← Chapters

အခန်း (၁၃၀၅-၁၃၀၈)

Vol. 66 Ch. 1305-1308

အခန်း (၁၃၀၅-၁၃၀၈)

Vol. 66 Ch. 1305-1308

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၃၀၅ )

အသက်ကြီးနေပြီဆိုတော့ နေရာဖယ်ပေးဖို့ အချိန်ကျပြီ

စကားလာပြောသူမှာ အသက်ခြောက်ဆယ်ကျော် အဘိုးအိုတစ်ဦးဖြစ်ပြီး ရှေ့ဆုံးတွင် ဒူးထောက်လျက် ရှိသည်။

ယဲ့ဖန် သူ့ကို မသိပေ။

သို့သော် လူအုပ်ကြီး၏ အနောက်တွင် ဒူးထောက်နေသော လူတစ်ယောက်ကို သူမှတ်မိသည်။

ထိုလူသည် ဂိုဂူနမ်၌ တွေ့ဖူးသည့် တာကဲဒ ရှီကာခဲ ဖြစ်သည်။

ထိုလူများ ဒူးထောက်နေသည့် အနေအထားမှ ရာမာဂူချီ-ဂူမီဂိုဏ်းရှိ သူတို့၏ အဆင့်အတန်းကို အကြမ်းဖျင်း ဆုံးဖြတ်နိုင်သည်။

တာကဲဒ ရှီကာခဲ၏ အဆင့်အတန်းသည် ထိုလူများကြားတွင် အနိမ့်ဆုံးဖြစ်လောက်သည်။

ယဲ့ဖန်သည် သူ့အကြည့်ကို ပြောင်းလိုက်ပြီး စကားပြောနေသော အဘိုးအိုကို ပြန်ကြည့်လိုက်သည်။

" ဘာတွေပြောနေတာလဲ။ နားမလည်ဘူး "

အဘိုးအိုသည် ခေါင်းကိုမော့ပြီး တောင်းပန်လေသည်။

" ကံနဂါးအဖွဲ့အစည်းက လူတွေက အခုကျွန်တော်တို့ရဲ့ ရာမာဂူချီ-ဂူမီဂိုဏ်းကို အစုလိုက်အပြုံလိုက် သတ်နေကြပါတယ်။ ကျေးဇူးပြုပြီး သူတို့ကို တားပေးပါ "

" လူကြီးမင်းမှာ တောင်းဆိုစရာတွေရှိရင် ကျွန်တော်တို့ဘက်က ကျေနပ်အောင် အစွမ်းကုန် လုပ်ပေးပါ့မယ် "

ယဲ့ဖန်သည် သက်တောင့်သက်သာဖြစ်စေသော အနေအထားသို့ ပြောင်းလိုက်ပြီး ခေါင်းကို မှီလိုက်သည်။

" ကံနဂါးအဖွဲ့အစည်းက လူတွေက ခင်ဗျားလူတွေကို သတ်ရင် သူတို့ကိုသွားရှာလေ။ ကျုပ်ကို ဘာလို့ရှာနေတာလဲ။ ကျုပ်က ကံနဂါးအဖွဲ့အစည်းက မဟုတ်ဘူး "

အဘိုးအိုသည် မျက်နှာပျက်သွားသည်။

" ယဲ့လူကြီးမင်း၊ ငါတို့ကို မနောက်ပါနဲ့။ ကံနဂါးအဖွဲ့အစည်းက မင်းရဲ့ အမိန့်ကို နားထောင်တယ်ဆိုတာ ဘယ်သူက မသိလို့လဲ "

ယဲ့ဖန် ပုခုံးတွန့်လိုက်သည်။

" သူတို့ကို တိုက်ခိုင်းလိုက်တာတော့ အမှန်ပဲ။ ဒါပေမယ့် သူတို့က စိတ်လွတ်နေပြီ။ ရပ်ခိုင်းရင်တောင် နားမထောင်လောက်ဘူး "

အဘိုးအိုသည် ယဲ့ဖန်မှ အကြောင်းပြချက်ရှာရန် ကြိုးစားနေတုန်းဟု မြင်သည်။

ထို့ကြောင့် သူ ဒေါသထွက်သွားသည်။

" ယဲ့ဖန်၊ မင်း ငါတို့ရဲ့ ရာမာဂူချီ-ဂူမီဂိုဏ်းကို တကယ် အဆုံးသတ်မှာလား "

ယဲ့ဖန်သည် သူ ဒေါသတကြီး ဖြစ်နေသည်ကို မြင်လိုက်ရပြီး အမူအရာမှာ အေးစက်သွားသည်။

" ခင်ဗျားတို့ရဲ့ ရာမာဂူချီ-ဂူမီဂိုဏ်းကပဲ ကျုပ်ကို ခဏခဏ ပြဿနာလာရှာခဲ့တာ။ ကျုပ်မှာ ခွန်အားမရှိရင် ခင်ဗျားတိုါရဲ့ ရာမာဂူချီ-ဂူမီဂိုဏ်း ဓားအောက်မှာ သေနေတာကြာပြီ။ အခုမှ ဘာကို ကြောက်ရမယ်ဆိုတာ သိတာလား "

အဘိုးအိုသည် ယဲ့ဖန်၏ သဘောထားကို မြင်သောအခါ ချက်ချင်း စိတ်ပျော့ပြောင်းသွားသည်။

" ဒါတွေအားလုံး ယာမာမိုတို တာခဲရှိက တွန်းအားပေးတာကြောင့်ပါ။ အခု သူသေသွားပြီဆိုတော့ ငါတို့ကြားက မုန်းတီးမှုတွေကို ခဝါချဖို့ အချိန်တန်ပြီ "

ယဲ့ဖန် အေးစက်စွာ နှာမှုတ်လိုက်သည်။

" သေတဲ့လူကို အပြစ်ပုံပေးချင်တာလား။ မင်းတို့ရဲ့ ရာမာဂူချီ-ဂူမီဂိုဏ်းက တကယ်ကို အရှက်မရှိတာပဲ "

" တကယ်ပဲ လှုံ့ဆော်တဲ့သူက ယာမာမိုတို တာခဲရှိဖြစ်ရင်တောင် ခင်ဗျားတို့က မီးထဲကို လောင်စာမထည့်ဘူးလို့ ပြောရဲလား "

အဘိုးအိုသည် စကားမပြောနိုင် ဖြစ်သွားသည်။

ယဲ့ဖန်ကို သတ်ရန် ဆုံးဖြတ်ခဲ့သူမှာ အမှန်တကယ်ပင် ယာမာမိုတို တာခဲရှိ ဖြစ်သည်။

သို့သော် သူတို့သည် ကန့်ကွက်ခြင်းမရှိဘဲ သူ့ကိုပင် အားပေးခဲ့သည်။

အကြောင်းမှာ သူတို့မျက်လုံးထဲ၌ ယဲ့ဖန်သည် သူတို့အနိုင်ပိုင်းနိုင်သော သေလးဖြစ်သည်။

သို့သော် တစ်ဖက်လူသည် မသေရုံသာမက သူတို့ဂိုဏ်းကိုပင် တန်ပြန် သတ်ပစ်နိုင်မည်ဟု သူတို့ ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။

" ငါတို့အရင်က လွန်ခဲ့ပေမယ့် အခုငါတို့နဲ့ ထိုက်တန်တဲ့ တန်ကြေးကို ပေးပြီးသွားပြီ။ ကျေးဇူးပြုပြီး ဒီတစ်ခါကို လွှတ်ပေးပါ "

အဘိုးအိုသည် တောင်းပန်သော လေသံနှင့် ပြောလေသည်။

ဤတစ်ကြိမ်မှာတော့ ယဲ့ဖန် ချက်ချင်း စကားပြန်မပြောပေ။

သူသည် ဆက်မလုပ်ဆောင်ခင် ခဏ စဉ်းစားနေလိုက်သည်။

" ခင်ဗျားတို့ကို လွှတ်ပေးဖို့က မဖြစ်နိုင်တာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျုပ် တောင်းဆိုတာကို ဖြည့်ဆည်းပေးရမယ် "

အဘိုးအို၏ မျက်လုံးများ တောက်ပလာသည်။

" ပြောပါ။ ငါတို့လုပ်နိုင်သလောက် လုပ်ပေးမှာပါ "

ယဲ့ဖန် ပြုံးလိုက်သည်။

" စိတ်မပူပါနဲ့၊ ကျုပ်တောင်းဆိုချက်က တကယ်ကို ရိုးရှင်းပါတယ်။ အဲ့တာက ရာမာဂူချီ-ဂူမီဂိုဏ်းရဲ့ အထက်တန်းအပေါ်ပိုင်းမှာ ကြီးမားတဲ့ ပြောင်းလဲမှုရှိရမယ် "

အဘိုးအို အံ့ဩသွားသည်။

ယဲ့ဖန် ဘာကိုဆိုလိုသည်အား သူ နားမလည်ပေ။

" မင်း ဘာကိုဆိုလိုတာလဲ .......ကြီးမားတဲ့ ပြောင်းလဲမှုလား "

အခြားသူများကလည်း ယဲ့ဖန်အား စိတ်ရှုပ်ထွေးစွာ ကြည့်နေကြသည်။

ယဲ့ဖန်၏ အကြည့်များက သူတို့အား လွှမ်းခြုံသွားသည်။

" ခင်ဗျားတို့အားလုံး အသက်ကြီးနေပြီဆိုတော့ ခင်ဗျားတို့ နေရာဖယ်ပေးသင့်ပြီ "

" ငယ်ရွယ်ပြီး ထက်မြက်တဲ့ လူတချို့ ပေါ်လာတာ ပိုကောင်းမယ်ထင်တယ်။ အဲ့တာမှ ရာမာဂူချီ-ဂူမီဂိုဏ်းက တစ်ဖန်ပြန်မွေးဖွားလာနိုင်လိမ့်မယ် "

ရာမာဂူချီ-ဂူမီဂိုဏ်းမှ ခေါင်းဆောင်ပိုင်းများ ချက်ချင်း အကြည့်ချင်းဖလှယ်လိုက်ကြသည်။

သူတို့အားလုံးသည် မြေခွေးအိုကြီးများဖြစ်ဲသည်။

ယဲ့ဖန် ပြောသည်ကို သူတို့ သဘာဝကျစွာ နားလည်လေသည်။

ယဲ့ဖန်သည် ရည်ရွယ်ချက်ကောင်းဖြင့် ရာမာဂူချီ-ဂူမီဂိုဏ်း၏ အနာဂတ်ကို တွေးတောပေးနေခြင်း မဟုတ်ပေ။

သူသည် ထိုဂိုဏ်းအတွင်း၌ ရုပ်သေးရုပ်ထားကာ အလွယ်တကူ ထိန်းချုပ်နိုင်စေရန် ပံ့ပိုးပေးလိုခြင်း ဖြစ်နိုင်သည်။

" ယဲ့လူကြီးမင်း၊ ငါတို့လည်း လူငယ်ခေါင်းဆောင်တွေကို ပံ့ပိုးထောက်ခံပေးဖို့ ကြိုးစားနေပေမယ့် ဒီလိုမျိုး နေ့ချင်းညချင်း လုပ်လို့မရဘူး။ အဲ့တာကို သေသေချာချာ စဉ်းစားရမယ် "

အဘိုးအိုသည် ဤတောင်းဆိုမှုကို မသိချင်ယောင်ဆောင်ကာ ကစားချင်သေးသည်။

သို့သော် ယဲ့ဖန်သည် လှည့်စားရန် လွယ်ကူသူ မဟုတ်ပေ။

သူ ချက်ချင်း ရယ်မောလိုက်သည်။

" သဘောမတူဘူးဆိုမှတော့ ဘာမှမပြောခဲ့သလို သဘောထားလိုက် "

" ဒါဆို ခင်ဗျားတို့ စဉ်းစားလို့ရမယ့်နေ့အထိ ဆက်ထိန်းနိုင်မလား ကြည့်ရအောင် "

ထိုစကားကို ပြောပြီးနောက် မျက်လုံးမှိတ်လိုက်ကာ စကားပြန်မပြောတော့ပေ။

ရာမာဂူချီ-ဂူမီဂိုဏ်း၏ အကြီးပိုင်းများသည် ချက်ချင်းပင် တီးတိုးပြောပြီး သူတို့၏ ထင်မြင်ချက်များကို ဖလှယ်လိုက်ကြသည်။

"ငါတို့တွေးတာ ..... ဒီတစ်ကြိမ်မှာတော့ ယဲ့လူကြီးမင်းရဲ့ တောင်းဆိုချက်ကို ငါတို့ သဘောတူလို့ရတယ် "

" ဟုတ်တယ်၊ နေရာဖယ်ပေးရုံပဲ မဟုတ်လား။ လုပ်ချင်တာတွေကို မလုပ်နိုင်ခဲ့ဘူး။ အခု ဒီဝန်ထုပ်ဝန်ပိုးကြီးကို လူငယ်တွေစီကို အပ်ဖို့ အချိန်ကောင်းပဲ "

" မင်း မပြောနိုင်ဘူးလား ..... ယဲ့လူကြီးမင်းက အဲ့ဒီရုပ်သေးကောင်ကို ပံ့ပိုးပေးပြီး ရာမာဂူချီ-ဂူမီဂိုဏ်းကို ထိန်းချုပ်ဖို့ လုပ်ချင်နေတာ ထင်ရှားတယ်။ ငါတို့ ဘယ်လိုလုပ် သဘောတူနိုင်မှာလဲ "

" ဓားအောက်မှာ ခေါင်းငုံ့ထားရမယ်။ အခုသဘောတူလိုက်ရင် ငါတို့ ဂုဏ်ကြီးတဲ့ အနေအထားကို ရနိုင်သေးတယ်။ အနာဂတ်မှာ ကိုယ်ခံပညာလောကက ငါတို့ကို မျက်နှာပေးရလိမ့်မယ်။ အခု သဘောမတူလိုက်ရင် ရာမာဂူချီဂိုဏ်းကို ဖျက်ဆီးပြီးတဲ့အခါ မြှုပ်စရာ သင်္ချိုင်းမြေတောင်မရှိဘဲ သေသွားနိုင်တယ် "

" ဟုတ်တယ်၊ ငါတို့မှာ ရန်သူတွေ အများကြီးရှိတယ်။ ရာမာဂူချီ-ဂူမီဂိုဏ်း တကယ် ပျောက်သွားရင် မိနစ်ပိုင်းအတွင်းမှာတင် ငါတို့ လမ်းပေါ်မှာ အသတ်ခံရလိမ့်မယ် ........ "

အပြင်းအထန် ငြင်းခုံကြပြီးနောက် လူတိုင်း၏ သဘောတူညီမှုကို ရရှိခဲ့သည်။

အဘိုးအိုသည် သက်ပြင်းချလိုက်ပြီး ယဲ့ဖန်ကို ပြန်ကြည့်လိုက်သည်။

" ယဲ့လူကြီးမင်း၊ ငါတို့ ဆွေးနွေးပြီးပြီ။ ရာမာဂူချီ-ဂူမီဂိုဏ်း ခေါင်းဆောင်ပိုင်းကို ပြောင်းလဲဖို့ မင်းရဲ့ အကြံပြုချက်ကို သဘောတူတယ်။ လူကြီးမင်းမှာ ထောက်ခံပေးချင်တဲ့ ကိုယ်စားလှယ်လောင်း ရှိမလားလို့ သိချင်တာပါ "

ထိုအဘိုးအို၏ စကားများသည် သာယာနာပျော်ဖွယ်ကောင်းသော်လည်း အမှန်၌ သူသည် ယဲ့ဖန်အား ကိုယ်တိုင် ကိုယ်စားလှယ်လောင်းအဖြစ် ခန့်အပ်မည် ထင်ခဲ့သည်။

ယဲ့ဖန်သည် ဘာဖြစ်နေသည်လဲဆိုတာ သိလိုက်ရသည်။

ထို့ကြောင့် ချက်ချင်းပင် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

" တကယ်တော့ တာကဲဒ ရှီကာခဲက မဆိုးဘူးလို့ ထင်တယ်။ ခင်ဗျားတို့ကရော ဘယ်လိုထင်လဲ "

လူအုပ်ကြီး၏ အနောက်ဘက်တွင် ဒူးထောက်နေသော တာကဲဒ ရှီကာခဲသည် ရုတ်တရက် သူ့နားကိုပင် မယုံနိုင်ဖြစ်ကာ ခေါင်းကို မော့လိုက်သည်။

ရာမာဂူချီ-ဂူမီဂိုဏ်းတွင် သူ၏ ရာထူးဖြင့် အထက်အရာရှိများအားလုံး သေသွားလျှင်ပင် ထိုနေရာကို သူ မရနိုင်ပေ။

အမှန်တကယ်၌ ရာမာဂူချီ-ဂူမီဂိုဏ်းသည် ယနေ့ ယဲ့ဖန်နှင့် ငြိမ်းချမ်းရေး တောင်းဆိုရန် လာခဲ့ခြင်းပြီး သူ့အဆင့်အတန်းနှင့် လိုက်လာရန် အရည်အချင်းမရှိချေ။

သို့သော် သူသည် အရင်က ယဲ့ဖန်နှင့် တွေ့ဖူးသောကြောင့် ယဲ့ဖန်နှင့် စကားအနည်းငယ် ဖလှယ်နိုင်သောကြောင့် သူ့ကို ဤသို့ ခေါ်လာခြင်း ဖြစ်သည်။

ကောင်းကင်မှ ပြုတ်ကျသည်ဟု ထင်ရသော ဤမျှ ကောင်းမွန်သည့် အရာတစ်ခုကို ကြုံတွေ့ရမည်ဟု မမျှော်လင့်ထားပေ။

ရာမာဂူချီ-ဂူမီဂိုဏ်း၏ အခြားအထက်တန်းလွှာများသည် ယဲ့ဖန်၏ အကြံပြုချက်ကိုကြားသောအခါ သူတို့မျက်နှာများ၌ တုန်လှုပ်နေသော အမူအရာများရှိလေသည်။

ထိုကိုယ်စားလှယ်လောင်းကို သူတို့ မကျေမနပ်ဖြစ်နေသည်မှာ ထင်ရှားလေသည်။

သို့သော် ကျယ်လောင်စွာ မပြောရဲကြပေ။

ယဲ့ဖန်သည် လူတိုင်း၏ အမူအရာကို မြင်ကာ အေးစက်စွာ နှာမှုတ်လိုက်သည်။

" ဘာတွေ ကန့်ကွက်စရာရှိလို့လဲ "

အခြားမည်သူမျှ စကားမပြောသည်ကို မြင်လိုက်ရသဖြင့် အဘိုးအိုသည် ထပ်၍ စကားပြောခဲ့တော့သည်။

" တာကဲဒ ရှီကာခဲက အတွေ့အကြုံမရှိသေးပါဘူး။ သူ ရာမာဂူချီ-ဂူမီဂိုဏ်းကို ဦးဆောင်ဖို့ဆိုရင် စိုးရိမ်တာက သူ့အတွက် ...... မသင့်တော်ဘူးလားလို့ "

ယဲ့ဖန် တခြားသူများကို ကြည့်လိုက်သည်။

" ခင်ဗျားတို့ရော အဲ့လိုထင်လား "

အခြားသူများကလည်း ခေါင်းညိတ်ကြသည်။

" ဟုတ်ပါတယ်။ တာကဲဒ ရှီကာခဲက ထူးချွန်တဲ့သူလို့ ပြောနိုင်ပေမယ့် သူ ရာမာဂူချီ-ဂူမီဂိုဏ်းနဲ့ လက်တွဲခဲ့တာ နှစ်နှစ်လောက်ပဲ ရှိပါသေးတယ်။ လူအများကြီးကို ဦးမဆောင်နိုင်မှာကို စိုးရိမ်ရပါတယ် "

" ရာမာဂူချီ-ဂူမီဂိုဏ်းက အဖွဲ့ဝင်ပေါင်း ရာနဲ့ချီရှိတဲ့ ဂျပန်က အကြီးဆုံးဂိုဏ်းပါ။ အရည်အချင်းမရှိတဲ့ လူငယ်လေးကို ဘယ်လိုလုပ် လွှဲပေးနိုင်မှာလဲ "

" တာကဲဒ ရှီကာခဲကို သူ့ရဲ့ လက်ရှိရာထူးကနေ ရာထူးတိုးပေးဖို့ လုပ်ထားပြီးသားပါ။ သူက ဘယ်လိုလုပ် ဥက္ကဌဖြစ်နိုင်မှာလဲ။ ဒါက ကလေးဆန်လွန်းတယ် "

" လူကြီးမင်း ကျေးဇူးပြုပြီး မင်းရဲ့အမိန့်ကို ပြန်ရုပ်သိမ်းပေးပါ ..... "

ယဲ့ဖန်ည် သူတို့၏ ကန့်ကွက်သံများကို ကြားပြီး သူ့မျက်နှာပေါ်က အပြုံးက ပိုကျယ်လာသည်။

" ခင်ဗျားတို့အားလုံးက ကန့်ကွက်နေမှတော့ ......... သေချာပေါက် သူပဲ ဖြစ်ရမယ် ........ "

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၃၀၆ )

အခုကစပြီး အစောင့်ခွေး ဖြစ်ပေးပါ့မယ်

" မင်း ...... "

လူတိုင်းသည် သူတို့ ကစားခံနေသည်ကို ခံစားမိသော်လည်း ဘာမှ မပြောရဲကြပေ။

ယဲ့ဖန်သည် သူတို့၏ဒေါသကို ဂရုမစိုက်ပေ။

ယဲ့ဖန် လှည့်ပြီး တာကဲဒ ရှီကာခဲကို လက်ပြလိုက်သည်။

" မင်း ဒီကိုလာခဲ့ "

တာကဲဒ ရှီကာခဲသည် တခဏမျှ တုံ့ဆိုင်းသွားသော်လည်း သူသည် လျင်မြန်စွာ လျှောက်လှမ်းလာဆဲဖြစ်သည်။

" ယဲ့လူကြီးမင်းအတွက် ကျွန်တော် ဘာလုပ်ပေးရမလဲ "

ယဲ့ဖန် သူ့ကို စိတ်ဝင်တစား ကြည့်လိုက်သည်။

" ငါ မင်းကို ရာမာဂူချီ-ဂူမီဂိုဏ်းရဲ့ ဥက္ကဌဖြစ်ခွင့်ပေးမယ်။ မင်း သတ္တိရှိလား "

တာကဲဒ ရှီကာခဲသည် သူ့အနောက်မှ အကြီးအကဲများကို ကြည့်ရန် အလျင်အမြန် လှည့်ကြည့်လိုက်ပြီးနောက် တာကဲဒ ရှီကာခဲ၏ အသက်ရှုသံများ မြန်လာသည်။

ထိုအထက်လူကြီးများ အားလုံးသည် သူ့ကို ခြိမ်းခြောက်သော အကြည့်များဖြင့် စိုက်ကြည့်နေကြပြီး သူ့ကို ခဏတာမျှ ပြန်မဖြေရဲအောင် လုပ်နေကြသည်။

ယဲ့ဖန်၏ မျက်လုံးသည် စိတ်ပျက်မှု ဖြတ်သွားသည်။

" မင်းကို ငါ အထင်မှားသွားပုံရတယ်။ မင်းက ဒီရာထူးကို မယူရဲမှတော့တခြားတစ်ယောက်ကိုပဲ ပြောင်းပေးလိုက်မယ် "

" လုပ်ရဲပါတယ် "

ယဲ့ဖန် စိတ်ပြောင်းတော့မည်ကို မြင်လိုက်ရပြီး တာကဲဒ ရှီကာခဲ တွန့်ဆုတ်မနေရဲတော့ဘဲ အမြန် သဘောတူလိုက်သည်။

ဤသည်မှာ တစ်သက်၌ တစ်ခါသာ ဖြစ်နိုင်သော အခွင့်အရေးဖြစ်သည်ကို သူ သိလေသည်။

လွတ်သွားခဲ့ပါက ဘယ်တော့မှ ပြန်မရနိုင်တော့ချေ။

" တာကဲဒ ရှီကာခဲ၊ မင်း ဒီရာထူးကို ယူလိုက်တာက ရာမာဂူချီ-ဂူမီဂိုဏ်း တစ်ခုလုံးကို မင်းရန်သူဖြစ်အောင် လုပ်လိုက်တာပဲ "

" မင်းက ဘယ်လောက်ပဲ တန်ဖိုးရှိလဲဆိုတာ မင်း မသိဘူးလား။ မင်းအဆင့်နဲ့ ရာမာဂူချီ-ဂူမီဂိုဏ်း ဥက္ကဌရာထူးကို မင်းကများ ဘယ်လိုလုပ် မှန်းရဲနေတာလဲ။ အဲ့တာက စိတ်ကူးယဉ်နေတာပဲ "

" ခွေးသား၊ မင်း အကျိုးဆက်တွေကို စဉ်းစားရမယ်။ မင်းကိုယ့်ကိုယ်ကိုယ် မတွေးရင်တောင် မင်းမိသားစုအကြောင်း တွေးရမယ် "

" မင်း သစ္စာဖောက် ...... "

ရာမာဂူချီ-ဂူမီဂိုဏ်း၏ ခေါင်းဆောင်များက သူ့ကို ချက်ချင်းကျိန်ဆဲကြတော့သည်။

သူတို့သည် ယဲ့ဖန်အကြောင်း မကောင်းမပြောရဲပြသော်လည်း သူတို့ကို သစ္စာဖောက်သော ဤလက်အောက်ငယ်သားအပေါ်တွင်တော့ ယဉ်ကျေးကြမည် မဟုတ်ပေ။

တာကဲဒ ရှီကာခဲသည် အလွန်ကြောက်ကာ သူ့မျက်နှာက ဖြူဖျော့သွားတော့သည်။

မည်သို့ပင်ဖြစ်စေ ထိုလူများသည် ရာမာဂူချီ-ဂူမီဂိုဏ်း၏ ခေါင်းဆောင်ကြီးများဖြစ်ကာ သူတို့၌ အင်အားများစွာ ရှိသည်။

ယခုအခါ သူ့ကို အားလုံးမှ တစ်ချိန်တည်း တိုက်ခိုက်နေသည်ဖြစ်၍ သူ မခံနိုင်တော့ချေ။

သူ ယဲ့ဖန်ကို အလျင်အမြန် အကူအညီတောင်းသလို ကြည့်လိုက်သညထ။

သို့သော် ယဲ့ဖန်သည် ကူညီရန် ရည်ရွယ်ချက်မရှိပေ။

ဤပြဿနာကို သူ မည်သို့ဖြေရှင်းမည်ကို သိချင်သကဲ့သို့ စိတ်ဝင်တစားဖြင့်သာ သူ့ကိုကြည့်နေသည်။

တာကဲဒ ရှီကာခဲသည် ဤသည်မှာ ယဲ့လူကြီးမင်းမှ သူ့အပေါ် စမ်းသပ်နေသည်ဆိုတာ သိလိုက်သည်။

သူသည် ဤစမ်းသပ်မှုကို မအောင်မြင်ပါက ရာမာဂူချီ-ဂူမီဂိုဏ်း၏ ဥက္ကဌရာထူးကို မရရုံမက သူ ဆက်၍ ရှင်သန်နိုင်မည် မဟုတ်ပေ။

ထိုသည်ကို တွေးမိပြီးသည်နှင့် ချက်ချင်း ဓားတိုတစ်လက်ကို ထုတ်လိုက်သည်။

အဝေးမှ ကြည့်နေသော ဖုမာ ဟာရာဘူဆာ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

ယဲ့ဖန်အား ထိုကောင်လေးမှ ပြဿနာရှာမည်ဟု သူ ထင်ခဲ့သည်။

ထို့ကြောင့် ချက်ချင်းပင် သူ့ကို တားရန် ပြေးလာသည်။

သို့သော် သူ အတွေးလွန်သွားသည်မှာ ထင်ရှားသည်။

တာကဲဒ ရှီကာခဲသည် ယဲ့ဖန်ကို ဓားဖြင့်မထိုးချေ။

လှည့်ကြည့်လိုက်ပြီး ထိပ်ဆုံးမှ အဘိုးအို၏ ရင်ဘတ်ကို ဓားနှင့်ထိုးလိုက်သည်။

" တာကဲဒ ရှီကာခဲ မင်း ...... "

ထိုအဘိုးအို၏ မျက်နှာသည် မယုံနိုင်ခြင်းများဖြင့် ပြည့်နှက်နေသည်။

တုန်ရီနေသောလက်ကို မြှောက်လိုက်ပြီး သူ့အဝတ်အစားများကို ဖမ်းကိုင်လိုက်သည် ။

" ကျွန်တော့်ကို အပြစ်မတင်နဲ့ ခင်ဗျားတို့က ကျွန်တော့်ကို ဒီလိုဖြစ်အောင် တွန်းအားပေးနေတာ "

တာကဲဒ ရှီကာခဲသည် သူ့လက်ထဲက ဓားတိုကို လိမ်လိုက်သည်။

" အား ......... "

အဘိုးအိုသည် အော်ဟစ်ပြီး မြေပြင်ပေါ်၌ လဲကျသေဆုံးသွားသည်။

မျက်လုံးပင် မမှိတ်ချေ။

မသေဆုံးမီတွင် အများသောအားဖြင့် ရိုသေလေးစားတတ်သော တာကဲဒ ရှီကာခဲသည် ဘာကြောင့် သူ့ကို ရုတ်တရက် သတ်ပစ်သည်ကို သူ နားမလည်ခဲ့ပေ။

အခြား ရာမာဂူချီ-ဂူမီဂိုဏ်းမှ ခေါင်းဆောင်များပင်လျှင် ထိုသည်ကို နားမလည်နိုင်ပေ။ တာကဲဒ ရှီကာခဲနှင့် သွေးများရွှဲနေသေးသည့် သူ့လက်ထဲမှ ဓားမြှောင်ကို စိုက်ကြည့်ရင်း သူတို့ တုံ့ပြန်ရန် သတိလွတ်နေကြသည်။

အချိန်အတော်ကြာပြီးနောက် လူတိုင်း၏ ဒေါသများ ပေါက်ကွဲထွက်လာသည်။

" တာကဲဒ ရှီကာခဲ၊ မင်း ...... မင်း အကြီးအကဲ မာအဲဒါကို ဘယ်လိုလုပ် သတ်ရဲတာလဲ။ မင်း သေပြီပဲ "

" အကြီးအကဲမာအဲဒါက ငါတို့ရဲ့ ရာမာဂူချီ-ဂူမီဂိုဏ်းမှာ နှစ်ပေါင်း၅၀ကျော် ရှိခဲ့ပြီးတော့ ဥက္ကဌ၃ယောက်ကို ကူညီပေးခဲ့တာ။ မင်းကများ သူ့ကို သတ်ရဲတာလား "

" မင်းက ဒီလိုအပုတ်ကောင်တစ်ယောက်ဆိုတာ ငါ ဘာလို့မမြင်ခဲ့တာလဲ။ တောင်ကိုတက်ဖို့အတွက် မင်းက ဒီလို သားရဲတိရစ္ဆာန်ထက်ဆိုးတဲ့ အပြုအမူကို လုပ်ရဲသေးတယ် "

" တာကဲဒ ရှီကာခဲ၊ မင်းက လူမဟုတ်ဘူး ..... "

အားလုံးသည် မျက်လုံးများ ပြူးကျယ်လျက် တာကဲဒ ရှီကာခဲကို စိုက်ကြည့်နေကြသည်။

အကယ်၍ အကြည့်ဖြင့်သာ သတ်နိုင်ခဲ့ပါက တာကဲဒ ရှီကာခဲသည် ယခုအချိန် အပိုင်းပိုင်း ဖြတ်တောက်ခံရနိုင်ဖွယ် ရှိပေသည်။

တာကဲဒ ရှီကာခဲ၏ အေးစက်သော အကြည့်သည် ထိုလူအုပ်စုကို လွှမ်းခြုံသွားသည်။

" အခု ငါက ယဲ့လူကြီးမင်းရဲ့ ခွေးပဲ။ ယဲ့လူကြီးမင်းရဲ့ စကားကို နားမထောင်တဲ့သူတိုင်းကို ငါ ကိုက်သတ်မယ် "

" မယုံရင် စမ်းကြည့်လိုက် "

ယဲ့ဖန်၏ တောင်းဆိုချက်ကို သဘောတူပြီး ရာမာဂူချီ-ဂူမီဂိုဏ်း၏ ဥက္ကဌရာထူးကို လွှဲပြောင်းယူပြီးနှင့် သူသည် ယဲ့ဖန်၏ လက်အောက်သို့ လုံးဝ ကျရောက်သွားပြီဖြစ်ကြောင်းကို သူ ရှင်းလင်းစွာ သိလေသည်။

သူသည် ယဲ့ဖန်အပေါ် သူ၏သစ္စာစောင့်သိမှုကို သက်သေပြရန် အကြီးအကဲ မာအဲဒါကို သတ်ပစ်ခဲ့သည်။

အခုအချိန်တွင် သူသည် ယဲ့ဖန်စီမှ သွား၍ သွားစရာနေရာ မရှိတော့ပေ။

ထို့အပြင် အရာအားလုံးသည် ယဲ့လူကြီးမင်း၏ တွက်ချက်မှုအတွင်းရှိသည်ကို သူ ကောင်းမွန်စွာ သိသည်။

ရာမာဂူချီ-ဂူမီဂိုဏ်းထဲတွင် သူ့ထက်ပို၍ အတွေ့အကြုံများကာ လုပ်နိုင်စွမ်းရှိသူ အများကြီးရှိလေသည်။

သို့သော် ယဲ့ဖန်က သူ့ကို ဥက္ကဌအဖြစ် ရွေးချယ်ခဲ့သည်။

ထို့ကြောင့် သူသည် ရာထူးနှင့် ထိုက်တန်သည့်သူ ဖြစ်ချင်သည်။

သူသည် ဤရာထူးနှင့် မထိုက်တန်သူဟု လူအများက ယုံကြည်ကြသောကြောင့် သူသည် ယဲ့ဖန်၏ ပေါင်ကို ပို၍ ဆုပ်ကိုင်ထားရန် လိုအပ်လေသည်။

ယဲ့လူကြီးမင်းသည် ငယ်ရွယ်သော်လည်း သူ၏ နည်းစနစ်များသည် ထက်မြက်လွန်းလှသည်။

ခြေလှမ်းတိုင်းကို သပ်ရပ်စွာ တွက်ချက်ထားသည်။

ငယ်ရွယ်စွာနှင့် ဤသို့သော အောင်မြင်မှုများ ရနိုင်ခဲ့သည်မှာ အံ့သြစရာမရှိချေ။

တိုက်ဆိုင်မှုပင် မဟုတ်သည်မှာ သေချာသည်။

ရာမာဂူချီ-ဂူမီဂိုဏ်း၏ အထက်ပိုင်းခေါင်းဆောင်များသည် သူ့ကို မုန်းတီးနေကြသော်လည်း သူသည် ယဲ့ဖန်၏ ထောက်ခံမှုကို ရရှိထားသောကြောင့် သူ့ကို ဘာမှမလုပ်နိုင်ခဲ့ပေ။

သူတို့သည် အနာဂတ်တွင် လက်ရှိဥက္ကဌကို ဖြေရှင်းနိုင်မည့် အခွင့်အရေးကိုသာ စောင့်မျှော်နေနိုင်တော့သည်။

ယဲ့ဖန် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

" ဟမ်း၊ အခု နောက်ဆုံးတော့ ဥက္ကဌတစ်ယောက်လို ပီသလာပြီ။ နောက်ဆို ရာမာဂူချီ-ဂူမီဂိုဏ်းကို မင်းစီ အပ်ထားခဲ့မယ်။ ငါ့ကို စိတ်မပျက်စေနဲ့ "

တာကဲဒ ရှီကာခဲသည် ထိုစကားကို ကြားသောအခါ အလွန်ဝမ်းသာသွားသည်။

သူသည် ယဲ့လူကြီးမင်း၏ စာမေးပွဲအား အောင်မြင်သွားသည်ကို သိပြီး မြေပြင်ပေါ် ဒူးထောက်ချလိုက်သည်။

" ယဲ့လူကြီးမင်း၊ စိတ်မပူပါနဲ့။ ကျွန်တော် အခုကစပြီး လူကြီးမင်းအစား စောင့်ကြည့်ပေးပါ့မယ်။ လူကြီးမင်းအပေါ် သစ္စာဖောက်တဲ့သူရှိရင်တောင် အဲ့လူကို အရင်ဆုံး အပိုင်းပိုင်းဖြတ်ပစ်ပါ့မယ် "

ယဲ့ဖန်သည် သူ့ကို ထိုသို့ မြင်ချင်သည်မှာ မှန်သော်လည်း အမှန်တကယ် မြင်ရသည့်အခါ သူ ရွံမိသည်။

ဒီတစ်ယောက်က သူများဖိနပ်လျက်တာတော့ တကယ်တော်တာပဲ။

" လူကြီးမင်းအပေါ် ကျွန်တော့်ရဲ့သစ္စာစောင့်သိမှုက ထင်ရှားပေမယ့် ဂိုဏ်းမှာ ကျွန်တော်တစ်ယောက်တည်း ရှိနေတုန်းပါ။ ကျွန်တော့်အလုပ်တွေ ပြီးမြောက်အောင် ကူညီပေးဖို့ အရည်အချင်းရှိတဲ့ အကူတချို့ကို စေလွှတ်စေချင်ပါတယ် "

ယဲ့ဖန်၏ ခွင့်ပြုချက်ရပြီးနောက် တာကဲဒ ရှီကာခဲသည် ချက်ချင်း အကြံပေးလိုက်သည်။

အမှန်တကယ်၌ သူ ဤသို့ အကြံပြုရသည့် အကြောင်းပြချက်နှစ်ခု ရှိလေသည်။

တစ်ဖက်တွင် ရာမာဂူချီ-ဂူမီဂိုဏ်း၏ အကြီးပိုင်းအဆင့်များ၌ ကြီးမားသော ပြောင်းလဲမှုလုပ်ရန် လိုအပ်နေသည်။

ထို့အပြင် တစ်နေ့တွင် သူအိပ်နေပြီး နောက်တစ်နေ့ သန်းခေါင်ယံအချိန်၌ ခေါင်းဖြတ်ခံရနိုင်သည်။

တစ်ဖက်တွင်မူ ယဲ့ဖန်သည် ရာမာဂူချီ-ဂူမီဂိုဏ်းကို ထိန်းချုပ်ရာ၌ လွယ်ကူစေရန်လည်း ဖြစ်သည်။

" စိတ်မပူနဲ့၊ ငါမင်းကို ကူညီဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်မယ် "

သူ၏ အကြံပြုချက်သည် အမှန်တကယ် ဖြေရှင်းရန် အလွန်လွယ်ကူသည်။

သူသည် လောင်းကစားမြို့ရှိ ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီမှ အရည်အချင်းရှိသော လူအနည်းငယ်ကို စေလွှတ်ရန်သာ လိုအပ်သည်။

ရွှေစွပ်ပြုတ်လုံခြုံရေးမှ လူများသည် သစ္စာစောင့်သိပြီး ယုံကြည်စိတ်ချရကာ သူတို့၏ အင်အားသည် သံသယရှိနိုင်ဖွယ် မရှိပေ။

သူတို့သည် အရည်အချင်းအပြည့် ရှိကြသည်။

သို့သော် အဝေးမှရေသည် ရေငတ်ခြင်းကို မငြိမ်းသတ်နိုင်ပေ။

ဖုမာ ဟာရာဘူဆာကို လှည့်ကြည့်ပြီး ပြောလိုက်သည်။

" ကျွန်တော့်ကို အခြေအနေတည်ငြိမ်အောင် ခဏ ကူညီပေးဖို့ ဖုမာမျိုးနွယ်က လူနှစ်ယောက်လောက်ကို ငှားချင်ပါတယ် "

ဖုမာ ဟာရာဘူဆာသည် သူ့တောင်းဆိုချက်ကို ငြင်းဆိုရန် အကြောင်းမရှိသည်မှာ သဘာဝကျလေသည်။

သူသည် မျိုးနွယ်စု နှစ်ယောက်ကို ခေါ်ရန် လူတစ်ဦးကို ချက်ချင်း စေလွှတ်လိုက်သည်။

ထိုနှစ်ဦးလုံးသည် ယမန်နေ့က တိုက်ပွဲတွင် ပါဝင်ခဲ့ကြသော အတွင်းအားအဆင့် ကျွမ်းကျင်သူများ ဖြစ်ကြသည်။

" အခုချိန်ကစပြီး လူကြီးမင်းTakedaရဲ့ လုံခြုံရေးကို ကာကွယ်ဖို့ မင်းတို့မှာ တာဝန်ရှိတယ်။ သူ့ဆံပင်တစ်ချောင်း ဆုံးရှုံးရင်တောင် မင်းတို့ပြန်လာဖို့ မလိုတော့ဘူး "

ဖုမာ ဟာရာဘူဆာသည် မိသားစုအဖွဲ့ဝင်နှစ်ယောက်ကို ချက်ချင်း အမိန့်ပေးလိုက်သည်။

သူတို့နှစ်ယောက်သည် ချက်ချင်း အရိုအသေပေးပြီး တာကဲဒ ရှီကာခဲအနောက်ကို လျှောက်ကာလိုက်သွားသည်။

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၃၀၇ )

ယွမ် ၁ဘီလီယံ ဆုကြေး

တာကဲဒ ရှီကာခဲ အလွန်ဝမ်းသာသွားသည်။

သာမန်ကိုယ်ရံတော် အနည်းငယ်သာ ရနိုင်လျှင်ပင် သူ့အတွက် လုံလောက်သည်ဟု သူထင်ခဲ့သည်။

ယဲ့ဖန်သည် သူ့အတွက် အတွင်းအားအဆင့်ရှိ ကျွမ်းကျင်ပညာရှင် နှစ်ယောက်ကို တစ်ကြိမ်တည်းဖြင့် ပေးမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

သူသည် ရက်ရောလွန်းလှသည်။

ဤလူနှစ်ဦး၏ အကာအကွယ်ဖြင့် သူ၏ လုံခြုံရေးကို အာမခံနိုင်သည်။

" ကျေးဇူးတင်ပါတယ် ယဲ့လူကြီးမင်း။ ကျွန်တော် သေတဲ့အထိ အစွမ်းကုန် ကြိုးစားပါ့မယ် "

သူသည် ယဲ့ဖန်အား အလျင်အမြန် ဦးညွှတ်လိုက်သည်။

" ကောင်းပြီ၊ မင်း အရင်သွားလိုက်တော့။ ငါနည်းနည်းပင်ပန်းနေပြီ "

ယဲ့ဖန် တခြားဘာမှ မပြောတော့ပေ။

သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

" ယဲ့လူကြီးမင်း၊ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ ကျွန်တော် အရင်သွားပါတော့မယ် "

တာကဲဒ ရှီကာခဲ ချက်ချင်း အနောက်သို့ပြန်ဆုတ်သွားသည်။

ရာမာဂူချီ-ဂူမီဂိုဏ်းမှ ခေါင်းဆောင်များသည်လည်း မိဘများကို ဆုံးရှုံးလိုက်ရသူများကဲ့သို့ ထွက်သွားကြသည်။

ထိုအချိန်တွင် ဖုမာ ဟာရာဘူဆာသည် စိတ်လှုပ်ရှားမှုအပြည့်ရှိသော မျက်နှာဖြင့် လျှောက်လာခဲ့သည်။

" ရာမာဂူချီ-ဂူမီဂိုဏ်းက ဂျပန်မှာ အကြီးဆုံးဂိုဏ်းပါ။ ယဲ့လူကြီးမင်း သူတို့ကို လွယ်လွယ်ကူကူ နှိမ်နင်းနိုင်ခဲ့တာ တကယ် ဝမ်းသာစရာပါပဲ။ အခု လူကြီးမင်းကို ဂျပန်နိုင်ငံ မြေအောက်လူ့အဖွဲ့အစည်းရဲ့ နောက်ကွယ်က ဘုရင်အဖြစ် သတ်မှတ်နိုင်ပါပြီ "

ယဲ့ဖန်သည် ချက်ချင်းပင် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

" ဘုရင်ပဲဖြစ်ဖြစ်၊ မဖြစ်ဖြစ် ဂရုမစိုက်ပါဘူး။ သူများစီက အနိုင်ကျင့်မခံရရင် ပြီးရော "

ဖုမာ ဟာရာဘူဆာသည် သွေးအန်ထွက်မတတ် ဖြစ်သွားသညါ။

" မင်းက အခု တခြားသူကို အနိုင်မကျင့်ရင်တောင် တခြားသူတွေက ပျော်နေကြမှာ။ ဘယ်သူက မင်းကို အနိုင်ကျင့်ရဲမှာလဲ "

သူတို့နှစ်ယောက် စကားစမြည်ပြောနေကြစဉ် ယဲ့ဖန်၏ဖုန်းမှ အကြောင်းကြားစာတစ်ခု ရုတ်တရက် ရရှိခဲ့သည်။

ဘဏ်မှ အကြောင်းကြားစာဖြစ်သည်။

ယဲ့ဖန် မြင်လိုက်သောအခါ ထူးဆန်းသောအမူအရာတစ်ခု သူ့မျက်နှာပေါ်တွင် ချက်ချင်း ပေါ်လာသည်။

ဖုမာ ဟာရာဘူဆာသည် ချက်ချင်းပင် စူးစမ်းကာ ကြည့်လိုက်သည်။

" ဘာဖြစ်လို့လဲ၊ ဘာဖြစ်တာလဲ "

ယဲ့ဖန် သူ့ကို စာပြလိုက်သည်။

" တစ်ယောက်ယောက်က ကျွန်တော့်ဘဏ်အကောင့်ထဲကို ယွမ် ၁ ဘီလီယံ လွှဲပေးလိုက်တယ် "

ဖုမာ ဟာရာဘူဆာ အံ့သြသွားသည်။

" မင်းကို ဘယ်သူလွှဲပေးတာလဲ "

ယဲ့ဖန် ခေါင်းယမ်းလိုက်သည်။

" ဘယ်သူလဲဆိုတာ သိပ်မသေချာဘူး "

ဖုမာ ဟာရာဘူဆာ ပါးစပ်မှာ တွန့်သွားသည်။

" တကယ် ဒီလောက်ကောင်းတဲ့ဟာ ရှိသေးတာလား။ ငါ့ဘဏ်ကတ်ကို ဘာလို့ ဘယ်သူကမှ ပိုက်ဆံမလွှဲတာလဲ။၁၀ယွမ်လောက်ဆိုရင်တောင် ရပါတယ် "

ယဲ့ဖန်သည် သူ့စီသို့ ၁ဘီလီယံ လွှဲပေးခဲ့သူကို ခန့်မှန်းနေချိန် ချန်းဖေးအယ်မှ အလျင်အမြန် လျှောက်လာသည်ကို တွေ့လိုက်ရသည်။

" ယဲ့ဖန်၊ ရှင် အဆင်ပြေရဲ့လား "

" ကိုယ်က မင်းကို မေးရမှာ။ မင်းလက်တွေ နာနေသေးလား "

ယဲ့ဖန်သည် သူမ၏ လက်မောင်းကို ကြည့်လိုက်သည်။

သူမသည် ယမန်နေ့က ခါဝါမိုတို၏ ထိုးနှက်မှုဒဏ်ကို ခံစားခဲ့ရပြီး သူမ၏ လက်မောင်း အနည်းငယ် ကျိုးအက်သွားခဲ့သည်။

ပြန်လာပြီးနောက် ဆေးလိမ်းထားသော်လည်း ဤမျှမြန်ဆန်စွာ ပြန်ကောင်းမလာနိုင်သေးပေ။

" အဆင်ပြေပါတယ်၊ ဒါဒဏ်ရာလေးတစ်ခုပါပဲ "

ချန်းဖေးအယ်သည် သူမ နေကောင်းကြောင်း ညွှန်ပြရင်း လက်ကို ချက်ချင်း ခါယမ်းလိုက်သည်။

" ကောင်းပြီ၊ ရှင် ဘောနပ်စ်ကို ရပြီးပြီလား "

" ဘာဘောနပ်စ်လဲ "

ယဲ့ဖန် အံ့သြသွားသည်။

" ကျွန်မ ရှင့်ကို အရင်က ကတိမပေးခဲ့ဖူးဘူးလား။ ရှင် ယုကျိုးအိုးကို ရှာဖို့ ကူညီနိုင်သရွေ့ ရှင့်ကို ယွမ် ၁ဘီလီယံ ဆုချီးမြှင့်မှာကိုလေ "

ချန်းဖေးအယ် သူ့ကို ချက်ချင်း သတိပေးလိုက်သည်။

ထိုမှသာ ယဲ့ဖန် တုံ့ပြန်လာခဲ့သည်။

" ဒါဆို အဲ့ဒီငွေတွေကို မင်းတို့ရဲ့ လုံခြုံရေးအဖွဲ့က လွှဲပေးလိုက်တာလား။ အကြောင်းပြချက်မရှိဘဲ ကိုယ့်စီ ဘာလို့ ပိုက်ဆံအများကြီးလွှဲပေးလာတာလဲလို့ တွေးနေတာ။ သူတို့က ကိုယ့်ကိုများ ထောက်ပံ့ချင်နေတာလား "

ချန်းဖေးအယ်သည် ထိုစကားကို ကြားလိုက်ရသောအခါ မကျေမနပ်ဖြစ်မိသည်။

" ကျစ်၊ ရှင့်ကိုထောက်ပံ့ဖို့ ဘယ်သူက ၁ ဘီလီယံတောင် သုံးနေမှာလဲ "

ယဲ့ဖန် ပြုံးပြလိုက်သည်။

" အဲ့တာက ကိုယ် ဘယ်လောက်ကောင်းတယ်ဆိုတာ မင်း မကြုံဖူးသေးလို့ပဲ။ မင်းကြုံပြီးရင် ဒီလိုစကားမျိုး မပြောလောက်ဘူး "

" အဟွတ်၊ အဟွတ် ...... "

ချန်းဖေးအယ်သည် သူ ဘာကိုဆိုလိုသည်အား နားမလည်မီတွင် ဖုမာ ဟာရာဘူဆာမှ ချက်ချင်း ချောင်းခြောက်ဆိုးလာသည်။

ထိုအချိန်မှသာ ယဲ့ဖန်သည် ဖုမာ ဟာရာဘူဆာနှင့် ချီဇူရူ စူဂါဝါရာသည် သူ့အနားတွင် ရှိနေဆဲဖြစ်သည်ကို သတိရလိုက်သည်။

သူ့ကိုယ်သူ ထိန်းပြီး ချန်းဖေးအယ်ကို မေးလိုက်သည်။

" ကောင်းပြီ၊ မင်း ဒဏ်ရာရထားတာကို ဘာလို့ ကောင်းကောင်းမအိပ်ဘဲ ဒီနေရာကို လာနေတာလဲ "

ထိုအချိန်မှသာ ချန်းဖေးအယ် အရေးကြီးသောကိစ္စရပ်ကို သတိရသွားခဲ့သည်။

" ကျွန်မက ယုကျိုးအိုးကို တရုတ်ပြည်ကို ချက်ချင်း ပြန်ယူလာဖို့ အထက်လူကြီးဆီက အမိန့်ရထားတယ် "

ယဲ့ဖန် အံ့သြသွားသည်။

" အဲ့လောက် အရေးတကြီးလား "

ချန်းဖေးအယ် ကူကယ်ရာမဲ့စွာ ခေါင်းညိတ်လိုက်သည်။

" အထက်အရာရှိတွေက ယုကျိုးအိုးကို အရမ်းအလေးထားကြတယ်။ ကြန့်ကြာနေရင် ပြဿနာဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် တရုတ်နိုင်ငံကို ချက်ချင်းပြန်ယူလာဖို့ အမိန့်ပေးထားတယ် "

ယဲ့ဖန် သက်ပြင်းချလိုက်သည်။

" ဒီမှာ ဖြေရှင်းစရာလေး ရှိနေသေးလို့ ကိုယ် မပြန်နိုင်လောက်သေးဘူး ........... "

ချန်းဖေးအယ် နှုတ်ခမ်းစူလိုက်သည်။

" ဘယ်သူက ရှင့်ကို ဂရုစိုက်နေလို့လဲ။ ရှင် ပြန်လာချင်တဲ့အချိန် ပြန်လာလို့ရတယ်။ ကျွန်မနဲ့ ဘာဆိုင်လို့လဲ "

ယဲ့ဖန် မတတ်နိုင်ဘဲ သူမလက်လေးကို ဆုပ်ကိုင်လိုက်သည်။

" ကိုယ် စိုးရိမ်တာက မင်းက ကိုယ့်အပေါ်ကိုအားကိုးလွန်ပြီး ထားခဲ့ရမှာကို စိတ်မကောင်းဖြစ်မှာစိုးလို့ပါ "

" အဟွတ်၊ အဟွတ် ..... "

ဖုမာ ဟာရာဘူဆာသည် သူ့ကို သတိပေးရန် ထပ်ပြီး ချောင်းဆိုးလိုက်သည်။

ယဲ့ဖန်သည် ချက်ချင်းပင် မကျေမနပ် ဖြစ်သွားသည်။

လှည့်ပြီး သူ့ကို စိုက်ကြည့်လိုက်သည်။

" ဖုမာဆန်၊ ခင်ဗျား လည်ချောင်းမကောင်းရင် ဒေါ်လေး စူဂါဝါရာက ခင်ဗျဂးအတွက် ဆေးပေးလိမ့်မယ်။ ဒီမှာ တတိယဘီး လာလုပ်မနေပါနဲ့ "

ဖုမာ ဟာရာဘူဆာ မကျေမနပ်ဖြစ်သွားသည်။

" ငါ မင်းကို မလွန်ဖို့ သတိပေးချင်တာ "

" မင်း ငါ့သမီးအပေါ်ကို သစ္စာရှိဖို့ အတင်းအကြပ် မပြောလိုပေမယ့် မင်း မြင်တဲ့မိန်းမတိုင်းကို လိုက်ထိမနေနဲ့။ မင်းက မြာပွေလွန်းတယ် "

ထို့နောက် သူ့နောက်ကျောကို လက်နှစ်ဖက် ပစ်ကာ ထွက်သွားသည်။

ချီဇူရူ စူဂါဝါရာသည်လည်း သူ့နောက်ကို အံ့သြစွာ လိုက်သွားသည်။

" ဘယ်လို ခေါင်းမာလိုက်တဲ့ လူကြီးလဲ "

ယဲ့ဖန်သည် မကျေမနပ်ဖြစ်ပြီး ချန်းဖေးအယ်ကို ပြုံးလျက် ကြည့်လိုက်သည်။

" အခု ဘယ်သူမှ ကိုယ်တို့ကို အနှောင့်အယှက် မပေးတော့ဘူးဆိုတော့ လေးလေးနက်နက် စကားပြောလို့ရပြီ "

ယဲ့ဖန်သည် သူမအား ဆိပ်ကမ်းမှ ထွက်ခွာဖို့ စီစဉ်ရန် ကံနဂါးအဖွဲ့အစည်းမှလူများကို ပြောရန် ဂိုဂူနမ်ကို သွားခိုင်းခဲ့သည်။

ယုကျိုးအိုးကဲ့သို့သော နိုင်ငံတော်ဘဏ္ဍာပစ္စည်းကို တရားဝင်လမ်းကြောင်းများမှတစ်ဆင့် ထုတ်ယူရန် မဖြစ်နိုင်ပေ။

သူတို့သည် ဤနည်းဖြင့် ဂျပန်မှ ထွက်ခွာရန်သာ အသုံးချနိုင်ခဲ့သည်။

ဂျပန်ကို ရောက်ပြီးကတည်းက သူတို့သည် ခွဲလို့ မရခဲ့ချေ။

အခု သူမသည် တရုတ်ပြည်သို့ အရင်ပြန်မည်ကို သူ တကယ်ပင် နေသားမကျဖြစ်နေသည်။

" ကောင်းပြီ၊ အရင်ဆုံး နက်နဲတဲ့စစ်ဆေးချက်ကို အဆင့်မြှင့်သင့်တယ် "

ယဲ့ဖန်သည် သူ၏ ၁၀ဘီလီယံ ရည်မှန်းချက်မှ သန်းရာဂဏန်းမျှသာ ဝေးကွာတော့သည်ကို ရုတ်တရက် သတိရလိုက်သည်။

ယခုအခါ လုံခြုံရေးအဖွဲ့မှ သူ့ကို ၁ဘီလီယံ ပေးလိုက်သည်ဖြစ်ရာ သူ၏ ၁၀ဘီလီယံ ရည်မှန်းချက်သည် အောင်မြင်စွာ ပြီးမြောက်သွားခဲ့သည်။

နက်နဲစွာ စစ်ဆေးခြင်းကို အဆင့်မြှင့်ရန် အချိန်တန်ပြီ ဖြစ်သည်။

စနစ်၏ သတိပေးချက်အရ သန်း၁၀၀သည် စကန်ဖတ်ခြင်း အကွာအဝေးကို ဆယ်မီတာအထိ ချဲ့ထွင်နိုင်ပြီး ၁၀ဘီလီယံသည် မီတာ ၁၀၀၀ အထိ ချဲ့ထွင်နိုင်သည်။

မီတာ ၁၀၀၀ အကွာအဝေးကို စကန်ဖတ်နိုင်ခြင်းဖြင့် သူသည် လမ်းလျှောက်နေသော ရတနာရှာဖွေ ရေဒါတစ်ခုနှင့် တူလာပေမည်။

ထိုအချိန်တွင် သူသည် အရာရာကို လှည့်ပတ်၍ ခိုးယူနိုင်သည်။

ရတနာအချို့ကို ရှာဖွေပြီး တိုင်းပြည်သို့ ပြန်ပို့နိုင်လိမ့်မည်။

ယခင်က ဘိုးဘေးများကိုယ်စား ဒေါသကို ဖြေဖျောက်ပေးသည်ဟုလည်း ယူဆနိုင်သည်။

သူသည် ထိုအကြောင်းကိုတွေ တွေးလေလေ စိတ်လှုပ်ရှားလာလေလေ ဖြစ်သည်။

သူ အမြန်ပင် တင်ပျဉ်ခွေထိုင်ကာ စကန်ဖတ်သည့်စနစ်သို့ နှိပ်လိုက်သည်။

[ လက်ခံသူ၊ စနစ်အဆင့်မြှင့်တင်မှုကို အပြီးသတ်လိုပါသလား။ အဆင့်မြှင့်တင်ပြီးနောက် စကန်ဖတ်ခြင်း အကွာအဝေးကို မီတာ၁၀၀၀အထိ တိုးချဲ့သွားပါမည် ]

" လက်ခံတယ် "

အတည်ပြုခလုတ်ကို နှိပ်လိုက်သည်နှင့် လျှပ်စစ်ဓာတ် ဖြတ်သွားသလိုပဲ ဦးနှောက်ထဲမှ ယာယီထုံကျင်မှုကို ခံစားလိုက်ရသည်။

ဤအခြေအနေသည် တစ်မိနစ်ကျော်ကြာ ကြာမြင့်ပြီးနောက် ရပ်တန့်သွားခဲ့သည်။

[ ဂုဏ်ယူပါတယ် လက်ခံသူ။ အတွင်းကျကျ စကန်ဖတ်ခြင်းအကွာအဝေးကို မီတာ၁၀၀၀ အထိ တိုးမြှင့်ပြီးပါပြီ ]

စနစ်၏ သတိပေးချက်ကို ယဲ့ဖန် ကြားပြီးနောက် သူ တုံ့ဆိုင်းမနေဘဲ အတွင်းကျ စကန်ဖတ်ခြင်းကို အသက်သွင်းလိုက်သည်။

ချက်ချင်းပင် ဖုမာမျိုးနွယ်စု၏ စံအိမ် ထက်ဝက်ကျော်သည် သူစကန်ဖတ်စစ်ဆေးသည့် အကွာအဝေးအတွင်း ရှိနေသည်။

အိမ်များ၊ ကားများမှစ၍ လက်ဖက်ရည်ခွက်များ၊ စားပွဲများ၊ ကုလားထိုင်များအထိ ပစ္စည်းများအားလုံးအကြောင်း အချက်အလက်များအားလုံးကို သူ့အရှေ့၌ ဖော်ပြလာသည်။

သခင်အိုကြီး ဖုမာ၏ လင်းပိုင်ရုပ်တုပင် ပါဝင်သည်။

" ဖုမာမျိုးနွယ်စုမှာ ရတနာတွေ အများကြီးရှိမယ်လို့ မမျှော်လင့်ထားဘူး "

တစ်ချိန်တည်းမှာပင် သူသည် ဖုမာမျိုးနွယ်စု၏ ရတနာပြခန်းကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။

အထဲ၌ အဖိုးမဖြတ်နိုင်သည့် ရတနာများ ရှိလေသည်။

ဖုမာမျိုးနွယ်စု၏ ရတနာဘဏ္ဍာတိုက်ထဲမှ ခိုးယူသင့်သလားဟုပင် သူ တွေးနေမိသည်။

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၃၀၈ )

ဒီနေ့ခေတ်နတ်သမီးလေးတွေက ချော့ရတာ ဒီလောက်တောင် ခက်တာလား

သို့သော် ထိုအတွေးကို ယဲ့ဖန် အလျင်အမြန် ဖယ်ရှားပစ်လိုက်သည်။

သူသည် ဖုမာမျိုးနွယ်စုနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိနေပြီ ဖြစ်သည်။

ထို့ကြောင့် သူ ထိုသို့လုပ်သည်က အလွန်ဆိုးရွားနိုင်သည်။

ဖုမာမျိုးနွယ်စု၏ ရတနာခန်းကို အမှန်တကယ် ဖောက်ဝင်ခိုးယူပါက ဖုမာ ဟာရာဘူဆာသည် ဂျပန်မှ တရုတ်နိုင်ငံအထိ တစ်လျှောက်လုံး လိုက်သတ်လိမ့်မည်ဟု ယဲ့ဖန် ထင်လေသည်။

တစ်ခုတည်းသော သနားစရာမှာ ဤနက်နဲသော စကန်ဖတ်စစ်ဆေးခြင်းလုပ်ဆောင်ချက်သည် အရာဝတ္ထုများကိုသာစကန်ဖတ်နိုင်ခြင်း ဖြစ်သည်။

လူ့ခန္ဓာကိုယ်ကို စကန်ဖတ်နိုင်ပါက ......

အကြောင်းတစ်ခုခုကြောင့် ချီဇူရူ စူဂါဝါရာ၏ ပုံရိပ်သည် သူ့စိတ်ထဲတွင် သတိပေးချက်မရှိဘဲ ပေါ်လာသည်။

ထိုသည်က ချက်ချင်း သူ့ကို ထိတ်လန့်စေသည်။

သူ့စိတ်ကို သူခိုးစိတ်ကများ စိုးမိုးသွားတာလား။

သူသည် အခြားသူ၏ ဇနီးမယားကိုပင် စတင် နှစ်သက်ပြစ်မှားကာ တွေးလိုက်မိသည်။

အား၊ ဒါက ဆိုးရွားလွန်းတာပဲ။

ဒေါ်လေး စူဂါဝါရာသည် ဖုမာ ကျန်းဝူ၏ မိထွေးဖြစ်သည်။

သူ ဘယ်လိုလုပ် ဒီလိုအတွေးဆိုးတွေ ရှိနိုင်မှာလဲ။

ဟုတ်တယ်၊ သူ သေချာပေါက် မလုပ်နိုင်ဘူး။

ယဲ့ဖန် အတွေးထဲ၌ ပြင်းထန်စွာ ရုန်းကန်နေရစဉ်မှာပင် သူ့ဖုန်းမှ ရုတ်တရက် မြည်လာသည်။

ကောက်ကိုင်ကြည့်လိုက်သည့်အခါ ရှန်းပိုင်ထျန်း ဖြစ်နေသည်ကို မြင်လိုက်ရသည်။

" ဟယ်လို၊ မမလေးရှန်း။ မင်းက ဘာလို့ ကိုယ့်ကို ရုတ်တရက် ဖုန်းဆက်ရတာလဲ "

သူ ဖုန်းကိုင်ပြီးနောက် မတတ်နိုင်ဘဲ သူမကို စနောက်လှောင်ပြောင်လိုက်သည်။

" ရှင် ...... အဆင်ပြေရဲ့လား "

ရှန်းပိုင်ထျန်း အကြောင်းပြချက်မရှိဘဲ မေးလိုက်သည်။

" တစ်ခုခုကြားထားလို့လား "

ယဲ့ဖန် စိတ်ရှုပ်သွားသည်။

အချက်အလက်ကျကျ ပြောရလျှင် ရှန်းပိုင်ထျန်းသည် သာမန်ကျောင်းသူတစ်ဦးမျှသာ ဖြစ်သည်။

မနေ့က အဖြစ်အပျက်ကို သူမ မကြားသိနိုင်ပေ။

" ဘာလဲ၊ ဘာကြားရမှာလဲ။ အိုး၊ ရှင့်ရဲ့အသံက နည်းနည်းလေး အားနည်းနေတယ်ဆိုတာတော့ ကျွန်မ ကြားတယ်။ ရှင် နေမကောင်းဘူးလား "

ရှန်းပိုင်ထျန်း စိုးရိမ်တကြီး မေးသည်။

" ကိုယ့်အသံက အားနည်းနေလို့လား။ အဲ့တာက နည်းနည်း ...... ဘာမှ သိပ်မရှိပါဘူး။ အအေးမိသွားတာ ဖြစ်နိုင်တယ် "

ယဲ့ဖန်သည် ပေါ့ပါးစွာ ဆင်ခြေပေးလိုက်သည်။

" အိုး "

ရှန်းပိုင်ထျန်း သဘောတူပြီး ရုတ်တရက် တိတ်ဆိတ်သွားသည်။

" ဘာလို့ဖုန်းဆက်တာလဲ။ တစ်ခုခုဖြစ်လို့လား"

ယဲ့ဖန်သည် သူမ ပြောစရာရှိသည်ကို ခန့်မှန်းနိုင်ကာ ချက်ချင်း မေးလိုက်သည်။

" တစ်ခုတော့ရှိတယ်။ ကျွန်မ ဥရောပကိုခဏသွားရမယ်။ နေ့ခင်းကျ ထွက်မှာ။ ရှင်နဲ့တွေ့ဖို့ အချိန်မရှိမှာကိုတောင် စိုးရိမ်ရတယ် "

ရှန်းပိုင်ထျန်းသည် အလွန်မထင်မှတ်ထားသော သတင်းတစ်ပုဒ်ကို ယူဆောင်လာခဲ့သည်။

" ဥရောပလား။ ဘာလုပ်မှာလဲ။ ဘာလို့ဒီလောက်တောင် အလျင်လိုနေတာလဲ "

ယဲ့ဖန် အံ့အားသင့်သွားကာ မေးခွန်းသုံးခုကို ချက်ချင်း မေးလိုက်သည်။

" ဘာမှမဟုတ်ပါဘူး။ ကျောင်းက ဥရောပကိုသွားပြီး လေ့လာရေး ပညာဖလှယ်တဲ့အဖွဲ့ကို ဖွဲ့လိုက်တာပါ "

ရှန်းပိုင်ထျန်းက ကျိုးကြောင်းဆီလျော်စွာ အကြောင်းပြချက်ပေးသည်။

" အရမ်းမမြန်ဘူးလား။ ကိုယ် မင်းစီကို နောက်နှစ်ရက်လောက်နေရင် လာလည်မလို့ "

" ကျွန်မလည်း ခုနကမှ ချက်ချင်းအကြောင်းကြားစာရလို့ပါ။ တကယ်တောင်းပန်ပါတယ် "

" ဟူး၊ မေ့လိုက်တော့။ ကျောင်းက စီစဉ်ပေးထားမှတော့ မင်းသွားလို့ရတယ်။ ဒါပေမယ့် မင်းရဲ့လုံခြုံရေးကို ပိုဂရုစိုက်ရမယ် "

" အင်းပါ၊ သိပါတယ် "

" နေ့လယ် လေဆိပ်ကို ကိုယ် လိုက်ပို့ရမလား "

" အာ မလိုပါဘူး။ ကျွန်မ အတန်းဖော်တွေနဲ့ သွားရမှာ။ ရှင် တကယ်လာဖို့ မလိုဘူး "

" ကိုယ်လာမှာကို ကြောက်နေတာလား။ ကိုယ် မနာလိုဖြစ်မယ့် အတန်းဖော်တွေ ပါလို့လား "

" မဟုတ်တာ ပြောနေတာတွေကို ရပ်လိုက်ပါလား။ ကျွန်မနဲ့ သွားမယ့်သူတွေက ကျောင်းသူတွေချည်းပဲ "

" ဒီလိုဖြစ်ရင် ပိုကောင်းတာပေါ့။ ယောက်ျားလေးပါရင် ကိုယ် အရမ်းဒေါသထွက်ရလိမ့်မယ် "

" ဟွန့်၊ ကျွန်မက ရှင်နဲ့မှ မဆိုင်တာ ရှင်စိတ်ဆိုးတာ ဘာလုပ်ရမှာလဲ "

" ကိုယ်စိတ်ဆိုးရင် မင်းကို ကမ္ဘာတစ်ပတ်ပတ်ပြီး ရှာရတောင် ရှာပြီး မင်းကို ရိုက်ပစ်မယ် "

" အိုက်ယား ...... ရှင် ဘာလို့ နှာဘူးတစ်ယောက်လို ဖြစ်လာရတာလဲ "

" မဟုတ်တာ မပြောနဲ့။ ကိုယ် မင်းကို နှုတ်ခမ်းကိုတောင် မနမ်းရသေးဘဲ ဘာလို့ နှာဘူးလို့ ခေါ်တာလဲ "

" မဟုတ်တာ မပြောနဲ့။ ရှင် ကျွန်မကို တစ်ခါမှ မနမ်းဖူးဘူးလို့ ပြောရဲသေးတာလား "

" ဘာလဲ၊ ဟုတ်လို့လား။ ဘယ်တုန်းကလဲ။ ဘာလို့ မမှတ်မိတာလဲ။ ကိုယ် မိန်းမတွေ အများကြီးကို နမ်းထားတော့ မေ့သွားတာ ဖြစ်နိုင်မလား "

" ရှင် ...... ယဲ့ဖန်။ လူဆိုးကြီး၊ ကျွန်မ ရှင့်ကို စိတ်ဆိုးနေတယ် "

ရှန်းပိုင်ထျန်း ဒေါသထွက်ပြီး ဖုန်းချလိုက်သည်။

ယဲ့ဖန် သူမကို တောင်းပန်လို၍ ပြန်ခေါ်လိုက်သည်။

သို့သော် အခြားတစ်ဖက်မှ ဖုန်းပိတ်ထားသည်ဟု ဆိုသည်။

သူ မတတ်နိုင်ဘဲ ခေါင်းကုတ်လိုက်သည်။

အခုခေတ် နတ်သမီးလေးတွေကို ချော့ရတာ ဒီလောက် ခက်သလား။

ဒါဟာသတစ်ခုပဲ မဟုတ်လား။

ဒါကို စိတ်ဆိုးဖို့ လိုလို့လား။

သူ ထိုအကြောင်းတွေ ပိုတွေးလေလေ စိတ်ရှုပ်လေလေ ဖြစ်သည်။

ဖုန်းကို ဖယ်လိုက်ပြီး နက်နဲသော စကန်စနစ်ကို ဆက်လက်လေ့လာနေခဲ့သည်။

ထိုသည်က ပိုစိတ်ဝင်စားစရာကောင်းသည်။

မိန်းကလေးများသည် သူ့ဘဝထိပ်ဆုံးသို့ ရောက်ရန် အရှိန်အဟုန်ကိုသာ သက်ရောက်မှုရှိမည် ဖြစ်သည်။

.............................

ကျယ်ဝန်းပြီး တောက်ပသည့် အခန်းထဲ၌ ရှန်းပိုင်ထျန်းသည် သူ့ဖုန်းကို ပိတ်လိုက်ပြီး စားပွဲပေါ် ပစ်ချလိုက်သည်။

သူမ၏ လှပသော မျက်နှာလေးသည် စိုးရိမ်စိတ်များ ပြည့်နှက်နေသည်။

အမှန်တကယ်၌ သူမသည် မနေ့က ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များအပါအဝင် ယဲ့ဖန်၏ လှုပ်ရှားမှုတိုင်းကို အာရုံစိုက်နေခဲ့သည်။

သူမသည် လူအများထက် အတွင်းဇာတ်လမ်းအကြောင်းများကိုလည်း ပိုသိသည်။

ယဲ့ဖန်သည် ယုကျိုးအိုးကို ရယူခဲ့ကြောင်း သူမ သိသည့်အပြင် ဒဏ်ရာရသွားသည်ကိုလည်း သူမ သိသည်။

သူ့ဒဏ်ရာကို စိတ်ပူ၍ ဖုန်းခေါ်လိုက်ခြင်းသာ ဖြစ်သည်။

အားအင်များ ပြည့်နှက်နေပြီး ဟာသလုပ်ချင်စိတ် ရှိသည်ကိုပင် ကြားပြီး သူမ လုံးဝ စိတ်သက်သာရာရသွားသည်။

အမှန်တကယ်၌ ဆင်ခြင်တုံတရားရှိသည့် ရှုထောင့်အရ သူမ ဤသို့ခေါ်ဆိုမှုမျိုး မလုပ်သင့်ပေ။

အနည်းဆုံး ဤအချိန်ကာလများတွင် သူနှင့် ထိတွေ့ဆက်ဆံမှုကို တတ်နိုင်သမျှ လျှော့ချရပေမည်။

တစ်ယောက်မှ သတိမထားမိစေရန်နှင့် သူမ၏ နောက်ဆက်တွဲ လုပ်ငန်းများကို ထိခိုက်မှုမရှိစေရန် ဖြစ်သည်။

တစ်ချို့အရာများကို သူ့စီမှ ခေတ္တလျှို့ဝှက်ထားသည်မှာ သူ့အတွက် ပိုကောင်းလေသည်။

စားပွဲပေါ်မှ ဓာတ်ပုံတစ်ပုံကို ကောက်ကိုင်လိုက်သည်။

သူမနှင့် ယဲ့ဖန်တို့၏ ဓာတ်ပုံတစ်ပုံ ဖြစ်ပြီး နှစ်ယောက်စလုံးသည် ချိုသာစွာ ပြုံးနေခဲ့ကြသည်။

'ယဲ့ဖန်၊ နင်ငါ့ကိုစောင့်ပေးနိုင်မလား'

ရှန်းပိုင်ထျန်းနှင့် ဖုန်းခေါ်ဆိုမှုကို အဆုံးသတ်ပြီးနောက် ယဲ့ဖန်သည် နက်နဲသောစကန်ဖတ်စစ်ဆေးမှုသို့ ပြန်သွားရန် ပြင်ဆင်နေသည်။

ထိုအချိန် ရှုမန်ထံမှ ဖုန်းလက်ခံရရှိခဲ့သည်။

သူ့ကိစ္စ ပြေလည်ပြီးဖြစ်၍ တရုတ်ပြည်သို့ ပြန်တော့မည်ဟု ပြောလေသည်။

မပြန်ခင် သူနှင့်တွေ့ရန် ချိန်းသည်။

မစဉ်းစားဘဲ သဘောတူလိုက်ပြီး မနက်ဖြန်မနက် တွေ့ဆုံရန် စီစဉ်ခဲ့သည်။

ဖုန်းချပြီး သိပ်မကြာခင်မှာပင် ရှချူးသည် သူ့ကို ဖုန်းဆက်ပြီး ယဲ့ဖန် အားမအားကို မေးလေသည်။

သူမသည် လမ်းအတူလျှောက်ရန် ခေါ်သည်။

ယဲ့ဖန် သူတို့ အချိန်းအချက် လုပ်ထားသာ်လားဟု မေးလိုက်ချင်သည်။

ပုံမှန်အချိန်များ၌ ဘယ်သူမှ သူ့ကို မခေါ်ကြသော်လည်း အခုအခါ သူ့ကို အကုန်လိုက်မေးနေကြသည်။

မနက်ဖြန်မနက် အချိန်ဇယားကို စီစဉ်ထားပြီးဖြစ်သောကြောင့် ရှချူးကို နေ့လယ်ဘက်တွင် ချိန်းလိုက်သည်။

ရှချူးမှ ဖုန်းချပြီးနောက် အချိန်အတော်ကြာ စောင့်ခဲ့သည်။

ဘယ်သူကမှ ထပ်မခေါ်တော့သည်ကို မြင်တော့ ငြိမ်းချမ်းစွာ ကိုယ်ခံအားလေ့ကျင့်ခဲ့သည်။

ယမန်နေ့က နျုံစစ်သွမ်းနှင့် တိုက်ပွဲမှ ဒဏ်ရာအချို့ရရှိခဲ့သော်လည်း သူတို့သည် အလွန်ပြင်းထန်ခြင်းမရှိပေ။

အပေါ်ယံဒဏ်ရာများသာ ဖြစ်သည်။

ချီဇူရူ စူဂါဝါရာမှ ကုသပေးပြီးနောက် သူ ပြန်လည်ကောင်းမွန်လုနီးပါး ဖြစ်လာသည်။

ယနေ့ နားပြီးပါက မနက်ဖြန် အပြင်ထွက်ပြီး ကစားနိုင်လောက်သည်။

တစ်ချိန်တည်းမှာပင် ဤနက်နဲသော စကန်ဖတ်ခြင်း၏ အကျိုးသက်ရောက်မှုကိုစမ်းသပ်ချင်ခဲ့သည်။

နောက်နေ့ မနက်၌ ပစ္စည်းများထုပ်ပိုးပြီး အခန်းထဲက ထွက်လာသည်။

အပြင်၌ အလုပ်ရှုပ်နေသည့် ဖုမာမိသားစုကလူ အများကြီးရှိနေသည်။

ယဲ့ဖန်ထွက်လာသည်ကို မြင်သောအခါ ရိုသေစွာ နှုတ်ဆက်ကြသည်။

ယခုအခါ ဖုမာမျိုးနွယ်စုမှ လူတိုင်းသည် ယဲ့လူကြီးမင်းသည် မျိုးနွယ်စု၏ ထူးခြားသော ဧည့်သည်တစ်ဦးဖြစ်ကြောင်း သိထားကြသည်။

မျိုးနွယ်စုခေါင်းဆောင်ပင် သူ့ကို အလွန်ရိုသေကြသောကြောင့် သဘာဝကျစွာဖြင့် သူ့ကို လျစ်လျူမရှုရဲကြပေ။

ထို့နောက် သူတို့၏ လေးစားသောအကြည့်များအောက်တွင် ယဲ့ဖန်သည် ဖုမာမျိုးနွယ်စု၏ ကားဂိုဒေါင်ထဲသို့ ခုန်ဝင်သွားသည်။

ဂိုဒေါင်ထဲတွင် ဇိမ်ခံကား တစ်ဒါဇင်ကျော် ရပ်နားထားသည်။

ထိုကားများသည် တရုတ်ပြည်ရှိ သူ့ကားများထက် အဆပေါင်းများစွာ နိမ့်သော်လည်ယ အလယ်အလတ်အဆင့်ဟု သတ်မှတ်နိုင်သည်။

နောက်ဆုံး၌ သူသည် အပြာရောင် Porsche 911 တစ်စီးကို ကောက်ကိုင်လိုက်ပြီး ကားသော့များကို ကားဂိုဒေါင်တံခါးရှိ ဗီရိုတစ်ခုထဲမှ ကျွမ်းကျင်စွာ ရှာတွေ့ခဲ့သည်။

သူသည် ဖုမာ မိသားစုအဖွဲ့ဝင်များကိုပင် မနှုတ်ဆက်ဘဲ မောင်းထွက်သွားခဲ့သည်။

ကားဂိတ်တာဝန်ခံများသည် ကားထွက်သွားသည်ကို စောင့်ကြည့်နေသော်လည်း မတားရဲကြပေ။

သို့သော် သူတို့ အံ့ဩသွားသည်။

ယဲ့လူကြီးမင်းက ဖုမာမိသားစုရဲ့ ကားဂိုဒေါင်နဲ့ ဘာလို့ ဒီလောက်တောင် ရင်းနှီးနေတာလဲ။

သော့ဘယ်မှာရှိမှန်းတောင် သူ သိတယ်။

မျိုးနွယ်စုခေါင်းဆောင်က သူ့ကို သားမက်တစ်ယောက်လို တကယ် ဆက်ဆံပုံပဲ။

All Chapters