← Chapters

အခန်း (၁၃၅၇-၁၃၆၀)

Vol. 68 Ch. 1357-1360

အခန်း (၁၃၅၇-၁၃၆၀)

Vol. 68 Ch. 1357-1360

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၃၅၇ )

အစ်မရှိတယ် မကြောက်နဲ့

ယဲ့ဖန်သည် ခေါင်းကို မော့ပြီး အံ့အားသင့်နေသော ကျန်းယုံထင်းကို ကြည့်လိုက်သည်။

သူမသည် ရုံးအမျိုးသမီးဝတ်စုံကို ဝတ်ထားပြီး အနီရောင်ဖြစ်သည်။

သူမသည် အနီရောင် ဒေါက်မြင့်ဖိနပ်တစ်ရံကို ၀တ်ဆင်ထားပြီး အလွန်ပင် လိုက်ဖက်ညီလေသည်။

အထူးသဖြင့် ဘောင်းဘီနှင့် ဒေါက်မြင့်ဖိနပ်များကြားမှ လှပသော ခြေဖမိုးလေးသည် အလွန်ပင် စိတ်ကိုနှိုးဆွစေသည်။

ဖြူလျလွန်းသဖြင့် ကြွေကျတော့မည်ပင် ထင်ရစေသည်။

အမှန်တကယ်၌ သူမသည် အလွန်လှပသည်ဖြစ်သော်လည်း သူမသည် ချန်းရွှမ်နှင့် ယှဉ်မရပေ။

ချန်းရွှမ်နှင့် နှိုင်းယှဥ်လိုက်ပါက သူမ၏ အလှသည် အရောင်မှိန်သွားရသည်။

သို့သော် သူမသည် သာမာန်လူများကြား၌ ရှိနေပါက အတော်ပင်လှသည့် မိန်းမလှလေးအဖြစ် သတ်မှတ်ခံရမည်မှာ သေချာသည်။

အနည်းဆုံးအနေဖြင့် သူမသည် ကျောင်းပန်းလေး ဖြစ်နိုင်သည်။

ထို့အပြင် သူမသည် ချန်းရွှမ်ကဲ့သို့ ထက်မြက်သော မိန်းမတစ်ယောက်၏ အသွင်အပြင်မျိုးနှင့် မတူဘဲ နူးညံ့သိမ်မွေ့သော ဆွဲဆောင်မှုတစ်ခု ရှိလေသည်။

" ဒီကိုလာ "

ယဲ့ဖန်သည် ထူးဆန်းသော ဦးလေးကြီးတစ်ယောက်လို သူမကို ရုတ်တရက် လက်ဝှေ့ယမ်းပြလိုက်သည်။

" ကျွန်မ ..... "

ကျန်းယုံထင်းသည် လုံးဝ အံ့အားသင့်သွားသည်။

သူမ ဘာလုပ်ရမယ်မှန်း မသိပေ။

ချက်ချင်း ထွက်ပြေးလိုက်သင့်လား၊ ဒါမှမဟုတ် သွားပြီး သူတို့နဲ့ ပူးပေါင်းလိုက်သင့်လား။

သူမ ထွက်သွားပါက ယဲ့ဖန်သည် သူမကို ပြဿနာရှာမည် မဟုတ်သည်ကို သူမ ယုံကြည်သော်လည်း ထိုမှစပြီး သူနှင့် နီးစပ်လာနိုင်ရန် အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။

သို့သော် ယခု သူ့အနားသို့ သွားလျှင်လည်း မည်သို့ ပြုမူရမည်ကို သူမ မသိချေ။

သူမကို မည်သူကမှ မသင်ပေးဖူးပေ။

ထိုအခိုက်အတန့်တွင် ချန်းရွှမ်သည် လမ်းလျှောက်ပြီး သူမ၏လက်ကို စတင် ကိုင်လိုက်သည်။

" မကြောက်ပါနဲ့၊ အစ်မ ဒီမှာ ရှိတယ် "

ကျန်းယုံထင်းသည် ချန်းရွှမ်၏ အကြည့်ကို တွေ့လိုက်ပြီး သူမ၏ ခုန်ပေါက်နေသော နှလုံးသားမှာ ချက်ချင်း ငြိမ်သက်သွားသည်။

ထို့နောက် ချန်းရွှမ်၏ လမ်းညွှန်မှုအောက်တွင် သူတို့သည် ယဲ့ဖန်စီသို့ ဖြည်းညှင်းစွာ လျှောက်သွားကြသည်။

ယန်းချန်မြို့တွင် နေသည့် သုံးရက်အတွင်း ယဲ့ဖန်သည် ပျော်ရွှင်မှုကို အပြည့်အဝ ခံစားခဲ့သည်။

သူသည် အမျိုးသားအများစု မရနိုင်သော ပျော်ရွှင်မှုကို ခံစားနိုင်လေသည်။

နဂိုမူလ ကျန်းယုံထင်းသည် ချန်းရွှမ်ကဲ့သို့ တိုက်တွန်းရသည့် လူစားမျိုးဟု ထင်ခဲ့သည်။

သို့သော် နောက်ပိုင်း၌ သူ မှားသွားမှန်း သိလာရသည်။

ထို့အပြငိ ဤသည်မှာ ကြီးမားသည့် အမှားတစ်ခုဖြစ်သည်။

ချန်းရွှမ်၏ ရုံးခန်း၌ ဖြစ်ခဲ့သော ထိုညသည် ကျန်းယုံထင်း၏ ပထမဆုံးအကြိမ်ဖြစ်သည်ကို ယဲ့ဖန် သိခဲ့သည်။

ထို့ကြောင့် သူမသည် တစ်ဝက်တစ်ပျက်ဖြင့်သာ အမီလိုက်ရသည်။

သို့သော် ထိုညပြီးသည့် နောက်နှစ်ရက်အကြာတွင် ထိုအမျိုးသမီးလေးသည် နောက်ဆုံး၌ စိတ်ကိုလွှတ်လိုက်တော့သည်။

ချန်းရွှမ်သည် လုပ်ရန် ရှက်ရွံ့နေသော အရာများစွာကို ယဲ့ဖန်၏ တောင်းဆိုမှုပင် မလိုအပ်ဘဲ ကျန်းယုံထင်းမှ ပူးပေါင်းဆောင်ရွက်ကာ စလုပ်ပေးဖြစ်သည်။

တခါတရံတွင် သူမသည် ချန်းရွှမ်ကိုပင် လမ်းညွှန်ပြီး သင်ပြပေးသည်။

သူမသည် အလွန်ကျွမ်းကျင်သောကြောင့် အတွေ့အကြုံရှိသော ယာဉ်မောင်းတစ်ဦးနှင့်ပင် ပိုတူသည်။

ထိုညသည် သူမအတွက် ပထမဆုံးအကြိမ်ဖြစ်သည်ကို သူ မသိထားပါက ထိုအမျိုးသမီးသည် အတွေ့အကြုံရင့်ကျက်သူဟု ယဲ့ဖန် ထင်မိမှာ ဖြစ်သည်။

အတိုချုပ်ပြောရလျှင် ဤသုံးရက်သည် ယဲ့ဖန်အတွက် အလွန်ပြည့်စုံလှသည်။

သူ လုံးဝ မပျင်းခဲ့ရပေ။

သုံးရက်အကြာတွင် အမြန်ရထားဘူတာရုံ၌ ရှုကျင်းရှင်းနှင့် လျုံဝမ်းယွမ်တို့ တွေ့ဆုံသောအခါ ယဲ့ဖန်သည် အလွန်ဆိုးရွားသော အခြေအနေတွင် ရှိနေပြီး အသက်မဲ့နေသောပုံပေါက်သည်။

" ရှင် ဘာဖြစ်နေတာလဲ။ နေမကောင်းဘူးလား။ နောက်ထပ် ရက်နည်းနည်းလောက်နေမှ သွားချင်လား "

ရှုကျင်းရှင်းသည် ယဲ့ဖန်ကို ထိုကဲ့သို့မြင်သောအခါ အနည်းငယ် စိတ်ပူသွားသည်။

" အဟမ်း ဘာမှမဖြစ်ပါဘူး "

ယဲ့ဖန် ခေါင်းညိတ်ပြလိုက်သည်။

" ရှင် ဘာဖြစ်နေတာလဲ။ ကျွန်မတို့ကို မခြောက်နဲ့ "

ရှုကျင်းရှင်းသည် ယဲ့ဖန်ပြောသည်ကို လက်မခံဘဲ သူ့ကို အခြေအနေဆိုးနေသည်ကိုသာ တွေ့နေရသည်။

ထိုအချိန်တွင် လျုံဝမ်းယွမ်သည် နောက်ဆုံးတွင် စကားစပြောသည်။

" ကျင်းရှင်း၊ မမေးနဲ့တော့။ ဒီကလေး၊ အဟမ်း သူ့အတွက် စိတ်ဆင်းရဲဖို့ မထိုက်တန်ဘူး "

မည်သို့ပင်ဖြစ်စေ သူသည် အတွေ့အကြုံရှိသည့်သူတစ်ယောက်ဖြစ်သည်။

ဤကလေး၏ ပြဿနာကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သိနိုင်သည်။

ရှုကျင်းရှင်းသည် အတွေ့အကြုံမရှိသော မိန်းမပျိုလေးတစ်ဦး ဖြစ်နေဆဲဖြစ်သည်။

နောက်ကွယ်မှ အဓိပ္ပါယ်ကို သူမ နားမလည်နိုင်ချေ။

သူမသည် ယဲ့ဖန်ကို စိုးရိမ်စွာဖြင့် ကြည့်နေဆဲပင် ဖြစ်သည်။

" ဒါဆို ကားပေါ်အရင်တက်ရအောင် "

ယဲ့ဖန်သည် ရှုကျင်းရှင်း၏ ခရီးဆောင်အိတ်များကို သယ်ဆောင်ကာ ရထားထဲသို့ ဝင်ဖို့ ကူညီရန် ကြိုးပမ်းခဲ့သည်။

ထိုအချိန်တွင် လျုံဝမ်းယွမ်သည် ရုတ်တရက် သူ့ကို အနောက်သို့ ဆွဲထုတ်လိုက်ပြီး သူတို့နှစ်ဦးသာ ကြားနိုင်သော အသံဖြင့် ပြောလိုက်သည်။

" မင်းကို ပညာပေးချင်တာတော့ မဟုတ်ပေမဲ့ ပြောထားရမယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျန်းမာရေးကို ဂရုစိုက်။ မဟုတ်ရင် အသက်ကြီးလာမှ နောင်တရနေလိမ့်မယ် "

ယဲ့ဖန်သည် သူ့ဆရာကို အဓိပ္ပါယ်ရှိစွာ ကြည့်လိုက်သည်။

" ဆရာကြီး ပြောချင်တဲ့စကားအရ အခုနောင်တရနေပြီ မဟုတ်လား "

လျုံဝမ်းယွမ်သည် ယဲ့ဖန်မှ တစ်ဖန်ပြန်၍ သူ့အား ကြိမ်းမောင်းနေမှန်း မသိသဖြင့် ခဏတာ ကြောင်အသွားခဲ့သည်။

နားလည်သွားသည့်အခါ ချက်ချင်း သူ့ကို ကန်လိုက်ပြီး ပြောသည်။

" ခွေးကောင်လေး၊ မင်းရဲ့ ဆရာက မင်းလောက် မဆိုးဘူး "

ယဲ့ဖန်သည် သူ့ဆရာ၏ကန်ချက်ကို အလွယ်တကူပင် ရှောင်လိုက်ပြီး ရယ်ပြီး နောက်ပြောင်လိုက်ပြန်သည်။

" မဟုတ်လောက်ပါဘူး။ ဆရာရဲ့ ခြေလှမ်းတွေက အားနည်းနေတာကို မြင်နိုင်တယ်။ ဆရာရဲ့ခန္ဓာကိုယ်က အခေါင်းပေါက်ကြီး ဖြစ်နေသလိုပဲ ...... "

" ခွေးကောင်လေး၊ မင်း နောက်တစ်ခါ ထပ်ပြောရဲရင် မင်းပါးစပ်ကို ငါ ဖြဲပစ်မယ် "

လျုံဝမ်းယွမ်သည် ဒေါသအလွန်ထွက်ပြီး သူ့ကို ရိုက်နှက်ချင်နေသည်။

အဆုံး၌ ရှုကျင်းရှင်းမှ ပြန်ထွက်လာကာ သူတို့နှစ်ယောက်ကို ခွဲထုတ်လိုက်သည်။

သူတို့သုံးယောက်သား ရထားပေါ်တက်ပြီး ထိုင်ခုံများ ရှာကြသည်။

နှစ်ခုံမှာ တစ်ခုနဲ့တစ်ခု ကပ်လျက်ရှိပြီးဘကျန်တစ်ခုံမှာ အလယ်၌ လူသွားလမ်း ခြားနေသည်။

လျုံဝမ်းယွမ်သည် အမြင်ကောင်းသောကြောင့် လူသွားလမ်း၏ အခြားတစ်ဘက်တွင် ထိုင်လိုက်သည်။

ယဲ့ဖန်နှင့် ရှုကျင်းရှင်းသည် နှစ်ယောက်ခုံတွင် ထိုင်လိုက်သည်။

သူမသည် ယနေ့တွင် ဂျင်းအင်္ကျီနှင့် Martinဖိနပ်တစ်ရံကို ၀တ်ထားသည်။

သူမ၏ တစ်ကိုယ်လုံးကို တင်းကြပ်စွာ ဖုံးအုပ်ထားသဖြင့် ယဲ့ဖန် စိတ်ပျက်လက်ပျက် ညည်းညူခဲ့သည်။

" ဒီလောက် အများကြီးဝတ်ထားတာ မပူဘူးလား "

ယဲ့ဖန် မေးလိုက်သည်။

ရှုကျင်းရှင်းသည် ပြန်ဖြေခါနီး၌ သူတို့အနောက်ရှိ ထိုင်ခုံတန်းမှ ကျယ်လောင်သည့် ရုန်းရင်းဆန်ခတ်သံ ထွက်ပေါ်လာသည်။

" ပြပါဦး၊ ကြည့်ဦးမယ်။ ဒါ မင်း မကြာသေးခင်က တွဲထားတဲ့ မိန်းကလေးလား။ သူမကို ကြည့်ရတာ သိပ်မလှဘူး မဟုတ်ဘူးလား "

" ဘာကိုဆိုလိုတာလဲ။ အဲ့တာက သူ့ကို လူကိုယ်တိုင် မမြင်ဖူးသေးလို့။ သူမက ဓာတ်ပုံတွေထဲကထက် လူကိုယ်တိုင်မြင်ရတာ ပိုကောင်းတယ်။ ပြီးတော့ သူမရဲ့ အသားအရည်က နှင်းလိုဖြူဖွေးပြီးတော့ ကိုင်လို့ အရမ်းကောင်းတာ "

" ချီး၊ နှင်းလို ဖြူတာတဲ့လား။ မင်း ဝေါဟာရမကြွယ်ဝတာနဲ့ အဲ့လို မျက်စိစုံမှိတ် လျှောက်မပြောနဲ့။ မင်းနှစ်ယောက် ဘယ်လောက်ထိ တိုးတက်နေပြီလဲ။ အတူတူအိပ်ပြီးပြီလား "

" အဲ့တာ ပြောစရာလိုသေးလို့လား။ ငါတို့ စတွေ့တဲ့နေ့ကတည်းက အဲ့ဒီညမှာ အခန်းတစ်ခန်းကိုသွားပြီးတော့ တစ်ညတည်းနဲ့ ငါးခါခြောက်ခါ လုပ်ခဲ့တာ "

" ကြွားလုံးထုတ်တာကို ရပ်လိုက်။ မင်းရဲ့ ခွန်အားနဲ့လား တစ်ညတည်း ငါးခါ ခြောက်ခါလောက် လုပ်နိုင်မှာ။ အဲ့တာဆို မင်း သေမှာ မဟုတ်ဘူးလား "

" မင်း ငါ့ကို အထင်သေးနေတာလား။ မရဘူး၊ ဒီနေ့ ကောင်မလေးနှစ်ယောက်ကို ရှာပြီး ပြိုင်ကြမယ် "

" လာလေ၊ ပြိုင်ကြတာပေါ့။ ဘယ်သူက ကြောက်နေလို့လဲ ...... "

ထိုလူနှစ်ယောက်သည် ညစ်ညမ်းသော စကားများဖြင့်သာ ပြည့်နှက်နေပြီး သူတို့၏အသံများမှာလည်း အလွန်ကျယ်လောင်လှသည်။

ရထားတစ်စင်းလုံး သူတို့၏ အသံများကို ကြားနေရသည်။

သက်ကြီးရွယ်အိုအချို့သည် သူတို့ကို အထင်သေးစွာ စိုက်ကြည့်နေကြသည်။

သို့သော် သူတို့နှစ်ဦးသည် စိတ်မပျက်ဘဲ အနီးနားတွင် မည်သူမျှမရှိသလို စကားဆက်ပြောနေကြသည်။

ယဲ့ဖန် မတတ်နိုင်ဘဲ ခေါင်းယမ်းလိုက်သည်။

ဤသည်မှာ အရှက်ကင်းမဲ့သူများ၏ ဥပမာတစ်ခုဖြစ်သည်။

ထိုသို့သော အသေးအဖွဲကိစ္စများကို ယဲ့ဖန် စိတ်မ၀င်စားနိုင်ပေ။

သူသည် ချက်ချင်းပင် သူ့ဆရာ လျုံဝမ်းယွမ်ကို လှည့်ကြည့်လိုက်သည်။

" ဆရာကြီး၊ ဆရာရဲ့ မိသားစုက ကျန်းကောပြန်နယ်မှာ မဟုတ်လား "

လျုံဝမ်းယွမ် ချက်ချင်း ခေါင်းညိတ်လိုက်သည်။

" ဟုတ်တယ်၊ ငါ ကျန်းကောကနေ ထွက်လာတာ နှစ်အတော်ကြာပြီ။ ငါ့မွေးရပ်မြေက အများကြီး ပြောင်းလဲသွားပြီ ထင်တယ် "

ယဲ့ဖန် တကာ်ပင် သိချင်သွားခဲ့သည်။

" လွန်ခဲ့တဲ့နှစ်တွေတုန်းက ပြန်မလာဘူးလား "

လျုံဝမ်းယွမ် ပြုံးပြီး ခေါင်းညိတ်သည်။

" ရန်သူတွေရှိတော့ မိသားစုကို ထိခိုက်မှာစိုးလို့ မပြန်ဖြစ်တော့ဘူး။ နောက်ပိုင်းကျ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေ တော်တော်များများကလည်း အသက်ကြီးပြီး သေသွားကြပြီ။ ပြန်သွားတဲ့အခါ ဝမ်းနည်းရမှာ စိုးရိမ်လို့ မပြန်တော့တာ "

လျုံဝမ်းယွမ်၏ မိသားစုအကြောင်း ရှုကျင်းရှင်းပြောသည်ကို ယခင်က ယဲ့ဖန် ကြားဖူးသည်။

သူက ချက်ချင်းမေးလေသည်။

" လျုံမိသားစုကို ကျန်းကောပြန်နယ်မှာရှိတဲ့ မိသားစုကြီးလို့ သတ်မှတ်ပြီး ဘယ်သူကမှ မစော်ကားရဲဘူးလို့ ရှုကျင်းရှင်းစီက ကြားထားသေးတယ် "

လျုံဝမ်းယွမ်သည် ကားခေါင်မိုးကို မော့ကြည့်လိုက်ပြီး သူ့အမှတ်တရများထဲ နစ်မြောပျောက်ဆုံးသွားသလို ကြည့်နေသည်။

" လျုံမိသားစုက မချမ်းသာပေမယ့် မိသားစုထဲက လူတိုင်းက ကိုယ်ခံပညာ လိုက်စားကြတယ်။ သာမာန်လူတွေက ငါတို့ကို လွယ်လွယ်နဲ့ ပြဿနာ မရှာရဲကြဘူး။ ငယ်ငယ်တုန်းက ငါတို့ရဲ့ မိသားစုထဲက တစ်ယောက်ကို ဒဏ်ရာရစေခဲ့တဲ့ အခြားမိသားစုတစ်ခု ရှိခဲ့ဖူးတယ်။ ငါတို့ တစ်မိသားစုလုံး စည်းရုံးပြီး အဲ့ဒီမိသားစု သေမတတ်ကြောက်အောင် လုပ်ခဲ့တာ "

အဘိုးအိုသည် အတိတ်ကို ပြန်လည်သတိရနေပြီး သူ့နှုတ်ခမ်း၌ နွေးထွေးသည့် အပြုံးတစ်ခု ရှိနေသည်။

ယဲ့ဖန်သည် သူ့ဆရာ၏မျက်နှာတွင် ထိုသို့သော အပြုံးမျိုးကို မြင်ရခဲသည်။

သူတို့နှစ်ယောက် စကားစမြည်ပြောနေကြစဉ် ရထားက စတင် ရွေ့လျားလာသည်။

ယဲ့ဖန်တို့ သုံးယောက်သား ပျော်ရွှင်စွာ စကားစမြည်ပြောနေချိန် သူတို့အနောက်မှ မီးခြစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။

ထို့နောက် မီးခိုးငွေ့များ လေထဲသို့ ထွက်လာသည်။

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၃၅၈ )

ဆေးလိပ်သောက်ချင်လို့၊ သင်ပေးနိုင်မလား

" အဟွတ်၊ အဟွတ် ........ "

ရှုကျင်းရှင်း ရုတ်တရက် ပါးစပ်ကို အုပ်ပြီး ချောင်းနှစ်ကြိမ် ဟန့်လိုက်သည်။

သူမသည် ဆေးလိပ်အနံ့ကို အမုန်းဆုံး ဖြစ်သည်။

သူမ၏အစ်ကိုပင် ဆေးလိပ်သောက်ချင်ပါက သူမအနံ့ရမည်ကို စိုးရိမ်၍ အိမ်သာထဲ၌ သွားသောက်ရသည်။

သူတို့အနောက်မှ လူအုပ်စုသည် အခြားသူများကို တစ်စိုးတစ်စိမျှ ဂရုမစိုက်ပေ။

သူတို့သည် ဆေးလိပ်သောက်လျက် မိန်းကလေးများအကြောင်း အဆုတ်ကွဲမတတ် အော်ပြောနေသည်။

သူတို့သည် ပြောလျက် စိတ်လှုပ်ရှားလာသည့်အခါ ထွီခနဲ သလိပ်ထွေးထုတ်တတ်သေးသည်။

ထွေးသည့်နေရာကိုလည်း ဂရုမစိုက်ချေ။

သူတို့သည် အမှန်ပင် ရွံစရာကောင်းလှသည်။

ရှုကျင်းရှင်းမှာ တရစပ် ချောင်းဆိုးနေသည်ကို ယဲ့ဖန်မြင်ပြီးနောက် ထိုလူများကို တားရန် ထရပ်လိုက်သည်။

သို့သော် တစ်ဖက်ခြမ်းမှ တစ်စုံတစ်ယောက်က အရင်ပြောလိုက်သည်။

" လူငယ်လေး၊ ရထားပေါ်မှာ ဆေးလိပ်သောက်လို့ မရဘူး "

ထိုသို့ ပြောသူမှာ ဆံပင်ဖြူဖြင့် အဘိုးအိုဖြစ်သည်။

သူသည် အသက်၇၀ကျော်လောက် ဖြစ်နိုင်သည်။

သို့သော် လူရမ်းကားများမှာ ကြီးသူကိုရမည်မှန်း မသိတတ်ကြပေ။

" ဆေးလိပ်သောက်တာ ကြိုက်လို့သောက်တာ ဘာဖြစ်ချင်လဲ "

ထိုသို့ပြောလိုက်သူမှာ ဆံပင်အဝါရောင်ဆိုးထားသူဖြစ်သည်။

သူ၏မျက်နှာမှာ ကြမ်းတမ်းပြီး ပြဿနာမရှာသင့်သူမှန်း သိသာသည်။

အခြားလူရမ်းကားများက ဆက်ပြောသည်။

" အဘိုးကြီး၊ ကိုယ့်ကိစ္စ ကိုယ်လုပ်။ ငါတို့ ဘယ်သူလဲသိလား။ ပြောလိုက်ရင် သေသွားဦးမယ် "

" ငါတို့ထက် နှစ်နည်းနည်းပိုကြီးနေတာနဲ့ ငါတို့ရှေ့မှာ အခွင့်ကောင်းယူနိုင်မယ်လို့ မထင်လိုက်နဲ့။ ငါတို့က အဲ့လိုလှည့်ကွက်ထဲ မကျဘူး "

" ဘယ်သူကမှ ဘာမှမပြောတာကို ဘာလို့ ဒုက္ခရှာနေတာလဲ "

" အဘိုးကြီး၊ အသက်ကြီးလို့ မရိုက်ဘူး မထင်လိုက်နဲ့။ လစ်လိုက်တော့ "

သူတို့ထဲမှ အနည်းငယ်သည် အဘိုးအိုကို ကျိန်ဆဲနေကြသည်။

အဘိုးအိုမှာ အလွန်ဒေါသထွက်ပြီး မျက်နှာပင် ဖြူဖျော့သွားသော်လည်း အဆုံး၌ ဘာမှ မပြောခဲ့ချေ။

ထိုလူများသည် လူကောင်းများ မဟုတ်သလို ကျိုးကြောင်းဆီလျော်မှု မရှိသူများ ဖြစ်သည်မှာ ထင်ရှားလေသည်။

သူ ဆက်ပြောလျှင်ပင် ဘာမှဖြစ်မလာပဲ တကယ်ပင် အရိုက်ခံရပေလိမ့်မည်။

ကံကောင်းစွာဖြင့် မျက်မှန်တပ်ထားသော ကောင်လေးတစ်ယောက်သည် တိတ်တဆိတ် လုံခြုံရေးအရာရှိကို သွားရှာသည်။

မကြာခင်မှာပင် ယူနီဖောင်းဝတ်ထားသော အမျိုးသား လုံခြုံရေးတစ်ယောက် လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။

ထိုလူသည် ခန္ဓာကိုယ် အလွန်ကြီးမားပြီး ခါးပတ်ထားကာ ကြောက်ဖို့ကောင်းသည်။

" လူကြီးမင်း၊ အရမ်းဆူညံပြီး တခြားခရီးသည်တွေကို မထိခိုက်စေဖို့ မျှော်လင့်ပါတယ်။ ပြီးတော့ ရထားထဲမှာ ဆေးလိပ်သောက်လို့ မရပါဘူး။ ဆေးလိပ်ကို ဖယ်လိုက်ပါ "

လုံခြုံရေးအရာရှိ၏ လေသံမှာ အလွန်ဖော်ရွေနေသော်လည်း သူသည် ဖိအားပေးနေသည်။

အခြားသူသာဖြစ်ပါက သူတို့သည် ဆေးလိပ်ကို နာခံမှုရှိရှိ ဖယ်လိုက်ကြပေလိမ့်မည်။

သို့သော် ရွှေရောင်ဆံပင်ဖြင့်လူက သူ့စကားကို နားမထောင်ရုံသာမက သူ့မျက်နှာကိုပင် မီးခိုးငွေ့များ မှုတ်ထုတ်လိုက်သေးသည်။

" မဖယ်ဘူး။ မင်းငါ့ကို ဘာလုပ်ချင်လဲ "

လုံခြုံရေးအရာရှိ၏ မျက်နှာသည် ချက်ချင်း မည်းမှောင်သွားသည်။

" လူကြီးမင်း၊ ကျေးဇူးပြုပြီး ပူးပေါင်းဆောင်ရွက်ပေးပါ။ ဒီအတိုင်း ဆက်လုပ်နေရင် မီးရထားရဲကို ဖုန်းဆက်လိုက်မယ် "

" မီးရထားရဲကို ခေါ်မယ်၊ ဟုတ်လား "

ဆံပင်အဝါရောင်ဖြင့်လူသည် ချက်ချင်း ပြုံးပြီး သူ့ပါးစပ်ထဲမှ စီးကရက်လိပ်ကို ဖယ်လိုက်သည်။

ရထားပေါ်မှ ခရီးသည်များသည် ထိုလူရမ်းကားမှာ စီးကရက်လိပ်ကို လွှင့်ပစ်တော့မည်ဟု တွေးလိုက်ကြသည်။

သို့သော် ဆက်ဖြစ်လာသည့် မြင်ကွင်းက လူတိုင်းကို ထိတ်လန့်စေခဲ့သည်။

သူသည် ရုတ်တရက် ထရပ်ပြီး စားပွဲပေါ်သို့ လုံခြုံရေးအရာရှိ၏ခေါင်းကို ဖိချပစ်လိုက်သည်။

ထို့နောက် ပါးစပ်ကိုဖွင့်ပြီး ဆေးလိပ်ကို ထိုးထည့်လိုက်သည်။

ထို့နောက် ပါးစပ်ထဲသို့ တံတွေးပင် ထွေးသေးသည်။

ခရီးသည်များသည် ထိုလူကို ဤမျှအထိ ရူးမည်ဟု မမျှော်လင့်ထားပေ။

သူတို့သည် အလွန်ကြောက်၍ ကျယ်လောင်စွာပင် အသက်မရှူရဲကြတော့ချေ။

ကြောက်စရာသူတချို့မှာ တုန်လှုပ်နေပြီ ဖြစ်သည်။

" ခွေးသား၊ မင်းက လုံအစ်ကိုကြီးရဲ့ကိစ္စကို ဘယ်လိုများ ဝင်စွက်ဖက်ရဲတာလဲ။ မင်းအသက်ရှင်ရတာ ငြီးငွေ့နေပြီလား "

ဆံပင်ရွှေရောင်ဖြင့်လူက ကျိန်ဆဲပြီး လုံခြုံရေးအရာရှိကို လွှတ်ပေးလိုက်သည်။

လုံခြုံရေးအရာရှိသည် ပြန်လွတ်သွားပြီးနောက် ပါးစပ်ထဲမှ စီးကရက်ဘူးနှင့် သလိပ်များကို အလျင်အမြန် ထွေးထုတ်လိုက်သည်။

ထို့နောက် နီရဲနေသော မျက်လုံးများဖြင့် သူတို့ကို စိုက်ကြည့်နေသည်။

" ခွေးသားတွေ၊ မင်းတို့ကများ လုံခြုံရေးအရာရှိကို ရိုက်ရဲတာလား။ ငါ အခုချက်ချင်း မီးရထားရဲကို ဖုန်းဆက်လိုက်မယ် "

ထိုသို့ပြောပြီးနောက်တွင် သူသည် အကူအညီတောင်းရန် ဝေါ်ကီတော်ကီကို ထုတ်လိုက်သည်။

ထိုအချိန် ဆံဝါရောင်ဖြင့်လူက ဖြည်းညှင်းစွာပြောသံကို သူ ကြားလိုက်ရသည်။

" မင်းကို ဒီမှာ ရပ်လိုက်ဖို့ အကြံပေးမယ်။ မင်း ဆက်ပြီးဒုက္ခပေးနေရင် ငါတို့ ကျန်းကောပြန်နယ်ရောက်တဲ့အခါ မင်း အလောင်းမရှိဘဲ သေရမယ်ဆိုတာ ငါ အာမခံတယ် "

လုံခြုံရေးအရာရှိသည် အေးခဲသွားပြီး သူ့ကို ထိတ်လန့်စွာ ကြည့်နေခဲ့သည်။

" မင်းက ဘယ်သူလဲ "

ဆံဝါသည် နောက်ထပ် ဆေးလိပ်တစ်လိပ်ကို မီးညှိပြီး မီးခိုးလုံးကြီး မှုတ်ထုတ်လိုက်သည်။

" ကျန်းကောပြန်နယ် မီးရထားဘူတာက ပန်သာ့လုံကို ကြားဖူးလား "

လုံခြုံရေးအရာရှိသည် ထိုနာမည်ကို ကြားလိုက်သည်နှင့် သူ့အမူအရာမှာ သိသာစွာ ပြောင်းလဲသွားသည်။

" မင်းက ..... မင်းက ပန်သာ့လုံလား "

ဤရထားလိုင်းပေါ်ရှိ လုံခြုံရေးအရာရှိအနေဖြင့် သူသည် မီးရထားဘူတာရုံအသီးသီးရှိ ဒေသခံအာဏာရှင်များ၏ အမည်များကို သိလေသည်။

ပန်သာ့လုံသည် ကျန်းကောပြန်နယ် မီးရထားဘူတာအနီးမှ ဒေသခံအာဏာရှင်တစ်ဦးဖြစ်သည်။

ထိုလူသည် ရက်စက်ပြီး ဘာမဆို လုပ်နိုင်သည်ဟု ပြောကြသည်။

ထို့အပြင် ဤလူသည် အလွန်ခိုင်မာသော နောက်ခံရှိသည်။

အကြိမ်ပေါင်းများစွာ လဲကျလုနီးပါးဖြစ်ခဲ့သော်လည်း နောက်ဆုံးတွင် အခြေအနေကို တစ်ဖန်ပြန်လှည့်နိုင်ခဲ့သည်။

သူ ဤမျှ ကံဆိုးလိမ့်မည်ဟု မမျှော်လင့်ထားချေ။

သူသည် ထိုကဲ့သို့လူများကို တွေ့ခဲ့ပြီး ပဋိပက္ခများပင် ရှိနေသည်။

ဤလူအုပ်စုသည် သူနှင့် တကယ်ပင် ပြဿနာရှာချင်သည်ဆိုပါက သူ အန္တရာယ်ရှိနေပြီဖြစ်သည်။

အရာရှိသည် ထိုနေရာတွင် ရပ်နေသေးသည်ကို မြင်လိုက်ရသဖြင့် သူတို့ထဲမှ တစ်ယောက်သည် ချက်ချင်း ထရပ်ပြီး ပါးရိုက်လိုက်သည်။

" မင်း ဒီမှာ ဘာရပ်လုပ်နေသေးတာလဲ "

လုံခြုံရေး အရာရှိသည် သူ့မျက်နှာကို အုပ်ကာ စကားမပြောဘဲ အမြန် ထွက်သွားတော့သည်။

ဘိုကေဖြင့် လူရမ်းကားသည် ဒီအတိုင်း ထိုင်မနေပေ။

သူသည် လုံခြုံရေးအရာရှိကို ခေါ်ရန် ထွက်သွားခဲ့သည့် မျက်မှန်ဖြင့် ကောင်လေးစီ လျှောက်သွားသည်။

" မင်းလား လုံခြုံရေး အရာရှိကို ခေါ်ခဲ့တာ "

ထိုကောင်လေးသည် ကြောက်ရွံ့မှုကြောင့် တုန်လှုပ်နေသည်။

" အစ်ကိုကြီး၊ မှားသွားပါတယ်။ ထပ်မလုပ်တော့ပါဘူး "

ဘိုကေဖြင့်လူရမ်းကားက ချက်ချင်း ရယ်မောလိုက်သည်။

" ကျောင်းသားလား "

ကောင်လေးမှ အမြန်ခေါင်းညိတ်လိုက်သည်။

" ဟုတ်ပါတယ် "

" မင်း ဘယ်ကျောင်းတက်နေတာလဲ "

"ကျန်း .... ကျန်းကော တက္ကသိုလ်ပါ "

" သြော်၊ မင်းက တက္ကသိုလ်ကျောင်းသားလား။ မလေးစားမိလို့ တောင်းပန်တယ် "

" မဟုတ်ပါဘူး၊ မဟုတ်ပါဘူး။ ကျွန်တော် မခံယူရဲပါဘူး "

" မင်း ဆေးလိပ်သောက်တတ်လား "

" ဆေးလိပ်တော့ မသောက်တတ်ပါဘူး "

" ယောက်ျားဆိုတာ ဆေးလိပ်သောက်တတ်ဖို့ သင်ယူရမယ်။ ဆေးလိပ်မသောက်တဲ့ ယောက်ျားတွေက ယောက်ျားရော ဟုတ်ရဲ့လား။ လာခဲ့၊ ဒီနေ့ ဆေးလိပ်သောက်နည်း ငါ သင်ပေးမယ် "

ဘိုကေဖြင့်လူသည် စကားပြောနေလျက် အိတ်ကပ်ထဲမှ ဆေးလိပ်ဘူးကို ထုတ်လိုက်သည်။

" ကျွန်တော် ဆေးလိပ်မသောက်တတ်ပါဘူး ...... "

ထိုကောင်လေးသည် အမြန်ခေါင်းခါယမ်းလိုက်သည်။

အစပိုင်း၌ လူရမ်းကားများသည် သူ့ကို ဖော်ရွေသည့်ပုံစံနှင့် စည်းရုံးရန် ကြိုးစားခဲ့ကြသည်။

သို့သော် ထိုကောင်လေးမှ ငြင်းဆန်နေသည့်အခါ ပါးရိုက်လိုက်သည်။

ဖြောင်း

ထိုပါးရိုက်သံမှာ အလွန်ကျယ်လေသည်။

ရထားတစ်စင်းလုံးပင် ကြားလိုက်ရသော်လည်း မည်သူမှ ရှေ့တက်၍ မတားရဲကြပေ။

ထိုကောင်လေးသည် သူ့မျက်နှာကို အုပ်လျက် ထိတ်လန့်တကြား ကြည့်နေသည်။

" ငါ မင်းကို အထင်ကြီးလို့ တစ်လိပ်ပဲ ပေးနေတာကို မင်းက မင်းအတွက် ဘာကောင်းလဲ မသိဘူးလား "

လူရမ်းကားများမှ ပြင်းထန်စွာ ပြောလေသည်။

ထို့နောက် ဆေးလိပ်ဘူးထဲမှ ကျန်နေသော စီးကရက်တစ်ဒါဇင်ကို ထုတ်ကာ ကောင်လေး၏ ပါးစပ်ထဲသို့ အပြည့်ထည့်ပြီး တစ်ပြိုင်နက် မီးညှိလိုက်သည်။

" လာ၊ သောက် သောက် "

ထိုကောင်လေးသည် ပြင်းထန်စွာ ချောင်းဆိုးပြီး ကြမ်းပြင်ပေါ်၌ လှဲချလိုက်ရုံရတော့သည်။

" ဟားဟားဟား ..... "

ဆံပင်ရွှေရောင်နှင့် ဘိုကေအပါအဝင် ကျန်သူများသည် လူရွှင်တော်ကို လှောင်ပြောင်နေသကဲ့သို့ ချက်ချင်း ကျယ်လောင်စွာ ရယ်မောကြသည်။

" ထပြီး ဆေးလိပ်ဆက်သောက်စမ်း။ မင်းကို ဒီနေ့ ဆေးလိပ်သောက်နည်း သင်ပေးရမယ် "

လူရမ်းကားများက ထိုကောင်လေးကို ဆွဲထူပြီး ဆက်၍ ဆေးလိပ်သောက်ခိုင်းသည်။

ရထားပေါ်ရှိ ခရီးသည်များသည် သည်းမခံနိုင်သော်လည်း သူ့ကို မတားရဲကြပေ။

သူတို့အားလုံး ခေါင်းကို လှည့်နေလိုက်ကြသည်။

ထိုအချိန် ဘိုကေ၏ အနောက်မှ ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာသည်။

" အစ်ကိုကြီးတို့၊ ကျွန်တော်လည်း ဆေးလိပ် သောက်ချင်တာ။ သင်ပေးလို့ရမလား "

ရထားပေါ်မှ ယဲ့ဖန်၏ အသံကို ကြားသောအခါ လူတိုင်း လှည့်ကြည့်လိုက်ကြသည်။

ဤသို့အချိန်၌ ထွက်လာရဲသည်မှာ အလွန်သတ္တိရှိ၍ ဖြစ်ရမည်။

ရွှေရောင်ဆံပင်၊ ဘိုကေအပါအဝင် ကျန်လူရမ်းကားများက လှမ်းကြည့်ကြသည်။

သူတို့၏ အကြည့်များက ပြင်းထန်ပြီး ကြောက်စရာကောင်းလှသည်။

" ကောင်လေး၊ မင်းက ဘာကိုဆိုလိုတာလဲ။ မင်း ငါတို့နဲ့ ပြဿနာဖြစ်ချင်လို့လား "

ဘိုကေဖြင့်လူက ကျောင်းသားကို ချက်ချင်း လွှတ်လိုက်ပြီး ယဲ့ဖန်စီ လှည့်သွားသည်။

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၃၅၉ )

ဒီလူတွေကို ပါးစပ်ပိတ်ပေးနိုင်မလား။ ဆူညံလွန်းတယ်

ရထားပေါ်ရှိ ခရီးသည်များ အားလုံး ရင်တထိတ်ထိတ် ဖြစ်နေသည်။

သူတို့သည် ယဲ့ဖန်ကို ထိတ်လန့်စွာ ကြည့်လိုက်ကြတော့သည်။

သူ၏သတ္တိကို သဘောကျသော်လည်း တိတ်တဆိတ် စိတ်ပူပေးကြသည်။

ယဲ့ဖန်သည် မျက်နှာပေါ်တွင် ကြင်နာသော အပြုံးတစ်ခု ရှိနေသည်။

" ဘာမှ မဖြစ်ချင်ပါဘူး။ သူက ကလေးပဲရှိသေးတယ်လို့ ထင်တယ်။ သူ့ကို မခြောက်ပါနဲ့ "

အသက်လေးဆယ့်ငါးနှစ်အရွယ် အမျိုးသားတစ်ယောက်၏ ပါးစပ်မှ ထိုစကား ထွက်လာလျှင် မည်သူမျှ စိတ်ထဲထားမည်မဟုတ်ပေ။

သို့သော် ယဲ့ဖန်၏ မျက်နှာသည် ကလေးဆန်ပြီး နုနယ်နေသေးသည်။

သူက တကယ်ပဲ ဟိုကောင်လေးကို ကလေးလို့ ပြောလိုက်တာလား။

အနည်းငယ် ရယ်စရာကောင်းလေသည်။

မျက်မှန်တပ်ထားသည့် ကျောင်းသားလေးသည် ယဲ့ဖန်ကို ကျေးဇူးတင်စွာ စိုက်ကြည့်နေသော်လည်း သူ့အတွက် စိတ်ပူနေသည်။

ထိုလူများသည် ကျိုးကြောင်းဆီလျော်မှုရှိသည့်လူများ မဟုတ်ပေ။

ထိုအစ်ကိုကြီး ဒုက္ခရောက်နိုင်သည်။

မျှော်လင့်ထားသလိုပင် လူရမ်းကားများက သူ့စကားကြားပြီး ချက်ချင်း လှောင်ပြောင်လိုက်ကြသည်။

" မင်းက သူ့ကို ဆေးလိပ်မသောက်စေချင်တာလား။ ကောင်းပြီလေ၊ ဒါဆို မင်း သူ့အစား သောက်ပေးလို့ရတယ် "

ယဲ့ဖန် ပေါ့ပါးစွာ ပြုံးလိုက်သည်။

" ကိစ္စမရှိပါဘူး၊ ဒါပေမယ့် ရထားပေါ်က ဆင်းတဲ့အထိ စောင့်တာကြပေါ့။ အဲ့ကျရင် သောက်စေချင်သလောက် သောက်ပေးမယ်။ ဒါပေမယ့် ရထားပေါ်မှာက ဆေးလိပ်သောက်တာကို တားမြစ်ထားတဲ့ စည်းကမ်းရှိတယ်။ အဲ့တော့ ခဏ စောင့်သင့်တယ်လို့ ထင်တယ် "

ဘိုကေဖြင့်လူက ယဲ့ဖန်စကားကို ချက်ချင်း သဘောကျသွားသည်။

" ကောင်လေး၊ မင်းကများ ငါ့ကို လုပ်ရိုးလုပ်နည်းတွေ သင်ပေးနေတာလား "

" အား ... "

နောက်ဆုံး "အား"ဟု ပြောသောအခါ သူ၏အကြည့်များသည် ချက်ချင်းပင် စူးရှလာပြီး ယဲ့ဖန်၏ ကော်လာကို ကိုင်တော့မည်ဖြစ်သည်။

ယဲ့ဖန်သည် ချက်ချင်း နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ပြီး ရှောင်လိုက်သည်။

" စောက်ကောင်၊ မင်းကများ ရှောင်ရဲတဲ့ သတ္တိရှိသေးတာလား "

ဘိုကေဖြင့်လူမှာ မထိလိုက်၍ ဒေါသပိုထွက်လာပြီး ယဲ့ဖန်နောက်ကို ချက်ချင်း လိုက်သည်။

သို့သော် နေရာတွင် ငြိမ်သက်စွာ ထိုင်နေသော ရှုကျင်းရှင်းကို မြင်လိုက်ပြီး သူ့မျက်လုံးများ တောက်ပလာသည်။

" အစ်ကိုကြီး၊ လာကြည့်ပါဦး။ အလှလေး ရှိနေတယ် "

သူသည် အမြန်နောက်ဆုတ်လိုက်ပြီး ပွဲကြည့်နေသည့် ဆံဝါဖြင့်လူကို လှမ်းဆွဲလိုက်သည်။

ထိုဆံဝါက သူ့ကို အထင်သေးစွာ စိုက်ကြည့်သည်။

" မင်းရဲ့ အမြင်နဲ့ အလှလေးလို့ ပြောရင် ရုပ်ဆိုးတဲ့ ဘီလူးမပဲ ဖြစ်မှာ သေချာတယ်။ ဘာလို့ လျှောက်ပြောနေတာလဲ "

သူသည် ထိုသို့ ပြောလိုက်သော်လည်း မတ်တပ်ရပ်ပြီး တစ်ချက်ကြည့်လိုက်သည်။

ကြည့်လိုက်ပြီးနောက် သူ့မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားသည်။

" လခွမ်း၊ သူက တကယ်ကို အလှလေးပဲ "

အခြားသူများလည်း မတ်တပ်ထရပ်ကာ လှမ်းကြည့်ကြသည်။

သူ့တို့သည် ချက်ချင်းပင် ဆံဝါနှင့် တစ်ပုံစံတည်းတူသော အမူအရာထွက်လာသည်။

သူတို့သည် အမျိုးသမီးများစွာနှင့် ဆော့ကစားဖူးသော်လည်း ဤမျှလှပသော မိန်းကလေးကို မတွေ့ဖူးပေ။

သူမသည် စကားပြောရန် သို့မဟုတ် ဘာမှလုပ်ရန်ပင် မလိုအပ်ချေ။

သူမသည် ထိုနေရာတွင် ထိုင်နေရုံဖြင့် ပန်းချီကားတစ်ချပ်ဖြစ်ပေလိမ့်မည်။

ရှုကျင်းရှင်းသည် သူတို့၏ အကြည့်များကို သတိပြုမိပြီး ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်သည်။

သို့သော် သူမ၏ လုပ်ရပ်သည် ဆံဝါနှင့် လူရမ်းကားများ၏ သွေးကို ဆူပွက်လာစေသည်။

" မျက်မှောင်ကြုတ်နေတာတောင် ပိုလှသေးတယ် "

ဆံဝါသည် လူရမ်းကားတစ်ယောက်ကို ဘေးသို့ တွန်းကာ အမြန်လျှောက်သွားခဲ့သည်။

လက်ကို ဆန့်တန်းပြီး ပြောသည်။

" မင်္ဂလာပါ၊ အလှလေး။ မိတ်ဆက်ပါရစေ။ ကိုယ့်နာမည်က ပန်သာ့လုံ "

သို့သော် ရှုကျင်းရှင်းသည် ပြတင်းပေါက် အပြင်ဘက်မှ ရှုခင်းကိုသာ ကြည့်နေပြီဒ သူ့ကို လျစ်လျူရှုလိုက်သည်။

ဆံဝါသည် အဆင်မပြေဘူးဟု မခံစားရချေ။

ယဲ့ဖန် ဖယ်သွားသည့် ထိုင်ခုံပေါ်၌ ချက်ချင်း ဝင်ထိုင်လိုက်သည်။

" အလှလေး၊ မင်း ကျန်းကောပြန်နယ်ကို သွားမလို့လား။ ငါက ကျန်းကောပြန်နယ်ကပဲ။ ငါက ဒီနေရာနဲ့ အရမ်းရင်းနှီးတယ်။ မင်းသွားချင်တဲ့နေရာကို ပြောရင် မင်းကို လိုက်ပို့ပေးမယ် "

သူ့လက်အောက်ငယ်သားများကလည်း သူ့ကို မြှောက်ပင့်ကြသည်။

" အလှလေး၊ ငါတို့ရဲ့ အစ်ကိုကြီးလုံက ကျန်းကောပြန်နယ်ပြည်နယ်မှာ အရမ်းနာမည်ကြီးတယ်။ ဘယ်လိုအခက်အခဲမျိုး ကြုံပါစေ အစ်ကိုလုံရဲ့ နာမည်ကို ပြောလိုက်တာနဲ့ လူတိုင်းက မင်းကို မျက်နှာသာပေးမှာ "

" အဲ့တာတင်မကဘူး။ အစ်ကိုလုံ ယင်းယန်ဘက်ကို နောက်ဆုံးတစ်ခေါက်သွားတုန်းက ခရိုင်ဝန်ထမ်းရုံး ခေါင်းဆောင်က ငါတို့အစ်ကိုလုံကို ထမင်းစား ဖိတ်သေးတယ်။ ဒါ မျက်နှာပန်းကြီးတာ မဟုတ်ဘူးလား "

" အလှလေး၊ မင်း ငါတို့အစ်ကိုလုံရဲ့ အနောက်ကို လိုက်သင့်တယ်လို့ ငါထင်တယ်။ မင်း အစ်ကိုလုံနဲ့ လိုက်မယ်ဆိုရင် တစ်သက်လုံး ကောင်းကောင်းနေနိုင်လိမ့်မယ် "

" အခုကတည်းက မင်းကို မရီးလို့ ခေါ်မယ်။ မရီး မင်းကို စော်ကားတဲ့သူရှိရင် ငါတို့ကို ပြော။ ငါတို့ ရှင်းပေးမယ် "

ရှုကျင်းရှင်းသည် ထိုလူများကို အမှန်တကယ် ဒေါသထွက်သွားခဲ့သည်။

သူမ ချက်ချင်းပင် ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။

" ဒီလူတွေကို ပါးစပ်ပိတ်အောင် လုပ်ပေးနိုင်မလား။ ဆူညံလွန်းတယ် "

ယဲ့ဖန် ဘာမှပြန်မပြောမီ ပန်သာ့လုံနှင့် အခြားလူများက သူ့ကို လှည့်ကြည့်ကြသည်။

" မင်းက သူ့ရည်းစားလား။ အခုကစပြီး သူမကို ငါ ပိုင်ပြီ။ မင်းနားလည်လား "

ပန်သာ့လုံသည် မတ်တပ်ထရပ်ကာ ယဲ့ဖန်စီသို့ လျှောက်သွားပြီး သူ့ကို မောက်မာစွာ စိုက်ကြည့်နေသည်။

စကားပြောနေစဉ်တွင် သူသည် ယဲ့ဖန်၏မျက်နှာကို ပုတ်လိုက်သေးသည်။

ယဲ့ဖန်က သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။

သူ့မျက်နှာ၌ အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။

" သေချင်လို့ ငါ့ကို စမ်းနေတာလား "

ပန်သာ့လုံသည် ယဲ့ဖန်မှ ခုခံရဲသေးသည်ကို မြင်လိုက်ရပြီး ဒေါသ ချက်ချင်း ထွက်သွားခဲ့သည်။

" မင်းက သေချင်နေတာလား "

သူသည် စကားပြောရင်းနှင့် ယဲ့ဖန်၏ လက်ကို ဖယ်လိုက်ချင်သည်။

သို့သော် ယဲ့ဖန်၏ ဆုပ်ကိုင်ထားမှုသည် ပို၍ တင်းကြပ်လာသောကြောင့် သူ နာကျင်စွာ အော်ဟစ်နေခဲ့ရသည်။

" ခွေးသား၊ ငါမင်းကိုသတ်ပစ်မယ် "

ပန်သာ့လုံသည် အတွေ့အကြုံရှိ တိုက်ခိုက်ရေးသမားတစ်ဦးဖြစ်ကြောင်း ထင်ရှားသည်။

သူသည် လက်မလှုပ်နိုင်၍ ယဲ့ဖန်၏ ခြေထောက်ကို ကန်သည်။

ဤကန်ချက်သည် လျင်မြန်ပြီး ရက်စက်ကြမ်းကြုတ်သော ကန်သွင်းခြင်းဖြစ်ကာ အကွာအဝေးသည်လည်း အလွန်နီးကပ်သောကြောင့် အချို့သိုင်းပညာရှင်တို့ပင် ထိုကန်ချက်ကို ခုခံကာကွယ်နိုင်စွမ်း မရှိလောက်ပေ။

သို့သော် ယဲ့ဖန်၏ မျက်လုံးထဲ၌ သူ၏ ကန်ချက်မှာ သူငယ်တန်းအဆင့်သာ ရှိသည်။

ပန်သာ့လုံ၏ ကန်ချက်က သူ့ကို မထိခင်မှာ သူက ပြန်ကန်လိုက်သည်။

ဖောင်း

ကန်ချက်သည် ပန်သာ့လုံ၏ ဒူးပေါ် တိုက်ရိုက် ကျသွားသည်။

" အား ..... "

ပန်သာ့လုံ အော်ဟစ်ပြီး ဒူးထောက်လိုက်သည်။

ယဲ့ဖန်သည် သူ၏ ရှည်လျားသော ဆံပင်ဝါကို ဆွဲယူလိုက်ပြီး အပေါ်မှ ငုံ့ကြည့်ကာ အားဖြင့် အနောက်သို့ ဆွဲတွန်းလိုက်သည်။

" ငါ မင်းတို့ကို ဒုက္ခမပေးချင်ဘူး။ ရပ်လိုက်တာ ပိုကောင်းမယ်။ အားလုံး အေးအေးချမ်းချမ်း နေရအောင်။ မင်းအတွက် ဘာကောင်းလဲဆိုတာ မသိသေးရင်တော့ ငါ့ကို အပြစ်မတင်နဲ့ "

ထိုစကားကို ပြောပြီးနောက် ရင်ဘတ်ကို ကန်ထုတ်လိုက်သည်။

ပန်သာ့လုံသည် ချက်ချင်း မြေပြင်ပေါ်သို့ ကျသွားသည်။

..............

နေရာမှာ အလွန်ပင် တိတ်ဆိတ်သွားခဲ့သည်။

ရထားပေါ်ရှိ ခရီးသည်များအားလုံးသည် ယဲ့ဖန်ကို ကြောက်လန့်တကြား ကြည့်နေကြသည်။

ဒီလူငယ်လေးက ဒီလူဆိုးဂိုဏ်းခေါင်းဆောင်ကို တကယ် ရိုက်လိုက်တာလား။

ဒါက ပျားအုံကို တုတ်ထိုးလိုက်တာပဲ။

" ဒီလူငယ်က စိတ်မြန်လွန်းတာ မဟုတ်ဘူးလား။ ဘာလို့ စကားနဲ့ မပြောနိုင်ရတာလဲ။ ဘာလို့ တိုက်ခိုက်နေတာလဲ "

" ဟုတ်တယ်၊ ခုနက ဒီလူတွေ ပြောတာကို မကြားဘူးလား။ ဒီအစ်ကိုလုံဆိုတဲ့သူက ကျန်းကောပြန်နယ် ရထားဘူတာမှာ အရမ်းနာမည်ကြီးတယ်။ ဒါက တော်တော်ဆိုးမှာပဲ "

" လုံခြုံရေးအရာရှိတောင် သူတို့တွေရဲ့ ကိစ္စမှာ ဝင်စွက်ဖက်ရဲတဲ့ သတ္တိမရှိတာကို မမြင်ဘူးလား။ ဒီလူငယ်က ဒုက္ခရောက်တော့မယ် "

" သူ့မှာ ရည်ရွယ်ချက်ကောင်းရှိပေမယ့် တစ်ဖက်သူက ဘယ်သူလဲဆိုတာတော့ သူ မသိဘူး။ သူက သတ္တိရှိချင်ပေမယ့် ဉာဏ်မရှိဘူး "

" ဟူး၊ သူက အရမ်းငယ်သေးတယ်။ အလုပ်လုပ်တဲ့အခါ သူ့ဦးနှောက်ကို ဘာလို့မသုံးတာလဲ "

ထိုလူများသည် သူတို့၏ အသံကို ရည်ရွယ်ချက်ရှိစွာ မလျှော့ကြချေ။

ယဲ့ဖန်မှ သူတို့ပြောသည်အား ကြားရမည်ကို မကြောက်ပေ။

သူတို့သည် ပန်သာ့လုံနှင့် သူ့ဂိုဏ်းကိုတော့ အပြစ်မတင်ရဲကြသည်မှာ သိသာသည်။

အကြောင်းမှာ ထိုလူများ သူတို့ကို တကယ်ပင် ရိုက်နှက်ပေလိမ့်မည်။

သို့သော် ယဲ့ဖန်ကို အပြစ်တင်ပါက ယဲ့ဖန်သည် သူတို့ကို ရန်ပြုမည် မဟုတ်ပေ။

လူများသည် လူဆိုးနှင့် တွေ့သည့်အခါ လက်နက်ချကြရသည်။

သို့သော် လူကောင်းတစ်ယောက်နှင့် ရင်ဆိုင်ရသောအခါတွင် ခေါင်းပေါ်တက်ထိုင်ချင်ကြသည်။

တခါတရံတွင် ယဲ့ဖန်သည် လူဆိုးတစ်ယောက်ဖြစ်ခြင်းသည် မဆိုးချေဟု ခံစားမိသည်။

" မင်းတို့အားလုံး ဘာလုပ်နေကြတာလဲ။ တိုက်ကြ "

သူ့လက်အောက်ငယ်သားများ ကြောင်အနေသည်ကို ပန်သာ့လုံ မြင်လိုက်ရသဖြင့် ချက်ချင်းပင် အော်လိုက်သည်။

သူသည် ယဲ့ဖန်၏ သတိပေးချက်ကို လုံးဝလျစ်လျူရှုလိုက်သည်။

သူ့လက်အောက်ငယ်သားများက ချက်ချင်း တုံ့ပြန်ကြသည်။

သူတို့သည် ယဲ့ဖန်စီသို့ ချက်ချင်းပင် ပြေးလိုက်သည်။

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၃၆၀ )

အသက်ရှူနေသေးတဲ့သူတွေ ဒီဘက်ကို တွားသွားလာခဲ့

ကံကောင်းစွာဖြင့် သူတို့သည် ရထားပေါ်သို့ တက်မလာစဉ်က စစ်ဆေးရေးဂိတ်ကို ဖြတ်လာခဲ့ရသဖြင့် လက်နက်များ ပါမလာကြပေ။

မဟုတ်ပါက လက်နက်များဖြင့် ယဲ့ဖန်ကို လှမ်း၍ ခုတ်ကြမည်ဖြစ်သည်။

ယဲ့ဖန် အေးစက်စွာ ရယ်လိုက်သည်။

သူသည် နောက်ကို ဆုတ်မသွားဘဲ ထိုအစားရှေ့သို့ တက်လာသည်။

ရှေ့သို့ ခြေတစ်လှမ်းတက်လိုက်ရာ သူ့အရှေ့မှလူရှေ့သို့ တန်း၍ ရောက်လာခဲ့သည်။

ထိုလူသည် လက်သီးတစ်ချက် ပစ်သွင်းသော်လည်း ယဲ့ဖန်မှ သူ့လက်မောင်းကို တစ်ခါတည်းဆွဲဖမ်းလိုက်ကာ သူ့ကို ပစ်ပေါက်လိုက်သည်။

ထိုလူ၏ ခန္ဓာကိုယ်မှာ ပျံတက်သွားပြီး သူ့အနောက်မှ ခရီးသည်နှစ်ယောက်စီ ပြင်းထန်စွာ ကျသွားတော့သည်။

ထိုလူနှစ်ယောက်သည် အစောက ယဲ့ဖန်အား ပြင်းထန်စွာ ဝေဖန်ခဲ့ကြသူများ ဖြစ်သည်။

" အား ....... "

ထိုခရီးသည်နှစ်ယောက်သည် နာကျင်စွာ အော်ဟစ်နေကြသည်။

ယဲ့ဖန်သည် ထိန်းမထားပေ။

သူစီသို့ ဦးတည်လာသူများအားလုံးကို တန်ပြန်တိုက်ခိုက်သည်။

ဖောင်း

ဖောင်း

ဒိုင်း

" အား ............ "

ထိုသူများသည် ယဲ့ဖန်ကို ဝေဖန်ခဲ့သူများအပေါ် ကျသွားပြန်သည်။

ထိုသို့ အားနည်းသူကို အနိုင်ကျင့်ကာ အားကောင်းသူအား ဖိနပ်လျက်သူများကို ယဲ့ဖန်မုန်း၍ သနားညှာတာမှု လုံးဝမပြခဲ့ပေ။

သူတို့သည် အသက်အန္တရာယ်ရှိသည်အထိ မဆိုးသော်လည်း သေချာပေါက် အနာတရဖြစ်သွားမည် ဖြစ်သည်။

အခြားခရီးသည်များမှာ ထိုမြင်ကွင်းကြောင့် ကြောင်အကုန်ကြသည်။

ထိုအချိန်တွင် ယဲ့ဖန်သည် သူတို့၏မျက်လုံးထဲ၌ နတ်ဘုရားတစ်ပါးလို ဖြစ်နေသည်။

လူရမ်းကားများသည် တိုက်ရည်ခိုက်ရည် ကျွမ်းကျင်ကြသည်။

သူတို့သည် သာမန်လူများကို တိုက်ခိုက်ရာ၌ သေချာပေါက် ပြဿနာမရှိပေ။

သို့သော် ယဲ့ဖန်၏လက်ထဲ၌ သူတို့သည် မွေးခါစ ကြက်ပေါက်လေးများ ဖြစ်သည်။

လုံးဝပြန်၍ မခုခံနိုင်ပေ။

" အား၊ နာလိုက်တာ .... "

" အရိုးကျိုးပြီထင်တယ် ...... "

" အစ်ကိုလုံ၊ ကယ်ပါဦး .... "

လူဆိုးအချို့မှရ မြေပြင်ပေါ်တွင် လဲလျောင်းပြီး ငိုကြွေးနေကြသည်။

ရထားပေါ်ရှိ ခရီးသည်များ၊ အထူးသဖြင့် အစောက အနိုင်ကျင့်ခံခဲ့ရသော ကျောင်းသားတို့သည် တိတ်တဆိတ် ကျေနပ်နေခဲ့ကြသည်။

သူ့လက်သီးကို စိတ်လှုပ်ရှားစွာပင် ဝှေ့ယမ်းလိုက်သည်။

သူသည် ယဲ့ဖန်ကို အားကျစွာ ကြည့်နေသည်။

ပန်သာ့လုံမှာတော့ ကြောက်လွန်း၍ တုန်နေပြီ ဖြစ်သည်။

ဤညီအစ်ကိုများသည် နှစ်ပေါင်းများစွာ သူ့နောက်မှ လိုက်ခဲ့ကြပြီး တိုက်ပွဲများစွာ ကြုံခဲ့သော ဝါရင့်များဖြစ်သည်။

သိုင်းပညာရှင်ဟုခေါ်သော ပညာရှင်များနှင့် ရင်ဆိုင်ရသည့်အခါတွင်ပင် သူတို့သည် လှုပ်ရှားတိုက်ခိုက်နိုင်သေးသည်။

ယခုအခါ သူတို့အားလုံးသည် ယဲ့ဖန်တစ်ယောက်တည်းဖြင့် ရှုံးနိမ့်သွားခဲ့ရသည်။

ရထားသည် ကျဉ်းပြီး တိုက်ခိုက်ရသည်မှာ အဆင်မပြေလှပေ။

ဒါပေမယ့် ဒီကလေးရဲ့ တိုက်ခိုက်ရေးစွမ်းရည်က တကယ် မူမမှန်လွန်းဘူးလား။

ဒီလို ခွန်အားနဲ့သာဆို အမျိုးသား ကိုယ်ခံပညာ နိုင်ငံတော်ချန်ပီယံ ဖြစ်လာဖို့ လေ့ကျင့်နေသင့်တယ် မဟုတ်လား။

ထိုအချိန်တွင် ယဲ့ဖန်သည် သူတို့ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာနေသည်။

ပန်သာ့လုံက သူ့လက်များကို မြေပြင်ပေါ် အမြန်ထောက်ပြီး အနည်းငယ် နောက်ပြန်ဆုတ်သွားသည်။

" မလုပ်ပါနဲ့ .... တိုက်ခိုက်တာကို ရပ်လိုက်ပါ။ အရှုံးကို ဝန်ခံပါတယ် "

ယဲ့ဖန်သည် သူပြောတာကို ဂရုမစိုက်ချေ။

သူ ရင်ဘတ်ကို ကန်လိုက်သည်။

" ဖူး ...... "

ပန်သာ့လုံသည် သွေးတစ်ပွက်ကို ထွေးထုတ်လိုက်ရာ သူ့အနားရှိ ခရီးသည် ယောက်ျား၏ ဘောင်းဘီ၌ အနီရောင်များ စွန်းထင်းသွားသည်။

ခရီးသည်ယောက်ျားသည် ချက်ချင်းပင် အော်လိုက်သည်။

သာမာန်လူများအတွက် သွေးမြင်နိုင်ခြေသည် အလွန်နည်းပါးသည်။

ရထားခန်းမှ လူများအားလုံး ယဲ့ဖန်၏ ရက်စက်ကြမ်းကြုတ်သောနည်းလမ်းများကြောင့် ထိတ်လန့်သွားကြသည်။

တချို့မှာ ဆီးအနည်းငယ် ထွက်ကျကုန်သည်။

ယဲ့ဖန်သည် မတတ်နိုင်ဘဲ ခေါင်းယမ်းလျက် ခါးသီးစွာ ပြုံးလိုက်သည်။

ဒီလိုမြင်ကွင်းလေး တစ်ခုကြောင့်နဲ့ သူတို့က ဒီလောက်တောင် ကြောက်နေကြပြီလား။

နျုံစစ်သွမ်းတို့ကို ချတုန်းက တိုက်ပွဲကို မြင်ရင် ကြောက်လွန်းလို့ သေကုန်မယ်ထင်တယ်။

သို့သော် ထိုသာမန်လူများ၏ စိတ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်များကို ဆက်လက်စိန်ခေါ်မနေဘဲ ယဲ့ဖန် ဖြည်းညှင်းစွာ ပြန်ထိုင်လိုက်သည်။

ရှုကျင်းရှင်းသည် ချက်ချင်းပင် သူ့ကို လက်မထောင်ပြလိုက်သည်။

ယဲ့ဖန်၏ ဆရာသခင် လျုံဝမ်းယွမ်မှာတော့ မျက်လုံးမှိတ်ပြီး အနားယူနေခဲ့သည်။

သူ့ကို ကြည့်ပင်မကြည့်ချေ။

ထိုသို့ အသေးအမွှားကိစ္စများ၌ ဝင်စွက်ဖက်ရန် ပျင်းလွန်းလှသည်။

ယဲ့ဖန်သည် သူ့ခြေထောက်များကို ချိတ်ထိုင်လိုက်သည်။

သူသည် ပန်သာ့လုံကို လက်ညှိုးကွေးပြလိုက်သည်။

" တွားသွားလာခဲ့ "

ပန်သာ့လုံသည် အလွန်အရှက်ကွဲသည်ကို ခံစားရသော်လည်း ယခုအခါ သူ မနာခံဘဲ မနေရဲတော့ပေ။

သူသည် ချက်ချင်းပင် နာခံစွာဖြင့် တွားသွားလာခဲ့သည်။

လုံခြုံရေးအရာရှိ ရောက်လာရန် ဆုတောင်းနေမိသည်။

အရာရှိ ရောက်လာပြီး ဤလူမဆန်သည့်လူကို ဆွဲထုတ်သွားစေချင်သည်။

" အသက်ရှူနိုင်သေးတဲ့သူတွေ ဒီကို တွားသွားလာခဲ့ "

ယဲ့ဖန် တခြားသူများကိုလည်း လှမ်းအော်လိုက်သည်။

မြေပြင်ပေါ်တွင် လူးလိမ့်နေသည့် လူအနည်းငယ်သည် နာကျင်မှုကို သည်းခံပြီး တွားသွားလာကြသည်။

ရထားပေါ်ရှိ ခရီးသည်များသည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိသည်။

ယဲ့ဖန် ဘာလုပ်ချင်နေသည်ကို မသိပေ။

" မင်းမှာ စီးကရက် ရှိသေးလား "

ယဲ့ဖန်သည် ပန်သာ့လုံကို ကြည့်လိုက်သည်။

" ရှိပါသေးတယ်။ မီးညှိပေးပါ့မယ် "

ပန်သာ့လုံသည် ယဲ့ဖန် ဆေးလိပ်သောက်ချင်သည်ဟု တွေးပြီး ဆေးလိပ်တစ်လိပ်ကို အမြန်ထုတ်ပြီး သူ့အတွက် မီးညှိပေးသည်။

ယဲ့ဖန်က မယူချေ။

သူသည် အခြားသူများကို ကြည့်လိုက်ပြန်သည်။

" မင်းတို့အားလုံးမှာ ဆေးလိပ် ရှိသေးလား "

" ယူလာခဲ့ပါတယ်၊ ရှိပါသေးတယ် "

သူတို့သည် စကားပြောလျက် ဆေးလိပ်များကို ထုတ်ပေးသည်။

ယဲ့ဖန်၏ နှုတ်ခမ်းမှာ ကွေးညွတ်သွားသည်။

" ယူလာတာကောင်းတယ်။အခု ဘူးထဲက ဆေးလိပ်တွေ ထုတ်ပြီး ပါးစပ်ထဲ အကုန်ထည့်လိုက် "

ပန်သာ့လုံနှင့် ကျန်သူများသည် ထိုစကားကို ကြားသည့်အခါ ဘာဆက်ဖြစ်တော့မည်ကို သိ၍ သူတို့၏ အမူအရာများမှာ အလွန်ပင်ပြောင်းလဲသွားသည်။

သူတို့သည် အသိစိတ်ရှိစွာ တွန်းလှန်ချင်သည်။

သို့သော် ယဲ့ဖန်၏ စူးရှသောအကြည့်ကို မြင်ပြီးနောက် သူတို့၏ ခုခံချင်စိတ်များမှာ ချက်ချင်း ပျက်စီးသွားသည်။

သူတို့ ပူးပေါင်းဆောင်ရွက်ခြင်း မရှိပါက ပို၍ဆိုးသော နှိပ်စက်မှုကို ကြုံရမည်ဖြစ်သည်။

သူတို့သည် မျက်နှာပျက်ကာ ပါးစပ်ထဲသို့ ဆေးလိပ်ဘူးထဲမှ ဆေးလိပ်များကို အကုန်ထည့်လိုက်ကြသည်။

လူတိုင်း၏ပါးစပ်ထဲ၌ ဆေးလိပ်များအပြည့်ဖြစ်နေပြီး ရယ်ချင်စရာကောင်းလှသည်။

သို့သော် ယဲ့ဖန်ကတော့ မရယ်ခဲ့ပေ။

အစောက အနိုင်ကျင့်ခံရသော ကျောင်းသားကို ပြောသည်။

" ပလက်စတစ်အိတ်တွေ နည်းနည်းလောက် သွားယူလာခဲ့ "

ထိုကျောင်းသားသည် တခဏတာ ကြောင်အသွားသည်။

ယဲ့ဖန် ဘာလုပ်ချင်သည်ကို မသိသော်လည်း သူသည် ထရပ်ကာ ပလက်စတစ်အိတ်များကို လိုက်စုပေးသည်။

ခဏကြာပြီးနောက် ထိုကျောင်းသားသည် ပလက်စတစ်အိတ်များဖြင့် ပြန်လာခဲ့သည်။

" အစ်ကိုကြီး၊ အိတ်တွေ ရှာတွေ့ခဲ့ပါပြီ "

သူသည် ယဲ့ဖန်ရှေ့သို့ ကြောက်ရွံ့စွာ လျှောက်လာသည်

ယဲ့ဖန် သူ့ကိုခေါင်းညိတ်ပြပြီး ပန်သာ့လုံဘက်ကို လှည့်လိုက်သည်။

" ဆေးလိပ်တွေ မီးညှိလိုက်။ တစ်လိပ်မှ မကျန်စေနဲ့ "

ပန်သာ့လုံသည် ယဲ့ဖန်ကို ကြည့်ပြီးနောက် ပလက်စတစ်အိတ်များကို ကြည့်လိုက်ပြန်သည်။

ဆိုးရွားသောကိစ္စတစ်ခုကို တွေးမိပြီး သူ့မျက်နှာမှာ ဖြူဖျော့လာသည်။

" အစ်ကိုကြီး၊ အဘိုး၊ မှားပါပြီ။ ဒီတစ်ခါတော့ လွှတ်ပေးပါ။ နောက်တစ်ခါ ထပ်မလုပ်တော့ပါဘူး "

ပန်သာ့လုံ ပါးစပ်ထဲမှ ဆေးလိပ်များကို အမြန်ပြန်ထုတ်ပြီး အသနားခံတော့သည်။

သို့သော် ယဲ့ဖန်သည် သူ့ကို အေးစက်စွာ ကြည့်နေသေးသည်။

" ထပ်ပြောမယ်။ ဆေးလိပ်တွေ အကုန်မီးညှိလိုက် "

ပန်သာ့လုံသည် အသနားခံရုံမှာ အလုပ်မဖြစ်သဖြင့် အကြမ်းနည်းဖြင့် ထပ်၍ ခြိမ်းခြောက်လေတော့သည်။

သူ၏အကြည့်မှာ ရုတ်တရက် စူးရှလာသည်။

" ကောင်လေး၊ ငါ ပန်သာ့လုံက ကျန်းကောပြန်နယ်ပြည်နယ်မှာ နာမည်ရှိတဲ့ လူတစ်ယောက်လို့ သတ်မှတ်နိုင်တယ်။ သေချာပြန်စဉ်းစား။ မင်း ငါ့ကို ဒီလောက်ထိ စော်ကားချင်တာလား "

ယဲ့ဖန် ခေါင်းခါပြီး သက်ပြင်းချလိုက်သည်။

"ဘာလို့ ဒီလောက် ပေါက်ကရတွေ ပြောနေရတာလဲ "

ယဲ့ဖန် စကားပြောနေလျက် ရုတ်တရက် ထရပ်ကာ ခရီးသည်တစ်ဦး၏ စားပွဲဆီသို့ လျှောက်သွားသည်။

ထိုခရီးသည်၏ စားပွဲပေါ်တွင် လတ်လတ်ဆတ်ဆတ် ပြုတ်ထားသော ခေါက်ဆွဲပြုတ်ပန်းကန် ရှိနေသည်။

အရည်မှာ ပူနေဆဲ ဖြစ်သည်။

ယဲ့ဖန်သည် သူ့အိတ်ကပ်ထဲမှ ၁၀ယွမ်ကို ထုတ်ပြီး စားပွဲပေါ်တင်လိုက်သည်။

" ဒီခေါက်ဆွဲပြုတ်ကို ဝယ်လိုက်မယ် "

ခရီးသည် ပြန်ဖြေသည်ကို မစောင့်ဘဲ ခေါက်ဆွဲခြောက်ပန်းကန်ကို ယူသွားသည်။

ရထားပေါ်ရှိ ခရီးသည်များသည် သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေကြသည်။

ဗိုက်ဆာ၍ တစ်ခုခု စားချင်သည်ဟု ထင်လိုက်ကြသည်။

သို့သော် ဆက်ဖြစ်လာသော မြင်ကွင်းက လူတိုင်း၏ ဦးရေပြားကို ထုံသွားစေသည်။

ယဲ့ဖန်သည် ခေါက်ဆွဲပြုတ်ပန်းကန်နှင့် ပန်သာ့လုံဆီ လျှောက်သွားသည်။

" အားနည်းပြီး စကားများတဲ့သူတွေကို အရမ်းမုန်းတာပဲ။ ဘာလို့လဲဆိုတော့ သူတို့က ပြဿနာရှာတာကလွဲရင် တခြား ဘာမှအသုံးမကျလို့ပဲ "

ထို့နောက် ပန်သာ့လုံ၏ ထိတ်လန့်သောအကြည့်အောက်တွင် ယဲ့ဖန်သည် ခေါက်ဆွဲပြုတ်ပန်းကန်ကို သူ့မျက်နှာပေါ်လောင်းလိုက်သည်။

ပန်သာ့လုံသည် ကျယ်လောင်စွာအော်ဟစ်ပြီး မြေပြင်ပေါ်၌ လူးလဲနေရတော့သည်။

All Chapters