အခန်း (၁၃၂၉-၁၃၃၂)
Vol. 67 Ch. 1329-1332
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၃၂၉ )
တစ်နှစ်ကို သန်းဆယ်ချီလောက်ရတာနဲ့ ဉာဏ်ကြီးရှင်လို့ ခေါ်ပါ့မလား
ဖုမာ ကျန်းဝူ၏ စကားကို ယဲ့ဖန် ကြားသောအခါ သူသည် ချက်ချင်းပင် နှာခေါင်းကို ပွတ်လိုက်သည်။
" ကိုယ်က ခံနိုင်ရည်ရှိပေမယ့် မင်းက အဲ့လို မလုပ်နိုင်မှာကို စိုးရိမ်ရတယ် "
ဤကလေးမလေးသည် တစ်ခါတလေ သူ့ထက်ပင် ရက်စက်တတ်သေးသည်။
ဖုမာ ကျန်းဝူ တုံ့ပြန်ချင်သည်။
ယဲ့ဖန် အမြန်ထပြီး သူမ၏ နှာခေါင်းလေးကို ညှစ်လိုက်သည်။
" ကောင်းပြီ၊ စိတ်အေးအေးထား။ ကိုယ် မင်းကို နောက်ကျ လက်ဆောင်ဝယ်ပေးဖို့ ခေါ်သွားပေးမယ်။ တောင်းပန်တဲ့အနေနဲ့ မှတ်လိုက်။ စကားမစပ် မိန်းကလေးတွေအတွက် လက်ဆောင်ဝယ်ဖို့နေရာ ဒီအနီးအနားမှာ ရှိလား "
" ရှိတယ်၊ အဲ့တာက ဖုလုံဈေးဝယ်အဆောက်အဦးတဲ့။ ဒါပေမယ့် ဒီနေရာနဲ့ တော်တော်လေးတော့ ဝေးတယ်။ လက်ဆောင်လေး တစ်ခုအတွက်နဲ့ အဲ့လောက်ထိသွားစရာ မလိုပါဘူး "
" အဲ့တာ တစ်ခုတည်းမဟုတ်ဘူး။ အများကြီးဝယ်ရမှာ "
" မလိုပါဘူး၊ ကျန်းဝူ တစ်ခုပဲလိုတယ် "
" မင်းအတွက်တင်မဟုတ်ဘူး။ မင်းရဲ့ညီအစ်မတွေအတွက်ရော "
" သခင်ကြီး၊ ရှင်က တကယ်စိတ်တိုစရာပဲ "
ယဲ့ဖန်သည် ဖုမာမိသားစု၏ ကားဂိုဒေါင်မှ တရုတ်ယွမ် ၁သန်းမျှ တန်သည့် Porsche 718ကို မောင်းထုတ်လာခဲ့သည်။
အမှန်တကယ်တွင် ဖုမာမျိုးနွယ်စု၏ ကားဂိုဒေါင်ထဲ၌ ကားအကောင်းစားများ အနည်းငယ်ရှိသော်လည်း ဤတစ်ကြိမ်၌ ယဲ့ဖန်သည် မထင်ပေါ်ချင်၍ ကားအနိမ့်ကိုသာ ထုတ်လာခဲ့သည်။ အထူးတလည် ကြီးကျယ်နေရန် မလိုအပ်ပေ။
ဖုမာ ကျန်းဝူသည် ရှေ့ခရီးသည် ထိုင်ခုံတွင် ထိုင်ကာ ပြတင်းပေါက်မှ အပြင်ကိုကြည့်ရင်း နှုတ်ခမ်းစူနေသည်။
အခုနက ဖြစ်ခဲ့သည်များကို သူမ ဒေါသထွက်နေပုံရသည်။
ထို့အပြင် ယဲ့ဖန် မည်မျှပင် ကြိုးစားပါစေ ချော့လို့မရသည့် ပုံစံမျိုးဖြစ်နေသည်။
ယဲ့ဖန် ကားမောင်းလျက် ဟာသအနည်းငယ်ပြောခဲ့သော်လည်း သူမက လုံးဝမရယ်ခဲ့ပေ။
အဆုံး၌ ယဲ့ဖန် အနည်းငယ် စိတ်ပျက်သွားသည်။
သူမကို လျစ်လျူရှုလိုက်တော့သည်။
သူ၏ အတွေ့အကြုံများကို အခြေခံသည်အရ သူမကို ခဏလောက် လွှတ်ထားလိုက်သည်က ပိုကောင်းလေသည်။
ဖုမာ ကျန်းဝူ ပြောပြခဲ့သည့် ဖုလုံဈေးဝယ်အဆောက်အဦးသည် ဖုမာမျိုးနွယ်စု၏ အိမ်တော်နှင့် တစ်နာရီကျော်လောက်သာ ဝေးသည်။
ယဲ့ဖန်၏ ကျွမ်းကျင်မှုဖြင့် သူသည် နာရီဝက်အတွင်း ရောက်ရှိနိုင်မည် ဖြစ်သည်။
သို့သော် ယနေ့တွင် သူသည် အခြားလုပ်စရာကိစ္စ မရှိသဖြင့် အလျင်လိုခြင်းလည်း မရှိပေ။
အေးဆေးစွာ ကားစီးပြီး လမ်းတစ်လျှောက်မှ ရှုခင်းများကို ကြည့်နေသည်။
ထိုအချိန်တွင် အနောက်မှ အင်ဂျင်သံတစ်သံ မြည်လာသည်။
ယဲ့ဖန် နောက်ကြည့်မှန်မှ ကြည့်နေစဉ် ကားအနီသည် ဘယ်ဘက်မှ ကျော်ဖြတ်သွားတော့သည်။
ထိုအခါ Lamborghini Reventonဖြစ်သည်ကို ယဲ့ဖန် မြင်လိုက်သည်။
တရုတ်ယွမ် သန်း၂၀နီးပါး တန်ကြေးရှိလေသည်။
ထို့အပြင် ထိုကား၏ လိုင်စင်နံပါတ်မှာ '9999' ဖြစ်သည်။
ဤသည်မှာ ဂရုတစိုက် ရွေးချယ်ထားသော သီးသန့်လိုင်စင်နံပါတ်ပြားဖြစ်ကြောင်း ထင်ရှားသည်။
ဖြတ်သွားဖြတ်လာများက လည်ပြန် ရပ်ကြည့်ကြသည်။
" ဘုရားရေ၊ အဲ့တာ Lamborghini Reventonပဲ။ ဒီကားက အနည်းဆုံး ဂျပန်ယန်း သန်း၃၀၀ကနေ ၄၀၀လောက် တန်တယ်မလား "
" မင်း သူ့ကို မသိဘူးလား။ သူက အီဒိုမြို့မှာ ပေါ်လာတဲ့ ရင်းနှီးမြုပ်နှံမှု ပါရမီရှင်ပဲ။ သူ့နာမည်က အာအိုးကိယုတဲ့ "
" ရင်းနှီးမြုပ်နှံမှု ဉာဏ်ကြီးရှင်လား။ သူက ဘယ်လောက်တောင် အရည်အချင်းရှိတာလဲ။ အခုခေတ်က တစ်ခုခုဆိုတာနဲ့ ဉာဏ်ကြီးရှင်လို့ ခေါ်ပြီးတော့ တကယ့်ဉာဏ်ကြီးရှင်တွေကို တန်ဖိုးမရှိအောင် လုပ်နေကြတာ "
" သူကတော့ တကယ့် ဉာဏ်ကြီးရှင်ပဲ။ သူ အောက်ခြေကနေ စတာ တစ်နှစ်ပဲ ရှိသေးတယ်။ သူရတဲ့ ပိုက်ဆံ ဘယ်လောက်ရှိပြီလဲ သိလား "
" အောက်ခြေကနေစတာ တစ်နှစ်ပဲ ရှိသေးတယ်ဆို ပိုက်ဆံက ဘယ်လောက် ရနိုင်မှာမလို့လဲ။ အများဆုံးမှ ဂျပန်ယန်း သန်းအနည်းငယ်လောက်လား "
" သန်းအနည်းငယ်တဲ့လား။ ဟားဟားဟား၊ မင်း ဒီထက်ပိုပြီး ရဲရဲဝံ့ဝံ့ ပြောလိုက်စမ်းပါ။ ခပ်ကြီးကြီး မှန်းလိုက် "
" သန်းဆယ်ဂဏန်းလား။ အဲ့တာဆို တကယ်ကို အစွမ်းထက်တာပဲ "
" တစ်နှစ်ကို သန်းဆယ်ဂဏန်းလောက် ဝင်ငွေရတာနဲ့ ဉာဏ်ကြီးရှင်လို့ ခေါ်ပါ့မလား
" သန်းဆယ်ချီကျော်တာလား။ ဒါဆိုရင်ကို တော်တော်များနေပြီ။ လူတော်တော်များများက သူတို့တစ်သက်လုံးတောင် အဲ့လိုပမာဏကို မရှာနိုင်ဘူး "
" အမှန်အတိုင်းပြောမယ်။ လူကြီးမင်း အာအိုးကိက တစ်နှစ်တည်းနဲ့ ၀င်ငွေ ယန်းဘီလီယံ ၂၀ နီးပါး ရှိတယ် "
" ဘာ၊ မင်း ဟာသလုပ်နေတာလား။ သူက အောက်ခြေကနေ စပြီး တစ်နှစ်တည်းနဲ့ ဂျပန်ယန်း ဘီလီယံ ၂၀ ရတာတဲ့လား။ ဘဏ်ကို ဓားပြတိုက်ထားတာလား "
" ဘယ်ဘဏ်ကတောင် အဲ့လောက် ပိုက်ဆံအများကြီးရနိုင်လို့လဲ။ မဟုတ်ရင် သူ့ကို ဘာလို့ ဉာဏ်ကြီးရှင်လို့ ခေါ်မှာလဲ။ ငါတို့လို သေမျိုးတွေ စိတ်ကူးယဉ်နိုင်တဲ့အရာ မဟုတ်ဘူး "
" ဟုတ်တယ်၊ ဟုတ်တယ်။ သူက တကယ့်ကို ဉာဏ်ကြီးရှင်ပဲ ....... "
ယဲ့ဖန်၏ အကြားအာရုံမှာ အလွန်ကောင်းလေသည်။
သူနှင့် အတော်ဝေးနေသော်လည်း သူတို့စကားသံတချို့ကို ကြားနေရ၍ စပ်စုလိုက်သည်။
ဂျပန်ယန်း ဘီလီယံ ၂၀သည် တရုတ်ယွမ် ၁ ဘီလီယံခန့်နှင့် ညီမျှသည်။
တစ်နှစ်အတွင်း တရုတ်ယွမ် ၁ ဘီလီယံ ဝင်ငွေရရန် ယဲ့ဖန်အတွက် မခက်ခဲသော်လည်း သာမန်လူများအတွက် ထိုသည်မှာပင် စိတ်ကူးပင်မယဉ်နိုင်သော မိုးလောက်မြင့်သည့် ကိန်းဂဏန်းတစ်ခု ဖြစ်လေသည်။
သို့သော် ဉာဏ်ကြီးရှင်ဟု ခေါ်ရန်ပင် အမှန်တကယ်ပင် အနည်းငယ် ရူးနှမ်းလေသည်။
ထိုLamborghiniသည် ယဲ့ဖန်အား ကျော်တက်သွားပြီးနောက် ချက်ချင်း မောင်းထွက်မသွားပေ။
ထိုအစား သူတို့ကားရှေ့၌ တမင်တကာ ပိတ်ဆို့ထားသည်။
ယဲ့ဖန်သည် ဘယ်ဘက်သို့ မောင်းသွားပါက ထိုကားသည် ချက်ချင်း သူ့ရှေ့မှ ဘယ်ဘက်သို့ လိုက်ကာ ပိတ်ရပ်ပြီး ညာဘက်သို့ မောင်းသွားပါက ညာဘက်သို့ လိုက်မောင်းသည်။
ယဲ့ဖန်နှင့် တမင်ပြိုင်နေပုံရသည်။
ဖုမာ ကျန်းဝူသည် ချက်ချင်းပင် ဒေါသထွက်သွားသည်။
" ဒီလူက ဘာဖြစ်ချင်နေတာလဲ။ သူက ကျန်းဝူတို့ကားကို တမင်ပိတ်နေတာလား "
ယဲ့ဖန်၏ မျက်နှာပေါ်တွင် မထီမဲ့မြင်ပြုသော အပြုံးတစ်ခု ရှိနေသည်။
" သူက လုပ်ချင်နေမှတော့ ထားလိုက်ပါ "
ဖုမာ ကျန်းဝူ အမြန် လှည့်ကြည့်လိုက်သည်။
" သခင်ကြီးရဲ့ အရည်အချင်းနဲ့သာဆို သူ့ကို လုံး၀ တွန်းလှန်ပစ်နိုင်တယ် "
သူမသည် ယဲ့ဖန်၏ ကားမောင်းကျွမ်းကျင်မှုကို အတွေ့အကြုံရှိပြီးသားဖြစ်သည်။
သူမ၏ သခင်ကြီးသည် ဤမျှလူကို အလွယ်တကူ နှိပ်စက်ပစ်နိုင်သည်။
" မလိုပါဘူး၊ ကိုယ်တို့ ဒီနေ့ ပျော်ဖို့ ထွက်လာတာ။ ဒီလိုလူကြောင့် စိတ်ဆိုးနေဖို့ မလိုဘူး "
ယဲ့ဖန်သည် ယနေ့ကဲ့သို့ စိတ်မဆိုးသည်မှာ ရှားလေသည်။
ထို့နောက် ကားကို ဖြည်းညှင်းစွာဖြင့်သာ မောင်းလိုက်လာခဲ့သည်။
" သခင်ကြီးက တကယ်ကို စိတ်ထားကြီးမြတ်လွန်းတယ်။ သခင်ကြီးနဲ့ ယှဉ်ရင် အဲ့လိုလူက တကယ် သိမ်ငယ်လွန်းတယ် "
ဖုမာ ကျန်းဝူသည် ယဲ့ဖန်ကို သဘောကျသော မျက်လုံးများဖြင့် ကြည့်နေသည်။
အရည်အချင်းမရှိ၍ မပြိုင်ရဲခြင်း နှင့် အရည်အချင်းရှိသူမှ အထင်မြင်သေး၍ မပြိုင်ရန် ရှောင်ခြင်း သည် လုံးဝကွဲပြားခြားနားသော ကိစ္စဖြစ်သည်။
သူမ၏ သခင်ကြီးသည် တစ်ဖက်သူကို ချေမှုန်းရန် အရည်အချင်းရှိသည်မှာ ရှင်းလင်းသေချာသော်လည်း ထုတ်ပြရန် ပျင်းလွန်းလှသည်။
သခင်ကြီးရဲ့ ဂုဏ်ကျက်သရေကို တခြားသူတွေက ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။
" စိတ်မဆိုးတော့ဘူးလား "
ဖန်းကျန်းဝူမှ သူ့အတွက် ပြောပေးနေသည်ကို မြင်သောအခါ ယဲ့ဖန် ချက်ချင်းပင် သူမကို စနောက်လိုက်သည်။
" ဟွန့်၊ ကျန်းဝူ စိတ်မဆိုးဘူးလို့ ဘယ်သူပြောတာလဲ။ ကျန်းဝူ အရမ်းဒေါသထွက်နေပြီ "
ဖုမာ ကျန်းဝူ ပြတင်းပေါက်ဘက် မျက်နှာလွှဲကာ ပြောလိုက်သည်။
ယဲ့ဖန် မတတ်နိုင်ဘဲ ခေါင်းယမ်းကာ ခါးသီးစွာ ပြုံးလိုက်သည်။
အရှေ့မှကား ရှိသည်ကိုပင် မခံစားရပေ။
ခဏကြာပြီးနောက် ယာဉ်မောင်းသည် ယဲ့ဖန်ကို လက်ခလယ်ထောင်ပြကာ အရှိန်မြှင့်ပြီး မောင်းထွက်သွားသည်။
ယဲ့ဖန်သည်လည်း သူ့ကိုယ်ပိုင်အရှိန်ဖြင့် ဆက်လက်မောင်းနှင်ခဲ့သည်။
တစ်နာရီခန့်အကြာတွင် ဖုလုံဈေးဝယ်အဆောက်အဦးသို့ ရောက်ရှိလာသည်။
" ဟမ်၊ တိုက်ဆိုင်လိုက်တာ။ အဲ့ဒီလူကလည်း ဖုလုံဈေးဝယ်အဆောက်အဦးကို ရောက်လာတာပဲ "
ယဲ့ဖန်သည် ကားရပ်ပြီးနောက် Lamborghini Reventonကား ဆန့်ကျင်ဘက်တွင် ရပ်ထားသည်ကို မြင်လိုက်သည်။
" ရန်သူတွေက လမ်းကျဉ်းမှာ တကယ်ဆုံကြတာပဲ "
ဖုမာ ကျန်းဝူ ဒေါသတကြီး ပြောလိုက်သည်။
သူမသည် ယဲ့ဖန်အပေါ် အလွန်နူးညံ့သိမ်မွေ့တတ်သောကြောင့် သူမသည် အခြားသူများကိုလည်း အလွန်သည်းခံတတ်သည်ဟု မဆိုလိုပေ။
အမှန်တကယ်တွင် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သည်။
ဖုမာ ကျန်းဝူသည် ဒေါသထွက်လွယ်သည့်စရိုက် ရှိသည်။
တစ်စုံတစ်ယောက်က သူမကို စော်ကားပါက သူမသည် မညှာမတာ ပြန်လိုက်ရှာပြီး ရန်ပြုပေလိမ့်မည်။
" ကိုယ်တို့ကို စပြီး ပြဿနာမရှာရင် ကိုယ်တို့က သူနဲ့ ပြဿနာဖြစ်ဖို့ မလိုအပ်ပါဘူး _
ယဲ့ဖန် သူမကို နှစ်သိမ့်ပေးဖို့ ခေါင်းလေးကို ပုတ်လိုက်သည်။
ဖုမာ ကျန်းဝူသည် နာခံမှုရှိလာပြီး ကားရပ်နားရာနေရာမှ ယဲ့ဖန်အနောက်သို့ လိုက်သွားခဲ့သည်။
ဖုလုံ ဈေးဝယ်အဆောက်အဦးရှေ့သို့ ရောက်ရှိလာသောအခါ ယဲ့ဖန်သည် ခေါင်းကို မော့ပြီး ဆိုင်းဘုတ်ပေါ်ရှိ 'ဖုလုံ' ဟူသော စကားလုံးနှစ်လုံးကို ကြည့်လိုက်သည်။
သူ စူးစမ်းမိလာသည်။
" ဒီ ဖုလုံ အဆောက်အဦးက ကံနဂါးအဖွဲ့အစည်းနဲ့ ဆိုင်တယ်မလား "
ဖန်းကျန်းဝူ ချက်ချင်း လက်မထောင်ပြလိုက်သည်။
" သခင်ကြီးက တကယ်ကို ထက်မြက်တာပဲ။ ဒီ ဖုလုံအဆောက်အဦးက တကယ်ပဲ ကံနဂါးအဖွဲ့အစည်းရဲ့ ပိုင်ဆိုင်မှုတွေထဲက တစ်ခု "
ယဲ့ဖန် မတတ်နိုင်ဘဲ ခေါင်းယမ်းကာ ပြုံးလိုက်သည်။
" ဂျပန်က တကယ့်ကို သေးသေးလေးပဲ။ ထားလိုက်ပါ၊ သူငယ်ချင်းဟောင်းကို ပိုက်ဆံပေးသလို သဘောထားလိုက်မယ် "
ထိုသို့ဖြင့် ဖန်းကျန်းဝူ၏လက်ကို ကိုင်လျက် အဆောက်အဦးထဲသို့ ဝင်လိုက်သည်။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၃၃၀ )
သခင်ကြီး တချို့လူတွေက ဘာလို့ အဲ့လောက်တောင် အရှက်မဲ့တာလို့ထင်လဲ။
ဖုလုံဈေးဝယ်အဆောက်အဦးသည် ငွေရောင်တောက်ပအဆောက်အဦးနှင့် ကွဲပြားသည်။
ငွေရောင်တောက်ပဈေးဝယ်စင်တာကြီးသည် တန်ဖိုးကြီးစီးပွားရေးလုပ်ငန်းစု အဆောက်အဦးတစ်ခုဖြစ်ပြီး ကမ္ဘာ့နာမည်ကြီး ကုန်အမှတ်တံဆိပ် အထင်ကရစတိုးဆိုင်များအားလုံး အဆောက်အဦးအတွင်းတွင် တည်ရှိသည်။
သို့သော် ဖုလုံဈေးဝယ်အဆောက်အဦးသည် အလယ်အလတ်မှ အနိမ့်တန်းလုပ်ငန်း ဈေးဝယ်အဆောက်အဦး ဖြစ်သည်။
၀ယ်သူ အဆင့်အတန်းမျိုးစုံနှင့် ဈေးချိုသာသော ပစ္စည်းအများအပြား ရှိလေသည်။
ထို့ကြောင့် ဤနေရာသည် ငွေရောင်ခြည်အဆောက်အဦးထက် ပို၍ အသက်ဝင်ကာ လူအသွားအလာများသည်။
အများစုမှာ မိန်းကလေးများ ဖြစ်ကြသည်။
ချစ်သူကောင်မလေးများနှင့် လိုက်လာသည့် ယောက်ျားလေးအချို့လည်း ရှိလေသည်။
လူရှေ့သူရှေ့သို့ ထွက်လာသည့်အခါ ဖုမာ ကျန်းဝူသည် ယဲ့ဖန်နှင့် သီးသန့်ရှိနေစဉ်တုန်းကလို ပေါ့ပါးစွာ မဆက်ဆံတော့ဘဲ လေးနက်စွာ ပြောဆိုသည်။
သူမသည် ယဲ့ဖန်အနောက်မှ တလေးတစား လိုက်လာပြီး လက်ဆောင်မျိုးစုံကို မိတ်ဆက်ပေးနေသည်။
ယဲ့ဖန်မှ မကျေနပ်သည့် အရိပ်အယောင် ပြလိုက်သည်နှင့် သူမ အလွန်ကြောက်ရွံ့နေလိမ့်မည် ဖြစ်သည်။
သူမသည် အပြင်လူများအရှေ့၌ ယောက်ျားအား မျက်နှာသာ မည်သို့ပေးရမည်ကို သိသည့် ထက်မြက်သော အမျိုးသမီးတစ်ယောက် ဖြစ်သည်။
ဈေးဆိုင်ပိုင်ရှင်များနှင့် ကုန်တိုက်ထဲရှိ ဈေးဝယ်သူများသည် သူတို့နှစ်ဦးကို တွေ့သောအခါ တုန်လှုပ်သွားကြသည်။
ဖုမာ ကျန်းဝူ၏ ရုပ်ရည်သွင်ပြင်နှင့် ကိုယ်ရောင်ဝါအရ သူမသည် လက်ရှိမိန်းကလေးအားလုံးကို အလွယ်တကူ အနိုင်ယူနိုင်သည်။
သူမသည် ဤနေရာရှိ လူတိုင်း၏ နှလုံးသားထဲမှ ပြီးပြည့်စုံသော နတ်ဘုရားမတစ်ပါး ဖြစ်သည်။
ယခုအခါ သူတို့၏ နှလုံးသားထဲမှ နတ်ဘုရားမသည် အစေခံကဲ့သို့ အောက်ကျခံကာ ယောက်ျားတစ်ယောက်အနောက်မှ လိုက်နေသည်။
ထိုသည်က သူတို့ကို အလွန်စိတ်မသက်မသာဖြစ်စေသည်။
ထိုမနာလိုသော အကြည့်များကြားတွင် တစ်စုံတစ်ဦးထံမှ အထူးတလည် မနာလိုနေသော အကြည့်တစ်စုံလည်း ရှိနေသည်။
ထိုလူသည် အတော်ပင် ရုပ်ရည်ချောမောပြီး အသက် ၂၃ နှစ်လောက် ရှိသည်။
သူသည် ပြီးခဲ့သောနှစ်အတွင်းတွင် အီဒိုမြို့၌ နာမည်ကြီးလာခဲ့သော ရင်းနှီးမြှုပ်နှံမှု ဉာဏ်ကြီးရှင် အာအိုးကိယု ဖြစ်သည်။
သူ့လက်ကြား၌ မိန်းမတစ်ယောက်ရှိနေသည်။
သူမသည် အလွန်လှပသည်။
အထူးသဖြင့် သူမသည် ကိုယ်လုံးကိုယ်ပေါက်လှသည်။
အမျိုးသမီးအတော်အများ အနိုင်ယူနိုင်သည်။
သူမဟာ မကြာသေးမီက အာအိုးကိယု တွဲခဲ့သည့် မော်ဒယ်တစ်ယောက်ဖြစ်သဘ်။
သူမနှင့် တွဲနိုင်သည့်အတွက် အာအိုးကိယု မူလက သူ့ကိုယ်သူ အနည်းငယ် ဂုဏ်ယူကာ ကြွားပြချင်သည်။
သို့သော် ယခုအခါ ဖုမာ ကျန်းဝူနှင့် နှိုင်းယှဥ်ကြည့်ပါပ သူ့လက်ထဲရှိ အမျိုးသမီးသည် အမှိုက်ပုံးထက်ပင် ပိုဆိုးလေသည်။
အမှန်တကယ်တွင် ဤသို့လာသည့် လမ်းမှာကတည်းက ယဲ့ဖန်၏ Porscheကား ရှေ့ခရီးသည်ထိုင်ခုံ၌ ထိုင်နေသည့် ဖုမာ ကျန်းဝူကို သူ သတိထားမိပြီးသား ဖြစ်သည်။
ထိုသည်က သူ့ကို အလွန်မနာလို ဖြစ်စေခဲ့သည်။
သူသည် တစ်နှစ်လျှင် ဂျပန်ယန်း ဘီလီယံ ၂၀ကျော် ၀င်ငွေရရန် လုပ်နိုင်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု လောကမှ ဂျပန်ရှိ နံပါတ်တစ် ဉာဏ်ကြီးရှင်အဖြစ် ချီးကျူးခြင်းခံခဲ့ရသည်။
ငယ်ရွယ်နုပျိုပြီး ချောမောသော အသွင်အပြင်ဖြင့် သူသည် မရေမတွက်နိုင်သော အမျိုးသမီးများ၏ အိပ်မက်ထဲမှ မင်းသားလေးတစ်ပါး ဖြစ်လာသည်။
သူ့ကိုမြင်သည့် မိန်းကလေးတိုင်း သူ့အပေါ် ချက်ချင်း စွဲလန်းသွားလိမ့်မယ်ဟုလည်း သူ ခံစားမိသည်။
ယခုအခါ အလှတရား၏ အထက်၌ ရှိသည်ဟု သတ်မှတ်နိုင်သည့် နတ်ဘုရားမလေးက အစေခံကဲ့သို့ အခြားလူတစ်ယောက်အပေါ် ကျိုးနွံနာခံနေပေသည်။
ထို့ကြောင့် သူ့နှလုံးသားထဲ၌ မနာလိုစိတ်များနှင့် ပြည့်နှက်နေတော့သည်။
ဒီကောင်က သူနဲ့ ဘာယှဉ်နိုင်မှာမလို့လဲ။
ငါ ဒီလောက်လှတဲ့ ကောင်မလေးတစ်ယောက်ကို ဘယ်လို ဆွဲဆောင်ရမလဲ။
ထိုသည်ကို တွေးမိပြီး သူ့လက်ထဲမှ မိန်းမကို ချက်ချင်း ဆွဲခေါ်လိုက်ပြီး တမင်တကာ အော်ပြောသည်။
" ဒီကုန်တိုက်ထဲက ဘာမဆို ရွေးလို့ရတယ်။ ကြိုက်တာဆို ဆိုင်တစ်ခုလုံးကိုတောင် ဝယ်ပေးလို့ရတယ် "
" တကယ်လား "
ထိုမိန်းကလေးက ဝမ်းသာသွားသည်။
သူမသည် အာအိုးကိယု၏ ပါးပြင်ကို နမ်းလိုက်ပြီး လက်ဆောင်ရွေးရန် ပြေးသွားသည်။
အာအိုးကိယုသည် ဖုမာ ကျန်းဝူကို ချက်ချင်းကြည့်ကာ သူမ၏မျက်လုံးထဲမှ မနာလိုခြင်းများကို မြင်ချင်နေသည်။
သို့သော် သူအား စိတ်ပျက်စွာဖြင့် စောင့်ကြိုနေသည်မှာ ဖုမာ ကျန်းဝူ၏ လျစ်လျူရှုခြင်းဖြစ်သည်။
သူမသည် သူ့ကို မကြည့်ပေ။
သူမအကြည့်များက ယဲ့ဖန်စီ၌သာ အာရုံစိုက်နေသည်။
ထို့အပြင် သူမ၏ မျက်လုံးများသည် ထိုလူကို လွန်ကဲစွာ ကိုးကွယ်နေသကဲ့သို့ ကြယ်များဖြင့် တောက်ပစွာ ပြည့်နှက်နေသေးသည်။
အာအိုးကိယု ရုတ်တရက် သူ့ရင်ဘတ်ထဲမှ သွေးတစ်ပွက် ပွက်လာသည်ကို ခံစားလိုက်ရသည်။
သူသည် ငွေကို ရေကဲ့သို့ သုံးပြနေသော်လည်း ထိုမိန်းကလေးက သူ့ကို ရှိသည်ဟုပင် အသိအမှတ်မပြုပေ။
ငွေဖြင့် မဆွဲဆောင်နိုင်သော မိန်းကလေးတစ်ဦးရှိသည်ကို သူ မယုံပေ။
ထိုအချိန်တွင် ယဲ့ဖန်နှင့် ဖုမာ ကျန်းဝူသည် ဆိုင်တစ်ဆိုင်ရှေ့၌ ရပ်နေသည်ကို သူ တွေ့လိုက်ရသည်။
ချက်ချင်းပင် ထိုဆိုင်သို့ လမ်းလျှောက်လာပြီး ဆိုင်ရှင်ကို အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
" ဒီဆိုင်ကဟာတွေ အကုန်ဝယ်မယ် "
ဆိုင်ပိုင်ရှင်သည် ထိတ်လန့်သွားပြီး သူ့နားကိုပင် မယုံနိုင်ဖြစ်သွားသည်။
" ဒီဟာတွေအားလုံးက ပေါင်းလိုက်ရင် အနည်းဆုံး ဂျပန်ယန်း ၁၀သန်းလောက်အထိ ရှိပါတယ်။ အကုန်လုံးကို ဝယ်ချင်တာ သေချာပါရဲ့လား "
အာအိုးကိယုသည် စကားပြန်ပြောရန်ပင် ပျင်းလွန်းလှသည်။
ထို့ကြောင့် အိတ်ကပ်ထဲမှ ဘဏ်ကတ်ကို ထုတ်ပြီး ပြောလိုက်သည်။
" ဒီကတ်ထဲမှာ ယန်း၁၀သန်း ရှိတယ်။ အဲ့တာက ငါ့အတွက် နှစ်ရက်စာအသုံးစရိတ်ပဲ "
ဆိုင်ပိုင်ရှင်သည် ချက်ချင်းပင် ဝမ်းသာအားရဖြစ်သွားကာ ဘဏ်ကတ်ကို လက်နှစ်ဖက်ဖြင့် အမြန်ကိုင်ယူလိုက်သည်။
" ဘယ်လောက်ကုန်ကျလဲ တွက်ချက်ပေးပါ့မယ် "
အာအိုးကိယုသည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
" အဲ့တာကို မေ့ထားလိုက် မလိုဘူး။ ၁၀သန်းလုံး ယူထားလို့ရတယ် "
ဆိုင်ရှင်သည် ဤမျှကောင်းသောအရာ ရှိသည်ကို မယုံနိုင်ပေ။
သူသည် လျင်မြန်စွာ ခေါင်းညိတ်ပြပြီး ယဲ့ဖန်ကို တောင်းပန်ကာ ပြုံးပြလိုက်သည်။
" တကယ်ပဲ တောင်းပန်ပါတယ်။ ဒီလူကြီးက ဆိုင်က ပစ္စည်းတွေ အကုန်လုံးကို ဝယ်ပြီးသွားပါပြီ။ မင်းတို့နှစ်ယောက် တခြားနေရာကို သွားကြည့်သင့်တယ် "
ယဲ့ဖန်နှင့် ဖုမာ ကျန်းဝူသည် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ကူကယ်ရာမဲ့စွာ ပြုံးလိုက်ကြသည်။
သူတို့ လှည့်ပြီး တခြားဆိုင်သို့ ရွှေ့လိုက်လေသည်။
" သခင်ကြီး၊ ဒီဝက်ဝံရုပ်လေးက မဆိုးဘူးထင်တယ်။ ကျန်းဝူတော့ အရမ်းကြိုက်တယ် "
ဖုမာ ကျန်းဝူသည် ယဲ့ဖန်ကို ချိုသာစွာ ပြုံးပြလိုက်သည်။
" ကြိုက်ရင်ဝယ်လိုက်။ မင်း ကြိုက်တာ အကုန်ဝယ်ပေးမယ် "
ယဲ့ဖန်သည် သူမ၏ ခေါင်းလေးကို ပုတ်လိုက်သည်။
ထို့နောက် ဆိုင်ပိုင်ရှင်ကို လက်ဆောင်ထုပ်ပေးရန် တောင်းဆိုတော့မည် ဖြစ်သည်။
ထိုအချိန် အာအိုးကိယုက အလျင်အမြန်လျှောက်လာပြီး သူဌေးကို လက်ပြလိုက်သည်။
" သူဌေး၊ ခင်ဗျားရဲ့ဆိုင်က ရှိတာအကုန်ဝယ်မယ်။ ၁၀ သန်းဆို လုံလောက်လား "
သူဌေးသည် ပထမက အံ့အားသင့်သွားသော်လည်း သူသည် လျင်မြန်စွာတုံ့ပြန်ပြီး အမြန် ခေါင်းညိတ်လိုက်သည်။
" အဲ့တာဆို လုံလောက်ပါတယ်။ အခုပဲ ထုပ်ပိုးပေးလိုက်ပါ့မယ် "
အာအိုးကိယုသည် ဘဏ်ကတ်ကို ဆိုင်ရှင်စီ ပေးလိုက်ပြီး ဖုမာ ကျန်းဝူကို ဂုဏ်ယူစွာ ကြည့်နေသည်။
" မင်းငါ့ရဲ့ ဖြစ်တည်မှုကို လျစ်လျူရှုနိုင်တယ်ဆိုတာ ငါ မယုံဘူး "
သို့သော် ဤတစ်ခါတွင်လည်း သူ စိတ်ပျက်သွားရပြန်သည်။
ဖုမာ ကျန်းဝူသည် သူ့ကို မကြည့်ဘဲ ယဲ့ဖန်ကိုသာ ချက်ချင်း နောက်ဆိုင်တစ်ဆိုင်သို့ ဆွဲခေါ်သွားသည်။
အာအိုးကိယု၏ မျက်နှာသည် လှုပ်သွားပြီး သူ့ကို လှည့်စားနေသလို ခံစားလိုက်ရသည်။
ယခုတွင် သူသည် အလွန်ချမ်းသာနေသော်လည်း ဤကဲ့သို့ ဖြုန်းတီးပစ်ရန် မတတ်နိုင်ပေ။
စီးပွားရေး အဆောက်အဦး တစ်ခုလုံးကိုတော့ သူ တကယ် မဝယ်နိုင်ဘူးလေ ဟုတ်တယ်မလား။
အဲ့လိုဝယ်ဖို့ သူ့မှာ ပိုက်ဆံမလောက်ဘူး။
ထိုသည်ကို တွေးမိပြီး စတင် တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။
သူသည် ဖုမာ ကျန်းဝူစီ ချက်ချင်းလျှောက်လာပြီး ပြောသည်။
" မင်္ဂလာပါ အလှလေး။ ငါ့နာမည်က ဂျပန်နိုင်ငံမှာ အပြောင်မြောက်ဆုံး ရင်းနှီးမြုပ်နှံမှုဉာဏ်ကြီးရှင် အာအိုးကိယု။ မင်းကို သိခွင့်ရနိုင်မလားလို့ တွေးမိတယ် "
ဖုမာ ကျန်းဝူသည် သူ့စကားကို မကြားသလို လုပ်နေသည်။
သူမသည် ယဲ့ဖန်နှင့် ဆက်၍ လှောင်ရယ်နေလိုက်သည်။
" သခင်ကြီး၊ တချို့လူတွေက ဘာလို့ အရှက်မရှိတာလို့ ထင်လဲ။ သူ့ကိုယ်သူ အပြောင်မြောက်ဆုံး ဉာဏ်ကြီးရှင်လို့တောင် ပြောနေသေးတယ်။ ရယ်စရာကောင်းလိုက်တာ "
ယဲ့ဖန် ခေါင်းညိတ်သဘောတူသည်။
" ထူးချွန်လား၊ မထူးချွန်လားဆိုတာ အခြားသူတွေက ဆုံးဖြတ်ပေးသင့်တယ်။ ကိုယ်ကိုယ်တိုင်ပြောရတာက ရှက်စရာကောင်းတယ် "
အာအိုးကိယုသည် သူတို့နှစ်ယောက်ထံမှ သူ့ကို နှိမ်နေသံကို ကြားပြီး သူ့မျက်နှာက ချက်ချင်း မည်းမှောင်သွားသည်။
" မင်းတို့ ငါ့အကြောင်း ပြောနေတာလား "
အာအိုးကိယုသည် သူတို့ နှစ်ယောက်ကို စိုက်ကြည့်လျက် ဒေါသပေါက်ကွဲလုနီးပါး ဖြစ်နေသည်။
သို့သော် ယဲ့ဖန်တို့သည် သူ့ကို မကြည့်ကြပေ။
" သခင်ကြီး၊ တချို့လူတွေက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး ဘာလို့ ကမ္ဘာပေါ်က မိန်းကလေးတိုင်းက သူတို့ကို ကြိုက်နေတယ်လို့ ထင်ကြတာလဲ "
ဖုမာ ကျန်းဝူသည် လက်ဆောင်ကို ကောက်ကိုင်ရင်း မသိမသာ မေးလိုက်သည်။
" သူက နည်းနည်း သူ့ကိုယ်သူ အထင်ကြီးလွန်းနေတာလည်း ဖြစ်နိုင်တယ်။ ရူးကြောင်ကြောင်ဖြစ်တာက ဘာမှတော့ မမှားပါဘူး။ ဒါပေမယ့် ဒီအတိုင်းအတာလောက်ဆို ရူးနေတာတော့ အမှန်ပဲ "
ယဲ့ဖန် လေးနက်စွာ ပြန်ဖြေသည်။
" နေမကောင်းရင် ဆေးသွားကုသင့်တယ်။ အပြင်ထွက်လာပြီး လူတွေကို ကြောက်အောင်လုပ်တာ မကောင်းဘူး "
ဖုမာ ကျန်းဝူ ပါးစပ်ကို အုပ်ပြီး ရယ်မောလိုက်သည်။
" ဆင်းရဲသားက ရုတ်တရက် ချမ်းသာလာပြီး ချမ်းသာတဲ့ ပုံစံဖမ်းတာလည်း ဖြစ်နိုင်တယ်။ ပိုက်ဆံနည်းနည်းနဲ့ အရာရာကို ဖြေရှင်းနိုင်မယ်လို့ ထင်နေကြတာ "
ယဲ့ဖန်၏ ခွဲခြမ်းစိတ်ဖြာမှုသည် ယုတ္တိရှိလှသည်။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၃၃၁ )
သူ့ရဲ့ တစ်ဖက်သက်စကားကို ဘယ်လိုလုပ် ယုံရတာလဲ
သူတို့နှစ်ဦးသည် ပိုးစာပင်ကို ညွှန်ပြပြီး ကျိုင်းကောင်ကို ကျိန်ဆဲနေသည့်နည်းလမ်းမှာ အနည်းငယ် ထင်ရှားလွန်းနေသည်။
သူတို့နှင့် ဆန့်ကျင်ဘက်တွင် ရှိနေသော ဆိုင်ရှင်ကပင် ရယ်မောနေလေသည်။
" အရူး၊ မင်းတို့ ခွေးသားနှစ်ယောက်ကများ ငါ့ကို လှောင်ရဲသေးတာလား "
အာအိုးကိယု၏ နှလုံးသားမှာ လုံးဝ ခြေမွခံလိုက်ရပြီး ယဲ့ဖန်၏ အဝတ်အစားကို အမြန်ဆွဲလိုက်သည်။
ထို့နောက် ယဲ့ဖန်၏ လက်မောင်းမှာ အနည်းငယ် ဖယ်သွားပြီး အာအိုးကိယု အရှိန်လွန်ကာ လဲကျသွားသည်။
အာအိုးကိယုသည် တုန်ရီစွာနှင့် ချော်ကာ မြေပေါ်သို့ ပစ်လဲသွားသည်။
သူသည် သနားစရာကောင်းစွာ ညည်းတွားပြီး ယဲ့ဖန်ကို စိုက်ကြည့်နေသည်။
" ခွေးကောင်၊ မင်းကများ ငါ့ကို ရိုက်ရဲတာလား "
ယဲ့ဖန် အနီးနားရှိ လူအုပ်ကို ချက်ချင်းပြောလိုက်သည်။
" လူတိုင်း မြင်တယ်မလား။ သူက ကျွန်တော့်ကို အရင်ရိုက်တာ။ ရှောင်လိုက်လို့ သူ့ဘာသူ လဲကျသွားတာ မဟုတ်လား။ ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး "
ပတ်ဝန်းကျင်မှ လူအုပ်ကြီးက ခေါင်းညိတ်ပြသည်။
" ဟုတ်တယ်။ သူ့ဘာသူ ပြုတ်ကျသွားတာ ငါတို့ သက်သေခံပေးနိုင်တယ် "
" ဒီလူက တကယ်ကို တစ်ခုခုပဲ။ ဘာပဲဖြစ်ဖြစ် သူ လူကို မရိုက်သင့်ဘူး "
" ငါ ခုနက သူတို့စကားကို နားထောင်ကြည့်နေတာ။ ဒီလူက အဲ့ဒီကောင်မလေးကို လိုက်ချင်နေတာ ထင်တယ်။ ပြီးတော့ သူက သူဌေးကြီးပုံစံ လုပ်ဖို့ ပိုက်ဆံကို သုံးပြနေတာ။ ဒါပေမယ့် ကောင်မလေးက သူ့ကို မကြိုက်တာနဲ့ အရှက်ကွဲပြီး ဒေါသထွက်သွားတာ ဖြစ်မယ် "
" သူက ယောက်ျားမှ ဟုတ်ရဲ့လား။ ပိုက်ဆံလေး နှစ်ပဲခြောက်ပြားနဲ့ မိန်းမတွေအားလုံးက သူ့ကို ချစ်ရမယ်လို့ သူ တကယ်ကြီး ထင်နေတာလား "
" ဒီလူရဲ့စိတ်က ထူးဆန်းတာပဲ ...... "
အာအိုးကိယုသည် လူတိုင်း၏ သရော်လှောင်ပြောင်သံများကို ကြားလိုက်ပြီးနောက် သူ့စိတ်ထဲမှ ဒေါသများမှာ ပိုတိုးလာသည်။
လွန်ခဲ့သည့်နှစ်တွင် သူသည် ဘက်ပေါင်းစုံမှ မြှောက်ပင့်ခြင်းသာ ခံရသည်။
သူ့ကို ဤသို့ ထောက်ပြမခံရသည်မှာ ကြာပြီဖြစ်သည်။
" ခွေးသား၊ မင်း စောင့်နေလိုက်။ ဒီနေ့ မင်းကို ငါ အလွှတ်မပေးဘူး "
သူသည် ကြမ်းတမ်းသော ပြစ်ဒဏ်ကို ချမှတ်တော့မည့်ပုံစံဖြင့် လှည့်ထွက်သွားတော့မည် ဖြစ်သည်။
သို့သော် ဆိုင်ပိုင်ရှင်က သူ့ကို ပြန်ဆွဲပြီး လွှတ်မပေးပေ။
" မင်း ငါ့ဆိုင်ကို ဖျက်ဆီးထားတာ ပြန်လျော်ပေး "
သူတို့နှစ်ယောက် ငြင်းခုံနေကြစဉ် ၀တ်စုံပြည့်ဝတ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး လျင်မြန်စွာ လျှောက်လာသည်။
" ကျွန်တော်က ဖုလုံဈေးဝယ်အဆောက်အဦးရဲ့ မန်နေဂျာပါ။ ဒီမှာ ဘာတွေ ဖြစ်နေတာလဲ "
ဆိုင်ပိုင်ရှင်သည် အဆောက်အဦးမန်နေဂျာရောက်လာသည်ကို မြင်ပြီး အမြန် တိုင်ကြားလေသည်။
" မန်နေဂျာ၊ ကူညီပေးပါဦး။ ဒီကောင်လေးက ကျွန်တော့်ဆိုင်ကို ဖျက်ဆီးထားတယ် ....... "
မန်နေဂျာ လှည့်ကြည့်လိုက်သည့်အခါ အာအိုးကိယုကို မြင်ပြီး အံ့အားသင့်သွားသည်။
" မင်း ..... လူကြီးမင်းက လူကြီးမင်းက အာအိုးကိ လား "
အာအိုးကိယုက သူ့ကို စိုက်ကြည့်နေသည်။
" ကျွန်တော့်ကို သိတာလား "
မန်နေဂျာသည် အမြန်လာပြီး သူ့လက်ကို အားပါးတရ ဆုပ်ကိုင်လိုက်သည်။
" တကယ် လူကြီးမင်းအာအိုးကိလား။ မင်္ဂလာပါ၊ မင်္ဂလာပါ၊ လူကြီးမင်းက ဂျပန်ရဲ့ ရင်းနှီးမြှုပ်နှံမှုလောကမှာ နာမည်ကြီးတဲ့ ဉာဏ်ကြီးရှင်တစ်ယောက်လေ။ သေချာပေါက် သိတာပေါ့။ လူကြီးမင်းရဲ့ အမာခံ ပရိတ်သတ်လို့ သတ်မှတ်နိုင်ပါတယ်။ ကျွန်တော် အများသောအားဖြင့် စတော့တွေလည်း ဝယ်ပါတယ်။ ဒါပေမယ့် ပိုက်ဆံ ရှုံးသွားတတ်လို့ အကြံဉာဏ် ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် "
အာအိုးကိယုသည် မန်နေဂျာမှာ သူ၏ အမာခံပရိသတ်ဖြစ်သည်ကို ကြားသောအခါ သူ အနည်းငယ် မျက်နှာသာပြန်ရလာသည်။
" ကိစ္စမရှိဘူး၊ ဒီကိစ္စကို ဖြေရှင်းပြီးရင် ခင်ဗျားကို ကျွန်တော့်အတွေ့အကြုံတွေ နည်းနည်းသင်ပေးမယ် "
မန်နေဂျာသည် ချက်ချင်းပင် ဝမ်းသာအားရ ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ် လူကြီးမင်း အာအိုးကိ "
သူသည် ပြောနေသည်ကို ခဏရပ်လိုက်သည်။
" လူကြီးမင်း အာအိုးကိ ဘာဖြစ်နေတာလဲ "
အာအိုးကိယုသည် ယဲ့ဖန်ကို စိုက်ကြည့်နေသည်။
" ဒီကောင်က ငါ့ရဲ့ချမ်းသာမှုကို မနာလိုဖြစ်ပြီးတော့ သူက ငါ့ကို ထူးဆန်းတဲ့နည်းနဲ့ ဆဲဆိုနေတာ။ ဒေါသအရမ်းထွက်ပြီး သူ့ကို ပြောချင်ပေမယ့် သူက ငါ့ကိုတောင် ရိုက်လိုက်သေးတယ်။ အဲ့တာနဲ့ ဆိုင်ကို မတော်တဆ ရိုက်လိုက်မိတာ "
မန်နေဂျာသည် သူ့ရှင်းပြချက်ကို ကြားပြီးနောက် ယဲ့ဖန်ကို အေးစက်စွာ ကြည့်လိုက်သည်။
" မင်းက ရိုင်းစိုင်းလွန်းတာပဲ။ ဘာပဲဖြစ်နေနေ မင်း လူတွေကို ရိုက်လို့မရဘူး "
ယဲ့ဖန် စကားပြန်မပြောမှာပင် ဖုမာ ကျန်းဝူမှ မခံနိုင်ဘဲ ဝင်ပြောလေသည်။
" မန်နေဂျာ ရှင်က ဘာဖြစ်နေတာလဲ။ သူ့ဘက်က ပြောတဲ့ တစ်ဖက်သတ်ဇာတ်လမ်းကို ဘယ်လိုလုပ် ယုံရတာလဲ "
မန်နေဂျာသည် ရှင်းပြချက်ကို လုံးဝနားမထောင်ပေ။
ထိုအစား သူက ယုံကြည်ချက်အပြည့်နှင့် ပြောလိုက်သည်။
" လူကြီးမင်း အာအိုးကိကို ဘယ်သူ ထင်နေလို့လဲ။ သူက ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြုပ်နှံမှုလောကက နံပါတ်တစ် ဉာဏ်ကြီးရှင်ပဲ။ မင်းတို့နှစ်ယောက်ကိုများ စိတ်ထဲထည့်နေရမှာလား။ လူကြီးမင်း အာအိုးကိကို တောင်းပန်ပြီး စျေးဆိုင်ပျက်စီးသွားတဲ့အတွက် လျော်ကြေးပေးလိုက် "
ယဲ့ဖန် ချက်ချင်း အေးစက်စွာ နှာမှုတ်လိုက်သည်။
" ပေါ်တင် ပြဿနာလွှဲချဖို့ ကြိုးစားနေတာလား။ အခု ဒီမှာရှိနေတဲ့လူတိုင်း မြင်လိုက်ကြမှာ သေချာတယ်။ မေးလိုက်တာနဲ့ ဖြစ်စဉ်တစ်ခုလုံး သိနိုင်တယ်။ အမှန်တရားကို သိဖို့က မခက်ဘူး "
ပတ်ဝန်းကျင်ရှိ လူများက ချက်ချင်း ပြန်ဖြေကြသည်။
" ဟုတ်တယ်။ အာအိုးကိယုက အရင်ဆုံးလုပ်ခဲ့တာကို ငါတို့အားလုံး သက်သေခံနိုင်တယ် "
" ခုနက တွေ့လိုက်တယ်။ သူကမှ အဲ့ကောင်လေးရဲ့ရည်းစားကို အရင် အီစီကလီလုပ်နေတာ။ တစ်ဖက်က စကားနည်းနည်း ပြောလိုက်တာနဲ့ လူကို ရိုက်ချင်နေတာ "
" မင်းက မန်နေဂျာတစ်ယောက် ဖြစ်ဖို့ အရည်အချင်းမရှိဘူး။ အပြစ်ပေးသင့်တဲ့သူကို အပြစ်မပေးဘဲ အပြစ်မဲ့သူကို အပြစ်ပေးချင်နေတာလား "
" ဒီနေ့ ဒါကို တရားမျှတအောင် မကိုင်တွယ်ရင် ငါတို့ မင်းကို တိုင်ကြားမယ် "
မန်နေဂျာသည် လူတိုင်း၏ ဝေဖန်မှုကို တိတ်တဆိတ် နားထောင်ပြီးနောက် ရက်စက်သော အပြုံးကို ရုတ်တရက် ထုတ်ဖော်လိုက်သည်။
" ကောင်းပြီ၊ မင်းတို့တွေ တော်တော် သတ္တိရှိကြတာပဲ။ တံခါးအပြင်ဘက်က စကားလုံးတွေကို မှတ်မိကြရဲ့လား။ ဒီနေရာက ဘာလဲဆိုတာ သိလား။ ဒါက ကံနဂါးအဖွဲ့အစည်းရဲ့ နယ်မြေပဲ။ ငါတို့ ကံနဂါးအဖွဲ့အစည်းရဲ့ ရန်သူဖြစ်ချင်နေတာလား "
ကံနဂါးအဖွဲ့အစည်းဟု ပြောသည်ကို လူတိုင်း ကြားလိုက်ပြီးနောက် သူတို့ ချက်ချင်း ကြောက်လန့်သွားကာ စကားမပြောရဲကြတော့ပေ။
မန်နေဂျာ၏ အကြည့်များသည် ရှိနေသူတိုင်းကို ဖြည်းညှင်းစွာ ဖြတ်ကျော်သွားပြီး အေးစက်စွာ နှာမှုတ်လိုက်သည်။
" ငါတို့ ကံနဂါးအဖွဲ့အစည်းပိုင်နက်ထဲမှာ ငါ့စကားက ဥပဒေပဲ။ ဒီကလေးက ပထမဆုံး ပြဿနာရှာတဲ့သူလို့ ငါပြောရင် သူက ပထမဆုံး ပြဿနာရှာတဲ့သူပဲ။ သူ့အတွက် ဘယ်သူက ပြောပေးရဲသေးလဲ ကြည့်ရအောင် "
လူတိုင်းသည် သူ့အကြည့်ကို ရှောင်ပြီး ခေါင်းငုံ့လိုက်ကြသည်။
တချို့ သတ္တိနည်းသူများမှာ ကြောက်လန့်တကြား ထွက်ပြေးသွားလေသည်။
သူတို့သည် သူစိမ်းတစ်ယောက်အတွက် ကံနဂါးအဖွဲ့အစည်းကဲ့သို့ ဖြစ်တည်မှုကို စော်ကားရဲမည် မဟုတ်ပေ။
မန်နေဂျာသည် လူတိုင်း၏ ပုံစံကိုကြည့်ကာ အလွန်ကျေနပ်နေသည်။
သူသည် ချက်ချင်းပင် ယဲ့ဖန်ကို ဂုဏ်ယူစွာ ကြည့်လိုက်သည်။
" အခုအခြေအနေက တော်တော်လေး ရှင်းနေပြီ။ မင်းက ပထမဆုံး တိုက်ခိုက်ခဲ့တဲ့သူဆိုတော့ လူကြီးမင်း အာအိုးကိ ဒကို ချက်ချင်း တောင်းပန်လိုက်။ မဟုတ်ရင် ငါ ယဉ်ကျေးနေမှာ မဟုတ်ဘူး "
ယဲ့ဖန်သည် သူ့ကို မကြောက်မရွံ့ စိုက်ကြည့်နေသေးသည်။
" ဒါဆို မယဉ်ကျေးရင် ဘာလုပ်မှာလဲ "
မန်နေဂျာသည် နှာမှုတ်ပြီး လက်ခုပ်နှစ်ချက် တီးလိုက်သည်။
ထို့နောက် အနက်ရောင်ဝတ်စုံဖြင့် လုံခြုံရေးအစောင့်တစ်ဖွဲ့သည် ယဲ့ဖန်တို့ကို ဝိုင်းထားသည်။
အာအိုးကိယု ဝမ်းသာသွားသည်။
သူ၏ လက်ပါးစေတစ်ယောက်သည် လမ်းတစ်ဝက်၌ ရောက်လာပြီး သူ့အတွက် ဤကိစ္စကို ဖြေရှင်းပေးမည်ဟု မမျှော်လင့်ထားချေ။
တစ်ချိန်တည်းမှာပင် သူသည် ဖုမာ ကျန်းဝူကို စူးရဲစွာ ကြည့်နေသည်။
" အလှလေး၊ ဒီလူနောက်ကို လိုက်တာ မင်းအတွက် ဘာကောင်းလို့လဲ။ မင်းဆန္ဒရှိတာနဲ့ ငါ့အနားကို လာလို့ရတယ်။ ငါမင်းကို ကာကွယ်ပေးမယ် "
ဖုမာ ကျန်းဝူ သူ့ကို မထီမဲ့မြင်ပြုသည့် အကြည့်နှင့်သာ ကြည့်လိုက်သည်။
" ရှင်ရဲ့ သက်လုံအားမကောင်းတဲ့ ကျောက်ကပ်ချို့တဲ့တာကို အရင်စစ်ဆေးကြည့်သင့်တယ်။ ကိုယ့်ကိုယ်ကိုယ် အရင်ကာကွယ်ပါလား "
အာအိုးကိယု၏ မျက်နှာသည် ချက်ချင်းပင် ဒေါသကြောင့် ပြာသွားသည်။
" မင်းကိုယ်တိုင် ရွေးတဲ့လမ်းပဲ "
ပြောပြီးသည်နှင့် ချက်ချင်းပင် မန်နေဂျာကို ကြည့်လိုက်သည်။
မန်နေဂျာသည် ချက်ချင်း သဘောပေါက်သွားပြီး ယဲ့ဖန်ကို အေးစက်စွာ စိုက်ကြည့်နေသည်။
" ငါမင်းကို နောက်ဆုံး အခွင့်အရေးတစ်ခုပေးမယ်။ မင်း လူကြီးမင်း အာအိုးကိကို မတောင်းပန်ရင် ငါ့ကို အပြစ်မတင်နဲ့ "
သူ၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရသည့်အခါ ယဲ့ဖန် ရယ်မောလိုက်သည်။
" မင်းလိုလူတစ်ယောက်က မန်နေဂျာတစ်ယောက်ဖြစ်နေမှတော့ ဒီ ကံနဂါးအဖွဲ့အစည်းက အူတိုင်အထိ ပုပ်နေပုံပဲ "
မန်နေဂျာ၏ အမူအရာသည် ချက်ချင်းပြောင်းလဲသွားပြီး ဒေါသတကြီးဖြင့် သူ့ကို လက်ညှိုးထိုးလိုက်သည်။
" မင်းက ငါတို့ရဲ့ ကံနဂါးအဖွဲ့အစည်းကို ဘယ်လိုတောင် စော်ကားရဲတာလဲ။ ခွေးသား၊ မင်း ဒီနေ့ သေချာပေါက် သေပြီပဲ။ မင်းကို ဘယ်သူမှ မကယ်နိုင်စေရဘူး "
ယဲ့ဖန်သည် မျက်နှာပေါ်တွင် မထီမဲ့မြင်ပြုသော အပြုံးတစ်ခု ရှိနေသည်။
" မင်းတို့ရဲ့ဥက္ကဌလုတောင်မှ ငါ့ကို ဒီလိုစကားမျိုး မပြောရဲဘူး။ မင်းကို ဘယ်သူကများ သတ္တိပေးထားတာလဲ "
ထိုသို့ဖြင့် ယဲ့ဖန် ဖုန်းကို ထုတ်ပြီး လုသောင်းချွမ်ကို ဖုန်းဆက်လိုက်သည်။
မန်နေဂျာသည် ယဲ့ဖန်စကားကို ကြားပြီးနောက် ချက်ချင်း ထိတ်လန့်သွားသည်။
ဒီကောင်လေးက သူတို့ရဲ့ ဥက္ကဌကို သိတာလား။
တကယ်ပဲလား။
သူက ကြွားပြောနေတာ ဖြစ်နေမလား။
ခဏလောက်တာ ကြောင်အသွားကာ သူ ဘယ်လိုဖြေရှင်းရမည်ကို မသိတော့ပေ။
အာအိုးကိယုသည် မန်နေဂျာ၏ သူရဲဘောကြောင်သော အကြည့်ကို မြင်သောအခါ ထိုလူသည် အားကိုးမရသည်ကို သူ သိလိုက်သည်။
ထို့ကြောင့် သူလည်း ရွေးချယ်စရာမရှိ၍ ဖုန်းကိုထုတ်ကာ တစ်စုံတစ်ယောက်ကို ခေါ်လိုက်တော့သည်။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၃၃၂ )
ဒါဆို ခင်ဗျားကို ဂုဏ်ပြုရမှာပဲ။ နောက်ထပ် အဖေတစ်ယောက်ရှိလာပြီ
ထိုအချိန်တွင် ယဲ့ဖန်၏ ဖုန်းခေါ်ဆိုမှုမှာ ချိတ်ဆက်သွားပြီး ဖုန်းဖြေကြားသူမှာ လုသောင်းချွမ်ကိုယ်တိုင် ဖြစ်လေသည်။
" ယဲ့ညီလေး၊ မင်း ဒီနေ့ ငါ့ကို ဘာလို့ ဖုန်းဆက်တာလဲ "
လုသောင်းချွမ်သည် စိတ်ပျော်နေသည်မှာ ထင်ရှားလေသည်။
ထိုသည်မှာ အမှန်ပင် ဖြစ်သည်။
သူ့ကို ရာမာဂူချီ-ဂူမီဂိုဏ်းမှ နှစ်ပေါင်းများစွာ ဖိနှိပ်ခဲ့ပြီး သူရဲဘောကြောင်သူအဖြစ် လူအများမှ သူ့ကို ကဲ့ရဲ့ရှုတ်ချသည်ကို ခံခဲ့ရသည်။
သို့သော် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ရာမာဂူချီ-ဂူမီဂိုဏ်းကို တန်ပြန်တိုက်ခိုက်နိုင်ခြင်းသည် သူ့အား ယခင်အရှက်ကွဲမှုများမှ ချက်ချင်း လွတ်မြောက်စေခဲ့သည်။
သူသည် ကျောရိုးမရှိသူအဖြစ်မှ နာမည်ဆိုးကို ဖယ်ရှားခဲ့ပြီး ကံနဂါးအဖွဲ့အစည်းမှ သူ၏ဂုဏ်သိက္ခာသည် အမြင့်ဆုံးသို့ ရောက်ရှိလာခဲ့သည်။
ထို့အပြင် ယဲ့ဖန်သည် ရာမာဂူချီ-ဂူမီဂိုဏ်းကို ထိန်းချုပ်လိုက်သဖြင့် ဂိုဏ်းနှစ်ခုသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လာခဲ့ကြသည်။
သို့ဖြစ်ရာ ကံနဂါးအဖွဲ့အစည်းသည် ဂျပန်နိုင်ငံတွင် ဒုတိယအကြီးဆုံးဂိုဏ်းဖြစ်လာရန် နီးကပ်နေပြီ ဖြစ်သည်။
ထို့ကြောင့် ကံနဂါးအဖွဲ့အစည်း၏ ဥက္ကဌဖြစ်သူအနေဖြင့် စိတ်ပျော်နေလေသည်။
တစ်ချိန်တည်းမှာပင် ယဲ့ဖန်အပေါ် သူ့ကျေးဇူးမှာ တစ်နေ့တခြား တိုးများလာသည်။
ယဲ့လူကြီးမင်းသာ မရှိပါက သူ ယနေ့ဤနေရာသို့ ရောက်လာမည် မဟုတ်ပေ။
သို့သော် ယခုအချိန်တွင် ယဲ့ဖန်သည် ဖော်ရွေမှုမရှိသော လေသံဖြင့် မေးခွန်းထုတ်သည်။
" ဥက္ကဌလုက တကယ်ကို ကျေးဇူးကန်းတာပဲ "
ရိုးရှင်းသော စကားတစ်ခွန်းသည် လုသောင်းချွမ်ကို သေမတတ် ကြောက်စေသည်။
သူ အလျင်အမြန် မေးလိုက်သည်။
" ယဲ့ညီလေး၊ ငါ့ကို မခြောက်ပါနဲ့။ ငါ တစ်ခုခု မှားတာ လုပ်မိလို့လား။ မင်းပြောရင် ငါ သေချာပေါက် ပြောင်းပေးမယ် "
ယဲ့ဖန် အေးစက်စွာ နှာမှုတ်လိုက်သည်။
" ကျွန်တော် ခင်ဗျားရဲ့ ဖုလုံဈေးဝယ်အဆောက်အဦးမှာ ဈေးဝယ်နေတာ။ ခင်ဗျားရဲ့ ပိုင်နက်ဆိုတော့ အဆင်ပြေမယ်လို့ ထင်ခဲ့တာ။ ခင်ဗျားရဲ့မန်နေဂျာက အမှန်တရားကို မျက်ကွယ်ပြုပြီး တခြားသူတွေ အနိုင်ကျင့်မယ်လို့ မမျှော်လင့်ထားဘူး။ ရှင်းပြပေးနိုင်မယ်လို့ မျှော်လင့်တယ် "
လုသောင်းချွမ်သည် ထိုစကားကို ကြားသောအခါ အံကြိတ်လိုက်သည်။
" ဒီခွေးသားလေးက ယဲ့ညီလေးကို အနိုင်ကျင့်တာလား။ မန်နေဂျာကို ဖုန်းပေးလိုက်။ ငါ သူ့ကို စကားပြောလိုက်မယ် "
ထို့နောက် ယဲ့ဖန် မန်နေဂျာကို ဖုန်းပေးလိုက်သည်။
" မင်းတို့ရဲ့ဥက္ကဌလုက မင်းနဲ့ စကားပြောချင်နေတယ် "
မန်နေဂျာသည် ချက်ချင်း နှာမှုတ်လိုက်သည်။
" ဘယ်က ဥက္ကဌလဲ၊ ဘယ်ခွေးကောင်က ငါတို့ဥက္ကဌအဖြစ် ဘယ်လိုလုပ် အယောင်ဆောင်ရဲတာလဲ။ သူသာ ဥက္ကဌဖြစ်ရင် ငါက ဥက္ကဌရဲ့အဖေပဲ "
ထိုမန်နေဂျာသည် ယဲ့ဖန် လိမ်နေသည်ဟု ထင်လေသည်။
သူ့လို ငချွတ်လေးတွေက သူတို့ရဲ့ ဥက္ကဌကို ဘယ်လိုလုပ် သိနိုင်မှာလဲ။
ထို့အပြင် ဤကောင်လေးသည် တစ်ဖက်လူကို စကားပြောသည့်အခါ သူ့မြေးကို ဆူနေသလိုလေသံဖြင့် ပြောလေသည်။
ဖုန်း၏ အခြားတစ်ဖက်မှလူသည် တကယ်ပင် ကံနဂါးအဖွဲ့အစည်း၏ ဥက္ကဌဖြစ်ပါက ဒီကောင်လေးသည် ထိုသို့ပြောရဲသည့် သတ္တိရှိမည် မဟုတ်ပေ။
ထိုကိစ္စများကို အခြေခံ၍ တစ်ဖက်လူမှာ ဥက္ကဌမဟုတ်သည်ကို ယုံကြည်လိုက်သည်။
ယဲ့ဖန်၏ မျက်နှာပေါ်တွင် ထူးဆန်းသောအပြုံးတစ်ခု ပေါ်လာသည်။
ဖုန်းကို ပြန်ယူလိုက်သည်။
" ဥက္ကဌလု၊ ခင်ဗျား ကြားလိုက်တယ် မဟုတ်လား။ ခင်ဗျားရဲ့ လက်အောက်ငယ်သားတွေကတောင် ခင်ဗျားကို မျက်လုံးထဲမထားတဲ့အပြင် သူတို့က ခင်ဗျားအဖေတောင် ဖြစ်ချင်နေသေးတယ်။ ခင်ဗျားကို ဂုဏ်ပြုရမယ်။ ခင်ဗျားမှာ အဖေနောက်တစ်ယောက်ရှိလာပြီ "
တစ်ဖက်တွင် လုသောင်းချွမ်သည် အလွန်ဒေါသထွက်နေပြီး ဖုန်းကို ညှစ်လိုက်သည်။
" ယဲ့ညီလေး၊ စိတ်မပူနဲ့။ ငါ ချက်ချင်း ဖြေရှင်းဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်။ ဒီနေ့ မင်းကို ကျေနပ်လောက်တဲ့ ဖြေရှင်းပြချက်တစ်ခု ပေးမယ်။ မဟုတ်ရင် ငါ့ခေါင်းကို ဖြတ်ပြီး မင်းကို ဘောလုံးလို ကန်ခွင့်ပေးမယ် "
" ဟား၊ အဲ့တာဆို ပိုကောင်းတာပေါ့ "
ယဲ့ဖန် ထိုသို့ ပြောပြီးနောက် ဖုန်းချလိုက်သည်။
မန်နေဂျာသည် ယဲ့ဖန် ဖုန်းချပြီးသည်ကို မြင်ပြီးနောက် ချက်ချင်း လှောင်ပြောင်လိုက်သည်။
" ငါတို့ ဥက္ကဌက ဘာပြောလဲ "
ယဲ့ဖန် သူ့ကို အမှန်အတိုင်းပြောလိုက်သည်။
" မင်းတို့ရဲ့ ဥက္ကဌက ဒီကိစ္စကို ချက်ချင်းဖြေရှင်းဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်လို့ ပြောတယ်။ မဖြေရှင်းပေးနိုင်ရင် သူက ခေါင်းဖြတ်ပြီး ငါ့ကို ဘောလုံးလို ကန်ခွင့်ပေးမယ်တဲ့ "
" ဟားဟားဟား ....... "
သူ ပြောပြီးသည်နှင့် မန်နေဂျာက ချက်ချင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။
" မင်း ဘယ်လိုလိမ်ရမယ်မှန်းတောင် မသိဘူးလား။ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ။ ငါတို့ ဥက္ကဌက မင်းကို ဘာလို့ ဒီလောက် နိမ့်ကျခံတဲ့ လေသံနဲ့ ပြောရမှာလဲ "
" ငါ လိမ်နေတာလား၊ မလိမ်ဘူးလားဆိုတာ မင်း သိပါလိမ့်မယ် "
ယဲ့ဖန်၏ အမူအရာမှာ ငြိမ်သက်နေသည်။
ယဲ့ဖန်သည် သူနှင့် အပိုစကားတွေ မပြောချင်တော့ပေ။
လုသောင်းချွမ်၏ မျက်နှာကြောင့်သာ မဟုတ်ပါက သူ ဤသို့ပြောရန်ပင် စိတ်မ၀င်စားချေ။
တစ်ခါတည်း တန်းသတ်လိုက်မည် ဖြစ်သည်။
ဤမျှအကြာကြီး စောင့်ရန်ပင် မလိုပေ။
မကြာမီတွင် ဂုဏ်သိက္ခာရှိသော မျက်နှာထားဖြင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး အမြန်လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။
သူ့နောက်တွင် ဈေးဝယ်အဆောက်အဦးမှ ဝန်ထမ်း အနည်းငယ် ပါလာသည်။
မန်နေဂျာသည် ထိုလူကို တွေ့သောအခါ သူ့အမူအရာမှာ ပြောင်းသွားသည်။
" ဒုဥက္ကဌ ဆာဂါဝါ။ လူကြီး ... လူကြီးမင်း ဘာလို့ ဒီကိုရောက်နေတာလဲ "
ထိုလူသည် ဖုလုံဈေးဝယ်အဆောက်အဦး၏ ဒုတိယဥက္ကဌ ဆာဂါဝါ ဟီရိုတ ဖြစ်သည်။
ဒီကလေးက သူတို့ရဲ့ ဥက္ကဌကို တကယ် သိနေတာ ဖြစ်နေမလား။
ဒီကိစ္စကို ဖြေရှင်းဖို့ ဥက္ကဌကြီးက ဒုဥက္ကဌ ဆာဂါဝါကို လွှတ်လိုက်တာလား။
ဒီလိုသာဆို သွားပြီ။
ထိုအကြောင်းအရာကို တွေးပြီး သူ့ခြေထောက်များ အားနည်းလာကာ မတ်တပ်ပင် မရပ်နိုင်တော့ပေ။
ယဲ့ဖန်သည် ထိုဒုတိယဥက္ကဌ ဆာဂါဝါဆိုသူကို စိတ်ရှုပ်ထွေးစွာ ကြည့်နေလိုက်သည်။
ဒါက အရမ်းမြန်တယ် မဟုတ်လား။
သူ ဖုန်းချလိုက်တာနဲ့ တစ်ယောက်ယောက်က တန်းပို့လိုက်တာလား။
ယဲ့ဖန်သည် ဆာဂါဝါ ဟီရိုတကို အံ့အားသင့်နေချိန်မှာပင် သူသည် အာအိုးကိယုစီကို ရုတ်တရက် လှမ်းသွားပြီး ဦးညွှတ်လိုက်သည်။
" လူကြီးမင်း အာအိုးကိယု၊ စီးပွားရေး အဆောက်အဦးကိုယ်စား လူကြီးမင်းကို ဒုက္ခဖြစ်စေခဲ့တဲ့အတွက် အရိုးသားဆုံး တောင်းပန်ချင်ပါတယ် "
အာအိုးကိယု အရူးဖြစ်မည်ကို လူအတော်အများက စောင့်နေကြသော်လည်း ထိုစကားကို ကြားပြီးနောက် ချက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။
ဒါဆို ဒီဒုဥက္ကဌ ဆာဂါဝါက အာအိုးကိယုကြောင့် ဒီကို ရောက်လာတာလား။
" မင်္ဂလာပါ လူကြီးမင်း ဆာဂါဝါ၊ နောက်ဆုံးအကြိမ်က ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှု ရခဲ့ရဲ့လား "
အာအိုးကိယုသည် ဆာဂါဝါနှင့် လက်ဆွဲနှုတ်ဆက်ပြီး ပြုံးလျက် မေးသည်။
" အရမ်းအဆင်ပြေပါတယ်။ ကျွန်တော် လူကြီးမင်းအာအိုးကိနဲ့ ဒီစီမံကိန်းမှာ ရင်းနှီးမြှုပ်နှံပြီး အမြတ်၅၀ရာခိုင်နှုန်း အပြည့်ရခဲ့ပါတယ်။ လူကြီးမင်း အာအိုးကိ ဒီလို ပရောဂျက်တွေရှိရင် ကျွန်တော့်ကို မမေ့ပါနဲ့ "
ဆာဂါဝါ ဟီရိုတ သူ့ကို ပြုံးပြသည်။
သူပုံစံမှာ ဒူးထောက်ပြီး ဖိနပ်ကို နမ်းတော့မည့်ပုံ ဖြစ်နေသည်။
" စိတ်မပူပါနဲ့ လူကြီးမင်း ဆာဂါဝါ။ ကျွန်တော်တို့က အခုမိတ်ဆွေကောင်းတွေပဲ။ ထပ်ပြီးကံကောင်းခွင့်ရရင် ခင်ဗျားကို မေ့ထားမှာ မဟုတ်ပါဘူး "
အာအိုးကိယု ချက်ချင်း ကတိပေးလိုက်သည်။
ဆာဂါဝါ ဟီရိုတသည် မန်နေဂျာကို လှည့်မကြည့်ခင် အာအိုးကိယုနှင့် ခဏတာ စကားစမြည်ပြောနေခဲ့သည်။
ထို့နောက် မန်နေဂျာဖြစ်သူကို မေးသည်။
" မန်နေဂျာ ဖူဂျီနို၊ ဘာဖြစ်တာလဲ "
မန်နေဂျာ ဖူဂျီနိုမှ ချက်ချင်း လေးစားစွာ ပြန်ပြောသည်။
" ဒုဥက္ကဌ ဆာဂါဝါ၊ ဒီကလေးက လူကြီးမင်း အာအိုးကိရဲ့ ကြွယ်ဝမှုကို မနာလိုပြီး အာအိုးကိလူကြီးမင်းကို ရိုင်းရိုင်းစိုင်းစိုင်းတွေ ပြောခဲ့တာပါ။ လူကြီးမင်း အာအိုးကိက သူ့ကို ကျိုးကြောင်းရှင်းပြဖို့ ရောက်လာပေမယ့် သူက ရိုက်လိုက်တာပါ "
မန်နေဂျာသည် အခြေခံအားဖြင့် သူသည် အာအိုးကိယု ပြောသည့် ဆင်ခြေကို သုံးကာ ပြောသည်။
အဆုံးတွင် သူက ဆက်ပြောသည်။
" ဒီကောင်လေးက ကျွန်တော်တို့ရဲ့ ဥက္ကဌကိုတောင် သိပြီးတော့ ကံနဂါးအဖွဲ့အစည်းက အတွင်းပုတ်နေတယ်လို့လည်း သူက ပြောခဲ့ပါသေးတယ် "
မန်နေဂျာ၏ ရှင်းပြချက်ကို ကြားပြီးနောက် ဆာဂါဝါ ဟီရိုတသည် ယဲ့ဖန်ကို ချက်ချင်း လှည့်ကြည့်လိုက်သည်။
" ငါတို့ပိုင်နက်မှာ ဘယ်သူကမှ ဒုက္ခမပေးရဲတာကြာပြီ။ ငါ ထင်တာမမှားရင် မင်းကို တစ်ယောက်ယောက်က ခိုင်းထားတာ ဟုတ်တယ်မလား။ ငါ့ကို ရိုးရိုးသားသားပြော ဒီလိုလုပ်ဖို့ ဘယ်သူက ညွှန်ကြားထားတာလဲ "
ယဲ့ဖန်သည် အစကတည်းက သူ့အား အပြစ်တင်သည်ကို ကြားပြီး လှောင်ရယ်လိုက်သည်။
" တကယ်ကြားချင်တာလား "
ဆာဂါဝါ ဟီရိုတ၏ မျက်လုံးများ တောက်ပလာသည်။
" မင်းကို တစ်ယောက်ယောက်က တကယ်ညွှန်ကြားခဲ့တာလား။ ဒါဆို မြန်မြန် အမှန်အတိုင်းပြောလိုက်။ ငါမင်းကို လွှတ်ပေးမယ် "
ယဲ့ဖန် သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
" ငါ့ကို ညွှန်ကြားတဲ့သူက လုသောင်းချွမ်လို့ခေါ်တယ်။ မြန်မြန် သူ့ကို ဒီကို ခေါ်လိုက်။ ငါ သူ့ကို မျက်နှာချင်းဆိုင် ပြောရမယ် "
ဆာဂါဝါ ဟီရိုတသည် နောက်ကွယ်မှ စေခိုင်းသူကို စောင့်မျှော်နေသော်လည်း ထိုစကားကို ကြားပြီးနောက် သူ ရုတ်တရက် လှည့်စားခံရသကဲ့သို့ ခံစားလိုက်ရသည်။
" မင်း ငါတို့ရဲ့ ဥက္ကဌကို မရိုမသေလုပ်ရဲတာက ကိုယ့်သေတွင်းကိုယ်တူးတာပဲ "
စကားပြောနေစဉ် အနီးပတ်ဝန်းကျင်ရှိ လုံခြုံရေးအစောင့်များအား လက်ပြလိုက်တော့သည်။
" ဒီလူကို ဆွဲထုတ်လိုက်။ ငါ သူ့ကို လူကိုယ်တိုင် စစ်ဆေးမေးမြန်းမယ် "
လုံခြုံရေးအစောင့်အနည်းငယ်သည် အမိန့်ကို လက်ခံရရှိပြီးနောက် ယဲ့ဖန်ကို ချက်ချင်း ဝိုင်းရံထားသည်။
" သတ္တိရှိရင် လုပ်ကြည့်လိုက် "
ယဲ့ဖန် အေးစက်စွာ နှာမှုတ်လိုက်သည်။
လုံခြုံရေး အစောင့်များသည် ယဲ့ဖန်၏ ကိုယ်ရောင်ဝါကြောင့် ထိတ်လန့် သွားပြီး လမ်းတစ်ဝက်မှာတင် ရပ်လိုက်ကြသည်။