← Chapters

နတ်ဆိုးလော မိစ္ဆာလော

Vol. 27 Ch. 342

နတ်ဆိုးလော မိစ္ဆာလော

Vol. 27 Ch. 342

"လူမဟုတ် မိစ္ဆာမဟုတ် နတ်ဆိုးကောင်ကများ ဓားပညာကို ဘယ်လိုအသုံးချနိုင်မှာလဲ"

ကုချင်ကန်သည် အသက်ဖျက်ဓားဝိညာဥ်ကို တုန်ခါစေလိုက်သောအခါ ရွီးခနဲ မြည်သံထွက်ပေါ်လာကာ ယွမ်ရှောင်ထံ ချိန်ရွယ်ထားသည်။ တစ်ဖက်လူမှာ ကြမ်းကြုတ်သော မိစ္ဆာနှင့် နတ်ဘုရား၏ အသွင်မျိုးဖြစ်နေသော်လည်း ကုမျိုးနွယ်၏ သေမင်းဟု သတ်မှတ်ခံထားရသော သူမအဖို့ တိုက်ခိုက်ရပေလိမ့်မည်။ မူလတွင် အသက်ဖျက်ဓား၏ အဆင့်က ​မမြင့်မားသော်လည်း အဆောင်ဧကရာဇ်နှင့် လက်ထပ်ပြီးနောက် ရုန်းကျင့်ကြံသူများ၏ အရင်းအမြစ်ကို ဝါးမျိုကာ မီးအဆင့်ထိ ရောက်လာသောကြောင့် ကောင်းကင်သင်္ချိုင်းဓားဝိညာဥ်ပမာ ဝါးမျိုနိုင်စွမ်း ရှိနေ၏။ ကောင်းကင်ခန်းဆောင် နယ်ပယ် ချီများ ဖြန့်ထွက်လာကာ ဓားအော်ရာကိုးထောင်ကျော် တောက်ပနေပြီး ဓားတစ်ချက်ယမ်းလိုက်သောအခါ အပြာရောင် ကြာပန်းတစ်ပွင့် ထွက်ပေါ်လာသည်။

ဝိညာဥ်ဓားသိုင်း နီဗားနားကြာပန်းဓားကွက်

၎င်းသည် အခြားကုမျိုးနွယ်ဝင်များထက် ပို၍ အဆင့်အတန်းမြင့်မားပြီး ထိတွေ့မိသမျှ ကျောက်တုံးများ အမှုန့်ဖြစ်သွားကာ ယွမ်ရှောင်၏ ဦးခေါင်းထံ လွတ်လမ်းများ ပိတ်ဆို့ရင်း ခုတ်ချလိုက်သည်။ မုတလုံသည်လည်း ဤဓားကွက်အောက်တွင် အရှုံးပေးခဲ့ရပြီး ဓားဝိညာဥ်ပင် ပြိုကွဲလုနီးပါးဖြစ်ခဲ့ရသည်။ ယွမ်ရှောင်က အေးစက်စက်ပြုံးကာ ကောင်းကင်သင်္ချိုင်းဓားဖြင့် တူညီသော ဓားကွက်အား ထုတ်ဖော်လိုက်ရာ မိုးပြာရောင်ကြာပန်းသည် အရွယ်အစား သေးငယ်သော်လည်း ပိုမိုလှပနေသည်။

"ဝုန်း"

ထို့အပြင် ထောင်စောင့်နဂါးတံဆိပ်သည်လည်း သူ၏ သွေးကြောများအတွင်း ရုန်းများအဖြစ် ပျော်ဝင်ပေါင်းစပ်သွားကာ သွေးရောင်တောက်ပနေသော ခန္ဓာကိုယ်အထက်၌ ခရမ်းရောင်နဂါးများ ယှက်သန်းထွက်ပေါ်လာ၏။

မိစ္ဆာသွေးနှင်းဆီ

ဦးခေါင်းအနောက်မှ နီရဲသော နှင်းဆီပန်းတစ်ပွင့် ထွက်ပေါ်လာကာ ဓားချက်နှင့်အတူ ရှေ့တိုးသွားပြီး အနီရောင်နှင့် မိုးပြာရောင်၊ ဓားကွက်နှင့် သွေးပညာ၊ ကောင်းကင်သင်္ချိုင်းဓားနှင့် ထောင့်စောင့်နဂါးတံဆိပ် ပေါင်းစပ်မှုသည် တိကျစွာ ဖြစ်တည်လာ၏။ လှပသော်လည်း သေစေနိုင်သော ပန်းနှစ်ပွင့်၏ အလင်းတန်းအောက်တွင် ကုချင်ကန်၏ ဓားကွက်မှာ ဖျက်ဆီးခံလိုက်ရပြီး ဓားချင်း ထိပ်တိုက်ရင်ဆိုင်မိသောအခါ ဝုန်းခနဲ မြဘ်ဟီးသွား၏။ သူမက ချီစွမ်းအားအရာတွင် အသာစီးရထားသော်လည်း သိုင်းပညာနှင့် ရုပ်ခွန်အားတွင် နိမ့်ကျနေသောအခါ လက်ဖဝါးကွဲထွက်သွားပြီး ကြိုးပြတ်စွန်ပမာ လွင့်ထွက်သွားကာ အသက်ဖျက်ဓားပင် အက်ကြောင်းထင်လာခဲ့သည်။

"မကောင်းဆိုးဝါး"

ကုချင်ကန်မှာ မြေပြင်တွင် လေးငါးပတ်မျှ လိမ့်ထွက်သွားကာ ချပ်ကာများ အက်ကွဲ၍ သွေးများ ပန်းထွက်နေသည်။ ဆယ်ကျော်သက်အရွယ်ဖြင့် ဤမျှအစွမ်းထက်နေသောအခါ သူမဆိုလျှင်လည်း အင်မော်တယ်လူဝင်စားဟူ၍ ယုံကြည်မိပေလိမ့်မည်။

"သခင်လေးယွမ်ကို မျက်စိကန်းပြီး စော်ကားမိပါတယ်။ ကျေးဇူးပြုပြီး ကျွန်မနဲ့ ကပ်ဘေးတံဆိပ်ငရဲကို အခွင့်အရေးပေးလို့ ခစားခွင့် ပြုပါ"

သူမက ရုတ်တရက် ဒူးထောက်၍ ရိုသေလေးစားစွာ တောင်းဆိုလိုက်သော်လည်း ယွမ်ရှောင်မှာ ချဥ်းကပ်လာနေခဲ့သည်။

"မတ်တပ်ရပ်စမ်း။ ဒူးထောက်နေတဲ့ လူတစ်ယောက်ကို မသတ်ချင်ပေမယ့် ငါ့ကို သတ်ရအောင် မလုပ်နဲ့"

"ငရဲကိုးထပ်မှာ လူသားမျိုးနွယ်က အားနည်းပါတယ်။ ကျေးဇူးပြုပြီး ညှာတာပါ"

"မင်းအမေကြီးကို ညှာတာရမှာလား"

ယွမ်ရှောင်အနေဖြင့် တစ်ဖက်လူ၏ တောင်းပန်မှုကို လက်ခံလိုက်လျှင် အရူးတစ်ယောက်ဟု ကိုယ့်ကိုကိုယ် သတ်မှတ်ရပေလိမ့်မည်။ အကယ်၍ အဆောင်ဧကရာဇ်သာ ရောက်ရှိလာလျှင် ဤမိန်းမသည် ချက်ချင်း ဘက်ပြောင်းရန် ရွေးချယ်ပေလိမ့်မည်။ ယွမ်ရှောင်၏ ဓားက တုံ့ဆိုင်းခြင်း မရှိ ကျဆင်းလာသောအခါ မုတလုံမှာ နောက်ထပ် ဟန်ဆောင်မနေနိုင်ဘဲ ခုန်ထွက်၍ အသက်ဖျက်ဓားဖြင့် ဒေါသတကြီး တိုက်ခိုက်လာသည်။

ဝိညာဥ်ဓားပျံသိုင်း အရာအားလုံး၏ စတင်မှု

အမြစ်မဲ့မြက်၊ နီဗားနားကြာပန်းနှင့် ဤဓားကွက်သုံးခုသည် ကုမျိုးနွယ်၏ အစွမ်းထက် ဝိညာဥ်ဓားသိုင်း ဖြစ်ကာ ဓားပျံပေါ်တွင် ရပ်နေသော ကုချင်ကန်မှာ ဒေါသတကြီး ဖြစ်နေ၏။

"ဓားပျံသိုင်းကွက်လား"

ယွမ်ရှောင်သည် ရန်သူ၏ သိုင်းကွက်ကို ထပ်တူညီသော သိုင်းကွက်ဖြင့် ချေဖျက်ရသည်ကို စွဲလန်းနေပုံရသည်။ သူက ကောင်းကင်သင်္ချိုင်းဓားပျံအပေါ် ခုန်တက်ကာ ထိုဓားကွက်ကို ထုတ်ဖော်လိုက်သည့်အပြင် ကောင်းကင်၌ အဖြူရောင်စွမ်းအင်ဝဲ ဖြစ်တည်လာ၏။

ဝါးမျိုခြင်းနတ်ဘုရား

၎င်းက လနတ်သား၏ နတ်ဆိုးစွမ်းရည်ဖြစ်ကာ တဝီဝီလည်ပတ်နေသော ဝဲမှာ အရာရာကို ဝါးမျိုနိုင်သကဲ့သို့ ဓားပျံမှာလည်း ရပ်တန့်မရနိုင်ပေ။ ထို့အပြင် ပုံရိပ်ယောင်ပညာဖြင့် သေဆုံးသွားခဲ့သော ဖုတိနှင့် ဖုလုံရှန်း၏ ပုံရိပ်များ ဝဲဂယက်အတွင်း ထင်ဟပ်နေသည်။

"ဘုန်း"

အနည်းငယ်စိတ်လွတ်သွားသော ကုချင်ကန်မှာ ထိပ်တိုက်ရင်ဆိုင်မှုတွင် ဓားဝိညာဥ် ပျက်စီးသွားရပြီး ရင်ဘတ်ကို ထိုးစိုက်လာသည့် ကောင်းကင်သင်္ချိုင်းဓားပျံ ထိပ်ဖျား၌ ရုန်းကန်ရင်း ဒရွတ်တိုက်ပါသွားခဲ့သည်။ ခန္ဓာကိုယ် တစ်ခုလုံး ကြမ်းပြင်ရှိ ကျောက်စကျောက်နများနှင့် ပွတ်ဆွဲခံလိုက်ရသောကြောင့် နောက်ဆုံးတွင် ဦးခေါင်းသာ ကျန်ရစ်ခဲ့သည်။ သေဆုံးသွားသော ခေါင်းပြတ်တွင် မျက်လုံးများတွင် ကြောက်စိတ်များအပြည့်နှင့် အဆမတန် ပြူးကျယ်နေ၏။

"ငါ့ကို ရန်လာစချင်နေတဲ့ ရလဒ်ပဲ"

ယွမ်ရှောင်က ဓားပျံကို ပေါ့ပေါ့ပါးပါး သိမ်းဆည်း၍ မုတလုံကို လှည့်ကြည့်လိုက်သောအခါ တအံ့တသြဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေခဲ့သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်က အရိပ်သုံးခု ကွဲထွက်သွားကာ ဘယ်ဘက်မှ အရိပ်သည် လနတ်သားအဖြစ် အသွင်ပြောင်း၍ ညာဘက်မှ သွေးစက်သည် စစ်မင်းသမီးထံ ချက်ချင်း တိုးဝင်သွားရာ ဖြည်းဖြည်းချင်း ပြန်လည်နိုးထလာသည်။

"လျှို့ဝှက်ထား"

ယွမ်ရှောင်က သတိပေးလိုက်သောအခါ မုတလုံသည် အစာကောက်နေသော ကြက်တစ်ကောင်ပမာ ခေါင်းကို အဆက်မပြတ်ညိတ်လိုက်မိသည်။

"ပြန်သွားကြစို့"

သူက ကုချင်ကန်၏ ခေါင်းပြတ်ကို ကောက်ယူကာ လုပ်ကြံသူများအား သတိပေးရန် စဥ်းစားနေခဲ့သည်။ ထိုအချိန်တွင် လနတ်သားမှာ လျင်မြန်စွာ ထွက်ခွာသွားခဲ့ပြီး နိုးထလာသော စစ်မင်းသမီးမှာ နှုတ်ခမ်းဆူ၍ စောဒကတက်နေသည်။

"နောက်တစ်ခါကျရင် ကြိုသတိပေးလို့မရဘူးလား။ အရမ်းနာတယ်။ နင် ငါ့ကို မသေစေချင်ဘူးမလား"

သို့ရာတွင် ယွမ်ရှောင်၏ အကြည့်စူးစူးကြောင့် သူမက ပါးစပ်ပိတ်သွားကာ ဇက်ကလေးပု၍ အမှောင်အတွင်း ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။

"သခင်လေးယွမ် သူမကို ကောင်းကောင်းလေး ဆက်ဆံလို့မရဘူးလား။ မင်းတို့က လိုက်ဖက်တယ်"

အံ့သြနေသော မုတလုံက အကြံပေးလိုက်၏။

"ကျုပ်ရဲ့အစေခံက ကျုပ်နဲ့ လိုက်ဖက်တယ်လို့ မထင်ပါဘူး။ ဓားပျံပေါ် တက်လိုက်။ မင်းရဲ့ ဓားပျံက အက်ကြောင်းထင်နေတယ်။ ဓားအစောင့်အရှောက်နဲ့ တွေ့မှ ပြန်ပြီး ကုသခိုင်းလိုက်"

"ဟုတ်...ဟုတ်ကဲ့"

ယွမ်ရှောင်က ညွှန်ကြားလိုက်ပြီး တွန့်ဆုတ်နေသော မုတလုံကို ပွေ့ချီကာ ကောင်းကင်သင်္ချိုင်းဓားအပေါ် တင်၍ လျင်မြန်စွာ ထွက်ခွာလာခဲ့သည်။ သူမသည် ငယ်ရွယ်သော နေ့ရက်များကို ပြန်လည်သတိရနေပြီး လှမ်းမမီနိုင်သော အိပ်မက်ပမာ ခံစားနေရသည်။

"ကျေးဇူးတင်ပါတယ်"

"ဘာအတွက်လဲ"

"ငါ့ကို လှပတဲ့ အိပ်မက်တစ်ခု ဖန်ဆင်းပေးလို့"

"ကိစ္စမရှိပါဘူး။ ဓားအပျက်အစီးနယ်မြေက ကျုပ်အတွက် အရေးပါတယ်"

ယွမ်ရှောင်က အလင်းနန်းတော်မှ ထွက်ခွာလာပြီး ကံပင်လယ်နယ်ပယ် တိုက်ပွဲစင်မြင့်ထံ ရောက်သောအခါ ​မြေပြင်သို့ ဆင်းသက်လိုက်၏။ အလင်းနန်းတော်တွင် သူ လုပ်ကြံခံရသော သတင်းက ဓားကျင့်ကြံသူများကို အုတ်အော်သောင်းတင်းဖြစ်စေခဲ့ပြီး ဓားအစောင့်အရှောက်နှင့် ကြီးကြပ်သူများ ကယ်တင်ရန် ပြင်ဆင်နေစဥ် မုတလုံနှင့်အတူ လုံခြုံစွာ ထွက်ပေါ်လာသည်။

"ဘုတ်"

ထိုအချိန်တွက် ယွမ်ရှောင်က ခေါင်းပြတ်တစ်ခုကို တိုက်ပွဲစင်မြင့်အထက်သို့ ပစ်တင်လိုက်သောအခါ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ကုန်သည်။ ခေါင်းပြတ်မှာ ဆံပင်ရှည်ရှည် မိန်းမတစ်ယောက်ဖြစ်ကြောင်း သိနိုင်ပြီး မျက်နှာကို အစောပိုင်း၌ မမြင်နိုင်သော်လည်း လိမ့်နေရာမှ ရပ်တန့်သွားသောအခါ မျက်လုံးအပြူးသားနှင့် ကြောက်လန့်တကြား သေဆုံးခဲ့ရသည့် ကုချင်ကန် ဖြစ်နေခဲ့လေသည်။

All Chapters