← Chapters

သွေးကျိန်စာ

Vol. 27 Ch. 347

သွေးကျိန်စာ

Vol. 27 Ch. 347

မီးမိစ္ဆာ၏ တောင်းဆိုချက်သည် ကျင့်ကြံသူနှစ်ရာကျော်ကို အတွေးနက်သွားစေကာ ပြောင်းလဲမှုအများဆုံးသည် ယင်မိစ္ဆာများ ဖြစ်ကြ၏။ သွေးပညာရပ်ကို ကျင့်ကြံသော မိစ္ဆာများအနေဖြင့် သွေးအဆီအနှစ် ဆုံးရှုံးလိုက်ရရလျှင် ကျင့်ကြံရေး ထိခိုက်ရုံသာမက ဒဏ်ရာကြီးကြီးမားမားပင် ရနိုင်ချေရှိသည်။ လူသားများနှင့် နတ်ဆိုးများသည်လည်း အနည်းနှင့်အများ ထိခိုက်နိုင်ပြီး လူတိုင်း မျက်မှောင်ကြုတ်၍ ဖြေရှင်းချက် တောင်းလိုနေပုံပေါ်သည်။

"ဒီအခြေအနေရောက်မှတော့ ယွမ်ရှောင်ကို ရဲရဲတင်းတင်း မတိုက်ခိုက်ဘူးဆိုရင် အခွင့်အရေးရှိမှာ မဟုတ်ဘူး"

မီးမိစ္ဆာက စကားစလိုက်သောအခါ ဖီးနစ်ဧကရီအနောက်တွင် ရပ်နေသော လနတ်သားမှာ စူးစမ်းလိုစိတ်ဖြင့် နားစွင့်နေသည်။ သူက နေမင်းငရဲ၏ သွေးကျိန်စာအကြောင်း ထုတ်ပြောလိုက်သောအခါ အများစုသည် မကြားဖူးသော်လည်း ဝိညာဥ်ရော အသက်အားပါ ညှိုးခြောက်သွားစေသည့် ကျိန်စာဖြစ်ကြောင်း ယင်မိစ္ဆာဘုရင်မှ ရှင်းပြလာခဲ့သည်။

"ဒါက အချိန်ကြောင့် ပျောက်ဆုံးသွားတဲ့ အစွမ်းထက် တိုက်ကွက်ပဲ။ မကြာသေးခင်က ငါဟာ ကံကောင်းပြီး ရှေးဟောင်းဂူသင်္ချိုင်းထဲမှာ ရှာတွေ့ခဲ့တယ်"

"ဒါက ပျောက်ကွယ်သွားတာ မဟုတ်ဘူး။ ရက်စက်ကြမ်းကြုတ်လွန်းလို့ ဘိုးဘေးတွေက တားမြစ်ပိတ်ပင်ခဲ့တာဖြစ်တယ်"

"လာနောက်မနေနဲ့။ ငရဲကိုးထပ်အတွက် ရန်သူကို အဝေးက သတ်ဖြတ်နိုင်တဲ့ တိုက်ကွက်မျိုးက ရက်စက်ကြမ်းကြုတ်တာ မဟုတ်ဘူး။ ကြီးကျယ်ခမ်းနားတာကွ"

ယင်မိစ္ဆာဘုရင်က အမှန်တရားကို ထောက်ပြလိုက်သော်လည်း မီးမိစ္ဆာက ချက်ချင်း တုံ့ပြန်၍ လက်မခံခဲ့ပေ။

"တာအိုဂါထာတွေက ဆိုးတာကောင်းတာ မရှိဘူး။ အကျိုးသက်ရောက်ဖို့သာ လိုအပ်တယ်"

ထောင့်တစ်နေရာတွင် ရပ်နေသော အဆောင်ဧကရာဇ်က အေးစက်စက် ပြောလိုက်ခြင်း ဖြစ်သည်။ ရေနဂါးပင်လယ်၏ အုပ်ချုပ်သူအသစ် အောင်းယွမ်က ပါဝင်မည်ဟု ကတိပြုကာ ချက်ချင်း ရှေ့ထွက်လာကာ ဖားယားလိုက်သည်။ ယခင်လုပ်ကြံမှုတွင် ရယူခဲ့သော ယွမ်ရှောင်၏ ဆံပင်တစ်ချောင်းကို မီးမိစ္ဆာက ထုတ်ပြ၍ ကျိန်စာပစ္စည်းအဖြစ် အသုံးချနိုင်ကြောင်း ကြေညာလိုက်သည်။ သွေးကျိန်စာကို သွေးအဆီအနှစ်ဖြင့် အသက်သွင်း၍ ဆံပင်ကို ကျိန်စာတိုက်လျှင် ပစ်မှတ်မှာ သဲလွန်စမရှိ စွမ်းအင်များ ခြောက်ကပ်၍ သေဆုံးရပေလိမ့်မည်။ ဤကြောက်မက်ဖွယ်ကျိန်စာသည် လူတိုင်းကို ကျောစိမ့်သွားစေပြီး ငရဲကိုးထပ်၏ ဘိုးဘေးများ ပိတ်ပင်တားမြစ်ခဲ့ခြင်းမှာ အဆန်းမဟုတ်ပေ။ အကယ်၍ ပစ်မှတ်က ယွမ်ရှောင်ဖြစ်မနေခဲ့လျှင် ကိုယ့်လုံခြုံရေးအတွက် နေမင်းငရဲကို ဝိုင်းဝန်းတိုက်ခိုက်မိကြပေလိမ့်မည်။

"မင်းတို့အားလုံးက ငရဲကိုးထပ်အတွက် လေးနက်တဲ့ တာဝန်ကို လက်ခံထားရတယ်။ သွေးအဆီအနှစ် ပေါင်းထည့်တာများလေလေ သွေးကျိန်စာက အစွမ်းထက်လေလေ ဖြစ်လို့ ငါတို့အားလုံးပူးပေါင်းလိုက်ရင် အသက်တစ်ထောင်ပိုင်ဆိုင်ထားတာတောင်မှ ပြေးမလွတ်စေရဘူး"

မီးမိစ္ဆာက အားလုံးကို တစ်ချက်ဝေ့ကြည့်ပြီး ကြုံးဝါးလိုက်သည်နှင့်တပြိုင်နက် အဆောင်ဧကရာဇ်လည်း ဘေးသို့ ရောက်ရှိလာခဲ့သည်။ ထိုလူမှာ အချိန်အနည်းငယ်အတွင်း ပိုမိုအိုစာသွားပုံပေါ်ကာ ကြီးကျယ်ခမ်းနားသော အရှိန်အဝါအစား ကောက်ကျစ်ယုတ်မာသော အရှိန်အဝါ ထွက်ပေါ်နေသည်။

"ယွမ်ရှောင် သေရမယ်။ ဒီသွေးကျိန်စာက ငရဲကိုးထပ်ရဲ့ ရန်သူကို သတ်ပစ်ဖို့ တိကျသေချာတဲ့ အစီအစဥ်ပဲ။ ဘယ်သူ ကန့်ကွက်ချင်သေးလဲ"

သူက ကိုယ်ရေးကိုယ်တာအတွက် လက်စားချေလိုသော်လည်း ငရဲကိုးထပ်ကောင်းကျိုးဟု အသံကောင်းဟစ်နေသည်။ ရုန်းကျင့်ကြံသူများနှင့် ယန်မိစ္ဆာများက ချက်ချင်း သဘောတူထောက်ခံခဲ့ကြပြီး ရောက်ရှိနေသူအားလုံး၏ အရေအတွက်သုံးပုံတစ်ပုံ ဖြစ်သည်။

"ရန်သူကို ဒီလိုလျင်လျင်မြန်မြန် သတ်ပစ်နိုင်မယ်ဆိုရင် ဒါက ငါတို့အားလုံးရဲ့ တာဝန်ပဲ"

နတ်ဆိုးဖြူ၏ ထောက်ခံမှုဖြင့် တမလွန်နတ်ဆိုးများပါ ဝင်ရောက်လာကာ ကောင်းကင်ခန်းဆောင် နယ်ပယ် ကျင့်ကြံသူ စုစုပေါင်း အရေအတွက် တစ်ရာ့နှစ်ဆယ်ကျော်လာ၏။

"ရေနဂါးပင်လယ်ကလည်း သေရမယ်ဆိုရင်တောင် ပူးပေါင်းမယ်"

အောင်းယွမ်က လက်ကျန်ငရဲများ၏ အုပ်စိုးသူများကို အေးစက်စက် စိုက်ကြည့်ရင်း ကြေညာလိုက်သောအခါ ယင်မိစ္ဆာ၊ ရေသူနတ်ဆိုးများနှင့် ကုန်းနတ်ဆိုးများသာ ကျန်ရစ်ခဲ့၏။ မျက်လုံးတိုင်းက ရေသူမဘုရင်၊ ဖီးနစ်ဧကရီနှင့် ယင်မိစ္ဆာဘုရင်ထံ ကျရောက်လာစဥ် မီးမိစ္ဆာက ဖိအားပေးရန် ပစ်မှတ်တစ်ခု ရွေးချယ်လိုက်သည်။ အားအနည်းဆုံး ရေသူမဘုရင်ဖြစ်နေပြီး သူမသည် အနုပညာလက်ရာတစ်ခုပမာ လှပပြီး အရောင်သုံးမျိုး ငါးအမြှီးသည် တဖြတ်ဖြတ် လင်းလက်တောက်ပ၍ ရေချီများ စိမ့်ထွက်နေသည်။

"ရေသူပင်လယ်က ငါတို့ကြားမှာ အားအနည်းဆုံးလို့ ထင်ရတယ်။ သူတို့ကို ဒီမဟာမိတ်မှာ အရေးမပါဘူးလို့ ထင်နေကြပေမယ့် ငါနဲ့ အဆောင်ဧကရာဇ် တိုင်ပင်ပြီး ရှေ့တန်းမှာ နေရာပေးချင်တယ်။ သွေးကျိန်စာအတွက် ပထမဆုံး သွေးအဆီအနှစ်ထုတ်ပေးရင် ယွမ်ရှောင်ဆိုတဲ့ ရန်သူကို သတ်ပစ်တဲ့နေရာမှာ အရေးအပါဆုံး ဖြစ်လာလိမ့်မယ်။ ဘယ်သူမှ မင်းတို့ကို အားနည်းတယ်ဆိုပြီး အထင်သေးရဲမှာ မဟုတ်တော့ဘူး"

မီးမိစ္ဆာက ရွံစရာကောင်းအောင် ပြုံးပြပြီး ခြိမ်းခြောက်စကားဆိုလာသောအခါ ရေသူနတ်ဆိုးများသည် လက်ခံလိုက်ရန် ဘုရင်မကို အချက်ပြနေကြသည်။

"ပြင်ပအန္တရာယ်ကျရောက်လာရင် ငရဲကိုးထပ်က စည်းလုံးရမယ်။ ဘယ်သူမှ ကြားနေမလုပ်ရဘူး။ မင်းရဲ့ ဆုံးဖြတ်ချက်က ရေသူပင်လယ် အနာဂတ်အတွက် အရေးကြီးပြီး လှောင်ပြောင်စကားတွေ တိတ်ဆိတ်သွားစေလိမ့်မယ်"

အဆောင်ဧကရာဇ်သည်လည်း ဝင်ရောက်ဖိအားပေးလာပြီး စကားလုံးများမှာ သံရည်ပူပမာ နားဝင်ဆိုးလှ၏။ မီးမိစ္ဆာ၏ လက်ဝါးအတွင်း ရှိနေသော ဆံပင်အပေါ်တွင် မီးတောက်တစ်ခု တောက်လောင်လာ၍ ရွံရှာစက်ဆုပ်ဖွယ် အရှိန်အဝါတစ်ခု ပြန့်ထွက်လာသည်။

"သွေးကျိန်စာက ငါတို့အားလုံးကို စည်းလုံးစေလိမ့်မယ်။ ထွက်ပြေးချင်တဲ့ဘယ်သူမဆို ရန်သူလို့ သတ်မှတ်ခံရပြီး မျိုးဆက်တစ်ခုလုံး အပြစ်ပေးခံရမယ်။ လာစမ်းပါ ကျူးကျော်သူတစ်ယောက်ကို သတ်ဖို့ ရှေ့တန်းက ဦးဆောင်လိုက်စမ်းပါ။ ယွမ်ရှောင်သေသွားရင် ဓားကျင့်ကြံသူတွေလည်း ရေသူပင်လယ်ကို ကြောက်လန့်သွားလိမ့်မယ်"

"မီးမိစ္ဆာ သွေးကျိန်စာက ရက်စက်ကြမ်းကြုတ်ပြီး ငရဲကိုးထပ်ရဲ့ ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်တယ်လို့ ဘိုးဘေးတွေ မှာကြားခဲ့တယ်"

"မှန်တယ်။ အခု ငါ တစ်ခါတည်း ကြေညာလိုက်မယ်။ ယွမ်ရှောင်ကို သတ်ပြီးရင် ငါက ဒီကျိန်စာကို ချိတ်ပိတ်ပီး နောက်တစ်ကြိမ်အသုံးပြုခဲ့ရင် နေမင်းငရဲကို ငရဲကိုးထပ်လုံး ဝိုင်းဝန်း တိုက်ခိုက်နိုင်ပါတယ်"

မီးမိစ္ဆာက ရင်ဘတ်ကို တဘုန်းဘုန်း ထုနှက်၍ အာမခံလိုက်သောအခါ လူတိုင်းကို စိတ်အေးသွားစေပြီး ရေသူမဘုရင်ကို ထပ်မံ ဖိအားပေးနေပြန်သည်။

"အခုရော ဘာတွေ သံသဝင်စရာ ရှိသေးလဲ။ ငါကညမင်းကို အခွင့်အရေးတစ်ခု ပေးနေတာနော်"

တိတ်ဆိတ်နေသော ရေသူမဘုရင်နှင့် ရေသူနတ်ဆိုးများထံ သတ်ဖြတ်လိုစိတ်များ ကျရောက်လာကာ တရားခံမှာ အဆောင်ဧကရာဇ်နှင့် မီးမိစ္ဆာဖြစ်၏။

"အားနာပါတယ်။ မင်းတို့က ယွမ်ရှောင်ကို သတ်နိုင်မယ်လို့ ငါ မထင်ဘူး"

သို့ရာတွင် ဒေါသကို မျိုသိပ်ထားရသော ရေသူမဘုရင်သည် ငယ်သားများကို တစ်ချက်ကြည့်ကာ အံကြိတ်၍ ငြင်းဆန်လိုက်သဖြင့် တိတ်ဆိတ်ကုန်သည်။

"ဘာသဘောလဲ"

မီးမိစ္ဆာ၏ မျက်လုံးအတွင်း မီးတောင်ပေါက်ကွဲနေသကဲ့သို့ ဒေါသမီးတောက်များ တောက်လောင်နေသည်။

"ရေသူပင်လယ်က ဒီအကြံကနေ နုတ်ထွက်တယ်။ မင်းတို့ ကြိုက်သလိုသာလုပ်"

သွေးကျိန်စာသည် လှည့်ပြန်မရသော လမ်းပိတ်တစ်ခုဖြစ်ကာ ရေသူပင်လယ် ဝင်ရောက်ပတ်သတ်မိလျှင် ပျက်စီးနိုင်ချေရှိကြောင်း သူမ၏ မသိစိတ်တွင် ခံစားနေရသည်။ ရေသူပင်လယ်က ငရဲကိုးထပ်တွင် အောက်ဆုံးအဆင့်ဖြစ်သော်လည်း တိတ်တဆိတ် ငြိမ်းချမ်းစွာ နေထိုင်တတ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ရန်စခြင်း မရှိပေ။ မျက်မြင်ကိုယ်တွေ့ကြုံရသော အရာများကိုသာ ယူံကြည်ပြီး ခက်ခဲကြမ်းတမ်းသော လမ်းများကို မသိစိတ်အရ ရှောင်ရှားတတ်ကြသည်။

"ဦးနှောက်မရှိတဲ့ ငါးတွေ ဒီလောက်သေချင်နေမယ်လို့ မထင်ထားဘူး"

အဆောင်ဧကရာဇ်က အေးစက်စက် ရေရွတ်လိုက်ပြီး သူ၏ သြဇာအာဏာကို လူပုံအလယ် ဆန့်ကျင်နေသောကြောင့် လက်မခံနိုင်ခဲ့ပေ။

"ဒီကိစ္စက ရေသူမဘုရင် တစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်ထင်တယ်။ ရေသူနတ်ဆိုးတွေက ငါတို့ရဲ့ စေတနာကို နားလည်မှာပါ။ ဒီကောင်မရဲ့ မိုက်မဲမှုအတွက် ခေါင်းမခံချင်ကြနဲ့။ ဘေးဖယ်နေကြ"

"ဝင်မပါကြနဲ့"

မီးမိစ္ဆာက ပေါ်တင် သတိပေးလိုက်သကဲ့သို့ ရေသူမဘုရင်သည်လည်း ကာကွယ်ရန် ပြင်ဆင်နေသော ငယ်သားများကို လက်ကာပြလိုက်၏။

"ငါ့ကို တစ်ယောက်တည်း တိုက်ခိုက်ချင်တာလား။ ခေါင်းထဲ ရေဝင်ပြီး ဦးနှောက်ပျက်သွားပြီ ထင်တယ်"

မီးမိစ္ဆာက နှာခေါင်းရှုံ့၍ ကဲ့ရဲ့လိုက်သော်လည်း ရေသူမဘုရင်သည် တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။

"ယွမ်ရှောင်ကို သတ်ဖို့ ကြံစည်နေတာ အကြောင်းမဲ့လွန်းတယ်။ ငါ့ကို သတ်လိုက်ရင်တောင် ယန်မိစ္ဆာတွေ မျိုးတုံးကုန်မှာ သေချာတယ်"

ထိုစကားကြောင့် မျက်နှာပျက်သွားသော မီးမိစ္ဆာသည် သွေးကျိန်စာကို သိမ်းဆည်းကာ နဂါးတံဆိပ်ကို ထုတ်ဖော်၍ ရေသူမဘုရင်ထံ တိုးဝင်သွား၏။

"ဘေးဖယ်ကြ"

ကောင်းကင်ခန်းဆောင် နယ်ပယ် ကျင့်ကြံသူများမှာ ဘေးလွတ်ရာသို့ အလောတကြီး နောက်ဆုတ်သွားကြပြီး သက်ဆိုင်ရာ ကာကွယ်ရေးမျိုးစုံ ထုတ်ဖော်လိုက်ကြ၏။

"ထွက်ပြေးဖို့ ကြံရင် ငါကိုယ်တိုင် သတ်ပစ်မယ်"

သွေးကျိန်စာ မဖြစ်မြောက်မည်ကို စိုးရိမ်နေသော အဆောင်ဧကရာဇ်သည် ဝင်ပေါက်ကို ပိတ်ဆို့ကာ ကျင့်ကြံသူတိုင်းအား အေးစက်စက် သတိပေးလိုက်လေသည်။

All Chapters