← Chapters

ထွက်မသွားနိုင်ဘူး

Vol. 151 Ch. 2141

ထွက်မသွားနိုင်ဘူး

Vol. 151 Ch. 2141

သွမ့်ရိနှင့် သွမ့်ရှန်းတို့က ထိတ်လန့်သွားပြီး သူတို့၏ အမူအရာက ပြောင်းလဲသွားကာ သူတို့ထံမှ မဟာလမ်းစဥ် အရှိန်အဝါများ ပေါက်ကွဲထွက်လာသည်။ သို့သော် ဖိနှိပ်နိုင်သော လေဟာနယ်စွမ်းအားက ထိုနေရာအား တင်းကျပ်စွာ ချိပ်ပိတ်ထားလေရာ သူတို့ကို လှုပ်ရှားရန် ခက်ခဲနေစေသည်။ တစ်ချိန်တည်းမှာပင် မရေတွက်နိုင်သော အကိုင်းအခက်နှင့် အရွက်များက လေဟာနယ်အတွင်း ထွက်ပေါ်လာကာ သူတို့အား ရစ်ပတ်၍ ထိုနေရာအတွင်း ပိတ်လှောင်ထားလိုက်သည်။

ဘုန်း...

အလွန် ပြင်းထန်သော အရှိန်အဝါက  သူတို့နှစ်ယောက်ထံမှ ထွက်ပေါ်လာကာ လေထဲသို့ ပျံတက်ပြီး အတင်းထိုးဖောက်ထွက်ရန် ကြိုးစားလိုက်သည်။ သူတို့နောက်မှ ကိုးလမ်းအတွင်း မတူညီသော နေရာများမှ အခြား ဖိနှိပ်နိုင်သည့် အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာသည်။ သူတို့ထဲမှ အချို့မှာ အဆင့်ကိုးရန်ဟောင်များ ဖြစ်ကြသည်။

အနီးဆုံးလူက သွမ့်ရိနှင့် သွမ့်ရှန်းနောက်၌ ရှိနေကာ ထိုအဆင့်ကိုး တန်ခိုးရှင်က သူ့လက်ကို မြှောက်ပြီး ရီဖူရှင်းအား ဖမ်းဆုပ်ရန် ကြိုးစားလိုက်သည်။ သူက စွမ်းအားများကို ရီဖူရှင်းအား လွှမ်းခြုံ၍ လေဟာနယ်အား အကျဥ်းထောင်တစ်ခုအဖြစ် ပြောင်းလဲသွားစေသည်။

သူတို့အားလုံးအနီးတွင် မဟာလမ်းစဥ် အလင်းတန်းများက လှည့်ပတ်စီးဆင်းနေ၏။ ထိုမဟာလမ်းစဥ် အကျဥ်းထောင်က အလွန် ခိုင်ခံ့ပြီး အော်မြည်သံများ ထုတ်လွှတ်နေသည်။ သို့သော် တောက်ပသော နတ်ရောင်ဝါက ရီဖူရှင်း၏ ခန္ဓာကိုယ်ထက် ပေါက်ကွဲထွက်လာပြီး သူ့မျက်လုံးများက အလွန် နတ်ဆိုးဆန်လာ၏။ ကြီးမားသော ဥဒေါင်းပုံရိပ်ယောင်တစ်ခု ပေါ်ပေါက်လာကာ ကြောက်မက်ဖွယ် ခုနစ်ရောင်ခြယ်အလင်းတို့အား ထုတ်လွှတ်နေ၏။

ရီဖူရှင်း၏ ခန္ဓာကိုယ်က လျှပ်စီးအလင်းတန်းကဲ့သို့ ပြောင်းလဲသွားပေသည်။ ၎င်းစွမ်းအားများက ပေါက်ကွဲထွက်လာပြီး အကျဥ်းထောင်အား တစစီပြိုကွဲပျက်စီးသွားစေသည်။ သို့သော် ထိုအခိုက်အတန့်တွင် ရန်ဟောင်များစွာက တစ်ချိန်တည်း သူရှိနေရာထံ ဆင်းသက်လာကာ ကြောက်မက်ဖွယ် မဟာလမ်းစဥ် အရှိန်အဝါတို့ ထုတ်လွှတ်လိုက်သည်။.

ဘုန်း...

ဖိနှိပ်နိုင်သော မဟာလမ်းစဥ် ဖိအားက လောက၏ အစွန်းသို့တိုင် လွှမ်းခြုံလာပေသည်။ ဤကျယ်ပြောလှသော လောကသည် ကြယ်ကောင်းကင်လောကတစ်ခုကဲ့သို့ ပြောင်းလဲသွားပြီး ကြီးမားလှသည့် ကျောက်စာချပ်ကြီးက ထိုလေဟာနယ်ကို ဖိနှိပ်လာပေသည်။

သွမ့်ရိနှင့် သွမ့်ရှန်းတို့က ရှေး​ဟောင်းတော်ဝင်မိသားစုမှ ကျင့်ကြံသူများဖြစ်ကြပြီး ထူးချွန်သော ပါရမီနှင့် အားကောင်းသော ကျင့်ကြံခြင်း ရှိကြသည်။ သို့သော် ရီဖူရှင်းနှင့် ရင်ဆိုင်ရသော အခိုက်အတန့်တွင် သူတို့သည် နှိုင်းယှဥ်၍ မရအောင် သိမ်နုပ်နေသလို ခံစားကြရပေသည်။ သူတို့က ပြန်လည်တိုက်ခိုက်ရန် စွမ်းအားမရှိလိုပင် ဖြစ်သည်။

သူတို့သည် ယခင်က ရီဖူရှင်း ဖော်ပြခဲ့သော မီးလျှံစွမ်းရည်က သူ၏ များပြားလှသည့် စွမ်းရည်များထဲမှ တစ်ခုဖြစ်ပြီး ရီဖူရှင်းအတွက် အရေးမပါသော စွမ်းရည်လေးတစ်ခုသာဖြစ်ကြောင်း ယခုမှ သဘောပေါက်မိလိုက်ကြသည်။

သူသည် အဆင့်ကိုးရန်ဟောင်နှင့်ပင် တိုက်ပွဲဆင်နွှဲနိုင်ပေသည်။

ဆိုလိုသည်မှာ ရီဖူရှင်းသည် ထျန်းယိအိမ်တော်သခင် အပါအဝင် ကိုးလမ်းမှ မည်သည့် ကျင့်ကြံသူကိုမှ ကြောက်ရွံ့နေရန် မလိုအပ်ပင်။ ထို့ကြောင့်သာ သူက အလွန်ရဲတင်းစွာ ပြုမူနေခြင်း ဖြစ်သည်။ သူ၏ ကိုယ်ပိုင်ခွန်အားက သန်မာလှရာ သူသည် တွေ့ကြုံရသည့် မည်သူ့ကိုမဆို ကြောက်ရွံ့နေရန် မလိုအပ်ပေ။

"မင်းက ဘယ်သူလဲ။" ကျယ်ပြောလှသော လေဟာနယ်က ရီဖူရှင်း၏ မဟာလမ်းစဥ် နယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားပုံရသည်။ သွမ့်ရိနှင့် သွမ့်ရှန်းတို့၏ ကျင့်ကြံခြင်းက ရီဖူရှင်းထက် မနိမ့်ကျသော်လည်း သူတို့သည် ရီဖူရှင်းနှင့် ရင်ဆိုင်ရန် မဖြစ်နိုင်သကဲ့သို့ ထင်မှတ်ရပေသည်။

ရီဖူရှင်း၏ ပုံရိပ်က လှစ်ခနဲ သူတို့ရှေ့တွင် ပေါ်ပေါက်လာသည်။

"သတိထား... အရှင်မင်းသား။" တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။ သို့သော် သူတို့က အလွန် နီးကပ်နေပြီး သွမ့်ရိနှင့် သွမ့်ရှန်း၏ လှုပ်ရှားမှုက ကန့်သတ်ခံထားရပေသည်။ ရီဖူရှင်းက လက်ကို ဆန့်ထုတ်လိုက်ပြီး တစ်ချက်တည်း လှုပ်ရှားလိုက်သည့်အခါ သူတို့နှစ်ယောက်လုံးက ထိန်းချုပ်ခံလိုက်ရကာ သူတို့၏ ခန္ဓာကိုယ်များက သူနှင့်အတူ ကောင်းကင်သို့ မြောက်တက်သွားပေသည်။

အခြားရန်ဟောင်များက သူတို့ကို ရပ်တန့်လိုသော်လည်း အဘိုးအိုတစ်ဦးက ကောင်းကင်အမြင့်တွင် ပေါ်ပေါက်လာကာ ပြင်းထန်သော စွမ်းအားများဖြင့် ထိုနေရာအား လွှမ်းခြုံထားလေသည်။ ရုတ်တရက် ကိုးလမ်းမှ လူတိုင်းသည် ကောင်းကင်စွမ်းအားများကို ခံစားမိလိုကြပြီး သူတို့၏ ခန္ဓာကိုယ်များက အနည်းငယ် တုန်ယင်လာပေသည်။ ဤသည်က....

ထိုလူက အဘိုးမာဖြစ်သည်။ ထိုအခိုက်အတန့်တွင် သူက ရီဖူရှင်း ထွက်ပြေးလွတ်မြောက်အောင် ကူညီရန် သူ့ကိုယ်သူ ထုတ်ဖော်ပြသလာပေသည်။

အဘိုးမာ၏ အထက်ရှိ နေရာတွင် ကြီးမားလှသော လေဟာနယ်တံခါးကြီးတစ်ချပ် ပေါ်​ပေါက်လာပြီး ကြောက်မက်ဖွယ် လေဟာနယ်စွမ်းအားများ ထုတ်လွှတ်နေ၏။ လေဟာနယ်တံခါးက နောက်ထပ် နေရာတစ်ခုကို ဖွင့်လှစ်ပေးလာသလို ထင်မှတ်ရသည်။ ကြည့်ရသည်မှာ ယင်းတံခါးထဲ လျှောက်ဝင်သွားသည်နှင့် မတူညီသော လောကသို့ ချက်ချင်း ဝင်ရောက် ပျောက်ကွယ်သွားမလို ထင်မှတ်ရပေသည်။

"လေးမျက်နှာကျေးရွာက ဧည့်သည်တွေ ရောက်လာရင်လည်း ဘာလို့ ကျုပ်ရဲ့ နန်းတော်ကို မလာရတာလဲ။ ကျုပ်က အိမ်ရှင်အဖြစ် ဧည့်ဝတ်အပြည့်နဲ့ ဧည့်ခံမှာပါ။" အသံကျဆင်းလာသည့်အခါ မဟာနတ်ဘုရားများမြို့တစ်ခွင်လုံးကို ကြောက်မက်ဖွယ် စွမ်းအားများ လွှမ်းခြုံလာသလို ပြောင်းလဲသွားပေသည်။

ထိုအခိုက်အတန့်ကျမှပင် မဟာနတ်ဘုရားများမြို့မှ လူများသည် လေးမျက်နှာကျေးရွာရှိ လူများ ရောက်လာကြောင်း သတိပြုမိလိုက်သည်။

ဆိုလိုသည်မှာ နန်းတော်သို့ ညှိနှိုင်းရန် လာရောက်သည်မှာ နည်းပရိယာယ်တစ်ခုသာ ဖြစ်ပြီး လေးမျက်နှာကျေးရွာတွင် အခြား အစီအစဥ်များ ရှိနေပေသည်။

ကိုးလမ်းမှ လူများသည် ထိုမောက်မာသော အာခီမီဆရာသခင်က လေးမျက်နှာကျေးရွာမှ လာခြင်းဖြစ်ပြီး သူ၏ ဆေးဖော်စပ်ခြင်းစွမ်းရည်က မယုံနိုငလောက်အောင် ထူးချွန်လှကြောင်း သိရသည့်အခါ ပို၍ပင် ထိတ်လန့်အံ့အားသင့်သွားကြသည်။

ရီဖူရှင်းသည် သူ၏ ကြွက်သားတစ်ခုတစ်လေမှပင် လှုပ်ရှား၍ မရတော့ကြောင်း ခံစားမိပေသည်။ အဘိုးမာက သူ့ကို လေဟာနယ်တံခါးထဲသို့ ခေါ်ဆောင်သွားချင်သော်လည်း ထိုအချိန်၌ မဟာနတ်ဘုရားများမြို့တစ်ခွင်လုံးသည် ကြောက်မက်ဖွယ် နတ်အလင်းတို့ဖြင့် လွှမ်းခြုံခံထားရပေသည်။ နှိုင်းယှဥ်မရအောင် မြင့်မြတ်လှသော စွမ်းအားများက မြို့တစ်ခွင်လုံးကို လွှမ်းခြုံထားပြီး လူတိုင်း၏ ခန္ဓာကိုယ်က အလွန် မြေပြင်တွင် ကပ်ထားသည့် ရုပ်တုများကဲ့သို့ အလွန် လေးလံလာသလို ခံစားရပေသည်။ သူတို့သည် ခြေလှမ်းတစ်ဝက်မျှပင် လှမ်းရန်ခက်ခဲနေသော်လည်း ရီဖူရှင်းက ကွာခြားပေသည်။

ဘုန်း...

ကျယ်လောင်သော အသံနှင့် လေဟာနယ်တံခါးက တိုက်ခိုက်ခံရမှုကြောင့် ပြိုကွဲသွားခဲ့သည်။ အဘိုးမာသည် ရီဖူရှင်းအား ကောင်းကင်အမြင့်နေရာဆီ ခေါ်ဆောင်သွားသော်လည်း မဟာနတ်ဘုရားများမြို့အထက် တော်ဝင်နန်းတော်ရှိရာ နေရာတွင် ကြီးမားလှသော နတ်ဘုရားကဲ့သို့ ပုံရိပ်ကြီး ပေါ်ပေါက်လာပေသည်။

"အင်ပါယာအရှင်။" မဟာနတ်ဘုရားများမြို့မှ မရေတွက်နိုင်သော တန်ခိုးရှင်များက မည်သည်တို့ ဖြစ်နေကြောင်း မသိကြပေ။

အင်ပါယာအရှင်၏ အသံကို ကြားသည့်အခါ သူတို့သည် တစ်ခုခုဖြစ်နေကြောင်း မှန်းဆမိသွားကြသည်။ အဝေးမှ ထိုမျက်နှာအား မြင်လိုက်ရသည့်အခါ သူတို့၏ နှလုံးသားများက တုန်ယင်သွားပေသည်။ ထိုသူမှာ မဟာနတ်ဘုရားများကုန်းမြေ၏ အရှင်သခင်တစ်ယောက် ဖြစ်ပြီး ရှေးဟောင်းတော်ဝင်သွမ့်မိသားစု၏ အင်ပါယာအရှင် ဖြစ်ပေသည်။

"ကျုပ်ကြားတာတော့ ရွာထဲမှာ သိုသိုသိပ်သိပ် နေထိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ရှိတယ်တဲ့။ သူ ကျင့်ကြံနိုင်တယ်ဆိုတာ ဘယ်သူမှ မသိကြဘူး။ ဒါပေမယ့် တကယ်တော့ သူက အတားအဆီးကိုတောင် ဖြတ်ကျော်ပြီး ကိုယ်ပိုင်မဟာလမ်းစဥ်ကို ဖန်တီးနိုင်ခဲ့တယ်တဲ့။ နောက်ဆုံးတော့ ဒီနေ့မှာ ခင်ဗျားနဲ့ တွေ့ဆုံနိုင်ခဲ့တာ ကျေနပ်စရာပါပဲ။" သွမ့်မိသားစု၏ အင်ပါယာအရှင်က ပြောလိုက်သည်။ သူက အဘိုးမာ၏ သရုပ်မှန်ကို ရှင်းလင်းစွာ ခန့်မှန်းနိုင်ပေသည်။

"လေးမျက်နှာကျေးရွာက ရှေးဟောင်းတော်ဝင် သွမ့်မိသားစုကို တစ်ခါမှ ထိခိုက်အောင် မလုပ်ဖူးဘူး။ ဒါပေမယ့် ခင်ဗျားတို့က ကျုပ်တို့ရဲ့ နတ်ဘုရားနည်းစနစ်တွေကို လုယက်ချင်တာနဲ့ပဲ လေးမျက်နှာကျေးရွာရဲ့ လူတွေကို ဖမ်းဆီးခဲ့တယ်။ ဒါက ခင်ဗျားရဲ့ အဆင့်အတန်းနဲ့ လိုက်ဖက်ညီတဲ့ အပြုအမူမျိုး မဟုတ်ဘူး။" အဘိုးမာက ပြန်ဖြေလိုက်သည်။ သူ့ထံမှ နတ်ဘုရားအလင်းတို့ ထွက်ပေါ်လာကာ ရီဖူရှင်းနှင့် အခြားလူများကို ဖုံးလွှမ်းသွား၏။ သူတို့က ထွက်သွားနိုင်စွမ်း မရှိလျှင်ပင် ရှေးဟောင်းတော်ဝင် သွမ့်မိသားစုမှ မင်းသားနှင့် မင်းသမီးတို့က သူတို့၏ တိုက်ရိုက်ထိန်းချုပ်မှုအောက် ရောက်နေရမည် ဖြစ်သည်။

"လေးမျက်နှာကျေးရွာက အရင်တုန်းက ကျင့်ကြံခြင်းလောကရဲ့ တစ်စိတ်တစ်ပိုင်း မဟုတ်ခဲ့ပေမယ့် ရွာကနေ ထွက်ခွာခဲ့တဲ့ တချို့တလေ ရှိတယ်။ ရွာရဲ့စည်းမျဥ်းတွေအရ သူတို့ ရွာက ထွက်သွားတာနဲ့ ရွာနဲ့ သက်ဆိုင်ခြင်း ရှိတော့မှာ မဟုတ်ဘူး။ ဖန်းဟွမ်က ကျုပ်တို့ ရှေးဟောင်းတော်ဝင်မိသားစုရဲ့ မိသားစုဝင်တစ်ယောက်ကို သတ်ဖြတ်ခဲ့တာကြောင့် ကျုပ်တို့က သူ့ကို ဖမ်းဆီးခဲ့တာ။ အဲဒါက လေးမျက်နှာကျေးရွာက ကျင့်ကြံခြင်းလောကကို ဝင်ရောက်လာတဲ့ အချိန်နဲ့ တစ်ချိန်တည်း ဖြစ်သွားခဲ့တာကြောင့် ကျုပ်တို့က နတ်ဘုရားနည်းစနစ်နဲ့ အလဲအလှယ်လုပ်ရအောင် သူ့အသက်ကို ချမ်းသာပေးထားဖို့ ဆုံးဖြတ်ခဲ့ရုံပဲ။ လေးမျက်နှာကျေးရွာက သဘောမတူဘူးဆိုရင် ကျုပ်တို့ကလည်း ဒီကိစ္စကို ဖိအားပေးမှာ မဟုတ်ပါဘူး။" အင်ပါယာအရှင်က ပြောလိုက်သည်။

ထိုစကားများအားလုံးက တစ်ဖက်တည်းမှ ဖြစ်လေရာ အမှန်ဟုတ်မဟုတ် သိနိုင်ရန် နည်းလမ်းမရှ်ပေ။ ဖန်းဟွမ်က သူတို့ပြောသလို အမှန်တကယ် လုပ်ခဲ့သလား မည်သူမှ မသိသော်လည်း ပဋိပက္ခအချို့တော့ ကျိန်းသေ ရှိခဲ့ပေလိမ့်မည်။

သို့ဆိုလျှင် သွမ့်မိသားစုက နတ်ဘုရားနည်းစနစ်ကို လိုချင်နေသည်မှာ သံသယဖြစ်နေရန်ပင် မလိုချေ။ သို့မဟုတ်ပါက သူတို့သည် ဖန်းကိုင့်ထံသို့ အလိမ်အညာများနှင့် စာတစ်စောင် ပေးပို့ကာ သူတို့၏ နတ်ဘုရားနည်းစနစ်များကို လုယူရန်အတွက် ထိုစဥ်းလဲသော အကြံအစည်များကို လုပ်ဆောင်ရန် လိုအပ်မည် မဟုတ်ပေ။

ကံမကောင်းစွာပင် ၎င်းက အောင်မြင်ရန် ဝေးကွာနေသေးပေသည်။

"အခု ကျုပ်တို့ လက်ထဲမှာလည်း ဓားစာခံတွေ ရှိနေတယ်။ အလဲအလှယ်အတွက် နတ်ဘုရားနည်းစနစ်ပဲ လိုတာ မဟုတ်တော့ဘူး။" အဘိုးမာက ပြောလိုက်သည်။

သို့သော် ထိုလူက ပြုံး၍သာ ဆက်ပြောလေသည်။ "ခင်ဗျားရဲ့ ကျင့်ကြံခြင်းက ထူးချွန်နေရင်တောင် ဒီမြို့ထဲက ထွက်မသွားနိုင်ဘူး။ ခင်ဗျားတို့ သူတို့နှစ်ယောက်ကို လိုချင်ရင်တောင် ခင်ဗျားတို့နှစ်ယောက် ဒီချုပ်နှောင်မှုကနေ လွတ်မြောက်နိုင် မလွတ်မြောက်နိုင်ပြောဖို့ ခက်ခဲလိမ့်မယ်။"

အဘိုးမာက ငုံ့ကြည့်လိုက်လျှင် ကျယ်ပြောလှသော မဟာနတ်ဘုရားများမြို့တစ်ခွင်လုံးကို လွှမ်းခြုံထားသော မဟာလမ်းစဥ်၏ ခမ်းနားထည်ဝါလှသည့် အရှိန်အဝါတို့အား မြင်လိုက်ရသည်။ လေဟာနယ်ထဲမှ ဆွဲငင်နေသော ကြီးမားလှသည့် မဟာလမ်းစဥ်စွမ်းအားက ကောင်းကင်ထက်ရှိ သူ့ကိုပင် သက်ရောက်လာသည်။ မဟာနတ်ဘုရားများမြို့ထဲမှ တန်ခိုးရှင်များနှင့် ရီဖူရှင်းသည် လှုပ်ရှားရန်ပင် အလွန် ခက်ခဲလာကြောင်း တွေ့ရပေသည်။

"မြို့အောက်ခြေမှာ နတ်ရတနာတွေနဲ့ ချိပ်ပိတ်ထားတာလား။" အဘိုးမာက အဝေးမှ သွမ့်အင်ပါယာအရှင်ကို ကြည့်ကာ မေးလိုက်၏။

"ဒီမြို့ကိုယ်တိုင်က နတ်ရတနာတစ်ခုပဲ။" တစ်ဖက်လူက ပြန်ဖြေလိုက်သည်။ "သူတို့နှစ်ယောက်နဲ့ ကျုပ်ကို ခြိမ်းခြောက်ရင်တောင် အသုံးမဝင်ဘူး။ လေးမျက်နှာကျေးရွာက ကျင့်ကြံခြင်းလောကထဲ ဝင်ရောက်လာခဲ့ပြီ။ ခင်ဗျား အန္တရာယ်တစ်ခုခု ဖြစ်ချင်မယ်လို့တော့ ကျုပ်မထင်ဘူး။"

အဘိုးမာက တစ်ဖက်လူကို ကြည့်နေစဥ် ရီဖူရှင်းက ပြောလိုက်၏။ "စီနီယာ.. ရှေး​ဟောင်းတော်ဝင် သွမ့်မိသားစုက ကျုပ်တို့ လေးမျက်နှာကျေးရွာရဲ့ လူတွေကို ဓားစာခံအဖြစ် အရင်ဖမ်းဆီးပြီး ခြိမ်းခြောက်ခဲ့တာ။ ကျုပ်တို့က ဖိအားပေးခံရလို့သာ ဒီအတိုင်းအတာထိ လုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါက အလဲအလှယ်သက်သက်ပါပဲ။ တကယ်လို့ စီနီယာက အကျိုးဆက်ကို ဂရုမစိုက်ဘူးဆိုရင် ဘာလို့ ကျုပ်တို့ကရော ဂရုစိုက်ရမှာလဲ။ လေးမျက်နှာကျေးရွာက ကျင့်ကြံခြင်းလောကကို အခုမှ ဝင်လာတာ အမှန်ဆိုပေမယ့် ကျုပ်တို့က ဘယ်သူ့ကိုမှ ကြောက်မနေဘူး။ ကျုပ်တို့ရဲ့ ဆရာသခင် ရှိနေသရွေ့ လေးမျက်နှာကျေးရွာက အမြဲ တည်ရှိနေဦးမှာပဲ။ အဲဒီတုန်းက ရှန်ချင်းနယ်မြေရဲ့ ထိပ်သီးအင်အားစုသုံးခုက လေးမျက်နှာကျေးရွာကို လာရောက်ပြီး ကျုပ်တို့ရဲ့ တည်ရှိမှုကို အသိအမှတ်ပြုခဲ့တယ်။ ဆရာသခင်က အပြင်လောကရဲ့ အရေးကိစ္စတွေကို ဂရုမစိုက်ပေမယ့် တကယ် ရန်စခံလာရရင် သူက တရားမျှတမှုရဖို့ လာရှာမှာပဲ။ အဲဒီနောက်မှာ မဟာနတ်ဘုရားများမြို့က သူ့ရဲ့ ပြင်းထန်တဲ့ ဒေါသအောက်မှာ ရှင်သန်နိုင်လိမ့်မလားဆိုတာ ဘယ်သူ ခန့်မှန်းနိုင်မှာလဲ။"

ဆရာသခင်က ထူးခြားသော အကြောင်းပြချက်အချို့ကြောင့် ရွာမှ ထွက်ခွာမသွားနိုင်သော်လည်း သွမ့်မိသားစု၏ အင်ပါယာအရှင်က ထိုအကြောင်းကို သိနေမည်ဟု မဆိုလိုပေ။ သူသည် ဤအခွင့်အရေးကို အသုံးပြုပြီး တစ်ဖက်လူအား အနည်းငယ် ဖိအားပေးရန် ကြိုးစားလိုက်ခြင်း ဖြစ်သည်။

ရှေးဟောင်းတော်ဝင် သွမ့်မိသားစုသည် ယခင်က လျှို့ဝှက်စွာ ပြုမူခဲ့ပြီး လေးမျက်နှာကျေးရွာကို ဆန့်ကျင်မိမည်စိုးသောကြောင့် သတင်းပေါက်ကြားခြင်း မဖြစ်စေလိုခဲ့ပေ။ သူတို့သည်လည်း စိုးရိမ်ပူပန်ရမည့် အရာများ ရှိပေသည်။

သွမ့်မိသားစု၏ အင်ပါယာအရှင်သည် ရီဖူရှင်းအား ကြည့်ကာ ပြောလိုက်သည်။ "မင်းက ကျင့်ကြံဖို့အတွက် တုန်းဟွာနယ်မြေကနေ လာခဲ့တာလို့ ကောလာဟလထွက်နေတဲ့ တစ်ယောက် ဖြစ်ရမယ်။"

"အမှန်ပါပဲ။" ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။

"ကျုပ် ကြားတာတော့ မင်းမှာ ထူးချွန်ထက်မြက်တဲ့ ပါရမီရှိပေမယ့် ရွာခံတစ်ယောက်တော့ မဟုတ်ဘူး။ မင်းမှာ ကြီးမားတဲ့ ကံကောင်းခြင်းတွေ ပိုင်ဆိုင်ထားတာကြောင့် ရွာက နတ်ဘုရားနည်းစနစ်ကိုတောင် ထိန်းချုပ်ခွင့်ရခဲ့တယ်။ မင်းက ရွာရဲ့ မူလခေါင်းဆောင်ကိုတောင် မောင်းထုတ်ခဲ့တယ်ဆိုပဲ။ မင်းရဲ့ နာမည်က တုန်းဟွာနယ်မြေတစ်ခွင် ကျော်ကြားပြီး တုန်းဟွာနယ်မြေသခင်အိမ်တော်ကနေတောင် မင်းကို လိုက်ဖမ်းနေတယ်လို့ ကြားခဲ့ရတယ်။ အခု မင်းက ဒီနေရာမှာ ကျုပ်ရဲ့  မျိုးဆက်တွေကိုတောင် ဖမ်းဆီးထားသေးတယ်။ မင်းက တကယ်ကို ရှားပါးလှတဲ့ တိရစ္ဆာန်ကောင်ပဲ။" သွမ့်မိသားစုမှ သွမ့်ထျန်းရှုံက ကျယ်လောင်စွာ ပြောလိုက်လျှင် နောက်ဆုံးတွင် လူတိုင်းက ထိုအာခီမီဆရာသခင်က အမှန်တကယ်၌ မည်မျှ ကျော်ကြားလှသည်ကို သတိပြုမိသွားကြပေသည်။

"အင်ပါယာအရှင်က ကျုပ်ကို အရမ်း ချီးကျူးလွန်းနေပါတယ်။" ရီဖူရှင်းက မျက်နှာဖုံးကို ချွတ်လိုက်ပြီး ထူးထူးခြားခြား ချောမောသော သူ၏ မျက်နှာအား ထုတ်ဖော်ပြသလာသည်။ သူ၏ ရှည်လျားသော ငွေရောင်ဆံပင်က လေထဲတွင် မျောလွင့်နေကာ သူ့ အသွင်အပြင်က လူတိုင်းကို အံ့အားသင့်စေပေသည်။ ဤပါရမီ အာခီမီဆရာသခင်​က ထိုမျှ ဆွဲဆောင်မှုရှိလှသည့် ပုဂ္ဂိုလ်တစ်ဦးအဖြစ် ပြောင်းလဲသွားပေသည်။

***

All Chapters