အတွင်းဘက်နယ်မြေအား လှုပ်ခါသွားစေခြင်း၊ သဟွသိုင်းပညာ
Vol. 21 Ch. 309
ထယ်ရှန်းမြို့ရှိ ထန်းပေါင်စံအိမ်၏ အပေါ်ဆုံးအလွှာတွင် တစ်ဝက်တစ်ပြက် ကောင်းကင်လူသား နှစ်ယောက်တို့သည် လက်ရှိအချိန်၌ ချွေးစေးများ စိုရွှဲနေကြ၏။
သူတို့၏ နှလုံးသားအောက်ခြေ၌ အကြောက်တရားဖြင့် တုန်ခါနေပါသည်။ စစ်ဘုရင် အယောက်၁၀၀ကျော်တို့ အကြားတွင် အထွတ်အထိပ် စစ်ဘုရင် ဆယ်နှင့်ချီကာ ပါဝင်၏။ အားလုံးတို့သည် မျက်စိတစ်မှိတ်အတွင်း သုတ်သင်ခြင်း ခံခဲ့ရလေသည်။
ထို့အပြင် သူတို့၏ ရန်သူမှာ ကောင်းကင်လူသားအဆင့် ခွန်အားကို အသုံးပြုခဲ့ခြင်းပင် မရှိပေ။ ဤသည်က ပိုမိုကာပင် ကြောက်ဖို့ကောင်းစေ၏။
သူတို့ကိုယ်သူတို့ ပြန်လည် မေးခွန်းထုတ်မိသည်။ သူတို့အနေနှင့် ကောင်းကင်လူသား၏ ဖိနှိပ့်ခြင်း စွမ်းအားကို ထုတ်လွှတ်လျှင် ဒီစစ်ဘုရင်များကို ဟန့်တားထားနိုင်တာ ဖြစ်ပေလိမ့်မည်။ သို့ပေမယ့် ဤသည်မှာ အချိန်တိုသာ ကြာမှာဖြစ်၏။
ဘာပဲဖြစ်ဖြစ် အထွတ်အထိပ်စစ်ဘုရင် ဆယ်နှင့်ချီကာ ပေါင်းစပ်ထားသည့် အရှိန်အဝါအား တစ်ဝက်တစ်ပြက် ကောင်းကင်လူသားများ၏ အရှိန်အဝါနှင့် စစ်မှန်စွာ ဖိနှိပ့်နိုင်ရန် မဖြစ်နိုင်ပေ။
အမှန်တကယ် တိုက်ပွဲသာ ဖြစ်ပွားပါက သူတို့အနေနှင့် ဆုတ်ခွာရမှာ ဖြစ်၏။ ရန်သူများ၏ ခွန်အားကို တောင့်ခံနိုင်ရန် နည်းလမ်းမရှိပေ။
သို့ပေမယ့် ဒီလျှို့ဝှက်ဆန်းကြယ်သည့် ပုဂ္ဂိုလ်ကတော့ ကောင်းကင်လူသား၏ ကြီးမြတ်မှုကို ထုတ်လွှတ်ခြင်းပင် မရှိဘဲ စစ်ဘုရင်အားလုံးတို့ကို သုတ်သင်ခဲ့၏။ သူ၏ စစ်မှန်သည့် ကြောက်စရာကောင်းမှုကို ပြသနေပါသည်။
ဤသည်မှာ ရွှီယန်နှင့်မုန့်ချုံတို့၏ ဆရာဖြစ်၏။
သို့ပေမယ့် သူသည် မည်သူ ဖြစ်သနည်း။ စစ်မှန်သည့် ကောင်းကင်လူသား တစ်ယောက်လေလား။
သို့ပေမယ့် အတွင်းဘက်နယ်မြေတွင် ဘယ်လိုလုပ်ပြီး ဒဏ္ဍာရီဆန်သည့် ကောင်းကင်လူသားတစ်ယောက် ရှိနေရသနည်း။
နှစ်ယောက်သားသည် ချန်ချင်းစံအိမ်၏ မြင့်တက်မှုမှာ တားဆီးနိုင်ခြင်း မရှိသည်အား သေချာလာခဲ့သည်။ ဒီတိုက်ပွဲအပြီးတွင် မည်သည့် အင်အားစုက ချန်ချင်းစံအိမ်ကို မကောင်းကြံရဲမည်လဲ။ တစ်ယောက်ယောက်သာ ဒန်ဆေးလုံးများကို လိုအပ်ပါက ဝယ်ယူရန် လိုအပ်ပါသည်။
ပြီးလျှင် သူတို့ပဲလည်း ချန်ချင်းစံအိမ်နှင့် ပူးပေါင်းရန် စဉ်းစားရပေလိမ့်မည်။ ထန်းပေါင်စံအိမ်၏ အားသာချက်မှာ အတွင်းဘက်နယ်မြေ တလျှောက်လုံး၌ ဆိုင်ခွဲများ ရှိနေခြင်းဖြစ်၏။ ဆေးလုံးများကို အတွင်းဘက်နယ်မြေ၏ ထောင့်နေရာတိုင်း၌ လျှင်မြန်စွာ ရောင်းချနိုင်ပါသည်။
ချန်ချင်းစံအိမ်၏ ကောင်းကင်ထက်တွင် ရန်သူများ သုတ်သင်ခံရပြီးနောက် လေထုက ပြန်လည် တည်ငြိမ်လာခဲ့၏။ သို့ရာတွင် ပြီးခဲ့တုန်းက မြင်ကွင်းမှာ ချန်ချင်းစံအိမ်အတွင်းရှိ လူတိုင်းကို နက်ရှိုင်းစွာ အံ့သြနေစေဆဲ ရှိသည်။
လီရွှမ်မှာတော့ ပုံမှန်အတိုင်း အေးအေးလူလူသာ ရှိနေ၏။ ကုလားထိုင်ဆီသို့ ပြန်ကာ ထိုင်သည်။ စစ်ဘုရင် အယောက်၁၀၀ကျော်ကို သတ်ဖြတ်ရသည်မှာ သူ့အတွက် မည်သည့် ကြီးမားသည့် ကိစ္စမှ မဟုတ်သည့်ပုံ ရှိသည်။ ပုရွဲဆိတ်အကောင်၁၀၀ကို ရှင်းထုတ်လိုက်ရသည်နှင့်သာ တူညီ၏။
"ဆရာ... ဆရာက အရမ်းကို စွမ်းအားကြီးတာပဲ.."
စုလင်းရှုံ၏ မျက်နှာက စိတ်လှုပ်ရှားမှုဖြင့် နီရဲနေပါသည်။ သူမ၏ မျက်လုံးများထဲ၌ ဆရာ့အပေါ် လေးစားမှုတို့ ပြည့်နက်နေ၏။ ဤသည်မှာ အလွန်စွမ်းအားကြီးမားလှပါသည်။
စိတ်အားထက်သန်စွာဖြင့် လက်ဖက်ရည်အား ငှဲ့ပေး၏။
"ဆရာ... အဲ့ဒါက ထုံးရွှမ်အဆင့်ရဲ့ စွမ်းအားလား။ တစ်ယောက်တည်းနဲ့ အဆင့်တူ ၁၀၀ကျော်ကို ရှင်းလင်းနိုင်တယ်။ တကယ့်ကို ထည်ဝါတာပဲ.."
လီရွှမ်က ထူးမခြားနားစွာဖြင့် လက်ကိုဝှေ့ရမ်းသည်။
"ဒါက ကိစ္စလေးပါ... ငါ့ထုံးရွှမ်စွမ်းအားရဲ့ ဆယ်ပုံတစ်ပုံကိုတောင် အသုံးမပြုရသေးဘူး.."
"အယောက်၁၀၀၀လောက် သို့မဟုတ် ၁၀၀၀၀လောက်ဆိုရင်တောင် ငါက ပြိုင်ဘက်ကင်းနေဦးမှာ.."
တပည့်ဖြစ်သူတို့၏ အံ့သြနေသည့် မျက်နှာများကို တွေ့ရပြီးနောက် လီရွှမ်၏ နှလုံးသားက ကျေနပ်သွား၏။ သူသည် တပည့်များ၏ရှေ့တွင် ပိုမို ပြောဆိုရခြင်းအတွက် အရှက်ရစွာ ခံစားရခြင်း လုံးဝမရှိပါ။
တစ်ဖက်ရှိ ရွှီယန်မှာ နက်ရှိုင်းစွာ အတွေးနက်သွား၏။
'ဆရာက အဆင့်တူတွေလို့ ပြောတဲ့နေရာမှာ ဒီစစ်ဘုရင်တွေအကြောင်းကို ပြောတာ မဟုတ်လောက်ဘူး။ အဆင့်တူတဲ့ ထုံးရွှမ်အဆင့်တွေ အကြောင်းကို ပြောတာဖြစ်လိမ့်မယ်။ အဆင့်တူ ထောင်ချီသောင်းချီတာ တောင်မှ သူက ပြိုင်ဘက်ကင်းနေတုန်းပဲ..'
'ဘယ်လောက် ကြောက်စရာကောင်းတဲ့ ခွန်အားလဲ။ ငါလည်း အဆင့်တူတွေအကြားမှာ ပြိုင်ဘက်ကင်းတယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိပေမယ့် ဆရာလောက်တော့ သန်မာဖို့ အဝေးကြီးလိုသေးတယ်..'
ဆရာ၏ ကြောက်စရာကောင်းသည့် ခွန်အားအဆင့်အား ခန့်မှန်းကြည့်ရန် သူ့အတွက် ခက်ခဲလှသည်။ တစ်ယောက်တည်းနှင့် အဆင့်တူတွေ လူပေါင်းထောင်ချီကို အနိုင်ယူနိုင်၏။ မည်မျှ ကြီးမြတ်လိုက်သနည်း။
'ဆရာကို ငါ့ရဲ့ပန်းတိုင်အဖြစ် သတ်မှတ်ရမယ်... ခွန်အားကို မြှင့်တင်ရမယ်... ငါ့အနေနဲ့ လူထောင်ချီသောင်းချီကို အနိုင်မယူနိုင်ရင်တောင် အနည်းဆုံးတော့ ရာချီလောက်ကို အောင်နိုင်ရမယ်..'
ရွှီယန်၏ အကြည့်က ခိုင်မာ၏။ သူ၏ နှလုံးသားက စိတ်ဆန္ဒတို့ဖြင့် ပြည့်နှက်နေပါသည်။
မုန့်ချုံမှာလည်း တူညီစွာ အံ့သြသွား၏။ သူ့ကိုယ်သူ ပြန်လည်သုံးသပ်မိသည်။
'ငါ့ရဲ့ ကြီးမြတ်သောနေ ရွှေခန္ဓာက စွမ်းအားကြီးတယ်။ အဲ့ဒါကိုသာ ချိုးဖျက်အောင် လုပ်နိုင်ရင် ငါက ပြိုင်ဘက်ကင်းတယ်။ ဒါပေမယ့် အဆင့်တူတွေ ၁၀နဲ့ချီကို ရင်ဆိုင်ရရင် ခံနိုင်မှာ မဟုတ်လောက်ဘူး..'
'အဲ့ဒီ့အပြင်... ငါ့ရဲ့ပန်းတိုင်က ကြီးမြတ်သောနေ ရွှေခန္ဓာကို ကျင့်ကြံထားတဲ့ ခွန်အားအဆင့် တူညီတဲ့ ရန်သူအယောက်၁၀ဝကို အနိုင်ယူဖို့ပဲ။ ငါက ခန္ဓာကိုယ်ကျင့်ကြံမှု သိုင်းပညာစနစ်မှာ အသန်မာဆုံး ဖြစ်ရမယ်..'
အဆင့်တူများ အားလုံးအကြားတွင် ပြိုင်ဘက်ကင်းရာမှာတော့ မုန့်ချုံအနေနှင့် ထိုကိစ္စကို ထားလိုက်ပါသည်။ ဒီနေရာတွင် သူ၏အစ်ကိုကြီးရှိရာ သူ့အနေနှင့် ပြိုင်ဖက်ကင်းရန် မဖြစ်နိုင်ပေ။ ဤသည်မှာ အစ်ကိုကြီးအတွက် အထူးသီးသန့် ဖြစ်၏။
သူ၏ပန်းတိုင်က ရှင်းလင်းသည်။ အဆင့်တူသည့် ရန်သူ၁၀၀ကို ရှုံးနိမ့်ခြင်းမရှိဘဲ တိုက်ခိုက်နိုင်ပါက အောင်မြင်မှုရမည် ဖြစ်၏။
တပည့်များ၏ တိုက်ခိုက်လိုစိတ်တို့ ပြည့်နှက်နေသည့် မျက်လုံးများကို ကြည့်ကာ လီရွှမ်က အလွန်ကျေနပ်သွားသည်။ ဤသည်က ကောင်း၏။ သူတို့ကို ပိုမိုကြိုးစားကျင့်ကြံစေကာ ခွန်အားအဆင့်ကို လျှင်မြန်စွာ တိုးတက်လာစေမှာ ဖြစ်သည်။
တပည့်များ၏ ခွန်အားတိုးတက်လာသည်နှင့်အမျှ သူ၏ ခွန်အားလည်း လိုက်ပါတိုးတက်မှာ ဖြစ်၏။ ခွန်အားတိုးတက်ခြင်းထက် ပိုမိုပျော်စရာကောင်းသည့်အရာ မရှိပေ။
ချန်ချင်းစံအိမ်ရှိ မုန်တိုင်းမှာ ကျော်လွန်သွားပြီး ဖြစ်၏။ ရွှီယန်က ကိုယ့်ကိုယ်ကို ပြည့်စုံအောင် ဆက်လက် ဖြည့်တင်းသည်။ ထုံးရွှမ်အဆင့်ကို ချိုးဖျက်ရန် ပြင်ဆင်၏။
မုန့်ချုံမှာ မူလအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိရန် ပြင်ဆင်နေပါသည်။ စုလင်းရှုံမှာတော့ သုတေသနပြုလုပ်ရန်အတွက် ပစ္စည်းများကို ပုံကြမ်းဆွဲပြီး ဖြစ်၏။ ကျိုးယင်ကို ပေးကာ လူရှာပြီး ထုလုပ်ခိုင်းလိုက်သည်။
ရွှီကျွင်းဟယ်နှင့် ခုံရော့ကျစ်တို့မှာ စိန်ခေါ်မှုတို့ကို ရင်ဆိုင်ရန် ဆာလောင်နေ၏။ ချန်ချင်းစံအိမ်ကို ချဲ့ထွင်ရန်အတွက် ရှေ့ဆက်ခြေလှမ်းတို့အား တွေးဆနေပါသည်။
အတွင်းဘက်နယ်မြေရှိ အင်အားစုအားလုံးနှင့် စွမ်းအားကြီးသူများ၏ မျက်လုံးများက ထယ်ရှန်းမြို့ပေါ်တွင် အာရုံစူးစိုက်နေကြ၏။
ချန်ချင်းစံအိမ်၏ တိုက်ပွဲမှာ မုန်တိုင်းတစ်ခုကဲ့သို့ အတွင်းဘက်နယ်မြေတစ်ခုလုံးအား ဖြတ်သန်းသွားသည်။ သိုင်းလောကကို လှုပ်ခါသွားစေ၏။
စစ်ဘုရင်အယောက် ၁၀၀ကျော်...
ထိုအထဲတွင် အထွတ်အထိပ်စစ်ဘုရင် ဆယ်ချီကာ ပါဝင်ပြီး ဤသည်မှာ ပထမဆုံးအကြိမ် ယခုမျှများပြားသည့် စစ်ဘုရင်များ စုစည်းမှုကို မြင်တွေ့ဘူးခြင်းဖြစ်သည်။ နောက်ဆုံးတွင် စစ်ဘုရင်အားလုံးတို့ သုတ်သင်ခံခဲ့ရ၏။
ရွှီယန်နှင့် မုန့်ချုံတို့မှာ ချန်ချင်းစံအိမ်မှ လာခြင်းဖြစ်သည့် သတင်းက အတွင်းဘက်နယ်မြေတလျှောက်လုံးသို့ ပျံ့နှံ့သွား၏။
ချန်ချင်းစံအိမ်အတွင်းတွင် လျှို့ဝှက်ဆန်းကြယ်သည့် အစွမ်းအားကြီးသူတစ်ဦး ရှိနေပြီး စစ်ဘုရင်၁၀၀ကျော်ကို တစ်ယောက်တည်း သတ်ဖြတ်ခဲ့သည်။
ဤသည်က အတွင်းဘက်နယ်မြေတစ်ခုလုံးကို ခြောက်ခြားသွားစေ၏။ ချန်ချင်းစံအိမ်၏ တိုက်ပွဲတွင် ပါဝင်သည့် အဖွဲ့အစည်းတိုင်း ကြောက်ရွံ့တုန်လှုပ်နေကြသည်။
တစ်နေ့တွင် သူတို့၏ တံခါးဝကို တစ်ယောက်ယောက် လာခေါက်မြည်အား ထိတ်လန့်နေ၏။
စွမ်းအားကြီး ပုဂ္ဂိုလ်အားလုံးတို့ အသတ်ခံခဲ့ရရာ တိုက်ပွဲ၏ အသေးစိတ် အချက်အလက်များက ပျံ့နှံ့သွားခြင်း မရှိပေ။ ထန်းပေါင်စံအိမ်မှ တစ်ဝက်တစ်ပြက် ကောင်းကင်လူသား နှစ်ယောက်တို့ကလည်း ထိုအကြောင်းကို ထုတ်ဖော်ပြောကြားခြင်း မရှိပါ။
ဤနည်းအားဖြင့် အပြင်ဘက်လောကတွင် စစ်ဘုရင်အယောက်၁၀၀ကျော် သတ်ဖြတ်ခံခဲ့ရသည်ဟုသာ သိကြ၏။
သို့ပေမယ့် ထိုလူများကို သတ်ဖြတ်ရန် အားစိုက်ထုတ်စရာမလိုဘဲ တိုက်ကွက်အနည်းငယ်ကိုသာ ထုတ်လွှတ်ခဲ့ပုံကို မသိကြပေ။ သူတို့သာ သိပါက ပိုမိုကာပင် တုန်လှုပ်ကုန်ကြမှာပါ။
ယွဲ့နိုင်ငံ၏ မြို့တော်တွင် ဒီနေ့၌ အမှုထမ်းတစ်စုတို့ဟာ တုန်လှုပ်စွာ ရှိနေကြ၏။ ဒီစစ်ဆင်ရေးတွင် ပါဝင်ခဲ့သည့် စွမ်းအားကြီးမားသည့် မိသားစုများမှ လူများလည်း ထိတ်လန်ကြောက်ရွံ့နေကြသည်။
မျက်လုံးများအားလုံးက ယွဲ့ဧကရာဇ်ကို ကြည့်နေကြ၏။ ယွဲ့နိုင်ငံ၏ ထန်းယွီတပ်မှူး၊ ထန်းရီတပ်မှူး အပါအဝင် ဒီတစ်ကြိမ်တွင် ပါဝင်ခဲ့သည့် စစ်ဘုရင်အားလုံးတို့ သေဆုံးခဲ့ကြ၏။