← Chapters

ရွှီယန်၏ ထုံးရွှမ်အဆင့်သို့ ဝင်ရောက်မှု၊ သေခြင်းရှင်ခြင်း ဓားစက်ဝန်း

Vol. 21 Ch. 314

ရွှီယန်၏ ထုံးရွှမ်အဆင့်သို့ ဝင်ရောက်မှု၊ သေခြင်းရှင်ခြင်း ဓားစက်ဝန်း

Vol. 21 Ch. 314

သိုင်းအရိပ်၁၀၀တို့ကို ရရှိပြီးနောက် လီရွှမ်သည် သူ၏ သိုင်းပညာလမ်းစဉ်နှင့် ပတ်သက်ပြီး အတွေးအမြင်အသစ်တို့ ရရှိလာခဲ့၏။

ပင်ယင်းသိုင်းပညာသာ မက ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံမှုစနစ်နှင့် ဒန်ဆေးသိုင်းပညာ စနစ်တို့ကိုလည်း ဖြန့်ကျက်ရပေမည်။

ထိုသိုင်းပညာ စနစ်များအတွက် မြင့်မားသည့် ပါရမီတော့ လိုအပ်နေ၏။ ရုပ်ပိုင်းဆိုင်ရာ သိုင်းပညာစနစ်ကို ကျင့်ကြံလိုပါက ခန္ဓာကိုယ်လမ်းကြောင်းတွင် ပါရမီထူးကဲနေရမည် ဖြစ်၏။ ထိုမှသာလျှင် ပိုမိုလွယ်ကူစွာ စတင်နိုင်လေမည်။

ဒန်ဆေးသိုင်းပညာစနစ် အတွက်လည်း တူညီစွာ ဖြစ်၏။ ယခုအချိန်၌ ထိုသိုင်းလမ်းစဉ် နှစ်ခုတို့ကို ဖြန့်ကျက်ရန်မှာ အလျှင်မလိုသေးပါ။

လီရွှမ်အနေနှင့် အများကြီး စဉ်းစားမနေသေးပေ။ သိုင်းပညာကျင့်ကြံသူ အရေအတွက် တိုးပွားလာသည်နှင့်အမျှ မကြာခင်တွင် စတင်ခြင်းအဆင့်သို့ ဝင်ရောက်သူများလည်း တိုးပွားလာမှာ ဖြစ်သည်။ ထိုအခါ နောက်ဆက်တွဲ လုပ်ဆောင်ချက်များအတွက် ပိုမိုတည်ငြိမ်လာမှာ ဖြစ်၏။

အတွင်းဘက်နယ်မြေတွင် သဟွသိုင်းပညာ နေရာဝင်ယူလာပြီး  တည်ရှိနေဆဲဖြစ်သည့် သိုင်းပညာကို လုံးဝအစားထိုးနိုင်ရန်မှာ အချိန်ယူရဦးမည် ဖြစ်သည်။

အကယ်၍ အောင်မြင်စွာ အစားထိုးပြီးပါက သူ၏ ကိုယ်ပိုင်ကျင့်ကြံမှုမှာ များစွာ မြင့်တက်လာမှာဟု လီရွှမ်ယုံကြည်၏။

အတွေးတစ်ချက်နှင့်အတူ သိုင်းအရိပ်များစွာတို့ ပေါ်လာပြီး မြို့အတွင်းသို့ တိတ်ဆိတ်စွာ ဝင်ရောက်သွားကြသည်။ သူတို့သည် ပုံရိပ်ယောင်ဆန်ပြီး လူအများ၏ အာရုံကို စွဲဆောင်နိုင်မည် မဟုတ်ပေ။

လူငယ်တစ်ယောက်သည် ချီနှင့်သွေးကို အာရုံခံရန်အတွက် ကြိုးစားရုန်းကန်နေ၏။ သူသည် ဤသည်ကို လေ့ကျင့်နေခဲ့တာ သုံးရက် ကြာပြီးဖြစ်သည်။ သို့ပေမယ့် ခံစားနိုင်ခြင်း မရှိသေးပေ။ စိုးရိမ်မှုနဲ့ စိတ်ဓာတ်ကျမှုတို့ကို ခံစားလာရ၏။

နောက်ထပ်တစ်ဖန် အံကိုကြိတ်ကာ မြင်းထိုင်ထိုင်ရင်းက ချီးနှင့်သွေးကို အာရုံခံနိုင်ရန် ကြိုးစားပြန်လေသည်။

ရုတ်တရက် ပုံရိပ်တစ်ခု ရွေ့လျားသွားမှုကို တွေ့လိုက်ရ၏။ နားထဲတွင်လည်း အသံတစ်ခုကို ကြားလိုက်ရပုံပေါ်သည်။

"ချီနဲ့သွေးက နှလုံးသားနဲ့အတူ ရွေ့လျားတယ်။ စိတ်ကို တည်တည်ငြိမ်ငြိမ် ထားပြီးတော့ ကိုယ့်ကိုယ်ကို နားလည်အောင်စဉ်းစား..."

ပုံရိပ်က လက်တစ်ချောင်းကိုဆန့်ကာ လူငယ်ကို ထိလိုက်သည်။ လျှပ်တပြက်အတွင်း လူငယ်မှာ ရင်ဘတ်နှင့် ဝမ်းဗိုက်တို့ရှိ နွေးထွေးသည့် စီးကြောင်းတစ်ခု မြင့်တက်လာမှုကို ခံစားရ၏။ ချီနှင့်သွေးကို အာရုံခံမိပြီး စိတ်လှုပ်ရှားလာခဲ့သည်။

"အဲ့ဒါ...အဲ့ဒါ သိုင်းဘိုးဘေး ဖြစ်ရမယ်.."

လူငယ်၏ နှလုံးသားက ရိုသေလေးစားမှုတို့ဖြင့် ပြည့်နက်နေ၏။ သူသည် သိုင်းဘိုးဘေး၏ လမ်းညွှန်ပြသမှုကို ခံခဲ့ရသည်လား။

ထိုနေ့တွင် မြို့အတွင်း၌ ကျင့်ကြံနေကြသည့် လူငယ်နှင့် မိန်းကလေးငယ် များစွာတို့သည် သိုင်းဘိုးဘေးက သူတို့ကို သင်ကြားမှု ပေးလာသည့်အလား မိန်းမောစွာ ခံစားကြရ၏။ ဤသည်က အကျိုးအမြတ် များစွာတို့ကို ရစေခဲ့သည်။

လီရွှမ်က သက်ပြင်းချသည်။ သိုင်းပုံရိပ်၁၀၀တို့မှာ ကိုယ်ပွားများနှင့် တူညီပြီး မည်သည့် အကန့်အသတ်မှ မရှိပဲ ပိုမိုသန်မာပေမယ့် သူ၏ ကိုယ်ပိုင်ခွန်အားကြောင့် လှုပ်ရှားသွားလာနိုင်သည့် နယ်မြေမှာ အကန့်အသတ်ရှိပါသည်။

'ငါသာ ပိုပြီးတော့ စွမ်းအားကြီးလာရင် သူတို့လည်း တကယ့်ကိုယ်ပွားတွေ လိုမျိုး အပြင်ဘက်မှာ လျှောက်လှမ်းသွားလာနိုင်လိမ့်မယ်။ ရန်သူတွေကို တိုက်ခိုက်ပြီး အကွာအဝေးကို ကန့်သတ်ခံရမှာ မဟုတ်တော့ဘူး..'

ရုတ်တရက် လီရွှမ်၏ စိတ်ထဲ၌ ဉာဏ်အလင်းတစ်ခု ပေါ်လာခဲ့၏။

'ခွန်အားအဆင့် မြင့်တက်လာတာနဲ့အမျှ သိုင်းကိုယ်ပွားတွေရဲ့ ကျင့်ကြံမှုနဲ့ စွမ်းရည်တွေလည်း တိုးတက်လာနိုင်တယ်။ ဒါပေမယ့် ဒီကိုယ်ပွားတွေရဲ့ စွမ်းရည်တွေကို ရှင်းလင်းဖို့ ခက်ခဲလိမ့်မယ်..'

'ငါပိုပြီး စဉ်းစားဖို့လိုတာက ဘယ်အဆင့်မှာ ဘယ်လိုမျိုးသီအိုရီအရတူညီတဲ့ စွမ်းရည်တွေကို အသုံးပြုနိုင်မယ် ဆိုတာကိုပဲ... ဥပမာအားဖြင့် - ပစ္စည်းတစ်ခုတည်းကို စွမ်းအားထည့်ပေါင်းပြီး သယ်ဆောင်ခိုင်းထား... အန္တရာယ်ကြုံတွေ့တဲ့အခါကျရင် အဲ့ဒါကို အသက်သွင်းခိုင်းတာမျိုး...'

လီရွှမ်က ထိုအကြောင်းကို စဉ်းစားလေလေ ပိုမိုဖြစ်နိုင်သည်ဟု ခံစားရလေ ဖြစ်လာခဲ့၏။ သိုင်းပညာကိုယ်ပွားအတွက် ထိုစွမ်းရည်ကို နားလည်ရန် နည်းလမ်းတစ်ခု ရှာရပေမည်။

'ရှေ့နောက်ညီညာပြီး သီအိုရီအရ လက်တွေ့ကျအောင် ဘယ်လိုလုပ်ရမလဲ... ဒီသီအိုရီဖွဲ့စည်းမှုကို ငါပိုပြီးတော့ စဉ်းစားဖို့ လိုအပ်တယ်။ မဟုတ်ရင် အရမ်းကြီး အပေါ်ယံဆန်သွားပြီး ကိုက်ညီမှုရှိမှာ မဟုတ်တော့ဘူး။ အဲ့လိုဆိုရင် ရွှီယန်အနေနဲ့ နားလည်ဖို့ ခက်ခဲပြီး အချိန်လည်း အရမ်းကြာသွားမှာ..'

ထိုကဲ့သို့ တွေးမိပြီးနောက် လီရွှမ်က မနေနိုင်ဘဲ ရွှေလက်ချောင်းပေါ်သို့ အာရုံကျရောက်သွားသည်။ ရွှေရောင်ရေတေးတေး တောက်ပနေသည်ကို တွေ့ရ၏။

သို့ပေမယ့် အသွင်သဏ္ဍာန်ကို တွေ့မြင်နိုင်ခြင်း မရှိပေ။

'ရွှေလက်ချောင်းကို ငါဘယ်တော့များမှ တွေ့နိုင်မှာလဲ။ ဖြစ်နိုင်တာက ငါသာ ရွှေလက်ချောင်းကို တွေ့မြင်နိုင်ရင် အဲ့ဒါကို အသုံးပြုပြီး ဖန်တီးနိုင်လောက်တယ်..'

ရွှေလက်ချောင်း၏ အကူအညီကိုသာ ရယူနိုင်ပါက များစွာ ပိုမို လွယ်ကူလာလောက်၏။

သိုင်းပုံရိပ်၁၀၀ကို ရရှိစဉ်ကတည်းက လီရွှမ်သည် ပုံရိပ်များကို မြို့အတွင်းသို့ ရံဖန်ရံခါ ပို့လွှတ်လေ့ရှိပြီး သိုင်းပညာကျင့်ကြံနေသည့် လူငယ်နှင့် မိန်းကလေးငယ်များကို သဘောကျပါက လမ်းညွှန်မှုအချို့ ပေးလေ့ရှိ၏။

အချိန်တိုအတွင်း သိုင်းဘိုးဘေး၏ သိုင်းပညာ ကံကြမ္မာအား ယူဆောင်လာမှုနှင့် လမ်းညွှန်မှု ပေးခြင်းတို့အား ယုံကြည်ကိုးကွယ်မှုဖြင့် ရရှိနိုင်ခြင်းတို့ ပျံ့လာခဲ့သည်။

ပိုမိုများပြားသည့် လူများ စတင် ယုံကြည်လာကြ၏။

ထို့အပြင် ပြောကြသည်မှာ ကျင့်ကြံရာတွင် ပိုမို ဇွဲလုံ့လထားလေလေ သိုင်းဘိုးဘေး၏ ကောင်းချီးပေးမှုကို ပိုမိုခံရပြီး ညွှန်ကြားချက်ကို လက်ခံရရှိနိုင်လေ ဖြစ်သည်ဟုဆိုသည်။

ရွှီယန်မှာ ထုံးရွှမ်အဆင့်သို့ ချိုးဖျက်ပေတော့မည်။ သူ့ကိုယ်သူ ပြည့်စုံအောင် ပြုလုပ်ပြီးနောက် အဆင့်ချိုးဖျက်ချိန်တွင် နောက်ထပ် ပြောင်းလဲမှု တစ်ခုကို  ကြုံတွေ့နိုင်မည်ဟု ယုံကြည်ချက်ရှိလာခဲ့၏။

ချန်ချင်းစံအိမ်၏ အပြင်ဘက်ရှိ တောင်စောင်းပေါ်တွင် ရွှီယန် တင်ပျဉ်ခွေထိုင်နေ၏။ လီရွှမ်က ကိုယ်တိုင် သွားရောက်ခြင်း မပြုပါ။ ကိုယ်ပွားတစ်ခုကို စေလွှတ်ကာ တပည့်ဖြစ်သူ၏ အဆင့်ချိုးဖျက်မှုကို တိတ်ဆိတ်စွာ စောင့်ကြည့်၏။

မုန့်ချုံ၊ စုလင်းရှုံ၊ ရွှီကျွင်းဟယ်၊ ရှီအာနှင့် ကျိုးယင်တို့ အားလုံးမှာတော့ တောင်ခြေမှ ကြည့်ရှု့နေကြပါသည်။

"ထုံးရွှမ်အဆင့်... ငါတို့ရဲ့ စီနီယာအစ်ကိုကြီး အဆင့်ချိုးဖျက်ပြီးရင် အထွတ်အထိပ် စစ်ဘုရင်ဆယ်ချီကို သူအနိုင်ယူနိုင်လောက်မှာ မလား.."

စုလင်းရှုံက စိတ်လှုပ်ရှားစွာ ပြော၏။

"သူက ဆရာ့လောက်အထိ သန်မာမှာ မဟုတ်ပေမယ့် အထွတ်အထိပ်စစ်ဘုရင် ဆယ်ချီကို အနိုင်ယူဖို့ကတော့ ပြဿနာမရှိလောက်ဘူး.."

မုန့်ချုံက သဘောတူညီစွာ ခေါင်းငြိမ့်သည်။

ရွှီယန်အတွက် ထုံးရွှမ်အဆင့်သို့ အဆင့်ချိုးဖျက်ခြင်းတွင် တစ်ဆို့မှုကဲ့သို့ အတားအဆီးမျိုး မရှိပါ။ သူ၏ အခြေခံကို သိပ့်သည်းအောင် ပြုလုပ်ပြီး အဆင့်ချိုးဖျက်စဥ် အတွင်းတွင် ကြီးမားသည့် ပြောင်းလဲမှု ဖြစ်ပေါ်စေရန် မွမ်းမံဖို့ ဆုံးဖြတ်ထား၍သာ မဟုတ်ပါက မူလအဆင့်၏ ပြည့်စုံခြင်းသို့ ရောက်ရှိပြီးနောက် ထုံးရွှမ်အဆင့်သို့ ချက်ချင်း ချိုးဖျက်နိုင်ပါသည်။ ထို့ကြောင့် ယခုအချိန်၌ အဆင့်ချိုးဖျက်မှုမှာ  ချောမွေ့၏။

ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စိတ်ဝိဉာဉ်စွမ်းအင်က စီးဝင်လာပြီး ရွှီယန်၏ အစစ်အမှန်ချီက ဆက်တိုက် စုစည်းလာ၏။

သန့်စင်မှုပြုကာ ကျယ်ပြောသည့် ဒန်တန်ချီပင်လယ်အတွင်းတွင် ဝဲဂယက်တစ်ခု ဖြစ်လာစေခဲ့သည်။ ချီပင်လယ်ကို ချဲ့ထွင်သည့် ဖြစ်စဉ်အတွင်းတွင် သူ၏ အစစ်အမှန်ချီက အရည်အဖြစ် စုစည်းလာပြီး ပထမဆုံး အစစ်အမှန်ယွမ်တစ်စက် ပေါက်ဖွားလာခဲ့သည်။

ခန္ဓာကိုယ်အတွင်းရှိ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ တံတားကလည်း ပြောင်းလဲနေ၏။ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ဆက်သွယ်ထားကာ ရွှေနဂါးတစ်ကောင် လှည့်လည်နေပြီး တောင်နှင့်မြစ်တို့ ဖုံးအုပ်ထားသည်။

၎င်းအပေါ်တွင် သေမျိုးလူသားများ ရှိလာပုံပေါ်၏။

"ဘုန်း.."

ရွှီယန်သည် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့၏။

သူ၏ ကျင့်စဉ်မှာ ရုပ်ပိုင်းဆိုင်ရာ သိုင်းပညာကျင့်စဉ် မဟုတ်ပေမယ့် အခြေခံဖြစ်သည့် ကျောက်စိမ်းအရိုးက သန့်စင်ကာ အပြစ်အနာအဆာ ကင်းမဲ့သည်။ မူလအဆင့်သို့ ချိုးဖျက်ချိန်၌ စိတ်ဝိဉာဉ်အရိုးအဖြစ် ပြောင်းလဲသွားခဲ့၏။

ထို့အပြင် သူ၏ခန္ဓာကိုယ် ခွန်အားကလည်း အလွန်ကြောက်ဖို့ကောင်းလှသည်။

ဓားဆန္ဒက ပတ်ဝန်းကျင်တွင် မြင့်တက်လာကာ ထိုအထဲတွင် တောင်နှင့်မြစ်တို့ ပုံပေါ်လာခဲ့သည်။ ဒီအချိန်တွင် ရွှီယန်သည် တောင်နှင့်မြစ်အတွင်း၌ ရှိနေပုံပေါ်ပြီး တောင်နှင့်မြစ်မှာလည်း သူ၏ ခန္ဓာကိုယ်အတွင်း၌ တည်ရှိနေပုံပေါ်သည်။

All Chapters