← Chapters

သေးငယ်သောအရာများက ကြီးမားသောအပြောင်းအလဲများကို ဖြစ်စေနိုင်

Vol. 24 Ch. 339

သေးငယ်သောအရာများက ကြီးမားသောအပြောင်းအလဲများကို ဖြစ်စေနိုင်

Vol. 24 Ch. 339

အခန်း (၃၃၉) သေးငယ်သောအရာများက ကြီးမားသောအပြောင်းအလဲများကို ဖြစ်စေနိုင်

ရန်ကျောက်ကဲက သူ့ရှေ့တွင်စီးဆင်းနေသည့် အပြာရောင်အလင်းတန်းကို စူးစိုက်ကြည့်ရင်း...

“အရင်ကပုဂ္ဂိုလ်က ဘယ်လိုနည်းလမ်းအသုံးပြုခဲ့လဲ ငါ အတိအကျ မပြောနိုင်ဘူး ၊ ဒါပေမဲ့ ဒီလိုပစ္စည်းမျိုးကိုပဲ အသုံးပြုခဲ့မယ်လို့ ငါထင်တယ်”

ပြောပြီးသည်နှင့် ရန်ကျောက်ကဲက မီးတောက်ပမာနီရဲသည့် ကျောက်တုံးတစ်တုံးကို ထုတ်ယူကာ အစီအရင်ဗဟိုချက်တွင် ထားလိုက်သည်။

ထိုကျောက်တုံးက အဆက်မပြတ်တုန်ခါနေပြီး သက်ရှုသတ္တဝါအလား အသက်ရှူသံများ ထွက်ပေါ်နေသည်။

ရန်ကျောက်ကဲက...

“ဆရာဘိုးဘိုးတို့ တွေ မီးနယ်မြေကို တန်ပြန်တိုက်ခိုက်တုန်းက ငါ့အတွက်ပစ္စည်းလေးနည်းနည်းပါးပါး ရှာပေးဖို့ တောင်းဆိုထားတာ ၊ ဒီကျောက်တုံးက အဲဒီပစ္စည်းတွေထဲက အရေးကြီးဆုံးတစ်ခုပဲ ၊ ‘မီးအမြုတေသလင်းကျောက်’ လို့ ခေါ်တယ် ၊ မြေအောက်မီးအမြုတေကနေ ဖြစ်တည်လာတဲ့ သတင်းကျောက်တစ်မျိုးပဲ ၊ ပြီးတော့ ဒီကျောက်တုံးက တောင်ပိုင်းမြေအောက်နန်းတော်ကထွက်တဲ့ ‘မီးအမြုတေသလင်းကျောက်’ လေ”

ရန်ကျောက်ကဲက အစီအရင်ကို ဆက်လက်ပြုလုပ်နေရင်း...

“ဒီကျောက်တုံးနဲ့အတူ တခြားပစ္စည်းတွေ ၊ ထောက်ကူပြုနည်းလမ်းတွေနဲ့ဆိုရင် ငါတို့ပစ်မှတ်ထားတဲ့ တောင်ပိုင်းမြေအောက်နန်းတော်ကို တိုက်ခိုက်လို့ရပြီ”

အားဟူက ရန်ကျောက်ကဲကို ကူညီပေးနေရင်း...

“ဒါပေမဲ့ သခင်လေး... မြေပြင်သွေးကြောတွေကို ပြောင်းလဲဖို့ဆိုတာ လွယ်တာမဟုတ်ဘူး ၊ ကျွန်တော်တို့ရဲ့ ကျင့်ကြံခြင်အးဆင့်နဲ့လုပ်လို့ ဖြစ်ပါ့မလား ၊ အခု ကျွန်တော်တို့ ခုလုပ်နေတဲ့ အစီအရင်ကလည်း ဝါဒတောင်ပင်မအစီအရင်လိုမျိုး မဟုတ်ဘူးလေ ၊ ဒါမှမဟုတ် ကျွန်တော်တို့ အစီအရင်ပြင်ဆင်ပြီးရင် အိမ်တော်သခင် ၊ ဒါမှမဟုတ် ဂိုဏ်းချုပ်ဟောင်း ဒီနေရာကို ရောက်လာမှာလား”

ရန်ကျောက်ကဲက...

“အဖေနဲ့ ဆရာဘိုးဘိုးတို့က ဟွမ်ကွမ်လီကို သတိထားနေရတော့ တောင်ပေါ်က ဆင်းလာနိုင်မှာ မဟုတ်ဘူး ၊ သူတို့မြောက်ဖျားကိုလာတာ ရန်သူက ရိပ်မိသွားရင် အလစ်ချောင်းလုပ်ကြံနိုင်တယ် ၊ ဒါမှမဟုတ် တစ်ဖက်မှာ ဝါဒတောင်ရဲ့ အဓိကနယ်မြေတွေကို ဝင်ရောက်တိုက်ခိုက်နိုင်တယ် ၊ ဒါကြောင့် အစစအရာရာ သတိထားနေရတယ် ၊ အင်း... သူတို့မလာနိုင်လို့ ဒီအလုပ်တွေ ငါ လာလုပ်နေရတာပေါ့”

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“ဒီအလုပ်ကိုလုပ်ဖို့ ငါတို့ရဲ့ လက်ရှိစွမ်းအားနဲ့ မလုံလောက်တာအမှန်ပဲ ၊ ဒါပေမဲ့ နည်းလမ်းတစ်ခု စမ်းသပ်ကြည့်ရမယ် ၊ တကယ်လို့ စမ်းသပ်မှုအောင်မြင်တယ်ဆိုရင် ငါတို့က ဝိညာဉ်ခန္ဓာအဆင့် သိုင်းဆရာသခင်တွေဆိုပေမယ့် အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်တွေတောင် မလုပ်နိုင်တဲ့အလုပ်ကို လုပ်ပြနိုင်တာပဲ”

ပြောပြီးသည်နှင့် ရန်ကျောက်ကဲက ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။

အနက်ရောင်အမွှေးတိုင်အိုးလေးတစ်လုံး...။

အတိအကျဆိုရသော်...

ထိုအမွှေးတိုင်အိုးလေးမှာ “ကမ္ဘာမြေဖျက်ဆီးခြင်း” အမွှေးတိုင်အိုးလေးပင် ဖြစ်တော့၏။

အမွှေးတိုင်အိုးလေးကိုကြည့်ပြီး အားဟူက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။

“သခင်လေး... အဲဒီပစ္စည်းက ကြည်လင်လျှို့ဝှက်ရေကန်မှာ ကျောက်ဟိုဆီကရခဲ့တဲ့ပစ္စည်း မဟုတ်လား”

ရန်ကျောက်ကဲက...

“ဟုတ်တယ် ၊ ဒီပစ္စည်းက ဘယ်လောက်ကြီးမားတဲ့ အဖျက်စွမ်းအားပဲဖြစ်ဖြစ် ဘယ်လိုအရာဝတ္ထုမျိုးပဲဖြစ်ဖြစ် စုပ်ယူနိုင်စွမ်းရှိတယ် ၊ အခု ပကတိရေခဲသွေးကြောက ကြောက်စရာကောင်းတဲ့ အအေးဓာတ်ကို စုပ်ယူနိုင်မလားဆိုတာ စမ်းသပ်ကြည့်ရမယ်”

အားဟူက တိုးလျသည့်လေသံဖြင့်...

“ဒီပစ္စည်းကို သခင်လေး မထိန်းချုပ်နိုင်သေးဘူးလို့ ပြောခဲ့ဖူးတယ်မလား”

ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးလေသံဖြင့်...

“အင်း... ဒီပစ္စည်းကို အခုချိန်ထိ မထိန်းချုပ်နိုင်သေးဘူး ၊ ဒီပစ္စည်းအသုံးပြုပြီး ငါ့ကိုတိုက်ခိုက်လာတဲ့စွမ်းအာတွေကို စုပ်ယူနိုင်တာလောက်ပဲ ပြုလုပ်နိုင်တယ် ၊ ကျန်တာ ဘာတစ်ခုမှ မထိန်းချုပ်နိုင်ဘူး ၊ ဒီပစ္စည်းက ပစ္စည်းကောင်းတစ်ခုပါပဲ”

ထို့နောက် ရန်ကျောက်ကဲက မြေပြင်ထက်မှ အစီအရင်ရှိရာသို့ လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။ သူ၏ ကြယ်တာရာချီစွမ်းအားများကြောင့် အစီအရင်အသက်ဝင်လာပြီး မီးတောက်များ ရုတ်တရက် ထွက်ပေါ်လာသည်။

အစီအရင်က မြေအောက်ရေခဲဂူကြီး၏ အလယ်ဗဟိုတွင် ရှိနေခြင်း ဖြစ်သည်။ အစီအရင်မှ မီးတောက်များထွက်ပေါ်လာသည့်အခါ ပတ်ဝန်းကျင်တစ်ခုလုံးလို့ အပူလှိုင်းများ ပျံ့နှံ့သွားသည်။

အပူလှိုင်းများ၏ လှုံ့ဆော်မှုကြောင့် တိတ်ဆိတ်စွာစီးဆင်းနေသော အပြာရောင်အလင်းစီးကြောင်းက အပြင်းအထန် လှုပ်ရှားသွားသည်။

ပကတိရေခဲသွေးကြောမှ ကြောက်မက်ဖွယ်ရာ အအေးဓာတ်စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး အားဟူ၏ ခန္ဓာကိုယ်တစ်ခုလုံး ထုံကြဉ်သွားသည်။ အပြာရောင်ရေခဲချီစွမ်းအားက ရန်ကျောက်ကဲရှိနေသည့် အစီအရင်အလယ်ဗဟိုသို့ ဝင်ရောက်လာသည်။ အပူလှိုင်းများထုတ်လွှတ်နေသည့် မီးတောက်ကို ငြိမ်းသတ်ပစ်လိုဟန်ရှိလေ၏။

အားဟူ ထိတ်လန့်သွားပြီး...

“သခင်လေး...”

ဟု အော်လိုက်သည်။

ရန်ကျောက်ကဲအတွက် စိတ်ပူသွားပြီး အသံပင်ဆက်ထွက်မလာတော့ပေ။

ထိုအချိန် ရန်ကျောက်ကဲက ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးကို မြေပြင်ထက်သို့ချလိုက်ပြီး အားဟူကိုခေါ်ကာ မြေအောက်ထိုးခွင်းလွန်းပြန်ယဉ်အတွင်းသို့ ခုန်ဝင်သွား၏။ အခြေအနေ တစ်စုံတစ်ခုလွဲမှားသွားသည်နှင့် ချက်ချင်းပြန်ပြေးရန် အသင့်ပြင်လိုက်ခြင်းပင်။

သို့သော် ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးက သူ့ကို စိတ်ဓာတ်မကျစေခဲ့ပေ။

အစွမ်းအစမရှိသလို တိတ်ဆိတ်ငြိမ်သက်နေသည့် အနက်ရောင်အမွှေးတိုင်အိုးလေးသည် အပြာရောင်ရေခဲချီစွမ်းအားများ ဝင်ရောက်လာသည်နှင့် တုန်လှုပ်ချောက်ချားဖွယ်ရာ စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာပြီး ထိုရေခဲချီစွမ်းအားများအားလုံးကို စုပ်ယူပစ်လိုက်သည်။

ထိုပစ္စည်းက တွင်းနက်တစ်ခုအလား ရောက်လာသမျှအရာအားလုံကို စုပ်ယူနိုင်စွမ်းရှိပြီး ပြင်းထန်သော ရေခဲချီစွမ်းအားများကိုလည်း လောဘတကြီးစုပ်ယူလျှက် ရှိသည်။

တဖြည်းဖြည်း ပကတိရေခဲသွေးကြောမှ အပြာရောင်အလင်းစီးကြောင်းတစ်ခု ခွဲထွက်လာပြီး အမွှေးတိုင်အိုးလေးက ထိုအလင်းစီးကြောင်းကို အဆက်မပြတ် စုပ်ယူသွားသည်။

အားဟူ အံ့အားသင့်သွားပြီး...

“ဒီပစ္စည်းရဲ့ဇာစ်မြစ်က ဘာများလဲ ၊ တကယ်ဆို ပကတိရေခဲသွေးကြောကြောင့် အေးခဲပြီး ကွဲအက်သွားရမှာ မဟုတ်ဘူးလား”

ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးကို မျက်‌တောင်တစ်ချက်မခတ် စိုက်ကြည့်နေသည့် ရန်ကျောက်ကဲက ရေရွတ်လိုက်သည်။

“အမှန်ပဲ... ဒီပစ္စည်းက တကယ့်ကို မရိုးရှင်းဘူး ၊ အစက သူ ခံနိုင်ရည်မရှိ‌လောက်ဘူးလို့ တွေးထားတာ ၊ အခုလို မြင်လိုက်ရတော့ နည်းနည်းတောင် မယုံချင်သလို ဖြစ်မိတယ်”

ခဏကြာမှ သူက ဆက်ပြောသည်။

“ဘာပဲဖြစ်ဖြစ် အောင်မြင်နိုင်ခြေ ရှိသွားပြီပေါ့ ၊ အရေးကြီးဆုံးက ငါတို့ရဲ့မူလအစီအစဉ် ဖြစ်နိုင်ခြေရှိတယ်ဆိုတာ အတည်ပြုနိုင်ပြီ”

အချိန်ခဏမျှ ဆက်လက်လေ့လာကြည့်ပြီးနောက် ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးက မည်သည့်ထူးခြားချက်မှဖြစ်မလာဘဲ ပုံမှန်အတိုင်းသာ ရှိနေသည်။ ထိုအခါမှ မြေအောက်ထိုးခွင်းလွန်းပြန်ယဉ်ထဲထိုင်နေသည့် ရန်ကျောက်ကဲမှာလည်း စိတ်သက်သာရာရသွားတော့သည်။

အားဟူက ကျေနပ်စွာဖြင့် တက်တစ်ချက်ခေါက်လိုက်ရင်း...

“တကယ်ကောင်းတယ် သခင်လေးရာ... ၊ ဒါပေမဲ့ အမွှေးတိုင်အိုးလေးက အလင်းစီးကြောင်း နည်းနည်းလေးကိုပဲ စုပ်ယူလိုက်နိုင်တာ မဟုတ်လား ၊ အဲဒါက ပကတိရေခဲသွေးကြောကို သက်ရောက်မှုရှိတယ်ဆိုပေမယ့် တခြားနေရာက ပကတိမီးသွေးကြောကို သက်ရောက်နိုင်ပါ့မလား”

ပြောရင်း သူက အဆက်မပြတ်စီးဆင်းနေသော အပြာရောင်အလင်းစီးကြောင်းကို ဂရုတစိုက်ကြည့်လိုက်သည်။

ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးက အအေးဓာတ်စွမ်းအားအနည်းငယ်ကို စုပ်ယူလိက်သော်လည်း အလင်းစီးကြောင်းက ပြန်လည်တည်ငြိမ်သွားပြီ ဖြစ်သည်။

ရန်ကျောက်ကဲက...

“မပြီးသေးဘူး ၊ ဆက်လုပ်ရဦးမယ်”

အစီအရင်က ဆက်လက်လှည့်ပတ်နေပြီး ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးက အပြာရောင်ရေခဲချီစွမ်းအားများကို ခံနိုင်ရည်ရှိသဖြင့် သူ၏အစီအစဉ် အောင်မြင်ရန် နီးစပ်သည်။

ရန်ကျောက်ကဲက လွန်းပြန်ယဉ်ထက်မှ ခုန်ထွက်လိုက်ပြီး အစီအရင်ဗဟိုချက်ကို လက်သီးဖြင့် ထိုးစိုက်ချလိုက်သည်။

ထိုအခါ ရေခဲဂူအမိုးထောင့်များတွင် နှစ်မြုပ်ထားသည့် သွေးနီရောင်ဓား (၄)လက်မှ အနီရောင်အလင်းတန်းများ တောက်ပလာပြီး ထိုအလင်းတန်းများက ပကတိရေခဲသွေးကြောနှင့် ရိုက်ခတ်မိသွားသည်။

သွေးနီရောင်အလင်းတန်းများကြောင့် ပကတိရေခဲသွေးကြော ပုံမှန်အတိုင်းမဟုတ်တော့ဘဲ အနည်းငယ်ဟန်ချက်ပျက်သွားသည်။

ပကတိရေခဲသွေးကြောမှ ထွက်ပေါ်လာသော အအေးဓာတ်စွမ်းအားများကို အမွှေးတိုင်အိုးလေး အဆက်မပြတ်စုပ်ယူနေပြီး တဖြည်းဖြည်း သက်ရောက်မှုအနည်းငယ်ကို မြင်တွေ့လာရသည်။

ရလဒ်ကအလွန်နှေးကွေးပြီး သတိမပြုမိလောက်အောင် နည်းပါးလွန်းသည်။

ရန်ကျောက်ကဲက...

“ကီလိုဂရမ်တစ်ထောင်လေးတဲ့အရာတစ်ခုကို အင်အားနည်းနည်းလေးနဲ့ ရွှေ့ဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူး ၊ ဒီနေရာမှာ တိတ်တိတ်လေးအခြေချပြီးရင် တည်ငြိမ်အောင် စောင့်ရဦးမယ် ၊ သဲမြေတွေခိုင်မာပြီး မျှော်စင်ကြီးတစ်ခုဖြစ်လာတဲ့အထိ ဖြည်းဖြည်းချင်း တည်ဆောက်ရမှာပေါ့ ၊ နောက်ဆုံးတော့ ပြောင်းလဲမှုတွေ ဖြစ်လာမှာပါ”

အားဟူက...

“သခင်လေး ၊ အဲဒါဆိုရင် မီးနယ်မြေက တောင်ပိုင်းမြေအောက်နန်းတော်လည်း အရင်တုန်းက အမတနှင်းနန်းတော်ရဲ့ ကောင်းကင်ရေခဲစမ်းချောင်းလို ခမ်းခြောက်သွားမှာလား”

ရန်ကျောက်ကဲက ကမ္ဘာမြေဖျက်ဆီး အမွှေးတိုင်အိုးလေးကို ကြည့်နေရင်း...

“မဟုတ်ဘူး ၊ တောင်ပိုင်းမြေအောက်နန်းတော်က ကောင်းကင်ရေခဲစမ်းချောင်းထက် ကြီးမားတယ် ၊ ပင်မပကတိရေခဲသွေးကြောကို လှုပ်ရှားအောင်မလုပ်နိုင်သရွေ့ တောင်ပိုင်းမြေအောက်နန်းတော်က ပျက်ဆီးသွားမှာ မဟုတ်ဘူး ၊ အဲဒါကြောင့် ငါက အဲဒါကို အားနည်းသွားအောင်မလုပ်ဘဲ အားကောင်းလာအောင် လုပ်ပေးချင်တာ”

ရန်ကျောက်ကဲက သိမ်မွေ့သည့်လေသံဖြင့်...

“အဲဒီမြေအောက်နန်းတော်ထဲကို ဝင်ဖို့က လွယ်တာမဟုတ်ဘူး ၊ ငါ ခန့်မှန်းမိသလောက် အရင်ကဆိုရင် ဟွမ်ကွမ်လီကလွဲပြီး နေသူတော်စင်ဂိုဏ်းက တခြားဘယ်သူမှ မဝင်ရောက်နိုင်ဘူး”

သူက ပြုံးလိုက်ရင်း...

“ကဲ... ဒီနေရာမှာပဲ စိတ်ရှည်လက်ရှည် စောင့်လိုက်ရအောင်”

ထို့နောက် ရန်ကျောက်ကဲက အစီအရင်လည်ပတ်နေသည်ကို စောင့်ကြည့်နေသည်။

အားဟူက ဘာမှလုပ်စရာမရှိတော့သဖြင့် ကျင့်ကြံခြင်းအဆင့်တက်ရန်အတွက် အားကျိုးမာန်တက် ကျင့်ကြံတော့သည်။

ရက်ပေါင်းများစွာ ကြာပြီးနောက် အားဟူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှထွက်ပေါ်နေသည့် အနက်ရောင်ချီစွမ်းအားများအတွင်းမှ ခရမ်းရောင်ချီစွမ်းအားစီးကြောင်းများက ပိုမိုသိပ်သည်းလာသည်။

ထို့နောက် ခရမ်းရောင်ချီစွမ်းအားများ စုစည်းသွားပြီး ခရမ်းရောင်အစက်လေးတစ်ခုအဖြစ် ပြောင်းလဲသွားချိန် အနက်ရောင်မုန်တိုင်းများက အနက်ရောင်မြေဆီလွှာပမာ တည်ငြိမ်သွားသည်။

ခရမ်းရောင်အလင်းစက်က အနက်ရောင်မြေဆီလွှာအောက်သို့ တဖြည်းဖြည်းနစ်မြုပ်သွားပြီး ဝိညာဉ်နယ်မြေအတွင်း ဝင်ရောက်သွားသည်။

ခန္ဓာကိုယ်တစ်ချက် တုန်ခါသွားပြီး အားဟူ မျက်လုံးများ ဖွင့်ကြည့်လိုက်၏။

ရန်ကျောက်ကဲက သူ့ကိုကြည့်ကာ ပြုံးလိုက်ရင်း...

“သိုင်းဆရာသခင် ဒုတိယအဆင့် ၊ ဝိညာဉ်ခန္ဓာအလယ်ဆင့်ကို အဆင့်တက်သွားတဲ့အတွက် ဂုဏ်ယူပါတယ်ဗျို့”

အားဟူက ဝမ်းသာအားရဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ့ကိုကြည့်ရသည်မှာ ထူးထူးခြားခြား ပျော်ရွှင်နေဟန်ပင်။

ပျော်လို့ဝမှ အားဟူက ခေါင်းတစ်ချက်ကုတ်လိုက်ရင်း...

“သခင်လေး... ပကတိရေခဲသွေးကြောရဲ့ အခြေအနေ ဘယ်လိုရှိလဲ”

ရန်ကျောက်ကဲ နှုတ်ခမ်းများ တွန့်ကွေးလိုက်ရင်း...

“မကြာခင် ရှင်းသွားပါလိမ့်မယ်...”

All Chapters