← Chapters

မော်ကြွားနေတာတွေ တော်လိုက်တော့

Vol. 137 Ch. 2044

မော်ကြွားနေတာတွေ တော်လိုက်တော့

Vol. 137 Ch. 2044

အုပ်စုမှာ ဗီလာနံပါတ်တစ်အတွင်းသို့ တစ်ယောက်ပြီး တစ်ယောက် ဝင်လာခဲ့ကြသည်။ ချန်ထန်နှင့် ကျန်သူများမှာ ခမ်းနားလှသည့် အတွင်းပိုင်း အပြင်အဆင်ကြောင့် တစ်ဖန်ပြန်ပြီး အသက်ရှူမှားသွားရပြန်သည်။

အိမ်၏ တန်ဖိုးကို ဘေးချိတ်ထား၍ အတွင်းပိုင်း အပြင်အဆင် တစ်ခုတည်း သပ်သပ်ကပင် ကျိုးဟိုင် အခြားနေရာရှိ ထိပ်တန်း ဗီလာတစ်ခုကို ဝယ်ယူဖို့ လုံလောက်နေပြီ ဖြစ်သည်။

“ ရန်ရန် … ဒါ တကယ်ကြီး နင့်ကောင်လေးရဲ့ အိမ်လား …” ထန်လိ မယုံကြည်နိုင်စွာ မေးမြန်းလာခဲ့သည်။

“ ဒါပေါ့ အန်တီရယ် .. မဟုတ်ရင် ဂိတ်စောင့်က သမီးတို့ကို ပေးဝင်ပါ့မလား …”

“ ဒါပေမယ့် သူက သိပ် ချမ်းသာလွန်းမနေဘူးလား … ဒါ တကယ်ပဲ အဆင်ပြေပါတယ်နော်…"

ထန်လိသည် တူမဖြစ်သူကို ထူးချွန်ပြောင်မြောက်သူ တစ်ဦးအဖြစ် အမြဲတစေ ရှုမြင်ထားပါသော်လည်း လင်းရီ ပြသနေသည့် အရည်အချင်းတို့က ရန်စီအား သူနှင့် လုံလောက်စွာ ထိုက်တန်ခြင်း မရှိဟု ခံစားရစေသည်။

အဆင့်အတန်းခြင်း မတူညီသဖြင့် ရေရည်တွင် အဆင်မပြေမှုတို့ ဖြစ်ပေါ်လာမည်ကို သူမ ပူပန်မိ၏။

“ အဲ့အတွက် အန်တီ စိတ်ပူစရာ မလိုပါဘူး … သမီးတို့မှာ အဲ့လို ပြဿနာမျိုး ရှိမှာမဟုတ်ဘူး …”

“ နင် ကိုယ်တိုင်က ပြောနေတော့လည်း အန်တီ စိတ်မပူတော့ပါဘူး …” ထန်လိ ပြောလိုက်ပြီး “ ဒါပေမယ့် သတိတော့ ထားဦးနော် … ဟုတ်ပြီလား …”

“ ဟုတ် …” ရန်စီ အပြုံးလေးဖြင့် တုံ့ပြန်လိုက်သည်။

“ ဒါဆို သမီး လင်းရီနဲ့ သွားပြီး ညစာသွားလုပ်လိုက်ဦးမယ်… အန်တီတို့ ဒီမှာ ခဏထိုင်ကြဦးနော်…”

“ ကောင်းပြီလေ … နင် လုပ်စရာရှိတာလုပ် … နင့်ကောင်လေးကို အများကြီး မလုပ်ဖို့လည်း ပြောလိုက်ဦး … ရိုးရိုးရှင်းရှင်းဆိုလည်း အဆင်ပြေတယ်…”

“ မပူနဲ့ .. အရာအားလုံးက သမီးရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိတယ်…”

ထန်လိနှင့် စကားပြောဆိုပြီးနောက်တွင် ရန်စနှင့် လင်းရီတို့သည် မီးဖိုချောင်ထဲသို့ ဝင်ကာ ညစာအတွက် စတင်ပြင်ဆင် ချက်ပြုတ်ကြလေသည်။ ကျိုးရှင်းယွီနှင့် ချန်ထန်တို့ကိုတော့ အာရုံထားမနေကြတော့ချေ။

ထိုအချိန်တွင် ယင်းတို့နှစ်ဦးမှာတော့ ဘုရင့် နန်းဥယျာဉ်တော်အတွင်း အလည်ပတ်ရောက်နေသည့် အဘွားလျိုကဲ့သို့ ဖြစ်နေကာ မြင်တွေ့သမျှ အရာရာတိုင်းအား တအံ့တအား ဖြစ်နေမိကြ၏။

“ ထန်ထန် … ဒီရဲ့ ဝိုင်ဘားကို ကြည့်စမ်းပါဦး … ကြည့်ရတာ အတော်လေး ဈေးမြှောက်မယ့်ပုံပဲနော်….”

“ အင်း … ငါက ဝိုင်အကြောင်း နားလည်တဲ့လူ မဟုတ်ဘူးဆိုပေမယ့် ကြည့်ရတာ အတော်လေး ဈေးများမယ့်ပုံပဲ …” ချန်ထန် မှတ်ချက် ပေးလိုက်သည်။

“ ဒီလောက် ဈေးကြီးတဲ့ဝိုင်တွေကို ဧည့်ခန်းထဲ ပြထားတာ ယုံတောင် မယုံနိုင်ဘူး … ဒီတိုင်း ရှိုးပြရုံ သပ်သပ်ပဲလား မသိဘူးနော်…” ကျိုးရှင်းယွီ အထင်မြင်သေးစွာဖြင့် ပြောဆိုလိုက်သည်။

“ အဲ့လိုလည်း ဖြစ်နိုင်တာပဲ … ဘာပဲဆိုဆို ဝိုင်တွေကို ပုံမှန်ဆို စုဆောင်းတဲ့ ပစ္စည်းတစ်ခုအနေနဲ့ ထိန်းသိမ်းကြတာလေ … ဘယ်သူမှ ဒီလိုမျိုး ပွင့်ပွင့်လင်းလင်းကြီး ပြထားမနေဘူး …”

“ ငါ တွေးနေတာလည်း အဲ့လိုပဲ …” ကျိုးရှင်းယွီ မျက်လုံးလှန်လျက် ပြောလိုက်ပြီး ဝိုင်ပုလင်းအား စင်ပေါ်သို့ ပြန်တင်လိုက်၏။

“ အား ….”

ခလွမ်း ..

ဝိုင်ပုလင်းအား ပြင်တင်သည်တွင် သေချာ ပြန်မတင်မိသဖြင့် ၎င်းက ကြမ်းပြင်သို့ ပြုတ်ကျကွာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားခဲ့ပြီး နေရာတစ်ခုလုံးသို့ ဖိတ်စင်သွားခဲ့၏။

ဆူဆူညံညံ အသံများကို ကြားတော့ ရန်စီနှင့် လင်းရီလည်း မီဖိုချောင်ထဲက ထွက်ပြီး အလျင်အမြန် ရောက်ရှိလာသည်။

ရန်စီ မျက်မှောင်တင်းတင်းကြုတ်သွားခဲ့ပြီး သူမ၏ မျက်နှာထက်တွင် မကျေမချမ်းဖြစ်သည့် အမူအရာတို့ ပြသလာခဲ့ကာ ပေါက်ကွဲမတတ် ဖြစ်လာသည်။ သို့သော် ထန်လိလည်း ရှိနေသဖြင့် သူမ ပြန်ပြီး ချုပ်ထိန်းထားလိုက်သည်။

“ နင် ဘာလို့ ဒီလောက်တောင် နမော်နမဲ့ နိုင်ရတာလဲ …” ထန်လိ ဆူငေါက် ကြိမ်းမောင်းလိုက်၏။

“ နင့်ခဲအိုအိမ်ထဲက ပစ္စည်းတွေကို လျှောက်မထိဖို့ ငါ မမှာထားဘူးလား … နင် ဘာလို့ ငါ့စကားကို နားမထောင်တာလဲ …”

သမီးဖြစ်သူအား ဆူပူကြိမ်းမောင်းပြီးနောက်တွင် ထန်လိသည် တစ်သျှူးတချို့အား အလျင်အမြန်ယူ၍ နေရာတစ်ဝိုက်အား သန့်ရှင်းလေတော့သည်။

“ မေမေကလည်း .. ဒါကဖြင့် ဒီတိုင်း အလှပြသပ်သပ်လေးကိုပဲ အလွန်ဆုံး ရှိလှ ယွမ် အနည်းငယ်ပေါ့ … သမီး အသစ် ပြန်ဝယ်ပေးလိုက်မယ်…”

“ ဒီတိုင်း အလှပြသပ်သပ်လို့ ဘယ်သူပြောလဲ …” ရန်စီ တင်းမာသည့် လေသံဖြင့် ခွန်းတုံ့ပြန်၍ “ အဲ့တာ 1978 Chateau Latour … နင့် ခဲအို လေလံပွဲမှာ ဝယ်ခဲ့တာ ယွမ် ၂၈၀,၀၀၀ ရှိတယ်…”

“ ယွမ် ၂၈၀,၀၀၀ ….”

ဟစ်…..

“ နင် ဘာပြောလိုက်တယ်… ဒီရဲ့ ဝိုင်ပုလင်းက ယွမ် ၂၈၀,၀၀၀ ပေးရတယ်ပေါ့ ….”

ကျိုးရှင်းယွီ အံ့ဩဘနန်း ဖြစ်သွားခဲ့ပြီး ဦးနှောက်မှာ တခဏမျှ ဗလာကျင်းသွားခဲ့သည်။ ယွမ် ၂၈၀,၀၀၀ ပေးရသည့် ဝိုင်ပုလင်းက သူမမျှော်မှန်းထားသည်နှင့် အများကြီး ကွာဟနေသည်။

“ အဲ့မှာ တင်ထားတဲ့ ဝိုင်တွေ အကုန်လုံးက အဲ့ဈေးနီးပါးပဲ …”

“ အဲ့လောက် ဈေးကြီးနေရင်လည်း တခြားနေရာမှာ ထားလေ … တကယ်လို့ မတော်တဆ တစ်ယောက်ယောက် ခွဲမိရင် ဘယ်လိုလုပ်မှာ … “

“ ဘာလို့ဆို လူတော်တော်များများက ကိုင်ကြည့်ကြမှာတောင် မဟုတ်လို့ပဲ …”

“ ထားလိုက်ပါ … ဝိုင်တစ်ပုလင်းလေးပဲမလား … ဘာမှဟုတ်တာ မဟုတ်ပါဘူး …” လင်းရီ ပြောလိုက်ပြီး “ မင်း သွားပြီး သန့်ရှင်းလိုက် … ငါ မီးဖိုချောင်ထဲ ဆက်လုပ်လိုက်မယ်…”

“ အွန်း …”

ရန်စီ ဘာပြောလို့ ပြောရမှန်း မသိတော့ချေ။ သို့သော် လင်းရီထံသို့ စိတ်မကောင်းဖြစ်စိတ်နှင့် အပြစ်ရှိစိတ်တို့ ဖြစ်ပေါ်နေမိသည်။

ကျိုးရှင်းယွီနှင့် ချန်ထန်တို့ကတော့ ဘေးတွင် ရပ်နေရင်း အရှက်ရနေလျက် ရှိကာ စကားတစ်ခွန်းပင် ထပ်မပြောရဲကြတော့ချေ။

ရန်စီနှင့် ထန်လိတို့မှာတော့ ကွဲကြေသွားသည့် ဖန်ကွဲစများနှင့် ဝိုင်များအား ရှင်းလင်းနေကြလေသည်။ မိနစ် နှစ်ဆယ်ခန့် ကြာပြီးနောက် နေရာမှာ ပြန်ပြီး သပ်သပ်ရပ်ရပ် ဖြစ်သွားခဲ့သည်။

“ ထန်ထန်… အဲ့ဒီဝိုင်ပုလင်းက တကယ်ပဲ အဲ့လောက် ဈေးကြီးမယ်လို့ နင်ထင်လား ..” ကျိုးရှင်းယွီ မေးမြန်းလိုက်၏။ “ သူ တကယ်ကြီး အဲ့လောက် ဈေးကြီးတဲ့ ဝိုင်ကို တတ်နိုင်မှာလား …”

“ တပ်အပ်ကြီးတော့ ဘယ်ပြောလို့ရမှာ … ဒါပေမယ့် ငါ့စိတ်ထဲတော့ သူ အဲ့လောက်ကြီးထိ ချမ်းသာနေတယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်တယ်…” ချန်ထန် ပြောဆိုလိုက်ပြီး “ သူ့ ဒီခု အဆင့်လောက်ဆိုရင် ချမ်းသာတဲ့ ဒုတိယမျိုးဆက် ဆက်ခံသူတွေ အများကြီးနဲ့ ရင်းနှီးနေမှာ … သာမန်လူတွေဆို အဖတ်လုပ်ပြီး ဆက်ဆံနေမှာတောင် မဟုတ်ဘူး … ပြီးတော့ ဒီလောက်ချမ်းသာနေတဲ့လူက ဘာမို့လို့ ရဲအရာရှိ လုပ်နေမှာလဲ ဟုတ်တယ်မလား …”

“ ဒါဆို ဒီအိမ်ကြီးကရော …”

“ ငါလည်း သေချာမသိဘူး … ဆက်ပြီး စောင့်ကြည့်ကြတာပေါ့ …”

လင်းရီ လျင်မြန်စွာ ချက်ပြုတ်၍ တစ်နာရီ အတွင်းမှာပဲ ဟင်းခြောက်ပွဲ ပြင်ဆင်ပြီးသွားခဲ့သည်။ ဟင်းပွဲတစ်ခုချင်းစီတိုင်းက အရောင် ၊ အဆင်း ၊ အနံ့အရသာတို့ ပြောစရာမလိုအောင် ပြည့်စုံနေပြီး စားသောက်ချင်စိတ်ကို လှုံ့ဆော်နေသည်။

လင်းရီ ချက်ပြုတ်ထားသည့် ဟင်းလျာတို့ကို မြင်တော့ ထန်လိမှာ အတော်လေး အံ့အားသင့်သွားခဲ့ရသည်။

“ နင့်ကောင်လေးက ဒါတွေ အကုန်လုံးကို ချက်ခဲ့တာလား … အပေါ်ယံ လက်ရာကို ကြည့်တာနဲ့တင် စားသောက်ဆိုင်တွေထက်တောင် ပိုကောင်းနေသေးတယ်…”

ထန်လိ၏ ချီးမွမ်းသည့် စကားသံကို ကြားတော့ ရန်စီမှာ ဂုဏ်ယူဝံ့ကြွားမှုကို ခံစားလိုက်ရသည်။

“ လင်းရီက စွယ်စုံရတယ်လေ… အန်တီတို့ ထင်မထားတာတွေတောင် သူ အကုန်တတ်တယ်…”

“ နင်က ဟင်းမချက်တတ်တော့ နေ့တိုင်းနေ့ မကျန်းမာတဲ့ အပြင်စာတွေစားရင်း ဘေးဖြစ်မှာကို ငါ့မှာ စိတ်ပူလိုက်ရတာ .. အခုလို ဟင်းချက်တတ်တဲ့ ကောင်လေး ရထားတော့ အစားအသောက်ကိစ္စ ဆက်ပြီး စိတ်ပူစရာ မလိုတော့ဘူး …”

“ သေချာပေါက်ပဲပေါ့ … အန်တီ သတိမထားမိဘူးလား .. သမီးအခုတလော ဝိတ်တက်လာတယ်လေ… အဲ့တာ သူ သမီးကို‌ ကောင်းကောင်း ပြုစုပေးနေလို့ပဲ …”

“ ဒီ လူဆိုးမလေးကတော့ ….”

ရန်စီ တခစ်ခစ် ရယ်မောလိုက်ရင်း သူမ၏ မျက်နှာမှာ ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေသည်။

“ အန်တီ … ဒီအမဲဟင်းကို စားကြည့် … ဒါ လင်းရီရဲ့ အထူးလက်ရာနော်…”

“ အေးပါကွယ် … အေးပါ …”

ထန်လိ အနည်းငယ် မြည်းစမ်းကြည့်လိုက်ရာ သူမ မျက်ဝန်းတို့ အရောင်လက်လာသည်။

“ အမဲသားက နူးအိနေတာပဲ … ငါ ပုံမှန် ဝယ်စားနေကျ အမဲသားတွေနဲ့ တကယ် မတူဘူး…”

“ အဲ့တာ မေမေ အခုစားနေတာက နိုင်ငံခြားက တင်သွင်းတဲ့ အမဲသားမို့ … ဩစတေးလျက လာတာ … အရည်အသွေးက ပိုကောင်းတာ သဘာဝပဲ … ဈေးလည်း မြင့်တယ်…” ကျိုးရှင်းယွီ ပြောဆိုလိုက်ပြီး “ တို့ရဲ့ ထန်ထန်က ဈေးပေါတာတွေ ဘယ်တော့မှ မဝယ်ဘူး …”

“ ဒီဟင်းပွဲက နင်တို့ ဝယ်လာတဲ့ အမဲသားနဲ့ လုပ်ထားတာ မဟုတ်ဘူး …” ရန်စီ ပြောလိုက်ပြီး “ နင့်ခဲအိုက ရေခဲသေတ္တာထဲမှာရှိတဲ့ ဝက်ဂ်ယွီ အမဲသားကို သုံးထားတာ …”

“ ဝက်ဂ်ယွီ …”

“ အင်း … တစ်ဂရမ်ကို ၄ ယွမ်ပေးရတဲ့အသား …”

“ တစ်ဂရမ်ကို ၄ ယွမ်တောင် …” ကျိုးရှင်းယွီ အံ့အားတကြီး မြည်တမ်းသွားမိခဲ့ပြီး “ ဒါဆို တစ်ကတ်တီကို ယွမ် ၂,၀၀၀ ပေါ့ …”

( တစ်ကတ်တီ = ၅၀၀ ဂရမ်)

“ အင်း … အနည်းနဲ့အများပေါ့ …” ရန်စီ ပြန်ပြောလိုက်သည်။

“ ဒီဟင်းပွဲထဲမှာ အသား နှစ်ကတ်တီ သုံးထားတာ … နင် မယုံဘူးဆို လိုင်းပေါ်ရှာကြည့်လိုက် … နင်တို့ ဝယ်လာခဲ့တဲ့ ဩစတေးလျ အမဲသားက ရေခဲသေတ္တာထဲမှာ ရှိနေတုန်းပဲ… ထိတောင် မထိရသေးဘူး …”

ရန်စီ၏ လေသံမှာ ယဉ်ကျေးမနေချေ။

၎င်းတို့နှစ်ယောက်ကို လင်းရီရှေ့တွင် ထပ်ပြီး မကြွားဝါဖို့ သတိပေးနေခြင်းပင်။ မဟုတ်ပါက သူတို့ကိုယ်သူတို့ အရှက်ခွဲမိရုံမျှသာ ရှိလိမ့်မည်။

သူတို့ရှေ့ရှိ ငရုတ်ပွသီးနှင့်‌ ကြော်ထားသည့် အမဲသား ပန်ကန်ကို ကြည့်ရင်း လူတိုင်းမှာ ပြောမပြနိုင်လောက်သည့် လက်ဇရီဆန်မှုကို ခံစားလိုက်ကြရသည်။

ဒီလို ရိုးရှင်းတဲ့ အိမ်ချက်ဟင်းလျာလေးတစ်ခွက်က ယွမ် ၄,၀၀၀ ကုန်ကျတယ်…

ဒါကြီးက မချဲ့ကားလွန်းဘူးလား …

မိသားစု ညစာထမင်းဝိုင်းဖြစ်သဖြင့် လူတိုင်းမှာ တစ်နာရီအတွင်း စားသောက်ပြီးစီးသွားခဲ့ကြသည်။

ရန်စီ သူတို့ကို ကြာကြာ မနေခိုင်းဘဲ အလျင်အမြန်ပဲ သူမ၏ အိမ်သို့ ပြန်ပို့ရန် စီစဉ်လိုက်၏။

မူလတုန်းက လင်းရီသည် ရန်စီကို လိုက်ပို့ပေးချင်သော်လည်းပဲ သူမက ငြင်းဆန်လိုက်သည်။ သူမ လင်းရီကို အတော်လေး ဒုက္ခပေးပြီးပြီဟု ခံစားနေရပြီး မသက်မသာ ထပ်မဖြစ်စေချင်တော့ပေ။

ထိုညနောက်ပိုင်း ဆယ်နာရီအချိန်တွင် ရန်စီသည် လင်းရီထံသို့ ဗွီဒီယိုကော ခေါ်ဆိုလာခဲ့သည်။ သူမက အနက်ရောင် ဇာထည် ညအိပ်ဝတ်အင်္ကျီကို ဝတ်ဆင်ထားလျက် ရှိပြီး ၎င်း၏ အောက်ဘက်တွင်တော့ ဝင့်ကြွားဖွယ်ရာ ကိုယ်လုံးကိုယ်ပေါက်အား ကလူကျီစယ်စွာ လှစ်ဟာပြနေလျက် ရှိလေသည်။

“ ဒီလိုဝတ်ပြီး ဗွီဒီယိုကော ခေါ်လာတယ်ဆိုတော့ ငါ့ကို စိန်ခေါ်နေတာလား ဟမ် …”

All Chapters