← Chapters

အခန်း (၁၃၄၁-၁၃၄၄)

Vol. 68 Ch. 1341-1344

အခန်း (၁၃၄၁-၁၃၄၄)

Vol. 68 Ch. 1341-1344

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၃၄၁ )

အရေထူပြီး အရှက်မရှိသူ

ဂျင်ဆင်းရိုင်းကို မြင်လိုက်သူတိုင်း အံ့ဩသွားကြသည်။

ဂျင်ဆင်းရိုင်းသည် အလွန်ပင် ရှားပါးလှသည်။

နှစ်တစ်ထောင်မပြောနှင့် နှစ်တစ်ရာဂျင်ဆင်း ရရန်မှာပင် ခက်ခဲလွန်းလှသည်။

ဤအရာများကို ဈေးကွက်ထဲ၌ ရှာမရနိုင်သည်မှာ သေချာသည်။

ရှေးခေတ်မိသားစုကြီးများတွင်ပင် ရှိကောင်းရှိနိုင်မည် မဟုတ်ပေ။

ဖုမာမျိုးနွယ်စုသည် ဤကဲ့သို့ အဆင့်မြင့် ဆေးဖက်ဝင်အပင်တစ်မျိုးကို ထုတ်လုပ်နိုင်စေရန် သူတို့၏ အခြေခံအုတ်မြစ်သည် မည်မျှ နက်ရှိုင်းသည်ကို တွေ့မြင်နိုင်သည်။

" အမလေး ဘုရားရေ၊ နှစ်တစ်ထောင်သက်တမ်းရှိတဲ့ ဂျင်ဆင်းရိုင်းလား။ ဒါက တကယ်ကို ရှားတာပဲ။ အဲ့တာက အနည်းဆုံး ဂျပန်ယန်း သန်းဆယ်ဂဏန်းလောက် တန်တယ် မဟုတ်လား "

" သန်းဆယ်ဂဏန်းတဲ့လား။ မင်း ဘာတွေတွေးနေတာလဲ။ ဒါက တကယ့်ရတနာပဲ။ သန်းဆယ်ဂဏန်းလောက်ပဲ တန်တယ်ဆိုရင်တောင် ဒါကိုရဖို့အတွက် လူတွေ လုကြရမှာ "

" သန်းဆယ်ချီတန်တဲ့ လက်ဆောင်တစ်ခုတဲ့လား။ ဒါက အရမ်းကို ချမ်းသာနေတာ မဟုတ်ဘူးလား "

" အဓိကက ဒီလူငယ်လေးက အတော်လေး မျက်နှာပန်းကြီးလို့ ဖြစ်ရမယ်။ ဒါက သူ့ဖြစ်တည်မှုက အနည်းဆုံး ဂျပန်ယန်း သန်းရာဂဏန်းလောက် တန်တယ်လို့ သက်သေပြနေတာပဲ "

" ဒီနေ့ တကယ် အမြင်ကျယ်ကုန်ပြီ။ ဒီလူငယ်လေးက အကောင်ကြီးတွေ အားလုံးရဲ့ အထက်စီးကပဲ "

ထိုမြင်ကွင်းကြောင့် လူတိုင်း ထိတ်လန့်သွားပြီး တီးတိုး ပြောကြသည်။

အမှန်တွင် သူတို့အားလုံး၏ အထင်မှာ မှားနေသေးသည်။

ဤဂျင်ဆင်းရိုင်းသည် ဂျပန်ယန်း သန်းရာချီလောက်ရှိရုံမျှ မရိုးရှင်းပေ။

လူများစွာသည် ထိုနတ်ဆေးအတွက် ရန်ဖြစ်ကြပေလိမ့်မည်။

ပိုက်ဆံများစွာ ပေးလျှင်ပင် မရနိုင်သည့်အခြေအနေမျိုး ဖြစ်နိုင်သည်။

အမှန်ပင် အသက်ကယ်နိုင်သည့် နတ်ဆေးတစ်လက်ဆို မမှားနိုင်ချေ။

တကယ်ပင် အရေးကြီးလှသည့် အချိန်များတွင် အသုံးဝင်နိုင်သည်။

သန်းရာချီက အသက်ကို ဝယ်နိုင်လို့လား။

အချို့လူများ၏ အသက်သည် ထိုမျှ တန်ကြေးမရှိသော်လည်း အချို့လူများ၏အသက်မှာ တန်ဖိုးရှိသည်။

ဤဂျင်ဆင်း၏ အသုံးဝင်မှုသည် ယဲ့ဖန် ရှာတွေ့ခဲ့သော လင်ဇီးထက် လုံးဝ မလျှော့နည်းပေ။

ယဲ့ဖန် ဟိတ်ဟန်ထားမနေဘဲ ချက်ချင်း သေတ္တာကို ယူလိုက်သည်။

သို့သော် သူ့ကို စနောက်ရန်လည်း မမေ့ပေ။

" ဖုမာဆန်၊ ကျွန်တော့်ခန္ဓာကိုယ်က မိန်းကလေးတွေ အများကြီးကို မခံနိုင်မှာ စိုးရိမ်လို့လား။ ဒီလောက်ကောင်းတဲ့ အားဖြည့်ဆေးကို ပေးတာဆိုတော့ "

ယဲ့ဖန်သည် သူ့ကို စနောက်လိုက်ခြင်းသာ ဖြစ်သော်လည်း ဖုမာဟာရာဘူဆာမှ တည်ကြည်စွာ ခေါင်းညိတ်ပြလာမည်ဟု မထင်ထားပေ။

" မင်း သိရင် ပြီးတာပဲ။ လူငယ်တွေက အဲ့တာတွေအတွက်နဲ့ အရမ်းကြီး အားကုန်မခံသင့်ဘူး။ သံမဏိခန္ဓာကိုယ် ဖြစ်နေရင်တောင် အားကုန်လာမှာပဲ "

ယဲ့ဖန်သည် ထိုစကားကို ကြားသောအခါ သူနှင့် ကျန်းဝူ ကစားနေသည်ကို ဖုမာဟာရာဘူဆာ ကြားသွားသည်ကို သိလိုက်သည်။

သူသည် အရေထူသူဖြစ်၍ ဘာပုံစံမှ မပြပေ။

သို့သော် ဖန်းကျန်းဝူမှာ ရှက်သွားပြီး သူမအဖေကို မကြည့်ရဲတော့ပေ။

ဖုမာ ဟာရာဘူဆာ၏ စူးရှသော အကြည့်သည် သူ့သမီး၏ အင်္ကျီပေါ်ရှိ ဆီကွက်ကို မြင်သွားသည်။

ထို့နောက် ထောင့်တစ်ရာ၌ တုန်ရီနေသော မိန်းမတစ်ယောက်ကို မြင်ပြီး ချက်ချင်းမေးလိုက်သည်။

" ပြဿနာဖြစ်နေတာလား "

ထိုမိန်းမ၏ မျက်နှာမှာ အကြောက်တရားဖြင့် ပြည့်နှက်သွားတော့သည်။

" မလိုပါဘူး၊ ကျေးဇူးတင်ပါတယ် "

ယဲ့ဖန် ကြောင်အနေရတော့သည်။

ဘာလို့ လူတွေက သူ့ကို ဒီမေးခွန်းပဲ မေးနေကြတာလဲ။

ဘယ်သူ့ကို လာပြီး အထင်သေးနေတာလဲ။

ယဲ့ဖန်သည် ဖုမာ ဟာရာဘူဆာနှင့် ခဏကြာ စကားပြောနေခဲ့သည်။

ထိုအချိန်မှာပင် လေယာဉ်ထွက်ခွာတော့မည့် ကြေညာချက် ထွက်ပေါ်လာသည်။

ယဲ့ဖန်သည် ဖုမာကျန်းဝူ၏ ပုခုံးကို ဖက်လျက် ဖုမာ ဟာရာဘူဆာကို ပြောလိုက်သည်။

" ဖုမာဆန်၊ စိတ်မပူပါနဲ့။ ခင်ဗျားရဲ့ သမီးကို ကျွန်တော့်စီ အပ်ထားလိုက်ပါ။ ကျွန်တော်အပါအဝင် သူ့ကို ဘယ်သူကမှ အနိုင်မကျင့်စေရဘူးလို့ ကတိပေးပါတယ် "

ဖုမာ ဟာရာဘူဆာ သူ့နှလုံးသားထဲမှ ရေရွတ်လိုက်သည်။

'ငါ စိတ်ပူတဲ့ မင်းစီကို ထည့်ပေးရမှာပဲ ငါက စိုးရိမ်နေတာပဲ'

သို့သော်လည်း သူသည် နောက်ဆုံးအဖြစ် စကားများကို စိတ်ထဲ၌သာ သိမ်းထားပြီး ထိုစကားများကို မပြောလိုက်ပေ။

သူ ခေါင်းညိတ်ရုံသာ ပြသည်။။

" ဒါဆို မင်းတို့ကို အန္တရာယ်ကင်းတဲ့ ခရီးဖြစ်ပါစေလို့ ဆုတောင်းတယ် "

ဖုမာ ကျန်းဝူ နှုတ်ခမ်းစူပြီး သူမအဖေ၏ ရင်ခွင်ထဲသို့ ချက်ချင်း ပြေးဝင်ကာ ငိုလေတော့သည်။

ဖုမာ ဟာရာဘူဆာပင် ထိုနေရာ၌ ငိုမိတော့သည်။

ယဲ့ဖန် သူတို့ကို မလောခဲ့ပေ။

တန်းစီနေသော လူများအားလုံး လေယာဉ်ပေါ်သို့ မတက်မချင်း သူတို့နှစ်ဦးသည် လက်ဝှေ့ယမ်းပြနေကြပြီးနောက် လုံခြုံရေးဂိတ်အား ဖြတ်ကာ လှည့်ထွက်သွားကြတော့သည်။

နှုတ်ဆက်ပါတယ် ဂျပန်နိုင်ငံ။

ယခုတစ်ကြိမ်တွင် ယဲ့ဖန်သည် ပထမတန်းလေယာဉ်ခုံကို မဝယ်ခဲ့ပေ။

ပိုက်ဆံမရှိ၍ မဟုတ်ဘဲ မလိုအပ်သောကြောင့် ဖြစ်သည်။

သူတို့ နှစ်ယောက်က ထိုင်ခုံများကို ကြိုယူထားပြီး ဖြစ်သည်။

တစ်ခုံမှာ ပြတင်းပေါက်ဘက်၌ ရှိပြီး နောက်တစ်ခုံသည် အလယ်၌ ရှိသည်။

ထိုအချိန်တွင် အမျိုးသားခရီးသည်တစ်ဦးသည် လမ်းဘက်မှ ခုံတွင် ထိုင်နေပြီဖြစ်သည်။

ဖုမာ ကျန်းဝူသည် စိတ်မကောင်းဖြစ်နေသည်ကို ယဲ့ဖန် မြင်နိုင်သည်။

ထို့ကြောင့် သူသည် အလယ်ခုံ၌ ထိုင်ပြီး ကျန်းဝူအား ပြတင်းပေါက်ဘက်၌ ထိုင်ခိုင်းလိုက်သည်။

သူမအား မည်သို့ နှစ်သိမ့်ရမည်ကို စဉ်းစားနေသည်။

ထိုအချိန်တွင် ဘေးမှ အမျိုးသမီးတစ်ဦး၏ အသံသည် ရုတ်တရက် ထွက်ပေါ်လာသည်။

" လူကြီးမင်း၊ ရှင်နဲ့ ထိုင်ခုံပြောင်းထိုင်လို့ ရမလား "

ယဲ့ဖန် လှည့်ကြည့်လိုက်သည့်အခါ သူတို့ကို ပြဿနာရှာခဲ့သည့် ဦးနှောက်မဲ့သော မိန်းမဖြစ်သည်ကို မြင်လိုက်ရသည်။

သူမသည် မျက်နှာကို ရေဆေးပြီးသွားပြီ ဖြစ်သည်။

အနည်းငယ် နီနေသေးသော်လည်း အဆင်ပြေနေလေသည်။

သူမသည် လျှောက်လမ်းဘက်တွင် ထိုင်နေသော ခရီးသည်အမျိုးသားနှင့် စကားပြောနေသည်။

ခရီးသည်အမျိုးသားသည် ပထမ၌ အံ့အားသင့်သွားပြီး မျက်မှောင်ကြုတ်သွားခဲ့သည်။

" ဘာလို့ ထိုင်ခုံပြောင်းပေးရမှာလဲ "

ထိုအမျိုးသမီးသည် သူနှင့် စကားပြောမနေဘဲ အိတ်ကပ်ထဲမှ ပိုက်ဆံတစ်အုပ်ကို ထုတ်ကာ ပြောလိုက်သည်။

" ကျေးဇူးပြုပြီး လဲပေးပါ ကျေးဇူးတင်ပါတယ် "

ထိုလူသည် အနည်းငယ် တွန့်ဆုတ်နေသော်လည်း နောက်ဆုံးတွင် သူသည် ပိုက်ဆံကို ယူကာ ခရီးဆောင်အိတ်နှင့်အတူ ထွက်သွားခဲ့သည်။

ထိုအမျိုးသမီးသည် ယဲ့ဖန်အနား၌ ချက်ချင်း ဝင်ထိုင်ပြီး သူ့ကို နှုတ်ဆက်လိုက်သည်။

" ယဲ့လူကြီးမင်း၊ ခုနက ကျွန်မအမှားပါ။ လူကြီးမင်း ကျွန်မကို ခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်ပါတယ် "

ယဲ့ဖန် သူမကို စိတ်မ၀င်စားနိုင်ပေ။

မျက်စိသာ မှိတ်ထားသည်။

သို့သော် ထိုအမျိုးသမီးသည် အရှုံးမပေးဘဲ သူနှင့် ပို၍ နီးကပ်လာခဲ့သည်။

" ယဲ့လူကြီးမင်း စိတ်မပူပါနဲ့။ ကျွန်မ ရိုက်ထားတဲ့ ဗီဒီယိုတွေအားလုံးကို ဖျက်လိုက်ပါပြီ။ လူကြီးမင်းဘက်က တောင်းဆိုတာ ဘာပဲဖြစ်ဖြစ် သဘောတူပေးပါ့မယ် "

သူမသည် နောက်ဆုံးစာကြောင်းကို ဖြည်းညှင်းစွာပြောပြီး တစ်စုံတစ်ရာကို အရိပ်အမြွက်ပြနေသည်။

" မင်း ပါးစပ်ပိတ်နေလို့ရမလား "

ယဲ့ဖန် အနည်းငယ် စိတ်ဆိုးသွားသည်။

သူမကို ချက်ချင်း ကြိမ်းမောင်းလိုက်သည်။

ထိုအမျိုးသမီးသည် အမြန် ပါးစပ်ကို ပိတ်လိုက်သော်လည်း ခဏကြာပြီးနောက် သူမ မထိန်းနိုင်ဘဲ ဆက်ပြောသည်။

" ယဲ့လူကြီးမင်း၊ ရေငတ်နေသေးလား။ ကျွန်မ အပြင်ကနေ အအေးနှစ်ပုလင်း ဝယ်လာတယ်။ ဘယ်အရသာကြိုက်လဲ "

သူမသည် စကားပြောနေစဉ် အိတ်ထဲမှ အချိုရည် နှစ်ပုလင်းကို ထုတ်ပြီး ခါယမ်းပြလိုက်သည်။

ယဲ့ဖန် မခံနိုင်တော့ဘဲ သူမကို အေးစက်စွာ စိုက်ကြည့်နေသည်။

" မင်း ထပ်ပြီး မဟုတ်တဲ့ စကားတွေ ပြောနေသေးရင် ငါ မင်းကို လေယာဉ်ပေါ်က ကန်ချပစ်မယ် "

ထိုမိန်းမသည် ကြောက်သွားပြီး တခြားဘာမှ မပြောရဲတော့ပေ။

သို့သော် အနက်ရောင်အသားကပ် ဝတ်ထားသည့် သူမ၏ ခြေထောက်များဖြင့် ယဲ့ဖန်၏ ခြေထောက်များကို ပွတ်နေခဲ့သည်။

ထို့အပြင် သူမသည် သူမ၏ ခြေအိတ်အပေါက်တစ်ပေါက် တမင်တကာ စုတ်ဖြဲထားကာ သူမ၏ အသားအရေကို ပေါ်လွင်စေခဲ့သည်။

တစ်ဖက်၌ ထိုင်နေသည့် ဖုမာ ကျန်းဝူ သည်းမခံနိုင်တော့ဘဲ သူမကို အပြစ်တင်ကြိမ်းမောင်းလိုက်သည်။

" ရှင်က အရှက်မရှိတာပဲ။ သူက ရှင့်ကို ငြင်းနေတာတောင် ဘာလို့ သူ့ကို နှောင့်ယှက်နေသေးတာလဲ "

ပြောရမည်ဆိုလျှင် ထိုအမျိုးသမီးသည် အမှန်တကယ်ပင် အရေထူလေသည်။

ထိုသို့ အပြစ်တင်ရှုံ့ချခံရသော်လည်း လုပ်ချင်တာကို လုပ်နေသေးသည်။

ယဲ့ဖန်နှင့် ဖုမာ ကျန်းဝူတို့သည် ပြောမရသည်အထိ အရှက်မရှိသည်ကို ကြုံဖူးခဲ့သည်။

ခဏကြာပြီးနောက် လေယာဉ် စတင်ထွက်ခွာသည်။

ယဲ့ဖန်သည် လေယာဉ် တည်ငြိမ်စေရန် ခဏတာ စောင့်ခဲ့ပြီးနောက် သန့်စင်ခန်းသို့ ထွက်သွားခဲ့သည်။

သန့်စင်ခန်းသုံးပြီးသည်နှင့် တံခါးဖွင့်ကာ ထွက်သွားတော့မည် ဖြစ်သည်။

ထိုအချိန် အမျိုးသမီးတစ်ဦး ရုတ်တရက် သူ့ရင်ခွင်ထဲသို့ တိုးဝင်လာသည်။

ပထမက ယဲ့ဖန်သည် ထိုမိန်းကလေးမှာ ဖုမာ ကျန်းဝူဟု ထင်လိုက်သော်လည်း ထိုအမျိုးသမီးမှာ အမှန်တွင် သူ ပါးရိုက်ချင်နေသူ ဖြစ်နေသည်။

" စောက်ချီး၊ မင်း ဘာလုပ်တာလဲ "

ယဲ့ဖန် မတတ်နိုင်ဘဲ ကျိန်ဆဲလိုက်သည်။

" လူကြီးမင်း၊ ကျွန်မမှားတာ သိပြီမလို့ ခွင့်လွှတ်ပါ "

ထိုအမျိုးသမီးသည် သူ့ခါးကို တင်းကြပ်စွာ ပွေ့ဖက်ထားပြီး သနားစရာကောင်းသည့် အမူအရာ ပြလာသည်။

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၃၄၂ )

မိန်းမလှလေးတွေကိုမှ ဆွဲဆောင်နိုင်ခြင်း

သူသည် ခွင့်မလွှတ်ဘူးဟု ဆိုပါက ထိုမိန်းကလေးသည် သူ့ကို ဆက်၍ တွယ်ကပ်နေမည်ကို ယဲ့ဖန် ပြောနိုင်လေသည်။

ထို့ကြောင့် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းညိတ်လိုက်တော့သည်။

" ကောင်းပြီ၊ ခွင့်လွှတ်တယ် ဟုတ်ပြီလား။ ဆက်ပြီး တွယ်ကပ်မနေနဲ့တော့ "

ထိုသို့ဖြင့် သူမကို တွန်းထုတ်ပြီး ထွက်သွားတော့မည် ဖြစ်သည်။

သို့သော် ထိုမိန်းမသည် လွှတ်မပေးဘဲ သူ့ကို ဆက်၍ ပွတ်သပ်နေသေးသည်။

" ယဲ့လူကြီးမင်းက ကျွန်မကို ခွင့်လွှတ်လိုက်ပြီဆိုတော့ ကျွန်မတို့ မိတ်ဆွေဖြစ်လို့ရမလား။ ကျွန်မက သိတတ်တဲ့အပြင် တခြားသူတွေလို မစွက်ဖက်တတ်ပါဘူး။ စမ်းကြည့်ပါလား "

သူမသည် အောက်နှုတ်ခမ်းကို ကိုက်ပြီး ယဲ့ဖန်ကို မျက်လုံးမှိတ်ပြလိုက်သည်။

ထို့နောက် သူမသည် ဖြည်းညှင်းစွာ ထိုင်ချပြီး သူ၏ ခါးပတ်ကို ဖြုတ်တော့မည် ဖြစ်သည်။

ယဲ့ဖန် သူမလက်ကို အမြန်ဆွဲတားကာ သူမကို နံရံသို့ တွန်းဖိလိုက်သည်။

" စောက်ရူးမ၊ စိတ်လွတ်သွားပြီလား။ ဘာလိုချင်နေတာလဲ "

ထိုအမျိုးသမီးသည် မကြောက်သွားသည့်အပြင် ယဲ့ဖန်ကို ဆက်၍ စိတ်ဆွနေသေးသည်။

" ဒါဆို ယဲ့လူကြီးမင်းက အားသုံးရတာ ကြိုက်တာလား။ ဒါဆို ကျွန်မ ပူးပေါင်းပြီး ရှင် စိတ်ကျေနပ်အောင် ခဏလောက် ရုန်းပေးပါ့မယ် "

ယဲ့ဖန်သည် ဘာတစ်ခွန်းမှ ပြန်ပြောနိုင်ခြင်း မရှိပေ။

သူမလက်ကို လွှတ်လိုက်သည်။

" ငါ မင်းကို နောက်ဆုံးအကြိမ် သတိပေးလိုက်မယ်။ ငါ့ကို ထပ်ပြီး ကပ်နေရင် ရိုင်းတယ်ဆိုပြီး အပြစ်မတင်နဲ့ "

ထိုသို့ဖြင့် သန့်စင်ခန်းထဲမှ လျှောက်ထွက်သည်။

ထိုမိန်းမသည်လည်း အနောက်မှ နီးကပ်စွာ လိုက်လာသည်။

သန့်စင်ခန်းသုံးရင် အပြင်၌ စောင့်နေသူများက ကြောင်သွားကြသည်။

ဟ၊ ဒီနှစ်ယောက်က လေယာဉ်ပေါ်မှာ လုပ်နေကြတာလား။

ဒါက စိတ်လှုပ်ရှားစရာ မကောင်းလွန်းဘူးလား။

" သခင်ကြီး၊ နေရာလဲရအောင် "

ယဲ့ဖန် ထိုင်ခုံသို့ ပြန်လာသောအခါ ဖုမာကျန်းဝူဘက်မှ စ၍ ခုံလဲရန် ပြောလာသည်။

ယဲ့ဖန် ထိုသည်ကို အမှန်တကယ် လိုအပ်နေသည်။

သူသည် ပြတင်းပေါက်ဘေးမှ ခုံသို့ ဝင်ထိုင်လိုက်တော့သည်။

ဖုမာကျန်းဝူသည် အလယ်၌ ထိုင်နေပြီး သူတို့နှစ်ယောက်ကို ခြားထားလိုက်တော့သည်။

ထိုမိန်းမမှာ စိတ်တိုနေသော်လည်း ဘာမှမလုပ်နိုင်ပေ။

ယဲ့ဖန်၏နားစည်မှာ နောက်ဆုံးတွင် ငြိမ်းချမ်းသွားတော့သည်။

ယန်းချန်မြို့သို့ ပြန်ရောက်ပါက ဘာလုပ်မည်ကို စဉ်းစားနေတော့သည်။

မကြာမီတွင် ယန်းချန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်လာသည်။

ယဲ့ဖန်နှင့် ဖုမာကျန်းဝူတို့ ခရီးဆောင်အိတ်ကို ယူပြီးနောက် ထွက်ပေါက်သို့ လျှောက်သွားတော့သည်။

ထိုအချိန် မိန်းမတစ်ယောက်အသံ အနောက်မှ ထွက်လာသည်။

" ယဲ့လူကြီးမင်း၊ ခဏစောင့်ပါဦး "

ယဲ့ဖန်နှင့် ဖုမာ ကျန်းဝူတို့ ရပ်မသွားပေ။

သို့သော် ထိုမိန်းမသည် အနောက်မှ ပြေးလိုက်လာသည်။

" ရှင်က တကယ် အရှက်မရှိတာပဲ။ ဘာလိုချင်သေးတာလဲ "

ဖုမာ ကျန်းဝူသည် ဆက်ထိန်းမထားတော့ပဲ ထိုမိန်းမကို ချက်ချင်း ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

ထိုမိန်းမသည် သူမကို ပြုံးလျက် နှုတ်ဆက်သည်။

" ညီမလေး၊ ဘာလို့ ဒီလောက် ရန်လိုနေတာလဲ "

" ဘယ်သူက ရှင့်ညီမလဲ "

ဖုမာ ကျန်းဝူသည် ထိုအခေါ်အဝေါ်ကို အတော်ပင် ရွံရှာသွားသည်။

" ကျွန်မက ယဲ့လူကြီးမင်းနဲ့ ခင်ချင်ရုံပါ။ တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး "

ထိုမိန်းမသည် ပြုံးလျက် ယဲ့ဖန်၏လက်ထဲသို့ စာရွက်တစ်ရွက် ထည့်ပေးလိုက်သည်။

" ယဲ့လူကြီးမင်း၊ ဒါက ကျွန်မရဲ့ ဖုန်းနံပါတ်နဲ့ ဟိုတယ်လိပ်စာပါ။ အပန်းဖြေချင်ရင် ဆက်သွယ်လိုက်ပါ "

ထိုသို့ပြောပြီးနောက် ယဲ့ဖန်ကို မျက်စိမှိတ်ပြကာ သူမ၏ ခရီးဆောင်အိတ်ကို သယ်ပြီး ထွက်သွားတော့သည်။

ဖုမာ ကျန်းဝူ ဒေါသထွက်လွန်း၍ အံကြိတ်လိုက်သည်။

သူမသည် ဖုန်းကို ထုတ်ပြီး သူမမိသားစုစီ ချက်ချင်း ဆက်သွယ်ကာ ထိုမိန်းမ၏ အကြောင်းကို စုံစမ်းခိုင်းတော့သည်။

သူမ၏ ယောက်ျားအား လုယူချင်ခြင်းအတွက် ပေးဆပ်ရပေမည်။

ယဲ့ဖန်အား အပိုင်သိမ်းထားရန်မှာ မဖြစ်နိုင်သည်ကို သူမ သိသည်။

သို့သော် တစ်ဖက်သူသည် အနည်းဆုံး ချန်းရွှမ်တို့ ရှုမန်တို့ကဲ့သို့ အရည်အချင်းရှိရပေမည်။

ဒီလို အောက်ကျတဲ့မိန်းမစားက ငါ့လူကို လာလုချင်နေတာလား။

ယဲ့ဖန်သည် ကျန်းဝူမှာ ကြောင်ပေါက်လေးတစ်ကောင်လို စိတ်ဆိုးနေသည်ကို မြင်သောအခါ မတတ်နိုင်ဘဲ ခေါင်းခါမိသည်။

ဖုမာကျန်းဝူသည် တခါတရံ တကယ်ပင် ကလေးဆန်တတ်လွန်းသည်။

သို့သော် ထိုပုံစံကပင် သူမကို ချစ်စရာကောင်းစေသည်။

ထို့ကြောင့် သူ သူမကို မတားခဲ့ပေ။

" သခင်ကြီး၊ ကျန်းကောပြည်နယ်ကို သွားပြီး ရှန်းဘုရင်ရဲ့ လျှို့ဝှက်ရတနာကို သွားရှာမှာလား "

ဖုမာ ကျန်းဝူ ဖုန်းခေါ်ပြီးနောက် ခေါင်းပြန်လှည့်လာပြီး မေးလိုက်သည်။

" ဟုတ်တယ်၊ ရတနာသိုက်မှာ ဘာရှိလဲဆိုတာကို ရှာဖို့ အချိန်ကျပြီ "

ယဲ့ဖန်သည် သူ၏ အစီအစဉ်အား သူမကို ဖုံးကွယ်မထားပေ။

" သခင်ကြီး "

ဖုမာ ကျန်းဝူသည် ခေါ်လိုက်ပြီး ခဏတာ ရပ်လိုက်သည်။

" ကျန်းဝူ ရှေ့ပြေးအရင်သွားပေးရမလား "

ယဲ့ဖန်သည် ယခင်က ဤပြဿနာကို စဉ်းစားခဲ့ဖူးသည်။

သူသည် အာသာနှင့် ကျန်သူများကို ခိုင်းစေနိုင်သော်လည်း ဖုမာ ကျန်းဝူမှ အကြံပြုလာသောအခါ ယဲ့ဖန် သူမ၏ စိတ်အားထက်သန်မှုကို မဖယ်ချနိုင်ပေ။

" ခဏလောက် အနားယူလိုက်လေ။ မနက်ဖြန်မှ သွားလည်း ရပါတယ် "

" ရပါတယ်။ ကျန်းဝူ အခုပဲ စစ်ကြည့်လိုက်တာ နောက်ထပ် မိနစ်နှစ်ဆယ်အတွင်း ကျန်းကောပြည်နယ်ကို သွားမယ့် လေယာဉ်တစ်စီး ရှိတယ်။ လက်မှတ်တွေ အခုထိ ဝယ်လို့ရနေတုန်းပဲ "

" ဒါဆိုလည်း ..... ကောင်းပြီလေ "

ယဲ့ဖန် သူမစကားကို နားထောင်ပြီး လွှတ်ပေးလိုက်သည်။

" သခင်ကြီး၊ ကျန်းဝူက သခင်ကြီးကို တစ်ခုခု ကူညီပေးမှာလေ။ သခင်ကြီးက ကျန်းဝူကို ဖက်မထားပေးချင်ဘူးလား "

သူမသည် ပွေ့ဖက်ပေးရန် စတင်တောင်းဆိုလာပြီး ဖန်းကျန်းဝူ၏ မျက်နှာသည် အနည်းငယ်နီသွားသည်။

" ဖက်ရုံတင် ဘယ်လိုလုပ် ရမှာလဲ။ အနည်းဆုံး နမ်းရမှာပေါ့ "

ယဲ့ဖန်သည် သူမ၏ သွယ်လျသောခါးလေးကို ပွေ့ဖက်လိုက်ပြီး နှုတ်ခမ်းများကို ချက်ချင်း နမ်းရန် ရှေ့တိုးလိုက်သည်။

" အိုက်ယား၊ လူတွေအများကြီးရှိတယ်လေ "

ဖုမာ ကျန်းဝူသည် ချက်ချင်းပင် ရှက်ရွံ့စွာဖြင့် နောက်သို့ ဆုတ်သွားသော်လည်း ယဲ့ဖန်မှ ဆက်လက်၍ ဦးတည်နေဆဲဖြစ်သည်။

လမ်းသွားလမ်းလာများက သူတို့ကို အားကျစွာ ကြည့်နေကြသည်။

ငယ်ရွယ်ရတာ ကောင်းတာပဲ။

အဆုံးတွင် ယဲ့ဖန်သည် အောင်မြင်ခဲ့သည်။

သူမကို ခဏကြာ နမ်းပြီးနောက် လွှတ်ပေးလိုက်သည်။

ခရီးဆောင်အိတ်ကို ကိုင်လျက် လေဆိပ်ထဲမှ ထွက်လာသောအခါ အပြင်တွင် စောင့်နေသော ကျူးရှောင်ကျောင်းကို တွေ့လိုက်ရသည်။

သူမသည် အနီရောင် Ferrari FIXကားကို မှီထားပြီး သူမ၏ ခါးပတ်လည်တွင် ခါးပတ်ဖြင့် အနီရောင်ဝတ်စုံကို ၀တ်ဆင်ထားကာ သူမ၏ ကိုယ်လုံးသွင်ပြင်ကို အပြည့်အဝပေါ်လွင်စေနေသည်။

သူမ၏ ရှည်လျားသော ခြေနှစ်ချောင်းသည် ခြေအိတ်မပါသော်လည်း ချို့ယွင်းချက်တစ်ခုမျှ မရှိပေ။

သူမသည် အလွန်လှသည့် နတ်ဘုရားမ ဖြစ်သည်ကို မကန်းသည့်လူတိုင်း မြင်နိုင်သည်။

လေဆိပ်ထဲသို့ ဝင်ထွက်နေသော ခရီးသည်များသည် မသိစိတ်ဖြင့် အရှိန်လျှော့သွားကြသည်။

သတ္တိရှိသူအချို့သည် ထိုလှပသော အလှလေး၏မြင်ကွင်းကို ရိုက်ကူးရန် သူတို့၏ ဖုန်းကိုပင် ထုတ်ရိုက်ခဲ့ကြသည်။

ယဲ့ဖန် ထွက်လာသည်ကို မြင်ပြီး သူမက ချက်ချင်း လက်ပြလိုက်သည်။

" ဒီဘက်မှာ "

အလှလေးကို ပိုင်ဆိုင်ထားသူမှာ မည်သူဖြစ်သည်ကို သိချင်ကြ၍ အနီးနားရှိ ခရီးသည်များ အားလုံး ခေါင်းလှည့်ကြည့်ကြသည်။

အများစုမှာ ယဲ့ဖန်နှင့် လေယာဉ်တစ်ခုတည်းပေါ်မှ လိုက်ပါလာသည့် ခရီးသည်များဖြစ်သည်။

သူတို့သည် ချက်ချင်းပင် သူ့ကို မှတ်မိသွားကြသဖြင့် သူတို့၏ မျက်လုံးများသည် မနာလိုမှုများနှင့် ပြည့်လာတော့သည်။

လေယာဉ်ပေါ်၌ ဦးနှောက်မဲ့သည့် မိန်းကလေးမှာ ယဲ့ဖန်ကို တိုက်ခိုက်ရန် ကြိုးစားနေသည်ကို လူတိုင်း မြင်လိုက်ကြသည်။

သာမာန်လူများ၏ အမြင်အရ ထိုရူးသွပ်နေသော အမျိုးသမီးမှာ အတော်လေးလှသည်ဟု ယူဆနိုင်သည်။

မဟုတ်ပါက သူမသည် အင်တာနက်ပေါ်၌ ပရိတ်သတ်များစွာ ရှိမည် မဟုတ်ချေ။

ယဲ့ဖန်နှင့် ခရီးအတူသွားသည့် ဖုမာ ကျန်းဝူမှာတော့ ထိုမိန်းမထက် အဆင့်များစွာ သာလွန်လေသည်။

ယခု သူ့ကို လာကြိုသည့် အလှလေးမှာ ပိုလို့ပင် လှနေသေးသည်။

ပိုလို့ပင် ရှားသည်မှာ သူမသည် အလွန်ချမ်းသာပုံရသည်။

ဤသို့သော Ferrari ပြိုင်ကားတစ်စီးတည်းသည် ယွမ်၅သန်းမှ ၆သန်းလောက် ရှိပေမည်။

သူတို့ အားလုံး အလွန်သိချင်လာကြသည်။

ဒီကလေးရဲ့ထူးခြားချက်က ဘာမလို့လဲ။

မိန်းမလှလေးတွေ အများကြီး သူ့စီ စုပြုံလာအောင် လုပ်နိုင်တာလား။

ယဲ့ဖန် မသိစိတ်ဖြင့် အရှိန်ကို မြှင့်လိုက်ပြီး ကျူးရှောင်ကျောင်း အရှေ့သို့ ရောက်လာသည်။

" ရှောင်ကျောင်း ...... "

သူ့စကားမဆုံးခင်မှာပင် ကျူးရှောင်ကျောင်းသည် သူ့လက်နှစ်ဖက်စီသို့ ပြေးဝင်လိုက်သည်။

" လူဆိုးကောင်ကြီး၊ နင် ထွက်သွားတာ ကြာလှပြီ။ ငါ့ကိုတောင် မခေါ်သွားဘူး။ နင်ငါ့ကိုမေ့သွားပြီ ထင်နေတာ "

ထိုမြင်ကွင်းကို အနီးနားရှိ ခရီးသည်များ မြင်လိုက်သောအခါ သူတို့၏ မျက်လုံးများသည် မနာလို သဝန်တိုခြင်းများဖြင့် ပြည့်နှက်နေတော့သည်။

ဒီကလေးက အချိန်စီမံခန့်ခွဲမှုရဲ့ သခင်ကြီးပဲ။

ခဏလေးအတွင်းမှာပင် အလှလေး သုံးယောက်မှ အစချီကာ သူ့ရင်ခွင်ထဲသို့ ပြေးဝင်ကြသည်။

ဤသည်မှာ မယုံနိုင်စရာကောင်းအောင် ဆရာကျလွန်းလှသည်။

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၃၄၃ )

သဘောကျတယ်

" ရဲဘော် ကျူးရှောင်ကျောင်း၊ ကျေးဇူးပြုပြီး လူတွေရဲ့ အမြင်ကို အာရုံစိုက်ပါဦး "

ယဲ့ဖန် သူမကို အမြန်သတိပေးလိုက်သည်။

" နင် ...... ငါ အရမ်းဒေါသထွက်နေတာနော်။ နင့်စီကို ငါက အရင်လာဖက်တာတောင် နင်က အပြစ်တင်နေတာလား "

ကျူးရှောင်ကျောင်း သူ့ကို စိုက်ကြည့်ပြီး ချက်ချင်း တွန်းထုတ်လိုက်သည်။

ထို့နောက် လက်နှစ်ဖက်ကို ဖြန့်ပြီး မေးလေသည်။

" ငါ့လက်ဆောင်က ဘယ်မှာလဲ "

ယဲ့ဖန် ခေါင်းကိုက်လာသည်ကို ခံစားလိုက်ရသည်။

သူ့ခရီးဆောင်အိတ်ကို ညွှန်ပြ‌လေသည်။

" အခုထုတ်ရတာ အဆင်မပြေဘူး။ ပြန်ရောက်မှ ပေးမယ် "

" မရဘူး၊ ငါ အခုလိုချင်တယ် "

မမလေးကျူးသည် သူ့ကို ငြင်းရန် အခွင့်အရေးမပေးချေ။

သူမသည် ယဲ့ဖန်လက်ထဲက ခရီးဆောင်အိတ်ကို လုယူကာ Ferrariရှေ့သို့ သယ်လာပြီး လူတိုင်းရှေ့မှာပင် ဖွင့်ကြည့်လိုက်သည်။

ယဲ့ဖန် ခေါင်းယမ်းကာ ခါးသက်သက် ပြုံးလိုက်သည်။

သူမသည် အမှန်တကယ်ပင် အမျိုးသမီးဓားပြတစ်ဦး ဖြစ်သည်။

ကျူးရှောင်ကျောင်းသည် သူ့ခရီးဆောင်အိတ်ကို ဖွင့်ကြည့်လိုက်ရာ အထဲ၌ လက်ဆောင်များစွာရှိနေသည်ကို တွေ့လိုက်ရပြီး ချက်ချင်း လှည့်ကြည့်ကာ ယဲ့ဖန်ကို စိုက်ကြည့်သည်။

" နင်က တကယ့်ကို ပလေးဘွိုင်ပဲ "

ယဲ့ဖန် အနည်းငယ် ကြောင်အသွားသလို ခံစားလိုက်ရသည်။

" မင်းပဲ ဖွင့်ချင်နေတာလေ။ မဖွင့်ရင် မင်းမြင်မှာ မဟုတ်ဘူး "

မမလေးကျူးသည် အလွန်ဒေါသထွက်ကာ စကားမပြောနိုင်တော့ပေ။

ကျူးရှောင်ကျောင်းသည် သူ့ကို ပြန်စိုက်ကြည့်နေကာ ဘာမှ ပြန်မပြောတော့ဘဲ နေလိုက်သည်။

သူမ၏ နာမည်တပ်ထားသော သေတ္တာတစ်လုံးကို ထုတ်ယူပြီး ဖွင့်ကြည့်လိုက်သည်။

အထဲ၌ တရုတ်စာလုံးဖြင့် ရေးထားသည့် ငွေလက်ကောက်တစ်ခု ဖြစ်သည်။

စာလုံးကို ကြည့်လိုက်သောအခါ "ကျူးရှောင်ကျောင်း မင်း ပျော်နေရမယ်" ဟု ရေးထားသည်။

ထိုစကားလုံးများကို ဖုမာ ဟာရာဘူဆာ၏ စုတ်တံရေးခြင်း အကူအညီဖြင့် ယဲ့ဖန် ကိုယ်တိုင် ရေးသားခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဂျပန်ရှိ နာမည်ကြီးပန်းထိမ်ဆရာတစ်ဦးစီ အပ်ကာ လုပ်ခဲ့သည်။

ထိုနေ့က ယဲ့ဖန်သည် ဖုလုံဈေးဝယ်အဆောက်အဦးသို့ သွားပြီးနောက် လက်ဆောင်အချို့ ဝယ်ခဲ့သော်လည်း အလွန်သာမန်ဆန်သည်ဟု ခံစားမိသောကြောင့် အထူးလက်ဆောင်အချို့ကို ပေးရန် ဆုံးဖြတ်ခဲ့သည်။

ကျူးရှောင်ကျောင်းသည် ထိုလက်ကောက်ကို အလွန်နှစ်သက်ကြောင်း သိသာလေသည်။

သူမ၏ မျက်နှာငယ်လေးသည် ချက်ချင်းပင် နီရဲသွားကာ ယဲ့ဖန် ပလေးဘွိုင်တစ်ယောက်ဖြစ်သည်ကိုပင် ခွင့်လွှတ်လိုက်သည်။

" မင်း ကြိုက်ရဲ့လား "

ယဲ့ဖန် ချက်ချင်း မေးလိုက်သည်။

" အင်း၊ ကြိုက်တယ် "

မမလေးကျူးသည် အလွယ်တကူပင် ကျေနပ်သွားသည်။

သူမ လက်ကောက်ကို ချက်ချင်း ယူလိုက်သည်။

" ငါ့ကို ကူဝတ်ပေး "

ယဲ့ဖန် သူမလက်ပေါ်၌ လက်ကောက်ကို ဝတ်ပေးသည်။

ကျူးရှောင်ကျောင်းသည် သူမ၏ လက်ကောက်ဝတ်ကို ဆက်၍ လှုပ်ယမ်းနေသည်။

သူမ အလွန်ကြိုက်နှစ်သက်နေသည်မှာ သိသာလှသည်။

" ကျေးဇူးတင်ပါတယ် ယဲ့ဖန် "

" ကျေးဇူးတင်တာပဲလား "

ယဲ့ဖန်သည် ချက်ချင်းပင် မျက်ခုံးပင့်ကာ သူမကို ကြည့်လိုက်သည်။

" ဒါဆို နင်က ဘာလိုချင်လို့လဲ "

ကျူးရှောင်ကျောင်းသည် ယဲ့ဖန်ကို မျက်လုံးကြီးများဖြင့် ကြည့်နေသည်။

" ဒါကို ပြောဖို့ လိုသေးလို့လား "

ထိုစကားကို ပြောပြီးနောက် ယဲ့ဖန် နှုတ်ခမ်းစူလာခဲ့သည်။

ထိုသည်မှာ အရိပ်အမြွက်ပင် မဟုတ်ဘဲ တစ်စုံတစ်ခုကို ညွှန်ပြနေခြင်း ဖြစ်သည်။

" ကောင်းပြီလေ၊ ငါ နင့်ကို တစ်ကြိမ်လောက်တော့ ကျေနပ်အောင် လုပ်ပေးမယ် "

ကျူးရှောင်ကျောင်း ခြေဖျားထောက်လိုက်သည်။

ယဲ့ဖန်သည် သူမ တကယ် သဘောတူမည်ဟု မမျှော်လင့်ခဲ့ချေ။

သူ့ကို နမ်းလာမည့် သူမကို စောင့်မျှော်နေခဲ့သည်။

သို့သော် နောက်ဆုံးတွင် သူ အနမ်းကို မရလိုက်ပေ။

ထိုအစား သူ့နှုတ်ခမ်းပေါ် လက်နှစ်ချောင်းသာ ရောက်လာသည်။

ထို့နောက် ကျူးရှောင်ကျောင်း ပြုံးပြီး ထွက်ပြေးသွားတော့သည်။

" ကောင်းပြီ၊ ငါနင့်ကို ကျေနပ်အောင် လုပ်ပြီးပြီ "

ယဲ့ဖန်သည် သူ့ခါးပေါ် ကူကယ်ရာမဲ့ လက်နှစ်ဖက်ကို ထောက်လိုက်သည်။

" မင်း အနိုင်ကျင့်နေတာ မဟုတ်ဘူးလား "

ကျူးရှောင်ကျောင်း သူ့ကို ဂုဏ်ယူစွာ ကြည့်တေသည်။

" ငါ့ဆီက အနမ်းရဖို့ လွယ်တယ်လို့ ထင်နေတာလား။ နင့်ရဲ့ စွမ်းဆောင်ရည်အပေါ်မှာ မူတည်တယ်။ နင် ကောင်းကောင်း စွမ်းဆောင်နိုင်ရင် ငါ နင့်ကို ဆုချမယ် "

ယဲ့ဖန်သည် ဇိမ်ခံကားကြီးကို မှီလျက် သူမကို ကြည့်လိုက်သည်။

" ဒါဆို ကိုယ့်ကို ဘယ်လို စွမ်းဆောင်စေချင်လို့လဲ "

ကျူးရှောင်ကျောင်း ခေါင်းလေးကို စောင်းပြီး တွေးလိုက်သည်။

" ငါ့ကိုခေါ်ပြီး ထွက်ကစားစေချင်တယ်။ ဒါပေမဲ့ နင်က အခုမှ ပြန်လာခါစဆိုတော့ ပင်ပန်းအောင် မလုပ်တော့ဘူး။ နေရာကောင်းရှာပြီး သွားစားကြမယ်။ အဲ့တာက တကယ် စားကောင်းတဲ့ဆိုင် ဖြစ်ရင်တော့ ငါနင့်ကို ဆုချမယ်လေ "

ထိုသို့ဖြင့် သူမ တံခါးကို ဖွင့်ပြီး ယာဉ်မောင်းနေရာ၌ ဝင်ထိုင်လိုက်သည်။

ယဲ့ဖန် ရှေ့ခရီးသည်ထိုင်ခုံတွင် ထိုင်ကာ ရေရွတ်နေသည်။

" စားဖို့ နေရာလား ...... "

ဟိုင်ယန်းစားသောက်ဆိုင်တစ်ခုအကြောင်း သူ ကျောင်းဖုလင်ထံမှ ကြားဖူးသည်။

ထိုနေရာသည် အလွန်နာမည်ကြီးကာ သူသွားသည့်အခါတိုင်း ကြိုတင်အမှာစာ ယူထားရကြောင်း ပြောလေ့ရှိသည်။

သူ ကျောင်းဖုလင်ကို ချက်ချင်း ဖုန်းခေါ်ပြီး အမှာစာယူခိုင်းလိုက်သည်။

ယဲ့ဖန်သည် ပြန်လာသည်နှင့် မိန်းမလှလေးဖြင့် သွားစားသောကြောင့် ကျောင်းဖုလင်က ဖုန်းထဲမှတစ်ဆင့် ပြဿနာရှာသေးသည်။

ယဲ့ဖန် သူနှင့် ခဏတာ စကားပြောဖြစ်ကြပြီး ဖုန်းချလိုက်သည်။

ထို့နောက် ကျူးရှောင်ကျောင်းကို လိပ်စာပြောလိုက်သည်။

ကျူးရှောင်ကျောင်းသည် ထိုစားသောက်ဆိုင်ကို GPS လမ်းညွှန်တွင် ရှာတွေ့ပြီးနောက် ထို ဟိုင်ယန်းစားသောက်ဆိုင်သို့ ဦးတည်မောင်းလေသည်။

စားသောက်ဆိုင်သို့ သွားရာလမ်းတွင် လမ်းပိတ်ဆို့မှု မရှိသောကြောင့် အရှိန်သတ်မှတ်ချက် မရှိပေ။

ကျူးရှောင်ကျောင်းသည် ယဲ့ဖန်ကို သူမ၏ ကားမောင်းစွမ်းရည် ပြသလိုသဖြင့် သူမ အနည်းငယ် မြန်ဆန်စွာ မောင်းလေသည်။

သို့သော် ယဲ့ဖန်၏ မျက်လုံးထဲတွင် ထိုသည်မှာ မူလတန်းကျောင်းသားအဆင့် အရည်အချင်းလောက်သာ ရှိသည်။

ထိုအချိန်တွင် Mustang ကားထဲတွင် Buzz ဆံပင်ကေဖြင့် ယောက်ျားတစ်ဦး ဖုန်းဖြင့် တိုက်ရိုက်လွှင့်နေသည်။

သူ့နာမည်မှာ ထန်ရှန်းဖြစ်ပြီး ကွင်းနှစ်ကွင်းသခင်လေး၁၃ ဟူသော နာမည်ပြောင်ရှိသည်။

သူသည် ယခင်က ယန်းချန်မြို့တွင် ထိပ်တန်းကားပြိုင်သမား ဖြစ်ခဲ့သော်လည်း အရက်သေစာသောက်စားပြီး ကားမောင်းခဲ့သောကြောင့် အဖမ်းခံရပြီး လိုင်စင် ငါးနှစ်တာ ပိတ်ခံရသည်။

သူ၏ လိုင်စင်ကို ငါးနှစ်ကြာ ပြန်ရပြီးနောက် သူသည် ထိုပြိုင်ကားလောကတွင် နေရာမရှိတော့ပေ။

ထို့ကြောင့် အွန်လိုင်းနေရာတစ်ခုတွင် တိုက်ရိုက်လွှင့်ကာ ကားများအကြောင့် ဝေဖန်ကာ မှတ်ချက်ပေးသည်။

သူသည် ပရော်ဖက်ရှင်ရယ် ပြိုင်ကားသမား ဖြစ်ခဲ့ဖူးပြီး ရလဒ်ကောင်းများ ရဖူးသောကြောင့် အခြားသူများနှင့် ယှဉ်သည့်အခါ ကားများအကြောင်း မှတ်ချက်ပေးရာ၌ အလွန်တိကျသည်။

ထို့ကြောင့် သူသည် တစ်နှစ်တည်းဖြင့် ပရိတ်သတ် ၅သန်းကျော် ရလာခဲ့သည်။

သူသည် ထိပ်တန်းပြိုင်ကားဝေဖန်သူဟုပင် ဆိုနိုင်သည်။

ငွေစုဆောင်းခြင်းအပြင် ရံဖန်ရံခါ သူသည် အဓိကအားဖြင့် ပရိသတ်များကို အနိုင်ယူပေးရန် ထွက်ဆော့လေ့ရှိသည်။

ဤနည်းလမ်းမှာ တကယ်ပင် ထိရောက်မှုရှိသည်။

သူ၏ ပရိသတ်များသည် အခြားကားဝေဖန်ရေးများ၏ ပရိသတ်များနှင့် တွေ့သောအခါ သူတို့သည် အလွန်သာလွန်သည်ဟု ခံစားခဲ့ရပြီး ထိုအချက်က သစ္စာရှိပရိသတ်များစွာကို ဆွဲဆောင်နိုင်ခဲ့သည်။

ယနေ့ သူ့ပရိသတ်များကို အကျိုးခံစားခွင့် ပေးရမည့်အချိန်ဖြစ်၍ ပြုပြင်မွမ်းမံထားသည့် Mustangကားဖြင့် ထွက်လာခဲ့သည်။

" ထန်စစ်တပ်ရဲ့ ညီအကိုတို့၊ မင်းတို့ Like ပေးကြ။ Like ၅သန်းကျော်ရင် ငါတို့လမ်းမှာ လူတစ်ယောက်ကို ကျပန်းရွေးပြီး သူတို့နဲ့ နှစ်ကြိမ်ပြိုင်မယ် "

သူ ဖြည်းညှင်းစွာ မောင်းနှင်လာစဉ် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ပရိသတ်များကို အော်ဟစ်ပြောလိုက်သည်။

ရှေ့ခရီးသည် ထိုင်ခုံတွင် ဆွဲဆောင်မှုရှိစွာ ဝတ်ဆင်ထားသော မိန်းကလေးတစ်ဦး ရှိနေသည်။

သူသည် သူမကို လှုံ့ဆော်ပေးရန် ဖိတ်ခေါ်ခဲ့သည်။

ပရိတ်သတ်များသည် ခရီးသည်ထိုင်ခုံမှ လှပသည့်မိန်းကလေးကို တွေ့ကာ အော်ဟစ်ပြီး သဘောကျနေကြသည်။

လေထုမှာ ပိုမိုတက်ကြွလာသည်။

ထိုအမျိုးသမီးသည် အလွန်ကျွမ်းကျင်ပြီး ချက်ချင်းပင် ကြောက်လန့်သောအမူအရာကို ထုတ်ဖော်ခဲ့သည်။

" ကျွန်မတို့ မကြာခင် ကားပြိုင်ရတော့မှာ ကျွန်မ အရမ်းကြောက်တယ် "

တိုက်ရိုက်ထုတ်လွှင့်သည့် အခန်း၌ ကြည့်နေသူမှာ ၁သောင်းလောက်သာ ရှိသော်လည်း ထိုမိန်းကလေး၏ သနားစရာအသံကို ကြားပြီးနောက် သူတို့၏ စည်းလုံးမှုမှာ သိသာထင်ရှားစွာ တိုးလာပြီး Like ပေးခြင်း များလာတော့သည်။

Like အရေအတွက် တိုးလာသည်နှင့်အမျှ ပိုများသောလူများ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲသို့ ဝင်လာကြသည်။

မှတ်ချက်များသည် ဖန်သားပြင်ပေါ်တွင် လွှမ်းမိုးနေပြီ ဖြစ်သည်။

[ ဟားဟားဟား၊ ငါ မိန်းမတွေ ကြောက်နေတာကို ကြိုက်တယ်။ မကြောက်ပါနဲ့၊ ငါမင်းကို ကာကွယ်ပေးမယ် ]

[ ညီအစ်ကိုတို့၊ အစွမ်းကုန်လုပ်ကြ။ likeပေးတာကို မရပ်လိုက်နဲ့။ ၅သန်းပြည့်တာနဲ့ အစ်ကိုထန်က ငါတို့ကို နှစ်ပတ်လောက် ပတ်ခေါ်သွားမှာ ]

[ သူက ငနုံတွေကို နောက်တစ်ခါ နှိပ်စက်တော့မှာ။ ငါတော့ အရမ်းကြိုက်တယ်။ ဖြတ်သွားဖြတ်လာတွေကို အစ်ကိုထန် အနိုင်ကျင့်တာကို မြင်တိုင်း ငါ စောက်ရမ်း သဘောကျတာပဲ ]

[ အစ်ကိုထန်က ဒီနေ့ ဘယ်ကံဆိုးသူကို ရွေးမလဲ ]

[ အဲ့တာကို ကံဆိုးတယ်လို့ ဘယ်လိုလုပ် ခေါ်မှာလဲ။ ငါတို့ရဲ့ အစ်ကိုထန်က ရွေးချယ်တာကိုခံရတာ ကံကောင်းတာပဲ ]

[ ပြီးခဲ့တဲ့တစ်ခေါက်က ကံကောင်းတဲ့ ကားပိုင်ရှင်ကို မှတ်မိသေးလား။ အစပိုင်းမှာ သူက အစ်ကိုထန်ကို အော်ငေါက်ပေမဲ့ နောက်ဆုံးကျ ခြေရာတောင် မမြင်ရအောင် ကျန်ရစ်ခဲ့တာ။ နောက်ဆုံးကျ အင်ဂျင်က မီးလောင်သွားရော။ ရယ်ရတာ သေမတတ်ဘဲ ]

[ ဒါက အစ်ကိုထန်ရဲ့ အရည်အချင်းတွေ အရမ်းကောင်းတယ်ဆိုတာ သက်သေပြနေတာပဲ။ အင်ဂျင်မီးလောင်လာတာတောင်မှ ဖမ်းလို့မမိဘူး။ ဟားဟားဟား ..... ]

[ ဒီနေ့ရှိုးပွဲကို ပိုပြီး မျှော်လင့်နေပြီ။ အချိန်တန်ရင် အဲ့ဒီကံဆိုးတဲ့လူကို အနီးကပ်ပြဖို့ မမေ့နဲ့။ သူတို့ရဲ့ အမူအရာကို မြင်ချင်သေးတယ် ]

တစ်ယောက်နှင့်တစ်ယောက် ပြောဆိုနေကြချိန် Like အရေအတွက်မှာ ၅သန်းကျော်သွားခဲ့ပြီဖြစ်ပြီး တိုက်ရိုက်ထုတ်လွှင့်သည်ကို ကြည့်နေသူ ၃သောင်းအထိ ရောက်လာတော့သည်။

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၃၄၄ )

ဒီအရည်အချင်းနဲ့ ထွက်လာပြီး ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲနေတာလား

" ညီအစ်ကိုတို့၊ မင်းတို့က အရမ်းမိုက်တာပဲ။ မင်းတို့ကို သေအောင်ချစ်တယ် "

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ပေါက်ကွဲနေပုံကို မြင်ပြီး ထန်ရှန်း သူ့ကိုယ်သူ အလွန်ပင် ဂုဏ်ယူနေတော့သည်။

ကွင်းနှစ်ကွင်းသခင်လေး၁၃ဖြစ်သည့် သူသည် အရှုံးမရှိသော ရှင်သန်နေသည့် သူရဲကောင်းကြီး ဖြစ်သည်။

သူ ပြိုင်ကွင်းထဲ ပြန်မဝင်နိုင်ရင်ရော ဘာဖြစ်လဲ။

သူသည် တိုက်ရိုက်လွှင့်ခြင်းဖြင့် ကားပြိုင်စဉ်ကထက် ပိုရလေသည်။

ဤအရူးများမှာ ပိုက်ဆံများစွာ ရှိကြသည်။

ထွက်လာပြီး ငနုံများကို အနိုင်ပိုင်းရုံဖြင့် ပိုက်ဆံနှင့် လက်ဆောင်များစွာ ရနိုင်သည်။

ပြိုင်ကွင်းလောကမှ လူများက သူ့ကို ပြန်လာရန် ပြောလျှင်ပင် သူ ပြန်မလာချင်တော့ပေ။

" ကောင်းပြီ၊ အခု မင်းတို့ကို ငါ့ကတိ ဖြည့်ပေးမယ်။ ဘယ်သူက ကံကောင်းတဲ့ ဖြတ်သွားသူဖြစ်မလဲ ကြည့်လိုက်ရအောင် "

ထိုသို့ပြောပြီးလမ်းနှစ်ဖက်လုံးကို ကြည့်လိုက်သည်။

ထိုအချိန်မှာပင် အနီရောင် Ferrari F12သည် ရုတ်တရက် သူ့ဘေးမှ မောင်းဖြတ်သွားသည်။

ထန်ရှန်း ခဏတာ ကြောင်အသွားပြီးနောက် ဆဲလိုက်သည်။

" ချီး၊ ငါ့ကားကိုများ ကျော်ရဲတာလား။ သူ့ကို သတ်ကြမယ် "

တိုက်ရိုက်လွှင့်ခန်းထဲမှ သူများသည်လည်း သူ့စကားကြောင့် တက်ကြွလာကြသည်။

[ ဟုတ်တယ်၊ ဒီလိုကောင်တွေ အမုန်းဆုံးပဲ။ ပိုက်ဆံရှိတော့ ဘာဖြစ်လဲ ]

[ ဟုတ်တယ်။ Ferrari မောင်းတော့ရော ဘာဖြစ်လဲ။ အရည်အချင်းတွေ မကောင်းရင် အနိုင်ကျင့်ခံရမှာပဲ ]

[ သူတို့နောက်ကို မြန်မြန်လိုက်။ မိန်းမလှလေး ကားမောင်းနေတာကို တွေ့လိုက်တယ်။ သူမကို ခဏပဲ လှမ်းတွေ့လိုက်ပေမဲ့ အရမ်းလှပုံပဲ ]

[ အစ်ကိုထန်၊ မင်း အဲ့ဒီ Ferrariကို ကျော်တက်နိုင်တာနဲ့ မင်းကို ဒုံးပျံဆယ်လုံး လက်ဆောင်ပေးမယ် ]

[ ဒုံးပျံဆယ်လုံးလား။ ကိုယ့်အတွက်ကိုယ် သိမ်းထားသင့်တယ်။ အဲ့တာကို ကျော်နိုင်တာနဲ့ မင်းကို ဒုံးပျံ အခု၁၀၀ ပေးမယ် ]

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ပရိသတ်များအားလုံးသည် အော်ဟစ် တိုက်ပွဲဝင်နေကြသည်။

သူတို့၏ ပါဝင်မှုဖြင့် ကြည့်ရှုသူ အရေအတွက်မှာ ၄သောင်းအထိ မြင့်လာသည်။

ထန်ရှန်း၏ စိတ်ခံစားချက်များ လုံး၀ မြင့်တက်လာခဲ့သည်။

" ညီအစ်ကိုတို့၊ မင်းတို့ပြောတာ မှန်တယ်။ ငါလည်း ဒီလိုခွေးမျိုးတွေကို မုန်းတယ်။ ဒီတော့ ဒီနေ့ သူ့ကို သတ်လိုက်ကြရအောင် "

ထိုအချိန်မှာ ခရီးသည်ထိုင်ခုံ၌ ထိုင်နေသည့် မိန်းကလေးက နောက်တစ်ကြိမ် ထပ်ပြီး ပြောလာသည်။

" ဒါပေမယ့် ဒီ Ferrariက ထိပ်တန်းပြိုင်ကားမျိုးလို့ ကြားထားတယ်။ အရမ်းမြန်တယ်တဲ့။ နောက်ပြီး ယာဉ်မောင်းက တော်တော်လေး ကျွမ်းကျင်ပုံပဲဆိုတော့ ကျော်ဖို့က အရမ်းခက်ခဲလောက်တယ် ဟုတ်တယ်မလား "

ထန်ရှန်းမှ ချက်ချင်း ပြန်ပြောသည်။

" အဲ့တာက ခက်တာပေါ့။ ဒါပေမယ့် တဲ့သူကပြိုင် ဘယ်သူလဲဆိုတဲ့အပေါ်မှာ မူတည်သေးတယ်။ ကြည့်တာ အသစ်ဖြစ်တဲ့ ညီအစ်ကိုတွေက ငါ့ကို မသိလောက်ကြဘူး။ ငါက တစ်ချိန်က ယန်းချန်မြို့ရဲ့ ကားဘုရင်ဘွဲ့ကို သုံးကြိမ်ရဖူးတယ်။ လက်ရှိ အမျိုးသားချန်ပီယံ လျုံရှောင်ကို အဲ့ဒီတုန်းက ငါ အနိုင်ယူခဲ့တာ ..... "

သူ ကြွားဝါနေစဉ် သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသို့ ပထမဆုံးအကြိမ် ဝင်ရောက်လာသူ အများအပြားမှာ အံ့အားသင့်နေကြသည်။

[ တကယ်လား။ အရမ်းမိုက်တယ်တာပေါ့။ ဒါဆို ဘာလို့ ဒီကိုလာပြီး တိုက်ရိုက်ထုတ်လွှင့်နေတာလဲ ]

[ ကျစ်၊ မင်း နားမလည်ဘူးလား။ ဒီနေ့ခေတ် တိုက်ရိုက်ထုတ်လွှင့်မှုကို ပြိုင်ကားတွေက ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ ]

[ ဟုတ်တယ်၊ ဟုတ်တယ်။ အစ်ကိုထန်က တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုကနေ သန်းချီရနိုင်တယ်။ ကားပြိုင်ပွဲကနေ ငွေဘယ်လောက်ရနိုင်မှာမလို့လဲ ]

[ အစ်ကိုထန်ရဲ့ ကျွမ်းကျင်နဲ့ အဲ့လို ပိုက်ဆံရှိတဲ့ ခွေးတွေကို ကျော်တက်ဖို့က လွယ်လွန်းတယ် ]

[ သူဌေးတွေ အရှုံးပေးတဲ့အထိ နှိပ်စက်ခံရတာကို မြင်ရတာ ကြိုက်တယ်။ ဟားဟားဟား ..... ]

ခရီးသည်ထိုင်ခုံမှ အမျိုးသမီးက ပြောသည်။

" ကောင်းပြီ၊ အားလုံးပဲ ထွက်မသွားကြပါနဲ့။ ဒီနေ့ Ferrariကို ကျော်တက်နိုင်တာနဲ့ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ အခန်းထဲက လူတိုင်းရှေ့မှာ အသားကပ်အိတ်ကို ချွတ်မယ် "

သူမသည် ပြောသည့်အတိုင်း သူမခြေထောက်မှ အနက်ရောင်အသားကပ်ခြေအိတ်ကို ပြလိုက်သည်။

ထိုအခါ တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းမှာ ပိုလို့ပင် တက်ကြွသွားသည်။

[ ဒီခြေထောက်နှစ်ချောင်းက အရမ်းလှလွန်းလို့ ငါ သွားရည်တောင် ကျတော့မယ် ]

[ ခြေအိတ်ကို ချွတ်လိုက်၊ ခြေအိတ်ကို ချွတ်လိုက် ]

[ အစ်ကိုထန်၊ မင်း ပိုကြိုးစားရမယ်။ ငါတို့ညီအစ်ကိုတွေ အကျိုးကျေးဇူး ရမလားဆိုတာ မင်းအပေါ် မူတည်နေပြီ ]

[ တခြားအကြောင်းတွေ မပြောနဲ့။ အရင်ဆုံး ဒုံးပျံ ၅လုံး ပေးမယ်။ မင်း အနိုင်ရရင် ငါနောက်ထပ် အလုံး ၅၀ ပေးမယ် ]

[ ငါလည်း ဒီခြေထောက်လေးတွေကို ကြည့်ဖို့ပဲ ပြင်ထားလိုက်မယ်။ အနိုင်ရရင် မင်းကို ဒုံးပျံ ၁၀လုံးပေးမယ် ]

[ ခြေထောက် ကြည့်ချင်တယ် ခြေထောက် ကြည့်ချင်တယ် ....... ]

ခဏကြာပြီးနောက် ဖန်သားပြင်၌ လက်ဆောင်များနှင့် ပြည့်နေသည်။

ထန်ရှန်းသည် သူ့နှလုံးသားထဲမှ သူတို့ကို မထီမဲ့မြင်ပြုလိုက်သည်။

သူတို့အားလုံးသည် အရှုံးသမားများ ဖြစ်သည်။

ခြေအိတ်များကို ချွတ်လိုက်ရုံဖြင့် သူတို့ကို အမြင့်ထိ ဆွဲတင်နိုင်လေသည်။

သူသည် သူတို့ကို စိတ်ထဲတွင် မထီမဲ့မြင်ပြုနေသော်လည်း မျက်နှာပေါ်တွင် ပြုံးနေသေးသည်။

" ညီအစ်ကိုတို့၊ စိတ်မပူနဲ့။ မင်းတို့ရဲ့ အစ်ကို ထန်က ဒီနေ့ အသားကုန်ကြုံးမှာ။ ဘာပဲဖြစ်ဖြစ် ဒီနေ့ သူမခြေအိတ် ချွတ်ဖို့ ကူညီပေးမယ်။ ဒီနေ့ ဘယ်သူက သူမခြေထောက်ကို ကြည့်နိုင်မလဲဆိုတာ ကြည့်ကြတာပေါ့ "

တိုက်ရိုက်ထုတ်လွှင့်သည်ကို ကြည့်နေသော ပရိသတ်များသည် ထိုစကားကြောင့် ချက်ချင်း ကျေနပ်သွားသည်။

လက်ဆောင်များသည် ဖန်သားပြင်ပေါ်၌ ပျံ့နှံ့နေတော့သည်။

ထန်ရှန်းသည် လေထုသည် နေရာတကျ ဖြစ်နေပြီကို မြင်လိုက်ပြီး ကြည့်ရှုသူ လူအရေအတွက်မှာလည်း ၅သောင်း ကျော်သွားပြီ ဖြစ်သည်။

" ကောင်းပြီ ညီအစ်ကိုတို့။ ငါးကနေ စပြီးရေတွက်လိုက်ကြ။ ငါးစက္ကန့်အတွင်း ငါ သူတို့ကို ကျော်ပြမယ် "

ထိုသို့ပြောပြီးနောက် အရှိန်မြှင့်လိုက်သည်။

ပြုပြင်မွမ်းမံထားသော Mustangသည် နားစည်ဖောက်နိုင်ကာ အသံထွက်လာကာ သူ၏အရှိန်သည် ချက်ချင်း တိုးလာသည်။

" ငါး "

" လေး "

" သုံး "

" နှစ် "

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ပရိသတ်များသည် အမှန်တကယ်ပင် စတင်ရေတွက်နေကြသည်။

သို့သော် "တစ်"ဟု မအော်နိုင်မီတွင် Mustangကားသည် အနီရောင်Ferrariကို ကျော်တက်သွားခဲ့သည်။

" စောက်ချီး၊ ဒီအရည်အချင်းနဲ့များ အပြင်ထွက်လာပြီး သူ့ကိုယ်သူ အရှက်ခွဲနေတာလား။ ဘယ်လောက်တောင် ပျင်းစရာကောင်းလဲ "

ထန်ရှန်းသည် ပြတင်းပေါက်မှ လက်မကို ဇောက်ထိုးပြကာ မထီမဲ့မြင်ပြုသော အမူအရာ လုပ်လိုက်သည်၊

တိုက်ရိုက်ထုတ်သည့် အခန်းမှာ ချက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

[ ဟားဟား၊ အဲ့တာကို ကျော်တက်ဖို့ ငါးစက္ကန့်တောင် မကြာလိုက်ဘူး။ အစ်ကိုထန်က အရမ်းတော်တာပဲ ]

[ အဲ့ဒီကားပိုင်ရှင်က အရမ်းအားနည်းနေတာမဟုတ်ဘူးလား။ သူ့ကို တကယ်ကြီး လွယ်လွယ်နဲ့ ကျော်တက်နိုင်သွားတယ် ]

[ ဒုံးပျံပေးမယ်လို့ ကတိပေးတဲ့သူတွေရော။ ဘယ်မှာလဲ သေချင်ယောင်မဆောင်နဲ့ ]

[ ဘယ်သူ သေနေလို့လဲ။ ပိုက်ဆံပြန်ဖြည့်နေတာ။ ဒုံးပျံတွေ မကြာခင် ရောက်လာတော့မယ် ]

[ အလှလေး၊ မင်းရဲ့ကတိကို ဖြည့်ဆည်းပေးဖို့ အချိန်ရောက်ပြီ။ ခြေအိတ်ကို ချွတ် ]

[ ဟုတ်တယ်၊ မင်း ခြေအိတ်ကိုချွတ်။ မင်းခြေအိတ်ကို ချွတ်လိုက် ]

ရှေ့ခရီးသည် ထိုင်ခုံမှ မိန်းကလေးမှာ ခါးသီးစွာ ပြုံးပြသည်။

" တစ်ဖက်သူက အစွမ်းအစရှိတယ်လို့ ထင်ခဲ့တာ။ သူတို့က ဒီလောက်ထိ အားနည်းပြီး မြန်မြန်အကျော်ခံရမယ်လို့ မမျှော်လင့်ထားဘူး။ တကယ်ပဲ ခြေအိတ်ကို ချွတ်စေချင်တာလား။ တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းကို ပိတ်သွားမှာကို မကြောက်ဘူးလား "

ထန်ရှန်းသည် သူ့ညီအစ်ကိုများဘက်တွင် ချက်ချင်း ရပ်တည်ပြီး ပြောလိုက်သည်။

" အပိုတွေ မပြောနဲ့တော့။ မင်း ငါ့ညီအစ်ကိုတွေကို ကတိပေးထားတယ်မလား။ မင်းရဲ့ စကားကို တည်ရမယ်။ အခု ဖယ်လိုက် "

" ဟူး၊ ကောင်းပါပြီ "

ထိုမိန်းကလေးသည် သက်ပြင်းချကာ ကူကယ်ရာမဲ့စွာဖြင့် သူမခြေအိတ်များကို ဖြည်းဖြည်းချင်း ချွတ်လာသည်။

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းသည် ရုတ်ရုတ်သဲသဲ ဖြစ်လာပြန်တော့သည်။

[ ဘုရားရေ၊ ဒါက အရမ်းစိတ်လှုပ်ရှားစရာကောင်းတာပဲ။ မျက်ရည်တောင် ကျတော့မယ် ]

[ ညီအစ်ကိုတို့၊ ဒါက အကျိုးရှိတယ်။ အစ်ကိုထန်ရဲ့ ချန်နယ်မှလွဲပြီး တခြားဘယ်ချန်နယ်ကမှ ဒါမျိုး ကြည့်နိုင်မှာ မဟုတ်ဘူး ]

[ ဟုတ်တယ်၊ ဟုတ်တယ်။ အစ်ကိုထန်ကို အာရုံမစိုက်တဲ့သူတွေ အခု မြန်မြန် အာရုံစိုက်ကြ။ ဒီရတနာကို လက်လွတ်မခံကြနဲ့ ]

[ ကျွန်တော် ဒီခြေထောက်တွေနဲ့ တစ်နှစ်လောက် ကစားနိုင်တယ် ]

ယဲ့ဖန်သည် ဟိုင်ယန်းဟင်းလျာများအကြောင်း ကျူးရှောင်ကျောင်းနှင့် စကားပြောနေစဉ် Mustangတစ်စီး ရုတ်တရက် ကျော်တက်သွားသည်။

ထိုသည်သာမကသေးဘဲ တစ်ဖက်လူသည် ကားပေါ်မှ လက်တစ်ဖက်ကို ဆန့်ထုတ်ပြီး သူတို့ကို မထီမဲ့မြင်ပြုသည့် အမူအရာလုပ်ပြသည်။

ကျူးရှောင်ကျောင်း ဒေါသပေါက်ကွဲသွားသည်။

" ဘယ်သူက ငါ့ကို အထင်သေးရဲတာလဲ။ ဒီနေ့ ငါ သူ့ကို ဘယ်လို ရှင်းမလဲ စောင့်ကြည့်နေလိုက် "

သူမသည် စကားပြောရင်းနှင့် အရှိန်တင်တော့မည် ဖြစ်သည်။

ယဲ့ဖန် သူမလက်ကို အမြန်ဆွဲလိုက်သည်။

" မင်း သူ့ကို ကျော်တက်လို့ မရဘူး "

ကျူးရှောင်ကျောင်း သူ့ကို ဒေါသတကြီး ကြည့်သည်။

" နင်ငါ့ကို အထင်မသေးနဲ့။ ငါက အရမ်းတော်တာ "

ယဲ့ဖန် ခေါင်းယမ်းလိုက်သည်။

" သူ့ကားကိုကြည့်။ သူ့ကားကို အရမ်းအဆင့်မြင့်တဲ့ပုံစံ ပြုပြင်ထားတယ်။ သူက ဝါရင့်ကြီးမှန်း သိသာတယ်။ နောက်ပြီး သူ့ရဲ့ ကားမောင်းတဲ့စနစ်က အရမ်းကောင်းတယ်။ အစကနေ စပြီး ကျော်တက်တာ ငါးစက္ကန့်တောင် မကြာလိုက်ဘူး။ သာမန်လူတွေ လုပ်နိုင်တဲ့အရာ မဟုတ်ဘူး "

All Chapters