← Chapters

ကောင်းကင်ခန်းဆောင်နယ်ပယ်

Vol. 27 Ch. 341

ကောင်းကင်ခန်းဆောင်နယ်ပယ်

Vol. 27 Ch. 341

"ယွမ်ရှောင်"

တစ်ဖက်လူ ရောက်ရှိလာခြင်းသည် အဆောင်ဧကရာဇ်၏ လုပ်ကြံမှု မအောင်မြင်ကြောင်း သက်သေဖြစ်သည့်အပြင် ခြစ်ရာပင် မထင်သဖြင့် ချင်ကန်မှာ မယုံနိုင်ဖြစ်နေ၏။ သို့ရာတွင် ထွက်ပြေးသွားရမည့်အစား မုတလုံကို ကယ်တင်ရန် ရောက်ရှိလာသောကြောင့် သူမ၏ မျက်လုံးများ အေးစက်သွားကာ လေရှည်၍ အချိန်ဆွဲမိခြင်းအပေါ် နောင်တရသွားသည်။ လျှပ်တပြက်အတွင်း သူမက အပြာရောင်ဓားကို မုတလုံထံ ချိန်ရွယ်ကာ လနတ်သားနှင့် စစ်မင်းသမီးကို သတိပေးလိုက်သည်။

"ကုန်းနတ်ဆိုးနဲ့ ယင်မိစ္ဆာမျိုးနွယ်ကို ချောက်နက်ထဲ ရောက်မသွားစေချင်ရင် ဘေးဖယ်စမ်း"

"တော်တော် အရှက်မရှိတဲ့ မိန်းမပဲ"

စစ်မင်းသမီးက နှာခေါင်းတစ်ချက်ရှုံ့၍ သွေးနဂါးပုံရိပ်တစ်ခု ပစ်ခတ်လိုက်သောအခါ ကုချင်ကန်၏ ဓားကို လွင့်ထွက်သွားစေကာ နောက်ပြန်ဆုတ်သွားရသည်။ ကောင်းကင်ခန်းဆောင် နယ်ပယ်သို့ ရောက်ရှိနေသောကြောင့် ယင်မိစ္ဆာကြောင့် သူမမှာ နောက်တစ်ကြိမ် မယုံနိုင်ဖြစ်သွားကာ နတ်ဆိုးတိုက်ကြီးမှ ပြန်လာချိန်တွင် တစ်ဖက်လူမှာ ကံပင်လယ်နယ်ပယ်သာ မဟုတ်ပါလော။

"ယင်မိစ္ဆာက နတ်ဆိုးမြေခွေးထက် ပိုပြီး အားကောင်းတယ်"

သူမက ထိုလူငယ်နှစ်ယောက်ကို စစ်ဆေး၍ သုံးသပ်လိုက်သော်လည်း လနတ်သားသည်လည်း ကောင်းကင်ခန်းဆောင်နယ်ပယ် ဖြစ်ကြောင်း မထုတ်ဖော်နိုင်ခဲ့ပေ။

"မင်းတို့က ဘာကြောင့် ဓားကျင့်ကြံသူကို ကူညီပေးနေရတာလဲ။ ဓားကျင့်ကြံသူမျိုးနွယ်က ကုန်းနတ်ဆိုးနဲ့ ယင်မိစ္ဆာအတွက် ရန်သူမဟုတ်ဘူးလား"

သူမက သွေးထိုးလှုံ့ဆော်ရန် ကြိုးပမ်းနေပြီး ယွမ်ရှောင်ကို ရင်ဆိုင်နိုင်မည်ဟု ယုံကြည်သော်လည်း ဝင်ရောက်စွက်ဖက်လာသူ နှစ်ယောက်အား အနည်းငယ် ကြောက်လန့်စပြုလာသည်။ သို့ရာတွင် ယွမ်ရှောင်ကို ကျောပေးမထားရဲသဖြင့် နောက်ပြန်လှည့်ကာ ဓားဖြင့် ချိန်ရွယ်ထားလိုက်ပြီး အဆောင်ဧကရာဇ်တို့ မကြာခင် ရောက်ရှိလာမည်ဟု ယုံကြည်နေသည်။ အပြာရောင် အလင်းတစ်ချက်ဖြင့် ယွမ်ရှောင်ထံ တိုးဝင်ရန် ပြင်ဆင်နေစဥ် ငွေရောင်နှင့် သွေးရောင် အလင်းတန်းနှစ်ခုမှာ မြန်ဆန်သော အရှိန်ဖြင့် သူ့ထံ တိုးဝင်သွားခဲ့ပြီး ရေပြင်အတွင်း ကျဆင်းသွားသော ခဲတစ်လုံးပမာ ပျောက်ကွယ်သွားကြ၏။

"ဘာကြီးလဲ"

ကုချင်ကန်က တုန်ရီသွားပြီး ပတ်ဝန်းကျင်ကို စူးစမ်းလိုက်သောအခါ လနတ်သားမှာ ပျောက်ကွယ်နေ၍ စစ်မင်းသမီးမှာ သတိလစ်လဲကျနေကြောင်း တွေ့လိုက်ရသည်။ မုတလုံက သူမ၏ ခန္ဓာကိုယ်ကို ထိန်းထားလိုက်ပြီး အသက်သခင် သတိလစ်သွားသဖြင့် စဥ်းစားမရဖြစ်နေသည်။

"ဘာမှ မဖြစ်ဘူး။ သူမရဲ့ ခန္ဓာကိုယ်ကို ဂရုစိုက်ထားလိုက်"

ယွမ်ရှောင်၏ တစ်ကိုယ်လုံးတွင် ငွေရောင်အလင်းများ ယှက်သန်းနေကာ မျက်လုံးများ သွေးရောင်တောက်ပ၍ အသားအရေထက်တွင် သွေးကြောများ ဖုထစ်ဖောင်းကားနေ၏။ သူ၏ ခြေတစ်လှမ်းဖြင့် မြေပြင်အက်ကွဲသွားကာ ကုချင်ကန်ပင်လျှင် အသည်းအသန် ရှောင်တိမ်းလိုက်ရပြီး ထိုအချိန်တွင် သူသည် လူသား၊ နတ်ဆိုးနှင့် မိစ္ဆာ ပေါင်းစပ်ထားသည့် အသွင်အပြင်မျိုး အရှိန်အဝါမျိုး ခြောက်ခြားဖွယ် ထွက်ပေါ်နေ၏။ ပျက်စီးနတ်ခန္ဓာနှင့် ကပ်ဘေးမိစ္ဆာသွေးကို ပေါင်းစပ်လိုက်သောအခါ သူ၏ ခန္ဓာကိုယ်မှာ ထူးထူးခြားခြား ပြောင်းလဲသွားပြီး မူလကိုယ်အား ဗဟိုပြု၍ ရုပ်ခန္ဓာနေရာတွင် လနတ်သား၏ ပျက်စီးနတ်ခန္ဓာ ပေါင်းစပ်ထားသဖြင့် ပိုမိုသန်မာလာခဲ့သည်။ နှလုံးသားနှင့် သွေးကြောများတွင် ကပ်ဘေးသွေး နေရာယူထားကာ သွေးနဂါးပုံရိပ်များ ကူးလူးယှက်နွယ်နေ၏။ ဤအသွင်က လက်ရှိတွင် အသန်မာဆုံးဖြစ်ကာ မြင့်မြတ်ချီများတွင် ငွေရောင်နှင့် သွေးရောင် ယှက်သန်းနေပြီး ကောင်းကင်သင်္ချိုင်းဓားဝိညာဥ်ပင် အရောင်သုံးမျိုး တဖြတ်ဖြတ် ပြောင်းလဲနေ၏။

တစ်ဖက်လူက လနတ်သားနှင့် စစ်မင်းသမီးကို ဝါးမျိုသွားသဖြင့် ကုချင်ကန်မှာ ကြောင်အနေပြီး မဖြစ်နိုင်ဟု ယုံကြည်ချင်သော်လည်း မျက်မြင်တွေ့နေရသည်။ မုတလုံသည်လည်း မင်သက်နေကာ ယွမ်ရှောင်ကို ငေးကြည့်နေရာမှ စစ်မင်းသမီးကို သယ်ဆောင်ကာ ဘေးလွတ်ရာသို့ ဆုတ်ခွာသွားသည်။

"လူငယ်လေးသုံးယောက်ကို ဘာကြောက်စရာရှိလဲ"

ကုချင်ကန်က သတ္တိမွေးပြီး ရှေ့တိုးလာကာ ငရဲကိုးထပ်တွင် အသန်မာဆုံး ဓားသမားဟု ကိုယ့်ကိုကိုယ် သွေးနားထင်ရောက်နေသဖြင့် နောက်ဆုတ်မသွားခဲ့ပေ။ သူမက ယွမ်ရှောင်ကို သတ်နိုင်လျှင် သတ်မည်၊ မသတ်နိုင်လျှင် အခြားလူများ ရောက်လာသည်အထိ အချိန်ဆွဲထားမည်ဟု အကြံထုတ်ကာ လျှို့ဝှက်ချက်ကို ထုတ်ဖော်ရန်လည်း တွေးထားသည်။ လနတ်သားနှင့် စစ်မင်းသမီးသည် ယွမ်ရှောင်နှင့် နက်ရှိုင်းသော ဆက်ဆံရေးတစ်ခု ရှိကြောင်း တွေးကြည့်စရာပင် မလိုတော့ချေ။

ယွမ်ရှောင်သည် ပေါင်းစပ်မှုကြောင့် ကံပင်လယ်နယ်ပယ်၏ အထက်ဖြစ်သော ကောင်းကင်ခန်းဆောင် နယ်ပယ် ပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားသည်။ ကံပင်လယ်နယ်ပယ်ကို ချိုးဖောက်ပြီးလျှင် တာအိုနှလုံးသားသည် လင်းထိန်တောက်ပလာကာ ဒန်တန်၏ နံရံများထံ မြင့်မြတ်ချီ အဆီအနှစ်များ ဖြန့်ဝေပေလိမ့်မည်။ ၎င်းသည် တာအိုနှလုံးသားနှင့် မြင့်မြတ်ချီ ပြည့်စုံစွာ ပေါင်းစပ်ခြင်းဖြစ်ကာ ဒန်တန်ကို ပိုမို သန်မာလာစေသည်။ လက်ရှိတွင် ငရဲကိုးထပ်၌ ကြီးကြပ်သူများ၊ ငရဲနတ်ဆိုးများနှင့် မိစ္ဆာစစ်သူကြီးများသည် ကောင်းကင်ခန်းဆောင်နယ်ပယ်များ ဖြစ်ကာ ဥပမာအားဖြင့် မုတလုံသည် ကုချင်ကန်အောက် အဆင့်ငယ်တစ်ဆင့် နိမ့်သော နောက်ပိုင်းအဆင့် ကောင်းကင်ခန်းဆောင် နယ်ပယ် ကျင့်ကြံသူဖြစ်၏။ ကုချင်ကန်မှာ ပြည့်စုံခြင်းအဆင့်ဖြစ်ကာ အဆောင်ဧကရာဇ်သည် လွန်ခဲ့သော ဆယ်နှစ်တွင် နောက်တစ်ဆင့် မူလဝိညာဥ်နယ်ပယ်သို့ တက်ရောက်ထားနိုင်သူ ဖြစ်၏။

ပျက်စီးနတ်ဘုရားအလိုတော်နှင့် ကပ်ဘေးမိစ္ဆာသွေးပညာရပ်ကြောင့် လနတ်သားနှင့် စစ်မင်းသမီးသည် တိုးတက်နှုန်းမြန်ဆန်ကာ ပျက်စီးအဆီအနှစ်နှင့် သွေးဗိမာန် အထောက်အပံ့ယူ၍ အစောပိုင်းအဆင့် ကောင်းကင်ခန်းဆောင် နယ်ပယ်သို့ တက်ရောက်နိုင်ခဲ့သည်။ လက်ရှိတွင် သူတို့က ယွမ်ရှောင်နှင့် ပေါင်းစပ်လိုက်သောအခါ ကုချင်ကန်ကို တစ်ယောက်ချင်းတိုက်ခိုက်သည်ထက် ပို၍ အကျိုးရှိပေလိမ့်မည်။ ထို့ကြောင့် သူသည် ငရဲကိုးထပ်၏ အစွမ်းထက် ကျင့်ကြံသူတစ်ယောက် ဖြစ်လာကာ လူသား၊ နတ်ဆိုးနှင့် မိစ္ဆာ ပေါင်းစပ်အသွင်က ကျင့်ကြံရန် ခဲယဥ်းသောကြောင့်သာမဟုတ်လျှင် အမြဲတမ်း ပေါင်းစပ်ထားပေလိမ့်မည်။

"မင်းက ငါ့နောက်လိုက်ကို သတ်ချင်တာလား"

မုတလုံ၏ ဒဏ်ရာများကြောင့် သူက ဒေါသတကြီး ဖြစ်နေသော အမည်ခံဓားအင်မော်တယ်ဟူ၍ အားကိုးခံနေရသောကြောင့် လက်အောက်ငယ်သားများကို ကာကွယ်ရပေလိမ့်မည်။ ထို့ကြောင့် သူက ကုချင်ကန်ကို အသေသတ်ရန် ဝှက်ဖဲထုတ်​ဖော်ကာ လုပ်ကြံသူများအား ကြီးကြီးမားမား ပေးဆပ်စေချင်ခဲ့သည်။ ကုချင်ကန်က အဆင့်တူဖြစ်နေလျှင် သူက ကြောက်စိတ်မရှိဘဲ ချက်ချင်းပြေးထွက်သွားကာ မိုးပြာရာ၊ သွေးနီရောင်နှင့် ငွေရောင်အလင်းတန်းများ ဖြာထွက်နေခဲ့လေသည်။

All Chapters