ကံကြမ္မာ ပြောင်းလဲခြင်း
Vol. 116 Ch. 1612
ကျိုးမေလင်း၏ အတွေးစိတ် တစ်ခုလုံးမျာ သရဖူ အပိုင်းအစ၏ တန်ဖိုးများနှင့်သာ ထုံလွှမ်းနေ၏။ အခြေအနေအား မည်ကဲ့သို့ ချဉ်းကပ်ရမည်ကို သူမ အလျှင်အမြန်ပင် တွက်ချက် နေခဲ့သည်။ ပြိုင်ပွဲတွင် အလွှာပေါင်း များစွာ ရှိသည်။ ၎င်းက အစိတ်အပိုင်း ခုနစ်ခု စလုံးကို ရယူကာ ရွေးချယ်ခံ ဧကရာဇ် ဖြစ်လာခြင်း သက်သက် မဟုတ်ပါချေ။ အစိတ်အပိုင်း တစ်ခုချင်းစီမှာ ကျင့်ကြံခြင်းကို နည်းလမ်း ပေါင်းစုံဖြင့် အကူအညီ ပေးနိုင်သည့် မယုံကြည်နိုင်လောက်စရာ စွမ်းအင်များကို ပိုင်ဆိုင်ထားသည်။
၎င်းတို့ တစ်ခုချင်းစီမှာ ကောင်းကင် ရတနာများ ဖြစ်ကြသည်။
ဥပမာအားဖြင့် ကြီးထွားခြင်း အပိုင်းအစမှာ မည်သည့် စွမ်းအင်များကို မဆို ကြီးထွားစေနိုင်စွမ်း ရှိသည်။ ယီယွင်မှာ ၎င်းကို အသုံးပြုကာ ကြယ်မျိုးစေ့ကို ချဲ့ထွင်ရင်း ပိုမို ကြီးမားသည့် လောကချည်နှောင် ကြယ်တာရာ နယ်မြေ တစ်ခု ဖြစ်လာစေရန် အသုံးပြုနေခြင်း ဖြစ်သည်။
အလားတူပင် ထုတ်ယူခြင်း အပိုင်းအစမှာလည်း လူတစ်ဦး၏ ကိုယ်ခန္ဓာနှင့် ကျင့်ကြံမှုအခြေခံတို့မှ အညစ်အကြေးများအားလုံးကို ဖယ်ရှားပေးနိုင်ကာ မည်သည့် ရင်းမြစ်မှ မဆို စွမ်းအင်နှင့် အနှစ်သာရများ၏ အသန့်စင်ဆုံး၊ အနူးညံ့ဆုံး ပုံစံကို ထုတ်ယူနိုင်သည်။ ၎င်းကို မှန်ကန်စွာ အသုံးပြုပါက တန်ဖိုးမှာ အဆုံးမရှိလှပေ။
အသုံးအများဆုံးမှာ လျှို့ဝှက်မြေကြီး အဆင့် အဂ္ဂိရတ် ထုတ်ကုန်များမှ အညစ်အကြေးများကို ထုတ်ယူခြင်းဖြစ်ပြီး မသန့်စင်သည့် အဂ္ဂိရတ် ထုတ်ကုန်ကို တစ်ရက်အတွင်း အထွတ်အထိပ် အရည်အသွေးအဖြစ် ပြောင်းလဲပေးနိုင်သည်။
ပြောင်းလဲခြင်း ရှုထောင့်ကတော့ သေမျိုးအဆင့် အဂ္ဂိရတ် ထုတ်ကုန်တစ်ခုကို အဆင့်မြင့် အရည်အသွေး ထုတ်ကုန်အဖြစ် ပြောင်းလဲပေးနိုင်သည်။
သရဖူ၏ အပိုင်းအစတိုင်းမှာ မယုံကြည်နိုင်စရာ ကောင်းသည့် အကျိုးသက်ရောက်မှုများကို ပိုင်ဆိုင်ထားကြကာ မှန်ကန်စွာ အသုံးပြုနိုင်ပါက တိုက်ပွဲတွင်ပင် အလွန် အသုံးဝင်သည်။
ထို့ကြောင့် ကျိုးမေလင်း လောဘတက်မည် ဆိုပါကလည်း တက်လောက်စရာပင် ဖြစ်သည်။ ပြိုင်ပွဲဝင်လာသည့် ရွေးချယ်ခံအများစု၏ ပန်းတိုင်မှာ ရွေးချယ်ခံ ဧကရာဇ် ဖြစ်လာရန် မဟုတ်ဘဲ သရဖူ၏ အပိုင်းအစ တစ်ခုကို ရယူရန်ဖြစ်သည်။ သို့သော်လည်း သူတို့ လက်ထဲတွင် မည်မျှ ကြာကြာ ထားနိုင်မည်နည်း။
“မင်း ကောင်းမွန်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ပါစေ.... ကျိုး... မေ... လင်း”
ချင်ယန်ကျဲက သူ၏ နှလုံးသားထဲမှ နောက်ဆုံးသော စကားကို ဆိုလိုက်၏။ ၎င်းတို့မှာ တော်ရုံတန်ရုံလူ တစ်ယောက်ကို မျက်ရည်ကျစေနိုင်သော်လည်း ကျိုးမေလင်းကတော့ ဘာမှ မကြားလိုက်ပါချေ။ သူမနှင့် လျူကျိယွမ်တို့၏ ဆက်ဆံရေးအား သိရှိထားလျှက်နှင့် နွားကျခဲ့ကြောင်း ချင်ယန်ကျဲ ဖော်ထုတ်လိုက်သည့် အခိုက်အတန့်တွင် သူ့အပေါ် နောက်ဆုံး ကျန်ရှိနေသေးသည့် သူမ၏ လေးစားမှုများမှာ ဆုံးရှုံးသွားခဲ့ပြီး ဖြစ်သည်။ သူ ယခုလို စောစော သေဆုံးသွားခြင်းက အကောင်းဆုံး ဖြစ်ပေသ်ည။
ချင်ယန်ကျဲမှာ သူ၏ နောက်ဆုံးသော ထွက်သက်ကို ရှူထုတ်လိုက်၏။ ရေဓာတ်ခမ်းခြောက်နေသည့် သူ၏ မျက်နှာထက်တွင်တော့ မှေးမှိန်သည့် အပြုံးတစ်ခု ရှိနေခဲ့သည်။ ကျိုးမေလင်း မည်ကဲ့သို့ သဘောထားထား... သူ၏ ထိုအပြုံးကတော့ ရိုးသားပေသည်။
အပြင်ဘက်တွင်တော့ တိုက်တန်မှာ ကောင်းကင်မျိုးနွယ်၏ လက်ထဲမှ အပိုင်းအစကို ဖြုတ်ယူလိုက်၏။ အဝါရောင် အကာအကွယ် အတွင်းရှိ ကျင့်ကြံသူ နှစ်ယောက်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် သူ လျှို့ဝှက် အော်ရာကို ထုတ်လွှတ်ကာ ပျံသန်း သွားခဲ့သည်။
ကျိုးမေလင်းမှာ လက်သီးကို တင်းတင်းဆုပ်ကာ တိုက်တန်မျိုးနွယ် ပျောက်ကွယ်သွားသည်ကိုသာ ကြည့်နေနိုင်ခဲ့၏။
ဝှစ်...
အချိန်အတော်ကြာမြင့်ပြီးနောက် အာကာသ အတွင်း၌ လှိုင်းဂယက် တစ်ခု ဖြစ်ပေါ်လာသည်။ ကျောင်းတော်သား ပုံစံ ဝတ်ဆင်ထားသည့် ချောမောသော လူငယ်မှာ တဖြည်းဖြည်း ပေါ်လွင် ထင်ရှား လာခဲ့၏။ သူက ကျိုးမေလင်းကို ကြည့်လိုက်ရင်း ပတ်လည်၌ ဝန်းရံထားသည့် အဝါရောင် လျှို့ဝှက် မြေကြီး အကာအကွယ်ကို သတိထားလိုက်မိသည်။
“ဘယ်လို နည်းလမ်းမျိုးလဲ...”
လျူကျိယွမ်မှာ အနည်းငယ် အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်၏။ သေမျိုးတစ်ပိုင်း အရှင် အဆင့် တိုက်တန်မျိုးနွယ် ပင်လျှင် ၎င်းကို ဖျက်ဆီးဖို့ ကြိုးစားခဲ့ခြင်း မရှိချေ။ ၎င်းမှာ ထိုမျှ အားကောင်းပေသည်။
“ကျွန်မကို အပြင်ရောက်အောင် လုပ်ပေးနိုင်လား...”
ကျိုးမေလင်းက အေးစက်စက် အမူအရာဖြင့်ပင် မေးလိုက်၏။
“ငါ မလုပ်နိုင်ဘူး... သူ့ရဲ့ ကျန်ရှိနေသေးတဲ့ ဆန္ဒက ကုန်ဆုံးပြီးမှပဲ အဲဒါက အလိုအလျောက် ပြိုကျသွားလိမ့်မယ်... ဒါပေမဲ့ ငါ အတွင်းကို ဝင်နိုင်တယ်”
လျူကျိယွမ်က လက်ဟန်ချိပ်စည်း အနည်းငယ်ကို ပြုလုပ်လိုက်သည်။ သူ၏ ပုံရိပ်သည် ဝေဝါးသွားကာ မရေမရာ ဖြစ်သွားခဲ့၏။ ထို့နောက် သူက သည်အတိုင်း ဖြတ်သန်း လမ်းလျှောက်ကာ အတွင်းပိုင်းသို့ ဝင်ရောက်လာခဲ့သည်။
အတွင်းသို့ ရောက်ရှိပြီးနောက် သူက ချန်ယင်ကျဲကို တစ်ချက်မျှ မကြည့်ပဲ ကျိုးမေလင်းကိုသာ ပြောလိုက်၏။
“မင်း အသက်ရှင် နေလိမ့်မယ်လို့ ငါသိတယ်... ဒါပေမဲ့ မင်းရဲ့ ရာစုနှစ်ချီ ရင်းနှီးမြှုပ်နှံမှုက ဒီလောက် အကျိုးကျေးဇူးတွေ ရလိမ့်မယ်လို့ မထင်ထားဘူး... မင်း ဒဏ်ရာတစ်ခုတောင် မရခဲ့ဘူး”
ကျိုးမေလင်းက ဂုဏ်ယူစွာဖြင့် ပြုံးလိုက်၏။
“နည်းနည်းလောက် ကြင်နာပြလိုက်တာနဲ့ လူမိုက်တွေက အသက်ပေးဖို့တောင် ဝန်မလေးဘူး”
လျူကျိယွမ်က ခေါင်းခါလိုက်သည်။
“ငါကတော့ မတူဘူး...”
သူက ကျိုးမေလင်း၏ သွယ်လျသည့် ခါးလေးကို လှမ်းကိုင်လိုက်၏။ ထို့နောက် အနားသို့ ဆွဲကပ်လိုက်သည်။ သေခြင်းတရားနှင့် ရင်ဆိုင်ရပြီးနောက် စိတ်မလှုပ်ရှားရန် ခက်ခဲလှပေသည်။
ကျိုးမေလင်းသည် လျူကျိယွမ်၏ လုပ်ရပ် အပေါ် အံ့အားသင့်ခြင်း မရှိဘဲ သူ့ရင်ဘတ်ပေါ်သို့သာ သူမ၏ ဂုဏ်ယူရသော ရင်သားများကို ဖိကပ်လိုက်၏။ ထို့နောက်တွင်တော့ သူတို့ နှစ်ဦးမှာ အဝါရောင် မြေကြီး လျှို့ဝှက် အကာအကွယ်ထဲတွင် အနမ်းများနှင့် ထိတွေ့မှုများ ဖလှယ်နေကြတော့သည်။ သူတို့ နှစ်ယောက် ကြမ်းတမ်း ခက်ထန်စွာ ဆက်ဆံနေကြချိန်တွင် မြူခိုးအလင်းများမှာ ထိုနေရာကို ဖုံးအုပ်သွားလေတော့သည်။
...
“…”
ဝေ့ဝူယင်၏ ကောင်းကင်ဘုံ နတ်မျက်လုံးများမှာ ထိုအရာ အားလုံးကို စောင့်ကြည့် နေခဲ့၏။ အစမှ အဆုံးအထိ သူ အားလုံးကို မြင်နေခဲ့ရသည်။
“မိုက်ရိုင်းလိုက်တာ...”
စက်ဆုပ်မှုများဖြင့် ပြည့်နှက်နေသည့် အသံ တစ်ခုမှာ ဝေ့ဝူယင်၏ ဘေးနားမှ ထွက်ပေါ်လာခဲ့သည်။ ဝေ့ဝူယင် ဘေးနားရှိ ဝမ်မင်ယာဘက်သို့ လှည့်ကြည့်လိုက်၏။ သူမသည်လည်း အလားတူပင် မျက်လုံး ကျင့်စဉ် တစ်ခုကို အသုံးပြုကာ စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။
“မင်း သူ (မ) ကို ပို့လိုက်တာလား...”
ဝေ့ဝူယင်က မျက်ခုံးကို ပင့်ရင်း မေးလိုက်သည်။ ဝမ်မင်ယာက အနည်းငယ်မျှပင် အပြစ်ရှိသည်ဟု မခံစားရဘဲ ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်သည်။
“ဒါက သူ့ရဲ့ အခွင့်အရေး ဆိုတာ မင်း သိတယ်”
ဝေ့ဝူယင် ဝမ်မင်ယာ၏ ဆုံးဖြတ်ချက် ခိုင်မာနေသည့် မျက်နှာအမူအရာကို ကြည့်ရင်း ခေါင်းခါလိုက်သည်။ သူ ပေးခဲ့သည့် အချက်အလက်များကို အလောတကြီး ချေဖျက်ဖို့သာ မလိုအပ်ပါက ဝမ်မင်ယာမှာ ထိုနှစ်ဦးကို ကိုယ်တိုင် ရင်ဆိုင်ဖွယ်ပင် ရှိသည်။ သို့သော်လည်း... ကောင်းကင် နိမိတ်ဖတ် ပညာရှင်များမှာ ဘယ်တုန်းက ကိုယ်တိုင် လှုပ်ရှားဖို့ လိုအပ်ခဲ့လို့နည်း။ အနည်းငယ် တွန်းအားပေးလိုက်သည်နှင့် လုံလောက်ပေသည်။
“…”
ဝမ်မင်ယာ၏ မျက်နှာ အမူအရာက လိုအပ်လျှင် သူမ ကိုယ်တိုင်ပါ ဝင်ရောက်လိမ့်မည် ဖြစ်ကြောင်း သေချာ နေခဲ့သည်။ နောက်ဆုံး၌ မိန်းကလေးမှာ သူမ မည်မျှ တွန်းအားပေး နေမိသည်ကို သဘောပေါက် သွားခဲ့၏။
“သူ ဂရုစိုက်မှာ မဟုတ်ပါဘူး...”
“မင်း မှန်တယ်...”
နောက်ဆုံးတွင် ဝေ့ဝူယင်က သက်ပြင်းချလိုက်သည်။ သို့သော် သူမကတော့ လုံးဝ ဂရုစိုက်လိမ့်မည် ဖြစ်ပေသည်။
...
“မင်း ဘယ်သူလဲ...”
အစောပိုင်းက တိုက်တန် မျိုးနွယ်မှာ သတိကြီးသည့် လေသံဖြင့် ဟိန်းဟောက်လိုက်၏။ သူ၏ ခန္ဓာကိုယ်ထက်တွင်တော့ သွေးများ ယိုစီးကျနေသည့် အပေါက်နှစ်ခု ရှိနေခဲ့သည်။ တစ်ခုက သူ၏ ဘယ်ဘက်ဒူးတွင်ဖြစ်ပြီး နောက်တစ်ခုက သူ၏ ညာဘက်ပခုံးတွင် ဖြစ်သည်။
“ငါ မင်းကို နှစ်စက္ကန့် ပေးမယ်...”
မျက်နှာဖုံးတပ်ထားသည့် အလယ်အလတ်အရွယ် ယောက်ျားက ပြောလိုက်လေ၏။
***