← Chapters

ပြိုင်ဘက်ကင်းလှံ

Vol. 151 Ch. 2145

ပြိုင်ဘက်ကင်းလှံ

Vol. 151 Ch. 2145

ရီဖူရှင်းက ထိုနေရာ၌ ရပ်နေခဲ့သည်။ ထို့နောက် ရုတ်ချည်းပင် အစွမ်းထက်လှသည့် စွမ်းအားတစ်ခုက ရှေးဟောင်းတော်၀င် မိသားစု၏ နေရာတစ်ခွင်လုံးကို ဖုံးလွှမ်းသွားခဲ့သည်။ ထို ခံစားချက်က မွန်းကြပ်ဖွယ်ပင် ဖြစ်သည်။

ပတ်ဝန်းကျင်တစ်ခုလုံးကို နတ်အလင်းများဖြင့် ဖုံးလွှမ်းထားပြီး ရီဖူရှင်းသည် သူ့ကို ဆန့်ကျင်တွန်းကန်နေသည့် နတ်စွမ်းအားတစ်ခုကို ခံစားမိပေသည်။ ၎င်းက အစွမ်းထက်လှပြီး သူ့အား လှုပ်ရှားရန်ပင် ခက်ခဲနေစေသည်။

သူ၏ အရှေ့တွင် အဆင့်ကိုးရန်ဟောင်တစ်ပါး၏ ခန္ဓာကိုယ်က ထွက်ပေါ်လာပြီး ၎င်းသည် ထျန်းရှန်း(ကောင်းကင်နတ်ဘုရား)မှ ဖြစ်တည်လာခြင်းကဲ့သို့ ခံစားမိပေသည်။ ထိုရန်ဟောင်က ရီဖူရှင်းအား စိုက်ကြည့်နေခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှ ခမ်းနားထည်ဝါသည့် အငွေ့အသက်တို့ ထုတ်လွှတ်နေခဲ့၏။ ထိုကျင့်ကြံသူသည် ရှေးဟောင်းတော်၀င်မိသားစုမှ တော်ဝင်မိသားစုတစ်ဦး ဖြစ်ပေသည်။ သူက အဓိက အဖွဲ့ဝင်တစ်ဦး မဟုတ်သော်လည်း အလွန်အစွမ်းထက်နေဆဲပင် ဖြစ်သည်။

ရီဖူရှင်းသည် ထိုအကြည့်များ၌ မြှုပ်နှံထားသော အစွမ်းထက် အင်အားတစ်ခုကို ခံစားမိပြီး ထိုဖိအားသည် စိတ်ဝိညာဥ်စွမ်းအားမှ တိုက်ရိုက်လာသည့် ဖိအားဖြစ်ကြောင်း ခံစားမိလိုက်ပေသည်။

ရှေးဟောင်းတော်ဝင်မြို့ အထက်မှ တိမ်တိုက်နှင့် လေထုတို့က အရောင်ပြောင်းလဲသွားပြီး နန်းတော်တစ်ခုလုံးသည် လေဟာနယ်မဟာလမ်းစဥ် နယ်မြေတစ်ခု အဖြစ်သို့ ​ပြောင်းလဲသွားသလို ထင်မှတ်ရပေသည်။ ထိုနေရာတစ်ဝိုက်တွင် နတ်အလင်းများက စီးဆင်းနေပြီး ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ ပုံရိပ်ထွက်ပေါ်လာခဲ့သည်။ ၎င်းက အလွန်မြင့်မားကာ ထည်ဝါလွန်းလှသည်။

ရီဖူရှင်းက ခေါင်းကိုမော့၍ ကြည်လိုက်လျှင် ကောင်းကင်တွင် ပေါ်လာသော ကြီးမားလှသည့် နတ်ဘုရားပုံရိပ်များစွာကို မြင်တွေ့လိုက်ရသည်။ ၎င်းတို့သည် ကြီးမားလှသော နတ်ဘုရားရုပ်တုများ ဖြစ်ကြပြီး တစ်ခုချင်းစီမှ အလွန်ပြင်းထန်လှသည့် စွမ်းအားများကို ထုတ်လွှတ်ပေးနေသည်။ ထိုမြင်ကွင်းသည် ရှေးဟောင်းတော်ဝင်မြို့သို့ လာရောက်ကြသော အပြင်လူများအားလုံး၏ နှလုံးသားများကို တုန်ယင်သွားစေခဲ့သည်။ ယင်းစွမ်းအားက အလွန် အစွမ်းထက်လှ၏။ ၎င်းသည် ရှေးဟောင်းတော်ဝင်သွမ့် မိသားစု၏ ခွန်အားပင် ဖြစ်လေသည်။

ထို အခိုက်အတန့်တွင် အဆင့်ကိုးရန်ဟောင်က သူ၏ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည်။ သူက ရှေ့သို့ ခြေလှမ်းလိုက်လျှင် ထျန်းရှန်းတစ်ပါး ဆင်းသက်လာသလို ထင်မှတ်ရပေသည်။ ကောင်းကင်က လျင်မြန်စွာ အရောင်ပြောင်းလဲသွားခဲ့ပြီး ကြောက်မက်ဖွယ်မုန်တိုင်းက ရီဖူရှင်းအား ဆန့်ကျင်ဖိနှိပ်လာကာ သူ့ကို ​ချေမှုန်းပစ်ရန် ရည်ရွယ်နေသည်။

ရီဖူရှင်း၏ အနီးမှ မဟာလမ်းစဥ် ကြယ်ကောင်းကင်နယ်မြေက ကြေမွပျက်စီးလာပြီး ကြယ်များက အပိုင်းပိုင်း ပျက်စီးကာ နတ်ကျောက်စာချပ်ကလည်း အက်ကွဲလာခဲ့သည်။ ထိုအခိုက်အတန့်တွင် အရာအားလုံးက ဖျက်ဆီးခံလိုက်ရပေသည်။ သူ ဖန်တီးထားသော လေဟာနယ်က အပြည့်အဝ ဖျက်ဆီးခံလိုက်ရသည်။

ရီဖူရှင်း၏ အကြည့်များက ကောင်းကင်သို့ ရွှေ့ပြောင်းသွားခဲ့သည်။ ကြီးမားလှသည့် ခပ်ဝါးဝါးသဏ္ဌာန် ခြေထောက်တစ်ဖက်က အောက်ဘက်သို့ ဆောင့်နင်းလိုက်ပြီး ၎င်း၏ စွမ်းအားသက်ရောက်နိုင်သမျှ အရာအားလုံးကို ဖျက်ဆီးပစ်ရန် ရည်ရွယ်နေသည်။ ရီဖူရှင်းက လက်နှစ်ဖက်ကို မြှောက်ကာ အရှေ့သို့ တွန်းပို့လိုက်လျှင်  ချက်ချင်းပင် မရေတွက်နိုင်သော လေဟာနယ် တံခါးများက ရှေ့သို့ တိုးဝင်သွားခဲ့၏။ ထိုလေဟာနယ် တံခါးများသည် သီးခြားလွတ်လပ်သော လေဟာနယ်တစ်ခုအဖြစ် ဖွဲ့တည်လာပြီး ကြီးမားလှသည့် လေဟာနယ်အလင်းလွှာက အရာအားလုံးကို ဝါးမြိုရန် ကြိုးစားနေခဲ့သည်။

တိုက်ခိုက်မှုများ ကျဆင်းလာသော အခါ ယင်းတို့သည်  လေဟာနယ်တံခါးများအတွင်းသိို့ တိုက်ရိုက် ကျဆင်းသွားခဲ့သည်။

ဘုန်း...

လေဟာနယ်အတွင်းမှ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ပေါက်ကွဲသံကြီးကို ကြားလိုက်ရသည်။ ထို့နောက်တွင် လေဟာနယ်တံခါးများက အပိုင်းအစများအဖြစ်သို့ ပြိုကွဲသွားခဲ့သည်။ ကြောက်မက်ဖွယ် အစွမ်းထက်လှသော တိုက်ခိုက်မှုများသည် ရီဖူရှင်းပေါ်သို့ ဆက်တိုက်ကျဆင်းလာနေသည်။  သူ၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်နေခဲ့ပြီး ကောင်းကင်မှ ပြုတ်ကျမသွားခင် ရှေးဟောင်းတော်ဝင် မိသားစုမှ ဖုံးလွှမ်းထားသည့် အလင်းလွှာပေါ် သက်ဆင်းလာခဲ့သည်။ ၎င်းက အလွန် မွန်းကြပ်သလို ခံစားရပေသည်။

မဟာလမ်းစဥ်၏ စွမ်းအားတစ်မျိုးမျိုးက အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားပါက အစွမ်းထက်သော စွမ်းအားတစ်ခုကို ဖန်တီးနိုင်ပေလိမ့်မည်။

အဆင့်ကိုး အဆင့်သည် ရန်ဟောင်အဆင့်၏ အထွတ်အထိပ် ကျင့်ကြံခြင်း အဆင့်ဖြစ်သည်။ တစ်စုံတစ်ယောက်၏ တိုက်ခိုက်မှုက ထိုမျှ အစွမ်းထက်လျှင် မည်မျှ ကြောက်မက်ဖွယ် အားကောင်းလိမ့်မည်နည်း။ မည်မျှ ပါရမီရှိသည့် ပုဂ္ဂိုလ်ဖြစ်ပါစေ ၎င်းကို ရင်ဆိုင်ရန်မှာ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပေလိမ့်မည်။

အဝေးမှ ကြည့်ရှုနေသူများ၏ နှလုံးသားများက သူတို့ရှေ့မှ ထိုမြင်ကွင်းအား မြင်သည့်အခါ အခုန်မြန်သွားခဲ့ကြသည်။ သို့သော်လည်း ၎င်းက ဖြစ်သင့်သည်သာ ဖြစ်၏။ ရီဖူရှင်းသည် ထူးခြားစွာ အားကောင်းလှနေပြီ ဖြစ်သော်လည်း နောက်ဆုံးတွင် သူ၏ ကျင့်ကြံဆင့်နှင့် ထိန်းချုပ်ကန့်သတ်ခြင်းကို ခံထားရပေသည်။ အဆင့်ငါး ရန်ဟောင်ဖြစ်သော ပုဂ္ဂိုလ်တစ်ဦးက ကျင့်ကြံခြင်းအဆင့်ကိုးမှ တစ်စုံတစ်ယောက်ကို ဆန့်ကျင်တိုက်ခိုက်နိုင်ပါမည်လား။ ထိုသည်မှာ မယုံနိုင်ဖွယ်ကောင်းလှပြီး မဖြစ်နိုင်လုနီးပါးပင် ဖြစ်လေသည်။

အဆင့်ငါးရန်ဟောင် ကျင့်ကြံဆင့်မှ လူတစ်ယောက်က ယခု ထုတ်ဖော်ပြသလာခဲ့သော ထိုစွမ်းရည်ကပင် အလွန် အံ့သြဖွယ်ကောင်းလှပြီး ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းနေခဲ့ပြီး ဖြစ်သည်။

ဘုန်း...

ကြည့်ရှုနေသူများက အတွေးထဲ နစ်မျောနေစဥ် အဆင့်ကိုး ရန်ဟောင်က ရှေ့သို့ ဆက်လက် လျှောက်လာခဲ့သည်။ သူ လမ်းလျှောက်လာသည့်အခါ သူ့အနီးတွင်ရှိသော အရာအားလုံးက တုန်ခါ သွားခဲ့သည်။ သူ၏ ခြေလှမ်းများသည် တောင်တန်းနှင့် မြစ်များကိုပင် အက်ကွဲသွားစေလိမ့်မည်ဟု ခံစားမိပေသည်။ ရှေးဟောင်းတော်ဝင် မိသားစုအတွင်းရှိ ရန်ဟောင်များ၏ သွေးများက ဆူပွက်လာခဲ့သည်။ အချို့သည် ဆိုးဆိုးဝါးဝါး သက်ရောက်ခံရမှုကြောင့် ခပ်တိုးတိုး ညည်းညူသံကိုပင် ထုတ်လွှတ်လာကြပေသည်။

ကြီးမားသော တိုက်ပွဲက အခြားသော ရန်ဟောင်များကိုလည်း သက်ရောက်မှုရှိပေသည်။

ထိုစဥ်တွင် ရီဖူရှင်းက တိုက်ခိုက်မှု၏ အလယ်၌ ရှိိ​​နေခဲ့သည်။ သူ ရင်ဆိုင်နေရသည့် ဖိအားက မည်မျှကြီးမားမည်ကို အကုန်လုံး ခန့်မှန်းနိုင်ကြပေသည်။

ထို့နောက် ရီဖူရှင်းက ခေါင်းကို အနည်းငယ် ငုံ့လိုက်သည်။ အဆင့်ကိုးရန်ဟောင် အဆင့်သည် သူရင်ဆိုင်ရန်အတွက် အနည်းငယ် ခက်ခဲနေဆဲပင် ဖြစ်သည်။ ထို့အပြင် ထိုရန်ဟောင်က နေ့စဥ်တွေ့ဖူးနေသည့် အခြား အဆင့်ကိုး ရန်ဟောင်များကဲ့သို့ မဟုတ်ပေ။ ထိုလူသည် ရှေးဟောင်းတော်ဝင်သွမ့်မိသားစုမှအဖွဲ့ဝင် တစ်ဦးဖြစ်သည်။ ရီဖူရှင်းက အဆင့်ငါးသို့ ရောက်ပြီးနောက် အဆင့်ကိုးရန်ဟောင်များကို ရင်ဆိုင်နိုင်သည့် ခွန်အားရှိရုံသာ ဖြစ်လေသည်။

"မင်း ကောင်းကောင်းလုပ်ခဲ့ပါတယ်။ ဒီနေ့ရဲ့ တိုက်ပွဲမှာ မင်းရဲ့နာမည်က နေရာအနှံ့ကို ပျံ့နှံ့သွားဖို့ လုံလောက်တယ်။ ဒါပေမယ့် မင်းက ငါတို့ရဲ့ ကြီးမြတ်တဲ့ တော်ဝင်သွမ့်မိသားစုကို ရန်စခဲ့တဲ့ အတွက်​ တန်ကြေးတစ်ခုတော့ ပေးရလိမ့်မယ်။" ထိုရန်ဟောင်က ကျယ်လောင်စွာ ပြောလိုက်သည်။ သူ၏ အသံက နယ်မြေတစ်ခွင်ကို ဖြတ်သန်းကာ တုန်ခါသွားစေသည်။ သူ၏ ကျယ်လောင်ပြီး စွမ်းအားပြည့်ဝလှသော အသံသည် ကောင်းကင်၏ အာဏာစက်ကိုပင် ခံစားမိစေရန် လုံလောက်ပေသည်။ သူက ရှေ့သို့ ဆက်လှမ်းလာသည့်အခါ ရီဖူရှင်းထံမှ ခပ်တိုးတိုး ညည်းညူလာသည်။

သူက ခေါင်းကိုမော့ကာ သူ့ထံသို့ လျှောက်လာသည့် ရန်ဟောင်ကို စိုက်ကြည့်၍ မေးလိုက်သည်။ "တကယ်လား။"

သူ စကား ပြောပြီးသွားသည်နှင့် ကြီးမားလှသည့် စွမ်းအားနှင့် အဆုံးမဲ့ အရှိန်အဝါတို့က သူ့ခန္ဓာကိုယ်မှ ပျံ့နှံ့လာခဲ့သည်။ ၎င်းက အားကောင်းလှသည့် အသက် စွမ်းအားပင် ဖြစ်လေသည်။ ထိုအချိန်၌ သူ၏ ဝိညာဥ်စွမ်းအင်များက ချက်ချင်းပင် ပေါက်ကွဲထွက်လာခဲ့သည်။ တစ်ချိန်တည်းပင် နှလုံးခုန်သံကဲ့သို့ ဒုတ်ဒုတ်ဒုတ်ဟူသော အသံကို ကောင်းကင်နှင့် မြေကြီးအကြားတွင် ကြားလိုက်ရသည်။ ရီဖူရှင်း၏ သွေးကြောအတွင်းမှ သွေးများက ဆူပွက်လာခဲ့သည်။ ထို့နောက် လှပသော နတ်အလင်းရောင်စဥ်များက သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာခဲ့၏။ ၎င်းက မိစ္ဆာနတ်ဘုရား အလင်းပင် ဖြစ်သည်။

ဘုန်း ...

အားကောင်းလှသော လေမုန်တိုင်းက ကောင်းကင်နှင့် မြေကြီးအကြားတွင် ပေါ်ပေါက်လာသည်။ သန့်စင်မြင့်မြတ်ကာ ကြီးမားလှသော ဥဒေါင်းနတ်ဘုရားပုံရိပ်က ကောင်းကင်တစ်ခွင်ကို ဖုံးလွှမ်းကာ ပေါ်ပေါက်လာခဲ့သည်။

ရီဖူရှင်းသည် ခြေတစ်လှမ်းလှမ်းကာ ကောင်းကင်ထက်သို့ တက်သွားခဲ့သည်။ သူက ဥဒေါင်းပုံရိပ်ယောင်၏ အလယ်တွင်  ရပ်နေခဲ့သည်။ ထို ဥဒေါင်းက ၎င်း၏ တောင်ပံများကို  မိစ္ဆာနတ်ဘုရားတစ်ပါးကဲ့သို့ ဖြန့်ကျက်လိုက်သည်။ ၎င်း တောင်ပံများတွင် မျက်လုံးများစွာ ပါဝင်နေပြီး တစ်ခုချင်းစီမှ ကြောက်မက်ဖွယ် နတ်အလင်းများကို ထုတ်လွှတ်နေကာ သူ့ခန္ဓာကိုယ် အနီးတွင် အဆက်မပြတ် ပေါက်ကွဲသံများကို ဖန်တီးနေခဲ့သည်။ မဟာလမ်းစဥ်က ကျဆင်းလာသည်နှင့် ထိုနတ်အလင်းများသည် သူ့ကို ဖိနှိပ်ထားသော မဟာလမ်းစဥ်စွမ်းအားများကို ချက်ချင်း ဖျက်ဆီးပစ်လိုက်သည်။

ထိုအခိုက်အတန့်တွင် ရီဖူရှင်းက မိစ္ဆာနတ်ဘုရား၏ သားတော်တစ်ပါးကဲ့သို့ ထင်မှတ်ရပေသည်။

"ဧကရာဇ်ရောင်ဝါနဲ့ ဥဒေါင်းမိစ္ဆာနတ်ဘုရား။" ရှေးဟောင်းတော်ဝင်သွမ့်မိသားစု၏ အင်ပါယာအရှင်က ရီဖူရှင်းထံသို့ စူးစိုက်ကြည့်နေခဲ့သည်။ သူသည် ရီဖူရှင်းက တုန်းဟွာနယ်မြေ၏ နယ်မြေသခင်အိမ်တော်မှ နင်ယွမ်၏ လိုက်လံဖမ်းဆီးခြင်းကို ခံခဲ့ရသည်မှာ ထိုကိစ္စကြောင့်ဟု ကြားဖူးပေသည်။ ရီဖူရှင်းက လျှို့ဝှက်နယ်မြေအတွင်းမှ ချိပ်စည်းကို ချိုးဖျက်ခဲ့ပြီး အမွေအနှစ်အား ယူငင်ခဲ့သည်။ ယနေ့တွင် သူသည် ဥဒေါင်းမိစ္ဆာနတ်ဘုရား၏ အစစ်အမှန်ခွန်အားကို မျက်မြင်တွေ့ခွင့် ရခဲ့ပြီ ဖြစ်သည်။

ရီဖူရှင်းက လက်ကို ဆန့်တန်းလိုက်သည်။ ထို့နောက် ရုတ်တရက် သူ၏ လက်ထဲတွင် လှံတစ်လက် ပေါ်ပေါက်လာခဲ့ပေသည်။ ၎င်းသည် ကြောက်မက်ဖွယ်ကောင်းလှသောတိုက်ပွဲစွမ်းအားများနှင့် လွှမ်းခြုံခံထားရပြီး ထောင်သောင်းချီသည့် နတ်အလင်းများအား ဝါးမြိုထားသလို ထင်မှတ်ရပေသည်။ ထိုအခိုက်အတန့်တွင် နေရာ၌သာ ငြိမ်သက်စွာ ရပ်နေသည့် ရီဖူရှင်းက ပြိုင်ဘက်ကင်း စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ထင်မှတ်ရသည်။ သူက အဆင့်ကိုးရန်ဟောင်တစ်ပါးနှင့် ရင်ဆိုင်နေရလျှင်ပင် တိုက်ခိုက်နိုင်စွမ်းရှိနေဆဲပင် ဖြစ်လေသည်။

"ဟမ့်။" အေးစက်သည့် သရော်သံတစ်ခု ကြားလိုက်ရသည်။ အဆင့်ကိုးရန်ဟောင်က ရှေ့သို့ နောက်ထပ် ခြေတစ်လှမ်းတိုးလာခဲ့သည်။ ထိုအချိန်တွင် မြင့်မားလှသော ထျန်းရှန်းသည်လည်း ၎င်း၏ လမ်းကြောင်းအတွင်းရှိ အရာအားလုံးကို ပျက်စီးစေလိုသော ဆန္ဒများနှင့် အောက်ဘက်သို့ ခြေဆောင့်နင်းလိုက်သည်။ ထိုကြီးမားလှသည့် ထျန်းရှန်း၏ ပုံရိပ်ယောင်နှင့် ယှဥ်သည့်အခါ ရီဖူရှင်း၏ ပုံရိပ်က အလွန် သေးငယ်နေသလို ထင်မှတ်ရပေသည်။

သို့သော် ဥဒေါင်းခန္ဓာကိုယ် ပုံရိပ်ယောင်က ဖွဲ့စည်း ဖြစ်ပေါ်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်ကို ဗဟိုပြုကာ မဟာလမ်းစဥ်၏ နတ်အလင်းများကို ထုတ်လွှတ်နေပြီး အလွန် အားကောင်းလာသည့် ကြောက်မက်ဖွယ် ဖျက်ဆီးခြင်း နယ်မြေတစ်ခု ဖြစ်တည်လာခဲ့ကာ မဟာလမ်းစဥ်က အဆက်မပြတ် ဖျက်ဆီးခံနေရပေသည်။

ဘုန်း...

ဥဒေါင်းမိစ္ဆာနတ်ဘုရား တောင်ပံခတ်လိုက်သည့်အခါ လေပြင်းများ တိုက်ခတ်လာသည်။ နတ်အလင်းရောင်က ပေါက်ကွဲထွက်လာပြီး ထိုနေရာတစ်ခုလုံးတွင် ပြည့်နှက်သွားခဲ့သည်။ ရီဖူရှင်းက လက်ကို မြှောက်ကာ ထျန်းရှန်းပုံရိပ်ယောင်ဆီသို့ သူ၏ လှံနှင့် ထိုးသွင်းလိုက်သည်။ ကြီးမားလှသော ဥဒေါင်းပုံရိပ်ကလည်း ထျန်းရှန်းဆီသို့ တိုးဝင်သွားခဲ့သည်။ မရေတွက်နိုင်သော လှံပုံရိပ်များက တစ်ချိန်တည်းတွင် ပေါ်ပေါက်လာသည်။ လှံများက နတ်အလင်းတန်းများကဲ့သို့ ထိုးဖောက်သွားခဲ့သည်။

ဥဒေါင်းပုံရိပ်ယောင်နှင့် ထျန်းရှန်းပုံရိပ်တို့က ထိတ်တိုက်တွေ့ဆုံသွားကြသည်။ မဟာလမ်းစဥ်စွမ်းအားများက ပြိုကျပျက်စီးလုဆဲဆဲ အခြေအနေတွင် ရှိနေခဲ့၏။ လူအများသည် ကောင်းကင်နှင့် မြေကြီးက တစ်စစီ ပျက်စီးလာတော့မလို ခံစားမိပေသည်။ မရေတွက်နိုင်သော နတ်အလင်းများက ထျန်းရှန်း၏ ခန္ဓာကိုယ်သို့ ထိုးဖောက်ဝင်ရောက်သွားပြီး ၎င်း၏ ခန္ဓာကိုယ်သည် အပေါက်များစွာ ဖြစ်ပေါ်လာစေသည်။ ထို့နောက်တွင် ထျန်းရှန်း၏ ပုံရိပ်က စတင်အက်ကွဲ၍ ပျက်စီးသွားခဲ့သည်။

"သူက တကယ်ပဲ အဆင့်ကိုးရန်ဟောင်ကို ဆန့်ကျင်တိုက်ခိုက်နိုင်တာလား" လူအများက ထိတ်လန့်သွားကာ မည်သို့ဆိုရမည် မသိတော့ပေ။ ထိုလူက အမှန်တကယ်ပင် အဆင့်ငါးရန်ဟောင် ဟုတ်ပါသလား။

ထိုအခိုက်အတန့်တွင် တိုက်ပွဲကို ကြည့်ရှုနေကြသည့် လူတိုင်းက ရီဖူရှင်း၏ ကျင့်ကြံခြင်း အဆင့်ကို မေ့လျော့သွားကြသည်။ သူတို့သည် အလွန်အစွမ်းထက်လှသော ပုဂ္ဂိုလ်များကြားမှ တိုက်ပွဲတစ်ခု ဖြစ်သည်ဟုသာ ခံစားမိတော့ပေသည်။ ထိုတိုက်ပွဲက အလွန် မယုံကြည်နိုင်လောက်အောင် ပြင်းထန်ပြီး စိတ်လှုပ်ရှားဖွယ် ကောင်းလှသည်။

ရှေးဟောင်းတော်ဝင်သွမ့် မိသားစုမှ အဆင့်ကိုးရန်ဟောင်သည် သူ့ရှေ့မှ မြင်ကွင်းကို မြင်တွေ့ပြီးနောက် အလွန်ပင် အေးစက်သွားခဲ့သည်။ သူ၏ အမူအရာက လေးနက်လာခဲ့၏။ သူက ကောင်းကင်သို့ ခြေလှမ်းလိုက်သည်။ ချက်ချင်းပင် လူတိုင်း ခံစားမိကြသည့် အရာတစ်ခုမှာ လောကကြီးက ပြိုကျပျက်စီးလာသည်ကိုပင် ဖြစ်လေသည်။ မရေတွက်နိုင်သော ဥက္ကာခဲများက ရီဖူရှင်းထံသို့ ကောင်းကင်မှ နေ၍ ကျဆင်းလာခဲ့သည်။ ထိုဥက္ကာခဲတစ်ခုချင်းစီသည် ကောင်းကင်ကို ဖျက်ဆီးပစ်နိုင်ပုံရလေသည်။ အခြား သာမန်ရန်ဟောင်တစ်ပါးသာ ဖြစ်ခဲ့လျှင် သူတို့သည် ချက်ချင်းပင် ချေမွဖျက်ဆီးခံနေရမည်မှာ သံသယဖြစ်ဖွယ် မလိုပေ။

ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော အရှိန်အဝါက ပို၍ပင် ပြင်းထန်လာခဲ့သည်။ ကြီးမားလှသော ဥဒေါင်းမိစ္ဆာနတ်ဘုရား၏ ပုံရိပ်က ၎င်း၏ တောင်ပံများကို ဖြန့်ကျက်လာခဲ့၏။ နတ်အလင်းတန်းများက ထိုကျဆင်းလာသည့် ဥက္ကာပျံများထံသို့ တိုးဝင်သွားပြီး ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။

"ဘုန်း ဘုန်း ဘုန်း..."

ကောင်းကင်ကြီးက တုန်ခါသွားခဲ့သည်။ ရီဖူရှင်းရှိနေသည့် နေရာက ထျန်းရှန်း၏ မြှုပ်နှံခြင်း ခံရတော့မလို ထင်မှတ်ရပေသည်။ တစ်ချိန်တည်းမှာပင် ထျန်းရှန်းက သူ့ကို ငုံ့ကြည့်နေခဲ့သည်။ ထို့နောက်တွင် သူ၏ ​ကြီးမားလှသော ခြေထောက်များက ရီဖူရှင်း ရှိနေသည့် လေဟာနယ်ကို ခြေဆောင့်နင်းလိုက်သည်။ သူသည် ထိုနေရာက အပြီးတိုင် ပြိုကျသွားစေချင်ပုံ ရလေသည်။

ရီဖူရှင်း ရှိနေသည့် လေဟာနဘ်သည် အကြွင်းမဲ့တားမြစ်ထားသော နယ်မြေတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ အရာအားလုံးသည် ရပ်တန့်သွားသလို ထင်မှတ်ရပြီး ကြီးမားသောဖိအားအောက်တွင် ဖျက်ဆီးခံရတော့မည့်အလား ဖြစ်လာသည်။

ထိုကြီးမားလှသော ဖိအား၏ အောက်တွင် ရီဖူရှင်းသည် ကြောက်မက်ဖွယ် အင်အားကို တောင့်ခံနေရသည်။ သူသည် ထိုကြီးမားလှသော ဖိအား၏ သတ်ဖြတ်ခြင်းကို ခံရတော့မလိုပင် ခံစားရပေသည်။ သူ၏ ခန္ဓာကိုယ်အတွင်း၌ နှလုံးသားက ပြင်းထန်စွာ ခုန်ပေါက်နေခဲ့သည်။ ၎င်းသည် နတ်အလင်းများနှင့် ဖုံးလွှမ်းခံထားရသည့် မိစ္ဆာနတ်ဘုရား၏ နှလုံးသားကဲ့သို့ပင်။

သူက ဥဒေါင်း၏ နတ်နှလုံးသားကို ဝါးမြိုခဲ့ပြီး ဖြစ်သည်။ ထိုစွမ်းအားက အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။

ဒုတ်.. ဒုတ်... ဒုတ်....

ကျယ်ပြောလှသော လေဟာနယ်တွင် လူတိုင်း၏ နှလုံးသားများက ပြင်းထန်စွာ တုန်ယင်နေကြပြီး သူတို့က အပိုင်းအစများအဖြစ် ပေါက်ကွဲထွက်သွားတော့မလို ထင်မှတ်ရပေသည်။

"ဒါက ဘယ်လိုစွမ်းအားလဲ။" သူတို့သည် ထိုစွမ်းအား ဖြစ်တည်သည်ဟု ခံစားမိသော နေရာသို့ ကြည့်လိုက်ကြသည်။ ထိုသည်မှာ ရီဖူရှင်း ရှိနေသည့် နေရာပင် ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်မှ ပြိုင်ဘက်ကင်း စွမ်းအားများ ပေါက်ကွဲထွက်လာနေသည်။

နောက်တစ်ခဏတွင် သူတို့အားလုံးသည် ခမ်းနားထည်ဝါကာ တောက်ပသည့် နတ်အလင်းတန်းများက မရေတွက်နိုင်အောင် ထိုးထွက်လာကြောင်း ခံစားမိပေသည်။ ထိုနတ်အလင်းတန်းများက ကောင်းကင်ကို ထိုးဖောက်လာပြီး ကျဆင်းလာသည့် ဥက္ကာပျံများကို ဖျက်ဆီးပစ်လိုက်သည်။ အလင်းတန်းများက ထျန်းရှန်း၏ အလင်းနှင့် အလားသဏ္ဌာန်တူပြီး ၎င်း၏ လမ်းကြောင်းအတွင်းရှိ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ ၎င်းသည် မဖျက်​ဆီးနိုင်သည့်အရာ မည်သည်မှ မရှိသလို ထင်မှတ်ရပေသည်။

"ဘုန်း..."

ထိုအခိုက်အတန့်တွင် ရီဖူရှင်း၏ ခန္ဓာကိုယ်က စတင်၍ လှုပ်ရှားလာသည်။ ကြီးမားလှသော ဥဒေါင်းပုံရိပ်က မရေတွက်နိုင်သော နတ်အလင်းတန်းများနှင့်အတူ တိကျသော နေရာတစ်ခုထံ ပြေးဝင်သွားပေသည်။ နတ်အလင်းများက လှံတစ်ခုအသွင် ဖွဲ့စည်းလာပြီး တိုက်ပွဲစွမ်းအားများက ထိုနေရာတစ်ခုလုံးကို လွှမ်းခြုံသွား၏။

ရီဖူရှင်း၏ လှံက ရှေ့သို့ ထိုးဖောက်လာသည်။ ချက်ချင်းပင် ထျန်းရှန်းတစ်ပါးက ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားလေသည်။ ကြီးမားသော ဥဒေါင်းမိစ္ဆာနတ်ဘုရား၏ ပုံရိပ်ယောင်ခန္ဓာက နေရာတစ်ခုဆီ တိုးဝင်သွားပြီး ထိုနေရာက အဆင့်ကိုး ရန်ဟောင်တစ်ပါးတည်ရှိရာ နေရာဖြစ်လေသည်။

သူ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ ထျန်းရှန်းတစ်ပါးက သူ့အနီးတွင် ပေါ်ပေါက်လာပြီး သူ့အား ကြောက်မက်ဖွယ် ခုခံစွမ်းအားဖြင့် ကာကွယ်ထားလိုက်သည်။

ကြီးမားလှသည့် ဥဒေါင်းက ရောက်ရှိလာသည်။ ရီဖူရှင်း၏ လှံက နတ်အလင်းများကို ဝါးမြိုပြီး တပြိုင်နက် ကျရောက်လာပေသည်။

ဘန်း....

အရာအားလုံးက ဖျက်ဆီးခံလိုက်ရသည်။ ၎င်းက ပြိုင်ဘက်ကင်းလှသည်။ ထျန်းရှန်းက အက်ကွဲလာပြီး ပြိုင်ဘက်၏ ခုခံစွမ်းအားက ချက်ချင်း ပျက်ပြယ်သွားပေသည်။

လှံက ချက်ချင်းပင် အဆင့်ကိုး ရန်ဟောင်ရှေ့သို့ ရောက်ရှိလာသည်။ ကြောက်မက်ဖွယ် မဟာလမ်းစဥ် မုန်တိုင်းက အော်မြည်နေပြီး ထိုရန်ဟောင်၏ ရှည်လျားသော ဆံပင်နှင့် အဝတ်များကို လေထဲတွင် လွင့်ပျံကခုန်နေစေ၏။ အစွမ်းထက်လှသော မဟာလမ်းစဥ်များက ထိပ်တိုက်တွေ့ဆုံသွားကြသည်။ သို့သော် ရီဖူရှင်း၏ လှံက ပစ်မှတ်ထံ မရောက်ရှိခဲ့ပေ။ သို့မဟုတ်ပါက ၎င်းသည် ပြိုင်ဘက်၏ မဟာလမ်းစဥ် ခုခံစွမ်းအားကို ချိုးဖျက်ကာ မျက်လုံးများကြားသို့ ထိုးဖောက်ဝင်ရောက် သွားပေလိမ့်မည်။

အဆင့်ကိုးရန်ဟောင်သည် သူ့ရှေ့မှ အဖြူရောင်ဆံပင်နှင့် ပုံရိပ်ကို စိုက်ကြည့်လိုက်သည်။ တောက်ပသည့် မျက်လုံးတစ်စုံက ပထမဆုံး ထိတ်လန့်သွားပုံရပြီး နောက်မှ အရောင် မှိန်ဖျော့လာပေသည်။ နောက်ဆုံးတွင် သူက စိတ်သက်သာရာရစွာ ကြည့်လိုက်သည်။ သူက ခပ်တိုးတိုး ရေရွတ်လိုက်၏။ "လူငယ်တွေက လူကြီးတွေထက် သာလွန်သွားကြပြီပဲ။"

ထို့နောက် သူက ပြန်လှည့်ကာ တစ်နေရာသို့ လျှောက်သွားခဲ့သည်။ သူက သွမ့်ထျန်းရှုံအား အရိုအသေပေးကာ ပြောလိုက်၏။ "ဒီလက်အောက်ငယ်သားက အသုံးမကျပါဘူး။"

အဆင့်ကိုး ရန်​ဟောင်သည်ပင် ရီဖူရှင်း၏ တိုက်ခိုက်မှုကို တားဆီးနိုင်ခြင်းမရှိဘဲ ရှုံးနိမ့်သွားရပေသည်။

ရှေးဟောင်းတော်ဝင် သွမ့်မိသားစုတစ်ခုလုံးက ကြောက်မက်ဖွယ် ကောင်းလောက်အောင် တိတ်ဆိတ်သွားခဲ့သည်။ ရီဖူရှင်း ထိုမျှထိ စွမ်းဆောင်နိုင်လိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။ အဆင့်ကိုးရန်ဟောင်တစ်ပါးက အဆင့်ငါးရန်ဟောင်ကြောင့် ရှုံးနိမ့်ခဲ့ရသည်။ ရီဖူရှင်း၏ ရှေ့ဆက်ရာလမ်းကို တားဆီးနိုင်မည့်သူ မည်သူမှ မရှိသလိုပင် ထင်မှတ်ရပေသည်။

ယနေ့တွင် မဟာနတ်ဘုရားများကုန်းမြေကို အုပ်စိုးထားသည့် ရှေးဟောင်းတော်ဝင် သွမ့်မိသားစုအတွင်း ရီဖူရှင်းတစ်ယောက်တည်း ထိုးဖောက်ဝင်ရောက်နိုင်မည်လား။

ကြည့်ရသည်မှာ ရှန်ချင်းနယ်မြေက နောက်ထပ် ထူးချွန်လှသော ကြီးမြတ်လှသည့် ပုဂ္ဂိုလ်တစ်ဦး မကြာခင် ပေါ်ထွန်းလာတော့မည်ဟု နန်းတော်အပြင်ဘက်မှ ကျင့်ကြံသူများက တွေးလိုက်ကြသည်။ သူတို့၏ နှလုံးသားများက တုန်ယင်နေသည်။ ရှန်ချင်းနယ်မြေ၌ ထိုမျှ အရည်အချင်းရှိလှသော ပုဂ္ဂိုလ် များများစားစား မရှိခဲ့ပါချေ။

***

All Chapters