အခန်း (၁၃၃၃-၁၃၃၆)
Vol. 67 Ch. 1333-1336
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၃၃၃ )
နောင်တရမယ့်ဟာ ဘယ်တုန်းကမှ မလုပ်ဖူးဘူး
ယဲ့ဖန် လှည့်ကြည့်လိုက်ပြီး ဆာဂါဝါ ဟီရိုတကို ကြည့်လိုက်သည်။
" ဒီနေ့ မင်းရောက်နေတဲ့နေရာကို ရလာဖို့ မလွယ်ခဲ့ဘူး မဟုတ်လား "
ဆာဂါဝါ ဟီရိုတ သူ့ကို အေးစက်စွာ ကြည့်နေသည်။
" မင်း ဘာပြောဖို့ ကြိုးစားနေတာလဲ "
ယဲ့ဖန် ခေါင်းငုံ့ပြီး နာရီကို ကြည့်လိုက်သည်။
" တချို့လူတွေက ရွေးချယ်မှုမှားပြီး ကြိုးကြိုးစားစားလုပ်ခဲ့သမျှကို စွန့်လွတ်လိုက်ရတတ်တယ်။ ခင်ဗျားကို အခွင့်အရေးပေးနေတုန်း ဖမ်းဆုပ်နိုင်မယ်လို့ မျှော်လင့်တယ်။ မဟုတ်ရင် ဘယ်သူမှ ခင်ဗျားကို ကယ်တင်နိုင်မှာ မဟုတ်ဘူး "
သူ့စကားကြားပြီး ဆာဂါဝါ ဟီရိုတမှ ခေါင်းမော့ကာ ရယ်လိုက်သည်။
" မင်းက ငါ့ကိုခြောက်ဖို့ ကြိုးစားနေတာလား။ ငါက ဘက်မလိုက်တတ်ဘူး။ ငါက တရားမျှတမှုကို ထောက်ခံတဲ့သူပဲ။ မင်း လူတစ်ယောက်ကို ရိုက်ထားမှတော့ မင်း အဖိုးအခကို ပေးရမယ်။ ငါ နောင်တရမယ့်ကိစ္စကို ဘယ်တုန်းကမှ မလုပ်ဖူးဘူးဆိုတာ ငါ သေချာပြောနိုင်တယ်။ အတိတ်ကလည်းမလုပ်ခဲ့ဖူးဘူး၊ အခုလည်း မလုပ်ဘူး၊ အနာဂတ်မှာလည်း လုပ်မှာမဟုတ်ဘူးဆိုတာ သေချာတယ် "
ထို့နောက် လုံခြုံရေး အစောင့်များကို ချက်ချင်း အော်လိုက်သည်။
" လုပ်ကြ "
လုံခြုံရေးအစောင့်အဖွဲ့ကလည်း တွန့်ဆုတ်မနေတော့ချေ။
သူတို့သည် ယဲ့ဖန်ကို ဝိုင်းပြီး ဖမ်းရန် လုပ်ကြသည်။
အမှန်တကယ်တွင် ယဲ့ဖန်၏ ခွန်အားဖြင့် ဤလုံခြုံရေးအစောင့်များကို အလွယ်တကူ အနိုင်ယူရနိုင်သည်။
သို့သော် ယဲ့ဖန်သည် အစောင့်များကို တွန်းလှန်ခြင်းမပြုဘဲ လက်ကို ကြိုးများဖြင့် ချည်နှောင်ခွင့် ပြုလိုက်သည်။
ပြန်လည်တိုက်ခိုက်လိုသော ဖုမာ ကျန်းဝူပင်လျှင် ယဲ့ဖန်၏ လုပ်ရပထကြောင့် ရပ်တန့်သွားသည်။
အာအိုးကိယုနှင့် မန်နေဂျာ ဖူဂျီနိုတို့သည် ထိုမြင်ကွင်းကို မြင်သောအခါ သူတို့၏ မျက်နှာများသည် အပြုံးများဖြင့် ပြည့်နှက်လာတော့သည်။
အထူးသဖြင့် ဖုမာ ကျန်းဝူကို အာအိုးကိယုမှ ကျေနပ်နေသော မျက်နှာထားဖြင့် ကြည့်နေသည်။
ဖုမာ ကျန်းဝူသည် သူ့ကို အေးစက်စွာသာ စိုက်ကြည့်နေပြီး တွန်းလှန်ခြင်း မလုပ်ပေ။
ကြည့်ရှုနေသူများသည် မတတ်နိုင်ဘဲ ခေါင်းယမ်းကာ သက်ပြင်းချကြသည်။
" ဟူး၊ ဒီလူငယ်လေးကတော့ သွားပြီ။ သူ့ကို ဘယ်သူ့ကို မကယ်နိုင်လောက်တော့ဘူး "
" အဲ့တာကို အခုပြောနေတာက အသုံးမကျဘူး။ ဒီဒုဥက္ကဌက အာအိုးကိဘက်က တမင်တကာ ဘက်လိုက်နေတာကို မင်း မမြင်ဘူးလား "
" ဒါက အနိုင်ကျင့်နေတာပဲ မဟုတ်လား။ တရားမျှတမှုရော ရှိရဲ့လား "
" မင်းရဲ့အသံကို တိုးတိုးပြော။ သူတို့တွေက ကံနဂါးအဖွဲ့အစည်းကပဲ။ မင်းသူတို့ကို အနိုင်ယူလို့ မရဘူး "
" ဒီလူငယ်လေး သနားဖို့ကောင်းလိုက်တာ ....... "
" သူ့ကို ခေါ်သွား "
ဆာဂါဝါ ဟီရိုတသည် ယဲ့ဖန်ကို စကားပြောခွင့် မပေးပေ။
လုံခြုံရေး အစောင့်များကို ချက်ချင်း လက်ဝှေ့ယမ်းပြပြီး ခေါ်သွားခိုင်းသည်။
" ရပ်လိုက် "
လုံခြုံရေးအစောင့်အုပ်စုသည် ယဲ့ဖန်ကို အဝေးသို့ ခေါ်ဆောင်သွားခါနီးတွင် ဒေါသကြီးနေသော အော်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
ဆာဂါဝါ ဟီရိုတ ဖြည်းဖြည်းချင်း လှည့်ကြည့်ပြီးသည့်အခါ သူ့အမူအရာ ပြောင်းသွားသည်။
ထိုသည်မှာ အသက်ခြောက်ဆယ်ကျော် အမျိုးသားတစ်ဦး ဖြစ်သည်။
ထိုအဘိုးအိုသည် ငယ်စဉ်က ခြေထောက်တစ်ဖက် ဒဏ်ရာရခဲ့သည့်အတွက် ခြေထောက်တစ်ဖက် ထော့နေသည်။
ထိုပုဂ္ဂိုလ်မှာ ဖုလုံဈေးဝယ်အဆောက်အဦးမှ သူဌေး ယုတို အိုးတ ဖြစ်သည်။
မန်နေဂျာ ဖူဂျီနို၏ အမူအရာမှာ သိသာစွာ ပြောင်းလဲသွားသည်။
ဤမျှသေးငယ်သော ကိစ္စရပ်လေးမှ သူဌေးပါ ရောက်လာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ထို့အပြင် ယုတို အိုးတသည် ခြေထောက် အားနည်းသူ ဖြစ်သည့်အတွက် ဖြည်းဖြည်းချင်းသာ လမ်းလျှောက်တတ်သည်။
သို့သော် ယခုအခိုက်အတန့်တွင် သူသည် သာမာန်လူထက်ပင် လျင်မြန်စွာ ပျံသန်းနေသကဲ့သို့ လမ်းလျှောက်နေပြီး သူ၏နဖူးပြင်၌ တစ်ပြင်လုံး ချွေးများဖြင့် ပြည့်နေသည်။
သူ တစ်စုံတစ်ခုအား အလွန်စိုးရိမ်နေသည်ဆိုတာ ထင်ရှားလေသည်။
" သူဌေး၊ ဘာလို့ ဒီကို ကိုယ်တိုင် ရောက်လာတာလဲ "
မန်နေဂျာ ဖူဂျီနိုသည် သူဌေးရှေ့တွင် မျက်နှာသာလုပ်လိုသောကြောင့် ရှေ့သို့ အမြန်လျှောက်လာခဲ့သည်။
ဖြောင်း
ယုတို အိုးတသည် ချက်ချင်း ပါးရိုက်လိုက်သည်။
သူသည် ငယ်စဉ်အခါက ကံနဂါးအဖွဲ့အစည်း၏ ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည်။
သူ၏ တိုက်ခိုက်ရေး စွမ်းအားသည် အလွန်ပြင်းထန်လှသည်။
နောက်ဆုံး၌ ဒဏ်ရာရသွားသောကြောင့်သာ စီးပွားရေးအဆောက်အဦးကို တာဝန်ယူရန် လက်လွှဲခဲ့သည်။
သူသည် အသက်၆၀ ကျော်နေပြီ ဖြစ်သော်လည်း သူ့ခွန်အားမှာ အရင်အတိုင်းပင် ဖြစ်သည်။
မန်နေဂျာသည် တုန်ယင်စွာနှင့် မြေပြင်ပေါ်သို့ လဲကျသွားကာ တဆတ်ဆတ် တုန်နေသည်။
ယုတို အိုးတသည် မန်နေဂျာကို မကြည့်ချေ။
သူသည် အမြန်ပြေးပြီး လုံခြုံရေးအစောင့်များကို တွန်းထုတ်လိုက်ပြီး ယဲ့ဖန်ကို သေချာ ကြည့်လိုက်သည်။
" လူကြီးမင်းက ယဲ့လူကြီးမင်း ဟုတ်ပါရဲ့လား "
ယဲ့ဖန်သည် ထိုလူကို သေချာကြည့်ပြီးနောက် ခေါင်းညိတ်ပြသည်။
" ကျွန်တော်ပဲ "
" လူကြီးမင်း၊ ကျွန်တော် စိတ်မကောင်းပါဘူး။ လက်အောက်ငယ်သားတွေကို တင်းတင်းကြပ်ကြပ် စည်းကမ်းမချမိတဲ့အတွက် လူကြီးမင်းအတွက် ဒုက္ခဖြစ်စေမိပါပြီ။ ဒါတွေက ကျွန်တော့်အပြစ်ပါ "
ယဲ့ဖန်အား ကြိုးနှင့်ချည်ထားသည်ကို ယုတို အိုးတ မြင်သည့်အခါ သူ့နှလုံးသားမှာ တုန်လှုပ်သွားသည်။
အခြေအနေမှာ သူ ထင်ထားသည်ထက် ပိုပြင်းထန်လေသည်။
ယုတို အိုးတကို တွေ့လိုက်ရသည့်အခါ လူအုပ်ကြီးမှာ အံ့ဩသွားသည်။
မန်နေဂျာ ပါးရိုက်ခံရသည်ကို မြင်လိုက်ရပြီး သူတို့ ပို၍ပင် အံ့သြသွားရသည်။
ယုတို အိုးတကို မသိသူများက မေးကြသည်။
" ဒီလူက ဘယ်သူလဲ။ သူက တကယ်ကြီး ကံနဂါးအဖွဲ့အစည်းက လူတွေကို ရိုက်လိုက်တာလား "
" မင်း သူ့ကို မသိဘူးလား။ သူက ဖုလုံဈေးဝယ်အဆောက်အဦးရဲ့ သူဌေးကြီး ယုတို အိုးတလေ။ သူက ကံနဂါးအဖွဲ့အစည်း ဥက္ကဌကြီးလုရဲ့ အရည်အချင်းရှိတဲ့ လက်အောက်ခံတစ်ယောက်ပဲ "
" ဒါဆို သူက ဖုလုံဈေးဝယ်အဆောက်အဦးရဲ့ သူဌေးကြီးလား။ သူ့ကို ဘယ်သူကမှ မတားရဲတာ အံ့သြစရာတော့ မရှိပါဘူး။ ဒါပေမယ့် သူက ကံနဂါးအဖွဲ့အစည်းရဲ့ အဖွဲ့ဝင် မဟုတ်ဘူးလား။ သူက ဘာလို့ ကိုယ့်လူတွေကို တိုက်ခိုက်တာလဲ "
" မင်း မပြောနိုင်ဘူးလား။ ဒီလူငယ်လေးက နောက်ခံကောင်း ရှိတာဖြစ်မယ်။ အဲ့တာကြောင့် သူ့ကို ဖုလုံဈေးဝယ်အဆောက်အဦးရဲ့ သူဌေးကြီးက ကိုယ်တိုင်ကိုယ်ကျ လာတောင်းပန်ရတာ "
" ငါ အခု နည်းနည်းရှုပ်နေပြီ။ ဘယ်ဘက်က ပိုအားကောင်းတာလဲ "
" သူဌေးကြီးပေါ့။ ဒုဥက္ကဌနဲ့ မန်နေဂျာတွေကလည်း သူ့စကားကို နားထောင်ရတာလေ "
" ဒါဆို ဒီလူငယ်လေးရဲ့ နောက်ခံက မရိုးရှင်းဘူးဘဲ။ အာအိုးကိယုက သံပြားပူကို ကန်လိုက်မိပုံရတယ် "
ထိုကဲ့သို့ တီးတိုးပြောသံများကို ကြားသောအခါ အာအိုးကိယု၏ အမူအရာသည် ရုပ်ဆိုးသွားသည်။
မူလက ဤကိစ္စကို ဖြေရှင်းပြီးပြီဟု သူ ထင်ခဲ့သည်။
သူသည် ယဲ့ဖန်မှ သူ့အား အသနားခံ တောင်းပန်သည်ကို မြင်ချင်နေသည်။
အခြားလူတစ်ဦးသည် လမ်းတစ်ဝက်တွင် ပေါ်လာမည်ကို မမျှော်လင့်ထားသည့်အပြင် ထိုသည်မှာ ဖုလုံဈေးဝယ်အဆောက်အဦး၏ သူဌေးကြီး ဖြစ်သည်။
သူ ရုတ်တရက် မသေချာမရေရာသလို ခံစားလိုက်ရသည်။
" လူကြီးမင်းကို အရင် ကြိုးဖြည်ပေးပါရစေ "
ယုတို အိုးတ ပြုံးပြီး ယဲ့ဖန်ကို ကြိုးပြန်ဖြည်ပေးဖို့ လျှောက်လာသည်။
သို့သော် ယဲ့ဖန် သူ့လက်ကို ရှောင်လိုက်သည်။
" ခင်ဗျားက ကျွန်တော့်ကို ချည်တဲ့သူ မဟုတ်ဘူး။ ဘာလို့ ကြိုးဖြည်နေတာလဲ "
ယုတို အိုးတ ခဏမျှ အံ့အားသင့်သွားသော်လည်း သူ လျင်မြန်စွာ သဘောပေါက်သွားသည်။
သူသည် ချက်ချင်း ခေါင်းလှည့်ပြီး ဆာဂါဝါ ဟီရိုတကို စိုက်ကြည့်သည်။
" မင်း ဘာအတွက် ရပ်နေသေးတာလဲ။ မြန်မြန် ယဲ့လူကြီးမင်းကို ကြိုးလာဖြည် "
ဆာဂါဝါ ဟီရိုတသည် သူဌေးကို ပထမဆုံးမြင်လိုက်ရသည့်အခါ သူ့မှာ အပြစ်ရှိသည်ဟု ခံစားရသည်။
သို့သော် လူအများအရှေ့တွင် သူဌေးမှ သူ့အား ပြစ်တင်ရှုတ်ချသည်ကို ကြားသောအခါ ချက်ချင်းပင် ရှက်ရွံ့သွားသည်။
မည်သို့ပင်ဖြစ်စေ သူသည် ဤအဆောက်အဦးကြီး၏ ဒုဥက္ကဌဖြစ်သည်။
ထို့အပြင် ယုတို အိုးတသည် လွန်ခဲ့သည့် ၂နှစ်ခန့်ကမှ ဤစီးပွားရေးအဆောက်အဦးကို တာဝန်ယူခဲ့သည်။
အခြေခံအားဖြင့် သူကသာ နေ့စဥ်ရေးရာကိစ္စများကို တာဝန်ယူရသည်။
သူသည် ဒုဥက္ကဌဖြစ်နေသော်လည်း အမှန်တကယ်တွင် သူဌေးတစ်ယောက်နီးပါး ဖြစ်သည်။
သူ့စကား နည်းနည်းလောက်နဲ့ ဘာလို့ကြောက်သွားရမှာလဲ။
" ဥက္ကဌ အိုတာ၊ ဒီကိစ္စရဲ့ အဖြေကို ရှာပြီးပြီလား။ ဒီကလေးက ဒုက္ခပေးနေတာ။ ကျွန်တော်က သမာသမတ်ကျကျ ကိုင်တွယ်နေတာကို သူ့လိုလူကို ကာကွယ်ဖို့ ကြိုးစားနေတာလား "
ဆာဂါဝါ ဟီရိုတသည် ယုတိုကို မကြောက်မရွံ့ စိုက်ကြည့်နေသည်။
" ငါက ဘာကို ကာကွယ်ပေးရမှာလဲ။ သူက ဘယ်သူလဲဆိုတာ မင်းသိလား။ မင်း သေချင်နေတာလား "
ယုတို အိုးတသည် ထိုဒုဥက္ကဌဆိုသူကို သတ်ပစ်ချင်သည်အထိ ဒေါသဖြစ်နေပြီဖြစ်ရာ ကျိန်ဆဲလိုက်တော့သည်။
ဆာဂါဝါ ဟီရိုတသည် ထိုစကား ကြားသောအခါ ပို၍ပင် အကျည်းတန်သွားသည်။
" ယုတို အိုးတ၊ မင်းက အရူးပဲ။ ငါ မင်းကို မျက်နှာသာပေးနေတာ။ အဲ့တာကြောင့် ကျေးဇူးကန်းမနေနဲ့။ မင်းမှာ သတ္တိရှိရင် ငါ့ကို ထပ်ပြီး ကြိမ်းမောင်းလိုက်စမ်းပါ "
ယုတို အိုးတ ဒေါသအလွန်ထွက်ပြီး ရယ်လိုက်သည် ။
" မင်းဆိုလိုချင်တာက ငါ့ကို ကြိုးချည်ထားချင်တာလား "
ဆာဂါဝါ ဟီရိုတသည် သူ့ကို စိုက်ကြည့်နေသည်။
" ငါ မလုပ်ရဲဘူးလို့ မင်း ထင်နေတာလား။ ငါက ဘက်မလိုက်ဘဲ ကိုင်တွယ်ဖြေရှင်းနေတာကို မင်းက အာဏာကို အလွဲသုံးစားလုပ်ပြီး သူ့ကိုကာကွယ်နေမယ်ဆို အဖွဲ့အစည်း ဥက္ကဌကြီးစီ ရောက်သွားရင်တောင် ငါမှန်နေဦးမှာပဲ "
ယုတို အိုးတသည် ဒေါသ အလွန်ထွက်လာသောကြောင့် သူ့တစ်ကိုယ်လုံးပင် တုန်ယင်နေသည်။
" ဆာဂါဝါ ဟီရိုတ၊ မင်းက တကယ့်ကို အရူးကြီးပဲ။ ငါ မင်းကို ကယ်နေတာဆိုတာ မင်းသိလား။ သူ ဘယ်သူလဲဆိုတာ မင်းသိလား ... သူက ...... "
" ဒီစောက်ကောင်က ဘယ်သူလဲ။သူက ဘယ်သူမလို့လဲ။ ငါ ဒီနေ့ဒီမှာ ပြောလိုက်မယ်။ ဒီကလေး ဒီနေ့ ထိုက်တန်တဲ့တန်ကြေးပေးရမယ်။ ဘယ်သူလာလာ ဘာမှ အလုပ်မဖြစ်စေရဘူး "
ဆာဂါဝါ ဟီရိုတသည် ဤအထိ ရောက်လာပြီဖြစ်၍ နောက်ပြန်မလှည့်နိုင်တော့ပေ။
အငြိမ်းစားယူထားသော ယုတို အိုးတသည် သူ့အတွက် လုံးဝ ကြောက်စရာ မဟုတ်ပေ။
သို့သော် သူ ပြောပြီးသည်နှင့် သူအနောက်မှ ရက်စက်ကြမ်းကြုတ်သော အသံတစ်ခုကို ကြားလိုက်ရသည်။
" ဒါဆို ငါ ဒီကိုရောက်လာရင်ရော အလုပ်ဖြစ်မလား "
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၃၃၄ )
ဒီလူငယ်လေးက မမောက်မာလွန်းဘူးလား
" မင်းကိုယ်မင်း ဘယ်သူလို့ ထင် ...... ထင် ...... "
ဆာဂါဝါ ဟီရိုတ ဒေါသတကြီး လှည့်ပြီး ကျိန်ဆဲလိုက်သည်။
သို့သော် အသံထွက်လာသူမှာ မည်သူဖြစ်သည်ကို မြင်သောအခါ တုန်လှုပ်သွားသည်။
" ဥ ...... ဥက္ကဌကြီး ...... "
ရောက်လာသူမှာ ကံနဂါးအဖွဲ့အစည်း၏ ဥက္ကဌကြီးဖြစ်သူ လုသောင်းချွမ် ဖြစ်သည်။
သူ ရောက်လာသည်နှင့် ချက်ချင်းပင် စီးပွားရေးအဆောက်အဦးတစ်ခုလုံးကို ထိတ်လန့်သွားစေခဲ့သည်။
လုသောင်းချွမ် ရောက်လာသည့် သတင်းကိုကြားပြီး ဈေးဝယ်ထွက်လာကြသည့် လူအတော်အများ ပြေးလာကြသည်။
သူတို့သည် မြေအောက်လူ့အဖွဲ့အစည်းကြီးတစ်ခုမှ ဂန္တဝင်ဖခင်ကြီးကို တွေ့ဖူးချင်ကြသည်။
" ဘယ်မှာလဲ၊ ဥက္ကဌလု ဘယ်မှာလဲ "
" အဲ့တာက ဥက္ကဌလုလား။ ဥက္ကဌလုကို လူကိုယ်တိုင်တွေ့ခွင့်ရတာ တကယ် ကံကောင်းတာပဲ "
" ဒါက ကံနဂါးအဖွဲ့အစည်းရဲ့ ဥက္ကဌလား။ သူ ကိုယ်တိုင် ရောက်လာမယ်လို့ မမျှော်လင့်ထားဘူး "
" ဒီလူငယ်လေးရဲ့ ဂုဏ်ပုဒ်က အရမ်းကြီးနေတာ မဟုတ်ဘူးလား။ ဥက္ကဌလုကတောင် ကိုယ်တိုင် လာရတာလား "
" ဒါက သေချာပေါက် သွားပြီပဲ။ အာအိုးကိယု ဒုက္ခရောက်လိမ့်မယ် ....... "
ဆာဂါဝါ ဟီရိုတ အလွန်ကြောက်သွားပြီး သူ့မျက်နှာမှာ အရောင်ဖျော့လာတော့သည်။
သူသည် လုသောင်းချွမ်စီသို့ ရိုသေစွာ အမြန်လျှောက်သွားခဲ့သည်။
" ဥက္ကဌကြီး၊ လာမယ်ဆိုတာ ဘာလို့ ကြိုအကြောင်းမကြားတာလဲ။ ဒါဆို ကိုယ်တိုင်ထွက်လာပြီး ကြိုဆိုမှာပါ "
လုသောင်းချွမ်သည် သူ့မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခုရှိနေသည်။
" ငါ မင်းကို ကြိုပြီး အကြောင်းကြားထားရင် ဒုဥက္ကဌ ဆာဂါဝါရဲ့ ဟန်ဆောင်မျက်နှာဖုံးကို ငါ မြင်နိုင်မှာ မဟုတ်ဘူး "
ဆာဂါဝါ ဟီရိုတသည် လုသောင်းချွမ်၏ စကားမှ လူသတ်ရိပ်ကို ကြားထားပြီးဖြစ်သည်။
သူ အလွန်ကြောက်သွားကာ သူ့မျက်နှာမှာ ဖျော့တော့လာပြီး ချွေးအေးများ ရွှဲနစ်လာသည်။
လုသောင်းချွမ် သူ့ကို အေးစက်စွာ စိုက်ကြည့်နေသည်။
ထို့နောက် သူသည် ယဲ့ဖန်စီသို့ အမြန်လျှောက်သွားသည်။
" ယဲ့ညီလေး၊ ငါ တကယ် တောင်းပန်ပါတယ်။ ငါ နောက်ကျသွားလို့ မင်းကို ဒုက္ခဖြစ်စေမိပြီ "
သူ့စကားကြောင့် ဈေးဝယ်စင်တာကြီးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားပြန်သည်။
" အမလေး ဘုရားရေ၊ ဥက္ကဌလုဘက်က အရင်စပြီး ဒီလူငယ်လေးကို တောင်းပန်နေတာလား။ ငါ အမြင်မှားနေတာလား "
" ဒီလူငယ်လေးက ဘယ်သူမလို့လဲ။ သူက ဒီလောက်တောင် ဂုဏ်ကြီးတာလား "
" ကံနဂါးအဖွဲ့အစည်းက အခု ဂျပန်မှာ ဒုတိယအကြီးဆုံး ဂိုဏ်းကြီးလို့ သတ်မှတ်နိုင်နေပြီ မဟုတ်လား။ အဲ့လိုဂိုဏ်းကြီးက ဥက္ကဌက ဒီလူငယ်လေးကို တကယ်လေးစားနေတာလား။ ဒီလူငယ်က ဘယ်သူမလို့လဲ "
" ဥက္ကဌလု တောင်းပန်တဲ့သူ တစ်နိုင်ငံလုံးမှာ ပတ်ရှာရင်တောင် မရှိလောက်ဘူးမဟုတ်လား "
အားလုံးသည် ယဲ့ဖန်ကို ထိတ်လန့်စွာ ကြည့်နေကြသည်။
သူ့အမည်နှင့် သရုပ်မှန်ကို သူတို့ ခန့်မှန်းနေသည်။
ဆာဂါဝါ ဟီရိုတနှင့် မန်နေဂျာ ဖူဂျီနိုတို့လည်း ထိတ်လန့်သွားကြသည်။
ယဲ့ဖန်သည် ယခင်က သူတို့ကို အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း သူတို့ လျစ်လျူရှုခဲ့သည်။
ဒီလူငယ်လေးက သူတို့ရဲ့ ဥက္ကဌကို တကယ်ကြီး သိလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။
ထို့အပြင် သူတို့ဥက္ကဌ၏ သဘောထားအရ ဤလူငယ်ကို အနည်းငယ်ပင် ကြောက်နေပုံရသည်။
ထိုသည်က သူတို့ကို ပိုလို့ပင် အံ့သြသွားစေသည်။
ဒီနတ်ဘုရားလေးက ဘယ်ကလာတာလဲ။
လုသောင်းချွမ် ပေါ်လာသည့် အချိန်ကတည်းက အာအိုးကိယုသည် သေမတတ် ထိတ်လန့်နေပြီဖြစ်သည်။
ယဲ့ဖန်သည် အလွယ်တကူ ချေမှုန်းနိုင်သည့် အရေးမပါသော ဇာတ်ကောင်တစ်ခုသာဟု သူ ထင်ခဲ့သည်။
ဒါပေမဲ့ ဒီလူငယ်လေးကို ကံနဂါးအဖွဲ့အစည်းရဲ့ ဥက္ကဌကတောင် လေးစားပေးမယ်လို့ ဘယ်သူက ထင်မှာလဲ။
သူ ဤနေရာတွင် ဆက်ရှိနေပါက အန္တရာယ်ကြီး ကျရောက်တော့မည်ကို သူ သိသည့်အတွက် ခိုးထွက်ချင်သည်။
သို့သော် လုသောင်းချွမ် အနောက်မှ လိုက်လာသော စူချီယွမ်သည် သူ့ကို တားလိုက်သည်။
" ဒီကိစ္စက မပြီးသေးဘူး။ မင်း ဘယ်သွားမလို့လဲ "
အာအိုးကိယု ရှက်ရွံ့စွာ ပြုံးလိုက်သည်။
သူ့နောက်ကျော၌ ချွေးများ စိုရွှဲနေကာ သူ၏ မူလနေရာဆီသို့ ပြန်သွားရသည်။
ယဲ့ဖန်သည် လုသောင်းချွမ်ကို ကူကယ်ရာမဲ့စွာ ကြည့်နေသည်။
" ဒါဟာ အစကတော့ အသေးအမွှားကိစ္စပါပဲ။ ဒီလိုမျိုး ဖြစ်လာမယ်ဆိုတာ ဘယ်သူသိလဲ။ အစ်ကိုလုတောင်မှ အသိပေးလိုက်ရပြီ "
" ယဲ့ညီလေး၊ မင်းကို ကြိုး အရင်ဖြည်ဖို့ ကူညီပေးပါရစေ "
လုသောင်းချွမ်သည် သူ့ကို ကြိုးဖြည်ရန် ကူညီပေးသည်။
ကံနဂါးအဖွဲ့အစည်းမှ ဥက္ကဌကြီးမှ စ၍ တောင်းပန်ပြီးဖြစ်၍ ယဲ့ဖန် သဘာဝကျစွာ ဟိတ်ဟန်ထားမနေတော့ဘဲ ကြိုးကို ဖြည်ခိုင်းလိုက်သည်။
လုံခြုံရေးအစောင့်များက သူ့ကို တင်းကြပ်စွာ ချည်နှောင်ထားသည်။
လုသောင်းချွမ်သည် ကြိုးကို ဖြည်ရန် အတော်ပင် အားထုတ်လိုက်ရ၍ သူ့စိတ်ထဲ၌ ဒေါသစိတ်များ ပိုတိုးလာခဲ့သည်။
" စိတ်မပူပါနဲ့ ယဲ့ညီလေး၊ ဒီနေ့ မင်းကို ကျေနပ်စေလောက်တဲ့ ရှင်းပြချက်တစ်ခု ပေးမှာပါ "
လုသောင်းချွမ် ယဲ့ဖန်ကို နှစ်သိမ့်ပေးလိုက်သည်။
ထို့နောက် သူ၏အကြည့်သည် အလွန်အေးစက်သွားကာ မန်နေဂျာ ဖူဂျီနိုကို စိုက်ကြည့်နေသည်။
" မင်းက ငါ့ကို ခုနက ဖုန်းနဲ့ ကြိမ်းမောင်းခဲ့တဲ့သူ မဟုတ်လား "
မန်နေဂျာ ဖူဂျီနို တုန်လှုပ်သွားပြီး ဒူးများအားလျော့ကာ ပျော့သွားသည်။
သူ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
" ကျေးဇူးပြုပြီး ကျွန်တော့်ကို သနားပါ ဥက္ကဌကြီး။ ကျွန်တော် တကယ် မသိခဲ့လို့ပါ။ မဟုတ်ရင် ကျွန်တော့်မှာ အသက်အချောင်းတစ်ရာရှိရင်တောင် ဥက္ကဌကြီးကို ဒီလိုကြိမ်းမောင်းရဲမှာ မဟုတ်ပါဘူး "
လုသောင်းချွမ် နှာမှုတ်လိုက်သည်။
" မင်းက ငါ့အဖေဖြစ်ချင်တယ်လို့ ပြောခဲ့တာ ငါ မှတ်မိပါသေးတယ် "
မန်နေဂျာ ဖူဂျီနို အံ့အားသင့်နေပြီဖြစ်သည်။
ယဲ့ဖန်မှ ဖုန်းခေါ်လိုက်သူသည် သာမညလူငယ်လေးတစ်ယောက်ဟုသာ သူထင်ခဲ့သည်။
ဥက္ကဌကြီးကိုယ်တိုင် ဖြစ်နေမည်ဟု မည်သူမျှ ထင်မထားလောက်ပေ။
" ချီယွမ်၊ ဂိုဏ်းရဲ့ စည်းမျဉ်းတွေအရ အထက်လူကြီးတွေကို စော်ကားပြီး မကောင်းပြောလို့ ခံရတဲ့ ပြစ်ဒဏ်က ဘာလဲ "
လုသောင်းချွမ်သည် ထိုလူကို နောက်တစ်ကြိမ် မကြည့်ဘဲ စူချီယွမ်ကိုသာ မေးလိုက်သည်။
စူချီယွမ် ချက်ချင်း လေးစားစွာ ပြန်ပြောသည်။
" ဂိုဏ်းစည်းကမ်းအရ အထက်လူကြီးကို မရိုမသေပြုရင် မင်းကို ၃ချက်ခုတ်ပြီး အပေါက် ၆ပေါက် ဖြစ်အောင် အပြစ်ပေးခံရမှာပါ "
မန်နေဂျာ၏ မျက်နှာသည် ချက်ချင်းပင် နီရဲသွားသည်။
သူ စကားပင် သေချာမပြောနိုင်တော့ဘဲ တောင်းပန်နေရတော့သည်။
" ဥက္ကဌကြီး၊ ကျွန်တော့်ကို သနားပါ။ ဥက္ကဌကြီး၊ ကျွန်တော့်ကို ချမ်းသာပေးပါ ..... "
လုသောင်းချွမ် သူ့ကို စိုက်ကြည့်နေသည်။
" သူ့ရဲ့ပုံစံက သူရဲဘောကြောင်တော့ သူက ၃ချက်ခုတ်တာနဲ့ အပေါက်၆ပေါက်ကို ခံနိုင်ရည် မရှိလောက်ဘူး။ အဲ့တော့ သူ့ကို ၃ချက်ပဲ ထိုးလိုက်ရအောင် "
စူချီယွမ် စကားတစ်ခွန်းမှ မပြောပေ။
သူ့ခါးမှ ဓားမြှောင်တစ်ချောင်းကို ဆွဲထုတ်ပြီး မန်နေဂျာ၏ ဗိုက်ထဲသို့ ထိုးသွင်းလိုက်သည်။
" အား ....... "
မန်နေဂျာ ဖူဂျီနိုသည် နာကျင်နေသည့် အမူအရာကို ချက်ချင်း ပြလိုက်သည်။
ပြပွဲအား ကြည့်ရှုနေသူများမှာ အလွန်ကြောက်လန့်ပြီး မျက်နှာများ ဖြူဖျော့သွားကြသည်။
ဤသို့ သွေးထွက်သံယို မြင်ကွင်းကို သူတို့ ကိုယ်တိုင် မျက်စိနှင့် မြင်ရရန် မမျှော်လင့်ထားပေ။
သို့သော် ထိုသို့ပုံစံကို စွဲလမ်းပြီး စူချီယွမ်ကဲ့သို့ မိုက်လိုသော လူငယ်အချို့လည်း ရှိသေးသည်။
စူချီယွမ်သည် သူ့ဓားကို ဆွဲထုတ်ပြီး မန်နေဂျာ ဖူဂျီနိုကို မြေပြင်ပေါ်သို့ ကန်ထုတ်လိုက်သည်။
ထို့နောက် သူ့လက်အောက်ငယ်သားနှစ်ယောက်ကို လက်ပြလေသည်။
" သူ့ကို ဆွဲခေါ်သွားလိုက် "
လူနှစ်ယောက် ချက်ချင်း ထွက်လာပြီး မန်နေဂျာဖူဂျီနိုကို ခွေးသေတစ်ကောင်လို အဝေးသို့ ဆွဲထုတ်သွားရာ မြေပြင်ပေါ်တွင် ရှည်လျားသော သွေးလမ်းကြောင်းများ ကျန်ခဲ့သည်။
ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်လေသည်။
မန်နေဂျာ ဖူဂျီနိုနှင့် ဖြေရှင်းပြီးနောက် လုသောင်းချွမ်သည် ဆာဂါဝါ ဟီရိုတကို အာရုံစိုက်ခဲ့သည်။
ဆာဂါဝါ ဟီရိုတသည် သူ့အကြည့်ကို တွေ့ပြီးနောက် ကြောက်ရွံ့တုန်လှုပ်သွားသည်။
" ဥက္ကဌ၊ ကျွန်တော် ဥက္ကဌအနောက်ကို နှစ်တွေအများကြီိး လိုက်ခဲ့ပြီး ဂိုဏ်းအတွက် အများကြီး ပံ့ပိုးပေးခဲ့တာပါ။ ကျေးဇူးပြုပြီး ဒီတစ်ခါ ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ် "
လုသောင်းချွမ်သည် သူ့စကားကို ကြားပြီး ချက်ချင်း နှာမှုတ်လိုက်သည်။
" မင်းက တကယ်ပဲ အဖွဲ့အစည်းအတွက် ရန်ပုံငွေတွေ ရှာပေးခဲ့ပေမယ့် ဂိုဏ်းက မင်းကို ဘယ်တော့မှ မနှိပ်စက်ခဲ့ဘူး။ ဂိုဏ်းဘက်ကရော မင်းကို ဒီနေ့ဒီအချိန်ထိ ရထားတဲ့ စည်းစိမ်ဥစ္စာတွေ မပေးထားဘူးလား။ မင်းက မထိသင့်တဲ့ လူတစ်ယောက်ကို စော်ကားမိတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်လို့ ရမယ် "
ထိုစကားကို ပြောပြီးနောက် စူချီယွမ်ကိုပြန်ကြည့်လိုက်သည်။
" ဒီကောင်ကို ခြေထောက်ခုတ်ပြီး လမ်းပေါ်ပစ်ချထားလိုက်။ သူ့ကို ခေါ်သွားဖို့ သတ္တိရှိတဲ့သူ ငါတို့ ကံနဂါးအဖွဲ့အစည်းနဲ့ ရှင်းရလိမ့်မယ် "
ထို 'ရှင်းရလိမ့်မယ်'ဟူသော စကားတွင် လူသတ်မည့် ရည်ရွယ်ချက်ကို မည်သူမဆို ကြားနိုင်သည်။
" ဥက္ကဌ၊ ကျွန်တော်က ဂိုဏ်းအတွက် အများကြီး ပံ့ပိုးပေးခဲ့တဲ့သူပါ။ ဒီလိုမျိုး ဆက်ဆံလို့မရဘူး "
ဆာဂါဝါ ဟီရိုတ၏ အသံသည် အနည်းငယ် ကျယ်လောင်နေပြီ ဖြစ်သည်။
သို့သော် လုသောင်းချွမ်သည် သူ့ကို နောက်တစ်ကြိမ် မကြည့်တော့ပေ။
သူသည် ယင်ကောင်ကို ဖယ်သကဲ့သို့ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
" သူ့ကို ဖယ်ထုတ်ပြီး ရှင်းလိုက်။ ငါတို့ ဖုလုံဈေးဝယ်အဆောက်အဦးရဲ့ ဖောက်သည်တွေကို မလန့်စေနဲ့ "
" မြန်မြန်လုပ် "
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၃၃၅ )
ဂျပန်မှာ တရုတ်ဘယ်နှစ်ယောက်ရှိလို့လဲ
စူချီယွမ်သည် သူ့လူများကို ဆာဂါဝါ ဟီရိုတအား အဝေးကို ဆွဲထုတ်သွားရန် ချက်ချင်း အမိန့်ပေးလိုက်သည်။
" ဥက္ကဌကြီး ဒီတစ်ခါတော့ ခွင့်လွတ်ပေးပါ ..... "
ဆာဂါဝါ ဟီရိုတသည် ဆွဲထုတ်ခံရစဉ် သူ့ခြေထောက်မှာ စိုလာသည်။
သူ အလွန်ကြောက်သွားပြီး သူ့ဘောင်းဘီထဲ ကျင်ငယ်စွန့်မိသည်။
အဝါရောင်အရည်များ မြေပြင်တစ်ခုလုံး ရွှဲနစ်သွားတော့သည်။
ထိုအချိန်တွင် ယဲ့ဖန် ယခင်က သူ့အား ပြောခဲ့သည့်စကားကို ရုတ်တရက် သတိရသွားသည်။
" တချို့လူတွေက ရွေးချယ်မှုမှားပြီး သူတို့ဘဝတစ်လျှောက်လုံးအတွက် ကြိုးကြိုးစားစားလုပ်ခဲ့သမျှကို မြောင်းထဲရောက်အောင် လုပ်မိသွားတတ်တယ် "
ထိုအချိန်က သူသည် အတိတ်၌မဟုတ်၊ ယခုလည်းမဟုတ်၊ အနာဂတ်၌လည်း နောင်တရမည် မဟုတ်ဟုပင် ဆိုခဲ့သည်။
သို့သော် အခုအခါ သူ တကယ် နောင်တရနေပြီ ဖြစ်သည်။
သူဘာလို့ အာအိုးကိယုဘက်မှာ ရပ်တည်ခဲ့မိတာလဲ။
ယဲ့ဖန် သူ့ကို အခွင့်အရေးပေးတုန်းက ဘာလို့ မယူခဲ့တာလဲ။
သူ အလွန်နောင်တရနေသည်။
သို့သော် ဤအကြောင်းပြောရန်မှာ နောက်ကျသွားပြီ ဖြစ်သည်။
သူ့ကို စောင့်ကြိုနေသည့်အရာမှာ ငရဲထက်ဆိုးသည့်ဘဝ ဖြစ်လေတော့သည်။
ဆာဂါဝါ ဟီရိုတ ဆွဲထုတ်ခံရသည်ကို မြင်ပြီး လူတိုင်း ဆောင်းရာသီမှာ ဆောင်းခိုကြသည့် ပုစဉ်းရင်ကွဲများလို ငြိမ်သက်သွားကြသည်။
ဥက္ကဌလု ရောက်လာပြီး စကားအနည်းငယ်ပြောရုံဖြင့် လူနှစ်ယောက်ကို ရှင်းထုတ်သွားစေခဲ့သည်။
သူ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းဆောင်မှုမှာ ထင်ရှားလှသည်။
သူ့လူနှစ်ယောက်နှင့် ဆက်ဆံပြီးနောက် လုသောင်းချွမ်သည် အာအိုးကိယုကို လှည့်ကြည့်လိုက်သည်။
" ဒီကိစ္စတွေက မင်းကြောင့်မလား "
သူ့အရှေ့မှ လူနှစ်ယောက်ကို လုသောင်းချွမ် ရှင်းလိုက်ပုံကို အာအိုးကိယု မျက်မြင်တွေ့ခဲ့သည်။
ယခု သူ့ကို ထိုသို့ အမေးခံရသည့်အခါ သူ့မျက်နှာမှာ ဖြူဖျော့သွားသည်။
" ဥက္ကဌလု၊ ကျွန်တော့်နာမည် အာအိုးကိယု ဒပါ။ ကျွန်တော်က မကြာသေးခင်ကမှ ရင်းနှီးမြှုပ်နှံမှုလောကမှာ နာမည်ရလာတဲ့ ဉာဏ်ကြီးရှင်တစ်ယောက်ပါ။ မနှစ်က အောက်ခြေကနေစပြီး ယန်း ဘီလီယံ၂၀ကျော် ရှာနိုင်ခဲ့ပါတယ်။ ယခုအချိန် ကျွန်တော့်ကို လွှတ်ထားပေးရင် ကံနဂါးအဖွဲ့အစည်းကို အနာဂတ်မှာ ငွေတွေအများကြီးရအောင် ကူညီပေးနိုင်မှာပါ "
ငွေရှာပေးမည်ကို မည်သူမျှ ခံနိုင်ရည်မရှိဟု သူ ယုံကြည်သည်။
ထို့အပြင် သူ အကောင်းဆုံးလုပ်နိုင်သည်က ငွေရှာခြင်း ဖြစ်သည်။
လုသောင်းချွမ်သည် ရူးမိုက်နေသည် မဟုတ်ပါက သူ့ကို ငြင်းပယ်မည် မဟုတ်ဟု သူယုံကြည်လေသည်။
" ရင်းနှီးမြုပ်နှံမှုလောကက ဉာဏ်ကြီးရှင်တစ်ယောက်တဲ့လား။ အရိုအသေ မပေးမိတဲ့အတွက် တောင်းပန်ပါတယ်။ ငါက ငွေကို အရမ်းကြိုက်တာ "
လုသောင်းချွမ်သည် အာအိုးကိယုကို စိုက်ကြည့်ကာ ပထမဆုံးအကြိမ် ပြုံးလိုက်သည်။
အာအိုးကိယုသည် အခွင့်အရေးရှိသည်ကို ကြားလိုက်ရပြီး ချက်ချင်း ပျော်သွားသည်။
" လုလူကြီးမင်း၊ စိတ်မပူပါနဲ့။ လူကြီးမင်းရဲ့အရင်းအနှီးနဲ့ ကျွန်တော်ရဲ့ ရင်းနှီးမြုပ်နှံမှုအမြင်သာ ပေါင်းစပ်ရင် ကျွန်တော်တို့ ပိုက်ဆံအများကြီးရအောင် ကူညီပေးနိုင်တယ်လို့ အာမခံတယ်။ ကျွန်တော်တို့အတူတူ အလုပ်လုပ်နိုင်တယ် ...... "
သူ့စကား မပြီးခင် လုသောင်းချွမ်က သူ့ကို နှောင့်ယှက်လိုက်သည်။
" ငါက ပိုက်ဆံကို ကြိုက်တယ်။ ဒါပေမယ့် ယဲ့လူကြီးမင်းနဲ့ ခင်မင်မှုလိုမျိုး ပိုက်ဆံထက် ပိုအရေးကြီးတဲ့အရာတွေ အများကြီးရှိတယ်။ မင်း ယဲ့လူကြီးမင်းကို စော်ကားတာက ငါ့ကို စော်ကားတာပဲ။ ဒါကို ပိုက်ဆံနဲ့ ရှင်းလို့ရမယ် ထင်လား "
အာအိုးကိယု၏ အမူအရာ သိသာစွာ ပြောင်းလဲသွားသည်။
သူသည် ဤသို့ ပိုက်ဆံရှာသည့်အကွက်ကို လူအများနှင့် ဆက်ဆံရာတွင် အသုံးပြုခဲ့သော်လည်း ယခုအကြိမ်သည် ပထမဆုံးအကြိမ်အဖြစ် မအောင်မြင်ခြင်း ဖြစ်သည်။
လုသောင်းချွမ်သည် သူနှင့်စကားပြောကာ အချိန်မဖြုန်းချင်တော့ပေ။
သူ့လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်သည်။
" သူ့ခြေထောက်တစ်ဖက်ကို ချိုးပြီး ဆွဲထုတ်လိုက် "
အာအိုးကိယု ထိတ်လန့်သွားပြီး အမြန် အော်လိုက်သည်။
" ငါ ရာမာဂူချီ-ဂူမီဂိုဏ်းရဲ့ ဒုဥက္ကဌ နီကာနဲ ရီဟီဆာကို သိတယ်။ ငါ့ရဲ့ ရင်းနှီးမြုပ်နှံမှုကုမ္ပဏီကို သူနဲ့ ပူးပေါင်းတည်ထောင်ထားတာ။ လုဥက္ကဌက ငါ့ကို လူကြီးမင်း နီကာနဲ မျက်နှာထောက်ပြီးရင် လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ် "
လုသောင်းချွမ်သည် ထိုစကားကို ကြားသောအခါ ချက်ချင်းပင် နှာမှုတ်လိုက်သည်။
" ငါ့ကို ကျော်ဖို့ ရာမာဂူချီ-ဂူမီဂိုဏ်းကို သုံးနေတာလာ "
အာအိုးကိယု အထိတ်တလန့်ဖြင့် ခေါင်းယမ်းလိုက်သည်။
" မဟုတ်ပါဘူး၊ လူကြီးမင်း နီကာနဲကြောင့် ဒီတစ်ကြိမ်ကို လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်တာပါ။ ဒီလိုအသေးအမွှားကိစ္စအတွက် ရာမာဂူချီ-ဂူမီဂိုဏ်းနဲ့ ပြဿနာမဖြစ်ချင်ဘူး ဟုတ်တယ်မဟုတ်လား "
လုသောင်းချွမ် နှာမှုတ်လိုက်သည်။
" ငါ နီကာနဲ ရီဟီဆာ မျက်နှာကြောင့် လွှတ်ပေးချင်ပေမယ့် သူက လက်ခံရဲပါ့မလား မသိဘူး။ သူ့ကို အခုပဲ ဖုန်းဆက်ပြီး လူကိုယ်တိုင် ပြောလိုက်မယ် "
အာအိုးကိယု နှောင့်နှေးမနေဘဲ နီကာနဲ ရီဟီဆာကို ဖုန်းခေါ်လိုက်သည်။
ဖုန်းခေါ်ဆိုမှုမှာ လျင်မြန်စွာ ချိတ်ဆက်သွားပြီး အသံတစ်ခု ထွက်ပေါ်လာသည်။
" လူကြီးမင်း အာအိုးကိ ရုတ်တရက် ငါ့ကို ဖုန်းဆက်နေတာပါလား။ ဘာကိစ္စရှိလို့လဲ။ အဲ့ဒီ ရင်းနှီးမြှုပ်နှံမှုတွေ တစ်ခုခု မှားသွားလို့လား "
အာအိုးကိယုမှ အမြန်ပြောလိုက်သည်။
" အဲ့ဒီရင်းနှီးမြုပ်နှံမှုတွေမှာ ပြဿနာမရှိပါဘူး။ လူကြီးမင်းရဲ့ အကူအညီနဲ့ လိုအပ်တာ တစ်ခုရှိလို့ပါ ...... "
ထို့နောက် သူသည် ဖြစ်ပျက်ခဲ့သမျှကို အတိုချုံးရှင်းပြခဲ့ပြီး အဓိကအချက်မှာ ကံနဂါးအဖွဲ့အစည်းမှ လူများက သူ့ခြေထောက်များကို ချိုးချင်နေခြင်းကို အဓိကပြောသည်။
သူသည် ယဲ့ဖန်အကြောင်းကို မပြောခဲ့ပေ။
နီကာနဲ ရီဟီဆာသည် သူ့စကားများကို နားထောင်ပြီးနောက် အချိန်အတော်ကြာ တိတ်ဆိတ်သွားသည်။
" ဥက္ကဌလုကို ဖုန်းပေးလိုက် "
နောက်ဆုံး၌ သူက ပြောသည်။
"ငါ သူနဲ့ စကားပြောမယ် "
အာအိုးကိယု စိတ်သက်သာရာရသွားသည်။
ရာမာဂူချီ-ဂူမီဂိုဏ်း၏ ဒုဥက္ကဌ နီကာနဲ ရီဟီဆာe၏ အသနားခံပေးမှုဖြင့် ဤဘေးဆိုးမှ လွတ်မြောက်နိုင်မည် ဖြစ်သည်။
သူသည် လုသောင်းချွမ်အား ဖုန်းကို အမြန်လွှဲလိုက်သည်။
လုသောင်းချွမ် ဖုန်းကို ယူလိုက်ပြီး ချက်ချင်းပြောသည်။
" မင်္ဂလာပါ၊ ဒါက လူကြီးမင်း နီကာနဲ ဟုတ်တယ်မလား။ ငါ နားထောင်နေတယ် "
" ဥက္ကဌလု "
နီကာနဲ ရီဟီဆာသည် ချက်ချင်းပင် ဖော်ရွေသည့်လေသံနှင့် ပြောသည်။
" ဖြစ်ခဲ့တာတွေကို နားလည်ပြီ။ အားလုံးက နားလည်မှုလွဲတာပါ။ ဒီနေ့ ကျွန်တော့် မျက်နှာထောက်ပြီး သူ့ကိုလွှတ်ပေးလိုက်ပါ။ သူက နောင်တစ်ချိန်ကျ ဥက္ကဌလုကို သေချာပေါက် ကျေးဇူးဆပ်ပါလိမ့်မယ် "
လုသောင်းချွမ်သည် ထိုစကားကို ကြားပြီးနောက် ချက်ချင်းဆိုသလို နှာမှုတ်လိုက်သည်။
" တောင်းပန်ပါတယ်၊ ဒီနေ့ မင်းကို မျက်နှာမပေးနိုင်တော့မှာ စိုးရိမ်ရတယ် "
နီကာနဲ ရီဟီဆာသည် သူ့ကို ဤမျှထိ မရိုမသေဆက်ဆံခံရမည်ဟု မမျှော်လင့်ထားပေ။
သူ အနည်းငယ် စိတ်မချမ်းမသာ ဖြစ်သွားသည်။
" ဥက္ကဌလု၊ ဒီလူက အခု ငါ့ရဲ့ လုပ်ငန်းတွဲဖက်ပဲ။ သူမရှိရင် ငါ့လုပ်ငန်း ပျက်လိမ့်မယ်။ မင်း ငါ့ကို မျက်နှာပေးပြီး ပြဿနာမဖြစ်စေဘူးလို့ မျှော်လင့်တယ် "
လုသောင်းချွမ် ချက်ချင်း နှာမှုတ်လိုက်သည်။
" ငါ့ဘက်ကတော့ အဆင်ပြေတယ်။ ဒါပေမယ့် မင်းဒီနေ့ ပြဿနာရှာမယ့်လူကို စော်ကားနိုင်ပါ့မလား မေးချင်တယ် "
နီကာနဲ ရီဟီဆာ ရယ်လိုက်သည်။
" ကျွန်တော် နီကာနဲ ရီဟီဆာက ဂျပန်မှာ အရာအားလုံးကို ထိန်းချုပ်နိုင်မယ်လို့ မပြောရဲပေမယ့် ကျွန်တော် ကြောက်ရတဲ့လူတော့ မရှိဘူး။ ပြောလိုက်ပါ၊ ဘယ်သူက ဒီလောက်ထိ အစွမ်းထက်တယ်ဆိုတာ သိချင်ပါသေးတယ် "
လုသောင်းချွမ်သည် သူ့ဘေးမှ ယဲ့ဖန်ကို စိုက်ကြည့်နေသည်။
သူ့မျက်နှာတွင် ထူးဆန်းသော အပြုံးတစ်ခုရှိသည်။
" သူ စော်ကားလိုက်တဲ့သူက ..... ယဲ့လူကြီးမင်း "
နီကာနဲ ရီဟီဆာ သိသာစွာ အံ့အားသင့်သွားသည်။
" ယဲ့လူကြီးမင်း၊ ဘယ်က ယဲ့လူကြီးမင်းလဲ "
လုသောင်းချွမ် ရွဲ့စောင်းပြီး ပြောလိုက်သည်။
" ဂျပန်မှာ တရုတ်လူမျိုး များများစားစား မရှိပါဘူး။ ယဲ့လူကြီးမင်း၊ ဘယ်နှစ်ယောက်လောက် ရှိနိုင်မှာလဲ။ သေချာတာကတော့ မင်း စဉ်းစားနေတဲ့ ယဲ့လူကြီးမင်းပဲ ....... "
သူ့စကားမဆုံးခင် တစ်ဖက်က အသံတစ်သံကို ကြားလိုက်ရသည်။
ဖုန်းက မြေပြင်ပေါ် ပြုတ်ကျသွားသည်မှာ သိသာလေသည်။
ခဏအကြာ နီကာနဲ ရီဟီဆာဖက်က အသံက ထပ်ထွက်လာသော်လည်း ဤတစ်ခါ အသံမှာ တုန်ရီနေသည်။
" ဥက္ကဌလု၊ ခွေးသား အာအိုးကိယုက ယဲ့လူကြီးမင်းကို စော်ကားလိုက်တယ်လို့ ပြောနေတာလား "
" ငါ ပြောပြီးသားပါ။ မင်းသူ့ကို လွှတ်ထားချင်တာ သေချာလား "
လုသောင်းချွမ်သည် စိတ်မရှည်တော့ပေ။
" မလိုပါဘူး၊ သူ့ကို ကြိုက်သလို ရှင်းလိုက်လို့ရတယ်။ ယဲ့လူကြီးမင်းရဲ့ ဒေါသကို ငြိမ်းအောင် လုပ်နိုင်သရွေ့ သူ့ကို သတ်ပစ်ရင်တောင် ကန့်ကွက်စရာ မရှိဘူး။ သူနဲ့ မရင်းနှီးဘူး "
နီကာနဲ ရီဟီဆာသည် သူနှင့် အာအိုးကိယုကြား ပြတ်သားသောမျဉ်းကို ချက်ချင်း ဆွဲလိုက်သည်။
" အဲ့တာဆို ကောင်းတယ် "
လုသောင်းချွမ် ရယ်ပြီး ဖုန်းကို အာအိုးကိယုကို ပြန်ပေးသည်။
" ဥက္ကဌလု၊ အခုထွက်လို့ရပြီလား "
အာအိုးကိယုသည် သူတို့ နှစ်ယောက် သဘောတူညီမှု ရပြီးပြီဟု ထင်ပြီး ထွက်သွားရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။
" အရင်ဆုံး လူကြီးမင်း နီကာနဲ ပြောတာကို နားထောင်လိုက်ပါဦး "
လုသောင်းချွမ်က ရယ်လိုက်သည်။
အာအိုးကိယု အံ့သြသွားသည်။
ရွေးစရာမရှိဘဲ ဖုန်းကို နားနားကပ်လိုက်သည်။
" လူကြီးမင်း ဒီကိစ္စကို ဖြေရှင်းပြီးပြီလားဂ"
သူ စကားပြောပြီးသည်နှင့် နီကာနဲ ရီဟီဆာက အော်ဟစ်ဆဲဆိုတော့သည်။
" အာအိုးကိယု၊ စောက်ခွေးမသား။ မင်းငါ့ကို တကယ်လှည့်စားခဲ့တာပဲ။ မင်း ယဲ့လူကြီးမင်းကို ဘယ်လိုလုပ် စော်ကားရဲတာလဲ။ မင်းသေချင်ရင်တောင် ငါ့ကို ဆွဲမခေါ်နဲ့ ..... "
တစ်ဖက်မှလူသည် ကျိန်ဆဲပြီး ဖုန်းချသွားတော့သည်။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၃၃၆ )
ဒီလူငယ်လေးကမှ နောက်ကွယ်က အကောင်ကြီးပေါ့
အာအိုးကိယုသည် ထိုနေရာတွင် ရပ်တန့်နေကာ လုံးဝ အံ့အားသင့်သွားခဲ့သည်။
သူ ဘာတွေဖြစ်နေသည်လဲ မသိတော့ပေ။
ယခင်က သူနှင့် အလွန်ခင်မင်ရင်းနှီးခဲ့သော နီကာနဲ ရီဟီဆာသည် အဘယ်ကြောင့် ဤသို့ ၁၈၀ဒီဂရီ အလှည့်အပြောင်းဖြစ်သွားသည်ကို သူ နားမလည်နိုင် ဖြစ်နေသည်။
ထို့အပြင် သူ ပြောသည့်စကားများအရ သူ့လုပ်ငန်းကိစ္စများတွင်ပင် ဝင်မပါတော့ရန် အပြတ်ဖြတ်သွားသည်။
ဘယ်နားမှာ မှားသွားတာလဲ။
သူသည် နီကာနဲ ရီဟီဆာ၏ ငွေနတ်ဘုရားဖြစ်သည်။
သူ့ကို ဘယ်လိုလုပ် စွန့်လွှတ်နိုင်ရတာလဲ။
လုသောင်းချွမ်သည် အေးစက်သော အပြုံးဖြင့် သူ့ကို ကြည့်နေသည်။
" အစက မင်းရဲ့ခြေထောက်တစ်ဖက်ကို ချိုးချင်ပေမယ့် အခုစိတ်ပြောင်းသွားပြီ။ မင်းခြေထောက်နှစ်ဖက်လုံးကို ချိုးလိုက်မယ် "
ထိုစကားကို ပြောပြီးသည်နှင့် ချက်ချင်းပင် သူ့လက်အောက်ငယ်သားကို လက်ညှိုးထိုးပြလိုက်သည်။
" ခဏနေဦး ....... "
အာအိုးကိယု တစ်ခုခု ပြောချင်သော်လည်း နောက်ကျသွားပြီ ဖြစ်သည်။
ကံနဂါးအဖွဲ့အစည်းမှ အဖွဲ့ဝင် နှစ်ဦးသည် တစ်ဖက်စီမှ အမြန်ထွက်လာခဲ့သည်။
သူတို့သည် လက်ထဲ၌ ဘေ့စ်ဘောတံများကို ကိုင်ထားပြီး သူ့ခြေထောက်ကို ပြင်းထန်စွာ ရိုက်လိုက်ကြသည်။
ကွဲအက်နေသည့် အသံနှစ်ခုဖြင့်အတူ အာအိုးကိယု၏ ခြေထောက်များ ကျိုးသွားသည်။
ခြေကျိုးများသည် သိသာထင်ရှားစွာပင် ကွေးကောက်သွားပြီး လူများ၏ ဦးရေပြားကိုပင် ထုံကျင်လာစေသည်။
" ဆွဲထုတ်လိုက် "
လုသောင်းချွမ်သည် ခွေးသေတစ်ကောင်လို ဖြစ်နေသော အာအိုးကိယုကို ကြည့်ရန်ပင် စိတ်မ၀င်စားဘဲ ချက်ချင်း လက်ကို ဝှေ့ယမ်းလိုက်သည်။
လူနှစ်ယောက်မှ အာအိုးကိယုကို ချက်ချင်းဆွဲထုတ်သွားသည်။
ဂျပန်နိုင်ငံ ရင်းနှီးမြုပ်နှံမှု အသိုက်အဝန်းမှ တက်သစ်စအဖြစ် နာမည်ကြီးလာသော ရင်းနှီးမြှုပ်နှံမှု ဉာဏ်ကြီးရှင်ကို ဖုလုံစီးပွားရေးအဆောက်အဦးအပြင်၌ ခွေးသေတစ်ကောင်လို စွန့်ပစ်ခံခဲ့ရသည်။
ထိုသည်သာမကဘဲ ဤကိစ္စ ပြန့်နှံ့သွားသည့်အခါ ကျွန်းနိုင်ငံတစ်ကျွန်းလုံး၌ ဘယ်သူမှ သူနဲ့ ပူးပေါင်းရဲတော့မည် မဟုတ်ချေ။
ရင်းနှီးမြုပ်နှံမှုလောကတွင် တက်လာသောကြယ်တစ်ပွင့်သည် အပြည့်အဝမထွန်းလင်းနိုင်သေးခင် ဥက္ကာပျံတစ်ခုလို ပျက်ကျသွားသည်။
လူအုပ်ကြီးသည် ယဲ့ဖန်ကို ထိတ်လန့်စွာ ကြည့်နေကြသည်။
ထိုလူသုံးယောက် ဤမျှလောက် သနားစရာကောင်းသည့် အခြေအနေဖြင့် အဆုံးသတ်သွားရသည့် အကြောင်းရင်းမှာ တစ်ခုပဲရှိသည်။
ဤလူငယ်လေးကို စော်ကားခဲ့ခြင်းကြောင့် ဖြစ်သည်။
ထိုလူငယ်မှာ မည်သူဖြစ်သည်ဆိုတာကို အားလုံး သိချင်နေကြသည်။
ကံနဂါးအဖွဲ့အစည်း ဥက္ကဌက ဒီကိစ္စကို ဘာလို့ ကိုယ်တိုင်ကိုယ်ကျ ဖြေရှင်းပေးရတာလဲ။
ရာမာဂူချီ-ဂူမီဂိုဏ်းရဲ့ ဒုဥက္ကဌက သူ့နာမည်ကြားတာနဲ့ ဘာလို့ ချက်ချင်း နောက်ဆုတ်သွားတာလဲ။
ဆက်စပ်တွေးကြည့်ရင် ဒီလူငယ်ကမှ တကယ့် နောက်ကွယ်က လျှို့ဝှက်အကောင်ကြီးပဲ။
" ယဲ့ညီလေး၊ ငါ့ဆုံးဖြတ်ချက်ကို ကျေနပ်ရဲ့လား "
လုသောင်းချွမ်သည် ထိုလူသုံးယောက်ကို ဖြေရှင်းပြီးနောက် ယဲ့ဖန်ကို ထိတ်လန့်စွာ ကြည့်နေခဲ့သည်။
ယဲ့ဖန် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
" အရမ်းကျေနပ်တယ် အစ်ကိုလု "
" ယဲ့ညီလေး၊ ဒီနေ့ ဖုမာမိန်းကလေးအတွက် လက်ဆောင်ရွေးဖို့ ဒီကိုရောက်နေတာလား "
လုသောင်းချွမ် ပြုံးပြီး မေးသည်။
သူ စကားပြောနေစဉ် ဖုမာ ကျန်းဝူကိုကြည့်လိုက်သည်။
ဖုမာ ကျန်းဝူသည် ထိတ်လန့်နေဆဲဖြစ်ပြီး သူမ၏ ထိတ်လန့်မှုမှ ပြန်လည်ကောင်းမွန်လာခြင်း မရှိပေ။
ထိုအချိန်တွင် သူမသည် ခံစားချက်များစွာဖြင့် ပြည့်နှက်နေသည်။
မသိလိုက်ခင်မှာပင် ယဲ့ဖန်သည် ဂျပန်နိုင်ငံတွင် ဤမျှကြီးမားသော သြဇာလွှမ်းမိုးမှုကို ရရှိနေပြီ ဖြစ်သည်။
ထိပ်တန်းဂိုဏ်းနှစ်ခုဖြစ်သည့် ရာမာဂူချီ-ဂူမီဂိုဏ်းနှင့် ကံနဂါးအဖွဲ့အစည်းမှ ခေါင်းဆောင်များသည်ပင် သူ့ကို အလွန်ကြောက်ရွံ့ကြရသည်။
သေချာတွေးကြည့်ပါက ယဲ့ဖန် ဤသို့ရောက်နေသည်မှာ တစ်လတောင်မပြည့်သေးသော်လည်း သူရဲကောင်းများက သူ့ကို ဦးညွတ်နေရပြီ ဖြစ်သည်။
" အိုး ..... ရှောင်ဝူအတွက်တင်မကဘဲ တခြားသူတွေရောအတွက်ပါ "
ယဲ့ဖန်သည် လုသောင်းချွမ်ကို 'သိတယ်မလား'ဆိုသည့်အကြည့်ကို ပေးလိုက်သည်။
လုသောင်းချွမ် ချက်ချင်း နားလည်သွားသည်။
ထို့နောက် သူ့ကို လက်ညှိုးထိုးပြပြီး စနောက်တော့သည်။
" ယဲ့ညီလေး၊ မင်းကတော့ တကယ်ကို နုပျိုပြီး အချစ်ရေးလည်း ကောင်းတာပဲ။ ငယ်သေးတော့ ကောင်းပါတယ်။ ဒါဆို ဘယ်လိုလဲ။ တောင်းပန်ချင်တဲ့အနေနဲ့ ဒီစီးပွားရေး အဆောက်အဦးက ဘာမဆို ရွေးလို့ ရတယ်။ ဘယ်လောက်ပဲ ကုန်ပါစေ ငါ ရှင်းလိုက်မယ် "
" ဒါဆို ငြင်းလိုက်တာက မယဉ်ကျေးရာကျမှာပေါ့ "
ယဲ့ဖန် မငြင်းခဲ့ပေ။
သူသည် ပိုက်ဆံကို ဂရုမစိုက်သော်လည်း ဤသည်မှာ လုသောင်းချွမ်၏ ကြင်နာသော ရည်ရွယ်ချက်ကောင်း ဖြစ်သည်။
ငြင်းလို့မကောင်းပေ။
ကိုယ်ခံပညာလောကသည် တိုက်ခိုက်သတ်ဖြတ်ခြင်းသာမက လောကီ၏ နည်းလမ်းများအကြောင်းလည်း ဖြစ်သေးသည်။
လုသောင်းချွမ်သည် ယနေ့တွင် သူ့အား လုံလောက်သော မျက်နှာသာပေးပြီး ပြဿနာကို ကိုင်တွယ်ဖြေရှင်းရန်ပင် ကိုယ်တိုင်လာခဲ့သည်။
လုသောင်းချွမ်နှင့် ဆက်ပြီး ဆက်ဆံရန် လုံလောက်သည့် မျက်နှာသာပေးရမည်။
" ယဲ့ညီလေး၊ ဒီည အီဒိုမြို့မှာရှိတဲ့ အကောင်းဆုံးဟိုတယ်မှာ မင်းအတွက် ပွဲတစ်ခု ကျင်းပပေးမယ်။ မင်းငါ့ကို မျက်နှာသာပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် "
လုသောင်းချွမ်က အကြံပြုသည်။
" အစ်ကိုလုရဲ့ ကြင်နာမှုကို တန်ဖိုးထားပါတယ်။ ဒါပေမယ့် ဒီပွဲကိုတော့ မလုပ်တော့ပါဘူး။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ပွဲကြောင့် ဒဏ်ရာရသွားလို့ မသောက်နိုင်သေးဘူး "
ယဲ့ဖန်သည် ထိုပွဲကို ရှောင်ရန် အကြောင်းပြချက်တစ်ခု ပြခဲ့သည်။
" ဒါဆို ယဲ့ညီလေး မင်းတစ်ခုခုလိုရင် ငါ့ကို ဖုန်းဆက်လိုက်။ ငါ အကောင်းဆုံးလုပ်ပေးမယ်လို့ ကတိပေးတယ် "
လုသောင်းချွမ်သည် ချက်ချင်းပင် သူ့ရင်ဘတ်ကို ပုတ်ကာ ကတိပေးသည်။
လုသောင်းချွမ်သည် ယဲ့ဖန်နှင့် ခဏကြာ စကားပြောပြီးနောက် သူ့လူများနှင့်အတူ ထွက်သွားခဲ့ကြသည်။
ကြည့်ရှုသူများသည် ပွဲပြီးသွားသည်နှင့် တစ်ပြိုင်နက် လူစုခွဲကြသည်။
ယဲ့ဖန်သည် ဖုမာ ကျန်းဝူနှင့်အတူ လက်ဆောင်အိတ်များ ယူကာ ကားပေါ်တက်သွားခဲ့သည်။
လမ်းတစ်လျှောက်တွင် ဖုမာ ကျန်းဝူ၏ လှပသောမျက်လုံးလေးများက သူ့ကို တိတ်တဆိတ် ကြည့်နေခဲ့သည်။
ယဲ့ဖန် မတတ်နိုင်ဘဲ သူမကို လှည့်ကြည့်လိုက်သည်။
" ဘာကြည့်နေတာလဲ၊ ကိုယ့်မျက်နှာမှာ ပန်းတစ်ပွင့်ရှိနေလို့လား "
ဖုမာ ကျန်းဝူ၏ လှပသော မျက်နှာလေးသည် ချက်ချင်းပင် နီရဲလာသည်။
" သခင်ကြီးက အံ့သြစရာကောင်းလွန်းတယ်လို့ ကျန်းဝူ ထင်တယ်။ လုသောင်းချွမ်လိုလူကတောင် တောင်းပန်ရတယ်လေ။ ကျန်းဝူက လူမှားနောက် မလိုက်ပါဘူး "
ယဲ့ဖန် သူ့လက်ကို ဆန့်လိုက်ပြီး သူမနှာခေါင်းလေးကို ညှစ်လိုက်သည်။
" မင်းရဲ့သခင်က အစွမ်းထက်နေတာကြာပြီ။ အခုမှ သဘောပေါက်တာလား "
ဖုမာ ကျန်းဝူသည် ချက်ချင်းပင် မျက်လုံးပြူးသွားသည်။
" အာအိုးကိယုက ရူးနေတယ်လို့ ပြောတယ်မလား။ သခင်ကြီးက သူ့ထက်တောင် ပိုရူးသေးတယ်လို့ ထင်တယ် "
ယဲ့ဖန် ချက်ချင်း ရယ်လိုက်သည်။
" အားနည်းတဲ့သူတွေကသာ ရူးနေကြတယ်လို့ ခေါ်တာ။ သန်မာတဲ့သူတွေကတော့ ကိုယ့်ကိုယ်ကိုယ်သိတာလို့ ခေါ်တယ် "
" ဟွန်း "
ဖုမာ ကျန်းဝူသည် ချက်ချင်းပင် သူ့ကို မထီမဲ့မြင်ပြုသော အကြည့်ဖြင့် ကြည့်လိုက်သည်။
" မင်းက အခု ပိုပိုပြီး မာနကြီးလာတာကိုလည်း မြင်နေရပြီ။ သခင်ကြီးက မင်းကို သေသေချာချာ အပြစ်ပေးရမယ် "
ယဲ့ဖန် ကားကိုဖွင့်ရင်း ပြောလိုက်သည်။
" သခင်ကြီး၊ ကျန်းဝူကို ဘယ်လို အပြစ်ပေးမှာလဲ "
ဖုမာ ကျန်းဝူ သူ့ကို စူးရဲစွာ ကြည့်နေသည်။
" မင်း အရင်တုန်းက တောခိုချင်တယ်လို့ မပြောခဲ့ဘူးလား။ ကိုယ်တို့ အဲ့တာကို ဒီနေ့ ဆက်ကြရအောင် "
ယဲ့ဖန် သူမကို မရေရာသော အပြုံးတစ်ခု ပေးလိုက်သည်။
ဖန်းကျန်းဝူ၏ လှပသော မျက်နှာလေးသည် ချက်ချင်းပင် နီရဲလာသည်။
" သခင်ကြီး၊ ရှင် တော်တော်ဆိုးတာပဲ "
ယဲ့ဖန် သူမကို ကြည့်လိုက်သည်။
" ဒါဆို မကြိုက်လို့လား "
ဖုမာ ကျန်းဝူ ခေါင်းငုံ့ပြီး အဝတ်ကို ပွတ်လိုက်သည်။
နောက်ဆုံး၌ သူမ ခေါင်းညိတ်လေသည်။
" ကြိုက်ပါတယ် "
"ဟားဟား ဒါဆို သခင်ကြီးက မင်းကို တောထဲ ခေါ်သွားပေးမယ် "
ယဲ့ဖန်နှင့် ဖုမာ ကျန်းဝူတို့သည် အိမ်ပြန်ချိန်မှာ အလွန်နောက်ကျလေသည်။
ကလေးမလေးသည် လမ်းပင် မှန်အောင်မလျှောက်နိုင်ဘဲ ရှေ့သို့လှမ်းဖို့ သူ့ပုခုံးကို ကိုင်ထားရန် လိုအပ်သည်။
သူတို့နှစ်ဦးသည် နေ့လယ်ခင်းတစ်ခုလုံး သာယာလှပသော တောင်တန်းများနှင့် မြစ်များရှိသည့် တောတွင်းကစားကွင်း၌ နေရာတစ်ခုကို ရှာဖွေခဲ့ကြသည်။
ပင်ပန်းသည့်အခါ အတူတူလှဲပြီး ကောင်းကင်ကြီးကို မော့ကြည့်ကြသည်။
အမောပြေလာသောအခါ တောထဲတွင် ခရီးဆက်ကြသည်။
ယဲ့ဖန်ပင် ခါးနာသည်ဟု ခံစားရသည်။
ကယ်လ်စီယမ်ဓာတ် ပိုလိုအပ်နေပြီပဲ။
" အဟမ်း "
သူတို့နှစ်ယောက် ခြံဝင်းထဲ ပြန်လှည့်လာစဉ် ချောင်းဆိုးသံတစ်ခု ကြားလိုက်ရသည်။
သူတို့နှစ်ယောက် လှည့်ကြည့်လိုက်သည့်အခါ ချီဇူရူ စူဂါဝါရာ ရပ်နေသည်ကို တွေ့လိုက်ရသည်။
" ဒေါ်လေး စူဂါဝါရာ နောက်ကျနေပြီ။ ဘာလို့ မအိပ်သေးတာလဲ "
ဖုမာ ကျန်းဝူ အပြစ်ကင်းစွာ မေးလိုက်သည်။
" ဘာလို့ ဒီလောက်နောက်ကျနေတာလဲ။ ဘယ်သွားနေတာလဲ "
ချီဇူရူ စူဂါဝါရာ မေးသည်။
" ကျွန်မတို့ .... လက်ဆောင်သွားဝယ်နေတာ "
ဖုမာ ကျန်းဝူသည် ယဲ့ဖန်၏ လက်ထဲမှ အိတ်များကို ပြလိုက်သည်။
" တစ်နေကုန် ဝယ်ခဲ့တာလား "
ချီဇူရူ စူဂါဝါရာ သူတို့နှစ်ယောက်ကို စူးရဲစွာ စိုက်ကြည့်နေသည်။
ဖုမာ ကျန်းဝူသည် သူမ၏ အကြည့်အောက်တွင် အလွန် စိတ်မသက်မသာ ခံစားခဲ့ရသည်။
အဆုံးတွင် သူမသည် ရှက်နေသောကြောင့် ဒေါသတကြီး ပြေးသွားခဲ့သည်။
" ဘာကို လာဂရုစိုက်နေတာလဲ "
ထိုသို့ဖြင့် သူမ အမြန်ထွက်သွားသည်။
ယဲ့ဖန်လည်း ချီဇူရူ စူဂါဝါရာကို ပြုံးပြပြီး သူ့အခန်းထဲ ပြန်သွားသည်။
ချီဇူရူ စူဂါဝါရာသည် အားနည်းနေသော ဖုမာ ကျန်းဝူကို ကြည့်ကာ သိချင်စိတ်များ ပြည့်နေခဲ့သည်။
သူ …. သူက တကယ်ပဲ အဲ့လောက်တောင် သန်မာတာလား။