နေသည့် အရိပ်အယောင်ပင် မပြဘဲ သူ့ကိုပင် ပြန်၍ ကန်လိုက်သည်။
ထို့နောက် သူ့ခြေထောက်မှ ဓားမြှောင်ကို ဆွဲထုတ်လိုက်သည်။
သွေးတစ်စက်ပင် မရှိပေ။
" နည်းပညာရဲ့ အစွမ်းက မင်းတို့စိတ်ကူးယဉ်ထားတာထက် ကျော်နေပြီလို့ ငါ ပြောသားပဲ "
ညှင်း၆ပွင့်သည် မထီမဲ့မြင် ပြုံးပြပြီး ဓားမြှောင်ကို မြေပြင်ပေါ် ပစ်ချလိုက်သည်။
ထိုအချိန်တွင် ရှိနေသူအားလုံး အံ့သြသွားကြသည်။
ကာမီတာနီမိသားစု၏ ကျန်ရှိသောအဖွဲ့ဝင်အနည်းငယ်သည်ပင် သူတို့၏စိတ်ထဲ၌ နာကျင်နေခဲ့သည်။
သူတို့သည် သူတို့၏ လက်ရှိကျင့်ကြံမှုကို ရရှိရန် အချိန်နှင့်အားထုတ်မှုများစွာ သုံးခဲ့ရသည်။
သို့သော် ဤမျိုးရိုးဗီဇပြုပြင်ထားသောလူဟု ခေါ်သောလူနှင့် ရင်ဆိုင်ရသောအခါ သူတို့သည် အားနည်းနေခဲ့သည်။
ထိုကွာခြားချက်မှာ ကြီးလွန်းလှသည်။
သူတို့ ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့တာက တကယ်ပဲ အလဟသဖြစ်သွားတာလား။
သူတို့ ဝမ်းနည်းရန်ပင် အချိန်အများကြီးမပေးနိုင်ဘဲ သူသည် ယဲ့ဖန်ကို သတ်ရန် ပြေးလာပြန်သည်။
ဒိုင်း ဒိုင်း ဒိုင်း
ထိုအချိန်တွင် အပေါ်ထပ်မှ သေနတ်သံများ ထပ်မံထွက်ပေါ်လာသည်။
သို့သော် ညှင်း၆ပွင့်အား မထိပေ။
သူသည် ထူးဆန်းသော လှုပ်ရှားမှုနည်းပညာတစ်ခုဖြင့် ရှောင်တိမ်းနေသည်။
သူ့ခန္ဓာကိုယ်သည် အရှိန်ပြင်းပြင်းဖြင့် ရွေ့လျားနေပြီး 'S' ပုံသဏ္ဍာန်ဖြင့် လှုပ်ရှားသည်။
သေနတ်ပစ်ချက်များကို ရှောင်တိမ်းကာ တခဏချင်းမှာပင် ယဲ့ဖန်ရှေ့သို့ ရောက်လာသည်။
ယဲ့ဖန်သည် သူ့ကိုယ်သူ ပြင်ဆင်ထားပြီး ဖြစ်သည်။
တိုက်ခိုက်ကြတော့မည် ဖြစ်လေသည်။
" မင်းကများ ငါ့ရှောင်ဝူလေးကို နာကျင်အောင် လုပ်ရဲတာလား။ သွားသေလိုက် "
ထိုအချိန်တွင် ပုံရိပ်တစ်ခုသည် ဘေးမှ ရုတ်တရက် ပေါ်လာပြီး ယဲ့ဖန်ရှေ့တွင် ပိတ်ရပ်လိုက်သည်။
ရုတ်တရက် ရောက်လာသူမှာ ဖုမာ တာကာနိုစုကဲ ဖြစ်သည်။
သူ၏ မရင့်ကျက်သော စိတ်ထဲတွင် ယဲ့ဖန်နှင့် ဖုမာကျန်းဝူတို့သည် သူ့ကို အကောင်းဆုံး ဆက်ဆံကြသော လူနှစ်ယောက် ဖြစ်သည်။
ယခုအခါ ဖုမာကျန်းဝူသည် ဤလူကြောင့် ဒဏ်ရာရခဲ့ပြီး ယဲ့ဖန်ကိုလည်း တိုက်ခိုက်နေသည်။
အဘိုးအို၏ အမြင်၌ ဤလူသည် ကမ္ဘာပေါ်၌ အဆိုးဆုံးလူ ဖြစ်သည်။
သူ့လက်ထဲမှ ဓားအိမ်မပါသော ကနတဓားသည် အေးစက်သော အလင်းရောင် တောက်ပနေသည်။
ညှင်း၆ပွင့်၏ တိုက်ခိုက်မှုမှာ နောက်ဆုံးတွင် နှေးလာခဲ့ပြီး သူ နောက်ဆုတ်နေခဲ့ရသည်။
သို့သော် သခင်အိုကြီး ဖုမာသည် သူ့ကို လွှတ်ပေးရန် မရည်ရွယ်ထားပေ။
သူသည် သူ၏ ဓားကို တင်းကြပ်စွာ ကိုင်လျက် ကစားနေပြီး ညှင်း၆ပွင့်စီသို့ တိုးသွားသည်။
ဖုမာမိသားစုမှ အဖွဲ့ဝင်များသည် ထိုမြင်ကွင်းကို မြင်သောအခါ ဝမ်းသာအားရ ဖြစ်ကြသည်။
" သခင်အိုကြီးက တကယ် အံ့သြစရာပဲ။ သူက ဟိုကောင်ကို ပြန်မခုခံနိုင်အောင် တွန်းအားပေးနိုင်တယ် "
" ဟုတ်တယ်။ သခင်အိုကြီးက ငါတို့မိသားစုမှာ နံပါတ်တစ် အကျွမ်းကျင်ဆုံးသူပဲ။ သူနဲ့ ဘယ်သူက ပြိုင်နိုင်မှာလဲ "
" ဘာကို မျိုးရိုးဗီဇ ပြုပြင်တာလဲ။ အခုကျ ငါတို့ သခင်ကြီးရိုက်တာကို ခံရတာပဲမလား "
" ရှိနေတဲ့သူအားလုံးထဲမှာ သခင်ကြီးတစ်ယောက်တည်းက ဒီလူကို နှိမ်နင်းနိုင်မှာ စိုးရိမ်ရတယ် ...... "
ဖုမာ တာကာနိုစုကဲသည် အသာစီးရနေခဲ့သည်။
ထိုသည်က ယဲ့ဖန်ဘက်ကို ယုံကြည်ချက်တိုးလာစေသည်။
အဘိုးအိုသည် ထိုလူကို သတ်နိုင်မည်ဟု မျှော်လင့်နေကြသည်။
သို့သော် ပျော်ရွှင်စရာကောင်းသော လေထုမှာ ကြာကြာမခံလိုက်ဘဲ အခြေအနေမှာ ရုတ်တရက် ပြောင်းလဲသွားသည်။
ဆက်တိုက် အနောက်ကို ဆုတ်နေသော ညှင်း၆ပွင့်သည် သွားနေရာမှ ရုတ်တရက် ရပ်လိုက်ပြီး ဖုမာ တာကာနိုစုကဲ၏ တိုက်ခိုက်မှုများကို တိုက်ရိုက် ရင်ဆိုင်လိုက်သည်။
" ဖူး ....... "
ဓားသည် သူ့ဘယ်ဘက်ပုခုံးစီသို့ ထိုးဝင်သွားသည် ဓားသည် တစ်ဖက်မှပင် ပြန်ထွက်လာကာ နှလုံးကို ထိသွားသည်။
တစ်ချိန်တည်းမှာပင် ညှင်း၆ပွင့်နှင့် သခင်အိုကြီးဖုမာတို့သည် အလွန်နီးကပ်နေပြီ ဖြစ်သည်။
အလွန်ချောမောသော ညှင်း၆ပွင့်၏ မျက်နှာမှာ အကျည်းတန်လာသည်။
သူ၏ ညာလက်သည် လက်သည်းအဖြစ်သို့ ပေါ်လာပြီး ဖုမာ တာကာနိုစုကဲ၏ ရင်ဘတ်ကို ဦးတည်လိုက်သည်။
လူတိုင်း၏အမူအရာမှာ ပြောင်းသွားတော့သည်။
ညှင်း၆ပွင့်၏ ခွန်အားကို မြင်ထားပုံအရ သူ၏လက်သည်းသည် သခင်အိုကြီး၏ ရင်ဘတ်ကို ပွင့်ထွက်သွားစေနိုင်သည်။
" အဖေ "
" အဘိုး "
" သခင်အိုကြီး "
ဖုမာ ဟာရာဘူဆာ၊ ဖုမာ ကျန်းဝူနှင့် ဖုမာမိသားစုမှ အဖွဲ့ဝင်များအားလုံး ဒေါသထွက်သွားခဲ့ကြသည်။
သူတို့နှစ်ဦးသည် ဝေးကွာလွန်းသဖြင့် လူတိုင်းသည် သခင်အိုကြီးကို ကယ်တင်ရန် အချိန်နှောင်းသွားခဲ့သည်။
သခင်အိုကြီး ဖုမာသည် သေချာပေါက် သေဆုံးသွားပြီဟု ထင်နေကြစဉ် တုန်လှုပ်ချောက်ချားစရာ မြင်ကွင်းတစ်ခု ရုတ်တရက် ပေါ်လာသည်။
ညှင်း၆ပွင့်၏ လက်သည် မူလက အဘိုးအို၏ ရင်ဘတ်ကို ဓားဖြင့် ထိုးနေခဲ့သော်လည်း ရုတ်တရက် တိုက်ခိုက်ခြင်းမှာ ရပ်တန့်သွားပြီး နောက်ဆုတ်သွားခဲ့သည်။
ရှိနေသူအားလုံး အံ့ဩသွားကာ ဘာဖြစ်သွားမှန်း မသိကြပေ။
သို့သော် ညှင်း၆ပွင့်၏ အနောက်ဘက်ရှိ ဂုတ်မှ ပျော့ပျောင်းသော အသံသုံးသံကို ချက်ချင်း ကြားလိုက်ရသည်။
လူတိုင်း လှမ်းကြည့်လိုက်ရာ ဂုတ်ပေါ်တွင် စိုက်နေသော နွားမွေးကဲ့သို့ ပါးလွှာသော ငွေအပ်သုံးချောင်းကို မြင်လိုက်ရသည်။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၂၉၈ )
မျိုးရိုးဗီဇ ပြောင်းထားတဲ့သူတွေရဲ့ အားနည်းချက်
အခုလက်ရှိနေရာတွင် ရှိနေသူများသာ သာမန်ထက်ထူးကဲသော အမြင်အာရုံရှိကြသည်။
သာမန်လူဖြစ်ပါက အနီးကပ်ကြည့်လျှင်ပင် မြင်နိုင်မည် မဟုတ်ပေ။
ထို့အပြင် ထိုငွေအပ်သုံးချောင်းသည် တစ်တန်းတည်း စီရီစွာ စိုက်ထားကာ တစ်ချောင်းနှင့်တစ်ချောင်းကြား အကွာအဝေးမှာလည်း အတူတူပင် ဖြစ်သည်။
လူတိုင်းမှာ ကြောင်အသွားရသည်။
ဒီငွေအပ်တွေက ဘယ်လောက်တောင် နူးညံလိုက်လဲ။
အဲ့တာကို လက်နက်ပုန်းအဖြစ် သုံးလို့ရတာလား
ထို့အပြင် ထိုလက်နက်သည် အားနည်းနေခြင်း မရှိပေ။
မည်သူမျှ ရှောင်နိုင်မည် မဟုတ်ပေ။
ထိုသို့ လုပ်လိုက်သည်မှာ ယဲ့ဖန်ဖြစ်သည်။
အကွာအဝေးမှာ ဝေးလွန်းသောကြောင့် ထိုသို့ ငွေအပ်ဖြင့် တခဏသာ တားလိုက်နိုင်သည်။
တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်သည် လျင်မြန်စွာ ရွေ့လျားပြီး ပြေးလာသည်။
" မင်း အစကတည်းက လှုပ်ရှားသေးတယ်။ ဘာလို့ တခြားသူတွေကို စတေးနေတာလဲ "
ညှင်း၆ပွင့်သည် ပြုံးလိုက်သည်။
သူသည် ဖုမာ တာကာနိုစုကဲကို လက်ဝါးတစ်ချက်ဖြင့် ပျံသွားအောင် လုပ်လိုက်သည်။
ထို့နောက် ပုခုံးမှ ဓားကို ဆွဲထုတ်ပြီး ယဲ့ဖန်ဘက်ကို လှည့်လိုက်သည်။
ယဲ့ဖန်သည် အချိန်မဖြုန်းဘဲ သူ့လက်ဖဝါးဖြင့် တန်းရိုက်လိုက်သည်။
သူ၏ ခွန်အားသည် အလွန်ပြင်းထန်သည်။
ညှင်း၆ပွင့်သည် သူ့ကို ထိပ်တိုက် မတိုက်ဘဲ ဘေးသို့ရှောင်သွားသည်။
သူတို့နှစ်ဦးသည် အလွန်လျင်မြန်ပြီး တခဏချင်းတွင် ဆယ်ကွက်ထက်မနည်း အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။
ရှိနေသူအားလုံးသည် သူတို့နှစ်ယောက်ကြားမှ တိုက်ပွဲကို ထိတ်လန့်တကြား ကြည့်နေကြသည်။
ဤတိုက်ပွဲသည် ယဲ့ဖန်နှင့် ညှင်း၆ပွင့်တို့၏ ရန်ငြိုးကို ကိုယ်စားပြုရုံသာမက သိုင်းပညာရှင်နှင့် မျိုးဗီဇပြုပြင်ထားသော လူသားများကြားမှ တိုက်ပွဲကိုလည်း ကိုယ်စားပြုသည်။
ကာမီတာနီမျိုးနွယ်စုမှ ကျန်အဖွဲ့ဝင်များသည် ခံစားချက်များ ရှုပ်ထွေးနေခဲ့သည်။
တစ်ဖက်တွင် ညှင်း၆ပွင့် အနိုင်ရပါ သူတို့၏မိသားစုများသည်လည်း အကျိုးကျေးဇူးများစွာ ရရှိမည် ဖြစ်သည်။
သို့သော် တစ်ဖက်တွင် သူတို့သည် သိုင်းပညာရှင်တို့၏ ဂုဏ်ကို ထိန်းသိမ်းထားနိုင်မည်ဟု တွေးကာ ယဲ့ဖန်ကို နိုင်စေချင်သည်။
ဤနည်းဖြင့် သူတို့သည် သူတို့ ဆယ်စုနှစ်များစွာ လေ့ကျင့်ခဲ့မှုမှာ အလဟဿ မဖြစ်ကြောင်း သက်သေပြနိုင်ပေမည်။
ထိုသို့ စိတ်နှစ်ခွဖြစ်နေသည်က သူတို့ကို နေရာ၌ ရှိနေသမျှလူများထဲ အနာကျင်ဆုံး လူများ ဖြစ်စေခဲ့သည်။
သို့သော် ဖုမာ မိသားစုမှာတော့ ပဋိပက္ခများစွာ မရှိပေ။
မျိုးနွယ်စု၏ အကျိုးအမြတ်အတွက်သာမက ကိုယ်ခံပညာ၏ ဂုဏ်ကျက်သရေအတွက်ပါ သူတို့သည် ယဲ့ဖန်ဘက်တွင် ရပ်တည်ခဲ့ကြသည်။
" မိန်းကလေးဖုမာ၊ ယဲ့ဖန် နိုင်မယ်လို့ ထင်လား "
ချန်းဖေးအယ်သည် ကွင်းထဲမှ တိုက်ပွဲကို ကြောက်ရွံ့ထိတ်လန့်စွာ ကြည့်ပြီး သူမဘေးမှ ဖုမာကျန်းဝူကို မေးလိုက်သည်။
သူမ၏ ခွန်အားသည် အတော်လေး အားနည်းသောကြောင့် သိပ်မမြင်ရချေ။
" နိုင်မှာ "
ဖုမာကျန်းဝူသည် ပုံမှန်မဟုတ်စွာ တင်းမာသောလေသံဖြင့် ပြန်ပြောပြီး ကွင်းတွင်းရှိ အခြေအနေများကို အာရုံစိုက်နေသည်။
သို့သော် အမှန်တကယ်၌ သူမသည် ချန်းဖေးအယ်ထက်ပင် ပိုစိတ်လှုပ်ရှားနေခဲ့သည်။
သူမသည် ညှင်း၆ပွင့်၏ ထိတ်လန့်စရာကောင်းသော ခွန်အားကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည်။
ထိုသို့သော စွမ်းအားမျိုးသည် လူသားများ ခုခံနိုင်သည့်အရာ မဟုတ်ပေ။
ယဲ့ဖန်သည် ဤလူကို အနိုင်ယူရန် အခွင့်အလမ်း အလွန်နည်းကြောင်း သူမ ကောင်းမွန်စွာ သိသည်။
သို့သော် သူ့ကို ယုံကြည်ရန်လွဲ၍ ရွေးချယ်စရာမရှိပေ။
ယဲ့ဖန် ရှုံးနိမ့်ခဲ့ပါက လက်ရှိနေရာမှ လူတိုင်း သေဆုံးရုံသာမက သူတို့၏ ဖုမာမိသားစုပင် ဂျပန်မှ သုတ်သင်ခံရမည်ဖြစ်သည်။
" သခင်ကြီး၊ အနိုင်ရမှ ဖြစ်မယ် "
လူတိုင်း ဆွေးနွေးနေချိန် ယဲ့ဖန်ဘက်မှ အသာစီးရနေလေသည်။
အခြားသူများမှာ အကြောင်းရင်းအတိအကျကို မသိသော်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားလာသည်နှင့်အမျှ ညှင်း၆ပွင့်သည် အင်အားရော အရှိန်ပါ အားနည်းသွားသည်ကို ရှင်းလင်းစွာ ခံစားနိုင်လေသည်။
အရင်ကလောက် မပြင်းထန်တော့ပေ။
ထိုရှာဖွေတွေ့ရှိမှုက လူတိုင်းကို ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်စေခဲ့သည်။
ထိုမျိုးရိုးဗီဇ ပြုပြင်ထားသောလူ၏ အားနည်းချက်မှာ အကြာကြီး မထောင်ခံနိုင်ခြင်း ဖြစ်နိုင်လောက်သည်။
တစ်ဖက်တွင် ကိုယ်ခံပညာမှာတော့ ဆန့်ကျင်ဘက်ဖြစ်သည်။
အတွင်းအား၏ ပံ့ပိုးမှုနှင့် အင်အားကို ထိန်းချုပ်နိုင်မှုတို့ကြောင့် သူတို့သည် အချိန်ကြာမြင့်စွာ တိုက်ပွဲဝင်ရာ၌ အကောင်းဆုံးဖြစ်သည်။
အသေးစိတ်ကို တွေးကြည့်ပြီးနောက် သူသည် ပြိုင်ဘက်ကို အသက်ရှုရန် အချိန်မပေးဘဲ အတင်းဖိနှိပ်ခဲ့သည်။
ညှင်း၆ပွင့်သည် ယဲ့ဖန်ကြောင့် နောက်ဆုတ်နေရပြီး လုံးဝ မတိုက်ခိုက်နိုင်ခဲ့ပေ။
" အိုး၊ ယဲ့လူကြီးမင်း လုံးဝကို အသာစီးရသွားပြီ။ ဒီညှင်း၆ပွင့်က ကြာကြာထိန်းထားနိုင်မှာ မဟုတ်ဘူး "
" ဟုတ်တယ်။ ယဲ့လူကြီးမင်းက အခု တိုက်ပွဲရဲ့ စည်းချက်ကို လုံးဝ ထိန်းချုပ်ထားတာ။ သူအနိုင်ရဖို့ သိပ်မကြာတော့ဘူး "
" ယဲ့လူကြီးမင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက် သန်မာမယ်လို့ မမျှော်လင့်ထားဘူး။ ငါတို့ရဲ့ သခင်အိုကြီး အနိုင်မယူနိုင်တဲ့သူကိုတောင် နောက်ဆုတ်အောင် လုပ်နိုင်တယ် "
" ဟားဟားဟား၊ အခု ငါ သိပြီ။ ဒီမျိုးရိုးဗီဇပြုပြင်ထားတဲ့ ဒီလူသားတွေက အင်အားကြီးတဲ့ပုံ ပေါက်နေပေမယ့် တကယ်တမ်းကျ ကြာကြာမခံနိုင်တဲ့ ဖယောင်းကောင်တွေပဲ။ သူတို့က ခဏလောက်ကိုင်ပြီးတာနဲ့ ပျော့သွားလိမ့်မယ် "
" ဘာပဲဖြစ်ဖြစ် ယဲ့လူကြီးမင်းက အနိုင်ရမှာပဲ "
သူတို့သာမက ဖုမာကျန်းဝူတို့သည်လည်း ညှင်း၆ပွင့် ဆုတ်ယုတ်လာပုံကို ပြောနိုင်သည်။
" သခင်ကြီး နိုင်တော့မယ်။ နိုင်တော့မယ် "
ဖုမာကျန်းဝူသည် ချက်ချင်းပင် ဝမ်းသာမျက်ရည်ကျကာ ချန်းဖေးအယ်ကို ပွေ့ဖက်လိုက်သည်။
" ဟုတ်တယ် အောင်ပွဲခံရတော့မယ် "
ချန်းဖေးအယ်သည်လည်း သူမ၏ စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။
မျက်ရည်များ တလိမ့်လိမ့်ကျလာပြီး သူ့နှလုံးသားက ငြိမ်သက်လာသည်။
သို့သော် ထိုအချိန်တွင် ဖုမာ ဟာရာဘူဆာက မျက်မှောင်ကြုတ်လိုက်သည်။
" အဲ့လောက်မရိုးရှင်းမှာကို ငါ စိုးရိမ်တယ် "
ဖုမာကျန်းဝူသည် သူမအဖေ၏ စကားကို ကြားသောအခါ သူမ ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။
" ဘာဖြစ်လို့လဲ၊ သခင်ကြီး ... ယဲ့ဖန်က အသာစီးရနေတာ သိသာတယ်လေ။ အောင်ပွဲရဖို့က အချိန်တစ်ခုပဲ လိုတော့တာ။ ဘာလို့ ဒီလောက် မရိုးရှင်းဘူးလို့ အဖေက ပြောတာလဲ "
ချန်းဖေးအယ်လည်း သူ့ကို စူးစိုက် ကြည့်နေသည်။
ဖုမာ ဟာရာဘူဆာသည် သူ၏ ကြွယ်ဝသော တိုက်ပွဲအတွေ့အကြုံများအား အခြေခံ၍ ခွဲခြမ်းစိတ်ဖြာပြသည်။
" ညှင်း၆ပွင့်က နောက်ဆုတ်နေပေမယ့် သူ ထွက်ပြေးချင်ရင် ယဲ့ဖန်က သူ့ကို တားနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် သတိမထားမိဘူးလား။ သူ ထွက်ပြေးဖို့က ရည်ရွယ်ချက် မရှိဘူး။ သူက ယဲ့ဖန်နဲ့ တိုက်ခိုက်နေတုန်းပဲ "
ဖုမာကျန်းဝူသည် တိုက်ပွဲထဲမှ လူနှစ်ယောက်ကို လှည့်ကြည့်လိုက်ပြီး သူမအဖေ၏ စကားမှာ အဓိပ္ပာယ်ရှိမှန်း သိလိုက်ရသည်။
အကယ်၍ သူမသာဆိုလျှင် ရန်သူကို မအနိုင်ယူနိုင်မှန်း သိလိုက်ပါက တံခါးနှင့် ပြတင်းပေါက်စီသို့ ပြေးသွားမည် ဖြစ်သည်။
အရေးကြီးသည့်အခိုက်အတန့်၌ ထွက်ပြေးသည်က ပိုအဆင်ပြေသည်။
သို့သော် ညှင်း၆ပွင့်သည် ထိုသို့ မလုပ်ခဲ့ပေ။
ထိုအစား သူသည် ယဲ့ဖန်ကို ချောင်ပိတ်ထားပြီး ယဲ့ဖန် ထွက်ပြေးမည်ကို ကြောက်နေဟန်တူသည်။
" သခင်ကြီး၊ သတိထား "
ထိုသည်ကို တွေးပြီး ယဲ့ဖန်ကို ချက်ချင်းသတိပေးလိုက်သည်။
အမှန်၌ ဖုမာကျန်းဝူ၏ သတိပေးချက်မပါဘဲပင် ယဲ့ဖန်သည် တစ်စုံတစ်ခုမှားယွင်းနေကြောင်း သတိပြုမိနေပြီးသား ဖြစ်သည်။
ညှင်း၆ပွင့်သည် သူ၏ တိုက်ခိုက်ခြင်းကို အပြင်းအထန် ခုခံကာကွယ်နေရသော်လည်း ထွက်မပြေးသည့်အပြင် သူ့မျက်နှာ၌ ထိတ်လန့်မှုလည်း မရှိခဲ့ပေ။
ထိုအစား သူ့မျက်နှာ၌ တည်ငြိမ်သည့် အနေအထားပင် ရှိနေသည်။
နှောင့်နှေးမနေသင့်ဘူးဆိုသည်ကို သူဘသိသည်။
ထို့ကြောင့် ယဲ့ဖန်သည် တိုက်ပွဲကို အမြန်အဆုံးသတ်ရန်ပြင်သည်။
" သေလိုက် "
ယဲ့ဖန်သည် သူ၏ ညာဘက်လက်သီးထဲသို့ ခွန်အားရှိသမျှ စုဆောင်းကာ ရုတ်တရက် ထိုးသည်။
သူ၏ လက်ရှိ အင်အားဖြင့် ခွန်အား အားလုံးကို စုစည်းထားသည့် လက်သီးသည် အတော် ကြောက်စရာကောင်းနိုင်သည်။
ညှင်း၆ပွင့်သည် နောက်ဆုတ်သွားရပြီး ခုခံစရာမရှိပေ။
အုန်း
ညှင်း၆ပွင့် ရင်ဘတ်ကို ထိုးနှက်ခံရပြီး သူ့ခန္ဓာကိုယ်သည် အနောက်မှ နံရံကို ရိုက်ချိုးပစ်လိုက်သည်။
ဝုန်း
အုတ်တံတိုင်းပြိုကျပြီး ညှင်း၆ပွင့်သည် ထိုအထဲ၌ ညပ်သွားတော့သည်။
" ငါတို့နိုင်ပြီ၊ ငါတို့နိုင်ပြီ "
" ယဲ့လူကြီးမင်း သက်တော်ရာကျော် ရှည်ပါစေ "
" ချမ်းသာကျန်းမာပါစေ "
" ကြည်နူးစရာပဲ။ တကယ် ကျေနပ်စရာကောင်းလိုက်တာ "
ဖုမာမိသားစုများ၊ စီးရီးယပ်လုပ်ကြံရေး အဖွဲ့အစည်း အဖွဲ့ဝင်များသည် တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ပြီး ငိုကြသည်။
ယဲ့ဖန်၏ လက်သီးဖြင့် လူတစ်ဦးကို မပြောနှင့် သစ်ပင်တစ်ပင်လျှင် တစ်ဝက်ကျိုးသွားနိုင်သည်။
ညှင်း၆ပွင့် သေမှာ သေချာတယ်။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၂၉၉ )
ခင်ဗျားမှန်း သိတယ်
သို့သော် ဖုမာ ဟာရာဘူဆာသည် အခမ်းအနားတွင် မပါဝင်ခဲ့ပေ။
သူ့နှလုံးသားထဲမှ မကျေမနပ်မှုမှာ ပိုပြင်းထန်လာသည်။
ယဲ့ဖန်သည်လည်း သူနှင့် ထပ်တူ အတွေး ရှိသည်။
တိုက်ပွဲက မပြီးသေးဘူး။
အဲ့ဒီအစား အဲ့တာက အခုမှစမှာ။
ထိုအတွေးပေါ်လာပြီး တကယ် ဖြစ်လာသည်။
အပျက်အစီးများထဲမှ အုတ်နှစ်တုံးသည် ရုတ်တရက် အကြိမ်အနည်းငယ် ရွေ့သွားကာ အတွင်းမှ လက်တစ်ဖက် ထွက်လာသည်။
ထို့နောက် အပျက်အစီးများထဲမှ ညှင်း၆ပွင့် ထွက်လာသည်။
သူ၏ ရင်ဘတ်သည် အလွန်ကြောက်စရာကောင်းသော ကွင်းကြီးတစ်ခုဖြင့် ပေါက်နေပြီဖြစ်သည်။
အခြားလူသာဖြစ်ပါက သေမည်မှာ သေချာလေသည်။
သို့သော် ညှင်း၆ပွင့်သည် မတ်တပ်ရပ်နိုင်ဆဲဖြစ်သည်။
သူ့တစ်ကိုယ်လုံး တုန်ယင်နေပြီး အလွန်ဝမ်းနည်းသည့် အနေအထားတွင် ရှိနေသော်လည်း သူသည် ရှိနေသူများအား ကျောရိုးများ တုန်အောင်အထိ တုန်လှုပ်စေခဲ့သည်။
" ဒါ .... ဒါက သူ မသေသေးဘူးလား။ ..... သူက လူမှဟုတ်ရဲ့လား "
" သူ့ရင်ဘတ်ထဲက အပေါက်ကြီးကို ကြည့်လိုက်။ သူ့နှလုံးတွေ ထိနေမှာကို စိုးရိမ်ရတာတောင် သူက တကယ် အသက်ရှင်နေသေးတာလား "
" ငါ့ဘဝမှာ လူတော်တော်များများကို သတ်ခဲ့ဖူးပြီး တော်တော် သတ္တိရှိတယ်လို့ ခံစားရတယ်။ ဒါပေမယ့် အခု နည်းနည်း ကြောက်နေပြီ "
" ဒီမျိုးရိုးဗီဇပြုပြင်ထားတဲ့လူက မသေနိုင်ဘူးလား။ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ "
ရှိနေသူတိုင်းသည် ရာနှင့်ချီသော တိုက်ပွဲများမှ အတွေ့အကြုံရှိသူများ ဖြစ်ကြပြီး လူများစွာကို သူတို့၏လက်ဖြင့် သတ်ခဲ့ကြသည်။
သို့သော် ဤမြင်ကွင်းကြောင့် သူတို့အားလုံး ထိတ်လန့်သွားကြသည်။
အဓိက အောင်မြင်သွားသည့် ထိုမြင်ကွင်းမှာ မယုံနိုင်လောက်အောင် ဖြစ်သည်။
ထိုသို့ပြင်းထန်သော ဒဏ်ရာများကို ခံစားနေရပြီး ဘာမှမဖြစ်ခဲ့သလို မတ်တပ်ရပ်နေနိုင်သည်က ထိတ်လန့်စရာကောင်းသည်။
" ဟားဟားဟား၊ နည်းပညာရဲ့ စွမ်းအားက မင်းစိတ်ကူးတာထက် အများကြီးသာတယ်လို့ ငါ ပြောပါတယ်။ မင်း ကိုယ်ခံပညာတွေက ခေတ်နောက်ကျသွားပြီ "
ညှင်း၆ပွင့်၏ မျက်နှာ၌ ထူးဆန်းသည့် အပြုံးတစ်ခု ပေါ်လာပြီး လူတိုင်းကို မွေးညှင်းထောင်စေသည်။
ထိုသို့ ပြောပြီးနောက် အိတ်ကပ်ထဲမှ ပြွတ်တစ်ချောင်းနှင့်တူသည့် သတ္တုစက်တစ်ခုကို ရုတ်တရက် ထုတ်လိုက်ပြီး ခေါင်းပေါ်မှ အဖုံးကို ဆွဲထုတ်လိုက်ကာ အပ်တစ်ချောင်းကို ယူလိုက်သည်။
တစ်ခုခု မှားနေကြောင်း ယဲ့ဖန် သဘောပေါက်သွားသည်။
တားရန် အရှိန်အဟုန်ဖြင့် တက်ခဲ့သော်လည်း ခြေတစ်လှမ်း နောက်ကျနေသေးသည်။
ယဲ့ဖန် သူ့ရှေ့ကို ရောက်နေပြီဖြစ်ရာ နောက်တစ်ကြိမ် ထပ်ထိုးလိုက်သည်။
သို့သော် ညှင်း၆ပွင့်သည် ကြောက်စရာကောင်းသော စွမ်းအားဖြင့် ရုတ်တရက် ပေါက်ကွဲသွားသည်။
ယဲ့ဖန်၏ ခန္ဓာကိုယ်ပေါ်သို့ လက်သီးများ ကျလာသောအခါ ရိုက်မိသွားသလို ဖြစ်သည်။
တစ်ခုခုမှားနေကြောင်းကို သူ ချက်ချင်းသိပြီး အမြန်ပြန်ဆုတ်သွားသည်။
ယဲ့ဖန်သည် မြန်သော်လည်း ညှင်း၆ပွင့် သူ့ထက်တောင် ပိုမြန်သည်။
တခဏချင်းမှာပင် သူ့ရှေ့ကို တိုးသွားတယ်။
ယဲ့ဖန် အချိန်မီ မရှောင်နိုင်နိုင်ပေ။
သူသည် ချက်ချင်းပင် ခွန်အားရှိသမျှကို အသုံးပြု၍ တားဆီးခဲ့သည်။
ဘန်း
ပေါက်ကွဲသံနှင့်အတူ ယဲ့ဖန်သည် သွေးများ ထွက်လာပြီး လွင့်သွားလေသည်။
" သခင်ကြီး .... "
" လူကြီးမင်း ....... "
လူအုပ်ထဲမှ အာမေဋိတ်သံများ ချက်ချင်းထွက်ပေါ်လာသည်။
အစောက အသာစီးရခဲ့သော ယဲ့ဖန် သည် ချက်ချင်းအသတ်ခံရမည်ကို သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
ညှင်း၆ပွင့်သည် သူ့ကို လွှတ်ထားရနခ မရည်ရွယ်ပေ။
ယဲ့ဖန်ကို ပျံအောင် လုပ်ပြီးနောက် အနောက်က ဆက်လိုက်ခဲ့သည်။
ဤအချိန်မှာ သူ၏ ခွန်အားဖြစ်စေ အရှိန်အဟုန်ပဲဖြစ်စေ သူ့အခြေအနေများမှာ အထွတ်အထိပ်သို့ ရောက်နေသည်
သူ့ကို ဘယ်သူမှ လုံးဝမတားနိုင်တော့ပေ။
" သေလိုက် "
ညှင်း၆ပွင့်ခုသည် လေထဲသို့ ခုန်ကာ ရှေ့သို့ တိုးလာသည်။
ယဲ့ဖန်သည် သည်းမခံနိုင်သော ဝေဒနာကို ခံစားနေရသော်လည်း နောက်ဆုံး အခိုက်အတန့်တွင် သူသည် မြေပြင်ကို ပုတ်ကာ ရှောင်တိမ်းလိုက်သေးသည်။
ဘန်း
ညှင်း၆ပွင့်သည် မြေပြင်ပေါ် နင်းမိပြီး အင်္ဂတေကြမ်းပြင် ချက်ချင်း အက်ကွဲသွားသည်။
အက်ကွဲမှုသည် လက်မကဲ့သို့ ထူပြီး တစ်မီတာအကွာအဝေးအထိ ပျံ့နှံ့သွားသည်။
လူတိုင်း တုန်လှုပ်သွားကြသည်။
ဒီလို ကြောက်စရာကောင်းတဲ့ ခွန်အားနဲ့ လူကို တကယ်နင်းမိရင် ချက်ချင်း ငါးပိဖြစ်သွားနိုင်တယ် မဟုတ်လား။
ဖုမာကျန်းဝူ က အမြန်ထရပ်ပြီး ယဲ့ဖန်စီကို ပြေးသည်။
" သခင်ကြီး၊ ပြေး "
သိသာထင်ရှားသည်မှာ ဤညှင်း ၆ခုသည် သူ၏ အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိသွားပြီး ခုခံနိုင်စွမ်း မရှိတော့ပေ။
ဤအချိန်တွင် အကောင်းဆုံးရွေးချယ်မှုမှာ ထွက်ပြေး လွတ်မြောက်ရန် ဖြစ်သည်။
ယဲ့ဖန် ယခုထွက်ပြေးပါက သူမအပါအဝင် လူတိုင်း ရက်စက်စွာ သတ်ဖြတ်ခံရမည်ကို သူမ ရှင်းလင်းစွာသိသည်။
သို့သော် ယခုအခါ သူမ ဂရုမစိုက်နိုင်တော့ပေ။
သူတို့အားလုံးကို သုတ်သင်ခံရထက် ယဲ့ဖန် လွတ်မြောက်သည်က ပိုကောင်းသည်။
ချန်းဖေးအယ်လည်း မတ်တပ်ထရပ်ကာ ယဲ့ဖန် အား ပြောသည်။
" ယဲ့ဖန်၊ မြန်မြန်ထွက်သွား။ ကျွန်မတို့ကို စိတ်မပူနဲ့၊ ယုကျိုးအိုးကို ရှင်နဲ့အတူ ယူသွားရမယ်။ နိုင်ငံကို ပြန်ယူသွားရမယ် "
သူတို့နှစ်ဦးအပြင် စီးရီးယပ်လုပ်ကြံရေး အဖွဲ့အစည်း၊ သွမ့်မူလက်ထင်း နှင့် ဖုမာ မိသားစုမှ အခြားအဖွဲ့ဝင်များသည်လည်း ယဲ့ဖန်ကို စတင်အော်ဟစ်ခဲ့ကြသည်။
" သခင်ကြီး၊ မြန်မြန်ထွက်သွား။ ကျွန်တော် တို့ သူ့ကို ထိန်းထားလိုက်မယ် "
" ယဲ့ညီလေး၊ အခု လွတ်မြောက်နိုင်ရင် ဘယ်သူမှ မရှိတာထက် ပိုကောင်းတယ်။ ကိုယ့်ကိုယ်ကိုယ် အတင်းအကြပ်မလုပ်နဲ့ "
ထို့နောက် ထူးဆန်းသော မြင်ကွင်းတစ်ခု ပေါ်လာသည်။
ယဲ့ဖန်သည် အမှန်တကယ်ပင် ထွက်ပြေးချင်ခဲ့သည်။
အောင်ပွဲအတွက် မျှော်လင့်ချက်မရှိပါက ထွက်ပြေးပါက မျှော်လင့်ချက်မရှိပေ။
ယဲ့ဖန်သည် မြေပြင်မှထရန် ရုန်းကန်နေရသည်။
ပါးစပ်ထောင့်မှ သွေးများကို သုတ်လိုက်ပြီး သူတို့ကို လှည့်ကြည့်လိုက်သည်။
သူတို့တွေးနေသည်များကို ယဲ့ဖန် ကောင်းကောင်း သိသည်။
ရိုးသားစွာ ပြောရလျှင် သူ အမှန်တကယ်လွတ်မြောက်ချင်ပါက ညှင်း၆ပွင့်က သူ့ကိုတားရန် ခက်ပေလိမ့်မည်။
သို့သော် ယဲ့ဖန် လွတ်မြောက်သွားလျှင် ထိုလူများထဲမှ မည်သူမျှ အသက်ရှင်နိုင်မည်မဟုတ်ကြောင်းကိုလည်း သူ သိသည်။
သူတို့အားလုံးသည် ဒီနေ့တွင် သူ့အတွက် ဤနေရာသို့ လာခဲ့ကြခြင်း ဖြစ်သည်။
ယဲ့ဖန်သည် သူတို့ကို စွန့်ပစ်၍ တစ်ယောက်တည်း မလွတ်မြောက်ချင်ပေ။
" ပါးစပ်ပိတ်ထား၊ မင်းတို့က ငါ့ဓားအရှိန်ကို ထိခိုက်တယ်။ ဆူညံလွန်းနေတယ် "
ယဲ့ဖန် အော်ငေါက်ပြီး ညှင်း၆ခုကို လှည့်ကြည့်လိုက်သည်။
" ထပ်လာစမ်း ထ
ထိုစကားကို ပြောပြီးနောက် ရှေ့သို့ ပြေးသွားပြန်သည်။
ဖုမာ ဟာရာဘူဆာ၊ ဖုမာကျန်းဝူ၊ ဖုမာ တာကာနိုစုကဲ၊ ချန်းဖေးအယ်၊ သွမ့်မူလက်ထင်းနှင့် ဖုမာမိသားစုအဖွဲ့ဝင်များ အားလုံးသည် ယဲ့ဖန်ကို ကြောင်အစွာဖြင့် ပြန်ကြည့်နေကြသည်။
ယဲ့ဖန်၏ ခန္ဓာကိုယ်သည် ထွားကျိုင်းမနေဘဲ ထိုအစား အနည်းငယ်ပင် ပိန်ပါးသည်။
သို့သော် ယခုအချိန်တွင် သူ၏ ကျောရိုးသည် ကောင်းကင်နှင့်မြေကြီးကို ချိတ်ဆက်ထားပုံရသည်။
လူတိုင်းက သူ့ကို လှမ်းကြည့်နေကြသည်။
ယဲ့ဖန် သေရတော့မည်ကို သိသော်လည်း ထိုလမ်းကို ရွေးချယ်ခဲ့သည်။
ပြောရလွယ်သော်လည်း လုပ်ရန် ခက်ခဲလှသည်။
ကာမီတာနီ မျိုးနွယ်စုမှ ကျန်အဖွဲ့ဝင်များပင်လျှင် သူတို့၏ မျက်နှာများပေါ်၌ ရှုပ်ထွေးသော အမူအရာများ ရှိနေသည်။
ထိုအခိုက်အတန့်တွင် သူတို့သည် သူတို့၏ရန်သူကို လေးစားမှု အရိပ်အယောင်မျ အမှန်တကယ် ခံစားခဲ့ရသည်။
" ငါက သူ့ထက် နိမ့်ကျပါသေးတယ် "
ဖုမာ ဟာရာဘူဆာသည် ယဲ့ဖန်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
ယဲ့ဖန်သည် သူ၏ အံ့ဩဖွယ် ဆေးပညာ ကျွမ်းကျင်မှုနှင့် ကြောက်မက်ဖွယ် အစွမ်းသတ္တိကို ပြသခဲ့ဖူးသော်လည်း သူသည် သူ့သမီးကို သွေးခဲ့ဆောင်သော ဤလူငယ်ကို မုန်းတီးနေဆဲ ဖြစ်သည်။
ယခုချိန်မှာတော့ ဤလူငယ်လေးမှာ တကယ်ပင် ယုံကြည်ထိုက်သည်ထက် ပိုလေသည်။
ထို့နောက် ထိုလူငယ်လေး ထပ်ခါထပ်ခါ လဲကျနေသည်ကို လူတိုင်းက စောင့်ကြည့်နေကြသည်။
သူ လဲကျပြီး ပြန်ထလာသည့်အခါတိုင်း ပိုခက်ခဲလာသော်လည်း သူသည် မဆိုင်းမတွဘဲ ရှေ့သို့ ပြေးနေဆဲဖြစ်သည်။
နောက်ဆုံးအချိန်၌ ညှင်း၆ပွင့်သည် လေထဲသို့ပျံပြီး ယဲ့ဖန်ရင်ဘတ်ကို ကန်လိုက်သည်။
ယဲ့ဖန်သည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။
သူ့ကံကြမ္မာကို လက်ခံပြီးသား ဖြစ်နေသလိုမျိုး ပြန်မထတော့ပေ။
ညှင်း၆ပွင့်က အောင်နိုင်သူလို ပြုံးသည်။
"ယဲ့ဆိုတဲ့ကောင် သေလိုက်တော့ "
ထိုစကားကို ပြောပြီးနောက် ခေါင်းကို နင်းရန် ပြင်ထားသည်။
ယဲ့ဖန် သေတော့မှာ သေချာသည်။
" ရပ်လိုက် .... "
အားလုံးက သူ့ကိုတားရန် ချက်ချင်း အော်ပြီး ပြေးသွားကြသည်။
သို့သော် သူတို့ကြားမှ အကွာအဝေးက အတော်ဝေးသည်။
ထို့အပြင် အရှိန်အဟုန်ဖြင့် ရှေ့သို့ ပြေးသွားသော်လည်း တစ်ဖက်သားကို တားဆီးနိုင်မည် မဟုတ်ပေ။
ထိုအဖြစ်ဆိုးမှာ ရှောင်လွှဲ၍ မရတော့ချေ။
ထိုအချိန်တွင် ယဲ့ဖန်သည် တင်းတင်းကြပ်ကြပ် မှိတ်ထားသော မျက်လုံးများကို ရုတ်တရက် ဖွင့်လာသည်။
သူသည် စကားအနည်းငယ်ကို ဖြည်းညှင်းစွာ ပြောလိုက်သည်။
" နျုံစစ်သွမ်း၊ ခင်ဗျားမှန်း ငါသိတယ် ....... "
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၃၀၀ )
နျုံစစ်သွမ်း၊ ခင်ဗျားပဲ
ညှင်း၆ပွင့်သည် ခဏရပ်သွားသည်။
ခဏတာမျှသာ ဖြစ်သော်လည်း ယဲ့ဖန် တန်ပြန်တိုက်ခိုက်ရန် လုံလောက်သည်။
သူ၏ ညာလက်မှ ငွေအပ် အနည်းငယ် ထွက်လာသည်။
" ကျွမ်းကျင်တဲ့သူတစ်ယောက် ရှေ့မှာ မင်းရဲ့ အရည်အချင်းကို ဒီလိုပြတာလား "
ညှင်း၆ပွင့်သည် မထီမဲ့မြင် ပြုံးပြီး လျှပ်စီးလက်သကဲ့သို့ ညာလက်ကို ဝှေ့ယမ်းလိုက်ကာ အပ်အားလုံးကို လွှင့်ပစ်လိုက်သည်။
ထိုအချိန်တွင် ယဲ့ဖန်၏ မျက်နှာပေါ်မှ အပြုံးတစ်ခုကို သူ မြင်လိုက်ရသည်။
မကောင်းတော့ဘူး။
သူ့စိတ်ထဲမှ အော်ပြောနေသော်လည်း အချိန်နှောင်းသွားပြီ ဖြစ်သည်။
အမှန်တကယ်၌ ထိုငွေအပ်များ သူ့ကို စိတ်ရှုပ်ထွေးစေရန် သုံးခဲ့ခြင်းဖြစ်သည်။
ငွေအပ်များ ဖယ်ထုတ်ပြီးနောက် ယဲ့ဖန်မှ နောက်ထပ်အပ်တစ်ချောင်း ထုတ်လာသည်။
သို့သော် ယခုတစ်ကြိမ်သည် သာမန်ငွေအပ် မဟုတ်ဘဲ Taixuanနတ်ဆေးအပ်တစ်ချောင်း ဖြစ်သည်။
ညှင်း၆ပွင့်ကဲ့သို့ ဖောက်ပြန်စွာ မျိုးရိုးဗီဇ ပြုပြင်ထားသော လူတစ်ဦးအတွက် သာမန်ငွေအပ်များသည် သူ့ကို အန္တရာယ်တစ်စုံတစ်ရာ မဖြစ်စေနိုင်ကြောင်း ယဲ့ဖန် ကောင်းစွာ သိလိုက်သည်။
ထို့ကြောင့် ထိုက်ရွှမ်းနတ်ဆေးအပ်ကို အသုံးပြုရန် ဆုံးဖြတ်ခဲ့သည်။
သို့သော် သေချာပေါက် အလုပ်ဖြစ်မည်ဟု အာမမခံနိုင်ပေ။
ဤတစ်ကြိမ် ထပ်ကျရှုံးပါက သူ့မှာ အခွင့်အရေးမရှိတော့ပေ။
ညှင်း၆ပွင့်သည် ငွေအပ်များကို ဖယ်ပြီးလိုက်ချိန်နီးမှာပင် ထိုက်ရွှမ်းငွေအပ် သူ့မျက်ခုံးမွှေးကြားမှ ရင်းထန်ကြောထဲသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားသည်။
အား
ညှင်း၆ပွင့် လျင်မြန်စွာ ဆုတ်ခွာသွားရင်း စိတ်ဆင်းရဲစွာ အော်ဟစ်လိုက်သည် ။
ယဲ့ဖန်သည် သူ့ခန္ဓာကိုယ်တွင်းရှိ ခွန်အားများ လျင်မြန်စွာ ဆုတ်ယုတ်သွားကြောင်းကို သိလိုက်သည်။
သူသည် ဤရှားပါးအခွင့်အရေးကို လက်လွှတ်မခံပေ။
မြေပြင်ကို ချက်ချင်း ရိုက်ထပြီး အနောက်ကို လိုက်သွားသည်။
ညှင်း၆ပွင့်သည် သူ့အိတ်ကပ်ထဲမှ နောက်ထပ် ပြွတ်တစ်ချောင်းကို ထုတ်လိုက်ရင်း အမြန်ပြန်ဆုတ်သွားသည်။
ယဲ့ဖန်သည် သူ့ကို ထိုသို့ နောက်တစ်ကြိမ်လုပ်ခွင့်မပေးပေ။
သူ့လက်ကို အဆက်မပြတ် ဝှေ့ယမ်းလိုက်သည်။
ငွေအပ်များသည် မိုးရေစက်များကဲ့သို့ ပြန့်ကျဲကျနေသည်။
ညှင်း၆ပွင့် ဆေးထိုးရန် စိတ်မ၀င်စားနိုင်တော့ဘဲ ဘေးနားကို ရှောင်ထွက်သွားရသည်။
ယဲ့ဖန်သည်လည်း ဤအချီကို ဖမ်းဆုပ်လိုက်ပြီး ဝင်းချွမ်လက်သီးသိုင်း၏ စွမ်းအားအပြည့်ကို ထုတ်လွှတ်လိုက်သည်။
ဘန်း ဘန်း ဖောင်း
လက်သီးချက်များက မိုးရေစက်တွေလို ရင်ဘတ်ပေါ် ကျရောက်နေသည်။
အားနည်းပုံပေါက်သော်လည်း အမှန်တကယ်တွင် အလွန်ပင် သေစေနိုင်သည်။
လေချွမ်လက်သီးသိုင်း၏ တစ်လက်မချင်း အင်အားပြင်း လက်သီးတစ်လုံးစီတွင် အနည်းဆုံး ပေါင်တစ်ရာ ခွန်အားရှိသည်။
ဝေါ့ ဝေါ့
ညှင်း၆ပွင့်သည် သူ့ပါးစပ်ထဲမှ အစိမ်းရောင်အရည်များကို တရစပ် အန်ထုတ်နေသည်။
ယဲ့ဖန်၏ တိုက်ခိုက်မှုမှာ ဆက်တိုက်ဖြစ်ပွားနေသည်။
တစ်ဖက်မှာ လက်တုံ့ပြန်ရန် ခွန်အားပင်မရှိပေ။
ရိုက်နှက်ခံရုံသာ တတ်နိုင်သည်။
ဖောင်း
အဆုံး၌ ယဲ့ဖန် လက်သီးတစ်ချက် ပိတ်ထိုးလိုက်တော့သည်။
သို့သော် ညှင်း၆ပွင့်မှာ အသံထွက်မလာပေ။
ဖူး............
ညှင်း၆ပွင့်သည် အစိမ်းရောင်အရည်ကြီးတစ်လုတ်ကို ထွေးထုတ်ပြီး မြေပြင်ပေါ် ဒူးထောက်ကာ ခေါင်းငိုက်စိုက်ကျသွားသည်။
ဆေးရုံတစ်ရုံလုံး တိတ်ဆိတ်သွားသည်။
လူတိုင်းသည် ဤမြင်ကွင်းကို မှင်သက်စွာ ကြည့်နေကြပြီး အချိန်အကြာကြီး အာရုံပြန်မကပ်ကြပေ။
ထိုတန်ပြန်တိုက်စစ်မှာ ရုတ်တရက်ဆန်သည်။
ယဲ့ဖန်သည် ခံနေရပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ကွင်းပြင်အခြေအနေသည် ပြောင်းပြန်လှန်သွားခဲ့သည်။
ယဲ့ဖန်သည် သူ့အစွမ်းကို ရုတ်တရက်ပြသလိုက်ပြီး တန်ပြန်တိုက်ခိုက်ရန် စတင်ခဲ့ကာ တစ်ဖက်က လုံးဝ ရှုံးနိမ့်သွားရသည်။
ဤအရာအားလုံးသည် "နျုံစစ်သွမ်း၊ ခင်ဗျားမှန်း သိတယ်" ဆိုသည့် စကားမှ စလေသည်။
ဒီစာကြောင်းက မှော်စာသားလား။
ထိုမေးခွန်းသည် လူတိုင်း၏ စိတ်ထဲ၌ တစ်ချိန်တည်း ပေါ်လာသည်။
ချန်းဖေးအယ်နှင့် ဖုမာကျန်းဝူမှလွဲ၍ အခြားမည်သူမျှ 'နျုံစစ်သွမ်း'ဟူသောအမည်ကို မကြားဖူးကြပေ။
ယဲ့ဖန်သည် ညှင်း၆ပွင့်စီသို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး သူ့ကို ငုံ့ကြည့်သည်။
" မတွေ့တာကြာပြီ၊ နျုံစစ်သွမ်း "
ညှင်း၆ပွင့်က သူ့ခေါင်းကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး မျက်လုံးများ မှေးမှိန်ထားသည်။
" နျုံစစ်သွမ်းက ဘယ်သူလဲ ငါ မသိဘူး "
ယဲ့ဖန် သူ့ငြင်းဆိုချက်ကို ကြားလိုက်သောအခါ သူ့မျက်နှာပေါ်ရှိ လှောင်ပြောင်သံရိပ် ပိုပြင်းထန်လာသည်။
" အစတုန်းက ရှစ်ဆယ်ရာခိုင်နှုန်းပဲ ယုံကြည်မှုရှိတာ။ ဒါပေမယ့် အခု မင်း နျုံစစ်သွမ်း ဆိုတာ ရာနှုန်းပြည့် သေချာသွားပြီ။ မင်းရဲ့လှည့်ကွက်က တကယ်ကို ထက်မြက်ပါပေတယ် "
ထိုစကားကို ပြောပြီးသည်နှင့် ညှင်း၆ပွင့်၏ မျက်လုံးများက စူးရှလာသညခ။
ယဲ့ဖန်သည် နောက်ဆုံးတွင် ရင်းနှီးသောခံစားချက်ကို ပြန်ရလာသည်။
" မှန်တယ်၊ ငါပဲ "
သူသည် ခေါင်းကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး ယဲ့ဖန်ကို ကြည့်လိုက်သည်။
" ငါ့ရဲ့ သရုပ်မှန်ကို မင်းဘယ်လို ရှာတွေ့တာလဲ "
နျုံစစ်သွမ်းသည် ယဲ့ဖန်ကို စူးစိုက်ကြည့်နေသည်။
" လူတစ်ယောက်ရဲ့ အသွင်အပြင်နဲ့ အသံကို ပြောင်းလဲနိုင်ပေမယ့် သူတို့ရဲ့ စိတ်နေစိတ်ထားကို ပြောင်းလဲဖို့ ခက်တယ်။ ခင်ဗျားရဲ့ အသွင်အပြင်ကို ပြောင်းလဲလိုက်ပေမယ့် ပြောင်းလဲလို့မရနိုင်တဲ့ အရာတွေလည်း ရှိနေသေးတယ် "
ယဲ့ဖန် သူ့ကို တည်ငြိမ်စွာ ကြည့်နေသည်။
" မင်းက ငါ့ကို တကယ်တန်ဖိုးထားပုံရတယ်။ ငါ့စိတ်နေစိတ်ထားကိုတောင် မှတ်မိနိုင်တယ် "
နျုံစစ်သွမ်း ဂုဏ်ယူစွာ ပြုံးလိုက်သည်။
" ဒါပေါ့။ ကျုပ်ကို သတ်ချင်နေတဲ့လူကို ဘယ်လိုလုပ် ဂရုမစိုက်ဘဲ နေနိုင်မှာလဲ "
ယဲ့ဖန်လည်း ရယ်လိုက်သည်။
" နျုံစစ်သွမ်းက ချက်မကြွေသေးတဲ့ လူငယ်လေးတစ်ယောက်စီမှာ နှစ်ကြိမ်လုံး ရှုံးလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ဘယ်လောက် သနားစရာကောင်းပြီး ရယ်စရာကောင်းလိုက်လဲ "
နျုံစစ်သွမ်း ရှုံးနိမ့်သွားသော ကြက်မတစ်ကောင်ကဲ့သို့ သက်ပြင်းချလိုက်သည်။
" ခင်ဗျား နောက်ဆုံးအကြိမ်တုန်းက လွတ်သွားပေမဲ့ ဒီတစ်ခေါက် သေမှာ သေချာတယ် "
ယဲ့ဖန် သူ့မျက်နှာမှ သတ်ပစ်ချင်သည့် ရည်ရွယ်ချက်ကို ဖုံးကွယ်မထားပေ။
" ဟူး၊ အဲ့တုန်းက မင်းနဲ့ ရန်သူဖြစ်ရတာ တကယ် နောင်တရတယ်။ ငါတို့ ရန်သူမဟုတ်ဘဲ သူငယ်ချင်းဖြစ်ခဲ့ဲရင် ငါ့အကြံအစည် အောင်မြင်လိမ့်မယ် "
နျုံစစ်သွမ်း၏ မျက်နှာသည် ဝမ်းနည်းနေသော အမူအရာ ပေါ်လာသည်။
" အခုပြောဖို့က အရမ်းနောက်ကျနေပြီလို့ မထင်ဘူးလား။ ဒီအချိန်မှာ ငါတို့ထဲက တစ်ယောက်ပဲ အသက်ရှင်နိုင်တယ် "
" မင်းရဲ့အစီအစဥ်ကို ပြော။ ဒါဆို ငါမင်းကိုမျက်နှာသာပေးလို့ရတယ် "
နျုံစစ်သွမ်း၏ မျက်နှာပေါ်တွင် စိတ်ပျက်စရာများ ပျောက်ကွယ်သွားပြီး တည်ငြိမ်မှု ပြန်လည်ရရှိလာသည်။
" မင်းမေးချင်တာကို သိပေမဲ့ ငါမဖြေဘူး။ လက်လျှော့လိုက် "
ယဲ့ဖန် မတတ်နိုင်ဘဲ သက်ပြင်းချလိုက်သည်။
ရသူသည် ရွှေအပ်ကို ဖြည်းညှင်းစွာ ထုတ်ယူလိုက်သည်။
" ခင်ဗျား ကျုပ်ကို လှည့်ကွက်တချို့ သုံးစေချင်တာ သေချာလား။ အဲ့တာက ခင်ဗျား သေချင်လာစေလိမ့်မယ် "
နျုံစစ်သွမ်း ချက်ချင်း ရယ်မောလိုက်သည်။
" ဒီကမ္ဘာပေါ်မှာ ငါ့ကိုယ်ငါကလွဲလို့ ဘယ်သူမှ ငါ့ကို မသတ်နိုင်ဘူး "
ယဲ့ဖန် ဘာမှမပြောနိုင်ခင်မှာပင် သူ့မျက်နှာပေါ်မှ အပြုံးက တောင့်တင်းလာပြီး သူ့ပါးစပ်ထောင့်မှ အနက်ရောင်သွေးများ စီးကျလာသည်။
ယဲ့ဖန်၏အမူအရာ ပြောင်းသွားသည်။
စစ်ဆေးရန် အလျင်အမြန် ပြေးလာခဲ့သည်။
ထို့နောက် သူ အဆိပ်သင့်နေသည်ကို သိလိုက်ရသည်။
အဆိပ်က သူ့နှလုံးကိုပင် တိုက်ခိုက်နေပြီဖြစ်သည်။
သူ့ကို မကယ်နိုင်တော့ပေ။
တစ်ဖက်က အဆိပ်ကို ဘယ်မှာ ဝှက်ထားသည်ဆိုတာ သူ မပြောနိုင်ပေ။
နျုံစစ်သွမ်း၏ မျက်လုံးများ နီရဲလာပြီး သူ့ကို စိုက်ကြည့်နေသည်။
" ယဲ့ဖန်၊ ငါ အရင်သွားနှင့်မယ်။ ဒါပေမယ့် မင်းရဲ့သေမယ့်ရက်ကလည်း မဝေးတော့ဘူး။ မင်း ငါတို့ကို စော်ကားခဲ့တာ ..... မင်း အနာဂတ်မှာ ငြိမ်းချမ်းတဲ့နေ့တွေ ရှိလာတော့မှာမဟုတ်ဘူး ...... မင်းကို ဘယ်သူမှ ကယ်တင်နိုင်မှာ မဟုတ်ဘူး ...... "
ယဲ့ဖန် သူ့ကို ဆွဲထုတ်လိုက်သည်။
" မင်းက ဘယ်သူလဲ။ မင်းရဲ့ရည်ရွယ်ချက်က ဘာလဲ "
နျုံစစ်သွမ်း ရူးကြောင်ကြောင် ရယ်လေသည်။
" မင်းကို ဒီလို စိတ်ရှုပ်နေတာ မြင်ရတာနဲ့ ငါ့ရဲ့သေခြင်းတရားက ထိုက်တန်နေပြီ။ နောက်ဆုံး မင်းကို သတင်းတစ်ခု ထပ်ပြောခဲ့မယ်။ ရာမာဂူချီ-ဂူမီဂိုဏ်း ...... သူတို့ ဒီကို မကြာခင် ရောက်လာတော့မှာ။ သူတို့က .... မင်းကို လက်လွှတ်မှာ မဟုတ်ဘူး ..... "
ထိုသို့ ပြောပြီး ခေါင်းစောင်းကာ သေသွားတော့သည်။