သိုင်းနတ်ဘုရားအရိပ် တစ်ရာ၊ သိုင်းကိုယ်ပွား(၂)
Vol. 21 Ch. 312
ဤနည်းအားဖြင့် ကလေးလူငယ်များသည် သဟွသိုင်းပညာကို စတင် ကျင့်ကြံကြသည်နှင့် သိုင်းဘိုးဘေးအား ကိုးကွယ်လာကြ၏။ လီရွှမ်ပင် အသံပြုမိသည်။
ခုံရော့ကျစ်.. ဒီကောင်သည် ထိုကိစ္စများ၌ အလွန် အချက်အချာ ကျ၏။ ကောင်းကင်မိခင်ဂိုဏ်းကို ပြန်လည်အသက်သွင်းကာ သူတို့၏ ယုံကြည်သက်ဝင်မှုကို များစွာ ပိုမိုကျယ်ပြန့်လာအောင် သွေးဆောင်နိုင်ခဲ့တာ အံ့ဩစရာ မရှိပေ။
ရွှီယန်က ထုံးရွှမ်အဆင့်သို့ ချိုးဖျက်ရန် စတင်ပြင်ဆင်၏။ ထို့အပြင် ထိုနေ့တွင် ယွဲ့နိုင်ငံ၏ တော်ဝင်မိသားစုသို့ သတင်းတစ်ခု ရောက်ရှိလာခဲ့သည်။
လန်းဖင်စီရင်စုနှင့် ချန်းလန်ကျွန်းတည်ရှိရာ ချန်းလန်မြစ် ချန်းလန်မြစ်၏ တစ်စိတ်တစ်စိတ်ပိုင်းနှင့် လန်းဖင်၏ အနီးရှိ နံဘေးရှိ ယွင်ဖုန်းဒေသတို့ အားလုံးကို ချန်ချင်းစံအိမ်နှင့် တိုက်ပွဲအတွက် စစ်လျော်ကြေး ပေးဆောင်ရန် ဖြစ်၏။
တစ်ချိန်တည်းတွင် ထန်းပေါင်စံအိမ်၏ လမ်းကြောင်းမှ တစ်ဆင့် စိတ်ဝိညာဉ်ဆေးပင် တစ်သောင်းကို ပို့ဆောင်ရမည် ဖြစ်သည်။
ထိုအချိန်မှ စတင်ပြီး လန်းဖင်စီရင်စုမှ ချန်းလန်ကျွန်းအထိ စီရင်စု တစ်ခုနှင့်တစ်ဝက်မှာ ချန်ချင်းစံအိမ်၏ အပိုင် ဖြစ်သည်။ ယွဲ့နိုင်ငံက ထိုနေရာများရှိ အုပ်ချုပ်ပိုင်ခွင့်ကို လုံးဝ စွန့်လွှတ်ပြီး ချန်ချင်းစံအိမ်၏ ကောင်းမွန်စွာ ထိန်းချုပ်နိုင်ရေးအတွက် ကူညီရန် သဘောတူရ၏။
ထိုနေရာများကို လက်ခံကာ ထိန်းချုပ်ရန် တာဝန်ကိုတော့ ရွှီကျွင်းဟယ်နှင့် ခုံရော့ကျစ်တို့က ကိုင်တွယ်ကြသည်။
လန်းဖင်နှင့် ချန်းလန်ကျွန်းတို့၏ အခြေအနေများကို နားလည်မှု ရလာပြီးနောက် ထိုပိုင်နက်များကို ထိန်းချုပ်ရန်အတွက် နည်းစနစ်တစ်ခုကို အမြန် ဖန်တီးသည်။
ပထမဆုံး အနေနှင့် လန်းဖင်မြေနှင့် ယွင်ဖုန်းမြေတစ်ဝက် တို့ကို သဟွသို့ ပေါင်းစည်းသည်။ သဟွ၏ စည်းမျဉ်းများကို ကျင့်သုံးကာ သဟွကောင်စီက အရေးကိစ္စများကို တာဝန်ယူသည်။
လူများ၏ နှလုံးသားကို သိမ်းယူရန်အတွက် သဟွမှ သိုင်းသမားအားလုံးတို့အား ဒန်ဆေးလုံးများကို ဝယ်ယူရာ၌ လျှော့ဈေး ၃၀% ရမည်ဟု ကြေငြာ၏။ သဟွ၏ တည်ငြိမ်ဝပ်ပြားရေးအတွက် အကျိုးပြုခဲ့ သူများကို ချီစုဆောင်းခြင်း ဆေးလုံး တစ်ပုလင်းကို ဆုချီးမြှင့်သည်။ ချီစုဆောင်းခြင်းဆေးလုံး တစ်ပုလင်းတွင် ဆေးလုံး ၁၂လုံးတို့ ပါဝင်၏။
ထို့အပြင် သဟွကာကွယ်ရေး အဖွဲ့ကိုလည်း တည်ထောင်ကာ သဟွလုံခြုံရေးအတွက် တာဝန်များကို ထုတ်လုပ်သည်။ ကင်းလှည့်ခြင်း ကိစ္စရပ်တို့ ဖြစ်၏။
သဟွကာကွယ်ရေး အဖွဲ့သို့ ဝင်ရောက်သူ မည်သူမဆိုသည် တစ်လလျှင် ချီနှင့်သွေးဆေးလုံး တစ်လုံးကို လက်ခံရရှိမှာ ဖြစ်သည်။ အကယ်၍ သိုင်းသခင်တစ်ယောက်သာ ဖြစ်ပါက တစ်လလျှင် ချီစုဆောင်းခြင်း
ဆေးလုံး နှစ်လုံးကို ရမည်ဖြစ်၏။
ထို့အပြင် သူတို့သည် သဟွသိုင်းပညာ အမွေအနှစ်ကို ရရှိနိုင်ကြ၏။ သိုင်းသခင်များ၏ အစစ်အမှန်ချီအား သန်စင်ခြင်း နည်းလမ်းများလည်း ပါဝင်သည်။ အစီအစဉ် အတွဲလိုက်က အခြေအနေများကို လျှင်မြန်စွာ တည်ငြိမ်စေခဲ့ပြီး သဟွကာကွယ်ရေး အဖွဲ့အား အောင်မြင်စွာ တည်ထောင်ခဲ့သည်။
ဒန်ဆေးလုံးများ၏ ကုန်ကျမှုမှာလည်း အလွန် များပြားလှသည်။ ရလဒ်အနေနှင့် ဒန်ဆေးသန့်စင်ရာ အလုပ်ရုံများကို ဆက်တိုက် ချဲ့ထွင်နေရ၏။
ဒန်ဆေးသန့်စင်ခြင်း အဆင့်များ အပါအဝင် သင်တန်းသားအသစ်များအား သင်ကြားမှုပြုရန် အတွက် စုလုံးရှုံ၏ ပါဝင်မှုကို လိုအပ်ခြင်း မရှိတော့ပါ။
ဆေးဆရာဖန်က ကြီးကြပ်ရန်အတွက် တာဝန်ယူပြီး သင်တန်းသားဟောင်းများက လူသစ်များကို သင်ကြားပေးသည်။ ဤနည်းအားဖြင့် ထုတ်လုပ်ခြင်း အလုပ်ရုံအသစ်များ လျှင်မြန်စွာ ပေါ်ထွန်းလာခဲ့၏။
ဒန်ဆေးလုံး အသစ်များအား ထုတ်လုပ်မှုကိုလည်း စတင် အာရုံစိုက်လာနိုင်၏ ဆေးဆရာဖန်နှင့် ပါရမီကောင်းမွန်သည့် သင်တန်းသား များကို ခေါ်ယူကာ ဒန်ဆေးလုံးအသစ် ထုတ်လုပ်ခြင်း နည်းလမ်းကို သင်ကြားပေးသည်။
သူတို့ တစ်ဦးချင်းစီတိုင်းသည် ဆေးသန့်စင်မှု၏ တစ်ဆင့်ချင်းကို စတင် တတ်မြောက်လာကြ၏။ ပြီးနောက် ဒန်ဆေးသန့်စင်မှု ဖြစ်စဉ်တစ်ခုလုံးကို သူတို့ကိုယ်တိုင် ပြည့်စုံနိုင်ရန် လေ့လာခိုင်းသည်။
အတွင်းဘက်နယ်မြေသို့ သဟွ၏ တရားဝင် ဝင်ရောက်လာမှုနှင့်အတူ ဧကရာဇ်ဝူနှင့် ဧကရာဇ်ချီတို့လည်း အတွင်းဘက်နယ်မြေသို့ ရွှေ့ပြောင်းလာခဲ့၏။ ကောရုံရှန်တို့လည်း အတွင်းဘက်နယ်မြေ၌ သဟွကောင်စီကို တည်ထောင်သည်။
ကောင်စီဝင်များ အကြားတွင် အတွင်းဘက်နယ်မြေမှ သိုင်းသမားများကို စတင်ခေါ်ယူခဲ့သည်။ သို့ပေမယ့် တင်းကြပ်သည့် စစ်ဆေးမှုများမှာ မရှိမဖြစ် လိုအပ်၏။
ထိုသူများသည် သဟွကို သစ္စာရှိရပေမည်။ သို့ပေမယ့် ထိုအရာအားလုံးတို့အတွက် အချိန်တစ်ခု လိုအပ်၏။
သဟွကာကွယ်ရေး အဖွဲ့ကို ရက်ရောလှသည့် ခံစားခွင့်များ ပေးထားရာ လျှောက်လွှာများ များပြားစွာ ရောက်ရှိလာခဲ့သည်။
ပထမဆုံး လူသစ်စာရင်းကို စတင်လုပ်ဆောင်၏။ နောက်တစ်ဆင့်မှာ လူခေါ်မှုအတွက် လိုအပ်ချက်များကို ပိုမိုတင်းကြပ်ရန် ဖြစ်သည်။
ယွ့နိုင်ငံက ပိုင်နက်တို့ကို ပေးကာ အရှုံးပေးခဲ့ပေမယ့် ခုံရော့ကျစ်တို့မှာ တော်ဝင်မိသားစုကို နန်းချပစ်မည့် စိတ်ကူးတို့ ရှိနေဆဲရှိသည်။
သဟွကာကွယ်ရေး အဖွဲ့ကို ထူထောင်ကာ အတွင်းဘက်နယ်မြေရှိ ထူးချွန်သည့် သိုင်းသမားများကို ဆွဲဆောင်မှု ပြု၏။ ပုန်ကန်ထကြွမည့် အစီအစဉ်ကို လုပ်ဆောင်ကြသည်။
ခုံရော့ကျစ်၊ ဧကရာဇ်ဝူနှင့် ဧကရာဇ်ချီတို့၏ ဦးဆောင်မှုအောက်တွင် ယွဲ့နိုင်ငံအား ပုန်ကန်မည့် အဓိက အစီအစဉ်များက တဖြည်းဖြည်း ရုပ်လုံးကြွလာ၏။
သဟွ၏ ကျယ်ပြန့်လာမှုနှင့် ချန်ချင်းစံအိမ်၏ ဖွံ့ဖြိုးမှုတို့အား လီရွှမ်ကတော့ ဂရုစိုက်ခြင်း မရှိပါ။ သူတို့ မည်ကဲ့သို့ လှုပ်ရှား ကြပါစေ ဤသည်များမှာ သူ၏ သိုင်းပညာ ပန်းတိုင်အတွက် အကျိုးသာ ဖြစ်မည်ဖြစ်၏။
ရွှီယန်မှာ ထိုကိစ္စများကို အာရုံထားခြင်း မရှိပါ။ သူ့ကိုယ်သူ ပြည့်စုံပြီဟု ယူဆပြီးနောက် ထုံးရွှမ်အဆင်သို့ ချိုးဖျက်ရန် လုပ်၏။ ချန်ချင်းစံအိမ်၏ ဖွံ့ဖြိုးမှုကို စုလင်းရှုံလည်း အရမ်းကြီး အာရုံထားခြင်း မရှိပါ။
သူမ၏ လက်စားချေမှုကို ပြုလုပ်ပြီးနောက် စိတ်ပြေလျော့သွားပြီး ဒန်ဆေးသိုင်းပညာအား လေ့လာမှုတွင်သာ ကိုယ့်ကိုယ်ကိုယ် လုံးဝ နှစ်မြှုပ်ထားသည်။
မူလ သံတောင်မြို့အတွင်းသို့ လမ်းလျှောက်ရင်းက အတွင်းဘက်နယ်မြေသို့ ဝင်ရောက်ခဲ့ပြီးနောက် ပြောင်းလဲမှုများမှာ အလွန် ကောင်းမွန်လှသည်ဟု လီရွှမ် အသံပြုမိသည်။
အစက ပထမအဆင့် သိုင်းသမားတစ်ယောက်ကိုပင် ရှာတွေ့ရန် ခက်ခဲခဲ့သည့် နယ်ခြားမြို့လေးသည် ယခုအချိန်၌ သိုင်းသခင်အဆင့် သိုင်းသမားများကို မကြာခဏ တွေ့မြင်နိုင်နေပြီ ဖြစ်၏။
မြို့ကို ချဲ့ထွင်ကာ ချန်ချင်းစံအိမ်၏ တည်နေရာကို မြို့အတွင်းသို့ ပေါင်းထည့်ခဲ့သည်။ သံတောင်မြို့ဟူသည့် အမည်မှာလည်း အတိတ်အဖြစ်သာ ကျန်ရစ်ခဲ့ပြီး ဒီနေရာကို လက်ရှိအချိန်၌ သဟွမြို့ဟု ခေါ်တွင်လေသည်။
ဒီမြို့၏ ချဲ့ထွင်မှုတွင် သိုင်းသမားများစွာတို့ ပါဝင်တည်ဆောက်ခဲ့ရာ ဖြစ်စဉ်က အလွန် မြန်ဆန်လှသည်။ မကြာခင် မြို့ကြီးတစ်ခု ဖြစ်တည်လာခဲ့၏။
သဟွကာကွယ်ရေး တပ်ဖွဲ့က ကင်းလှည့်နေပြီး ထိုအထဲတွင် သိုင်းသခင်အဆင့် သိုင်းသမားများက အဖွဲ့ကို ဦးဆောင်ကြသည်။ သူတို့သည် သဟွကာကွယ်ရေး တပ်ဖွဲ့၏ ပထမဆုံးတစ်သုတ်ရှိ လူများဖြစ်၏။
အားလုံးတို့မှာ အစက ဂိုဏ်းအဖွဲ့အစည်း မရှိသည့် လေလွင့်သိုင်းသမားများ(သို့) အဖွဲ့အစည်းငယ်များမှ ဖြစ်ကြသည်။ ဤသည်က အလွယ်တကူ သစ္စာဖောက်ခံရခြင်းအား ရှောင်ရှားနိုင်မည် ဖြစ်၏။
သဟွအတွင်းတွင် လမ်းလျှောက်ရင်းက တောင်စောင်းနှင့် ကွင်းပြင်များတွင် သိုင်းပညာ ကျင့်ကြံနေကြသည့် ယောကျားလေးနှင့် မိန်းကလေးငယ်များကို လီရွှမ် တွေ့ရသည်။ အချို့မှာ သာမန် အဝတ်အစားများကိုသာ ဝတ်ဆင်ထားကြ၏။
သို့ပေမယ့် သူတို့၏ မျက်လုံးများက ခိုင်မာလှပြီး အနာဂတ်အတွက် တိုက်ခိုက်လိုစိတ်တို့ မြင့်မားစွာ ရှိနေကြသည်။ သိုင်းပညာအတွက် ဆာလောင်လှ၏။
လီရွှမ်က သက်ပြင်းချသည်။ သူဖန်တီးခဲ့သည့် သိုင်းပညာသည် နေရာတိုင်းတွင် ရေပန်းစားလာခဲ့ပြီ ဖြစ်၏။ ထို့အပြင် သူလည်း စစ်မှန်သည့် သိုင်းဘိုးဘေး ဖြစ်လာ
ခဲ့သည်။ သဟွသိုင်းဘိုးဘေးဟူ၍ ဖြစ်၏။
ဒီကိစ္စကြောင့် အတွင်းဘက်နယ်မြေရှိ သိုင်းပညာစနစ်သည် ဖယ်ရှားခံရလာရမည်လား..
ဤသည်ကို လီရွှမ်မသိပေ။ သို့ပေမယ့် ကျင့်ကြံသည့် သိုင်းသမားများ တိုးပွားလာသည်နှင့် အမျှ သိုင်းစကေး မျိုးစုံတို့နှင့် လျှို့ဝှက်အတတ်များ များပြားစွာ ပေါက်ဖွားလာမည်ဟု ယုံကြည်၏။
ဘာပဲဖြစ်ဖြစ် လူတစ်ယောက်၏ ပါရမီသာ လုံလောက်ပါက အတွင်းဘက်နယ်မြေရှိ လျှို့ဝှက်အတတ်များကို အခြေခံအဖြစ် အသုံးပြုကာ သဟွသိုင်းစနစ်နှင့် သင့်တော်သည့် အတတ်ပညာများကို သုတေသနပြု ဖန်တီးနိုင်ပါသည်။
“ကျင့်ကြံတဲ့လူတွေ ပိုများလာတာနဲ့အမျှ ငါလည်း ပိုများတဲ့ ဆုကြေးတွေ ရလာလောက်တယ်မလား”
လီရွှမ်က နှလုံးသားထဲတွင် စဉ်းစား၏။
ယခုအချိန်တွင်မူ မည်သည့် သိသာသည့် တန်ပြန်အကျိုးပြုမှုမှ ရောက်မလာသေးပေ။ သို့ပေမယ့် သူယုံကြည်၏။ တစ်နေ့တွင် သေချာပေါက် အကျိုးကျေးဇူးတို့ ရလာမှာ ဖြစ်သည်။