← Chapters

ရေစက်ကြိုး

Vol. 116 Ch. 1622

ရေစက်ကြိုး

Vol. 116 Ch. 1622

ယခုတစ်ကြိမ် ထာဝရသရဖူ လုပွဲ၏ ထူးခြားချက် တစ်ရပ်မှာ ဘယ်ဆီဘယ်ဝယ်ကမှန်း မသိသည့် သေမျိုးများ ပါဝင်လာကြခြင်း ဖြစ်သည်။ ပထမ၌ ထိုသေမျိုးများကို သူတို့ ယစ်ကောင်များ သဖွယ် သတ်မှတ်ခဲ့ကြသော်လည်း ထိပ်တိုက် ရင်ဆိုင်ခဲ့ပြီး နောက်တွင်တော့ မည်သူမှ အထင်မသေးဝံ့ကြတော့ချေ။ သူတို့က လုံးဝ ပုံမှန် မဟုတ်ချေ။

ခရမ်းရောင် တောင်တန်း နတ်ဆိုးမ ဆိုလျှင် မယုံကြည်နိုင်လောက်အောင် အစွမ်းထက်သည့် ရတနာများကို အသုံးပြုကာ ၇၆ ယောက်မြောက် မင်းသားလို လူမျိုးကို သတ်ဖြတ်ပစ်ခဲ့သည်။ သူမ အသုံးပြုခဲ့သည့် ရတနာများထဲ၌ ကောင်းကင်ရှန့်ထို အဆင့် စွမ်းအားများပင် ပါဝင်နေသည်ဟု ဆိုကြသည်။ ထို့အပြင်... ၎င်းမှာ တစ်ခုတည်းသော လျှို့ဝှက်ဆန်းကြယ် ဖြစ်ရပ် မဟုတ်ပါချေ။ အလွှာအပြင်က လောကမှ ရွေးချယ်ခံ များစွာမှာ ထိုသေမျိုးများ၏ လက်များထဲ၌ ဆိုးရွားစွာ ခံစားခဲ့ကြရသည်။

ဥပမာအားဖြင့်... အလွန်လှပကာ ယင်စွမ်းအင်ကို ကျင့်ကြံသည့် မိန်းကလေး တစ်ယောက် ပေါ်လာခဲ့သည်။ သူမမှာ အမျိုးသား ကျင့်ကြံသူများအတွက်တော့ အဖိုးမဖြတ်နိုင်သည့် ယင်မီးဖို တစ်ခု ဖြစ်သည်။ မိန်းကလေးမှာ အထွတ်အမြတ် ယင်နယ်မြေ၌ ကျင့်ကြံနေသည်။ ရဲရင့်သည့် အမျိုးသား ကျင့်ကြံသူ အချို့မှာ သူမထံသို့ သွားရောက်ကာ အခွင့်ကောင်းယူဖို့ ကြိုးပမ်းခဲ့ကြသည်။ သို့သော်လည်း... သူတို့အားလုံးမှာ အလွန်ပင် ရက်စက် ကြမ်းကြုတ်လှသည့် ပုံစံများဖြင့် အသက် ဆုံးရှုံးခဲ့ကြရသည်။ ထို့နောက်တွင်တော့ အလွှာအပြင်က ကျင့်ကြံသူများမှာ ထိုနေရာကို တားမြစ်ဇုန် တစ်ခု အဖြစ် သတ်မှတ်လိုက်ကြတော့သည်။

မျက်မြင်တွေ့ခဲ့ရသည့် လူများ၏ အဆိုအရ ဆိုလျှင်... ထိုမိန်းမလှလေးမှာ ချဉ်းကပ်လာသူ အားလုံး အတွက် သတိပေးချက် အဖြစ် သူမ သတ်ခဲ့သည့် အမျိုးသား ကျင့်ကြံသူများ၏ ဦးခေါင်းကို ကောင်းကင်တွင် ချိတ်ဆွဲထားသည်ဟု ဆိုသည်။

နောက်တစ်ယောက်ကတော့ မျက်မှန် တပ်ထားသည့် အယ်ဗန်မျိုးနွယ်ဝင် သေမျိုး မိန်းကလေး တစ်ဦး ဖြစ်သည်။ သူမက အလွန် ဆိုးသွမ်းသည်။ ရွေးချယ်ခံများမှာ ထူးဆန်းသော နည်းလမ်းများနှင့် ထောင်ချောက်ဆင်သည်။ ထို့နောက်တွင်တော့ သူတို့ အားလုံးကို အဝတ်အစားများပင် မကျန်သည် အထိ ချွတ်ယူကာ ကျင့်ကြံခြင်း အခြေခံကို ချိပ်ပိတ်၍ ပြန်လည် လွှတ်ပေးလေ့ ရှိသည်။

ဟေဇယ် ရွှေရောင် မျက်ဝန်းများနှင့် အလွန်ချောမောသည့် လူငယ်လေး တစ်ဦးမှာလည်း နေရာအနှံ့အပြား၌ အခွင့်အရေးများကို သိမ်းယူနေခဲ့သည်။ အထွတ်အမြတ် နယ်မြေလု တိုက်ပွဲတစ်ခုတွင် ဆိုလျှင် သူက မြေကြီး ရှန့်ထို အဆင့် ရွေးချယ်ခံ တစ်ဦးကိုပင် သတ်ဖြတ်ပစ်ခဲ့သည်။ ထိုလူငယ်လေးမှာ လက်နှစ်ဖက်၌ ဥပဒေသများကို ကိုင်ဆွဲထားကာ မျက်တောင် တစ်ခပ်စာအတွင်းမှာပင် ဝင်္ကပါ ဒါဇင်ပေါင်းများစွာကိုပင် ဖြန့်ကျက်နိုင်သည်ဟု ဆိုကြသည်။

ထို့အပြင်... နေကြယ်မဲ့သည့် ကောင်းကင်တွင် ကြယ်တာရာများ ရံဖန်ရံခါ ပေါ်လာတတ်သည်။ အလွှာအပြင်က လူများမှာ အဆိုပါ သေမျိုးများ၏ ထူးဆန်းသော ကျင့်ကြံခြင်း အခြေခံများကို ထိခိုက်စေရန် အတွက် နေကြယ်များ ပေါ်လာတိုင်း ဖျက်ဆီးပစ်သည့် အလေ့အထကိုပင် ကျင့်သုံးနေကြသည်။ နေကြယ် အနည်းငယ်မှာ တိုက်ရိုက်ပင် ပေါက်ကွဲသွားခဲ့ကာ ကမ္ဘာလောကအနှံ့ နေအမတေ မိုးများလည်း ရွာသွန်းခဲ့ဖူးပေသည်။

သို့သော်လည်း... အလွန် အစွမ်းထက်သည့် နေကြယ်တစ်စင်း ပေါ်ထွန်းလာခဲ့ကာ တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သူ အားလုံးကို ပြာကျသည် အထိ လောင်ကျွမ်းပစ်ခဲ့သော အခါလည်း ရှိသည်။ ထိုမြင်ကွင်းက လူတိုင်း၏ နှလုံးသားများကို အေးခဲတမျှ အေးစက် သွားစေခဲ့သည်။ မီးလောင်ကျွမ်း သေဆုံးသွားခဲ့သူများထဲ၌ မြေကြီး ရှန့်ထို အဆင့် ကျင့်ကြံသူ တစ်ယောက်ပင် ပါဝင်ခဲ့ဖူးသည်။

ထိုအချိန်မှစ၍ အလွှာအပြင်က ရွေးချယ်ခံများမှာ လောကချည်နှောင် နေကြယ်များကို ပေါ့ပေါ့ဆဆ မတိုက်ခိုက်ဝံ့ကြတော့ချေ။

ထို့အပြင်... လမ်း၌ တွေ့သမျှ သေမျိုးတိုင်းကိုလည်း ယခင်ကလို ပေါ့ပေါ့ဆဆ မတိုက်ခိုက်ကြတော့ချေ။ အသက်မသေသေးပဲ ထွက်ပြေးလာသူ အချို့ထံမှ သူတို့ ကြားသိခဲ့ရသည့် သင်ခန်းစာများက ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။

သို့သော်လည်း... အပြောကျယ်လှသည့် လောကနယ်မြေကြီး တစ်လျှောက် အပိုဆောင်း အကြောင်းအရာ တစ်ခုလည်း ပျံ့နှံ့နေခဲ့သည်။

အာရုဏ်ဦး အာဏာရှင် ဧကရာဇ်...

သေမျိုးများ အားလုံးမှာ ဝေ့ဝူယင် အမည်ရှိ လောက အဂ္ဂိရတ် ရှန့်ထို တစ်ယောက်နှင့် ဆက်စပ်နေကြောင်း ရွေးချယ်ခံများမှာ ရှာဖွေ တွေ့ရှိလာကြသည်။ သူသည်လည်း သေမျိုး တစ်ယောက်ပင် ဖြစ်ကာ အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို၊ အာဏာရှင် အင်ပါယာ စသည့် ဂုဏ်ပုဒ်များကို ပိုင်ဆိုင်ထားသည်။

ထိုကဲ့သို့သော ပါရမီရှင် တစ်ဦး၏ တည်ရှိမှုအကြောင်း ကြားသိခဲ့ရပြီးနောက် အလွှာအပြင်က လူများ၏ ထိတ်လန့်မှု အတိုင်းအတာမှာ ဖော်ပြရန်ပင် ခက်ခဲလွန်းလှသည်။ အချို့က ဝေ့ဝူယင်မှာ မတည်ရှိနိုင်ဟု ကြွေးကြော်ခဲ့ကြသည်။ အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို ဆိုသည်မှာ ဒဏ္ဍာရီ တစ်ခုဟုသာ ဆိုကြသည်။

သို့သော်လည်း ထာဝရတိုက်ပွဲ၌ ပါဝင်ခဲ့သည့် အဂ္ဂိရတ် ပညာရှင်များထံမှ နောက်ထပ် သတင်း တစ်ပုဒ်လည်း ပျံ့နှံ့လာခဲ့သည်။ သူတို့က ထာဝရတိုက်ပွဲ အတွင်းတွင် ငွေရောင် မျက်လုံးများနှင့် လူငယ်လေး တစ်ယောက်ကို တွေ့မြင်ခဲ့ရသည် ဟု ဆိုသည်။ ထိုလူငယ်မှာ အဂ္ဂိရတ် တာအို၌ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှကာ ထုတ်ကုန် တစ်ခုဖြင့်ပင် စင်မြင့်တစ်ခုလုံးကို သိမ်းပိုက်ခဲ့သည်ဟု ဆိုသည်။

“ဝေ့ဝူယင်ဆိုတဲ့လူက ပုံးတစ်ခုထဲမှာ ရှိနေတယ်...”

မကြာခင်မှာပင် ထိုစကားမှာ စတင်ကာ ပျံ့နှံ့လာခဲ့လေ၏။

၎င်းက လှုပ်ရှားမှုများကို နှစ်ဆတိုး ပေါက်ကွဲ သွားစေခဲ့လေသည်။ မရေမတွက်နိုင်သည့် ရွေးချယ်ခံများမှာ ထိုအဂ္ဂိရတ် ပညာရှင်ကို ရှာဖွေရန် အတွက် သူတို့၏ ကြိုးစားမှုများကို နှစ်ဆတိုးခဲ့ကြသည်။ သူ့ကိုသာ ပိုင်ဆိုင်ခဲ့ပါက အဆုံးမဲ့ အလားအလာများကို ရရှိနိုင်လိမ့်မည်ဟု သူတို့ ယုံကြည်ကြသည်။

ထို့ကြောင့်ပင် သူတို့မှာ ခက်ခဲသည့် ပုံးများကို စိတ်အားထက်သန်စွာ ရှာဖွေခဲ့ကြသည်။ သူတို့ ရှာဖွေနေစဉ် မြေကြီး ရှန့်ထိုအဆင့်ရှိ မကောင်းဆိုးရွား စောင့်ကြပ်သူ နှစ်ဦး လွတ်မြောက်လာခဲ့သည်။ ဒါဇင်ပေါင်းများစွာသော လျှို့ဝှက် ဝိညာဉ် အထွတ်အထိပ် အဆင့်များနှင့် သေမျိုးတစ်ပိုင်း အရှင်များလည်း လွတ်မြောက်လာခဲ့သည်။ ထိုကဲ့သို့ ကသောင်းကနင်း ဖြစ်မှုများနှင့် အတူ သွေးထွက်သံယို တိုက်ပွဲများမှာလည်း ပိုမို၍ ကြမ်းတမ်းလာခဲ့သည်။

ဤတစ်ကြိမ် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲမှာ အခြားသော ပြိုင်ပွဲများနှင့် လုံးဝ ကွဲပြားကြောင်းကို ထိုအရာက ထပ်မံ၍ သက်သေပြခဲ့သည်။

...

ထာဝရသရဖူ လုပွဲ၏ ရက်သုံးဆယ်မြောက်နေ့တွင်...

ကုဗတုံး အတွင်း၌ ဝေ့ဝူယင်မှာ ဝမ်မင်ယာ၏ နှုတ်ခမ်းလေးများကို ညင်သာစွာ နမ်းရှုံ့ကာ အခွင့်ကောင်း ယူနေခဲ့သည်။ မိန်းကလေး၏ ပါးစပ်အတွင်းမှ ရွှေရောင် စွမ်းအင်များမှာ သူ့ပါးစပ် အတွင်း စီးဝင်လာနေခဲ့၏။ ဝမ်မင်ယာမှာ သူမ အသစ် ပြုပြင် ပြောင်းလဲထားသည့် ကျင့်ကြံခြင်း နည်းလမ်း အသစ်၏ အသေးစိတ် အချက်အလက် အချို့ကို ဝေ့ဝူယင်ထံ လွှဲပြောင်းပေးနေခြင်း ဖြစ်သည်။

မိန်းကလေးမှာ အရာအားလုံးကို မီလီစက္ကန့် အနည်းငယ် အတွင်း လုပ်ဆောင်နိုင်သော်လည်း သုံးမိနစ် ကြာမြင့်သည် အထိ ပြီးဆုံးခြင်း မရှိသေးပါချေ။ ဖြည်းဖြည်းချင်း လုပ်ဆောင်ခြင်းက ပိုမို ထိရောက်သည်ဟု သူမက အခိုင်အမာ ပြောဆိုသည်။ ဝေ့ဝူယင်မှာလည်း ထိုအရာကို ထောက်ခံသည်။

သူတို့ နှစ်ယောက်၏ ခန္ဓာကိုယ်များမှာ ကြမ်းပြင်ထက်တွင် ပူးကပ် နေကြ၏။ မိန်းကလေးက အပေါ်က ဝေ့ဝူယင်က အောက်က ဖြစ်သည်။ လက် ထားစရာ မရှိလေရာ ဝေ့ဝူယင်မှာ မိန်းကလေး၏ သေးကျဉ်သော ခါးနှင့် တင်ပါးများကို ဆုပ်ကိုင်ထားရုံသာ တတ်နိုင်သည်။ သူတို့ နှစ်ယောက်မှာ တစ်ယောက် အပူချိန်ကို တစ်ယောက် ခံစားနိုင်၏။

ဝေ့ဝူယင်၏ နှလုံးသားမှာ နဂါး တစ်ကောင်ကဲ့သို့ ဟိန်းဟောက်နေကာ မိန်းကလေး၏ နှလုံးသားက ဓမ္မတေးသံကို ငြီးနေသယောင် ထင်ရ၏။ သို့သော်လည်း နှစ်ယောက်စလုံး၏ နှလုံးခုန်သံများက ထူးဆန်းစွာပင် ထပ်တူညီ နေခဲ့သည်။ ၎င်းကပင် ထူးခြားသည့် တေးဂီတသံ တစ်ခုကို ဖြစ်ပေါ်လာစေခဲ့လေ၏။

နောက်ဆုံးသော ရွှေရောင် အလင်းစများကို ပို့ဆောင်ပြီး နောက် ဝမ်မင်ယာမှာ နှုတ်ခမ်းကို ခွာလိုက်၏။ ထို့နောက် သူက ပါးကို ရွှစ်ခနဲ နမ်းလိုက်သည်။ ဝေ့ဝူယင်မှာ ဝမ်မင်ယာကို ကြည့်ကာ နူးညံ့စွာ ပြုံးလိုက်မိ၏။ မိန်းကလေးမှာ အပြစ် ကင်းစင် နေပေစည်။

ဖောက်...

ရုတ်တရက် သူတို့ နှစ်ယောက်စလုံး ကောင်းကင်ကို မော့ကြည့်လိုက်၏။ ပုံရိပ် တစ်ခုမှာ သူတို့ အထက် ကောင်းကင်၌ တိုက်ရိုက် ပျံဝဲနေသည်။ သွေးတစ်စက်က အလျင်ဦးစာ ကုဗတုံးပေါ်သို့ ကျလာခဲ့ခြင်း ဖြစ်သည်။

“နင်... အ”

ပုံရိပ်မှာ တစ်ခုခု ပြောရန် ကြိုးပမ်းခဲ့သော်လည်း မကြာခင်မှာပင် သူမမှာ နောက်ဆုံးသော စွမ်းအင် လက်ကျန်ကို ဆုံးရှုံး သွားခဲ့သည်။

ဘုန်း...

သူမ ကောင်းကင်မှ ပြုတ်ကျလာကာ ဝေ့ဝူယင်တို့ ကုဗတုံး၏ ခေါင်မိုးပေါ်သို့ ပြုတ်ကျသွားခဲ့တော့၏။

...

"ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲ"

အမိုးပေါ်ရှိ ရင်းနှီးနေသည့် ပုံရိပ်ကို ကြည့်ရင်း ဝေ့ဝူယင် တွေးလိုက်မိ၏။ သူမမှာ အတော်လေး ဆိုးရွားသည့် အခြေအနေ တစ်ခုတွင် ရှိနေခဲ့ခြင်း ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ပြင်းထန်သော ဒဏ်ရာများနှင့် ပြည့်နှက် နေခဲ့၏။ ညာဘက်လက်မှာ တံတောင်ဆစ်မှ ပြတ်တောက်သွားခဲ့ပြီ ဖြစ်သည်။ ခြေထောက်တစ်စုံနှင့် ဘယ်ဘက်လက်မှာလည်း အရိုးထိ ရောက်သည့် နက်ရှိုင်းသော ကုတ်ခြစ်ရာများနှင့် ပြည့်နှက် နေသည်။

မိန်းကလေး၏ မျက်နှာ တစ်ခုလုံးမှာလည်း သွေးများနှင့် ပေကျံနေ၏။ သူမ၏ နှုတ်ခမ်းမှာ ယောင်ကိုင်းနေကာ အချိန်မရွေး ပေါက်ကွဲတော့ မယောင် ထင်ရသည်။ သူမက လည်ပင်းညှစ် ခံထားရသည့် ဝက်တစ်ကောင်နှင့်ပင် တူနေသေးသည်။ သူမ၏ ဝတ်ရုံမှာလည်း ဆုတ်ဖြဲရာများနှင့် ပြည့်နှက်နေကာ အချို့ နေရာများတွင် အတွင်းခံများပင် ပေါ်နေခဲ့၏။ ၎င်းက ပန်းရောင် ဖြစ်ကာ ဒီဇိုင်းကလည်း အတော်လေး ဆွဲဆောင်မှု ရှိပေသည်။

မိန်းကလေး၏ ပါးစပ်ထောင့် နှစ်ဖက်လုံးတွင်တော့ သွေးမြှုံ့များ စီးကျနေ၏။ ၎င်းက သူမ၏ မွေးရာပါ စွမ်းအင် အားလုံးမှာ မကြာသေးခင်ကပင် ထိန်းမရ ဖြစ်ခဲ့ကြောင်း ဖော်ပြနေသည့် လက္ခဏာပင် ဖြစ်သည်။ ထိုကဲ့သို့သော အခြေအနေဖြင့်ပင် ဆက်လက် ပျံ့သန်း နေနိုင်ခြင်းအား ကြည့်ရပါက သူမ၏ စိတ်ဓာတ်မှာ လက်ခုပ်တီးထိုက်သည်။ လက်ရှိ အခြေအနေတွင်ပင် သူမမှာ သတိမလစ်အောင် ထိန်းထားနိုင်ဆဲ ဖြစ်သည်။

ဝေ့ဝူယင် ဝမ်မင်ယာကို ကြည့်လိုက်၏။ မိန်းကလေးမှာ သူ့ကို ပြန်လည်၍ ကြည့်နေခဲ့သည်။

“မင်းလား...”

ဝေ့ဝူယင် မေးလိုက်၏။ ထိုမိန်းကလေးမှာ ကံကြမ္မာကို မည်ကဲ့သို့ လှည့်စားတတ်ကြောင်း သူ ကိုယ်တိုင် မြင်ခဲ့ပြီး မဟုတ်ပါလား။ သို့သော်လည်း ဝမ်မင်ယာက ခေါင်းခါလိုက်၏။

ဝေ့ဝူယင် သိချင်စိတ် ဖြစ်လာကာ ညာဘက်လက်မောင်းကို ငုံ့ကြည့်လိုက်သည်။ ဝမ်မင်ယာမှာ ထိုအရာကို သတိပြုမိသော်လည်း မည်သည့် မှတ်ချက်မှ မပေးချေ။

"ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲ..."

ဝေ့ဝူယင် ထူးဆန်းစွာ ထပ်ပြောလိုက်၏။ တစ်ပြိုင်နက်တည်းလိုပင် အဝေးမှ ဝိညာဉ်အာရုံ အမြောက်အများမှာ ဧရိယာတစ်ခုလုံးကို ဖြန့်ကျက်သွားကာ ကုဗတုံးပေါ်ရှိ ပုံရိပ်ကို တွေ့မြင်သွားခဲ့သည်။

ဝှစ်... ဝှစ်...

ရုတ်တရက် အလင်းများ ပေါက်ကွဲထွက်လာကာ ကောင်းကင်တစ်ခွင် ကြယ်ပျံများ အဖြစ် ထိုးတက်လာကြသည်။ သူတို့မှာ အလွန် လျှင်မြန်ကြသည်။ သေမျိုး အသက် တစ်ရှိုက်စာ၊ နှစ်ရှိုက်စာမျှ အတွင်းမှာပင် အနားသို့ ရောက်ရှိလာကြလေသည်။

***

All Chapters