← Chapters

ရှေးဟောင်းတော်ဝင်မိသားစုသို့ ကျူးကျော်ခြင်း

Vol. 151 Ch. 2143

ရှေးဟောင်းတော်ဝင်မိသားစုသို့ ကျူးကျော်ခြင်း

Vol. 151 Ch. 2143

ရှေးဟောင်းတော်ဝင် သွမ့်မိသားစုသည် ရှေးကျပြီး သမိုင်းဝင် ခံစားချက်များကို ပေးစွမ်းသည့် ခမ်းနားထည်ဝါလှသော မြို့တစ်မြို့အတွင်း တည်ရှိပေသည်။

ထိုအချိန်၌ ရှေးဟောင်းတော်ဝင်မိသားစု၏ အပြင်ဘက်တွင် အဖြူရောင်ဆံပင်နှင့် လူတစ်ယောက်ရပ်နေပြီး သူ၏ နက်ရှိုင်းသော မျက်လုံးများက မြို့အတွင်းသို့ တည့်မတ်စွာ ကြည့်နေသည်။ သူ့ အနောက်ဘက် ကောင်းကင်ထက်တွင် တန်ခိုးရှင်များစွာက အလျင်အမြန် လိုက်ပါလာနေကြပြီး သူတို့၏ အာရုံကို ရီဖူရှင်းနှင့် ရှေးဟောင်းတော်ဝင်မြို့ထံသို့ အာရုံစိုက်ထားခဲ့ကြသည်။

သူက ထိုနေရာသို့ တစ်​ယောက်တည်းသွားရန် ရည်ရွယ်နေသည်လား။

ရှေးဟောင်းတော်ဝင်မိသားစုအတွင်းမှ အစွမ်းထက်တန်ခိုးရှင်များသည်လည်း ထွက်ပေါ်လာကြပြီ ဖြစ်သည်။ တန်ခိုးရှင်များစွာက လေထဲ၌ ရပ်နေခဲ့ပြီး အပြင်ဘက်တွင် ရပ်နေသောသူကို ကြည့်နေခဲ့သည်။ သူတို့က မည်သည်တို့ ဖြစ်ပျက်နေသည်ကို သိရှိပေသည်။ မူလက တုန်းဟွာနယ်မြေမှ လာသော ထိုလူသည် လေးမျက်နှာကျေးရွာသို့ ဝင်ရောက်ခဲ့သည်။ ယခု သူက သူ၏ ကိုယ်ပိုင်စွမ်းရည်တစ်ခုတည်းနှင့် ရှေးဟောင်းတော်ဝင်မိသားစုသို့ ဝင်ရောက်ကာ သူတို့၏ အကျဥ်းသားများကို ခေါ်ဆောင်သွားချင်နေသည်။ သူ၏ မောက်မာ၍ ရဲတင်းလှသော စကားလုံးများမှ သူတို့အားလုံးကို အထင်အမြင်သေးနေသည်အား တွေ့မြင်နိုင်ပေသည်။

ရီဖူရှင်း ပြောခဲ့သော စကားလုံးများက ရှေးဟောင်းတော်ဝင်မိသားစု တစ်ခုလုံး၏ အစွမ်းထက်တန်ခိုးရှင်များကို ဆန့်ကျင်ခဲ့ပြီး ဖြစ်သည်။ သူတို့သည် သူက အကြောင်းပြချက်ထက် ကျော်လွန်ကာ မောက်မာနေပြီး အဆင်ခြင်မဲ့ ရိုင်းပြလှသည်ဟု ယူဆထားကြပေသည်။

နန်းတော်အတွင်းတွင် မြေပြင်မှ သန့်စင်မြင့်မြတ်သော ရောင်ဝါနှင့် အလွှာတစ်ခု တောက်ပလင်းလက်လာပြီး ထိုဖြစ်ပွားလာတော့မည့် တိုက်ပွဲဲကြောင့် ရှေးဟောင်းတော်ဝင်မိသားစုမှ အဆင့်နိမ့်နေသေးသော သူများကို ထိခိုက်လာမည်အား တားဆီးရန် မှော်ဆန်သောစွမ်းအားနှင့် ချိပ်ပိတ်လိုက်သည်။

ရှေးဟောင်းတော်ဝင် မိသားစု၏ အတွင်းပိုင်း၌ ဖန်းကိုင့်နှင့် ဖန်းဟွမ်တို့ ရှိနေကြသည်။ သူတို့က အဝေးမှ နေရာကို စိုက်ကြည့်လိုက်ပြီး ခံစားချက်များနှင့် ပြည့်လျှံနေခဲ့သည်။ သူသည် ရီဖူရှင်းက ထိုသို့သော အမူအရာမျိုးနှင့် ရောက်လာလိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်းမရှိပေ။ ယခု သူသည် ရီဖူရှင်းထံ၌ မည်သည့်အန္တရာယ်မှ မကျရောက်ရန် မျှော်လင့်နိုင်ရုံသာ ရှိပေသည်။

"ဖန်းချွင့်ရဲ့ ဆရာလား။" သက်လတ်ပိုင်း အရွယ်ခန့် ရှိသည့် ထိုသူမှာ ဖန်းဟွမ် ဖြစ်သည်။ သူ၏ အနက်ရောင် ဆံပင်ရှည်များက အနည်းငယ်ရှုပ်ပွနေသော်လည်း သူ့ မျက်လုံးများက နက်မှောင်ကာ တောက်ပနေပြီး ဖန်းကိုင့်ကို မေးခွန်းထုတ်နေခဲ့သည်။

"အင်း။" ဖန်းကိုင့်က ခေါင်းညိတ်လိုက်၏။ သူသည် ဖန်းဟွမ်၏ ရှေ့၌ ရီဖူရှင်းအကြောင်းကို ပြောဆိုခဲ့ဖူးပေသည်။

"ဒီကို တစ်​​ယောက်တည်းလာတာက နည်းနည်းလေး စိတ်လိုက်မာန်ပါ လုပ်ရာ မကျဘူးလား။" ဖန်းဟွမ်က မေးလိုက်သည်။ သူ တစ်ယောက်တည်းက ရှေးဟောင်းတော်ဝင်မိသားစု တစ်ခုလုံးနှင့် ရင်ဆိုင်နိုင်လိမ့်မည်လား။

သူသာဆိုလျှင် အများကြီးဂရုစိုက်နေမည် မဟုတ်ပေ။ ရှေးဟောင်းတော်၀င်သွမ့်မိသားစုတွင် ပြီးပြည့်စုံသော မဟာလမ်းစဥ်နှင့် အဆင့်မြင့်ရန်ဟောင်များ မရှိလေရာ သူက ပြီးပြည့်စုံသော အဆင့်ခုနှစ်ရန်ဟောင် ဖြစ်နေခဲ့သည့်အတွက်​ကြောင့် ထိုအဆင့်ကိုးရန်ဟောင်များကိုပင် ကိုင်တွယ်ရန် ပြသာနာ ရှိလိမ့်မည်မဟုတ်ပေ။ သို့သော်လည်း သူ့ဖခင်ထံမှ ကြားသိထားသည့် အကြောင်းများအရ ရီဖူရှင်းသည် ကျင့်ကြံဆင့် အဆင့်ငါးသာ ရှိနေသည့်အတွက် ဤသို့ ဖောက်၀င်ရန် မည်သည့် မျှော်လင့်ချက် ရှိနိုင်ပါမည်နည်း။

"သူက ဂရုမစိုက်ဘဲ ပြုမူတတ်တဲ့ လူမျိုး မဟုတ်ဘူး။ သူ အဲဒီလို ပြောရဲတယ်ဆိုရင် လုပ်နိုင်တဲ့ အခွင့်အရေး သေချာပေါက် ရှိလို့ပဲ။" ဖန်းကိုင့်က ပြောလိုက်သည်။

သို့သော်လည်း ထိုသည်မှာ ရီဖူရှင်းက လောင်းကြေးထပ်ရန်အပြင် ရွေးချယ်စရာမရှိသည့် အခြေအနေ ဖြစ်နေသည်လည်း ဖြစ်နိုင်ပေသည်။ သူက ရှုံးနိမ့်သွားလျှင် နတ်ဘုရားနည်းစနစ်များကို စွန့်လွှတ်လိုက်ရပေလိမ့်မည်။

ဖန်းကိုင့်က ကိုယ်ပိုင်အတွေးများထဲ၌ နစ်မျောနေခဲ့သည်။

ထိတ်လန့်တုန်လှုပ်ဖွယ် နတ်စွမ်းအားများက အဆုံးမဲ့ လေဟာနယ်ကို လွှမ်းခြုံသွားခဲ့သည်။ သွမ့်ထျန်းရှုံက နန်းတော်အတွင်းရှိ အမြင့်မားဆုံး အဆောက်အဦးပေါ်တွင် တန်ခိုးရှင်များနှင့် အတူရပ်နေခဲ့သည်။ သူတို့၏ မျက်လုံးများက အပြင်ဘက်ရှိ ပုံရိပ်ကို အာရုံစူးစိုက်နေခဲ့သည်။ အကွာအဝေးက ကြီးမားလှသော်လည်း သူတို့၏ အစွမ်းထက်လှသော အမြင်အာရုံနှင့် အရာအားလုံးသည် သူတို့၏ ရှေ့တွင်သာ ဖြစ်ပျက်နေသလို ထင်မှတ်ရပေသည်။

သွမ့်ထျန်းရှုံသည် တုန်းဟွာနယ်​မြေ၏ မျှခြေကို အနှောက်အယှက်ဖြစ်စေသည့်အတွက် ကျော်ကြားခဲ့သော ထိုလူက သူ ပြောသကဲ့သို့ အမှန်တကယ်ပင် ရှေးဟောင်းတော်ဝင် မိသားစုအတွင်း ထိုးဖောက် ဝင်ရောက်နိုင်မည်လားဟု သိချင်စိတ်ဖြစ်မိပေသည်။

"ရီဖူရှင်းက ကျုပ်တို့ရဲ့နယ်​​​မြေကို တစ်ယောက်တည်း လာခဲ့တာ။ ဒါကြောင့် မင်းတို့က တစ်ယောက်ကို တစ်ကြိမ်စီ တိုက်ခိုက်လို့ ရပေမယ့် တစ်ချိန်တည်းမှာ မင်းတို့အားလုံးရဲ့ တိုက်ခိုက်မှုတွေကို ထုတ်ဖော်တာမျိုး ကြားဖြတ်တားဆီးတာမျိုး မလုပ်ရဘူး။" သွမ့်ထျန်းရှုံက ရှင်းလင်းကြည်လင်ကာ ခွန်အားပြည့်ဝသော အသံနှင့် ကျယ်လောင်စွာ ကြေညာလိုက်သည်။

"ဟုတ်ကဲ့ အင်ပါယာအရှင်။" အသံများက လေဟာနယ်ကို ဖြတ်သန်းကာ တုံ့ပြန်လာခဲ့သည်။ ရှေးဟောင်းတော်ဝင်သွမ့်မိသားစုမှ တန်ခိုးရှင်များ အနေနှင့် သူတို့က ဂုဏ်သတင်းကို အလွန် ဂရုစိုက်ပေသည်။ ရီဖူရှင်းက အဆင့်ငါးမှရန်ဟောင်တစ်ပါးသာ ဖြစ်ပြီး သူ၏ ကိုယ်ပိုင်စွမ်းအားနှင့် ရှေးဟောင်းတော်ဝင်မိသားစုသို့ ဝင်ရောက်ထိုးဖောက်ရန် ကြိုးစားနေသည်။ သူတို့က အားလုံးစုပေါင်း၍ သူ၏ အားထုတ်မှုကို တားဆီးရန် ကြိုးစားလျှင် တစ်ယောက်တည်းကို အရေအတွက်နှင့် အနိုင်ရရန် ကြိုးစားသည်ဟု ထင်မြင်ကြပေလိမ့်မည်။

ထို့အပြင် ရှေးဟောင်းတော်ဝင်မိသားစုတစ်ခုလုံး၌ သူ့ကို ရင်ဆိုင်နိုင်မည့်သူ မည်သူမှ အမှန်တကယ် မရှိသည်လား။

သွမ့်ထျန်းရှုံ၏ ဘေး၌ ပြိုင်ဘက်ကင်း အရှိန်အဝါတို့ကို ပိုင်ဆိုင်ထားပြီး သွမ့်ထျန်းရှုံနှင့် ဆင်တူသည့် လူငယ်လေးတစ်ယောက် ရှိသည်။ သူက ရှေး​ဟောင်းတော်ဝင် သွမ့်မိသားစု၏ မင်းသား သွမ့်ချုံး ဖြစ်လေသည်။

အဆင့်ခြောက်ရန်ဟောင်တစ်ပါးအနေနှင့် သွမ့်ချုံးသည် ပြီးပြည့်စုံသော မဟာလမ်းစဥ်ကို ပိုင်ဆိုင်ထားကာ အလွန် ပြင်းထန်သော ခွန်အားလည်း ရှိပေသည်။ သူသည် ရီဖူရှင်းက အောင်မြင်နိုင်မည်ဟု မယုံကြည်ပေ။ သူတစ်ယောက်တည်းနှင့်ပင် ရီဖူရှင်းအား ပိတ်ပင်တားဆီး ထားနိုင်ပေလိမ့်မည်။

"ရှေးဟောင်းတော်ဝင် သွမ့်မိသားစုက တန်ခိုးရှင်တွေအားလုံးကို စိန်ခေါ်မှုမှာ ပါဝင်ဖို့ သွားပြောလိုက်။ သူတို့ တွေ့ကြုံဖူးတာထက် အစွမ်းထက်တဲ့ တစ်စုံတစ်ယောက်က အမြဲ ရှိတယ်ဆိုတာ သူတို့ သိလာဖို့ ဒါက အခွင့်အရေးကောင်းတစ်ခု ဖြစ်လိမ့်မယ်။" သွမ့်ထျန်းရှုံက သွမ့်ချုံးအား အမိန့်ပေးလိုက်သည်။

"ကျွန်တော် အခု သွားလိုက်မယ်။" သွမ့်ချုံးက အမိန့်နာခံစွာ ခေါင်းညိတ်လိုက်သည်။ ရှင်းလင်းစွာပင် သူတို့သည် ရီဖူရှင်း ရှေးဟောင်းတော်ဝင် မိသားစုသို့ ထိုးဖောက်ဝင်ရောက်လာခြင်းက ရှေးဟောင်းတော်ဝင် မိသားစုအတွင်းမှ မောက်မာသော ရန်ဟောင်လေးများအတွက် စမ်းသပ်မှုတစ်ခုအဖြစ် ယူဆကြပေသည်။ သို့မှသာ ထိုရန်ဟောင်များသည် အပြင်လောက၌ မည်မျှ ကြောက်မက်ဖွယ် ကောင်းလှသော ထိပ်သီးပုဂ္ဂိုလ်များ ရှိကြောင်း မြင်တွေ့နိုင်ပေလိမ့်မည်။

ရှေးဟောင်းတော်ဝင် မိသားစု၏ အပြင်ဘက်တွင် ရီဖူရှင်းသည် ရှေ့သို့ကြည့်ကာ ကျယ်လောင် ရှင်းလင်းသော အသံနှင့် ပြောလိုက်သည်။ "လေးမျက်နှာကျေးရွာက ရီဖူရှင်း ခင်ဗျားတို့ရဲ့ လမ်းညွှန်မှုကို တောင်းခံပါတယ်။"

သူ့အသံက မှိန်ဖျော့သွားသည့်အခါ သူက လူအများ၏ မရေတွက်နိုင်သော အကြည့်များ ရှေ့တွင် ရှေးဟောင်းတော်ဝင် မိသားစုထံ လမ်းလျှောက်ဝင်သွားလေသည်။ ထိုအခိုက်အတန့်တွင် မဟာနတ်ဘုရားများမြို့အတွင်းမှ လူတိုင်းသည် သူ့ကို စိုက်ကြည့်နေရင်း သူတို့၏ နှလုံးသားများက တုန်ယင်လာသည်ကို ခံစားလိုက်ရကာ သူတို့အားလုံးက ထိုတိုက်ပွဲအား အလွန် မျှော်လင့်နေကြသည်။

လူတိုင်းက ရီဖူရှင်း ရှုံးနိမ့်လိမ့်မည်ဟု အလွန် သေချာနေသော်လည်း သူတို့သည် ဆန့်ကျင်ဘက်ရလဒ် ထွက်လာရန်လည်း တိတ်တိတ်လေး မျှော်လင့်​နေကြပေသည်။

ရီဖူရှင်းက ရှေး​ဟောင်းတော်ဝင် မိသားစုအတွင်း ခြေလှမ်းလိုက်ပြီး အစွမ်းထက် ဖိအားက သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံလာသည်။ ထို မမြင်နိုင်သော ဖိအားသည် ရှေးဟောင်းတော်ဝင် မိသားစုအတွင်းမှ ရန်ဟောင်များ၏ ကြောက်မက်ဖွယ် အရှိန်အဝါတို့နှင့် ဖွဲ့စည်းထားခြင်း ဖြစ်ကာ ထိတ်လန့်ဖွယ် အင်အားတစ်ခုအဖြစ် ပြောင်းလဲသွားပေသည်။ ထိုလွှမ်းမိုးချုပ်ကိုင်မှုက အလွန် မသက်မသာ ခံစားရစေသော်လည်း သူက ပုံမှန်လိုပင် စိတ်အေးလက်အေးနှင့် တည်ငြိမ်နေသလို လေဟာနယ်ထဲသို့ လျှောက်ဝင်သွားလေသည်။

သူ့အနီးတွင် နတ်အလင်းများ ဝန်းရံနေပြီး သူ့ခန္ဓာကိုယ်က ရောင်စဥ်ဖြာနေသကဲ့သို့ဖြစ်ကာ နတ်ဘုရားတစ်ပါး၏ ဖြစ်တည်မှုကဲ့သို့ ထင်မှတ်ရစေသည်။

ထိုအခိုက်အတန့်တွင် ရီဖူရှင်း၏ အထက်ကောင်းကင်၌ ပုံရိပ်တစ်ခု ပေါ်ပေါက်လာသည်။ ထိုလူက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သိမ်မွေ့လှသည့် ကျောင်းတော်သားနှင့် တူကာ ကြယ်စင်ကဲ့သို့ အေးစက်လှသည့် ငွေရောင်ဓားရှည်ကို ကိုင်ဆောင်ထားသည်။ ၎င်းသည် အေးစက်လှသော ဝမ်းနည်းဖွယ် ခံစားချက်ကို ပေးစွမ်းပေသည်။ သူသည် လက်ကို လှုပ်ရှားလိုက်ပြီး ငွေရောင်ဓားရှည်က လှည့်ပတ်ဝှေ့ယမ်းသွားသည်။ အေးစက်လှသော အလင်းက ရီဖူရှင်းဆီသို့ တိုးဝင်သွားပြီး လေအေးများက သူ့ကို ဖိနှိပ်လာသည်။

ထိုလူက အဆင့်ခုနစ်မှ အဆင့်မြင့်ရန်ဟောင်တစ်ပါး ဖြစ်သည်။ သူက ချက်ချင်း ပေါ်ပေါက်လာကာ သူ့ဓားသည်လည်း မည်သူမှ လိုက်မဖမ်းမိနိုင်လောက်အောင် အလွန် မြန်ဆန်လှသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် အေးစက်လှသော လေထုက လေဟာနယ်အား လွှမ်းခြုံသွားကာ စိတ်ဝိညာဥ်များကို အေးခဲလာစေပြီး မရေတွက်နိုင်သော အေးစက်သည့်ဓားအလင်းများက ကောင်းကင်ကို ဖျက်ဆီးလိုက်သည်။ ရီဖူရှင်းအနီးမှ နေရာသည် ဓားအရှိန်အဝါများဖြင့် ကောင်းကင်တစ်ခွင်ကို ဖုံးလွှမ်းထားပြီး ဓားစွမ်းအင်နယ်​မြေတစ်ခုအဖြစ် ပြောင်းလဲသွားသည်ဟု ထင်မှတ်ရပေသည်။ သေခြင်းရှင်ခြင်းကို အတွေးတစ်ချက်နှင့် ဆုံးဖြတ်နိုင်တော့မလိုပင်။

ဓားများက ကြယ်ကြွေသကဲ့သို့ ဓားနယ်မြေအတွင်း ကျဆင်းလာပြီး ၎င်းတို့သည် ရီဖူရှင်း၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်း ဖြတ်ပစ်တော့မလို ထင်မှတ်ရပေသည်။ သို့သော် ထိုအခိုက်အတန့်တွင် ရီဖူရှင်း၏ ခန္ဓာကိုယ်အနီး၌ စီးဆင်းနေသော နတ်အလင်းများက ပို၍ တောက်ပလာပြီး ကောင်းကင်နှင့် မြေကြီးကြားတွင် ဓားရိုက်ခတ်သံများ ပဲ့တင်ထွက်လာသည်။ မရေတွက်နိုင်သော အလင်းတန်းများက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ အလင်းတန်းတစ်ခုချင်းစီက ဓားဆန္ဒများအဖြစ် ပြောင်းလဲသွားလေသည်။

ဓားစွမ်းအင်လှိုင်းများနှင့် တောက်ပသော နတ်အလင်းတို့က ကြယ်ကြွေဓားမိုးဖြင့် ထိပ်တိုက်တွေ့ဆုံသွားပြီး ဤလေဟာနယ်အတွင်း ခမ်းနားထည်ဝါသော မြင်ကွင်းတစ်ခုကို ဖန်တီးပေးလာသည်။ ထိုနှစ်ယောက်က ဓားအလင်းများအလယ်၌ ရပ်နေခဲ့ပြီး တစ်ယောက်က နောက်ထပ် ဓားတိုက်ခိုက်မှုကို ထပ်မံထုတ်ဖော်ကာ လေဟာနယ်အား ဖြတ်သန်းသွားစေပြီး ၎င်း၏ ပစ်မှတ်ကို တိုက်ခိုက်လိုက်သည်။

သို့သော် ရီဖူရှင်းက သူ၏ လက်ကို မြှောက်ကာ လက်ညှိုးညွှန်လိုက်၍ တစ်ဖက်လူ၏ ဓားနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

ချက်ချင်းပင် တောက်ပလှသော ဓားမြစ်က ဖျက်ဆီးခံလိုက်ရပြီး မရေတွက်နိုင်သော ဓားများက ဖုန်မှုန့်များအဖြစ် ဖြိုခွဲခံရကာ ပျောက်ကွယ်သွားတော့သည်။ ငွေရောင်ဓားရှည်က သလင်းကျောက်လို ကြည်လင်လှသည့် အသံ ထွက်ပေါ်လာပြီး အက်ကြောင်းတို့ ဖြစ်ပေါ်လာလေသည်။

ရီဖူရှင်းက သူ့လက်ချောင်းကို ရှေ့သို့ ညွှန်ပြလာပြီး နောက်တစ်ခဏတွင် မဟာလမ်းစဥ်က ပြောင်းပြန်စီးဆင်းသွားကာ အရာအားလုံးက ယခင် အ​ခြေအနေသို့ ပြန်လည် ရောက်ရှိသွားသလို ထင်မှတ်ရပေသည်။ တစ်ဖက်လူ၏ ခန္ဓာကိုယ်က နောက်သို့ လွင့်စင်သွားပြီး သူ့ဓားနယ်မြေက ပျောက်ကွယ်သွားကာ ကောင်းကင်ကို လွှမ်းခြုံထားသည့် ဓားဆန္ဒများက မည်သည့်အရာမှ မကြွင်းကျန်တော့အောင် လွင့်စင်ပပျောက်သွားပေသည်။

ထို အဖြူရောင်နှင့် ဓားသမားက ရီဖူရှင်းအား စိုက်ကြည့်နေပြီး ရုတ်တရက် ညည်းညူလိုက်ကာ သူ့ပါးစပ်ထောင့်မှ သွေးစီးကြောင်းတစ်ခု စီးကျလာသည်။ သူ၏ မျက်လုံးများက မည်သည့်အခါကမှ လှုပ်ရှားမှုမပြုခဲ့သော ရီဖူရှင်းထံ၌ စူးစိုက်နေခဲ့သည်။

လက်ချောင်းတစ်ချောင်းတည်းသာ။

သူတို့သည် အနိုင်ရမည့် အခွင့်အရေး နည်းပါးမည်ကို သိထားသော်လည်း ထိုမျှ ဆိုးဆိုးဝါးဝါး ရှုံးနိမ့်လိမ့်သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

ရီဖူရှင်းက သာမန်ကာလျှံကာ လက်ကို မြှောက်လိုက်ခြင်းဖြစ်သော်လည်း သူ၏ လက်တစ်ချောင်းညွှန်မှုအောက်တွင် တစ်ဖက်လူ၏ ဓားစွမ်းရည်က ပြိုကွဲပျက်စီးသွားရလေသည်။ ထို့အပြင် တူညီသည့် ဓားစွမ်းရည်ကို အသုံးပြုလျှင်ပင် သူတို့က ကျင့်ကြံခြင်း၌ တူညီသော အဆင့်တွင် ရှိမနေသလို ထင်မှတ်ရပေသည်။ သို့သော် တစ်ဖက်လူ၏ ကျင့်ကြံဆင့်က ရီဖူရှင်းထက် ပိုမို မြင့်မားပေသည်။

"အံ့သြစရာပဲ။" လူအများက ချီးမွမ်းလိုက်ကြသော်လည်း သူတို့က အရမ်း ထိတ်လန့်သွားခြင်း မရှိပေ။ ထိုသည်မှာ အဆင့်ခုနစ်မှ ရန်ဟောင်လေးတစ်ပါးသာ ​ဖြစ်သည်။ ရီဖူရှင်းက ရှေးဟောင်းတော်ဝင် မိသားစုအတွင်းသို့ ဝင်ရောက်လိုလျှင် ဤသည်မှာ အစသာ ရှိပေလိမ့်ဦးမည် ဖြစ်သည်။ သူက အဆင့်ခုနစ် ရန်ဟောင်နှင့်ပင် အခက်အခဲ ဖြစ်နေခဲ့လျှင် ဤကြိုးစားအားထုတ်မှုတစ်ခုလုံးက ရယ်ရွှင်ဖွယ် ဖြစ်နေပေလိမ့်မည်။

ရီဖူရှင်းက ရှေ့သို့ ဆက်လက်လျှောက်သွားခဲ့သည်။ အရှေ့ဘက် ကောင်းကင်ထက်မှ အခြားတစ်ဖက်တွင် ဝင့်ကြွားစွာ ရပ်နေကြသည့် ရန်ဟောင်များ ရှိနေပြီး သူတို့အားလုံး၏ မျက်လုံးများက ရီဖူရှင်းထံ၌ တည်မြဲနေခဲ့သည်။

သူ့မဟာလမ်းစဥ်က ပြီးပြည့်စုံလျှင်ပင် သူက အဆင့်ငါးရန်​ဟောင်တစ်ပါးသာ ဖြစ်ပေသည်။ သူ၏ တိုက်ပွဲစွမ်းရည်က အမှန်တကယ် ထိုမျှ အစွမ်းထက်ပါသည်လား။

အခြားသော အဆင့်ခုနစ်ရန်ဟောင်က လှုပ်ရှားမှု ပြုလုပ်လာပြီးနောက် သူက လက်တစ်ချောင်းသာ မ၍ ဖိနှိပ်ခဲ့သည်။ ရုတ်တရက် လက်ငါးချောင်းတောင်တစ်ခုက ရီဖူရှင်း၏ အထက်၌ ပေါ်ပေါက်လာသည်။ ကျယ်ပြောလှသော လေဟာနယ်ကဖိနှိပ်ခံလိုက်ရကာ ကောင်းကင်ထက်မှ ရီဖူရှင်းက အပြည့်အဝ ချိပ်ပိတ်ခံလိုက်ရပေသည်။ လက်ငါးချောင်းတောင်က ခမ်းနားထည်ဝါလှသော အလင်းတို့ စီးဆင်းကာ တောက်ပနေပြီး အရာအားလုံးကို ဖိနှိပ်ထားကာ လုံးဝ ဖျက်ဆီး၍ မရနိုင်သလို ထင်မှတ်ရပေသည်။ ထိုသည်မှာ အမှန်တကယ်၌ အလွန် အစွမ်းထက်သော မဟာလမ်းစဥ် စွမ်းရည်မျိုး ဖြစ်ပေသည်။

လက်ငါးချောင်းတောင်က ရီဖူရှင်းအထက်သို့ ကျရောက်လာသည့်အခါ ကောင်းကင်နှင့် မြေကြီးက အော်မြည်လာသည်။ ရီဖူရှင်းက လက်ကို မြှောက်ကာ ကောင်းကင်သို့ လက်တစ်ချောင်း ညွှန်ပြလိုက်သည်။ ရုတ်တရက် တောက်ပသည့် နတ်အလင်းတစ်ခုက တောင်၏ အလယ်သို့ ထိုးဖောက်လာသည်။ ချက်ချင်းပင် မရေတွက်နိုင်သော အက်ကြောင်းများက ပေါ်ပေါက်လာကာ နောက်တခဏအတွင်း တောင်က အမှုန့်ဖြစ်ကာ ချက်ချင်း ပြိုကျပျက်စီးသွားလေသည်။

ထိုရန်ဟောင်က နောက်ထပ် တိုက်ခိုက်မှုတစ်ခုကို ထုတ်ဖော်ရန် ကြိုးစားလိုက်သော်လည်း ရီဖူရှင်း၏ မျက်လုံးများက သူ့ထံ ကျရောက်လာသည်။ အကြည့်တစ်ချက်နှင့် သူက အရိုးထဲထိ နက်ရှိုင်းသော အေးစက်မှုကို ခံစားလိုက်ရပြီး မျက်ဝန်းမှော်ပညာ လောကအတွင်း ကျရောက်သွားလေသည်။ လောက၏ အစွန်းတွင် ရီဖူရှင်းက သူ့ထံ လျှောက်လာနေပြီး ကျယ်ပြောလှသော လေဟာနယ်လောကအတွင်း ခြေတစ်လှမ်းတည်းနှင့် သူ့ရှေ့သို့ ရောက်လာကာ မျက်ခုံးတန်းနှစ်ခုကြားသို့ နတ်ဓားဖြင့် ချိန်ရွယ်လိုက်သည်။

ဘန်း....

သူက တိုက်ပွဲမှ အဝေးသို့ လျင်မြန်စွာ ဆုတ်ခွာသွားလေသည်။ သို့သော် နောက်တခဏတွင် အရာအားလုံးက ပုံမှန်ပြန်ဖြစ်သွားပုံရသည်။ သူက အဝေးသို့ ကြည့်လိုက်လျှင် ရီဖူရှင်းသည် ထိုနေရာ၌ မလှုပ်မယှက်ရပ်နေခဲ့ပြီး ယခုဖြစ်ပျက်ခဲ့သော အရာအားလုံးက ပုံရိပ်ယောင်ကဲ့သို့ ထင်မှတ်ရပေသည်။ ထိုသည်က သူ ရီဖူရှင်း၏ ပုံရိပ်ယောင်လောကအတွင်း ကျရောက်သွားအောင် လုပ်ဆောင်သည့် မျက်ဝန်းမှော်ပညာ လှည့်ကွက်ပင် ဖြစ်လေသည်။

သူသည် ထိုဆံပင်အဖြူရောင်နှင့် လူငယ်​လေးကို စိုက်ကြည့်နေရင်း ချွေး​အေးများက ကျောရိုးတလျှောက် စိမ့်ထွက်လာသည်။ သူသည် ယခုမှပင် ထိုနတ်ဆိုးဆန်လောက်အောင် ချောမောသည့် ထိုလူငယ်​လေးက စကားလုံးဖြင့် ဖော်ပြခြင်းငှာ မစွမ်းသာသော ကြောက်မက်ဖွယ်စွမ်းအားကို ပိုင်ဆိုင်ထားကြောင်း ခံစားမိလိုက်ပေသည်။ အဆင့်ခုနစ်မှ တန်ခိုးရှင်တစ်ယောက်သည်ပင် သူနှင့် ယှဥ်ပြိုင်ရန် မဖြစ်နိုင်ပေ။

"သတိထားကြ။ သူက အရမ်း အစွမ်းထက်တယ်။" သူက အခြားလူများကို စိတ်ချင်းဆက်သွယ်ကာ အသံပို့လွှတ်လိုက်သည်။ ရီဖူရှင်းသည် အကြည့်တစ်ချက်နှင့်ပင် အခြားလူများကို မျက်ဝန်းမှော်ပညာ လောကအတွင်း ဆွဲခေါ်နိုင်လေရာ ထိုသည်မှာ သူ၏ မဟာလမ်းစဥ် နတ်ဝင်ရိုး ဖြစ်နိုင်ပေသည်။ ရီဖူရှင်းက နတ်မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားပြီး ဂရုမစိုက်ဘဲ လှုပ်ရှားလိုက်ပါက သူ၏ ထောက်ချောက်အတွင်း ကျ​ရောက်သွားလိမ့်မည် ဖြစ်ကာ လွတ်မြောက်ရန် မျှော်လင့်ချက် မရှိပေ။ သူတို့က အမှန်တကယ် တိုက်ပွဲ ဆင်နွှဲနေပါလျှင် အတွေးတစ်ချက်နှင့်ပင် သူ့လက်ထဲ၌ ကျဆုံးသွားရပေလိမ့်မည်။

ကောင်းကင်ထက်တွင် ရွှေရောင်ရှေး​ဟောင်းချိပ်စည်းများက ကောင်းကင်တစ်ခွင်လုံးတွင် ရုတ်တရက် ထွက်ပေါ်လာပြီး မဟာလမ်းစဥ်နှင့် တသားတည်း ဖြစ်နေသော တောက်ပသည့် သင်္ကေတစာလုံးများက ထိုချိပ်စည်းများအပေါ်တွင် ပေါ်ပေါက်လာပေသည်။ ကောင်းကင်ထက်တွင် ရပ်နေသော သူက လက်ကို မြှောက်လိုက်ပြီး ရှေ့သို့ ရိုက်ချလိုက်၏။ ချက်ချင်းပင် ရွှေရောင် အနန္တရှေး​ဟောင်းချိပ်စည်းများက အောက်သို့ ကျဆင်းလာပြီး တစ်ချိန်တည်းတွင် မဟာလမ်းစဥ်က တိုက်ခိုက်မှုနှင့် တသားတည်း ဖြစ်သွားကာ ရပ်တန့်၍ မရသော အင်အားကြောင့် ကောင်းကင်နှင့် မြေကြီးက အက်ကွဲပြိုကျလာသည်ဟု ထင်မှတ်ရပေသည်။

ရီဖူရှင်းက မော့ကြည့်ကာ ရှေ့သို့ ခြေလှမ်းလိုက်သည်။ ထိုအခိုက်တွင် လူအများသည် သူတို့၏ နားထဲ၌ ဗုဒ္ဓတေးသွားကို ကြားလိုက်ကြရပေသည်။ မရေတွက်နိုင်သော ရွှေရောင်ကျောက်စာချပ်များက ရီဖူရှင်းအနီးတွင် ဝန်းရံလာသည်။

ဘုန်း... ဘုန်း... ဘုန်း...

ရှေးဟောင်းချိပ်စည်းများက အပြင်းအထန် ပေါက်ကွဲထွက်လာပြီး ရီဖူရှင်း၏ အရှိန်က အလင်းကဲ့သို့ ပြောင်းလဲသွားပေသည်။ ချက်ချင်းပင် လူအုပ်ကြီးသည် ထိုလူနှစ်ယောက်  ထိပ်တိုက်တွေ့ဆုံကြသည်ကို မြင်လိုက်ရပြီး လမ်းတွင် တားဆီးကာ ရပ်နေသူက ချက်ချင်း လွင့်စင်သွားခဲ့သည်။ ရီဖူရှင်းက ရှေ့သို့ ဆက်လက် တိုးလာပြီး ပို၍ပင် အရှိန်မြှင့်ကာ ထိုတန်ခိုးရှင်များအားလုံးထံ တိုးဝင်သွားလေသည်။

***

All Chapters