← Chapters

ကျိုကျုံးဗီလာက သူ့အိမ်

Vol. 137 Ch. 2043

ကျိုကျုံးဗီလာက သူ့အိမ်

Vol. 137 Ch. 2043

“ ဟဲ့… ပိုက်ဆံ ရှိတယ်ဆိုရင်တောင် အခုလို လက်ဖွာလို့ ဖြစ်မလား … အနာဂတ်အတွက် စုရမယ် ၊ ဆောင်းရမယ် ၊ ပြင်ဆင်ထားရမယ်…. “

ချိုးချိုးခြံခြံ နေလေ့ရှိသည့် ထန်လိအတွက်ကတော့ ဤသို့ ပိုက်ဆံသုံးနည်းက လက်ခံနိုင်ဖွယ် မရှိသည့် ကိစ္စရပ်ပင်။

“ ဘာမှ မဖြစ်ဘူး မေမေ … အမယ်တွေ အတွက် ယွမ် ၂,၀၀၀ ကျော် သုံးလိုက်တာက အမေ့အတွက် ဧရာမကြီး ဆိုပေမယ့် သမီးတို့အတွက်ကတော့ ပုံမှန်ပဲ …”

“ အေးပါ အေးပါ … နင်တို့က လူကြီးတွေပဲ .. ပြီးတော့ ကိုယ့်ဘဝနဲ့ကိုယ်ဆိုတော့ ငါ ဘာမှ မပြောတော့ပါဘူး …”

“ အွန်း အွန်း …”

ကျိုးရှင်းယွီ ခေါင်းညိတ်ပြီး ရန်စီကို ကြည့်လိုက်သည်။ “ ဝမ်းကွဲ … ပြန်ကြစို့ … ငါတို့ နိုင်ငံခြားက တင်သွင်းလာတဲ့ အမဲသား ဝယ်လာခဲ့တယ်… အရည်အသွေးက သိပ်ကောင်းတာနော်… ခဏကျရင် နင့်ကို မြည်းစမ်းခိုင်းမယ်…”

လင်းရီမှာ ဆွံ့အသွားခဲ့ရ၏။

ရန်စီလည်း ကူကယ်ရာမဲ့စွာဖြင့် ခေါင်းညိတ်ပြလိုက်ရသည်။ စိတ်ထဲတွင်တော့ ကျိုးရှင်းယွီကို အဖတ်လုပ်၍ စကားလေး တစ်ခွန်းပင် ပြောလိုစိတ် မရှိတော့ချေ။

“ သွားစို့ … ဈေးလည်း ဝယ်ပြီးပြီဆိုတော့ အိမ်ပြန်ရုံပဲ …”

“ ဝမ်းကွဲ … နင် ရှေ့ကမောင်း … ငါတို့ နောက်က လိုက်ခဲ့မယ်….”

“ ကောင်းပြီလေ…”

လင်းရီ သာမန်လျှံကာ တုံ့ပြန်၍ ကားထဲသို့ ဝင်ကာ ကျိုကျုံးဗီလာသို့ ဦးတည်မောင်းနှင်လိုက်သည်။

မိနစ်လေးဆယ်ခန့် မောင်းနှင်ပြီးနောက်တွင်။

GL8 အထဲ၌ ထိုင်နေသည့် ကျိုးရှင်းယွီသည် ပတ်ဝန်းကျင်ကို ကြည့်လျက် “ သူက ဘယ်မှာ နေတာလဲတဲ့ … ငါတို့မောင်းနေတာ မြို့ပြင်တောင် ရောက်တော့မယ်…”

“ ကြည့်ရတာတော့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ ဖြစ်လောက်တယ်…” ချန်ထန် ထူးမခြားနား အမူအရာဖြင့် ပြောဆိုလိုက်သည်။ လေသံက ထိုသို့ ဆိုသော်လည်းပဲ မျက်နှာက မိုးမျှော်နေသည်။

“ သူ့ အလုပ်အကိုင်က ရဲအရာရှိလေ … ဟွာရှန်းဆေးရုံမှာလည်း အလုပ်လုပ်ခဲ့ဖူးတာကို သူ့ အခြေအနေက ဒီလောက် မဆိုးရွားသင့်ပါဘူး .. ဘာလို့ ဆင်ခြေဖုံးရပ်ကွက်မှာ နေတာလဲတဲ့ … ဒါက အတော်လေး ……….”

ကျိုးရှင်းယွီ တွေးထင်ထားသည်မှာ လင်းရီ၏ အခြေအနေက ချန်ထန်ကဲ့သို့ မကောင်းမွန်လင့်ကစား ကျိုးဟိုင်မြို့တွင်း၌ နေထိုင်လိမ့်မည်ဟူ၍ပင်။ သို့သော် မြို့ပြင်ရှိ ဆင်ခြေဖုံး ရပ်ကွက်တစ်ခုလေး၌ ရှိနေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါချေ။

“ မမေ့လိုက်နဲ့ … ဒါက ကျိုးဟိုင် .. ဆင်ခြေဖုံး ရပ်ကွက်ဆိုရင်တောင် သူ့ အိမ်ဈေးတွေက မသေးဘူး…” ချန်ထန် ပြောဆိုလိုက်သည်။ “ လူတိုင်းက ငါ့လို ကျိုးဟိုင် မြို့လယ်ခေါင်မှာ နေနိုင်တာမျိုးမှ မဟုတ်တာ … ဒီလို ဆင်ခြေဖုံးရပ်ကွက်မှာ နေနိုင်တာကလည်း အတော်လေး ဟုတ်နေပါပြီ…”

“ အမှန်ပဲ … ဘာပဲဆိုဆို ဒီမြို့က ဟွာရှရဲ့ အိမ်ဈေးတွေ မိုးလောက်ကြီးမြင့်တဲ့ မြို့တစ်မြို့ပဲလေ…”

“ ဒါကြောင့်မို့ အရမ်းကြီး အံ့အားသင့်သွားမနေနဲ့ … သူ့ လက်ရှိ အနေအထားနဲ့ဆို ဆင်ခြေဖုံး ရပ်ကွက်မှာ နေတာက ပုံမှန်ပဲ … လူလူချင်း တူတာမဟုတ်ဘူး … ကွဲပြားခြားနားမှုဆိုတာ အမြဲရှိတယ်…” ချန်ထန် ဘဝင်မြင့်စွာဖြင့် ပြောဆိုလိုက်၏။

လင်းရီ၏ လောင်းရိပ်အောက်သို့ နှစ်ကြိမ်တိုင်တိုင် ရှိနေခဲ့ရပြီးနောက်တွင် ချန်ထန်သည် ဤတစ်ကြိမ်တွင်တော့ သူ့မျက်နှာ အနည်းငယ် ပြန်ရရှိပြီ ဖြစ်သည်။

“ ဘုရားရေ … ထန်ထန် နင်အဲ့ဒီအိမ်တွေကို ကြည့်စမ်းပါဦး …. လန်းလိုက်တာ …”

ကျိုးရှင်းယွီ ညွှန်ပြသည့် နေရာဘက်ခြမ်းသို့ လိုက်ပါကြည့်ရှုရင်း ချန်ထန် တည်ငြိမ်စွာ ဆိုလိုက်သည်။

“ မင်း လှတယ်ထင်နေတာ မဆန်းပါဘူး … အဲ့တာ ကျိုကျုံးဗီလာရဲ့ ဗီတာတစ်စိတ်တစ်ပိုင်းလေ … ကျိုးဟိုင်ရဲ့ အထူးသီးသန့် အိမ်ယာပေါ့ ….”

“ ကျိုကျုံးဗီလာ ဟုတ်လား … ငါ ဘာလို့ အရင်က တစ်ခါမှ မကြားဖူးရတာလဲ …”

“ အဲ့တာက မင်း ဒီအဆင့်တွေနဲ့ တစ်ခါမှ မထိတွေ့ဖူးလို့လေ….” ချန်ထန် ရှင်းပြလိုက်သည်။ “ ကျိုကျုံးဗီလာမှာ ဗီလာစုစုပေါင်း ကိုးခုပဲ ရှိတယ်… ဈေးအကြီးဆုံးကိုက ၁.၃ ဘီလီယမ်နဲ့ ရောင်းတာ …. ပြီးတော့ ဈေးအပေါဆုံးကတောင် ယွမ် သန်း ၈၀၀ ကျော် ရှိတယ်… အထဲက မြေမျက်နှာသွင်ပြင်နဲ့ ဥယျာဉ်ဒီဇိုင်းက မင်း ရုက္ခဗေဒ ဥယျာဉ်ထဲ ရောက်သွားလား ထင်မှတ်ရလောက်တဲ့အထိပဲ … စောက်ရမ်း အဆင့်မြင့်တာ …”

“ နင် အတည်ကြီး ပြောနေတာလား … ဈေးအပေါဆုံးကတောင် ယွမ် သန်း ၈၀၀ ကျော်တယ်ပေါ့ …”

ကျိုးရှင်းယွီမှာ မယုံကြည်နိုင်သည်အထိ ရှော့ခ်ရသွားခဲ့မိသည်။ ထိုမျှ ငွေပမာဏ အများကြီးကို သူမ အိပ်မက်ထဲပင် ထည့်မမှတ်ဖူးပါချေ။

“ အိမ်တစ်လုံးကိုတောင် အဲ့လောက်ဈေးနဲ့ ရောင်းနေတယ်ဆိုတော့ ….. ကျိုးဟိုင်က တကယ့်ကို သာမန်လူတွေ အတွက် မဟုတ်ဘူးပဲ …” ထန်လိ ပြောဆိုလိုက်သည်။

“ မေမေ ပြောတာ မှားတယ်… ဒါ သူဌေးတွေ ဘယ်လိုနေလဲ ဆိုတာပဲ …” ကျိုးရှင်းယွီ မနာလို ဖြစ်နေသည့် မျက်နှာထားဖြင့် ပြောဆိုလိုက်၏။

“ ဟမ် … မင်း ဝမ်းကွဲရဲ့ကားက ဘာလို့ ကျိုကျုံး ဗီလာဘက် လှည့်သွားခဲ့တာလဲ …”

ချန်ထန်၏ ဇဝေဇဝါ ဖြစ်နေသည့် လေသံက ကျိုးရှင်းယွီ၏ အာရုံကို ဆွဲဆောင်သွားခဲ့ပြီး သူမ အလျင်အမြန် လှမ်းမျှော်ကြည့်လိုက်ရာ ထိုအတိုင်း ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည်။

“ ဘာတွေ ဖြစ်နေတာလဲ … သူက ကျိုကျုံးဗီလာဘက်သွားပြီး ဘာလုပ်မလို့လဲတဲ့ …”

“ တစ်ခုခု သွားပေးတာ နေမှာပါ … ကြည့်ရတာ ကျိုကျုံးဗီလာမှာ နေတဲ့လူ တစ်ယောက်နဲ့ သိနေတယ်ထင်တယ်….”

ကျိုးရှင်းယွီ၏ အမြင်တွင် ဈေးအပေါဆုံး ဗီလာကိုပင် ယွမ် သန်း ၈၀၀ ကျော်ဖြင့် ရောင်းချနေသည့် ကျိုကျုံးဗီလာ၌ နေထိုင်နိုင်သူတို့မှာ ဘီလီယမ်နာများပင်။ သို့ပေမယ့် လင်းရီသည် လူသာမန် တစ်ယောက်သာ မဟုတ်လော။ သူက ဘယ်လိုဖြစ်ပြီး အဲ့လို ချမ်းသာတဲ့ ဒိတ်ဒိတ်ကျဲကြီးတွေနဲ့ ရင်းနှီးနေတာလဲတဲ့။

“ မင်း မှားနေပြီ … သူက ရဲအရာရှိတစ်ယောက်ဆိုတာ မေ့မသွားနဲ့ဦးလေ… အဲ့အလုပ်အကိုင်ကလည်း အတော်လေး ထူးခြားတယ်…”

“ ဘာတွေများ ထူးခြားနေလို့ …”

“ ဘာလို့ဆို ချမ်းသာတဲ့လူတွေက သာမန်လူတွေထက်ပိုပြီး ပြဿနေတွေ ပိုများတယ်… ဆိုတော့ ရဲတွေနဲ့ ပိုပြီး ထိတွေ့ဆက်ဆံရတယ်လေ…”

ချန်ထန် ရှင်းပြလိုက်သည်။ “ သူ ဒီလာပြီး စာရွက်စာတမ်း တစ်ခုခု … ဒါမှမဟုတ်ရင် တခြား တစ်ခုခု လာပေးတာ နေမှာပေါ့ …”

“ အဲ့တာတော့ လွန်သွားပြီ … ငါတို့က သူ့အိမ်သွားပြီး ညနေစာ စားမလို့ပါဆိုနေ အဲ့တာကို သူက အလုပ်ကိစ္စ ဝင်လုပ်နေတယ်ပေါ့ … ယဉ်ကျေးမှု မရှိလိုက်တာ …”

“ကဲပါ … အတွေးလွန်မနေနဲ့ … ဘယ်လိုပဲ ပြောပြော ဘယ်သူကများ ငါ့ထက်ပိုပြီး အသေးစိတ်နိုင်မှာလဲ ဟုတ်တယ်မလား …”

( ဒီနေရာမှာ အသေးစိတ်တယ် ဆိုတာက အသေးမွှားလေးကစ တစ်ဖက်လူကို ထည့်သွင်းစဉ်းစားပေးတာကို ပြောချင်တာပါ။)

ကျိုးရှင်းယွီ ခေါင်းညိတ်လိုက်ပြီး အပြုံးတစ်ခုက သူမ မျက်နှာထက် ထွက်ပေါ်လာသည်။

“ နင် ပြောတာ မှန်တယ်… သူ လုပ်ချင်တာ ပေးလုပ်လိုက်မယ်… အနည်းဆုံးတော့ အတွင်းက ဘယ်လိုမျိုးလဲဆိုတာ ငါတို့ ကြည့်လို့ရတယ်လေ… လာရတာလည်း အလကားတော့ မဖြစ်ပါဘူး …”

“ အင်း … အတိအကျပဲ ….”

မကြာမီ ကားနှစ်စင်းက ကျိုကျုံးဗီလာ ဝင်ပေါက်ဝသို့ ရောက်ရှိလာခဲ့သည်။ လင်းရီသည် လုံခြုံရေး အစောင့်နှစ်ဦးကို နှုတ်ဆက်လိုက်၏။ ပြီးလျှင် ဂိတ်တံခါး ပွင့်သည်နှင့် ကားနှစ်စင်းလုံး ဝင်ခွင့် ရရှိသွားခဲ့သည်။

“ ထန်ထန် .. ကျိုကျုံးဗီလာ အတွင်းပိုင်းက တကယ့်ကို မင်သက်လောက်စရာပဲနော်… တောင်အတုနဲ့ လူလုပ် ရေကန်တွေလည်း ရှိတယ်… ပင်လယ်ကလည်း ဒီအနီးနားလေးမှာပဲ … ရှုခင်းက တကယ့်ကို ရင်သပ်ရှုမောရလောက်အောင်ကိုပဲ …”

“ ဒါတွေ မရှိရင် ကျိုးဟိုင်ရဲ့ ထိပ်တန်း လူနေဗီလာပါဆိုပြီး ဘယ်လိုလုပ် သတ်မှတ်လို့ရမှာ … သေချာလေး ကြည့်ထား … ငါတို့ ခဏဆို ပြန်ထွက်ရတော့မှာ …”

“ အွန်း အွန်း ….”

ကျိုကျုံးဗီလာ၏ အတွင်းဘက်ခြမ်းထဲသို့ ဝင်လာရင်း ကျိုးရှင်းယွီ၏ မျက်လုံးမှာ လှပသည့် ရှုခင်းများထံမှ အကြည့်မခွာနိုင်အာင် ဖြစ်နေသည်။ နေရာတစ်ခွင်ကို ပတ်တပ်လည်အောင် ကြည့်နေရင်း အသေးစိတ် တစ်ခုချင်းစီတိုင်းကို စိတ်ထဲ စွဲအောင် မှတ်သားနေခဲ့၏။

မကြာမီ ကားနှစ်စင်းက ဗီလာနံပါတ် တစ်သို့ ရောက်လာခဲ့ပြီး လင်းရီနှင့် ရန်စီတို့ ကားထဲက ထွက်လာသည်။

“ ပစ္စည်းတွေ ထုတ်တော့ … ငါတို့ အိမ်ရောက်ပြီ …”

ရန်စီသည် ချန်ထန်ဘက်သို့ လှည့်ပြီး ပြောလိုက်သည်။

“ ဟင် … အိမ် ဟုတ်လား …”

ဤသည်ကို ကြားတော့ သုံးဦးလုံး ကြက်သေသေသွားခဲ့ပြီး သူတို့ မျက်နှာမှာ ရှော့ခ်ရမှုတို့ဖြင့် ပြည့်နှက်သွားခဲ့သည်။

“ ဝမ်းကွဲ … နင် ဘာပြောလိုက်တယ်… ငါတို့အိမ်ရောက်ပြီ ဟုတ်လား …”

“ နင့် ခဲအိုက ဒီမှာနေတာ … ကားထဲက ထွက်ခဲ့တော့ …”

ချန်ထန်နှင့် ကျိုးရှင်းယွီတို့သာလျှင် ရှော့ခ်ရသွားခဲ့ခြင်း မဟုတ်ဘဲ အစောပိုင်းတုန်းက များများစားစား အာရုံမထားခဲ့သည့် ထန်လိသည်ပင် ထပ်တူထပ်မျှ ရှော့ခ်ရသွားခဲ့ရပြီး ယုံကြည်နိုင်ဖို့ ခဲယဉ်းလှသည်ဟု ခံစားနေရလေသည်။

အစောပိုင်းတုန်းကပဲ ဈေးအပေါဆုံး ဗီလာသည်ပင် ယွမ် သန်း ၈၀၀ ကျော်သည်ဟု ချန်ထန် ရှင်းပြခဲ့သည်။ သူမ တူမလေး၏ ကောင်လေးက ဘယ်လိုဖြစ်ပြီး ဤကဲ့သို့ နေရာမျိုး၌ နေထိုင်နိုင်နေသနည်း။

ရန်စီ ဆော်ဩလိုက်ပြီး ကားတံခါးဖွင့်ကာ ထန်လိအား အပြင်သို့ ထွက်ရန် ကူညီပေးလိုက်သည်။ ထို့နောက် ဗီလာနံပါတ်တစ်ထဲသို့‌ ခေါ်ဆောင်သွားလိုက်၏။

ထိုစဉ်တွင် ချန်ထန်နှင့် ကျိုးရှင်းယွီတို့ကတော့ နေရာတွင် သစ်ငုတ်တွယ်နေမိသကဲ့သို့ ငူငူငိုင်ငိုင်ကြီး ဖြစ်နေရင်း ဖြစ်ပျက်နေသည်များအား ကြေညက်အောင် ချေဖျက်ဖို့ အချိန်ယူနေရ၏။

“ ထန်ထန် .. သူ့ လစာနဲ့ ဒီမှာ နေဖို့ဆိုတာ မဖြစ်သင့်ဘူးမလား …”

“ လုံးဝ မဖြစ်သင့်ဘူး …” ချန်ထန် ပြောလိုက်သည်။ “ ဒါပေမယ့် သူ ဘာလို့ ဒီလိုမျိုး‌ နေနိုင်နေလဲဆိုတာတော့ ငါလည်း နားမလည်ဘူး …”

“ ငှားထားတာရော …. ဖြစ်နိုင်လောက်လား …”

“ မဖြစ်နိုင်လောက်ဘူး …” ချန်ထန် ခေါင်းခါယမ်း၍ “ ကျိုကျုံးဗီလာမှာက တင်းကြပ်တဲ့ စည်းမျဉ်းတွေ ရှိတယ်… ဒီမှာ ဗီလာတစ်ခု ငှားနိုင်ဖို့ သူ့ လစာရဲ့ လုပ်နိုင်စွမ်းထက်ကို အများကြီး ကျော်လွန်နေပြီ …”

“ ဒါဆိုရင် ဘာတွေ ဖြစ်နေတာလဲတဲ့ ….”

“ ငါလည်း သေချာမသိဘူး … အထဲဝင်ကြည့်ကြတာပေါ့ …”

All Chapters