သိုင်းနတ်ဘုရားအရိပ် ၁၀၀၊ သိုင်းကိုယ်ပွား
Vol. 21 Ch. 311
ထယ်ရှန်းမြို့ရှိ ချန်ချင်းစံအိမ်၏ အတွင်းတွင် မုန်တိုင်းအပြီး၌ အရာအားလုံး လျှင်မြန်စွာ ပြန်လည် တည်ငြိမ်လာခဲ့၏။ ကြောင်နီမှာ ပိုမိုကြီးမားလာပြီး ခြံဝန်းထဲတွင် လဲလျောင်းနေပါသည်။
ရွှီယန်နှင့် မုန့်ချုံတို့က ကြိုးကြိုးစားစားဖြင့် ကျင့်ကြံနေကြ၏။ ပြီးခဲ့သည့် အတွေ့အကြုံများထဲမှ အသိအမြင်များကို ရှာဖွေသည်။
စုလင်းရှုံက ဒန်ဆေးသိုင်းပညာ လေ့လာမှုတွင် နစ်မြှုပ်ထားပြီး အထွတ်အထိပ်စစ်ဘုရင်၏ ခန္ဓာကိုယ်ကို ခွဲခြမ်းစိတ်ဖြာကာ သိုင်းသမားများ၏ ဆန်းကြယ်မှုများကို ရှာဖွေလေ့လာသည်။
ကျိုးယင်မှာ မူလအဆင့်သို့ ချိုးဖျက်ရန် ပြင်ဆင်နေ၏။ ရှီအာက အရူးအမူး ကျင့်ကြံသည်။ သို့ပေမယ့် ကျိုးယင်၏ ကျော်တက်သွားခြင်းကို ခံခဲ့ရ၏။ အနည်းငယ် နေရခက်စွာ ခံစားနေရသည်။
ရက်အနည်းငယ် စိတ်လှုပ်ရှားမှုအပြီးတွင် မုန့်ရှူရှူက စိတ်ဝိဉာဉ်ဆေးပင်များကို ရှာဖွေမည်ဟူ၍ တက်ကြွစွာ ထွက်ခွာသွားခဲ့၏။ သူ၏ မျက်လုံးများက ခိုင်မာမှုတို့ဖြင့် ပြည့်နက်နေပြီး မထွက်ခွာခင်တွင် စုလင်းရှုံကို မည်သည့်ဆေးပင်များကို အထူးလိုအပ်သနည်းဟု မေးမြန်းခဲ့သည်။ သူမအတွက် ရှာဖွေခဲ့မည်ဟု ဆိုသည်။
စုလင်းရှုံက သူကို စိတ်ဝိဉာဉ်ဆေးပင် အချို့၏ အမည်များအား ပေးကာ တတ်နိုင်သမျှ စုဆောင်းရန် ပြောသည်။
ခုံရော့ကျစ်မှာ သဟွသိုင်းပညာ၏ သင်ကြားမှုအား ဖြန့်ကျက်ရေးနှင့် အလုပ်ရှုပ်နေ၏။ သူသည် သဟွမှ လူများကို အတွင်းဘက်နယ်မြေသို့ ပိုမိုဆင့်ခေါ်ပြီး ဧကရာဇ်ဝူ ဧကရာဇ်ချီတို့နှင့် ဆွေးနွေးမှုပြုကာ ပုန်ကန်ထကြွမည့် အစီအစဉ်ကို ရေးဆွဲသည်။ လက်ရှိဧကရာဇ်အား နန်းချပြီး သဟွနှင့် အစားထိုးရန် ကြံစည်နေ၏။
ဧကရာဇ်ဝူနှင့် ဧကရာဇ်ချီတို့မှာ ဧကရာဇ်များ ဖြစ်လင့်ကစား တစ်နေ့တွင် ပုန်ကန်မှုအတွက် မဟာဗျူဟာများကို တစ်ယောက်ယောက်နှင့် ဆွေးနွေးပေးရမည်ဟု ဘယ်တုန်းကမှ ထင်မထားခဲ့ပေ။
သူတို့သာ လက်ရှိနိုင်ငံကို အစားထိုးကာ သဟွအား တည်ဆောက်နိုင်ပါက အတွင်းဘက်နယ်မြေတွင် စစ်မှန်သည့် နေရာတစ်ခုကို ရရှိလာမှာ ဖြစ်သည်။
သဟွ၏ ဧကရာဇ်နှစ်ပါးဖြစ်သည့် သူတို့လည်း မျိုးဆက်ပေါင်းများစွာ သမိုင်း မှတ်တမ်းဝင်မည့် အောင်မြင်မှုတစ်ခုကို ရရှိနိုင်မှာ ဖြစ်သည်။
အနာဂတ်ရှိ မျိုးဆက်များက သူတို့၏ စွမ်းဆောင်မှုများကို ပြောကြားကြချိန်၌ သဟွဧကရာဇ်နှစ်ပါး၏ မကောင်းဆိုးဝါး နိုင်ငံကို မည်ကဲ့သို့ ကျွမ်းကျင် ပြောင်မြောက်စွာ ဖြိုလဲခဲ့ပုံအား ဂုဏ်ယူစွာ ဖော်ပြကြမှာဖြစ်သည်။
ဤသည်က အတွင်းဘက်နယ်မြေတွင် သဟွ၏ ခေတ်သစ်တစ်ခုကို ပွင့်လန်းလာစေမှာ ဖြစ်၏။ သူတို့သည် စဉ်းစားလေလေ ပိုမိုစိတ်လှုပ်ရှားလေ ဖြစ်လာခဲ့သည်။
ဗျူဟာများ တစ်ခုပြီးတစ်ခုကို အကြံပေးကာ အားလုံးတို့မှာ ဉာဏ်နီဉာဏ်နက်များကာ စဉ်းလဲ၏။ ဧကရာဇ်နှစ်ပါးတို့၏ ရွှေ့ကွက်များကို နားထောင်ပြီးနောက် ခုံရော့ကျစ်မှာ မှင်သက်သွားသည်။
သူသည် ကိုယ့်ကိုယ်ကို စဉ်းစားမိ၏။ ဒီဧကရာဇ်ချီနှင့် ဧကရာဇ်ဝူတို့မှာ သေချာပေါက် အရူးများ မဟုတ်ကြပေ။ ပုန်ကန်ခြင်း အနုပညာအား ကောင်းမွန်စွာ နားလည်ထားပြီး သူ့ထက်ပင် ပိုမိုသာလွန်၏။
ဧကရာဇ်ချီက ခုံရော့ကျစ်ကို ကြည့်ကာ ပြောသည်။ "ဧကရာဇ်တစ်ပါး အနေနဲ့ ပုန်ကန်ခြင်းပညာကို နားလည်မထားရင် ဘယ်လိုလုပ်ပြီး ပုန်ကန်ထကြွသူတွေကို ဖိနှိပ့်ပြီး ဖျက်ဆီးပစ်မှာလဲ.."
သူသည် ဦးနှောက်မရှိသည့် အုပ်ချုပ်သူ မဟုတ်ပေ။ နည်းပရိယာယ်အချို့အား ပိုင်ဆိုင်ထားခြင်း မရှိပါက ဘယ်လိုလုပ်ပြီး သူ၏ ပုလ္လင်ကို ထိန်းသိမ်းနိုင်မည်နည်း။
ဧကရာဇ်ဝူမှာလည်း ရည်မှန်းချက်ကြီးမားသည့် လူတစ်ယောက် ဖြစ်သည်။ နန်းတက်ပြီးသည်နှင့် အင်ပါရီယာစွမ်းအားကို တည်ငြိမ်အောင် ပြုလုပ်ကာ ဝူနိုင်ငံ၏ နယ်မြေများကို ကိုယ်တိုင် ကွင်းဆင်းလေ့လာသည်။
မုန့်ချုံ၏ တစ်ဝက်တစ်ပြက်တွင် ပေါ်လာမှုကြောင့်သာ မဟုတ်ပါက နန်းတော်အတွင်း၌ အကျယ်ချုပ်ကျမည် မဟုတ်ပေ။
ရွှီကျွင်းဟယ်က ဒန်ဆေးလုံးများ၏ ရောင်းချမှု အပိုင်းကို ကိုင်တွယ်၏။ ဆေးလုံးများအား အတွင်းဘက်နယ်မြေ တလျှောက်တွင် မည်ကဲ့သို့ လျှင်မြန်စွာ ရောင်းချနိုင်မည်ကို ထန်းပေါင်စံအိမ်နှင့် ဆွေးနွေးသည်။
ချန်ချင်းစံအိမ်၏ လွှမ်းမိုးမှု ကြီးမားလာသည်နှင့်အမျှ သဟွ၏ သဘောတရားတို့ ရေပန်းစားလာသည်နှင့် အမျှ ထန်းပေါင်စံအိမ်နှင့် ပူးပေါင်းမှုမှာ မည်မျှ အရေးပါပုံကို တွေ့မြင်လာရသည်။ ဤသည် အားလုံးတို့ကို ထန်းပေါင်စံအိမ်က ဖြန့်ကျက်ခဲ့ခြင်း ဖြစ်၏။
လီရွှမ်က ရှယ်ယာမျှဝေခြင်းဖြင့် ပူးပေါင်းမှုကို အကြံပေးသည်။ ရွှီကျွင်းဟယ်က ထန်းပေါင်စံအိမ်နှင့် စတင်ဆွေးနွေး၏။ သို့ပေမယ့် ထန်းပေါင်စံအိမ်က သဘောမတူကြောင်းကို ပြသသည်။
ချန်ချင်းစံအိမ်ဘက်ကလည်း ထိုသို့ဆိုပါက ပူးပေါင်းရေးအတွက် အခြားအဖွဲ့စည်းများကို ရှာရလိမ့်မည်ဟု ဆို၏။ ဒန်ဆေးလုံး ဖြန့်ဖြူးရောင်းချပိုင်ခွင့် မဟာမိတ်အဖွဲ့ကို တည်ထောင်မည်ဟု ပြောသည်။
နောက်ဆုံးတွင် ထန်းပေါင်စံအိမ်က နောက်ဆုတ်ပေးခဲ့၏။ ချန်ချင်းစံအိမ်က အစုရှယ်ယာဝင် ဖြစ်လာပြီး အပြန်အလှန်အားဖြင့် ဒန်ဆေးလုံး ဖြန့်ဖြူးရောင်းချခွင့်ကိုလည်း ထန်းပေါင်စံအိမ် တစ်ခုထဲကသာ ရရှိမည်ဖြစ်သည်။
အကျိုးအမြတ်များကို ၇၀/၃၀ခွဲရန် သဘောတူညီခဲ့ကြ၏။ ထန်းပေါင်စံအိမ်သည် ဒန်ဆေးလုံး ရောင်းချပေးခြင်းမှလွှဲ၍ မည်သည့်အရာကိုမှ ပါဝင်စွက်ဖက်နိုင်ခြင်း မရှိပေ။ သို့ပေမယ့် ဒန်ဆေးသန့်စေရန် လိုအပ်သည့် ဆေးပင်များကို ချွင်းချက်မရှိ ထောက်ပံ့ပေးရမည် ဖြစ်၏။
ထိုဆွေးနွေးမှုအပြီးတွင် ချန်ချင်းစံအိမ်သည် ထန်းပေါင်စံအိမ်အတွင်းသို့ တရားဝင် ဝင်ရောက်ခဲ့၏။ ဤသည်မှာ လက်အောက်ခံအဖွဲ့အစည်း တစ်ခုအဖြစ် မဟုတ်ပါ။
မိတ်ဖက်အနေနှင့် ပူးပေါင်းခြင်းဖြစ်ပြီး ချန်းချင်းစံအိမ်က ထန်းပေါင်စံအိမ်၏ ကျယ်ပြန့်သည့် ဖြန့်ချီရေးကွန်ယက်ကို အသုံးပြုခွင့် ရမှာ ဖြစ်သည်။
ထန်းပေါင်စံအိမ်ကတော့ သဘောတူထားသည့် ခွဲတမ်းကိုသာ ရမှာဖြစ်၏။ ဤနည်းအားဖြင့် ချန်းချင်းစံအိမ် ပိုမို ကျယ်ပြန့်လာသည်နှင့်အမျှ တစ်နေ့တွင် ထန်းပေါင်စံအိမ်အပေါ်၌ အပြည့်အဝ ထိန်းချုပ်လာနိုင်မှာ ဖြစ်သည်။ နောက်ကွယ်မှနေ၍ ကြိုးကိုင်မည်ဖြစ်၏။
ထန်းပေါင်စံအိမ်နှင့် သဘောတူညီချက် ရရှိပြီးနောက် ချန်းချင်းစံအိမ်သည် လျှင်မြန်စွာ ချဲ့ထွင်ပြီး ဖွံ့ဖြိုးသည့် အချိန်အခါသို့ ဝင်ရောက်သွားခဲ့သည်။
တစ်ချိန်တည်းတွင် ဒန်ဆေးသန့်စင်ခြင်း ခန်းမများလည်း စတင်ကျယ်ပြန့်လာကာ ဆေးထုတ်လုပ်ခြင်း အခန်းခွဲများ ပေါ်လာခဲ့၏။
ဒန်ဆေးသန့်စင်ခြင်းအတွက် တပည့်များအားလုံးမှာ သဟွမှ လာခြင်းဖြစ်ပြီး သေသေချာချာ ရွေးချယ်ထားသည့် ပါရမီရှင်များ ဖြစ်ကြသည်။ ချီနှင့်သွေးဆေးလုံးအပြင် ဒဏ်ရာကုသခြင်း ဆေးလုံးများပါ စတင်ရောင်းချလာ၏။
ချီနှင့်သွေးဆေးလုံးက ပထမအဆင့်၏ အောက်ရှိ သိုင်းသမားများအတွက် ကြီးမားသည့် အကူအညီကို ရစေသည်။ ခဏတာအတွင်း ရောင်းလိုအား ပြတ်လပ်မှုတို့ကို ကြုံရစေ၏။
သဟွသိုင်းပညာလည်း မြန်နှုန်းမြင့် တိုးတက်မှု အချိန်အခါအတွင်းသို့ ဝင်ရောက်သွားသည်။ ချီနှင့်သွေးအဆင့်သို့ အောင်မြင်စွာ ချိုးဖျက်ခဲ့သည့် သိုင်းသမား၁၀၀ကျော်ခြင်း မရှိသေးပေမယ့် အရေပြားသန့်စင်ခြင်း၊ အရိုးသန့်စင်ခြင်းနှင့် ကိုယ်ရေးအင်္ဂါသန့်စင်ခြင်း အဆင့်များတွင်တော့ အများအပြား ရှိနေပါသည်။ စစ်မှန်သည့် သဟွသိုင်းသမားများ များပြားစွာ ပေါ်ထွန်းလာရန် ရှည်ကြာမည် မဟုတ်တော့ပါ။
သို့ရာတွင် အချိန်တိုအတွင်းတွင် မူလအဆင့် သိုင်းသမားအရေအတွက် ပေါ်ထွက်လာမှုကို တွေ့မြင်ဦးမည် မဟုတ်ပါ။
သိုင်းသမားတိုင်းက ဆေးလုံးများကို အသုံးပြုကာ ပုံမှန်ကျင့်ကြံနိုင်မည် မဟုတ်ပေ။ အများစုတို့သည် အတားအဆီးကို ကြုံတွေ့ခြင်း သို့မဟုတ် အဆင့်သစ်သို့ ချိုးဖျက်မှသာလျှင် ဆေးလုံးများကို အသုံးပြုနိုင်ကြ၏။
ထယ်ရှန်းမြို့တွင် လူငယ်များသည် သဟွသိုင်းပညာကို စတင် ကျင့်ကြံကြသည်။ ချန်ချင်းစံအိမ်က ပါရမီကောင်းမွန်သူများကို စတင်ခေါ်ယူကာ လေ့ကျင့်ပျိုးထောင်ပေး၏။
တစ်ချိန်တည်းတွင် အတွေးဘက်နယ်မြေရှိ သိုင်းသမားများကိုလည်း ခေါ်ယူကာ လိုအပ်သည့် နေရာအသီးသီးတွင် အသုံးချသည်။
သဟွ၏ သဘောတရားကိုလည်း ထယ်ရှန်းမြို့ရှိ လူများ၏ ဦးနှောက်အတွင်းသို့ ဆက်တိုက် ရိုက်ထည့်နေ၏။
ရလဒ်အနေနှင့် လူတိုင်းအားလုံးနီးပါးတို့ သဟွသိုင်းသမား ဖြစ်လာရန် အိမ်မက်ကြပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စစ်မှန်သည့် မျိုးဆက်ဟု ယုံကြည်လာကြသည်။
သူတို့သည် ယွဲ့နိုင်ငံအပေါ်တွင်ပင် အထင်သေးလာခဲ့ကြ၏။ ထိုသိုင်းသမားများ၏ စိတ်ထဲတွင် သဟွ၏ သိုင်းဘိုးဘေးမှာ သိုင်းနတ်ဘုရားတစ်ပါး ဖြစ်လာခဲ့၏။
လူတိုင်းသည် သူကဲ့သို့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာလိုကြသည်။
ထိုရေစီးကြောင်းအတိုင်း ခုံရော့ကျစ်၏ စီမံမှုအောက်တွင် ထယ်ရှန်းမြို့မှ တစ်ဆင့် လန်းဖင်၏ ဒေသအသီးသီးတို့ဆီသို့ ဆက်လက် ပျံ့နှံ့သွား၏။
တဖြည်းဖြည်းနှင့် လူတိုင်း၏ နှလုံးသားထဲ၌ သဟွ၏ သဘောတရားတို့ နစ်ဝင်လာခဲ့သည်။ ထို့အပြင် သဟွသိုင်းဘိုးဘေးကို ကိုးကွယ်မှုပြုပါက သိုင်းပညာကျင့်ကြံရာတွင် ပိုမိုလွယ်ကူသည်ဟူသည့် ကောလဟာလများလည်း ထွက်လာခဲ့၏။
သဟွသိုင်းဘိုးဘေး၏ ကောင်းချီးပေးမှုကို ရရှိကာ သိုင်းပညာကံတရားအား မြှင့်တင်နိုင်မည်ဟုပင် ဆိုလေသည်။
ထိုကဲ့သို့သော ကောလဟာလမျိုးကို အချို့အဖြစ်အပျက်များက ပေါ်ထွန်းစေခဲ့၏။ လူတစ်ယောက်က သဟွသိုင်းပညာကို စတင်ကျင့်ကြံပြီး တိုးတက်မှုက အလွန်နှေးကွေးသည် သို့မဟုတ် သိုင်းပညာအတတ်ကို နားလည်နိုင်ခြင်းမရှိဘဲ ဖြစ်နေသည်။
ထို့နောက် တစ်နေ့တွင် သဟွသိုင်းဘိုးဘေးကို စတင်ကိုးကွယ်ပြီးနောက် ဉာဏ်အလင်းပွင့်မှုတို့ ရရှိကာ သိုင်းပညာတိုးတက်မှုလည်း နေ့စဉ်နေ့တိုင်း များစွာကြီးမားလာသည်ဟု ဖြစ်၏။