← Chapters

ဓားတစ်ချက်ဖြင့် ဝိဉာဉ်အားဖျက်ဆီးခြင်း

Vol. 21 Ch. 305

ဓားတစ်ချက်ဖြင့် ဝိဉာဉ်အားဖျက်ဆီးခြင်း

Vol. 21 Ch. 305

ထယ်ရှန်းမြို့ရှိ ထန်းပေါင်စံအိမ်၏ အထက်တွင်  တစ်ဝက်တစ်ပြက် ကောင်းကင်လူသားအဆင့် ပုဂ္ဂိုလ်နှစ်ယောက်တို့သည် အေးဆေးစွာဖြင့် လက်ဖက်ရည်သောက်နေ၏။ အရာအားလုံးတို့ကို ပြီးပြည့်စုံစွာ ထိန်းချုပ်ထားသည့်နှယ် ရှိသည်။

ချန်ချင်းစံအိမ်က အကူအညီတောင်းခံခံ မခံခံ ကျရှုံးသည်နှင့် သူတို့က ဝင်ရောက်ကာ အရေးကြီးသည့် လူများကို ကယ်တင်မည် ဖြစ်သည်။

စစ်ဘုရင်များမှာ မည်မျှပင် စွမ်းအားကြီးမား စေကာမူ သူတို့နှစ်ဦးသည် ကောင်းကင်လူသားအဆင့်သို့ ပြည့်စုံစွာ ချိုးဖျက်နိုင်သေးခြင်း မရှိလင့်ကစား  အထွတ်အထိပ် စစ်ဘုရင်များ၏ ရှေ့မှ လူများကို  ကယ်တင်ရန် လုံလောက်သည့် စွမ်းအားတို့ ရှိနေပါသည်။ ဤသည်မှာ သူတို့၏ ယုံကြည်ချက်ဖြစ်၏။

ထိုအချိန်၌ ရုတ်တရက် တဝက်တပြတ် ကောင်းကင်လူသား နှစ်ယောက်တို့၏ မျက်နှာများက ပြောင်းလဲသွားကြသည်။ လှုပ်ရှားမှုတစ်ခုနှင့် အတူ ထန်းပေါင်စံအိမ်မှ ထွက်ခွာသွားကြ၏။

"တစ်ဝက်တစ်ပြက် ကောင်းကင်လူသား တစ်ယောက်ရဲ့ အငွေ့အသက်ပဲ.."

ယခုမျှ စွမ်းအားကြီးမားသည့် ပုဂ္ဂိုလ်တစ်ယောက်  ရောက်ရှိလာခဲ့၏။ ထို့အပြင် ချန်ချင်းစံအိမ်ဆီသို့ တည့်မတ်စွာ သွားရောက်နေပါသည်။

"အဲ့ဒါ ယင်လုံ့စံအိမ်က အင်မော်တယ် အဘိုးကြီးပဲ.." တစ်ယောက်က နက်ရှိုင်းသည့်အသံဖြင့် ပြော၏။

"ယင်လုံ့... သူတို့က အမှောင်အင်အားစု တစ်ခုပဲ။ ဒီလောက်ကြီးကျ လက်လှမ်းရှည်လွန်းသွားပြီ မလား.."

အခြားတစ်ယောက်က ခံစားချက်မဲ့စွာ ပြော၏။

ချန်ချင်းစံအိမ်ရှိ လူများ အကူအညီတောင်းပါက  နောက်ကျမှုမျိုး မဖြစ်စေရန် သူတို့နှစ်ယောက်က အနီးသို့ သွားရောက်ကြတော့မှာပါ။ ထိုလူများကို ယင်လုံ့စံအိမ်၏ လက်ထဲသို့ ကျရောက်စေလို့ သေချာပေါက် မဖြစ်ပေ။

သို့ရာတွင် နှစ်ယောက်သား၏ ပုံစံများက ရုတ်တရက် ပြောင်းလဲသွား၏။ စွမ်းအားကြီးမားသည့် ရန်သူတစ်ယောက်ကို  ရင်ဆိုင်လိုက်ရသည့်ဟန် ရှိသည်။

မံမီကဲ့သို့ ခြောက်ကပ်နေသည့် ပုံရိပ်တစ်ခု တိတ်ဆိတ်စွာ ရောက်ရှိလာခဲ့၏။ သူသွားရောက်သည့် နေရာတိုင်းတွင် ပိုးမွှားများအကုန် ခြောက်သွေ့ သေဆုံးကုန်ကြသည်။ ထန်းပေါင်စံအိမ်၏ အပြင်ဘက်ရှိ သစ်ပင်ကြီးပင်လျှင်  တဖြည်းဖြည်းနှင့် ညှိုးခြောက်လာခဲ့၏။

"ဘုန်း.."

ထန်းပေါင်စံအိမ်၏ တစ်ဝက်တစ်ပြတ် ကောင်းကင်လူသား နှစ်ယောက်တို့က သူတို့၏ အရှိန်အဝါများကို ထုတ်လွှတ်လိုက်ကြသည်။ ၎င်းသည် ထန်းပေါင်စံအိမ်ကို လွမ်းခြုံသွားပြီး အရာအားလုံးကို ယိုယွင်းစေသည့် မမြင်နိုင်သည့်အားကို စည်းကာထား၏။

လေထဲတွင် တစ်ဟစ်ဟစ်မြည်သံများ ထွက်ပေါ်လာခဲ့သည်။ နှစ်ဘက်၏ စွမ်းအားက ထိပ်တိုက်တွေ့ဆုံကာ ယိုယွင်းစေသည့်အားက ၎င်း၏ လမ်းကြောင်းရှိ အရာအားလုံးကို လှိုက်စားလိုသည့်ပုံ ရှိသည်။

"သုတ်သင်ခြင်းနတ်ဆိုး.."

ထန်းပေါင်စံအိမ်ရှိ တစ်ဝက်တစ်ပြတ် ကောင်းကင်လူသားတစ်ယောက်က ညှို့မှိုင်းစွာပြော၏။

"မင်းတို့နှစ်ယောက် ဝင်မပါသင့်ဘူး.."

သုတ်သင်ခြင်းနတ်ဆိုးက အက်ကွဲနေသည့် အသံဖြင့် ပြောသည်။

"မင်းက ငါတို့ကို တားဆီးဖို့ စီစဉ်ထားတာလား.."

"ခဏလောက် ဆိုင်းငံ့ထားရုံပါပဲ။ အဲ့လောက်တော့ ငါလုပ်နိုင်သေးတယ်.."

သုတ်သင်ခြင်းနတ်ဆိုးက မထူးမခြားနားစွာ ဖြေကြားသည်။

ထန်းပေါင်စံအိမ်ရှိ တဝက်တစ်ပြက် ကောင်းကင်လူသားနှစ်ယောက်တို့ တိတ်ဆိတ်သွားကြ၏။ သုတ်သင်ခြင်းနတ်ဆိုးမှာ နတ်ဆိုးအရှင်သခင် ၉ယောက်ထဲမှ တစ်ယောက်ဖြစ်၏။ စီနီယာအကျဆုံး နတ်ဆိုးအရှင်သခင်များထဲမှ တစ်ယောက်လည်း ဖြစ်၏။

အတွင်းဘက်နယ်မြေတွင် လူသိများကျော်ကြားသည့် နတ်ဆိုးအရှင်သခင် ၃ယောက်တို့မှာ အသစ်များ ဖြစ်ကြသည်။ နတ်ဆိုးအရှင်သခင် ဟော်ထူမှာ ဂျူနီယာမျိုးဆက်မှ အဖွဲ့ဝင်တစ်ယောက်သာ ဖြစ်၏။ သုတ်သင်ခြင်းနတ်ဆိုးနှင့် နှိုင်းယှဉ်ပါက ဟော်ထူမှာ များစွာနောက်ကျကျန်ရစ်သည်။

ထို့အပြင် သုတ်သင်ခြင်းနတ်ဆိုးမှာ နတ်ဆိုးအရှင်သခင်ကြီး၏ တပည့်အရင်း ဖြစ်သည်ဟု ကြားသိရ၏။ နတ်ဆိုးဂိုဏ်းသည် နတ်ဆိုးအရှင်သခင်ကြီး၏  ဦးဆောင်မှုအောက်တွင် အလွန် မယုံကြည်နိုင်စရာကောင်းလောက်အောင် စွမ်းအားကြီးမားခဲ့သည်။

အတွင်းဘက်နယ်မြေ တစ်ခုလုံးကို လှိုင်းထန်စေပြီး မရေမတွက်နိုင်သည့် သိုင်းသမားများကို သတ်ဖြတ်ခဲ့သည်။

နောက်ဆုံးမင်းဆက်၏ မပြိုလဲခင်တွင် နတ်ဆိုးများသည် ထိုမင်းဆက်၏ ကြီးမားသည့် ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှိနေခဲ့သည်။

အင်အားကြီး အဖွဲ့အစည်းများစွာတို့က ပူးပေါင်းကာ လိုက်လံသုတ်သင်ခဲ့လင့်ကစား နတ်ဆိုးဂိုဏ်းသည် ဘယ်တုန်းကမှ ပျောက်ဆုံးသွားခြင်းမရှိပေ။ အဲ့ဒီ့အစား သူတို့၏ မောက်မာသည့် အပြုအမူများသာ ယာယီ ထိန်းချုပ်သွားခြင်း ဖြစ်၏။

နောက်ဆုံးမင်းဆက်၏ ပြိုလဲမှုအပြီးတွင် နတ်ဆိုးဂိုဏ်းက ပြန်လည် ထကြွလာခဲ့သည်။ ဤသည်မှာ အတွင်းဘက်နယ်မြေ၏ အမှောင်မိုက်ဆုံး ခေတ်ကာလကို ကိုယ်စားပြု၏။

မကြာခင် နတ်ဆိုးအရှင်သခင်ကြီး ပျောက်ကွယ်သွားခဲ့သည်။ နတ်ဆိုးဂိုဏ်းလည်း နတ်ဆိုးအရှင်သခင် ၉ယောက်က ဦးဆောင်သည့် အဖွဲ့များအဖြစ် ကွဲသွားခဲ့၏။ အခြားအင်အားစုများ၏ လက်စားချေမှု အောက်တွင် တဖြည်းဖြည်းနှင့် အားနည်းလာခဲ့သည်။

သို့ရာတွင် အတွင်းဘက်နယ်မြေ၌ သူတို့ကို  အထင်သေးလို့မရပေ။ အထူးသဖြင့် နတ်ဆိုးအရှင်သခင် ၉ယောက်တို့ ဖြစ်ကြ၏။ ယခုတော့ ၈ယောက်သာ ရှိပါတော့သည်။ ဟော်ထူကို ရွှီယန်က သတ်ဖြတ်လိုက်ပြီး ဖြစ်၏။

ပြောကြသည်မှာ သုတ်သင်ခြင်း နတ်ဆိုးအရှင်သခင်သည် နတ်ဆိုးအရှင်သခင်ကြီး၏ တပည့်တစ်ယောက် ဖြစ်သည်ဟု ဆို၏။ မှန်သည်လား မှားသည်လား ဟူသည်မှာတော့ နတ်ဆိုးရှင်သခင် ၉ယောက်တို့ အကြားတွင် သူ၏ စွမ်းအားကြီးမှုနှင့် သြဇာညောင်းမှုကို ကြည့်ခြင်းအားဖြင့် သိမြင်နိုင်ပါသည်။

"ယင်လုံ့စံအိမ် သခင်ကလည်း နတ်ဆိုးအရှင်သခင် ၉ယောက်ထဲက တစ်ယောက်လား.."

ထန်းပေါင်စံအိမ်၏ တစ်ဝက်တစ်ပြက် ကောင်းကင်လူသားတစ်ယောက်က နက်ရှိုင်းသည့်အသံဖြင့် မေး၏။

"ယင်လုံ့က ယင်လုံ့.. နတ်ဆိုးဂိုဏ်းက နတ်ဆိုးဂိုဏ်းပဲ... ငါနဲ့သူနဲ့က အနည်းငယ် သိကျွမ်းရုံပဲရှိတာ.."

သုတ်သင်ခြင်းနတ်ဆိုးက ဖြေသည်။

ထန်းပေါင်စံအိမ်၏ ပုဂ္ဂိုလ်နှစ်ယောက်တို့က မရေရာစွာ ရှိနေကြ၏။ သူတို့သည် တိုက်ခိုက်မှု ပြုလိုကြသည်။

သို့ပေမယ့် သုတ်သင်ခြင်းနတ်ဆိုးမှာ အလွန်စွမ်းအားကြီးမားလှ၏။ သူတို့နှစ်ယောက်ကို ခဏတာတော့ တားဆီးထားမှာ ဖြစ်သည်။

ထိုအချိန်တစ်ခု အတွင်းတွင် ချန်ချင်းစံအိမ်ရှိ လူများအားလုံး အသတ်ခံရခြင်း သို့မဟုတ် ဖမ်းဆီးခံရခြင်းတို့ ဖြစ်ပြီး ဖြစ်မှာပါ။

သုတ်သင်ခြင်း နတ်ဆိုးအရှင်သခင်နှင့် ယင်လုံ့စံအိမ်သခင်တို့ကို ထန်းပေါင်စံအိမ်၏ အင်အားနှင့် ခြိမ်းခြောက်ဖို့ရာ အသုံးဝင်မည် မဟုတ်ပါ။ မဟုတ်ပါက သုတ်သင်ခြင်းနတ်ဆိုး အရှင်သခင်သည် ဒီကိုရောက်လာမည် မဟုတ်ပေ။

ရုတ်တရက်  ပုဂ္ဂိုလ်၃ယောက်တို့သည် နေရာမှာတွင် ရပ်နေကြပြီး  ရှေ့ဆက်မရနိုင်အောင် ဖြစ်နေကြသည်။

ရုတ်တရက် သူတို့၏ ပုံစံများက ပြောင်းလဲသွားပြီး ချန်ချင်းစံအိမ်ဘက်သို့ လှည့်ကြည့်ကြ၏။ ယင်လုံ့စံအိမ်သခင်က ကြီးမားသည့် အရှိန်အဝါကို ထုတ်လွှတ်လာခဲ့သည်။

သူသည် စွမ်းအားကြီးမားသည့် ရန်သူတစ်ယောက်ကို ကြုံတွေ့နေသည်လား။ ချန်ချင်းစံအိမ်တွင်  တစ်ဝက်တစ်ပြက် ကောင်းကင်လူသားတစ်ယောက်  ရှိနေသည်လား။ ဤသည်မှာ ချန်ချင်းစံအိမ်၏ ယုံကြည်ချက်အရင်းအမြစ်လေလား။

ထန်းပေါင်စံအိမ်၏ ပုဂ္ဂိုလ်၂ယောက်တို့ ပဟေဠိဖြစ်သွားကြသည်။

သူတို့သည် ဒီအချိန်များအတွင်းတွင်  အဘယ်ကြောင့် ချန်ချင်းစံအိမ်အတွင်း၌ ရှိသည့်  တစ်ဝက်တစ်ပြက် ကောင်းကင်လူသားကို စူးစမ်းရန် ကျရှုံးခဲ့ကြသနည်း။

ချန်ချင်းစံအိမ်မှ ထိတ်လန့် ကြောက်မက်ဖွယ်ကောင်းသည့် အငွေ့အသက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ၃ယောက်သားကို ထိတ်လန့်သွားစေသည်။

ထိုအငွေ့အသက် ထွက်ပေါ်လာသည်နှင့် ယင်လုံ့စံအိမ်၏ အငွေ့အသက်က ပျောက်ကွယ်သွားခဲ့၏။ သူနဲ့အတူ အထွတ်အထိပ် စစ်ဘုရင်၇ယောက်တို့၏ အငွေ့အသက်များလည်း လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားကြသည်။

"သေကုန်ပြီ..."

တစ်ဝက်တစ်ပြက် ကောင်းကင်လူသား အဆင့်ပင်လျှင် သေဆုံးခဲ့သည်လား။ ထို့အပြင် မည်သည့် ပြင်းထန်သည့် တိုက်ပွဲမှ မရှိသလို သေခြင်းရှင်ခြင်းအတွက် အရေးပေါ် အခိုက်အတန့်လည်း မရှိပေ။

မည်ကဲ့သို့သော စွမ်းအားကြီးမားသည့် တည်ရှိမှုသည် တစ်ဝက်တစ်ပြက် ကောင်းကင်လူသား တစ်ယောက်ကို လျှပ်တပြက်အတွင်း သတ်ဖြတ်နိုင်သနည်း။ ဖြစ်နိုင်သည်မှာ စစ်မှန်သည့် ကောင်းကင်လူသား တစ်ယောက် အတွင်းဘက်နယ်မြေသို့ ရောက်ရှိနေသည်လား။

"အန္တရာယ်.."

သုတ်သင်ခြင်းနတ်ဆိုးမှာ သတိကြီးသွားသည်။ အခြေအနေ၏ ဆိုးရွားမှုကို ရုတ်တရက် နားလည်လိုက်၏။

ယင်လုံ့စံအိမ်သခင်၏ အသတ်ခံရမှုနှင့်အတူ သူနှင့်တစ်ဖက်လူတို့မှာ တစ်ဖွဲ့ထဲဖြစ်ရာ အခြေအနေမကောင်းတော့ပေ။ လျှင်မြန်စွာ လှုပ်ရှားရင်းက ထွက်ပြေးရန် စီစဉ်၏။

ထို့နောက် ညင်သာသည့် အသံတစ်ခု ရောက်ရှိလာခဲ့သည်။

"လာပြီးမှတော့ မသွားနဲ့တော့.."

ကျောက်စိမ်းအဆောင်ကို ကိုင်ဆောင်ထားသည့် လူငယ်တစ်ယောက်သည် အေးအေးလူလူနှင့်

အနှောင်အဖွဲ့ကင်းမဲ့ပုံရှိပြီး လျှို့ဝှက်ဆန်းကြယ်ကာ  အနှိုင်းမဲ့သည့် အငွေ့အသက်ကို ပိုင်ဆိုင်ထားသည်။

"ဘုန်း.."

သုတ်သင်ခြင်းနတ်ဆိုးက မီးခိုးရောင် စွမ်းအင်လှိုင်းများကို ထုတ်လွှတ်လာ၏။ သူ၏ခန္ဓာကိုယ်က ဝေဝါးသွားပြီး လျှို့ဝှက်အတတ်ကို အသုံးပြုကာ ထွက်ပြေးတော့မှာ ဖြစ်သည်။

လူငယ်ပေါ်လာသည်နှင့် ကြောက်စရာကောင်းသည့် တည်ရှိမှုတစ်ခုကို တွေ့လိုက်ရသည့်အလား သေဆုံးခြင်း၏ အငွေ့အသက်ကို ရရှိလာခဲ့သည်။

သူသည် ထွက်ပြေးရပေမည်။

တုံ့ဆိုင်းခြင်း လုံးဝမရှိဘဲ လျှို့ဝှက်အတတ်ကို ချက်ချင်းပင် အသုံးပြုကာ လွတ်မြောက်ရန် မျှော်လင့်၏။

လီရွှမ်၏ အကြည့်က ထူးမခြားနားစွာ ရှိနေ၏။ သူက လက်ကိုမြှောက်ကာ ခုတ်ပိုင်းလိုက်သည်။ နတ်ဘုရားသတ်ဖြတ်ခြင်း ဓားချက်နှင့် တစ်ချက်သတ် ဓားချက်ကို ပေါင်းစပ်ထား၏။

တစ်ဖက်လူ အသုံးပြုသည့် လျှို့ဝှက်အတတ်မှာ မည်မျှပင် ဆန်းကြယ်နေစေကာမူ.. ပုံရိပ်တို့ ဝေဝါးနေစေကာမူ ဒီသေစေလောက်သည့် တိုက်ခိုက်ချက်မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

李 玄:

All Chapters