← Chapters

အခန်း (၁၃၂၅-၁၃၂၈)

Vol. 67 Ch. 1325-1328

အခန်း (၁၃၂၅-၁၃၂၈)

Vol. 67 Ch. 1325-1328

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၃၂၅ )

ဒီဆင်းတုကို မင်း ဝယ်လိုက်တာလား။

" ဘယ် ...... ဘယ်လောက် "

ရှချူးသည် ဘုရားဆင်းတုမှာ ဈေးအတော်ကြီးမှန်း သိသော်လည်း ဤမျှများသည့်ပမာဏ ဖြစ်မည်ဟု မထင်ထားပေ။

ယဲ့ဖန် မူလက ရှာတွေ့ထားသည့် ရတနာများကိုပါ ထည့်တွက်လိုက်ပါက သူ၏ ယနေ့ရှာငွေသည် ယွမ် သန်း၆၀၀မက ရှိလေသည်။

သူမ၏ ကိုယ်ပိုင်မျက်လုံးဖြင့်သာ မမြင်ခဲ့ပါက ဤသို့ မြန်ဆန်လှသောနှုန်းဖြင့် ငွေရှာနိုင်သည်ကို သူမ ယုံမည်မဟုတ်ပေ။

ဒါက ပိုက်ဆံရှာတာတောင် မဟုတ်ဘူး ပိုက်ဆံကို ကောက်ယူနေတာပဲ။

ဂျပန်မှာ နေရာတိုင်း ရတနာတွေ ပြည့်နေတယ်လို့ သူပြောတာ မှန်နေပြီလား။

ယဲ့ဖန်သည် သူမ၏ ထိတ်လန့်တုန်လှုပ်နေသော မျက်နှာကို ကြည့်ပြီး မတတ်နိုင်ဘဲ သူမကို စနောက်မိသည်။

" ကိုယ် ပိုက်ဆံကို ဘယ်လောက်မြန်မြန်ရလဲဆိုတာ မင်း မြင်တယ်မလား။ မင်း ကိုယ်နဲ့သာ အတူတူရှိနေရင် မင်းပိုက်ဆံအတွက် စိတ်ပူစရာမလိုတော့ဘူး ဟုတ်တယ် မဟုတ်လား "

" ဟုတ်တယ်

ရှချူး ခေါင်းညိတ်သဘောတူသည်။

ထို့နောက် တစ်ခုခုမူမမှန်သည်ကို သဘောပေါက်ပြီး ပြန်ပြောလိုက်သည်။

" ဘယ်သူက ရှင်နဲ့ အတူချင်ရှိလို့လဲ "

ယဲ့ဖန် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။

" ဒါဆို မင်းက ကိုယ်နဲ့ မနေချင်ဘူးလား။ ကောင်းပြီလေ၊ ဒါဆို ကိုယ်တို့ နှုတ်ဆက်ပြီး နောက်လည်း တစ်ယောက်နဲ့တစ်ယောက် မသိသလို နေကြတာပေါ့ "

ရှချူး ထိတ်လန့်သွားသည်။

" ကျွန်မ ရှင်နဲ့ မနေချင်ဘူးလို့ မပြောခဲ့ပါဘူး "

ယဲ့ဖန် သူမကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

" မင်းက ကိုယ်နဲ့ မနေချင်ဘူးလို့ ပြောပြီးတော့ အတူနေချင်တယ်လည်း ပြောနေပြန်ရော။ မင်း ကိုယ်နဲ့ ကစားနေတာလား "

ရှချူးသည် ချက်ချင်းပင် စိုးရိမ်သွားသည်။

" ကျွန် ..... ကျွန်မပြောတာက .... "

ယဲ့ဖန်သည် သူမ၏ စိတ်ပူပန်နေသော အမူအရာကို ကြည့်ပြီး ပြုံးကာ ခေါင်းခါလိုက်သည်။

" ထားလိုက်ပါ၊ ကိုယ်မင်းကို မစတော့ဘူး။ မင်းကို စလို့ကို မရဘူး။ သွားစို့၊ ကိုယ်မင်းကိုဟိုတယ်ကို အရင်ပြန်လိုက်ပို့ပေးမယ် "

ထိုသို့ဖြင့် ဘဏ်ထဲမှ ထွက်လာခဲ့သည်။

သူတို့နှစ်ယောက် ထွက်မလာခင် သူတို့နောက်မှ အရှိန်ပြင်းစွာဖြင့် လိုက်လာသော ခြေသံကို ကြားလိုက်ရသည်။

" မင်းတို့ နှစ်ယောက်၊ ရပ်လိုက်စမ်း "

သူတို့နှစ်ယောက် လှည့်ကြည့်လိုက်သည့်အခါ အဘိုးအို၏ ဘုရားဆင်းတုကို ဝယ်ချင်ခဲ့သည့် ခါဇူရာ ကာမီတာနီကို မြင်လိုက်ရသည်။

" ဘာကိစ္စရှိလို့လဲ "

ယဲ့ဖန် အဖြေသိသော်လည်း မေးလိုက်သည်။

" ဘာကိစ္စလဲ ဟုတ်လား။ မင်း ဒီဘုရားဆင်း ဝယ်လိုက်တာလား "

ခါဇူရာ ကာမီတာနီသည် သုန်မှုန်နေသော မျက်နှာထားနှင့် လျှောက်လာသည်။

" ဝယ်လိုက်တော့ ဘာဖြစ်လဲ "

ယဲ့ဖန် ချက်ချင်းမေးလိုက်သည်။

" ငါ့ကို ပြန်ပေး "

ခါဇူရာ ကာမီတာနီ ချက်ချင်း လက်ကို ဆန့်ထုတ်ပြီး အမိန့်ပေးလေသည်။

ယဲ့ဖန်သည် ချက်ချင်းပင် ထိုစကားကို သဘောကျသွားသည်။

" ဒါကို ငါ့ပိုက်ဆံနဲ့ ဝယ်ထားတာ မင်းကို ဘာလို့ ပေးရမှာလဲ "

" ငါက ဒါကို ပထမဆုံး တွေ့ခဲ့တဲ့သူပဲ။ မင်းကမှ ဝင်ရှုပ်တဲ့သူ "

ခါဇူရာ ကာမီတာနီသည် သွေးလို ရဲတက်နေသော မျက်လုံးများဖြင့် ချက်ချင်း စိုက်ကြည့်လာသည်။

" အရင်ကြိုက်တာနဲ့ ဒါကို မင်း ပိုင်ရောလား။ မင်း ပိုက်ဆံမပေးရသေးတဲ့အတွက် အဘိုးအိုက သူလိုချင်တဲ့သူကို ရောင်းလို့ရတယ် "

ယဲ့ဖန်သည် သူ့မျက်လုံးများထဲမှ မထီမဲ့မြင်ပြုခြင်းကို ဖုံးကွယ်မထားပေ။

ခါဇူရာ ကာမီတာနီသည် သူ့စိတ်ထဲ၌ ဒေါသကို မြိုသိပ်ထားသည်။

" စျေးပြောလိုက်။ ဘယ်လောက်နဲ့ ရောင်းချင်လဲ "

ယဲ့ဖန် သူ့ကို ခဏလောက် စိုက်ကြည့်နေသည်။

" ဂျပန်ယန်း ၂ ဘီလီယံ ပေးရင် ဒီဆင်းတုတော်ကို ချက်ချင်း ရောင်းပေးမယ် "

ခါဇူရာ ကာမီတာနီသည် ထိုစကားကို ကြားသောအခါ ဒေါသထွက်သွားသည်။

" ၂ဘီလီယံဆိုပြီး မင်းက ပြောရဲသေးတာလား။ အဲ့တာ ဘယ်လောက်လဲ မင်း သိလို့လား "

ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။

" ငါ သိတယ်။ အဲ့တာကြောင့်လည်း ဒီဆင်းတုတော်က အနည်းဆုံး ဂျပန်ဒေါ်လာ ၂ဘီလီယံ တန်ကြေးရှိတယ်လို့ ပြောတာပေါ့။ ဒီဆင်းတုက ၂.၃ဘီလီယံလောက် တန်ကြေးရှိတယ်ဆိုတော့ မင်း သန်း ၃၀၀လောက် မြတ်နိုင်သေးတယ် "

ခါဇူရာ ကာမီတာနီ ဒေါသ အလွန်ထွက်ကာ ရယ်လိုက်သည်။

" ဒီဘုရားဆင်းတုက အစကတည်းက ငါ့အပိုင်။ မင်းက ငါ့စီက လုယူပြီးတော့ ၂ ဘီလီယံနဲ့ ရောင်းချင်နေသေးတာလား။ ငါမင်းကို နောက်ဆုံးတစ်ခေါက် ပြောမယ်။ ပြန်ပေး လိုက် "

" အရူး "

ယဲ့ဖန် သူ့ကို အထင်သေးစွာ ပြောပြီး ရှချူးနှင့် ထွက်သွားတော့မည်ဖြစ်သည်။

" အရူး၊ သွားသေလိုက် "

ယဲ့ဖန် ထွက်သွားတော့မည်ကို မြင်ပြီး ခါဇူရာ ကာမီတာနီသည် ချက်ချင်း အော်ကာ သူ့နောက်ကျောကို ကန်လိုက်သည်။

သူ့အရှိန်မှာ အလွန်မြန်လေသည်။

သူတို့နှစ်ဦးသည် မူလက ခုနစ်မီတာ သို့မဟုတ် ရှစ်မီတာ ကွာသည်။

ထိုသည်ကို သူက မျက်စိတမှိတ်အတွင်း ပြေးသွားပြီး ယဲ့ဖန်ကို ကန်လေသည်။

" မင်းက ကိုယ့်သေတွင်းကိုယ် တူးနေတာပဲ "

ယဲ့ဖန် အေးစက်စွာ ပြောလိုက်သည်။

သူသည် လှည့်ပင်မကြည့်ပေ။

သူ၏ညာလက်ကို အမြန်ဆန့်လိုက်သည်။

ယဲ့ဖန်သည် ခါဇူရာ ကာမီတာနီ၏ ခြေကျင်းဝတ်ကို ဆွဲကိုင်ပြီး တွန်းထုတ်လိုက်သည်။

ဂျွတ်

ခါဇူရာ ကာမီတာနီ၏ ခြေရိုးသည် ဂျွတ်ခနဲ ကျိုးသွားသံ ထွက်လာသည်။

ခါဇူရာ ကာမီတာနီသည် လမ်းတစ်လျှောက်လုံး ကြားရသည်အထိ ကျယ်လောင်သော အော်သံဖြင့် အော်ထုတ်လိုက်သည်။

လမ်းသွားလမ်းလာများမှ ထိုမြင်ကွင်းကို မြင်ပြီး ဦးရေပြားများ ထုံကျင်သွားသလို ခံစားလိုက်ရသည်။

ယဲ့ဖန်အနားတွင် ရပ်နေသော ရှချူးသည် အလွန်ကြောက်သွားသဖြင့် သူမ၏ မျက်နှာသည် ဖြူဖျော့လာခဲ့သည်။

ယဲ့ဖန် သူ့လက်ကို သူမပုခုံးပေါ် အမြန်တင်လိုက်သည်။

" မကြောက်နဲ့၊ ကိုယ် ဒီမှာရှိတယ် "

ရှချူးသည် ထိုစကားကို ကြားပြီးနောက် ငြိမ်သက်သွားသည်။

ယဲ့ဖန် လှည့်ပြီး ခါဇူရာ ကာမီတာနီကို အေးစက်စွာ စိုက်ကြည့်နေသည်။

" ဒီလိုအားနည်းတဲ့ ကိုယ်ခံပညာနဲ့များ တခြားသူကို ချရဲသေးတာလား။ မင်းကို ဘယ်သူကများ သတ္တိပေးလိုက်တာလဲ "

ခါဇူရာ ကာမီတာနီသည် အလွန်နာကျင်ပြီး မူးမေ့လဲလုနီးပါး ဖြစ်နေသော်လည်း သူ့မျက်လုံးများထဲ၌ အမုန်းတရားများဖြင့် ပြည့်နှက်နေခဲ့သည်။

" ခွေးသား၊ ငါ ဘယ်သူလဲဆိုတာ မင်းသိလား။ ငါက ကာမီတာနီမျိုးနွယ်ဝင်တစ်ယောက်ပဲ။ မင်း ငါတို့ရဲ့မျိုးနွယ်ကို စော်ကားတာနဲ့ မင်း သေပြီပဲ "

ယဲ့ဖန် ထွက်သွားတော့မည် ဖြစ်သော်လည်း 'ကာမီတာနီမျိုးနွယ်'ဟူသော စကားလုံးကို ကြားလိုက်သောအခါ ခြေလှမ်းမှာ ရပ်တန့်သွားခဲ့သည်။

" ကာမီတာနီ မျိုးနွယ်လား။ မင်းတို့ မိသားစုဝင် အရှင်းခံလိုက်ရတယ်ဆိုတာ ငါ ကြားထားပါသေးတယ်။ အသက်ရှင်ကျန်တဲ့သူတွေ ရှိသေးတာလား "

ခါဇူရာ ကာမီတာနီ၏ အမူအရာ ပြောင်းသွားသည်။

" မင်းဘယ်သူလဲ။ မင်း ဒီအကြောင်းကို ဘယ်လိုလုပ် သိတာလဲ "

ကာမီတာနီမျိုးနွယ်စုအား ဖုမာမျိုးနွယ်စုမှ သုတ်သင်ခံခဲ့ရကြောင်းကို အထက်တန်းအဆင့်မှသူများသာ သိကြသည်။

သာမာန်လူများသည် ကာမီတာနီမျိုးနွယ်စု ဘာဖြစ်သွားသည်ကို မသိနိုင်ပေ။

ယဲ့ဖန် သူ့ကို မဖြေပေ။

ထိုအစား သူသည် အေးစက်စွာသာ ပြုံးနေသည်။

" မင်းက ဘယ်မျိုးနွယ်စုကလဲဆိုတာကို ဂရုမစိုက်ဘူး။ ဒီမှာရပ်လိုက်ဖို့ အကြံပေးတယ်။ ငါ့ကို လာပြဿနာရှာဖို့ မကြိုးစားနဲ့။ မဟုတ်ရင် မင်းနောင်တရလိမ့်မယ် "

ထိုသို့ဖြင့် ယဲ့ဖန်သည် ရှချူးနှင့်အတူ ထွက်သွားတော့မည် ဖြစ်သည်။

" ထွက်သွားချင်တာလား။ ငါ့ခန္ဓာကိုယ်ကို နင်းသွားမှ ရမယ် "

ခါဇူရာ ကာမီတာနီသည် ယဲ့ဖန်၏ ခြေထောက်ကို တင်းကြပ်စွာ ဖက်ထားသည်။

သူသည် သူ့အဖေကို ခေါ်ထားပြီးဖြစ်သည်။

မကြာခင် သူတို့ ရောက်လာတော့ပေမည်။

သူ့အဖေ ရောက်သည်အထိ သည်းခံလိုက်ပါက ဤကလေး သေမည်မှာ သေချာသည်။

" မင်း လက်မလွှတ်ရင် ငါလည်း ယဉ်ကျေးမနေတော့ဘူး "

ယဲ့ဖန် သူ့ကို အပေါ်စီးမှ မျက်လုံးသေများဖြင့်သာ ငုံ့ကြည့်နေသည်။

" မင်းမှာ သတ္တိရှိရင် ငါ့ကို သတ်လိုက်။ ကာမီတာနီမျိုးနွယ်စုက ငါ့အတွက် လက်စားချေလိမ့်မယ် "

ခါဇူရာ ကာမီတာနီသည် သူ့မျက်နှာပေါ်တွင် ပြတ်သားသောအကြည့်ဖြင့် လုံးဝ နောက်မဆုတ်ပေးချေ။

" ဒါဆို သေလိုက် "

ယဲ့ဖန်သည် သူနှင့် အချိန်ဖြုန်းကာ စကားပြောမနေချင်ပေ။

ထို့ကြောင့် ယဲ့ဖန်သည် အခြားခြေတစ်ချောင်းကို မြှောက်ကာ သူ့ခြေထောက်ကို ဆွဲဖက်ထားသော ခါဇူရာ ကာမီတာနီ၏ ခေါင်းပေါ်သို့ လှမ်းလိုက်သည်။

သူ၏ ခွန်အားဖြင့် ဖိလိုက်သည်နှင့် ထိုလူ၏ဦးခေါင်းသည် ဖရဲသီးကဲ့သို့ ပေါက်ကွဲသွားပေလိမ့်မည်။

" ရပ်လိုက် "

ထိုအချိန်တွင် အဝေးမှ ကျယ်လောင်သော အော်သံတစ်သံကို ကြားလိုက်ရပြီး တစ်ချိန်တည်းမှာပင် မြားတစ်စင်းသည် ယဲ့ဖန်ဆီသို့ ပျံသန်းလာလေသည်။

ကောင်းကင်သည် မှောင်နေပြီဖြစ်ပြီး မြားလမ်းကြောင်းသည် အလွန်ထူးဆန်းနေသည်။

တခြားသူသာဖြစ်ပါက မြားဖြင့် အပစ်ခံရပေလိမ့်မည်။

သို့သော် ယဲ့ဖန်၏ ခန္ဓာကိုယ်သည် အနည်းငယ်မျှသာ လှုပ်ရှားပြီး ရှောင်သည်။

သူသည် ထိုလက်နက်ပုန်းကို ရှောင်ပြီး လှည့်ကြည့်လိုက်သည်။

ထို့နောက် လူတစ်စု ပြေးလာနေသည်ကို သူတွေ့လိုက်ရသည်။

ထိုလူများအားလုံး ခါး၌ ဓားများ ကိုင်ဆောင်ထားပြီး နင်ဂျာများ ဖြစ်ကြသည်။

ရှေ့ဆုံးတွင် ခါဇူရာ ကာမီတာနီနှင့် ရုပ်ချင်းဆင်သော အသက်ငါးဆယ်ကျော် အမျိုးသားတစ်ဦးရှိနေသည်။

" အဖေ ကယ်ပါဦး ...... "

ခါဇူရာ ကာမီတာနီသည် ထိုလူကို မြင်သောအခါ သူသည် အသက်ကယ် ကောက်ရိုးတစ်မျှင်ကို မြင်ရသလို အော်ဟစ်လိုက်သည်။

ထိုလူလတ်ပိုင်းအရွယ်လူသည် အလွန်နီးကပ်နေပြီ ဖြစ်သည်။

သားဖြစ်သူ၏ ဆိုးရွားသော အခြေအနေကို မြင်လိုက်ရသောအခါ သူ့မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားသည်။

ဤသည်မှာ သူ၏ တစ်ဦးတည်းသော သားဖြစ်သည်။

ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်ခံနေရသည်ကို မြင်ပြီး ချက်ချင်းပင် စိတ်လွတ်သွားတော့သည်။

" အား ... မင်းကို သတ်မယ် "

သားရဲနှင့်တူသော ဟောက်သံဖြင့် သူ၏ ကနတဓားကို ဓားအိမ်မှ ထုတ်လိုက်သည်။

ထိုအချိန်တွင် ညအချိန်ဖြစ်ကာ မီးမှိန်နေသောကြောင့် ယဲ့ဖန်၏ မျက်နှာကို ရှင်းလင်းစွာ မမြင်ရပေ။

ထိုလူကို ထက်ဝက်ပိုင်းပြီး သူ့သားဖြစ်သူအတွက် လက်စားချေချင်သည်ကိုသာ သိတော့သည်။

သို့သော် သူသည် နီးကပ်လာသည်နှင့်အမျှ ယဲ့ဖန်၏ မျက်နှာသွင်ပြင်ကို ပိုမိုရှင်းလင်းစွာ မြင်ရလာသည်။

သုံးမီတာအကွာလောက် ရောက်သောအခါ ရုတ်တရက် ခြေလှမ်းရပ်သွားတော့သည်။

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၃၂၆ )

ကာမီတာနီ မျိုးနွယ်စုက လူတွေကို အကုန်မသတ်ရသေးတာလား

ထိုအချိန်တွင် လူလတ်ပိုင်းအမျိုးသား၏ အနောက်တွင် လူတစ်စုလည်း လိုက်ပါလာခဲ့သည်။

သူတို့၏ခေါင်းဆောင် ရပ်သွားသည်ကို မြင်သောအခါ ဘာဖြစ်နေသွားသည်ကို မသိသော်လည်း တစ်ယောက်ပြီး တစ်ယောက် ရပ်သွားကြသည်။

ကာမီတာနီ ခါဇူရာသည် သူ့အဖေ ရုတ်တရက် ရပ်သွားသည်ကို မြင်လိုက်ရပြီး ချက်ချင်း ထိတ်လန့်သွားသည်။

" အဖေ၊ မြန်မြန်လုပ်။ ဒီကောင့်မှာ ဂျပန်ယန်း ၂ ဘီလီယံကျော်တန်တဲ့ ဘုရားရုပ်ပွားတော် ရှိနေတယ်။ ပြန်ယူရမယ် "

ထိုလူလတ်ပိုင်းအရွယ် အမျိုးသားသည် သူ့သားကို ဂရုမစိုက်နိုင်တော့ပေ။

သူသည် ယဲ့ဖန်ကို ကြောင်အစွာ ကြည့်နေသည်။

အချိန်အတော်ကြာ ကြည့်ကာ သေချာစစ်ဆေးပြီးနောက် သူ့အမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။

" မင်းက .... လူ ..... ယဲ့လူကြီးမင်းလား "

ကြောက်စိတ်ကြောင့် သူ့အသံက တုန်လှုပ်နေသည်။

လူတိုင်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

သူတို့သည် ဘာဖြစ်နေသည် မသိသည်မှာ သိသာလေသည်။

ယဲ့ဖန်သည် လူလတ်ပိုင်းအရွယ် အမျိုးသားကို ကြည့်လိုက်သည်။

" ခင်ဗျားက ကာမီတာနီမျိုးနွယ်စုကလား "

ထိုလူသည် သူ့လက်ထဲမှ ဓားကို အလျင်အမြန် ဖယ်လိုက်ပြီး လေးစားစွာဖြင့် ပြန်ပြောသည် ။

" ဟုတ်တယ် ကျွန်တော့်နာမည်က ကာမီတာနီ ရှင်းယားပါ "

ယဲ့ဖန်၏မျက်နှာပေါ်တွင် အေးစက်သောအပြုံးတစ်ခု ပေါ်လာသည်။

" ကာမီတာနီ မျိုးနွယ်ကလူတွေကို အကုန်မသတ်ရသေးဘူးလား "

ကာမီတာနီ ရှင်းယားသည် ထိုစကားကိုကြားကာ တုန်လှုပ်သွားသည်။

" ယဲ့လူကြီးမင်း၊ ဖုမာမျိုးနွယ်စုက တိုက်ရိုက် သားစဉ်မြေးဆက်တွေကိုပဲ သတ်ခဲ့တာပါ။ ကျွန်တော်တို့က ကာမီတာနီ မျိုးနွယ်စုရဲ့ မိသားစုအခွဲက သားဆက်တွေ ဖြစ်တဲ့အတွက် အဓိက မိသားစုကြီးနဲ့ အဆက်အသွယ်တွေ ပြတ်နေတာ ကြာပါပြီ။ ဒါကို နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် "

ယဲ့ဖန်သည် အစောပိုင်းက ထူးဆန်းသည်ကို ခံစားမိသော်လည်း သူ့ရှင်းပြချက်ကို ကြားပြီးနောက်တွင် နားလည်သွားသည်။

နှစ်ရာနှင့်ချီ တည်ရှိခဲ့သော ကာမီတာနီ မျိုးနွယ်စုကဲ့သို့ ကြီးမားသော မိသားစုကြီးတွင် အနည်းဆုံး တပည့်ထောင်ပေါင်းများစွာ ရှိနိုင်သည်။

ဖုမာမိသားစုသည် သူတို့အားလုံးကို မသတ်နိုင်သည်မှာ သေချာလေသည်။

သူတို့သည် တိုက်ရိုက်သားစဉ်မြေးဆက်များကိုသာ ချေမှုန်းနိုင်မည် ဖြစ်သော်လည်း မိသားစုအခွဲမှ သားစဉ်မြေးဆက်များကို တစ်ယောက်ချင်း လိုက်ရှင်းနိုင်မည် မဟုတ်ပေ။

မဟုတ်ပါက လူထောင်ကျော်သတ်လိုက်ခြင်းသည် ကြီးမားသော ရုန်းရင်းဆန်ခတ်မှူကို ဖြစ်စေလိမ့်မည်။

" ကြည့်ရတာ ကာမီတာနီမျိုးနွယ်စုဝင်တွေက ကိုယ့်ကိုယ်ကိုယ် ဘယ်လိုထိန်းရမယ်ဆိုတာ အသိတရားမရသေးဘူး ထင်တယ်။ ငါ့စီ ထပ်ရောက်လာပြန်ပြီ။ ခင်ဗျားတို့ကို ဘယ်လို အပြစ်ပေးသင့်တယ်လို့ ထင်လဲ "

ယဲ့ဖန်သည် ကာမီတာနီ ရှင်းယားကို အေးစက်သောအကြည့်ဖြင့် စိုက်ကြည့်နေပြီး သူ၏အကြည့်မှာ လူသတ်ရိပ်များ အလွန်ပြင်းထန်နေသည်။

သုံးမီတာအကွာအဝေးမှပင် ကာမီတာနီ ရှင်းယားသည် အရိုးထဲထိ အေးစက်လာသည်ကို ခံစားနိုင်သည်။

ထို့နောက် ဘုတ်ခနဲ ဒူးထောက်သွားသည်။

" လူကြီးမင်း၊ ကျွန်တော့်သားကို ကောင်းကောင်းမသင်ပေးမိလို့ ဒီခွေးကောင်က လူကြီးမင်းကို စော်ကားမိတာပါ။ သူ သေဖို့ ထိုက်တန်ပါတယ် "

ကာမီတာနီ ခါဇူရာ အံ့သြသွားသည်။

သူ့အဖေသည် သူ့စိတ်ထဲ၌ အမြဲတစ္ဆေ မြင့်မြတ်သည့် ပုံရိပ်တစ်ခု ရှိသူဖြစ်ပြီး ဘယ်သူ့ကိုမှ လက်အောက်မခံခဲ့ပေ။

အသက်အရွယ်ကြီးသူဖြစ်သည့် သူ့အဖေမှ လူငယ်တစ်ဦးကို ဒူးထောက်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ဤသည်မှာ မယုံနိုင်စရာကောင်းလှသည်

ကာမီတာနီ ရှင်းယားနှင့်အတူ ပြေးလာသော လက်အောက်ငယ်သားများပင် အံ့သြသွားကြသည်။

အစောက ယဲ့ဖန်နှင့် ကာမီတာနီရှင်းယားတို့ နှစ်ယောက်ကြား ပြောသော စကားဝိုင်းအရ ကာမီတာနီမျိုးနွယ်စု ဖျက်ဆီးခံရမှု၏ နောက်ကွယ်မှ တရားခံအစစ်မှာ သူတို့ရှေ့ရှိ ထိုလူငယ်လေးဖြစ်သည်ကို သူတို့ ကြားလိုက်ရသည်။

ယဲ့ဖန်သည် ကာမီတာနီရှင်းယားကို မျက်နှာသာမပေးဘဲ စိုက်ကြည့်နေသည်။

" ခင်ဗျားက ကျုပ်ကို မစော်ကားထားဘဲ ဘာလို့ ဒူးထောက်နေတာလဲ "

ကာမီတာနီ ရှင်းယားသည် သူ့စကားနောက်ကွယ်မှ အဓိပ္ပါယ်ကို ချက်ချင်းနားလည်ပြီး သူ့ဘေးနားရှိ သူ့သားကို အမြမ်ဆွဲချသည်။

" မင်း ဘာလို့ ရပ်နေသေးတာလဲ။ မြန်မြန် ယဲ့လူကြီးမင်းရှေ့မှာ ဒူးထောက်ပြီး ခွင့်လွှတ်ဖို့ တောင်းပန်စမ်း "

ခါဇူရာ ကာမီတာနီသည် ငယ်ရွယ်တက်ကြွသူဖြစ်ပြီး လူများစွာ၏အရှေ့တွင် သူနှင့်အသက်ရွယ်တူတစ်ဦးအား ဒူးထောက်ရန် ဦးမညွတ်နိုင်ပေ။

" အဖေ၊ ဘာဖြစ်လို့ သူ့ကို ဒူးထောက်ရမှာလဲ။ ကျွန်တော် ဘာမှ မမှားဘူး။ ကျွန်တော့်ရဲ့ ဘုရားဆင်းတုကို လုပြီး ကျွန်တော့်ကို ခြေထောက်ကို ချိုးတာက ဒီကောင်ဆိုတာ သိသာနေတာပဲ။ သူကသာ ကျွန်တော့်ကို ဒူးထောက်သင့်တာ "

ကာမီတာနီ ရှင်းယား၏ မျက်နှာသည် ဖြူဖျော့သွားလျက် သူ့သားကို တားရန် အချိန်နှောင်းသွားခဲ့သည်ကို သဘောပေါက်လိုက်သည်။

သူသည် ယဲ့ဖန်၏အမူအရာကို အမြန်ကြည့်လိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း ယဲ့ဖန်၏ အမူအရာမှာ ရုတ်တရက် သုန်မှုန်သွားသည်။

" မင်းတို့ရဲ့ ကာမီတာနီမျိုးနွယ်စုက လူတွေများလွန်းတော့ အမှိုက်တွေပါနေတယ်။ အဲ့တော့ သန့်ရှင်းရေးလုပ်ပေးသင့်တယ်။ ငါ ဒါကို မင်းတို့အကျိုးအတွက် လုပ်ပေးမှာပါ "

ကာမီတာနီ ရှင်းယား တုန်လှုပ်သွားသည်။

ယခင်က လူသတ်ပွဲကြီးသည် မိသားစု တိုက်ရိုက်သားစဉ်မြေးဆက်များကိုသာ ပစ်မှတ်ထားခဲ့သည်။

ယဲ့ဖန်၏ လက်ရှိစကားအရ သူသည် မိသားစုခွဲ၏ သားစဉ်မြေးဆက်များကိုပါ ဖယ်ရှားပစ်ချင်ပုံရနေသည်။

" ယဲ့လူကြီးမင်း .... ကျွန်တော် ..... "

သူသည် ခဏမျှ တုံ့ဆိုင်းသွားကာ အံကြိတ်လျက် ရုတ်တရက် လှည့်ကာ ကနတဓားကို ယူလိုက်သည်။

လူတိုင်းသည် ဓားမှ အလင်းတန်းကို တွေ့လိုက်ကြပြီး နောက်တစ်စက္ကန့်မှာပင် ကာမီတာနီ ခါဇူရာ၏ ခြေထောက် အဖြတ်ခံရသည်။

" အား ..... "

ကာမီတာနီ ခါဇူရာသည် ချက်ချင်း ထအော်ပြီး သူ့အဖေကို မယုံကြည်နိုင်စွာ ကြည့်နေခဲ့သည်။

ပတ်ဝန်းကျင်မှ လူများကလည်း ထိုမြင်ကွင်းကို ကြောင်အစွာ ကြည့်နေကြတယ်။

ကာမီတာနီ ရှင်းယားသည် သူ၏ တစ်ဦးတည်းသောသားကို ဤမျှ ရက်စက်ကြမ်းကြုတ်စွာ ဆက်ဆံခဲ့သည်။

ကျဉ်းတည်းကြပ်တည်းသို့ အတင်းအကြပ် တွန်းပို့ခံရသည်မှာ ထင်ရှားသည်။

ကာမီတာနီ ရှင်းယားသည် သူ့သားကို မကြည့်ဘဲ ယဲ့ဖန်၏ အမူအရာကိုသာ ဂရုတစိုက်ကြည့်နေသည်။

သို့သော် ယဲ့ဖန်၏အမူအရာမှာ တည်ငြိမ်နေပြီး မည်သည်ကိုမျှ ပြသထားခြင်း မရှိပေ။

ကာမီတာနီ ရှင်းယားသည် အံကြိတ်ကာ ဓားကို ထပ်မံမြှောက်လိုက်သည်။

ဤတစ်ခါ၌ သားဖြစ်သူ၏ လက်တစ်ဖက်ကို ဖြတ်ပစ်လိုက်သည်။

ကာမီတာနီ ခါဇူရာ ထပ်မအော်နိုင်တော့ပေ။

ထိုအစား သူ မူးလဲပြီး သွေးများမှာ မြေပေါ်၌ စီးဆင်းနေတော့သည်။

" ယဲ့လူကြီးမင်း၊ မကျေနပ်သေးရင် လူကြီးမင်းရဲ့ ဒေါသကို ဖြေဖျောက်နိုင်ဖို့ သူ့ကို သတ်ပေးနိုင်ပါတယ် "

ကာမီတာနီ ရှင်းယား၏ စိတ်နှလုံးသည် သွေးယိုစီးနေပြီဖြစ်သော်လည်း သူ့တွင် ရွေးချယ်စရာမရှိပေ။

တစ်မိသားစုလုံး၏ အကျိုးစီးပွားအတွက် သူ့သားကို စတေးနေရသည်။

ယဲ့ဖန်၏ လက်ထဲသို့ ကျရောက်ခဲ့သော သူ့သား၏ ကံမကောင်းမှုကိုသာ အပြစ်တင်နိုင်ခေသည်။

ထိုအချိန်တွင် ရှချူးသည် ယဲ့ဖန်၏အင်္ကျီကို ဆွဲကိုင်လိုက်သည်။

" ထားလိုက်ပါ၊ သူတို့လည်း ပေးဆပ်ပြီးပြီဆိုတော့ လုံလောက်ပါပြီ "

ယဲ့ဖန် သူတို့ကိုစိုက်ကြည့်ပြီးနောက် လှည့်၍ သူမကို ခေါင်းညိတ်ပြလေသည်။

" ဒါဆို မင်းစကားနားထောင်လိုက်ပြီး ဒီနေ့တော့ သူ့အသက်ကို ချမ်းသာခွင့်ပေးလိုက်မယ်"

ကာမီတာနီ ရှင်းယားလည်း လွတ်ငြိမ်းချမ်းသာခွင့် ရသွားသည်ကို ခံစားလိုက်ရပြီး ယဲ့ဖန်ကို ကျေးဇူးတင်စကား အမြန်ပြောကာ ရှချူးကို ကျေးဇူးတင်စွာဖြင့် ကြည့်သည်။

" နောက်တစ်ခါ မင်းတို့ရဲ့ ကာမီတာနီမျိုးနွယ်စုကို ထိန်းထားဖို့ ငါ ပြောထားမယ်။ မင်းတို့ ငါနဲ့ ထပ်ဆုံရင် ဒီနေ့လောက် ကံကောင်းမှာ မဟုတ်ဘူး "

ယဲ့ဖန် နောက်ထပ်စကားတစ်ခွန်းကို ပြောခဲ့ကာ ရှချူးနှင့် ထွက်သွားခဲ့သည်။

သူတို့နှစ်ယောက် လမ်းပေါ်မှ ပျောက်သွားပြီးနောက် ကာမီတာနီ ရှင်းယား လဲကျသွားတော့သည်။

သူ့နောက်ကျောသည်လည်း ချွေးများ လုံးဝ ရွှဲစိုနေသည်။

ထိုလူငယ်လေး၏ ဖိအားက သူ့ကို အသက်ရှုရခက်စေသည်။

" ခေါင်းဆောင်၊ ကျွန်တော်တို့ ဒီကလေးကို ဒီအတိုင်း လွှတ်လိုက်မှာလား ...... "

လက်အောက်ငယ်သားတစ်ယောက်က ချက်ချင်း လာပြီး မေးလေသည်။

သူ စကားမဆုံးခင်မှာပင် ကာမီတာနီ ရှင်းယားသည် ချက်ချင်း လှည့်ပြီး သူ့ကို စိုက်ကြည့်သည်။

" ကာမီတာနီက ကျန်နေတဲ့ မျိုးနွယ်မိသားစုဝင်တွေ အားလုံးကို မပျက်စီးစေချင်ဘူးဆိုရင် ကျန်တဲ့စကားလုံးတွေကို မပြောဖို့ အကြံပေးတယ် "

ထိုလူသည် ရုတ်တရက် တုန်လှုပ်သွားပြီး သူ့မျက်နှာမှာ ဖြူဖျော့သွားသည်။

ကာမီတာနီ ရှင်းယား လှည့်ပြီး သတိလစ်နေသော သားဖြစ်သူကို ကြည့်လိုက်သည်။

" မင်းတို့ထဲက ဘယ်သူမှ လက်စားချေဖို့ စိတ်မကူးနဲ့။ အဲ့တာကို တွေးတောင်မတွေးနဲ့။ ဒါက မင်းတို့အကျိုးနဲ့ ငါတို့မိသားစုရဲ့ ကောင်းကျိုးအတွက်ပဲ။ အဲ့ဒီလူက အရမ်းကြောက်ဖို့ကောင်းတယ်ဆိုတာ မြဲမြဲမှတ်ထား "

ထိုစကားကြောင့် လူတိုင်းက အံ့သြသွားကြသည်။

ကလဲ့စားချေဖို့ စိတ်ကူးတောင် မယဉ်ရဘူးတဲ့လား။

ထိုသည်မှာ သူ့စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံးနေရာမှ ထွက်လာသည့် အကြောက်တရားဖြစ်သည်။

ယဲ့ဖန်သည် ရှချူးကို သူ့ဟိုတယ်ကို ကိုယ်တိုင် ပြန်လိုက်ပို့သည်။

သူတို့ ဝင်လိုက်သည်နှင့် ညီအစ်မဟောင်သည် အနီရောင်ပိုးညအိပ်ဝတ်စုံကို ၀တ်ထားကာ ဆိုဖာပေါ် မှီလျက် ဝိုင်နီသောက်နေသည်ကို တွေ့လိုက်ရသည်။

သွယ်လျလှပသော ခြေထောက်ရှည်တစ်စုံသည် ကော်ဖီစားပွဲပေါ်တွင် တင်ထားပြီး သူမ၏ ညဝတ်ကို ဘေးနှစ်ဖက်တွင် ဖြန့်ထားသောကြောင့် သူမ၏ခြေထောက်များသည် သေးသွယ်လှပနေသည်။

ယဲ့ဖန်သည် အစ်မဟုန်၏ ဤသို့အရည်အသွေး ရှိလိမ့်မည်ဟု မမျှော်လင့်ထားပေ။

အထူးသဖြင့် ရှချူး အနား၌ ရှိသည့်အခါ သူမသည် အထူးတလည် ဝတ်စားဆင်ယင်လေ့မရှိချေ။

ထို့ကြောင့် သူတို့ကြားမှ ခြားနားမှုက သူမကို အတော် မှေးမှိန်သွားစေခဲ့သည်။

သို့သော် အမှန်တကယ် ပြောရလျှင် အစ်မဟုန်သည် တစ်ယောက်တည်းဖြစ်နေပါက ကြည့်ရသည်မှာ အတော်လေးလှသည်။

ရှချူးနှင့် ရှုမန်တို့၏ စံနှုန်းများကို သူမ မမီနိုင်သော်လည်း သူမသည် အမှတ်၈၀လောက် ရှိသည့် အလှတရားမျိုး ဖြစ်သည်။

သပ်ရပ်စွာ ၀တ်စားထားပါက အမှတ်၉၀လောက် ရနိုင်သည်။

" ဟွန်း၊ ရှချူးတို့ကတော့ အကျင့်ပုတ်ပဲ။ အပြင်ထွက်တာတောင် ငါ့ကို လိုက်ဖို့မခေါ်ဘူး။ အခု ပြန်လာရဲတဲ့ မျက်နှာရှိသေးတယ်ပေါ့လေ "

ရှချူးသည် သူမနှင့်အတူ ယောက်ျားလေးတစ်ယောက်ကို ခေါ်ဆောင်လာကြောင်း အစ်မဟုန် သတိမထားမိလိုက်ပေ။

ခေါင်းကို တစ်ဖက်သို့ လှည့်ပြီး ညည်းညူကာ အတွန့်တက်နေသည်။

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၃၂၇ )

အဲ့တာဆို ငါတို့ကို အချစ်ပြိုင်ဘက်တွေ မဖြစ်စေဘူးလား

" အဟွတ်၊ အဟွတ်၊ အစ်မဟုန်၊ ဘေးမှာ ယဲ့လူကြီးမင်း "

ရှချူး သူမကို အမြန်သတိပေးလိုက်သည်။

" ယဲ့လူကြီးမင်းလား၊ ဘယ် ယဲ့လူကြီးမင်းလဲ "

အစ်မဟုန်သည် မေးလျက် လှည့်ကြည့်လိုက်သည်။

ယဲ့ဖန်ဖြစ်သည်ကို မြင်သောအခါ သူမ ချက်ချင်း အော်ပြီး ရုတ်တရက် ထရပ်ရန်ပြင်လိုက်သည်။

သို့သော် သူမ၏ ခြေထောက်သည် ကော်ဖီစားပွဲပေါ်တွင် ထင်ထားလေသည်။

သူမသည် ထိတ်ပြာသွားမှုကြောင့် အလွဲလွဲအချော်ချော်ဖြင့် ယိုင်ကာ လဲကျပြီး ဂါဝန်က သီးသန့်အစိတ်အပိုင်းတစ်ချို့ကို ပေါ်သွားစေသည်။

" အိုက်ယား ..... "

အစ်မဟုန် ကြမ်းပြင်မှ ထရပ်ကာ ညအိပ်ဝတ်ရုံကို အမြန်ခြုံပြီး အိပ်ခန်းထဲသို့ ပြေးသွားသည်။

သူမ ပြန်ထွက်လာသောအခါ အနက်ရောင်ဝတ်စုံပြည့်ကို ဝတ်ထားပြီး မိတ်ကပ်ပါးပါး လိမ်းလာပုံပင်ရသည်။

ထိုအမြန်နှုန်းမှာ ကမ္ဘာ့စံချိန်ပင် ချိုးနိုင်လေသည်။

" ယဲ့လူကြီးမင်း၊ တကယ် တောင်းပန်ပါတယ်။ အိမ်မှာ ပေါ့ပေါ့ပါးပါးနေတာ အကျင့်ပါနေလို့ပါ "

သူမ ယဲ့ဖန်ကို အမြန်ပြုံးပြလိုက်သည်။

သူမကို ယဲ့လူကြီးမင်းမှ မြင်သွားသည်အား တွေးမိသည့်အခါ ရှက်လွန်း၍ ကျင်းတစ်ကျင်း တူး၍သာ ပြေးပုန်းချင်နေမိသည်။

" ရပါတယ်။ အိမ်မှာဆိုတော့ ပေါ့ပေါ့ပါးပါး နေသင့်တာပေါ့ "

ယဲ့ဖန်သည် စိတ်ထဲ လုံးဝ မထားပေ။

ထိုအစား သေချာမကြည့်လိုက်ရသည့်အတွက်ကိုပင် နှမြောတသဖြစ်နေသည်။

အစ်မဟုန်သည် အတော်လေး ကြည့်စရာများသည်ဟု ဆိုရပေမည်။ အထူးသဖြင့် သူမ၏ ပေါင်တံများဖြစ်သည်။

ပြည့်ဖြိုးလှပကာ ကြည့်ရုံဖြင့် စိတ်ရိုင်းကို နိုးကြွလာစေနိုင်သည်။ ထို့အပြင် ချောမွတ်နေသေးသည်။

" ယဲ့လူကြီးမင်း၊ ထိုင်ပါဦး။ ရေတစ်ခွက် ခပ်ပေးပါ့မယ် "

အစ်မဟုန်သည် ယဲ့ဖန်ကို အမြန်ပြောပြီး စီစဉ်ရန် သွားတော့မည် ပြင်လိုက်သည်။

" မပူပါနဲ့၊ ရှချူးကို ပြန်လိုက်ပို့ရုံတင်ပါပဲ။ လုပ်စရာကိစ္စလေးရှိလို့ မထိုင်တော့ဘူး "

ယဲ့ဖန် သူမကို လက်ပြနှုတ်ဆက်ပြီး ရှချူးနှင့် ခဏစကားပြောပြီးနောက် ထွက်သွားခဲ့သည်။

" ယဲ့လူကြီးမင်း၊ ဂရုစိုက်ပြန်ပါ "

ယဲ့ဖန် လျှောက်ထွက်သွားသည်မှာ အဝေးရောက်နေပြီဖြစ်သော်လည်း အစ်မဟုန်သည် တံခါးအပြင်၌ရပ်လျက် ကြည့်နေသေးသည်။

" တော်ပြီ၊ ဟိုကဖြင့် အဝေးကြီးရောက်နေပြီကို ဘာတွေ ကြည့်နေသေးတာလဲ "

ရှချူးသည် အစ်မဟုန်၏ တမ်းတနေသောအကြည့်ကို မခံနိုင်တော့ပေ။

အစ်မဟုန်သည် ဧည့်ခန်းထဲသို့ ပြန်လာပြီး ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။

" ငါတော့ သွားပါပြီ။ ယဲ့လူကြီးမင်းက ငါ့ကို အဲ့လိုကြီး မြင်သွားတာ သူက သေချာပေါက် ရယ်နေတော့မှာပဲ "

ရှချူး ခေါင်းခါလျက် ခါးသက်သက်ပြုံးကာ လမ်းလျှောက်ဝင်လာသည်။

" သူက အဲ့လောက် စိတ်ထားမသေးသိမ်ပါဘူး။ စိတ်ကို အေးအေးထားပါ "

ရှချူး တကယ်ပင် အစ်မဟုန်အတွက် ဘာလုပ်ပေးရမလဲ မသိတော့ပေ။

ယဲ့ဖန်သည် နောက်ဆုံးအကြိမ် ရုပ်ဖျက်ကာ သူမတို့အား ဝင်ကယ်စဉ်က အစ်မဟုန်သည် ထိုလူအပေါ် နှစ်သက်သွားခဲ့သည်။

နေ့စဉ် ဖုန်းခေါ်ကာ သဘောကျနှစ်သက်ကြောင်း ဖော်ပြတတ်သည်။

အဆုံးတွင် ယဲ့ဖန် မခံနိုင်တော့ဘဲ ရှချူးကို ဖုန်းဆက်ကာ ထိုနေ့ကလူမှာ သူဖြစ်ပြီး ရုပ်ဖျက်ထားသည်ဖြစ်ကြောင်းကို ပြောပြလိုက်တော့သည်။

ထိုအခါမှ အစ်မဟုန်သည် သူမ နှစ်ခြိုက်စွာ ချစ်ကျွမ်းဝင်မိနေသူမှာ အမှန်တကယ်တွင် ယဲ့ဖန်ဖြစ်နေသည်ကို သိလိုက်ရသည်။

ထိုအဖြစ်အပျက်က သူမကို ရက်အတော်ကြာ အိပ်မပျော်စားမဝင် ဖြစ်စေခဲ့သည်။

သူမသည် ထိုကဲ့သို့သော ယောက်ျားမျိုးနှင့် မထိုက်တန်မှန်း သိပါသော်လည်း ယဲ့ဖန်အပေါ် သူမ နက်ရှိုင်းစွာ ချစ်မိနေပြီဖြစ်သည်။

ထိုနေ့က ယဲ့ဖန်၏ သူရဲကောင်းဆန်လှသော ပုံရိပ်မှာ သူမ၏အာရုံထဲတွင် စွဲမြဲနေလေတော့သည်။

သူမသည် ကောင်းကျိုး၊ ဆိုးကျိုးများကို ခွဲခြမ်းစိတ်ဖြာကာ ပူပန်နေပြီး မကြာခဏ အရက်သောက်နေကာ စိတ်ကိုဖြေလျှော့နေတတ်သည်။

သူမသည် ရှချူး၏ မန်နေဂျာအဖြစ် ရှချူးကို ဂရုစိုက်ရမည်ဖြစ်သော်လည်း ယခုအခါ ပြောင်းပြန်ဖြစ်နေတော့သည်။

ရှချူးမှာ သူမကို ပြန်၍ ဂရုစိုက်ပေးနေရသည်။

ကံကောင်းစွာဖြင့် သူတို့နှစ်ဦးကြား၌ အလွန်ကောင်းမွန်သော ဆက်ဆံရေးရှိလေသည်။

သူတို့သည် နာမည်ခံအရ အလုပ်သမားနှင့် အလုပ်ရှင်ဆက်ဆံရေးဖြစ်ပါသော်ငြား အမှန်တကယ်၌ ညီအစ်မအရင်းလိုသာ ဆက်ဆံကြပြီး သူတို့ကြား သဘောထားကွဲလွဲမှု များစွာမရှိပေ။

" အစ်မဟုန်၊ သူ့ကို တကယ်ကြိုက်ရင် လိုက်ကြည့်ပါလား။ အစ်မအောင်မြင်သွားတာ ဖြစ်နိုင်တာပဲ "

အစ်မဟုန် အလွန်စိတ်မပျော်မရွှင် ဖြစ်နေသည်ကို မြင်ပြီး ရှချူး သူမကို စိတ်သက်သာရာရစေရန် နှစ်သိမ့်ပေးသည်။

" အစ်မကလား။ အစ်မက အခုတောင် အသက်၃၀ထဲမှာပါ။ ယဲ့လူကြီးမင်းလိုလူက ဘယ်လိုလုပ် အစ်မကို ကြိုက်နိုင်မှာလဲ "

အစ်မဟုန်သည် သူမကိုယ်သူမ လုံးဝ ယုံကြည်ချက်မရှိဘဲ ချက်ချင်း အလျှော့ပေးကာ ပြောသည်။

" မဟုတ်ပါဘူး။ အစ်မက ကိုယ့်ကိုယ်ကိုယ် သေချာထိန်းသိမ်းတော့ လူတိုင်းက ၂၀ကျော်လေးပဲ ထင်ကြတာ။ ပြီးတော့ ပိုပြီးရှားတာက တို့အစ်မက အပျိုလေးလေ ဟီးဟီး ...... "

ရှချူးသည် အစ်မဟုန်နှင့် နှစ်ယောက်တည်းရှိနေသည့်အခါ အပြင်မှာကဲ့သို့ ထိန်းမထားဘဲ စနောက်လေသည်။

" ဟုတ်ပြီလေ၊ ရှရှက အစ်မကို လာရယ်နေတာလား "

အစ်မဟုန်သည် လက်လှမ်းပြီး ရှချူးကို ကလိယားထိုးလေတော့သည်။

ရှချူးမှာ အသနားခံနေသော်လည်း အစ်မဟုန်က လွှတ်မပေးဘဲ နှစ်ယောက်သား ခဏတာ ကစားပြီးနောက် ဆိုဖာပေါ်လှဲလိုက်ကြကာ မလှုပ်ကြတော့ပေ။

" ရှရှ ...... အစ်မ တကယ် အဲ့လိုလုပ်နိုင်မယ်လို့ ထင်လို့လား "

အစ်မဟုန် တွန့်ဆုတ်စွာ မေးလိုက်သည်။

" ဒါပေါ့၊ ဘာလို့ မဖြစ်နိုင်ရမှာလဲ။ လူတိုင်းမှာ အချစ်ကို လိုက်ပိုင်ခွင့်ရှိပါတယ် "

ရှချူး ချက်ချင်း ပြန်ဖြေလိုက်သည်။

" ဒါဆို အစ်မတို့ အချစ်ပြိုင်ဘက်တွေ ဖြစ်သွားမှာ မဟုတ်ဘူးလား။ ရှရှ သဝန်တိုတာ မဖြစ်ဘူးလား "

အစ်မဟုန်သည် အရေးကြီးသော မေးခွန်းတစ်ခုကို တွေးမိကာ မေးလာသည်။

ရှချူး တခဏ ကြောင်အသွားသော်လည်း ချက်ချင်း ပြုံးလိုက်သည်။

" ကျင့်သားရနေပါပြီ။ သူ့နားမှာက မိန်းကလေးတွေ အများကြီးပဲ။ သဝန်တိုကြေးသာဆို ရှရှ သဝန်တိုလို့ ပြီးမှာမဟုတ်တော့ဘူး။ ပြီးတော့ ဘာများတတ်နိုင်မှာမလို့လဲ။ သူသာ ရှရှကို နည်းနည်းလေးပဲဖြစ်ဖြစ် ကြိုက်မယ်ဆိုရင်ကို ကျေနပ်နေရပါပြီ "

အစ်မဟုန် သူမကို ကြောင်အစွာ ငေးစိုက်ကြည့်နေသည်။

" အဲ့လိုကို တွေးပြီးပြီလား။ တစ်သက်လုံး နေရာတစ်ခု မရရင်တောင် အဲ့လိုနေရဖို့ ဆန္ဒရှိလို့လား "

ရှချူး သူမကို ပြုံးကြည့်လိုက်သည်။

" စဉ်းစားပြီးပြီ။ သူ့နားက ထွက်မသွားနိုင်မှတော့ ကံကို လက်ခံပြီး သူစေရာ လုပ်ရမှာပဲ "

အစ်မဟုန် ချက်ချင်း ပျော်သွားသည်။

" ယဲ့လူကြီးမင်းသာ နောက်ခံပေးမယ်ဆို ရှရှက ဒီဖျော်ဖြေရေးနယ်ပယ်မှာ သေချာပေါက် ပိုပိုပြီး အောင်မြင်လာမှာ။ ဘယ်သူက ရှရှကို ကျော်နိုင်မှာလဲ။ ဟဲဟဲ အစ်မကလည်း ရှရှနားကနေ ဆင်ဖြူတော်နားနေပြီး ကြံစားရမှာပေါ့နော် "

ရှချူး ပြုံးရုံသာပြုံးပြီး ဘာမှမပြောပေ။

အတိတ်က သူမသည် ထိုကိစ္စများအပေါ် ခံယူချက်ပြင်းထန်သည်။ သူများနှင့် ဝေမသုံးချင်ပေ။

ထို့ကြောင့် ယဲ့ဖန်အနားမှ ထွက်သွားရန်နှင့် မေ့ပျောက်ပစ်ရန် ကြိုးစားခဲ့သည်။

ဤတစ်ကြိမ် သူမ ဂျပန်သို့လာခြင်းမှာ အပန်းဖြေပြီး အာရုံလွှဲကာ သူ့ကို မေ့နိုင်ရန် မျှော်လင့်ခြင်းဖြစ်သည်။

ဒါပေမဲ့ ယဲ့ဖန်နဲ့ ဒီမှာ တွေ့ရမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။

ဤယောက်ျားသည် သူမအတွက် နတ်ဆိုးစေတမန်ဖြစ်သည်။

သူမပြေးလို့သွားရာကို သူ၏ ကံကြမ္မာနှင့် ချည်နှောင်ထားပုံပင်ရလေသည်။

သူမသည် မရှောင်လွှဲနိုင်သည်ဖြစ်ရာ အားတင်းလျက် ရင်ဆိုင်ရုံသာ ရှိတော့သည်။

................................................

နောက်ရက်များတွင် ယဲ့ဖန်သည် ဂျပန်ကျွန်းစုတစ်ခုလုံးကို ပတ်ပြီး ရတနာများစွာကို သိမ်းယူခဲ့လေသည်။

ရက်အနည်းငယ်အတွင်းမှာပင် သူ စုဆောင်းနိုင်ခဲ့သည့် စုစုပေါင်း ပမာဏမှာ တရုတ်ယွမ် ၂ဘီလီယံနီးပါး ရှိနိုင်သည်။

သို့သော် ဂျပန်သည် ကြီးလွန်းသည်လည်းမဟုတ်သကဲ့သို့ သေးလွန်းသည်လည်း မဟုတ်ရာ သူ ဂျပန်နိုင်ငံတစ်ခုလုံးမှ ရတနာများ အားလုံးကို ယူနိုင်ရန်မှာ မဖြစ်နိုင်ပေ။

ထို့အပြင် အချီကြီးများကို ကြုံရန် မလွယ်ကူလှပေ။

ရှေးဟောင်းပစ္စည်း အများစုသည် ဈေးကြီးသည်မှာ မှန်သော်လည်း အမြတ်အစွန်းများစွာရရန် မလွယ်ကူလှချေ။

စတုတ္ထမြောက်နေ့တွင် သူ အပြင်သွားရန် ပြင်ဆင်နေချိန် ကျူးရှောင်ကျောင်းထံမှ ရုတ်တရက် ဖုန်းဝင်လာသည်။

" ယဲ့ဖန်စုတ်၊ ယဲ့ဖန်ပြတ်။ ကြာလှပြီကို နင် ဘာလို့ ငါ့ကို ဖုန်းမခေါ်တာလဲ။ မိန်းကလေးဘက်က စခေါ်ရအောင် လုပ်ရသလား "

မမလေးကျူးက သူ့ကို စတင် ဆူငေါက်လေတော့သည်။

ယဲ့ဖန် ခေါင်းကိုခါလျက် ခါးသက်စွာ ပြုံးလိုက်သည်။

" အခုလေးတင် အလုပ်ပြီးတာလေ။ မင်းကို ခေါ်တော့မလို့လုပ်နေတုန်း မင်းက ခေါ်လာတာ "

" ဟွန့်၊ ငါ့ကို လိမ်ဖို့လွယ်တယ်လို့ တကယ် ထင်နေတာလား။ ဂျပန်မှာ မိန်းမလှတွေ များလွန်းတယ် ထင်တယ်။ နင့်မျက်လုံးတွေ အရမ်းကြည့်ရလွန်းလို့ ငါ့ကိုတောင် မှတ်မိသေးရဲ့လား "

ကျူးရှောင်ကျောင်း ဒေါသတကြီး ပြောလေသည်။

" အခုပြောနေတာ ဘယ်သူလဲဆိုတာ တကယ် မမှတ်မိတော့ဘူး။ အလှလေး မင်းနာမည်ဘယ်လိုခေါ်လဲ "

ယဲ့ဖန် ချက်ချင်း သူမကို နောက်ပြောင်လိုက်သည်။

" ယဲ့ဖန် နင် ငါ့ကို ဒေါသထွက်ပြီး သေအောင် လုပ်နေတာလား "

ကျူးရှောင်ကျောင်း ဒေါသထွက်သွားသည်။

" ဟားဟားဟား၊ ကိုယ်က မင်းကို နောက်နေတာပါ။ ဘာလို့ ဒီလောက်တောင် အကြီးအကျယ် တုံ့ပြန်နေတာလဲ။ ကိုယ့်ကို ပြောပါဦး၊ ဘာလို့ ခေါ်တာလဲ "

ယဲ့ဖန် လေးနက်စွာ ပြောလိုက်သည်။

" အာ ..... အဲ့တာ အဘိုးက နင် ဘယ်တော့ ပြန်လာမှာလဲဆိုတာ မေးခိုင်းလို့ "

ကျူးရှောင်ကျောင်း ပေါ့ပါးစွာ မေးသည်။

ယဲ့ဖန် ကျယ်လောင်စွာ ရယ်မောမိမတတ် ဖြစ်သွားသည်။

အကယ်၍ သခင်ကြီးကျူးသည် သူ့မြေးမ၏ အသုံးချမှုကို သိပါက မည်သို့အမူအရာဖြစ်နေမည်ကို သိချင်မိသည်။

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၃၂၈ )

သခင်ကြီး အခုမှ နေ့ခင်းပဲ ရှိပါသေးတယ်

" ဂျပန်က ကိစ္စတွေက ပြေလည်ခါနီး ဖြစ်နေပြီ။ မကြာခင် ရက်ပိုင်းအတွင်း ပြန်လာတော့မယ် "

ယဲ့ဖန် ချက်ချင်းပင် အမှန်တိုင်း ပြောလိုက်သည်။

" အာ၊ နှစ်ရက်အတွင်း ပြန်လာမှာဆိုရင် တချို့အရာတွေ မမေ့နဲ့ဦး "

မမလေးကျူးသည် ချက်ချင်းပင် သူ့ကို နူးညံ့သည့်အသံဖြင့် အသိပေးလိုက်သည်။

" ဘာမေ့ရမှာလဲ "

ယဲ့ဖန်သည် တကယ်ပင် ဘာဖြစ်နေသည်ကို မသိချေ။

သူသည် လုပ်စရာရှိတာများ လုပ်ပြီးသွားပြီဖြစ်သည်။

သူ ဘာဆက်လုပ်စရာ ရှိသေးလို့လဲ။

" နင် ..... ဂျပန်က ပြန်လာတာကို မိန်းကလေးတွေအတွက် လက်ဆောင် ပြန်မဝယ်လာသင့်ဘူးလား "

ယဲ့ဖန် တကယ်ပင် နားမလည်ဖြစ်နေသည်ကို မြင်ပြီးနောက် ကျူးရှောင်ကျောင်း ရွေးချယ်စရာမရှိဘဲ ပြောပြလိုက်ရတော့သည်။

" အာ မင်း ပြောချင်တာ အဲ့တာလား။အဲ့တာက ကိစ္စမရှိပါဘူး။ လက်ဆောင်တစ်ခုပဲမဟုတ်လား။ အိမ်သာအဖုံးဆို အဆင်ပြေလား။ အဲ့တာက ဂျပန်မှာ တော်တော်လေး နာမည်ကြီးတယ်။ ဝယ်ဖို့တောင် လူတွေ တန်းစီရတယ်တဲ့ "

" နင် ..... နင်ငါ့ကို စိတ်တိုအောင်လုပ်ဖို့ကြိုးစားနေတာလား။ နင်သာ အိမ်သာအဖုံးဝယ်လာရဲရင် ငါ အဲ့အိမ်သာအဖုံးကို စားလိုက်မယ် ဟွန့် "

" မင်းရဲ့ ခန္ဓာကိုယ်က တော်တော်လေး ပြန်ကောင်းလာပုံပဲ။ မင်းရဲ့ စားချင်စိတ် ဒီလောက်ထိတောင် အရမ်းကောင်းနေပြီလား "

" ယဲ့ဖန် အကျင့်ပုတ်၊ သေလိုက်ပါလား "

မမလေးကျူးသည် ဒေါသတကြီးဖြင့် ဖုန်းကို ချလိုက်သည်။

ယဲ့ဖန် ပြုံးပြီး သူ့ဖုန်းကို သိမ်းလိုက်သည်။

ကျူးရှောင်ကျောင်းမှ သတိပေးပြီးနောက်မှာ သူ၏ မိန်းကလေးများအတွက် လက်ဆောင်တချို့ ပြန်ယူသွားသင့်သည်ကို သတိရလိုက်သည်။

ဟူး၊ မိန်းမတွေ အရမ်းများတာ နည်းနည်းတော့ ဒုက္ခရောက်တာပဲ။

ကျူးရှောင်ကျောင်းမှ ဖုန်းခေါ်ဆိုပြီးနောက် ယဲ့ဖန် ခေါင်းကိုက်လာသည်။

ကျူးရှောင်ကျောင်းနှင့် ချန်းရွှမ်အတွက် ရှေးဟောင်းပစ္စည်း တစ်ခုစီ ပေးလိုက်ပါက သူ့အတွက် လွယ်ကူသွားနိုင်သည်။

သို့သော် ဤအရာများကို သူ သဘောကျသောကြောင့် ထိုမိန်းကလေးများက သဘောကျမည်ဟု မဆိုလိုချေ။

သူ့ပတ်ဝန်းကျင်၌ ခင်မင်ရင်းနှီးသည့် မိန်းကလေးမိတ်ဆွေ အများကြီးရှိသော်လည်း လက်ဆောင်မပေးဖူးချေ။

အချိန်အတော်ကြာအောင် တုံ့ဆိုင်းသွားပြီးနောက် ဖန်းကျန်းဝူကို ဖုန်းဆက်လိုက်သည်။

" သခင်ကြီး၊ ဘာလို့ ခေါ်တာလဲ "

ဖုန်းသည် တစ်ခါသာ မြည်ပြီးနောက် တစ်ဖက်မှ ချက်ချင်း ဖုန်းကိုင်လေသည်။

ချက်ချင်းပင် ဖုမာ ကျန်းဝူ၏ ချိုမြိန်ဆွဲဆောင်မှုရှိသောအသံ ထွက်ပေါ်လာသည်။

" ကိုယ့်အခန်းထဲကိုလာ "

ယဲ့ဖန်သည် ထိုစကားတစ်ခွန်းကို ရိုးရှင်းစွာ ပြောပြီးနောက် ဖုန်းချလိုက်သည် ။

ချန်းဖေးအယ်သည် တရုတ်ပြည်သို့ ပြန်သွားပြီ ဖြစ်သည်။

ထို့ကြောင့်ဟိုတယ်တွင် တည်းခိုရန် ကိစ္စမရှိသဖြင့် ဤရက်ပိုင်းအတွင်း ဖုမာမိသားစု အိမ်တော်၌သာ နေခဲ့သည်။

ဤနေရာတွင် အရာရာကို ဂရုစိုက်ပေးသည့် လူများစွာ ရှိသည်။

ဟိုတယ်ထက် အများကြီး ပိုအဆင်ပြေသည်။

သူ ဖုန်းချလိုက်ပြီး မိနစ်အနည်းငယ်အကြာတွင် ဖုမာ ကျန်းဝူ၏ ခေါင်းလေးသည် တံခါးပေါက်ကြားမှ ချောင်းကြည့်လာသည်။

" မြှောင် ..... "

ယဲ့ဖန်သည် သူမ၏ ချစ်စဖွယ်အသွင်အပြင်ကို ကြည့်ပြီး ချက်ချင်း လက်ယမ်းပြလိုက်သည်။

" ဒီကိုလာ "

ဖုမာ ကျန်းဝူ ချက်ချင်း ဝင်လာသည်။

သူမသည် အိမ်မှာနေရသည်ဖြစ်ရာ သူမအဖေရှိ၍ စိတ်ကြိုက် မဝတ်စားရဲပေ။

ယခုအခါ သူမသည် အနီရောင်နှင့် အဖြူရောင် ကီမိုနိုဝတ်ထားကာ သစ်သားဖိနပ်တစ်စုံကို ၀တ်ဆင်ထားသည်။

သူမကို ကြည့်ရသည်မှာ ဂျပန်ရိုးရာမိန်းမလှလေးတစ်ယောက်လို ဖြစ်သည်။

ဤအရိုင်းဆန်သော လေထုသည် ယဲ့ဖန်၏ နှလုံးသားကို နာကျင်လာသည်အထိ တုန်ခါသွားစေသည်။

သူမ အနားသို့ လှမ်းလာသည့်အခါ သူမ ဘာမှ မပြောရသေးမီ သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။

" သခင်ကြီး၊ နေ့ခင်းဘက်ပဲ ရှိသေးတယ် "

ဖုမာ ကျန်းဝူသည် ချက်ချင်းပင် ထိတ်လန့်သွားသည်။

သူမ အပြင်ဘက်ကို အမြန်ကြည့်လိုက်ပြီး သူမ၏ လက်သေးသေးလေး နှစ်ဖက်က တရစပ် ခါယမ်းနေသည်။

သူမ ခုခံလေလေ၊ ယဲ့ဖန် သူမကို အနိုင်ယူလိုစိတ်များ နိုးကြားလာလေလေဖြစ်သည်ကို သူမ မသိပေ။

" မလုပ်ပါနဲ့ ........ "

စူဂါဝါရာသည် လတ်ဆတ်စွာ ကျိုချက်ထားသော ဆေးရည်ဖြင့် ယဲ့ဖန်၏ နားနေအိမ်သို့ ရောက်လာသည်။

လွန်ခဲ့သည့်ရက်အနည်းငယ်က လူတိုင်းကို ကယ်တင်ရင်းဖြင့် ယဲ့ဖန်သည် ဒဏ်ရာရခဲ့သည်။

သူ့ဒဏ်ရာမှာ သက်သာသွားပြီဟု ပြောသော်လည်း သူမသည် အနည်းငယ် စိတ်ပူနေစဲဖြစ်၍ ယဲ့ဖန်အတွက် အဖိုးတန်ဆေးဖက်ဝင်အပင်များကို နေ့စဉ် ကျိုချက်ကာ တိုက်ခဲ့သည်။

ယနေ့တွင် ဆေးရွက်အချို့ အနည်းငယ် ပြတ်လပ်နေ၍ သူမ မိသားစုအဖွဲ့ဝင်တစ်ဦးကို အထူးတလည် ထွက်ဝယ်ခိုင်းခဲ့ရသည်။

ထို့ကြောင့် ပုံမှန် ဆေးပေးချိန်ထက် အချိန်အနည်းငယ် ကြန့်ကြာသွားသည်။

ကံကောင်းထောက်မစွာဖြင့် ဆေးရည်သည် အဆုံးတွင် အောင်မြင်စွာ ကျိုချက်ပြီးသောကြောင့် သူမကိုယ်တိုင် ပေးရန် ရောက်လာခဲ့သည်။

ယဲ့ဖန်၏ တံခါးဆီသို့ လျှောက်သွားပြီး တံခါးခေါက်တော့မည့်အချိန် အထဲမှ အမျိုးသမီးတစ်ဦး၏ အသံထွက်လာသည်ကို ရုတ်တရက် ကြားလိုက်ရသည်။

ဟမ်

ဘယ်လိုဖြစ်လို့ ယဲ့လူကြီးမင်းရဲ့ အခန်းထဲမှာ မိန်းကလေးတစ်ယောက်ရဲ့အသံ ထွက်လာတာလဲ။

သူမ နားကို တံခါးကိုမှီလျက် နားထောင်ကြည့်သည့်အခါ ရှောင်ဝူ၏ အသံဖြစ်သည်ကို လျင်မြန်စွာ မှတ်မိသွားသည်။

ရှောင်ဝူ ဘာဖြစ်တာလဲ။

သူမ ဒဏ်ရာရနေတာလား။

ဆရာဝန်တစ်ယောက်အနေဖြင့် ရှောင်ဝူသည် ဒဏ်ရာရသွားသည်ဟု မသိစိတ်က တွေးလိုက်သည်။

သို့သော် တစ်စုံတစ်ခု မှားနေပြီကို သူမ သိလိုက်သည်။

သူတို့က တကယ် ..........

ချီဇူရူ စူဂါဝါရာ၏ မျက်နှာသည် ချက်ချင်းနီရဲလာပြီး သူမ၏ပါးစပ်သည် အကြာကြီး မပိတ်နိုင်ဘဲ ဖြစ်နေသည်။

သူတို့ တကယ် နေ့ခင်းကြောင်တောင် ဒီလိုလုပ်နေကြတာလား။

ဒါက .......

ဒါက ..... တကယ် ဆိုးလွန်းတာပဲ။

" ယဲ့လူကြီးမင်း အထဲမှာ ရှိလား "

ထိုအချိန်မှာပင် ခင်ပွန်းဖြစ်သူ၏ အသံသည် သူမနားထဲ၌ ရုတ်တရက် ထွက်ပေါ်လာသည်။

သူမ အမြန်လှည့်ကြည့်လိုက်သည့်အခါ ဖုမာ ဟာရာဘူဆာ လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။

သူသည် ယဲ့ဖန်နှင့် ဆွေးနွေးစရာ ရှိပုံရသည်။

သူမ တုန်လှုပ်သွားသည်။

သူမခင်ပွန်းသည် အတွင်းမှ ရုန်းရင်းဆန်ခတ်အသံများကို ကြားသွားလျှင် မကောင်းပေ။

ထိုသည်ကို တွေးမိပြီး သူ့ကို တားရန် အလျင်အမြန် လျှောက်သွားသည်။

" ယဲ့လူကြီးမင်း အထဲမှာ မရှိဘူး။ သူ အပြင်ထွက်သွားတာ ထင်တယ် "

" မင်းမျက်နှာ ဘာဖြစ်နေတာလဲ "

ဖုမာ ဟာရာဘူဆာသည် သူ့ဇနီး၏ အမူအရာကို မြင်သောအခါ စူးစမ်းစွာ မေးလိုက်သည်။

" ဘာလို့ ဒီလောက်တောင် နီရဲနေရတာလဲ။ ဖျားနေတာလား "

ချီဇူရူ စူဂါဝါရာသည် ချက်ချင်းပင် ရှက်သွားပြီး ခေါင်းကို အမြန်ခါယမ်းလိုက်သည်။

" ကျွန်မ အဆင်ပြေပါတယ်။ မြန်မြန်ပြန်ရအောင် "

ထိုသို့ဖြင့် သူမခင်ပွန်းဖြစ်သူကို အမြန်ဆွဲထုတ်လာသည်။

သူတို့ ခြေနှစ်လှမ်းသာ လျှောက်ပြီးချိန်တွင် အခန်းထဲမှ ဖုမာ ကျန်းဝူ၏ အော်သံမှာ ထပ်ထွက်လာသည်။

ချီဇူရူ စူဂါဝါရာ ချက်ချင်းပင် မျက်နှာညှိုးသွားသည်။

ဒီနှစ်ယောက်ကတော့ အရမ်းကို အဖြစ်သည်းနေကြတာ မဟုတ်ဘူးလား။

သေချာစွာပင် ဖုမာ ဟာရာဘူဆာလည်း ကြားပြီး ချက်ချင်း ရပ်လိုက်သည်။

" ငါ ဘာလို့ ရှောင်ဝူရဲ့အသံကို ကြားလိုက်တာပါလိမ့် "

ချီဇူရူ စူဂါဝါရာသည် မကြားချင်ယောင်ဆောင်လိုက်သည်။

" ရှင် ကြားတာ မှားနေတာများလား "

ဖုမာ ဟာရာဘူဆာ စိတ်ရှုပ်ထွေးစွာနှင့် သူ့အနောက်ကို ပြန်လှည့်ကြည့်လေသည်။

" Xiao Wuက အဲ့အခန်းထဲမှာလား "

သူသည် ပြောသည့်အတိုင်း ပြန်လှည့်တော့မည် ဖြစ်သည်။

ချီဇူရူ စူဂါဝါရာ သူ့ကို အမြန်ပြန်ဆွဲခေါ်လိုက်သည်။

" အိုး၊ အဲ့တာ ကြောင်လေ။ ကျွန်မ ခုနက လာတုန်းကလည်း လန့်သွားသေးတယ်။ ကဲပါ၊ ရှင် အဲ့တာကို စိတ်မပူနဲ့။ မြန်မြန် ပြန်ကြရအောင် "

ဖုမာ ဟာရာဘူဆာ စိတ်ရှုပ်ထွေးနေသော်လည်း နောက်ဆုံးတွင် သူ့ဇနီးခေါ်ရာနောက်ကို လိုက်သွားခဲ့သည်။

" သခင်ကြီး၊ ရှင်က အရမ်းဆိုးတာပဲ။ ဖုမာ သခင်ကြီးကို ဘယ်တော့မှ စကားမပြောတော့ဘူး "

ဖုမာ ကျန်းဝူသည် ယဲ့ဖန်ကို ဒေါသတကြီးစိုက်ကြည့်ရင်း သူမ၏အဝတ်အစားကို ၀တ်နေသည်။

အမှန်တကယ်တွင် သူမ၏ အဒေါ်နှင့် အဖေရောက်နေသည်ကို ကြားပြီး ယဲ့ဖန်ကို မလှုပ်ရန် တောင်းဆိုခဲ့သေးသည်။

သို့သော် ဤလူဆိုးသည် မရပ်တန့်ရုံသာမက ပို၍ပင် ရန်လိုလာကာ သူမအဖေ သိမတတ် ဖြစ်သွားသည်။

အဲ့တာကို သူတို့ ကြားသွားတာလား။

သူမအဖေတို့ ကြားသွားပါက သူမမိသားစုကို ဘယ်တော့မှ ရင်ဆိုင်နိုင်တော့မည် မဟုတ်ပေ။

ယဲ့ဖန်သည် ခေါင်းရင်းကို မှီကာ သူ့မျက်နှာပေါ်တွင် အပြုံးမပျက်ရှိနေသည်။

သူသည် ကိစ္စပြီးသည့်နောက် ဆေးလိပ်သောက်ပြီး (cigeratte after sex) လုပ်ချင်ပါသော်လည်း ဆေးလိပ်သောက်သည့် အလေ့အထမရှိသောကြောင့် လက်ရှိတွင် ဆေးလိပ်မရှိပေ။

သူသည် ဂျပန်၌ ရောက်နေသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖြေလျှော့ရန် အချိန်မရှိခဲ့ပေ။

ယနေ့ ဖုမာ ကျန်းဝူ၏ နှိုးဆွမှုများဖြင့် သူ မထိန်းနိုင်တော့ချေ။

အချိန်အကြာကြီး အောင့်ထားပြီးနောက် ပေါက်ထွက်လာသည့် မီးအားမှာ မည်မျှပြင်းထန်သည်ကို တွေးကြည့်နိုင်သည်။

ဖုမာ ကျန်းဝူ၏ ကိုယ်ခံအားကြောင့်သာ မဟုတ်ဘဲ ချန်းရွှမ်လိုလူသာ ဖြစ်လျှင် အနည်းဆုံး အိပ်ယာပေါ်မှာ တစ်ရက်လောက် လဲသွားနိုင်သည်။

" ရှင် ရယ်နေတာလဲ။ ကျန်းဝူ နောက်ဆို ဒီကလူတွေနဲ့ ဘယ်လို ရင်ဆိုင်မှာလဲ "

ဖုမာ ကျန်းဝူ ဒေါသထွက်ပြီး ငိုတော့မတတ် ဖြစ်နေသော်လည်း ယဲ့ဖန်က ပြုံးနေသည်။

" အများဆုံးမှ ကိုယ်တို့ သူတို့ကို မတွေ့ရုံပေါ့။ ကိုယ်မင်းကို တရုတ်ပြည်ကို ပြန်ခေါ်သွားမယ် "

ယဲ့ဖန်ကတော့ စိတ်မ၀င်စားချေ။

သူတို့ကြားတော့ရော ဘာဖြစ်လဲ။

သူများကိစ္စကို စွက်ဖက်တဲ့သူတွေရဲ့ အမှားပဲ မဟုတ်လား။

ဖုမာ ကျန်းဝူ ဒေါသထွက်ပြီး ချက်ချင်းထရပ်ကာ ထွက်သွားချင်သည်။

သို့သော် ယဲ့ဖန် သူမ၏ လက်ကောက်ဝတ်ကို အမြန်ဆွဲလိုက်သည်။

" ကောင်းပြီ၊ သခင်ကပဲ မင်းလေးကို တောင်းပန်တယ်။ နောက်ဆို မင်းကို ပိုပြီး နူးညံ့ပေးပါ့မယ် "

ဖုမာ ကျန်းဝူ သူ့ကို ဒေါသတကြီး စိုက်ကြည့်နေသည်။

" နောက်ဆိုတာ မရှိဘူး။ သခင်ကြီး ကျန်းဝူကို ထိခွင့်မပေးတော့ဘူး "

All Chapters