အခန်း (၁၃၅၃-၁၃၅၆)
Vol. 68 Ch. 1353-1356
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၃၅၃ )
နောင်တရတဲ့သူက ခွေး
ထိုအမျိုးသမီးများသည် ချက်ချင်း မြေပြင်ပေါ် လဲလျောင်းပြီး ငိုနေကြတော့သည်။
" ယောက်ျားနဲ့ ငါ ဘာလို့ ဒီလောက် နှစ်အကြာကြီး ကလေးမမွေးနိုင်ရတာလဲလို့ တွေးနေတာ။ သူက ပြဿနာဖြစ်နေတာလို့ ထင်ခဲ့ပေမယ့် တကယ်ကျ အဲ့တာက ငါ့ကြောင့်ပဲ။ သူ့ကို ဘယ်လိုရှင်းပြရမလဲ "
" ငါရဲ့ကျောက်ကပ်တွေက ဆိုးဆိုးရွားရွား ပျက်စီးနေပြီ။ အနာဂတ်မှာ ကျောက်ကပ်က ပျက်ဆီးသွားနိုင်တယ်လို့ ဆရာဝန်က ပြောတယ်။ ဘုရားရေ၊ ဘယ်လိုလုပ် အသက်ရှင်နိုင်တော့မှာလဲ"
" အဲ့ဒီ လုံဆရာဝန်က အရှက်မရှိဘူး။ သူက ငါတို့ကို အများကြီး ဒုက္ခပေးခဲ့တာ "
" အားလုံးပဲ၊ ဒီကိစ္စကို ဖြေရှင်းဖို့ အဲ့ဒီဆရာဝန်ကို သွားရှာကြရအောင်။ ငါတို့ ဒါကို သေချာပေါက် ဒီအတိုင်းထားလို့မရဘူး "
" ဟုတ်တယ်၊ အားလုံးက သူ့ကို အတူတူသွားရှာကြစို့။ ငါတို့ သူ့ကို လုံးဝ အလွှတ်မပေးသင့်ဘူး ..... "
ထိုအမျိုးသမီးများသည် စိတ်ပျောက်နေပြီ ဖြစ်သည်။
ဟိုက်ချွမ်းဆီသို့ ပြေးလာကြတော့သည်။
ဆေးလမ်းသို့ ပြန်လာသောအခါ ဆရာဝန်လုံသည် အိတ်အကြီးအငယ်များအား သယ်နေသည်ကို အဝေးမှ တွေ့လိုက်ရသည်။
" အဲ့တာ ဟိုခွေးသား ဆရာဝန်လုံ မဟုတ်လား။ သူက ထွက်ပြေးချင်နေတာလား "
ဘယ်အစ်မကြီးမှ အဆုတ်ကွဲမတတ် အော်လိုက်သည်ကို မသိသော်လည်း သူမ ထိုသို့အော်ပြီး အရှေ့သို့ တဟုန်ထိုး ပြေးသွားသည်။
အခြားသူများလည်း လိုက်ကြသည်။
နတ်ဆေးဆရာလုံသည် ထိုအမျိုးသမီးအုပ်စုကြီး ရက်စက်စွာ ပြေးလာသည်ကို မြင်သောအခါ သူ ချက်ချင်းပင် သေမတတ် ကြောက်လန့်သွားခဲ့သည်။
သူ့လက်ထဲ၌ ရှိနေသည့် အရာအားလုံးကို ပစ်ချပြီး လှည့်ထွက်ပြေးတော့သည်။
ထိုအမျိုးသမီးအုပ်စုကြီးမှာ တကယ်ပင် ရက်စက်သည်။
သူတို့သည် ချက်ချင်းပင် ဒေါက်မြင့်ဖိနပ်များကို ချွတ်ကာ အရူးအမူး အနောက်မှ ပြေးလိုက်ကြသည်။
လိုက်ဖမ်းလျက် ဒေါက်မြင့်ဖိနပ်များကိုလည်း ပစ်ပေါက်သည်။
ဒေါက်မြင့်ဖိနပ်နှစ်ခုသည် သူ့ခေါင်းကို ထိမှန်သွားလေသည်။
သို့သော် နတ်ဆေးဆရာလုံသည် သူ့ဘဝအတွက် ပြေးနေကာ ဝေးသည်ထက် ဝေးလာခဲ့သည်။
ဆေးလမ်းပေါ်၌ လူများစွာရှိလေသည်။
သူတို့သည် ဘာဖြစ်သွားသည်ကို မသိဘဲ အံ့သြတကြီး ကြည့်နေကြသည်။
ဟိုသည် ဝိုင်းမေးကြပြီးနောက် ထိုလူများကလည်း ထိုဆရာဝန်နောက်ကို လိုက်ကြတော့သည်။
ဆေးလမ်းသို့ ရောက်လာသူများသည် အခြေခံအားဖြင့် လူနာများ သို့မဟုတ် သူတို့၏ မိသားစုဝင်များ ဖြစ်ကြသည်။
ထိုသို့ လိမ်လည်သူမျိုးကို အမုန်းဆုံးဖြစ်သည်။
ပိုက်ဆံ မတန်မဆကုန်သည့်အပြင် ရောဂါများ ပျောက်ကင်းမလာဘဲ ပို၍ပင် ဆိုးရွားလာစေသည်။
ဤနတ်ဆေးဆရာလုသည် လူအများ၏ ဒေါသကို နှိုးဆွခဲ့သည်ဟု ဆိုနိုင်သည်။
မကြာခင်မှာပင် လူအုပ်စုကြီးက သူ့ကို ဝိုင်းလိုက်နိုင်သည်။
" နားလည်မှုလွဲနေတာပါ၊ အားလုံးက နားလည်မှုလွဲနေတာပါ "
ဆရာဝန်လုံသည် သူ့ပတ်ဝန်းကျင်ရှိ စူးရဲနေသော လူများကို ကြည့်ကာ သူ့ကိုယ်သူ ပါးရိုက်ပစ်လိုက်ချင်နေသည်။
ခုနက အဲ့ဒီလူငယ်လေးနဲ့ ဘာလို့ ပြိုင်ငြင်းခဲ့မိတာလဲ။
သူသာ ထိုကောင်လေးကို ပြန်ခွင့်ပြုလိုက်မည်ဆိုပါက ယခုကဲ့သို့ ဖြစ်မည်မဟုတ်ပေ။
ယခုအခါ သူ၏ နာမည်ပျက်ရုံသာမက သူ့အသက်အန္တရာယ်ပါ ထိခိုက်နေပြီဖြစ်သည်။
လူအုပ်စုကြီးသည် သူ့ကို ညှိနှိုင်းခွင့်ပင် မပေးချေ။
မည်သူက ဦးဆောင်လိုက်သည်ကို မသိသော်လည်း အုပ်စုလိုက်ကြီး သူ့ကို ကန်ကြတော့သည်။
အထူးသဖြင့် အချို့မိန်းမများသည် ဒေါက်မြင့်ဖိနပ်များကို အသုံးပြုပြီး သူ၏ခန္ဓာကိုယ်မှ အရေးကြီးနေရာများကို ကန်ကြသည်။
နတ်ဆေးဆရာလုံသည် နာကျင်စွာ အော်ဟစ်နေရကာ သေမတတ် ရိုက်နှက်ခံနေရသည်။
ကံကောင်းစွာဖြင့် ရုံးဌာနမှ လူများ အချိန်မီရောက်လာပြီး ဒေါသထွက်နေသော လူအုပ်ကြီးကို ခွဲထုတ်ခဲ့သည်။
သူတို့သည် ဆရာဝန်လုံအပေါ် ဒေါသမဖြေနိုင်ကြသော်လည်း Huichunဆေးခန်းဆီသို့ အပြေးအလွှားသွားကာ ပေါက်ခွဲကြတော့သည်။
ဆိုင်းဘုတ်ပြားကို ဖြုတ်ပြီး မြေပေါ်ပစ်ချသည့် အမျိုးသမီးတစ်ဦးလည်း ရှိခဲ့သည်။
ဆိုင်းဘုတ်ပြားသည် အပိုင်းပိုင်းကွဲသွားသည်။
ယဲ့ဖန်သည် နောက်ဆုံးတွင် အမျိုးသမီးကြီးများ၏ စွမ်းအင်ကို မျက်မြင်တွေ့ခဲ့သည်။
ထိုအမျိုးသမီးများကို ပေါ့ဆစွာ မဆက်ဆံသင့်ပေ။
ရှုကျင်းရှင်းသည် ဆရာဝန်လုံမှ ထိုက်တန်သော အပြစ်ဒဏ်ကို ခံလိုက်ရကြောင်း မြင်ခဲ့သည်။
သူသည် လူများစွာကို ထိခိုက်စေခဲ့၍ ထောင်ကျမည် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူမသည် တိတ်တဆိတ် ပျော်ရွှင်နေကာ အနည်းငယ်လည်း စိတ်ပျက်သွားသည်။
စိတ်ထားမကောင်းသည့် လူလိမ် အပြစ်ပေးခံရသည်မှာ ကောင်းလေသည်။
သို့သော် သူတို့၏ ထာဝရ နုပျိုလိုသော ဆန္ဒသည် အချည်းနှီး ဖြစ်သွားခဲ့သည်။
သူတို့ တဖြည်းဖြည်း အသက်ကြီးလာပြီး ရုပ်ရင့်လာရင် တခြားသူတွေက သူတို့ကို လှောင်ကြမှာမဟုတ်လား။
ယဲ့ဖန်သည် သူမ၏ အမူအရာကို ချက်ချင်း သတိပြုမိပြီး ရုတ်တရက်ပြောလိုက်သည်။
" မင်းရဲ့အိပ်မက်ကို ဖျက်ဆီးလိုက်လို့ စိတ်မချမ်းမသာ ဖြစ်နေတာလား "
ရှုကျင်းရှင်း သူ့ကို စိုက်ကြည့်နေသည်။
" ဟုတ်တယ်။ ရှင်သာ ကျွန်မတို့ အိပ်မက်လှလှလေး မက်နေတာကို ရေခဲရေနဲ့ ပက်နှိုးလိုက်တာ မဟုတ်ဘူးလား "
ယဲ့ဖန် အမြန် ခေါင်းယမ်းလိုက်သည်။
" အဲ့တာက အိပ်မက်ကောင်း မဟုတ်ဘူး။ အဲ့တာ အိပ်မက်ဆိုးပဲ။ မင်း နိုးလာတဲ့အခါ အခြေအနေတွေကို ကုစားဖို့ နောက်ကျသွားပြီ "
ရှုကျင်းရှင်း မတတ်နိုင်ဘဲ သက်ပြင်းချလိုက်သည်။
" ရှင် အဲ့လိုပြောပေမယ့် ကျွန်မကတော့ နည်းနည်းတော့ ဝမ်းနည်းနေတုန်းပဲ "
ယဲ့ဖန် ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
" စိတ်မပူပါနဲ့၊ မင်း ဘာတွေဖြစ်လာပါစေ ကိုယ်မင်းကို အထင်သေးမှာ မဟုတ်ဘူး "
ရှုကျင်းရှင်း သူ့လက်ကို အမြန်တွန်းထုတ်လိုက်သည်။
" ရှင် ကြိုက်တာ မကြိုက်တာကို ဘယ်သူက ဂရုစိုက်မှာလဲ။ ရှင်က ကျွန်မကို အထင်မသေးရင်တောင် ကျွန်မက အထင်သေးမှာ သိရဲ့လား "
ယဲ့ဖန် သူ့နှာခေါင်းကို ထိလိုက်သည်။
" မင်းက ကိုယ့်ကို တကယ် မကြိုက်ဘူးလား "
ရှုကျင်းရှင်း ဂုဏ်ယူစွာဖြင့် ခေါင်းကို မော့လိုက်သည်။
" ဟုတ်တယ် ကျွန်မ ရှင့်ကို မကြိုက်ဘူး "
ယဲ့ဖန် အနည်းငယ် စိတ်မချမ်းမသာ ဖြစ်သွားသည်။
" မင်းက ကိုယ့်ကို မကြိုက်မှတော့ ကိုယ် ထွက်သွားပေးမယ်။ ပြီးမှ နောင်တရမနေနဲ့ "
ရှုကျင်းရှင်း နှာမှုတ်လိုက်သည်။
" နောင်တရတဲ့သူက ခွေးပဲ။ ရှင် မြန်မြန်ထွက်သွား "
ယဲ့ဖန်သည် သူ့နောက်ကျောကို လက်နှစ်ဖက် ဖြည်းညှင်းစွာ ချိတ်လိုက်သည်။
" အိုက်ယား၊ ကိုယ့်မှာ ငယ်ရွယ်နုပျိုမှုကို ထိန်းသိမ်းဖို့ နည်းလမ်းရှိတယ်ဆိုတာ သတိရသွားတယ်။ လူတွေကို ထာဝစဉ် နုပျိုစေမယ်လို့တော့ မပြောရဲပေမယ့် အိုမင်းမှုကို နှောင့်နှေးအောင် လုပ်ဖို့က ကိတ်မုန့်စားသလောက် လွယ်တယ်။ တချို့လူတွေက မကြိုက်မှတော့ မပြောတော့ပါဘူး "
ရှုကျင်းရှင်း သူ့ကို အလျင်အမြန် ဖမ်းလိုက်သည်။
" ရှင် ဘာပြောလိုက်တာလဲ။ ရှင့်မှာ ရုပ်ရည်နုပျိုမှုကို ထိန်းသိမ်းဖို့ နည်းလမ်းရှိတာလား "
ယဲ့ဖန် သူမလက်ကို အမြန်ဆွဲဖယ်လိုက်သည်။
" မိန်းကလေး၊ လူမြင်ကွင်းမှာ လူကို မဆွဲပါနဲ့။ ရှက်စရာကောင်းလိုက်တယ် "
ရှုကျင်းရှင်း ထိတ်လန့်သွားသည်။
" ရှင့်မှာ နုပျိုမှုကို ထိန်းသိမ်းဖို့ နည်းလမ်းရှိတယ်လို့ မပြောခဲ့ဘူးလား။ ကျွန်မကို မြန်မြန်ပြော။ ဒီစိတ်နဲ့ သေစေချင်လို့လား "
ယဲ့ဖန် သူမကို မော့ကြည့်လိုက်သည်။
" နောင်တရတဲ့သူက ခွေးလို့ ပြောခဲ့တဲ့သူက ဘယ်သူလဲ။ နောင်တရနေပြီလား "
ရှုကျင်းရှင်း တစ်စုံတစ်ယောက်ကို ရိုက်ပစ်လိုက်ချင်သည်။
" ကောင်းပြီ၊ ကျွန်မက ခွေး ဟုတ်ပြီလား။ မြန်မြန်ပြောပါ။ ရှင့်မှာ ဘယ်လိုနည်းလမ်းတွေ ရှိတာလဲ "
" မင်းက ခွေးတစ်ကောင်လို့ ဝန်ခံပြီးမှတော့ ဟောင်တာ နှစ်ခါလောက် နားထောင်လိုက်ရအောင် "
ယဲ့ဖန်သည် စနောက်နေဆဲဖြစ်ရာ ရှုကျင်းရှင်းသည် ဒေါသတကြီး အံကြိတ်လိုက်သည်။
" ရှင် ကျွန်မကို ပြောပြမှာလား၊ မပြောပြဘူးလား "
" ရှင် ကျွန်မကိုမပြောရင် ကျွန်မ ...... "
" မင်းက ဘာလုပ်မှာမလို့လဲ "
" အစ်ကိုနဲ့ တိုင်ပြောမယ် "
ရှုကျင်းရှင်းသည် သူ့ကို ခြိမ်းခြောက်ရန် အခြားနည်းလမ်းကို မတွေးနိုင်သဖြင့် သူ့အစ်ကိုကို ဆွဲသုံးရလေသည်။
ယဲ့ဖန်သည် စကားမပြောနိုင် ဖြစ်သွားရသည်။
" မင်းက ချမ်းသာတဲ့ မိသားစုက ကောင်မလေးတစ်ယောက်ပါ။ မင်း အခု ဘာလို့ လူကို အနိုင်ကျင့်ချင်နေရတာလဲ "
ရှုကျင်းရှင်းသည် သူမ၏ ခါးပေါ် လက်တင်ပြီး ယဲ့ဖန်ကို စိုက်ကြည့်နေသည်။
" ရှင်ကမှ ကျွန်မကို အနိုင်ကျင့်နေတာလေ။ ရှင် ကျွန်မကိုပြောပြမှာလား မပြောဘူးလား "
" ကိုယ် ဘာမှ မပြောဘူးလေ။ မင်း ဘာလို့ ဒီလောက် အလောကြီးနေတာလဲ "
ယဲ့ဖန်သည် အမှန်တကယ်မှာ ကြင်နာတတ်သူဖြစ်ပြီး သူသည် အခြားသူများကို ကူညီရာ၌ ပျော်ရွှင်တတ်သောကြောင့် ဖြစ်သည်။
သူမ၏ အစ်ကိုဖြစ်သူ စွမ်းအားကို ကြောက်သောကြောင့် မဟုတ်ပေ။
ဟုတ်တယ်၊ အဲ့တာတင်ပဲ။
သူသည် ကုလားထိုင်ကို ချက်ချင်း ဆွဲလိုက်ပြီး ရှုကျင်းရှင်းကို ထိုင်ခိုင်းလိုက်သည်။
ထို့နောက် ငွေအပ်အိတ်ကို ထုတ်လိုက်သည်။
" ခဏကြာရင် နာလာနိုင်တယ်။ မင်း အော်လို့ ရပေမယ့် မလှုပ်နဲ့ "
" အင်း "
ရှုကျင်းရှင်း ချက်ချင်း သဘောတူလိုက်သည်။
ယဲ့ဖန်သည် အသက်ဝဝရှူလိုက်ပြီး သူမ၏ မျက်နှာပေါ်သို့ အပ်များကို စတင်စိုက်ခဲ့သည်။
လီရှုယားနှင့် အခြားအမျိုးသမီးများသည် သူတို့၏ဒေါသကို ပေါက်ကွဲပြီးနောက် စူးစမ်းလိုစိတ်ဖြင့် ရောက်လာကြသည်။
" သူ ဘာလုပ်နေတာလဲ။ အပ်အနည်းငယ်က မျက်နှာလှပမှု အကျိုးသက်ရောက်တာ ရှိပါ့မလား "
" ဒါက နည်းနည်း ရယ်စရာကောင်းတယ် မဟုတ်ဘူးလား။ အပ်နည်းနည်းလေးက ဘယ်လိုလုပ် အကျိုးသက်ရောက်မှု ရှိနိုင်မှာလဲ။ အဲ့တာက အရမ်းအံ့သြစရာကောင်းနေမှာ မဟုတ်ဘူးလား "
" မင်း အဲ့လိုပြောလို့ မရဘူး။ ဒီလူငယ်လေးရဲ့ ဆေးပညာအရည်အချင်းကို ခုနက မတွေ့လိုက်ဖူးလား။ သူ့ကြောင့်သာ မဟုတ်ရင် ငါတို့ အမှောင်ထဲမှာပဲ ရှိနေဦးမှာ။ သူ့ရဲ့ ဆေးပညာစွမ်းရည်က အရမ်းအထင်ကြီးစရာကောင်းနေတာ ဖြစ်နိုင်တယ် "
" အပ်အသုံးပြုပြီး ကုသတာရဲ့ အကျိုးသက်ရောက်မှုကို ငါ တကယ် မြင်ချင်နေပြီ။ အဲ့တာက ဘေးထွက်ဆိုးကျိုး လုံးဝ ရှိမှာ မဟုတ်ဘူး "
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၃၅၄ )
နောက်ထပ်လူလိမ်လား
ထိုအမျိုးသမီးအုပ်စုသည် ယဲ့ဖန်၏ လုပ်ရပ်များကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေကြသည်။
မကြာခင်မှာပင် ရှုကျင်းရှင်း၏ မျက်နှာပေါ်၌ ငွေအပ်များဖြင့် ဖုံးအုပ်သွားတော့သည်။
အပ်အချို့မှာ သူမကို တကယ်ပင် နာကျင်စေသည်။
သူမ၏ တစ်ကိုယ်လုံး တုန်လှုပ်စပြုလာသော်လည်း သူမ အံကြိတ်လျက် သည်းခံနေသည်။
ယဲ့ဖန် သူမကို မတတ်နိုင်ဘဲ ချီးကျူးမိသည်။
ရုပ်ရည်အတွက်သာဆိုပါက မိန်းကလေးတိုင်းသည် မည်သို့သော အခက်အခဲကိုမဆို ခံနိုင်ရည်ရှိအောင် နေကြမည်မှာ အမှန်ပင် ဖြစ်သည်။
ယဲ့ဖန် အပ်များကို စိုက်ပြီးနောက် သူမကို ခဏ လျစ်လျူရှုထားလိုက်သည်။
ထို့နောက် လီရှုယားနှင့် အခြားသူများသည် မှော်ဆန်သော မြင်ကွင်းကို တွေ့လိုက်ရသည်။
အချိန်များကုန်ဆုံးလာသည်နှင့်အမျှ ရှုကျင်းရှင်း၏ နူးညံ့သောမျက်နှာလေးမှ ဖြည်းညှင်းစွာဖြင့် ချွေးပုတ်များ ထွက်လာသည်။
" အဲ့တာ အဆီတွေ ထွက်လာတာလား။ တကယ် အံ့ဩစရာပဲ "
" ဒီကောင်မလေးရဲ့ အရေပြားက ဒီလောက်ကောင်းတာကို ဘယ်လိုလုပ် ဒီလို အညစ်အကြေးအဆီတွေ ထပ်ထွက်လာတာလဲ။ ငါတို့သာဆို ဘယ်လိုနေမလဲ "
" ငွေအပ်လေးတွေ စိုက်လိုက်တာနဲ့ အထဲက အဆီတွေ ထွက်လာတာဆိုတော့ အံ့ဩစရာ မကောင်းလွန်းဘူးလား "
" ကြည့်ရတာ ကောင်းပေမဲ့ နောက်ဆုံးရလဒ်ကို ဘယ်လိုဖြစ်မလဲဆိုတာ မြင်ချင်နေပြီ "
ထိုအမျိုးသမီးအုပ်စု စကားပြောနေစဉ် မိနစ်၂၀ကုန်ဆုံးသွားတော့သည်။
ထိုအခါမှ ယဲ့ဖန် လျှောက်လာပြီး ရှုကျင်းရှင်း၏ မျက်နှာပေါ်မှ အပ်များကို တစ်ချောင်းချင်း ဖယ်ပေးသည်။
ထိုအချိန်တွင် သူမ၏ မျက်နှာတစ်ပြင်လုံးတွင် အဆီများဖြင့် ဖုံးလွှမ်းနေ၍ ပြောင်တင်းနေသည်။
ထို့ကြောင့် သူမ ရှက်ရွံ့ကာ မျက်နှာဆေးရန် အထဲသို့ ပြေးဝင်သွားသည်။
ခဏကြာပြီးနောက် သူမ ပြန်ထွက်လာသည့်အခါ သူမ၏ မျက်နှာမှာ တောက်ပနေပြီး ဖြစ်သည်။
အမျိုးသမီးအုပ်စုသည် ပြေးလာပြီး ရှုကျင်းရှင်း၏ မျက်နှာကို နှိပ်ကြည့်၊ ထိကြည့်ကြသည်။
ထို့နောက် သူတို့သည် အစုလိုက် ချီးကျူးထောပနာပြုကြလေတော့သည်။
" ဘုရားရေ၊ ဒီရလဒ်က ကောင်းလွန်းနေတာ မဟုတ်ဘူးလား။ ကိုင်ရတာ ပိုးသားလေးလိုပဲ "
" ဒီကောင်မလေးရဲ့ အသားအရေက အစကတည်းက ကောင်းပြီးသားကို အခုကျ ပိုလို့တောင် ကောင်းနေသေးတယ် "
" ငါတော့ အရမ်းကြိုက်နေပြီ။ ဒီရလဒ်က ဟိုဆရာဝန်အစုတ်ရဲ့ ဆေးထက် အများကြီးပိုကောင်းတယ်။ ပြီးတော့ ဘေးထွက်ဆိုးကျိုးလည်း မရှိဘူး "
" နင်တို့သတိထားမိလား။ ဒီမိန်းကလေးပုံစံလေးက ရုတ်တရက် ၂နှစ်လောက် ပိုငယ်သွားသလိုပဲ "
" အပ်လေးစိုက်ရုံနဲ့ ငယ်သွားသလိုလေး ဖြစ်သွားတာဆို ခဏခဏလုပ်ရင် ပိုငယ်လာမှာလား "
ရှုကျင်းရှင်းသည် လူတိုင်းမှ သူမအတွက် ချီးကျူးနေသည်ကို မြင်ပြီး မျက်နှာ၌ မပြသော်လည်း အတော်ပင် ပျော်နေသည်။
အမှန်တွင် သူမ မျက်နှာသစ်နေစဉ်က သူမကိုယ်သူမ မှန်ထဲတွင် ကြည့်ခဲ့သည်။
သူမ၏ မျက်နှာအသားအရေမှာ ယခင်ကထက် ပို၍ ကောင်းလာပြီး ရလဒ်မှာလည်း အလွန်သိသာလေသည်။
ယဲ့ဖန်၏ ဆေးပညာအပေါ် သူမ၏ အမြင်မှာ ပြောင်းလဲသွားရသည်။
သူသည် အလွန်အင်အားလွန်းနေသည်။
ရှုကျင်းရှင်း၏ မျက်နှာပြောင်းလဲသွားသည်ကို မြင်ပြီးနောက် လီရှုယားသည် ယဲ့ဖန်စီသို့ ပြေးလာသည်။
" ယဲ့ဖန် ကျွန်မကိုလည်း ကူပြီး အပ်စိုက်ပေးပါ။ ဒီလိုရလဒ်မျိုး ရမယ်ဆို ဘယ်လောက်ပေးရပေးရ ပိုက်ဆံပေးပါ့မယ် "
ယဲ့ဖန် သူမ၏စကားကို ကြားပြီးနောက် အလိုလျောက် သူမ၏မျက်နှာကို လှမ်းကြည့်လိုက်မိသည်။
သူမ၏ မျက်နှာအသားအရေမှာ အတော်လေးကောင်းသည်ဟု ဆိုရပေမည်။
သူမသည် အလွန်လည်း လှပသည်။
ရှုကျင်းရှင်း၏ ရင်သပ်ဖွယ် အလှတရားကို မမီနိုင်သော်လည်း အလွန်ပင် ပြစ်မျိုးမှဲ့မထင်သည့် အလှတစ်မျိုးဖြစ်သည်။
သူမမှ ထိုသို့ ပြောလာသည့်အခါ ယဲ့ဖန်အတွက် ငြင်းဆိုရန် ခက်ခဲလေသည်။
လီရှုယားသည် ယဲ့ဖန်၏ အကြည့်ကိုမြင်ပြီး လန့်သွားသည်။
တကယ်လို့သူက အရမ်းလွန်တဲ့ တောင်းဆိုမှုမျိုးလုပ်လာရင် ဘယ်လိုလုပ်မလဲ။
သဘောတူလိုက်သင့်လား။
အဲ့တာဆို ပြဿနာပဲ။
သူမ စိတ်ထဲ၌ မရေရာနေချိန်မှာပင် အမျိုးသမီးအုပ်စုကြီးက ပြေးလာကြသည်။
" ယဲ့ဆရာလေး၊ ကျွန်မတို့ကိုလည်း အပ်စိုက်ကုပေးပါ။ ဘယ်လောက်လိုချင်လဲ ပြောလိုက်။ ငါတို့အိမ်မှာ အပေါဆုံးက ပိုက်ဆံပဲ "
" ဆရာလေးယဲ့၊ ငါလည်း အပ်စိုက်ကုချင်တယ်။ ယွမ်၁သိန်းဆို လောက်လား။ မလောက်ရင် ထပ်ပေးမယ် "
" တစ်ခါတည်း ၂သိန်းပေးမယ်။ တစ်လတစ်ခါ ကုလို့ရမလား "
" ယဲ့ဆရာလေး၊ ကျွန်မလည်း အပ်စိုက်ကု ....... "
ယဲ့ဖန် ရုတ်တရက် အသက်ရှူကြပ်လာသလို ခံစားလိုက်ရသည်။
ထိုအမျိုးသမီးများမှာ ရူးသွပ်လွန်းသည့်အပြင် ချမ်းလည်းချမ်းသာလွန်းကြသည်။
သူတို့သည် မျက်နှာအတွက် ပိုက်ဆံကို ရေလိုသုံးနိုင်ကြသည်။
ယဲ့ဖန်သည် ပိုက်ဆံပြတ်လပ်နေပါက ထိုသို့မိန်းမမျိုးရှာကာ နေလိုက်ချင်တော့သည်။
အချို့အမျိုးသမီးများမှာ ထိုမျှ ပိုက်ဆံမရှိကြ၍ သူ့ခန္ဓာကိုယ်ကို ပွတ်သပ်လျက် အရိပ်အမြွတ်အချို့ ပြနေကြသည်။
သူ ဆက်၍နေပါက ဤနေရာမှာတင် အရေခွံစုတ်ခံရမည်ဟု ခံစားနေရသည်။
ထို့ကြောင့် သူ ဤနေရာမှ အမြန်ဆုံးထွက်သွားနိုင်မှ ဖြစ်ပေမည်။
" စိတ်လျှော့ကြပါဦး။ အရင်သွားလိုက်ပါဦးမယ်။ နောက်မှ ဆက်သွယ်လိုက်ပါ့မယ် "
သူသည် ထိုသို့ အော်ပြီးနောက် ရှုကျင်းရှင်း၏ လက်ကို ဖယ်ခဲ့ပြီး ပြေးထွက်လာသည်။
အမျိုးသမီးကြီးတစ်စုသည် ချက်ချင်းပင် သူ့အနောက်ကို ပြေးလိုက်ကြသည်။
" မြန်မြန်ဖမ်းထား၊ မလွတ်စေနဲ့ ..... "
ဆေးလမ်းထဲမှ လူများက ထိုမြင်ကွင်းကို မြင်ပြီး အံ့သြသွားပြန်သည်။
နောက်ထပ်လူလိမ်လား။
ယဲ့ဖန်သည် 'လီလီ'ဟုခေါ်သော ကော်ဖီဆိုင်တွင် နာရီဝက်ကြာ စောင့်ခဲ့ပြီးနောက် ရှုကျင်းရှင်း ရောက်လာသည်။
သူ့ကို မြင်ပြီးနောက် ရှုကျင်းရှင်း ချက်ချင်း ငုံ့ကာ ရယ်လိုက်သည်။
ယဲ့ဖန်အား လမ်းတစ်လျှောက် မိန်းမကြီးအုပ်စုက မည်သို့ လိုက်ဖမ်းသည်ဆိုတာကို တွေးနေပုံရသည်။
ကော်ဖီဆိုင်ရှိ ဖောက်သည်များ အားလုံးသည် သူမကို မျက်စောင်းထိုးကာ ကြည့်နေကြသည်။
အမျိုးသမီး၏ မျက်လုံးများသည် မနာလိုစိတ်များဖြင့် ပြည့်နှက်နေသည်။
ရှုကျင်းရှင်းသည် လှပနေပြီး ဖြစ်သော်လည်း ယဲ့ဖန်၏ ကုသမှုကို ခံပြီးနောက် သူမသည် မျက်နှာ၌ပင် တလက်လက် တောက်ပနေသည်။
လှပသည်ဟု ဆိုနိုင်သော အမျိုးသမီးများသည်ပင် သူမနှင့် နှိုင်းယှဉ်ပါက ချက်ချင်း အသက်ကြီးသွားသလို ခံစားရသည်။
ထို့ကြောင့် သူတို့သည် ဤမိန်းမလှလေးကို အလွန်မုန်းတီးမိတော့သည်။
ယောက်ျားများမှာတော့ သူမကို အံ့သြမှု၊ မက်မောမှု၊ တပ်မက်မှုများနှင့်အတူ ကြည့်ကာ သူမနှင့် စကားပြောရန် စိတ်အားထက်သန်နေကြသည်။
ရှုကျင်းရှင်းသည် ငယ်စဉ်ကတည်းက ထိုသို့ အကြည့်များဖြင့် ဝိုင်းရံခြင်းကို ခံခဲ့ရသည်။
ယခင်က ထိုအကြည့်များကို အလွန်စိတ်နာပြီး အနည်းငယ် စက်ဆုပ်သော်လည်း ယနေ့မှာတော့ သူမ အထူးပျော်ရွှင်နေခဲ့သည်။
ယုံကြည်မှုရှိသော ခြေလှမ်းများဖြင့် သူမသည် ယဲ့ဖန်စီသို့ ဖြည်းညှင်းစွာ လျှောက်လာပြီး ထိုင်လိုက်သည်။
သူမမျက်နှာပေါ်က အပြုံးသည် မှေးမှိန်မသွားပေ။
ကော်ဖီဆိုင်ရှိ လူများသည် ယဲ့ဖန်အား မနာလိုဒေါသစိတ်ဖြင့် ချက်ချင်း ကြည့်ကြသည်။
ဒီကလေးက သာမန်ပါပဲ။
သူတို့နတ်သမီးလေးနဲ့ ဘာလို့ အတူတူထိုင်ရတာလဲ။
ယဲ့ဖန်သည် သူတို့၏ အတွေးများကို ဂရုမစိုက်ချေ။
သူသည် ထိုင်လိုက်သော ရှုကျင်းရှင်းကို စိုက်ကြည့်နေသည်။
" မင်းက ရယ်နေသေးတယ်လား။ မင်းကြောင့်သာ မဟုတ်ရင် ကိုယ် ဒီလောက် သနားစရာကောင်းနေပါ့မလား "
ရှုကျင်းရှင်းသည် အစောက အဖြစ်ကို ပြန်သတိရသွားပုံရသည်။
သူမ ပါးစပ်ကို အုပ်ပြီး ရယ်ပြန်သည်။
" အဲ့တာ မကောင်းဘူးလား။ ရှင် နောက်ဆိုရင် အဲ့မိန်းမကြီးတွေရဲ့ သူငယ်ချင်းဖြစ်နိုင်တယ် "
ယဲ့ဖန်သည် အပြုံးတုဖြင့် ပြုံးလိုက်သည်။
" အဲ့ဒီမိန်းမတွေက မင်းရဲ့ တစ်ဝက်လောက် လှနေတယ်ဆိုရင်တောင် ကိုယ် လက်ခံမှာပါ။ ဒါပေမယ့် သူတို့အားလုံးက အဲ့လိုပုံစံနဲ့သာဆို ကိုယ် သူတို့နဲ့ မပေါင်းချင်ဘူး "
ရှုကျင်းရှင်းသည် စားပွဲထိုးထံမှ ကော်ဖီတစ်ခွက်ကို လှမ်းယူလိုက်ပြီးနောက် သူ့ကို လှည့်ကြည့်လိုက်သည်။
" ဒါကို ချီးကျူးစရာအဖြစ် ယူလိုက်မယ် "
ယဲ့ဖန် ပေါ့ပါးစွာ နှာမှုတ်လိုက်သည်။
" ဟုတ်တယ်၊ မင်းကို ကိုယ် ချီးကျူးနေတာ။ မင်းကို မသေနိုင်ဘဲ ထာဝရနုပျိုပါစေလို့ ဆုတောင်းတယ် "
" ကျွန်မကို ဘာလို့ နတ်ဆိုးမတစ်ကောင်လို ဖြစ်အောင် ပြောနေရတာလဲ "
ရှုကျင်းရှင်း သူ့လက်ကို ပုတ်လိုက်သည်။
သူမသည် အများသောအားဖြင့် တိတ်ဆိတ်နေတတ်ပြီး ယဲ့ဖန်နှင့် ပရောပရည်လုပ်ခဲသည်။
ယနေ့ သူမ စိတ်ကောင်းဝင်နေသည်ဆိုတာ သိသာလေသည်။
သူတို့နှစ်ယောက်သား စကားစမြည်ပြောဖြစ်ကြပြီး ရယ်နေလိုက်ကြသည်။
ထို့နောက် ရှုကျင်းရှင်း ရုတ်တရက် လေးနက်လာသည်။
" ဒါနဲ့ ရှင် ဒီနေ့ ကျွန်မကို တွေ့ဖို့လာတာ မဟုတ်လား "
ယဲ့ဖန် နောက်ပြောင်မနေတော့ပေ။
ကော်ဖီသောက်လျက် ပြောလေသည်။
" နျုံစစ်သွမ်း သေပြီ "
ရှုကျင်းရှင်း အံ့အားသင့်သွားသည်။
" ဒီတစ်ခါ သူ တကယ်သေသွားပြီလား "
ယဲ့ဖန် ယုံကြည်ချက်အပြည့်နှင့် ခေါင်းညိတ်လိုက်သည်။
" ဟုတ်တယ်၊ ကိုယ် သူ့ကို ကိုယ်တိုင် သတ်လိုက်တာ အမှားမရှိဘူး "
ရှုကျင်းရှင်းသည် သူပြောသည်ကို ကြားသောအခါ သက်ပြင်းတစ်ချက်ချလိုက်သည်။
" တော်သေးတာပေါ့။ ရှင့်အတွက် ကျွန်မ စိတ်ပူနေခဲ့တာ။ အဲ့ဒီလူက ရှင့်ကို ချောင်းပြီး ဒုက္ခပေးမှာကို အမြဲတမ်း စိုးရိမ်နေရတာ။ အခုတော့ ဒီပြဿနာက နောက်ဆုံးကျ ပြေလည်သွားပြီပဲ "
သို့သော် ယဲ့ဖန်မှာတော့ သူမလောက် အကောင်းမြင်စိတ် မရှိခဲ့ချေ။
သူ ခါးသီးစွာ ပြုံးလိုက်သည်။
" အဲ့လောက် မလွယ်မှာကို စိုးရိမ်ရတယ် ....... "
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၃၅၅ )
အစ်ကို့ကို အကူအညီတောင်းပေးရမလား
စိတ်သက်သာရာရသွားခါစ ရှုကျင်းရှင်း၏ စိတ်သည် ပြန်ခည်မြင့်တက်လာပြန်သည်။
" အခုက ဘာဖြစ်လို့လဲ "
ယဲ့ဖန်သည် သူမကို နျုံစစ်သွမ်းအကြောင်း အကြမ်းဖျင်းရှင်းပြပြီးနောက် သက်ပြင်းချလိုက်သည်။
" နျုံစစ်သွမ်းရဲ့ နောက်ကွယ်မှာ ထူးဆန်းတဲ့ အဖွဲ့အစည်း အကြီးကြီးတစ်ခု ရှိနေသေးတယ်။ သူတို့က အတွင်းအားနောက်ဆုံးအဆင့်ရှိတဲ့ ကိုယ်ခံပညာရှင်ဗီဇတွေကို ပုံတူပွားပြီး ဗီဇပြင်နိုင်နေကြတယ်။ နျုံစစ်သွမ်းကို သတ်လိုက်ပေမဲ့ အဲ့အဖွဲ့အစည်းကို ကိုယ်က သွားထိလိုက်သလိုပဲ။ နောက်ဆို ပိုပြီး အန္တရာယ်များလာတော့မှာကို စိုးရိမ်ရတယ် "
ရှုကျင်းရှင်း၏ မျက်နှာ လှလှလေးမှာ ဖြူဖျော့သွားသည်။ ထို့နောက် ယဲ့ဖန်၏လက်ကို အမြန်ဆွဲကိုင်လိုက်သည်။
" ဒါဆို ရှင်က အခု အန္တရာယ်ကျနေတာလား။ ဒါဆို ကျွန်မ ဘာလုပ်ပေးရမလဲ။ ကျွန်မအစ်ကိုကို အကူအညီတောင်းပေးရမလား "
သူမသည် ရှုချန်းမင်း၏ ညီမဖြစ်သော်လည်း သူမသည် သူမ၏အစ်ကိုအကြောင်း ထည့်ပြောသည်မှာ ရှားလေသည်။
အခက်အခဲများ ကြုံတွေ့သည့်အခါတိုင်း ဖြေရှင်းရန်ကို တွေးပေးတတ်သော်လည်း သူမအစ်ကိုကို အလွယ်တကူဖြင့် အကူအညီမတောင်းတတ်ပေ။
ယခုအခါ သူမသည် ဤကိစ္စအတွက် အကြံပြုရာ၌ သူမအစ်ကိုကို ထည့်ပြောလာသည်ဖြစ်ရာ ယဲ့ဖန်၏ လုံခြုံရေး သူမ တကယ်ပင် စိုးရိမ်နေမှန်း သိနိုင်သည်။
ယဲ့ဖန် ရင်ထဲထိသွားသည်။
သူသည် သူမ၏ လက်သေးသေးလေးကို ဆွဲကိုင်လိုက်တော့သည်။
" မင်း ဒီလိုလုပ်ပေးမယ်လို့ ပြောတာနဲ့တင် ကိုယ့်အတွက် လုံလောက်နေပါပြီ။ ကိုယ် ယဲ့ဖန်က သာမန်လူမဟုတ်ဘူးလေ။ ပြီးတော့ ကိုယ် ပုန်းလို့ရရင်တောင် ထာဝရ ပုန်းနေနိုင်မှာမလို့လား။ အကောင်းဆုံးခံစစ်က တိုက်စစ်ပဲ။ အဲ့အဖွဲ့အစည်းကို အမြစ်ဖြတ်ချေမှုန်းပြီးမှ ကိုယ် ကောင်းကောင်းအိပ်ပျော်နိုင်မှာ "
ရှုကျင်းရှင်း သူပြောသည်ကို သဘောတူလေသည်။
လူတစ်ယောက်သည် သူခိုးအဖြစ် ရက်တစ်ထောင်နေနိုင်သည်။
သို့သော် သူခိုးများလက်မှ ရက်ပေါင်းတစ်ထောင် ရှောင်ရန်မှာ ခက်ခဲပေမည်။
ဤအဖွဲ့အစည်းကို အမြစ်ပြတ် မသုတ်သင်နိုင်သေးသရွေ့ ယဲ့ဖန်နှင့် သူ၏သူငယ်ချင်းများ၊ မိသားစုအားလုံး အန္တရာယ်ရှိနေပေလိမ့်မည်။
" ရှင့်မှာ အစီအစဉ်ရှိပြီးသားလား "
ယဲ့ဖန်သည် ကြိုတင် မပြင်ဆင်ဘဲ တိုက်ပွဲကို မတိုက်ခိုက်သည်ကို သူမ ယုံကြည်သည်။
သူ ဘာလုပ်ရမယ်ဆိုတာ သိလောက်တယ် မဟုတ်လား။
ယဲ့ဖန် သူ့အစီအစဉ်ကို ချက်ချင်း ရှင်းပြလိုက်သည်။
" ရှန်းဘုရင်ရဲ့ လျှို့ဝှက်ရတနာသိုက်ကို ဖွင့်ဖို့ နှစ်ရက်အတွင်း သွားဖို့ စီစဉ်ထားတယ် "
ရှုကျင်းရှင်း အံ့သြသွားသည်။
" ကျွန်မတို့ ရှန်းဘုရင်ရဲ့ လျှို့ဝှက်ရတနာသိုက်ကို တကယ် ဖွင့်တော့မှာလား။ ရှင့်ရဲ့သတင်းကို စောင့်နေတာ။ နောက်ဆုံးတော့ ရောက်လာပြီပဲ "
သူမသည် ရှန်းဘုရင်၏ လျှို့ဝှက်ရတနာသိုက်အကြောင်း အမြဲသိချင်နေခဲ့သည်။
ထိုရတနာသိုက်အထဲ၌ အောင်နိုင်သူရှန်းယုမှ မည်သည့်အရာများ ဝှက်ထားသည်လဲဆိုတာကို သူမ တကယ် သိချင်လေသည်။
ယခု ဖွင့်တော့မည်ဖြစ်၍ အတော်လေး စိတ်လှုပ်ရှားနေသည်။
အထဲ၌ အန္တရာယ်ရှိမည်ကို ကြောက်၍လား၊ သို့မဟုတ် လျှို့ဝှက်ရတနာများက သူမကို စိတ်ပျက်စေမည်ကို စိုးရိမ်၍လား မပြောတတ်ပေ။
ယဲ့ဖန်သည် သူမ၏ ရှုပ်ထွေးသော ခံစားချက်များကို နားလည်နိုင်သည်။
သူလည်း အလားတူပင် ဖြစ်သည်။
" မင်း မသွားသင့်ဘူး ထင်တယ် "
ယဲ့ဖန် ခဏတာ စဉ်းစားပြီး ရုတ်တရက် အကြံတစ်ခု ပြောလိုက်သည်။
ရှုကျင်းရှင်း ထိတ်လန့်သွားသည်။
" ဘာလို့လဲ။ ကျွန်မတို့ အရင်က အဲ့တာကို သဘောမတူခဲ့ဘူးလား။ ရှင်က အခု ကျွန်မကို ထားခဲ့ချင်နေတာလား "
ယဲ့ဖန်သည် ခေါင်းကိုက်လာသလို ခံစားလိုက်ရသဖြင့် နဖူးကို ပွတ်သပ်လိုက်သည်။
" ကိုယ် မင်းကို မစွန့်ပစ်ပါဘူး။ လျှို့ဝှက်ရတနာသိုက် ရှာတဲ့လမ်းမှာ အန္တရာယ်တစ်ခုခုရှိလာမှာကို ကိုယ် စိုးရိမ်လို့ပါ။ မင်းကို ကိုယ် မကာကွယ်လိုက်နိုင်ရင် ...... "
" ကျွန်မ ရှင့်ရဲ့ အကာအကွယ် မလိုပါဘူး။ ကိုယ့်ဘာကိုယ် ကာကွယ်နိုင်တယ် "
မမလေးရှုသည် ယဲ့ဖန်၏ ကြင်နာမှုကို ချက်ချင်း ငြင်းဆိုလိုက်သည်။
ထို့နောက် သူမက ဆက်ပြောသည်။
" နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်ကြရအောင်။ အထဲမှာ တကယ် သေသွားရင်တောင် ကျွန်မ နောင်တရမှာ မဟုတ်ဘူး။ အနည်းဆုံးတော့ ကျွန်မစိတ်ထဲက သံသယတွေကို ဖြေရှင်းပေးလိမ့်မယ် "
ယဲ့ဖန်သည် သူမ မည်မျှ စိတ်ဆုံးဖြတ်ထားသည်ကို ကြားလိုက်ရပြီး ခေါင်းကိုက်လာသည်။
ရှုကျင်းရှင်းအား ကတိပေးခဲ့စဉ်က ရှန်းဘုရင်၏ လျှို့ဝှက်ရတနာမြေပုံ အစိတ်အပိုင်းများကို စုဆောင်းနိုင်လိမ့်မည်ဟု မမျှော်လင့်ထားသောကြောင့် အလွယ်တကူ သဘောတူလိုက်ခြင်း ဖြစ်သည်။
သို့သော် သူသည် အပိုင်းအစများ အားလုံးကို စုဆောင်းနိုင်ခဲ့ရုံသာမက လျှို့ဝှက်ရတနာအား ဖွင့်ရန် အစီအစဉ်ပင် ရှိလာသည်။
သူမကို ခေါ်သင့်ရဲ့လား။
ထိုသည်က တကယ်ပင် ခက်ခဲသည့် ရွေးချယ်မှုတစ်ခု ဖြစ်သည်။
ယဲ့ဖန် တုံ့ဆိုင်းနေသေးသည်ကို မြင်လိုက်ရပြီး ရှုကျင်းရှင်းသည် ချက်ချင်းပင် ပြင်းထန်သည့် အမူအရာဖြင့် ပြောလာသည်။
" ရှင် ကျွန်မကို အဲ့ဒီကို မခေါ်သွားရင် လျှို့ဝှက်ရတနာသိုက်ကို ဖွင့်ဖို့ ထာဝရမေ့လိုက်တော့ "
ယဲ့ဖန်သည် သူမ၏ ခြိမ်းခြောက်စကားကို ကြားသောအခါ သူ မထီမဲ့မြင်ပြုကာ ပြုံးလိုက်သည်။
" မင်း ကိုယ့်ကို ကြောက်အောင်လုပ်ဖို့ ကြိုးစားနေတာလား။ မင်းက အဲ့လိုပြောလာမှတော့ ကိုယ်မင်းကို မခေါ်သွားတော့ဘူး။ မင်း ကိုယ့်ကို ရတနာသိုက် ဖွင့်မရအောင် ဘယ်လိုတားဆီးမလဲဆိုတာ ကြည့်ချင်သေးတယ် "
" ရှင် မသိဘူးလား "
ရှုကျင်းရှင်း ဆက်၍ ခြိမ်းခြောက်သည်။
" ဒီရတနာတွေကို နိုင်ငံတော်ကို လွှဲပေးရမှာလေ။ ကျွန်မအစ်ကိုကို အခုချက်ချင်း ပြောပြီး ရှန်းဘုရင်ရဲ့ လျှို့ဝှက်ရတနာကို ရှာခိုင်းဖို့ ကျန်းကောပြည်နယ်ကို သတင်းပို့ခိုင်းလိုက်မယ်ဆို ယုံလား "
ယဲ့ဖန် သူမကို ဒေါသတကြီးစိုက်ကြည့်လျက် နှုတ်ခမ်းမှာ လှုပ်သွားသည်။
ဒီမိန်းကလေးက တကယ်ကို ရက်စက်တာပဲ။
တစ်ဖက်တွင် ရှုကျင်းရှင်းသည် ကော်ဖီကို သောက်လျက် မကြောက်မရွံ့ ကြည့်နေသည်။
" ကောင်းပြီ၊ ကိုယ် ယုံတယ်။ ကိုယ် မင်းကို အဲ့ဒီခေါ်သွားပေးမယ် ဟုတ်ပြီလား "
အဆုံးတွင် ယဲ့ဖန်သည် ပထမဆုံးအကြိမ် အရှုံးပေးလိုက်ရသည်။
ဤမိန်းမလှလေးကို မကြောက်သော်လည်း သူ့အစ်ကိုကိုတော့ ကြောက်ရပေမည်။
ဒီလို ယောက်ဖရှိရတာ တကယ် ခေါင်းကိုက်တာပဲ။
ထို့နောက် ရှုကျင်းရှင်းသည် ဂုဏ်ယူသောအမူအရာ ပြလာခဲ့သည်။
ထို့နောက် သူမက ဆက်ပြောလေသည်။
" စကားမစပ်၊ ဦးလေးလျုံက ကျန်းကောပြည်နယ်ကလေ။ ကျွန်မတို့နဲ့ လိုက်ဖို့ သူ့ကို အကြောင်းကြားလိုက်ရမလား "
ယဲ့ဖန် ခဏ တုံ့ဆိုင်းပြီးနောက် ခေါင်းညိတ်လိုက်သည်။
" ဆရာကြီးက သွားချင်လား မေးကြည့်လိုက်လေ။ သူ အဆင်ပြေတယ်ဆို ကိုယ်က ပြဿနာမရှိပါဘူး "
လျုံဝမ်းယွမ်သည် ယဲ့ဖန် ယနေ့ ဤနေရာသို့ ရောက်နေသည့် အကြောင်းပြချက် ဖြစ်သည်။
သူ၏ဆရာသခင်မှ လေချွမ်လက်သီးသိုင်းကို မသင်ပေးခဲ့ပါက သူ အကြိမ်ရာနှင့်ချီပြီး သေပြီးသား ဖြစ်နေပေလိမ့်မည်။
ရှန်းဘုရင်၏ လျှို့ဝှက်ရတနာသိုက်အတွင်း၌ ဘာရှိသည်ကို သူ မသိသေးသော်လည်း ဤအရာသည် အခွင့်အရေးကောင်းတစ်ခု ဖြစ်မည်မှာ သေချာသည်။
ဤအချိန်တွင် သူသည် သူ့ဆရာသခင်ကို ပစ်မထားသင့်သည်မှာ သဘာဝကျသည်။
ထို့ကြောင့် ယဲ့ဖန်နှင့် ရှုကျင်းရှင်းတို့ နှစ်ယောက်သား သဘက်ခါတွေ့ရန် သဘောတူပြီး လမ်းခွဲလိုက်ကြသည်။
...................................
" ယုံထင်း၊ ဒီနေ့ အစည်းအဝေးအတွက် အချက်အလက်တွေ စုစည်းပြီး ငါ့ရုံးခန်းကို ပို့ထားပေး "
ချန်းရွှမ်သည် ကျန်းယုံထင်းကို ညွှန်ကြားနေသည်။
"ကောင်းပါပြီ၊ အစ်မရွှမ်"
ကျန်းယုံထင်း ချက်ချင်း သဘောတူလိုက်သည်။
ချန်းရွှမ်သည် ရုံးခန်းသို့ ပြန်သွားတော့မည်ကို မြင်လိုက်သဖြင့် ကျန်းယုံထင်း လှမ်းမေးသည်။
" အစ်မရွှမ်၊ အခု ၁၀ နာရီတောင် ရှိနေပြီ။ အစ်မ အလုပ်မဆင်းဘူးလား "
ချန်းရွှမ်သည် သူမ၏ လက်များကို ကူကယ်ရာမဲ့စွာ ဖြန့်လိုက်သည်။
" ကုမ္ပဏီမှာ ကိစ္စတွေ အများကြီးရှိသေးတယ်။ အချက်အလက်တွေကို စုပြီး ငါ့ရုံးခန်းထဲကို ပို့ပြီးရင် နင်အလုပ်ကနေ အရင်ဆင်းလို့ရတယ် "
" အစ်မ အလုပ်ရှုပ်နေလို့လား၊ ဒါမှမဟုတ် အိမ်ကို တစ်ယောက်တည်း ပြန်ရမှာကြောက်လို့လား "
ကျန်းယုံထင်းသည် ချက်ချင်းပင် နောက်ပြောင်လိုက်သည်။
" တစ်စုံတစ်ယောက် ရှိတုန်းကတော့ အစ်မက အိမ်ကို နေ့တိုင်း ည ၈နာရီမထိုးခင် ပြန်တာကို သတိရပါသေးတယ် "
ချန်းရွှမ်သည် ချက်ချင်းပင် သူမကို လှမ်းရိုက်လိုက်သည်။
" နင်က အခု အစ်မကိုတောင် ဟာသလုပ်ရဲနေပြီလား "
ကျန်းယုံထင်းသည် သူမနှင့် ခဏတာ ဆော့ကစားနေခဲ့ကြပြီး နှစ်ယောက်လုံး ပင်ပန်းကာ မောဟိုက်သွားကြသည်။
သူတို့နှစ်ယောက်သည် အမြဲပင် ကောင်းမွန်သည့် ဆက်ဆံရေးရှိကြသည်။
သူတို့သည် အလုပ်တွင် လက်အောက်ငယ်သားနှင့် အထက်လူကြီးဖြစ်သော်လည်း အလုပ်ပြီးသည့်အခါ ညီအစ်မများကဲ့သို့ပင် ဆက်ဆံကြသည်။
ယခု ကုမ္ပဏီမှ အားလုံး ပြန်သွားကြပြီဖြစ်၌ သူတို့နှစ်ယောက် ရှိ၍ လူထုပုံရိပ်ကို သတိထားရန် မလိုအပ်ပေ။
" ဘာပဲဖြစ်ဖြစ် ပြန်သွားတဲ့အခါ ဘာမှလုပ်စရာမရှိဘူးလေ။ အဲ့တာကြောင့် အချိန်ပိုအလုပ်လုပ်ရမယ် "
ကျန်းယုံထင်းသည် သူမ၏ အဝတ်အစားများကို သေသပ်အောင် ပြင်လိုက်သည်။
ယခုအချိန်၌ အပြင်လူများ မရှိသော်လည်းလည်း သူမ၏ပုံရိပ်ကို ဂရုစိုက်ဆဲဖြစ်သည်။
" ငါ နင့်ကို မဝေဖန်ချင်ပါဘူး။ ဒါပေမယ့် နင် ဒီနှစ် ၂၆ရှိပြီ မဟုတ်လား။ ရည်းစားရှာဖို့ အချိန်ရောက်ပြီ "
ချန်းရွှမ်သည် သူ့ညီမကဲ့သို့ အမြဲဂရုစိုက်ရသော အမျိုးသမီးလေးကို စိုက်ကြည့်နေပြီး သူမ၏မျက်နှာ၌ စိုးရိမ်မှုများ ပြည့်နေသည်။
ကျန်းယုံထင်း ခဏတာ ထိတ်လန့်သွားပြီးနောက် ပြုံးလိုက်သည်။
" ဟုတ်တယ် အစ်မရွှမ်၊ ညီမကို မိတ်ဆက်ပေးလို့ရမလား "
ချန်းရွှမ်သည် ချက်ချင်းပင် လေးနက်လာသည်။
" နင် လိုချင်တဲ့ပုံစံ ငါ့ကိုအရင်ပြောကြည့်လေ။ ဘယ်လိုမျိုး လိုချင်တာလဲ "
ကျန်းယုံထင်း ခေါင်းညိတ်ပြီး စဉ်းစားနေသည်။
" အများကြီးမလိုပါဘူး။ ယဲ့ဖန်ရဲ့ ၈၀%လောက် ရှိတဲ့သူဆို ရပါပြီ "
ချန်းရွှမ်သည် ချက်ချင်းပင် ဒေါသတကြီး လက်ဖြင့် ပုတ်လိုက်သည်။
" ဆုတောင်းလေ။ သူ့ခွန်အားရဲ့ ၈၀% ပြောမနေနဲ့။ သူ့ရဲ့ တစ်ဝက်လောက်ရောက်နိုင်ရင်တောင် အဲ့လူက လူကြားထဲမှာ နဂါးဖြစ်နေပြီ။ ဒီလူမျိုးက ရွှေထက် ပိုတန်ဖိုးကြီးတယ်။ နင့်အတွက် ငါ ဘယ်မှာရှာပေးရမှာလဲ "
ကျန်းယုံထင်းသည် ချက်ချင်းပင် နောက်ပြောင်လိုက်သည်။
" ရို့ရို့ရို့ ဘယ်သူကမှ ကိုယ့်ချစ်သူကို ဒီလိုမျိုး မချီးကျူးဘူး ..... အစ်မ မရှက်ဘူးလား "
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၃၅၆ )
တွေ့ဖူးသမျှထဲ အကောင်းဆုံးလူသား
ချန်းရွှမ် နှာမှုတ်လိုက်သည်။
" ငါ အမှန်အတိုင်းပြောတာလေ။ သူက ငါတွေ့ဖူးသမျှထဲ အထူးချွန်ဆုံးပဲ။ တခြားဘယ်သူမှမရှိဘူး "
ကျန်းယုံထင်းလည်း ခေါင်းညိတ်သဘောတူသည်။
" သူက တကယ်ကို ထူးချွန်တာပါ။ သူနဲ့တွေ့ပြီးရင် တခြားယောက်ျားတွေကို စိတ်မဝင်စားတော့ဘူး ...... "
သူမ၏စကား တစ်ဝက်တစ်ပျက်တွင် သူမသည် တစ်ခုခု မှားနေသည်ကို ရုတ်တရက် သဘောပေါက်သွားပြီး အခြေအနေကို ကယ်တင်ရန် အမြန်ကြိုးစားခဲ့သည်။
" အစ်မရွှမ်၊ ညီမ ပြောတာ အဲ့လိုမဟုတ် ..... "
" နင် ရှင်းပြစရာ မလိုပါဘူး။ ငါသိတယ် "
ချန်းရွှမ်သည် ချက်ချင်းပင် အဓိပ္ပါယ်ရှိသော အပြုံးကို ပြုံးပြီး သူမ၏ ပုခုံးကို ပုတ်လိုက်သည်။
" မြန်မြန်လုပ်၊ ပစ္စည်းတွေ စုပြီး ပြီးသွားရင် ငါ့စီ ပို့ပေးဖို့ မမေ့နဲ့ ထ
ထိုသို့ဖြင့် ချန်းရွှမ် လှည့်ပြီး သူမ၏ ရုံးခန်းဆီသို့ လျှောက်သွားသည်။
လှည့်ပြီးနောက် ရှုပ်ထွေးသည့် အမူအရာတစ်ခု သူမမျက်နှာ၌ ရုတ်တရက် ပေါ်လာသည်။
ကျန်းယုံထင်းကို ချန်းရွှမ် ကောင်းမွန်စွာ သိသည်။
ယဲ့ဖန်အပေါ် သူမ ခံစားချက်များ ရှိနေကြောင်း ချန်းရွှမ် ပြောနိုင်လေသည်။
ထို့အပြင် ယဲ့ဖန်သည် အလွန်ထူးချွန်လှသူဖြစ်သည်။
သူအား သူမတစ်ယောက်တည်း အပိုင်သိမ်းထားရန်မှာ မဖြစ်နိုင်ပေ။
ဒီလိုဆိုရင် အဲ့ဒီမိန်းကလေးတွေထဲမှာ သူမညီမလေးကရော ဘာလို့ မပါနိုင်ရမှာလဲ။
ချန်းရွှမ်သည် ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို ရုံးခန်းထဲသို့ တရွတ်တိုက် ဆွဲလာကာ ကုလားထိုင်ပေါ်တွင် လှဲချပြီး လုံးဝ မလှုပ်ချင်တော့ပေ။
ကျန်းယုံထင်း ပြောသည့် စကားအတိုင်းပင် ဖြစ်သည်။
ယဲ့ဖန် အနား၌ မရှိသည့် အချိန်အတွင်း သူမသည် နေ့ရက်များကို အလုပ်များဖြင့်သာ ပြည့်နှက်စေခဲ့ပြီး သူ့အကြောင်း မတွေးမိစေရန် အတင်းအကြပ် လုပ်နေခဲ့သည်။
သို့သော် အလုပ်များ ပြီးသည့်အခါ သူမတစ်ယောက်တည်း အထီးကျန်နေတတ်ပြီး ထိုလူအကြောင်း မစဉ်းစားဘဲ မနေနိုင်ပေ။
သူမသည် အမှန်တကယ်ပင် ယဲ့ဖန်၏ အဆိပ်ကို သင့်နေခဲ့သည်။
ထို့အပြင် သူမသည် ဆေးမမီတော့ပြီဖြစ်သည်။
" ဟူး၊ အချစ် ဘယ်တော့ပြန်လာမှာလဲ။ ရွှမ်အယ် ရှင့်ကို လွမ်းနေပြီ "
သူမ မတတ်နိုင်ဘဲ သူမကိုယ်သူမ ရေရွတ်နေမိသည်။
ထိုအချိန် လက်နှစ်ဖက် အနောက်မှ ရုတ်တရက် ထွက်လာပြီး သူမမျက်လုံးများကို ဖုံးအုပ်ထားလိုက်သည်။
" မင်း ဘယ်သူ့ကို ပြောနေတာလဲဘ"
ချန်းရွှမ်သည် သမင်ငယ်လေးတစ်ကောင်လို ထိတ်လန့်သွားပြီး ချက်ချင်းပင် ခုခံချင်လာသည်။
သို့သော် ထိုလူ၏အသံကို ကြားလိုက်သောအခါ သူမ၏ ကြောက်ရွံ့မှုအားလုံးသည် ချက်ချင်းပင် စိတ်လှုပ်ရှားမှုအဖြစ်သို့ ပြောင်းလဲသွားသည်။
" ရှောင်ဖန်၊ ဘယ်တုန်းက ပြန်ရောက်တာလဲ "
လက်နှစ်ဖက်ကို အလျင်အမြန် ဖယ်လိုက်ပြီး အနောက်သို့ လှည့်ကြည့်လိုက်သည်။
သူမအနောက်၌ ရပ်နေသူမှာ သူမ နေ့ရောညပါ တွေးနေမိသည့်လူ ဖြစ်သည်။
ယဲ့ဖန် သူမ၏ခါးလေးကို ဖက်ထားလိုက်သည်။
" မင်း ကိုယ့်ကို လွမ်းနေတုန်း ပြန်လာတာ "
ချန်းရွှမ်၏ခမျက်ရည်များသည် ကြိုးပြတ်နေသော ပုလဲလုံးလေးများကဲ့သို့ သူမ၏ ပါးပြင်ပေါ် လိမ့်ဆင်းလာသည်။
" နင်က ငါ့ရဲ့ရန်သူလေးပဲ။ ပြန်လာတာကို ဘာလို့ မပြောတာလဲ။ လေဆိပ်မှာ လာကြိုမှာပေါ့ "
ယဲ့ဖန်သည် သူ့ကို လာခေါ်ရန် တခြားမိန်းကလေးတစ်ယောက် ရောက်လာသည်ဟု ပြောလိုက်ချင်သည်။
သို့သော် သူ ထိုသို့ ပြောလိုက်ပါက ဥက္ကဌချန်းသည် သူ့ကို နှင်ထုတ်ပေလိမ့်မည်။
" ကိုယ် မင်းကို အံ့ဩအောင် လုပ်ချင်လို့။ ဘယ်လိုလဲ အံ့သြသွားရဲ့လား "
" ဟုတ်တယ် အရမ်းအံ့သြသွားတာ "
ချန်းရွှမ်သည် ချက်ချင်းပင် ခေါင်းညိတ်လိုက်ပြီး သူမ၏ မျက်နှာလေးမှာ ကျေးဇူးတင်မှုများဖြင့် ပြည့်နှက်နေသည်။
သူမကို မတွေ့ရသည်မှာ ကြာပြီဖြစ်ပြီး ပိုလှလာသည်ဟု ပြောရပေမည်။
လစ်ဟာနေတာက နှလုံးသားကို ပိုချစ်လာစေတဲ့ အကြောင်းရင်းဖြစ်လောက်တယ် မဟုတ်လား။
ယဲ့ဖန် မတတ်နိုင်ဘဲ ငုံ့ကြည့်မိသည်။
သူမသည် မီးခိုးရောင် အမျိုးသမီးရုံးဝန်ထမ်းဝတ်စုံကို ဝတ်ထားသည်။
အထဲ၌ အဖြူရောင် ရှပ်တစ်ထည်ခံထားပြီး ဖျော့တော့သည့် သင်းရနံ့တစ်ခု ရနေသည်။
သူမ၏ ပြည့်စုံသော ပုံရိပ်မှာ ပို၍ ရုပ်လုံးကြွနေတော့သည်။
ယဲ့ဖန်သည် သူမကို မတွေ့ရသည်မှာ ရက်အတော်ကြာပြီ ဖြစ်သော်လည်း သူမသည် အတော်လေး ဆူဖြိုးလာပုံရသည်။
ယဲ့ဖန် ကိုင်၍ပင် မရတော့မည်ကို စိုးရိမ်မိသွားသည်။
သူမ၏ စကပ်အစသည် ဒူးအပေါ်ထိသာ ဖုံးလေသည်။
သူမ၏ ခြေသလုံး၌ အသားရောင်အသားကပ်ခြေအိတ်ကို စွပ်ထားသည်။
သူမသည် အနက်ရောင်ဒေါက်မြင့်ဖိနပ်ကို စီးထားသေးသည်။
အကြောင်းပြချက်အချို့ကြောင့် သူမသည် ရိုးရှင်းသော အဝတ်အစားကိုပင် သာမန်ထက် ပို၍ထူးကဲကာ ဆွဲဆောင်မှု ရှိနေစေသည်။
သူမ၏ အလုပ်သမားများရှေ့၌ ဩဇာကြီးတတ်သော သူမသည် ယဲ့ဖန်အရှေ့၌ တတ်နိုင်သမျှ နူးညံ့သိမ်မွေ့စွာနေတတ်သည်။
ထိုသို့သော မိန်းမသားဆန်မှုသည် သူမ၏ စိတ်ထဲ၌ အမြဲတစ္ဆေ ရှိလေသည်။
သူမသည် ချစ်ရသူနှင့် ရင်ဆိုင်ရသည့်အခါ ထိုဘက်ခြမ်းကို ထုတ်ပြသည်။
ထိုသည်က သူမကို သူမတူစေသော ဆွဲဆောင်မှုကို ပေးသည်။
ချန်းရွှမ်သည် သူ၏ စိုးမိုးသော အကြည့်ကို သတိထားမိသည်။
သူမ၏ မျက်နှာလေးမှာ နားရွက်အထိ ရဲတွတ်လာပြီး သူမ၏ခေါင်းကို အမြန်ငုံ့လိုက်သည်။
ချန်းရွှမ် ရှက်ရွံ့လာလေလေ၊ ယဲ့ဖန် မထိန်းချုပ်နိုင်လေလေ ဖြစ်သည်။
ယဲ့ဖန် သူမကို ဆွဲဖက်လိုက်သည်။
" အစ်မရွှမ်၊ ကျွန်တော်မရှိတုန်း လွမ်းနေရဲ့လား "
ချန်းရွှမ် ချက်ချင်း ခေါင်းညိတ်လိုက်သည်။
" အင်း၊ လွမ်းတယ် "
ယဲ့ဖန် သူမကို စူးရဲစွာ ကြည့်နေသည်။
" ကိုယ့်ရဲ့ ဘာကို လွမ်းတာလဲ "
ချန်းရွှမ် ရှက်သွားပြန်သည်။
" ခဏခဏ တွေးမိတယ် "
ယဲ့ဖန်၏ နှုတ်ခမ်းများသည် ဆိုးသွမ်းသော အပြုံးတစ်ခုအဖြစ် ကွေးကောက်သွားသည်။
" ဒါဆို ကိုယ် မရှိတဲ့အချိန် မင်း လိုချင်ရင် ဘယ်လိုဖြေရှင်းလဲ "
" နင် .... အရမ်းဆိုးတာပဲ "
ချန်းရွှမ်သည် ယဲ့ဖန်မှ ထိုကဲ့သို့ တည့်တိုးဆန်သော မေးခွန်းကို မေးမည်ဟု မမျှော်လင့်ခဲ့ပေ။
သူတို့သည် သီးသန့်ပတ်ဝန်းကျင်၌ ရှိနေသော်လည်း သူမ မနေနိုင်တော့ဘဲ သူ့ရင်ခွင်ထဲမှ လွတ်မြောက်ချင်နေသေးသည်။
ထိုအချိန်တွင် ယဲ့ဖန်သည် သူမကို လွတ်သွားခွင့် မပေးနိုင်ပေ။
ချက်ချင်းပင် သူမကို စားပွဲပေါ်သို့ ဖိလိုက်သည်။
" အစ်မ ရွှမ်၊ အရမ်းနောက်ကျနေပြီ။ မင်းဗိုက်ဆာနေမှာပေါ့။ ကိုယ် မင်းကို အခုပဲ ကျွေးမယ် "
" မလုပ်နဲ့၊ ဒီမှာ အဆင်မပြေဘူး "
" ဒီနေရာက အရမ်းသင့်တော်ပါတယ်။ ဒီလိုမြင်ကွင်းမျိုးကို ကိုယ် ကြိုက်တယ်လေ "
" ယုံထင်း အပြင်မှာ ရှိသေးတယ် ...... "
" ကိုယ် ဂရုမစိုက်ဘူး "
" မလုပ်နဲ့ ...... "
ကျန်းယုံထင်းသည် စာရွက်စာတမ်းများကို စီစဉ်ပြီးနောက် ချန်းရွှမ်၏ ရုံးခန်းသို့ ရောက်လာကာ တံခါးကို ခေါက်လိုက်သည်။
" အစ်မ ရွှမ်၊ စာရွက်စာတမ်းတွေ စီစဉ်ပြီးပြီ "
သို့သော် ချန်းရွှမ်ထံမှ ချက်ချင်း အဖြေပြန်မရလာ၍ သူမ အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည်။
သူမ တံခါးကို ထပ်ခေါက်ပြီး ပြောလိုက်တော့သည်။
ဤတစ်ခါတွင်လည်း တုံ့ပြန်မှု မရှိသေဒချေ။
ဟမ်၊ အစ်မ ရွှမ် အိပ်ပျော်သွားတာလား။
သူမ စိတ်ရှုပ်သွားချိန် ရုံးခန်းထဲမှ ချန်းရွှမ်၏ နူးညံ့သိမ်မွေ့သည့်အသံ ရုတ်တရက် ထွက်လာသည်ကို ကြားလိုက်ရသည်။
" ရပ်တော့ ..... တော်တော့။ တကယ် မခံနိုင်တော့ဘူး။ ကျေးဇူးပြုပြီး သွားခွင့်ပြုပါ "
ကျန်းယုံထင်း အံ့သြသွားသည်။
အစ်မ ရွှမ်က ဘယ်သူနဲ့ စကားပြောနေတာလဲ။
သူမ ဖုန်းဆက်နေတာလား။
ဒါဆို သူမကို မနှောင့်ယှက်တာ ပိုကောင်းတယ်။
ကျန်းယုံထင်း ထွက်သွားရန် ပြန်လှည့်တော့မည် ဖြစ်သည်။
ထိုအချိန်တွင် ချန်းရွှမ်၏ အသံကို သူမ ရုတ်တရက် ကြားလိုက်ရသည်။
" ယုံ ... ယုံထင်း ... ဝင်လာခဲ့ "
ကျန်းယုံထင်းသည် ချန်းရွှမ်၏အသံမှာ တစ်ခုခုမှားနေသည်ကို ကြားလိုက်သော်လည်း သူမ ဘာမှသံသယမရှိပဲ တံခါးကို ချက်ချင်း တွန်းဖွင့်လိုက်သည်။
ထို့နောက် ချန်းရွှမ်သည် မျက်နှာနီမြန်းစွာဖြင့် သူဌေးထိုင်ခုံတွင် ထိုင်နေသည်ကို သူမ တွေ့လိုက်ရသည်။
ဟမ်။
အစ်မရဲ့ အဝတ်အစားနဲ့ ဆံပင်တွေက နည်းနည်း ရှုပ်ပွနေပါလား။
" အစ်မရွှမ်၊ ဘာဖြစ်နေတာလဲ။ နေမကောင်းဘူးလား "
သူမ ချက်ချင်းပင် စိုးရိမ်တကြီး လျှောက်လာသည်။
ထို့နောက် ဒေါက်မြင့်ဖိနပ်နှင့် စားပွဲခုံနားတွင် စုတ်ပြဲနေသော အသားကပ်ခြေအိတ်ကို သူမ ရုတ်တရက် တွေ့လိုက်ရသည်။
ကျန်းယုံထင်းသည် ပို၍ မေးခွန်းများလာတော့သည်။
" မဟုတ်ဘူး ..... မရ .... အာ့ မရဘူး "
ချန်းရွှမ် ငြင်းဆန်ကာ ခေါင်းကို တရစပ်ခါလိုက်သည်။
သူမသည် စကားပြောနေစဉ်တွင် သူမ၏ခန္ဓာကိုယ်သည် အနည်းငယ်တုန်ယင်နေပုံရသည်။
" ယုံထင်း၊ ယုံထင်း အစ်မ တစ်ခုမေးမလို့ "
ကျန်းယုံထင်းသည် စာရွက်များကို စားပွဲပေါ်တင်ပြီးနောက် သူမ၏ အပြောကြောင့် အံ့အားသင့်သွားသည်။
" ဘာလဲဟင် "
ချန်းရွှမ် ရုတ်တရက် သူမကို ကြည့်လိုက်သည်။
" နင် ..... ယဲ့ဖန်ရဲ့ မိန်းကလေး ဖြစ်ချင်တာလား "
ကျန်းယုံထင်း အံ့ဩသွားပြီး သူမ၏ လှပသော မျက်လုံးလေးများမှာ ပြူးကျယ်သွားသည်။
သူမ ထိုအတွေးကို အချိန်အတော်ကြာ တွေးနေခဲ့သော်လည်း ကောင်းမွန်စွာ ဖုံးကွယ်နိုင်ခဲ့သည်ဟု ထင်ခဲ့သည်။
ယခုအခါ ချန်းရွှမ်၏ပါးစပ်မှ ဤစကားများ ထွက်လာသောအခါ သူမ အံ့သြမိသည်။
" ညီမ ...... "
ကျန်းယုံထင်း အနည်းငယ် စိတ်ရှုပ်သွားပြီး ဘယ်လိုဖြေရမည်မှန်း မသိပေ။
" ယုံထင်း ... မြန်မြန်ဖြေ။ လိုချင်လား၊ မလိုချင်ဘူးလား "
ချန်းရွှမ်သည် အလွန်အရေးတကြီးမေးလိုက်ပြီးနောက် သူမ၏ခန္ဓာကိုယ်သည် အနည်းငယ်တုန်တက်လာပြီး လဲကျသွားပုံရသည်။
" ဟုတ် ..... လိုချင်တယ် "
ကျန်းယုံထင်းသည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် တိကျသေချာသော အဖြေကိုမပေးလိုက်သည်။
သူမသည် ချန်းရွှမ်အား သေချာရှင်းပြရန် စီစဉ်နေသည်။
သူတို့၏ ခင်မင်ရင်းနှီးမှုကို ထိခိုက်စေလျှင်ပင် သူမ၏ စိတ်ထဲ၌ ဖုံးကွယ်ထားသည်ထက် ပိုကောင်းလေသည်။
" အဲ့တာဆို ကောင်းတယ် ..... အဲ့တာ ကောင်းတယ် ...... "
ချန်းရွှမ်သည် စကားပြောဆနလျက် ခန္ဓာကိုယ်မှာ ရုတ်တရက် တုန်ခါလာပြီး စားပွဲပေါ် ထောက်ထားရာမှ ချော်သွားတော့သည်။
ကျန်းယုံထင်း အံ့သြသွားသည်။
သူ့စကားက အစ်မရွှမ်ကို ဒေါသထွက်သွားစေလို့လား။
သူမသည် စားပွဲဝိုင်းသို့ အမြန်လျှောက်လာပြီး ချန်းရွှမ်ကို ကူညီပေးရန် ကြိုးစားလိုက်သည်။
သို့သော် စားပွဲအနောက်ရှိ မြင်ကွင်းကို ရှင်းလင်းစွာ မြင်လိုက်ရသောအခါ သူမ အံ့အားသင့်သွားသည်။
သူမ ... သူမ မျက်လုံးများကိုပင် မယုံနိုင်ချေ .......