နင်းစုန်မြစ်ဝါကောင်းကင်တက်လှမ်းခြင်းအစီအရင် ကိုးကောင်မြောက် ရှားပါးအင်မော်တယ်သားရဲ
Vol. 25 Ch. 362
မျက်စိတစ်မှိတ်အတွင်းမှာ သုံးရက်ကြာသွားခဲ့သည်။
တင်း!
"ဂုဏ်ပြုပါတယ်လက်ခံသူ။ သင် ဆန်းကြယ်အင်မော်တယ်နှောင်းပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ကို ဆယ်ရက်ကြာ ရှင်းလင်းခဲ့ပါတယ်။ သင် အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းကို တစ်ကြိမ်ရှင်းလင်းခဲ့ပါတယ်။ သင် နင်းစုန်မြစ်ဝါကောင်းကင်တက်လှမ်းခြင်းအစီအရင်နှင့်အဆင့်မြင့်အင်မော်တယ်သလင်းကျောက်တစ်ထရီလီယန်ရရှိပါတယ်။"
အသိပေးချက်တစ်ခုပေါ်လာသည်။
ချီမင်က မျက်ခုံးပင်သွားပြီး အချက်အလက်ကို လျင်မြန်စွာဖြင့်စစ်ဆေးလိုက်သည်။
ပစ္စည်း နင်းစုန်မြစ်ဝါကောင်းကင်တက်လှမ်းခြင်းအစီအရင်
ဖော်ပြချက် ဆန်းကြယ်အင်မော်တယ်နှောင်းပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း ကောင်းကင်တက်လှမ်းခြင်းမျှော်စင်မှ ရရှိသော ကောင်းကင်နှင့်မြေကြီးမဟာတာအိုအစီအရင် ဖြစ်သည်။ ယင်းတွင် ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စစ်မှန်ရည်ရွယ်ချက်များ တစွန်းတစပါဝင်ပါသည်။ နင်းစုန်မြစ်ဝါကမ္ဘာအဖြစ်ပြောင်းလဲနိုင်သည်။ အင်မော်တယ်ပြုစားခြင်းဆေးများနှင့် အင်မော်တယ်ချိတ်ပိတ်ခြင်းပညာရပ်များလည်းပါဝင်သည်။ ၎င်းက အင်မော်တယ်စိတ်ဝိညာဉ်၊ ဝိညာဉ်၊သဏ္ဍာန်၊ အရှိန်အဝါ၊မူလကိုယ်ခန္ဓာနှင့် သွားလာနိုင်စွမ်းကို ဖမ်းချုပ်နိုင်သည်။
အင်မော်တယ်များက ထိုနေရာသို့ဝင်ရောက်ပါက သေမျိုးများဖြစ်သွားသည်။ သေမျိုးများကတော့ ဝင်ပြီးသည်နှင့် သေသည်။
ဦးခေါင်းထိပ်မှပန်းသုံးပွင့်ကို ဖြတ်တောက်နိုင်ပြီး ရင်ဘက်မှ ချီငါးမျိုးကို ချေဖျက်နိုင်သည်။
အဆုံးမဲ့စွမ်းအားမျိုးဖြစ်သည်။
"အံ့ဩဖို့ကောင်းလိုက်တဲ့နင်းစုန်မြစ်ဝါကောင်းကင်တက်လှမ်းခြင်းအစီအရင်"
ချီမင်သည် အသက်ပြင်းပြင်းရှုလိုက်၏။ သူက အခြေခံဖော်ပြချက်လောက်သာ ကြည့်လိုက်သော်လည်း ကြောက်မက်ဖွယ်ကောင်းသည့်အစီအရင်တစ်ခုမှန်း သိလိုက်ရသည်။ ယင်းတွင် ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စစ်မှန်ရည်ရွယ်ချက်များက တစွန်းတစပါဝင်လျက်ရှိသည်။ အတော်လေးကို ဆန်းပြားလှသည်။
မိုးမြေမဟာတာအိုအစီအရင်အစစ်မှန်လို့တော့ ပြောမရသေးပေ။ မိုးမြေမဟာတာအိုစစ်မှန်ရည်ရွယ်ချက်များ တစွန်းတစသာပါဝင်သော်လည်း စွမ်းအားကတော့ အဆုံးမဲ့ပေ။ ထူးခြားပြီး ဖြတ်ကျော်ဖို့ခက်ခဲပေသည်။
"လက်ခံမယ်"
ချီမင်က အနည်းငယ်တုန်ခါသွားသည်။ နင်းစုန်မြစ်ဝါကောင်းကင်တက်လှမ်းခြင်းအစီအရင်၏ အချက်အလက်များက သူ့စိတ်ထဲသို့ တဟုန်ထိုးဝင်ရောက်လာပြီး အလျင်အမြန်ပဲ မှတ်သားလိုက်ရတော့သည်။ သို့ပေမဲ့ သူက မကျွမ်းကျင်နိုင်သေးပေ။
ချီမင်က အသေးစားကောင်းကင်ကြယ်တာရာအစီအရင်ကိုအပြည့်အဝနားလည်ထားပြီး အစီအရင်တာအိုနှင့်ပတ်သက်သည့်နက်နဲမှုများကိုလည်း နားလည်ထားသည်။ ထို့ကြောင့် သူက နင်းစုန်မြစ်ဝါကောင်းကင်တက်လှမ်းခြင်းအစီအရင်ကို တဖြည်းဖြည်းနှင့်တော့နားလည်သွားမည်ဖြစ်သည်။
"ငါ အလယ်အလတ်အဆင့် အင်မော်တယ်သလင်းကျောက်သန်းတစ်သိန်းထည့်မယ်။" ချီမင်က ပြောသည်။"နင်းစုန်မြစ်ဝါကောင်းကင်တက်လှမ်းခြင်းအစီအရင်ကို နားလည်မယ်။"
တင်း!
"နင်းစုန်မြစ်ဝါကောင်းကင်တက်လှမ်းခြင်းအစီအရင်ကို အဆတစ်ရာထရီလီယန်မြှင့်တင်မှုအောက်တွင် နားလည်ဆင်ခြင်နေပါတယ်။"
အသိပေးချက်တစ်ခုပေါ်လာသည်။
"ငါ အလယ်အလတ်အဆင့် အင်မော်တယ်သလင်းကျောက်သန်းတစ်သိန်းထည့်မယ်။"
ချီမင်က ဆက်ပြီး။"ဖရိုဖရဲမဟာတာအိုကျမ်း:မဟာဆန်းကြယ်အင်မော်တယ်အပိုင်းကို ကျင့်ကြံမယ်။"
တင်း!
"ဖရိုဖရဲမဟာတာအိုကျမ်း:မဟာဆန်းကြယ်အင်မော်တယ်အပိုင်းကို အဆတစ်ရာထရီလီယန်မြှင့်တင်မှုအောက်တွင် ကျင့်ကြံနေပါတယ်။"
အသိပေးချက်တစ်ခုပေါ်လာသည်။
အလိုအလျောက်ကျင့်ကြံခြင်းစနစ်၏အကူအညီဖြင့် ချီမင်က အင်မော်တယ်သလင်းကျောက်များကို သုံးကာ နင်းစုန်မြစ်ဝါကောင်းကင်တက်လှမ်းခြင်းအစီအရင်ကိုဖြည်းဖြည်းချင်းနားလည်သွားလို့ရသည်။ သူက ကုန်ကြမ်းပစ္စည်းများစွာကိုသုံးကာ အဓိကအစီအရင်ကားချပ်၊အစီအရင်ဆုံမှတ်များနှင့် အစီအရင်အခြေခံတို့ကို သန့်စင်လိုက်သည်။
တစ်ချိန်တည်းမှာ ချီမင်က မဟာဆန်းကြယ်အင်မော်တယ်အပိုင်းကို စတင်ကျင့်ကြံတော့သည်။
နောက်ဆုံးတော့ နှစ်တစ်သိန်းလုံး သုံးလိုက်ရသည်။
သူက နင်းစုန်မြစ်ဝါကောင်းကင်တက်လှမ်းခြင်းအစီအရင်ကို နားလည်ပြီးတာနဲ့ အဓိကအစီအရင်ကားချပ်၊အစီအရင်ဆုံမှတ်များနှင့် အခြေခံအုတ်မြစ်များကို စတင်သန့်စင်တော့သည်။ သူက အင်အားများစွာ စိုက်ထုတ်လိုက်ခဲ့ပါသည်။
သူသာ နင်းစုန်မြစ်ဝါကောင်းကင်တက်လှမ်းခြင်းအစီအရင်၏စွမ်းအားကို အပြည့်အဝထုတ်သုံးချင်ရင် အထက်ကမ္ဘာအင်မော်တယ်ဘုရင်များကို အစီအရင်ဆုံမှတ်များ ဦးဆောင်ခိုင်းထားဖို့လိုသည်။ ချီမင်သည် လက်ရှိတွင် အထက်ကမ္ဘာအင်မော်တယ်ဘုရင်အဆင့်နောက်လိုက်ရှစ်ပါးပိုင်ဆိုင်ထားပြီး ယာယီအားဖြင့် တစ်ယောက်လိုသေးသည်။ ရွေးချယ်စရာမရှိသေး၍ ချီမင်က ထိုလိုအပ်ချက်ကို သူကိုယ်တိုင်သာ ဖြည့်ရဦးပေမည်။
ဆယ်နှစ်အတွင်းမှာ ချီမင်သည် အဆက်မပြတ်ကျင့်ကြံခဲ့ပြီး နောက်ထပ်မဟာတာအိုအင်မော်တယ်ဝင်ပေါက်ပေါင်း(၁၀၀၀)ဖွင့်ခဲ့သည်။ သူက နောက်ထပ်အံ့ဖွယ်စွမ်းအား(၁၀၀၀)သုံးကာ တာအိုတာလွန်သူ(၁၀၀၀)ကိုသိပ်သည်းခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာ နှစ်နှစ်သိန်းကြာသွားခဲ့သည်။
ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏ဂိုဏ်းချုပ်က ပြန်မလာခဲ့ပေ။ မျိုးနွယ်အသီးသီး၏မျိုးနွယ်သခင်များက အနည်းငယ်ရှုပ်ထွေးလာကြသည်။ သူတို့က ကောင်းကင်တာအိုရတနာ:ကောင်းကင်ဖန်တီးခြင်းကြေးမုံကိုသုံးကာ ဂိုဏ်းချုပ်နှင့်ဆက်သွယ်ရန်ကြိုးစားကြည့်ပေမဲ့ တုံ့ပြန်ချက်ကို ပြန်မရခဲ့ပေ။
နှစ်(၂၀၀၀၀၀၀)ကြာသွားခဲ့သည်။
ချီမင်သည် မဟာတာအိုအင်မော်တယ်ဝင်ပေါက်(၂၀၀၀)ကိုဖွင့်ပြီး မဟာတာအိုသာလွန်သူ(၂၀၀၀)ကို သိပ်သည်းခဲ့၏။ သူ၏ကျင့်ကြံခြင်းအဆင့်က မဟာဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့်သို့ ချိုးဖြတ်တက်ရောက်ရန် နီးစပ်ပြီးရင်းနီးစပ်လာခဲ့သည်။
သူက ကောင်းကင်တက်လှမ်းခြင်းမျှော်စင်မှ ကိုးကောင်မြောက်အင်မော်တယ်သားရဲကို ရရှိခဲ့သည်။ သူက မျှော်စင်ကိုဘယ်နှစ်ကြိမ်လောက်ရှင်းလင်းခဲ့မှန်းတောင် မမှတ်မိနိုင်တော့ပေ။
လွန်ခဲ့သည့်သုံးနှစ်က။
တင်း!
"ဂုဏ်ပြုပါတယ်လက်ခံသူ။ သင် ဆန်းကြယ်အင်မော်တယ်နှောင်းပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ကို ဆယ်ရက်ကြာ ရှင်းလင်းခဲ့ပါတယ်။ သင် အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းကို တစ်ကြိမ်ရှင်းလင်းခဲ့ပါတယ်။ သင် အစိမ်းဝတ်ရုံဝတ် စစ်တုရင်အကြီးအကဲ နှင့်အဆင့်မြင့်အင်မော်တယ်သလင်းကျောက်တစ်ထရီလီယန်ရရှိပါတယ်။"
အသိပေးချက်တစ်ခုပေါ်လာသည်။
"အချက်အလက်တွေကို စစ်ဆေးလိုက်။"
အင်မော်တယ်သားရဲ: အစိမ်းဝတ်ရုံစစ်တုရင်အကြီးအကဲ
နာမည်အစစ်: ကုရှီးရွှေ
ဖော်ပြချက်: ဆန်းကြယ်အင်မော်တယ်နှောင်းပိုင်းအဆင့် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်မှရရှိသော ရှားပါးအင်မော်တယ်သားရဲဖြစ်သည်။ စစ်တုရင်တာအိုစည်းမျဉ်းကို အဓိကထားကျင့်ကြံကာ ကောင်းကင်နှင့်မြေကြီး၏အမှန်တရားကို နားလည်ဆင်ခြင်ထားသည်။ စစ်တုရင်တာအိုကိုသုံးကာ ကောင်းကင်နှင့်မြေကြီးကိုတွက်ချက်ခဲ့ပေမဲ့ နောက်ဆုံးမှာ ကျဆုံးခဲ့သည်။
မြင့်မားသည့်အရည်အချင်းအလားအလာများဖြင့် အင်မော်တယ်သားရဲတစ်ကောင်ဖြစ်သည်။
သူ၏လက်ရှိကျင့်ကြံခြင်းအဆင့်သည် အင်မော်တယ်ဘုရင်အစောပိုင်းအဆင့်၌ဖြစ်ပြီး အင်မော်တယ်ဘုရင်နှောင်းပိုင်းအဆင့်ထိ ကြီးထွားလာနိုင်သည်။
ချီမင်၏မျက်လုံးများ လင်းလက်သွားသည်။ သူ၏မျက်နှာပေါ်တွင် သိသာထင်ရှားသည့်အပြုံးတစ်ခုပေါ်လာသည်။"ငါ နောက်ထပ် ရှားပါးအင်မော်တယ်သားရဲတစ်ကောင်ရလာတာပဲ။ မြေနီမှုန့်နဲ့ အဆင့်တူတူပဲ။ စည်းမျဉ်းကျင့်ကြံတဲ့ အထက်ကမ္ဘာအင်မော်တယ်ဘုရင်တစ်ပါးပဲ။"
"ကောင်းတယ်၊ကောင်းတယ်၊ကောင်းတယ်"
ချီမင်က အပျော်လွန်သွားသည်။
“ထွက်လာခဲ့။”
ချီမင်က ညာဘက်လက်ကိုဝေ့ယမ်းလိုက်တော့ အဖြူရောင်အလင်းများ လက်သွားသည်။ အစိမ်းဝတ် စစ်တုရင်အကြီးအကဲ ကုရှီးရွှေက လေထုထဲတွင်ပေါ်လာသည်။ သူက ချီမင်ရှေ့တွင်ပေါ်လာကာ ဦးညွှတ်လိုက်သည်။
"ဂါဝရပြုပါတယ် သခင်။" ကုရှီးရွှေက ဦးညွှတ်အရိုအသေပြုလိုက်သည်။
ချီမင်က ခေါင်းအသာညိတ်သည်။"ကုရှီးရွှေ မင်းဒီနေ့ကစပြီး ငါ့နောက်ကို လိုက်ရမယ်။"
ကုရှီးရွှေက လေးစားမှုဖြင့် ပြန်ဖြေလိုက်သည်။"ဟုတ်ကဲ့"
နောက်ပိုင်းနှစ်များအတွင်းမှာ ချီမင်သည် ကောင်းကင်ဉာဏ်အလင်းခန်းမအတွင်းတွင် အခြေခံအားဖြင့် သီးသန့်ကျင့်ကြံနေခဲ့သည်။ သူ၏ကျင့်ကြံခြင်းအဆင့်သည် ပုံမှန်လေး မြင့်တက်လာလျက်ရှိသည်။ အရမ်း မမြန်ပေမဲ့ အရမ်းလည်း မနှေးပေ။ လုံးဝကို မရပ်တန့်ခဲ့ပေ။
အပြင်ကမ္ဘာကြီးတွင်တော့ အရာရာက ပြောင်းလဲသွားခဲ့သည်။
နှစ်တစ်သန်းကျော်ကြာခဲ့သည့် စစ်ပွဲကြီးကြောင့် တာအိုဂိုဏ်းမဟာမိတ်သည် ပြင်းထန်စွာ ထိခိုက်ခဲ့ရသည်။ တာအိုဂိုဏ်း၏တာအိုကျင့်ကြံသူထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့မှုနှင့်အတူ တာအိုဂိုဏ်းမဟာမိတ်၏စိတ်ဓာတ်ကကျဆင်းသွားခဲ့ပြီး နောက်တစ်လှမ်းဆုတ်ပေးရကာ သေခြင်းတံခါးဝ၌ ရုန်းကန်နေရတော့သည်။
ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်အနေနှင့်တော့။
အင်မော်တယ်စစ်ပွဲကြီးကြောင့်သူတို့လည်း ကြီးမားစွာ ဆုံးရှုံးသွားခဲ့သည်။ သူတို့က ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနှင့်အသင်္ချေမျိုးနွယ်မဟာမိတ်ကို ဆက်မတိုက်ခိုက်တော့ပဲ အနားယူနေရသည်။
အချိန်ကုန်ဆုံးသွားသည်။
မသိလိုက်စွာဖြင့် နှစ်သိန်းချီကြာသွားခဲ့သည်။
ယနေ့မှာတော့။
ကောင်းကင်ဉာဏ်အလင်းမြင့်မြတ်တောင်ထိပ်တွင်
ကောင်းကင်ဉာဏ်အလင်းခန်းမတွင်။
ချီမင်၏ခန္ဓာကိုယ်မှ မြည်ဟိန်းသံများ ထွက်လာခဲ့သည်။ သူက ဆန်းကြယ်အင်မော်တယ်နှောင်းပိုင်းအဆင့်ကို ချိုးဖြတ်ခဲ့ပြီးတည်းက နှစ်တစ်သန်းကျော်ကြာ သီးသန့်ကျင့်ကြံခဲ့သည်။
သူက မဟာတာအိုအင်မော်တယ်ဝင်ပေါက်ပေါင်း(၁၁၇၈၁)ကို ထပ်မံဖွင့်လှစ်ခဲ့ပြီး မဟာတာအိုသာလွန်သူပေါင်း(၁၁၇၈၁)ကို သိပ်သည်းခဲ့သည်။
ယနေ့မှာတော့ ချီမင်သည် သူ၏ခန္ဓာကိုယ်ထဲမှ မဟာတာအိုအင်မော်တယ်ဝင်ပေါက်ပေါင်းအားလုံးကို ပေါင်းစပ်ခဲ့ပြီး သူ၏ဓမ္မစွမ်းအားများကို ထုတ်သုံးကာ အားလုံးကို ချိတ်ဆက်လိုက်သည်။ သူက အတွင်းကမ္ဘာများကို ပေါင်းစပ်ကာ ပိုမြင့်သည့်အဆင့်သို့ တက်လှမ်းလိုက်သည်။
တစ်နှစ်ကုန်သွားခဲ့သည်။
ယနေ့နေ့လည်ခင်းမှာတော့။
တင်း!
"ဂုဏ်ပြုပါတယ်လက်ခံသူ။ "ဖရိုဖရဲမဟာတာအိုကျမ်း:မဟာဆန်းကြယ်အင်မော်တယ်အပိုင်းကို အဆတစ်ရာထရီလီယန်မြှင့်တင်မှုအောက်တွင် နှစ်(၁၁၇၈၁၀၀)ကြာကျင့်ကြံခဲ့ပါတယ်။ မဟာတာအိုအင်မော်တယ်ဝင်ပေါက်(၁၁၇၈၁)ကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပါတယ်။ သူတို့အားလုံးကို အတွင်းကမ္ဘာများအဖြစ်ပြောင်းလဲကာ မဟာတာအိုသာလွန်သူ(၁၁၇၈၁)အဖြစ်သိပ်သည်းလိုက်ပါတယ်။"
"မဟာတာအိုအင်မော်တယ်ဝင်ပေါက်တွေအားလုံးကိုပေါင်းစပ်ပြီးပြီ။ ငါရဲ့ဓမ္မစွမ်းအားတွေကိုလည်း ကျွမ်းကျင်သွားပြီ။ ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်က မဟာဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့် ကိုရောက်သွားပြီ။ငါရဲ့ခွန်အားကလည်း တော်တော်လေးတိုးတက်သွားတယ်။"
အသိပေးချက်တစ်ခုပေါ်လာသည်။
ချီမင်က အပျော်လွန်သွားသည်။ သူက မျက်စိမှိတ်ပြီး နက်နဲသည့်အခြေအနေထဲသို့ ဝင်ရောက်သွားလိုက်သည်။ သူ၏အသိစိတ်က နက်နဲသည့်ကမ္ဘာတစ်ခုသို့ရောက်ရှိသွားတော့သည်။ ထိုအခြေအနေတွင် ချီမင်က ကောင်းကင်နှင့်မြေကြီးမဟာတာအိုကိုစတင်နားလည်ဆင်ခြင်ကာ ဆန်းကြယ်မှုများကို နားလည်လိုက်သည်။
မသိလိုက်စွာဖြင့် ချီမင်၏ကျင့်ကြံခြင်းအဆင့်က သူ၏နားလည်မှုတိုးတက်သွား၍ ချိုးဖြတ်သွားတော့သည်။
ချီမင်သည် မဟာဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့်သို့အောင်မြင်စွာချိုးဖြတ်သွားတော့သည်။ ဤတစ်ခေါက်ထူးခြားဖြစ်စဉ်က ယခင်နှစ်ခေါက်ထက် များစွာ သာလွန်လေသည်။
"အသက်သွင်းမယ်"
ချီမင်က အတွေးတစ်ချက်ဖြင့် အသေးစားကောင်းကင်ကြယ်တာရာအစီအရင်ကိုလည်ပတ်လိုက်ပြီး ထူးခြားဖြစ်စဉ်များကို ဖုံးကွယ်လိုက်သည်။ သူက လျှို့ဝှက်ချက်အားလုံးကို ဖုံးကွယ်လိုက်သည်။
ဒီတစ်ကြိမ်တော့ ချီမင်၏အဆင့်တက်ခြင်းက ငြိမ်သက်နေဟန်ရသည်။ ကောင်းကင်ဉာဏ်အလင်းမျိုးနွယ်၏အကြီးအကဲနှင့်တပည့်အနည်းငယ်ကသာ မြင့်တက်လာသည့် ထူးခြားဖြစ်စဉ်ကို မြင်လိုက်ရသည်။
ထိုသူတို့ကတော့ မြင်လိုက်ရသည်ကိုတွေးနေကြသည်။
ချီမင် မဟာဆန်းကြယ်အင်မော်တယ်အဆင့်သို့တက်ခြင်းကြောင့်ဖြစ်လာသည့်ထူးခြားဖြစ်စဉ်က အတော်လေးကြောက်မက်ဖွယ်ကောင်းသည်။ ၎င်းက သူကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေမှ ကျော်ထွက်သွားတော့မည့်အလားပင်။
ထိုသို့သာဆိုလျှင် ယင်းက ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ကို တပ်လှန့်သွားစေလိမ့်မည်။
ချီမင်အတွက် အကျိုးမရှိပေ။ သူက တတ်နိုင်သမျှ ပုန်းကွယ်နေချင်သေးသည်။ သူက အင်အားအနည်းငယ်သာထုတ်ပြထားနိုင်သည်။အပြည့်အဝတော့မဟုတ်ပေ။
အင်အားထုတ်ပြခြင်းက သူ့ကို လုပ်ပိုင်ခွင့်နှင့်အဆင့်အတန်းများပေးစွမ်းပေမဲ့ အင်အားကုန်ထုတ်ပြခြင်းကတော့ သေမင်းကိုလက်ယက်ခေါ်သလိုပင်။ သူက ရန်သူများထံမှ ပစ်မှတ်ထားခံရပြီး ခြုံခိုတိုက်ခိုက်ခံရနိုင်သည်။
တစ်လအကြာမှာ။
ချီမင်၏ကျင့်ကြံခြင်းအဆင့်က အပြည့်အဝတည်ငြိမ်သွားတော့သည်။ သူက မဟာဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့်သို့ရောက်ရှိသွားတော့သည်။ သူ၏အဆင့်ချိုးဖြတ်ခြင်းအရှိန်အဝါက လုံးဝတည်ငြိမ်သွားတော့၏။ ကောင်းကင်နှင့်မြေကြီးထူးခြားဖြစ်စဉ်လည်း ငြိမ်သက်သွားတော့သည်။ ချီမင်က အသေးစားကောင်းကင်ကြယ်တာရာအစီအရင်ကို ဖယ်ရှားလိုက်သည်။
ပြောရမည်ဆိုလျှင်။
တွက်ချက်ခြင်းစနစ်၏အဆက်မပြတ်တွက်ချက်မှုအောက်တွင် အသေးစားကောင်းကင်ကြယ်တာရာအစီအရင်သည် ပိုပြီးပြည့်စုံလာသလို ပိုပြီး နက်နဲလာကာ စွမ်းအားကြီးလာသည်။
မသိလိုက်စွာဖြင့် ကောင်းကင်နှင့်မြေကြီးမဟာတာအိုတောင် ပါဝင်လာခဲ့သည်။ ၎င်း၏စစ်မှန်စွမ်းအားက နင်းစုန်မြစ်ဝါကောင်းကင်တက်လှမ်းခြင်းအစီအရင်ကိုတောင် ဖိနှိပ်နိုင်လာသည်။သို့ပေမဲ့ ၎င်းက လုံးဝကို သတ်ဖြတ်ခြင်းအစီအရင်ပေ။ အသေးစားကောင်းကင်ကြယ်တာရာအစီအရင်ကတော့ စွယ်စုံရပေ။ သတ်ဖြတ်ခြင်း၊ခုခံခြင်း၊ဖုံးကွယ်ခြင်း စသဖြင့်ပေ။
အရေးကြီးဆုံးကတော့ အသေးစားကောင်းကင်ကြယ်တာရာအစီအရင်က ကောင်းကင်လျှို့ဝှက်ချက်များကို ဖုံးကွယ်ပြောင်းလဲနိုင်သည်။
တင်း!
"ဂုဏ်ပြုပါတယ်လက်ခံသူ။ အသေးစားကောင်းကင်ကြယ်တာရာအစီအရင်ကို အဆတစ်ရာထရီလီယန်မြှင့်တင်မှုအောက်တွင် နှစ်တစ်သန်းကြာတွက်ချက်ခဲ့ပါတယ်။ ကောင်းကင်နှင့်မြေကြီးစစ်မှန်ရည်ရွယ်ချက်များနှင့်ပေါင်းစပ်ပြီး ကောင်းကင်သံသရာစကြဝဠာအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ နောက်တစ်ဆင့်ထပ်တိုးကာ ကောင်းကင်သံသရာကြယ်တာရာအစီအရင် အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။"
ထိုအခိုက်တွင် ချီမင်သည် အသိပေးချက်ကိုလက်ခံရလိုက်သည်။
"ကောင်းတယ်။" ချီမင်က အပျော်လွန်သွားသည်။ "အသေးစားကောင်းကင်ကြယ်တာရာအစီအရင် ကနေ ကောင်းကင်သံသရာကြယ်တာရာအစီအရင်အဖြစ်တိုးတက်သွားပြီ။ မဆိုးဘူး၊မဆိုးဘူး။ ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်ကလည်း တက်သွားပြီ။အစီအရင်ကလည်း ထပ်ပြီးတိုးတက်သွားပြီ။ နှစ်ထပ်ကွမ်းပျော်ရမှာပဲ။"
တင်း!
"ဂုဏ်ပြုပါတယ်လက်ခံသူ။ အထွတ်အထိပ်ကမ္မနည်းစနစ်ကို အဆတစ်ရာထရီလီယန်မြှင့်တင်မှုအောက်တွင်နှစ်တစ်သန်းကြာ ကျင့်ကြံခဲ့ပါတယ်။ သင် အထွတ်အထိပ်အံ့ဖွယ်စွမ်းအားနှင့်အသင်္ချေကမ္ဘာများ၏ကမ္မကိုနားလည်ခဲ့ပါတယ်။ သင် နက်နဲခြင်းအဆင့်ထိရောက်ရှိသွားပြီး အထွတ်အထိပ်အသင်္ချေကောင်းကင်ကမ္မချိတ်စည်းကို သိပ်သည်းနိုင်ခဲ့ပါတယ်။"
အသိပေးချက်တစ်ခုပေါ်လာသည်။