← Chapters

ထုံးရွှမ်အဆင့်၏စွမ်းအား၊ ရန်သူများကိုရှင်းလင်းခြင်း(၂)

Vol. 21 Ch. 308

ထုံးရွှမ်အဆင့်၏စွမ်းအား၊ ရန်သူများကိုရှင်းလင်းခြင်း(၂)

Vol. 21 Ch. 308

သူလည်းပဲ ပြေးဝင်တိုက်ခိုက်၏။ စွမ်းအားကြီး ပုဂ္ဂိုလ်များ၏ အသွင်က လေးနက်သွားသည်။ သူတို့သည် ဒီနှစ်ယောက်ကို သတ်ဖြတ်ရန် ပိုမို ပြတ်သားလာခဲ့၏။

သူတို့သာ လွတ်မြောက်သွားပါက တစ်ယောက်ချင်းစီ တိုက်ခိုက်ရလျှင် တိုက်ကွက်အနည်းငယ်ပင် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ ရွှီယန်မှာ အလွန် ကြောက်ဖို့ကောင်းလှ၏။

အထွတ်အထိပ်စစ်ဘုရင် ၁၀ယောက်နီးပါးတို့ တိုက်ခိုက်ခြင်းကို ခံရလျှင်တောင် သူ့အနေနှင့် တန်ပြန်တိုက်ခိုက်နိုင်ပြီး အရေးနိမ့်ခြင်း မရှိပေ။ ထိုကဲ့သို့သော စွမ်းအားမှာ ကြောက်ဖို့ကောင်းလှ၏။

အထွတ်အထိပ်စစ်ဘုရင် အုပ်စုတို့ကို ပိုမိုပိုမိုကာ ထိတ်လန့်လာစေပြီး လူသတ်ငွေ့တို့ ပိုမိုကြီးဆိုးလာစေ၏။ တစ်ယောက်နှင့်တစ်ယောက် မျက်လုံးချင်းစုံကာ ကြည့်လိုက်ကြပြီးနောက် သက်ဆိုင်ရာ တိုက်ခိုက်မှုအသီးသီးကို ထုတ်လွှတ်ကြသည်။

လျှပ်တပြက်အတွင်းတွင် များပြားလှသည့် တိုက်ခိုက်ခြင်း စွမ်းအင်လှိုင်းတို့ ကျရောက်လာခဲ့၏။ ကမ္ဘာပျက်မုန်တိုင်းတစ်ခုကဲ့သို့ ရွှီယန်နှင့် မုန့်ချုံတို့ဆီသို့ ဦးတည်သွားသည်။

ချန်ချင်းစံအိမ်ရှိ လူအားလုံးတို့မှာ မိုးရေသဖွယ် ကျဆင်းလာခဲ့သည့်  ထိတ်လန့်ဖွယ် တိုက်ခိုက်မှုများကို ခေါင်းမော့ကြည့်ကာ တင်းကြပ်နေကြသည်။

၎င်းတို့သည် ရွှီယန်နှင့် မုန့်ချုံကို ချိန်ရွယ်ထားရင်းမှ အရာအားလုံးကို ဖျက်ဆီးရန် တာဆူလာခဲ့၏။

ရွှီယန်နှင့် မုန့်ချုံတို့မှာ သန်မာပေမယ့် များပြားလှသည့် လူများ၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် အားနည်းသွားသည့်ပုံ ပေါ်သည်။

ရွှီကျွင်းဟယ်၏ နှလုံးသားက လည်ချောင်းသို့ ရောက်လုမတတ် ခုန်ထွက်သွား၏။ သူ၏မျက်နှာက စိုးရိမ်မှုတို့ဖြင့် ပြည့်နက်နေပါသည်။

"ဘုန်း.."

ရွှီယန်က ဓားချက် တစ်ချက်ပြီးတစ်ချက်ကို ထုတ်လွှတ်ပြီး ဝင်ရောက်လာသည့် တိုက်ခိုက်မှုများကို ဖျက်ဆီးပစ်သည်။

သို့ပေမယ့် ရန်သူများက အလွန်များပြားရာ  တိုက်ခိုက်မှုများက ရေတံခွန်သဖွယ် ဆက်လက် သက်ဆင်းလာနေ၏။ သူ၏ဓားကို မည်မျှပင် လွှဲရမ်းနေစေကာမူ လုံလောက်နိုင်ခြင်း မရှိပေ။

မုန့်ချုံမှာ ရွှေရောင်အလင်းဖြင့် လွမ်းခြုံနေပြီး ခန္ဓာကိုယ်တစ်ခုလုံး တောက်ပစွာ ရှိနေပါသည်။ သူ၏ ဆေဘာကို ကြမ်းကြုတ်စွာ လွှဲရမ်းရင်းမှ လေနှင့်မိုးကြိုး၏ အစစ်အမှန် စွမ်းအားကို ပေါင်းစပ်ထားသည်။

သို့ပေမယ့် သူ၏စွမ်းအားက ရွှီယန်ထက် များစွာပိုမို နိမ့်ကျ၏။ နောက်ဆုံးတွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သည့် အသံတစ်ခုနှင့်အတူ လေထဲမှမြေပြင်သို့ ယိုင်ကျလာခဲ့သည်။

သို့ပေမယ့် သူ၏ပုံစံမှာ ရှုပ်ပွနေလျှင်တောင် ဒဏ်ရာရခြင်း မရှိပေ။ ရွှီယန်မှာ တောင့်ခံထားဆဲရှိ၏။ သူ၏ ခန္ဓာကိုယ်က ဆက်တိုက် ကျဆင်းလာနေပြီး ဓားကိုလွှဲရမ်းနေပါသည်။

သို့ပေမယ့် ရန်သူများ၏ တိုက်ခိုက်မှုများက အဆုံးမသတ်နိုင်ဘဲ ပိုမိုကာပင် သန်မာလာခဲ့၏။

သူ၏စွမ်းအားကို ပြသလေလေ အထွတ်အထိပ်စစ်ဘုရင်အုပ်စုကို ပိုမိုကြောက်ရွံ့လာစေပြီး သတ်ဖြတ်ရန်အတွက် ပိုမိုခိုင်မာ ပြတ်သားလာလေ ဖြစ်သည်။

လီရွှမ်က ကုလားထိုင်ပေါ်မှ မတ်တတ်ရပ်သည်။ ခြေလက်နှင့် ခါးတို့ကို ဆန့်ပြီးနောက် သွေးပူလေ့ကျင့်ခန်းလုပ်သည့်နှယ် အကြိမ်အနည်းငယ် ခုန်၏။

ပြီးနောက် လက်ကိုမြှောက်ကာ အစစ်အမှန်ယွမ်က  လှိုင်းထလာပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စိတ်ဝိဉာဉ်စွမ်းအားနှင့် ပေါင်းစပ်သွားသည်။

သူ၏ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စိတ်ဝိဉာဉ်စွမ်းအင်က ရုတ်တရက် ကြမ်းတမ်းလာပြီး ချန်ချင်းစံအိမ်၏ အထက်တွင် စုစည်းလာခဲ့၏။

ကြီးမားသည့် စိတ်ဝိဉာဉ်ဒိုင်းတစ်ခု အဖြစ် ပြောင်းလဲသွားသည်။

"ဘုန်း.."

အထွတ်အထိပ် စစ်ဘုရင်များ၏ ကြောက်စရာကောင်းသည့် စွမ်းအားက သက်ဆင်းလာချိန်တွင်  စိတ်ဝိဉာဥ်ဒိုင်းက ၎င်းတို့အားလုံးကို တားဆီးသွား၏။

ရွှီယန်က လေထဲမှ သက်ဆင်းလာခဲ့သည်။ စိတ်ဝိဉာဉ်စွမ်းအင်ဖြင့် စုစည်းထားသည့် ဒိုင်းကာကို ကြည့်ကာ အလွန် စိတ်လှုပ်ရှားလာခဲ့၏။

ဤသည်မှာ ထုံးရွှမ်အဆင့်၏ စွမ်းအားဖြစ်သည်။ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စိတ်ဝိဉာဉ်စွမ်းအင်ကို ထိန်းချုပ်ပြီး ထုံးရွှမ်၏ စွမ်းအားအဖြစ် ပြောင်းလဲနိုင်၏။

အထွတ်အထိပ် စစ်ဘုရင်များလည်း ပတ်ဝန်းကျင်ရှိ  စိတ်ဝိဉာဉ်စွမ်းအင်ကို အတိုင်းအတာတစ်ခုအထိ  စုစည်းပြီး ကြောက်စရာကောင်းသည့် ခွန်အားကို  ထုတ်လွှတ်နိုင်ပါသည်။

သို့ပေမယ့် ထုံးရွှမ်အဆင့်၏ စွမ်းအားနှင့် နှိုင်းယှဉ်ပါက ခြားနားချက်မှာ ကြီးမားလှ၏။

"ငါ့တပည့်တို့... သေသေချာချာ ကြည့်ထားကြ။ ထုံးရွှမ်ဆိုတာ ဘာလဲဆိုတာနဲ့... စကြာဝဠာကြီးနဲ့ ဆက်သွယ်မှုရဲ့ ဆန်းကြယ်မှုတွေက ဘာတွေလဲလို့.."

လီရွှမ်က ရွှီယန်ကိုကြည့်ကာ ပြုံးသည်။ ယနေ့တွင်  ဆရာဖြစ်သူသည် ကိုယ်တိုင်လှုပ်ရှားမှုပြုပြီး ထုံးရွှမ်၏ စွမ်းအားကို ပြသမည် ဖြစ်၏။

"အာရုံစိုက်ထား။ ဒါက ထုံးရွှမ်ပဲ။ ထုံးရွှမ်အဆင့်ကို ဝင်ရောက်ပြီးတဲ့အခါကျရင် မင်းလည်း ထုံးရွှမ်ရဲ့ ဆန်းကြယ်မှုတွေကို နားလည်သဘောပေါက်ပြီး  အနှစ်သာရကို ဖမ်းဆုပ်နိုင်ဖို့ ငါမျှော်လင့်တယ်.."

လီရွှမ်က ပြောလိုက်ပြီးနောက် လက်တစ်ဖက်က ကျောက်စိမ်းအဆောင်ကို ကစားရင်းက နောက်သို့ပစ်ထား၏။

အခြားလက်တစ်ဖက်က ဝှေ့ရမ်းလိုက်ကာ စိတ်ဝိဉာဉ်စွမ်းအင်တို့ကို ပေပေါင်းများစွာ ရှည်လျားသည့် ဓားကြီးတစ်ချောင်း ဖြစ်လာစေခဲ့သည်။ ချန်ချင်းစံအိမ်၏ အထက်တွင် အုပ်မိုးလာခဲ့၏။

ရွှီယန်မှာ အလွန်စိတ်လှုပ်ရှားစွာ ကြည့်ရှု့နေပြီး သူ၏ မျက်လုံးများသည် စိတ်ဝိဉာဉ်စွမ်းအင်ဖြင့် ဖွဲ့စည်းထားသည့် ဓားကြီးမှ ခွဲခွာနိုင်ခြင်း မရှိပေ။

ဦးနှောက်ထဲ၌ မီးခလုတ်တစ်ခုကို ဖွင့်လိုက်သည့်အလား အလင်းရောင်ကို မြင်တွေ့လာရ၏။ ဤသည်မှာ ဓားတာအိုအဆင့်၏ ဒုတိယအဆင့်ဖြစ်ပြီး  နှလုံးသားဓားအဆင့် ဖြစ်သည်။

ဒီအချိန်၌ သူသည် နှလုံးသားဓားအဆင့်အား မည်ကဲ့သို့ ကျင့်ကြံရန် နားလည်မှုအား ရေးတေးတေး ခံစားလာရ၏။

'ထုံးရွှမ်အဆင့်ရဲ့ ဆန်းကြယ်နက်နဲမှု... လောကမှာရှိတဲ့ အရာအားလုံးကို ဓားဖြစ်စေတဲ့ နှလုံးသားဓားအဆင့်...'

ရွှီယန်က ကိုယ့်ကိုယ်ကို ရေရွတ်၏။ သူသည် ဆရာဖြစ်သူကို စူးစိုက်စွာကြည့်ရှု့နေပြီး ကောင်းကင်ပေါ်သို့ အနှောင်အဖွဲ့ ကင်းလွတ်စွာနှင့် အေးဆေးစွာ တက်သွားမှုကို တွေ့လိုက်ရသည်။

နောက်ဆုံးတွင် ဆရာသည် ကိုယ်တိုင်လှုပ်ရှားမှုကို  ပြုလုပ်ပြန်တော့ပေမည်။ သူ၏ဆရာသည် ပြည့်စုံသည့် စွမ်းအားကို ပြသခြင်း မရှိပဲ ထုံးရွှမ်အဆင့်သို့ စတင်ဝင်ရောက်ခါစ ခွန်အားကိုသာ ထုတ်လွှတ်ထားပေမယ့် သူ၏နှလုံးသားထဲ၌ တောင့်တမျှော်လင့်မှုတို့ ပေါ်လာဆဲရှိသည်။

ဆရာက အလွန်ကောင်းပါသည်။ သူ့ကိုသင်ကြားနိုင်ရန်အတွက် ကိုယ်ပိုင်ခွန်အားကို ဖိနှိပ့်ပြီး ရန်သူကို ရင်ဆိုင်ပြ၏။ ဆရာဖြစ်သူသည် အမှန်တကယ်ကို ကြီးမြတ်ကာ လေးစားဖို့ ကောင်းပါသည်။

မည်မျှစွမ်းအားကြီးမားစေကာမူ အခြားသူများကို ခွန်အားအဆင့်အားအသုံးပြုပြီး အနိုင်ကျင့်ခြင်း မပြုပေ။ များပြားလှသည့် ရန်သူများကို တစ်ယောက်ထဲ  ရင်ဆိုင်ရလျှင်တောင် ဖြစ်၏။

ရွှီယန်က သက်ပြင်းချသည်။

'အရင်တုန်းက ဆရာ မရေမတွက်နိုင်တဲ့ ရန်သူတွေနဲ့ စစ်ခင်းခဲ့ဖူးတာ ဖြစ်မယ်။ အဲ့ဒါကြောင့်မလို့ သူ့ရဲ့ခွန်အားအဆင့်က အရမ်းကို မြင့်မားနေပေမယ့် အခြားလူတွေကို တိုက်ခိုက်တဲ့အခါ အဆင့်တူကိုပဲ အမြဲအသုံးပြုတယ်..'

'ဒီလို တိုက်ခိုက်မှု ယုံကြည်ချက်ရဲ့ အဆင့်... ဒီလို ဘယ်အရာကိုမှ ဂရုမထားတဲ့ဟန်ပန်က ငါနဲ့အရမ်းကို ဝေးကွာနေသေးတယ်..'

သူလုပ်နိုင်သည် အားလုံးမှာ ခေါင်းမော့ကြည့်ရန်သာ ရှိသည်။

လေထဲတွင် သိုင်းသမားအားလုံးတို့က မှင်သက်သွားကြ၏။ သူတို့၏ စွမ်းအားကြီး တိုက်ခိုက်မှုများသည် ချန်ချင်းစံအိမ်၏ အထက်တွင် စည်းကာထားသည့် အလွှာကို ချိုးဖျက်နိုင်ခြင်းမရှိဘဲ ဖြစ်နေ၏။

ကောင်းကင်ပေါ်သို့ အသာတကြည် တက်လှမ်းလာသည့် လူငယ်ကို ကြည့်ရှု့ကာ လက်တဝှေ့နှင့် လေထဲတွင် စုစည်းလာသည့် ကြီးမားသည့် ဓားကြီးကို ကြည့်ရှု့ကာ နှလုံးသားက အခုန်မြန်လာခဲ့သည်။

သံပြားကြီးကို ကန်လိုက်မိပြီ ဖြစ်ကြောင်းအား  နားလည်လိုက်ကြပြီး တစ်ခုခု မှားယွင်းနေကြောင်းကို သိလိုက်၏။

ချန်ချင်းစံအိမ်တွင် ယခုမျှ ကြောက်စရာကောင်းသည့်လူ ရှိနေပါသည်။ တစ်ဖက်လူ၏ ခွန်အားအဆင့်သည် မည်မျှ ဖြစ်မည်နည်း။

စစ်ဘုရင်အဆင့်ထက် ကျော်လွန်နေသည်လား။ သို့ပေမယ့် စစ်ဘုရင်များမှာ အတွင်းဘက်နယ်မြေ၏ ထိပ်ဆုံးသို့ ရောက်ရှိနေပြီးပြီ မဟုတ်ပါလား။

"သတ်.."

ဦးလှည့်စရာနေရာ မရှိတော့သည့်အချိန်၌ ဒီစစ်ဘုရင်များသည် တုံ့ဆိုင်းခြင်း မရှိကြတော့ပါ။ စစ်ဘုရင်အဆင့်အထိ ကျင့်ကြံနိုင်ခဲ့သည့် လူများအကြားတွင် အတိတ်၏ ပါရမီရှင်များ မဟုတ်ခဲ့တာ မည်သူရှိလို့နည်း။

ထိုအခိုက်အတန့်တွင် အားလုံးတို့သည် တစ်ယောက်နှင့်တစ်ယောက် နားလည်မှု ရရှိလိုက်၏။ အစွမ်းကုန်အသုံးပြုကာ အားကုန် တိုက်ခိုက်ကြသည်။

"ဘုန်း.."

သိုင်းသမားအားလုံးတို့သည် သူတို့၏ အရှိန်အဝါများကို အမြင့်ဆုံးသို့ ထုတ်ဖော်လိုက်ပြီး လေထဲတွင် ကြောက်စရာကောင်းသည့် စွမ်းအားတို့ စုစည်းလာကြသည်။

ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စိတ်ဝိဉာဉ်စွမ်းအင်ကို လှုံ့ဆော်ကာ ချန်ချင်းစံအိမ်၏ အထက်ကောင်းကင်ကို မဲမှောင်လာစေ၏။ ကမ္ဘာပျက်တော့မည့်နှယ် ရှိသည်။

ထယ်ရှန်းမြို့ရှိ ထန်းပေါင်စံအိမ်၏ အပေါ်ဆုံးအလွှာတွင် တစ်ဝက်တစ်ပြက် ကောင်းကင်လူသား နှစ်ယောက်တို့က ချန်ချင်းစံအိမ်၏ အထက်သို့ လေးနက်စွာ ကြည့်နေကြသည်။

ထိုလျှို့ဝှက်ဆန်းကြယ်သည့် တည်ရှိမှုသည် စစ်မှန်သည့် သိုင်းပညာတာအို ကောင်းကင်လူသားတစ်ဦး ဖြစ်ဟန်တူပြီး အနှိုင်းမဲ့သည့် စွမ်းအားကို ပိုင်ဆိုင်ထား၏။

အံ့သြစရာ ကောင်းလောက်အောင် သူသည် အခြားလူများကို ခွန်အားအဆင့်နှင့် ဖိနှိပ့်ခြင်း မပြုပေ။ ကိုယ့်ကိုယ်ကို ယုံကြည်ချက် မည်မျှ ပြင်းထန်လိုက်သနည်း။

လီရွှမ်က လက်ကိုမြှောက်ကာ ကြီးမားသည့် ဓားကြီးက ရွေ့လျားလာပြီး သုတ်သင်ခြင်းဆန္ဒက အရပ်မျက်နှာအားလုံးတို့ဆီသို့ ပျံ့လွင့်လာခဲ့သည်။

"သုတ်သင်ခြင်းဓားဆန္ဒ..."

"ဘုန်း.."

ဓားတစ်ချက်နှင့် မုန်တိုင်းကို ဖျက်ဆီးကာ အမှောင်ထုကို ထိုးခွဲသွား၏။ အထွတ်အထိပ်စစ်ဘုရင် များစွာတို့ လျှပ်တပြက်အတွင်း ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားကြသည်။

ထို့နောက် ချက်ချင်းပင် ပေ၁၀၀ ရှည်လျားသည့်  ရွှေရောင်နဂါးကြီးတစ်ကောင် ထွက်ပေါ်လာပြီး လေထဲတွင် ၎င်း၏ မျက်လုံးများက ပွင့်လာခဲ့၏။

အလွန်ကြီးစိုးစွာဖြင့် မာန်ဖီလိုက်ပြီးနောက် လူအုပ်အတွင်းသို့ တိုးဝင်သွားသည်။

"ဘုန်း.."

၎င်းဖြတ်သန်းသွားသည့် နေရာတိုင်းရှိ  အထွတ်အထိပ်စစ်ဘုရင်များသည် တစ်ယောက်ပြီးတစ်ယောက် ပေါက်ကွဲထွက်ကုန်ကြ၏။

မည်သို့ပင် တန်ပြန်တိုက်ခိုက်စေတာမူ သို့မဟုတ်  လျှို့ဝှက်သိုင်းပညာ အတတ်များကို အသုံးပြုစေကာမူ နဂါး၏ သတ်ဖြတ်ခြင်းကို ခံနိုင်ရည် မရှိကြပေ။

ဓားတစ်ချက် လက်ဝါးတစ်ချက်နှင့် သိုင်းသမားသုံးပုံတစ်ပုံတို့ သေဆုံးခဲ့ရ၏။

ထို့နောက် လေထဲတွင်လက်သီးကြီးတစ်ခု ပေါ်လာပြီး လေနှင့်မိုးကြိုးတို့  စုစည်းလာခဲ့သည်။ သိုင်းသမားလူအုပ်အတွင်းသို့ ကြမ်းကြုတ်စွာ ဝင်ရောက်သွား၏။

စစ်ဘုရင်များစွာတို့၏ မျှော်လင့်ချက်မဲ့နေသည့် အကြည့်များအောက်တွင် ကြောက်စရာကောင်းသည့် ထိုလက်သီးက ရပ်တန့်နိုင်ခြင်းမရှိစွာ၊ ယှဉ်ပြိုင်နိုင်ခြင်း မရှိစွာ သက်ဆင်းလာခဲ့သည်။

မုန်တိုင်းတစ်ခုကဲ့သို့ ဖြတ်သန်းသွားပြီး နောက်ထပ် သိုင်းသမားတစ်အုပ်ကို သတ်ဖြတ်သွားပြန်၏။

ကျန်ရှိသည့် စစ်ဘုရင်များမှာ မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ထိတ်လန့်နေကြပြီး ဖြစ်သည်။ သူတို့၏ မျက်လုံးများက ဖြူရော်နေပြီး ချွေးစေးများ ရွှဲလာခဲ့၏။ အကြောက်တရားဖြင့် ပြည့်နက်နေပါတော့သည်။

ဤသည်မှာ အလွန် စွမ်းအားကြီးမားလှ၏။ လူငယ်၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်၌ သူတို့သည် သစ်ပင်ကို လှုပ်ခါရန် ကြိုးစားသည့် ပိုးကောင်အလား သို့မဟုတ် မြင်းလှည်းကို ရပ်တန့်ရန် ကြိုးစားသည့် ဓားခုတ်ကောင်အလား စွမ်းအားမဲ့နေကြသည်။

ဓားတစ်ချက် လက်ဝါးတစ်ချက် လက်သီးတစ်ချက်...

ဤနည်းအားဖြင့် သိုင်းသမား တစ်ဝက်နီးပါးတို့ လျှပ်တပြက်အတွင်း သုတ်သင်ခံခဲ့ရ၏။ မည်သို့ တိုက်ခိုက်တော့မည်နည်း။

ချန်ချင်းစံအိမ်အတွင်းတွင် လူအုပ်က ထိုမြင်ကွင်းကို ခေါင်းမော့ကြည့်ကာ နှလုံးသားထဲ၌ တုန်ခါသွားကြသည်။ ထုံးရွှမ်အဆင့်နှင့် နီးကပ်နေပြီးဖြစ်သည့် ရွှီယန်နှင့် မုန့်ချုံတို့၏ မျက်လုံးများက စိတ်လှုပ်ရှားမှုနှင့်  ရူးသွပ်မှုတို့ဖြင့် ပြည့်နက်နေ၏။

ဤသည်မှာ ထုံးရွှမ်အဆင့်၏ စွမ်းအားလေလား။ မယုံကြည်နိုင်စရာ ကောင်းလောက်အောင် စွမ်းအားကြီးမားလှပါသည်။

အထွတ်အထိပ်စစ်ဘုရင်များပင် စွမ်းအားအရာ၌ ၎င်းနှင့်အဆင့်တူ မဟုတ်ပေ။ သို့ပေမယ့် ခွန်အားအဆင့်ကို တွက်စကြည့်ပါက တူညီသည့် အဆင့်တွင် ရှိနေ၏။

ဒီခြားနားချက်က ကြီးမားလှပါသည်။

စွန့်ပစ်ဒေသမှ သိုင်းသမားများသည် ယခုအချိန်၌ အလွန်စိတ်လှုပ်ရှားနေပြီး ရူးသွပ်လုမတတ် ဖြစ်နေ၏။

သူတို့၏ သဟွသိုင်းဘိုးဘေးအပေါ် ရိုသေလေးစားမှုမှာလည်း ကောင်းကင်သို့ ထိုးတက်သွားပြီး အရိုးနှင့် ဝိဉာဉ်တို့တိုင်အောင် နက်ရှိုင်းလာခဲ့သည်။

"သိုင်းဘိုးဘေးလို့ မပြောရဘူး... သဟွသိုင်းပညာက တကယ့်ကို အနှိုင်းမဲ့တယ်။ ထုံးရွှမ်အဆင့်က စစ်ဘုရင်အဆင့်နဲ့ တူညီတယ်လို့ တွက်ဆနိုင်ရင်တောင် လုံးဝနင်းချေလို့ရတယ်.."

စွန့်ပစ်ဒေသရှိ သိုင်းသမားများ အားလုံးတို့သည်  ပြင်းပြသည့် စိတ်ခံစားချက်ဖြင့် လောင်ကျွမ်းနေပြီး သူတို့၏ မျက်လုံးများက ရူးသွပ်မှုတို့ဖြင့် ပြည့်နက်နေ၏။

သိုင်းပညာကျင့်ကြံမှုအပေါ် ဆုံးဖြတ်ချက်မှာလည်း  ပိုမိုကာ ခိုင်မြဲလာခဲ့သည်။

သူတို့အားလုံးသည် ထုံးရွှမ်အဆင့်သို့ ချိုးဖျက်နိုင်ရန်အတွက် ဖြစ်နိုင်သမျှ ကြိုးစားကြမည် ဖြစ်၏။ ထုံးရွှမ်အဆင့်၏ ကျင့်စဉ်ကို မရရှိနိုင်သေးရင်တောင် ဖြစ်သည်။

လေထဲတွင် ဆေဘာတစ်ချောင်း ပုံပေါ်လာ၏။

ဒီအချိန်၌ လောကကြီးတွင် ထိုဆေဘာသာလျှင် ရှိတော့ဟန်တူပြီး ကြီးစိုးမှုအရှိန်အဝါနှင့် ပြည့်နက်လာခဲ့သည်။ 

မုန့်ချုံ၏ မျက်လုံးများက ပြူးကျယ်သွား၏။ သူ၏ အကြည့်များက စိတ်အားထက်သန်လာပြီး နှလုံးသားက ခုန်ပေါက်လာခဲ့သည်။

ဆရာဖြစ်သူသည် လောကအုပ်စိုးခြင်း ဆေဘာဓားချက်ကို ထုတ်လွှတ်တော့မည်လား။

"ဘုန်း.."

ခုတ်ပိုင်းချက်တစ်ခုနှင့် အတူ ဆေဘာအလင်းက  ကောင်းကင်ကို ဖြတ်သန်းသွား၏။

၎င်း၏ တောက်ပမှုအောက်တွင် နောက်ထပ် သိုင်းသခင်တစ်သုတ် ပြာများအဖြစ် ပြောင်းလဲသွားခဲ့သည်။

ကျန်ရှိသည့် စစ်ဘုရင်တို့မှာ တိုက်ခိုက်ရန် မည်သည့်စိတ်ဆန္ဒမှ မရှိကြတော့ပါ။ ဤသည်မှာ အသေခံခြင်းနှင့် ခြားနားခြင်း မရှိပေ။

စစ်ဘုရင်များစွာတို့သည် လောဘ၏ ကြီးစိုးခြင်းအား ခံခဲ့ရမှုအတွက် နောင်တရနေကြသည်။ ယွဲ့နိုင်ငံ၏ တော်ဝင်မိသားစု၏ သွေးဆောင်မှုကို ခံခဲ့ရသည့်အတွက် နောင်တရနေကြသည်။ ချန်ချင်းစံအိမ်ကို ထိန်းချုပ်ရန် ပူးပေါင်းမိခဲ့သည့်အတွက် နောင်တရနေကြသည်။

အားလုံးတို့သည် ထိတ်လန့်ကြောက်ရွံ့နေကြပြီး  ကံကောင်းစွာ အသက်ရှင်နိုင်လျှင်တောင် ဒီမြင်ကွင်းက တစ်ဘဝလုံး အိပ်မက်ဆိုးအဖြစ်  ကျန်ရစ်နေမှာဖြစ်သည်။ အကြောက်တရား၏ အရိပ်မဲကြီးအဖြစ် လိုက်လံနေမှာဖြစ်၏။

သို့ရာတွင် လီရွှမ်က တိုက်ခိုက်မှုပြုပြီးဖြစ်ရာ ဘယ်လိုလုပ်ပြီး ရန်သူများကို အလွတ်ခံမည်လဲ။ သူသည် တပည့်များကို အမြဲတမ်း ရန်သူများ၏ ပြာကိုလွင့်ကာ ဝိဉာဉ်ကို သုတ်သင်ရန် သင်ကြားပေးခဲ့သည်။ ထို့ကြောင့် သူကလည်း ဥပမာတစ်ခုအဖြစ် ပြသရပေမည်။ မည်သည့် ရန်သူကိုမှ ချန်ရစ်ထားလို့ မရပေ။

လီရွှမ်က လက်ကိုမြှောက်ကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စိတ်ဝိဉာဉ်စွမ်းအင်တို့ ချက်ချင်းပင် လှိုင်းထလာပြီး ဓား၊ ဆေဘာ၊ လက်သီးနှင့် ရွှေနဂါးကြီးအဖြစ် ပြောင်းလဲသွားခဲ့၏။

"ဘုန်း.."

ကြောက်စရာကောင်းသည့် သတ်ဖြတ်ခြင်းအားလှိုင်းက လျှပ်တပြက်အတွင်း ဖြတ်သန်းသွားပြီး  ထွက်ပြေးရန် ကြိုးစားနေသည့် စစ်ဘုရင်အားလုံးတို့ကို သုတ်သင်သွားသည်။

All Chapters