အခန်း (၁၃၁၃-၁၃၁၆)
Vol. 66 Ch. 1313-1316
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၃၁၃ )
ကန်းနေလား။ ယဲ့လူကြီးမင်းကိုများ စော်ကားရဲတာလား
[ အာကာကီ ခါဇူရာက အမှန်တကယ် အစွမ်းထက်ပေမဲ့ မကြွားတတ်တဲ့သူတစ်ယောက်ပဲ။ သူက အရည်အချင်းအများကြီးရှိပေမယ့် အေးဆေးနေပြီး တစ်ချို့တွေလို ဘာမှမဟုတ်ဘဲ ပြဿနာလိုက်မရှာဘူး။ အဲ့လိုလူတွေက အမြန်ဆုံးသေကြတာပဲ ]
[ ဟုတ်တယ်၊ ဟုတ်တယ်။ အဲ့ကောင် ခေါင်းမာသေးလား ကြည့်ရအောင်။ ဟားဟား၊ ငါတော့ မစောင့်နိုင်တော့ဘူး ..... ]
အာကာကီ ခါဇူရာသည် တိုက်ရိုက်ထုတ်လွှင့်နေသည်မှ ပရိတ်သတ်များက မြှောက်ပင့်ပေးနေသည်ကို တွေ့လိုက်ရသည်။
သူသည် အလွန်အရေထူသူ ဖြစ်လျှင်သော်ငြား အနည်းငယ်ရှက်ရွံ့လာမိသည်။
သူသည် သရုပ်မှန်ကို ထိန်းသိမ်းထားခြင်းမဟုတ်ဘဲ ရာမာဂူချီ-ဂူမီဂိုဏ်း၏ ဥက္ကဌကို လုံးဝမသိခြင်း ဖြစ်သည်။
သူ့လို အင်တာနက်နာမည်ကြီးတစ်ယောက်က အဲ့လိုအဆင့်ကလူကို ဘယ်လိုလုပ် သိနိုင်မှာလဲ။
ရာမာဂူချီ-ဂူမီဂိုဏ်းရဲ့ သူဌေးက ဒီကိစ္စကို ရုတ်တရက် ဝင်ရောက်စွက်ဖက်ချင်မယ်ဆိုတာ ဘယ်သူက သိမှာလဲ။
သိပ်မကြာခင်မှာပင် အနက်ရောင် Rolls-Royce တစ်စီး တောင်ပေါ်သို့ မောင်းနှင်လာသည်ကို တွေ့လိုက်ရသည်။
ကားအရှေ့နှင့်အနောက်တွင် ဆိုင်ကယ်တစ်ဒါဇင်ကျော်ရှိပြီး လမ်းပြကာကွယ်နေသည်။
ဘရွမ်း၊ ဘရွမ်း၊ ဘရွမ်ူ
အင်ဂျင်ဟောက်သံများ ထွက်လာသည်။
လူတိုင်းသည် နားရွက်ကို အုပ်ထားသော်လည်း ဘေးပတ်လည်ကို စူးစိုက်ကြည့်နေကြသည်။
ထို့နောက် အနက်ရောင် ကိုယ်ရံတော် ဆယ်ဦးကျော်၏ အကာအကွယ်ဖြင့် တာကဲဒ ရှီကာခဲသည် Rolls-Royce ကားထဲမှ ထွက်လာခဲ့သည်။
သူသည် အနက်ရောင်၀တ်စုံကို ကောင်းမွန်စွယ ၀တ်ဆင်ထားပြီး သူဌေးကြီးတစ်ယောက်လိုပုံစံ ပြောင်းထားသည်။
ရှိနေသူအားလုံးသည် သူ့ကို ထိတ်လန့်တကြား ကြည့်နေသည်ကို တွေ့လိုက်ရသည်။
တာကဲဒ ရှီကာခဲသည် လူတိုင်း၏ ကြောက်ရွံ့ခြင်းကို ခံစားခဲ့ရသည်။
အင်အားသည် ယောက်ျားတစ်ယောက်၏ ရောင်ဝါဖြစ်သည်ဟု လူတိုင်း ပြောကြသည်မှာ အံ့သြစရာမဟုတ်ပေ။
ယခင်က နားမလည်ခဲ့သော်လည်း အခု နားလည်သွားပြီ ဖြစ်သည်။
ထိုခံစားချက်မှာ မတွန်းလှန်နိုင်စရာ ဖြစ်လေသည်။
အီရှီနို ယိုဆုကဲ သူ့ကိုမြင်ပြီး အမြန် သူ့ဆီ လျှောက်လာခဲ့သည်။
" ဥက္ကဌကြီး၊ အဲ့ကောင်ပါ ..... "
တာကဲဒ ရှီကာခဲသည် လက်ညှိုးထိုးရာကို လှမ်းကြည့်လိုက်ရာ အာကာကီ ခါဇူရာသည် သူ့စီကို ဖုန်းကိုင်ပြီး ဦးညွှတ်ပြနေသည်ကို တွေ့လိုက်ရသည်။
သူသည် ဖြည်းညှင်းစွာ လျှောက်လာပြီး မျက်နှာမှာ အမူအရာမဲ့နေသည်။
" ဗီဒီယိုကို ကြည့်လို့ရမလား "
အာကာကီ ခါဇူရာသည် နှောင့်နှေးမနေဘဲ ဗီဒီယိုကို အမြန်ဆွဲထုတ်လိုက်သည်။
တာကဲဒ ရှီကာခဲသည် ဗီဒီယိုကို ဖွင့်လိုက်ပြီး ယဲ့ဖန်ပေါ်လာသည့်နေရာကို အမြန်ဆွဲကျော်လိုက်သည်။
အထဲမှ လူမှာ ယဲ့ဖန် ဖြစ်ကြောင်း အတည်ပြုပြီးနောက် သူ ပြုံးပြီး ဖုန်းကို ပိတ်လိုက်သည်။
" ဒီကလေးကို ချည်ထားလိုက်ကြ "
သူ့အမိန့်ကို ကြားပြီးနောက် ကြွက်သားတောင့်တင်းသည့် အမျိုးသားနှစ်ယောက် ပြေးထွက်လာပြီး အာကာကီ ခါဇူရာကို ချုပ်နှောင်ထားလိုက်သည်။
ထိုပြောင်းလဲမှုသည် ရုတ်ချည်းပင် ဖြစ်သည်။
နေရာရှိ ခရီးသွားများအပြင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ပရိသတ်များလည်း အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပေ။
" ဥက္ကဌ၊ အထင်များ မှားနေသလား။ ငါ့ဒေါသကို ဖြေဖျောက်ပေးဖို့ မင်းတို့ကို ငါ ဒီခေါ်ထားတာ။ မင်းတို့က ငါ့ကို ဘယ်လိုလုပ် ဖမ်းရတာလဲ "
အာကာကီ ခါဇူရာသည် အမြန် ရှင်းပြနေသည်။
တစ်ချိန်တည်းမှာပင် သူသည် အီရှီနို ယိုဆုကဲကို ကြည့်လိုက်သည်။
" လူကြီးမင်း အီရှီနို၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ရှင်းပြပေးပါ "
အီရှီနို ယိုဆုကဲသည် လမ်းလျှောက်လာပြီး သူ့ကို ကျယ်လောင်စွာ ပါးရိုက်လိုက်သည်။
" မင်း မျက်စိကန်းနေတာလား။ မင်းကများ ယဲ့လူကြီးမင်းကို စော်ကားရဲတယ်တဲ့လား။ မင်းမှ မသေရင် ဘယ်သူသေမှာလဲ "
အာကာကီ ခါဇူရာလည်း ထိုပါးရိုက်မှုကြောင့် ထိတ်လန့်သွားသည်။
" ယဲ့လူကြီးမင်း၊ ယဲ့လူကြီးမင်းက ဘယ်သူလဲ "
အီရှီနို ယိုဆုကဲ သူ့ကို လှောင်ပြောင်နှာမှုတ်လိုက်သည်။
" မင်း ဘယ်သူ့ကို စော်ကားမိမှန်းတောင် မသိဘူးဘဲ။ သေရင်တောင် ဘယ်လိုသေသွားမှန်း တကယ် မသိလောက်ဘူး "
တာကဲဒ ရှီကာခဲ သူ့ကို မကြည့်ချေ။
ထိုအစား သူသည် ထိုအင်တာနက်နာမည်ကြီး၏ ဖုန်းကိုယူကာ တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းရှိ ထောင်သောင်းချီများစွာသော လူများကို အေးစက်စွာ စိုက်ကြည့်နေသည်။
" မင်းတို့ထဲက တချို့က ဗီဒီယိုရိုက်ထားတာကို သိတယ်။ ဖျက်ဖို့ အကြံပေးလိုက်မယ်။ ဗီဒီယိုကို အွန်လိုင်းပေါ်မှာ တင်တဲ့သူရှိရင် ငါတွေ့တာနဲ့ အဲ့လူကို ရှာပြီး မင်းရော မင်းတို့မိသားစုရော အရက်စက်ဆုံးနည်းလမ်းနဲ့ ကလဲ့စားချေခံရမယ်။ နောက်နေတယ်လို့ မထင်လိုက်နဲ့။ မယုံရင် စမ်းလိုက် "
ထိုအချိန်တွင် ဖုန်းမှ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသူများသည် သူ၏ အေးစက်သော အကြည့်ကြောင့် ထိတ်လန့်သွားကြသည်။
လူအတော်အများသည် ယနေ့အဖြစ်အပျက်ဗီဒီယိုကို အွန်လိုင်းပေါ်၌ တင်ချင်ကြသည်။
မည်သို့ပင်ဖြစ်စေ အာကာကီ ခါဇူရာသည် အင်တာနက်၌ အတော်နာမည်ကြီးသည့်သူတစ်ယောက်ဖြစ်ကာ လူအများ၏ အာရုံကို သေချာပေါက် ဆွဲဆောင်နိုင်သည်။
သို့သော် တာကဲဒ ရှီကာခဲ၏ ခြိမ်းခြောက်မှုကို ခံရပြီးနောက် ထိုလူများသည် ထိုအကြံအစည်ကို ချက်ချင်း လက်လွှတ်လိုက်ပြီး ဗီဒီယိုများကို အမြန်ဖျက်ပစ်လိုက်ကြသည်။
အာရုံစိုက်ခံရမှု အနည်းငယ်အတွက်ဖြင့် ရာမာဂူချီ-ဂူမီဂိုဏ်းကဲ့သို့ ကြောက်စရာကောင်းသည့် တည်ရှိမှုအား နှိုးဆွရန် မလိုအပ်ပေ၊
တာကဲဒ ရှီကာခဲ၏ စကားများသည် စစ်မှန်ကြောင်း သံသယမရှိခဲ့ကြပေ။
ရာမာဂူချီ-ဂူမီဂိုဏ်း၏ ခွန်အားဖြင့် သူတို့ကို ရှာတွေ့ရန် အလွန်လွယ်ကူမည် ဖြစ်သည်။
ထိုသည်ကို ပြောပြီးနောက် တာကဲဒ ရှီကာခဲသည် တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်ပြီး ဖုန်းကို မြေပြင်ပေါ် ပစ်ချလိုက်သည်။
အာကာကီ ခါဇူရာ၏မျက်နှာမှာ ထိတ်လန့်ကြောက်ရွံ့မှုဖြင့် ဖြူဖျော့နေပြီး သူ့ခန္ဓာကိုယ်သည် မရပ်မနား တုန်ရီနေတော့သည်။
" ဥက္ကဌ၊ ကျွန်တော် ..... ကျွန်တော် မှားတယ်ဆိုတာ သိပါတယ်။ ထပ်မလုပ်တော့ပါဘူး။ ဒီတစ်ခါတော့ ခွင့်လွတ်ပေးပါ "
တာကဲဒ ရှီကာခဲသည် သူ့စီသို့ လျှောက်လှမ်းလာပြီး ဆံပင်ကို လှမ်းဆွဲလိုက်သည်။
" ဒါဆို မင်းဘာမှားခဲ့လဲ သိလား "
" ကျ .... ကျွန်တော် ..... "
အာကာကီ ခါဇူရာသည် သူ ဘယ်နေရာ၌ မှားသွားသည်ကို မသိဘူးပေ။
အစောက သူ့ကို ပြုံးပြနေတဲ့ အီရှီနို ယိုဆုကဲက ဘာလို့ ရန်လိုသွားတာလဲ။
နေ့တိုင်း အလုပ်များနေတဲ့ ရာမာဂူချီ-ဂူမီဂိုဏ်းဥက္ကဌက ဒီလောက်အသေးအမွှားကိစ္စလေးအတွက် ဒီကို ဘာလို့လာတာလဲ။
သူ တကယ် နားမလည်နိုင်ခဲ့ပေ။
တာကဲဒ ရှီကာခဲသည် အီရှီနို ယိုဆုကဲကို ဝှေ့ယမ်းပြလိုက်သည်။
" ဘာဖြစ်လို့လဲဆိုတာ သူ့ကို ပြောပြလိုက် *
အီရှီနို ယိုဆုကဲသည် အာကာကီ ခါဇူရာ၏ မျက်နှာကို ပုတ်လိုက်သည်။
" မင်း စော်ကားလိုက်တဲ့လူက ယဲ့ဖန်လို့ခေါ်တယ်။ သူက ငါတို့သူဌေးရဲ့ မိတ်ဆွေပဲ "
" ဟာ ..... "
အနီးရှိ လူအုပ်ကြီးသည် ချက်ချင်းပင် အာမေဋိတ်သံများ ထွက်ပေါ်လာသည်။
" အဲ့ဒီလူငယ်လေးက တကယ်ကျ ရာမာဂူချီ-ဂူမီဂိုဏ်း ဥက္ကဌရဲ့ မိတ်ဆွေတဲ့လား။ ဒါက စိတ်ဝင်စားစရာ ကောင်းတာပဲ "
" ဒီနာမည်ကြီးကောင်လေးက တကယ်ကံမကောင်းတာပဲ။ သူ စော်ကားလို့ရတဲ့ လူတွေထဲမှာမှ သူက ရာမာဂူချီ-ဂူမီဂိုဏ်း ဥက္ကဌရဲ့မိတ်ဆွေကိုမှ တကယ် သွားထိမိတယ် "
" ဒီတင်ဆက်သူတွေကို ငါ မကြိုက်တာ ကြာပြီ။ အာရုံစိုက်မှု ရဖို့အတွက်နဲ့ သူတို့က ရွံစရာနည်းမှန်သမျှကို သုံးကြတာ "
" ဟား၊ သူတို့ ဒီလိုလူတွေနဲ့ ကြုံရမယ်ဆိုတာ ငါ သိတယ်။ ဒီနေ့ကို ဒီလောက် မြန်မြန်ရောက်လာဖို့ ငါ မမျှော်လင့်ထားဘူး "
" မင်းနဲ့ ထိုက်တန်တယ် "
ထိုအချိန် မိုးကြိုးပစ်ခံရသလိုပင် ချက်ချင်း သူ၏ ဘောင်းဘီမှာ စိုရွှဲသွားတော့သည်္ဂ
ကောင်မလေးတစ်ယောက်နှင့် ပရောပရည်လုပ်ရန်မှ ရာမာဂူချီ-ဂူမီဂိုဏ်း ဥက္ကဌ၏ မိတ်ဆွေကို ပြဿနာရှာမိလိမ့်မည်ဟု သူဘယ်တုန်းကမှ မထင်ခဲ့မိချေ။
" အာ ..... ကျွန်တော် တကယ် မသိတာပါ။ သိရင် ဒအဲ့လိုလုပ်မှာ မဟုတ်ပါဘူး။ ဒီတစ်ခါတော့ သနားညှာတာပေးဖို့ တောင်းပန်ပါတယ်။ လိုချင်တာ အကုန်ပေးပါ့မယ် ....... "
အာကာကီ ခါဇူရာ၏ ခြေထောက်များ အားနည်းသွားသည်။
သူ့အား ဆွဲထားသည့်လူနှစ်ယောက်သာ မရှိပါက သူ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
" လူငယ်လေး၊ ဒီလောကမှာ အရာအားလုံးကို ပိုက်ဆံနဲ့ ဖြေရှင်းလို့ မရဘူး။ နောက်ပြီး မင်းမှာ ပိုက်ဆံ ဘယ်လောက်ရှိလဲ။ ယဲ့လူကြီးမင်းရဲ့ ခေါင်းပေါ်က ဆံပင်ကတောင် မင်းဘဝထက် ပိုတန်ကြေးရှိတယ် "
အီရှီနို ယိုဆုကဲ မညှာမတာ လှောင်ပြောင်လိုက်သည်။
တာကဲဒ ရှီကာခဲသည် တခြားဘာမှ မပြောပေ။
ထိုအစား တောင်ပေါ်ကိုသာ မျှော်ကြည့်နေသည်။
ခဏအကြာတွင် ယဲ့ဖန်နှင့် ရှုမန်သည် လက်ဆွဲလျက် ရယ်မောပြောဆိုနေပြီး တောင်ပေါ်မှဆင်းလာသည်ကို မြင်လိုက်ရသည်။
ထို့နောက် တာကဲဒ ရှီကာခဲ၏ မူလဂုဏ်သိက္ခာရှိသော မျက်နှာသည် ရုတ်တရက် မျက်နှာသာလုပ်သော အပြုံးအဖြစ် ပြောင်းသွားသည်ကို တွေ့လိုက်ရပြီး ယဲ့ဖန်နှင့် တွေ့ရန် ပြေးသွားခဲ့သည်။
" ယဲ့လူကြီးမင်း၊ နောက်ကျသွားလို့ တောင်းပန်ပါတယ် "
ရှိနေသူအားလုံး တစ်ယောက်ကို တစ်ယောက် အံ့သြတကြီး ကြည့်နေကြသည်။
ထိုလူငယ်လေးသည် ရာမာဂူချီ-ဂူမီဂိုဏ်း၏ ဥက္ကဌမိတ်ဆွေဖြစ်သည်ကို အီရှီနို ယိုဆုကဲထံမှ ကြားသိခဲ့ရသည်။
သို့သော် တာကဲဒ ရှီကာခဲ၏ အပြုအမူကြောင့် သူတို့သည် မိတ်ဆွေများဟု မခံစားရပေ။
သခင်နဲ့ ကျွန်ကြားက ဆက်ဆံရေးနဲ့တောင် ပိုတူသေးတယ်။
ယဲ့ဖန်သည် တာကဲဒ ရှီကာခဲကို မြင်သောအခါ သူလည်း အံ့သြသွားသည်။
" မင်း ဘာလို့ဒီကို ရောက်နေတာလဲ "
တာကဲဒ ရှီကာခဲသည် အဖြစ်အပျက်ကို ပြန်ပြောပြရင်း တောင်းပန်ကာ ပြုံးလိုက်တယ်။
ထိုစကားကို ယဲ့ဖန် ကြားပြီးနောက် ရယ်ရမလား၊ ငိုရမလား မသိတော့ပေ။
တစ်ချို့လူတွေက သေလောက်အောင် တုံးကြတာပဲ။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၃၁၄ )
နောက်နေတာကို တကယ် လုပ်လိုက်တာလား
" သူ့ကို ဒီခေါ်လိုက် "
တာကဲဒ ရှီကာခဲသည် သူ့လက်အောက်ငယ်သားများကို ချက်ချင်း အမိန့်ပေးလိုက်သည်။
လက်အောက်ငယ်သားနှစ်ယောက်သည် အာကာကီ ခါဇူရာကို ချက်ချင်း ဆွဲခေါ်လာသည်။
ဘုတ်
လူနှစ်ယောက်မှ လွှတ်လိုက်သည်နှင့် အာကာကီ ခါဇူရာသည် ရွှံ့ပုံကြီးကဲ့သို့ မြေပြင်ပေါ်တွင် လဲကျသွားသည်။
" ယဲ ..... ယဲ့ ...... "
သူသည် ကြောက်လွန်း၍ ပါးစပ်ပင် မလှုပ်နိုင်ပေ။
" အဲ့လိုမခေါ်နဲ့ လက်မခံနိုင်ဘူး "
ယဲ့ဖန် ရယ်မောကာ ပြန်ဖြေသည်။
တာကဲဒ ရှီကာခဲနှင့် ရာမာဂူချီ-ဂူမီဂိုဏ်း အဖွဲ့ဝင်များကလည်း ရယ်မောကြသည်။
" ယဲ့ .... ယဲ့လူကြီးမင်း ..... ကျွန်တော် ကန်းနေခဲ့တာပါ။ ကျေးဇူးပြုပြီး ဒီတစ်ခါတော့ လွှတ်ပေးပါ ...... "
နောက်ဆုံး၌ အာကာကီ ခါဇူရာသည် တောင်းပန်စကားဆိုလိုက်သည်။
ယဲ့ဖန် သူ့ကို ငုံ့ကြည့်သည်။
" ဒီနေ့ ဖူဂျီတောင်ကို ငါ အောင်အောင်မြင်မြင် ထွက်သွားနိုင်ရင် မင်း လူတိုင်းအရှေ့မှာ သတ်သေမယ်လို့ ပြောတယ်လေ။ အဲ့ဒီစကားက အမှန်လားလို့ တွေးမိတယ် "
အာကာကီ ခါဇူရာလည်း ခေါင်းကို မော့ပြီး ကြောက်ရွံ့မှုအပြည့်နှင့် ယဲ့ဖန်ကို ကြည့်သည်။
" လူကြီးမင်း၊ ကျေးဇူးပြုပြီး ကျွန်တော့်အသက်ကို ချမ်းသာပေးပါ..."
ယဲ့ဖန် က အေးစက်စွာ အော်ဟစ်လိုက်သည်။
" စကားပြန်ပြောင်းတဲ့သူတွေကို အမုန်းဆုံးပဲ။ ပြောပြီးမှတော့ စကားကို တာဝန်မယူသင့်ဘူးလား "
" ကျွန် ..... ကျွန်တော် ..... "
အာကာကီ ခါဇူရာသည် မိန်းကလေးများကို တိုက်ခိုက်ရန် ကြိုးစားသောအခါ မကြာခဏ နှုတ်ကြမ်းလေ့ရှိသော်လည်း ယခုအချိန်တွင် စကားတစ်လုံးမှ မပြောနိုင်ပေ။
ယဲ့ဖန်သည် ထိုသို့သောလူမျိုးနှင့် သူ့အချိန်များကို ဖြုန်းတီးရန် စိတ်မ၀င်စားပေ။
သူသည် တာကဲဒ ရှီကာခဲကို လှည့်ကြည့်လိုက်သည်။
" သူ့ကို ဓားတစ်ချောင်းပေးပြီး ကိုယ့်ကိုယ်ကိုယ် ဟာရာကီရီနည်းနဲ့ သတ်သေခိုင်းလိုက် "
တာကဲဒ ရှီကာခဲသည် သူ၏ ဦးရေပြား ယားယံခြင်းကို ခံစားလိုက်ရသည်။
ယဲ့လူကြီးမင်းက တကယ်ကို ရက်စက်တာပဲ။
သူသည် " ဟာရာကီရီ နည်းနဲ့ သတ်သေခိုင်းလိုက် "ဟူသော စကားလုံးကို လွယ်ကူစွာပင် ပြောထွက်လာခဲ့သည်။
ဂျပန်လူမျိုးများ၌ ဟာရာကီရီဆိုသည်မှာ ဗိုက်ကို ဓားဖြင့်ထိုးရုံတင် မဟုတ်ပေ။
အစောပိုင်းကာလများတွင် ဝမ်းဗိုက်အောက်ပိုင်းကို ကြက်ခြေခတ်ဖြတ်ပြီး လူနာသည် ကိုယ်တွင်းအင်္ဂါများ ထွက်ကျပြီး သွေးအလွန်အကျွံထွက်၍ သေဆုံးလေသည်။
ဤနည်းကို ဟာရာကီရီ ဖြတ်ခြင်းဟုခေါ်သည်။
နောက်ဆုံးတွင် ဤနည်းမှာ ရက်စက်လွန်းသောကြောင့် တဖြည်းဖြည်း ဖျက်သိမ်းလိုက်ရသည်။
နောက်ပိုင်းတွင် သူတို့သည် ဟာရာကီရီ ကျူးလွန်သည့်နည်းလမ်းကို ပြောင်းလဲခဲ့ပြီး လူတစ်ဦး၏ အကူအညီကို လိုအပ်ခဲ့သည်။
အာဏာပါးကွပ်သားသည် လက်ဝဲဘက်မှ လက်ယာဘက်သို့ ဦးစွာဖြတ်ပြီးမှ အပြစ်ရှိသောသူသည် နောက်ဆုံးအဖြတ်ကို ဆက်ဖြတ်ရသည်။
ဤဝမ်းဗိုက်ပိုင်းဖြတ်နည်းကို ပန်ကာဖြတ်ခြင်းဟုလည်း ခေါ်သည်။
မည်သို့ပင်ဆိုစေကာမူ မည်သည့်နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ အလွန်ရက်စက်ကြမ်းကြုတ်လှသည်။
ယခု ဂျပန်လူမျိုးအများစုသည် အတိတ်ကလောက် သတ္တိမရှိကြတော့ပေ။
ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်သောနည်းဖြင့် အသက်ကို အဆုံးသတ်ရန် သူတို့အတွက် အနည်းငယ်ခက်ခဲသည်မှာ အမှန်ပင် ဖြစ်သည်။
သို့သော် တာကဲဒ ရှီကာခဲသည် ယဲ့ဖန်၏ စကားကို နာခံပြီး မလုပ်ပဲမနေရဲပေ၊
သူသည် သူ့လက်အောက်ငယ်သားများထံမှ ဓားတစ်ချောင်းကို ချက်ချင်းယူကာ အာကာကီ ခါဇူရာ၏ ခြေရင်း၌ ပစ်ချလိုက်သည်။
" မင်းကိုယ်တိုင်ပဲ အဆုံးသတ်လိုက်။ ငါ မင်းကို ကူညီပေးမယ် "
အာကာကီ ခါဇူရာသည် သူ့လက်ကို ဖြည်းညှင်းစွာ ဆန့်လိုက်သည်။
ဓားကို ထိလိုက်သည်နှင့် ဓာတ်လိုက်သလိုမျိုး သူ့လက်ကို ပြန်ဆွဲထုတ်လိုက်သည်။
ထို့နောက် သူသည် ယဲ့ဖန်စီသို့ အရူးအမူး ပြေးသွားသည်။
" လူကြီးမင်း၊ တောင်းပန်ပါတယ် ဒီတစ်ခါတော့ ခွင့်လွတ်ပေးပါလို့ တောင်းပန်ပါတယ် ....... "
ယဲ့ဖန် စိတ်မရှည်တော့ပေ။
သူသည် တာကဲဒ ရှီကာခဲကို လက်ဝှေ့ယမ်းပြလိုက်သည်။
" သူကိုယ်တိုင် မလုပ်နိုင်ဘူးဆိုတော့ မင်း သူ့ကို ကူညီသင့်တယ် "
တာကဲဒ ရှီကာခဲသည် ကနတဓားကို ကောက်ကိုင်ရန် ငုံ့လိုက်သည်။
ချွမ်ခနဲမြည်သောအသံဖြင့် ဆွဲထုတ်လိုက်ရာ ချက်ချင်းပင် လေထုက အေးစက်သွားသည်။
" အား ..... "
အာကာကီ ခါဇူရာသည် အလွန်ကြောက်လန့်သွားပြီး ဆီးထွက်ကျသွားသည်။
ခဏတာ အပုပ်နံ့များ လွှမ်းခြုံသွားသည်။
ရှုမန်သည် နှာခေါင်းကို အလျင်အမြန် ဖုံးလိုက်ပြီး နောက်သို့ ခြေနှစ်လှမ်းဆုတ်ကာ ယဲ့ဖန်၏ အင်္ကျီကို ဆွဲကိုင်လိုက်သည်။
" ရှောင်ဖန်၊ ဒီလူက ထင်ရာစိုင်းပေမဲ့ သေဖို့ထိတော့ အပြစ်မရှိပါဘူး။ သူ့အသက်ကို ချမ်းသာပေးလိုက်ပါ "
တာကဲဒ ရှီကာခဲသည် တိုက်ခိုက်တော့မည် ဖြစ်သော်လည်း ရှုမန်၏ စကားကို ကြားသောအခါ ချက်ချင်း ရပ်လိုက်ပြီး ယဲ့ဖန်ကို ကြည့်လိုက်သည်။
ယဲ့ဖန်သည် ရှုမန်၏ လှပသော မျက်နှာလေးကို ဆွဲညှစ်လိုက်သည်။
" မင်းက ပျော့ညံ့လွန်းတယ်။ သနားစရာကောင်းတဲ့လူဆိုတာ ဘာကိုဆိုလိုမှန်း မင်းညမသိဘူး။ သူ့မှာ မုန်းစရာတစ်ခုခု ရှိရမယ်ဆိုတာ သေချာတယ် "
ရှုမန်၏ လှပသော မျက်နှာလေးသည် လူတိုင်းရှေ့တွင် ဤကဲ့သို့ ရင်းနှီးသော အပြုအမူကို လုပ်ခံရသောအခါ ချက်ချင်းပင် နီရဲသွားသော်လည်း သူမ မငြင်းဆန်ခဲ့ပေ။
ထို့နောက် ယဲ့ဖန်သည် အာကာကီ ခါဇူရာကို ကြည့်လိုက်သည်။
" အစ်မမန်က မင်းအတွက် အသနားခံပေးနေတော့ မင်းရဲ့အသက်ကို အခု ငါ ကယ်လိုက်မယ် "
အာကာကီ ခါဇူရာလည်း ရှုမန်ကို အမြန်ကျေးဇူးတင်လိုက်သည်။
ထိုအချိန်တွင် ရှုမန်သည် သူ၏မျက်လုံးထဲတွင် မိဘတစ်ယောက်လို ဖြစ်နေသည်။
ထိုအချိန်တွင် ယဲ့ဖန်က ထပ်ပြောပြန်သည်။
" ဒါပေမယ့် သေတာကို ရှောင်နိုင်ပေမယ့် အပြစ်ဒဏ်ကိုတော့ ရှောင်လို့ မရဘူး။ မင်း ပါးစပ်ကြောင့် မိန်းကလေး တော်တော်များများကို သွေးဆောင်ပြီး ဒုက္ခပေးခဲ့မယ်လို့ ငါထင်တယ် ဟုတ်တယ်မလား "
အာကာကီ ခါဇူရာသည် သူ့မျက်လုံးကို မကြည့်ရဲဘဲ ခေါင်းကို အမြန်ငုံ့လိုက်သည်။
နှစ်တွေ ကြာလာသည်နှင့်အမျှ သူသည် သူ၏ ပရောပရည်စကားလုံးများဖြင့် မိန်းကလေး အများအပြားကို ထိခိုက်နစ်နာစေခဲ့သည်။
ထိုအထဲ၌ အိမ်ထောင်သည် အမျိုးသမီးများနှင့် အသက်မပြည့်သေးသည့် မိန်းကလေးများပင် ရှိသေးသည်။
တစ်ခါက အသက်မပြည့်သေးသည့် မိန်းကလေးတစ်ယောက် ကိုယ်ဝန်ရသွားပြီး ကိုယ်ဝန်ဖျက်ချဖို့ ဖိအားပေးခဲ့သည်။
မိန်းကလေး၏ မိဘများမှာ ပြဿနာရှာရန် လာခဲ့ကြသော်လည်း နောက်ဆုံးတွင် အကျပ်ကိုင်မှုနှင့် လာဘ်ပေးလာဘ်ယူမှုများဖြင့် ပြေလည်သွားခဲ့သည်။
ယဲ့ဖန်သည် သူ့အမူအရာကို မြင်ပြီး သူ့မှန်းဆချက် မှန်မှန်းသိကာ အေးစက်စွာ ပြောလိုက်သည်။
" ဒီနေ့ မင်းရဲ့ လျှာကို ဖြတ်မယ်။ မင်း အနာဂတ်မှာ တခြားသူတွေကို ဘယ်လို ဆက်ပြီး ပြောနိုင်မလဲ ကြည့်ရအောင် "
ဤတစ်ကြိမ်မှာတော့ ယဲ့ဖန် နောက်ထပ်အမိန့်မပေးခင် တာကဲဒ ရှီကာခဲသည် အာကာကီ ခါဇူရာ၏ လျှာကို ဖြတ်လိုက်သည်။
" အား ........ "
အာကာကီ ခါဇူရာသည် သူ့ပါးစပ်ကို အုပ်ထားပြီး သူ့လက်ချောင်းများကြားက သွေးများ စီးကျလာသည်။
ထိုမြင်ကွင်းကြောင့် အနီးနားပတ်ဝန်းကျင်မှ ခရီးသွားများက ကြောက်လန့်နေခဲ့ကြသည်။
ပိုကြောက်တတ်သူအချို့သည် ဆီးထွက်ကျကုန်သည်။
ယဲ့ဖန်ကို နတ်ဆိုးတစ်ကောင်လို ပြန်ကြည့်နေကြသည်။
ဘေးအိမ်မှ မောင်လေးကဲ့သို့ နူးညံ့သိမ်မွေ့ပုံရသည့် ကောင်လေးသည် ဤမျှလောက်ရက်စက်လိမ့်မယ်ဟု သူတို့ ဘယ်တုန်းကမှ မမျှော်လင့်ထားကြပေ။
ထိုအချိန်တွင် ယဲ့ဖန်သည် တာကဲဒ ရှီကာခဲကို မယုံကြည်နိုင်စွာ ကြည့်နေသည်။
" ငါက နောက်နေတာပါ။ မင်းက သူ့ကို တကယ်ကြီး တိုက်ခိုက်လိုက်တာလား။ မင်းက သိပ်ရက်စက်လွန်းတာပဲ မဟုတ်ဘူးလား "
တာကဲဒ ရှီကာခဲသည် အံသြသွားသည်။
ယဲ့လူကြီးမင်းက ပေါ်တင်ကြီး အပြစ်တင်နေတာ မဟုတ်ဘူးလား။
စိတ်ဓာတ်ကျသွားသော်လည်း အပြစ်တင်ခံလိုက်သည်။
" ဟုတ်တယ်၊ ဟုတ်တယ်၊ ဒါတွေ အားလုံးက ကျွန်တော့်အမှားပါ။ နားလည်မှုလွဲသွားတာပါ ယဲ့လူကြီးမင်း "
ယဲ့ဖန် သူ့ကို အပြစ်တင်ပြီး စိုက်ကြည့်နေသည်။
" ဒါဆို မင်း ဘာလို့အဲ့ဒီမှာ ရပ်နေတာလဲ။ မြန်မြန်သွားပြီးတော့ သူ့ကို ဆေးရုံပို့ပြီး သေသေချာချာ တောင်းပန်လိုက် "
တာကဲဒ ရှီကာခဲ အမြန် သဘောတူလိုက်ပြီး သူ့လက်အောက်ငယ်သားများအား အာကာကီ ခါဇူရာကို ဆေးရုံပို့ရန် အမိန့်ပေးခဲ့သည်။
ဘေး၌ ရပ်နေသည့် အီရှီနို ယိုဆုကဲသည် ထိုအရာများအားလုံးကို မြင်လိုက်ရပြီး သူ့စိတ်ထဲ ရှုပ်ထွေးနေသည်။
သူတို့ဥက္ကဌက ယဲ့လူကြီးမင်းအား တကယ်ကြောက်နေသည်ကို မြင်နိုင်သည်။
ရာမာဂူချီ-ဂူမီဂိုဏ်း ပိုင်ရှင်အစစ်က ဘယ်သူလဲ။
တာကဲဒ ရှီကာခဲသည် ရာမာဂူချီ-ဂူမီဂိုဏ်းကို သိမ်းပိုက်ထားခါစဖြစ်သောကြောင့် ယဲ့ဖန်နှင့် စကားအနည်းငယ်ပြောပြီးသည်နှင့် သူသည် ကိုင်တွယ်ဖြေရှင်းစရာများစွာ ကျန်ရှိနေသေးကာ အရင်ထွက်သွားခဲ့သည်။
ယဲ့ဖန်နှင့် ရှုမန်တို့သည် တောင်ပေါ်၌ ခဏနေပြီးနောက် နေ့လယ်စာစားရန် ဆင်းလာကြသည်။
" ရှောင်ဖန်၊ ငါ ဂျပန်က ကိစ္စတွေ ပြေလည်သွားပြီဆိုတော့ မနက်ဖြန် မနက်မှာ တရုတ်ပြည်ကို ပြန်ဖို့ လေယာဉ်လက်မှတ်ကို မှာထားပြီးပြီ "
ထမင်းစားနေစဉ်တွင် ရှုမန်သည် ယဲ့ဖန်အား သူမ၏အချိန်ဇယားကို ပြောပြခဲ့သည်။
" ဟိုဖောက်သည်ကြီးကို ရခဲ့ရဲ့လား။ "
ယဲ့ဖန်သည် ကော်ဖီဆိုင်တွင် တွေ့ခဲ့သောလူအကြောင်း မေးနေခြင်းဖြစ်သည်။
ရှုမန်သည် ချက်ချင်း ပါးစပ်ကိုပိတ်ကာ ရယ်မောလိုက်သည်။
" အဲဒီနေ့က နင့်ရဲ့ အစွမ်းအစကို သူ မြင်ပြီးတော့ သေမတတ် ကြောက်နေပြီ။ အဲ့ဒီနေ့က ငါနဲ့ စာချုပ်ချုပ်ခဲ့တယ်။ အဲ့တာအပြင် သူက ဖောက်သည်ကြီးတချို့ကိုတောင် အကြံပြုခဲ့သေးတယ်။ ပြောရရင်တော့ နင့်ကို ကျေးဇူးတင်ပါတယ် "
ယဲ့ဖန်သည် သူ၏တူချောင်းများကို ချလိုက်ပြီး သူမကို မေးခွန်းထုတ်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
" အဲ့ဒီနောက်တော့ အဲ့ကောင် အစ်မကို မနှောင့်ယှက်ဘူးမလား "
ရှုမန်၏ မျက်လုံးများတွင် စနောက်ချင်သော အပြုံးမျိုး ပြုံးပြလိုက်သည်။
" သူ ငါ့ကို ဆက်ပြီး နှောင့်ယှက်နေသေးတယ်လို့ ပြောရင် နင် စိတ်ဆိုးမှာလား "
ယဲ့ဖန်၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။
" စိတ်ဆိုးမှာ မဟုတ်ဘူး။ ဒါပေမယ့် သူ့ကို ဒီကမ္ဘာမြေကြီးပေါ်ကနေ ပျောက်အောင် လုပ်လိုက်မယ် "
ယဲ့ဖန်မျက်နှာမှာ ဒေါသမရှိသော်လည်း သူ့စကားများမှာ လူသတ်ချင်စိတ်တွေ ရှိနေသည်။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၃၁၅ )
အချိန်စီမံခန့်ခွဲမှု ဆရာကြီး
ရှုမန်သည် ယဲ့ဖန် နောက်ပြောင်ခြင်းမဟုတ်ကြောင်း ပြောနိုင်ကာ အမြန်ပင် လေးနက်လာသည်။
" ငါ နင့်ကို နောက်နေတာပါ။ ငါတို့ စာချုပ်ချုပ်ပြီးကတည်းက သူ့ကို မတွေ့ဘူး "
ယဲ့ဖန် သူမကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
" ဒီလိုဖြစ်ရင် ပိုကောင်းတာပေါ့။ မဟုတ်ရင် သူ့ကို ခွင့်မလွှတ်ဘူး "
ရှုမန် ဒေါသထွက်ဟန်ဆောင်ပြီး ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်သည်။
" ငါက နင့်ရဲ့ ကောင်မလေးမှ မဟုတ်တာ။ ငါ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို နင်က ဘာလုပ်ပိုင်ခွင့်ရှိလို့လဲ "
ယဲ့ဖန် သူမကို တည့်တည့် စိုက်ကြည့်နေသည်။
" ကျွန်တော်ကတော့ အနှောင့်အယှက်ပေးမှာပဲ။ ရှင်းရှင်းလင်းလင်း ပြောထားမယ်။ အစ်မ ခွင့်ပြုချက်မရဘဲ အလုပ်အပြင်မှာ တခြားယောက်ျားတွေနဲ့ ထိတွေ့ဆက်ဆံဖို့ မစဉ်းစားနဲ့ "
ရှုမန် ဒေါသထွက်လာသည်။
" နင် ..... နင် လွန်လွန်းတယ် မဟုတ်ဘူးလား။ နင့်လိုလူ ဘယ်လိုလုပ် ရှိနေတာလဲ။ နင့်ဘေးမှာကျ မိန်းမတွေ အများကြီးရှိတာကို ငါ့ဘေးမှာကျ ဘာလို့ယောက်ျားမရှိရမှာလဲ "
ယဲ့ဖန်သည် စားစရာတစ်လုတ်ကို ကောက်ယူပြီး သူ့ပါးစပ်ထဲကို ထည့်လိုက်ပြီး ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
" ကိုယ်က ကိုယ်ပဲ၊ မင်းက မင်း။ ကိုယ်တို့အဖြစ်ကို ရောထွေးလို့ မရဘူး "
" နင်က အရာရှိတွေကိုကျ မီးရှို့ခွင့်ပြုထားပြီး သာမန်ပြည်သူတွေကိုကျ မီးထွန်းခွင့်တောင် မပေးနေတာဘဲ "
" ဘာပဲပြောပြော၊ တိုတိုပြောရရင် မရဘူး။ မင်း ကိုယ့်ကိုမယုံရင် ကြိုးစားကြည့်လို့ရတယ် "
" ယဲ့ဖန်"
" အစ်မရဲ့အသံကို တိုးတိုးပြောပါ။ အစ်မခေါ်တာကို ကြားတယ် "
ရှုမန် သူ့ကို ဒေါသတကြီး စိုက်ကြည့်နေသည်။
ခဏအကြာတွင် သူမသည် အရာအားလုံးကို
နားလည်သွားပုံရသည့် အမူအရာတစ်ခုကို ရုတ်တရက် ထုတ်ဖော်လိုက်သည်။
" သြော် ငါ နားလည်ပြီ။ နင်က ငါ့ကို အပိုင်ဆွဲထားချင်နေတာပဲ "
" ဟုတ်တယ်၊ အငယ်လေးဖြစ်ချင်လား "
ယဲ့ဖန်သည် ဘာမှ ဖုံးကွယ်မထားပေ။
သူ ခေါင်းညိတ်ပြီး ဝန်ခံလိုက်သည်။
" ချီးကို ဖြစ်ချင်ရမှာလား။ ဒီမိန်းကလေးက အဓိက နန်းတော်ဖြစ်ချင်ရင် ဘယ်တော့မှ ဘေးအဆောင်ဖြစ်မှာ မဟုတ်ဘူး "
ရှုမန်သည် မာနကြီးစွာ ခေါင်းကို ချက်ချင်း မြှောက်လိုက်သည်။
" ဒါကို ကိုင်တွယ်ရတာ လွယ်ပါတယ်။ အချိန်ကျလာရင် အားလုံးစုပြီး အားလုံးက မဲပေးကြမယ်။ မဲအများဆုံးရသူက ပထမဆုံး မိဖုရားခေါင်ကြီး ဖြစ်လာလိမ့်မယ်။ ရာထူးသက်တမ်းက သုံးလပဲ။ သုံးလကြာရင် ရွေးကောက်ပွဲအသစ် ကျင်းပမယ် "
ယဲ့ဖန် သူ့အစီအစဉ်ကို ရှင်းပြသည်။
" ဘာရယ်၊ နင်က ဒါကိုတောင် တွေးထားသေးတာလား။ ငါ့ကို အမှန်တိုင်းပြောစမ်း။ နင့်မှာ မိန်းကလေး ဘယ်နှစ်ယောက်တောင် ရှိနေပြီလဲ "
ရှုမန်သည် ချက်ချင်းပင် ဒေါသတကြီး စိုက်ကြည့်လာသည်။
" အင်း ....... အရင်စဉ်းစားကြည့်ဦးမယ် "
ယဲ့ဖန် ချက်ချင်း ခေါင်းမော့ပြီး စဉ်းစားလိုက်သည်။
" နင် စဉ်းစားလို့ မရဘူး။ ချက်ချင်း ဖြေရမယ် "
ရှုမန်သည် ချက်ချင်းပင် ခက်ထန်သောမျက်နှာထားဖြင့် ခြိမ်းခြောက်လိုက်သည်။
" အများကြီးရှိလို့ တကယ် စဉ်းစားမှ ရမှာ။ ကျန်သွားရင် ဘယ်လိုလုပ်မလဲ "
" သေလိုက်ပါလား "
သူတို့နှစ်ယောက် စကားစမြည်ပြောကာ ရယ်မောကြပြီးနောက် ယဲ့ဖန်သည် ငွေရှင်းလိုက်သည်။
ထို့နောက် ရှုမန်ကို ဟိုတယ်သို့ ပြန်မောင်းပို့ခဲ့သည်။
" အထဲကို မဖိတ်တော့ဘူးလား "
ယဲ့ဖန်သည် ကားကို မှီ၍ နောက်ပြောင်လိုက်သည်။
" နင်က ထိုင်နေမှာမလို့လား။ တစ်ခုခုလုပ်မှာ မဟုတ်ဘူးလား "
ရှုမန်သည် ယဲ့ဖန်၏ အတွေးများကို မြင်လိုက်ပြီး မျက်နှာသာမပေးဘဲ ထုတ်ဖော်လိုက်သည်။
ယဲ့ဖန် ရယ်မောလိုက်သည်။
" အစ်မက တစ်ခုခုလုပ်စေချင်ရင်တော့ ကူညီပေးနိုင်တယ် "
" နင့်ကို ငါ့မျက်စိရှေ့ကနေ ချက်ချင်း ပျောက်ကွယ်သွားစေချင်တယ် "
ရှုမန်သည် သူမ၏ လက်သီးသေးသေးလေးကို ဝှေ့ယမ်းလိုက်သည်။
" ဒါဆို အစ်မ မထွက်သွားခင် အနမ်းလေး ပေးလို့ရမလား "
ယဲ့ဖန် သူ့ပါးစပ်ကို ရှေ့တိုးလာရင်း ပြောလိုက်သည်။
" ဘယ်လိုကောင်စုတ်လေးလဲ "
ရှုမန်သည် ယဲ့ဖန်၏ ပါးကို နမ်းလိုက်ပြီး လှည့်၍ ဟိုတယ်ထဲသို့ ဝင်သွားသည်။
ယဲ့ဖန်သည် သူမ၏ နောက်ကျောကို ကြည့်ပြီး သူ့မျက်နှာကို ပြန်ထိလိုက်ရာ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
" မိန်းကလေး၊ မင်းက မီးနဲ့ ကစားနေတာပဲ "
ခဏနေပြီးနောက် သူ့ဖုန်းက မြည်လာသည်။
သူ ထုတ်ကြည့်လိုက်ရာ ရှချူးလို့ မြင်လိုက်ရသည်။
" ယဲ့ဖန်၊ ရှင် ပြီးပြီလား။ ကျွန်မ ချိန်းထားတဲ့ နေရာကို ရောက်နေပြီ။ ရှင် ဘယ်တော့ လာနိုင်မှာလဲ "
" အင်း ခဏစောင့်၊ ကိုယ် ခဏနေ ရောက်မယ် "
ဖုန်းချပြီးနောက် ယဲ့ဖန်သည် ကားပေါ်သို့ အမြန်တက်ကာ သူချိန်းထားသော နောက်တစ်နေရာကို အမြန်သွားလိုက်သည်။
ရှချူးနှင့် တွေ့ဆုံရာနေရာသို့ ရောက်သောအခါတွင် အဖြူရောင်ဝတ်စုံနှင့် အဖြူရောင် နေကာဦးထုပ်ကို ဝတ်ဆင်ထားသည့် သူမကို လမ်းဘေး၌ စောင့်နေသည်အား တွေ့လိုက်ရသည်။
လေပြည် တိုက်ခတ်လာသည့်အခါ သူမ၏ စကတ်သည် လေထဲတွင် လွင့်နေကာ သူမသည် ပျံနေသလို ခံစားရသည်။
ရှချူးနှင့် ရှုမန်တို့သည် ကွဲပြားသော လူနှစ်မျိုး ဖြစ်သည်။
ရှုမန်၏ အသွင်အပြင်နှင့် ကိုယ်လုံးသည် အလွန်ကို ဆွဲဆောင်မှုကျလွန်းသည်။
တစ်ချက်ကြည့်လိုက်ရုံနှင့် လူတစ်ယောက်၏ အဆုံးမရှိသော စိတ်ကူးများကို နှိုးဆွစေနိုင်သည်။
ရှချူးသည် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သည်။
သူမနှင့် ပတ်သက်သော မကောင်းသော အကြံအစည်များကို မတွေးနိုင်အောင်ပင် အတွင်းမှအပြင်ထိ လတ်ဆတ်သန့်စင်သော ရောင်ဝါကို ထုတ်လွှတ်လေသည်။
သူ့ကား မနီးလာခင်မှာပင် ရှချူး သူ့ကို မြင်ပြီး လက်ဝှေ့ယမ်းပြလိုက်သည်။
" အစ်မဟုန်က ဒီနေ့ လိုက်မလာဘူးလား "
ယဲ့ဖန် ကားကို ဘေး၌ ရပ်လိုက်ပြီး သူမအနောက်ကို လှမ်းကြည့်လိုက်သည်။"
" အစ်မက လိုက်လာချင်ပေမယ့် လိုက်ခွင့်မပေးလိုက်တာ "
ရှချူးသည် ခရီးသည်ထိုင်ခုံတွင် ထိုင်လိုက်သည်။
" နားလည်ပါတယ်၊ မင်း ကိုယ့်ကို တစ်ယောက်တည်း အချိန်ပေးချင်လို့ မဟုတ်လား "
ယဲ့ဖန် ထိုစကားကို ပြောပြီးနောက် သူ့ကိုယ်သူ အနည်းငယ် ဆိုးသွမ်းသည်ဟု ခံစားလိုက်ရသည်။
သူသည် အခုတင် မမလေးရှုနှင့် ပရောပရည်လုပ်ပြီးသွားခါမှ ယခုအခါ သူသည် နာမည်ကြီးရှချူးလေးနှင့် ပရောပရည် လုပ်နေပြန်သည်။
သူသည် အချိန်စီမံခန့်ခွဲမှု၏ ဆရာကြီး ဖြစ်ပုံရသည်။
ရှချူးသည် သူ့နောက်ပြောင်နေသည်ကို ကြည့်ပြီး ရှက်သွားသည်။
" လျှောက်မပြောနဲ့။ အဓိကက ....... အဓိကကတော့ သူက စကားအရမ်းပြောလို့လေ။ တိတ်တိတ်ဆိတ်ဆိတ် နေလို့ရအောင်လို့ "
" နားလည်ပါတယ်၊ မင်းက ကိုယ့်အနားမှာပဲ နီးနီးကပ်ကပ် နေချင်တာ "
ယဲ့ဖန်သည် သူမ၏ စကားအဓိပ္ပါယ်ကို တမင်လှည့်ပန်ခဲ့သည်။
" ရှင်ပြောတဲ့ နီးကပ်မှု မဟုတ်ဘူး။ ဒါက ငြိမ်သက်မှုပဲ "
ရှချူး စကားကို အမြန်ပြင်လိုက်သည်။
" အဆင်ပြေပါတယ်။ ပြဿနာ လုံးဝ မရှိဘူး။ ပြီးရင် ကိုယ်တို့ ပိုနီးစပ်လာမယ် "
ယဲ့ဖန်သည် သူမနှင့်အတူ စကားလုံး ဂိမ်းကို ကစားတေခဲ့သည်။
" လူဆိုး "
ရှချူးသည် အမြန် ခေါင်းလှည့်ပြီး သူ့ကို လျစ်လျူရှုလိုက်သည်။
" ပြော၊ ကိုယ်တို့ ဘာလုပ်ကြမှာလဲ "
ယဲ့ဖန် ကားကို စဖွင့်ရင်း ပြောလိုက်သည်။
" အရင်စားရအောင်။ နည်းနည်း ဗိုက်ဆာနေပြီ "
ကျွီ
ယဲ့ဖန် ခြေထောက်များ တုန်ပြီး ဘရိတ်ပေါ်ကို နင်းလိုက်သည်။
" ဆာ ..... ဆာနေပြီလား "
ရှချူး စိတ်ရှုပ်ထွေးစွာဖြင့် သူ့ကိုကြည့်နေသည်။
" ဟုတ်တယ် ပြဿနာရှိလို့လား"
ယဲ့ဖန်က သူ့ဗိုက်ကို ပွတ်သပ်လိုက်သည်။
အခု သူ ဗိုက်ပြည့်နေလေသာ်။
" အဟွတ်၊ အဟွတ် ကောင်းပါတယ်။ ကိုယ်လည်း ဗိုက်ဆာနေတယ် "
သူက ခြောက်သွေ့စွာ ရယ်မောလိုက်ပြီး ကားကို ဆက်မောင်းသည်။
မိန်းမအများကြီး ရှိသည်က ကောင်းသော်လည်း အနည်းငယ် ပင်ပန်းလေသည်။
အချိန်စီမံခန့်ခွဲရေး ကျွမ်းကျင်သူထံမှ အမှန်တကယ် သင်ယူလိုသည်။
သူ့အချိန်တွေကို စနစ်တကျ ဘယ်လိုစီမံခန့်ခွဲသင့်လဲ။
သခင်လေးယဲ့သည် ရွေးချယ်စရာမရှိဘဲ မမလေးရှနှင့် နေ့လယ်စာစားရသည်။
စားသောက်ဆိုင်မှ ထွက်လာသောအခါ ဗိုက်ပေါက်မတတ် ခံစားရလေသည်။
ရှချူး၏ စိတ်ကို မထိခိုက်စေချင်သောကြောင့် ထမင်းကို ကြိုက်နှစ်သက်ပုံပြခဲ့သော်လည်း လက်တွေ့မှာ သူ အလွန်နာကျင်နေခဲ့သည်။
" ပြောပါဦး၊ မင်း ဘာလုပ်ချင်သေးလဲ။ ဒီနေ့ မင်းကို ကျေနပ်အောင် အကုန် လိုက်လုပ်ပေးမယ် "
ယဲ့ဖန် အပြင်ထွက်ဖို့ ဆုံးဖြတ်လိုက်ကာ လှည့်ပြီး ရှချူးကို မေးလိုက်သည်။
" ကျွန်မမှာ သီးသန့် အစီအစဉ် မရှိပါဘူး။ ပေါ့ပေါ့ပါးပါး လမ်းလျှောက်မယ်။ ဂျပန်မှာ နေနေပေမဲ့ ဟိုတယ်မှာပဲ နေခဲ့ရတော့ ဆော့ဖို့ မထွက်ဖြစ်ဘူး "
ရှချူးက ခေါင်းငုံ့ကာ ပြောသည်။
ယဲ့ဖန် ခဏလောက် စဉ်းစားလိုက်ပြီး ရုတ်တရက် အကြံတစ်ခုရသွားသည်။
" မင်းကို ရတနာတွေရှာဖို့ ခေါ်သွားပေးရမလား "
" ရတနာလိုက်ရှာမှာလား။ ရတနာကို ဘယ်မှာ ရှာတွေ့နိုင်မှာလဲ "
ရှချူး စိတ်ရှုပ်သွားသည်။
". ဂျပန်မှာ ရတနာတွေ အပြည့်ပဲဆိုတာ မင်းမသိဘူးလား။ ခေါင်းမော့ရှာလိုက်တာနဲ့ အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခုကို ကောက်ယူနိုင်လိမ့်မယ် "
ယဲ့ဖန် ထူးဆန်းစွာပြောသည်။
" မဟုတ်တာ၊ အဲ့တာက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "
ရှချူးသည် အပြစ်ကင်းစင်သော်လည်း သူမသည် မိုက်မဲသည်ဟု မဆိုလိုပေ။
" မင်း ကိုယ့်ကိုမယုံဘူး မဟုတ်လား။ ဒါဆိုမင်းအတွက် ရတနာတစ်ခုကို အရင်ရှာပေးမယ်။ သေချာကြည့်ထား "
ယဲ့ဖန် ထိုသို့ပြောပြီး သူ၏ နက်နဲသောစကန်ဖတ်စစ်ဆေးခြင်းကို ဖွင့်လိုက်သည်။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၃၁၆ )
ယုံးလော့ အခမ်းအနားကို ကြားဖူးလား။
အဆင့်မြှင့်ပြီးနောက် စကန်ဖတ်စစ်ဆေးခြင်း၏ အကွာအဝေးကို မီတာ၁၀၀၀အထိ တိုးချဲ့နိုင်ခဲ့သည်။
မီတာတစ်ထောင်အတွင်း၌ ရှိသည့် ပစ္စည်းများအားလုံး၏ အချက်အလက်များသည် ယဲ့ဖန် ရှေ့၌ ပြသထားလေသည်။
" ဟိုမှာ သွားကြည့်ရအောင် "
ယဲ့ဖန်သည် ရှချူး၏ နူးညံ့သောလက်ကို အလွန်သဘာဝကျစွာ ဆုပ်ကိုင်ထားသည်။
ရှချူးသည် အလိုလို ရုန်းကန်ချင်သော်လည်း ယဲ့ဖန်က သူမကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။
ရုန်းကန်လိုက်ပါက ယဲ့ဖန် မပျော်တော့မည်ကို စိုးရိမ်၍ နောက်ဆုံး၌ လက်လျှော့လိုက်ရသော်လည်း သူမ မျက်နှာက နီရဲနေလေသည်။
ယဲ့ဖန် သူမကို ဆွဲခေါ်သွားပြီး မကြာခင်မှာပင် ထောင့်တစ်နေရာရှိ စာအုပ်ဆိုင်ဟောင်းတစ်ဆိုင်ကို တွေ့လိုက်ရသည်။
" ဒါက ရှင်ပြောနေတဲ့ ရတနာတွေလား "
ရှချူးသည် ညစ်ပတ်နေသော စာအုပ်ဆိုင်ကို ကြည့်လိုက်သည်။
တံခါးသည် အလွန်ကြီးသည် မဟုတ်သည့်အပြင် နေရာမှာလည်း စတုရန်းမီတာတစ်ဒါဇင်လောက်သာ ရှိသည်။
နေရောင်အောက်၌ ဆိုင်းဘုတ်ပင် မှေးမှိန်နေသည်။
သူမ ဘယ်လိုပဲ ကြည့်သည်ဖြစ်စေ ရတနာများ မရှိသလိုသာ ဖြစ်နေသည်။
" ညီမလေး၊ အသွင်အပြင်ကြောင့် လှည့်စားမခံပါနဲ့ "
ယဲ့ဖန်သည် အဘိုးကြီးတစ်ယောက်လို ပြောကာ တစ်ပတ်ရစ် စာအုပ်ဆိုင်ထဲသို့ ဆွဲသွားသည်။
ပထမဦးစွာ သူသည် စာအုပ်စင်ကို လှည့်ပတ်ကြည့်ပြီးနောက် အလယ်အဆင့်မှ စာအုပ်နှစ်အုပ်ကို ထုတ်လိုက်သည်။
ထိုစာအုပ်နှစ်အုပ်သည် အနည်းငယ် ဟောင်းနွမ်းနေပြီး စာမျက်နှာများမှာလည်း အနည်းငယ်ဝါနေသည်။
အဖုံးသည်လည်း ပျက်စီးနေပြီး အလွန်သနားစရာကောင်းသည်ဟု ဆိုနိုင်သည်။
ယဲ့ဖန်သည် ထိုသည်ကို သေချာကြည့်ရန်ပင် စိတ်မ၀င်စားချေ။
သူသည် စာအုပ်နှစ်အုပ်ကို ငွေရှင်းကောင်တာဆီသို့ ယူသွားသည်။
" ဒီစာအုပ်နှစ်အုပ်က ဘယ်လောက်လဲ "
သူဌေးသည် ဈေးမပြောမီ ခေါင်းမော့ပြီး ကြည့်လိုက်သည်။
" ဂျပန်ယန်း ၅သောင်း "
ဂျပန်ယန်း ၅သောင်းသည် ယွမ် ၂၆၀၀ခန့်မျှသာရှိသောကြောင့် ဈေးမကြီးပေ။
သို့သော် ယဲ့ဖန်သည် သူနှင့် အချိန်အတော်ကြာ စေ့စပ်ညှိနှိုင်းနေဆဲပြီး နောက်ဆုံးတွင် ထိုစာအုပ်နှစ်အုပ်ကို ဂျပန်ယန်း၄သောင်းဖြင့် ဝယ်ယူနိုင်ခဲ့သည်။
ရှချူးသည် ဘီလီယံရာနှင့်ချီ ပိုင်ဆိုင်မှုရှိသော်လည်း ဤကဲ့သို့ ဈေးစစ်နေသော ဘီလီယံနာသူဌေးကို ကြည့်လိုက်သည်။
သူမသည် အဓိပ္ပာယ်ဖော်မပြနိုင်သော ခံစားချက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။
ထိုမြင်ကွင်းသည် ဟာသဆန်လွန်းလှသည်။
ယဲ့ဖန် ငွေရှင်းပြီးနောက် သူမကို စာအုပ်ဆိုင်မှ ချက်ချင်း ဆွဲခေါ်ထုတ်လိုက်သည်။
" ဒါ ရှင်ပြောတဲ့ ရတနာလား "
ရှချူးသည် သူ့လက်ထဲတွင် ရှိသော စာအုပ်နှစ်အုပ်ကို အထင်သေးစွာဖြင့် ကြည့်လိုက်သည်။
ထိုစာအုပ်များမှာ ဟောင်းနွမ်းနေပြီး ရတနာများဟု မထင်ရပေ။
" မင်း နားမလည်ပါဘူး။ ယုံးလော့အခမ်းအနားအကြောင်း ကြားဖူးလား "
ယဲ့ဖန် သူမကို တမင်တကာ အချိန်ဆွဲထားလိုက်သည်။
" ယုံးလော့အခမ်းအနားရဲ့ နာမည်ကို ကြားဖူးတယ် ထင်တယ်။ ဒါပေမယ့် အတိအကျတော့ မသိဘူး "
ရှချူး ရိုးသားစွာ ဖြေလိုက်သည်။
" ယုံးလော့အခမ်းအနားကို မင်းဧကရာဇ် ကျုတီက စုစည်းထားတာ။ အဲ့တာက အတွဲ ၂၂၈၇၇ တွဲနဲ့ စကားလုံးပေါင်း သန်း ၃၇၀လောက် ရှိသည်။ ရှေးဟောင်းစာအုပ်ပေါင်း ၇၀၀၀ကနေ ၈၀၀၀အထိ စုစည်းထားတယ်။ ဒါပေမဲ့ ချင်မင်းဆက်နှောင်းပိုင်းကနေစပြီး မင်းဆက်တိုင်းမှာ ပျောက်သွားတယ် "
ယဲ့ဖန်သည် အေးဆေးစွာ ရှင်းပြနေပြီး ရှချူးလည်း စိတ်ဝင်တစား နားထောင်နေသည်။
" အရင်တုန်းက ပဲရစ်မှာရှိတဲ့ လေလံအိမ်က ယုံးလော့ အခမ်းအနား အတွဲနှစ်တွဲကို လေလံတင်ခဲ့ပြီး နောက်ဆုံးကျ မိုးလောက်မြင့်တဲ့ဈေး ယူရို ၆.၄ သန်းနဲ့ ရောင်းခဲ့တာ "
ရှချူးသည် ထိုနံပါတ်ကို ကြားလိုက်သောအခါ သူမသည် အလွန်တုန်လှုပ်သွားပြီး လျှာပင်ခတ်လိုက်မိသည်။
ယူရို ၆.၄သန်းသည် ယွမ်၆၅သန်းလောက်နှင့် ညီမျှသည်။
ဤသည်မှာ စိတ်ကူးပင်မယဉ်နိုင်သောဈေး ဖြစ်သည်။
ထို့နောက် သူမသည် ယဲ့ဖန်စကားမှ တစ်စုံတစ်ရာကို ရုတ်တရက် တွေးမိလိုက်သည်။
" ရှင် ဆိုလိုတာ ဒီစာအုပ်နှစ်အုပ်က ....... "
" ယုံးလော့ အခမ်းအနားလား "
" ဟုတ်တယ်၊ ဒီဟာလည်း အပါအဝင်ပဲ "
ယဲ့ဖန် စကားပြောပြီးသောအခါ သူ အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။
ရှချူး ထိတ်လန့်စွာဖြင့် ပါးစပ်ကို အုပ်လိုက်သည်။
သူမသည် စာအုပ်ဟောင်းနှစ်အုပ်ကို ငုံ့ကြည့်ပြီးနောက် ယဲ့ဖန်ကို မော့ကြည့်လိုက်သည်။
ဤသို့ပြောခဲ့သူမှာ ယဲ့ဖန်သာ မဟုတ်ပါက ဤစာအုပ်နှစ်အုပ်သည် သန်းနှင့်ချီတန်သည်ကို သူမ ဘယ်တော့မှ ယုံမည် မဟုတ်ပေ။
ယဲ့ဖန်မှ ထိုသို့ပြောသော်လည်း သူမ သံသယရှိနေဆဲဖြစ်သည်။
အဓိကမှာ မယုံနိုင်စရာကောင်းလွန်းသောကြောင့် ဖြစ်သည်။
ယဲ့ဖန်သည် စာအုပ်ဆိုင်သို့ ပေါ့ပါးစွာ လျှောက်ဝင်သွားကာ စာအုပ်နှစ်အုပ်ကို ရွေးလိုက်သည်နှင့် သန်းဆယ်ချီတန်သည့်စာအုပ်ကို ရွေးလိုက်နိုင်သည်။
ဒါက နည်းနည်းချဲ့ကားနေတာ မဟုတ်ဘူးလား။
ယဲ့ဖန်သည် သူမ မယုံသည်ကို မြင်နိုင်သည်။
သူ ကူကယ်ရာမဲ့စွာ ပုခုံးတွန့်ရုံသာ လုပ်နိုင်သည်။
" ကိုယ် ပြောသမျှ အမှန်ပဲ။ မင်းကိုယ့်ကို မယုံရင်လည်း မကူညီနိုင်ဘူး။ ဒီနယ်ပယ်မှာ ကျွမ်းကျင်တဲ့သူကို သိရင် အကဲဖြတ်ခိုင်းလို့ရတယ် "
ရှချူး တစ်စုံတစ်ခုကို သတိရသွားသည်။
" ကျွန်မ ဒရာမာဇာတ်ကားတစ်ကား ရိုက်ကူးနေတာ။ ထုတ်လုပ်ရေးအဖွဲ့က အတိုင်ပင်ခံတစ်ယောက်ကို ငှားထားတယ်။ သူမက ယန်ကျင်းတက္ကသိုလ်ရဲ့ ရှေးဟောင်းသုတေသနဌာနက ပါမောက္ခတစ်ယောက်ဆိုတော့ သူမစီက အကြံဉာဏ်တောင်းနိုင်လောက်တယ် "
ထိုသို့ပြောပြီးနောက် ပါမောက္ခထံ ဆက်သွယ်ရန် ဖုန်းကို ထုတ်လိုက်သည်။
ယဲ့ဖန် သူမကို မတားပေ။
ရှချူးသည် ပါမောက္ခစီသို့ ဗီဒီယိုခေါ်ဆိုမှု အမြန်လုပ်ခဲ့သည်။
မကြာခင်မှာပင် ဆံပင်ဖြူ အဘွားကြီးတစ်ယောက် ဗီဒီယိုထဲ၌ ပေါ်လာသည်။
သူမ၏မျက်နှာမှာ သူရဲကောင်းဆန်သည့်ပုံစံ ရှိပြီး သူမနှင့် ပေါင်းသင်းရန် မလွယ်ကူသည်မှာ သိသာလေသည်။
" မင်္ဂလာပါ ဆရာမရှု။ ကျွန်မကို မှတ်မိသေးလား "
ရှချူးသည် ချက်ချင်းပင် ပါမောက္ခအား ချိုသာစွာ နှုတ်ဆက်လိုက်သည်။
" ဘယ်လိုလုပ် မမှတ်မိဘဲနေမှာလဲ။ မင်းက တော်တော်လေးကို တော်တဲ့ မိန်းကလေးပဲ။ ငါ မင်းကို အရမ်းသဘောကျတယ် "
ပါမောက္ခရှုသည် သူမ၏မျက်နှာပေါ်တွင် ရိုးသားသောအပြုံးတစ်ခု ရှိသည်။
သူမသည် ရှချူးကို အမှန်တကယ် နှစ်သက်ကြောင်း ထင်ရှားသည်။
" အဲ့ဒီတုန်းက ဆရာမဆီက အများကြီး သင်ယူခဲ့ရပါတယ်။ အမြဲလေးစားပါတယ်ရှင့် "
ရှချူး၏ ချိုမြိန်သော ပါးစပ်လေးသည် ပါမောက္ခရှုကို ပြုံးသွားစေသည်။
" ရှောင်ရှ၊ ဒီနေ့ ဘာလို့ ရှာနေတာလဲ။ တစ်ခုခုရှိရင် ပြောလိုက်။ ငါ ဒီမှာအလုပ်များနေသေးလို့ "
ပါမောက္ခရှုသည် ရိုးရှင်းသော အဘွားအိုကြီးတစ်ယောက်လို တိုက်ရိုက်မေးလိုက်သည်။
" ဒီလိုပါ ဆရာမရှု။ ကျွန်မရဲ့ သူငယ်ချင်းက ဂျပန်မှာ စာအုပ်နှစ်အုပ်ရှာတွေ့ထားတယ်။ အဲ့တာက ယုံးလော့ အခမ်းအနားလို့ ပြောတယ်။ အဲ့တာ မှန်လား စစ်ကြည့်ပေးနိုင်မလား "
ယဲ့ဖန်လက်ထဲမှ စာအုပ်နှစ်အုပ်ကို ကင်မရာကို ညွှန်ပြရင်း ရှချူးက ပြောလိုက်သည်။
" ယုံးလော့ အခမ်းအနားလား။ မင်းသူငယ်ချင်းက အဲ့တာဝယ်ဖို့ ဘယ်လောက် ကုန်ခဲ့လဲ "
ရှုပါမောက္ခသည် စားပွဲပေါ်မှ သူမ၏ အနီးကြည့်မျက်မှန်ကို ကောက်ယူရင်း မေးလိုက်သည်။
" သူက ယွမ် ၂၀၀၀လောက် သုံးခဲ့တယ်ထင်တယ် "
ရှချူး သူမကို အမှန်အတိုင်း ပြောပြလိုင်သည်။
ထိုစကားကို ကြားသောအခါ ပါမောက္ခရှုက ရယ်သည်။
" မင်းသူငယ်ချင်းက အတုကို ဝယ်ခဲ့တာ ဖြစ်မယ်။ အခု ယုံးလော့ အခမ်းအနားတိုင်းကို ကောင်းကင်လောက်မြင့်တဲ့ဈေးနဲ့ ရောင်းနေကြတာ။ ယွမ် ၂၀၀၀နဲ့ ဘယ်လိုလုပ် ဝယ်နိုင်မှာလဲ။ အဆုံးမှာ နောက်ထပ် သုညလေးခုလောက် ထပ်ထည့်လိုက် "
ရှချူးလည်း ပါးစပ်ကို အုပ်ပြီး ရယ်မောလိုက်သည်။
" ကျွန်မလည်း သူ့ကို ပြောပါသေးတယ်။ ဒါပေမယ့် သူက အရမ်းယုံကြည်မှု ရှိနေတာ။ ကျေးဇူးပြုပြီး သူ့အနေနဲ့ အနာဂတ်မှာ ပိုပြီး နှိမ့်ချတတ်ဖို့ သင်ယူနိုင်အောင် ကျေးဇူးပြုပြီး ကြည့်ပေးပါဦး "
ယဲ့ဖန်သည် သူမစကားကို ကြားသောအခါ စိတ်မချမ်းသာတော့ဘဲ သူမကို မျက်လုံးများဖြင့် ခြိမ်းခြောက်လာသည်။
ရှချူးက မကြောက်ပေ။
ထိုအစား သူမသည် သူမ၏ လက်သီးသေးသေးလေးကို ဝှေ့ယမ်းလိုက်သည်။
ပါမောက္ခရှု၏ ပံ့ပိုးမှုဖြင့် သူမသည် ကြောက်စရာ ဘာမျှမရှိပုံရသည်။
ပါမောက္ခရှုသည် မဖြစ်နိုင်ဘူးဟု ခံစားမိသော်လည်း ရှချူးကြောင့် ဖုန်းကို ဂရုတစိုက်ကြည့်လိုက်သည်။
အစပိုင်းတွင် သူမသည် အနည်းငယ် သတိမထားမိသော်လည်း တစ်ချက်ကြည့်လိုက်ပြီးနောက် သူမ၏အမူအရာမှာ လေးနက်လာသည်။
" ရှရှလေး၊ မင်းရဲ့ဖုန်းကို အနီးကပ်ရွှေ့လိုက်ပါလား "
သူမ၏ အသံသည် တုန်လှုပ်နေပြီး အနည်းငယ် စိတ်လှုပ်ရှားနေသည်မှာ ထင်ရှားသည်။
ရှချူးသည် သူမ၏ အသံတွင် ထူးဆန်းသော အသံနေအသံထားကို ကြားလိုက်ရပြီး ဖုန်းကို အလျင်စလို အနားကပ်လိုက်သည်။
" ဖွင့်ကြည့်လိုက်၊ ကြည့်ရအောင် "
" စည်းထားတဲ့အပိုင်းကို ပြန်ကြည့်ရအောင် ..... "
" စာရွက်ကို ပြန်ကြည့်ရအောင် ..... "
ပါမောက္ခရှုသည် သူမကို ဆက်လက်ညွှန်ကြားခဲ့ပြီး သူမအသံမှာ ပိုပိုပြီး စိတ်လှုပ်ရှားလာပုံရသည်။
အဆုံး၌ သူမ ထိုင်ခုံပေါ်သို့ ပြန်လဲကျသွားပြီး မျက်လုံးများက လေဟာနယ်ထဲသို့ စိုက်ကြည့်နေသည်။
" ပါမောက္ခ၊ အဆင်ပြေရဲ့လား "
ရှချူးသည် သူမကို ထိုသို့မြင်ရပြီး အံ့သြသွားသည်။
ပါမောက္ခရှုက အတုမြင်ပြီး ဒေါသဖြစ်သွားတာလား။
ထိုသို့ဖြစ်လျှင် သူမ အပြစ်ရှိပေလိမ့်မည်။
အချိန်အတော်ကြာပြီးနောက် ပါမောက္ခရှုသည် ကင်မရာကို ကြည့်ရန် ခေါင်းကို ဖြည်းညှင်းစွာ မော့လာသည်။
" ရှ ..... ရှချူးလေး၊ မင်းသူငယ်ချင်းက ဘာလုပ်တာလဲ "