← Chapters

သရဖူ လွှဲပြောင်းမှု

Vol. 116 Ch. 1619

သရဖူ လွှဲပြောင်းမှု

Vol. 116 Ch. 1619

“အားနူလေး... ငါ အဆင်ပြေပါတယ်... ခဏလောက် နားဖို့ပဲ လိုတာပါ...”

ရွှယ်ရီဖေးက နဂါးလေးကို ပွတ်သပ်ပေးလိုက်ရင်း ရင်ခွင်ထဲမှ ထွက်ခွာခွင့် ပေးလိုက်သည်။ နဂါးလမ်းစဉ်၏ ဒုတိယ အဆင့် အစောကိုင်း မူလ သားရဲတစ်ကောင် ဖြစ်သည်။ သူက လွန်ခဲ့သည့် လအနည်းငယ်ခန့်ကမှ ထိုအဆင့်ကို ရောက်ခဲ့ခြင်း ဖြစ်သည်။ လူသား ကျင့်ကြံခြင်း အခြေခံနှင့် နှိုင်းယှဉ်ရပါက ၎င်းမှာ သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက်၏ ခွန်အားမျိုးကို ပိုင်ဆိုင်ထားပေသည်။

အားနူမှာ အန်နု၏ သမီး ဖြစ်သည်။ ထို့ကြောင့်ပင် တစ်နည်းနည်းဖြင့် သူမမှာ ရွှယ်ရီဖေး၏ မြစ်တော်စပ်သည်။ မည်သို့ပင် ဆိုစေ... အန်နု အဘွား၏ ဝိညာဉ်မှာ ရွှယ်ရီဖေး၏ သွေးမျိုးဆက်ထဲတွင် အခြေခံ အဖြစ် ပေါင်းစပ်နေသည် မဟုတ်ပါလား။

အားနူမှာလည်း အန်နု ကဲ့သို့ပင် ရွှယ်ရီဖေးကို သူမ၏ ဘိုးဘေး အဖြစ် မြင်သည်။ ထို့ကြောင့်ပင် မကြာခဏ ဆိုသလို အဘွား ရီဖေးဟု ခေါ်ဆိုလေ့ ရှိသည်။ အားနူ၏ မိခင်မှာ ဦးချိုပါ နဂါးနှင့် လိုက်ဖက်သည့် ဟင်းလင်းပြင် မျိုးနွယ်ဝင် နဂါးတစ်ကောင် ဖြစ်သည်။ ရွှယ်ရီဖေးမှာ အားနူကို အလွန်ပင် ချစ်ကာ ထိုနာမည်ကို သူမ ကိုယ်တိုင် ပေးခဲ့ခြင်း ဖြစ်သည်။ ထို့အပြင်... မရေမတွက်နိုင်သည့် ရင်းမြစ်များနှင့် အာရုဏ်ဦး လေပွေဇုန် ဆေးတောင့်တို့ကို အသုံးပြုကာ သူမကို အသက် ခြောက်ဆယ် ရောက်သည် အထိ အလျှင်အမြန် ကြီးပြင်းစေခဲ့သည်။

အားနူ ရရှိခဲ့သည့် အထောက်အပံ့များမှာ ပိုင်လင် အစောပိုင်း နှစ်များ အတွင်း ရရှိခဲ့သည်များထက် မနိမ့်ပါးပါချေ။ ရွှယ်ရီဖေးမှာလည်း အားနူကို အဘိုးဖြစ်သူ “ဝူယင်” နှင့် တွေ့ဆုံရန် ခေါ်ဆောင်သွားလေ့ ရှိကာ အကြိမ်တိုင်း၌လည်း ပစ္စည်းကောင်းလေးများကို လက်ဆောင်အဖြစ် ရရှိခဲ့သည်။

ကံကောင်းထောက်မစွာပင် ကမ္ဘာဦး သားရဲများမှာ အဆင့်တက်ရန် လူသားများ ကဲ့သို့ ထူးထူးထွေထွေ အဂ္ဂိရတ် ထုတ်ကုန်များကို မလိုအပ်ပါချေ။ သွေးမျိုးဆက် အားဖြည့် ထုတ်ကုန်များကိုသာ လိုအပ်သည်။ ထို့ကြောင့်ပင် ပိုင်လင်မှာ ဝေ့ဝူယင်ထက်ပင် ပိုမို လျှင်မြန်စွာ အားကောင်းလာခဲ့ခြင်း ဖြစ်သည်။

အားနူ ကြီးပြင်းလာခြင်းနှင့် အတူ ရွှယ်ရီဖေးမှာ သူမအား အကူအညီ ပေးနိုင်မည့်သူ တစ်ဦးကို ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲသို့ ခေါ်ဆောင်လာနိုင်ခဲ့သည်။ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲမှာ မျိုးနွယ်၊ ကျင့်ကြံခြင်း အဆင့်တို့ကို ခွဲခြား သတ်မှတ်ထားခြင်း မရှိပါချေ။ အသက်အရွယ်တစ်ခုတည်းကိုသာ ကန့်သတ်ထားသည်။ အသက် ငါးရာအောက်တွင် ရှိနေသရွေ့ သက်ရှိအားလုံး ပြိုင်ပွဲ အတွင်း ဝင်ရောက်နိုင်သည်။ အကယ်၍ ရွှယ်ရီဖေးသာ ပြင်ဆင်ချိန် ပိုရပါက အားနူကို အသက် ငါးရာရောက်သည် အထိ တိုးမြှင့်ကာ ပြိုင်ပွဲကို အနိုင်ယူဖို့ ကြိုးစားမည် ဖြစ်သည်။

ကံမကောင်းစွာပင် အားနူမှာ အနည်းငယ် နောက်ကျမှ မွေးဖွားလာခဲ့ကာ အာရုဏ်ဦး လေပွေဇုံ ဆေးတောင့်တွင်လည်း ကန့်သတ်ချက်များ ရှိနေခဲ့သည်။

"ဟုတ်ကဲ့... အဘွားရီဖေး..."

အားနူမှာ ရွှယ်ရီဖေး၏ အခြေအနေ ပြန်လည် ကောင်းမွန်လာသည်ကို ခံစားလိုက်ရလေရာ အနည်းငယ် စိုးရိမ်စိတ်များ လျော့ပါး သွားခဲ့၏။

ရုတ်တရက်... ရွှယ်ရီဖေးက ဘယ်ဘက်ကို လှည့်ကြည့်လိုက်၏။ သူမ အရိပ်သုံးခုကို တွေ့မြင်လိုက်ရသည်။ မာ့လုလင်နှင့် အခြား နှစ်ယောက်တို့ ဖြစ်ကြပေသည်။

ပထမ တစ်ယောက်မှာ သာမန် ရုပ်ရည်သာ ရှိသော်လည်း ဆွဲဆောင်မှု ရှိသည့် မိန်းကလေး တစ်ယောက် ဖြစ်သည်။ သူမမှာ ကြယ်ကိုးပွင့် ရှန့်ထို ခန်းမမှ ကျော်ကြားသည့် မြေကြီးရှန့်ထို တစ်ယောက်၏ မျိုးဆက် ဖြစ်သည်။ အချို့ကလည်း သူမကို ယွီစွန်းလီ၏ တပည့်ဟု သိကြသည်။

ဒုတိယတစ်ဦးမှာလည်း ကြယ်ကိုးပွင့် ရှန့်ထို ခန်းမ၏ နောက်ထပ် အဖွဲ့ဝင် တစ်ဦးပင် ဖြစ်ကာ ဝိညာဉ်ရှန့်ထို ဧကရာဇ်၏ တိုက်ရိုက် တပည့် ဖြစ်သည်။ ယွီစွန်းလီ၏ မိခင်မှာ ဝိညာဉ်ရှန့်ထို ဧကရာဇ်၏ သစ္စာရှိ နောက်လိုက် တစ်ယောက် ဖြစ်လေရာ ဆရာများ၏ ဆက်ဆံရေးကို ထောက်ချင့်၍ မိန်းကလေး နှစ်ယောက် အတူတူ ပူးပေါင်း လုပ်ဆောင်ခြင်းမှာ မထူးဆန်းပါချေ။

“နဂါးနတ်မိမယ်... ရှင့်အတွက် လိုအပ်တဲ့ အကူအညီပေးနိုင်ဖို့ ကျွန်မတို့ ရောက်လာတာပါ”

ဝိညာဉ်ရှန့်ထို ဧကရာဇ်၏ တပည့်က မတုန့်မဆိုင်းပင် အော်ဟစ်လိုက်၏။ မိန်းကလေး သုံးယောက်လုံးမှာ ဝိညာဉ်အာရုံကို ဖြန့်ကျက်ကာ ရွှယ်ရီဖေးကို တွေ့လိုတွေ့ငြား ရှာဖွေဖို့ ကြိုးစားနေခဲ့သည်။ မာ့လုလင်က ဤနေရာ အနီးတစ်ဝိုက်တွင် ရွှယ်ရီဖေး ရှိနေသည်ဟု သူမတို့ကို ပြောခဲ့သည်။ သို့သော်လည်း... သူတို့ သူမကိုတော့ မမြင်နိုင်ပါချေ။ မည်သို့ပင် ဆိုစေ... မာ့လုလင်၏ အာကာသ လှုပ်ရှားမှုများ အပေါ် အာရုံခံနိုင်စွမ်းကို သူတို့ အပြည့်အဝ ယုံကြည်ကြပေသည်။

နဂါး နတ်မိမယ်နှင့် လေးသည်တော် ဟုန်ရိတို့၏ တိုက်ပွဲကို သူတို့ မြင်ခဲ့ရသည်။ ထာဝရသရဖူ လုပွဲ အခမ်းအနား၌ သူတို့၏ အခြေအနေက သိပ်မကောင်းဟု ဆိုနိုင်ပေသည်။ အထူးသဖြင့် ဘယ်ကလာမှန်း မသိသည့် လျှို့ဝှက် အာဏာရှင် အဆင့်များမှာ နေရာတိုင်း၌ လှည့်လည် သွားလာနေလေရာ အသက် အန္တရာယ် လုံခြုံ‌ရေး အတွက် အားကောင်းသူ တစ်ဦးနှင့် ပူးပေါင်းထားရန် လိုအပ်သည်ဟု သူတို့ ယူဆခဲ့ကြသည်။

ထာဝရသရဖူ လုပွဲတွင် စည်းမျဉ်းများ မရှိပါချေ။ ချိပ်ပိတ်နယ်မြေမှ သေမျိုးများ မည်မျှ ရက်စက်စွာ အသတ်ခံရသည်ကို သူတို့ မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။ ထိုလူများထဲမှ တစ်ဦး ဖြစ်လာရန် သူတို့ထံတွင် ရည်ရွယ်ချက် မရှိပါချေ။

အံ့အားသင့်စရာ တစ်ခုက လွန်ခဲ့သည့် ဆယ်ရက်အတွင်း နောက်ဆုံး နံရံကို မပြီးမြောက်ခဲ့သူများပင် ထာဝရ သရဖူ လုပွဲ အခမ်းအနားအတွင်း ဝင်ရောက်ခွင့် ရရှိခဲ့ကြခြင်း ဖြစ်သည်။ ချိပ်ပိတ်နယ်မြေမှ ကျင့်ကြံသူ အားလုံးမှာ သူ့နည်းသူ့ဟန်နှင့် ထိပ်သီး ကျင့်ကြံသူများ ဖြစ်ကြသော်လည်း ထူးဆန်းသည့် မျိုးနွယ်ပေါင်းစုံ လျှို့ဝှက် အာဏာရှင် အဆင့်များ ရှေ့တွင်တော့ လုံးဝ ကူရာကယ်ရာ မဲ့နေခဲ့ကာ ဆုတောင်းဖို့ တစ်ခုသာ တတ်နိုင်ခဲ့ပေသည်။ သူတို့၏ ဘဝက သားကောင်များနှင့် ခြားနားခြင်း မရှိပါချေ။

“အိုး... သုံးယောက်ပါလား...”

ရုတ်တရက် အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ မိန်းကလေး သုံးယောက်စလုံး၏ အမူအရာများက ထိတ်လန့် တုန်လှုပ်ခြင်းများနှင့် ပြည့်နှက်သွားကာ အကာအကွယ် အစီအရင်များကို အသက်သွင်းလိုက်ကြလေသည်။

ဘုန်း...

တစ်ခဏ အတွင်းမှာပင် ကြောက်မက်ဖွယ် အော်ရာ တစ်ခုက သူတို့ကို လွှမ်းမိုးသွားခဲ့ပြီ ဖြစ်လေသည်။

၎င်းက ဆူနာမီလှိုင်းများ ကဲ့သို အလွန်ပင် အင်အားကြီးလှကာ မိန်းကလေး သုံးယောက်၏ ကြယ်တာရာ အကာအကွယ်များကို အက်ကွဲကြောင်းများနှင့် ပြည့်နှက် သွားစေခဲ့၏။

“ဟီး... ဟီး... ဟီး...”

ပျော်ရွှင်စွာ အော်ဟစ် ရယ်မောသံ တစ်ခုက လေထုအတွင်း ပျံ့လွင့်လာခဲ့၏။ ချဉ်းကပ်လာသူမှာ မုတ်ဆိတ်မွေးများနှင့် အသက်လတ် အရွယ် ရှိသည့် ယောက်ျား တစ်ဦး ဖြစ်သည်။ သူက သွေးရောင် ရဲရဲနီသည့် ဝတ်စုံကို ဝတ်ဆင်ထားကာ ခြေဗလာနှင့် ဖြစ်၏။

သက်လတ်ပိုင်းလူထံမှ သွေးရနံ့များက လွှမ်းခြုံကာ ထွက်ပေါ်နေသည်။ သူ၏ မီးခိုးရောင် လှိုင်းတွန့် ဆံပင်များမှာ ဘဝ၏ အနိမ့်အမြင့်များစွာကို ကြုံတွေ့ခဲ့ရကြောင်း ပြောပြနေသယောင် ရှိသည်။ သို့သော်လည်း အလွန်အမင်း တောက်ပနေသည့် သူ၏ မျက်ဝန်းများကတော့ လူငယ်ဆန်ကာ တက်ကြွသည့် ခွန်အားများကို ပြသနေခဲ့၏။

အသက်လတ်လူ၏ ခြေလှမ်းတိုင်းက မိန်းကလေး သုံးဦး အတွက်တော့ နှလုံးသားကို တင်းပုတ်ဖြင့် ထုနေသကဲ့သို့ ရှိနေခဲ့သည်။

“မိန်းကလေး သုံးယောက် အုပ်စုလိုက်ကြီး မြင်ရတာ အရသာ ရှိလိုက်တာ..”

“ရွံစရာ ကောင်းလိုက်တာ...”

ဝိညာဉ်ရှန့်ထို ဧကရာဇ်၏ တပည့်က အေးစက်စက် ဆိုလိုက်၏။ သူမမှာ မကောင်းဆိုးရွား စောင့်ကြပ်သူများကို‌ တွေ့မြင်ခဲ့ရပြီး ဖြစ်လေရာ ဤပုဂ္ဂိုလ်တွင်လည်း အလားတူ လက္ခဏာများ ရှိကြောင်း ချက်ချင်း သိရှိပေသည်။ သူတို့က မိစ္ဆာနည်းလမ်းများကို ကျင့်ကြံကြပြီး အထူးသဖြင့်... မျက်လုံးနှင့် အရေပြားများ အတွင်းရှိ ရှုပ်ထွေးသည့် အလင်းတန်းများမှာ ထိုအချက်ကို သက်သေခံနေသည်။ ထိုလက္ခဏာများမှာ အခြားလူများ၏ အသက်စွမ်းအင်များကို အလွန်အမင်း စုပ်ယူထားကြောင်း သက်သေခံနေပေသည်။

“...”

မကောင်းဆိုးရွား စောင့်ကြပ်သူက မိန်းကလေးကို လှည့်လိုက်၏။ သူ၏ မျက်လုံးများမှာ အရောင်တဖျပ်ဖျပ် တောက်ပနေကာ သေမျိုးများ ဘယ်တော့မှ နားလည်နိုင်မှာ မဟုတ်သည့် နည်းလမ်းများဖြင့် ဖျက်ဆီးလိုသည့် အရိပ်အယောင်များနှင့် ပြည့်နှက် နေသည်။ ညစ်ထေးသည့် ရည်ရွယ်ချက်များမှာ မိန်းကလေး၏ အသိစိတ် ပင်လယ် အတွင်း တိုးဝင် သွားခဲ့၏။ ချက်ချင်းပင် မိန်းကလေး၏ မျက်နှာက ဖြူရော်သွားကာ ထိတ်လန့် ကြောက်ရွံ့သည့် အငွေ့အသက်များနှင့် ပြည့်နှက်လာခဲ့လေသည်။

ပြန်လည် တိုက်ခိုက်ဖို့၊ သို့မဟုတ် ထွက်ပြေးဖို့ ပြင်နေစဉ်မှာပင် မိန်းကလေးမှာ မသိစိတ်ဖြင့် မာ့လုလင် အနီးသို့ တိုးသွားခဲ့မိ၏။ သူတို့သုံးဦးထဲတွင် ယွီစွန်းလီ၏ တပည့်မှာ အတည်ငြိမ်ဆုံး ဆိုလျှင် မာ့လုလင်မှာ အာရုံစူးစိုက်မှု အရှိဆုံး ဖြစ်သည်။

“နတ်မိမယ်ရွှယ်...”

မာ့လုလင်က အော်ဟစ်လိုက်လေ၏။

"နောက်တစ်ယောက်..."

ထိုနာမည်က မကောင်းဆိုးရွား စောင့်ကြပ်သူ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်သွားကာ မျက်နှာထက်တွင် ဆိုးယုတ်သည့် အပြုံးတစ်ခု ဖြစ်လာခဲ့သည်။ နတ်မိမယ် အမည်တပ် အခေါ်ခံရသူ အများစုမှာ များသောအားဖြင့် အလွန် လှပသည့် မိန်းကလေးများ ဖြစ်ကြပေသည်။ သူတို့ထံတွင် အရသာ အရှိဆုံးသော ခုခံမှုများ ရှိသည်။ ထိုကဲ့သို့ မိန်းကလေးမျိုးကို အောင်နိုင်ရခြင်းက အကြီးမားဆုံးသော အရသာကို ယူဆောင်ပေးသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်တုန်းက သေမျိုးတစ်ဦးက ‘နတ်မိမယ်’ ဟု ခေါ်သည့် မိန်းကလေး တစ်ယောက်ကို သူ ပျော်ရွှင်ခဲ့ပြီး ဖြစ်သည်။

“အဲဒီ နတ်မိမယ်က ဘယ်မှာလဲ... ငါ သူနဲ့ တွေ့ချင်တယ်...”

မကောင်းဆိုးရွား စောင့်ကြပ်သူက ပြောလိုက်၏။ ထိုအခိုက်၌ မိန်းကလေး သုံးဦးနှင့် သူ့ကြားတွင် ပေတစ်ရာမျှသာ ကွာဝေးပေတော့သည်။

လျှို့ဝှက် အာဏာရှင် အဆင့် ကျင့်ကြံခြင်း အခြေခံနှင့် အတူ ထိုအကွာအဝေးမှာ သူ့အတွက် မျက်တောင်တစ်ခပ်စာ၏ အပုံတစ်ရာပုံ တစ်ပုံမျှသာ ရှိပေသည်။ သူက ထိုမိန်းကလေးများနှင့် ကစားနေခြင်းသာ ဖြစ်သည်။ သူတို့၏ မျက်လုံးများထဲ၌ ကြောက်ရွံ့မှုများအား တွေ့မြင်ရတာ သူ ပျော်သည်။ သူတို့ ကြောက်လန့်တကြား ထွက်ပြေးတာကို သူ မြင်ချင်သည်။ ကြိုးပမ်း အးထုတ်မှု အားလုံး အသုံးမဝင်တာကို တွေ့မြင်ပြီးနောက် ဖြစ်ပေါ်လာသည့် သူတို့၏ အမူအရာများက မည်မျှ လှပလိုက်သနည်း။ အံ့ဩစရာ ကောင်းလိုက်သနည်း။

ဝှစ်...

ရုတ်တရက် မိန်းကလေး သုံးဦး၏ ရှေ့တွင် လှိုင်းတစ်ခု ဖြစ်ပေါ်လာကာ ရွှယ်ရီဖေး၏ ပုံရိပ် ထွက်ပေါ်လာခဲ့၏။ မိန်းကလေး သုံးဦးမှာ အနည်းငယ် ထိတ်လန့်သွားသော်လည်း ချက်ချင်းပင် သူတို့၏ မျက်ဝန်းများက ပျော်ရွှင်သည့် အငွေ့အသက်များနှင့် ပြည့်နှက်လာခဲ့သည်။

“နဂါး နတ်မိမယ်...”

***

All Chapters