← Chapters

နဂါးနှင့် မြှား (၂)

Vol. 116 Ch. 1615

နဂါးနှင့် မြှား (၂)

Vol. 116 Ch. 1615

ယောင်ဟုန်ရီက ရွှယ်ရီဖေးကို ကြည့်လိုက်၏။ သူက သူမထံတွင် မေးစရာ ရှိသေးသလောဟု အသံတိတ် မေးလိုက်ခြင်း ဖြစ်သည်။

ရွှယ်ရီဖေးက အခြား မေးစရာ ရှိ၊ မရှိ သေချာ စဉ်းစားလိုက်သည်။ စက္ကန့် အနည်းငယ် ကြာမြင့်ပြီးနောက် သူမက ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်၏။ ယောင်ဟုန်ရီက ညင်သာစွာပင် ခေါင်းညိတ်လိုက်သည်။

လေထု၏ အခြေအနေက တဖြည်းဖြည်း တင်းမာလခဲ့၏။

...

ဖုန်ထူထူ မြေကြီးပေါ်တွင် ထိုင်နေသည့် ခြေဗလာနှင့် ငွေရောင် ဆံပင်ရှည်များ ရှိသော ရှို့ရန်မှာ သူတို့ ရှိရာဘက်ကို လှမ်းကြည့်လိုက်သည်။

...

လှံတစ်စင်းအား ကိုင်ဆောင်ထားသည့် မိန်းကလေး တစ်ဦးမှာ ကောင်းကင်မျိုးနွယ်ဝင် ရွေးချယ်ခံ တစ်ဦး၏ လက်မောင်းကို ပင်လယ်လှိုင်းတံပိုးများ ကဲ့သို့ အဆက်မပြတ် ဖိနှိပ်ကာ ဖျက်ဆီး ပစ်လိုက်၏။ ရုတ်တရက် ဆိုသလိုပင် သူမသည်လည်း ရွှယ်ရီဖေးနှင့် ယောင်ဟုန်ရီတို့ ရှိရာဘက်ကို လှမ်းကြည့်လိုက်သည်။

...

တစ်ချိန်တည်း၌ မီးခိုးရောင် မျက်ဝန်းများနှင့် မိန်းကလေး တစ်ဦးမှာ ယင်မြူခိုးများနှင့် ပေါင်းစည်းကာ ကျင့်ကြံနေခဲ့သည်။ သူမ၏ မျက်လုံးများက ဖြည်းညင်းစွာ ပွင့်လာကာ အရပ်မျက်နှာ တစ်ခုကို လှမ်းကာ ငေးမော နေခဲ့၏။

...

ခရမ်းရောင် အသားအရည်နှင့် နတ်ဆိုး မိန်းကလေးမှာ သူမ၏ ညာဖက် ပခုံးထက်တွင် မိန်းမငယ်လေး တစ်ဦးကို ချီပိုးထား၏။ သူမ၏ နံဘေးနားတွင်တော့ အဂ္ဂိရတ် ဝတ်ရုံဝတ် မိန်းကလေး နှစ်ဦး ရပ်နေခဲ့၏။

“ဆံညှပ်ကို အသက်သွင်းလိုက်တော့ ယင်အာ...”

နတ်ဆိုးက ပြောလိုက်၏။ မိန်းမငယ်လေး၏ မျက်လုံးများက စိတ်လှုပ်ရှားမှုများနှင့် တဖြည်းဖြည်း တောက်ပလာခဲ့သည်။ သူမက အမိန့်ကို ချက်ချင်းပင် လိုက်နာကာ ဆံညှပ်ကို အသက်သွင်းလိုက်၏။

“အစောကြီး ရှိသေးတယ်...”

...

ထာဝရ သရဖူ လုပွဲ၏ အပြောကျယ်လှသော နယ်မြေများ တစ်လျှောက်တွင် များလှစွာသော ပုဂ္ဂိုလ်များမှာ ပြိုင်တူ ဆိုသလိုပင် အရပ် မျက်နှာ တစ်ခုကို လှမ်းကြည့်လိုက်ကြလေသည်။

ကုဗတုံး အတွင်းတွင်တော့ ဝေ့ဝူယင်မှာ ဘယ်ဘက် လက်ဖဝါးကို မြေကြီးပေါ်သို့ ဖိကပ်ထားခဲ့၏။ သူ၏ လက်ဖဝါးမှာ ကုဗတုံး၏ ကြမ်းပြင်ကို ကျော်လွန်ကာ မြေကြီးကိုပင် တိုက်ရိုက် ထိတွေ့နေသည့်ပုံ ရလေသည်။

ဝမ်မင်ယာ၏ မျက်လုံးများကတော့ စိတ်မကောင်းသည့် အငွေ့အသက် တစ်ချို့ဖြင့် ပြည့်နှက်နေ၏။ သူမမှာ ရွှယ်ရီဖေးကို အနည်းငယ် စေ့ဆော်မှုကလေး လုပ်လိုက်ရုံဖြင့် သဘာဝ၏ အစီအစဉ်များကို ပျက်စီးစေခဲ့သည်။ အပေါ်ယံ၌ စိတ်မကောင်း ဖြစ်နေသည့်ပုံ ပေါ်သော်လည်း အတွင်းစိတ်တွင်တော့ နောင်တရခြင်း မရှိပါချေ။ ထပ်မံ၍ ရွေးချယ်ခွင့် ရခဲ့မည် ဆိုလျှင်ပင် သူမ အလားတူ ပြုလုပ်ရန် တွန့်ဆုတ်နေလိမ့်မည် မဟုတ်ပါချေ။ ထို့အပြင်... ဝေ့ဝူယင်မှာ သူမကို အပြစ်မတင်ကြောင်း ဝမ်ယင်ယာ သိရှိထားသည်။ ထိုအချက်ကြောင့်ပင် သူမ အနည်းငယ် စိတ်မကောင်း ဖြစ်နေခြင်း ဖြစ်သည်။

ရွှယ်ရီဖေး၏ မျက်လုံးများမှာ အဖြူနှင့် အနက်ရောင် ရောနှောနေသည့် ခရမ်းရောင် အလင်း ဖျော့ဖျော့ဖြင့် တဖန် ပြန်လည် တောက်ပလာပြန်၏။ ဤအလင်းရောင်မှာ ယင်နှင့်ယန်တို့ကို ကိုယ်စားပြုနေသကဲ့သို့ သူမ၏ မျက်ဝန်းများအတွင်းတွင် ဆန့်ကျင်ဘက်သို့ လှည့်လည်သွားနေခဲ့သည်။

ယောင်ဟုန်ရီ လက်ကို ဖြည်းညင်းစွာ မြှောက်လိုက်၏။ သူ၏ရင်ဘတ်နှင့် ပခုံးများက ပြေလျော့သွားကာ ကျောရိုးက မတ်၍ တည်ငြိမ်လာသည်။ တစ်ခဏ အတွင်းမှာပင် သူ၏ လက်များက လေးနှင့်မြှားကို ချိန်ထားသလို အနေအထားမျိုးဖြင့် နေရာယူခဲ့ပြီး ဖြစ်သည်။

အခြားတစ်ဖက်၌... ရွှယ်ရီဖေး၏ မျက်ဝန်းများ အတွင်းရှိ ခရမ်းရောင် အလင်းမှာ နတ်ဆိုး အငွေ့အသက်များနှင့် ပြည့်နှက်လာခဲ့၏။ သူမ၏ ရင်ခွင်ထဲရှိ နဂါးလေးက ယောင်ဟုန်ရီကို မုန်းတီးစွာ ကြည့်ကာ ဒေါသတကြီး ဟိန်းဟောက် လိုက်သည်။ သတ်ဖြတ်လိုသည့် ဆန္ဒများမှာ ပတ်ဝန်းကျင် တစ်ခုလုံး၌ ပြည့်နှက်လာခဲ့၏။

ဂါး...

အပြာရောင် နဂါးလေးမှာ ကြောင်တစ်ကောင်လောက်သာ ရှိသော်လည်း ၎င်း၏ အသံက လွန်စွာပင် ထိတ်လန့်ဖွယ် ကောင်းလှကာ တစ်လောကလုံးကို ပြင်းထန်စွာ တုန်ဟီး သွားစေခဲ့သည်။

ယောင်ဟုန်ရီ၏ ဆံပင်များမှာ ဟိန်းဟောက်မှုကြောင့် ဖြစ်ပေါ်လာသည့် လေပြင်းမုန်တိုင်းများ အောက်တွင် တဖျပ်ဖျပ် လွင့်စဉ် သွားခဲ့၏။ ပတ်ဝန်းကျင်ရှိ မြေပြင် မြက်ခင်းနှင့် မြေဆီလွှာများပင် လွင့်ပါကုန်သော်လည်း သူ၏ ခန္ဓာကိုယ် အနေအထားကတော့ မပြောင်းမလဲ တည်ရှိနေဆဲ ဖြစ်သည်။ လောက၌ မည်သည့် အရာကမှ သူ၏ ဖြစ်တည်မှုကို မထိခိုက်နိုင်သကဲ့သို့ ရှိလေသည်။

ယောင်ဟုန်ရီက ဖြည်းဖြည်းချင်းပင် ကြိုးကို ဆွဲတင်လိုက်သည်။ သူ့လက်ထဲ၌ မည်သည့် လေးနှင့် မြှားမှ မရှိသော်လည်း အမှန်တကယ် ရှိနေသယောင် ခံစားရသည်။

ရွှယ်ရီဖေးက လက်ထဲ၌ ပိုက်ထားသည့် နဂါးလေးကို လွှတ်လိုက်၏။

“သွားတော့ အားနူ...”

နဂါးလေးမှာ ကောင်းကင်သို့ ပျံတက်သွားခဲ့၏။ ထို့နောက်တွင်တော့ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ၎င်းမှာ ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် ကြီးထွား လာခဲ့လေတော့သည်။

ဘုန်း... ဘုန်း...

အစစ်အမှန် နဂါး၏ အော်ရာမှာ လောကတစ်ခုလုံးကို ပြင်းထန်သော လှိုင်းများ အဖြစ် ပျံ့နှံ့သွားခဲ့၏။ သို့သော်လည်း ယောင်ဟုန်ရီကတော့ တည်ငြိမ်နေဆဲ ဖြစ်သည်။ သူက လေးညှို့ကို ဆက်လက်၍ ဆွဲတင်နေဆဲ ဖြစ်၏။ သူ၏ မျက်လုံးများက နဂါး နတ်မိမယ် တစ်ယောက်တည်းကိုသာ စိုက်ကြည့်နေခဲ့သည်။

အပြာရောင် အကြေးခွံများနှင့် ဦးချိုပါ နဂါးပေါက်လေးမှာ မီတာပေါင်း ငါးသောင်းကျော်သည် အထိ ဆက်လက် ကြီးထွားလာခဲ့၏။ ၎င်း၏ အလွန် ကြီးမားလှသော ခန္ဓာကိုယ်ကြီးမှာ လောက တစ်ခုလုံးကို လွှမ်းမိုးထားသည်။ ၎င်း၏ မျက်လုံးများက ပေပေါင်း တစ်ထောင်ကျော်သည် အထိ ရှိလိမ့်မည် ဖြစ်ကာ ကျောက်စိမ်း ခြေသည်းများမှာ ချွန်ထက်သည့် ကျောက်တောင်ကြီးများနှင့်ပင် တူနေခဲ့၏။ ခပ်ကွေးကွေး ငွေရောင် ဦးချိုမှာ သူ၏ နှာခေါင်းထက်တွင် ရှိနေခြင်း ဖြစ်ကာ ခရမ်းရောင် သင်္ကေတများနှင့် လွှမ်းခြုံနေသည်။

ဟူး... ဟူး...

အားနူက အတောင်ပံကြီး နှစ်ခုကို လောကတစ်ခုလုံး လှုပ်ယမ်း သွားစေနိုင်သည့် အရှိန်အဟုန်ဖြင့် ဆန့်ထုတ်လိုက်၏။ ၎င်းက ကြယ်တာရာ ကင်းမဲ့သည့် ကောင်းကင်၏ တောက်ပမှုကို ပိတ်ဆို့လိုက်ရင်း အဇူရာ အကြေခွံများ၏ ခပ်ဖျော့ဖျော့ အပြာရောင် အလင်းကို အစားထိုး လိုက်သည်။

သားရဲကြီး တစ်ကောင် ရုတ်တရက် ထွက်ပေါ်လာသည့် မြင်ကွင်းမှာ လောကနယ်မြေ တစ်ခုလုံးရှိ ကျင့်ကြံသူတိုင်း၏ နှလုံးသားများကို ပြင်းထန်သည့် ထိတ်လန့် တုန်လှုပ်မှုများနှင့် ပြည့်နှက် သွားစေခဲ့သည်။

"ဦးချိုပါ နဂါးလား..."

အလွှာအပြင်က ကျင့်ကြံသူ အချို့မှာ ချက်ချင်းပင် မှတ်မိလိုက်ကြ၏။ သို့သော်လည်း... သူတို့ စိတ်အတွင်း၌ အလောတကြီး အဖြေရှာရန် လိုအပ်နေသည့် မေးခွန်းတစ်ခု ရှိပေသည်။ ၎င်းကား...

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...”

ဟူ၍ပင်။

ယောင်ဟုန်ရီမှာ လေးညှို့ကို လေးဆယ် ရာခိုင်နှုန်းအထိ ဆွဲခဲ့ပြီး ဖြစ်၏။ ရုတ်တရက် သူ၏ လက်ချောင်းများမှ ခရမ်းရင့်ရောင် သွေးများ စတင်ယိုစီးကျလာခဲ့သည်။ ထိုသွေးများမှာ ပြင်းထန်သည့် နတ်ဆိုး အော်ရာများနှင့် ပြည့်နှက် နေခဲ့၏။ နာကျင်သည့် အမူအရာက သူ့ မျက်နှာထက်၌ ပေါ်လာကာ လေးညှို့ကို လွှတ်လိုက်လေတော့သည်။

ရွှယ်ရီဖေး၏ မျက်လုံးများမှာ တဖျပ်ဖျပ် တောက်ပနေကာ လက်ဟန် ချိပ်စည်း တစ်ခုကို ဖော်ဆောင်လိုက်သည်။ အားနူက သူ၏ ခြေသည်းများကို ယင်ယန် အလင်းရောင်တို့နှင့် လွှမ်းခြုံထားသည့် ရွှယ်ရီဖေး၏ အရှေ့ ဟင်းလင်းပြင်သို့ စိုက်ချလိုက်သည်။

မည်သည့် အရာမှ ရှိမနေသော်လည်း...

ဘုန်း...

ရုတ်တရက်... အလွန်ပြင်းထန်သည့် မိုးခြိမ်းသံကြီး တစ်ခု ထွက်ပေါ်လာကာ အားနူ၏ ခြေသည်းထက်ရှိ အကြေးခွံ ဒါဇင်ပေါင်း များစွာမှာ ချက်ချင်း ပျက်စီးသွားခဲ့သည်။

ထို့နောက်...

ဘုန်း...

သူမ၏ တိုက်ခိုက်နေသည့် ခြေသည်းမှာ ပေါက်ကွဲ သွားခဲ့သည်။ ခြေထောက်ပေါ်၌ အပေါက် တစ်ခု ဖြစ်ပေါ်လာ၏။ အားနူမှာ ဒေါသကို မထိန်းနိုင်ပဲ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ ခြေသည်းထက်ရှိ အကြွေးခွံနှင့် အသားစများကတော့ မိုင်ပေါင်းများစွာ တိုင်အောင်ပြန့်ကျဲ သွားခဲ့၏။ သို့သော်လည်း နဂါးမှာ အနည်းငယ်မျှပင် တွန့်ဆုတ်ခြင်း မရှိပဲ ယောင်ဟုန်ရီဘက်သို့ ကြမ်းတမ်း ခက်ထန်သော အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။

ရွှယ်ရီဖေးမှာ အလွန်ဆိုးရွားသည့် အန္တရာယ် တစ်ခု လွှမ်းခြုံလာသလို ခံစားလိုက်ရ၏။ သို့သော်လည်း သူမမှာ နေရာမှ အနည်းငယ်မျှပင် ရွေ့လျားခြင်း မရှိပါချေ။

ဝှစ်...

မြှားတစ်စင်းက အာကာသ၊ အချိန်နှင့် မန်နာတို့ကို ဖောက်ထွင်းသွားသော အသံမှာ သူမ၏ နားထဲတွင် ပဲ့တင်ထပ်သွားခဲ့၏။ ရွှယ်ရီဖေး၏ ဆံပင်များက လေထုထဲတွင် အရိုင်းဆန်စွာ လွင့်ပျံသွားခဲ့သည်။ သူမ၏ ညာဘက်ပါးပြင်တွင်တော့ သွေးစများ ယိုစီးကျနေသည့် ပွန်းပဲ့ ဒဏ်ရာ သေးသေးလေး ရှိနေခဲ့၏။

သို့သော်လည်း သူမ၏ နောက်ကျောဖက် အရပ်တွင်တော့...

ဘုန်း...

ကောင်းကင် မျက်နှာကျက်ကို ဖောက်ထွင်းသွား သကဲ့သို့ပင် မိုးကုပ်စက်ဝိုင်း အနားသတ်ရှိ ကြယ်တာရာ မရှိသော ကောင်းကင်မှာ အပေါက်ဖောက် ခံလိုက်ရ၏။ အပျက်အစီး အာကာသနှင့် ပုံပျက်နေသည့် စွမ်းအင်များက တရဟော စီးထွက်လာသည်။ ၎င်းမှာ တဒင်္ဂ အတွင်းမှာပင် မိုင်ပေါင်းများစွာ အထိ ပိုမို ကျယ်ပြန့်လာကာ လောကထံ ကသောင်းကနင်း ဖြစ်မှုများကို ယူဆောင်လာခဲ့လေ၏။

ရွှယ်ရီဖေး၏ နှလုံးသားက အရိုင်းဆန်စွာ တုန်ရီနေခဲ့၏။ အလွန် ခက်ထန် ကြီးကျယ်လှသော စစ်ပွဲကြီးတွင် အလွန် သေးငယ်လှသည့် အပိုင်းလေး တစ်ခုကိုသာ အသာစီး ယူလိုက်နိုင်ခြင်း ဖြစ်လေရာ သူမ မတင်းတိမ်ဝံ့ပါချေ။

နတ်ဆိုး နဂါး သံချပ်ကာ...

***

All Chapters