အခန်း (၁၃၄၉-၁၃၅၂)
Vol. 68 Ch. 1349-1352
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၃၄၉ )
နတ်ဆေးက ဘယ်လောက်တောင် အစွမ်းထက်လို့လဲ
အလှလေး နှစ်ယောက်သည် အနီးနားတွင် ဘယ်သူမှမရှိသလို ကစားနေကြသည်။
ရှုကျင်းရှင်း၏ ကလေးဆန်သော တစ်ဖက်ခြမ်းကို ယဲ့ဖန် မြင်ရခဲသည်။
ထိုမိန်းကလေးသည် သူမနှင့် ဆက်ဆံရေးကောင်းသည်မှာ ထင်ရှားလေသည်။
သူတို့နှစ်ယောက် ကစားပြီးနောက် ရှုကျင်းရှင်းသည် သူမ၏ ဂုဏ်သိက္ခာရှိပြီး ပြေပြစ်သော အသွင်အပြင်ကို ပြန်လည်ရရှိခဲ့သည်။
" ရှုယားက ဒီလမ်းမှာ နုပျိုတဲ့နေရာမှာ အရမ်းအစွမ်းထက်တဲ့ နတ်ဆေးဆရာ ရှိတယ်တဲ့။ အကျိုးသက်ရောက်မှုက အရမ်းကောင်းတယ်ဆိုလို့ သူမက စမ်းကြည့်စေချင်နေတာ "
ယဲ့ဖန်သည် လီရှုယားကို တစ်ချက်ကြည့်လိုက်သည်။
" နုပျိုဆေး။ နတ်ဆေးဆရာက ဘယ်လောက်တောင် ကောင်းလို့လဲ "
လီရှုယားသည် သူမ၏လက်ကို မြှောက်လိုက်ပြီး ချောမွေ့နူးညံ့သော ပါးပြင်များကို ထိလိုက်သည်။
ထို့နောက် သူမက ဆက်ပြောသည်။
" ကျွန်မ အဲ့ဒီမှာ အသားအရေထိန်းသိမ်းတာများတယ်။ ကျွန်မအသားအရေကို ဘယ်လိုထင်လဲ"
ယဲ့ဖန် သူ့နှာခေါင်းကို ထိလိုက်သည်။
" အဲ့တာက ထိရောက်တယ်ဆိုရင်တောင် မင်းပြောသလောက်ထိ မကြီးကျယ်လောက်သင့်ဘူး မဟုတ်လား "
လီရှုယား ခေါင်းခါလိုက်သည်။
" ရှင်တို့ယောက်ျားတွေက ကျွန်မတို့ မိန်းမတွေလို အသားအရေထိန်းသိမ်းတာမှာ မတော်ဘူး။ ကျွန်မ ဈေးကွက်ထဲက အလှကုန်တွေနဲ့ အသားအရေထိန်းသိမ်းရေးနည်းလမ်းတွေ အကုန်လုံးနီးပါးကို စမ်းကြည့်ဖူးပေမယ့် ဒီနတ်ဆရာကို လုံးဝမယှဉ်နိုင်ဘူး "
ရှုကျင်းရှင်းလည်း ဝင်ပြောလိုက်သည်။
" ဟုတ်တယ်၊ ယန်းချန်မြို့က ချမ်းသာတဲ့ မိန်းကလေး တော်တော်များများ ဒီကို လာကုသဖို့ တန်းစီရတယ်လို့ ရှုယားစီက ကြားထားတယ်။ အဲ့တာက တကယ်ကို ထိရောက်တာ ဖြစ်မယ် "
ယဲ့ဖန်သည် သူတို့နှစ်ဦး ဦးနှောက်ဆေးခံထားရသည်ကို တွေ့လိုက်ရသည်။
သူ ခါးသီးစွာ ပြုံးလျက် ခေါင်းယမ်းသည်။
" ဒါဆို ကိုယ့်ရဲ့ အသိဉာဏ်ကို ချဲ့ထွင်ဖို့ မင်းတို့နဲ့အတူ လိုက်ခဲ့မယ် "
" ကိစ္စမရှိပါဘူး။ ဒါပေမယ့် ရှင် လိုက်လာတဲ့အခါ မဟုတ်တဲ့စကားတွေ မပြောနဲ့။ ဒီနတ်ဆေးဆရာလုံရဲ့ ဒေါသက သိပ်မကောင်းဘူး။ ရှင် သူ့ကို စိတ်ဆိုးအောင်လုပ်ရင် ရှင့်ကို နှင်ထုတ်လိမ့်မယ် "
လီရှုယား စိတ်ပူနေဆဲဖြစ်ကာ သူမ သူ့ကို အကြံတစ်ခု ပေးလိုက်သည်။
ယဲ့ဖန် စဉ်းစားမနေဘဲ ချက်ချင်း သဘောတူလိုက်သည်။
ထိုလူလိမ်အိုကြီး မည်မျှ တန်ဖိုးရှိလဲဆိုတာ သူ သိချင်မိသည်။
သူတို့၃ဦးသား ဆေးလမ်းထဲသို့ လမ်းလျှောက်လာကြသည်။
ထိုလမ်းထဲ၌ တရုတ်ဆေးပစ္စည်းဆိုင်များဖြင့် ပြည့်နှက်နေသည်။
သူတို့ လျှောက်လာသည်နှင့် ဆေးနံ့ပြင်းကို ရှူမိသည်။
ရှုကျင်းရှင်းနှင့် လီရှုယားတို့၏ မိတ်ဆက်ပေးမှုအရ ဤဆေးလမ်းသည် ယန်းချန်မြို့ရှိ နာမည်အကြီးဆုံးလမ်းများထဲမှ တစ်ခုဖြစ်သည်။
ဖွင့်လှစ်ထားသည်မှာ နှစ်ပေါင်းရာချီနေပြီဖြစ်သော ဆိုင်ကြီးများ၏ ဆိုင်ခွဲများသည် ဤလမ်းထဲ၌ ရှိသည်ဟု ပြောလေသည်။
ထို့အပြင် နာမည်ကြီးဆရာဝန်များစွာလည်း ဤလမ်းထဲ၌ ရှိသည်။
လူချမ်းသာများသည် ထိုနာမည်ကြီးဆရာဝန်များထံမှ ကုသမှုခံယူရန် လာကြသည်။
လမ်းတစ်လျှောက်၌ ကိုယ်ရောင်ဝါတောက်ပပြီး ဇိမ်ခံကားများစီးလာသော လူများစွာကို ယဲ့ဖန်တွေ့လေသည်။
သူတို့ပြောနေကြသော နတ်ဆေးဆရာလုံသည် ဆေးလမ်းထဲ၌ ဟိုက်ချွမ်ဆေးခန်းမဟုခေါ်သော ဆေးခန်းကို ဖွင့်ထားသည်။
ဤဆေးလမ်းထဲမှ မြေတစ်လက်မစီတိုင်းသည် ရွှေတမျှအဖိုးတန်ပြီး ငှားခမှာ ယွမ်ထောင်ကျော် ရှိနိုင်သည်။
ဟိုက်ချွမ်းဆေးခန်းမသည် စတုရန်းမီတာ တစ်ရာကျော်လေသည်။
ထို့ကြောင့် ငှားရမ်းခမှာ ယွမ်သိန်းကျော် ရှိပေမည်။
ငှားခကိုပင် ပြန်ရနိုင်ရန်မှာ မလွယ်ကူပေ။
ဤသည်ကိုပင် အမြတ်အစွန်းကျန်သည်ဆိုပါက အမြတ်မှာ အတော်များမည် ဖြစ်သည်။
မိန်းကလေးများနှင့် ကလေးများစီမှ ပိုက်ဆံရရန် လွယ်သည်ဟု လူများဆိုကြသည်မှာ အလကားတော့ မဟုတ်ပေ။
သူတို့၃ဦးသား ဟိုက်ချွမ်းသို့ ရောက်လာသောအခါ ဆေးခန်းမသည် လူများအပြည့်ရှိနေပြီး အားလုံးမှာ မိန်းကလေးများ ဖြစ်ကြသည်။
ထို့ကြောင့် ယဲ့ဖန်ဝင်လာသောအခါ အားလုံး၏ အာရုံမှာ သူ့စီသို့ ရောက်လာသည်။
ယဲ့ဖန် ဘာကြောင့်မှန်းမသိ ရှက်သွားရသည်။
သူသည် နတ်ဆေးဆရာလုံဟူသောသူကို ဖော်ထုတ်ရမည်ဖြစ်၍ ဆက်လိုက်လာခဲ့သည်။
သူဝင်လာသောအခါ ရှုကျင်းရှင်းနှင့် လီရှုယားတို့သည် သူတို့၏ တိုကင်နံပါတ်များကို ရပြီးဖြစ်သည်။
သူတို့အလှည့်ရောက်ရန် စောင့်နေကြသည်။
သူတို့နှစ်ယောက် ပြောပုံအရ တိုကင်နံပါတ်ရရန်ပင် ယွမ်တစ်ရာ ပေးရသည်။
နတ်ဆေးဆရာလုံသည် မတူညီသော အရေပြားအလိုက် မတူညီသော ဆေးပမာဏကို ပေးလေသည်။
ထိုဆေးပမာဏကို သိရရန် နတ်ဆေးဆရာလုံမှ စစ်ဆေးပေးမှာ ဖြစ်သည်။
ထိုစစ်ဆေးခမှာ ယွမ်၂သောင်းမှ ၁သိန်းအထိ ကျသင့်သည်။
အတိုချုပ် ပြောရလျှင် ကြေက်စရာကောင်းလောက်အောင် ဈေးကြီးလေသည်။
ယဲ့ဖန် အံ့သြစွာဖြင့် သူ့လျှာကို ခေါက်လိုက်သည်။
ဒီလိုမျိုး ဆေးဆိုင်တောင် ဖွင့်ချင်သွားပြီ။
မိန်းကလေးများစီက ပိုက်ဆံလိမ်စားရန်မှာ ဤမျှ လွယ်ကူလေသည်။
အထူးသဖြင့် ချမ်းသာသော မိန်းကလေးများမှာ ရွှေတောင်ကြီးများပင် ဖြစ်လေသည်။
ဟိုက်ချွမ်း၏ တောင်ဘက်တွင် ကုတင်တစ်လုံးသာ ရှိသည်။
ထိုအချိန်တွင် မိန်းမတစ်ယောက် ထိုကုတင်ပေါ်တွင် လှဲနေသည်။
သူမ၏ဘေးတွင် အဘိုးအိုတစ်ဦး သူမမျက်နှာပေါ်သို့ တစ်စုံတစ်ခုကို သုတ်လိမ်းနေသည်။
ထိုအဘိုးသည် အသက်၇၀လောက် ရှိလေသည်။
သူသည် အစိမ်းရောင်ဝတ်ရုံကို ဝတ်ထားပြီး ဆေးဆရာအသွင်ရှိသည်။
ဆေးခန်းထဲရှိ မိန်းကလေးတိုင်းသည် သူ့ကို လေးစားစွာ ကြည့်နေသည်။
သူတို့သည် ဉာဏ်မဲ့စွာ ကိုးကွယ်နေသည်နှင့် ပိုတူလေသည်။
မေးစရာမလိုစွာပင် ထိုလူမှာ နတ်ဆေးဆရာလုံ ဖြစ်သည်။
" ကောင်းပြီ၊ မင်းအတွက် ဆေးလိမ်းပေးပြီးပြီ။ ပိုက်ဆံသွားရှင်းလိုက်။ မင်းရဲ့ အရေပြားအခြေအနေက တော်တော်လေး ဆိုးနေတာဆိုတော့ ဆေးကောင်းတွေ အများကြီး သုံးပေးလိုက်တယ်။ စုစုပေါင်း ၇၂၀၀၀ ကျတယ် "
နတ်ဆေးဆရာလုံသည် ထိုအမျိုးသမီးအား ဆေးလိမ်းရန် ကူညီပေးပြီး အေးစက်စွာ ပြောခဲ့သည်။
သူ၏ ဝန်ဆောင်မှု သဘောထားသည် အလွန်ဆိုးရွားသည်ဟု ဆိုနိုင်သည်။
သို့သော် ထိုအမျိုးသမီးက လုံးဝ ဂရုမစိုက်ပေ။
ထိုအစား သူမသည် ပါးစပ်မပိတ်နိုင်လောက်အောင် ပျော်နေခဲ့သည်။
သူမသည် ထပြီး ငွေရှင်းရန် ငွေရှင်းကောင်တာဆီသို့ ပြေးသွားခဲ့သည်။
ယဲ့ဖန် အံ့သြသွားသည်။
မျက်နှာပေါ်၌ ဆီအနည်းငယ် လိမ်းပေးမှုအတွက် ၇၂၀၀၀ တောင်းလေသည်။
ဒီနတ်ဆေးဆရာလုံက အရင်က ဘဏ်တွေကို ဓားပြတိုက်ဖူးတယ် မဟုတ်လား။
ထို့နောက် နတ်ဆေးဆရာလုံသည် နောက်ထပ်လူနာအချို့ကို ရောဂါရှာဖွေပေးခဲ့ပြီး လူနာတစ်ဦးစီ၏ အခြေအနေအရ မတူညီသောဆီတစ်မျိုးကို လိမ်းပေးခဲ့သည်။
သို့သော် ယဲ့ဖန်သည် လိမ်းဆီများမှာ ဘာကွာခြားသည်ဆိုတာ မပြောနိုင်ချေ။
မစင်များကဲ့သို့ လိမ်းဆီများမှာ မည်းနက်နေသည်။
သို့သော် ထိုအမျိုးသမီးများသည် အလွန်ပျော်ရွှင်နေကြပြီး ပိုက်ဆံပေးရန် တန်းစီနေခဲ့ကြသည်။
" မင်း မသွားသင့်ဘူးလို့ ကိုယ် ထင်တယ်။ ဒါက စိတ်မချရဘူးလို့ ကိုယ် ဘာလို့ ခံစားနေရတာပါလိမ့် "
ယဲ့ဖန်သည် ရှုကျင်းရှင်းကို ချက်ချင်းဆွဲထုတ်ပြီး တိုးတိုးလေး ပြောလိုက်သည်။
" ဘယ်သူပြောတာလဲ။ ကျွန်မကတော့ တော်တော်လေး ယုံရတယ် ထင်တာပဲ။ အဲ့ဒီမိန်းကလေးတွေရဲ့ အသားအရေက အခု ပိုကောင်းလာတာကို ရှင် မမြင်ဘူးလား "
ရှုကျင်းရှင်းသည် သူ၏အကြံကို နားမထောင်တော့သည်အထိ စွဲလမ်းနေသည်။
ယဲ့ဖန်သည် စကားမပြောနိုင် ဖြစ်သွားရသည်။
" မင်းက ပုံမှန်ဆို တော်တော်လေး ဉာဏ်ကောင်းပါတယ်။ အခု ရုတ်တရက် ဘာလို့ အရမ်းရူးနှမ်းနေရတာလဲ။ မင်းက ငယ်သေးတဲ့အပြင် မင်းရဲ့ အသားအရေက အရမ်းကောင်းတယ်လေ။ မင်းရဲ့ ရုပ်ရည်ကို ထိန်းသိမ်းရမယ့်အချိန် မဟုတ်သေးဘူးမဟုတ်လား "
ရှုကျင်းရှင်း သူ့ကို လေးနက်စွာ ကြည့်လိုက်သည်။
" ရှင် နားမလည်ပါဘူး။ မိန်းကလေးတွေက မြန်မြန် ရင့်လာတတ်တယ်။ ကိုယ့်ကိုယ်ကိုယ် တတ်နိုင်သမျှ ဂရုစိုက်ရမယ်။ အနာဂတ်မှာ ရှင် ကျွန်မကို အထင်သေးမှာ မလိုချင်ဘူး "
ယဲ့ဖန်သည် သူမ၏ နောက်ဆုံးစကားကို ကြားသောအခါ သူ၏အပြုံးသည် ထူးဆန်းလာခဲ့သည်။
" အိုး ..... ဒါဆို မင်းက ကိုယ့်အတွက် ဒီကိုလာတာလား "
ရှုကျင်းရှင်းသည် သတိမထားမိဘဲ ပြောလိုက်သည်ကို သိလိုက်ပြီး မျက်နှာမှာ နီရဲလာသည်။
" ဘယ်သူက ရှင့်အတွက် လုပ်မှာလဲ။ ဒါ ကျွန်မကိုယ်တိုင်အတွက် လုပ်တာ "
" မင်းကိုယ်တိုင်အတွက်ကြောင့် မင်း ဒါကို မယုံသင့်ဘူး။ ဒီမှာ စိတ်မချရဘူး ထင်တယ်။ စောစောထွက်သွားတာ ပိုကောင်းတယ် "
သူ့အသံမှာ အနည်းငယ် ကျယ်သွားသောကြောင့် တိတ်ဆိတ်နေသော ခန်းမထဲတွင် အသံထွက်လာသည်။
နတ်ဆေးဆရာလုံသည် ချက်ချင်းပင် ယဲ့ဖန်ကို ဒေါသတကြီး စိုက်ကြည့်သည်။
" ဟိုမှာ ဘယ်သူ ရိုင်းစိုင်းနေတာလဲ။ မကုချင်ရင် ထွက်သွား "
ခန်းမထဲရှိ အခြားအမျိုးသမီးများသည် နတ်ဆေးဆရာလုံ၏ ပေါက်ကွဲမှုကို မြင်လိုက်ပြီးနောက် ယဲ့ဖန်ကို ရွံရှာစွာ ကြည့်နေကြသည်။
ယဲ့ဖန်၏ နှုတ်ခမ်းသည် အေးစက်သော အပြုံးတစ်ခုအဖြစ် ကွေးတက်သွားသည်။
ဤအဘိုးအို၏ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှု မည်မျှကောင်းသည်ကို သူ မသိသော်လည်း ဒေါသမှာတော့ အတော်ကြီးသည်။
ယဲ့ဖန်သည် သူနှင့် ငြင်းခုံခြင်းမရှိဘဲ လီရှုယာဘက် လှည့်လိုက်သည်။
" မင်း ဒီကို ခဏခဏ ရောက်ဖူးတယ် မဟုတ်လား "
လီရှုယား ခေါင်းညိတ်လိုက်သည်။
" ခြောက်ကြိမ်၊ ခုနစ်ကြိမ်လောက် "
" မင်းရဲ့သွေးခုန်နှုန်းကို စမ်းလို့ရမလား "
လီရှုယာအား ထူးဆန်းသည်ဟု ခံစားမိစေသည့် မေးခွန်းကို မေးလိုက်သည်။
" သွေးခုန်နှုန်းကို ဘယ်လိုစမ်းရလဲ သိလို့လား "
သူမ အနည်းငယ် ပဟေဠိဖြစ်နေခဲ့သည်။
" နည်းနည်းသိတာပါ။ ဘာပဲဖြစ်ဖြစ် မင်းရဲ့အလှည့်မရောက်သေးဘူး။ မင်း ပျင်းနေတာကို သက်သာရာရစေမယ့် နည်းလမ်းတစ်ခုအနေနဲ့ မှတ်လိုက် "
ယဲ့ဖန် ဆက်၍ တိုက်တွန်းလေသည်။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၃၅၀ )
ဒီလူအိုကြီးက တစ်ဘဝလုံး ဉာဏ်ပညာကြွယ်ဝလာတာ
လီရှုယားသည် သူမ၏ ဖုန်းမှ တိုကင်နံပါတ်ကို ကြည့်ကာ ခဏစောင့်ရမည်ဟု အတည်ပြုခဲ့သည်။
သူမ ချက်ချင်း ခေါင်းညိတ်လိုက်ပြီး လက်ကောက်ဝတ်ကို ဆန့်လိုက်သည်။
ယဲ့ဖန်သည် သူ့လက်ကို သူမလက်ကောက်ဝတ်ပေါ် တင်လိုက်ပြီး သူမ၏ သွေးခုန်နှုန်းကို ခံစားလိုက်သည်။
လီရှုယားသည် ယဲ့ဖန်ကိုကြည့်ကာ အတော်လေး စိတ်ဝင်စားဖို့ကောင်းသည်ဟု တွေးမိသည်။
" အဲ့တာ ဘယ်လိုလဲ။ ဘာကို စမ်းမိလဲ "
ယဲ့ဖန်သည် သူ့လက်ကို ဖြည်းညှင်းစွာ ပြန်ဆုတ်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
" ခဏနေဦး "
ထိုသို့ပြောပြီးနောက် မျက်နှာပေါ်၌ ဆေးလိမ်းထားကာ အကျိုးသက်ရောက်မှုကို စောင့်နေသော အမျိုးသမီးတစ်ယောက်စီသို့ လျှောက်သွားသည်။
သူသည် နှလုံးခုန်နှုန်းစမ်းရန် တောင်းဆိုလိုက်သည်။
ထိုအမျိုးသမီးသည် သူ့ကို ထူးဆန်းစွာ ကြည့်နေသော်လည်း ယဲ့ဖန်သည် အလွန်ချောမောပြီး မကောင်းသော ရည်ရွယ်ချက် မရှိသည့်ပုံကို တွေ့သဖြင့် နောက်ဆုံး၌ သူမ ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
ယဲ့ဖန်သည် သူမ၏ သွေးခုန်နှုန်းကို စစ်ဆေးရန် လက်ကောက်ဝတ်ပေါ်ကို တင်လိုက်သည်။
သူ့မျက်မှောင်ကြုတ်သွားသည်။
ထိုအချိန်တွင် နတ်ဆေးဆရာလုံသည် ယဲ့ဖန်၏ လုပ်ရပ်ကို သတိပြုမိပြီး ချက်ချင်း ဒေါသတကြီး အော်လိုက်သည်။
" မင်း ဘာလုပ်နေတာလဲ "
ထိုအမျိုးသမီးသည် နတ်ဆေးဆရာလုံ၏ ကြိမ်းမောင်းသံကို ကြားသောအခါ သူမ လက်ကို အမြန်ပြန်ရုတ်လိုက်သည်။
ယဲ့ဖန်သည် ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး နတ်ဆေးဆရာလုံကို ကြည့်လိုက်သည်။
" အထင်မလွဲပါနဲ့။ ကျွန်တော်က သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို စစ်ဆေးပေးတာပါ "
ထိုနတ်ဆေးဆရာလုံသည် ထိုစကားကိုကြားသောအခါ ချက်ချင်းပင် ဒေါသဖြစ်လာခဲ့သည်။
သူ့လက်ထဲမှ ပစ္စည်းများကို ချပြီး ချက်ချင်း လမ်းလျှောက်လာသည်။
" မင်း ဘာကိုဆိုလိုတာလဲ။ ငါက သူတို့ကို ဒုက္ခပေးနေတယ်လို့ ပြောလိုက်တာလား "
ခန်းမတွင်းရှိ အမျိုးသမီးများသည် နတ်ဆေးဆရာလုံ၏ စကားကို ကြားသောအခါ အားလုံး ဒေါသဖြစ်လာကြသည်။
သို့သော် သူတို့သည် နတ်ဆေးဆရာလုံကို ပစ်မှတ်ထားခြင်း မဟုတ်ဘဲ ယဲ့ဖန်ကို ဒေါသဖြစ်ကြသည်။
" ဒီလူက ပြဿနာ လာရှာနေတာလား။ နတ်ဆေးဆရာလုံက ငါတို့ကို ဘာလို့ ဒုက္ခပေးရမှာလဲ "
" ဟုတ်တယ်၊ အရင်က ငါ့အသားအရေက အရမ်းဆိုးပေမယ့် နတ်ဆေးဆရာလုံရဲ့ဆေးခန်းကို နှစ်ခါလာလိုက်တာ။ အခု ငါ့ကို လူတိုင်းက မနာလိုဖြစ်နေကြတာ။ သူတို့က ငါက တော်တော်လေး ငယ်သွားတယ်လို့ ပြောကြတယ် "
" ဟုတ်တယ်၊ ငါလည်း နတ်ဆေးဆရာလုံရဲ့ နေရာမှာ ပြန်ပြီးမျက်နှာကို ကုလိုက်တာ တော်တော်လေး နုသွားတယ်။ နတ်ဆေးဆရာလုံလိုလူကိုများ သူ့ရဲ့ ဆေးပညာကို မေးခွန်းထုတ်ရဲတဲ့ သူတစ်ယောက် ရှိတယ်တဲ့လား "
" ဒီကလေးကို ပြိုင်ဖက်တစ်ယောက်ယောက်က လွှတ်လိုက်တာ ထင်တယ်။ နတ်ဆေးဆရာလုံကို ချောက်ချဖို့ပဲ "
" ဒီလူက တော်တော်ဆိုးတာပဲ ....... "
ယဲ့ဖန်သည် ထိုအမျိုးသမီးများ၏ ကြမ်းတမ်းသော စကားကိုကြားသောအခါ မတတ်နိုင်ဘဲ ခေါင်းယမ်းကာ လှောင်လိုက်သည်။
ဘယ်လို အရူးတွေလဲ။
" ခင်ဗျား သူတို့ကို ထိခိုက်အောင် လုပ်ထားလား၊ မလုပ်ထားဘူးလားဆိုတာ ခင်ဗျားကိုယ်တိုင် သိမှာပဲ။ ဒါပေမယ့် ကျွန်တော်က ကျွန်တော့်သူငယ်ချင်းကို ဒီကနေ ခေါ်သွားချင်ရုံပဲ။ ကျန်တဲ့သူတွေက ကျွန်တော်နဲ့ မဆိုင်ဘူး "
သူသည် နတ်ဆေးဆရာလုံကို ပြုံးပြပြီးနောက် ရှုကျင်းရှင်းနှင့် ထွက်သွားရန် လှည့်လိုက်သည်။
အခြားသူများကိုတော့ သူ ဂရုမစိုက်ပေ။
" အဲ့ဒီမှာ ရပ်လိုက်စမ်း။ မင်း ခုနကပြောခဲ့တဲ့ စကားတွေကို ရှင်း။ ငါက သူတို့ကို ဒုက္ခပေးထားတယ်ဆိုတာ မင်း ဘာကိုဆိုလိုတာလဲ။ ငါက သူတို့ကို ထိခိုက်အောင် လုပ်တယ်လို့ ပြောနေတာလား "
နတ်ဆေးဆရာလုံသည် ဒေါသတကြီးဖြင့် ယဲ့ဖန်လမ်းကြောင်းကို ချက်ချင်း ပိတ်လိုက်ပြီး သူ့ကို အစိမ်းလိုက် စားချင်နေပုံပေါ်သည်။
ရှုကျင်းရှင်းနှင့် လီရှုယားတို့သည် နတ်ဆေးဆရာလုံကို နှစ်သိမ့်ရန် အလျင်အမြန် ထရပ်လိုက်ကြသည်။
" နတ်ဆေးဆရာလုံ ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ။ ကျွန်မ သူငယ်ချင်းက စကားကို ဘယ်လိုပြောရမလဲ မသိလို့ပါ။ ကျွန်မတို့က သူ့ကိုယ်စား တောင်းပန်ပါတယ် "
ရှုကျင်းရှင်းသည် နတ်ဆေးဆရာလုံကို နှစ်သိမ့်ရန် တာဝန်ယူလိုက်သည်။
လီရှုယားသည် ယဲ့ဖန်ကို နားချသော အသံဖြင့် ပြောလိုက်သည်။
" ရှင် နတ်ဆေးဆရာလုံကို တောင်းပန်သင့်တယ် မဟုတ်ဘူးလား "
ယဲ့ဖန်သည် မတုန်လှုပ်ချေ။
ထိုအစား သူက နှာမှုတ်လိုက်သည်။
" ကိုယ် ဘာမှ မပြောထားဘူး။ သူ့ရဲ့ တုံ့ပြန်မှုက ပြင်းထန်လွန်းနေတာ မဟုတ်ဘူးလား "
နတ်ဆေးဆရာလုံသည် ယဲ့ဖန်မှ ဆက်ပြောနေသေးသည်ကို ကြားသောအခါ ဒေါသအလွန်ထွက်ပြီးပင် သူ့တစ်ကိုယ်လုံးပင် တုန်ရီနေသည်။
ထို့နောက် တုန်ရီနေသော လက်ညှိုးဖြင့် သူ့ကို ညွှန်ပြသည်။
" ကောင်လေး၊ ဒီလူအိုကြီးက ငါ့ဘဝတစ်သက်လုံး ဉာဏ်ပညာကြီးမားလာတာ။ မင်းကြောင့်နဲ့ ငါ့သိက္ခာ ညှိုးနွမ်းအောင် ဘယ်လိုလုပ် ခွင့်ပြုရမှာလဲ။ မင်း ဒီနေ့ ငါ့ကို ရှင်းရှင်းလင်းလင်း ပြောရမယ်။ မဟုတ်ရင် ထွက်သွားဖို့တောင် မစဉ်းစားနဲ့ "
ယဲ့ဖန် သူ့ကို အေးစက်စွာ ကြည့်နေသည်။
" နတ်ဆေးဆရာလုံ၊ ခင်ဗျား ဒီမှာ ရပ်လိုက်ဖို့ အကြံပေးတယ်။ ခင်ဗျားရဲ့လုပ်ငန်းကို မပျက်စီးစေချင်ဘူး။ အဲ့တာကြောင့် ကျွန်တော့်ကို မနှောင့်ယှက်နဲ့။ မဟုတ်ရင် ခင်ဗျားအတွက် ကောင်းကျိုးရှိမှာ မဟုတ်ဘူး "
ထိုသို့ပြောပြီးနောက် သူသည် ရှုကျင်းရှင်း၏ လက်ကို ဆုပ်ကိုင်ကာ ထွက်လာခဲ့သည်။
" သူ့ကို တားလိုက် "
နတ်ဆေးဆရာလုံသည် ယဲ့ဖန်ကို တစ်ယောက်တည်း မတားနိုင်မှန်း သိနေသည်။
ထို့ကြောင့် ချက်ချင်းပင် တံခါးဆီသို့ လှမ်းအော်လိုက်သည်။
ထိုအခါ တံခါးဝ၌ လူသန်ကြီးနှစ်ယောက်သည် ချက်ချင်းထရပ်ပြီး ယဲ့ဖန်၏ လမ်းကို ပိတ်ဆို့လိုက်သည်။
ထိုနှစ်ယောက်သည် သူ့ကို ကျားတစ်ကောင်လို စိုက်ကြည့်နေကြသည်။
ယဲ့ဖန်သည် ရှေ့သို့ ဆက်၍ တိုးဝင်သွားပါက သူတို့ ချက်ချင်း လှုပ်ရှားမည်မှာ သေချာသည်။
ယဲ့ဖန်သည် သူ့လမ်းကြောင်းတွင်သာ ရပ်လိုက်ပြီး နတ်ဆေးဆရာလုံကို လှည့်ကြည့်လိုက်သည်။
" ခင်ဗျား ကျွန်တော့်ကို သွားခွင့်မပြုတာ သေချာလား။ ခင်ဗျားကို သတိမပေးဘူးလို့ အပြစ်မတင်နဲ့။ ခင်ဗျား နာမည်ပျက်တဲ့အခါလည်း ကျွန်တော့်ကို အပြစ်မတင်နဲ့ "
နတ်ဆေးဆရာလုံသည် ဒေါသဖြင့် ချက်ချင်း နှာမှုတ်လိုက်သည်။
" ခွေးသား၊ မင်းက ဒီမှာ ပြဿနာရှာပြီး ဒီအတိုင်း ထွက်သွားချင်နေတာလား။ ဘယ်လိုလုပ် ဒီလောက် လွယ်နိုင်မှာလဲ။ မင်းငါ့ကို ဒီနေ့ရှင်းမပြပေးရင် မင်းကို သင်ခန်းစာပေးပစ်မယ် "
ရှုကျင်းရှင်းသည် ယဲ့ဖန် ဒုက္ခရောက်မည်ကို စိုးရိမ်သောကြောင့် သူမ အမြန်ဆွဲ
လိုက်သည်။
" ယဲ့ဖန်၊ နတ်ဆေးဆရာလုံကို အမြန် တောင်းပန်လိုက်ပါ။ ရုန်းရင်းဆန်ခတ် မဖြစ်တော့တာပေါ့ "
ယဲ့ဖန်သည် သူမ၏လက်ကို ဖယ်ပြီး နတ်ဆေးဆရာလုံ အရှေ့သို့ ဖြည်းညှင်းစွာ လျှောက်သွားခဲ့သည်။
" ကောင်းပြီ ဒါဆို ခင်ဗျားကို ရှင်းရှင်းလင်းလင်း ပြောပြပေးမယ်"
ယဲ့ဖန်သည် စကားပြောနေစဉ်တွင် သူသည် ဆေးပုံးများဆီသို့ ဖြည်းညှင်းစွာ လျှောက်လာပြီး 'aconites' တံဆိပ်တပ်ထားသော သေတ္တာကို ညွှန်ပြသည်။
" ကျွန်တော် မမှားရင် ခင်ဗျားမှာ နတ်ဆေးလို့ ခေါ်တဲ့ အက်ဆစ်တွေ ရှိရမယ် မဟုတ်လား "
နတ်ဆေးဆရာလုံ၏ မျက်ခွံများ လှုပ်သွားသော်လည်း သူ မငြင်းလိုက်ပေ။
ယဲ့ဖန်၏ နှုတ်ခမ်း ကွေးတက်သွားသည်။
ထို့နောက် 'fritillaria' တံဆိပ်ပါသည့် အခြားသေတ္တာကို ညွှန်ပြသည်။
" ဒီဆေးပုံထဲမှာ fritillaria ရှိတယ် မဟုတ်လား "
နတ်ဆေးဆရာလုံ၏ မျက်ခုံးများသည် ပို၍ပင် တင်းကြပ်လာသည်။
" ဟုတ်တယ် ဘာလို့ပြောနေတာလဲ "
ယဲ့ဖန် မျက်နှာပေါ်ရှိ အပြုံးသည် ပို၍ ကျယ်လာသည်။
" ခင်ဗျား ဝန်ခံရဲတာ ကောင်းပါတယ်။ ဒါဆို ရှန်းနုန်ရဲ့ ဆေးကျမ်းကို ဖတ်ပြီးပြီလား "
နတ်ဆေးဆရာလုံ၏ မျက်လုံးများပေါ်တွင် ရှုပ်ထွေးမှု အရိပ်အယောင်များ ပေါ်လာသော်လည်း ချက်ချင်းပင် ခေါင်းညိတ်ကာ ဝန်ခံလိုက်သည်။
" ဒါပေါ့။ ငါ ဖတ်ဖူးတယ်။ ဘယ်ဆေးစာအုပ်ကို ငါ မဖတ်ဖူးတာ ရှိလို့လဲ "
သူ စိတ်ထွေးနေသည်ကို ဖုံးကွယ်လိုက်သော်လည်း ယဲ့ဖန်က သတိထားမိလိုက်သည်။
ဒီလူ အဲ့စာအုပ်ကို အရင်က မဖတ်ဖူးဘူးဘဲ။
" ရှန်းနုန်ဆေးကျမ်းကို ဖတ်ပြီးပြီလို့ ပြောထားရင်။ တန်ပြန်တုံ့ပြန်မှု ဆယ့်ရှစ်ခုနဲ့ ကြောက်ရွံ့မှု ဆယ့်ကိုးခု ရှိတာကို သိသင့်တယ် မဟုတ်လား "
ယဲ့ဖန် တစ်ဆင့်ချင်း ထောက်ပြနေသည်။
နတ်ဆေးဆရာလုံသည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်း နှစ်ကြိမ် ချောင်းဟန့်လိုက်သည်။
" ဒါပေါ့၊ ငါသိတယ် "
ယဲ့ဖန်သည် ချက်ချင်း ခေါင်းယမ်းကာ ပြုံးလိုက်သည်။
" ဒါဆို အဲ့ဒီတန်ပြန်ပုန်ကန်မှု ဆယ့်ရှစ်မျိုးနဲ့ ဆယ့်ကိုးမျိုးသော ကြောက်ရွံ့မှုတွေက ဘာလဲ ပြောပြနိုင်မလား "
နတ်ဆေးဆရာလုံသည် ထိုမေးခွန်းကြောင့် ချက်ချင်းပင် အံ့သြသွားပြီး အချိန်အတော်ကြာ စကားမပြောနိုင် ဖြစ်နေသည်။
ရှိနေသည့် အမျိုးသမီးအုပ်စုသည် ချက်ချင်းပင် ပဟေဠိဆန်သော အမူအရာများကို ထုတ်ဖော်ခဲ့ကြသည်။
ဒီလူငယ်ရဲ့ မေးခွန်းကို ဘာလို့ နတ်ဆေးဆရာလုံက အံ့သြသွားတာလဲ။
နတ်ဆေးဆရာလုံသည် လူတိုင်း၏ အမူအရာကို မြင်ပြီး ချက်ချင်း စိုးရိမ်လာသည်။
" ဒီလို ကလေးအချက်တွေကို ဘယ်သူက မသိလို့လဲ။ ငါ့ကို ဘာပြောစေချင်တာလဲ "
ယဲ့ဖန်သည် ရှေ့သို့ ခြေလှမ်းနှစ်လှမ်း ဖြည်းညှင်းစွာ လျှောက်လာကာ သူ့ကို အေးစက်စွာ စိုက်ကြည့်နေသည်။
" ကျွန်တော် ပြောချင်တာက ခင်ဗျားက ရှန်းနုန်ဆေးကျမ်းကို တစ်ခါမှ မဖတ်ဖူးဘူးဆိုတာပဲ။ ပုန်ကန်မှု၁၈မျိုးနဲ့ အကြောက်တရား၁၉မျိုးက ဘာလဲဆိုတာ မသိဘူးမလား။ ဒီအခြေခံအသိပညာကိုတောင် မသိဘဲ ကိုယ့်ကိုယ်ကိုယ် နတ်ဆေးဆရာလို့ ခေါ်ရဲသေးတာလား "
ယဲ့ဖန်၏ အသံမှာ စူးရှပြီး အားကောင်းလှသည်။
သူ၏ စူးရှသော မျက်လုံးများနှင့် တွဲကြည့်ပါလျှင် ပို၍ပင် ကြောက်စရာကောင်းသည်။
နတ်ဆေးဆရာလုံသည် အလွန်ထိတ်လန့်သွားပြီး နောက်သို့ ခြေနှစ်လှမ်းဆုတ်သွားကာ ကုလားထိုင်အား ခလုတ်တိုက်လုနီးပါး ဖြစ်သွားသည်။
သူ့ဘေးနားရှိ အမျိုးသမီး နှစ်ယောက်က သူ့ကို အမြန်ကူပြီး လဲမကျအောင် တားပေးလိုက်သည်။
နတ်ဆေးဆရာလုံသည် သူ့ကိုယ်သူ စိတ်ငြိမ်သက်အောင်လုပ်ပြီး ယဲ့ဖန်ကို တဖန် စိုက်ကြည့်ပြန်သည်။
" မင်းပြောခဲ့တဲ့ စာအုပ်ကို ငါ မဖတ်ရသးရင်ရော ဘာဖြစ်လဲ။ ကမ္ဘာပေါ်မှာ ဆေးစာအုပ်တွေ အများကြီးရှိတယ်။ အဲ့တာတွေအားလုံးကို ငါ ဘယ်လိုလုပ် ဖတ်နိုင်မှာလဲ။ မင်း ငါ့ကို နှောင့်ယှက်နေတာ ကြာပြီ။ မင်းဘာပြောဖို့ ကြိုးစားနေတာလဲ "
ယဲ့ဖန် သူ့ကို အေးစက်စွာ ကြည့်နေသည်။
" ကျွန်တော်ပြောချင်တာ အဲ့ဆေးစာအုပ်ကိုဖတ်ပြီးရင် ပုန်ကန်မှု၁၈မျိုးနဲ့ ကြောက်ရွံ့မှု၁၉မျိုးရဲ့ အခြေခံအသိပညာကို သိလာလိမ့်မယ်။ ဆေးဘက်ဆိုင်ရာ ဂုဏ်သတ္တိတွေက ကွဲလွဲနေတာကို သိထားသင့်တယ်။ အဲ့နှစ်ခုကို ပေါင်းတာက အရမ်းအဆိပ်သင့်တယ် "
ဟာ .........
ဆေးခန်းမမှာ ချက်ချင်း ပေါက်ကွဲသွားသည်။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၃၅၁ )
ဘုရားလောင်းရဲ့ နှလုံးသား
" ဘာလဲ။ ငါတို့ မျက်နှာပေါ်ကို တင်ထားတဲ့ နတ်ဆေးဆိုတာက တကယ်ကျ အဆိပ်တွေဖြစ်နေတာလား "
" ဒီ ..... ဒီဟာက အဓိပ္ပာယ်မရှိတာ။ ငါ ဘာလို့ အဆိပ်လို့ မခံစားမိတာလဲ "
" ဒီကောင်လေးပြောတာ နားမထောင်နဲ့။ အဲ့တာက အဆိပ်ဆိုရင် နတ်ဆေးဆရာလုံက ဘယ်လိုလုပ် မသိဘဲနေမှာလဲ "
" ဟုတ်တယ်။ အဲ့တာက သိသာနေမှာ မဟုတ်ဘူးလား "
" ဒီကောင်စုတ်လေးက ပြဿနာရှာနေတာလို့ပဲ ထင်တယ် ....... "
ရှိနေကြသော အမျိုးသမီးအချို့မှာ တုန်လှုပ်ခြောက်ခြားကြပြီး အချို့မှာ ယဲ့ဖန်က တမင်ဒုက္ခပေးနေသည်ဟု ထင်ကာ ရှုံ့ချကြသည်။
နတ်ဆေးဆရာလုံသည် ယဲ့ဖန်ကို ဒေါသတကြီး စိုက်ကြည့်နေသည်။
" ကောင်လေး၊ မင်း ကြိုက်သလို စားလို့ရတယ်၊ ဒါပေမယ့် မင်း ပြောချင်တာကိုတော့ လျှောက်မပြောသင့်ဘူး။ မဟုတ်ရင် မင်းကို ဥပဒေအရ အရေးယူရလိမ့်မယ် "
ယဲ့ဖန် သူ့အား ခြိမ်းခြောက်သည်ကို ကြားပြီး ရယ်လိုက်သည်။
" ခင်ဗျားက ကျွန်တော့်ကို ရှေ့နေစီကနေ သတိပေးစာ ပို့ချင်နေတာလား။ အခုနကပဲ ခင်ဗျားရဲ့ဆေးမှာ aconitesနဲ့ fritillaria ပါတယ်ဆိုတာ ဝန်ခံခဲ့တာပဲ။ ဒီကလူတိုင်း ကြားလိုက်တယ်။ ငြင်းချင်သေးတာလား "
နတ်ဆေးဆရာလုံ၏ ဒေါသ အငွေ့အသက်သည် ချက်ချင်း ရပ်တန့်သွားရသည်။
သို့သော် သူသည် အလွန်ပင် လျင်မြန်စွာ ဆက်ပြီး ငြင်းဆန်သည်။
" အဲ့တာတွေ ရှိရင်ရော ဘာလုပ်မှာလဲ။ ဒါက ငါ့ရဲ့ သီးသန့်ဖော်မြူလာပဲ။ လူတိုင်းသုံးနိုင်တယ်။ အဲ့တာက မလုံလောက်ဘူးလား။ အချက်အလက်တွေက စကားလုံးတွေထက် ပိုကျယ်လောင်တယ် မဟုတ်လား "
အချို့သော အမျိုးသမီးများသည် အနည်းငယ် စိတ်ယိမ်းယိုင်နေပြီ ဖြစ်သည်။
သို့သော် နတ်ဆေးဆရာ၏ စကားကို ကြားသောအခါ ချက်ချင်း စိတ်ပြန်ပြောင်းသွားကြသည်။
" ဟုတ်တယ်၊ ဟုတ်တယ်။ ငါတို့အားလုံး ဒီဆေးသုံးပြီးတော့ အရေပြားမှာ အာနိသင်က တော်တော်လေး သိသာတယ်။ အဲ့တာက အတုလုပ်လို့ မရဘူး "
" မှန်တယ်၊ မှန်တယ်။ ဒီကလေးကြောင့် လှည့်စားခံရမတတ်ဘဲ။ သူက ချဲ့ကားပြောနေတာ။ အမှန်တရားက စကားလုံးတွေထက် ပိုကျယ်တယ် "
" နတ်ဆေးဆရာလုံရဲ့ ဆေးက အံ့ဩစရာကောင်းအောင် အကျိုးသက်ရောက်မှုရှိတယ်။ ငါ နှစ်ခါပဲ သုံးရသေးပေမဲ့ တခြားကုန်ပစ္စည်းတွေအားလုံးထက် သာတယ် "
" ဆေးတိုင်းက အဆိပ်ရှိတယ်။ ငါတို့အားလုံး စိတ်ပိုင်းဆိုင်ရာ အဆင်သင့်ဖြစ်ပြီးသား။ ဒီလို တန်ကြေးပေးရရင်တောင် ထာဝရနုပျိုဖို့အတွက် ထိုက်တန်တယ် "
" ဟုတ်တယ်။ အဆိပ်နည်းနည်းရှိရင်ရော ဘာလုပ်ရမှာလဲ။ နုပျိုဖို့အတွက် ဒီတန်ကြေးလောက်ကို ပေးလိုက်ဖို့ ဆန္ဒရှိတယ် "
သူတို့တင်သာမက ရှုကျင်းရှင်းနှင့် လီရှုယားကလည်း တိတ်တဆိတ် ခေါင်းညိတ်ပြကြသည်။
အမှန်တကယ်တွင် သူတို့သည်လည်း မရောက်ခင်ကတည်းက စိတ်ဓာတ်ပိုင်း ဆိုင်ရာ ပြင်ဆင်ထားပြီးသားဖြစ်သည်။
အများသောအားဖြင့် သူတို့သုံးသည့် အလှကုန်များမှာပင် အန္တရာယ်ဖြစ်စေသည့် အရာများ ပါဝင်လေသည်။
သို့သော် သူတို့ကို ပြန်လည် နုပျိုစေပါက အချို့သော တန်ကြေးများသည် လက်ခံနိုင်လေသည်။
ယဲ့ဖန်သည် ထိုအမျိုးသမီးများ၏ အတွေးအမြင်ကြောင့် ချက်ချင်း အရှုံးပေးလိုက်ရသည်။
ဒါက ရူးလွန်းတာပဲ။
ထိုအမျိုးသမီးများသည် မျက်နှာအတွက် သူတို့၏ ကျန်းမာရေးကိုပင် အမှန်တကယ် လျစ်လျူရှုထားနိုင်ကြသည်။
ယဲ့ဖန် ပြုံးပြီး လှည့်ကြည့်လိုက်သည်။
" သူ့ဆေးမှာပါတဲ့ အဆိပ်က နည်းနည်းလေးတင် မဟုတ်ဘဲ အများကြီးပါတယ်လို့ ပြောရင် ဘာဖြစ်မလဲ။ ရေရှည်သုံးရင် မျိုးမပွားနိုင်တာ၊ နှလုံးရောဂါ၊ အသည်းရောဂါနဲ့ ကျောက်ကပ်ကိုပါ ယိုယွင်းစေတဲ့အပြင် အရမ်းပြင်းထန်ရင် သေတဲ့အထိ ဖြစ်နိုင်တယ်။ အရေးမကြီးဘူးလို့ ထင်သေးလား "
သူ့စကားကို ကြားပြီးနောက် ထိုမိန်းမများ၏ အမူအရာများမှာ သိသာစွာ ပြောင်းလဲသွားသည်။
အကယ်၍ ထိုပစ္စည်းသည် ခန္ဓာကိုယ်ကို ပြဿနာအသေးအမွှားများသာ ဖြစ်စေသည့် အဆိပ်အနည်းငယ်မျှသာ ဖြစ်ပါက သူတို့ လက်ခံနိုင်သော အတိုင်းအတာအတွင်း၌ ရှိနေနိုင်သေးသည်။
သို့သော် ယခု ယဲ့ဖန်၏ စကားကို ကြားလိုက်ရပြီး သူတို့ ငြိမ်သက်မနေနိုင်တော့ပေ။
" တကယ်လား။ အဲ့တာက မျိုးမပွားနိုင်တဲ့အထိ ဖြစ်စေနိုင်တာလား။ ငါက ယောက်ျားနဲ့ ကလေးယူဖို့ ပြင်ဆင်နေတာ "
" နှလုံး၊ အသည်းနဲ့ ကျောက်ကပ်တွေတောင် ပျက်စီးသွားနိုင်တယ်ဆို ဒါက သေစေနိုင်တဲ့ အဆိပ်ပဲ မဟုတ်လား "
" သေစေနိုင်တယ်ဆိုတာ ချဲ့ကားလွန်းနေတာ မဟုတ်ဘူးလား။ ဘယ်သူမှ မသေဘူးလေ "
" ဘုရားရေ၊ သူပြောတဲ့စကားအရဆို ကြောက်စရာကောင်းလွန်းတာပဲ ...... "
ဤအမျိုးသမီးများ ထိတ်လန့်စပြုလာသည်ကို နတ်ဆေးဆရာလုံက မြင်လိုက်ရပြီး သူတို့ကို ရပ်တန့်ရန် အလျင်စလို အော်လိုက်သည်။
" လူတိုင်းပဲ၊ ဒီကလေးရဲ့ စကားကို နားမထောင်ကြပါနဲ့။ ငါ့ရဲ့ ဟိုက်ချွမ်းဆေးခန်းမကို ဆယ်စုနှစ်နဲ့ချီပြီး ဖွင့်လာတာ။ သူပြောခဲ့သလို အဆိပ်မျိုးသာ တကယ်ရှိနေရင် ဒီနေ့အထိ ငါ အရှက်မရှိ အသက်ရှင်နေနိုင်မယ်လို့ ထင်လား "
ထိတ်လန့်နေပြီဖြစ်သော အမျိုးသမီးများသည် သူ၏ ရှင်းပြချက်မှာ အဓိပ္ပာယ်ရှိလှသည်ဟု ခံစားမိသည်။
" နတ်ဆေးဆရာလုံပြောတာ မှန်တယ်။ ဟိုက်ချွမ်းဆေးခန်းမကို ဖွင့်ထားတာ နှစ်တွေဆယ်ချီနေပြီ။ ဒီကလေးပြောခဲ့တဲ့အတိုင်းသာ တကယ်ရှိမယ်ဆိုရင် သူ့ကို လူတွေက ဟိုးအရင်ကတည်းက ပြဿနာရှာကြမှာ မဟုတ်ဘူးလား "
" အိုက်ယား၊ ဒီကလေးက တကယ် ဒုက္ခရောက်အောင် လုပ်နေတာပဲ။ တော်တော်လေး ဆိုးလွန်းတယ် "
" ဟုတ်တယ်၊ ဒီကလေးက တကယ် လိမ်တဲ့နေရာမှာ ထက်မြက်တယ်။ နတ်ဆေးဆရာ လုံသာ ဒီမှာမရှိရင် ငါတို့ကို သူ လှည့်စားမှာ သေချာတယ် "
" ငါတော့ သေအောင် စိတ်တိုနေပြီ။ နတ်ဆေးဆရာလုံက ဒီလောက်တော်တာကို သူ့ကို ဒီလို အသရေဖျက်ရဲတဲ့သူ ရှိသေးတာလား။ ဒါက အရမ်းဆိုးလွန်းတယ် "
" နတ်ဆေးဆရာလုံကိုတောင် ချောက်ချဖို့ ကြိုးစားနေတာ။ ဒီလိုလူမျိုးက မိုးကြိုးပစ်ခံရလိမ့်မယ် "
ယဲ့ဖန်သည် ထိုလူများအတွက် တကယ်ပင် စကားမပြောပေးနိုင်တော့ပေ။
ယဲ့ဖန်သည် နတ်ဆေးဆရာလုံကို စိုက်ကြည့်နေသည်။
" ခင်ဗျား အခုအချိန်အထိ အသက်ရှင်နေတာ ကံကောင်းတယ်လို့ပဲ ပြောရမယ်။ အပြင်းဖျားလာတဲ့သူတွေက ခင်ဗျားရဲ့ အရေပြားဆေးနဲ့ ပတ်သက်နေတယ်လို့ ထင်ကြမှာ မဟုတ်ဘူး။ ဒါပေမယ့် အဲ့တာကြောင့် ခင်ဗျား ဘယ်သူ့ကိုမှ မသတ်ခဲ့ဘူးလို့ မဆိုလိုဘူး "
နတ်ဆေးဆရာလုံသည် ယဲ့ဖန်ကို ထိုသို့ မြင်လိုက်ပြီး ချက်ချင်း အေးစက်စွာ နှာမှုတ်လိုက်သည်။
" ကောင်လေး၊ မင်းက ခုချိန်ထိ ခေါင်းမာနေသေးတာလား။ ဟူး၊ မေ့လိုက်ပါ။ ငါက အမြဲတမ်း စိတ်ထားမြင့်မြတ်တဲ့သူတစ်ယောက်ပဲ။ မင်းငါ့ကို ပြဿနာရှာဖို့ ညွှန်ကြားခံထားတယ်လို့ မင်း ဝန်ခံပြီး လူတိုင်းရှေ့မှာ ငါ့ကို တောင်းပန်ရင် ငါ လွှတ်ပေးလိုက်မယ် "
သူ့စကားကို ကြားပြီး အမျိုးသမီးတစ်စုက သူ့ကို လက်မထောင်ပြကြသည်။
" ကြည့်ပါဦး၊ ဒါက တကယ်ကို မြင့်မြတ်တဲ့ ဆရာဝန်တစ်ယောက်ရဲ့ စိတ်ထားပဲ။ သူက စိတ်ထား မြင့်မြတ်တယ် "
" သူက ဆရာလုံကို နာမည်ချဖို့ လာပေမဲ့ နတ်ဆေးဆရာလုံက သူ့ကို ခွင့်လွှတ်နေသေးတယ်။ ဒါက ဘုရားလောင်းရဲ့ နှလုံးသားပဲ "
" အိုက်ယား၊ နတ်ဆေးဆရာလုံက အရမ်းကို စိတ်ထားကောင်းပြီး ဆေးပညာလည်း ကျွမ်းကျင်တဲ့ ဆရာဝန်ကောင်းတစ်ယောက်ပဲ။ သူ အသက်တစ်ရာထိ အသက်ရှင်ဖို့ တကယ်ပဲ မျှော်လင့်မိတယ် "
" ဟိုကောင်လေး၊ နင် ဘာကိုစောင့်နေတာလဲ။ နတ်ဆေးဆရာလုံကို မြန်မြန်တောင်းပန်လေ "
လီရှုယား မတတ်နိုင်စွာ ပြောလိုက်သည်။
" ယဲ့ဖန်၊ ဆင်ခြင်တုံတရားမဲ့မနေပါနဲ့။ မြန်မြန် ဆရာလုံကို တောင်းပန်လိုက်ပါ။ နတ်ဆေးဆရာလုံက စိတ်ထားကောင်းတော့ ရှင့်ကို တွက်ကပ်နေမှာ မဟုတ်ပါဘူး "
ရှုကျင်းရှင်းသည် ဘာမှပြန်မပြောသော်လည်း ဤတစ်ခါ ယဲ့ဖန်မှားသည်ဟု သူမ ခံစားရသည်။
သူသည် ဤကိစ္စကို သေချာ မစုံစမ်းရသေးဘဲ ဆရာဝန်လုံကို အပြစ်တင်နေခဲ့သည်။
ကံကောင်းစွာဖြင့် နတ်ဆေးဆရာလုံသည် သူ့ကို ပြဿနာမဖြစ်စေခဲ့ပေ။
ကြင်နာတတ်သော နှလုံးသားရှိသည့် ဆရာဝန်ကောင်းတစ်ယောက်ဖြစ်သည်။
အကယ်၍ ထိုအမျိုးသမီးများသာ ဖြစ်ခဲ့ပါက ယဲ့ဖန်သည် သူတို့ကို နှောင့်ယှက်နေမည် မဟုတ်ဘဲ ထွက်သွားမည် ဖြစ်သည်။
ယခုအခါ ရှုကျင်းရှင်းကပင် စိတ်လွတ်နေကြောင်း သူ မြင်လိုက်ရပြီး ကူကယ်ရာမဲ့စွာ သက်ပြင်းချကာ လီရှုယားကို လှည့်ကြည့်လိုက်သည်။
" ကိုယ် မင်းရဲ့သွေးခုန်နှုန်းကို ခုနက စစ်ကြည့်တော့ မင်းရဲ့ သွေးခုန်နှုန်းက အရမ်းကို ဖရိုဖရဲဖြစ်နေပြီ။ မင်းရဲ့ အသည်းနဲ့ ကျောက်ကပ်မှာ အဆိပ်တွေ စုပုံလာတာ သိသာတယ်။ အချိန်မီ မကုသရင် မင်းရောဂါတွေကို သေချာပေါက် ခံစားလာရလိမ့်မယ် "
လီရှုယား၏ အမူအရာ ပြောင်းသွားသည်။
" ရှင် ...... ရှင် နောက်နေတာလား "
" ...... "
ယဲ့ဖန် သူ့ဘေးက ကုတင်တစ်လုံးကို ညွှန်ပြလိုက်သည်။
" ဒီပေါ်မှာ အရင်အိပ်လိုက်။ ကိုယ် မင်းအတွက် အတည်ပြုပေးမယ် "
လီရှုယားသည် ခဏမျှ တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင် လှဲချလိုက်သည်။
ဆေးခန်းမထဲရှိ လူများအားလုံးက သူဘယ်လို သက်သေပြနိုင်မည်လဲဆိုတာ သိချင်နေကြသည်။
နတ်ဆေးဆရာလုံသည်ပင် အနောက်မှ လိုက်သွားကာ သူ့အကြည့်များမှာလည်း သတိတရား အပြည့်ရှိနေသည်။
ယဲ့ဖန်သည် လီရှုယားစီသို့ ဖြည်းညှင်းစွာ လျှောက်လာသည်။
သူသည် သူမ၏ အင်္ကျီကို မြှောက်လိုက်ပြီး သူမ၏ လှပသော ခါးလေးကို ပေါ်စေလိုက်သည်။
လီရှုယား အံ့သြသွားပြီး ယဲ့ဖန်လက်ကို အမြန်ဖယ်ထုတ်လိုက်သည်။
" ရှင် ..... ဘာလုပ်နေတာလဲ "
ယဲ့ဖန် မျက်လုံးပြူးသွားသည်။
" သေချာပေါက် မင်းကို စစ်ဆေးပေးမလို့လေ။ စိတ်မပူပါနဲ့၊ ကိုယ် မင်းကို အခွင့်ကောင်းယူမှာ မဟုတ်ဘူး "
လီရှုယား ရှက်သွားပြီး သူ့လက်ကို ဖြည်းညှင်းစွာ ပြန်လွှတ်လိုက်သည်။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၃၅၂ )
မင်းကို နာကျင်စေနိုင်တယ်။
ယဲ့ဖန် သူမ၏ အသည်းနေရာပေါ် သူ့လက်ကို ဖိလိုက်သည်။
" ကိုယ် ထင်တာမမှားရင် မင်းရဲ့ ခန္ဓာကိုယ်က အခုတောင် ဒီနေရာမှာ တော်တော်လေး နာနေတတ်ပြီ မဟုတ်လား "
လီရှုယား ခဏလောက် စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။
" ဒီနေရာမှာ တစ်ခါတလေ နာတတ်ပေမယ့် ခဏပဲ နာတာ။ အဲ့တာက အသေးအမွှားပြဿနာတစ်ခုပဲ ထင်လို့ အဲ့တာကို သိပ်ဂရုမစိုက်ဖြစ်ဘူး "
ယဲ့ဖန်သည် သူမ၏ စကားကြောင့် စိတ်ဝင်စားသွားသည်။
" အသေးအမွှားပြဿနာတဲ့လား။ ဒါဆို မင်းက အကောင်းမြင်တတ်လွန်းတာလို့ ပြောရမယ်။ ကိုယ်က မင်းကို နာကျင်စေတယ်ဆိုရင် အော်လိုက် "
ယဲ့ဖန်စကားကို ကြားပြီး လီရှုယား တစ်ခုခုကို တွေးမိကာ ရှက်သွားပြန်သည်။
သူ့စကားတွေက ဘာလို့ ဒီလောက်ထိ အဆင်မပြေဖြစ်နေရတာလဲ။
သူမ ဘာမှပြန်မပြောမီ ယဲ့ဖန်၏ လက်သည် သူမ၏ ဝမ်းဗိုက်အောက်ပိုင်းတစ်ဝိုက်တွင် ဖြည်းညှင်းစွာ လှုပ်ရှားသွားသည်ကို ခံစားလိုက်ရသည်။
ကလိထိုးနေသလို ခံစားရလေသည်။
လီရှုယား နှုတ်ခမ်းကို အမြန်ကိုက်လိုက်ပြီး မအော်မိစေရန် ကြိုးစားနေသည်။
တစ်ချိန်တည်းမှာပင် သူမသည် ယဲ့ဖန်မှ သူမကို စစ်ဆေးရန် ဟန်ဆောင်ကာ အခွင့်ကောင်းယူနေသည်လားဟု တိတ်တဆိတ် မှန်းဆနေသည်။
တခြားလူများကလည်း ထိုသို့ ခံစားရသည်။
သူတို့သည် ယဲ့ဖန်ကို အထင်သေးစွာဖြင့် ကြည့်နေကြသည်။
ထိုအချိန်မှာပင် ယဲ့ဖန်၏ လက်ချောင်းသည် ရုတ်တရက် သူမ၏ အသည်းနေရာ၌ ရပ်တန့်လိုက်ပြီး အသာအယာ ဖိလိုက်သည်။
" အား ..... "
လီရှုယား ချက်ချင်း နာကျင်စွာ အော်လိုက်သည်။
သူမအသည်းမှာ အလွန်နာကျင်နေ၍ အသက်ရှူရန်ပင် ခက်ခဲသွားသည်။
ယဲ့ဖန် ညင်သာစွာ ဖိလိုက်ပြီးနောက် သူ့လက်ကို ချက်ချင်း ဖယ်လိုက်သည်။
သို့သော် လီရှုယားသည် နာကျင်လွန်း၍ ချွေးအေးများ ရွှဲလာသည်။
ရှုကျင်းရှင်း အမြန်ပြန်မေးလေသည်။
" ရှုယား၊ အဆင်ပြေရဲ့လား "
" နာတယ် "
လီရှုယားသည် သူမ၏ အသည်းနေရာကို ဖိကိုင်ထားသည်။
သူမ၏ နှုတ်ခမ်းများသည် ဖြူဖျော့နေပြီး အလွန်နာကျင်နေပုံရသည်။
ရှုကျင်းရှင်းသည် ယဲ့ဖန်ကို အမြန်လှည့်ကြည့်လိုက်သည်။
" ဘာတွေဖြစ်နေတာလဲ "
ယဲ့ဖန်သည် သူ့လက်များကို ခါလိုက်သည်။
" အစောက ပြောသလိုပဲ။ သူမအသည်းမှာ အဆိပ်တွေပုံနေပြီ။ အဲ့တာကြောင့် အရမ်းနာတာ "
ရှုကျင်းရှင်း သံသယဖြစ်သွားသည်။
ထိုအချိန် ဘေးနားတွင် ရပ်နေသော နတ်ဆေးဆရာလုံသည် ရုတ်တရက် နှာမှုတ်လိုက်သည်။
" မင်းက တမင်တကာ လုပ်နေတာပဲ။ မင်း အားအများကြီးသုံးပြီး ဖိလိုက်မှတော့ ဘယ်သူမဆို နာမှာပဲ "
သို့သော်လည်း ယဲ့ဖန်မှ ခွန်အားများစွာ မသုံးလိုက်သည်ကို လူတိုင်း ရှင်းလင်းစွာ မြင်ထားသောကြောင့် ယခုတစ်ကြိမ်တွင် မည်သူမျှ ထင်မြင်ချက် မပေးကြပေ။
ယဲ့ဖန်သည် သာယာစွာသာ ဖိလိုက်သော်လည်း လီရှုယားသည် အလွန်နာကျင်လာခဲ့သည်။
သူမ ဟန်ဆောင်နေသည် မဟုတ်ပါက ပြဿနာတစ်ခု ရှိနေသည်မှာ သေချာလေသည်။
အထူးသဖြင့် လီရှုယားသည် သူမ၏ ခန္ဓာကိုယ် အခြေအနေကို အကောင်းဆုံး သိသူ ဖြစ်သည်။
ယဲ့ဖန်သည် အစောက ခွန်အား အများကြီး မသုံးလိုက်သော်လည်း သူမသည် အလွန်နာကျင်ရပြီး ဓားနှင့် ထိုးခံရသလို ခံစားရသည်။
" ဒါပေမယ့် ဒီလိုနာတာက ခန္ဓာကိုယ်ထဲမှာ အဆိပ်ရှိတယ်လို့ ဆိုလိုတာလား "
ယဲ့ဖန်၏ စကားကို သူမ ယုံကြည်နေပြီဖြစ်သော်လည်း အနည်းငယ် သံသယရှိနေဆဲဖြစ်သည်။
နတ်ဆေးဆရာလုံ၏ ဆေးသည် မှားနေသည်ကို သူမ မယုံချင်ပေ။
" မင်းရဲ့ခန္ဓာကိုယ်ထဲမှာ အဆိပ်တွေ ရှိနေတာကို သက်သေပြဖို့ နည်းလမ်းတွေအများကြီး ကျန်သေးပေမယ့် မင်းတို့က ကိုယ့်ကို ယုံမယ်မထင်ဘူး။ အဲ့တာကြောင့် ဆေးရုံသွားပြဖို့ အကြံပေးတယ်။ မင်း ကိုယ့်ကို မယုံပေမယ့် ဆေးရုံကို ယုံသင့်တယ်မဟုတ်လား "
ယဲ့ဖန်သည် ထိုအမျိုးသမီးများကို နတ်ဆေးဆရာလုံမှ ဦးနှောက်ဆေးထားသည်မှာ ထိရောက်နေကြောင်း ပြောနိုင်သည်။
သူ မည်မျှပင် ကြိုးစား၍ သက်သေပြသည်ဖြစ်စေ သူ့ကို လွယ်လွယ်နှင့် ယုံမည် မဟုတ်ပေ။
ထို့ကြောင့် နောက်ထပ် အချိန်မဖြုန်းစေရန် အကြံပေးလိုက်သည်။
လီရှုယား ကုတင်ပေါ်မှ ဖြည်းညှင်းစွာ ထထိုင်လိုက်သည်။
သူမ ခဏတာ တုံ့ဆိုင်းသွားပြီး နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။
" ကောင်းပြီ၊ ကျွန်မ ဆေးစစ်ဖို့ ဆေးရုံကို သွားလိုက်မယ် "
ထိုစကားကို ပြောပြီးနောက် သူမ ချက်ချင်းထွက်သွားသည်။
ဤအနီးနားတွင် ဆေးရုံရှိသည်ကို သတိရမိလိုက်သည်။
ဆေးလမ်းနှင့် သိပ်၍ မဝေးပေ။
ထိုနေရာသို့ သွားရန် ဆယ်မိနစ်သာ လိုသဖြင့် သိပ်၍ အားစိုက်ထုတ်စရာ မလိုချေ။
ရှုကျင်းရှင်းသည် သေချာပေါက် လိုက်ရပေသည်။
ယဲ့ဖန်သည်လည်း ထိုနေရာတွင် မနေခဲ့နိုင်၍ မတ်တပ်ရပ်ပြီး အနောက်ကလိုက်သည်။
ထိုသည်ကို နတ်ဆေးဆရာလုံ မြင်လိုက်သည့်အခါ သူ၏အမူအရာမှာ အထပ်ထပ်အခါခါ ပြောင်းလဲသွားသည်။
သူ ဘာတွေးနေသည်ကို ဘယ်သူမှ မသိပေ။
" လိုက်ကြည့်ကြမလား။ ရလဒ်က ဘယ်လိုပဲ ဖြစ်နေပါစေ အနည်းဆုံး လူတိုင်း စိတ်ချနိုင်တာပေါ့ "
" ကျွန်မလည်း အဲ့လိုထင်တယ်။ နတ်ဆေးဆရာလုံရဲ့ ဆေးပညာ အရည်အချင်းနဲ့ အကျင့်စရိုက်ကို ယုံကြည်ပေမယ့် သွားကြည့်လိုက်တာက ကောင်းတာပဲ "
" ဒီလူသုံးယောက်က တစ်ယောက်နဲ့တစ်ယောက် တိုင်ပင်ထားတယ်လို့ ထင်တယ်။ အခု နတ်ဆေးဆရာလုံက သူတို့ကို ထောက်ပြလိုက်တော့ သူတို့က ချက်ချင်းထွက်ပြေးချင်နေတာ။ သူတို့အနောက်ကို လိုက်စောင့်ကြည့်သင့်တယ် "
" အားလုံးပဲ လိုက်သွားကြရအောင် "
ထိုအမျိုးသမီးအုပ်စုသည် ခဏ စကားပြောပြီးနောက် သူတို့အနောက်သို့ လိုက်လာကြသည်။
ဟိုက်ချွမ်းဆေးခန်းမတစ်ခုလုံး ချက်ချင်းဗလာ ဖြစ်သွားသည်။
ဆေးရုံလမ်းနှင့် ငါးမိနစ်လောက် အကွာတွင် မိခင်နှင့်ကလေး ကျန်းမာရေးဆေးရုံ ရှိသည်။
ရှုကျင်းရှင်းတို့နှင့်အတူ ပါလာသည့် အမျိုးသမီးအုပ်စုသည် သူတို့သုံးယောက် ထွက်ပြေးမည်ကို စိုးရိမ်၍ အနီးကပ် လိုက်လာကြသည်။
နတ်ဆေးဆရာလုံသည် က သူတို့နောက်ကို မလိုက်လာပေ။
သူ ဘာကို ကြောက်နေမှန်း ဘယ်သူမှ မသိကြချေ။
ခဏကြာပြီးနောက် ဆရာဝန်က လီရှုယားကို ခေါ်လေသည်။
လီရှုယား စိတ်လှုပ်ရှားစွာ မတ်တပ်ရပ်လိုက်သည်။
သူမသည် ယဲ့ဖန်ကို ကြည့်ပြီးနောက် ရှုကျင်းရှင်းကို ကြည့်သည်။
" ရှုယား မကြောက်နဲ့။ ငါ နင့်ကို ဒီမှာစောင့်နေမယ် "
ရှုကျင်းရှင်းသည် သူမကို အမြန်နှစ်သိမ့်ပေးလိုက်သည်။
လီရှုယား ခေါင်းညိတ်ပြပြီး ဆရာဝန်နောက်ကို လိုက်သွားသည်။
စစ်ဆေးပြီးနောက် အဖြေထွက်မလာခင် ဆယ်မိနစ်လောက် စောင့်ရသေးသည်။
ဆရာဝန်သည် အသက်၆၀အရွယ် အမျိုးသမီးတစ်ဦး ဖြစ်သည်။
သူမသည် လီရှုယား၏ စစ်ဆေးချက်ရလဒ်ကို အထပ်ထပ်အခါခါ ကြည့်နေသည်။
သူမ မျက်မှောင်ကြုတ်ပြီး အတော်ကြာ စကားမပြောပေ။
လီရှုယား မတတ်နိုင်ဘဲ မေးလိုက်သည်။
" ဒေါက်တာ၊ ကျွန်မ ဆေးရလဒ်တွေက တစ်ခုခုမှားနေလို့လား "
ဆရာဝန်သည် စိတ်ရှုပ်နေပုံရသည်။
" မင်းရဲ့ အသည်းနဲ့ ကျောက်ကပ်မှာ အဆိပ်အတောက်တွေ ရှိနေတယ်။ မကြာသေးခင်က မသန့်ရှင်းတာ တစ်ခုခုကို စားမိသေးလား "
လီရှုယား၏ အမူအရာမှာ ပြောင်းသွားသည်။
သူမသည် ယဲ့ဖန်ကို လျင်မြန်စွာ ကြည့်လိုက်သည်။
ပွဲကြည့်ရန် လိုက်လာကြည့်ကြသည့် အမျိုးသမီး တစ်စုလည်း ထိတ်လန့်တကြား ဖြစ်သွားကြသည်။
လီရှုယား အမြန် ပြန်လည်စိတ်ငြိမ်သက်သွားပြီးနောက် မေးလိုက်သည်။
" အရမ်းဆိုးတာလား "
အမျိုးသမီးဆရာဝန်သည် သူမကို လေးနက်စွာ ကြည့်ပြန်သည်။
" ကံကောင်းလို့ မင်း အချိန်မီ ရောက်လာတာ။ နည်းနည်းသာ ထပ်ကြာရင် အရမ်းဆိုးရွားသွားမှာကို စိုးရိမ်ရတယ်။ မင်းရဲ့အနာဂတ်မျိုးပွားနိုင်စွမ်းကိုတောင် ထိခိုက်စေနိုင်တယ် "
လီရှုယား အလွန်ကြောက်သွားပြီး သူမမျက်နှာက ဖြူဖျော့သွားသည်။
ဘေးမှ အမျိုးသမီးများကတော့ ဒေါသဖြစ်သွားကြသည်။
" ဒါကဘာလဲ။ တကယ်ပဲ ဒီလိုဆိုးရွားနေတာလား။ ဘုရားရေ "
" ဒါဆို ဒီလူငယ်လေး ပြောတာ အမှန်ပဲ။ ငါတို့က ဟိုဆရာဝန်ကို မှားယုံမိပြီ ထင်တယ် "
" နတ်ဆေးဆရာလုံရဲ့ ဆေးက တကယ်အဆိပ်ဖြစ်နေတာလား။ ဒါဆို ငါတို့က အဆိပ်တွေကို သောက်နေကြတာလား "
" ငါ့ခန္ဓာကိုယ်က နေမကောင်းသလို ခံစားနေရတာ ကြာပြီ။ ငါလည်း စစ်ဆေးကြည့်ချင်တယ် "
" အတူတူ သွားစစ်ကြည့်ရအောင် "
ထိုအမျိုးသမီးများသည် ခေါင်းမမာကြတော့ပေ။
သူတို့ အပြေးသွားကာ စစ်ဆေးရန် အားလုံး တန်းစီကြသည်။
လီရှုယားသည် ကြောင်အစွာ ထရပ်လိုက်သည်။
သူမသည် ယဲ့ဖန်ကို ရှက်ရွံ့စွာ ကြည့်နေသည်။
" ယဲ့ဖန်၊ တောင်းပန်ပါတယ်။ ရှင့်ကို အခုနက အထင်လွဲခဲ့မိတယ်။ ရှင်သာ ကျွန်မကို အချိန်မီ သတိမပေးဘူးဆိုရင် ကျွန်မဘဝ ပျက်စီးသွားနိုင်တယ် "
ထိုသို့ပြောပြီးနောက် သူမသည် ယဲ့ဖန်ကို လေးနက်စွာ ဦးညွှတ်လိုက်သည်။
ရှုကျင်းရှင်း လုံးဝ အံ့အားသင့်သွားသည်။
ထိုသို့ဖြစ်မည်ကို သူမ မမျှော်လင့်ထားပေ။
ယဲ့ဖန်ပြောသည့်စကားများက အမှန်ဖြစ်နေသည်။
ထိုနတ်ဆေးဆရာလုံ၏ ဆေးသည် အမှန်တကယ် အဆိပ်ဖြစ်နေသည်။
ကံကောင်းစွာဖြင့် ယနေ့ ယဲ့ဖန်သည် အချိန်မီ သူမကို သတိပေးနိုင်ခဲ့သည်။
မဟုတ်ပါက သူမလည်း အရူးဖြစ်ပေလိမ့်မည်။
အမျိုးသမီးတစ်ဦးအတွက် မျိုးမပွားနိုင်ခြင်းသည် အခြားအရာများထက် အလွန်ပြင်းထန်သော ပြစ်ဒဏ်တစ်ခု ဖြစ်သည်။
သူတို့သုံးယောက်သည် လီရှုယားအတွက် ကုသမှုအစီအစဉ်ကို စောင့်ဆိုင်းနေကြစဉ် အခြားအမျိုးသမီးအုပ်စု၏ စမ်းသပ်မှုရလဒ်များမှာလည်း ထွက်ပေါ်လာခဲ့သည်။
နောက်ဆုံးစမ်းသပ်မှုရလဒ်သည် သံသယမရှိစွာပင် လီရှုယားနှင့် ဆင်တူနေသည်။
သူတို့၏ အသည်းနှင့် ကျောက်ကပ်များ၌ အဆိပ်အတောက်များစွာ ရှိလေသည်။
အရေပြားဆေးကို အချိန်အတော်ကြာ စွဲစွဲမြဲမြဲ လုပ်ခဲ့သော အမျိုးသမီးအချို့သည် အလွန်ဆိုးရွားသော အခြေအနေတွင် ရှိနေကြပြီး ပြန်လည် ပြုပြင်၍ပင် မရနိုင်သော ပျက်စီးမှုများ ဖြစ်နေကြသည်။