← Chapters

ရပ်တန့်၍ မရနိုင်သော

Vol. 151 Ch. 2144

ရပ်တန့်၍ မရနိုင်သော

Vol. 151 Ch. 2144

ရီဖူရှင်းက လျင်မြန်စွာဖြင့် လူပေါင်းများစွာကို ဖြတ်ကျော်သွားပြီး သူတို့ထဲက မည်သူကမှ သူ့ကို မရပ်တန့်နိုင်ခဲ့ပေ။ ရီဖူရှင်းအား ရပ်တန့်ရန် ကြိုးစားသူများ အားလုံးသည် အနည်းဆုံး အဆင့်ခုနစ် ရန်ဟောင်သာ ဖြစ်လေသည်။ အဆင့်မြင့်ရန်ဟောင်အဆင့်သို့ မရောက်ရှိသေးသည့် လူများမှာ လှုပ်ရှားမှုပြုရန် အခွင့်အရေးပင် မရှိခဲ့ကြပေ။

ရှေးဟောင်းတော်ဝင် မိသားစုမှ လူအားလုံးနီးပါးသည် ရီဖူရှင်းက မည်သည့် အတားအဆီးမှ မရှိသကဲ့သို့ ရှေ့သို့ ဆက်လက်ရွေ့လျားနေပြီး နန်းတော်သို့ ချီဆက်နေသည်အား စောင့်ကြည့်နေကြသည်။

ကြည့်ရသည်မှာ အဆင့်ခုနစ် ရန်ဟောင်သည်ပင် သူ့ကို တားဆီးရန် မလုံလောက်ပုံရလေသည်။

ရီဖူရှင်းသည် နောက်တစ်နေရာသို့ ဖြတ်သန်းသွားစဥ် သူ့ထံသို့ တည့်မတ်စွာ ကျရောက်လာသော လေးလံလှသည့် စွမ်းအားကို သတိထားမိသည့်အတွက် သူ့အရှိန်က နှေးကွေးသွားလေသည်။ အဆင့်ရှစ်ရန်ဟောင်များစွာက သူ့ရှေ့တွင် ရပ်နေခဲ့ပြီး သူ့လမ်းကြောင်းကို တားဆီးထားခဲ့သည်။

သူတို့သည်လည်း ရီဖူရှင်းက ချဥ်းကပ်လာသည်ကို သတိပြုမိကြသည်။ သူတို့ထဲမှ တစ်ယောက်က လေထဲသို့ တက်လာကာ ရီဖူရှင်း၏ ရှေ့၌ ရပ်လိုက်သည်။ ချက်ချင်းပင် ကောင်းကင်က အရောင်ပြောင်းသွားပြီး အမှောင်ထုအတွင်း မိုးကြိုးများ အော်မြည်ကာ တိမ်တိုက်များက လှည့်ပတ်နေခဲ့သည်။ လောကကြီးက တခဏအတွင်း ပြောင်းလဲသွားခဲ့၏။ ရီဖူရှင်းသည် မဟာလမ်းစဥ်မိုးကြိုးနယ်မြေအတွင်း ကျရောက်သွားသလို ခံစားရပေသည်။

ထိုလူ၏ အထက်မှ ကြီးမားလှသော မိုးကြိုးဗုံမှ ထွက်ပေါ်လာသည့် နားစည်ကွဲလောက်သော ပေါက်ကွဲသံများက အခြားအသံအားလုံးကို ဖုံးလွှမ်းသွားခဲ့သည်။ ကြောက်မက်ဖွယ် မိုးကြိုးက လူအများ၏ စိတ်ဝိညာဥ်ကိုပင် ပျက်စီးသွားစေနိုင်ပေသည်။

ရီဖူရှင်းက ခေါင်းကို မော့ကာ တစ်ချက်ကြည့်လိုက်သည်။ ၎င်းသည် အတော်လေး ပုံမှန်မဟုတ်သော မဟာလမ်းစဥ် နတ်ဝင်ရိုးဖြစ်ပြီး မဟာလမ်းစဥ်မိုးကြိုးစွမ်းအားနှင့် အသံလှိုင်းစွမ်းအားစသည့် မဟာလမ်းစဥ် စွမ်းအားနှစ်မျိုး ပါဝင်ပေသည်။ ၎င်းသည် ပြိုင်ဘက်၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ဝိညာဥ်ကို တစ်ပြိုင်တည်း တိုက်ခိုက်နိုင်သော ထိရောက်သည့် တိုက်ခိုက်မှုအား ထုတ်ဖော်နိုင်ပေသည်။

သူက ရီဖူရှင်းထံသို့ ကိုယ်တိုင် ရှေ့တက်လာရမည့်အစား ထိုအဆင့်ရှစ်ရန်​ဟောင်သည် သူ၏ လက်ကို မိုးကြိုးဗုံသို့ ဝှေ့ယမ်းလိုက်သည်။

ဘန်း....

ရုတ်တရက် လူတိုင်း၏ နားစည်ကို ထိုးဖောက်လုမတတ် စူးရှသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ ရှေး​ဟောင်းတော်ဝင် မိသားစုမှ မရေတွက်နိုင်သော လူများသည် သူတို့၏ စိတ်ဝိညာဥ်က တုန်ခါလာပြီး ချီနှင့် သွေးတို့က သူတို့ခန္ဓာကိုယ်အတွင်း ဆူပွက်လာသည်ကို ခံစားမိပေသည်။ ရန်ဟောင်အဆင့်မှ တန်ခိုးရှင်များသည်ပင် ထိုလှိုင်းကြောင့် ကြီးစွာ သက်ရောက်ခံကြရပေသည်။ ထိုမုန်တိုင်းအလယ်တွင် တိုက်ရိုက် တိုက်ခိုက်ခံနေရသူက မည်မျှ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားနှင့် ရင်ဆိုင်နေရမည်ကို ခန့်မှန်းနိုင်ပေသည်။

ရီဖူရှင်းသည် အနန္တနတ်မိုးကြိုးက သူ့အထက်မှ တိုက်ရိုက် ကျဆင်းလာပြီး မျက်စိကျိန်းလောက်ဖွယ် အလင်းက ဓားသွားကဲ့သို့ သူ၏ စိတ်ဝိညာဥ်ထံ ပျံသန်းလာပေသည်။ သူသည် အနည်းငယ် အားနည်းနေသည်နှင့် ချက်ချင်း အသတ်ခံလိုက်ရမည် ဖြစ်သည်။

မမြင်ရသော အသံလှိုင်းက ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ဖြန့်ကျက်လာသည်။ ခက်ထန်သော မျက်နှာထားနှင့် ရှေးဟောင်းဗုဒ္ဓတစ်ပါး၏ အရိပ်က ရီဖူရှင်း နောက်တွင် ဖြစ်တည်လာပေသည်။ မြင့်မြတ်သောဗုဒ္ဓက ရီဖူရှင်းပေါ်သို့ ရွှေရောင်နတ်အလင်းတို့ ဖြန့်ကျက်ပေးထားပြီး သူ့ကို ပြိုင်ဘက်ကင်း ရွှေရောင်ချပ်ဝတ်တစ်ခု ဝတ်ဆင်ထားသလို ထင်မှတ်ရစေသည်။

ဘန်း...

ကောင်းကင်မှ မျက်စိကျိန်းလောက်သည့် မိုးကြိုးအလင်းတို့ ကျဆင်းလာသည်။ ၎င်းသည် ရွှေရောင်ချပ်ဝတ်အား ဖျက်ဆီးကာ ရီဖူရှင်း၏ ခန္ဓာကိုယ်ထံ ထိုးဖောက်လာသည်။ ခရမ်းရောင်မိုးကြိုးအလင်းတို့ တောက်ပလာပြီး ရီဖူရှင်းသည် မိုးကြိုးအလင်းတို့၏ ဝါးမြိုခြင်းကို ခံရသကဲ့သို့ အနည်းငယ် တုန်ယင်လာပေသည်။

မည်သို့ပင်ဖြစ်စေ သူသည် ထို ကြောက်မက်ဖွယ်ကောင်းသည့် ဖျက်ဆီးခြင်း မိုးကြိုးစွမ်းအားများဖြင့် လွှမ်းခြုံခံထားရလျှင်ပင် အထိအခိုက်မရှိ ကျန်ရစ်နေပေသည်။ သူက အစွမ်းထက် အသက်စွမ်းအားများကို ထုတ်လွှတ်နေကာ သူ့ခန္ဓာကိုယ်က ဖျက်ဆီး၍ မရသော လမ်းစဥ်ခန္ဓာကိုယ် ဖြစ်လာသလို ထင်မှတ်ရပေသည်။

"ဟင်..."

အဆင့်ရှစ်ရန်ဟောင်က အံ့အားသင့်စွာ မျက်မှောင်ကြုတ်လိုက်သည်။ ရီဖူရှင်းသည် သူ၏ ခန္ဓာကိုယ်နှင့် တိုက်ခိုက်မှုအား ခံနိုင်ရည်ရှိရန် ကြိုးစားနေသည်လား။

ထို့အပြင် မိုးကြိုးအလင်းသည် ရီဖူရှင်းအား အနည်းငယ်သာ လှုပ်ရှားသွားစေပြီး သူ့အား ဒဏ်ရာမရစေခဲ့ပေ။ အဆင့်ရှစ်ရန်ဟောင်၏ မျက်လုံးထဲ၌ ရီဖူရှင်းသည် အလွန်မောက်မာလှပြီး တိုက်ခိုက်မှုအား လေးနက်စွာ မမှတ်ယူခဲ့ပေ။

ထိုရန်ဟောင်က သူ၏ လက်ကို မြှောက်လိုက်ပြီး မရေတွက်နိုင်သော အရိပ်များကိက ထုတ်လွှတ်ကာ မဟာလမ်းစဥ် တိုက်ပွဲဗုံအား ရိုက်ခတ်လိုက်သည်။ တိုက်ပွဲဗုံက ချက်ချင်းပင် စတင် တုန်ခါလာပြီး ကြောက်မက်ဖွယ် မဟာလမ်းစဥ် အသံလှိုင်းက လောကတစ်ခွင် လွှမ်းခြုံလာကာ ကမ္ဘာမြေအား အက်ကွဲလာစေတော့မလိုပင်။ နန်းတော်အပြင်ဘက်ရှိ တန်ခိုးရှင်များသည်ပင် သူတို့၏ ခန္ဓာကိုယ်အတွင်းမှ ချီနှင့် သွေးများက ပွက်ပွက်ဆူကာ အော်မြည်​နေသလို ခံစားကြရပေသည်။ အချို့က နာကျင်စွာ ညည်းညူလိုက်ကြပြီး အချို့၏ ပါးစပ်မှ သွေးများ စီးကျလာပေသည်။

နန်းတော်အတွင်းမှ လူများသည် မဟာလမ်းစဥ်နတ်အလင်းဖြင့် ကာကွယ်ထားသည့်အတွက် ပြင်းထန်စွာ သက်ရောက်မှု မခံကြရပေ။ သို့သော် ကာကွယ်မှုအောက်၌ ရှိမနေသော အခြားရန်ဟောင်များမှာ မသက်မသာ နာကျင်မှုကို ခံစားကြရပေသည်။

အခြားတစ်ဖက်တွင် ရီဖူရှင်းသည် ဖျက်ဆီးခြင်း မိုးကြိုးအလင်း၏ ဝါးမြိုခြင်းကို ခံလိုက်ရသလို ခံစားမိပေသည်။ ရန်ဟောင်များ အားလုံးက သူ့အတွက် နေမထိထိုင်မသာ ဖြစ်လာကြသည်။ ရီဖူရှင်းသည် လုံလောက်အောင် မသန်မာလျှင် ရှေးဟောင်းတော်ဝင် မိသားစု၏ သတ်ဖြတ်ခြင်းကို ခံရလိမ့်မည်လား။

ရှေးဟောင်းတော်ဝင် မိသားစုသည် ရီဖူရှင်းအပေါ် မည်သည့် သနားညှာတာမှုမှ ပြလိမ့်မည် မဟုတ်ပေ။ ထိုကဲ့သို့ပင် သူတို့က တိုက်ခိုက်မှုကို အတိအကျ ထိန်းချုပ်ပေးရန် မဖြစ်နိုင်ပါချေ။

မိုးကြိုး၏ လောင်ကျွမ်းတောက်ပနေသော နတ်အလင်းက ကောင်းကင်မှ ကျဆင်းလာသည်။ မရေတွက်နိုင်သော မျက်လုံးများက ရီဖူရှင်းထံ၌ ကပ်ငြိနေခဲ့သည်။ တောက်ပသော ရွှေရောင်နတ်အလင်းတို့နှင့် လွှမ်းခြုံခံထားရသော ရီဖူရှင်းက မားမားမတ်မတ် ခိုင်ခိုင်မာမာ ရပ်တည်နေဆဲပင် ဖြစ်သည်။ သူ၏ မဟာလမ်းစဥ် နတ်ခန္ဓာက ချိုးဖျက်၍ မရနိုင်အောင်ပင် ဖြစ်သည်။

ကြောက်မက်ဖွယ် ကြယ်ကောင်းကင် နယ်မြေတစ်ခုက ရီဖူရှင်း၏ ခန္ဓာကိုယ်အနီး ဖြစ်တည်လာသည်။ ထို့နောက် ၎င်းက မဟာလမ်းစဥ် နယ်မြေအဖြစ်သို့ ပြောင်းလဲသွားကာ ဖျက်​ဆီးခြင်းတိုက်ခိုက်မှုအား ပိတ်ဆို့တားဆီးလိုက်သည်။

"ဒါတောင် အလုပ်မဖြစ်ဘူးလား။" အဆင့်ရှစ်ရန်ဟောင်က မျက်ခုံးများကို စုကျုံ့ကာ ဒေါသတကြီး ကြည့်လိုက်သည်။ ပြီးပြည့်စုံသော မဟာလမ်းစဥ်နှင့် အဆင့်ငါးရန်ဟောင် ကျင့်ကြံသူတစ်ယောက်က ထိုမျှ အားကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားနိုင်သည်လား။

"ခင်ဗျားရော ကျုပ်ဆီက တိုက်ခိုက်မှုကို ဘာလို့ မခံရမှာလဲ။" ရီဖူရှင်းက ပြောလိုက်သည်။ သူ၏ အသံ ပျောက်ကွယ်မသွားခင် ခမ်းနားထည်ဝါကာ ကြီးမားသည့် ဗုဒ္ဓလက်ဝါးကြီးက သဏ္ဌာန်ပေါ်လာပြီး တောက်ပသော ဗုဒ္ဓအလင်းများကို ထုတ်လွှတ်နေခဲ့သည်။ ဗုဒ္ဓဓမ္မတေးသံက လေထဲတွင် ပဲ့တင်ထပ်နေကာ လေဟာနယ်အတွင်း မမြင်နိုင်သော အသံလှိုင်းက လွှမ်းခြုံထားသည်။ ၎င်းက မိစ္ဆာနှိမ်နင်းဗုဒ္ဓတေးသွားပင် ဖြစ်လေသည်။

ချက်ချင်းပင် အစွမ်းထက်သော အဆင့်ရှစ်ရန်ဟောင်သည် မူးနောက်ကာ နွမ်းနယ်လာသလို ခံစားလိုက်ရပေသည်။ သူသည် လက်ကို ဆန့်ထုတ်ကာ မိုးကြိုးစစ်ဗုံအား တစ်ဖန် တိုက်ခိုက်ရန် ကြိုးစားလိုက်ပြန်သည်။ သို့သော် ရီဖူရှင်းက သူ့ထံ လက်သီးတစ်လုံး ပစ်သွင်းလာ၏။ အလွန် များပြားသော နတ်ကျောက်စာချပ်များက ကောင်းကင်မှ ကျဆင်းလာကာ ထိုနေရာအတွင်းရှိ အရာအားလုံးကို ဖိနှိပ်ပစ်လိုက်ပေသည်။

ထိုအခိုက်အတန့်တွင် အဆင့်ရှစ်ရန်ဟောင်၏ မျက်လုံးထဲ၌ ရီဖူရှင်းသည် အလွန် အစွမ်းထက်ကာ ခံ့ညားထည်ဝါလှပေသည်။ ရက်စက်ကာ အညှာအတာမဲ့သော သူ့ တိုက်ခိုက်မှုက လောကဖိနှိပ်ခြင်းလမ်းစဥ်ကို ကျင့်ကြံခြင်းနှင့် နားလည်သဘောပေါက်မှုပေါ် အခြေခံကာ တိုးတက်လာခြင်း ဖြစ်သည်။

အဆင့်ရှစ်ရန်​ဟောင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူက လက်ကို မြှောက်ကာ မိုးကြိုးစစ်ဗုံအား ဆက်တိုက် ရိုက်ခတ်ရန် ကြိုးစားလာပြီး ကျောရိုးတလျှောက် စိမ့်တက်လာအောင် လှုံ့ဆော်နိုင်သော မိုးကြိုးအလင်းများက နတ်ကျောက်စာချပ်များကို ဆန့်ကျင်တိုက်ခိုက်ရန် ကြိုးစားလာသည်။

သို့သော် အက္ခရာများ ရေးထွင်းထားသော ရှေးဟောင်းကောင်းကင်ကျောက်စာချပ်တစ်ခုက ကောင်းကင်တွင် ပေါ်ပေါက်လာကာ အောက်သို့ ထိုးဆင်းလာ၏။ အဆင့်ရှစ်ရန်ဟောင်က ထိုတိုက်ခိုက်မှုအတွင်း ပိတ်မိသွားပုံရလေသည်။

ဘန်း...

ကျယ်လောင်သော အသံနှင့် တိုက်ပွဲဗုံပေါ်တွင် အက်ကြောင်းတစ်ခု ပေါ်ပေါက်လာသည်။ အဆင့်ရှစ်ရန်ဟောင်က အဝေးသို့ လွင့်စင်သွားလေသည်။ သူက သွေးတစ်ပွက်အန်လိုက်ရကာ သူ့မျက်နှာက အလွန် ဖြူဖျော့သွားခဲ့သည်။

အဆင့်ရှစ်ရန်ဟောင်က ရှုံးနိမ့်သွားပြီ ဖြစ်လေသည်။

ဘန်း...

ရီဖူရှင်းက အောင်နိုင်သည့် သူရဲကောင်းတစ်ယောက်ကဲ့သို့ ရှေ့ကို ဆက်လက်ချီတက်လာသည်။ သူ့ခြေဖဝါးအောက်မှ လေဟာနယ်က တုန်ယင်လာခဲ့သည်။ များပြားလှသော အဆင့်ရှစ်ရန်ဟောင်များက ပူးပေါင်းလာပြီး ကြောက်မက်ဖွယ် မဟာလမ်းစဥ် စွမ်းအားများကို စုစည်းလာသည်။ သူတို့သည် ရီဖူရှင်းအား တစ်ချိန်တည်း၌ တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။

"အဆင့်ရှစ်ရန်ဟောင်တွေ ပူးပေါင်းပြီး တိုက်ခိုက်ရင်တောင် ကျုပ်ကို ထိခိုက်စေမှာ မဟုတ်ဘူး။" ရီဖူရှင်းက ​ပြောလိုက်သည်။ အဆက်မပြတ် ကျရောက်လာသော တိုက်ခိုက်မှုများက ရီဖူရှင်း၏ မဟာလမ်းစဥ်နယ်မြေအတွင်း ကျရောက်လာသည်။ ဗုဒ္ဓအလင်း၊ ဗုဒ္ဓအသံနှင့် လောကဖိနှိပ်ခြင်း ကျောက်စာချပ်တို့က ကြယ်ကောင်းကင် နယ်မြေအတွင်း ပိတ်မိနေသည့် ရန်ဟောင်များအား တိုက်ခိုက်လာပေသည်။ ၎င်းက ကြောက်မက်ဖွယ် မြင်ကွင်းပင် ဖြစ်ပေသည်။

ရီဖူရှင်းသည် အဆင့်ရှစ်ရန်ဟောင်က သူ၏ အာရုံစိုက်မှုကို ခံရရန် မထိုက်တန်ဟု ဆုံးဖြတ်ခဲ့သည်။

တန်ခိုးရှင်များထဲမှ တစ်ယောက်က ပြန်လည်တိုက်ခိုက်ရန် ပြင်လိုက်သည့် အချိန်တွင် ရီဖူရှင်းက ဖျတ်ခနဲ လှုပ်ရှားသွားသည်ကို မြင်လိုက်ရသည်။ တောက်ပပြီး ခမ်းနားထည်ဝါလှသည့် ဝင်္ကပါတစ်ခုက ကြယ်ကောင်းကင်နယ်မြေအတွင်း ဖြစ်တည်လာကာ ကြီးမားလှသော ရွှေတောင်ပံခွန်ပန်ငှက်တစ်ကောင်က ကောင်းကင်၌ ထွက်ပေါ်လာပေသည်။ ထိုငှက်က သားရဲများ၏ ဘုရင်ဖြစ်သကဲ့သို့ အမျိုးမျိုးသော ကြီးမားသည့် နတ်ဆိုးသားရဲများကို သတ်ဖြတ်နေခဲ့သည်။

ထူးခြားဆန်းကြယ်လှသော သဘာဝဖြစ်စဥ်မှာ အံ့သြဖွယ် ကောင်းလောက်အောင် အစစ်အမှန်ဟု ထင်မှတ်ရပေသည်။ အဘိုးမာက သူ့ မျက်လုံးရှေ့တွင် ဖြစ်ပေါ်လာသော မြင်ကွင်းကို ကြည့်ရင်း ထိတ်လန့်တုန်လှုပ်သွားပေသည်။

ရွာထဲမှ လူတိုင်းသည် ရီဖူရှင်းက နတ်ဘုရားနည်းစနစ်များကို နားလည်ပြီး ကျင့်ကြံနိုင်သည်ကို သိရှိကြပေသည်။ သို့သော်လည်း သူသည် ထိုမျှ အများကြီး ရရှိခဲ့ပြီး ထူးခြားဆန်းကြယ်လှသည့် သဘာဝဖြစ်စဥ်ကိုပင် အောင်မြင်စွာ ဆင့်ခေါ်နိုင်လိမ့်မည်ဟု မည်သူမှ သတိမပြုမိခဲ့ကြပေ။ နတ်ဘုရားနည်းစနစ်များက ရွာသားများအတွက် ပြိုင်ဘက်ကင်း အမွေအနှစ် ဖြစ်လေသည်။ ရီဖူရှင်းက အပြင်လူတစ်ယောက်အနေနှင့် မည်သည့်အတွက် နတ်ဘုရားနည်းစနစ်များကို ကျွမ်းကျင်နေရသနည်း။

မည်သို့ဖြစ်စေ ရီဖူရှင်းက ထိုသို့ လုပ်ဆောင်နိုင်စွမ်း ရှိပေသည်။ သူသည် မည်သည့် မိစ္ဆာသားရဲကိုမဆို သေဆုံးအောင် လုပ်နိုင်စွမ်းရှိသော ရွှေတောင်ပံနတ်ငှက်အင်ပါယာကဲ့သို့ပင် တန်ခိုးရှင်များမှ တစ်ယောက်ထံ တဟုန်ထိုး ပြေးဝင်သွားလေသည်။

ရီဖူရှင်း၏ ပစ်မှတ်က နတ်ဘုရားကျောက်စာချပ်၏ တိုက်ခိုက်မှုကို တားဆီးရန် အလုပ်ရှုပ်နေပေသည်။ သူက နတ်ကျောက်စာချပ်အား ဆန့်ကျင်တားဆီးနိုင်ရုံသာ ရှိသေးသည့်အချိန်၌ ရီဖူရှင်းက ရွှေတောင်ပံခွန်ပန်ငှက်တစ်ကောင်ကဲ့သို့ ထိုသူ့ထံ တိုးဝင်သွားပေသည်။ ရွှေရောင်အလင်းတစ်ခုက ဖျတ်ခနဲ လင်းလက်လာကာ သွေးများက ကောင်းကင်တစ်ခွင်ကို ပက်ဖြန်းသွားလေသည်။ နောက်ထပ် အဆင့်ရှစ်ရန်ဟောင်သည်လည်း အဝေးသို့ လွင့်စင်သွားလေသည်။

"သူက အရမ်း အစွမ်းထက်တာပဲ။ အဆင့်ရှစ်ရန်ဟောင်ကိုတောင် တစ်ချက်တည်းနဲ့ အနိုင်ယူနိုင်တယ်။" ကြည့်ရှုနေသူများက ကြက်သေသေသွားခဲ့သည်။ ကြောက်မက်ဖွယ် ရွှေတောင်ပံခွန်ပန်ငှက်များက ကောင်းကင်တွင် ရစ်ဝဲနေကာ ရန်သူများကို ထိုးသုတ်လိုက်သည်။ အဆင့်ရှစ်ရန်ဟောင်များက မျက်စိတစ်မှိတ်အတွင်း သူတို့၏ ခြေသည်းများကြား ဖမ်းဆီးခံလိုက်ရပေသည်။ မည်သူမှ ရီဖူရှင်း၏ လမ်းကို မတားဆီးနိုင်ပေ။

အဆင့်ရှစ်ရန်ဟောင်များသည် အဆင့်ခုနစ်ရန်ဟောင်များနှင့် တူညီသော ကံကြမ္မာကို ခံစားလိုက်ရသည်။ သူတို့က ရီဖူရှင်းအား ရပ်တန့်ရန် မလုံလောက်ပေ။

"သူ့ရဲ့ လုပ်နိုင်စွမ်းက ဒီမှာပဲ အဆုံးသတ်သွားရင်တောင် ဒါက ထိတ်လန့်အံ့သြဖို့ ကောင်းတဲ့ အဖြစ်အပျက် ဖြစ်နေဦးမှာပဲ။" အဝေးရှိ နန်းတော်မှ တစ်စုံတစ်​ယောက်က မှတ်ချက်ချလိုက်သည်။ ရီဖူရှင်းသည် အလွန် ထိတ်လန့်ဖွယ် ခွန်အားနှင့် ပါရမီကို ထုတ်ဖော်ပြသခဲ့သည်။ သူက အပြင်လူတစ်ယောက်ဖြစ်လျက်နှင့် လေးမျက်နှာကျေးရွာ၏ ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာနိုင်သည်မှာ အံ့သြစရာ မရှိတော့ပေ။

အဘိုးမာ၏ ထိန်းချုပ်မှုအောက်၌ ရှိနေသော သွမ့်ရိနှင့် သွမ့်ရှန်းသည်ပင် ရီဖူရှင်း၏ လွန်ကဲလှသော စွမ်းဆောင်ရည်ကြောင့် အံ့အားသင့်သွားခဲ့ကြသည်။ သူတို့သည် ဤအာခီမီဆရာသခင်၌ ထိုမျှ ထူးချွန်ထက်မြက်လှသော တိုက်ခိုက်ရေးစွမ်းအားမျိုး ပိုင်ဆိုင်ထားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။ အဆင့်ရှစ်ရန်ဟောင်သည်ပင် သူ၏ လမ်းကို တားဆီးနိုင်ခြင်း မရှိချေ။

လူတစ်ယောက်သည် ကိုယ့်ကိုယ်ကိုယ် မည်မျှ တော်သည်ဟု တွေးနေပါစေ သူ့ထက် တော်သည့်သူများ အမြဲ ရှိနေဆဲပင် ဖြစ်လေသည်။ ရီဖူရှင်းကို ဆန့်ကျင်ရန် သွမ့်ရိ၏ ရူးမိုက်သော အကြံအစည်က သူ့ကိုယ်သူ လောင်ကျွမ်းစေရုံသာ ဖြစ်ပေလိမ့်မည်။

ရီဖူရှင်းက ရှေ့သို့ ဆက်လှမ်းလာစဥ် သွမ့်ထျန်းရှုံက ပြောလိုက်သည်။ "အဆင့်ကိုးအောက်က လူတိုင်း နောက်ဆုတ်တော့။"

ရီဖူရှင်းအား တားဆီးရန် ကြိုးစားနေသော ရန်ဟောင်များသည် ချက်ချင်း နောက်ဆုတ်ကာ တိုက်ပွဲမှ ထွက်ခွာသွားခဲ့သည်။ သူတို့သည် တိုက်ခိုက်နိုင်စွမ်း မလုံလောက်လေရာ ဘေးမှ ရပ်ကြည့်နေရုံသာ တတ်နိုင်ပေသည်။

အဆင့်ကိုးရန်ဟောင်တစ်ပါးက ရီဖူရှင်း၏ အရှေ့၌ ထွက်ပေါ်လာသည်။

သူက ရီဖူရှင်း၏ လမ်းကို တားဆီးထားသည်မှာ ကျော်လွှား၍မရနိုင်သော တောင်တစ်လုံးကဲ့သို့ ခိုင်မာစွာ ရပ်တည်နေခြင်း ဖြစ်ပေသည်။

ရီဖူရှင်းသည်လည်း ရပ်တန့်ကာ သူ့ရှေ့မှ သက်လတ်ပိုင်းလူကြီးအား ကြည့်လိုက်သည်။ ထိုလူသည် ရပ်နေရုံနှင့်ပင် တောင်တစ်လုံးကဲ့သို့ မလှုပ်ခတ်နိုင်အောင် ခိုင်မာပြီး ဓားတစ်လက်ကဲ့သို့ ထက်ရှသည့် ခံစားချက်ကို ပေးစွမ်းသည်။ ရီဖူရှင်း၏ မျက်နှာက သုန်မှုန်လာပေသည်။

အဆုံးမှာတော့ ရီဖူရှင်းက အဆင့်ငါးရန်ဟောင်တစ်ပါးသာလျှင် ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်က ပြိုင်ဘက်ထက် အလွန် နိမ့်ပါးနေ၏။ သူသည် ယခင်က ဧကရာဇ်အသိကို အသက်သွင်းကာ အဆင့်ကိုးမှ တစ်စုံတစ်ယောက်ကို သတ်ဖြတ်ဖူးလျှင်ပင် အဆင့်ကိုးရန်ဟောင်ဟူသည်မှာ ရင်ဆိုင်ရန် လွယ်ကူသည့် ရန်သူမဟုတ်ကြောင်း ကောင်းစွာ သတိပြုမိပေသည်။

[ထျန်းရှန်းက ကျင့်ကြံဆင့်တစ်ခုအနေနဲ့ အရှေ့အပိုင်းတချို့မှာ ပါဖူးပါတယ်။ အဓိပ္ပါယ်က ကောင်းကင်နတ်ဘုရားပါ။]

***

All Chapters