← Chapters

အခန်း (၁၃၃၇-၁၃၄၀)

Vol. 67 Ch. 1337-1340

အခန်း (၁၃၃၇-၁၃၄၀)

Vol. 67 Ch. 1337-1340

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၃၃၇ )

မိန်းကလေးတစ်ယောက်ကို ရိုက်ချင်သေးတာလား

ယဲ့ဖန်သည် ဂျပန်တွင် ရက်အနည်းငယ်ကြာ ထပ်လည်ပတ်ခဲ့သည်။

ရှေးဟောင်းပစ္စည်းကောင်းတချို့ကို ရှာတွေ့ပြီးနောက် တရုတ်ပြည်သို့ ပြန်လာခဲ့သည်။

သူ စုဆောင်းထားသည့် ရှေးဟောင်းပစ္စည်းများကို ပုံမှန်လမ်းကြောင်းမှ မသယ်ထုတ်နိုင်သည်မှာ သိသာထင်ရှားသည့်အတွက် ထိုပစ္စည်းများကို ရာမာဂူချီ-ဂူမီဂိုဏ်းနှင့် အပ်လိုက်သည်။

ရာမာဂူချီ-ဂူမီဂိုဏ်းသည် တစ်နှစ်ပတ်လုံး ဂျပန်နိုင်ငံ၏ အဓိကကိုယ်ပိုင်ဆိပ်ကမ်းများကို ထိန်းချုပ်ထားသောကြောင့် သူတို့သည် ကံနဂါးအဖွဲ့အစည်းထက် အတွေ့အကြုံပိုရှိသည်မှာ ထင်ရှားလေသည်။

ထိုတာဝန်ကို လက်ခံရရှိပြီးနောက် တာခဲဒ ရှိကာခဲသည် သူ့ကို ချက်ချင်း ကတိပြုခဲ့သည်။

ပျောက်ဆုံးခြင်း သို့မဟုတ် ပျက်စီးသွားပါက လျော်ကြေးပေးရန်အတွက် သူ့ခေါင်းကိုအသုံးပြုမည်ဟု ပြောခဲ့သည်။

ယဲ့ဖန်သည် တာခဲဒ ရှိကာခဲ၏ သစ္စာစောင့်သိမှုကို ဖော်ပြနေခြင်းဖြစ်သည်ကို သိသော်လည်း သူ့သဘောထားကို အလွန်ကျေနပ်နေဆဲ ဖြစ်သည်။

ယခုအချိန်တွင် ရွှေစွပ်ပြုတ် လုံခြုံရေးမှ အစောင့်များ နေရာယူထားပြီးဖြစ်ရာ ရာမာဂူချီ-ဂူမီဂိုဏ်း၏ အဆင့်မြင့်အရာရှိအများစုကို သူ၏လူများဖြင့် အစားထိုးခဲ့သည်။

ရာမာဂူချီ-ဂူမီဂိုဏ်း၏ မူလလူများအတွက် ရာထူးအနည်းငယ်ကိုလည်း ချန်လှပ်ထားခဲ့သည်။

လူအနည်းငယ်သာရှိသဖြင့် သူတို့သည် မည်သည့်လှိုင်းပုတ်မှုကိုမျှ ဖြစ်ပေါ်စေမည် မဟုတ်ပေ။

ထို့အပြင် တာခဲဒ ရှိကာခဲသည် ဉာဏ်ရည်ထက်မြက်သူ ဖြစ်သည်။

သူသည် ရာမာဂူချီ-ဂူမီဂိုဏ်းကို ထိန်းချုပ်ထားသောကြောင့် ပြဿနာအကြီးအမား မဖြစ်နိုင်ပေ။

ဤမနက်၌ ယဲ့ဖန်သည် ဘယ်သူ့ကိုမှ အကြောင်းမကြားဘဲ ဖုမာ ကျန်းဝူကိုသာ ခေါ်လာပြီး လေဆိပ်ကို အမြန်သွားခဲ့သည်။

စောင့်ဆိုင်းခန်းထဲတွင် စောင့်ဆိုင်းနေစဉ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် သူတို့ဘေး၌ ခေါက်ဆွဲပြုတ် စားနေသည်။

ခေါက်ဆွဲနံ့က သူတို့နှာခေါင်းထဲသို့ စိမ့်ဝင်လာသည်။

သူတို့နှစ်ယောက် မနက်အစော ထပြီး လာလိုက်ရ၍ ထမင်းစားချိန် မရလိုက်ကြပေ။

သူတို့ ဗိုက်ထဲမှ အစာအိမ်များ တဆတ်ဆတ် တုန်လာတော့သည်။

" သခင်ကြီး၊ ခေါက်ဆွဲခြောက် စားချင်လား "

ဖုမာ ကျန်းဝူသည် သက်လတ်ပိုင်း အမျိုးသား၏ ခေါက်ဆွဲပြုတ်ပန်းကန်ထဲမှ သူမကို အကြည့်ကို ပြန်ဆုတ်လိုက်ပြီး တံတွေးမြိုချလိုက်သည်။

" မင်းက လောဘကြီးတဲ့ ကြောင်ကလေးပဲ။ မင်း စားချင်ရင် သွားစားလေ။ ဘာလို့ ကိုယ့်ကို မေးနေတာလဲ "

ယဲ့ဖန် သူမ နှာခေါင်းလေးကို ကုတ်လိုက်သည်။

သို့သော် သူသည်လည်း ခေါက်ဆွဲပြုတ်ကို စားခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သည်။

ခေါက်ဆွဲခြောက်ကို နောက်ဆုံးစားခဲ့သည်မှာ တက္ကသိုလ်ဝင်စက ဖြစ်သည်။

ထိုအချိန်က သူ တကယ် ဆင်းရဲခဲ့လေသည်။

ခေါက်ဆွဲခြောက်ထုပ်ကို တစ်နပ်တည်းဖြင့် ကုန်အောင် စားရန် မတတ်နိုင်၍ နှစ်နပ်စာ ခွဲစားခဲ့ရသည်။

အမှန်တကယ်၌ ထိုကိစ္စများသည် လွန်ခဲ့သော တစ်နှစ်လောက်က ဖြစ်ပျက်ခဲ့သော်လည်း ယခု သူပြန်တွေးကြည့်သောအခါ တစ်သက်တာကြာပြီဟု ခံစားရသည်။

ယခင်က သူသည် ခေါက်ဆွဲခြောက်စားရန်မှ လွဲ၍ ရွေးစရာမရှိပေ။

အခုအခါ သူသည် စားနေကျ ဟင်းကောင်းများကိုပင် အနည်းငယ် ငြီးငွေ့လာပြီဟု ခံစားရသည်။

ဖုမာ ကျန်းဝူ ချက်ချင်း ထရပ်လိုက်ပြီး ခေါက်ဆွဲခြောက် သွားဝယ်တော့မည် ဖြစ်သည်။

" ဟင်းရွက်ချဉ်ဘူးကို မဝယ်နဲ့ "

ယဲ့ဖန် အမြန် သတိပေးလိုက်သည်။

" ဘာလို့လဲ "

ဖုမာ ကျန်းဝူသည် ဟင်းရွက်များကို ဝယ်ရန်သွားသည်။

ထိုအရသာကို သူမ အကြိုက်ဆုံး ဖြစ်သည်။

" အဟမ်း၊ အဲ့တာက အရမ်းချဉ်တယ်။ မစားတာ ပိုကောင်းတယ် "

ဖုမာ ကျန်းဝူသည် သူမသခင် ဘာဖြစ်သည်ကို မသိသော်လည်း သူမသည် အမဲသားပြုတ်ခေါက်ဆွဲကို နာခံစွာ သွားဝယ်သည်။

ခေါက်ဆွဲပြုတ်ဘူးကို ဝယ်ပြီးနောက် ရေနွေးကို ရှာဖွေရန် စတင်လုပ်ဆောင်ခဲ့သည်။

ယဲ့ဖန်သည် ထိုနေရာမှာသာ ထိုင်နေပြီး သူဌေးတစ်ယောက်လို ပြုမူနေသည်။

ခေါက်ဆွဲပြုတ်ကို စောင့်နေစဉ်မှာပင် အမျိုးသမီးတစ်ဦး၏ အသံသည် သူ့အနောက်တွင် ရုတ်တရက် ထွက်ပေါ်လာသည်။

" မင်္ဂလာပါ၊ ကလေးတို့ ပြန်တွေ့ကြပြီနော်။ မင်းတို့ ကြိုက်တဲ့ ပျားရည်လေးပါ။ ဒီနေ့ နာမည်ကြီး ရှီကျင်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်နေပါတယ်။ မင်းတို့ မြင်ပြီးပြီလား။ ဒီနေရာက အရမ်းကြီးတာပဲ "

ယဲ့ဖန် လှည့်ကြည့်လိုက်သည့်အခါ ဆဲလ်ဖီတုတ်တံနှင့် ဗီဒီယိုရိုက်နေသည့် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။

ထိုအမျိုးသမီးသည် အာရှမျက်နှာပေါက်ရှိသော်လည်း ရွှေရောင်ဆံပင်နှင့် အပြာရောင်မျက်ကပ်မှန်များကို တပ်ထားသည်။

သူမ၏ အဝတ်အစားများမှာ အလွန်လန်းပြီး ရဲရင့်ကာ ဗိုက်သားများကိုပင် ပေါ်လွင်နေစေသည်။

ယဲ့ဖန် ပြုံးပြီး ခေါင်းယမ်းလိုက်သည်။

ထို့နောက် သူ့အကြည့်ကို ပြန်ရုတ်လိုက်သည်။

သူ ထိုနေရာမှာသာ ထိုင်နေသည်။

ခဏလေးအတွင်းမှာပင် ထိုသို့ တိုက်ရိုက်ထုတ်လွှင့်သူ လေးယောက် ဖြတ်သွားခဲ့သည်။

တိုက်ရိုက်ထုတ်လွှင့်ခြင်းလုပ်ငန်းသည် ယခုအချိန်တွင် မည်မျှတိုးတက်အောင်မြင်နေသည်ကို တွေ့မြင်နိုင်သည်။

ယဲ့ဖန်သည် ဤသို့ လုပ်သူများကို အားပေးသည်။

လူတိုင်းသည် သူတို့၏ ထင်မြင်ယူဆချက်များနှင့် အတွေ့အကြုံများကို အခြားသူများထံ မျှဝေကြသည်။

လူအချို့သည် အသိပညာများရရှိကြပြီး အချို့က သက်ဆိုင်ရာဆုများကိုပင် ရရှိကြသည်။

ဤသည်မှာ နှစ်ဖက်လုံးအတွက် အကောင်းဆုံးများ ဖြစ်ကြသည်။

ကျယ်လောင်ဆူညံစေပြီး ပတ်ဝန်းကျင်အား အနှောင့်အယှက်ဖြစ်စေသူများကိုသာ သူ မုန်းတီးခြင်း ဖြစ်သည်။

ရှုမန်ကို ပြဿနာရှာသောသူမျိုးကိုသာ ရိုက်ချင်တာ ဖြစ်သည်။

သူတို့သည် အာရုံစိုက်ခံရရန် အခြားသူများကို နှောင့်ယှက်သည်။

ထိုသို့လူမျိုးကို အထင်သေးသင့်သည်။

သူ့ရှေ့မှ အမျိုးသမီးမှာတော့ အနည်းဆုံးတော့ ဘယ်သူ့ကိုမှ မနှောင့်ယှက်နေပေ။

ထိုအချိန် ထိုအမျိုးသမီးသည် ဆယ်လ်ဖီတုတ်တံကို ယူပြီး နောက်ပြန်ဆုတ်သွားကာ ဓာတ်ပုံရိုက်နေသည်။

တခါတလေ ကင်မရာကိုပင် ကျွမ်းကျင်စွာ ရွှေ့နေတတ်သေးသည်။

တိုက်ဆိုင်စွာပင် ထိုအချိန်တွင် ဖုမာ ကျန်းဝူသည် ပွက်ပွက်ဆူနေသော ရေအပြည့်ဖြင့် ခေါက်ဆွဲပြုတ်ပန်းကန်လုံးကို သယ်ကာ ပြန်လာခဲ့သည်။

ယဲ့ဖန်သည် ထိုသည်ကို မြင်ပြီး အမြန်ထရပ်ကာ အော်လိုက်သည်။

" သတိထား "

သို့သော် သူသည် ခြေတစ်လှမ်းနောက်ကျသွားသည်။

ထိုအမျိုးသမီး၏ ဆယ်လ်ဖီတုတ်သည် နောက်ကျောဘက်သို့ လှည့်သွားပြီး ဖုမာ ကျန်းဝူ၏ လက်ထဲမှ အသင့်စားခေါက်ဆွဲပန်းကန်ကို တိုက်မိသွားသည်။

ကံကောင်းစွာဖြင့် ဖုမာ ကျန်းဝူ သည် လျင်မြန်စွာတုံ့ပြန်ပြီး ဘေးဘက်သို့ ရှောင်ထွက်သွားနိုင်သည်။

သို့သော် သူမ၏ ၀တ်စုံကို ခေါက်ဆွဲရည်များ ပေသွားသည်။

" အား "

အမျိုးသမီးသည် လန့်သွားပြီး ချက်ချင်း ထအော်လိုက်သည်။

ထိုအခိုက်အတန့်တွင် ယဲ့ဖန်သည် ဖုမာ ကျန်းဝူဘက်သို့ ပြေးသွားပြီး စိုးရိမ်စွာဖြင့် မေးသည်။

" အဆင်ပြေရဲ့လား၊ လောင်သွားသေးလား "

ဖုမာ ကျန်းဝူသည် သူမ အဆင်ပြေကြောင်း ညွှန်ပြရင်း ခေါင်းယမ်းလိုက်သည်။

" လမ်းလျှောက်လာနေတဲ့သူကို ဘာလို့ မကြည့်တာလဲ "

ဖုမာ ကျန်းဝူသည် သူမ အဆင်ပြေကြောင်း ပြောထားသော်လည်း ယဲ့ဖန်မှာတော့ ဒေါသထွက်နေသေးသည်။

အစော ခေါက်ဆွဲ ယူလာသူမှာ ကွန်ဖူးပညာတတ်သည့် ဖုမာ ကျန်းဝူ မဟုတ်ဘဲ ရှုမန်တို့၊ ချန်းရွှမ်တို့လိုလူ ဖြစ်ပါက ရေနွေးပူ လောင်သွားပေလိမ့်မည်။

" သခင်ကြီး၊ ကျန်းဝူ အဆင်ပြေပါတယ်။ သူမက တမင်လုပ်တာ မဟုတ်ပါဘူး "

ဖုမာ ကျန်းဝူသည် ထိုသို့သောအသေးအမွှားကိစ္စဖြင့် သူတို့၏ ခံစားချက်ကို မပျက်စီးစေလိုသောကြောင့် ယဲ့ဖန်အား နားချရန် အလျင်အမြန် လုပ်ဆောင်ခဲ့သည်။

သူမကြောင့် ယဲ့ဖန်သည် သူ့ဒေါသကို ထိန်းထားနိုင်ခဲ့ပြီး ဆေးကြောရန် သန့်စင်ခန်းသို့ ခေါ်သွားဖို့ ပြင်ဆင်ခဲ့သည်။

ယဲ့ဖန် အလွှတ်ပေးဖို့ စီစဉ်လိုက်သော်လည်း တစ်ဖက်အမျိုးသမီးက ရုတ်တရက်ပေါက်ကွဲသွားသည်။

" ဘယ်သူ့ကို ပြောနေတာ။ လူတွေကို မကြည့်ဘူးဆိုတာ ရှင်က ဘာကို ဆိုလိုတာလဲ။ ငါက နောက်ဆုတ်နေတာ။ သူမကမှ ရှေ့ကို လျှောက်လာတာလေ။ သူမကမှ ကန်းနေတာလား။ လူကို မမြင်ဘူးလား "

ယဲ့ဖန် ဒေါသကို မြိုသိပ်ထားသော်လည်း ပြန်ပေါက်ကွဲလာသည်။

" မင်း ဘယ်သူကို ကန်းတယ်လို့ ခေါ်နေတာလဲ။ မင်း သတ္တိရှိရင် ထပ်ပြောလိုက် "

ယဲ့ဖန်အကြည့်များမှာ အမှောင်ထဲမှ ဝံပုလွေတစ်ကောင်လို အေးစက်နေပြီး လူတိုင်းကို ကြက်သီးထစေသည်။

ထိုအမျိုးသမီးသည် အလွန်ထိတ်လန့်သွားပြီး နောက်ပြန်ဆုတ်သွားခဲ့သည်။

" ဘာလဲ၊ ရှင်က မိန်းကလေးကို ရိုက်ချင်သေးတာလား။ ယောက်ျားမှ ဟုတ်ရဲ့လား "

ရုန်းရင်းဆန်ခတ်ဖြစ်သည်ကို မြင်ပြီး လေယာဉ်စောင့်နေကြသော ခရီးသည်များက ရပ်ကြည့်နေကြသည်။

ယဲ့ဖန်သည် ဤသို့မိန်းမမျိုးကို အမှန်တကယ် ဖြေရှင်းရန် နည်းလမ်းမရှိပေ။

အကျိုးအကြောင်း စီိစဉ်ရန် ကြိုးစားသည့်အခါ သူမသည် ဝုန်းဒိုင်းကြဲပြီး အရှက်မဲ့စွာ ပြုမူမိလိမ့်မည်။

ထိိုသို့ ပြုမူသောအခါ ယောက်ျားများသည် မိန်းမများနှင့် ရန်မဖြစ်သင့်ဟု ထပ်၍ ပြောဆိုကြပေမည်။

" ငါ မင်းကို ရိုက်နေတာ မဟုတ်ဘူး။ ငါ မင်းကို သင်ခန်းစာတစ်ခု သင်ပေးနေတာ။ အထူးသဖြင့် မိန်းမတစ်ယောက်အနေနဲ့ မင်းအပြင်မှာ ရှိနေရင် တခြားသူတွေကို ညင်သာစွာ ဆက်ဆံရမယ်။ မဟုတ်ရင် မင်းကိုယ်မင်း ဒုက္ခရောက်စေလိမ့်မယ် "

သူ့စကားများသည် အမှန်တကယ်ပင် သူ့နှလုံးသားထဲမှ အကြံဥာဏ်များ ဖြစ်သည်။

အမျိုးသမီးများသည် ကြံ့ခိုင်မှုပိုင်းဆိုင်ရာ အားနည်းကြသည်။

သူမသည် မိမိကိုယ်ကိုယ် ချုပ်တည်းရန် မသိတတ်ပါက သူမသည် မကြာမီတွင် ဤပါးစပ်ဖြင့် ကြီးစွာသော ဆုံးရှုံးမှုကို ခံစားရမည်ဖြစ်သည်။

သို့သော် သူ့စကားများသည် ဤမိန်းမ၏ နားထဲတွင် တခြားအဓိပ္ပါယ်ဖြစ်သွားသည်။

" နင်က ငါ့ကို ခြိမ်းခြောက်နေတာလား။ လူတိုင်းကြားတယ်နော်။ သူက ငါ့ကို ခြိမ်းခြောက်နေတာ။ နောင်တစ်ခုခုဖြစ်ရင် ငါ့အတွက် ရဲခေါ်ရမယ်။ သူက လူသတ်သမားပဲ ဖြစ်မယ် "

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၃၃၈ )

ဒီလူနှစ်ယောက်က မရက်စက်လွန်းဘူးလား

ယဲ့ဖန်သည် သူမနှင့် ငြင်းခုံချင်သော်လည်း ဖုမာ ကျန်းဝူက သူ့အင်္ကျီလက်ကို ဆွဲကိုင်လိုက်သည်။

" သခင်ကြီး၊ သူမအတွက်နဲ့ လေကုန်မခံပါနဲ့။ ခေါက်ဆွဲသွားစားရအောင် "

သူတို့နှစ်ယောက် လှည့်မသွားခင် ထိုမိန်းမက ထူးဆန်းသည့် လေသံနှင့် ဆက်ပြောနေသည်ကို ကြားလိုက်ရသည်။

" အိုး သခင်နဲ့ ကျွန်လား။ နင်တို့က တော်တော်ကို တော်ကြတာပဲ။ ဒီလို ကစားနည်းမျိုးကို သီးသန့်ကစားလို့ ရတယ်။ ဒီလောက် လူတွေအများကြီးရှေ့မှာ ပြောတာ မရှက်ဘူးလား "

ဘေးမှ ကြည့်နေသူများကလည်း သူမစကားကို ကြားသောအခါ သူတို့အားလုံးသည် သူတို့၏ မျက်နှာပေါ်တွင် ထူးဆန်းသောအပြုံးများ ပေါ်လာကြသည်။

ယဲ့ဖန် မထိန်းနိုင်တော့ချေ။

ဖုမာ ကျန်းဝူသည် သူမအတွက် ပြောပေးခဲ့သော်လည်း အခုအခါ သူမက ကျန်းဝူ ဆဲဆိုကြိမ်းမောင်းနေသည်။

" မင်း အရှက်မရှိတဲ့ခွေးမ "

သူသည် ထသွားကာ သူမကို ပါးရိုက်တော့မည် ဖြစ်သည်။

ထိုအချိန် သူ့မျက်လုံးထဲမှာ ထိုမိန်းမမှာ မိန်းကလေး မဟုတ်တော့ပေ။

သူမကို လူသားအဖြစ်ပင် မဆက်ဆံသင့်တော့ချေ။

သို့သော်လည်း ယဲ့ဖန် မလှုပ်ရှားမီ ဖုမာ ကျန်းဝူသည် အရင်လှုပ်ရှားလိုက်သည်။

သူမသည် လက်ထဲမှ ခေါက်ဆွဲပန်းကန်ကို သူမဆီ လွှင့်ပစ်လိုက်သည်။

" နင့်ကို ငါ သည်းခံနေတာကြာပြီ။ နင်က တကယ် အရှက်မရှိတာပဲ "

" အား "

ထိုအမျိုးသမီးသည် သူမ၏မျက်နှာကို ဖုံးရန် မသိစိတ်က လက်လှမ်းလိုက်သော်လည်း ခေါက်ဆွဲပန်းကန်သည် သူမလက်စီသို့ ကျသွားသည်။

ချက်ချင်းပင် သူမ ထအော်တော့သည်။

ခေါက်ဆွဲခြောက်ပန်းကန်သည် အခုမှ ချက်ပြီးခါစ ဖြစ်သည်။

အထဲမှ ရေ၏ အပူချိန်သည် အလွန်မြင့်လေသည်။

" အိုး ....... "

အနီးနားရှိ လူအုပ်ကြီးသည် သူတို့ တိုက်ခိုက်ကြတော့မည်ကို သိထားလည်း ယဲ့ဖန်သာ ဖြစ်မည်ဟု တွေးထင်ခဲ့ကြသည်။

ဤမျှ ချစ်စရာကောင်းသည့် ကောင်မလေးမှ လုပ်လိမ့်မည်ဟု မမျှော်လင့်ထားတာကြောင့် ချက်ချင်း အံ့ဩကုန်သည်။

ဖုမာ ကျန်းဝူ၏ ဒေါသကို နားမလည်နေသည်။

အမှန်တကယ်တွင် ဤကလေးမလေး၏ ဒေါသမှာ ယဲ့ဖန်ထက် ပိုဆိုးသည်။

ကျန်းဝူသည် သူမသခင်နှင့် တရုတ်နိုင်ငံသို့ ပြန်သွားနိုင်မည်ဖြစ်၍ ပျော်ရွှင်နေခဲ့သည်။

ထို့ကြောင့် သူမ အတော်လေး စိတ်ပျော်နေခဲ့သည်။

ထိုမိန်းမသည် သူမ၏ နှလုံးသားထဲမှ ကြောက်ရွံ့မှုကို ဖြေဖျောက်ပြီးနောက် သူမသည် ချက်ချင်းပင် အံကြိတ်ကာ သူတို့နှစ်ဦးကို ကြည့်လိုက်သည်။

" ကောင်းပြီလေ၊ နင်က ငါ့မျက်နှာကို ရေနွေးနဲ့ ပက်ရဲတာလား။ ဒီနေ့ နင်သေသွားပဲ။ နင့်ကို ငါခွင့်မလွှတ်ဘူး "

ယဲ့ဖန် သူမကို အေးစက်သော အပြုံးဖြင့် ကြည့်နေသည်။

" အခု မင်းလက်ပေါ်ကို ကျသွားတာ။ မင်း မရပ်သေးရင် နောက်တစ်ခါဆို မင်းမျက်နှာပေါ် တကယ် ပေါက်ရလိမ့်မယ် "

သူ စကားပြောပြီးသည်နှင့် ဖုမာ ကျန်းဝူကို ပွေ့ဖက်ကာ ထွက်သွားသည်။

သို့သော် ထိုအခိုက်အတန့်တွင် ထိုအမျိုးသမီးသည် အရူးတစ်ယောက်လို ရုတ်တရက် ရှေ့သို့ ပြေးလာသည်။

သူမသည် ဖုမာ ကျန်းဝူ၏ လက်ထဲမှ နောက်ထပ် အသင့်စားခေါက်ဆွဲပန်းကန်ကို လုယူလိုက်ပြီး ကျန်းဝူ၏မျက်နှာသို့ တွန်းပက်လိုက်သည်။

" ခွေးမ၊ နင်က ငါ့ကို ရုပ်ပျက်အောင် လုပ်ရဲတာလား။ ရုပ်ပျက်ဆင်းပျက်ဖြစ်တဲ့ အရသာကို နင့်ကို ခံစားခိုင်းမယ် "

ဖုမာ ကျန်းဝူသည် သူမကို ဤမျှ ရူးသွပ်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ခေါက်ဆွဲပန်းကန်လုံး သူမစီသို့ ပျံသန်းလာသည်ကို မတုံ့ပြန်ဘဲ ခဏတာ စောင့်ကြည့်နေခဲ့သည်။

ယဲ့ဖန်၏ မျက်နှာ၌ လူသတ်ရိပ်များ ချက်ချင်းပြလာသည်။

ထိုအမျိုးသမီးသည် ခေါက်ဆွဲပန်းကန်ကို ယူပြီးသည်နှင့် ယဲ့ဖန် သူမလက်ကောက်ဝတ်ကို ဆွဲပြီး ရှေ့ကို တွန်းလိုက်သည်။

ဖြောင်း

ပွက်ပွက်ဆူနေသော ရေနွေးဖြင့် ဖြည့်ထားသော ခေါက်ဆွဲပန်းကန်လုံးသည် ထိုအမျိုးသမီး၏ မျက်နှာပေါ်သို့ တိုက်ရိုက်ကျသွားသည်။

ထိုအမျိုးသမီးသည် ဝက်သတ်ခံရသကဲ့သို့ အော်ဟစ်ကာ မြေပြင်ပေါ်သို့ လဲကျပြီး နာကျင်စွာ ရုန်းကန်နေသည်။

ရှိနေသူအားလုံးသည် ဦးရေပြားများ ထုံကျဉ်သွားကာ ကြောက်ရွံ့လာကြသည်။

ထိုလူငယ်လေးသည် ပိုမိုရက်စက်ကြမ်းကြုတ်သူဖြစ်သည်။

" ဒီလူနှစ်ယောက်က အရမ်းရက်စက်တာပဲမဟုတ်လား။ ဟိုက တကယ် ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီ "

" ငါ အစကနေ အဆုံးထိ မြင်လိုက်တယ်။ အဲ့တာ သူတို့အပြစ်လို့ မထင်ဘူး။ အစကတည်းက သူတို့ကို ဝင်တိုက်ခဲ့တဲ့အပြင် အဲ့အမျိုးသမီးက မတောင်းပန်တဲ့အပြင် ပြဿနာရှာတာလေ "

" ဒါပေမယ့်လည်း သူမကို ရုပ်ပျက်စေတဲ့ အတိုင်းအတာအထိတော့ မဖြစ်သင့်ဘူး မဟုတ်လား "

" သူမကို သူတို့ ဘယ်နှစ်ခါတောင် လွှတ်ပေးလိုက်လဲဆိုတာ မင်း မမြင်ဘူးလား။ သူမကသာ သူတို့ကို ကပ်တွယ်ပြီး နှောင့်ယှက်နေတဲ့သူပဲ။ အခုတောင် ဟိုကောင်မလေးရဲ့မျက်နှာကို ဖျက်ဆီးချင်နေတာ။ သူ့ရည်းစားက အမြန်ကယ်လိုက်လို့ "

" ဒါပေမဲ့လည်း သူတို့က အရမ်းရက်စက်တယ်လို့ ငါ ခံစားရတုန်းပဲ။ ဘာလို့ ဒီလိုလုပ်ရတာလဲ ..... "

ရှိနေအားလုံးကို အုပ်စုနှစ်စု ခွဲသွားစေသည်။

အုပ်စုတစ်စုသည် ထိုအမျိုးသမီးနှင့် ထိုက်တန်သည်ဟု ခံစားရသည်။

သူမကို တစ်ဖက်မှ အကြိမ်ပေါင်းများစွာ လွှတ်ထားကြသော်လည်း သူမသည် သူတို့ကို ဆက်လက် နှိုးဆော်ဆဲ ဖြစ်သည်။

သူမသည် ဤသို့ အဆုံးသတ်ရန် ထိုက်တန်သည်။

သို့သော် ဤအမျိုးသမီးသည် ပါးစပ်မကောင်းသော်လည်း သူမသည် ဤမျှထိခိုက်ရန် မထိုက်တန်ဘူးဟု အချို့လူများက ယူဆကြသည်။

ယခုအခါ သူမ ရုပ်ပျက်ဆင်းပျက် ဖြစ်ရသည့် ပြစ်ဒဏ်မှာ ပြင်းထန်လွန်းလှသည်။

ဘေးလူများ မည်သို့ အတင်းအဖျင်းပြောသည်ကို ယဲ့ဖန် ဂရုမစိုက်ပေ။

ဖုမာ ကျန်းဝူကို ထိုင်ခုံစီသို့ ပြန်ဆွဲခေါ်သွားသည်။

အမှန်တကယ်တွင် ခေါက်ဆွဲ၏ အပူချိန်မှာ သိပ်မမြင့်တော့ပေ။

သူမကို အနည်းငယ် နာကျင်စေနိုင်သော်လည်း ရုပ်ပျက်ဆင်းပျက်တော့ မဖြစ်သင့်ပေ။

ထိုအမျိုးသမီးသည် မြေပြင်ပေါ်တွင် ခဏတာ ရုန်းကန်နေသည်။

နာကျင်မှု အနည်းငယ်သက်သာသွားပြီးနောက် သူမ ဖြည်းညင်းစွာထလာသည်။

ထိုအချိန်တွင် သူမ၏ မျက်နှာသည် နီရဲနေသည်။

သူမ၏ မျက်တောင်အတုများ၌ ခေါက်ဆွဲဖတ်များ တွဲကျလျက် ရှိနေသဖြင့် အနည်းငယ် ရယ်စရာကောင်းနေသည်။

သို့သော် သူမ၏ မျက်လုံးများသည် အမုန်းတရားများဖြင့် ပြည့်နှက်နေသည်။

သူမသည် ယဲ့ဖန်တို့စီသို့ ပြေးသွားခဲ့သည်။

" ငါ ဘယ်သူလဲဆိုတာ သိလား။ ငါ့မှာ Youtube ပရိသတ် ၅သန်းရှိတယ်။ နင်တို့ကို ဒီနေ့သေအောင် လုပ်ပစ်မယ် "

သူမသည် စကားပြောနေစဉ်တွင် ချက်ချင်းပင် ဖုန်းကိုထုတ်ကာ သူတို့နှစ်ဦး၏ ဓာတ်ပုံများကို ရိုက်ယူခဲ့သည်။

ယဲ့ဖန်သည် သူ့မျက်လုံးထောင့်များကို ပွတ်သပ်လိုက်သည်။

သူ မတတ်နိုင်ဘဲ ခေါင်းယမ်းကာ သက်ပြင်းချလိုက်သည်။

" ဘာလို့ လူတချို့က ဒီလောက် ဦးနှောက်မဲ့ကြတာလဲ။ ပထမအခွင့်အရေး ဒါမှမဟုတ် ဒုတိယအခွင့်အရေးကို အမိအရ မဆုပ်နိုင်တဲ့အထိ ရူးနေကြတာလား "

ဖုမာ ကျန်းဝူ၏ နှုတ်ခမ်းများသည် အေးစက်သော အပြုံးတစ်ခုအဖြစ် ကွေးတက်လာသည်။

" ဒီလောကကြီးက တော်တော်ကောင်းနေပုံပဲ။ လူယုတ်မာတွေတောင် အမြင့်ရောက်နေပြီ "

ယဲ့ဖန် ခေါင်းညိတ်သဘောတူသည်။

" အရူးနေရုံဆိုရင် ဘာမှမဖြစ်ဘူး။ ဒါပေမယ့် ကိုယ်တို့က လူဆိုးတွေကို လေးနက်တဲ့ သင်ခန်းစာတစ်ခု ပေးသင့်တယ်လို့ ကိုယ် ထင်တယ် "

ဖုမာ ကျန်းဝူ လည်း ခေါင်းညိတ်သည်။

" ကျန်းဝူလည်း ထင်တယ် "

သူတို့ နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ပြောနေသံကို ကြားပြီး ထိုအမျိုးသမီး၏ မျက်လုံးများသည် အမုန်းတရားများနှင့် ပြည့်နှက်နေခဲ့သည်။

" ဒါဆို ဒီနေ့ ဘယ်သူက သင်ခန်းစာ ပေးနိုင်မလဲ ကြည့်ရအောင် "

ယဲ့ဖန်သည် ပြတင်းပေါက်အပြင်ဘက်သို့ လှည့်ကြည့်ရင်း သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသည်။

အားလုံးသည် သူ့အကြည့်ဘက်ကို လိုက်ကြည့်ရင်း အနက်ရောင်ကားတန်းကြီး ဝင်လာသည်ကို တွေ့လိုက်ရသည်။

ကားများသည် အနည်းငယ် ဝေးနေသဖြင့် ထိုကားများ၏ အဆင့်အတန်းကို မပြောနိုင်ပေ။

အနက်ရောင်ဝတ်စုံနှင့် နေကာမျက်မှန်တပ်ထားသော လူတစ်စု ကားပေါ်မှ ဆင်းလာကြသည်။

စုစုပေါင်း အယောက် ၃၀ မှ ၄၀ လောက်ရှိပြီး ခန်းမဆီသို့ အတူတူ လျှောက်လာကြသည်။

လုံခြုံရေး ဝန်ထမ်းများက ထိုလူများကိုအား တားဆီးချင်ရှိသော်လည်း ခေါင်းဆောင်က သူတို့ကို တားဆီးလိုက်သည်။

လူအုပ်ကြီးသည် ထိုလူများ ဝင်သွားသည်ကို ကြည့်နေကြသည်။

လေယာဉ်စောင့်နေသော ခရီးသည်များသည် မဖိတ်ကြားထားသော ဧည့်သည်အုပ်စုကို ထိတ်လန့်တကြား ကြည့်နေသည်။

ပထမဦးစွာဖြင့် သူတို့သည် ထိုလူများ၏ ပင်ကိုစရိုက်ကို မသိနိုင်ပေ။

ဒုတိယအနေနှင့် သူတို့ ဘာလုပ်ချင်နေသည်ကို မသိရပေ။

သို့သော်လည်း ထိုလူအုပ်စုသည် အသေးအဖွဲအုပ်စုမဟုတ်ကြောင်း ပြောနိုင်သောကြောင့် ဘေးကပ်နေကြသည်။

ထို့နောက် ထိုအုပ်စုသည် ယဲ့ဖန်စီသို့ လျှောက်သွားနေသည်ကို တွေ့လိုက်ရသည်။

ယဲ့ဖန်ကို ပြဿနာရှာရန် ပြင်နေသော အမျိုးသမီးသည် ထိုလူများကို မြင်ကာ ကြောက်ရွံ့မှုနှင့် ပြည့်နှက်သွာူပြီး ဘေးဘက်သို့ အမြန်ပုန်းနေလိုက်သည်။

ခေါင်းဆောင်သည် ဆံပင်ရှည်နှင့် သူသည် ယဲ့ဖန်စီကို ဖြည်းညှင်းစွာ ဦးညွှတ်လိုက်သည်။

သူ့နောက်မှ လူတစ်စုကလည်း ဦးညွှတ်ကြသည်။

လူ၃၀-၄၀ချီသည့် လူများက တညီတညွတ်တည်း ဦးညွှတ်ကြသည်။

ထိုမြင်ကွင်းမှာ အတော်ပင် ကြီးကျယ်ခမ်းနားလေသည်။

" ကံနဂါးအဖွဲ့အစည်းရဲ့ ဒုဥက္ကဌ စူချီယွမ်က ဥက္ကဌရဲ့ အမိန့်အတိုင်း ယဲ့လူကြီးမင်းကို လိုက်ပို့ပါတယ် "

စူချီယွမ်သည် ပြတ်သားသော အသံဖြင့် ပြောသည်။

လူအုပ်ကြီးသည် သူတို့၏ သရုပ်မှန်ကို ကြားပြီး ချက်ချင်း ပေါက်ကွဲသွားကြသည်။

" အို ဘုရားရေ၊ သူတို့က တကယ်ပဲ ကံနဂါးအဖွဲ့အစည်းက လာတာလား။ ပြီးတော့ သူ့ကို ဒုဥက္ကဌကိုယ်တိုင်က လိုက်ပို့တာဆိုတော့ ဟိုလူငယ်လေးရဲ့ အဆင့်အတန်းက တော်တော် မြင့်ပုံပဲ "

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၃၃၉ )

ရာမာဂူချီ-ဂူမီဂိုဏ်း၏ အမြင့်ဆုံး အရိုအသေပေးမှု

" ဒီလူငယ်လေးဟာ တကယ်ပဲ ကံနဂါးအဖွဲ့အစည်းရဲ့ ဒုဥက္ကဌကို ကိုယ်တိုင်ကိုယ်ကျ လာပို့ခိုင်းနိုင်တာလား။ သူ့နောက်ခံ ဘယ်လောက်တောင် ကြီးတာလဲ "

" ဒီ ကံနဂါးအဖွဲ့အစည်းက ဘာလုပ်တာလဲ။ တော်တော် ကြောက်စရာကောင်းတာပဲ "

" မဖြစ်နိုင်တာ။ ကံနဂါးအဖွဲ့အစည်း အကြောင်းတောင် မကြားဖူးဘူးလား "

" ကျွန်တော် ဒီကို အားလပ်ရက် အပန်းဖြေဖို့ ရောက်နေတာ ရက်အနည်းငယ်ပဲ ရှိသေးတယ်။ အဲ့တာကြောင့် ဂျပန်အကြောင်း သိပ်မသိဘူး "

" ဒါဆို မင်းကို ပြောပြမယ်။ ကံနဂါးအဖွဲ့အစည်းက အရင်တုန်းက ဂျပန်မှာ အကြီးဆုံး ဂိုဏ်းငါးခုထဲက တစ်ခုပဲ။ အခုတော့ သူ့ရဲ့ စွမ်းအင်က ဒုတိယအဆင့် ဖြစ်နေလောက်ပြီ "

" မြေအောက်လူ့အဖွဲ့အစည်းလား။ ဒုတိယဆိုတော့ ဘယ်သူက ပထမလဲ "

" ပထမက ရာမာဂူချီ-ဂူမီဂိုဏ်း "

" ရာမာဂူချီ-ဂူမီဂိုဏ်းကို ကြားဖူးပါတယ်။ ဒါဆို ဒီကံနဂါးအဖွဲ့အစည်းက ရာမာဂူချီ-ဂူမီဂိုဏ်းထက် နည်းနည်းပဲ နိမ့်တာလား။ အဲ့တာဆို တကယ်ကို အစွမ်းထက်တယ်။ ဒါဆို ဒီလူငယ်လေးက ပိုပြီး အစွမ်းထက်တာပေါ့ "

" ဟုတ်တယ်၊ ကံနဂါးအဖွဲ့အစည်းရဲ့ ဒုဥက္ကဌက ကိုယ်တိုင်ကိုယ်ကျ ရောက်လာတော့ ဒါက ဂုဏ်ယူစရာပဲ "

ယဲ့ဖန်သည် မထချေ။ ခြေထောက်များကို ချိတ်ပြီး ထိုင်လျက်သာ ထိုင်နေသည်။

" ကျွန်တော် ပြန်မှာ ဘယ်သူ့ကိုမှ သတိပေးဖို့ မစီစဉ်ထားဘူး။ ဘာလို့ ဒီကိုရောက်လာတာလဲ "

စူချီယွမ်သည် ခေါင်းကိုခါလိုက်သည်။

" ယဲ့လူကြီးမင်းက ကျွန်တော်တို့ရဲ့ ကံနဂါးအဖွဲ့အစည်းအပေါ် ကျေးဇူးအများကြီး ရှိပါတယ်။ အခု တရုတ်ပြည် ပြန်မှာကို လိုက်မပို့ရင် ကျွန်တော်တို့ ကျေးဇူးကန်းရာရောက်ပါတယ် "

ယဲ့ဖန် ချက်ချင်းပြုံးပြီး ခေါင်းညိတ်လိုက်သည်။

" ဒါဆို ကျွန်တော့်ကို ကူပြီး ဥက္ကဌလုကို ကျေးဇူးတင်ပေးပါဦး"

စူချီယွမ် ခေါင်းညိတ်သဘောတူသည်။

ထို့နောက် သူ့ဘေးနားရှိ အမျိုးသမီးကို လှမ်းကြည့်လိုက်သည်။

" ယဲ့လူကြီးမင်း၊ တစ်ယောက်ယောက်က ပြဿနာရှာလို့လား။ ကံနဂါးအဖွဲ့အစည်းရဲ့ အကူအညီလိုပါသလား။ စိတ်မပူပါနဲ့။ ရှင်းပေးပါ့မယ် "

ထိုမိန်းမသည် သူ့စကားကို ကြားသောအခါ ကြောက်ရွံ့ထိတ်လန့်သွားပြီး မတ်တပ်မရပ်နိုင်တော့ပေ။

သူမသည် ယဲ့ဖန်ကို ကြောက်လန့်တကြားကြည့်နေသည်။

ထိုလူငယ်လေး ခေါင်းညိတ်လိုက်သည်နှင့် သူမသည် ဤကမ္ဘာကြီးမှ ပျောက်ကွယ်သွားနိုင်သည်။

သို့သော် ယဲ့ဖန် ခေါင်းခါလိုက်သည်။

" ထားလိုက်ပါ၊ သူမက အရေးမပါဘူး။ လူအများကြီးရဲ့ ခွန်အားကို ဖြုန်းတီးဖို့ မလိုဘူး "

စူချီယွမ် ခေါင်းညိတ်သည်။

" ယဲ့လူကြီးမင်းက ဒီလို ပြောတဲ့အတွက် တခြားသူရဲ့ ကိစ္စမှာ ဝင်စွက်ဖက်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ယဲ့လူကြီးမင်းမှ ညွှန်ကြားလိုက်တာနဲ့ ကျွန်တော်တို့ရဲ့ ကံနဂါးအဖွဲ့အစည်းက မီးနဲ့ရေကို မမှုဘဲ လုပ်ဆောင်ပေးပါ့မယ် "

" မီးနဲ့ရေကိုဖြတ်ဖို့ ကျွန်တော်တို့ တွန့်ဆုတ်မနေပါဘူး "

သူ့နောက်မှ လူများကလည်း ချက်ချင်းပင် တညီတညွတ်တည်း တုံ့ပြန်လိုက်ကြပြီး သူတို့အသံများမှာ ခန်းမတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။

လေယာဉ်စောင့်နေသူများမှာ ကြောက်လွန်း၍ တိတ်ဆိတ်သွားကြသည်။

ကျယ်လောင်စွာပင် အသက်မရှူရဲကြပေ။

သူတို့၏ အကြောက်တရားသည် ဤမှာတင် အဆုံးသတ်မည်ဟု လူတိုင်းက ထင်နေကြသည်။

သို့သော် ခဏအကြာတွင် အနက်ရောင်ကားတန်းကြီးသည် အပြင်ဘက်၌ ရောက်လာပြန်သည်။

အနက်ရောင် နေကာမျက်မှန်တပ်ထားသော လူတစ်စု ကားထဲမှ ထွက်လာကြပြန်သည်။

သူတို့သည် ကံနဂါးအဖွဲ့အစည်းမှ လူများကဲ့သို့ တားခံရသည်။

သို့သော် ထိုလူများသည် မည်သည့်အခက်အခဲမျှ မခံစားခဲ့ရဘဲ လေယာဉ်ထွက်ခွာခန်းထဲသို့ အောင်မြင်စွာ ဝင်ရောက်လာနိုင်ခဲ့သည်။

လူတိုင်းသည် သူတို့ကို အံ့သြတကြီးကြည့်နေပြီး စိတ်ထဲတွင် ညည်းညူကြတော့သည်။

သူတို့ ဒီနေ့ ဂိုဏ်းတွေကို စော်ကားခဲ့မိလို့လား။

ဘာလို့ နောက်တစ်ဖွဲ့ ရောက်လာတာလဲ။

သူတို့လည်း ဒီလူငယ်လေးကို တွေ့ဖို့ ရောက်လာတာလား။

မကြာခင်မှာပင် သူတို့၏ ခန့်မှန်းချက်ကို အတည်ပြုနိုင်ခဲ့သည်။

ထိုလူအုပ်စုသည် ယဲ့ဖန်စီသို့ လျင်မြန်စွာ လျှောက်လာခဲ့သည်။

ခေါင်းဆောင်သည် ယဲ့ဖန် မသိသောလူ ဖြစ်သည်။

ပြတ်သားသော အသံဖြင့် ပြောသည်။

" ဥက္ကဌ တာခဲဒ ရှိကာခဲရဲ့ အမိန့်အရ ရာမာဂူချီ-ဂူမီဂိုဏ်းရဲ့ ဒုဥက္ကဌဖြစ်တဲ့ ရီဟီဆာနီကာနဲက ယဲ့လူကြီးမင်းကို လိုက်ပို့ပါတယ် "

သူ ပြောပြီးသည်နှင့် ဒါဇင်ချီသော လူများက တညီတညွတ်တည်း ဦးညွှတ်ကြသည်။

ထို့အပြင် သူတို့သည် ၉၀ဒီဂရီ အရိုအသေပေးကြသည်။

ဂျပန်၏ ဦးညွတ်ပုံများမှာ အဓိပ္ပါယ်အမျိုးမျိုးရှိသည်။

အများသောအားဖြင့် အမျိုးအစားသုံးမျိုးသာ ရှိသည်။

တစ်ခုမှာ ၁၅ ဒီဂရီလောက် ဖြစ်သည့် ပုံမှန်ဦးညွတ်နှုတ်ဆက်ခြင်း ဖြစ်သည်။

ဒုတိယ တစ်ခုမှာ ၃၀ဒီဂရီ ဦးညွတ်ခြင်း ဖြစ်သည်။

ဤဦးညွတ်ခြင်းမှာ ပို၍ လေးနက်ပြီး တစ်ဖက်လူကို အတိုင်းအတာတစ်ခုအထိ လေးစားကြောင်း ပြသလေသည်။

တတိယတစ်မျိုးမှာ ၄၅ဒီဂရီ ဦးညွတ်ခြင်းဖြစ်ပြီး ပြင်းထန်သည့် လေးစားမှုကို ဖော်ပြရာ၌ ပြလေ့ရှိသည်။

စူချီယွမ်တို့သည် ထိုသို့ ဦးညွတ်ခဲ့သည်။

တတိယအမျိုးအစားမှာ လေးစားမှုအမြင့်ဆုံးပုံစံ ဖြစ်သည်။

သို့သော် ၉၀ဒီဂရီ ဦးညွတ်ခြင်းသည် အထူးတလည် လေးစားမှုတစ်မျိုး ဖြစ်သည်။

ဧကရာဇ်မင်းကဲ့သို့ မြင့်မြတ်သော တည်ရှိမှုကို ရင်ဆိုင်ရသောအခါမှသာ ဤဦးညွတ်မှုမျိုးကို အသုံးပြုသည်။

ထိုလူများက ယဲ့ဖန်ကို ထိုသို့ ဦးညွှတ်အရိုအသေပေးခဲ့ကြပြီး ဘယ်လောက် လေးစားသည်ကို မြင်နိုင်စေသည်။

ဤအရာက ရှိနေသူအားလုံးကို အံသြသွားစေသည်။

" အမလေး ဘုရားရေ၊ ရာမာဂူချီ-ဂူမီဂိုဏ်းက လွှတ်လိုက်တာလား။ ဒီလူငယ်က ဘယ်သူလဲ "

" ဂျပန်က နံပါတ်တစ်နဲ့ နံပါတ်နှစ်ဂိုဏ်းက ဒီကို ရောက်နေပြီ။ ဒီလူငယ်လေးရဲ့ ဂုဏ်က တွေးကြည့်လို့တောင် မရဘူး "

" အဲ့တာက ၉၀ ဒီဂရီ အရိုအသေပေးတာလား။ ဒီလူငယ်လေးရဲ့ အနေအထားက ဧကရာဇ်မင်းနဲ့တောင် နှိုင်းယှဥ်နိုင်လို့လား "

" ငါ မခံနိုင်တော့ဘူး။ ငါ့နှလုံးသားက မခံနိုင်တော့ဘူး။ ဒီကောင်ကြီးက ဘယ်ကရောက်လာတာလဲ "

" ကျွန်တော်က ဒီလို အကောင်ကြီးနဲ့ အတူတူ လေယာဉ်စီးရမှာလား။ ဒါကို တစ်သက်လုံး ဂုဏ်ယူရတော့မှာပဲ "

ရီဟီဆာ နီကာနဲဆိုသည့် နာမည်ကို ယဲ့ဖန် ပထမဆုံးကြားလိုက်သည့်အခါ သူ အရင်က တစ်နေရာရာမှာ ကြားဖူးသလို ခံစားလိုက်ရသည်။

သူ့စိတ်ကို ပြန်လည်သုံးသပ်လိုက်ရာ အမြန် ပြန်မှတ်မိလာသည်။

သူသည် လွန်ခဲ့သောရက်အနည်းငယ်က ဖုလုံဈေးဝယ်အဆောက်အဦးတွင် အာအိုးကိယု အကူအညီတောင်းခဲ့သော ရာမာဂူချီ-ဂူမီဂိုဏ်း၏ ဒုတိယဥက္ကဌ ဖြစ်သည်။

" ဒါဆို ဒုဥက္ကဌ နီကာနဲပေါ့။ ခင်ဗျား အာအိုးကိယု အစား စာရင်းရှင်းဖို့ ဒီကိုရောက်လာတာတော့ မဟုတ်ဘူးမလား "

ယဲ့ဖန်က နောက်ပြောင်လိုက်သော်လည်း နီကာနဲမှာတော့ သေမတတ် ကြောက်သွားသည်။

" လူကြီးမင်း ကျေးဇူးပြုပြီး မနောက်ပါနဲ့။ ဒီလိုအမှိုက်မျိုးက ယဲ့လူကြီးမင်းရဲ့ ကြိုးစားအားထုတ်မှုနဲ့ မထိုက်တန်ပါဘူး။ လူကြီးမင်းနဲ့ နားလည်မှုလွဲနေတာကို ဖြေရှင်းချင်လို့ ဒီနေ့ ဒီတာဝန်ကို လက်ခံလိုက်တာပါ "

ယဲ့ဖန်မှ သူ့အား အထင်လွဲမည် ကြောက်ပြီး သူ့ချွေးကို သုတ်လျက် ရှင်းပြသည်။

ယဲ့ဖန် ချက်ချင်း ရယ်လိုက်သည်။

" ကျွန်တော်က ခင်ဗျားကို နောက်နေတာပါ။ ခင်ဗျား ဒီအမှိုက်နဲ့ ဘာမှမဆိုင်ဘူးဆိုတာ သိတယ်။ မဟုတ်ရင် ခင်ဗျား ဒီနေ့ ဒီကို ရောက်လာမှာမဟုတ်ဘူး၊ ဟုတ်တယ်မလား "

ရီဟီဆာ နီကာနဲ တုန်လှုပ်သွားသည်။

မဟုတ်ပါက သူသည် အခေါင်းထဲ အိပ်နေရမည် ဖြစ်သည်။

" ယဲ့လူကြီးမင်း မှန်ပါတယ် ..... "

ရာမာဂူချီ-ဂူမီဂိုဏ်း၏ ဒုဥက္ကဌသည် ဤလူငယ်လေးအား ကြောက်နေသည်ကို တွေ့လိုက်သည့်အခါ သူတို့ ပိုလို့ပင် အံ့သြသွားကြသည်။

သူတို့သည် ယဲ့ဖန်၏ သရုပ်မှန်ကို စတင်ခန့်မှန်းကြတော့သည်။

လူအချို့သည် ယဲ့ဖန်အား ဂျပန်နိုင်ငံရှိ အဆင့်မြင့်အရာရှိကြီးတစ်ဦး၏ သားဖြစ်မည်ဟုပင် ထင်ကြသည်။

မဟုတ်ပါက သူသည် ဤသို့ အလေးပေးမှုမျိုး ခံရမည် မဟုတ်ပေ။

စူချီယွမ်သည် ဘေးမှ ပျော်ရွှင်စွာ ကြည့်နေသည်။

ထိုအခိုက်အတန့်တွင် သူ မတတ်နိုင်ဘဲ နှောင့်ယှက်လိုပ်သည်။

" ရီဟီဆာနီကာနဲ၊ မင်းက ငါ့အရှေ့မှာတော့ မောက်မာနေတာ မဟုတ်လား။ ဘာလို့ ယဲ့လူကြီးမင်း အရှေ့မှာကျ မြေးတစ်ယောက်လို ဖြစ်နေရတာလဲ "

ရီဟီဆာနီကာနဲသည် ယဲ့ဖန်ကို ရင်ဆိုင်ရသောအခါ အလွန်ရိုသေတတ်သော်လည်း သူ့ကို ရင်ဆိုင်ရသောအခါတွင်မှာတော့ အလွန်ရန်လိုနေသည်။

" စူချီယွမ်၊ ရွဲ့စောင်းတဲ့စကားတွေကို ရပ်လိုက်။ မင်းပြောတာက မင်းက ယဲ့လူကြီးမင်းကို မကြောက်တဲ့ပုံစံနဲ့ "

စူချီယွမ် အံ့သြသွားသည်။

" ရီဟီဆာနီကာနဲ၊ မင်း ခွေးကောင်။ မင်း ငါ့ကို သတ်ဖို့ ကြိုးစားနေတာလား။ ဒါပေါ့၊ ငါ ယဲ့လူကြီးမင်းကို မကြောက်ဘူး။ ငါက လူကြီးမင်းကို ငါ့အဘိုးလို လေးစားတာ။ အဲ့တာကြောင့် မင်းက ယဲ့လူကြီးမင်းကို ကြောက်ပဲကြောက်ပြီး သူ့ကို မလေးစားတာလား "

ရီဟီဆာနီကာနဲသည် သူ့ထောင်ချောက်ထဲ ကျ မသွားပေ။

" မဟုတ်တာ၊ ငါ့အဖေကို လေးစားသလောက် ယဲ့လူကြီးမင်းကို လေးစားတယ် "

သူတို့သည် မြှောက်ပင့်လေလေ ပိုမသတီစရာကောင်းလာလေလေ ဖြစ်သည်။

ယဲ့ဖန် ထပြီး သူတို့ကို ကန်ထုတ်ပစ်ချင်သည်။

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၃၄၀ )

အသေးစားလုပ်ငန်းက သူဌေးလား

စူချီယွမ်သည် အချိန်အတော်ကြာ စဉ်းစားနေပြီး ရုတ်တရက် တုံ့ပြန်လာခဲ့သည်။

" ရီဟီဆာနီကာနဲ၊ မင်းခွေးသား။ မင်းငါ့ကို အခွင့်ကောင်းယူနေတာလား "

ရီဟီဆာနီကာနဲ သူ့ကို ပြုံးပြသည်။

" ငါ မင်းကို ဘယ်လို အခွင့်ကောင်းယူလို့လဲ "

စူချီယွမ်သည် ဒေါသတကြီး သူ့လက်ကို မြှောက်လိုက်သည်။

" ငါက ငါ့အဘိုးကို လေးစားတယ်ပြောတော့ မင်းက မင်းအဖေကို လေးစားသလိုလို့ ပြောပြီး ငါ့ထက် ဝါစဉ်သာအောင် လုပ်နေတာ မဟုတ်ဘူးလား "

ရီဟီဆာနီကာနဲ ပုခုံးတွန့်လိုက်သည်။

" မင်းဘာသာ ငါ့သားဖြစ်ချင်နေတာ။ မင်းကို ငါ အတင်းအကြပ်မလုပ်ဘူး "

သူတို့နှစ်ယောက် ရန်ဖြစ်နေကြသည်ကို လူတိုင်းမြင်သည့်အခါ ကြောက်စရာကောင်းပြီး တစ်ချိန်တည်းမှာပင် ရယ်စရာကောင်းသည်ကို တွေ့လိုက်ရသည်။

ဤလူနှစ်ယောက်သည် ယဲ့ဖန်ထက် များစွာအသက်ကြီးသော်လည်း ယခုအခါ သူ့ကို သူတို့၏ အဖေနှင့်အဘိုးအဖြစ် အသိအမှတ်ပြုရန် တိုက်ပွဲဝင်နေကြသည်။

ရီဟီဆာနီကာနဲနှင့် စူချီယွမ်တို့သည် ခဏတာ စကားဆက်များပြီးနောက် ထောင့်စွန်းတွင် ပုန်းနေသော အမျိုးသမီးကို လှည့်ကြည့်လိုက်သည်။

" ယဲ့လူကြီးမင်း ပြဿနာဖြစ်နေတာလား။ ကူညီပေးရမလား "

ထိုစကားကို ပြောပြီးသည်နှင့် ထိုအမျိုးသမီးမှာ မထိန်းနိုင်ဘဲ မြေကြီးပေါ်ကို လဲကျသွားသည်။

ကံနဂါးအဖွဲ့အစည်းသည်ပင် ကြောက်စရာကောင်းနေပြီဖြစ်ရာ ရာမာဂူချီ-ဂူမီဂိုဏ်းပါ ပါဝင်လာပါက သူမအသက်တစ်ရာရှိရင်ပင် သေရပေလိမ့်မည်။

ယဲ့ဖန် သူမကို ငုံ့ကြည့်လိုက်ပြီး ခေါင်းယမ်းလိုက်သည်။

" မလိုပါဘူး "

ရီဟီဆာနီကာနဲ အနည်းငယ် ဝမ်းနည်းသွားသည်။

ယဲ့ဖန်မှ 'ဟုတ်တယ်'ဟု ပြောစေချင်ခဲ့သည်။

ထိုအခါ သူသည် ထိုမိန်းမကို သတ်ပစ်ပြီး သူနှင့် ယဲ့လူကြီးမင်းကြားမှ သဘောထားကို ဖြေရှင်းနိုင်လိမ့်မည်။

သို့သော် ယဲ့လူကြီးမင်းက ထိုကဲ့သို့ပြောလိုက်၍ သူ ဘာမှ မပြောနိုင်တော့ပေ။

သူတို့သုံးယောက် ပေါ့ပါးစွာ စကားစမြည်ပြောနေကြစဉ်တွင် ဇိမ်ခံကားများ လေဆိပ်အပြင်ဘက်မှ မောင်းဝင်လာခဲ့သည်။

ကားတံခါး ပွင့်လာပြီးနောက် အနည်းဆုံး လူနှစ်ဆယ်ကျော် ထွက်လာသည်။

သို့သော် ဤတစ်ခါ ထိုလူများသည် အနက်ရောင်ဝတ်စုံများ မဝတ်ထားကြပေ။

ထိုအစား သူတို့သည် အမျိုးမျိုးသောအဝတ်အစားများကို ၀တ်ဆင်ထားပြီး သူတို့၏ ကိုယ်ရောင်ဝါသည် ရာမာဂူချီ-ဂူမီဂိုဏ်းနှင့် ကံနဂါးအဖွဲ့အစည်းထက် အနည်းငယ်နိမ့်ကျသည်။

ထိုလူအုပ်စုသည် လေယာဉ်ထွက်ခွာခန်းဆီသို့ လျှောက်လာသောအခါ အားလုံးမှ တီးတိုးပြောကြသည်။

" ဒီလူတွေက ဘာလာလုပ်ကြတာလဲ။ သူတို့က ဂိုဏ်းက လူတွေနဲ့ မတူဘူး "

" ငါတော့ အဲ့လို မထင်ဘူး။ ဒါပေမယ့် သူတို့ မောင်းတဲ့ ကားတွေကို ကြည့်ရင် သူတို့က ချမ်းသာလောက်တယ်မလား "

" ဒီလူတွေက မြေအောက်အဖွဲ့အစည်းတွေထက် ကိုယ်ရောင်ဝါ သာတယ် "

" သူတို့က အသေးစားလုပ်ငန်းကလူတွေ ဖြစ်နိုင်တယ် မဟုတ်လား "

" သူတို့က ရာမာဂူချီ-ဂူမီဂိုဏ်းနဲ့ ကံနဂါးအဖွဲ့အစည်းလောက်တော့ ကြောက်ဖို့မကောင်းဘူး "

သို့သော် ထိုအချိန်တွင် ကံနဂါးအဖွဲ့အစည်းမှ စူချီယွမ်နှင့် ရာမာဂူချီ-ဂူမီဂိုဏ်းမှ ရီဟီဆာနီကာနဲတို့က ဦးဆောင်ကြိုဆိုလိုက်ကြသည်။

ထို့နောက် အရှေ့ဆုံးတွင် လမ်းလျှောက်လာသော လူလတ်ပိုင်းတစ်ဦးအား ဦးညွှတ်ကြလေသည်။

" ကံနဂါးအဖွဲ့အစည်း စူချီယွမ်က လူကြီးမင်း ဖုမာကို နှုတ်ဆက်ပါတယ် "

" ရာမာဂူချီ-ဂူမီဂိုဏ်း ရီဟီဆာနီကာနဲက လူကြီးမင်း ဖုမာကို နှုတ်ဆက်ပါတယ် "

ရောက်ရှိလာသူမှာ ဖုမာမျိုးနွယ်စု၏ ခေါင်းဆောင် ဖုမာ ဟာရာဘူဆာမှ လွဲ၍ အခြားသူ မဟုတ်ပေ။

ဖုမာမိသားစုသည် လူအများကြားတွင် အထူးတလည် နာမည်ကြီးသည် မဟုတ်သော်လည်း အထက်တန်းစားများ၏ အမြင်တွင် သူတို့၏ပုံရိပ်သည် ရာမာဂူချီ-ဂူမီဂိုဏ်းနှင့် ကံနဂါးအဖွဲ့အစည်းထက် များစွာကြီးသည်။

အထူးသဖြင့် ကာမီတာနီမျိုးနွယ်စုမှ စွမ်းအားကို ပေါင်းစည်းပြီးနောက် ဖုမာ မျိုးနွယ်၏ အင်အားသည် မကြုံဖူးသော အဆင့်သို့ တိုးမြင့်လာခဲ့သည်။

သူတို့သည် ဂျပန်နိုင်ငံ၏ နံပါတ်တစ် နင်ဂျာမျိုးနွယ်စုကြီး ဖြစ်လာသည်။

သူတို့ဂိုဏ်းနှစ်စု၏ ဒုဥက္ကဌများ မပြောနှင့် ဥက္ကဌကြီးများပင် သူ့ကို လေးစားကြရသည်။

ထိုမြင်ကွင်းက အားလုံးကို ချက်ချင်း တုန်လှုပ်သွားစေသည်။

ဤလူများသည် သာမန်ကုန်သည်များ သာ ဖြစ်သည်ဟုထင်၍ ရာမာဂူချီ-ဂူမီဂိုဏ်းနှင့် ကံနဂါးအဖွဲ့အစည်းကဲ့သို့ ကြောက်စရာ မကောင်းဟု သူတို့ ထင်ခဲ့ကြသည်။

သို့သော် ထိုဒုဥက္ကဌနှစ်ဦးသည် သူတို့ကို ကြောက်လန့်နေကြသည်ကို မြင်သောအခါ သူတို့ အထင်မှားသွားကြောင်း သိလိုက်ရသည်။

ဒါဆို ဒီမိသားစုက တကယ့် အကောင်ကြီးလား။

ဖုမာ ဟာရာဘူဆာသည် စူချီယွမ်နှင့် ရီဟီဆာနီကာနဲကို နှုတ်ဆက်ကာ ခေါင်းညိတ်ပြသည်။

သူ့ကဲ့သို့ ရှေးကျသည့် မိသားစုကြီးများသည် သူတို့၏ ကိုယ်ပိုင်ဂုဏ်များ ရှိသည်။

မဟုတ်ပါက သူသည် ရာမာဂူချီ-ဂူမီဂိုဏ်းနှင့် ကံနဂါးအဖွဲ့အစည်းကဲ့သို့သော အဖွဲ့အစည်းများကို နှိမ်ချကြသည်။

ယခင်က သူတို့ကို ကြည့်ပင်ကြည့်မည် မဟုတ်ပေ။

သို့သော် ယဲ့ဖန်ကြောင့် သူသည် ပြုံးလျက် နှုတ်ဆက်စကား ပြန်ပြောလိုက်သည်။

စူချီယွမ်နှင့် ရီဟီဆာနီကာနဲတို့သည် ယဲ့ဖန်၏ အကူအညီကြောင့် ဤသို့ အကျိုးကျေးဇူးရရှိသည်ကို သိသောကြောင့် သူ့ကို ဆက်လက် မနှောင့်ယှက်ရဲကြပေ။

ယဲ့ဖန်ကို နှုတ်ဆက်ပြီး ထွက်သွားကြတော့သည်။

ဖုမာ ကျန်းဝူသည် သူမအဖေရောက်လာသည်ကို မြင်သောအခါ ယဲ့ဖန် ၏ အနောက်တွင် ပုန်းနေပြီ ဖြစ်သည်။

သူမသည် သူမအဖေကို လျှို့ဝှက်စွာ စောင့်ကြည့်ရန် သူမ၏ မျက်လုံးကြီးများကို အသုံးပြုနေခဲ့သည်။

ဖုမာ ဟာရာဘူဆာသည် သူမကို စိုက်ကြည့်ပြီးသော်လည်း လျစ်လျူရှုလိုက်သည်။

သူသည် ယဲ့ဖန်စီသို့ လျှောက်သွားသည်။

" လူကြီးမင်းက ငါ့သမီးကို ပြန်ပေးဆွဲပြီး စကားမပြောဘဲ ထွက်သွားချင်တာလား "

အနီးနားရှိ လူအုပ်ကြီးသည် သူသည် အခြားနှစ်ယောက်ကဲ့သို့ လိုက်ပို့ရန် ဤနေရာ၌ ရှိနေသည်ဟု ထင်ခဲ့ကြသည်။

သို့သော် ထိုစကားကို ကြားလိုက်သောအခါ ချက်ချင်းပင် စိတ်ဝင်စားလာသည်။

ဒီတော့ သူတို့က သူ့ကို လိုက်ပို့ဖို့ မဟုတ်ဘဲ သူ့ကို ပြဿနာရှာဖို့လား။

" ဒီလူငယ်လေးက ဒီလောက် ချောနေတော့ အဲ့လို မထင်ထားဘူး။ ဒါဆို သူက လူကုန်ကူးတဲ့သူလား။ သူက တကယ်ပဲ မိန်းကလေးတစ်ယောက်ကို ပြန်ပေးဆွဲခဲ့တာလား "

" ဒါက လူကုန်ကူးတဲ့သူ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါက ခိုးပြေးလာတာလေ "

" ဟုတ်တယ်၊ ဟုတ်တယ်၊ အဲ့ဒီကောင်မလေးက အရမ်းစွဲလန်းနေတာ မမြင်ဘူးလား "

" အားလုံးပဲ ကိုယ့်သမီးကို ဂရုစိုက်ကြ။ ဒီကလေးကို ပြန်ပေးဆွဲခွင့် မပေးနဲ့ "

" ဟားဟားဟား၊ ယောက္ခမက သမက်ကို သတ်ဖို့ ဒီရောက်နေတာပဲ။ ဂိုဏ်းက သူ့ကို လိုက်ပို့တာထက် ပိုစိတ်ဝင်စားဖို့ ကောင်းတယ် "

နေရာရှိ လေထုသည် ချက်ချင်းပင် စိတ်အေးလက်အေးဖြစ်သွားကာ လူအများက သူ့ကို ရဲဝံ့စွာ ကျီစယ်ကြတော့သည်။

မိသားစုဇာတ်လမ်းများသည် လူဆိုးဂိုဏ်း ဇာတ်လမ်းများထက် များစွာ ရေပန်းစားသည်မှာ ထင်ရှားသည်။

ယဲ့ဖန် မထိန်းနိုင်ဘဲ ခါးသက်စွာ ပြုံးလိုက်သည်။

" ဖုမာဆန်ရဲ့ စကားလုံးတွေက ပြင်းထန်လွန်းတာပဲ။ ပြန်ပေးဆွဲတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ၊။ ကျွန်တော်တို့က ချစ်နေကြတာပါ၊ ဟုတ်ပြီလား "

ဖုမာ ဟာရာဘူဆာသည် ယဲ့ဖန်နှင့်အတူ စကားလုံးဂိမ်းကစားရန် ပျင်းလွန်းလှသည်။

" သူမက အခု အရွယ်ရောက်နေပြီ။ သူမက မင်းအနောက်ကို လိုက်ဖို့ ရွေးခဲ့တာဆိုတော့ ငါလည်း တားလို့ မရဘူး။ ဒါပေမယ့် မင်း သူ့ကို ကောင်းကောင်း ဆက်ဆံနိုင်မယ်လို့ ငါ မျှော်လင့်တယ်။ သူက ငါ့ရဲ့ တစ်ဦးတည်းသော သမီးပဲ။ မင်း သူ့ကို အနိုင်ကျင့်ရင် ငါ မင်းကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး "

သူသည် သူ၏ ခံစားချက်အစစ်အမှန်ကို ဖော်ပြနေသည် ဖြစ်သော်လည်း အနည်းငယ် အံသြသွားစရာကောင်းသည်။

ဖုမာ ကျန်းဝူလည်း ရင်ထဲထိသွားပြီး သူမအဖေ၏ ရင်ခွင်ဆီ ချက်ချင်း ပြေးသွားသည်။

" ဖေဖေ ...... "

ထိုမှသာ ယဲ့ဖန်သည် ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်သည်။

သူသည် ဖုမာ ဟာရာဘူဆာကို လေးနက်စွာ ကြည့်လိုက်သည်။

" စိတ်မပူပါနဲ့၊ ကျွန်တော် မိန်းကလေးတွေကို ဘယ်တော့မှ အနိုင်ကျင့်မှာ မဟုတ်ဘူး "

အားလုံးသည် သူ့စကားကြားပြီး ထောင့်၌ တုန်ရီစွာ ပုန်းနေသည့် အမျိုးသမီးကို ကြည့်လိုက်သည်။

'မိန်းမတွေကို အနိုင်မကျင့်ဘူးတဲ့လား'

ယဲ့ဖန် သူ့စကားမှာ တစ်ခုခုမှားနေပြီဟု ခံစားမိသည်။

" အထူးသဖြင့် ကျွန်တော့်မိန်းကလေး "

ဟု ထပ်ထည့် ပြောလိုက်သည်။

ဖုမာ ကျန်းဝူသည် သူမအဖေ၏ ရင်ခွင်ထဲတွင် ပုန်းနေပြီး ယဲ့ဖန်ကို ဒေါသတကြီး ကြည့်နေသည်။

သူက လိမ်နေတာပဲ။

မနေ့ညက သူမကို အနိုင်ကျင့်ဖို့ သူမအခန်းထဲပင် ခိုးဝင်ခဲ့သေးသည်။

သူမအဖေကို ပြောပြပြီး သင်ခန်းစာပေးခိုင်းရမလား။

ဖုမာ ဟာရာဘူဆာသည် ယုံလား၊ မယုံလား မသိသော်လည်း ခေါင်းညိတ်ပြပြီး ညာလက်ကို ရုတ်တရက် ဆန့်လိုက်သည်။

သူ့အနောက်မှ လက်အောက်ငယ်သားတစ်ဦးသည် ချက်ချင်း သေတ္တာတစ်လုံးကို ချပေးလိုက်သည်။

သေတ္တာမှာ လက်ရာမြောက်စွာ ဖန်တီးထားပြီး စျေးကြီးကြောင်း တစ်ချက်ကြည့်ရုံဖြင့် ပြောနိုင်သည်။

" ပြောရရင် မင်းက ငါတို့ ဖုမာမျိုးနွယ်အတွက် ကျေးဇူးအများကြီးရှိခဲ့တယ်။ ငါက မင်းကို ပြန်ဆပ်တောင် မကုန်နိုင်ဘူး။ မင်းအတွက် လက်ဆောင်အနေနဲ့ ဒီနှစ်တစ်ထောင်သက်တမ်းရှိတဲ့ ဂျင်ဆင်းကို ယူသွားပါ "

သူသည် ပြောသည့်အတိုင်း သေတ္တာကို ဖွင့်လိုက်သည်။

ထို့နောက် သေတ္တာထဲတွင် လိမ်ထားသော အကိုင်းအခက်များပါသည့် ဂျင်ဆင်းရိုင်းကို တွေ့လိုက်သည်။

မုန်လာဥနီ အရွယ်လောက် ရှိသည်။

မှော်ဆန်ပြီး လူအသေးလေး ပုံစံရှိသည်။

ဝိညာဉ်ဖြစ်ခါနီးနေပြီ ဖြစ်လေသည်။

All Chapters