← Chapters

သိုင်းနတ်ဘုရားအရိပ် ၁၀၀၊ သိုင်းကိုယ်ပွား(၃)

Vol. 21 Ch. 313

သိုင်းနတ်ဘုရားအရိပ် ၁၀၀၊ သိုင်းကိုယ်ပွား(၃)

Vol. 21 Ch. 313

လီရွှမ်သည် ချန်ချင်းစံအိမ်၏ ခြံဝန်းအတွင်းသို့ ပြန်ကာ ဝါးထုတ်တစ်ချောင်းကို ကိုင်ပြီး ပိုမိုကြီးမားကာ ကြမ်းကြုတ်လာပြီး သားရဲတစ်ကောင် ဖြစ်လာတော့မည့် အသွင်ရှိသည့် ကြောင်နီကို သင်ကြားပေးသည်။

ရုတ်တရက် ရွှေရောင်အလင်းတစ်ခု ထွက်ပေါ်လာ၏။

"သင်ဖန်တီးထားသည့် သိုင်းပညာအား စတင်ခြင်းအဆင်သို့ ရောက်ရှိသူ လူပေါင်း၁၀၀ ကျော်သွားသည်။ သင်သည် သိုင်းနတ်ဘုရားအရိပ် ၁၀၀ကို ရရှိသည်.."

လီရွှမ်က ဝမ်းသာသွားသည်။ နောက်ဆုံးတွင် တန်ပြန်အကျိုးပြုမှု ရောက်ရှိလာပြီ ဖြစ်၏။

အပြင်ဘက်တွင် သိုင်းပညာကို ကျင့်ကြံပြီး စတင်ခြင်းအဆင့်သို့ ရောက်ရှိသူ‌ အယောက်၁၀၀ ကျော်သွားလေသည်။ ထိုအကြောင်းကြောင့် တန်ပြန်အကျိုးပြုမှု ရလာခြင်းဖြစ်၏။

အမှန်တကယ်ပင် ရွှေလက်ချောင်းသည် သိုင်းပညာကျင့်ကြံသူ အရေအတွက်တစ်ခုသို့ ရောက်ရှိပြီးပါက ပေါ်လာနိုင်ခြင်း ဖြစ်၏။

"သိုင်းနတ်ဘုရားအရိပ် ၁၀၀.."

လီရွှမ်၏ နှလုံးသားက စိတ်လှုပ်ရှားမှုဖြင့် အခုန်မြန်လာခဲ့၏။ ချက်ချင်းပင် သူ၏ခန္ဓာကိုယ်မှ ပုံရိပ်ယောင်နှင့် အစစ်အမှန် ဖြစ်ပုံပေါ်သည့် ပုံရိပ်များ ထွက်ပေါ်လာခဲ့၏။

အရိပ်တစ်ခုချင်းစီတိုင်းတွင် ချီနှင့်သွေးအဆင့် စွမ်းအားရှိသည်။ ထို့အပြင် အရိပ်သိုင်းတွင် တတ်မြောက်ထားသည့် တိုက်ခိုက်မှု ပုံစံနှင့် သိုင်းပညာအတတ်များ ခြားနားစွာ ရှိနေ၏။

တူညီသည့် သိုင်းပညာကို ကျင့်ကြံထားလျှင်တောင် သူတို့၏ တိုက်ခိုက်မှု သဏ္ဍာန်နှင့် အလေ့အကျင့်တို့က ခြားနားကြသည်။

အရိပ်အားလုံးတို့ တစ်ခုတည်းအဖြစ် ပေါင်းစပ်လိုက်ပါက ခွန်အားမှာ မူလအဆင့်သို့ ရောက်ရှိသွား၏။

'ဒါက သိုင်းပညာကိုယ်ပွား ရှိတာနဲ့ ဆင်တူတယ်..'

လီရွှမ်သည် စိတ်လှုပ်ရှားလာခဲ့၏။ အရိပ်တစ်ခုချင်းစီတိုင်းက သူ၏ ကိုယ်ပွားကဲ့သို့ ရှိသည်။

ပုန်မှန်အတိုင်းဆိုပါက ကိုယ်ပွားတစ်ခုကို ဖန်တီးရန်မှာ မူလခန္ဓာကိုယ်၏ ခွန်အား တစ်စိတ်တစ်ပိုင်းကို ခွဲထုတ်ရန် လိုအပ်သည်။

သို့ရာတွင် သိုင်းနတ်ဘုရားပုံရိပ် ၁၀၀မှာတော့ ထိုကဲ့သို့ ပြုလုပ်ရန် မလိုပါ။ ဒီနတ်ဘုရားပုံရိပ် များသည် သူဖန်တီးထားသည့် သိုင်းပညာအား ကျင့်ကြံသူများကဲ့သို့ ရှိ၏။

မည်သည့် မူလခန္ဓာကိုယ် ခွန်အားကိုမှ ခွဲထုတ်ပေးရန် မလိုဘဲ တန်ပြန်အကျိုးပြုမှုအဖြစ် စွမ်းရည်များကို ပုံတူကူးထားသည်။

နတ်ဘုရားပုံရိပ်၁၀၀တို့ကို ပေါင်းစပ်လိုက်သောအခါ ၎င်းတွင် မူလအဆင့်ရှိသည့် စွမ်းအားကို ပိုင်ဆိုင်နိုင်၏။

ဤသည်က လီရွှမ်တွင် ချီနှင့်သွေးအဆင့်ရှိ နတ်ဘုရားပုံရိပ်၁၀၀နှင့် မူလအဆင့်ရှိ နတ်ဘုရားပုံရိပ် တစ်ယောက် ရှိသည်နှင့် တူညီ၏။

'ငါ.. ချီနဲ့သွေးအဆင့်မှာတုန်းက သိုင်းသခင်တစ်ယောက်ကို အလွယ်တကူ အနိုင်ယူနိုင်တယ်။ မူလအဆင့်မှာလည်း စစ်ဘုရင်တစ်ယောက်ကို နင်းချေနိုင်တယ်...'

လီရွှမ်က အလွန် ဝမ်းသာသွား၏။ သူ၏ရန်သူသာ အရမ်းကြီး စွမ်းအားကြီးမားခြင်း မရှိပါက ကိုယ်တိုင် လှုပ်ရှားစရာလိုမည် မဟုတ်ပေ။ နတ်ဘုရားပုံရိပ်ကို တာဝန်ပေးလို့ရ၏။

စစ်ဘုရင်တစ်ယောက် ဖြစ်လျှင်တောင် အရိပ်၁၀၀တို့ ပေါင်းစပ်ပြီး မူလအဆင့် နတ်ဘုရားပုံရိပ် ဖြစ်လာပါက  တစ်ဖက်လူကို အလွယ်တကူ အနိုင်ယူနိုင်ဆဲ ရှိ၏။

'သဟွသိုင်းပညာကို ပြန့်ပွားနိုင်သလောက် ပြန့်ပွားအောင်လုပ်ရမယ်..'

လီရွှမ်က စိတ်လှုပ်ရှားလာခဲ့၏။ အသေအချာပင်။ သဟွသိုင်းပညာ၏ တည်ထောင်သူဖြစ်သည့် သူ့တွင် ဆုကြေးမရဘဲ နေမည် မဟုတ်ပေ။

သိုင်းပညာ နတ်ဘုရားအရိပ် ၁၀၀သာ ဆက်လက်တိုးပွားနိုင်ပြီး ပိုမိုသန်မာလာမည်ဆိုပါက... သဟွသိုင်းပညာအား စတင်ခြင်းအဆင့်သို့ ကျင့်ကြံနိုင်သည့် သိုင်းသမားအရေအတွက် ပိုမိုများပြားလာလေလေ သိုင်းနတ်ဘုရားအရိပ်၁၀၀၏ ခွန်အားနှင့် အရေအတွက်လည်း ပိုမိုတိုးပွားလာလေ ဖြစ်မှာဖြစ်သည်။

ဤသည်မှာ နတ်ဘုရားအရိပ် ၉၀၀အထိ ရောက်ရှိနိုင်၏။

'သိုင်းပညာရဲ့ စတင်ခြင်းအဆင့်ကို ချိုးဖျက်နိုင်တဲ့လူ ၁၀၀၀ပြည့်ရင် သိုင်းနတ်ဘုရားပုံရိပ် ၁၀၀၀ကို ရလာမှာလား။ အဲ့ဒါဆိုရင် သိုင်းနတ်ဘုရားပုံရိပ် ၁၀၀၀၀ သိုင်းနတ်ဘုရားပုံရိပ် ၁၀၀၀၀၀၀... အဲ့လိုလည်း ရလာနိုင်တာပေါ့..'

လီရွှမ်က ပိုမိုပိုမိုကာ စိတ်လှုပ်ရှားလာခဲ့၏။ ဆိုလိုသည်မှာ သူ့အနေနှင့် သန်းနှင့်ချီသည့် သိုင်းပညာကိုယ်ပွားများကို ရရှိနိုင်မည် မဟုတ်ပါလား။

ခြံထဲတွင် အေးအေးလူလူ ထိုင်ရင်းက ကိုယ်ပွားသန်းနှင့်ချီကို တိုက်ပွဲဆီသို့ စေလွှတ်ပြီး ရန်သူများကို သေလောက်အောင် ကြောက်ရွံ့သွားစေမည့် ပုံရိပ်အား စဉ်းစားမိသည်။ ဤသည်မှာ အနှိုင်းမဲ့လှ၏။

'အခု အပြင်ဘက်လောကမှာ ချီနဲ့သွေးအဆင့် ကျင့်ကြံမှုပဲ လည်ပတ်နေတယ်။ ချီနဲ့သွေးအဆင့်ကို ပြီးပြည့်စုံလုနီးပါးအထိ ကျင့်ကြံပြီးတဲ့လူ ရှိရင် မူလအဆင့်ကိုလည်း ဖြန့်လွှင့်လို့ရပြီ..'

'အစစ်အမှန်ချီကို စုစည်းနိုင်တဲ့ အတွင်းဘက်နယ်မြေရဲ့ သိုင်းသခင် အရေအတွက်၁၀၀ကို ကျော်ရင်လည်း သဟွသိုင်းပညာကို အောင်မြင်စွာ ဖြန့်လွှင့်နိုင်ပြီလို့ ယူဆပြီး တန်ပြန်အကျိုးပြုမှုကို ရလာမလား...'

လီရွှမ်က အတွေးနက်သွား၏။ အတွင်းဘက်နယ်မြေမှ သိုင်းသမားများ၏ အစစ်အမှန်ချီသို့ ပြောင်းလဲမှုမှာ သန့်စင်သည့် သဟွသိုင်းပညာရှင် ဖြစ်လာမည် မဟုတ်ပါ။ ဤသည်မှာ သဟွသိုင်းပညာသို့ အောင်မြင်စွာ  ပြောင်းလဲနိုင်ခဲ့ပြီဟု ယူဆနိုင်ခြင်း မရှိပေ။

'အတွင်းဘက်နယ်မြေရဲ့ သိုင်းပညာကို သဟွသိုင်းပညာအဖြစ် ချောချောမွေ့မွေ့ ပြောင်းလဲလို့ရအောင် နည်းလမ်းတစ်ခု စဉ်းစားရမယ်။ ငါတစ်ယောက်ထဲတော့ စဉ်းစားရ မလွယ်ဘူး။ ငါ့ရဲ့တပည့်ကြီးကိုလည်း အားကိုးဖို့ လိုအပ်တယ်..'

လီရွှမ်က သက်ပြင်းချ၏။ ထိုကဲ့သို့သော ဦးနှောက်အား အလုပ်လုပ်ရမည့် ကိစ္စမျိုးကို သူ၏တပည့်အတွက် ချန်ထားရန် ဆုံးဖြတ်လိုက်သည်။

သို့ရာတွင် ရွှီယန်၏ ကိုယ်ပိုင် သိုင်းပညာကျင့်ကြံမှုမှာ ပိုမို အရေးကြီး၏။ ထို့ကြောင့် ရှဲ့လင်ဖုန်းကိုလည်း စမ်းကြည့်ခိုင်းလို့ ရပါသည်။

ဘာပဲဖြစ်ဖြစ် သူသည်လည်း ပါရမီရှင်တစ်ယောက်ဖြစ်ပြီး အစစ်အမှန်ချီကို အောင်မြင်စွာ စုစည်းပြီး ဖြစ်၏။

All Chapters