အခန်း (၁၃၁၇-၁၃၂၀)
Vol. 66 Ch. 1317-1320
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၃၁၇ )
ယုံးလော့အခမ်းအနား
" သူ .... သူက ကျောင်းသားလား။ အဲ့လိုလည်း မဟုတ်သေးဘူး။ ကုန်သည်လား။ အဲ့လိုလည်း မဟုတ်ဘူး။ ဆရာဝန်လား။ မဟုတ်လောက်ဘူး ..... "
ရှချူး ခေါင်းကို ငုံ့ကာ အကြာကြီး စဉ်းစားနေလိုက်သည်။
သို့သော် ယဲ့ဖန်အတွက် တိကျသည့် ဖော်ပြချက်ကို သူမ မပေးနိုင်ပေ။
ဒီကောင်လေးသည် အထောက်အထား အများကြီးရှိပုံရသော်လည်း မည်သည်က သူ၏အဓိကအလုပ်လဲဆိုတာ သူမ မပြောနိုင်ပေ။
ပါမောက္ခရှု အနည်းငယ် စိတ်ရှုပ်သွားသည်။
နှောင့်ယှက်ရန် လက်ကို အမြန်မြှောက်လိုက်သည်။
" အခုလောလောဆယ် ဒီအကြောင်း မပြောသေးနဲ့ဦး။ ဘာပဲဖြစ်ဖြစ် ဒီစာအုပ်နှစ်အုပ်ကို တရုတ်ပြည်ကို ပြန်ယူလာဖို့ မင်းသူငယ်ချင်းကို ပြောလိုက် "
ရှချူး အံ့သြသွားသည်။
" ပါမောက္ခရှု၊ ဆိုလိုတာက ဒီစာအုပ်နှစ်အုပ်က တကယ်ပဲ ယုံးလော့ အခမ်းအနား လား "
ပါမောက္ခရှုသည် ယုံကြည်မှုအပြည့်နှင့် ခေါင်းညိတ်လိုက်သည်။
" ဒီစာအုပ်နှစ်အုပ်က တကယ့် ယုံးလော့ အခမ်းအနား ဆိုတာ ငါ သေချာတယ် "
ရှချူး အလွန်တုန်လှုပ်သွားပြီး ပါးစပ်ကို မပိတ်နိုင်ပေ။
အဲ့တာ တကယ့်အစစ်လား။
ယဲ့ဖန်က ယုံးလော့ အခမ်းအနားကို တကယ် ဝယ်ခဲ့တာလား။
" ရှချူးလေး၊ မင်း သူငယ်ချင်းက တကယ်ကံကောင်းတာပဲ။ သူ ဒီလိုရှားပါးတဲ့ ရတနာတစ်ခုကို တကယ် တွေ့ခဲ့တာ။ သူ တကယ် ကံကောင်းလိုက်တယ် "
ပါမောက္ခရှုသည် သက်ပြင်းချလိုက်သည်။
ယဲ့ဖန်သည် တစ်ပတ်ရစ်စာအုပ်ဆိုင်သို့ ကြုံရာကျပန်း လမ်းလျှောက်လာပြီး ထိုစာအုပ်နှစ်အုပ်ကို စင်ပေါ်မှ ကောက်ယူသွားသည်ကို ရှချူး အမှန်ပင် ပြောပြလိုက်ချင်သည်။
သို့သော် ပါမောက္ခရှု လန့်သွားမည်ကို စိုးရိမ်နေသည်။
ဤသည်မှာ မယုံနိုင်စရာကောင်းလှသည်။
ထို့ကြောင့် နောက်ဆုံးတွင် ပါးစပ်ပိတ်နေရန်သာ ရွေးလိုက်သည်။
ထို့နောက် သူမသည် ပါမောက္ခရှုနှင့် အချိန်အတော်ကြာ စကားပြောနေခဲ့ပြီး တရုတ်နိုင်ငံသို့ ပြန်ရောက်ပြီးနောက် သူမအာယ ပထမဆုံးဖတ်ခွင့်ပေးမည်ဟု ကတိပြုခဲ့သည်။
ထိုမှ သူမ ဖုန်းချသွားသည်။
" ဘယ်လိုလဲ၊ ကိုယ်မှန်တာကို မင်းက ကိုယ့်ကို မေးခွန်းထုတ်ရဲသေးတာလား "
ယဲ့ဖန် သူမကို ဒေါသတကြီး စိုက်ကြည့်နေသည်။
" ရှင် .... ဘယ်လိုလုပ်လိုက်တာလဲ "
ရှချူး သူ့ကို အံ့ဩစွာ ကြည့်နေသည် ယ။
" ကိုယ်မင်းကို မပြောဘူးလား။ ဂျပန်က ရတနာတွေနဲ့ ပြည့်နေတာ"
" ကျစ် ထားလိုက်တော့ "
ရှချူးသည် သူ့ကို မယုံဘူးဆိုသည်မှာ သိသာသည်။
ဂျပန်များမှာလည်း အရူးများ မဟုတ်ကြပေ။
နေရာတိုင်းမှာ ရတနာတွေရှိနေရင် သူတို့လို နိုင်ငံခြားသား တရုတ်တွေက ဘယ်လိုလုပ် ရှာတွေ့မှာလဲ။
" မင်း ကိုယ့်ကို မယုံသေးဘူးလား။ ဒါဆို ဆက်ကြည့်ရအောင် "
ယဲ့ဖန် ကားကို မောင်းပြီး ရှချူးကို ရည်ရွယ်ချက်မဲ့စွာဖြင့် ရတနာရှာဖွေရန် ခေါ်သွားသည် ။
သူ၏ နက်နဲသော စကန်ဖတ်မှုအောက်တွင် မည်သည့်ရတနာမှ ဖုံးကွယ်ထားနိုင်မည်မဟုတ်ပေ။
နာရီဝက်ခန့် ရှာဖွေပြီးနောက် နောက်ထပ် ရှေးဟောင်းပစ္စည်းအချို့ကို တွေ့ရှိခဲ့သော်လည်း ထိုပစ္စည်းမျာယသည် ယွမ်သန်းအနည်းငယ်သာ တန်ဖိုးရှိသည်။
ယုံးလော့ အခမ်းအနား နှင့် နှိုင်းယှဉ်၍ မရပေ။
သို့သော် ရှချူးသည် အံ့အားသင့်နေဆဲဖြစ်သည်။
ဖျော်ဖြေရေးနယ်ပယ်သည် အလွန်ငွေဝင်သည်ဟု သူမ တွေးခဲ့ဖူးသည်။
ဥပမာအားဖြင့် ရုပ်ရှင်ရိုက်ကူးမှုသည် နှစ်လမှ သုံးလကြာပြီးနောက် သူမသည် သန်းဆယ်နှင့်ချီ၍ ဝင်ငွေရနိုင်သည်။
ထိုငွေသည် သာမန်လူအတော်အများ သူတို့၏ တစ်သက်တာ ဘယ်တော့မှ မရှာနိုင်သည့် ငွေပမာဏ ဖြစ်နိုင်သည်။
ထိုငွေများကို သူမလက်ထဲ ကိုင်ထားရသည်မှာ မလုံခြုံဘူးဟု အမြဲလိုလို ခံစားမိသောကြောင့် ပရဟိတများ လုပ်လေ့ရှိသည်။
သို့သော် ယခု ယဲ့ဖန်နှင့် နှိုင်းယှဥ်ကြည့်ပါက သူမသည် ငွေအလကားကောက်ရခြင်း၏ အဓိပ္ပါယ်ကို နောက်ဆုံးတွင် နားလည်လာခဲ့သည်။
အချိန်တိုလေးအတွင်းမှာပင် သန်းပေါင်းများစွာတန်သော ရှေးဟောင်းပစ္စည်းများကို ကောက်ယူရရှိခဲ့သည်။
ယုံးလော့ အခမ်းအနား၏ စာအုပ်နှစ်အုပ်ကိုထည့်သွင်းပါက သန်း ၇၀ မှ ၈၀အထိ ဖြစ်ပေလိမ့်မည်။
သူမ အိပ်မက်မက်နေသည်လားဆိုတာ သိရရန် သူမကိုယ်သူမ တိတ်တဆိတ် ပွတ်ဆွဲလိုက်မိသည်။
နာတယ်၊ တကယ် နာတယ်။
သူမ အိပ်မက်မက်နေတာ မဟုတ်ဘူးဘဲ၊
ယဲ့ဖန်သည် သူမ၏ ချစ်စဖွယ် အပြုအမူကို မြင်လိုက်ရပြီး ခေါင်းယမ်းကာ ပြုံးမိသည်။
ထိုအချိန် သူ့အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားပြီး ကားကို ချက်ချင်း ရပ်လိုက်သည်။
လှည့်ကြည့်လိုက်သည့်အခါ ပင်လယ်စာဈေးကို တွေ့လိုက်သည်။
" ဝင်ကြည့်ရအောင် "
စကားပြောရင်း ကားပေါ်မှ အရင်ဆင်းလိုက်သည်။
" ပင်လယ်စာဈေးလား၊ ဒီမှာ ရတနာရှာမှာလား။ မဖြစ်နိုင်တာ "
ရှချူးက သူ့ကို ကြောင်အစွာ ကြည့်လိုက်သည်။
ယဲ့ဖန်နဲ့အတူ သွားရာလမ်းတစ်လျှောက်တွင် အဖိုးတန်ရတနာတချို့ကို တွေ့ခဲ့သော်လည်း သူတို့အားလုံးသည် တစ်ပတ်ရစ်ဆိုင်များနှင့် ရှေးဟောင်းပစ္စည်းဆိုင်များဆီ သွားခဲ့ကြခြင်း ဖြစ်သည်။
အခုမှာတော့ ယဲ့ဖန်သည် ရတနာရှာရန် ပင်လယ်စာဈေးကို သွားနေသည်၊
ဒီလိုနေရာမျိုးမှာ ဘယ်လိုလုပ် ရတနာတွေ ရှိနိုင်မှာလဲ။
" ဂျပန်က ရတနာတွေ ပြည့်နေတာ "
ယဲ့ဖန် သူမကို လှည့်ကြည့်ရင်း ပင်လယ်စာဈေးထဲကိုသို့ ဝင်လိုက်ကာ အဓိပ္ပါယ်ရှိသည့်အပြုံးကို ပြုံးပြလိုက်သည်။
ရှချူးသည် သူ့နောက် ကူကယ်ရာမဲ့စွာ လိုက်သွားသော်လည်း ဤနေရာ၌ ရတနာတစ်ခုကို ရှာတွေ့နိုင်မည်ဟု သူမ မယုံခဲ့ပေ။
ပင်လယ်စာဈေးသည် အလွန်ကြီးလေသည်။
အဆုံးကို ဘယ်သူမှ မမြင်နိုင်ပေ။
အထဲ၌ ပင်လယ်စာဆိုင်များ အများကြီးရှိသည်။
လမ်းလျှောက်ပြီးသည်နှင့် ပင်လယ်စာ ညှီနံ့ကို ရနိုင်သည်။
ရှချူးသည် အော့အန်ချင်စိတ်ကို တောင့်ခံလိုက်သည်။
သူမ နှာခေါင်းကို အလျင်အမြန် ဖိလိုက်ပြီး ယဲ့ဖန် နောက်ကနေ လိုက်သွားသည်။
ယဲ့ဖန်သည် ဈေးထဲ၌ ရည်ရွယ်ချက်မဲ့စွာ လျှောက်သွားပြီး ဆိုင်တစ်ခုရှေ့တွင် ရပ်လိုက်သည်။
ထိုဆိုင်ထဲ၌ ပင်လယ်စာများ အလွန်ပေါလေသည်။
ကဏန်း၊ ပုဇွန် ၊ ပင်လယ်ငါး၊ ဂုံးများ အစရှိသည်ဖြင့် အားလုံး ရနိုင်သည်။
သူဌေးသည် အသက်လေးဆယ်ကျော် ယောက်ျားကြီးဖြစ်သည်။
သူတို့ နှစ်ယောက်ကို မနှုတ်ဆက်ဘဲ ထိုအစား သူ့ဖုန်းထဲမှ ဗီဒီယိုကို ကြည့်နေသည်။
ယဲ့ဖန်သည် သူ့ဖုန်းမျက်နှာပြင်ကို စိုက်ကြည့်ပြီး ရယ်မိမတတ် ဖြစ်သွားသည်။
ဤသူဌေးသည် တရုတ် တီဗီစီးရီးကို ကြည့်နေပြီး ထိုဇာတ်လမ်းသည် ဂျပန်ဆန့်ကျင်ရေးဒရာမာ ဖြစ်သည်။
ရှချူးသည်လည်း သတိပြုမိပြီး သူမ၏မျက်နှာသည် နီရဲသွားသည်။
ဂျပန်ဆန့်ကျင်ရေး ဒရာမာဇာတ်လမ်းတွဲကို ကြည့်နေသည့် ဂျပန်လူမျိုးတစ်ဦးကို သူမမြင်လိုက်ရသောအခါတွင် သူမသည် ဒါရိုက်တာများနှင့် သရုပ်ဆောင်များအတွက် ရှက်သွားသည်။
သို့သော် ထိုအချိန်တွင် သူဌေးက ရုတ်တရက် ခေါင်းလှည့်လာပြီး ပြုံးပြလိုက်သည်။
" ဒီတရုတ်လူမျိုးတွေက တကယ်ရယ်စရာကောင်းတယ်။ သူတို့က ရန်သူတွေကို အနိုင်မယူနိုင်ပေမယ့် တကယ်တမ်းကျ ငါတို့ကို စော်ကားဖို့ ဒီနည်းလမ်းကို သုံးတယ်။ အဲ့တာကို 'အရည်အချင်းမရှိဘူး'လို့ ခေါ်တာလား "
သူဌေးမသည် ပိုက်ကွန်နှင့် ငါးဖမ်းနေသည်။
ခင်ပွန်းဖြစ်သူ၏ စကားကို ကြားသောအခါ ရယ်သည်။
" ဒီလို စော်ကားထားတဲ့ တီဗီစီးရီးကို ရှင် ဘယ်လိုကြည့်နိုင်တာတုန်း "
သူဌေးက မသိမသာ ပြုံးလိုက်သည်။
" ဟူး၊ စောစောက မမွေးခဲ့တာ သနားစရာပဲ။ မဟုတ်ရင် ငါ တရုတ်ကို ပျော်ပျော်ကြီးသွားလို့ရတယ်။ အဲ့ဒီကယောက်ျားတွေ ဒူးထောက်ခိုင်းပြီး မိန်းမတွေကို အောက်မှာ .... "
သူဌေးမက ပုဇွန်သေတစ်ကောင်ကို ရုတ်တရက် ပစ်လိုက်သည်။
" အောက်က ဘာဖြစ်လဲ၊ ဆက်ပြောလေ "
သူဌေးက ချောင်းဆိုးလိုက်သည်။
" နောက်တာပါကွာ။ တရုတ်မိန်းမတွေကို စိတ်မဝင်စားဘူး။ သူတို့အားလုံးက ဝက်တွေနဲ့တူတယ်။ သူတို့က ဂျပန်အမျိုးသမီးတွေလို ဘယ်လိုလုပ် လှနိုင်မှာလဲ။ လူငယ်လေး၊ ငါမှန်တယ်မလား "
သူ၏ နောက်ဆုံးစကားမှာ ယဲ့ဖန်ကို ဦးတည်နေခဲ့သည်။
သူ့ကို ဂျပန်လို ဆက်ဆံသည်မှာ ထင်ရှားသည်။
ယဲ့ဖန် သူ့လက်ကို ရှချူး၏ ပုခုံးပေါ် တင်လိုက်သည်။
" ငါတို့က တရုတ်တွေ။ ငါတို့ တရုတ်မိန်းကလေးနဲ့ မင်းရဲ့ဂျပန်မိန်းမကို ကြည့်လိုက်။ ဘယ်သူက ဝက်နဲ့ပိုတူလဲ "
သူဌေးနှင့် သူဌေးမ အံ့အားသင့်သွားသည်။
သူတို့ရှေ့မှ လူငယ်လေးနှစ်ယောက်သည် တရုတ်များ ဖြစ်မည်ဟု မမျှော်လင့်ထားပေ။
သူဌေးသည် မသိစိတ်ဖြင့် သူ့မိန်းမကို ငုံ့ကြည့်ပြီးနောက် ရှချူးကို မော့ကြည့်သည်။
သူ့အမူအရာမှာ .................
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၃၁၈ )
စကားနည်းနည်းပြောရုံနဲ့ သားရဲတစ်ကောင်ကို လူအဖြစ် ပြောင်းလဲနိုင်မှာလား။
သူဌေးမမှ ပထမဆုံး တုံ့ပြန်လာသည်။
သူမက ချက်ချင်းပြုံးပြီး ပြောသည်။
" လူငယ်လေး၊ စိတ်မကောင်းပါဘူး။ ကျွန်မယောက်ျားက နောက်နေတာပါ။ သူက ပါးစပ်မပိတ်တဲ့သူလေ "
သူတို့ဘေး၌ ရပ်နေသည့် ရှချူးသည် မျက်နှာထားမှာ အေးစက်နေသည်။
" အဲ့ဒီခေတ်က တရုတ်လူမျိုးတွေအတွက်တော့ ကြီးမားတဲ့ ကပ်ဘေးဆိုးကြီးပဲ။ ရှင့်ကိုယ်ရှင် ဘယ်လိုပြန်တွေးရမလဲဆိုတာ မသိရင် ရတယ်။ ဒါပေမယ့် ဒီလိုအဖြစ်မျိုးကို ဘယ်လိုလုပ် ဟာသလုပ်နိုင်တာလဲ။ လူသားဆန်စိတ် ရှိသေးရဲ့လား "
သူဌေးသည် ဘာပြန်ပြောရမယ်မှန်း မသိဘဲ မှင်သက်စွာ ရပ်နေသည်။
သူဌေး၏ မျက်နှာမှာ မည်းမှောင်နေပြီဖြစ်သည်။
" ငါက ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်တာ။ မင်းတို့က အဲ့တာကို အဲ့လောက်ထိ အလေးအနက်ထားနေရင် ငါလည်း ဘာမှ လုပ်လို့မရဘူး "
ရှချူးသည် ဒေါသအလွန်ထွက်ပြီး ရယ်မောလိုက်သည်။
" ပေါ့ပေါ့ပါးပါးဆိုတာ ဘာကိုဆိုလိုတာလဲ။ ဒီလို လူမဆန်တဲ့ လုပ်ရပ်မျိုးကို ရှင်က ဒီလိုပြောရဲသေးတာလား။ လူသားတစ်ယောက်အနေနဲ့တောင် မဖြစ်သင့်ဘူး "
သူဌေးသည် ဒေါသတကြီး ထရပ်ပြီး သူ့ကို စိုက်ကြည့်လိုက်သည်။
" အရူး၊ လူသားတစ်ယောက် မဟုတ်ဘူးလို့ ဘယ်သူပြောတာလဲ။ မင်း သတ္တိရှိရင် ထပ်ပြောလိုက် "
စကားများ ရန်ဖြစ်နေသည်ကို တွေ့ရသဖြင့် ဈေးထဲ၌ ဈေးလာဝယ်သူများသည် ဖြစ်ပျက်နေသည်ကို သိရှိရန် ဝိုင်းအုံလယကြသည်။
ပြဿနာဖြစ်ရသည့် အကြောင်းရင်းကို သိပြီးနောက် လူတိုင်းသည် ယဲ့ဖန်နှင့် ရှချူးကို ဦးတည်ကြသည်။
" မင်းတို့ တရုတ်နှစ်ယောက်က အရမ်းနုနယ်လွန်းတာ မဟုတ်လား "
" ဘာလို့ ဒီလောက် အလေးအနက်ထားနေတာလဲ "
" ဟုတ်တယ်။ မင်းတို့ကတောင် ဇာတ်ကားနဲ့ ငါတို့ ဂျပန်လူမျိုးတွေကို စော်ကားပြီး ငါတို့က ဟာသလုပ်လို့တောင် မရဘူးလား "
" အရာရာတိုင်းကို စိတ်ထဲမထားနဲ့။ ဂျပန်က တရုတ်လို မဟုတ်ဘူး။ ငါတို့က လွတ်လွတ်လပ်လပ် ပြောဆိုခွင့်ရှိတယ်။ တစ်ယောက်ယောက်က မှားပြောမိတာနဲ့ အဲ့တာကို လိုက်ပြောနေလို့ မရဘူး "
" မှားပြောတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ သူဌေးပြောတာ မှန်တယ်။ တရုတ်အမျိုးသမီးတွေက ငါတို့ ဂျပန်အမျိုးသမီးတွေလောက် မလှဘူး ...... "
ရှချူးသည် ထိုလူအုပ်စုကို ချက်ချင်းဒေါသထွက်ကာ ငြင်းခုံတော့မည် ဖြစ်သည်။
ထိုအချိန်တွင် ယဲ့ဖန် သူမကို တားရန် သူ့လက်ကို မြှောက်လိုက်သည်။
" ပြောမနေနဲ့၊ ပင်လယ်စာ သွားဝယ်ရအောင် "
ရှချူး သူ့ကို မယုံကြည်နိုင်စွာ ကြည့်နေသည်။
" ဒီလိုအချိန်မျိုးမှာ ဘာလို့ ပင်လယ်စာတွေ ဝယ်ဦးမှာလဲ "
ယဲ့ဖန် ခေါင်းယမ်းကာ ပြုံးလိုက်သည်။
" ကိုယ့်စီက စကားအနည်းငယ်လောက်က သားရဲတစ်ကောင်ကို လူသားအဖြစ် ပြောင်းလဲပေးနိုင်မှာမလို့လား။ ပြီးတော့ သူတို့ နောင်တရဖို့ မျှော်လင့်နေတာလား။ ဒါက လေကုန်တာပဲ အဖတ်တင်တယ် "
ပြောပြီးသည်နှင့် ငုတ်တုတ်ထိုင်ပြီး ပင်လယ်စာများကို ရွေးလိုက်သည်။
ရှချူးသည် သူ့ကို စိတ်ပျက်လက်ပျက်ဖြစ်နေသော မျက်လုံးများဖြင့် ကြောင်ကြည့်နေသည်။။
သူမသည် သူ့ကို သူရဲကောင်းတစ်ယောက်လို အမြဲဆက်ဆံခဲ့သော်လည်း ထိုကဲ့သို့ ပြဿနာကြီးတစ်ခုနှင့် ရင်ဆိုင်ရသောအခါ ထိုစကားမျိုးပြောရန် သူမ မမျှော်လင့်ခဲ့ပေ။
သူမ၏ နှလုံးသားထဲမှ သူရဲကောင်းဆန်သော ပုံရိပ်သည် တဖြည်းဖြည်း ပြိုပျက်သွားသည်ဟု သူမ ခံစားမိသည်။
ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာကာ သူမနှလုံးသား နာကျင်လာသည်။
ဆိုင်ပိုင်ရှင်နှင့် အနီးပတ်ဝန်းကျင်မှ ကြည့်ရှုသူများကလည်း သူတို့၏ မျက်လုံးများတွင် မထီမဲ့မြင်ပြုသည့် အကြည့်များ ရှိနေသည်။
တရုတ်ပြည်က ယောက်ျားတွေအားလုံးက သတ္တိကြောင်တယ်။
သူတို့က မိန်းမတွေလောက်တောင် မတော်ဘူး။
အဲ့အချိန်က ဂျပန်လူမျိုးတွေ သိမ်းပိုက်ခံခဲ့ရတာ အံ့သြစရာမဟုတ်ဘူး။
ယဲ့ဖန်သည် သူတို့၏ အမူအရာများကို ဂရုမစိုက်ပေ။
ရေကန်ထဲမှ ခြောက်ပေါင်မှ ခုနစ်ပေါင်ခန့် အလေးချိန်ရှိသော ဂုံးတစ်ကောင်ကို ထုတ်ယူလိုက်သည်။
" သူဌေး၊ ဒီဂုံးကောင် ဘယ်လောက်လဲ "
" တစ်ကျင်းကို ဂျပန်ယန်း၁၀၀၀ "
သူဌေးက ချက်ချင်းပြောသည်။
ပင်လယ်စာဈေးသို့ လာလည်တဲ့သူများ အားလုံးသည် သူတို့မျက်နှာ၌ ထူးဆန်းသည့်အပြုံး ရှိနေသည်။
ဤဂုံးမျိုးသည် အများအားဖြင့် တစ်ကျင်းလျှင် ဂျပန်ယန်း၁၀၀ခန့်သာ ရှိသည်။
သူဌေးသည် ဈေးတင်နေသည်မှာ သိသာလေသည်။
သို့သော် ယဲ့ဖန်ကတော့ ထိုသည်ကို သတိမထားမိချေ။
" ဒါက တော်တော်စျေးသက်သာတာပဲ။ ဒီဂုံးကို လိုချင်တယ်။ ချိန်ဖို့ကို ကူညီပေးပါ "
" ဟားဟား ...... "
သူ့စကားကို ကြားပြီးနောက် လာကြည့်သူအားလုံးက ရယ်လိုက်ကြသည်။
တစ်ဖက်သူသည် သူ့ကို ဆယ်ဆ ဈေးတင်နေသည်ကို သူက စျေးသက်သာသည်ဟု ပြောလေသည်။
သူက ငတုံး မဟုတ်ဘူးလား။
ဤတရုတ်အမျိုးသားသည် သူရဲဘောကြောင်ရုံသာမက မိုက်မဲသူလည်း ဖြစ်နေခဲ့သည်။
အားလုံးသည် ယဲ့ဖန်ကို လှောင်ပြောင်မှုများဖြင့် ကြည့်နေသည်။
ပိုင်ရှင်သည် ဂုံးကို ချိန်စက်ပေါ်တင်ပြီး ချိန်လိုက်သည်။
" ၆ကျင်းခွဲ "
" ငါ မင်းကို ခြောက်ကျင်းနဲ့ ပေးလိုက်မယ်။ ငါ့ကို ဂျပန်ယန်း ၆၀၀၀ ပေးရုံပဲ "
ယဲ့ဖန် သူ့အိတ်ကပ်ထဲက ပိုက်ဆံတစ်ချို့ကို ထုတ်လိုက်ပြီး ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ် "
" ဟားဟား .... "
လူတိုင်းက ပိုလို့ပင် ရယ်ကြသည်။
သူ့ကို ပိုက်ဆံအများကြီးတောင်းခံရတာတောင် သူက ကျေးဇူးတင်နေတုန်းပဲ။
သူဌေးသည် ဂုံးကို အိတ်တစ်လုံးထဲ ထည့်ပြီး လွှဲပေးလိုက်သည်။
သူဌေးသည် ပိုက်ဆံကို တခြားလက်နှင့် ယူတော့မည်ဖြစ်သည်။
သို့သော် ယဲ့ဖန်သည် ရုတ်တရက် သူ့လက်ကို ပြန်ဆွဲကာ မေးလိုက်သည်။
" ဒီဂုံးမှာ ပုလဲတွေရှိရင် ဘယ်သူယူမှာလဲ "
ပိုင်ရှင်သည် ထိုစကားကို ကြားသောအခါ လူမိုက်ကို ကြည့်နေသကဲ့သို့ သူ့ကိုကြည့်လိုက်သည်။
" ဒါက ပုလဲဂုံးမဟုတ်တဲ့ သာမန်ဂုံးကောင်ပဲ။ ဘယ်လိုလုပ် ပုလဲတွေ ရှိနိုင်မှာလဲ "
သို့သော် ယဲ့ဖန်က သူ့ကို ခေါင်းမာစွာနျဖင့် ကြည့်နေသည်။
" အထဲမှာ ပုလဲတစ်လုံးတွေ့ရင် ဘယ်သူပိုင်မလဲလို့ ပြောနေတာ "
သူဌေးက ပြုံးပြီး ခေါင်းယမ်းသည်။
" မင်းငါ့ကို ပိုက်ဆံပေးရင် ငါကမင်းကိုပစ္စည်းပေးမယ်။ ဒီဂုံးကောင်ကို မင်းပိုင်တယ်။ မင်းအထဲမှာ ဘာပဲရှာတွေ့တွေ့ မင်းပိုင်မှာပဲ။ ငါ ကတိပေးတယ် မင်းနဲ့ငါ ရန်ဖြစ်နေမှာ မဟုတ်ဘူး။ စိတ်မပူနဲ့ "
ထိုမှသာ ယဲ့ဖန် စိတ်သက်သာရာရသွားသည်။
ပိုက်ဆံကို သူဌေးဆီ လွှဲပေးပြီး ဂုံးကို ယူလိုက်သည်။
" ခင်ဗျားရဲ့ ကိရိယာတွေကို ငှားလို့ရမလား။ ဂုံးကောင်ကို အခုဖွင့်ကြည့်ချင်တာ။ အထဲမှာ ပုလဲတွေ ရှိနေရင် ဘယ်လိုလုပ်မလဲ "
သူဌေးသည် လှောင်ပြောင်သော အပြုံးကို မဖုံးကွယ်ထားပေ။
" လူငယ်လေး၊ မင်း အရမ်းစဉ်းစားနေတာပဲ။ ဒီဂုံးမှာ ပုလဲရှိရင် အခွံကို ငါ စားမယ် "
ထိုသို့ပြောပြီး ခွာရန် ကိရိယာတစ်ခုကို ပေးလိုက်သည်။
ယဲ့ဖန်သည် ပလာယာများကို ယူကာ စတင် ဖွင့်ခဲ့သည်။
ဖျော်ဖြေပွဲကို ကြည့်ရှုနေကြသော လူများကလည်း စကားပြောကာ ရယ်မောနေကြသည်။
" ဒီတရုတ်ကောင်လေးက အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ်။ သူက ဒီထဲကနေ ပုလဲတကယ် လိုချင်တာလား။ ရယ်သေတော့မယ် "
" ဒီလို မိုက်မဲတဲ့လူကို ငါ တစ်ခါမှ မတွေ့ဖူးဘူး။ ဒါက သာမန်ဂုံးကောင်တစ်ကောင်ပဲ။ ပုလဲက ဘယ်လိုလုပ် ရှိနိုင်မှာလဲ "
" သူက ချမ်းသာချင်တာနဲ့ ရူးနေပြီထင်တယ် "
" တရုတ်တွေရဲ့ ဦးနှောက်ပတ်လမ်းတွေက တကယ်ကို ထူးဆန်းတာပဲ ဟားဟားဟား ..... "
လူတိုင်းသည် ယဲ့ဖန်ကို ကြမ်းတမ်းသော စကားလုံးများဖြင့် လှောင်ပြောင်နေကြစဉ် ယဲ့ဖန်သည် ဂုံးတစ်ဝက်ကို ဖွင့်လိုက်သည်။
ရုတ်တရက် ရပ်လိုက်ပြီး သူတို့ကို လှည့်ကြည့်လိုက်သည်။
" အထဲမှာ ပုလဲတစ်လုံးရှိတယ်။ အဖိုးမဖြတ်နိုင်တဲ့ ပုလဲတစ်လုံးလို့ ခံစားရတယ်။ ဘယ်သူ လိုချင်တာလဲ။ ဂျပန်ယန်း၁၀၀၀၀နဲ့ ရောင်းပေးမယ် "
သူ့စကားကို ကြားပြီး လူတိုင်းက ပိုလို့ပင် ရယ်ကြသည်။
" ဟားဟားဟား၊ ဒီတရုတ်က ငါတို့ကို အရူးလို့ ထင်နေတာလား။ သူ့အလိမ်အညာတွေကို ဘယ်သူက ယုံမှာလဲ "
" မင်းက တရုတ်တွေကိုသာ ဒီလို ရူးနှမ်းတဲ့နည်းနဲ့ လိမ်လို့ရမယ်။ ငါတို့ ဂျပန်တွေက မင်းလောက် မတုံးဘူး "
" မင်း ဝယ်တုန်းက အထဲကို ကြည့်မရဘူး။ အထဲမှာ ပုလဲ ရှိနေတာ ဘယ်လိုသိလဲ။ မင်းက လိမ်တာ မကျွမ်းကျင်ဘူး "
" ဂျပန်ယန်း ၁သောင်းနဲ့လား။ ယန်းတစ်ရာနဲ့ဆိုရင်တောင် မလိုချင်ဘူး "
လူတိုင်းသည် သူတို့၏ ဉာဏ်ကို စော်ကားခံရသည်ဟု ခံစားရသည်။
သူတို့သည် ချက်ချင်းပင် ယဲ့ဖန်ကို လှောင်ပြောင်ကြသည်။
ဘေးမှကြည့်နေသော ရှချူးသည် ပို၍ပင် စိတ်မကောင်းဖြစ်မိသည်။
ယဲ့ဖန် ဘာမှားနေမှန်း သူမ မသိပေ။
သူ ဘာလို့ ဒီလို ရယ်စရာကောင်းတဲ့ လုပ်ရပ်မျိုး လုပ်နေရတာလဲ။
အရင်က ပညာရှိ၊ ရဲရင့်ပြီး အေးဆေးတည်ငြိမ်တဲ့သူ ဘယ်မှာလဲ။
လူတိုင်းက သူ့ကို ငြင်းပယ်လိုက်သည်အား ယဲ့ဖန် မြင်လိုက်ပြီး ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်သည်။
" ဘယ်သူမှမဝယ်ချင်ဘူးဆို ထားလိုက်တော့ "
သူသည် ပြောသည့်အတိုင်း ဂုံးကို ဖွင့်ဟလိုက်သည်။
အားလုံးသည် လှောင်ပြောင်သော အပြုံးဖြင့် ကြည့်နေကြသည်။
ထို့နောက် အားလုံး၏ မျက်နှာပေါ်မှ အပြုံးများ အေးခဲသွားသည်။
အမှန်တကယ်ပင် ဂုံးထဲ၌ ပုလဲတစ်လုံးရှိနေသည်။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၃၁၉ )
ညတောက်ပုလဲက ငါ့ဟာပဲ ပြန်ပေး
ပုလဲသည် သစ်ကြားသီးအရွယ်ခန့်ရှိပြီး တောက်ပသော ခရမ်းရောင်ဖြစ်သည်။
ပင်လယ်စာဈေး၏ မှိန်ပြသော အလင်းရောင်ကြောင့် ပုလဲသည် မှိန်ပြစွာ လင်းနေသည်။
" ဟာ ...... "
လူအုပ်ကြီးမှာ ချက်ချင်း လန့်သွားသည်။
" အို ဘုရားရေ၊ သူ ပုလဲကို တကယ်တွေ့ခဲ့တာလား "
" မဟုတ်ဘူး၊ ဒါက သာမာန်ပုလဲတောင် မဟုတ်ဘူး။ ဒါက ..... ညတောက်ပုလဲလား "
" ဟုတ်တယ်၊ ဒီပုလဲက အတော်လေး တောက်ပနေပုံရတယ်။ လှတယ်ဘမဟုတ်လား "
" ညတောက်ပုလဲလား။ အဲ့တာက အရမ်းတန်ဖိုးကြီးလောက်တယ် မဟုတ်လား "
" အရမ်းတန်ဖိုးကြီးတယ်ဆိုတာ မင်းက ဘာကိုဆိုလိုတာလဲ။ ဒါက အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခုပဲ "
" အို ဘုရားရေ၊ ဒီလူငယ်လေးရဲ့ ကံတရားက ကောင်းကင်ဘုံကိုတောင် အံတုနိုင်လောက်တယ် "
ရှိနေသူတိုင်း ဦးရေပြား ထုံသွားသလို ခံစားလိုက်ရသည်။
မျက်စိနှင့် မမြင်လိုက်ပါက ယုံမည် မဟုတ်ပေ။
ရှချူးနှင့် ပိုင်ရှင် ဇနီးမောင်နှံတို့သည် ပါးစပ်အဟောင်းသားဖြင့် တောက်ပနေသော ပုလဲကို စိုက်ကြည့်နေကြသည်။
ဤလူလေးသည် သူ့ဆိုင်မှ ဂုံးဖြင့် အဖိုးမဖြတ်နိုင်သော ညတောက်ပုလဲကို ရခဲ့သည်။
မှော်ဆန်လွန်းလှသည်။
ထိုအချိန် အမျိုးသမီးတစ်ယောက်က ပြောသည်။
" ကျွန်မမိသားစုက လက်ဝတ်ရတနာလုပ်ငန်း လုပ်တာ။ ဒီလိုညတောက်ပုလဲတစ်လုံးက အနည်းဆုံး ဂျပန်ယန်း ၂ ဘီလီယံလောက် တန်တယ် "
ဟာ
ထိုသည်ကို ပြောပြီးသည်နှင့် မြင်ကွင်းက ချက်ချင်း ပေါက်ကွဲသွားသည်။
ထိုညတောက်ပုလဲသည် ဈေးကြီးမှန်း သူတို့အားလုံး သိသော်လည်း ဤမျှစျေးတန်မည်ဟု မမျှော်လင့်ထားပေ။
ဒီညတောက်ပုလဲကို ပိုင်တာက တစ်သက်လုံး ချမ်းသာပြီလို့ ပြောတာလား။
မဖြုန်းတီးပါက တစ်သက်လုံး မပြောနှင့် သူတို့၏ သားသမီးမြေးများ အဆုံးမဲ့ စည်းစိမ်ဥစ္စာများကို ရနိုင်လေသည်။
ထိုသည်ကို တွေးလိုက်ပြီး အားလုံး၏ မျက်လုံးများ ပူလောင်လာကာ အနည်းငယ် ရူးသွားကြသည်။
" လူငယ်လေး၊ ဒီဂုံးကို ရောင်းချင်တယ် လို့ မပြောဘူးလား။ ၁သောင်းနဲ့ ဝယ်မယ် "
" မင်း ဘာတွေတွေးနေတာလဲ။ မင်းသူ့ကို အရူးလို့ ထင်နေတာလား။ ညတောက်ပုလဲကို ၁သောင်းနဲ့ ရချင်နေတာလား။ ငါ ၁သိန်းပေးမယ် "
" ၂သိန်း "
" ၃သိန်း "
အစောက ယဲ့ဖန်ကို လှောင်ပြောင်နေသော လူအုပ်ကြီးမှာ ချက်ချင်းပင် သူ့ကို ဈေးကမ်းလှမ်းလာကြသည်။
ယဲ့ဖန်သည် ထိုလူများ၏ လောဘကြီးသော မျက်နှာကို ကြည့်ပြီး လှောင်ပြောင်လိုက်သည်။
" ငါ့ကို အရူးလို့ တကယ်ထင်နေတာလား။ ညတောက်ပုလဲတစ်လုံးက ၁သိန်းလောက်နဲ့တဲ့လား "
သူ့စကားကို ကြားပြီးနောက် လူတိုင်း အနည်းငယ် နာကြည်းသွားကြသော်လည်း ပို၍ နောင်တရနေကြသည်။
ဂုံးထဲ၌ ညတောက်ပုလဲ ရှိသည်ကို သူတို့ သိထားပါက ပိုက်ဆံ မည်မျှကုန်သည်ဖြစ်စေ သူတို့ ဝယ်မည်ဖြစ်သည်။
သို့သော် အခု သူတို့ မတတ်နိုင်တော့သည်မှာ သိသာလေသည်။
ထိုအချိန်တွင် ပင်လယ်စာဆိုင်ပိုင်ရှင်သည် ရုတ်တရက် လျင်မြန်စွာ ပြေးသွားခဲ့သည်။
" ဒီညတောက်ပုလဲက ငါ့ဟာပဲ ပြန်ပေး "
သူသည် ပြောသည့်အတိုင်း လုယူတော့မည် ဖြစ်သည်။
ယဲ့ဖန် သူ့လက်ကို ခါလိုက်ပြီး သူ့အမူအရာက အေးစက်သွားသည်။
" ဘာကို လုယူချင်နေတာလဲ "
" ဒီညတောက်ပုလဲက ငါ့ဟာပဲ။ ငါ့ကိုပြန်ပေး။ မဟုတ်ရင် ငါ ရဲကိုခေါ်လိုက်မယ် "
သူဌေးသည် ပြောလျက် အရှေ့သို့ ပြေးလာသည်။
ယဲ့ဖန်သည် သူ့ကို တွန်းဖယ်လိုက်ပြီး သူ့မျက်နှာ၌ လှောင်ပြောင်မှုများ ပြည့်နှက်နေသည်။
" ဘာလဲ။ ဒီဂုံးကို ငါ့စီ ရောင်းပြီးပြီ။ အထဲမှာရှိတဲ့ပစ္စည်းက ငါ့ဥစ္စာပဲလို့ မင်းကိုယ်တိုင် ခုနက ပြောထားတာ "
သူဌေးသည် လှည့်ပြီး ဆိုင်ထဲက ဓားကို ယူလိုက်သည်။
ထို့နောက် ဒေါသတကြီးဖြင့် ယဲ့ဖန်ကို စိုက်ကြည့်နေသည်။
" အပိုတွေ ရပ်လိုက်။ ငါမင်းကို တစ်ခုပဲ မေးမယ်။ မင်းငါ့ကို ညတောက်ပုလဲ ပေးမှာလား မပေးဘူးလား "
ယဲ့ဖန်သည် ချက်ချင်း သူ့ကို သဘောကျသွားသည်။
" အိုး၊ ခင်ဗျားက လူသတ်ချင်တာလား။ လာလေ၊ ဒီမှာပဲ ရပ်နေမယ်။ အရည်အချင်းရှိရင် ငါ့ကို ခုတ်ချလိုက် "
သူဌေးက ပိုလို့ပင် ဒေါသဖြစ်သွားသည်။
ဓားကို သူ့လက်ထဲမှာ ကိုင်ထားပြီး သတ်ချင်စိတ် ပြင်းပြနေသည်။
" ငါ့ကို တွန်းအား မပေးနဲ့။ ငါလူတွေကို သတ်ရဲတယ် "
" ဟုတ်ပြီ၊ ယုံတယ်။ မြန်မြန်လုပ်၊ မလုပ်ရင် ငါ ထွက်သွားမှာ "
ယဲ့ဖန် ဆက်လက် နှိုးဆော်လိုက်သည်။
ဘေးတွင်ရှိနေသည့် ရှချူးသည် ကြောက်လန့်နေကာ ဖြူဖျော့နေပြီ ဖြစ်သော်လည်း သူမသည် အလျင်အမြန်လျှောက်လာကာ ဆိုင်ပိုင်ရှင်ကို စိုက်ကြည့်လျက် ယဲ့ဖန်ရှေ့၌ ရပ်နေသည်။
" ရှင် ...... ရှင် ဘာလုပ်ချင်တာလဲ။ မြန်မြန် ဓားကိုချလိုက်။ လူသတ်ရင်တောင် ထွက်ပြေးနိုင်မှာ မဟုတ်ဘူး "
သူဌေးသည် အကျပ်ရိုက်နေပြီ ဖြစ်သည်။
ယဲ့ဖန်ကို ခြောက်လှန့်လိုက်ပါက ထိုလူငယ်သည် အရှုံးဝန်ခံလိမ့်မည်ဟု သူ ထင်ခဲ့သည်။
သို့သော် တစ်ဖက်သူ၏ သဘောထားသည် အလွန်ခိုင်မာမည်ဟု မထင်ထားပေ။
အခု ဓားကို ချလိုက်ပါက ညတောက်ပုလဲသည် သူနှင့် ဘာမှမသက်ဆိုင်တော့သည်မှာ သေချာသည်။
စည်းစိမ်ဥစ္စာသည် သူ့ရှေ့တွင် ရှိနေသည်။
ဤအတိုင်း စွန့်လွှတ်လိုက်ပါက သူ့တစ်သက်တာ အိပ်မက်ဆိုးကြီး ဖြစ်သွားပေလိမ့်မည်။
ထိုအချိန်မှာ သူဌေးကတော်က အမြန်ပြေးလာပြီး သူ့ကို ဆွဲလိုက်သည်။
" ရှင် ဘာလုပ်နေတာလဲ။ လူသတ်တာက တရားမဝင်ဘူး။ ထားလိုက်ပါ "
သူဌေးသည် သူ့မိန်းမက အမြဲဉာဏ်များသည်ဆိုတာ သိလေသည်။
သူမမှာ အကြံအစည်တချို့ ရှိနေတာဖြစ်ရမည်။
ထို့ကြောင့် သူ ဓားကို နာခံစွာဖြင့် ချက်ချင်း ချလိုက်သည်။
ထိုမှ သူဌေးကတော်က သက်ပြင်းချလိုက်သည်။
သူမ ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။
" လူငယ်လေး၊ ငါ့ခင်ပွန်းက နည်းနည်းတော့ စိတ်မြန်တယ်၊ ကျေးဇူးပြုပြီး ကိုယ့်ကို သူ့အဆင့်အတန်းကို မနှိမ့်ချပါနဲ့။"
ယဲ့ဖန်သည် သူမမှာ ကျိုးကြောင်းဆီလျော်သူတစ်ယောက် ဖြစ်သည်ကို မြင်လိုက်ရပြီး သူ့သဘောထားက ပိုကောင်းလာသည်။
" အော် မသတ်ရင် ပြီးတာပဲ "
သူဌေးကတော်က ပြုံးပြသည်။
ထို့နောက် သူမသည် ရုတ်တရက် အကြောင်းအရာ ပြောင်းသွားသည်။
" ကြည့်ပါဦး၊ မင်း ငါတို့ဆိုင်က ဒီဂုံးကို ဝယ်ထားတာ။ မင်းကို ရောင်းပြီးပြီ ဆိုပေမယ့် ငါတို့ကြောင့် ရတာ ဟုတ်မလား။ အဲ့တော့ ငါတို့ အများကြီး မလိုချင်ဘူး။ ငါတို့ တစ်ဝက်စီ ယူမလား "
ယဲ့ဖန်သည် သူမကို ကျိုးကြောင်းဆီလျော်သူတစ်ယောက်ဟု ထင်ခဲ့သည်။
သို့သော် သူမ၏ သရုပ်မှန်ကို ဤမျှမြန်ဆန်စွာ ထုတ်ဖော်လာမည်ဟု သူ မမျှော်လင့်ထားပေ။
" လာနောက်နေတာလား။ တစ်ဝက်က ဘာလို့ပေးရမှာလဲ။ တစ်ဝက်မပြောနဲ့ တစ်ယန်းတောင် မရဘူး "
ယဲ့ဖန် ချက်ချင်းပင် အေးစက်စွာ ငြင်းဆန်လိုက်သည်။
" ညီလေး၊ မင်း နည်းနည်း မလွန်ဘူးလား။ ငါတို့ ဒီပစ္စည်းကို မရလာရင် ဒီပုလဲကို မင်းရလိမ့်မယ် မထင်ဘူး "
သူဌေးကတော်၏ မျက်နှာမှာ မည်းမှောင်သွားသည်။
ထိုအချိန် ယဲ့ဖန်က ပြန်မဖြေခင် ရှချူးက အရင်ပြောလေသည်။
" ရှင်တို့ လင်မယားနှစ်ယောက်ကမှ လွန်တာ။ ၁၀၀လောက်တန်တဲ့ ဂုံးကို ၁၀၀၀နဲ့ ရောင်းတဲ့အပြင် ပုလဲရတော့ လိုချင်နေသေးတယ်။ အရှက်မရှိချက်ပဲ "
သူဌေးကတော်သည် ချက်ချင်း သူမကို ဒေါသတကြီး စိုက်ကြည့်နေသည်။
" မိန်းကလေး၊ မင်းကိုကြည့်စမ်း။ တော်တော်လေး လှတာပဲ။ ဒါပေမယ့် ဘာလို့ ဒီလောက်ရက်စက်ရတာလဲ။ ငါတို့က ဘယ်မှာ အရှက်မရှိတာလဲ။ မင်းတို့ကမှ အရှက်မရှိတဲ့သူပဲ "
ရှချူးသည် ထိုလူများနှင့် ငြင်းခုံရန် စိတ်မ၀င်စားနိုင်ပေ။
သူမ လှည့်ကြည့်ကာ ယဲ့ဖန်၏ လက်မောင်းကို လှမ်းဆွဲလိုက်သည်။
" သူတို့နဲ့ စကားမပြောနဲ့တော့။ သွားကြစို့ "
သူတို့ ထွက်သွားတော့မည်ကို မြင်ပြီး သူဌေးကတော်က အပြေးလာပြီး ရှချူး၏ လက်မောင်းကို လှမ်းဆွဲလိုက်သည်။
" နင်တို့ကို ထွက်သွားခွင့်မပေးဘူး။ ဒီနေ့တစ်ဝက် မပေးရင် ထွက်သွားဖို့တောင် မစဉ်းစားနဲ့ ...... "
သူဌေးကတော်၏ ဆွဲကိုင်မှုမှာ အလွန်ပြင်းထန်လေသည်။
ရှချူးသည် သူမ၏ ဆုပ်ကိုင်မှုကြောင့် နာကျင်မှုကို ချက်ချင်း ခံစားလိုက်ရပြီး ရုန်းလိုက်သည်။
သူမသည် အစကတည်းက အားနည်းသူဖြစ်ပြီး ခွန်အားများစွာ မသုံးလိုက်သော်လည်း သူဌေးကတော်က မြေပြင်ပေါ်သို့ လဲကျသွားသည်။
" အား .... "
" ကူညီပါဦး။ အသတ်ခံနေရတယ်။ ကူညီပါဦး။ "
ရှချူးသည် သူမအား စွပ်စွဲနေသည်ကို မြင်သောအခါ အံ့အားသင့်သွားသည်။
သူမ ဘာလုပ်ရမယ်မှန်း မသိပေ။
ပွဲကြည့်နေသည့် လူတစ်စုက ချက်ချင်း သူတို့နှစ်ဦးကို ဝိုင်းထားကြသည်။
" မင်းတို့ ဘာလို့ လူကို ရိုက်နေတာလဲ အားလုံးပဲ ဝိုင်းထားကြ "
" သူတို့ကို မလွတ်စေနဲ့ "
" ငါ့စီက ညတောက်ပုလဲကို လှည့်စားပြီး ယူတဲ့အပြင် ငါ့ကိုပါ ရိုက်နေတာလား။ ဥပဒေက ရှိသေးရဲ့လား "
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၃၂၀ )
နှစ်ဆ၊ သုံးဆဈေးတင်ခြင်း
" ဒါက ဂျပန်ကွ၊ တရုတ် မဟုတ်ဘူး။ ငါတို့က ဒီမှာ တရားဝင် လူ့အဖွဲ့အစည်းကောင်းပဲ ရှိတယ်။ လူတွေကို ရိုက်နှက်တာ တရားမ၀င်ဘူး "
" ဂျပန်မှာလာပြီး တရုတ်ကများ ဒီလောက်မောက်မာရဲတာလား။ ဂျပန်မှာ ဘယ်သူမှမရှိဘူးလို့ ထင်နေလား "
လူတိုင်းသည် ယဲ့ဖန်ကို မနာလိုဖြစ်ခဲ့ကြသည်။
ထို့ကြောင့် သူ့ကို ခက်ခဲအောင်လုပ်နိုင်သည့် ဤအခွင့်အရေးကောင်းကို လက်လွှတ်မခံကြပေ။
ရှချူးသည် လူများစွာဖြင့် ဝန်းရံခံထားရ၍ သူမ ထိတ်လန့်သွားပြီး ယဲ့ဖန်ကို အမြန်ကြည့်လိုက်သည်။
ယဲ့ဖန်သည် ထိုလူများကို ကြည့်ကာ စကားပြောတော့မည် ဖြစ်သည်။
ရုတ်တရက်ပင် အဝေးမှ အသံတစ်ခု ထွက်လာသည်။
" ဒီလအတွက် အခွန်ကြေးပေးရမယ့်အချိန် ရောက်ပြီ။ မပေးရင် ဆိုင်ဖျက်မယ် "
ယဲ့ဖန် လှည့်ကြည့်လိုက်သည့်အခါ ဆံပင်ကောက်နှင့်လူတစ်ယောက် ပင်လယ်စာဈေးထဲသို့ လက်ပါးစေအနည်းငယ်နှင့် ရောက်လာသည်ကို တွေ့လိုက်ရသည်။
ပင်လယ်စာဈေးမှ လူများက ထိုလူများကို ကြောက်ပုံရသည်။
အားလုံးက ခေါင်းငုံ့ပြကြသည်။
ယဲ့ဖန် ထိုလူကို ရင်းနှီးသလို ခံစားရသည်။
အရင်က သူ့ကို တစ်နေရာရာမှာ မြင်ဖူးပုံပဲ။
ဘေ့စ်ဘောရိုက်တံ ကိုင်ထားသည့် ထိုယောက်ျားသည် ကာကွယ်ကြေး ကောက်ခံရန် စတိုးဆိုင်တစ်ခုဆီသို့ ဝင်သွားခဲ့သည်။
ဈေးဆိုင်တစ်ခုသို့ လျှောက်သွားတိုင်း ဈေးဆိုင်ပိုင်ရှင်သည် ဘာမှပြောစရာမလိုဘဲ ငွေပေးကြသည်။
မကြာမီ သူတို့သည် ယဲ့ဖန်ရှိရာဆိုင်သို့ ရောက်လာကြသည်။
မကြာသေးမီက အလွန်မောက်မာခဲ့သော သူဌေးက ချက်ချင်း ဦးညွှတ်နှုတ်ဆက်လိုက်သည်။
" အစ်ကိုကြီး၊ လာပါ။ စီးကရက်သောက်ပါဦး "
သူသည် စကားပြောလျက် သူ့အိတ်ကပ်ထဲမှ စီးကရက်ဘူးကို အမြန်ထုတ်ပြီး လွှဲပေးလိုက်သည်။
" အဲ့တာကို လာမပေးနဲ့။ ပြီးခဲ့တဲ့လက ကာကွယ်ကြေးကို မင်း မပေးရသေးဘူး။ ဒီတစ်ခါတော့ အတိုးနဲ့ ပေးရမယ် "
အစ်ကိုကောသည် သူ့စီးကရက်ဘူးကို တွန်းဖယ်လိုက်ပြီး ပြောလိုက်သည်။
" အစ်ကိုကြီး၊ ငါ့လုပ်ငန်းက လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက အဆင်မပြေဘူး။ နောက်တစ်လ စောင့်ပေးနိုင်မလား ..... "
သူဌေး၏စကား မပြီးခင်မှာပင် အစ်ကိုကောဆိုသူသည် သူ့လက်ထဲမှ ဘေ့စ်ဘောတံဖြင့် ရေကန်တစ်ခုပေါ် ချိုးဖျက်လိုက်သည်။
ခွမ်
ရေကန်သည် ဖန်ဖြင့် ပြုလုပ်ထားပြီးသောကြောင့် အပေါက်ကြီးတစ်ခု ချက်ချင်း ပေါက်သွားသည်။
ပင်လယ်စာများနှင့် ရောနှောနေသော ရေသည် မြေပြင်ပေါ်သို့ ချက်ချင်း စီးဆင်းလာသည်။
" အိုက်ယား၊ ငါ့ပင်လယ်စာတွေ .... "
သူဌေးသည် အော်ဟစ်ပြီး မြေပေါ်၌ ခုန်ပေါက်နေသော ငါးများနှင့် ပုစွန်များကို ရှင်းရန် အမြန်သွားခဲ့သည်။
အစ်ကိုကောသည် သူ့ကို မြေကြီးပေါ် ကန်ထုတ်လိုက်သည်။
" ဒီနေ့ ကာကွယ်ကြေး မပေးရရင် မင်းရဲ့ ဆိုင်ကို ဖွင့်ဖို့တောင် မစဉ်းစားနဲ့ "
သူဌေး၏ မျက်နှာသည် ချက်ချင်းပင် နီမြန်းလာပြီး စကားမပြောရဲပေ။
ထိုအချိန်တွင် ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာသည်။
" မင်းက ကံနဂါးအဖွဲ့အစည်းက ဟုတ်တယ်မလား "
ထိုအသံကို အစ်ကိုကော ကြားလိုက်သည်နှင့် ချက်ချင်း မော့ကြည့်လိုက်သည်။
ပြောနေသူကို မြင်လိုက်ရသောအခါ သူ၏ နဂိုက မာနကြီးသော အမူအရာသည် ချက်ချင်း အေးခဲသွားသည်။
" ယဲ့ .... ယဲ့လူကြီးမင်းလား "
သူသည် ခွေးတစ်ကောင်လို ပြေးလွှားသွားသည်။
ထိုလူသည် စူချီယွမ်၏ နောက်လိုက်ဖြစ်ပုံရကာ အကြိမ်အနည်းငယ်တွေ့ဖူးသည်ကို ယဲ့ဖန် မှတ်မိလိုက်သည်။
" ဘာလုပ်နေတာလဲ "
ယဲ့ဖန် မျက်တောင်မခတ်ဘဲ တစ်ဖက်လူကို ကြည့်လိုက်သည်။
အစ်ကိုကော၏ အမူအရာသည် အထပ်ထပ်အခါခါ ပြောင်းလဲသွားသည်။
သူသည် ချွေးကို သုတ်လိုက်သည်။
" ယဲ့လူကြီးမင်း၊ ကျွန်တော် ကာကွယ်ကြေး ကောက်နေတာပါ "
ယဲ့ဖန် ပြုံးလိုက်သည်။
" ဂျပန်မှာ အကြီးဆုံးဂိုဏ်းတစ်ခုဖြစ်တဲ့ ကံနဂါးအဖွဲ့အစည်းက ဒီလုပ်ငန်းကို တကယ် လုပ်နေတာလား "
အစ်ကိုကောသည် တောင်းပန်ပြီး ပြုံးလိုက်သည်။
" ဟုတ်ပါတယ်၊ ခေါင်းဆောင်ကြီးတွေက ဒီလို အမြတ်အစွန်းလေးတွေကို ဂရုမစိုက်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့လို အကောင်သေးသေးလေးတွေလည်း နေစားဖို့ လိုပါတယ်။ ဒီနေရာက နည်းနည်း ဖရိုဖရဲဖြစ်သွားတဲ့အတွက် သူတို့ကို အကူအညီပေးပြီး တစ်ချိန်တည်းမှာ အကျိုးခံစားခွင့်တချို့ကို ယူလိုက်တာပါ "
ယဲ့ဖန်သည် ရွှံ့လူးနေသည့် သူဌေးကို ညွှန်ပြလိုက်သည်။
" ဒါပေမယ့် မင်း သူ့ကို မရိုက်နိုင်ဘူး မဟုတ်လား "
အစ်ကိုကောသည် အမြန် ခေါင်းညိတ်လိုက်သည်။
" ဟုတ်ပါတယ်၊ လူကိုတော့ မထိပါဘူး။ ဒီဆိုင်ရှင်က လူကြီးမင်းရဲ့ သူငယ်ချင်းလား။ ဒါဆို ကျွန်တော်တို့ ဒီဆိုင်ကို မလာတော့ပါဘူး "
ယဲ့ဖန်သည် ထိုဆိုင်သူဌေးကို သိသည်ဟု ထင်ပြီး နှလုံးခုန်နှုန်း မြန်သွားသည်။
သို့သော် ထိုအချိန် ယဲ့ဖန်က သူ့ခေါင်းကို ခါလိုက်သည်။
" မသိပါဘူး။ သူတို့စီက ဂုံးဝယ်ပြီး ညတောက်ပုလဲကို တွေ့ခဲ့တာ။ အခု သူတို့က ပြန်လိုချင်နေတာ ..... "
အစ်ကိုကောသည် မြေပြင်ပေါ်တွင် လဲလျောင်းနေဆဲဖြစ်သော သူဌေးကို ကြည့်လိုက်သည်။
သူ ချက်ချင်း နားလည်သွားသည်။
" မင်း မျက်စိကန်းနေလား။ ယဲ့လူကြီးမင်းကို ဒီလို လုပ်ရဲတာလား။ မင်းတို့အားလုံးကို သတ်ပစ်မယ် "
သူသည် ပြောသည့်အတိုင်း ထိုလင်မယားနှစ်ယောက်ကို ရှင်းရန် သူ့လက်အောက်ငယ်သားများကို ညွှန်ကြားတော့မည် ဖြစ်သည်။
သူဌေးနှင့် သူဌေးကတော်သည် ကြောက်လန့်နေကြသည်။
သူတို့သည် ထိုလူငယ်လေးမှ ကံနဂါးအဖွဲ့အစည်း အဖွဲ့ဝင်ကို သိမည်ဟု မမျှော်လင့်ထားပေ။
ထို့အပြင် အစ်ကိုကောသည် ထိုလူငယ်လေးကို အလွန်လေးစားသည်။
သူသည် အစွမ်းထက်သည့် နောက်ခံရှိသည်ဆိုတာ ထင်ရှားလေသည်။
သူတို့ အကောင်ကြီးကို ထိမိမှန်းသိကာ မျက်နှာ ပြာနှမ်းသွားသည်။
ယဲ့ဖန် ရုတ်တရက် ထပ်ပြောပြန်သည်။
" ငါ မင်းကို စောစောက ပြောခဲ့ပြီးသား။ အကြောင်းပြချက်မရှိဘဲ မသတ်နဲ့။ အဲ့တာ မကောင်းဘူး "
အစ်ကိုကောသည် အပြေးအလွှားသွားတော့မည့် သူ၏ လက်ပါးစေအချို့ကို တားလိုက်သည်။
" လူကြီးမင်းက ကြင်နာတာပဲ။ ဒီခွေးစုံတွဲ ကံကောင်းတယ်လို့ မှတ်လိုက် "
ယဲ့ဖန် ဆက်ပြောလေသည်။
" သူတို့က ငါ့ကို စော်ကားထားတော့။ ငါက သူတို့ကို အချိန်မရွေး လက်စားချေတော့မှာမလို့ သူတို့က အန္တရာယ်ကြားထဲရောက်နေပြီ။ အဲ့တော့ အကာအကွယ်ကြေးကို နှစ်ဆတိုးသင့်တယ်လို့ ထင်တယ်။ မင်းရော ဘယ်လိုထင်လဲ "
အစ်ကိုကောသည် အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း သူ လျင်မြန်စွာ တုံ့ပြန်ခဲ့သည်။
" အိုက်ယား၊ ယဲ့လူကြီးမင်းလိုလူကို စော်ကားတာက တကယ်ကို အန္တရာယ်များတာပဲ။ နှစ်ဆတောင် မလုံလောက်ဘူး ထင်တယ်။ အနည်းဆုံး သုံးဆလောက်တော့ ပေးရမှာပေါ့။ မဟုတ်ရင် သူတို့ကို ကာကွယ်ပေးဖို့ သတ္တိရှိမှာ မဟုတ်ဘူး "
ထိုလင်မယားနှစ်ယောက်သည် ထိုစကားကို ကြားပြီး ချက်ချင်း ခါးသီးစွာ ညည်းညူလိုက်ကြသည်။
" အစ်ကိုကြီးကော၊ ကျွန်တော်တို့ မှားမှန်းသိပါပြီ။ ကျေးဇူးပြုပြီး သဘောထားကြီးပေးပါ။ အကာအကွယ်ကြေးက အရမ်းမြင့်နေပြီ။ သုံးဆသာ ထပ်တိုးရင် စီးပွားရေးလုပ်လို့ ရမှာ မဟုတ်ဘူး "
" ဟုတ်တယ်၊ ကျေးဇူးပြုပြီး လွှတ်ပေးပါ ...... "
အစ်ကိုကောသည် သူတို့၏ တောင်းဆိုချက်များကို လျစ်လျူရှုခဲ့သည်။
" ကာကွယ်ကြေးက များလွန်းတယ်လို့ ထင်တဲ့အတွက် မင်းတို့ကို မကာကွယ်ပေးတော့ဘူး။ မင်း တစ်နေ့ အသတ်ခံရရင် ငါတို့နဲ့ ဘာမှမဆိုင်ဘူး "
သူတို့သည် ပေါ်တင် ခြိမ်းခြောက်လိုက်သည်။
လင်မယားနှစ်ယောက်မှာ ချက်ချင်း ဖြူဖတ်ဖြူရော် ဖြစ်သွားပြီး နောက်ထပ် စကား မပြောရဲကြတော့ပေ။
တစ်ဖက်လူသည် သူတို့၏ လုပ်ငန်းကို ပိတ်ပစ်ရန် တွန်းအားပေးနေသည်မှာ သိသာလေသည်။
ကာကွယ်ကြေးကို ဘယ်သူက သုံးဆပေးနိုင်မှာလဲ။
ဒီလူငယ်က ရက်စက်လွန်းတာပဲ။
ယဲ့ဖန်သည် သူ့အကြောင်း မကောင်းပြောသူများကို ညွှန်ပြလိုက်သည်။
" ဒီလူတွေ အားလုံးက ချမ်းသာကြတော့ ပင်လယ်စာတွေကတောင် သူတို့ အဆင့်အတန်းနဲ့ မထိုက်တန်ဘူး။ နောက်ဆို သူတို့စီက အလိုက်သင့် ဈေးတက်တောင်းနိုင်တယ် "
" ကြားကြလား "
အစ်ကိုကောသည် ပင်လယ်စာ ဈေးရောင်းသူများကို လှမ်းအော်လိုက်သည်။
" နောက် ဒီလူတွေ ပင်လယ်စာ လာဝယ်တဲ့အခါ ဈေးတက်ရောင်းလိုက်ကြ။ နှစ်ဆ သုံးဆလောက် ပိုမြင့်နိုင်တယ်။ ကြားကြလား "
" စိတ်မပူပါနဲ့ အစ်ကိုကြီး "
" အစ်ကိုကြီး၊ နားလည်ပါပြီ "
" ပြဿနာမရှိပါဘူး ..... "
ပင်လယ်စာဈေးတန်းမှ ရောင်းသူအားလုံး သဘောတူလိုက်ကြသည်။
ယဲ့ဖန် မကောင်းကြောင်း ပြောလိုက်သူများမှာ စိတ်ပျက်ကုန်ကြရသည်။
ဤဧရိယာအတွင်း ပင်လယ်စာဈေး တစ်ခုသာ ရှိသည်။
ဤနေရာတွင် ရောင်းချသူများ စုပေါင်းစျေးတက်ပါက သူတို့တွင် ရွေးချယ်စရာ နှစ်ခုသာရှိသည်။
နောင်တွင် ပင်လယ်စာ မစားခြင်း၊ သို့မဟုတ် အခြားဈေးသို့ နောက်ထပ် ကီလိုမီတာအနည်းငယ် သွားရပေမည်။
ထိုအခါ စရိတ် တိုးလာမည်ဆိုတာ သိသာလေသည်။
ယဲ့ဖန်၏ ပြစ်ဒဏ်သည် အရေးမပါဘူးဟုထင်ရသော်လည်း ဤလူများ၏ ဘဝအတွက် ဒုက္ခများစွာကို တိုးစေခဲ့သည်။
ထိုစိုးရိမ်မှုများ စုပေါင်းလာသည့်အခါ ကြီးမားသည့်ပြဿနာ ဖြစ်လာလိမ့်မည်။
တိုက်ရိုက် အနိုင်ယူလိုက်တာထက် ပိုကောင်းလေသည်။
ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုထက် ဤကဲ့သို့ နှေးကွေးသည့် ပြစ်ဒဏ်က ပိုကောင်းလေသည်။