အခန်း (၃၄၅)
Vol. 27 Ch. 345
ဖြစ်ရပ်အစမှ အဆုံးတိုင် ယွမ်ရှောင်သည် ခေါင်းပြတ်တစ်လုံးကိုသာ ပစ်တင်လိုက်ခြင်းဖြစ်သော်လည်း ကပ်ဘေးတံဆိပ်ငရဲနှင့် ရေနဂါးပင်လယ်၏ ထိပ်တန်းကျင့်ကြံသူနှစ်ယောက်နှင့် ကျင့်ကြံသူတစ်ထောင်ကျော်ကို သေဆုံးသွားစေခဲ့သည်။ နားခိုရာဂိုဏ်းသား လေးယောက်၏ တည်ရှိမှုသည် လက်ရှိတွင် ငရဲရှစ်ထပ်အပေါ် အရိပ်မည်းကြီးပမာ ဖုံးအုပ်နေ၍ ယွမ်ရှောင်သည် မိုကျန်းကျီကို တစ်ချက်ပြုံးပြကာ အလင်းနန်းတော်ထံ လှည့်ပြန်သွားခဲ့သည်။ ဓားအစောင့်အရှောက်က ကိုယ်တိုင်စောင့်ရှောက်ပေးချင်သော်လည်း သူက လက်ကာပြလိုက်သဖြင့် ခေါင်းဆောင်ဟု သတ်မှတ်ထားသောကြောင့် ခေါင်းညိတ်နောက်ဆုတ်သွားခဲ့သည်။
‘အဖေ သခင်လေးယွမ်က နားခိုရာဂိုဏ်း ဒီလောက်သန်မာပြီး ဝင်စွက်ဖက်လိမ့်မယ်လို့ ကြိုသိနေရတာလဲ။ တကယ်လို့ တစ်ခုခု မှားသွားရင် သမီးတို့အားလုံး သေသွားနိုင်တယ်’
မုတလုံသည် ရန်သူအရေအတွက်ကို စဉ်းစားမိသောအခါ ကြက်သီးများ ထနေဆဲပင်။
‘အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့။ သူ့လိုလူက ကွက်ကျော်မြင်တတ်တယ်။ အဆောင်ဧကရာဇ်နဲ့ မီးမိစ္ဆာပူးပေါင်းထားတာက ငရဲခြောက်ခု အင်အား ပါဝင်နေလို့ သူတို့က သေချာပေါက် ဝင်ပါရမယ်။ သခင်လေးယွမ်ရဲ့ စွမ်းအားကို ရန်သူတွေ ကြောက်လန့်နေကြပြီ။ တကယ်တမ်း တိုက်ခိုက်ရင် ဘယ်သူသေမယ်ဆိုတာ ပြောရခက်တယ်’
မုကျန်းတန်းက တစ်ချက်ပြုံး၍ ရှင်းပြလိုက်သည်။
‘နားခိုရာဂိုဏ်းက ဝင်ပါလာပေမယ့် ရန်သူတွေက ထိုင်ကြည့်နေမှာ မဟုတ်ဘူး။ သတိကြီးကြီးနေ၊ ဒီတစ်ခေါက်လွတ်မြောက်လာတာ ကံကောင်းလို့ပဲ’
‘သိပ်တော့မဆိုးပါဘူး။ သခင်လေးယွမ်က သူ့လူတွေကို သစ္စာရှိရင် ပစ်မထားဘူးဆိုတာ သိလိုက်ရတယ်’
‘သူ့ကို ဒီလောက်တောင် ယုံကြည်အားကိုးနေတာလား’
မုတလုံ၏ မျက်ဝန်းမှ နွေးထွေးမှုကြောင့် မုကျန်းတန်းမှာ ပြုံးလိုက်မိသည်။ ကောင်းကင်ခန်းဆောင်နယ်ပယ် ကုချင်ကန်ကို ယွမ်ရှောင် မည်သို့သတ်လိုက်ကြောင်း သိလိုသော်လည်း သမီးဖြစ်သူက လျှို့ဝှက်ချက်ဟုဆိုကာ မပြောခဲ့ပေ။ သို့သော် သူက ရုန်းကျင့်ကြံသူများထံ စိုက်ကြည့်ကာ မုတ်ဆိတ်ကို လက်ဖြင့် ပွတ်သပ်ရင်း ကျေနပ်နေပြီး စိတ်အနှောင့်အယှက် ပေးနိုင်လွန်းသော ကုချင်ကန်နှင့် ဖုလုလီဆိုသည့် မိန်းမနှစ်ယောက် အဆုံးသတ်သွားသောကြောင့်ပင်။ ဘိုးဘေးများက ယွမ်ရှောင်နောက်သို့ လိုက်ရန် ညွှန်ကြားခြင်းမှာ မထူးဆန်းတော့ပေ။
ထိုအချိန်တွင် ကံပင်လယ်နယ်ပယ်တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေကာ ရမှတ်အတွက် သတ်ဖြတ်နေကြပြီး အရှုံးပေးလိုက်သော ဓားကျင့်ကြံသူများမှအပ ကျန်ငရဲခုနစ်ထပ်မှာ ဘုရင်ခံရာထူးအတွက် သည်းကြီးမည်းကြီး ရင်ဆိုင်နေကြ၏။ အချိန်ကုန်လာသောအခါ တိုက်ပွဲပြီးဆုံးသူများသည် သက်ဆိုင်ရာ နန်းတော်များထံ အနားယူရန် ထွက်ခွာလာကြပြီး လုပ်ကြ့မျုများလည်း မရှိတော့ပေ။ ရှေးဟောင်းနတ်ဆိုးငရဲ၏ နန်းဆောင်အတွင်း လှပသော ဖီးနစ်ဧကရီသည် သလွန်ပေါ်တွင် ကျောမှီထားရင်း ငွေရောင်ဆံပင် လူငယ်တစ်ယောက်ကို ကလေးငယ်ပမာ ရင်ခွင်အတွင်း ထွေးပွေ့ထားသည်။ လနတ်သားမှာ ဤသို့သော အလှပဂေး ဧကရီတစ်ယောက်နှင့် ပျော်မွေ့ရခြင်းသည် ဘဝ၏ နိဗ္ဗာန်ပင်။
‘ကောင်ဆိုးလေး မင်းက တော်တော်ကောက်ကျစ်တာပဲ’
သူမက လနတ်သား၏ နားရွက်အနားကပ်ကာ တီးတိုးစနောက်လိုက်သည်။
‘အဆောင်ဧကရာဇ်က စဉ်းစားနေတုန်း မင်းးက အခြေအနေကို မီးရှို့လိုက်ပြီး ဖုလုလီနဲ့ ရေနဂါးဘုရင်ကို အဆုံးသတ်ပေးလိုက်တယ်။ ကံပင်လယ်နယ်ပယ် တစ်ထောင်ကျော်တောင် အဆစ်ပါသွားသေးတယ်’
‘နားလည်မှုလွဲနေတာပါ။ ကျုပ်က နားခိုရာဂိုဏ်းသားတွေ ဒီလောက်အစွမ်းထက်မယ်လို့ ဘယ်လိုလုပ်သိမှာလဲ။ ကျုပ်တောင် အရင်ဆုံးလှုပ်ရှားမိလို့ မဟုတ်ရင် အသတ်ခံလိုက်ရမှာပဲ’
သူက ခေါင်းယမ်း၍ ငြင်းချက်ထုတ်သည်။
‘ငါ့ရှေ့မှာ ဟန်ဆောင်မနေနဲ့။ ဝန်ခံလိုက်ရင် ကောင်းမယ်။ အချစ်ကလေး မင်းနဲ့ ယွမ်ရှောင်က နတ်ဆိုးတိုက်ကြီးက လာတယ်။ တစ်ကြိတ်တည်းတစ်ဉာဏ်တည်းဆိုတာ အသိသာကြီး’
သူမက မြေခွေးနားရွက်ကို ခပ်ဖွဖွ ဆွဲလိမ်၍ လေးနက်စွာ ပြောလိုက်သဖြင့် သူ့ကို မင်သက်သွားစေသော်လည်း ခဏအတွင်း အခြေအနေကို ပြောင်းလဲရန် အတွေးပေါ်လာ၏။
‘ဟုတ်ပါတယ်။ အမကြီးက တော်တော် ဉာဏ်ရည်ထက်မြက်တာပဲ’
‘မြေခွေးတစ်ကောင်က ကောက်ကျစ်တာ ပုံမှန်ပါပဲ။ အခု ပွင့်ပွင့်လင်းလင်းပြောစမ်း။ ရှေးဟောင်းနတ်ဆိုးငရဲက ယွမ်ရှောင်ကို ကာကွယ်ပေးစေချင်တာလား။ ကောင်ဆိုးလေး နတ်ဆိုးနဲ့ ဓားကျင့်ကြံသူဆိုတာ ရန်သူပဲ’
သူမက စိုက်ကြည့်၍ မေးခွန်းထုတ်လိုက်ခြင်း ဖြစ်သည်။
‘ကျုပ်သိပါတယ်’
‘ဒါဆိုရင် ဒီရန်ကြွေးက ဘယ်လိုလုပ် ဖြေရှင်းနိုင်မှာလဲ။ ငါတို့က ရန်သူကို ကာကွယ်ပေးပြီး သူ သန်မာလာရင် အသတ်ခံရဖို့ ထိုင်စောင့်နေရမှာလား။ မြေခွေးလေး ငါ မင်းကို ချစ်တယ်။ ဒီစကားမျိုးပြောတာ တခြားတယောက်ဆိုရင် ချက်ချင်း ခေါင်းဖြတ်လိုက်ပြီ’
ဖီးနစ်ဧကရီက သက်ပြင်းချ၍ ရှင်းပြလိုက်သည်။
‘ဒါဆိုရင် သူ့ကို တားနိုင်မယ်ထင်လို့လား’
ထိုမေးခွန်းကြောင့် တစ်ဖက်လူ တိတ်ဆိတ်သွားသောအခါ လနတ်သားက ဆက်ပြောလိုက်သည်။ လုပ်ကြံမှုမတိုင်ခင်ဆိုလျှင် သူမအနေဖြင့် ကြိုးစားကြည့်ရဲသော်လည်း လက်ရှိအချိန်တွင် ပစ်မှတ်မှာ ခန့်မှန်းရခက်လွန်းကြောင်း သူမ လက်ခံကာ ခေါင်းတခါခါ ဖြစ်နေသည်။
‘ဒါဆိုရင် သူ့ကို မတားနိုင်မှတော့ ပူးပေါင်းလိုက်ရင် အနည်းဆုံး အသက်ရှင်နိုင်လိမ့်မယ်။ ဓားးကျင့်ကြံသူတွေ မြင့်တက်လာရင် ဖျက်ဆီးခံရမှာက ရေနဂါးပင်လယ်ပဲ’
‘ဒါက ဆုံးဖြတ်ဖို့ ခက်လွန်းတယ်’
‘ဒါက အမှန်တရားပဲ’
‘မင်းက နတ်ဆိုးပါရမီရှင်ဖြစ်ပြီး သူ့အတွက် အလုပ်လုပ်နေတာပေါ့’
‘ကျုပ်ကို လက်ခံမိလို့ နောင်တရနေပြီလား’
‘နှစ်ပေါင်းများစွာကြာမှ မင်းလို အရည်အချင်းရှိသူကို တွေ့ရတာ၊ မင်းက ငါ လိုအပ်သူဖြစ်လို့ နောင်တမရဘူး။ ဒါပေမယ့် နတ်ဆိုးမျိုးနွယ်က လူသားတစ်ယောက်ရဲ့ လက်အောက်ခံဖြစ်ဖို့ မလွယ်ဘူး’
သူမက အတွေးနက်နေရင်း သက်ပြင်းအခါခါ ချနေသည်။
‘မစိုးရိမ်ပါနဲ့။ ကျုပ်တို့က အတူတူပါပဲ။ ငရဲကိုးထပ်က ကျုပ်နဲ့သူအတွက် ပန်းတိုင်ပဲ။ နေမင်းငရဲနဲ့ ကပ်ဘေးတံဆိပ်ငရဲကိုသာ ရန်သူအစစ်လို့ သတ်မှတ်ထားတယ်’
လနတ်သားက တစ်ချက်ပြုံး၍ နှစ်သိမ့်သည်။
‘မင်းတို့နှစ်ယောက်ကြားမှာ ထူးထူးဆန်းဆန်း အပေါ်ထပ် အောက်ထပ် ဆက်ဆံရေးမျိုး ရှိနေလား’
သူမက မျက်မှောင်ကြုတ်၍ စဉ်းစားရခက်နေဟန်ဖြင့် မေးလိုက်ရာ သူ့ကို ကြောင်အသွားစေသည်။ သူမ၏အမြင်တွင် လနတ်သားသည် မိန်းကလေးတစ်ယောက်ပမာ လှပ၍ သံသယဝင်နေခြင်းဖြစ်သည်။
‘လျှောက်ပြောမနေနဲ့။ ဒီမဟာမိတ်ကို လက်ခံတယ်ဆိုရင် ငွေကြေးထောက်ပံ့ရမယ်။ မိတ်ဆွေဖွဲ့တာ အကုန်အကျများတယ်။ ငရဲကိုးထပ်ကို သိမ်းပိုက်တဲ့နေရာမှာ နောက်မကျန်ခဲ့ချင်ရင် အင်မော်တယ်ကျောက်စိမ်း သန်းတစ်ရာ ရင်းနှီးရမယ်’
ကျင့်ကြံရေးအရင်းအမြစ်များသာမက ငွေပါ ညှစ်ထုတ်နေသောကြောင့် ဖီးနစ်ဧကရီ ခေါင်းကိုက်နေသည်။
‘ဒါက ဘယ်လောက်များလဲဆိုတာရော သိရဲ့လား’
‘သိတယ်။ ဒီလောက်ထုတ်ပေးနိုင်မှာကလည်း အမကြီးတစ်ယောက်တည်း ရှိတယ်။ ခင်ဗျား မပေးရင် ထွက်ပြေးပြီး နောက်ထပ် သကြားမေမေတစ်ယောက်သွားရှာလိုက်မယ်။ နှုတ်ဆက်ပါတယ်’
လနတ်သားက ပြောပြောဆိုဆို ထရပ်လိုက်သောကြောင့် ဖီးနစ်ဧကရီမှာ တားမြစ်၍ စိုက်ကြည့်ကာ အမိန့်ပေးလာသည်။
‘အင်မော်တယ်ကျောက်စိမ်း သန်းတစ်ရာ ပေးရတာနဲ့ ထိုက်တန်အောင် ပြုစုပေး’
ထိုစကားကြောင့် လနတ်သားသည် ပါးစပ်အဟောင်းသားဖြစ်သွားကာ မူလကိုယ်အတွက် ခန္ဓာကိုယ်နှင့်ရင်းကာ ငွေရှာရပေတော့မည်။