← Chapters

သိုင်းပညာ ဒီဗိုင်းအတတ်၊ တစ်ချက်တည်းနှင့် ဝိဉာဉ်ကိုသုတ်သင်ခြင်း

Vol. 21 Ch. 303

သိုင်းပညာ ဒီဗိုင်းအတတ်၊ တစ်ချက်တည်းနှင့် ဝိဉာဉ်ကိုသုတ်သင်ခြင်း

Vol. 21 Ch. 303

အထွတ်အထိပ်စစ်ဘုရင် ၁၀ယောက်ကျော်၏ ပူးပေါင်းတိုက်ခိုက်မှုက ပေါ်မလာခဲ့ပါ။ အဲ့ဒီ့အစား ဝတ်စုံနက်နှင့် ပုံရိပ်ရှစ်ခုတို့ ထွက်ပေါ်လာခဲ့၏။

ရွှီယန်၏ အသွင်အပြင်က ညှို့မှိုင်းသွားသည်။ သူ၏အကြည့်က လူအုပ်စုကို ဦးဆောင်လာနေသည့် အဘိုးအိုအပေါ်သို့ ကျရောက်သွား၏။

"ယင်လုံ့စံအိမ် သခင်လား.. "

စုလင်းရှုံ၏ မျက်နှာက ကြီးစွာပြောင်းလဲသွားသည်။ သူမ၏ မျက်လုံးများက အနည်းငယ် စတင်နီရဲလာခဲ့၏။

အမုန်းတရားဖြင့် ပြည့်နက်နေပြီး ထိုပုံရိပ်ရှစ်ခုတို့ကို  စူးစိုက်စွာ ကြည့်သည်။

ထိုလူများသည် သူမ၏အဘိုးဖြစ်သူကို သတ်ဖြတ်ခဲ့သူများ ဖြစ်ကြ၏။ သူမကိုလည်း စွန့်ပစ်ဒေသဆီသို့ ထွက်ပြေးရစေခဲ့သည်။ ဆရာဖြစ်သူကို ကြုံတွေ့ခဲ့မှုကြောင့်သာ ဒန်ဆေးသိုင်းပညာကို လေ့ကျင့်ခွင့်ရခဲ့ခြင်း ဖြစ်၏။

"နင်တို့တွေပဲ.."

စုလင်းရှုံက မုန်းတီးစွာ ပြော၏။ ယင်လုံ့စံအိမ်သခင်မှာ မထူးမခြားနားစွာ ရှိနေပြီး မည်သည့် သက်ရောက်မှုမှ မရှိသည့်ပုံ ပေါ်သည်။

သူက ရွှီယန်နှင့် မုန့်ချုံတို့ကို ခံစားချက်မဲ့စွာဖြင့်  ကြည့်ပြီး ကုလားထိုင်ပေါ်တွင် ထိုင်နေသည့် လီရွှမ်ကို လုံးဝလျစ်လျူရှု့ထား၏။

လီရွှမ်မှာ သူ၏ အရှိန်အဝါ သို့မဟုတ် လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအင်တို့မှ အသုံးပြုထားခြင်း မရှိပါ။ ယင်လုံ့စံအိမ်သခင်၏ မျက်လုံးထဲတွင် သူသည် ခုံရော့ကျစ်၊ ရွှီကျွင်းဟယ်တို့နှင့် ခြားနားခြင်း မရှိပါ။ ပုရွဲဆိတ်တစ်ကောင်မျှ တည်ရှိမှုသာ ဖြစ်၏။

"ငါနဲ့လိုက်ခဲ့... မဟုတ်ရင် ဒီနေရာမှာရှိတဲ့ လူတွေအားလုံး နင့်ကြောင့် သေကြရလိမ့်မယ်.."

ယင်လုံ့စံအိမ်သခင်က အနိမ့်အမြင့်အတက်အကျ မရှိသည့် လေသံဖြင့် ပြောသည်။

"ယင်လုံ့စံအိမ်ရဲ့သခင်က လျှို့ဝှက်ဆန်းကြယ်ပြီး စွမ်းအားကြီးတဲ့ အင်မော်တယ် အဘိုးကြီးလို့ လူသိများကြတယ်။ ခင်ဗျား ဘယ်လောက်အထိ ဆန်းကြယ်ပြီး စွမ်းအားကြီးနိုင်မလဲလို့ ကျုပ်သင်ယူကြည့်ချင်သေးတယ်.."

ရွှီယန်၏အသံက အေးစက်စွာ ထွက်ပေါ်လာ၏။ တစ်ဖက်လူ၏ စွမ်းအားမှာ အလွန်မြင့်မားလှသည်ကို ရွှီယန်ခံစားရ၏။ ဤသည်က အန္တရာယ် အငွေ့အသက်ကို အာရုံခံမိစေသည်။ ထိုကဲ့သို့သော ခံစားချက်မှာ သူအနေနှင့် ဘယ်တုန်းကမှ မကြုံတွေ့ဖူးသည့်အရာ ဖြစ်သည်။

ယင်လုံ့စံအိမ်သခင်၏ အကြည့်က သူ့အပေါ်သို့ ကျရောက်သွား၏။ လျှပ်တပြက်အတွင်းတွင် မူလက မှေးမှိန်နေသည့် မျက်လုံးများသည် အေးစက်ကာ စူးရှသည့် အလင်းရောင်တစ်ခု ထွက်ပေါ်လာ၏။

"အုန်း.."

ရုတ်တရက် ကြီးမားသည့် ဖိအားက သက်ဆင်းလာခဲ့သည်။ ထိုဖိအားသည် အထွတ်အထိပ် စစ်ဘုရင်များနှင့် ခြားနားနေပြီး လူတစ်ယောက်၏ အသိစိတ်ကို ဖိနှိပ့်နိုင်သည့် စိတ်ဆန္ဒတမျိုးနှင့် တူညီ၏။ သူ၏ ဝိဉာဉ်ကို မွန်းကြပ်လာစေသည်။

ရှိနေကြသည့် လူအားလုံးတို့သည် ထိုဖိအားအောက်တွင် ရုန်းမထွက်နိုင်အောင် ဖြစ်နေပြီး မည်သည့် လှုပ်ရှားမှုကိုမဆို ပြုလုပ်ရန် ခက်ခဲလွန်းလှသည်။ ထိုကဲ့သို့သော ကြီးစိုးလှသည့် ဖိနှိပ့်မှုအောက်တွင် အထွတ်အထိပ် စစ်ဘုရင်များပင်လျှင် အကြောက်တရားဖြင့် တုန်ခါရ၏။

သူတို့၏ စွမ်းရည်များက ချိုးနှိမ်ခြင်း ခံရကာ မူလခွန်အား၏ သုံးပုံတစ်ပုံကိုပင် အသုံးပြုနိုင်စွမ်း မရှိအောင် ဖြစ်စေ၏။

ရွှီယန်၏ မျက်နှာက ချက်ချင်းပင် ပြောင်းလဲသွားသည်။ တုန်ခါသည့် အသံတစ်ခုနှင့်အတူ တောင်နှင့်မြစ်၏ ပုံရိပ်က ထွက်ပေါ်လာ၏။ လူတိုင်းကို လွှမ်းခြုံကာ ဖိအားကို ခုခံသည်။ သူ၏ တောင်နှင့်မြစ် ဓားဆန္ဒသည် ဒီဖိအားကို ခံနိုင်ရည်ရှိ၏။

"အုန်း.."

တောင်နှင့်မြစ်တို့၏ အသွင်အပြင်က လှိုင်းထနေပြီး ကြီးမားသည့် ဖိအားကို တောင့်ခံနေရဟန် ရှိသည်။

သို့ပေမယ့် ရွှီယန်မှာ စိတ်သက်သာရာ ရသွား၏။ သူသည် ဖိအားကို တောင့်ခံနိုင်ခဲ့လေသည်။

သို့ပေမယ့် နှလုံးသားထဲတွင် တင်းကြပ်စွာသာ ရှိနေဆဲဖြစ်၏။ နက်ရှိုင်းသည့် အသံဖြင့် ပြောသည်။

"စစ်ဘုရင်အဆင့်ရဲ့ အထက်မှာလား.."

ယင်လုံ့စံအိမ်သခင်၏ မျက်လုံးများက ကြောက်စရာကောင်းသည့် တောက်ပမှုဖြင့် ပြည့်နက်နေ၏။ ဖိအားက ဆက်တိုက် တိုးမြင့်လာနေသည်။ သို့ပေမယ့် ရွှီယန်၏ တောင်နှင့်မြစ်ဓားဆန္ဒကို ချိုးဖျက်နိုင်စွမ်း မရှိပေ။

သူက အနည်းငယ် မျက်မှောင်ကျုံ့သွား၏။ နှလုံးသားထဲတွင် အံ့သြမှုတို့ ပြည့်နက်နေပါသည်။

'ဒါက ဘယ်လိုသိုင်းပညာမျိုးလဲ... ဘာဖြစ်လို့ ကောင်းကင်ကြီးမြတ်ခြင်းနဲ့ တူညီပြီး တစ်ချိန်တည်းမှာ ခြားလည်းခြားနားတဲ့ ဒီဗိုင်းစွမ်းအားကို ပိုင်ဆိုင်ထားရတာလဲ... သူက ကောင်းကင်လူသားတစ်ယောက် မဟုတ်ဘူး။ ဒါပေမယ့် ကောင်းကင်လူသားတစ်ယောက်ရဲ့ ဒီဗိုင်းစွမ်းအားကို ခံနိုင်ရည်ရှိတာလား..'

ယင်လုံ့စံအိမ်သခင်က ရွှီယန်ကို အနီးကပ် ကြည့်သည်။ သူ၏ မျက်လုံးများက လင်းလက်လာပြီး နားလည်မှုရလာခဲ့၏။

သူသည် ရွှီယန်၏ အဘယ်ကြောင့် အထွတ်အထိပ်စစ်ဘုရင်များကို သတ်ဖြတ်နိုင်ကြောင်းအား နားလည်မှုတစ်ခု စတင် ရရှိလာခဲ့သည်။ ဤသည်မှာ ဒီလျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားနှင့် ပတ်သက်နေပေလိမ့်မည်။

'ကြည့်ရတာ အချို့နက်နဲတဲ့ စိတ်ဆန္ဒ တစ်မျိုးမျိုးဖြစ်ပုံပဲ။ သူဘယ်လိုလုပ်ပြီး ကျင့်ကြံခဲ့တာလဲ။ ကောင်းကင်လူသားတစ်ယောက် မဖြစ်သေးပဲနဲ့  တူညီလုနီးပါးရှိနေတဲ့ ဒီဗိုင်းစွမ်းအားကို ပိုင်ဆိုင်နိုင်တယ်..'

သူသည် ရုတ်တရက် ရွှီယန်အပေါ် စိတ်ဝင်စားလာခဲ့၏။

'ငါက တစ်ဝက်တစ်ပြက် ကောင်းကင်လူသားအဆင့်ထက် မပိုဘူး။ ငါ့ရဲ့ ကောင်းကင်ကြီးမြတ်ခြင်းက ပြည့်စုံမှုမရှိဘူး။ ဒါပေမယ့် ငါသာ ဒီလျှို့ဝှက်ဆန်းကြယ်ပြီး အဓိပ္ပါယ်နက်နဲတဲ့ စိတ်ဆန္ဒကို ကျင့်ကြံနိုင်ရင် ကောင်းကင်လူသားတစ်ယောက်ရဲ့ စစ်မှန်တဲ့ စွမ်းအားကို ပိုင်ဆိုင်လာလောက်တယ် မလား..'

ယင်လုံ့စံအိမ်သခင်သည် စဉ်းစားရင်းနှင့် စိတ်လှုပ်ရှားလာခဲ့၏။

"လူငယ်... မင်းက ငါ့ရဲ့ ပြိုင်ဘက်မဟုတ်ဘူး... ဒီကောင်မလေးကို ခေါ်ပြီး ငါနဲ့လိုက်ခဲ့။ အဲ့ဒါဆိုရင် အခြားလူတွေကို အသက်ရှင်သန်ခွင့် ပေးမယ်။ မဟုတ်ရင်တော့ ငါ့ကို နှလုံးသားမဲ့တယ်လို့ အပြစ်မတင်နဲ့.."

ယင်လုံ့စံအိမ်သခင်က အေးစက်စွာ ပြောသည်။

သူ၏ ခန္ဓာကိုယ်မှ အရှိန်အဝါတို့ ထပ်မံ ကြီးမြင့်လာပြီး  အထွတ်အထိပ်စစ်ဘုရင်များကို ကျော်လွန်သည့် ကြောက်စရာကောင်းသည့် ခွန်အားကို ပြလာခဲ့၏။

"အရမ်းကို သန်မာလွန်းတယ်.."

ရွှီယန်၏ နှလုံးသားက လှုပ်ခါသွားသည်။ ဒီလူသည် အထွတ်အထိပ်စစ်ဘုရင် အဆင့်ကို ကျော်လွန်သည့်  စွမ်းအားကြီး တည်ရှိမှုတစ်ခု ဖြစ်၏။ သူ့အနေနှင့် ထုံးရွှမ်အဆင့်ကို ချိုးဖျက်ခြင်း မရှိပါက တစ်ဖက်လူကို ရင်ဆိုင်နိုင်မည် မဟုတ်ပေ။

သို့ပေမယ့် သူသည် ထိတ်လန်ကြောက်ရွံ့ခြင်း လုံးဝမရှိပါ။ ဆရာဖြစ်သူသည် ဒီနေရာတွင် ရှိနေ၏။

ဒီအချိန်အားလုံး အတွင်းတွင် လီရွှမ်သည် ကုလားထိုင်ပေါ်၌သာ ထိုင်နေ၏။ ယင်လုံ့စံအိမ်သခင် ပေါ်လာသည့်အချိန်၌ တစ်ခုခု မှားယွင်းနေကြောင်းကို သူသိလိုက်သည်။

ဒီလူသည် စွမ်းအားကြီးမားလှ၏။အထွတ်အထိပ် စစ်ဘုရင်တစ်ယောက်ထက် များစွာကျော်လွန်လှပါသည်။ အထူးသဖြင့် သိုင်းသမားများ၏ အသိစိတ်ကို တစ်ခါတည်း ဖိနှိပ့်နိုင်စွမ်းရှိပုံ ပေါ်သည့် ထိုဖိအားဖြစ်၏။

မည်မျှ စွမ်းအားကြီးမားသည့် စိတ်ခွန်အားဖြစ်သနည်း။ သို့မဟုတ် ဒီဗိုင်းဝိဉာဉ်၏ စွမ်းအားလေလား။ ပုံမှန် အထွတ်အထိပ် စစ်ဘုရင် တစ်ယောက်သာ ဆိုပါက ခုခံရန်အတွက် မနဲ ရုန်းကန်နေရမှာပါ။ သူတို့၏ အသိစိတ်သည် ဖိနှိပ်ကာ ကန့်သတ်ခြင်းကို ခံထားရပြီး ခွန်အားအများစုကို ထုတ်ယူသုံးစွဲနိုင်ခြင်း မရှိတော့ပေ။

သို့ရာတွင် ထိုစိတ်စွမ်းအား ဖိအားကို ဓားဆန္ဒသို့မဟုတ် ဆေဘာဆန္ဒဖြင့် ခုခံနိုင်၏။ ဓားဆန္ဒသာ လုံလောက်စွာ သန်မာခြင်းရှိပါက ထိုဖိအားကို ဖျက်ဆီး၍ပင် ရနိုင်သည်။

ထိုအကြောင်းကြောင့်သာ ရွှီယန်သည် ဒီဖိအား၏ အောက်တွင် သက်ရောက်ခြင်းမရှိစွာ နေနိုင်ခြင်း ဖြစ်၏။

"အထွတ်အထိပ် စစ်ဘုရင်အဆင့်ရဲ့ အထက်က တည်ရှိမှုတစ်ခုလား။ ဒါပေမယ့် တစ်ခုခု မှားယွင်းနေတယ်။ အထွတ်အထိပ်စစ်ဘုရင် အထက်ကို ကျော်လွန်ပေမယ့် ပြည့်စုံတယ်လို့ မခံစားရဘူး.."

လီရွှမ်က စဉ်းစား၏။

ယင်လုံ့စံအိမ်သခင်၏ ခွန်အားမှာ အထွတ်အထိပ်စစ်ဘုရင်အဆင့်၏ အထက်သို့ ရောက်ရှိနေတာ  သေချာပါသည်..။

သို့ပေမယ့် ပြည့်စုံသည့် အဆင့်ချိုးဖျက်မှုအား မလုပ်နိုင်သေးပေ။ ထိုသို့ဆိုပါက စစ်ဘုရင် အဆင့်၏ အထက်ရှိ သိုင်းအဆင့်မှာ သိုင်းသမားများ၏ စိတ်စွမ်းအားကို ကျင့်ကြံသည်လား။

'ငါဖန်တီးခဲ့တဲ့ သိုင်းပညာရဲ့ စတုတ္ထအဆင့်က စစ်ဘုရင်အဆင့်အထက်က အဆင့်ထက် ပိုပြီးတော့ စွမ်းအားကြီးပြီး ပိုပြီးတော့ လျှို့ဝှက်ဆန်းကြယ်တယ်..'

'ငါ့ရဲ့ သိုင်းပညာအပေါ် ဖန်တီးမှု လားရာကလည်း မှန်ကန်တယ်။ ဒါဆိုရင် ပဉ္စမအဆင့်အတွက် လားရာကိုလည်း အတည်ပြုလို့ရပြီ..'

လီရွှမ်သည် ယင်လုံ့စံအိမ်သခင်အား ကိုးကားချက်ယူကာ စစ်ဘုရင်အဆင့်၏ အထက်ရှိ အဆင့်မှာ သိုင်းသမားများ၏ စိတ်ခွန်အားကို ကျင့်ကြံခြင်း ဖြစ်ကြောင်းအား မှန်းဆရ၏။ သို့မဟုတ် ဒီဗိုင်းဝိဉာဉ်အဆင့်ဟုပင် ပြောနိုင်ပါသည်။

သူဖန်တီးထားသည့် သိုင်းစနစ်၏ စတုတ္ထအဆင့်မှာ မူလအဆင့်နှင့် ထုံးရွှမ်အဆင့်တို့တုန်းက ကဲ့သို့ပင် တည်ရှိနေဆဲ သိုင်းပညာစနစ်၏ အဆင့်တူထက် ပိုမို စွမ်းအားကြီးမားနေဆဲ ရှိ၏။

'‌ဒီဗိုင်းစွမ်းအားကို တူညီစွာ ကျင့်ကြံရင်တောင် ခွန်အားအဆင့်က ခြားနားနေမှာ။ ယင်လုံ့စံအိမ်သခင်က ငါ့ကို အကြမ်းဖျင်း ခန့်မှန်းချက်တစ်ခု ရလာစေတယ်။ သူက ပြီးပြည့်စုံအောင် အဆင့်မချိုးဖျက် သေးပေမယ့် ဆက်စပ်တွေးတောကြည့်ပြီး အထွဋ်အထိပ်အဆင့်ရဲ့အထက်က သိုင်းသမားတွေရဲ့ ခွန်အားက အဲ့လောက်ကြီး စွမ်းအားမကြီးတာကို သိမြင်နိုင်လာတယ်..'

ဤသည်မှာ လီရွှမ်၏ ကိုယ်ပိုင်ခွန်အားဖြင့် တွက်ချက်ခြင်း ဖြစ်၏။ စစ်ဘုရင်အဆင့်၏ အထက်ရှိ သိုင်းသမားများသည် သူတို့၏ စိတ်ဝိဉာဉ်စွမ်းအားကြောင့် အလွန်သန်မာကြ၏။

သို့ပေမယ့် ၎င်းတို့ကို ဓားဆန္ဒနှင့် ဆေဘာဆန္ဒတို့က ခုခံနိုင်စွမ်း ရှိပါသည်။

All Chapters