← Chapters

အခန်း (၁၃၄၅-၁၃၄၈)

Vol. 68 Ch. 1345-1348

အခန်း (၁၃၄၅-၁၃၄၈)

Vol. 68 Ch. 1345-1348

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၃၄၅ )

ပြိုင်ချင်ရင် အနိုင်ကျင့်ခံရဖို့ ပြင်ထား

ကျူးရှောင်ကျောင်းသည် သူ့သုံးသပ်ချက်ကို ကြားပြီးနောက် စိတ်ဓာတ်ကျသွားသည်။

" ဒါကို သည်းခံမလို့လား "

" ဒါကို ချီးမလို့ သည်းခံရမှာလား "

ယဲ့ဖန် သူမကို ချက်ချင်း စိုက်ကြည့်လိုက်သည်။

" သူများက ကိုယ့်ခေါင်းပေါ် လာထိုင်ရင် ငါတို့လည်း ပြန်ထိုင်ပြီး အလေးစွန့်ပေးရမှာပေါ့ြ "

ယဲ့ဖန်ပြောသည်မှာ ရွံစရာကောင်းသော်လည်း မမလေးကျူးမှာ ထိုစကားကို ကြားပြီး ပျော်သွားသည်။

" ဒါဆို နင် မောင်းမှာလား "

" ဒါပေါ့ "

ယဲ့ဖန် တွန့်ဆုတ်မနေဘဲ သဘောတူလိုက်သည်။

" ဒါဆို ငါ ကားကို အရင်ရပ်လိုက်မယ် "

ကျူးရှောင်ကျောင်း ပြောလျက် ရပ်တော့မည် ဖြစ်သည်။

" မလိုပါဘူး။ ဒီအတိုင်း ပြောင်းရအောင် "

ယဲ့ဖန် သူမ၏ အကြံဉာဏ်ကို ငြင်းလိုက်ပြီး နေရာလဲရန် အမူအရာပြလိုက်သည်။

" ဒီအတိုင်းကြီး လဲမှာလား။ အဲ့တာက အန္တရာယ်မများဘူးလား "

ကျူးရှောင်ကျောင်း တွန့်ဆုတ်သွားသည်။

" မြန်မြန်သာရွှေ့ရင် အဆင်ပြေတယ် "

ယဲ့ဖန် ထိုသို့ပြောပြီး ထိုင်ခုံခါးပတ်ကို ဖြုတ်လိုက်သည်။

သူသည် ရှေ့ဆက်နေသည်ကို မြင်ပြီး ကျူးရှောင်ကျောင်း ရွေးစရာမရှိဘဲ ခါးပတ်ဖြုတ်ပြီး နေရာရွှေ့ရန် ပြင်လိုက်သည်။

" ၁၊ ၂၊ ၃ ရေပြီးတာနဲ့ ထလိုက် "

ယဲ့ဖန် သူမကို ညွှန်ကြားပြီး စတင်ရေတွက်တော့သည်။

" ၁၊ ၂၊ ၃ ........... "

ကျူးရှောင်ကျောင်းသည် ယဲ့ဖန် ၃ထိရေသည်ကို စောင့်ပြီး ချက်ချင်း တင်ပါးကြွလိုက်သည်။

ယဲ့ဖန်သည် ၃အထိ ရေလို့မပြီးခင်မှာပင် ရွှေ့လာပြီးဖြစ်သည်။

ကျူးရှောင်ကျောင်း မလှုပ်ခင်မှာပင် သူမအောက်၌ တစ်စုံတစ်ယောက် ရောက်လာသည်ကို ခံစားလိုက်ရသည်။

သူမ ဟန်ချက်ပျက်ပြီး ထိုင်လိုက်မိသည်။

" အား .... "

ယဲ့ဖန်လည်း အာခေါင်သံဖြင့် အော်လိုက်သော်လည်း သူ၏ ပုံစံမှာ နာကျင်မှုကြောင့် အော်လိုက်ပုံမရပေ။

ကျူးရှောင်ကျောင်း၏ လှပသော ပါးပြင်လေးသည် သိသာစွာ အနီရောင်ပြောင်းသွားသည်။

နားရွက်များတောင် နီရဲလာသည်။

" ယဲ့ဖန် နင် လူဆိုးကောင်ကြီး "

သူမသည် ယဲ့ဖန်၏ ပေါင်ပေါ်မှ အလျင်အမြန်ဖယ်ကာ ရှေ့ခရီးသည်ထိုင်ခုံဆီသို့ အမြန်ရွှေ့လိုက်သည်။

သူမသည် ထိုအခါမှ သေချာထိုင်ရဲတော့သည်။

ယဲ့ဖန် ပြုံးပြီး ရပ်လိုက်သည်။

သူသည် ကျူးရှောင်ကျောင်းဘက်သို့ လှည့်၍ ညွှန်ကြားသည်။

" မင်းရဲ့ ထိုင်ခုံခါးပတ်ကို သေချာ ပတ်ထား။ ကိုယ်တို့ ချက်ချင်း ပြိုင်မယ် "

ကျူးရှောင်ကျောင်း သူ့ကို စိုက်ကြည့်နေသော်လည်း ထိုင်ခုံခါးပတ်ကို သေချာပတ်လိုက်သည်။

ယဲ့ဖန် သူ့ရှေ့မှ Mustangကားကို စိုက်ကြည့်နေသည်။

သူ့ပါးစပ်ထောင့်မှာ တွန့်ကွေးသွားသည်။

" မင်းက ပြိုင်ချင်တာလား။ သေဖို့သာ ပြင်ထားလိုက် "

ယဲ့ဖန်သည် ပြောပြီးသည်နှင့် Ferrari F12သည် တစ်နာရီကို မိုင် ၂၀၀ နှုန်းနှင့် ချက်ချင်းဆိုသလို အရှိန်တင်သွားသည်။

ဝူး

Ferrariသည် အနီရောင် လျှပ်စီးကြောင်းအဖြစ်သို့ ပြောင်းလဲကာ ပြေးထွက်သွားသည်။

တစ်ချိန်တည်းမှာပင် Mustangကားထဲရှိ ခရီးသည်ထိုင်ခုံမှ မိန်းကလေးသည် ပရိသတ်များကို ရင်ခုန်အောင် လုပ်နေဆဲဖြစ်သည်။

သူမ၏ အသားကပ်ခြေအိတ်သည် ဒူးနားအထိ တဖြည်းဖြည်း ကျွတ်လာခဲ့သည်။

[ မြန်မြန်၊ ငါ တစ်ရှူးတွေ ပြင်ဆင်ပြီးပြီ။ မြန်မြန်လေး ချွတ်ပါဟ ]

[ ဒီလောက်ကြာတာတောင် တစ်ဝက်ပဲ ချွတ်ရသေးတယ် ]

[ ငါ ဘောင်းဘီကိုတောင် ချွတ်ပြီးပြီ။ မင်းက ဒါပဲ ပြနေတာလား ]

[ အစ်ကိုထန်၊ မြန်မြန် သူမကို တိုက်တွန်းပါဦး။ ကြာလွန်းတယ် ]

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းရှိ ပရိသတ်များသည် စိတ်မရှည်တော့ပေ။

ထန်ရှန်းသည် ချက်ချင်းပင် စိတ်ဆိုးဟန်ဆောင်ကာ ထိုအမျိုးသမီးကို စိုက်ကြည့်လိုက်သည်။

" မြန်မြန် လုပ်ပေးပါလား။ ငါ့ညီအစ်ကိုတွေ မစောင့်နိုင်တော့ဘူး "

ထိုအမျိုးသမီးသည် ချက်ချင်းပင် သနားစရာကောင်းသော အမူအရာဖြင့် ပြောလိုက်သည်။

" လက်ဆောင်မရှိရင် ချွတ်တဲ့အခါ စိတ်လှုပ်ရှားမှာ မဟုတ်ဘူး "

" ရှင်တို့က အရမ်းနှေးတာပဲ "

ထန်ရှန်း ချက်ချင်း ကျိန်ဆဲလိုက်သည်။

ထို့နောက် လှည့်ကြည့်ပြီး တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းရှိ ပရိသတ်များကို ပြောလေသည်။

" ဘယ်အစ်ကိုကြီးက သူမကို ဒုံးပျံနှစ်စင်း ပေးမှာလဲ။ နောက်ထပ် ဖြတ်သွားဖြတ်လာကို ထပ်ပြိုင်ပြီးရင် သူမအဝတ်အစားတွေကိုပါ ချွတ်ပေးဖို့ ပြောပေးမယ် "

သူသည် စကားပြောပြီးသည်နှင့် ဒုံးကျည်များစွာသည် တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းထဲသို့ ချက်ချင်း ပျံဝင်လာသည်။

" ရှင်တို့ရဲ့ ဒုံးပျံတွေအတွက် ကျေးဇူးတင်ပါတယ် အစ်ကိုတို့။ ကျွန်မ အင်အားတွေ တက်လာပြီ "

ထိုအမျိုးသမီးသည် စကားဆုံးပြီးနောက်

သူမသည် ချက်ချင်းပင် အရှိန်မြှင့်တင်ကာ ခြေအိတ်တစ်ဖက်ကို အမြန်ချွတ်လိုက်သည်။

ထိုအခါ ကြည့်နေသူများကို စိတ်လှုပ်ရှားလာစေသည်။

[ အလှလေး၊ မင်း ခြေအိတ်ကို ရောင်းပါလား။ မင်းဝတ်ထားတာကို ငါ လိုချင်တယ် ]

[ ဒီခြေထောက်တွေက အံ့သြစရာပဲ။ ဖြူဖွေးနူးညံ့နေတာ ]

[ ဒီခြေထောက်တွေက အရမ်းလှတယ်။ မင်းခြေထောက်ပုံ ရောင်းလား ]

[ ချီးပဲ၊ ပြိုင်ကားကို ဘယ်သူက ကြည့်ချင်မှာလဲ ]

ထန်ရှန်းသည် ထိုနိမ့်ကျသူများကို သူ့စိတ်ထဲတွင် မထီမဲ့မြင်ပြုလေသည်။

ထိုအောက်ခြေတန်းစားများသည် အင်တာနက်ပေါ်မှ မျက်နှာပြင်ကိုသာ လျက်နိုင်သည်။

သူတို့ကို စိတ်ကုန်လေသည်။

" အိုက်ယား၊ ညီအစ်ကိုတို့ ကျွမ်းကျင်သူဘဝက တကယ်ကို အထီးကျန်ရတာပဲ။ ကျွမ်းတဲ့သူ တစ်ယောက်မှ မတွေ့သေးဘူး။ ဆာလောင်နေတာကို ဖြည့်ဖို့ အရမ်းတော်တဲ့သူ တွေ့ဖူးချင်သေးတယ် "

သူသည် တိုက်ရိုက်လွှင့်သည်ကို ကြည့်ပြီး ကြွားဝါသည်။

ကြည့်နေသူများကလည်း သူ့ကို စနောက်ကြသည်။

[ အစ်ကိုထန်ကတော့ ဒါက များပြီ ]

[ ဟုတ်တယ်၊ အရင်က ပရော်ဖက်ရှင်နယ် ကစားသမားလေ။ ယန်းချန်ကလူတွေက ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ ]

[ အဲ့ Ferrariက နှေးလွန်းတယ်။ ငါးစက္ကန့်တောင် မကြာသေးဘဲ ကျော်ခံလိုက်ရတယ် ]

[ ဒီလိုအမှိုက်တွေက အစ်ကိုထန်ရဲ့ ဖိနပ်ကို သယ်ဖို့တောင် မတန်ဘူး ]

ထန်ရှန်းသည် လူတိုင်းကြောင့် ကျေနပ်သွားပြီး ပြုံးလိုက်သည်။

" ညီအစ်ကိုတို့၊ ငါ ကြွားတာတော့ မဟုတ်ပေမဲ့ အဲ့ကားကို မျက်လုံးမှိတ်ပြီး ကျော်နိုင်မယ်ဆို ယုံလား "

သူသည် မှတ်ချက်တွေကို ဖတ်လို့မပြီးသေးခင်မှာပင် အနီရောင်အလင်းတန်းသည် ဖြတ်သွားသောကြောင့် သူ ချက်ချင်း ကြောင်အသွားသည်။

သူ မသိစိတ်မှ ရေရွတ်ဆဲလိုက်သည်။

" ချီး၊ ဘယ်လိုလုပ် ဒီလောက် မြန်တာလဲ "

မှတ်ချက်များမှာ ချက်ချင်း ပွဲကျသွားသည်။

[ ချီး၊ ဟိုဘက်က ပြန်ကျော်တက်သွားတာလား ]

[ အဲ့ကားက တစ်နာရီကို မိုင်၂၀၀နှုန်းနဲ့ မောင်းသွားတာလား။ ကားတွေ နည်းနည်းပဲ ရှိသေးတာ ဆိုပေမဲ့ ဒါက မြို့လမ်းကြီးလေ။ ဘယ်လိုလုပ် ဒီလောက်အမြန်ကြီး မောင်းရဲရတာလဲ ]

[ အစ်ကိုထန်၊ မြန်မြန် လိုက်ဖမ်း။ မင်းရဲ့ပြိုင်ဘက်က ရောက်လာပြီ။ မြန်မြန်ကျော်တက်လိုက်တော့ ]

[ ချီး၊ အခုနက ဒုံးပျံတွေ အလဟဿဖြစ်သွားပြီ။ တစ်ဖက်က ပြန်ကျော်တက်သွားပြီဟ ]

[ ဒါက မျက်နှာကို ရိုက်လိုက်တာပဲ မဟုတ်လား ]

ထန်ရှန်းသည် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ မှတ်ချက်များကို မြင်သောအခါ သူ့မျက်နှာသည် ချက်ချင်းပင် မည်းမှောင်သွားသည်။

ကျွမ်းကျင်သူဖြစ်၍ တစ်ယောက်တည်း အထီးကျန်ရသည်ဟု ပရိသတ်များ အရှေ့၌ ကြွားလုံးထုတ်ထားသော်လည်း မျက်လုံးတစ်မှိတ်အတွင်းမှာပင် မျက်နှာကို ရိုက်ခံလိုက်ရသည်။

ယနေ့ သူ ပြန်မပြိုင်ပါက ပရိသတ် အများအပြား ဆုံးရှုံးရမည်မှာ သေချာသည်။

" အားလုံးပဲ စိတ်အေးအေးထားကြပါ။ ဒီကလေးက ကြောက်ပြီထင်လို့ ငါ အရှိန်လျှော့လိုက်တာ။ သူက ဆက်ကစားချင်တာဆိုတော့ ငါတို့က ဖြည့်ဆည်းပေးရမှာပေါ့ "

သူသည် ပြောပြီးသောအခါ စိတ်အေးလက်အေးပုံစံ ဟန်ဆောင်လိုက်၍ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ သူ၏ အမာခံပရိသတ်အများအပြားက သူ့ကို စတင် ကူပြောကြသည်။

[ ဟုတ်တယ်၊ အစ်ကိုထန်က သတိလက်လွတ် ဖြစ်သွားလို့။ ဒီကလေးက ငါတို့ကို ခိုးဝင်တိုက်မယ်လို့ မမျှော်လင့်ထားဘူး ]

[ ဟုတ်တယ်။ ငါတို့ကို ခိုးကြောင်ခိုးဝှက် မတိုက်ခိုက်ရင် ဒီကလေး ဒီလိုအခွင့်အရေးမျိုး ရနိုင်မှာ မဟုတ်ဘူး ]

[ အစ်ကိုထန် ပြန်လုပ်ရင် ဒီကလေး ဒီနေ့ ဒုက္ခရောက်တော့မှာ ]

[ အဲ့ဒီကောင်လေးကို သင်ခန်းစာ ပေးပြီး ငါတို့ ထန်စစ်တပ်ရဲ့ စွမ်းအားကို သိပါစေ ]

[ အစ်ကိုထန်၊ ဒုတိယအတားအဆီးအတွက် သူ့ကိုသတ်မယ် ]

ထန်ရှန်းသည် တိုက်ရိုက်ထုတ်လွှင့်အခန်းမှ မှတ်ချက်များသည် ထင်ထားသည်ထက် အနည်းငယ် သာလွန်နေသည်ကို မြင်သောအခါ သက်ပြင်းတစ်ချက်ချလိုက်သည်။

" ညီအစ်ကိုတို့၊ နောက်တစ်ကြိမ် ငါးကနေ ရေတွက်လိုက်။ ငါ သူ့ကို ဘယ်လို ကျော်မလဲဆိုတာကို ကြည့်လိုက်ကြစို့ "

သူသည် ပြောပြီးနောက် သူ့ခြေလက်များ အလုပ်ပေးလိုက်သည်။

သူသည် ချက်ချင်းပင် အရှိန်မြှင့်လိုက်သည်။

ရွှီး

Mustangသည် ချက်ချင်းပင် အနက်ရောင် လျှပ်စီးကြောင်းအဖြစ် ပြောင်းလဲကာ Ferrari၏ အနောက်သို့ လိုက်သွားခဲ့သည်။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲ၌ ချက်ချင်း အားပေးကြတော့သည်။

[ ငါး ]

Mustangကားသည် အရှိန်မြှင့်နေဆဲဖြစ်ပြီး အင်ဂျင်ဟောက်သံသည် ပိုမိုကျယ်လောင်လာသည်။

တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းမှ လူများ သွေးဆူပွက်နေသလို ခံစားရသည်။

[ လေး ]

မျက်စိရှေ့မှ ပျောက်ကွယ်သွားသော Ferrari သည် တဖြည်းဖြည်း ပြန်မြင်လာသည်။

[ သုံး ]

ထန်ရှန်း၏ မျက်နှာသည် လီဗာကို နင်းလျက် ရူးသွပ်မှုများနှင့် ပြည့်နှက်နေသည်။

[ နှစ် ]

Mustangသည် Ferrariကို ဖမ်းမီလာပြီး တစ်ချက်အကွေ့ဖြင့် ကျော်တက်သွားမည်ဖြစ်သည်။

ယခုလက်ရှိအချိန်တွင် ထန်ရှန်းနှင့် ကြည့်နေသူ လူ၆သောင်းနီးပါးတို့သည် သူတို့ရှေ့ရှိ Ferrariပြတင်းပေါက်မှ ထွက်လာသော လက်ကို ရုတ်တရက် မြင်လိုက်ရသည်။

ထို့နောက် လက်သည် ရုတ်တရက် မထီမဲ့မြင်ပြုသော အမူအရာဖြင့် လက်မကို အောက်စိုက်ပြလိုက်သည်။

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၃၄၆ )

သူ့ကိုယ်သူ ပြိုင်ကားနတ်ဘုရားလို့ ကြွားရဲသေးတာလား

ဤသည်မှာ ထန်ရှန်းကို တန်ပြန်တိုက်ခိုက်ခြင်းဖြစ်သည်မှာ ထင်ရှားသည်။

လူအုပ်ကြီး ဒေါသမထွက်ခင်မှာပင် Ferrari သည် အရှိန်မြှင့်လိုက်ပြန်သည်။

ကားမြီးကို ဖြည်းညှင်းစွာ လွှဲလိုက်သည်နှင့် Mustang ကားမှာ ပြတ်ကျန်နေခဲ့တော့သည်။

ထို့အပြင် ကားနှစ်စီးကြား အကွာအဝေးမှာလည်း တိုးလာသည်။

[ တစ် ]

တိုက်ရိုက်ကြည့်နေသူများ၏ အောင်ပွဲမှာ ပြီးဆုံးသွားခဲ့သည်။

သို့သော် ယခုတစ်ကြိမ်တွင် ထန်ရှန်းသည် ယခင်ကကဲ့သို့ သူ၏ကတိကို မဖြည့်ဆည်းနိုင်ခဲ့ပေ။

[ စောက်ကျိုးနည်း၊ ဘာဖြစ်နေတာလဲ။ မင်းပြောတော့ အမီလိုက်မယ်ဆိုပြီး ဘာလို့နောက်ကျကျန်နေခဲ့တာလဲ ]

[ အမှားပဲ၊ ဒါက အမှားကြီးပဲ။ အစ်ကိုထန် အရင်က မအောင်မြင်တာ မရှိဖူးပေမဲ့ အခုတကယ်ကြီး ရှုံးသွားတာလား ]

[ ဒီကလေးရဲ့ အရည်အချင်းက တကယ် အံ့မခန်းလို့ပြောရမယ်။ သူက အခု တစ်နာရီ မိုင် ၂၀၀နှုန်းနဲ့ သွားနေတာတောင် သူက အရှိန်မြှင့်ရဲတုန်းပဲ ]

[ ဟုတ်တယ်၊ ဒီလမ်းမှာ ကားအများကြီးမရှိပေမယ့် တစ်နာရီကို မိုင် ၂၀၀ထက် ပိုမောင်းရဲတဲ့သူတွေက ကျွမ်းကျင်သူတွေပဲ ဖြစ်ရမယ် ]

[ သွားပြီ၊ သွားပြီ။ အစ်ကိုထန်ကို ပလ္လင်ပေါ်က ဆွဲချခံနေရပြီ ]

[ အဲ့တာတောင် ယန်းချန်မြို့က ပြိုင်ကား နတ်ဘုရားလို့ ကြွားရဲသေးတာလား။ အမှိုက်ကောင် ]

[ ခွေးသား၊ ပိုက်ဆံ ပြန်အမ်းပေး။ ငါပေးထားတဲ့ ဒုံးပျံတွေကို ပြန်ပေး ]

ထန်ရှန်းသည် ထိုမှတ်ချက်များကို မြင်သောအခါ သူ့နှလုံးသားထဲတွင် ကျိန်ဆဲနေလိုက်သည်။

ဒီခွေးသားတွေက အခြေအနေကို တကယ်ကြီး အခွင့်ကောင်းယူနေကြတာပဲ။

ယခင်က သူသည် ငနုံခွေးများကို အနိုင်ကျင့်သောအခါ ထိုအောက်တန်းစားများသည် သူ့ကို အမျိုးမျိုး မြှောက်ပင့်ပြောဆိုကြပြီး သူကိုယ်တိုင်ပင် ရှက်ရွံ့ခဲ့ရသည်။

ယခုအခါ အနည်းငယ် ဆုတ်ယုတ်မှုဒဏ်ကို ခံစားခဲ့ရသည်နှင့် ဤလူများသည် သူ့ကို ချက်ချင်း ကန်ထုတ်ကြသည်။

ခရီးသည်ထိုင်ခုံမှ အမျိုးသမီးမှ ချက်ချင်းပင် ကူညီ ပြောဆိုပေးခဲ့သည်။

" လူတိုင်းပဲ စိတ်မပူပါနဲ့။ ကျော်တက်ဖို့ဆိုတာ နည်းဗျူဟာလိုတယ်။ အစ်ကိုထန်က ဒီကလေးကို စမ်းသပ်နေတာပါ။ အရင်က ပြောခဲ့သလိုပဲ ဒီ Ferrariက ကျော်တက်ဖို့ မလွယ်ဘူး။ ကျွမ်းကျင်မှု အများကြီး လိုအပ်တယ် "

သို့သော် တိုက်ရိုက်ကြည့်နေသာ လူများအားလုံးသည် ဒေါသထွက်နေခဲ့ကြပြီး သူမ၏ ရှင်းပြချက်ကို နားမထောင်ချင်ကြပေ။

[ ကောင်းပြီ၊ မဟုတ်တဲ့စကားတွေ ရပ်လိုက်။ မြန်မြန်ကျော်ပြ။ ဒါမှမဟုတ်ရင် ငါတို့ ချက်ချင်း ထွက်သွားမယ် ]

[ ဟုတ်တယ်။ မင်းက လေကြီးကြွားလုံးထုတ်ထားပေမဲ့ နောက်ဆုံးကျ မျက်နှာကို အရိုက်ခံရတာပဲ။ မြန်မြန် ပြေးလိုက် ]

[ မင်း သူ့ကို ကျော်တက်နိုင်ရင် ငါတို့ သူငယ်ချင်းကောင်းတွေ ဖြစ်နိုင်တယ်။ မဟုတ်ရင် နောက်ဆို ငါတို့ တစ်ယောက်နဲ့တစ်ယောက် သိမှာ မဟုတ်ဘူး ]

[ အပိုတွေပြောနေတာ ရပ်လိုက်။ မြန်မြန် သူတို့ကို ကျော်လိုက်။ ဒီတစ်ခေါက် မင်းသူ့ကို ကျော်နိုင်ရင် မင်းကို ဒုံးပျံ အလုံး ၁၀၀ ပေးမယ် ]

ထန်ရှန်းသည် ကြည့်နေသူများ၏ မှတ်ချက်များကို ကြည့်လျက် မျက်နှာမှာ မည်းမှောင်နေသည်။

" ယန်းချန်မြို့မှာ ငါ မကျော်နိုင်တဲ့ကား မရှိဘူး။ မင်းတို့အားလုံး မင်းတို့မျက်လုံးတွေကို ကျယ်ကျယ်ဖွင့်ပြီး စောင့်ကြည့်လိုက်။ ဒီနေ့ ငါသူ့ကို မကျော်နိုင်ရင် မင်းငါ့ကို တားစရာ မလိုဘူး။ အနာဂတ်မှာ တိုက်ရိုက်ထုတ်လွှင့်တဲ့လုပ်ငန်းကနေ နှုတ်ထွက်ပေးမယ် "

ထိုသို့ ကြမ်းတမ်းသော စကားများကို ပြောပြီးနောက် ရူးသွပ်စွာ အရှိန်မြှင့်လိုက်ပြန်သည်။

ဘရွမ်း ..... ဘရွမ်း

အင်ဂျင်သည် ခုန်ပေါက်နေသော သားရဲကဲ့သို့ ပြင်းထန်စွာ တုန်ခါလာသည်။

လမ်းဘေးရှိ ရှုခင်းများသည် အနောက်သို့ လျင်မြန်စွာ ရွေ့လျားနေပြီး ကားသည် တစ်နာရီ မိုင် ၃၀၀နှုန်းအရှိန်ဖြင့် သွားလာနေသည်။

ထိုကဲ့သို့ အရှိန်ပြင်းစွာမောင်းနိုင်ရန် ယာဉ်မောင်း၏ ကျွမ်းကျင်မှုကို အလွန်ပြောင်မြောက်ရန် လိုအပ်သည်။

အမှားအယွင်း အနည်းငယ်ရှိလိုက်လျှင်ပင် ကားသည် ပျက်စီးပြီး ယာဉ်မောင်းလည်းဘသေဆုံးမည်ဖြစ်သည်။

ခရီးသည်ထိုင်ခုံမှ အမျိုးသမီးသည် အလွန်ကြောက်လန့်ကာ မျက်နှာပင် ဖြူဖျော့ပြီး အော်ဟစ်နေခဲ့သည်။

သူမ လိမ်နေသည် မဟုတ်ချေ။

သူမ တကယ်ပင် ထိတ်လန့်သွားသည်။

သို့သော် ထန်ရှန်းသည် ရူးသွပ်နေပြီ ဖြစ်ရာ ထိုသည်ကို ဂရုမစိုက်နိုင်တော့ပေ။

သူ့မျက်လုံးထဲ၌ Ferrari တစ်စီးသာ ရှိတော့သည်။

ဘရွမ်း

သူသည် ရူးနှမ်းစွာ အရှိန်တင်လျက် သူနှင့် Ferrariကြား အကွာအဝေးသည် ပို၍နီးကပ်လာလေသည်။

မကြာခင်မှာ သူတို့ ဘေးချင်းကပ်လျက် ဖြစ်သွားသည်။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ လေထုသည် ပြန်လည်အသက်ဝင်လာပြန်သည်။

[ ဟားဟားဟား၊ သူ ဖမ်းမိသွားပြီ။ ငါသိနှင့်နေတယ်။ အစ်ကိုထန်ရဲ့ အရည်အချင်းက ဘယ်လိုလုပ် ဒီလောက် အားနည်းမှာလဲ ]

[ အစ်ကိုထန်က အရမ်းတော်တာပဲ။ အနာဂတ်မှာလည်း ငါ မင်းရဲ့ အမာခံပရိသတ် ဖြစ်ပေးမယ် ]

[ ဒုံးပျံ အလုံး ၁၀၀ ပေးမယ်လို့ ပြောတဲ့သူရော ဘယ်မှာလဲ ]

[ စိတ်မပူပါနဲ့ ငါဒီမှာ ရှိတယ်။ သူ့ကို ကျော်မတက်သေးဘူးမလား။ ကျော်တက်ပြီးလို့မှ ငါ မပေးသေးရင် ငါမင်းတို့ကို အဖေခေါ်မယ် ]

[ အစ်ကိုထန်၊ နည်းနည်းပိုအားစိုက်ပြီး ဒီကလေးကို ကျော်သွားလိုက် ]

ထန်ရှန်းသည် သူ့မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသော အမူအရာ ရှိနေသည်။

သူသည် ကားပြတင်းပေါက်ကို ချလိုက်ပြီး ယဲ့ဖန်ကို အော်လိုက်သည်။

" ခွေးသား၊ မင်းကများ မာနကြီးချင်နေသေးတာလား။ မင်းက သခင်ကြီးရှန်းနဲ့ ပြိုင်ချင်ရင် နောက်ထပ် နှစ်အနည်းငယ်လောက် သင်ယူရဦးမယ် "

သူ ရလာသည့် တစ်ခုတည်းသော တုံ့ပြန်မှုမှာ လက်ခလယ်နှင့် မထီမဲ့မြင်ပြုသည့် အပြုံးဖြစ်သည်။

" မျက်လုံးဖွင့်ပြီး သင်ယူထား။ ဒါကမှ ကားပြိုင်တာ "

ထန်ရှန်းသည် ထိုစကားကို ကြားပြီးနောက် Ferrari အရှိန်ပြန်မြှင့်သွားသည်ကို မြင်လိုက်သည်။

ထို့အပြင် သူ၏ အရှိန်သည် အလွန်မြန်လှသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် မျက်စိရှေ့မှ ပျောက်ကွယ်သွားသည်။

[ ဘုရားရေ၊ ဒီကလေးရဲ့ အရည်အချင်းက တော်လွန်းတာ မဟုတ်ဘူးလား ]

[ မင်းတို့ မြင်လိုက်ကြလား။ ဒီကောင်လေးမောင်းတာက စောက်ရမ်းကို မြန်နေတာ မဟုတ်ဘူးလား ]

[ အစ်ကိုထန်ရဲ့ အရှိန်က တစ်နာရီ မိုင်၃၀၀ ကျော်နေပြီ။ ဒါပေမယ့် တစ်ဖက်က မျက်လုံးတစ်မှိတ်အတွင်းမှာ သူ့ကို ချန်ထားခဲ့တာ။ ဒါဆို အဲ့တစ်ယောက် မောင်းတာက ဘယ်လောက်တောင် မြန်တာလဲ ]

[ ဒီကလေးက တစ်နာရီကို မိုင် ၄၀၀လောက် မောင်းနေမယ်ထင်တယ်။ ဒါက အရမ်းရူးနေတာ မဟုတ်ဘူးလား ]

[ ဒါက မြို့တွင်းလမ်းဖြစ်တဲ့အပြင် ယန်းချန်မြို့မှာက လူသွားလူလာ များတယ်။ ဒီကလေး သေချင်နေတာလား ]

[ တစ်နာရီ မိုင် ၄၀၀ ကျော်တဲ့လား။ မတော်တဆမှုလေး တစ်ခုဖြစ်လိုက်ရင်တောင် ဒီကလေး ရှုမလှကြည့်မခှ သေမှာ သေချာတယ် ]

[ ပြီးသွားပြီ။ ထန်ရှန်း နှိပ်စက်ခံနေရပြီ။ ရှက်စရာကောင်းလွန်းတယ် ]

[ အစ်ကိုထန်ရဲ့ အရည်အချင်းတွေက အရမ်းအထင်ကြီးစရာကောင်းနေပြီ ထင်ခဲ့တာ။ ဒီကလေးရဲ့ အရည်အချင်းက ပိုပြီးတောင် မူမမှန်ဘူးလို့ပဲ ပြောလို့ရတယ်။ သူက လုံးဝ လူသားမဟုတ်ဘူး ]

[ ဒီနေ့ နောက်ဆုံးတော့ မြင့်တယ်ဆိုတဲ့ တောင်တွေထက် ပိုမြင့်တဲ့တောင်တွေရှိတာ ငါ လက်ခံသွားပြီ ]

ထန်ရှန်းသည် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ မှတ်ချက်များကို မြင်သောအခါတွင် မျက်နှာကို ပါးရိုက်ခံလိုက်ရသလို ဖြစ်နေသည်။

သူသည် ယနေ့ ငွေရှာပြီး ပြပွဲဖန်တီးရင် ထွက်လာခဲ့သည်။

ဒါပေမဲ့ လမ်းတစ်ဝက်မှာ ဒီလိုရူးနေသူနဲ့ တွေ့မယ်လို့ ဘယ်သူက ထင်မှာလဲ။

သူ မည်မျှပင် မြန်နေပါစေ တစ်ဖက်မှသူသည် သူ့ထက် အမြဲမြန်အောင် မောင်းနိုင်သည်။

ထိုလူအတွက် အရှိန်အကန့်အသတ် မရှိသလိုဖြစ်သည်။

သို့သော် လက်ရှိအချိန်တွင် သူသည် ထွက်လမ်းမရှိပေ။

ယနေ့ ဤကောင်လေးကို အနိုင်မယူနိုင်ပါက သူသည် ဤလုပ်ငန်းကို ရှေ့ဆက်မလုပ်နိုင်တော့ချေ၊

" ညီအစ်ကိုတို့၊ ဒုံးပျံတွေကို ပစ်ကြမယ်။ ဒီကလေးကို ဘယ်လိုဖမ်းမလဲ ကြည့်ရအောင်"

သူသည် အံကြိတ်ကာ အရှိန်ပြန်မြှင့်တော့မည်။

သို့သော်လည်း ထိုအချိန်တွင် သူ့အရှေ့မှ ပျောက်သွားခဲ့သော Ferrariသည် သူ့မျက်လုံးထဲတွင် ပြန်ပေါ်လာသည်။

" ဟမ်။ ဘာဖြစ်တာလဲ၊ ငါ အရှိန်မတင်ထားပါဘူး။ ဒီကလေး ကားပျက်သွားတာ ဖြစ်နေမလား "

ထန်ရှန်း အံသြသွားသည်။

သို့သော် မကြာမီ သူ အဖြေရခဲ့သည်။

[ ချီး၊ ဒီကလေးက ကားကို အရှိန်လျှော့နေတာလား။ အရှက်ခွဲနေတာ၊ ဒါက အရှက်ခွဲနေတာပဲ ]

[ ဟ၊ ဒါက မျက်နှာကို ဖြတ်ရိုက်တာပဲ မဟုတ်လား။ သူက အစ်ကိုထန်ကို မြေကြီးပေါ်ထိ ချနင်းချင်နေတာ ]

[ အစ်ကိုထန်က အရမ်းနှေးတယ် ထင်လို့ သူ့ကို စောင့်ဖို့ အရှိန်နှေးလိုက်တာပဲ။ အခု အစ်ကိုထန် ဘာလုပ်မလဲ မသိဘူး ]

[ အစ်ကိုထန် အခု အတော်လေး ရှက်စရာကောင်းနေပြီ ]

[ ပြန်ကျော်လေ၊ မင်းကို သူက ခွေးကျောင်းသလို လုပ်နေတာကို ခွင့်ပြုထားတာလား ]

ထန်ရှန်းသည်သာ ထိုကိစ္စကို သတိပြုမိသူ မဟုတ်ပေ။

ကြည့်နေသူများပင် နားလည်ကြသည်။

Ferrariသည် အရှိန်လျှော့ကာ ပြန်ရောက်လာခဲ့သည်။

ဤသည်မှာ ပေါ်ထင်စွာ အရှက်ကွဲခြင်း ဖြစ်သည်။

ထန်ရှန်း၏ မျက်လုံးများသည် သွေးများထွက်သကဲ့သို့ နီရဲနေပြီး သူ့အမူအရာသည် အလွန်ရက်စက်ကြမ်းကြုတ်ပုံပေါ်သည်။

" ခွေးသား၊ မင်းက ငါနဲ့ ကစားနေတာလား "

သူ့ကားသည် Ferrariကို ချဉ်းကပ်လာနိုင်သည်။

သူ၏ကား တစ်ဝက်နီးပါး မီလာချိန် Ferrariကားသည် အရှိန်မြှင့်ပြီး ကျော်တက်သွားပြန်သည်။

ထို့နောက် သူ မည်မျှပင် အရှိန်မြှင့်သည်ဖြစ်စေ ကားတစ်ဝက်သို့ မီလာတိုင်း အမြဲပြန်ကျော်တက်ခံရသည်။

ကျန်တစ်ဝက်သည် သူ ဖြတ်မကူးနိုင်သော ချောက်ကြီးတစ်ခုလို ဖြစ်နေသည်။

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၃၄၇ )

နှစ်ခါနစ်နာသွားသူ

" အာ...... "

ထန်ရှန်း၏ စိတ်အခြေအနေသည် လုံးဝ ပြိုကျသွားသည်။

သူသည် ဒေါသတကြီးဖြင့် စတီယာဘီးကို ရိုက်လိုက်သည်။

" ခွေးသား၊ သေလိုက် "

သူသည် Ferrariကို ကားတစ်ဝက်စာ မီလာချိန် ရုတ်တရက် အော်ဟစ်ပြီး စတီယာဘီးကို လှည့်ကာ Ferrariကို ဝင်တိုက်သည်။

ခရီးသည်ထိုင်ခုံရှိ အမျိုးသမီးသည် သူ့ကို ဤမျှလောက် ရူးသွပ်လိမ့်မည်ဟု မမျှော်လင့်ထားပေ။

“ အား ........ “

သူမသည် ချက်ချင်းပင် နားကွဲလောက်မည့် အော်သံကို အော်ထုတ်လိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်ခန်းမှ လူများလည်း အံ့အားသင့်သွားကြသည်။

မှတ်ချက်နေရာသည် ရုတ်တရက် ရပ်သွားသည်။

“.............”

Mustangကားသည် တစ်နာရီလျှင် မိုင် ၃၀၀ကျော် အရှိန်ဖြင့် မောင်းနှင်နေလေသည်။

ထို့အပြင် Ferrariကားနှင့် အလွန်နီးသောကြောင့် သာမန်လူတစ်ယောက်သာဖြစ်ပါက အချိန်မီ မတုံ့ပြန်နိုင်ပေ။

ကားနှစ်စီးမှာ တိုက်မိပြီး နှစ်ဖက်လုံး သေသွားနိုင်သည်။

သို့သော် တစ်ဖက်က သူ့လုပ်ရပ်ကို ခန့်မှန်းထားပုံရသည်။

Mustangကားသည် Ferrariကားကို တိုက်မိတော့မည့်အချိန်တွင် Ferrariသည် ရုတ်တရက် အရှိန်ပြင်းသွားပြီး ထန်ရှန်း၏ကားကို မျက်ခြေဖြတ်ကာ ထွက်ခွာသွားခဲ့သည်။

ကျွီ

Mustangကားသည် သူ၏ ပစ်မှတ်ကို လွဲချော်ခဲ့ပြီး ဦးတည်ရာပျောက်သွားကာ မျှခြေမညီတော့ပေ။

တာယာများသည် လမ်းမကြီးဖြင့် ပွတ်တိုက်နေတော့သည်။

ကံကောင်းထောက်မစွာဖြင့် ထန်ရှန်း၏ ကျွမ်းကျင်မှုသည် အမှန်ပင် ထူးချွန်ပြောင်မြောက်လေသည်။

နောက်ဆုံး၌ သူသည် ကားကို တည်ငြိမ်အောင် ထိန်းလိုက်နိုင်ပြီး လမ်းဘေး၌ ရပ်လိုက်သည်။

Ferrariသည် မြင်ကွင်းထဲမှ ပျောက်သွားတော့သည်။

ထန်ရှန်းသည် စတီယာဘီးကို မှီပြီး ပြင်းထန်စွာ မောဟိုက်နေသည်။

အစောက သူသည် စိတ်လွတ်သွားသောကြောင့် ထိုသို့ လုပ်လိုက်မိခြင်း ဖြစ်သည်။

ယခု တွေးကြည့်မိပြီးမှ ကြောက်စိတ်များ တသီတကြီး ခံစားလိုက်ရသည်။

သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသည် ပွဲစည်နေပြီး အများစုမှာ ကျိန်ဆဲနေကြခြင်း ဖြစ်သည်။

[ ချီး၊ အစ်ကိုထန် မင်းက စောက်ရူးပဲ။ အသက်မရှင်ချင်ရင်တောင် တခြားသူတွေကို မထိခိုက်စေနဲ့ ]

[ ဟုတ်တယ်။ သူ့ရဲ့ အံ့ဩစရာကောင်းတဲ့ စွမ်းရည်ကြောင့်သာ မဟုတ်ရင် ခုနက မင်းသူ့ကို သတ်ပစ်လိုက်မိတော့မလို့ ]

[ မင်းက လူမှ ဟုတ်ရဲ့လား။ မနိုင်တာနဲ့ ဒီလို ညစ်ပတ်လို့ ရတယ်ထင်နေလား။ မင်းရဲ့အမာခံပရိသတ်ဖြစ်လာတာ ငါ မျက်စိကန်းနေခဲ့တာပဲ ဖြစ်ရမယ် ]

[ ဒီလို လူမိုက်မျိုး တစ်သက်လုံး ကားမမောင်းသင့်ဘူး။ မဟုတ်ရင် အနှေးနဲ့အမြန် တစ်စုံတစ်ယောက်ကို သတ်မိလိမ့်မယ်။ ငါတော့ သူ့ပရိတ်သတ် ဆက်မလုပ်နိုင်ဘူး ]

[ ထွက်သွား၊ ဒီကနေ ထွက်သွား။ အရင်တုန်းက မင်းကိုပေးခဲ့တဲ့ ပိုက်ဆံတွေကို ခွေးစာကျွေးလိုက်တာမှ တန်ဦးမယ်။ သွား သေလိုက် ]

[ စောက်ရူး၊ သေလိုက် ]

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ကြည့်ရှုသူ အရေအတွက်မှာ ကျဆင်းသွားသည်။

ထိပ်ဆုံးအချိန်၌ တစ်ပြိုင်နက် ကြည့်ရှုသူ ၈သောင်း ရှိခဲ့သည်။

တခဏအတွင်းမှာပင် လူ ၁သောင်းသာ ကျန်တော့သည်။

ပရိသတ်ဦးရေ ၆သောင်း၊ ၇သောင်းကျော် ပျောက်သွားခဲ့သည်။

သူ့အကောင့်၌ သန်းနှင့်ချီသည့် ပရိသတ်များ ရှိသော်လည်း အများစုသည် သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုများကို မကြာခဏ မကြည့်ဖြစ်ကြပေ။

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ သောင်းချီသောလူများသည်ကသာ တိုက်ရိုက်ထုတ်လွှင့်မှု၏ ပရိတ်သတ်အစစ်အမှန်များဖြစ်ကြသည်။

သူတို့သည် နေ့စဉ် သူ့နောက်ကို လိုက်နေကြသည့် ပရိသတ်များဟု ဆိုနိုင်သည်။

ဤတစ်ကြိမ်တည်းဖြင့် ၆သောင်း၊ ၇သောင်းမက ဆုံးရှုံးလိုက်ရသည်။

ဆုံးရှုံးမှုမှာ ကြီးမားလွန်းသည်ဟု ပြောလို့ရသည်။

ထန်ရှန်းသည် ကျန်ရှိသောလူများကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် မျှော်လင့်ကာ ပရိသတ်များကို အမြန်တောင်းပန်လိုက်သည်။

သို့သော် သူ့စိတ်ထဲမှ တုန်လှုပ်ချောက်ချားမှုမှာ မသက်သာသေးပေ။

ဟိုကောင်လေးက ဘယ်သူလဲ။

သူ့ရဲ့ နည်းစနစ်က ဘာလို့ ဒီလောက်တောင် အစွမ်းထက်နေတာလဲ။

တစ်ချိန်တည်းမှာပင် ကျူးရှောင်ကျောင်းသည် Ferrariထဲတွင် အော်ဟစ်ဆဲဖြစ်သည်။

ယဲ့ဖန်သည် သူ့နားကို အမြန်ပိတ်လိုက်သည်။

" တော်ပြီ၊ မအော်နဲ့တော့။ မင်း မသေသေးဘူး "

ထိုမှသာ ကျူးရှောင်ကျောင်း၏ အော်ဟစ်သံများ တဖြည်းဖြည်း ရပ်တန့်သွားသည်။

သူမသည် ရှေ့တည့်တည့်ကို စူးစိုက်ကြည့်ကာ ထိတ်လန့်နေပုံရသည်။

" အဲ့ခွေးကောင် ရူးနေတာလား။ သူ ငါတို့ကို တကယ်ကြီး သတ်ချင်နေတာလား "

ရုတ်တရက် သူတို့ကို တိုက်ရန်လုပ်ခဲ့သည့် Mustangကား၏ပုံစံကို သူမ ပြန်သတိရသည့်အခါ စိတ်ထဲ၌ အလွန်ကြောက်ရွံ့လာသည်။

ကားနှစ်စီးမှာ အရှိန်ပြင်းစွာဖြင့် မောင်းနှင်နေကြသည်ဖြစ်ရာ တိုက်မိပါက သေမည်မှာ သေချာလေသည်။

ယဲ့ဖန်၏ အချိန်မီ အရှိန်မြှင့်ပေးမှုကြောင့် ထိုအဖြစ်ဆိုးကို ရှောင်ရှားနိုင်ခဲ့သည်။

ယဲ့ဖန် ကားကို အရှိန်လျှော့ပြီး လမ်းဘေး၌ ရပ်လိုက်သည်။

" မင်း ..... မင်း ကျင်ငယ်ရည်ထွက်သွားတာတော့ မဟုတ်ဘူးမလား "

ကြောင်အနေသေးသော ကျူးရှောင်ကျောင်းသည် ထိုစကားကို ကြားသောအခါ ရယ်သည်။

ထို့နောက် သူမ သူ့ပုခုံးကို ပုတ်လိုက်သည်။

" သေလိုက်လေ၊ နင်ကမှ ဘောင်းဘီထဲ သေးပေါက်ချတဲ့သူပဲ "

" မင်း တကယ် ဆီးထွက်မကျတာ သေချာလား။ ကိုယ့်မျက်စိနဲ့ မမြင်ရရင် မယုံဘူး "

ယဲ့ဖန်သည် သူ၏ နတ်ဆိုးဆန်သော လက်သည်းများကို ချက်ချင်းဆန့်ထုတ်လိုက်ပြီး ပြောလေသည်။

" ယဲ့ဖန်၊ နင် သေချင်နေတာလား "

ကျူးရှောင်ကျောင်းသည် သူ၏နောက်ပြောင်မှုကို ကြည့်ကာ တခစ်ခစ်ရယ်လျက် သူနှင့် လုံးပန်းနေတော့သည်။

ခဏအကြာတွင် သူမသည် ရုတ်တရက် သူ့လက်တစ်ဖက်ကို ပွေ့ဖက်လိုက်ပြီး ခေါင်းကို ပုခုံးပေါ်တင်လိုက်သည်။

" ယဲ့ဖန် "

ယဲ့ဖန် သူမမျက်နှာလေးကို လှမ်းကိုင်လိုက်သည်။

အကယ်၍ အခြားအချိန်မျိုးဖြစ်လျှင် မမလေးကျူးသည် ဒေါသထွက်နေမည်ဖြစ်ပြီး သူမအား အခွင့်ကောင်းယူသည်ဟု စွပ်စွဲပေဦးမည်။

သို့သော် ဤတစ်ကြိမ်၌ သူမ လုံးဝ မကန့်ကွက်ခဲ့ချေ။

ထိုအစား သူမသည် ပျော်ရွှင်သော အကြည့်နှင့် ထိခွင့်ပေးထားသည်။

" စိတ်မပူပါနဲ့၊ ကိုယ် ဒီမှာရှိနေသရွေ့ မင်း မသေရပါဘူး "

ယဲ့ဖန် လေသံသည် ခိုင်မာပြီး မေးခွန်းထုတ်စရာပင် မလိုပေ။

ကျူးရှောင်ကျောင်းသည် သူ၏ ဘေးတိုက်ပုံစံကို ကြောင်အစွာ စိုက်ကြည့်နေသည်။

သူမ၏ နှလုံးသားထဲ၌ ခံစားချက်များစွာ ပြည့်နှက်နေခဲ့သည်။

ထို့နောက် ချက်ချင်းပင် နှုတ်ခမ်းစူပြီး ပါးပြင်ကို နမ်းလိုက်သည်။

" ဒါက နင့်အတွက် ဆုပဲ "

ယဲ့ဖန် သူမကို အထင်သေးစွာဖြင့် တွန်းထုတ်လိုက်သည်။

" မင်းအသက်ကို ကိုယ် ကယ်ခဲ့တာလေ။ မင်းက ကိုယ့်ကို ဘာလို့အခွင့်ကောင်းယူနေတာလဲ "

ကျူးရှောင်ကျောင်း သူ့ကို ထိတ်လန့်စွာ စိုက်ကြည့်နေသည်။

" နင် မလိုချင်ရင် ငါ့ကို ပြန်ပေးလို့ရတယ် "

" ကောင်းပြီလေ၊ မင်းကို ပြန်ပေးမယ် "

ယဲ့ဖန်သည် ချက်ချင်းပင် သူမပါးပြင်လေးကို နမ်းလိုက်သည်။

ကျူးရှောင်ကျောင်း ဒေါသထွက်ပြီး နှာမှုတ်လိုက်သည် ။

" ဘာလို့ ငါက နှစ်ခါတောင် နစ်နာသလို ခံစားရတာလဲ "

ယဲ့ဖန်သည် မျက်နှာကို ပို၍ အနားကပ်လာခဲ့သည်။

" မင်း ဆုံးရှုံးသွားတယ်လို့ ခံစားရရင် မင်း ကိုယ့်ကို အခွင့်ကောင်းပြန်ယူဖို့ ခွင့်ပြုပေးတယ် "

" သေလိုက်ပါလား။ နင် အိပ်မက်မက်နေလိုက် "

ကျူးရှောင်ကျောင်း သူ့ကို တွန်းထုတ်လိုက်သည်။

ဖြစ်ပျက်ခဲ့သည်များကို သူမ ပြန်လည် သတိရလာကာ ဒေါသတကြီးဖြင့် ချက်ချင်းပြောလိုက်သည်။

" ခုနကတစ်ယောက်က တော်တော်လေး ရွံစရာကောင်းတာပဲ။ သူ့ကို နောက်တစ်ကြိမ် မတွေ့စေနဲ့။ မဟုတ်ရင် သူ့ကိုတွေ့တာနဲ့ ငါရိုက်ပစ်မှာ "

ယဲ့ဖန် သူမကို မော့ကြည့်လိုက်သည်။

" စိတ်မပူပါနဲ့၊ မင်း သူ့ကို ထပ်မတွေ့ရတော့ဘူး "

ထို့နောက် ယဲ့ဖန် ဖုန်းကိုထုတ်ပြီး ကျောင်းဖုလင်ကို ဖုန်းဆက်လိုက်သည်။

" ယဲ့ညီလေး၊ စိတ်မပူနဲ့။ ငါ အဲ့ဒီ ဟိုင်ယန်းစားသောက်ဆိုင်ကို ခေါ်ပြီးသွားပြီ။ မင်းရောက်တဲ့အခါ ငါ့နာမည်ကို သူတို့ကို ပြောလိုက် "

ကျောင်းဖုလင်သည် ဟိုင်ယန်းစားသောက်ဆိုင်ကိစ္စကြောင့် သူ့ကို ခေါ်သည်ဟု ထင်ခဲ့သည်။

" အဲ့ကိစ္စကြောင့် မဟုတ်ဘူး။ ဒါက တခြားကိစ္စပါ ..... "

ယဲ့ဖန်သည် အစောက ဖြစ်ပျက်ခဲ့သည်များကို ချက်ချင်း ပြန်ပြောပြသည်။

ကျောင်းဖုလင်၏ အသံသည် ချက်ချင်းပင် စူးရှသွားသည်။

" ဘာလဲ၊ အဲ့ခွေးသားက မင်းရဲ့ကားကို ဝင်တိုက်ရဲတဲ့ သတ္တိရှိတာလား။ သူက သေချင်နေတာပဲ။ ယဲ့ညီလေး၊ မင်း သူ့ကို ဘယ်လိုသေစေချင်လဲ "

ယဲ့ဖန် မထိန်းနိုင်ဘဲ ခါးသက်စွာ ပြုံးလိုက်သည်။

" အဲ့လောက်တော့ မပြင်းထန်ချင်ပါဘူး။ ဒီလူကို ထပ်မတွေ့ချင်ရုံပါ "

" အဲ့တာက အသေးအမွှားပါ။ ငါ့သတင်းကို စောင့်နေလိုက် "

ကျောင်းဖုလင် ဖုန်းကို ချလိုက်သည်။

ငါးမိနစ်ခန့် ကြာပြီးနောက် အမည်မသိ နံပါတ်တစ်ခုက ဖုန်းခေါ်လာသည်။

ယဲ့ဖန် ကောက်ကိုင်လိုက်ပြီးနောက် အခြားတစ်ဖက်မှ စိုးရိမ်သောကရောက်နေသော အသံကို ကြားလိုက်ရသည်။

" မင်္ဂလာပါ၊ ဒါက ယဲ့လူကြီးမင်းလား "

" ဟုတ်တယ်၊ ခင်ဗျားက ဘယ်သူလဲ "

" ကျွန်တော်က ငါးဖမ်းချန်နယ်ရဲ့ အထွေထွေမန်နေဂျာ ချောင်သာ့ရှန်းပါ။ လူကြီးမင်းကျောင်းဆီက ထန်ရှန်း အကြောင်း ကြားထားပါတယ်။ ငါးဖမ်းချန်နယ်ရဲ့ ကိုယ်စား လူကြီးမင်းကို အရိုးသားဆုံး တောင်းပန်ချင်ပါတယ်။ တကယ်ကို စိတ်မကောင်းပါဘူး "

ယဲ့ဖန်သည် သူ၏ တောင်းပန်စကားကို ကြားသောအခါ အကြမ်းဖျင်း သဘောပေါက်သွားသည်။

" အိုး၊ ခုနက တင်ဆက်သူက ခင်ဗျားရဲ့ ချန်နယ်က လာတာလား “

“ ခင်ဗျားရဲ့ ချန်နယ်မှာဘယ်လိုလုပ် အဲ့ဒီလို တင်ဆက်သူ ရှိနေရတာလဲ။ တခြားသူတွေရဲ့ ဘဝကို ဂရုမစိုက်ရင်တောင်မှ တင်ဆက်သူတစ်ယောက် ဖြစ်နိုင်သေးတာလား "

ဥက္ကဌချောင်သည် ယဲ့ဖန်ကြောင့် ကြောက်လန့်နေပုံရသည်။

သူ့အသံမှာ တုန်ရီနေသည်။

ထို့နောက် ဆက်၍ အားတင်းလျက် ပြောလေသည်။

" လူကြီးမင်း စိတ်ချပါ။ ကျွန်တော်တို့ ငါးဖမ်းချန်နယ်က လူကြီးမင်းကို ကျေနပ်လောက်တဲ့ အဖြေတစ်ခု ပေးပါ့မယ် "

" ဒါဆို သူ့ကို ဘယ်လို ဖြေရှင်းရမယ်ဆိုတာ ကြားချင်တယ် "

" သူ့ကို ထုတ်မှာပါ။ ထုတ်လွှင့်မှုကိုလည်း အပြီးတိုင် ပိတ်ပင်ပါမယ်။ ဒီလို တင်ဆက်သူမျိုး တင်ဆက်တာက လူထုအတွက် လွှမ်းမိုးမှုမကောင်းလို့ သူ့ကို ပိတ်လိုက်မှာပါ "

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၃၄၈ )

ဒါဆို မင်းက ချွဲတတ်တဲ့ပုံစံလား

" ဥက္ကဌချောင်က တကယ်ကို ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို လုပ်နိုင်သူတစ်ယောက်ဆိုတာ သိသာတာပဲ။ ခင်ဗျားရဲ့ လျင်မြန်ပြီး ပြတ်သားတဲ့ စိတ်ဓာတ်ကို အတော်လေး သဘောကျတယ် "

" လူကြီးမင်းရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်။ ယဲ့လူကြီးမင်း ဒီကိစ္စကို ကျောင်းလူကြီးမင်းကို ပြန်ပြောပြပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အရမ်းကျေးဇူးတင်တယ် "

ချောင်သာ့ရှန်းသည် ယဲ့ဖန်မှ သူ့ကို ချီးမွမ်းသည်ကို ကြားသောအခါ အလွန်ဝမ်းသာသွားသည်။

ယဲ့ဖန်သည် သူနှင့် အများကြီး မပြောဘဲ ဖုန်းချလိုက်သည်။

ထို့နောက် ကျူးရှောင်ကျောင်းသည် သူမ၏ လှပသော မျက်လုံးလေးများဖြင့် သူ့ကို စိုက်ကြည့်နေကြောင်း သူ သိလိုက်သည်။

ကျူးရှောင်ကျောင်းသည် သူမအား ယဲ့ဖန်မှ ကြည့်နေသည်ကို တွေ့လိုက်သောအခါ အလျင်အမြန် အဝေးသို့ လှမ်းကြည့်ကာ အကြည့်လွှဲလိုက်သည်။

" မင်းကြည့်ချင်ရင် ပွင့်ပွင့်လင်းလင်း ကြည့်လို့ ရပါတယ်။ မင်း ကိုယ့်ကို ဘာလို့ ကြောက်စရာကောင်းတဲ့အကြည့်နဲ့ တိတ်တိတ်လေး ကြည့်နေတာလဲ "

ယဲ့ဖန် မတတ်နိုင်ဘဲ စနောက်လိုက်သည်၊

" ဘယ်သူ့ကို ကြောက်စရာလို့ ပြောနေတာလဲ "

ကျူးရှောင်ကျောင်း ချက်ချင်းပင် လက်သီးဆုပ်လေးများနှင့် ဝှေ့ယမ်းလိုက်သည်။

" မင်းက ကိုယ့်ကို အရမ်းချောတယ်လို့ ရုတ်တရက် ထင်လာတာလား။ အဲ့တာနဲ့ ကိုယ့်စီမှာ မြှုပ်နှံဖို့ ဆုံးဖြတ်လိုက်တာလား "

ယဲ့ဖန် သူမကို ဆက်လက် လှောင်ပြောင်သည်။

သို့သော် ကျူးရှောင်ကျောင်းသည် ဤတစ်ကြိမ်တွင် ဝန်ခံခြင်း သို့မဟုတ် ငြင်းဆိုခြင်းလည်း မရှိခဲ့ပေ။

သူမ ခေါင်းငုံ့ကာ ဘာမှပြန်မပြောပေ။

လက်ရှိအချိန်တွင် ယဲ့ဖန်သည် အမှန်တကယ် ချောမောကြောင်း သူမ ဝန်ခံရပေမည်။

သူသည် တခါတရံတွင် အလွန်ကလေးဆန်တတ်ပြီး မရင့်ကျက်သေးသည့် ကလေးကဲ့သို့ ဖြစ်သည်။

သို့သော် တစ်ခါတလေ သူသည် အလွန်ပင်ကြီးစိုးတတ်သေးသည်။

သူ၏ ဖုန်းတစ်ချက်ခေါ်ဆိုမှုဖြင့် သန်းနှင့်ချီပြီး ပရိသတ်ရှိသည့် အင်တာနက်နာမည်ကြီးတစ်ယောက်ကို ပျောက်သွားအောင် သူ လုပ်နိုင်လေသည်။

ထိုသို့ ဆန့်ကျင်ဘက် ပေါင်းစပ်မှုမျိုးက သူမကို အမှန်တကယ် စိတ်လှုပ်ရှားစေသည်။

သူမသည် လက်ရှိတွင် ယဲ့ဖန်နှင့် သီးသန့်အချိန်ကို ပျော်ရွှင်နေသည်။

လက်ရှိအခိုက်အတန့်တွင် ထာဝရရပ်တန့်ထားနိုင်လျှင် ကောင်းလိမ့်မည်ဟု သူမ မျှော်လင့်လေသည်။

" ယဲ့ဖန်၊ နင် လောလောဆယ် ယန်းချန်မြို့မှာ နေမှာ မဟုတ်လား "

သူမသည် ရုတ်တရက် မော့ကြည့်ကာ နေ့တိုင်း ယဲ့ဖန်ကို တွေ့နိုင်စေရန်အတွက် 'ဟုတ်တယ်'ဟု ဖြေလိမ့်မည်ကို မျှော်လင့်နေသည်။

သို့သော် ယဲ့ဖန်၏ အဖြေက သူမကို စိတ်ပျက်စေခဲ့သည်။

" ကိုယ် သိပ်အကြာကြီးနေဖြစ်မှာ မဟုတ်ဘူး။ ရက်ပိုင်းအတွင်း ပြန်ထွက်ရမှာ "

ကျူးရှောင်ကျောင်း ထိတ်လန့်သွားသည်။

" နင် ဘာလို့ ဒီလောက်တောင် ခရီးထွက်နေတာလဲ။ အခုက ဘယ်သွားမှာလဲ "

ယဲ့ဖန် နှာခေါင်းကို ကုတ်လိုက်သည်။

" ကိုယ်ပြောခဲ့တဲ့ ရှန်းဘုရင်ရဲ့ လျှို့ဝှက်ရတနာမြေပုံအကြောင်းကို မင်း မှတ်မိသေးလား "

ကျူးရှောင်ကျောင်း၏ မျက်လုံးများ တောက်ပလာသည်။

" နင်က ရှန်းဘုရင်ရဲ့ လျှို့ဝှက်ရတနာမြေပုံကို သွားရှာမှာလား။ ငါ့ကို ခေါ်သွားလို့ ရမလား "

" မရဘူး "

ယဲ့ဖန် ခေါင်းခါပြီး ငြင်းလိုက်သည်။

" ဘာလို့လဲ "

ကျူးရှောင်ကျောင်းသည် ချက်ချင်းပင် မကျေမနပ် ဖြစ်သွားသည်။

" ဒီဘုရင် ရှန်းဘုရင်ရဲ့ လျှို့ဝှက်ရတနာမြေပုံနဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေက အရမ်းနည်းလွန်းတယ်။ အထဲမှာ ဘာအန္တရာယ်တွေ ရှိနေလဲဆိုတာ မသိနိုင်ဘူး။ မင်းကို ဒီလို လွယ်လွယ်နဲ့ စွန့်စားခွင့် မပြုနိုင်ဘူး "

ယဲ့ဖန် သူမကို လေးနက်စွာ ပြောလိုက်သည်။

ကျူးရှောင်ကျောင်း ပြုံးသွားသည်။

" နင်က ငါ့ကို ဂရုစိုက်တာပဲ။ အဲ့တာဆို ရှန်းဘုရင် လျှို့ဝှက်ရတနာကို ရှာဖို့ ဘယ်သူ့ကိုမှ ခေါ်မသွားဘူးလား "

ယဲ့ဖန် ခေါင်းခါပြီး ရိုးသားစွာ ပြောလိုက်သည်။

" ရှုကျင်းရှင်းလည်း သွားမှာ "

ကျူးရှောင်ကျောင်း၏ အပြုံးသည် မျက်နှာပေါ်တွင် အေးခဲသွားသည်။

" နင် ငါ့ကိုကျ မခေါ်ဘဲ သူမကို ဘာလို့ခေါ်တာလဲ "

ယဲ့ဖန်သည် ခြောက်ကပ်စွာ ချောင်းဟန့်လိုက်သည်။

" ဘာလို့လဲဆိုတော့ သူမက မင်းထက် ဉာဏ်ပိုကောင်းတယ် "

ကျူးရှောင်ကျောင်း ဒေါသတကြီး စိုက်ကြည့်နေသည်။

" အဲ့တာက ဘယ်လိုအကြောင်းပြချက်ကြီးလဲ "

ယဲ့ဖန် ချက်ချင်းပင် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

" ကိုယ်မင်းကို နောက်နေတာပါ။ အဓိကက ကိုယ်အရင်က သူ့ကို ကတိပေးထားပြီးသားဖြစ်နေတော့ အခုမှ စကားပြန်ပြောင်းဖို့ အဆင်မပြေဘူး "

" ဒါဆို နင်ငါ့ကိုလည်း ကတိပေးလို့ရတယ်။ ငါ သေချာနာခံပါ့မယ်လို့ ကတိပေးတယ် "

ကျူးရှောင်ကျောင်းသည် သူ့လက်ကို ချက်ချင်းဆွဲကိုင်လိုက်ပြီး စတင်လှုပ်ယမ်းတော့သည်။

သူမသည် ချွဲနွဲ့စွာ ပြုမူလာသည်။

" အဲ့လို မဖြစ်ဘူး၊ လုံးဝ မဖြစ်ဘူး။ မင်းတစ်ခုခုဖြစ်သွားရင် မင်းအဘိုးက ငါ့ကို ကမ္ဘာအဆုံးအစွန်ထိ လိုက်ဖမ်းလိမ့်မယ် "

ယဲ့ဖန် ခေါင်းခါပြီး ငြင်းလိုက်သည်။

ညှိနှိုင်းရန် နေရာမရှိပေ။

" ဟွန်း၊ ငါ နင့်ကို မခေါ်တော့ဘူး "

ကျူးရှောင်ကျောင်း ဒေါသတကြီးဖြင့် ခေါင်းကို လှည့်လိုက်ပြီး ထိုသည်ကို ခြိမ်းခြောက်မှုအဖြစ် အသုံးချလိုက်သည်။

သို့သော် ယဲ့ဖန်သည် သူမ၏ လှည့်စားမှုတွင် မကျလာခဲ့ပေ။

ဤသို့ ကိစ္စမျိုးသည် ဟာသမဟုတ်ပေ။

သူမ ဝုန်းဒိုင်းကြဲပစ်လိုက်သည်ဖြစ်စေ၊ ခြိမ်းခြောက်သည်ဖြစ်စေ သူမ လုပ်ချင်တာလုပ်ရန် လွှတ်ထားရမည် မဟုတ်ပေ။

ကျူးရှောင်ကျောင်းသည် သူ၏ ခိုင်မာသော သဘောထားကို မြင်သောအခါ သူမ သူ့ကို မယုံကြည်နိုင်မှန်း သိလိုက်သည်။

သို့သော် သူမ လက်မလျှော့ခဲ့ချေ။

သူမကို မခေါ်ချင်သောကြောင့် သူမကိုယ်တိုင် ခိုးလိုက်နိုင်သည်။

ထိုကိစ္စကို တွေးမိပြီး ပြုံးလိုက်သည်။

ယဲ့ဖန် သူမကို ကောင်းစွာ သိသည်။

သူမ၏ ထိုပုံစံကို မြင်လိုက်သည်နှင့် သူမ တစ်ခုခုကြံနေသည်ကို သေချာပေါက် သိလိုက်ရသည်။

သို့သော် သူသည် မေးရန် အလွန်ပျင်းလှသည်။

ကောင်းကင်ဘုံကို သွားပြောမည်ဟု ပြောလျှင်ပင် သူမကို ခေါ်မသွားနိုင်ချေ။

ထို့နောက် သူတို့နှစ်ဦးသည် ဟိုင်ယန်းဟင်းလျာစားသောက်ဆိုင်သို့ သွားကာ ထမင်းစားကြသည်။

ထိုစားသောက်ဆိုင်မှ အစားအသောက်များသည် အမှန်တကယ် အရသာရှိလှသည်။

မမလေးကျူးသည် ဝိတ်ချချင်သည်ဟု ဆိုသော်လည်း ပါးစပ်တွင် အဆီပြည့်သည်အထိ စားနေခဲ့သည်။

ယဲ့ဖန် ခေါင်းယမ်းလိုက်သည်။

ကျူးရှောင်ကျောင်းသည် သူမ၏ မျက်နှာလှလှလေးကြောင့် မဟုတ်ပါက သူမ၏ စားသောက်မှု အလေ့အထကို ကြည့်ရုံနှင့် လက်တွဲဖော် ရှာရခက်ပေလိမ့်မည်။

သူတို့ ညစာစားပြီးနောက် ကျူးရှောင်ကျောင်းကို ဟိုတယ်သို့ ပြန်လိုက်ပို့ပေးသည်။

မမလေးကျူးသည် အပြင်ထွက်ပြီး ကစားရန် သူ့ကို ပူဆာချင်နေသေးသည်။

သို့သော် သူသည် ပင်ပန်း၍ အနားယူရန် လိုအပ်သောကြောင့် ငြင်းလိုက်သည်။

ကျူးရှောင်ကျောင်းနှင့် နှုတ်ဆက်ပြီးနောက် ကျန်းကောပြန်နယ်ပြည်နယ်သို့ သွားမည့်ကိစ္စ ဆွေးနွေးရန် ရှုကျင်းရှင်းကို ဆက်သွယ်ခဲ့သည်။

သို့သော် ရှုကျင်းရှင်းသည် ယခု အိမ်မှာ မရှိကြောင်းကို ပြောခဲ့သည်။

သူမသည် ဆေးလမ်းတွင် ရှိနေသည်ဟု ပြောသည်။

ယဲ့ဖန်သည် အသေးစိတ်ကို မမေးခဲ့ချေ။

ထိုနေရာတွင်သာ သူ့ကို စောင့်နေရန် ပြောခဲ့သည်။

သူသည် Ferrariကားကို ကျူးရှောင်ကျောင်းစီ ပြန်ပေးလိုက်ပြီ ဖြစ်သောကြောင့် တက္ကစီစီးခဲ့သည်။

ဆေးလမ်းကို ရောက်သောအခါ ရှုကျင်းရှင်း သည် လမ်း၏အဆုံး၌ စောင့်နေသည်ကို တွေ့လိုက်ရသည်။

သူ့ဘေး၌ ရပ်နေသည့် မိန်းကလေးတစ်ယောက် ရှိလေသည်။

သူမသည် ရုပ်ရည်ချောမောပြီး ရှုကျင်းရှင်း၏ သူငယ်ချင်းဖြစ်လောက်သည်။

" ရောက်ပြီလား "

ရှုကျင်းရှင်းသည် ပုံမှန်ကဲ့သို့ တိတ်ဆိတ်တည်ငြိမ်နေသည်။

ရက်အတော်ကြာပြီးနောက် ယဲ့ဖန်ကို ပြန်တွေ့ရ၍ သူမ အလွန်စိတ်လှုပ်ရှားနေသော်လည်း သူမမျက်နှာ၌ ထိုပုံစံကို မပြခဲ့ပေ။

" ဟုတ်တယ်၊ ကိုယ် ပြန်လာပြီ "

ယဲ့ဖန်သည် သူမအရှေ့သို့ လျှောက်လာပြီး မသိစိတ်အရ သူမ၏ဆံပင်ကို ပွတ်သပ်ရန် လက်လှမ်းလိုက်သည်။

သို့သော် တစ်ဖက်သူသည် ကျူးရှောင်ကျောင်း မဟုတ်ကြောင်း ရုတ်တရက် သတိရလိုက်သည်။

ထိုသို့လုပ်လိုက်ခြင်းက မသင့်တော်ပေ။

သူ့လက်ကို ချက်ချင်း ပြန်ရုတ်လိုက်သည်။

ရှုကျင်းရှင်းသည် သူ၏ အပြုအမူကို သတိပြုမိပြီး သူမ၏ မျက်လုံးများထဲမှ မျှော်လင့်ချက်ပျက်သွားသော အရိပ်အမြွက် ထွက်ပေါ်လာသည်။

သူသည် သူမနှင့် စိမ်းနေသေးသည်။

သူ့စိတ်ဝင်စားအောင် မဆွဲဆောင်နိုင်သေးလို့များ ဖြစ်နေမလား။

ထိုသို့ စိတ်ပျက်သွားမှုကို ယဲ့ဖန်က ချက်ချင်း သတိထားမိသည်။

အလှလေးရှုက သူ ခေါင်းမပွတ်ပေးလို့ စိတ်ပျက်သွားတာလား။

ဒါဆို သူမကလည်း ဒီလိုချွဲတတ်တဲ့သူမျိုးပဲလား။

ထိုသည်ကို တွေးမိပြီး ချက်ချင်း လက်ဆန့်ကာ သူမနှာခေါင်းလေးကို ညှစ်လိုက်သည်။

" မင်းနဲ့ မတွေ့ရတာ ရက်အတော်ကြာနေပြီ။ ပိုပိုပြီး လှလာတာပါလား "

ရှုကျင်းရှင်းသည် အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း သူမ၏ လှပသောမျက်နှာလေးသည် သာမန်မျက်စိဖြင့်ပင် မြင်နိုင်သည့်အရှိန်ဖြင့် ချက်ချင်း နီမြန်းသွားသည်။

" ရှင် … ရှင် အပြုအမူကို သတိထားပါဦး "

သူမသည် စကားပြောနေစဉ်တွင် သူမဘေးနားရှိ သူငယ်ချင်းကို အမြန်ကြည့်လိုက်သည်။

ထိုမိန်းကလေးသည် ယဲ့ဖန်ကို ထိတ်လန့်စွာ ကြည့်နေသည်။

ပြောရလျှင် ယောက်ျားတစ်ယောက်မှ ရှုကျင်းရှင်းနှင့် ဤမျှလောက် ရင်းနှီးသည့် အပြုအမူမျိုး ရှိမည်ဟု သူမ မမျှော်လင့်ထားသည်မှာ ထင်ရှားလေသည်။

ယဲ့ဖန်သည် ရှုကျင်းရှင်းကြောင့် စကားမပြောနိုင် ဖြစ်နေသည်။

သူမကို ဂရုမစိုက်ပါက သူမသည် စိတ်ပျက်သွားပေလိမ့်မည်။

ထိုအခါ သူ သူမကို ပရောပလုပ်လိုက်သော်လည်း သူမသည် အထိမခံချင်ပေ။

ဆုတ်လည်းစူး၊ စားလည်းရူးပါလား။

" စကားမစပ် မင်းဒီမှာ ဘာလုပ်နေတာလဲ "

ယဲ့ဖန် ထိုကိစ္စကို ဆက်မပြောချင်ပေ။

သူ စကားခေါင်းစဉ် ပြောင်းလိုက်သည်။

ရှုကျင်းရှင်းသည်လည်း ပုံမှန်ပြန်ဖြစ်လာသည်။

သူမဘေးနားရှိ မိန်းကလေးကို လက်ညှိုးထိုးပြပြီး ပြောလိုက်တယ်။

" ကျွန်မ ရှင်နဲ့ မမိတ်ဆက်ပေးရသေးဘူး။ ဒါက ကျွန်မသူငယ်ချင်း လီရှုယား "

" မင်္ဂလာပါ ယဲ့လူကြီးမင်း။ ကျင်းရှင်းစီက ရှင့်အကြောင်းကို မကြာခဏ ကြားဖူးပါတယ်။ အခု ရှင့်ကို ဒီနေ့ တွေ့လိုက်ရတော့ ရှင်က တကယ် ချောတဲ့သူပဲ "

ထိုမိန်းကလေးသည် ချက်ချင်း လက်ကို သပ်ရပ်စွာ ဆန့်ထုတ်လိုက်သည်။

ယဲ့ဖန်သည်လည်း သူမလက်ကို ဆွဲကာ နှုတ်ဆက်လိုက်သည်။

ရှုကျင်းရှင်းသည် လီရှုယားကို ချက်ချင်းတွန်းလိုက်သည်။

" နင် ဘာတွေ လျှောက်ပြောနေတာလဲ။ ငါ သူ့အကြောင်းကို ဘယ်တုန်းက မကြာခဏ ပြောလို့လဲ "

လီရှုယား သူမနောက်ကျောကို ပုတ်ပြီး ခေါင်းညိတ်လိုက်သည်။

" အင်း၊ ခဏခဏတော့ မဟုတ်ပါဘူး။ တစ်နေ့ကို သုံးလေးခါလောက်ပဲ ပြောတာပါ "

ရှုကျင်းရှင်း မျက်နှာ နီရဲလာပြန်သည်။

သူမ ခါးကို ချက်ချင်း ဆွဲညှစ်လိုက်သည်။

" နင် ထပ်ပြီး လျှောက်ပြောနေရင် နင့်ကို သေအောင်ရိုက်ပစ်မယ် "

All Chapters