အခန်း (၁၃၀၉-၁၃၁၂)
Vol. 66 Ch. 1309-1312
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၃၀၉ )
ဒီလိုဆို သူက သာမန်လူနဲ့ တူသေးတယ်
ယဲ့ဖန်သည် ရှုမန်နှင့် တွေ့ရန် ချိန်းထားသည့် နေရာသို့ Porscheကို စီးသွားရာ သူမသည် ကားလမ်းဘေးမှ စောင့်နေသည်ကို အဝေးမှ တွေ့လိုက်ရသည်။
သူမသည် ယနေ့တွင် အပြာရောင်ဂါဝန်လေးကို ဝတ်ထားကာ သူစီးလာသည့် ကားအရောင်နှင့် တူလေသည်။
သူမ၏ ခြေတံရှည်လေးနှစ်ချောင်းမှာ စိုပြေဝင်းမွတ်စင်းလျနေကာ မြင်လူတိုင်းကို ရင်ဖိုစေသည်။
" အလှလေး၊ ဘယ်သွားမလို့လဲ။ လိုက်ပို့ပေးရမလား "
သူသည် ပြိုင်ကား၏ ခေါင်မိုးကို နှိမ့်လိုက်ပြီး ရှုမန်ကို လေချွန်ခေါ်လိုက်သည်။
ရှုမန်သည် အသိစိတ်ရှိစွာ သူ့ကို ငြင်းလိုက်ချင်သည်။
သို့သော် အသံက သူမအတွက် အလွန်လေးရင်းနှီးလှသည်။
သူမ လှည့်ကြည့်လိုက်ရာ ယဲ့ဖန်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
" ကောင်းပြီလေ၊ နင်ကများ ငါ့ကို စရဲသေးတာလား "
သူမ ဒေါသတကြီး လျှောက်လာပြီး ယဲ့ဖန် နားရွက်ကို ညှစ်လိုက်သည်။
ယဲ့ဖန် သူမလက်ကို အမြန်ဆွဲလိုက်သည်။
" လူတွေကြားမှာ အစ်မရဲ့ပုံရိပ်ကို ပိုဂရုစိုက်ပါဦးလား "
ရှုမန်သည် အရှုံးမပေးချင်သေး။
" ကိုယ့်မောင်လေးကို သင်ခန်းစာပေးနေတာ။ ဘယ်လိုပုံရိပ်ကို အာရုံစိုက်နေရမှာလဲ "
ယဲ့ဖန် အနည်းငယ် စိတ်မချမ်းမသာ ဖြစ်သွားသည်။
" မဟုတ်တာ မပြောလို့မရဘူးလား။ ဘယ်သူက မင်း မောင်လေးလဲ "
ရှုမန်သည် နောက်ဆုံးတွင် ရုန်းကန်ျေမှုကို ရပ်လိုက်ပြီး ဒေါသတကြီး သူ့ကို ကြည့်လိုက်သည်။
" နင်က ငါ့မောင်လေးမဟုတ်ဘူးလား။ အစ်ကိုကြီး ဖြစ်ချင်သေးတာလား "
" ဟုတ်တယ် ကိုကိုလို့ လာခေါ် "
ယဲ့ဖန်သည် အမှန်၌ ဒယ်ဒီဟုခေါ်ရန် ပြောချင်ခဲ့တာ ဖြစ်သည်။
သို့သော် ဤမိန်းမလေးသည် သူ့ကို အသေသတ်ပစ်လိုက်မည်အား ကြောက်သည့်အတွက် ဒုတိယ အကောင်းဆုံး ရွေးချယ်မှုဖြင့်သာ ဖြေရှင်းခဲ့သည်။
ထိုသည်ကိုပင် ဥက္ကဌရှုကဒေါသထွက်နေဆဲဖြစ်သည်။
" အရူးလေး၊ နင်က ပိုပိုပြီး မရိုမသေဖြစ်လာတာပဲ။ ငါ နင့်ကို သင်ခန်းစာပေးမှ ရမယ် "
သူမသည် စကားပြောရင်းနှင့် ထိုကောင်လေးကို သင်ခန်းစာပေးလိုက်ချင်သည်။
" လာ မြန်မြန်လာ၊ ဒီကို လာခဲ့ "
ယဲ့ဖန်သည် သူမအား ဤမျှ ဆိုးသွမ်းနေသည်ကို မည်ကဲ့သို့ ခွင့်ပြုနိုင်မည်နည်း။
နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်ကို ပွေ့ဖက်ကာ ကားပေါ်သို့ ဆွဲတင်လိုက်သည်။
" အား ...... "
ရှုမန် အံ့အားသင့်စွာအော်လိုက်ပြီး ရှေ့ခရီးသည် ထိုင်ခုံဆီသို့ ရောက်သွားသည်။
ထို့နောက် နီရဲသော မျက်နှာဖြင့် သူ့ကို စိုက်ကြည့်သည်။
ယဲ့ဖန် မကြောက်မရွံ့ ပြုံးလိုက်သည်။
သူမခန္ဓာကိုယ်၏ နူးညံ့သိမ်မွေ့မှုကိုလည်း သူ သတိရမိသည်။
ရှုမန် ဒေါသအလွန်ထွက်ပြီး သူ့ကို ရိုက်လိုက်ချင်သည်။
သို့သော် ယဲ့ဖန် သူမကို နောက်တစ်ကြိမ် အခွင့်ကောင်းယူမည်အား သူမ ကြောက်သည့်အတွက် ဒေါသတကြီး မပြုမူရဲပေ။
လမ်းသွားလမ်းလာများသည် သူတို့နှစ်ယောက် စနောက်နေသည့် မြင်ကွင်းကို ကြည့်ပြီး မနာလိုအားကျခြင်းများနှင့် ပြည့်နေတော့သည်။
သို့သော် ယဲ့ဖန်၏ကားကို မြင်သောအခါ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ကြသည်။
သူတို့သည် ကျိန်ဆဲရုံသာ တတ်နိုင်သည်။
" ချမ်းသာတော့ ဘာလုပ်ရမှာလဲ "
.........
" သေချာထိုင် "
ယဲ့ဖန်သည် လှည့်ပြီး ရှုမန်၏ ထိုင်ခုံခါးပတ်ကို ပတ်ပေးပြီးနောက် ပြိုင်ကားကို စတင်နှိုးခဲ့သည်။
Porscheကားသည် လေဟုန်ကို ဖြတ်ကျော်ကာ လူတိုင်း၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။
နာရီဝက်လောက် ကြာပြီးနောက် သူတို့နှစ်ယောက် ဖူဂျီတောင်ခြေသို့ ရောက်သွားသည်။
မနက်အစောသာ ရှိသေးသော်လည်း ထိုနေရာ၌ ခရီးသွားများ အများကြီးရှိနေပြီ ဖြစ်သည်။
ယဲ့ဖန်သည် တောင်ခြေရင်းတွင် ကားကိုရပ်လိုက်ပြီး ရှုမန်နှင့်အတူ တောင်ပေါ်လမ်းလျှောက်တက်ရန် ပြင်ဆင်လိုက်သည်။
" ဒါဆို ဒါက ဖူဂျီတောင်လား။ ပုံထဲကလောက်တော့ ကြည့်ကောင်းတာတော့ မဟုတ်ဘူး "
ရှုမန်သည် သူမရှေ့မှ ဖူဂျီတောင်ကို လှမ်းကြည့်ကာ သူမ၏မျက်နှာပေါ်ရှိ စိတ်ပျက်မှုကို ဖုံးကွယ်မထားနိုင်ပေ။
" ပုံတွေက ပြင်လို့ရတယ် "
ယဲ့ဖန် နောက်ပြောင်လိုက်သည်။
သူမ စိတ်ပျက်မိကြောင်းပြောသော်လည်း ရှုမန်သည် သူမ၏ဖုန်းကို ထုတ်ကာ အမှတ်တရအဖြစ် ဓာတ်ပုံရိုက်နေဆဲဖြစ်သည်။
တခါတရံ သူမသည် ယဲ့ဖန်ကို ဓာတ်ပုံရိုက်ရန် အကူအညီတောင်းသည်။
သို့သော်လည်း ယဲ့ဖန်သည် ဓာတ်ပုံရိုက်ခြင်းဆိုင်ရာ ကျွမ်းကျင်မှုသည် ထိုမျှလောက် မကောင်းမွန်ခဲ့ပေ။
မမလေးရှုမှာ အလွန်ဒေါသထွက်ပြီး သူ့ကို ထပ်ရိုက်ချင်လာတော့သည်။
သို့သော် သူမ စိတ်ထဲမှ ရယ်ချင်မိသည်။
ဤကောင်လေးသည် အမြဲပင် အစွမ်းထက်နေသူဖြစ်သော်လည်း အခုနောက်ဆုံး၌ သူ၏ အားနည်းချက်ကို ရှာတွေ့ခဲ့သည်။
ဤနည်းဖြင့် သူသည် သာမန်လူသားတစ်ဦးကဲ့သို့ ထင်ရစေသည်။
" ယဲ့ဖန်၊ ငါအရမ်းပင်ပန်းနေပြီ။ ငါတို့ ဘာလုပ်သင့်တယ် ထင်လဲ "
သူတို့နှစ်ယောက် တောင်ပေါ်သို့ တက်လာသည်မှာ အတော်ကြာပြီဖြစ်သည်။
တောင်ပေါ်သို့ ဆက်တက်ရမည့်လမ်း ရှိသေးသော်လည်း ရှုမန် ဆက်၍မထိန်းနိုင်တော့ပေ။
သူမသည် ကျောက်တုံးတစ်တုံးကို ရှာပြီး အနားယူရန် ထိုင်လိုက်သည်။
" နည်းနည်းလေးပဲ တက်ရသေးတာကို ဆက်မထိန်းနိုင်တော့ဘူးလား "
ယဲ့ဖန် သူမကို ရပ်ပြီး စောင့်ရုံသာ တတ်နိုင်တော့သည်။
ရှုမန်၏ လှပသော မျက်နှာသည် ရှုံ့မဲ့သွားသည်။
" ငါ ဒေါက်မြင့်ဖိနပ်စီးလာတာလေ။ ငါတို့တောင်တက်မယ်ဆိုတာ သိခဲ့ရင် တောင်တက်ဖိနပ် အရံ ယူလာမှာပေါ့ "
ယဲ့ဖန်သည် သူမ၏ ဒေါက်မြင့်ဖိနပ်အား ကြည့်ပြီး ခေါင်းယမ်းကာ ခါးသက်စွာ ပြုံးလိုက်သည်။
" တကယ်နားမလည်ဘူး။ မိန်းကလေးတွေ ဘာလို့ ဒီလိုဝတ်ကြတာလဲ။ ဒါက ဒုက္ခတောင်းနေတာပဲ မဟုတ်ဘူးလား "
ယဲ့ဖန်သည် ပြောသည့်အတိုင်း လျှောက်သွားကာ ထိုင်ချလိုက်သည်။
သူသည် သူမ၏ ဒေါက်မြင့်ဖိနပ်တစ်ဖက်ကို ချွတ်ကာ သွယ်လျသော ခြေဖဝါးကို ဆုပ်ကိုင်ထားသည်။
" အား၊ နင်ဘာလုပ်နေတာလဲ "
ရှုမန် ချက်ချင်း အော်လိုက်ပြီး သူမမျက်နှာမှာ အနည်းငယ်တုန်ယင်သွားသည်။
" မလှုပ်နဲ့ "
ယဲ့ဖန်သည် ချက်ချင်းပင် သူမကို မျက်နှာတည်တည်ဖြင့် ကြိမ်းမောင်းကာ ခြေထောက်ကို စတင်နှိပ်နယ်လိုက်သည်။
" အင်း ....... "
ရှုမန်သည် မူလက သူ့ကို တွန်းဖယ်ချင်သော်လည်း ချက်ချင်းပင် ခြေဖဝါးများ ထုံကျင်လာသည်။
သူမ မထိန်းနိုင်ဘဲ နူးညံ့စွာ ညည်းလိုက်ပြီး ပါးစပ်ကို အမြန်ပိတ်လိုက်သည်။
သူမ၏ ကြည်လင်ပြတ်သားသော မျက်နှာသည် နားရွက်များအထိ နီရဲနေပြီဖြစ်သည်။
" အဆင်ပြေရဲ့လား "
ယဲ့ဖန်သည် သူမ၏ ချစ်စဖွယ် အသွင်အပြင်ကို ကြည့်ကာ မနေနိုင်ဘဲ နတ်ဆိုးဆန်စွာ ပြုံးလိုက်သည်။
" အိုး ..... ရပ်လိုက်တော့ .... ထပ် မဖိပါနဲ့ မနှိပ်နဲ့တော့ ..... "
ရှုမန်၏ လက်များက သူ့ပုခုံးများကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး သူမ၏ နူးညံ့သော ခန္ဓာကိုယ်သည် အဆက်မပြတ် တုန်လှုပ်လာသည်။
" ဒါက အစ်မရဲ့ ပင်ပန်းနွမ်းနယ်မှုကို သက်သာရာရစေမယ့် တစ်ခုတည်းသော နည်းလမ်းပဲ။ အဲ့တာကို နည်းနည်းကြာအောင် သည်းခံလိုက် "
ယဲ့ဖန် မရပ်ဘဲ သူ့ခွန်အားကိုပင် တိုးနှိပ်လိုက်သည်။
" အ ..... အား ...... "
ရှုမန်၏ အော်သံမှာ ပိုကျယ်လာသည်။
သူမ ပါးစပ်ကို အမြန်ပိတ်ပြီး လက်ချောင်းများကို ကိုက်ကာ အသံမထွက်အောင် အတတ်နိုင်ဆုံး ကြိုးစားနေသည်။
သူမ ရှက်လွန်း၍ သေချင်နေပြီ ဖြစ်သည်။
ခရီးသွားများက ဖြတ်သွားကြသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရချိန် အမျိုးသမီး ခရီးသွားများ၏ မျက်လုံးများ၌ အားကျမှုများနှင့် ပြည့်နှက်နေပြီး အမျိုးသား ခရီးသွားများမှာတော့ မနာလိုအကြည့်များနှင့် ကြည့်သွားသည်။
" ယောက်ျား၊ တခြားသူတွေရဲ့ ယောက်ျားတွေကို ကြည့်ပါဦး "
အမျိုးသမီး ခရီးသွားတစ်ဦးသည် သူမ၏ အမျိုးသားအဖော်ကို မထိန်းနိုင်တော့ဘဲ ဆူငေါက်လိုက်သည်။
" သွားရအောင်၊ သူ့ကို သနားစရာ မလိုဘူး "
ခရီးသွားအမျိုးသားသည် မုန်းတီးနေသည့် လေသံနှင့် ပြောလိုက်သည်။
အခြားအမျိုးသမီးခရီးသွားတစ်ဦးကလည်း ခင်ပွန်းဖြစ်သူကို ငြူစူခဲ့သည်။
" သူ့ယောက်ျားကို ကြည့်ပါဦး။ ဇနီးသည်ရဲ့ခြေဖဝါးကို နှိပ်နယ်ပေးနေတာ။ ရှင်ကရော ဘယ်လိုသင်ယူရမယ်မှန်း မသိဘူးလား "
ယောက်ျားဖြစ်သူက သူမကို အထင်အမြင်သေးစွာ ကြည့်လိုက်သည်။
" မင်းက သူ့မိန်းမလို လှတယ်ဆိုရင် မင်းခြေထောက်ကို နှိပ်ပေးရုံမကဘူး ငါ နမ်းတောင် နမ်းပေးမယ် "
" ရှင်ကများ ကျွန်မကို ဒီလိုပြောရဲသေးတာလား "
" မဟုတ်ပါဘူး၊ ကိုယ်က ဥပမာတစ်ခု ပြောပြတာ "
" ဒီမိန်းကလေးက မလှဘူးဆိုရင် ဒီကောင်လေးက သူ့ကို ဒီလောက်ဂရုစိုက်မှာတဲ့လား "
" သူမက မလှပရင် အချစ်နဲ့ မထိုက်တန်ဘူးလား။ ကျွန်မမှာ သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူမက ရုပ်ဆိုးပေမဲ့ ချမ်းသာတဲ့ ဒုတိယမျိုးဆက် အမွေဆက်ခံသူနဲ့ လက်ထပ်ထားတာ။ သူ့ယောက်ျားက သူမကို မွေးနေ့မှာ ရွက်လှေတစ်စင်းတောင် ပေးခဲ့သေးတယ် ...... "
" အဲ့လောက် ချမ်းသာတဲ့ ဒုတိယမျိုးဆက် အမွေဆက်ခံသူက ဘယ်လောက်တောင် မျက်စိကန်းနေလို့လဲ "
" ဟားဟား၊ ကိုယ်ကတော့ မင်းအတွက် တကယ် မျက်စိကန်းခဲ့တဲ့သူပဲ "
ထိုခရီးသည်များ၏ စကားဝိုင်းသည် ယဲ့ဖန်၏ နားထဲသို့ တိုးဝင်လာသည်။
ယဲ့ဖန်သည် ဂရုမစိုက်သော်လည်း ဥက္ကဌရှုမှာ အတော်ပင် ရှက်နေတော့သည်။
အထူးသဖြင့် သူတို့နှစ်ယောက်အား လင်မယားအဖြစ် သူများတွေ အထင်လွဲနေကြသည်ကို ကြားလိုက်ပြီး စိတ်ထဲမှ ထူးဆန်းသည့် ခံစားချက်တစ်ခု ရလိုက်သည်။
သို့သော် သူမသည် ရွံရှာခြင်း မရှိပေ။
အမှန်တကယ်၌ သူမသည် ပျော်ရွှင်နေသည့်အရိပ်အမြွက်ပင် ခံစားခဲ့ရသည်။
ထိုတွေ့ရှိမှုက သူမကို ထိတ်လန့်စေသည်။
ယဲ့ဖန်ကို သူမ မကြည့်ရဲတော့ပေ။
ယဲ့ဖန်သည် သူမကို အခြားခြေထောက်တစ်ဖက်ကိုပါ ကူညီနှိပ်ပေးခဲ့ပြီးနောက် သူမဘက်ကို နောက်ကျောပေးလိုက်သည်။
" လာ၊ ကျွန်တော် အစ်မကို ကုန်းပိုးပေးမယ် "
ရှုမန်သည် သူ့ကျောပြင်ကျယ်ကို ကြည့်ပြီး တုံ့ဆိုင်းသွားသည်။
" မလိုဘူး ဟုတ်တယ်မလား။ တောင်ပေါ်တက်တာတောင် အရမ်းပင်ပန်းနေပြီ။ တခြားလူကို သယ်ရတာ ပိုပင်ပန်းလိမ့်မယ် "
" အဆင်ပြေပါတယ်။ ခဏလောက် သည်းခံလိုက်မယ်။ ပင်ပန်းရင် မြန်မြန်ချပေးမယ် "
ယဲ့ဖန် ချက်ချင်း တိုက်တွန်းလိုက်သည်။
ရှုမန်သည် အားကိုးရာမဲ့နေခဲ့သည်။
သူမ ပြန်ပြောလေသည်။
" ငါက အရမ်းလေးတယ်။ နင် စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားရမယ် "
ထို့နောက် သူမ ယဲ့ဖန် နောက်ကျောပေါ်သို့ တက်လာသည်။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၃၁၀ )
နားလည်မှုလွဲတာပါ၊ တကယ် နားလည်မှုလွဲတာပါ
" အိုက်ယား၊ လေးလိုက်တာ ..... "
ရှုမန်၏ နူးညံ့လှသော ခန္ဓာကိုယ်လေးသည် ယဲ့ဖန်၏ ကျောသို့မှီလိုက်သောအခါ သူသည် လဲကျတော့မည့်ပုံစံဖြင့် ချက်ချင်း အော်လိုက်သည်။
" အား .... "
ရှုမန်လည်း ချက်ချင်းအော်လိုက်ကာ သူမ၏မျက်နှာသည် ဖြူဖျော့သွားတော့သည်။
သို့သော် ယဲ့ဖန်သည် ချက်ချင်း သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်ပြီး ရယ်ရန်လည်း မမေ့ပေ။
" ကျွန်တော်က အစ်မကို စနေတာ "
ရှုမန်သည် စနောက်ခံနေရသည်ကို သိပြီးနောက် ရှက်ရွံ့မှုကြောင့် ဒေါသဖြစ်ပြီး သူ့လက်မောင်းကို ဆွဲဆိတ်လိုက်သည်။
" ဟွန့်၊ ရှောင်ဖန်စုတ်၊ နင် ကိုယ့်အစ်မကိုယ် အနိုင်ကျင့်ဖို့ပဲ သိတာလားဟမ် "
ယဲ့ဖန်သည် သူမကို သယ်လျက် တောင်ပေါ်သို့ ဆက်တက်နေဆဲဖြစ်သည်။
" ကျွန်တော်က အစ်မကို ဝေဖန်ချင်တာမဟုတ်ပေမဲ့ အစ်မက ပေါ့လွန်းတယ်။ ပေါ့လွန်းပြီး အားနည်းလွန်းလို့ လေတိုက်ရင်တောင် လွင့်သွားနိုင်တဲ့ လူစားမျိုးပဲ "
" ဘာမှ လုပ်စရာမရှိရင် များများစားသင့်တယ်။ ဝိတ်ချဖို့ပဲ လုပ်မနေနဲ့ "
ရှုမန်၏ ခေါင်းလေးသည် ဗုံကဲ့သို့ ခါယမ်းသွားသည်။
" ဒါကတော့ ဘယ်လိုလုပ် တတ်နိုင်မှာလဲ။ ငါအရင်က ပေါင် ၁၀၀တောင်ရှိတာ အရမ်းကြောက်လို့ နောက်ထပ် အများကြီး မစားရဲတော့ဘူး "
ယဲ့ဖန်သည် စကားမပြောနိုင် ဖြစ်သွားရသည်။
ရှုမန်သည် အရပ် ၁.၇ မီတာကျော်ရှိသည်။
ကိုယ်အလေးချိန် ပေါင်တစ်ရာရှိခြင်းသည် ပုံမှန်ဖြစ်သည်။
" ဘာဖြစ်လို့လဲ။ ဝတာကို ပိုကြိုက်တာလား "
ဥက္ကဌရှုက ရုတ်တရက် မေးလိုက်သည်။
" ဟုတ်တယ်၊ နည်းနည်းလေး ပိုဝတာပေါ့။ အဲ့လိုဆို ထိတွေ့ရတာ ပိုကောင်းတယ် "
ယဲ့ဖန် ရိုးသားစွာ ဖြေလိုက်သည်။
" အင်း၊ ဒါဆို ငါ ကိုယ်အလေးချိန် တက်အောင်လုပ်နိုင်တယ် "
ရှုမန် စဉ်းစားရင်းနှင့် ရေရွတ်လိုက်သည်။
" ဟုတ်တယ်။ နည်းနည်း ပိုပြည့်လာရင် ထိတွေ့ဖို့ ပိုကောင်းလာလိမ့်မယ် "
ယဲ့ဖန် နတ်ဆိုးဆန်သော အပြုံးကို ထုတ်ပြုံးလိုက်သည်။
ရှုမန်သည် ချက်ချင်းပင် တုံ့ပြန်လိုက်ပြီး နားရွက်ကို ဆွဲလိုက်သည်။
" Xiao Fengစုတ်၊ ကိုယ့်အစ်မကို ဘယ်လိုတောင် လှည့်စားရဲတာလဲ။ ဘယ်သူက ... ဘယ်သူက နင့်ကို ထိခိုင်းနေလို့လဲ "
ယဲ့ဖန် ချက်ချင်း ပြန်ပြောသည်။
" ဝတာက နည်းနည်းပိုကောင်းတယ်။ ထိလို့လည်း ကောင်းတယ်လို့ပြောတော့ အစ်မပဲ ဝိတ်တင်မယ်ဆို။ အဲ့တာက ကျွန်တော့်ကို ထိဖို့ တိတ်တဆိတ် သဘောတူလိုက်တာပဲ မဟုတ်ဘူးလား "
ရှုမန်၏ ပါးစပ်သည် ကျယ်လောင်စွာ ပွင့်သွားသည်။
ခဏတာ သူမ ငြင်းရန် အကြောင်းပြချက် ရှာမတွေ့ခဲ့ပေ။
ထိုအချိန်က သူမသည် ပေါ့ပါးစွာ ပြောလိုက်ခြင်းသာဖြစ်ပြီး အများကြီး မတွေးခဲ့ပေ။
ယခု သူမ စဉ်းစားမိသည့်အခါ အနည်းငယ် အဆင်မပြေပုံပေါ်သည်။
သူမက ယဲ့ဖန် ထိဖို့အတွက်နဲ့ ကိုယ်အလေးချိန်ကို ဘာလို့ တိုးဖို့ ကြိုးစားရမှာလဲ။
" ငါ ...... ငါ "
သူမသည် ယခုအချိန်တွင် ပြောစရာ စကားလုံးများ တကယ်ပင် ပျောက်နေပုံရသည်။
" ရှင်းပြစရာမလိုပါဘူး။ နားလည်ပါတယ် "
ယဲ့ဖန် သူမကို ပင့်ရန် သူ့လက်ကိုသုံးကာ သူမကို မြှောက်လိုက်သည် ။
" အား၊ ညစ်ပတ်တဲ့ ရှောင်ဖန်။ နင် ငါ့ကို တကယ်ထိနေတာလား "
" အိုး ...... နားလည်မှုလွဲတာပါ။ ဒါက တကယ် နားလည်မှုလွဲတာပါ "
" ဖယ် ..... ငါ .... ငါဟာငါ ငါတစ်ယောက်တည်း ဆင်းပြီး လမ်းလျှောက်မယ် "
" အဲ့လိုလုပ်လို့ မဖြစ်ဘူး။ ကျွန်တော် စွဲလမ်းနေပြီ "
" ငါ့ကို မြန်မြန် အောက်ချပေး။ မဟုတ်ရင် ငါ စိတ်ဆိုးရလိမ့်မယ် "
" နောက်ကျသွားပြီ။ အစ်မက ကျွန်တော့်ရဲ့ ပင်လယ်ဓားပြသင်္ဘောပေါ်ကို ရောက်နေပြီဆိုတော့ ဆင်းဖို့ဆိုတာ သိပ်လွယ်မှာ မဟုတ်ဘူး "
ယဲ့ဖန်သည် ထိုသို့ပြောပြီး လျင်မြန်စွာ အရှိန်တင်ပြေးလိုက်ရာ မမလေးရှုသည် ကြောက်၍ အော်ဟစ်နေတော့သည်။
လမ်းပေါ်ရှိ ခရီးသွားများသည် သူတို့ နှစ်ယောက်ကို မနာလိုစွာ ကြည့်နေကြသည်။
အဲ့တာကို romanticဆန်တာလို့ ခေါ်တယ်။
ယဲ့ဖန်သည် ရှုမန်ကို ထမ်းပြီးနောက် ပြန်ချပေးကာ မရပ်နိုင်တော့ဘဲ တွားသွားလိုက်သည်။
သူ အမှန်၌ မပင်ပန်းချေ။
တကယ် သူမသည် အလွန်ပေါ့ပါးလှသည်။
သူ့နောက်ကျော၌ ဘာမှမရှိသလိုသာ ဖြစ်သည်။
အဓိမှာ ထိုမိန်းကလေး၏ နားပူနားဆာလာပ်ခြင်းကို မခံနိုင်တာ ဖြစ်သည်။
ဆူညံလွန်းလှသည်။
" ဟမ်၊ လူယုတ်မာလေး။ ငါ့ကို စရဲသေးတာလား "
ရှုဥက္ကဌသည် ထိုသည်ကို သဘောမပေါက်ရုံသာမကဘဲ ဒေါသတကြီး စိုက်ကြည့်နေသည်။
အထူးသဖြင့် ယဲ့ဖန် သူမတင်ပါးကို ပင့်တင်လိုက်သည်ကို တွေးမိကာ ပုန်းရန်ပင် နေရာရှာချင်မိသည်။
ရှက်စရာကောင်းလွန်းလှသည်။
" အစ်မ၊ ကျွန်တော် နည်းနည်း ရေငတ်တယ်။ ရေတစ်ပုလင်းလောက် ဝယ်ပေးနိုင်မလား "
ယဲ့ဖန် ခြောက်သွေ့နေသော နှုတ်ခမ်းကို သပ်လိုက်သည်။
သူ ရှုမန်ကို အကြံပေးလေသည်။
" နင်ကိုယ်တိုင် မဝယ်နိုင်ဘူးလား "
ရှုမန် မကျေမနပ်နှင့် ပြန်ဖြေလေသည်။
" ကျွန်တော် အစ်မကို ကျောပေါ်တင်ပြီး သွားနေတာ တော်တော်ကြာနေပြီ။ တကယ် လမ်းမလျှောက်နိုင်တော့ဘူး။ ကျေးဇူးပြုပြီး ကူညီပေးပါ "
ယဲ့ဖန်သည် အပြစ်ကင်းသော အမူအရာကို ထုတ်ဖော်လိုက်သည်။
" ဟမ်၊ နင့်ဘာသာ သယ်တာလေ။ ငါ သယ်ခိုင်းတာ မဟုတ်ပါဘူး "
ရှုမန် ထိုသို့ ပြောလိုက်သော်လည်း သူမဟာ ရေဝယ်ရန် လှည့်ကြည့်လိုက်သည်။
ကံကောင်းစွာဖြင့် မနီးမဝေး၌ စူပါမားကတ်အသေးလေးတစ်ခု ရှိနေသည်။
အသွားအပြန် မိနစ်အနည်းငယ်သာ ကြာသည်။
ယဲ့ဖန်သည် ရေဝယ်သည်ကို စောင့်လျက် ဖူဂျီတောင်၏ ရှုခင်းကို ကြည့်နေသည်။
အမှန်တကယ်၌ ဖူဂျီတောင်သည် ရှုမန် ပြောခဲ့သလို မဆိုးလှပေ။
အမှန်တကယ်၌ ဤသည်မှာ ဂျပန်နိုင်ငံ၏ အထင်ကရ သင်္ကေတများထဲမှ တစ်ခုဖြစ်ပြီး ဂျပန်လူမျိုးများက ထိုနေရာကို တန်ဖိုးထားကြသည်။
လိုအပ်ချက်မျိုးစုံ ရရှိနိုင်ပြီး လမ်းသည်လည်း အလွန်သန့်ရှင်းသပ်ရပ်သောကြောင့် လူများအတွက် အလွန်သက်တောင့်သက်သာရှိစေသည်။
" ကျွန်တော်တို့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်မှ ကြိုဆိုပါတယ်။ ကျွန်တော်က အီစီကလီလုပ်တဲ့ ဆရာကြီး အာကာကီ ခါဇူရာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဆောင်ပုဒ်က 'အဆုံးမရှိတဲ့လမ်း ရှိနိုင်ပေမဲ့ ငါတို့ အီစီကလီ မလုပ်နဲ့တဲ့ မိန်းကလေးမရှိဘူး'ပဲ ဖြစ်ပါတယ်။ ဒီနေ့လည်း ကောင်မလေးတွေနဲ့ အီစီကလီလုပ်မယ့် ခရီးကို စလိုက်ရအောင် ..... "
ယဲ့ဖန်သည် ရှုခင်းကို ကြည့်နေချိန်တွင် သူ့နောက်မှ ပေါ့ပါးသော အသံတစ်ခု ထွက်ပေါ်လာသည်။
သူ လှည့်ကြည့်လိုက်သည့်အခါ အသက်နှစ်ဆယ်ကျော်အရွယ် အမျိုးသားတစ်ဦး ဆယ်လ်ဖီချောင်းနှင့် တိုက်ရိုက်ထုတ်လွှင့်နေသည်ကို တွေ့လိုက်ရသည်။
ထိုယောက်ျားလေးမှာ အတော်ကြည့်ကောင်းပြီး ဖက်ရှင်ကျစွာ ဝတ်ဆင်ထားသည်။
အတွေ့အကြုံမရှိသော မိန်းကလေးအချို့အတွက် သူသည် သေစေနိုင်သည်။
ယဲ့ဖန် မတတ်နိုင်ဘဲ ခေါင်းယမ်းကာ ခါးသီးစွာ ပြုံးလိုက်သည်။
အခုခေတ်လူငယ်တွေက တော်တော်ဆိုးတာပဲ။
ဒီလိုကိစ္စကို တိုက်ရိုက်ထုတ်လွှင့်မယ့် အကြောင်းအရာအဖြစ် တကယ်ကြီး သုံးပြုနေကြတာလား။
" ဟမ်၊ ငါ အခုခေတ်လူငယ်တွေလို့ ဘာလို့ ပြောလိုက်တာလဲ။ ငါလည်း လူငယ်တစ်ယောက်ပဲလေ _
သူ့ကိုယ်သူ မထိန်းနိုင်ဘဲ ရေရွတ်လိုက်ပြီး ယဲ့ဖန် ခါးသီးစွာ ပြုံးလိုက်သည်။
မသိလိုက်ခင်မှာပင် သူ့စိတ်သည် အနည်းငယ် အိုနေပုံရသည်ကို အမှန်ပင် ခံစားမိသည်။
သို့သော် ဤကိစ္စအတွက် သူ့ကိုယ်သူ အပြစ်မတင်နိုင်ပေ။
မည်သို့ပင်ဖြစ်စေ သူသည် ဤမျှလောက်များစွာသော အရာများကို တွေ့ကြုံနေရသည်။
လူများစွာသည် သူတို့၏ ဘဝတစ်လျှောက်လုံး တွေ့ကြုံခဲ့ရသည်ထက် ပိုများသည်။
သူ့စိတ်ဓာတ်ပိုင်းဆိုင်ရာသည် အနည်းငယ် အိုလာသည်ကို ရှောင်လွှဲလို့ မရပေ။
ကလေးဆန်သော အရာအချို့ကို သူ မြင်လိုက်သည့်အခါတိုင်း ထိုကိစ္စကို ကြုံတွေ့ခဲ့ရသလိုပင် မသိစိတ်က ခံစားရသည်။
ဒီလိုဆို ဖြစ်မှာ မဟုတ်ဘူး။
သူသည် အသက် ၂၁နှစ်သာ ရှိသေးကာ အိမ်ထောင်လည်း မပြုရသေးပေ။
သူ ဘယ်လိုလုပ် “အသက်အရွယ်နဲ့မလိုက်သလို” ဖြစ်နေရတာလဲ။
အချိန်ရသောအခါများ၌ သူသည် လူငယ်များနှင့် ပိုမိုဆက်ဆံရမည်ဟု တွေးမိသည်။
ဖုမာ ဟာရာဘူဆာနှင့် အားကန်တို့လို လူများနှင့် မကစားသင့်တော့ပေ။
သူသည် ထိုတင်ဆက်သူကို စိတ်ဝင်တစား ကြည့်နေသည်။
ကောင်မလေးတစ်ယောက်စီ လမ်းလျှောက်သွားပြီး စတင် စကားပြောကာ ကောင်မလေးကို ရယ်စေခဲ့သည်။
အဆုံးမှာတော့ ကောင်မလေးက သူ့ကို နမ်းခွင့်ပေးလိုက်ပြီး အဆက်အသွယ်လုပ်ရမည့် အချက်အလက်ကို ထားခဲ့လိုက်သည်။
ဖြစ်စဉ်တစ်ခုလုံးသည် နှစ်မိနစ်လောက်သာ ကြာခဲ့သည်။
ထိုသည်က ယဲ့ဖန်မှ သူ့ကို အထင်ကြီးစေသည်။
ဒီကောင်လေးက အရည်အချင်းရှိတာပဲ။
သူရှိုးမှာ ပျော်နေချိန်မှာပဲ ထိုတင်ဆက်သူက ရုတ်တရက် အော်သံကြားလိုက်ရတယ်။
" အားလုံးပဲ မြင်ကြလား။ ဒီမမက အရမ်းလှတာပဲ မဟုတ်ဘူးလား။ သွားပြီး အီစီကလီ လုပ်လိုက်ကြရအောင် "
ယဲ့ဖန် သူညွှန်ပြသည့် လမ်းကြောင်းကို ကြည့်လိုက်ရာ မျက်နှာအမူအရာမှာ ချက်ချင်း မည်းမှောင်သွားသည်။
ထိုထုတ်လွှင့်သူမှ ရည်ညွှန်းသောအမျိုးသမီးမှာ ရှုမန် ဖြစ်သည်။
ထိုအချိန်တွင် ရှုမန်သည် သူမ၏ လက်ထဲ၌ ရေပုလင်းနှစ်ပုလင်းနှင့် ပြန်လာနေပြီဖြစ်သည်။
သူမသည် အခြားသူ၏ 'သားကောင်' ဖြစ်နေပြီဆိုသည်ကို သူမ မသိခဲ့ပေ။
" မင်္ဂလာပါ မမ။ အိုး၊ မမရဲ့ဝတ်စုံက အရမ်းလှတာပဲ "
အာကာကီ ခါဇူရာဟု အမည်ရသည့် ထုတ်လွှင့်သူသည် သူမလမ်းကို ပိတ်ဆို့ပြီး ကျယ်လောင်စွာ အော်လိုက်သည်။
သူသည် အတော်ပင် ရွှင်သာနေပုံရပြီး ချီးမွမ်းနေသော လေသံမှာ အလွန်ရိုးသားလေသည်။
ရှုမန်သည် ချက်ချင်းပင် ယဉ်ကျေးသော အပြုံးဖြင့် ပြန်ပြောခဲ့သည်။
" ကျေးဇူးတင်ပါတယ် "
ထိုသို့ပြောပြီးနောက် သူမသည် ယဲ့ဖန်စီသို့ ဆက်သွားချင်ခဲ့သည်။
" ဟင့်အင်း၊ ဝတ်ထားတာက လှတာ မဟုတ်ဘူး။ မမက လှတာ။ မမလို လှတဲ့ ကောင်မလေးက ဘာဝတ်ဝတ် ကြည့်ကောင်းနေလိမ့်မယ် "
အာကာကီ ခါဇူရာ သူမကို နောက်တစ်ကြိမ် တားလိုက်ပြီး သူမကို ဆက်လက် ချီးကျူးနေခဲ့သည်။
ရှုမန်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သော်လည်း သူမသည် ပြုံးနေသောလူကို မရိုက်ချင်ပေ။
တစ်ဖက်လူသည် သူမကို ချီးမွမ်းနေသည်ဖြစ်၍ သူမ ဒေါသမထွက်နိုင်ပေ။
သူမ ပြုံးပြီး ခေါင်းညိတ်ကာ ထွက်သွားတော့မည် ဖြစ်သည်။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၃၁၁ )
သူက ဘယ်သူဖြစ်နေပါစေ ဒီနေ့ ပေးဆပ်ရမယ်
" ခဏနေပါဦး မိန်းကလေး။ ကျွန်တော့်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်မှာ ပရိသတ် တွေ ထောင်သောင်းချီရှိပါတယ်။ သူတို့အားလုံးက မင်းကို အရမ်းသဘောကျနေကြတာ။ သူတို့ကို နှုတ်ဆက်လို့ရမလား "
အာကာကီ ခါဇူရာသည် သူ့မျက်နှာပေါ်၌ တောက်ပသော အပြုံးတစ်ခု ရှိနေသော်လည်း သူ့စိတ်ထဲ၌ ယုတ်ညံ့သော ရည်ရွယ်ချက်များ ရှိသည်ကို မည်သူမျှ မပြောနိုင်ပေ။
ရှုမန်သည် အနည်းငယ် မပျော်မရွှင်ဖြစ်ပြီး သူ့တောင်းဆိုမှုကို ရုတ်တရတ် ငြင်းပယ်တော့မည် ဖြစ်သည်။
သို့သော် အာကာကီ ခါဇူရာသည် သနားစရာကောင်းသော အမူအရာတစ်ခုကို ချက်ချင်းပြသလိုက်သည်။
" မမ၊ မင်းက အရမ်းလှတဲ့သူပါ။ အဲ့တော့ အရမ်းကြင်နာလောက်တယ် မဟုတ်လား။ ကျွန်တော်တို့တွေ လူအများကြီးကို စိတ်ပျက်အောင် မလုပ်သင့်ဘူး မဟုတ်လား "
ရှုမန်သည် ကျင့်ဝတ်အရ ချောင်ပိတ်ခံနေရပြီး သူ့ကို မငြင်းနိုင်တော့ပေ။
သူမသည် သူ့ကို အမြန်ရှင်းထုတ်ချင်ခဲ့သည်။
သူမသည် ချက်ချင်းပင် သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်သို့ လက်ပြလိုက်သည်။
" အားလုံးပဲ မင်္ဂလာပါ "
ထို့နောက် တိုက်ရိုက်ထုတ်လွှင့်သည့် အစီအစဉ်မှ မှတ်ချက်များ လျင်မြန်စွာ လှိမ့်ဝင်လာသည်ကို သူမ တွေ့လိုက်ရသည်။
[ ဟာ၊ ဒီအလှလေးက တကယ်လှတာပဲ။ သူမက အာကာကီတွေ့ဖူးသမျှထဲ အလှဆုံးမိန်းကလေးပဲ မဟုတ်လား ]
[ အာကာကီ၊ သူမကို သွေးဆောင်ဖို့ မင်းရဲ့ အရည်အချင်းအားလုံးကို မြန်မြန်သုံးလိုက်။ သူမ နှလုံးသား တုန်လှုပ်လွန်းလို့ ရုန်းမထွက်နိုင်အောင် လုပ်လိုက် ]
[ ဒီတစ်ခါ မင်းသူမကို နမ်းနိုင်ရင် ငါ မင်းကို ဂျပန်ယန်း ၁ သန်း ပေးမယ် ]
[ သူမစီက အဆက်အသွယ်လုပ်ဖို့ အချက်အလက် ရရင် ဂျပန်ယန်း ၂ သန်းပေးမယ် ]
[ ၂သန်းဆိုတာ ဘာလဲ။ အာကာကီက ဒီအလှလေးကို ဟိုတယ်တစ်ခုဆီ ခေါ်သွားနိုင်ရင် ဂျပန်ယန်း ၁၀ သန်းကို တန်းလွှဲပေးမယ်။ သက်သေအဖြစ် ဖန်သားပြင်ဓာတ်ပုံ ရိုက်ထားနိုင်တယ် ]
အာကာကီ ခါဇူရာသည် ထိုမှတ်ချက်များကို မြင်သောအခါ သူ့အသက်ရှူသံ မြန်လာသည်။
ဒီပရိသတ်တွေက အရမ်းရူးနေကြတာပဲ။
ဒါတွေအားလုံးက သူ့အတွက် ပိုက်ဆံတွေပဲ။
ထိုလူများ၏ အကြံဥာဏ်များ မရှိလျှင်ပင် သူသည် ဤအလှလေးကို လိုချင်နေသည်။
ယခုအချိန်တွင် ပရိသတ်များ၏ တောင်းဆိုချက်နှင့်လည်း ကိုက်ညီနေခဲ့သည်။
တစ်ချိန်တည်းမှာပင် ရှုမန်သည်လည်း ထိုလူများ၏ မှတ်ချက်များကို မြင်လိုက်ရပြီး သူမ၏အမူအရာမှာ ချက်ချင်းပင် မည်းမှောင်သွားသည်။
ဂျပန်ဘာသာစကားသည် တရုတ်ဘာသာစကားနှင့် အလွန်ဆင်တူသည်။
ခါတခန စကားလုံးဖြင့် ရေယထားသော်လည်း ယေဘူယျအဓိပ္ပါယ်ကို သူမနားလည်နိုင်သေးသည်။
" ဟမ်း "
သူမသည် သူမ၏ ကြီးမားလှသော ကရုဏာကို ချက်ချင်း ဖယ်လိုက်ကာ ထွက်ခွာသွားခဲ့သည်။
" ဟေ့ မမ မသွားပါနဲ့ဦး။ ကျွန်တော်တိုါ မင်းကို နောက်ထပ် မေးခွန်းတချို့ အင်တာဗျူးချင်သေးတယ် ........ "
အာကာကီ ခါဇူရာသည် အထိတ်တလန့်ဖြစ်သွားကာ သူမ၏လက်ကို လှမ်းဆွဲလိုက်သည်။
ထိုအချိန်တွင် အခြားလက်တစ်ဖက်မှ သူ့လက်ကောက်ဝတ်ကို အရင်ဆုံး ဆုပ်ကိုင်လိုက်ပြီး အထူးတလည် သန်မာလေသည်။
အာကာကီ ခါဇူရာသည် ချက်ချင်းပင် နာကျင်စွာ အော်ဟစ်လိုက်သည်။
အာကာကီ ခါဇူရာ လှည့်ကြည့်လိုက်သည့်အခါ ချောမောသည့် လူငယ်တစ်ယောက်သည် သူ့ကို ဖော်မပြနိုင်သော အကြည့်များနှင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
" စောက်ရူး၊ ငါ့ကို လွှတ် "
အာကာကီ ခါဇူရာသည် ချက်ချင်းပင် ဒေါသတကြီး အော်ဟစ်လိုက်သည်။
သို့သော် တစ်ဖက်သူသည် အနည်းငယ်ပြုံးရုံသာ ပြုံးသွားသည်။
သူသည် လက်ကို မလွှတ်ရုံသာမက ခွန်အားကိုပင် တိုးလာခဲ့သည်။
" အား ..... "
အာကာကီ ခါဇူရာသည် စူးရှသော နာကျင်မှုကို ခံစားခဲ့ရကာ မေ့လဲလုမတတ် ဖြစ်ခဲ့ရသည်။
သူ၏ ချောမောသော မျက်နှာမှာ ရှုံ့တွသွားသည်။
ထိုအချိန်တွင် ရှုမန်သည် အလျင်အမြန် လျှောက်လာသည်။
" Xiao Feng၊ သူ့ကို လွှတ်လိုက်ပါ "
သူမသည် ထိုလူကို မသနားပေ။
သို့သော် သူမသည် ယဲ့ဖန် နှင့် အပြင်ထွက်ရန် ရှားပါးသောကြောင့် ယနေ့တွေ့ဆုံမှုကို မဖျက်ဆီးလိုခြင်း ဖြစ်သည်။
သူမ ခံစားချက်ကို ပျက်စီးအောင် မလုပ်ချင်ပေ။
ယဲ့ဖန်သည် သူမကို ကြည့်ပြီး ခေါင်းညိတ်ပြပြီး အာကာကီ ခါဇူရာကို လွှတ်ပေးကာ ရှုမန်နှင့် ထွက်သွားရန် ပြင်ဆင်လိုက်သည်။
" ခွေးသား၊ အဲ့မှာ ရပ်လိုက်စမ်း "
အာကာကီ ခါဇူရာသည် ယဲ့ဖန်တို့ ထွက်သွားချင်နေသည်ကို တွေ့ပြီး ချက်ချင်း အော်လိုက်သည်။
ယဲ့ဖန် ရပ်လိုက်ပြီး သူ့ကို အေးစက်စွာ ကြည့်နေသည်။
" နောက်ထပ် ဘာလိုချင်သေးလို့လဲ "
အာကာကီ ခါဇူရာသည် ချက်ချင်းပင် ဖုန်းမှန်ကို ညွှန်ပြလိုက်သည်။
" အားလုံး သေချာကြည့်ကြ။ ဒီကောင်က ငါ့ကို အရင်ရိုက်တာ။ နောက်တစ်ခုခုဖြစ်ရင် ငါ့ကို အပြစ်မတင်နဲ့ "
ယဲ့ဖန်၏ မျက်နှာသည် သူ့ဖုန်းကို ထိလုနီးပါးဖြစ်နေပြီ ဖြစ်သည်။
ဖုန်းကို မြေပြင်ပေါ်သို့ တိုက်ရိုက် ပစ်ချလိုက်သည်။
" စောက်ရူး၊ မင်းကများ ငါ့ဖုန်းကို ဖျက်ဆီးရဲတာလား။ မင်း သေပြီပဲ။ ငါဘယ်သူလဲဆိုတာ မင်းသိလား။ ငါက သန်းနဲ့ချီတဲ့ ပရိသတ်တွေရှိတဲ့ အင်တာနက်နာမည်ကြီးတစ်ယောက်ပဲ။ မင်းကို သေချာပေါက် သတ်ပြမယ် "
အာကာကီ ခါဇူရာသည် ယဲ့ဖန်ကို စိုက်ကြည့်လျက် အံကြိတ်လိုက်သည်။
" စောက်ရူး "
ယဲ့ဖန် ကျိန်ဆဲပြီး လှည့်ထွက်သွားရန် လုပ်လိုက်သည်။
" အဲ့ဒီမှာ ရပ်လိုက်။ လူတစ်ယောက်ကို ရိုက်နှက်ပြီးမှ ထွက်သွားချင်နေတာလား။ ဒီလောက် ဘယ်လိုလုပ် လွယ်နိုင်မှာလဲ။ ဒီနေ့ မင်းကို တန်ကြေး မပေးခိုင်းရင် ငါ အာကာကီ ခါဇူရာ ကိုယ့်ကိုယ်ကိုယ် သတ်သေပစ်လိုက်မယ် "
အာကာကီ ခါဇူရာသည် သူတို့လမ်းကို ပိတ်ထားပြီး မျက်လုံးများက နီရဲနေသည်။
ရှုမန် သည်းမခံနိုင်တော့ဘဲ အမြန် အကြံပေးလိုက်သည်။
" သူ့ကို ထပ်မတွယ်ကပ်နဲ့တော့လို့ အကြံပေးမယ်။ သူ့ကို တကယ်စိတ်တိုအောင် လုပ်မိရင် ကျွန်မလည်း တားလို့မရဘူး။ အချိန်တန်ရင် ရှင်ပဲ ဒုက္ခရောက်နေမှာ "
သူမ ဘာမှ မပြောလျှင်ပင် ပိုကောင်းပေလိမ့်မည်။
သို့သော် ယခု သူမ ပြောလိုက်သောစကားသည် မီးထဲသို့ လောင်စာထည့်လိုက်ခြင်းပင် ဖြစ်သည်။
အလှလေးတစ်ယောက်၏ နှိမ့်ချမှုကို မည်သူမျှ သည်းမခံနိုင်ပေ။
အထူးသဖြင့် ကမ္ဘာလှည့်ခရီးသည်များ အများအပြားရှိနေသည့်နေရာ၌ ဖြစ်သည်။
အာကာကီ ခါဇူရာသည် မည်သည့်အားနည်းချက်ကိုမျှ မပြသခဲ့ပေ။
သူသည် ယဲ့ဖန်ကို ချက်ချင်း စိုက်ကြည့်လိုက်သည်။
" ဒီအလှလေးကြောင့် မင်းကို ငါ ခွင့်လွတ်နိုင်ပေမယ့် မင်းငါ့ကို ချက်ချင်း ဒူးထောက်ပြီး ငါ့ပရိတ်သတ်တွေအရှေ့မှာ တောင်းပန်ရမယ် "
ယဲ့ဖန်သည် သူ့တောင်းဆိုချက်ကို ကြားပြီး ချက်ချင်း နှာမှုတ်လိုက်သည်။
" မတောင်းပန်ရင် ဘာဖြစ်လဲ "
အာကာကီ ခါဇူရာသည်လည်း ယုတ်မာသော အပြုံးကို ထုတ်ပြလေသည်။
" ဒါဆို မင်း ဒီနေ့ ထွက်သွားလို့ မရနိုင်မှာကို ငါ စိုးရိမ်ပေးလိုက်မယ် "
" အိုး၊ ဟုတ်လား။ ငါ ဒီနေ့ ဘေးကင်းကင်းနဲ့ ထွက်သွားနိုင်ရင် ဘာလုပ်ပေးမလဲ "
ယဲ့ဖန်သည် သူ့ကို တမင်တကာ နှိုးဆော်လိုက်သည်။
" မင်းမတောင်းပန်ရင် မင်း ဖူဂျီတောင်ကနေ ထွက်သွားနိုင်သေးတယ်။ ဒါပေမဲ့ ငါ တိုက်ရိုက်ထုတ်လွှင့်မှုကနေ လူတိုင်းရှေ့မှာ သတ်သေပစ်လိုက်မယ် "
အာကာကီ ခါဇူရာ ချက်ချင်းပြောလိုက်သည်။
" မင်းရဲ့ စကားကို ထိန်းနိုင်မယ်လို့ မျှော်လင့်ပါတယ် "
ယဲ့ဖန် ထိုလူကို စိတ်မ၀င်စားချေ။
သူသည် ရှုမန်ကို ပွေ့ဖက်ပြီး တောင်ပေါ်မှ လျှောက်သွားသည်။
" မင်းက တောင်းဆိုတာပဲ "
အာကာကီ ခါဇူရာသည် သူတို့နှစ်ယောက်ကို မုန်းတီးစွာကြည့်ရင်း အော်လိုက်သည်။
ယဲ့ဖန်သည် နောက်ပြန်မလှည့်ဘဲ လက်ကိုဝှေ့ယမ်းလိုက်သည်။
အာကာကီ ခါဇူရာသည် ယဲ့ဖန်ပစ်ချလိုက်သော မြေပြင်မှ ဖုန်းကို ကောက်ကိုင်လိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို ထပ်ဖွင့်လိုက်သည်။
" လူတိုင်း မြင်တဲ့အတိုင်းပဲ ကျွန်တော်က အဲ့ဒီအလှလေးကို ဖော်ရွေတဲ့ပုံစံနဲ့ ဆက်ဆံနေပေမယ့် ဒီကလေးက ငါ့ကို လာရိုက်တယ်။ အခု လက်စားချေတာ သဘာဝကျတယ် မဟုတ်လား "
တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်သည် ထောက်ခံအားပေးသော မှတ်ချက်များဖြင့် ချက်ချင်း ပြည့်သွားသည်။
[ ငါတော့ သေချာပေါက် ထောက်ခံတယ်။ ငါတို့ လက်စားချေပြီး ငါတို့ အာကာကီက ဘယ်လောက်တောင် အစွမ်းထက်တယ်ဆိုတာ သူ့ကို ပြောရမယ် ]
[ ဒါကို ငါသာဆို ငြိမ်ခံမနေဘူး။ ငါသာ အဲ့ဒီမှာ ရှိနေရင် တစ်ယောက်ချင်းဖြစ်ရင်တောင် အဲ့ကောင်ကို ပါးနှစ်ချက်လောက် ရိုက်လိုက်ပြီ ]
[ အာကာဂီ၊ မင်း ဒီကလေးကို တန်ကြေးပေးခိုင်းရမယ်။ ငါတို့အားလုံး မင်းကို ထောက်ခံတယ် ]
[ အဲ့ဒီကလေးက နောက်မှ အသနားခံရင် သူ့ကောင်မလေးကို မင်းနဲ့ တစ်ည ကုန်ဆုံးခိုင်းလိုက် ]
[ ငါ လူကိုယ်တိုင်လုပ်လို့ မရပေမယ့် မင်းကို ထောက်ပံ့ပေးဖို့ လက်ဆောင်တစ်ခု ပို့ပေးနိုင်တယ်။ ငါ မင်းကို ဂျပန်ယန်း ၁ သန်း အရင်ပို့ပေးမယ် ]
[ ဂျပန်ယန်း ၁သန်းကို ငါလည်း သုံးမယ်။ ဒီကလေးကို သင်ခန်းစာပေးရမယ် ....... ]
ဆဲဆိုကြပြီးနောက် တိုက်ရိုက်ထုတ်လွှင့်သည့် မှတ်ချက်ထဲ၌ လက်ဆောင်များဖြင့် ပြည့်လျှံနေခဲ့သည်။
အာကာကီ ခါဇူရာသည် ငွေကြေးနှင့် စိတ်ပိုင်းဆိုင်ရာ အားပေးမှု နှစ်ခုစလုံးကို ရရှိခဲ့ပြီး သူ၏ တိုက်ခိုက်ရေးစိတ်ဓာတ် ပြန်လည် ရှင်သန်လာခဲ့သည်။
" စိတ်မပူပါနဲ့ အားလုံးပဲ။ ကျွန်တော် ရာမာဂူချီ-ဂူမီဂိုဏ်းက အစ်ကိုကြီးတစ်ယောက်ကို သိတယ်။ ဖုန်းခေါ်လိုက်တာနဲ့ ချက်ချင်း လူတွေအများကြီး စုနိုင်တယ် "
" လူတိုင်းပဲ ကြည့်နေတာကနေ ထွက်မသွားကြပါနဲ့။ ဒီကလေး ငါ့ရှေ့မှာ ဒူးထောက်ပြီး အသနားခံတာကို မြင်ခွင့်ပေးမယ် "
သူသည် ပြောပြီးသည်နှင့် ချက်ချင်းပင် အခြားဖုန်းကို ထုတ်ကာ ဖုန်းခေါ်လိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲ၌ အားပေးကြသည့် ပရိသတ်များအပြင် နေရာ၌ ရှိနေသော ခရီးသွားအများအပြားသည်လည်း ဖျော်ဖြေပွဲကို ကြည့်ရှုရန် အသင့်ရှိနေကြပြီဖြစ်သည်။
သူတို့ အကြာကြီးစောင့်စရာ မလိုလိုက်ပေ။
မကြာခင်မှာပင် မောက်မာသည့် ပုံစံဖြင့် လူတစ်စု လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။
အနည်းဆုံး လူ ၄၀မှ ၅၀အထိ ရှိလေသည်။
တောင်တက်လမ်းပေါ်ရှိ ခရီးသွားများမှာလည်း ဤလူအုပ်စုကို ကြောက်ကြောင့် သူတို့သွားရန်လမ်းကို နှစ်ဖက်လုံးသို့ ဖြန့်ကာ ဖယ်ပေးလိုက်ကြသည်။
အာကာကီ ခါဇူရာသည် ထိုလူအုပ်စုကို မြင်သောအခါ သူ့မျက်နှာသည် ရွှင်မြူးသွားသည်။
သူသည် ထိပ်ပြောင်သောလူဆီသို့ အလျင်အမြန် လျှောက်သွားသည်။
" လူကြီးမင်း အိရှီနို၊ ခင်ဗျားတို့ အမြန်ရောက်လာတာပဲ "
ထိပ်ပြောင်ဖြင့်လူက သူ့ကို ပြုံးပြသည်။
" ညီအစ်ကို အာကာကီက ငါတို့ကို ခေါ်ထားတာဆိုတော့ ပိုပြီး တက်ကြွပေးရမှာပေါ့....... "
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၃၁၂ )
ရင်ထဲမထိပါသေးနဲ့ဦး
အာကာကီ ခါဇူရာသည် သူ့ကို အလွန်မျက်နှာသာပေးသည်အား ကြားပြီးနောက် တိုက်ရိုက်ထုတ်လွှင့်သည့်အစီအစဉ်မှ ပရိတ်သတ်များကို ချက်ချင်း လှည့်ပြီးပြောလိုက်သည်။
" လူကြီးမင်း အီရှီနို ယိုဆုကဲက ရာမာဂူချီ-ဂူမီဂိုဏ်းရဲ့ အကြီးစား ခေါင်းဆောင်တစ်ယောက်ပါ။ သူက ကျွန်တော့်ရဲ့ သူငယ်ချင်းကောင်း တစ်ယောက်ဆိုလည်း မမှားပါဘူး။ ကျွန်တော် ဒုက္ခရောက်နေတယ်ဆိုတာကို ကြားပြီးတော့ သူက ချက်ချင်း ပြေးလာခဲ့တာ "
အီရှီနို ယိုဆုကဲသည် တိုက်ရိုက်ထုတ်လွှင့်သည့် အစီအစဉ်မှ ပရိတ်သတ်မျာယကို ချက်ချင်း နှုတ်ဆက်လိုက်သည်။
" အားလုံးပဲ မင်္ဂလာပါ။ အနာဂတ်မှာလည်း အာကာကီ ခါဇူရာကို အားပေးဖို့ မျှော်လင့်ပါတယ် "
တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်ရှိ မှတ်ချက်များသည် ကျည်ဆန်ထက်ပင် ပိုမိုပြင်းထန်လာသည်။
[ အား၊ အာကာကီက ဒီလောက်သြဇာကြီးမယ်လို့ မမျှော်လင့်ထားဘူး။ ရာမာဂူချီ-ဂူမီဂိုဏ်းရဲ့ အကောင်ကြီးတွေကတောင် သူ့ကို အရမ်းမျက်နှာသာပေးတယ် ]
[ ဟုတ်တယ်။ အာကာကီက သန်းနှင့်ချီတဲ့ ပရိသတ်တွေရှိတဲ့ အင်တာနက်နာမည်ကြီးတစ်ယောက်ပဲ။ ဘယ်သူက သူ့ကို မျက်နှာမပေးရဲမှာလဲ ]
[ ရာမာဂူချီ-ဂူမီဂိုဏ်းရဲ့ အကူအညီနဲ့သာဆို ဟိုကောင်လေး သေပြီပဲ ]
[ ပြောစရာရှိသေးလို့လား။ အဲ့ဒီကောင်က ငါတို့ အာကာကီ ခါဇူရာကို ပြဿနာရှာမှတော့ ဒီလိုဖြစ်ဖို့ ထိုက်တန်တယ် ]
အီရှီနို ယိုဆုကဲသည် သူ့ရင်ဘတ်ကို ပုတ်ပြီး ချက်ချင်း ကတိပေးလိုက်သည်။
" စိတ်မပူပါနဲ့ အားလုံးပဲ။ ညီအစ်ကို အာကာကီကို စော်ကားတာက ငါတို့ရဲ့ ရာမာဂူချီ-ဂူမီဂိုဏ်းကို စော်ကားတာပဲ။ သူက ဘယ်သူပဲ ဖြစ်ဖြစ် ဒီနေ့ တန်ရာတန်ကြေး ပေးရမယ် "
ထိုသို့ ပြောပြီးသည်နှင့် သူသည် ချက်ချင်းပင် အာကာကီ ခါဇူရာ၏ ပုခုံးကို သူ့လက်ဖြင့် ဖက်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။
" ညီအစ်ကို၊ ငါ မင်းကို လုံလောက်တဲ့ မျက်နှာသာပေးထားပြီးပြီ မင်းကတိပေးထားတဲ့ ပိုက်ဆံက ဘယ်မှာလဲ "
" စိတ်မပူပါနဲ့၊ လူကြီးမင်း အီရှီနို။ ကျွန်တော် ခင်ဗျားရဲ့ အကောင့်ထဲကို ဂျပန်ယန်း ၁၀သန်း လွှဲပေးမယ် "
" ကောင်းပြီ၊ ညီအစ်ကို "
အီရှီနို ယိုဆုကဲသည် သူ့ကို ပုခုံးပေါ် ပုတ်ပြီး အလွန်ရင်းနှီးပုံရလေူသည်။
" အဲ့ကလေးက အခု ဘယ်မှာလဲ "
အီရှီနို ယိုဆုကဲသည် အဆိပ်ပြင်းမြွေတစ်ကောင်လို လှည့်ပတ်ကြည့်ရှုနေရာ ပတ်ဝန်းကျင်ရှိလူများကို နောက်ပြန်ဆုတ်သွားစေသည်အထိ ကြောက်ရွံ့စေသည်။
" အဲ့ကောင်က တောင်ပေါ်ကို တက်သွားတယ်။ သူ့ကို ဒီမှာ စောင့်ရအောင်။ ဒီနေ့ သူ ဆင်းမလာဘူးလို့ မယုံဘူး "
အာကာကီ ခါဇူရာသည် ချက်ချင်း ရှင်းပြလိုက်ပြီး သူ့ရှေ့ကို တိတ်တဆိတ် မျှော်ကြည့်လိုက်သည်။
" အဲ့ဒီကောင်က မိန်းကလေးတစ်ယောက်ကို ခေါ်လာတယ်။ သူမက တကယ်ကို လှတာ "
အီရှီနို ယိုဆုကဲသည် အလှလေးရှိကြောင်းကြားသောအခါ သူ့မျက်လုံးများ တောက်ပလာသည်။
" တကယ်လား ဘယ်လောက်လှလဲ။ မင်းမှာ ဓာတ်ပုံရှိလား "
" ရှိလောက်တယ်၊ ကျွန်တော်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကနေ အဲ့တာကို မှတ်တမ်းတင်ထားနိုင်တယ်။ အဲ့တာကို အခုပဲ ပို့ခိုင်းလိုက်မယ် "
အာကာကီ ခါဇူရာသည် မန်နေဂျာကို ချက်ချင်း ပုံရိုက်ပြီး ပို့ခိုင်းလိုက်သည်။
ဗီဒီယိုကို ဖွင့်လိုက်သည်နှင့် ရှုမန်၏ပုံသည် ချက်ချင်းပေါ်လာသည်။
" ဟာ၊ သူမက တကယ်ကို လှတာပဲ "
အီရှီနို ယိုဆုကဲ၏ မျက်လုံးများ ပြူးကျယ်သွားသည်။
သူသည် မိန်းမများစွာနှင့် အတူအိပ်ဖူးသော်လည်း ထိုမျှလှပသော မိန်းမကို မထိဖူးပေ။
" သူတို့ ဆင်းလာတဲ့အခါ ငါ အဲ့ကောင်ကို အရင်သင်ခန်းစာ သင်ပေးမယ်။ ပြီးရင် ဒီအလှလေးကို ငါတို့နဲ့ တစ်ညလုံး အဖော်ပြုခိုင်းမယ်။ သေချာပေါက် မင်းနဲ့ပျော်ပြီးမှ ငါ ဆက်ပျော်မှာပါ ဟားဟား ....... "
အစပိုင်း၌ အီရှီနို ယိုဆုကဲသည် ရှုမန်ကို ချောင်းမြောင်းနေစဉ် ဗီဒီယိုမှ ယဲ့ဖန်ကို ရုတ်တရက် ပြသလိုက်သည့်အခါ သူ၏အမူအရာသည် သိသာစွာ ပြောင်းလဲသွားသည်။
ဒီလူက ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲ။
သူသည် ထင်ယောင်ထင်မှား မြင်နေရသည်ဟု ထင်သောကြောင့် အနီးကပ်ကြည့်ရန် ဖုန်းနားသို့ ကပ်လာသည်။
ထို့နောက် သူ တုန်လှုပ်သွားသည်။
အဲ့ဒီလူက တကယ်ပဲ သူလား။
သူသည် ဂိုဂူနမ်တွင် တပ်စွဲထားသော လူများထဲမှ တစ်ဦးဖြစ်ပြီး ထိုနေ့က ယဲ့ဖန်၏ စွမ်းအားကို မြင်တွေ့ခဲ့ရပြီး ထိုလူမှ ဂိုဏ်းသား ငါးဆယ်ကျော်ကို သတ်ဖြတ်ကာ ဒဏ်ရာရစေခဲ့သည်ကို မြင်ဖူးသည်။
ထိုကြောက်စရာကောင်းသော မြင်ကွင်းကို တွေးမိသည့်အခါ ဦးရေပြားတစ်ခုလုံး ထုံကျင်သွားသလို ခံစားလိုက်ရသည်။
ဤလူငယ်အား အမှန်တကယ် ကြောက်စေသည်မှာ ထိုကိစ္စမဟုတ်ချေ။
ယမန်နေ့က တာကဲဒ ရှီကာခဲသည် ရာမာဂူချီ-ဂူမီဂိုဏ်း၏ ဥက္ကဌရာထူးကို လွှဲပြောင်းယူတော့မည်ဟု ရုတ်တရက်ကြေညာခဲ့ပြီး ဂိုဏ်းခေါင်းဆောင်ပိုင်းများလည်း အကြီးအကျယ် ပြောင်းလဲသွားသည်ကို ကြုံတွေ့ခဲ့ရသည်။
သူသည်လည်း ထိုကိစ္စမှ အကျိုးပြုနိုင်ခဲ့သော လူများထဲမှတစ်ဦး ဖြစ်သည်။
အတိအကျပြောရလျှင် ရာထူးကြီးများ လစ်လပ်သွားသော ရာထူးများစွာရှိကြောင့် သူသည် လူဆယ်ချီကို ဦးဆောင်နိုင်သော ခေါင်းဆောင်ငယ်လေးတစ်ဦး ဖြစ်လာသည်။
တာကဲဒ ရှီကာခဲသည် ဥက္ကဌတာဝန်ယူပြီးနောက် ပထမဆုံး အမိန့်ပေးခဲ့သည်မှာ ရာမာဂူချီ-ဂူမီဂိုဏ်းရှိ လူတိုင်းသည် ယဲ့ဖန် ကို အနာဂတ်တွင် မြင်သောအခါ လေးစားလိုက်နာဖြစ်သည်။
ယဲ့ဖန်ကို မနာခံတာမျိုး မလုပ်သင့်ပေ။
ယဲ့လူကြီးမင်းအား စိတ်မချမ်းသာအောင် လုပ်ရဲသူ မည်သူမဆို ရာမာဂူချီ-ဂူမီဂိုဏ်းတစ်ခုလုံး၏ ရန်သူဖြစ်လာလိမ့်မည်။
ယခင်က ရာမာဂူချီ-ဂူမီဂိုဏ်း၏ ရန်သူအဖြစ် အမြင်ခံထားရသော ယဲ့ဖန်အား ဥက္ကဌအသစ်က ဘာကြောင့် လေးစားနေသည်ကို သူတို့ မသိသော်လည်း ဤသည်မှာ ဂိုဏ်းအမိန့်ဖြစ်၍ သူတို့သည် လေးစားစွာ နာခံရုံသာရှိသည်။
ထို့ကြောင့် ဗီဒီယိုထဲမှလူမှာ ယဲ့ဖန် ဖြစ်နေသည်ကို မြင်ပြီး သူ အလွန်ကို အံ့သြသွားသည်။
" မင်းကို ရိုက်တဲ့လူက သူလား "
အီရှီနို ယိုဆုကဲသည် အာကာကီ ခါဇူရာကို မျက်တောင်မခတ်ဘဲ ကြည့်နေသည် ။
" ဟုတ်တယ် ဒီကောင်ပဲ။ သူ့ကို ဒီနေ့ တန်ရာတန်ကြေး ပေးခိုင်းရမယ် "
အာကာကီ ခါဇူရာသည် ယဲ့ဖန်ကို မြင်ယောင်ကြည့်ပြီး အံကြိတ်လိုက်သည်။
" ခဏနေဦး ငါ ဖုန်းဆက်လိုက်ဦးမယ် "
အီရှီနို ယိုဆုကဲ၏ ပါးစပ်ထောင့်တွင် မမြင်နိုင်သော လှောင်ပြုံးတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် ဘေးနားသို့ လျှောက်သွားပြီး ဥက္ကဌ၏ နံပါတ်ကို နှိပ်လိုက်သည်။
ဖုန်းခေါ်ဆိုမှုမှာ လျင်မြန်စွာ ချိတ်ဆက်သွားပြီး ဥက္ကဌ တာကဲဒ ရှီကာခဲ၏ အသံထွက်လာသည်။
" အီရှီနို ဘာကိစ္စရှိလို့လဲ "
တာကဲဒ ရှီကာခဲသည် အနည်းငယ် ပင်ပန်းနေပုံရသည်။
သူသည် ရာမာဂူချီ-ဂူမီဂိုဏ်းကို အခုမှ သိမ်းပိုက်ပြီးခါစဖြစ်ရာ ကိုင်တွယ်စရာ အများကြီးရှိနေသည်။
သူသည် တစ်ရက်နှင့်ကျော် မအိပ်ရသေးပေ။
" ဥက္ကဌကြီး၊ အရေးတကြီး သတင်းပို့စရာတစ်ခု ရှိပါတယ် "
" ငါ့မှာ အရေးတကြီးကိစ္စရှိလို့ မင်း စီစဉ်ထားလိုက်။ ပြီးမှ ငါတို့ စကားပြောကြမယ် "
တာကဲဒ ရှီကာခဲသည် သူပြောပြီးသည်နှင့် ဖုန်းချလိုက်တော့မည် ဖြစ်သည်။
" အဲ့တာက ယဲ့လူကြီးမင်း အကြောင်းပါ "
အီရှီနို ယိုဆုကဲ အမြန်ပြောလိုက်သည်။
ယဲ့လူကြီးမင်းဟူသော စကားကို တာကဲဒ ရှီကာခဲ ကြားသောအခါ သူ ချက်ချင်းပင် ထရပ်လိုက်ပြီး ပင်ပန်းနွမ်းနယ်မှုများပင် ပျောက်သွားသည်။
" ယဲ့လူကြီးမင်းက ဘာဖြစ်တာလဲ"
" ယဲ့လူကြီးမင်းက ဒီနေ့ ဖူဂျီတောင်ကို လာပြီး အင်တာနက် ဆယ်လီတစ်ယောက်နဲ့ ပြဿနာဖြစ်တာပါ ...... "
အီရှီနို ယိုဆုကဲသည် ဖြစ်စဉ်ကို ချက်ချင်းရှင်းပြလိုက်သည်။
" ဥက္ကဌကြီး အခု ဘာလုပ်ရမလဲ "
" အဲ့ကောင်ကို အရင်ထိန်းထား။ သူ့ကို မလွတ်စေနဲ့။ ငါကိုယ်တိုင်လာပြီး ဖြေရှင်းလိုက်မယ် "
တာကဲဒ ရှီကာခဲသည် ပြန်ပြောပြီး ဖုန်းချလိုက်သည်။
အီရှီနို ယိုဆုကဲသည် သူ့ဖုန်းကို ဖယ်လိုက်ပြီး ချက်ချင်း ပြုံးကာ ပြန်ရောက်လာသည်။
" ညီအစ်ကို အာကာကီ၊ ခဏစောင့်လိုက်ပါ "
အာကာကီ ခါဇူရာ မျက်မှောင်ကြုတ်သွားသည်။
" တစ်ခုခုဖြစ်ခဲ့တာလား "
အီရှီနို ယိုဆုကဲ ခေါင်းယမ်းလိုက်သည်။
" အဲ့လိုတော့ မဟုတ်ပါဘူး။ ဒီကိစ္စကို အရေးကြီးတော့ ကျွန်တော်တို့ ဥက္ကဌက ကိုယ်တိုင်လာပြီးတော့ ဖြေရှင်းပေးချင်တာပါတဲ့ "
အာကာကီ ခါဇူရာ ချက်ချင်း မော့ကြည့်လိုက်သည်။
" ဒီလို ကိစ္စသေးသေးလေးနဲ့ ဥက္ကဌကြီးတောင် သိသွားပြီလား။ ညီအစ်ကို၊ ဘာပြောရမယ်မှန်းတောင် မသိတော့ဘူး။ အရမ်းရင်ထဲထိသွားပြီ "
အီရှီနို ယိုဆုကဲသည် သူ့စိတ်ထဲတွင် လှောင်ရယ်နေသော်လည်း သူသည် အလွန်စိတ်အားထက်သန်နေပုံရသည်။
" ရင်ထဲမထိပါသေးနဲ့ဦး။ နောက်ကျ ပိုထိအောင် လုပ်ပေးမယ် "
ဘေးမှ ကြည့်ရှုနေသူများမှာ ပို၍ လှုပ်လှုပ်ရွရွ ဖြစ်လာသည်။
[ ဘာလဲ။ ရာမာဂူချီ-ဂူမီဂိုဏ်းရဲ့ ဥက္ကဌကတောင် ကိုယ်တိုင်ကိုယ်ကျ လာမှာလား။ ဒီကိစ္စက တကယ်ကို အကြီးကြီးဖြစ်နေပြီ ]
[ ဒီအစီအစဉ်တင်ဆက်သူက ဒီလောက်တောင် စွမ်းအားကြီးတာလား။ သူက ရာမာဂူချီ-ဂူမီဂိုဏ်းရဲ့ ဥက္ကဌကိုတောင် လာခိုင်းနိုင်တယ် ]
[ အိုက်ယား၊ ဟိုကောင်လေးတော့ သွားပြီ။ သူ ဒီနေ့ သေမှာ သေချာတယ် ]
[ ဟူး၊ လူတွေ အားလုံးထဲမှာမှ သူက ရာမာဂူချီ-ဂူမီဂိုဏ်းနဲ့ သိတဲ့သူကို စော်ကားမိတာပဲ။ သူ မလွတ်နိုင်တော့မှာကိုတောင် စိုးရိမ်ရတယ် ]
ဘေးမှလူများသည် စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြပြီး ယဲ့ဖန်အတွက် စိုးရိမ်စပြုလာကြသည်။
ဘေးမှလူများနှင့် မတူဘဲ တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိတ်သတ်များသည် အာကာကီ ခါဇူရာကို စတင်ချီးမွမ်းခဲ့ကြသည်။
[ အာကာကီက အရမ်းမိုက်တာပဲ။ ရာမာဂူချီ-ဂူမီဂိုဏ်းရဲ့ ဥက္ကဌကတောင် ဒီကိစ္စကို ကိုင်တွယ်ဖို့ ကိုယ်တိုင်လာမှာ။ ဂုဏ်ယူစရာပဲ ]
[ အာကာကီရဲ့ ပရိသတ်တွေအနေနဲ့ ငါတို့ သူ့ကို တကယ်ဂုဏ်ယူရတယ်။ အနာဂတ်မှာ ဘယ်သူက ငါတို့ကို နှိမ်ရဲသေးလဲဆိုတာ ကြည့်ရအောင် ]
[ အာကာကီ ခါဇူရာက ဒီလောက်သြဇာကြီးတယ်ဆိုတာ ငါ တကယ်မသိခဲ့ဘူး။ သူက တကယ်ကို နိမ့်ချပြီးနေတတ်တယ်။ ငါတို့ကိုတောင် မပြောဘူး ]