← Chapters

ဒီအချိန်က ဆရာဖြစ်တဲ့ငါ့ရဲ့ ခြေတွေလက်တွေကို လေ့ကျင့်ခန်းလုပ်ရမယ့် အချိန်ပဲ

Vol. 21 Ch. 301

ဒီအချိန်က ဆရာဖြစ်တဲ့ငါ့ရဲ့ ခြေတွေလက်တွေကို လေ့ကျင့်ခန်းလုပ်ရမယ့် အချိန်ပဲ

Vol. 21 Ch. 301

ထယ်ရှန်းမြို့ရှိ သိုင်းသမားများသည် ထိတ်လန့်ကုန်ကြပြီး ချန်ချင်းစံအိမ်နှင့် အနီးအနားမှ ရွှေ့ပြောင်းကုန်ကြ၏။ သိုင်းသမားများစွာတို့ တောတောင်များအတွင်းသို့ ထွက်ပြေးကာ ပဋိပက္ခ ပြီးဆုံးမှသာလျှင် ပြန်လာရန် စီစဉ်ထားကြသည်။

လက်ရှိအချိန်၌ ထယ်ရှန်းမြို့သည် သံသယဝင်စရာ မကောင်းလောက်အောင် အန္တရာယ်အများဆုံး နေရာတစ်ခု ဖြစ်၏။

သိုင်းသခင်အဆင့် သိုင်းသမားများပင်လျှင် အချိန်မရွေး သေဆုံးနိုင်သည်။ အဆင့်နိမ့် သိုင်းသမားများဆိုလျှင် ပိုတောင် ဆိုးသေး၏။

သူတို့သည် တတိယအဆင့်သို့ပင် ရောက်ရှိခြင်း မရှိကြပါ။ တိုက်ပွဲ၏ အနည်းငယ်မျှသော ခွန်အားလွင့်စင်မှုတစ်ခုကပင်လျှင် အသက်ကို လုံးဝခြွေယူနိုင်၏။

ထယ်ရှန်းမြို့၏ မြို့နေအိမ်ခြေများသည် ချန်ချင်းစံအိမ်နှင့် အကွာအဝေးတစ်ခု ကွာခြားနေပေမယ့် မည်သည့်အရာကိုမှ အတိအကျ ပြောလို့မရပေ။ ထို့အပြင် ရောက်လာကြသည့် စွမ်းအားကြီးပုဂ္ဂိုလ်များသည် မြို့အတွင်းတွင် သေချာပေါက် နေထိုင်ကြမှာ ဖြစ်၏။

ရလဒ်အနေနှင့် မြို့နယ်အရပ်သားများကို ပြင်ပသို့ရွှေ့ပြောင်းသွားရစေသည်။ မုန်တိုင်းကို ရှောင်ရှားရန်အတွက် နေရာတစ်ခုကို ရှာဖွေရ၏။

သာမန်လူများပင်လျှင် တစ်ခုခု မှားယွင်းနေကြောင်းကို နားလည်လိုက်ကြပြီး မြို့မှ ထွက်ပြေးကုန်ကြသည်။

၂ရက်၃ရက်အတွင်းတွင် မြို့တစ်ခုလုံး တိတ်ဆိတ်ခြောက်ကပ်လာခဲ့၏။ ထန်းပေါင်စံအိမ်၏ အဝင်ဝတွင်ပင် မည်သည့်ဧည့်သည်မှ သွားသွားလာလာ မရှိတော့ပါ။

ထန်းပေါင်စံအိမ်၏ ထိပ်ဆုံးအလွှာတွင် လူအနည်းငယ် ထိုင်ကာ လက်ဖက်ရည်သောက်နေကြ၏။ သူတို့၏ပုံစံက အခြေအနေနှင့် လုံး၀သက်ရောက်ခြင်း မရှိပေ။

နှစ်ယောက်တွင် မီးခိုးရောင်ဆံပင်များရှိပြီး သူတို့သည် ဘဝ၏ အတွေ့အကြုံများစွာတို့ကို  ဖြတ်သန်းခဲ့ဟန်တူသည်။ လက်ဖက်ရည်ကို သောက်ရင်းက မြို့အပြင်ဘက်ရှိ ချန်ချင်းစံအိမ်၏ အပြင်ဘက်မြင်ကွင်းကို ကြည့်၏။

"ဘယ်လောက်ထည်ဝါတဲ့ စုစည်းမှုလဲ... နောက်ဆုံးအကြိမ်မင်းဆက် ပျက်စီးသွားကတည်းက ဒီလိုမြင်ကွင်းမျိုးကို မမြင်ရတာ ကြာပြီ.."

တစ်ယောက်က အပြုံးတစ်ခုဖြင့် မှတ်ချက်ပြု၏။

"အမှန်ပဲ.."

အခြားတစ်ယောက်က ခေါင်းငြိမ့်သည်။

"ဒန်ဆေးက တကယ့်ကို လျှို့ဝှက်ဆန်းကြယ်တယ်။ သိုင်းပညာရဲ့ လမ်းစဉ်ကို ပြောင်းလဲစေတယ်။ သိုင်းလောကကို ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေတယ်။ လူတွေအများကြီး စုပြုံလာတာ ပုံမှန်ပါပဲ.."

"မင်းဘယ်လိုထင်လဲ... ငါတို့ ထန်းပေါင်စံအိမ်ရော  အခွင့်အရေး ဝင်ယူသင့်လား။ ဒါမှမဟုတ် ဒီတိုင်းပဲထိုင်ပြီး ပြောင်းလဲနေတဲ့ အခြေအနေတွေကို စောင့်ကြည့်နေရမလား.."

နှစ်ယောက်သားသည် အသာ စကားပြောနေကြ၏။ အဓိက အင်အားစုကြီးများဆီမှ ဖိအားကို လုံးဝခံစားရခြင်း မရှိပေ။

"အဲ့ဒါက ချီစုဆောင်းခြင်း ဆေးလုံးလေး တစ်ခုပါပဲ။ ထန်းပေါင်စံအိမ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို  စွန့်လွှတ်ရလောက်အောင် မလုံလောက်ဘူး။ စောင့်ကြည့်တာပေါ့.."

"ချန်ချင်းစံအိမ်ရဲ့ ဒန်ဆေးသန့်စင်ခြင်း ခန်းမနဲ့ ချီစုဆောင်းခြင်း ဆေးလုံးကို သန့်စင်တဲ့ နည်းလမ်းက  အဓိကမဟုတ်ဘူး။ ချီစုဆောင်းခြင်း ဆေးလုံးကို ဖန်တီးခဲ့တဲ့လူကသာ အဓိကသော့ချက်ပဲ.."

"ထန်းပေါင်စံအိမ်က အမြဲတမ်း ပါရမီရှိတဲ့ လူတွေကို တန်ဖိုးထားတယ်.."

တစ်ယောက်က အပြုံးတစ်ခုဖြင့် ပြောသည်။

"ဟုတ်တယ်... လူတစ်ယောက်က ပါရမီ အရမ်းမြင့်မားပြီး ထန်းပေါင်စံအိမ်ကို မဝင်ရောက်ဘူးဆိုရင် အဲ့ဒါက ပါရမီကို ဖြုန်းတီးသလို ဖြစ်စေလိမ့်မယ်။ ချန်ချင်းစံအိမ် ထိန်းချုပ်ခံရရင်တောင် အဲ့ဒီ့လူက ထန်းပေါင်စံအိမ်ရဲ့အပိုင်ပဲ ဖြစ်ရမယ်.."

အခြားတစ်ယောက်က ခေါင်းငြိမ့်ကာ ရယ်၏။ လူတစ်ယောက်ကို ခေါ်ယူသွားရန်မှာ သူတို့အတွက် ခက်ခဲခြင်း မရှိပေ။ စွမ်းအားကြီးမားသည့် အင်အားစုအားလုံး စုပေါင်းနေလျှင်တောင် ထန်းပေါင်စံအိမ်သာ  တစ်ယောက်ယောက်ကို ကာကွယ်လိုပါက မည်သူမှ ထိနိုင်မည် မဟုတ်ပေ။

လူတိုင်းက ချီစုဆောင်းခြင်း ဆေးလုံးကို လိုချင်နေရာ သူတို့ကို ပေးလိုက်ပေမည်။ ထန်းပေါင်စံအိမ်၏ အမြင်မှာ ချီစုဆောင်းခြင်း ဆေးလုံးလောက်နှင့် ကန့်သတ်မနေပေ။

ချန်ချင်းစံအိမ်တွင် စုလင်းရှုံသည် အလွန် စိတ်ပူနေ၏။ သူမ၏ အပြုအမူက ယခုမျှကြီးမားသည့် တန်ပြန်မှုကို ဖြစ်ပေါ်စေမည်ဟု ထင်မထားခဲ့ပေ။ အတွင်းဘက်နယ်မြေမှ စွမ်းအားကြီးမားသည့်  အင်အားစုများစွာကို စုစည်းစေခဲ့၏။

ထန်းပေါင်စံအိမ်၏ မန်နေဂျာက အပြုံးတစ်ခုဖြင့် ရွှီကျွင်းဟယ်နှင့် အေးအေးလူလူ စကားပြောနေပါသည်။

"အစ်ကိုရွှီ... ချန်ချင်းစံအိမ်က အရေးမသာတဲ့ အခြေအနေတစ်ခုကို ရင်ဆိုင်နေရတယ်။ ကျွန်တော်သိသလောက်ဆိုရင် ယွဲ့နိုင်ငံရဲ့ ထန်းရီအစောင့်နဲ့ ထန်းယွီအစောင့်တပ်ဖွဲ့တွေရဲ့ မဟာတပ်မှူးတွေ ရောက်နေတယ်တဲ့။ သူတို့က အထွတ်အထိပ် စစ်ဘုရင်တွေဖြစ်ပြီး တစ်ယောက်ချင်းဆီက စွမ်းအားကြီးမားတဲ့ စစ်ဘုရင်၃ယောက်ကို အမိန့်ပေးကြတယ်.."

"ပြီးတော့ ယွဲ့နိုင်ငံရဲ့ တော်ဝင်မိသားစုက တင်မြှောက်ထားတဲ့ အခြားစွမ်းအားကြီး ပုဂ္ဂိုလ် အချို့လည်း ရောက်လာကြတယ်.."

"အဲ့ဒီ့အပြင် ထိပ်တန်းအင်အားစုတွေ အားလုံးရဲ့ ဘိုးဘေးတွေလည်း စုစည်းလာကြတယ်။ အကြမ်းဖျင်း တွက်ချက်မှုအရ အထွတ်အထိပ်စစ်ဘုရင် အယောက်၅၀ကျော်ရှိတယ်.."

"အဲ့ဒါက ဘာကိုဆိုလိုတာလဲ ဆိုတာကို နားလည်လား။ နောက်ဆုံးမင်းဆက် ပြိုလဲခဲ့ကတည်းက ဒီလိုမျိုး အထွတ်အထိပ် စစ်ဘုရင်တွေ အများအပြား စုစည်းနေတာကို ဘယ်တုန်းကမှ မမြင်ရတော့ဘူး.."

"အယောက်၅၀ကို အရမ်းများတယ်လို့ မထင်နဲ့။ နောက်ဆုံးမင်းဆက် ပြိုလဲပြီးကတည်းက သိုင်းလောကက ငြိမ်သက်သွားခဲ့ပြီး အချိန်အတော်ကြာအောင် ပြန်လည် အားဖြည့်နေခဲ့တယ်။ အထွတ်အထိပ် စစ်ဘုရင် စုစည်းနိုင်မှုက မသေးဘူး.."

"အခုဆိုရင် နောက်ဆုံးမင်းဆက် ပြိုလဲခဲ့တာ နှစ်ပေါင်း သောင်းနဲ့ချီပြီး ကြာခဲ့ပြီ။ နှစ်၂၀တိုင်းမှာ အထွတ်အထိပ်စစ်ဘုရင် တစ်ယောက်ပဲ ပေါ်ထွန်းလာရင်တောင် အခုလောက်ဆိုရင် ဘယ်နှစ်ယောက်လောက် ရှိနေမယ်ထင်လဲ.."

"အဲ့ဒီ့အပြင် အတွင်းဘက်နယ်မြေကြီး တစ်ခုလုံးမှာ.. နှစ်၂ဝမှ အထွတ်အထိပ်စစ်ဘုရင် တစ်ယောက်ပေါ်ထွန်းလာမယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ.."

နားထောင်ရင်းနှင့် ရွှီကျွင်းဟယ်၏ နှလုံးသားက တုန်ခါသွားသည်။ အထွတ်အထိပ် စစ်ဘုရင်၏ အဓိပ္ပါယ်ကို သူသိ၏။ သူ၏သားသည် ဓားတစ်ချက်နှင့် တစ်ယောက်ကို သတ်ဖြတ်နိုင်လျှင်တောင် အချက်၅၀ကို ခုတ်ပိုင်းရဦးမည် ဖြစ်သည်။

ထို့အပြင် အထွတ်အထိပ် စစ်ဘုရင်များသာ ပူးပေါင်းထားပါက အလွယ်တကူ သတ်ဖြတ်လို့ ရမည် မဟုတ်ပေ။ တစ်ယောက်ကို အနိုင်ယူနိုင်၏။ သို့ပေမယ့် ဆယ်ယောက်ကို တွေ့လျှင်ရော။ ဤသည်က အန္တရာယ်များလှ၏။

သူ၏ စိတ်ဝိဉာဉ်ကို တစ်ခုတည်းသော ထောက်ပံ့နေသည်မှာ အလွန်စွမ်းအားကြီးသည့် ဆရာကြီးရှိနေခြင်း ဖြစ်သည်။

"အထွတ်အထိပ်စစ်ဘုရင် အယောက်၅၀ ရောက်လာတာ ကျွန်တော်တို့ ချန်ချင်းစံအိမ်ကို တကယ်ပဲ တော်တော်မြင့်မြင့် မှတ်ယူထားတာပဲ.."

ရွှီကျွင်းဟယ်က အားတင်းကာ ရယ်၏။

"အကိုရွှီ... ချန်ချင်းစံအိမ်က ဒီအန္တရာယ်ကို  လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ငါတို့ရဲ့ ရင်းနှီးမှုကို ထောက်ငှပြီး ထန်းပေါင်စံအိမ်မှာ ခိုလှုံဖို့အတွက်  စဉ်းစားသင့်တယ်။ မင်းတို့သာ ထန်းပေါင်စံအိမ်ကို လာရင် လုံခြုံရေးကို လုံးဝအာမခံနိုင်တယ်.."

ထန်းပေါင်စံအိမ် မန်နေဂျာက အပြုံးတစ်ခုဖြင့် ပြောသည်။ သူ၏ ဆိုလိုချက်က ရှင်းလင်း၏။ ချန်ချင်းစံအိမ်နှင့် ချီစုဆောင်းခြင်း ဆေးလုံးကို စွန့်လွှတ်ခဲ့ပါ။ အဓိက အဖွဲ့အစည်းများကို ပေးခဲ့လိုက်မည် ဖြစ်၏။

ချန်ချင်းစံအိမ်၏ အဓိကပုဂ္ဂိုလ်များ... အခြေခံအားဖြင့် ချီစုဆောင်းခြင်း ဆေးလုံးကို ဖန်တီးခဲ့သည့် လူတို့သည် ထန်းပေါင်စံအိမ်ကို ဝင်ရောက်နိုင်ပါသည်။ သူတို့သာ ထန်းပေါင်စံအိမ်ကို ဝင်ရောက်ပြီးပါက အန္တရာယ်ကို စိုးရိမ်စရာ လိုမည် မဟုတ်တော့ပေ။

ရွှီကျွင်းဟယ်က တိတ်တဆိတ် အံ့သြသွားသည်။ ထန်းပေါင်စံအိမ်၏ မန်နေဂျာ ဖော်ပြခဲ့သည့် အဓိပ္ပာယ်က အနည်းငယ် ကြောက်ဖို့ကောင်းလွန်း၏။

အထွတ်အထိပ်စစ်ဘုရင် ၅၀ထက်မနည်းက ဝန်းရံနေခဲ့သည်။ သို့ပေမယ့် ထန်းပေါင်စံအိမ်ကို ဝင်ရောက်ရုံနှင့် သူတို့၏ လုံခြုံရေးကို အာမခံချက် ပေးနိုင်၏။ ဤသည်က ထန်းပေါင်စံအိမ်၏ မည်မျှ စွမ်းဆောင်နိုင်ပုံကို ပြသနေပါသည်။

"အကိုရွှီ... ထန်းပေါင်စံအိမ်က အမြဲတမ်း ပါရမီရှင်တွေကို လေးစားခဲ့တယ်။ သူတို့ကို ရက်ရောတဲ့ ခံစားခွင့်တွေပေးတယ်။ လွတ်လပ်ခွင့်ကိုလည်း ဘယ်တော့မှ မထိန်းချုပ်ဘူး..."

ထန်းပေါင်စံအိမ်၏ မန်နေဂျာက အပြုံးတစ်ခုဖြင့်  ဆက်လက်ပြော၏။

"မင်းတို့ရဲ့ စိတ်ကောင်းကို ငါတို့ အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် ချန်ချင်းစံအိမ်မှာ အခြေခံအနည်းငယ် ရှိသေးပြီး အဲ့လိုလုပ်ရမယ့် အဆင့်အထိ မရောက်သေးပါဘူး။ တကယ်လို့ လုံးဝ တောင့်ခံနိုင်တဲ့ အခြေအနေ မဟုတ်တော့ရင် မင်းရဲ့ကမ်းလှမ်းချက်ကို ငါတို့စဉ်းစားပါမယ်.."

သူသည် တစ်ခါတည်း ပြတ်သားစွာ ငြင်းဆန်ခြင်း မပြုပါ။ ဤသည်က ထန်းပေါင်စံအိမ်ကို ထိပါမိသလို ဖြစ်ပြီး စည်းမျဉ်းစည်းကမ်းများကို လျစ်လျူရှု့ကာ ရန်သူအဖွဲ့များနှင့် ပူးပေါင်းသွားစေနိုင်သည်။

"တကယ်လို့ အကိုရွှီ ဆုံးဖြတ်ချက်ချပြီးရင် ဒီအချက်ပြကိုသာ အသက်သွင်းလိုက်။ ထန်းပေါင်စံအိမ်က အကိုရွှီတို့ရဲ့ လုံခြုံရေးကို အာမခံပါတယ်.."

ထန်းပေါင်စံအိမ်၏ မန်နေဂျာက အချက်ပြပစ္စည်း တစ်ခုကို ချန်ထားခဲ့၏။ အသက်သွင်းလိုက်သည်နှင့် မီးပန်းတစ်ခု ကောင်းကင်သို့ လွင့်ပျံကာ ထန်းပေါင်စံအိမ်၏ အင်အားစုများကို ဝင်ပါပြီး လူကယ်ရန်အတွက် အချက်ပေးမည် ဖြစ်သည်။

"ကျေးဇူးတင်ပါတယ်.."

ရွှီကျွင်းဟယ်က အနည်းငယ် ဦးညွှတ်ကာ ပြော၏။

ထန်းပေါင်စံအိမ်၏ မန်နေဂျာက ထွက်ခွာသွားသည်။

ရွှီကျွင်းဟယ်က လေးနက်စွာကြည့်ကာ ကျန်ခဲ့၏။ ထို့နောက် ချန်ချင်းစံအိမ်၏ အတွင်းဘက်ခြံဝန်းဆီသို့ အလျှင်အမြန် ဝင်ရောက်သွားသည်။

All Chapters