ပြိုင်ဘက်ကင်းနတ်ဘုရားစစ်ပွဲ
Vol. 25 Ch. 365
ချီမင်သည် သိပ်မဝေးသည့်နေရာတွင် ရပ်နေ၏။ သူက ကမ္ဘာခြားစစ်တပ်၊နတ်ဆိုးစစ်တပ်၊မဟာကောင်းကင်နတ်ဘုရားကိုးပါးနှင့် နတ်ဆိုးသာလွန်သူကိုးပါးကို စိုက်ကြည့်လိုက်သည်။
သူ၏မျက်လုံးထဲတွင် ထိုကောင်းကင်နတ်ဘုရားများနှင့်နတ်ဆိုးသာလွန်သူများသည် ပို၍ကြီးသောပုရွက်ဆိတ်များပေ။ သူတို့က တိုက်ချက်တစ်ချက်တောင် မခံနိုင်ကြပေ။သူက လက်တစ်ဖက်အဝေ့မှာတင် ဖျက်ဆီးပစ်နိုင်၏။
"ဟီးဟီး"
"တိုက်ခိုက်"
"သူတို့ကို သတ်။"
“…”
နေရာလွတ်သည် အနည်းငယ်တုန်ခါသွား၏။
အံ့ဖွယ်စိတ်ဝိညာဉ်ကမ္ဘာ၏ကောင်းကင်နတ်ဘုရားကိုးပါးနှင့် နတ်ဆိုးကမ္ဘာ၏နတ်ဆိုးသာလွန်သူကိုးပါးသည် ချီမင်ကို သတ်ဖြတ်တော့မည့်မျက်လုံးများဖြင့် စိုက်ကြည့်နေကြ၏။
"ဂရုစိုက်" မူလအစကမ္ဘာ၏နတ်ဘုရားငါးပါးက အော်ဟစ်လိုက်၏။
"သေချင်နေတာပဲ။" ချီမင်၏အကြည့်က သာမန်မျှသာဖြစ်နေပြီး သူက အလေးအနက်မထားပေ။"ငါက ကမ္ဘာခြားနတ်ဘုရားတွေကို ဘယ်လိုရှာရမလဲစဉ်းစားနေသေးတာ။ မင်းတို့က ငါ့ဆီကို ကိုယ်တိုင်ကြွလာကြတာပဲ။"
"ကောင်းတယ်။"
"ငါ မင်းတို့ကိုရှာဖို့ အချိန်ကော လူကော သက်သာတာပေါ့။"
ချီမင်က ဖြည်းညှင်းစွာဖြင့် ညာဘက်လက်ကို မြှောက်လိုက်၏။ ဓမ္မစွမ်းအားများမှာ တဟုန်ထိုးထွက်ပေါ်လာပြီး အလင်းများ ဖြာထွက်လာသည်။ ခမ်းနားတောက်ပသည့် လက်ဝါးကြီးမှာ ကောင်းကင်ကို ဖုံးအုပ်သွားတော့သည်။
"သေကြစမ်း"
ချီမင်၏လက်ဖဝါးသည် ကျရောက်လာတော့၏။ သူက မည်သည့်အံ့ဖွယ်စွမ်းအားနည်းစနစ်ကိုမှ မသုံးရသေးပေ။ သူက ဓမ္မစွမ်းအားကိုသုံးပြီး ကောင်းကင်ချိတ်ပိတ်လက်ဝါးကိုသိပ်သည်းပြီး ကမ္ဘာခြားစစ်တပ်နှင့်နတ်ဆိုးစစ်တပ်တို့ကိုတိုက်ခိုက်လိုက်သည်။
ကျယ်လောင်သည့် ပေါက်ကွဲသံကြီးထွက်လာတော့၏။ နားပင်စေလောက်အောင် ကျယ်လွန်းသည်။
ချီမင်၏လက်ဝါးက နေရာလွတ်ကိုတောင် ပြိုကွဲသွားစေသည်။သစ်ပင်နွယ်ပင်တို့ ညှိုးခြောက်သွားသလိုပင်။ နတ်ဆိုးစစ်တပ်နှင့်စစ်သည်တော်တို့တစ်ဖွဲ့လုံးကို သူ့လက်ဝါးဖြင့် ဖျက်ဆီးလိုက်သည်။
မရေမတွက်နိုင်လောက်သော အော်ဟစ်ငိုကြွေးသံများထွက်လာခဲ့၏။ စိတ်မချမ်းမြေ့ဖွယ်အော်ဟစ်သံများထွက်လာပြီး ပတ်ဝန်းကျင်တောင် တုန်ခါသွားရ၏။
အချိန်နေရာလွတ်လှောင်ချိုင့်သည် လျင်မြန်စွာဖြင့် အက်ကွဲသွားသည်။
လုံးဝကို မခုခံနိုင်ပေ။
"ဘာလဲ။"
"ဟူး"
"အားကောင်းလိုက်တာ။"
"သူ..."
မူလအစကမ္ဘာ၏နတ်ဘုရားငါးပါးသည် မျက်လုံးများ ပြူးကျယ်သွားပြီး မယုံနိုင်လောက်အောင် ထိတ်လန့်သွားသည်။ သူတို့အားလုံး ထိတ်လန့်သွားကြသည်။ ချီမင်၏ခန္ဓာကိုယ်ပေါ်မှ စွမ်းအားကြီးအရှိန်အဝါတစ်ခုကိုခံစားလိုက်ရပြီး သူတို့ကို ထိတ်လန့်သွားစေသည်။
"နတ်...နတ်ဘုရားအရှင်ပဲ..."
"သူက တကယ်တော့ အငယ်စားနတ်ဘုရားအရှင်ပဲ..."
အံ့ဖွယ်စိတ်ဝိညာဉ်ကမ္ဘာ၏မဟာကောင်းကင်နတ်ဘုရားကိုးပါးနှင့်နတ်ဆိုးကမ္ဘာ၏နတ်ဆိုးသာလွန်သူကိုးပါးသည် ကြောင်အသွားကြတော့၏။ သူတို့က ချီမင်၏အရှိန်အဝါကိုခံစားမိ၍ အင်မတန်ထိတ်လန့်သွားကြတော့၏။
ချီမင်သည် မဟာဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့်၌သာရှိသည်။ နတ်ဘုရားလမ်းစဉ်ကမ္ဘာတွင် သူက အငယ်စားနတ်ဘုရားအရှင်ဖြစ်သည်။ သို့ပါသော်လည်း တကယ်တော့ ချီမင်၏တိုက်ခိုက်နိုင်စွမ်းသည် သူ၏ကျင့်ကြံခြင်းအဆင့်ထက်များစွာ သာလေသည်။
"ပြေး!”
"ငါတို့ တွက်ထားတာလွဲသွားပြီ.."
"ပြန်ဆုတ်"
ကောင်းကင်နတ်ဘုရားကိုးပါးနှင့်နတ်ဆိုးသာလွန်သူကိုးပါးသည် ဖြူဖျော့သွားကြပြီး မယှဉ်သာလောက်အောင် ကြောက်ရွံ့သွားကြသည်။ ချီမင်၏ကျင့်ကြံခြင်းအဆင့်သိသွားပြီးတာနဲ့ သူတို့ကထွက်ပြေးချင်သွားကြသည်။
"ကမ္မမြား"
ချီမင်၏အကြည့်က အေးစက်နေသည်။ သူက သဘာဝအတိုင်း ထိုသူတို့ကိုထွက်သွားခွင့်မပေးနိုင်ပေ။ ညာဘက်လက်ကိုဝေ့ယမ်းလိုက်ရင်း သူက အထွတ်အထိပ်ကမ္မနည်းစနစ်၏စွမ်းအားကို စုစည်းလိုက်သည်။ ရွှေရောင်ကမ္မအလင်းများထွန်းတောက်လာပြီး ရွှေရောင်မြား(၁၈)စင်းအဖြစ်ပြောင်းလဲသွားခဲ့သည်။
"သွား" ချီမင်က ညွှန်ပြလိုက်သည်။
ဆွစ်! ဆွစ်! ဆွစ်။။
လေထုကိုဆုတ်ဖြဲလိုက်သည့်အသံကြီးထွက်လာသည်။
ကမ္မမြား၏စွမ်းအားသည် မဟာကောင်းကင်နတ်ဘုရားကိုးပါးနှင့်မဟာနတ်ဆိုးသာလွန်သူကိုးပါးကို ပစ်မှတ်ထားလာသည်။ ယင်းစွမ်းအားသည် သူတို့အားလုံး၏ခုခံရေးနည်းစနစ်များအားလုံးကို အလွယ်တကူဖျက်ဆီးသွားသည်။
"မဟုတ်ဘူး"
"ဘယ်လို စွမ်းအားမျိုးလဲ။"
"ပြေး!”
"အား"
မျက်စိတစ်မှိတ်အတွင်းမှာ ချီမင်၏ကမ္မမြားသည် ခန္ဓာကိုယ်တို့ကိုဖောက်ထွက်သွားလျက် ဝိညာဉ်နှင့်အသိစိတ်ကိုပါဖျက်ဆီးပစ်သွားခဲ့သည်။ သူတို့၏သက်စောင့်စွမ်းအားများမှာ ပျက်သုဉ်းသွားခဲ့၏။
နောက်ဆုံးမှာတော့ ချီမင်တိုက်ခိုက်ပြီးပြီးချင်း တစ်ခဏအတွင်းမှာ ရန်သူအားလုံးသေသွားခဲ့သည်။စက္ကန့်အနည်းငယ်သာ ကြာသွားသည်။ ချီမင်၏လက်ထဲတွင် ထိုမဟာကောင်းကင်နတ်ဘုရားများနှင့်နတ်ဆိုးသာလွန်သူများသည် တိုက်ကွက်တစ်ကွက်လေးတောင် မခုခံနိုင်ဘဲ အလွယ်တကူချေမွခံရတော့၏။ အင်အားကွာခြားချက်က ကြီးမားလွန်းသည်။ တူညီသည် အဆင့်၌ကို ဟုတ်မနေပေ။
"ဒါ...ဒါ...ဒီ.."
"ဟူး"
"သန်မာလွန်းတယ်။အရမ်းသန်မာလွန်းတယ်.."
"သူက အငယ်စားနတ်ဘုရားအရှင်ပဲ။"
"မဟာကောင်းကင်နတ်ဘုရားနဲ့နတ်ဆိုးသာလွန်သူတွေ အားလုံးသေသွားပြီ။ အကုန် အသတ်ခံလိုက်ရပြီ။"
မူလအစကမ္ဘာ၏နတ်ဘုရားငါးပါးသည် အင်မတန်ထိတ်လန့်သွားတော့၏။
အချိန်နေရာလွတ်လှောင်ချိုင့်သည် လုံးဝကို အက်ကွဲသွားသည်။
"ဖြေရှင်းပြီးပြီ။" ချီမင်က သာမန်အတိုင်းသာ ပြောလိုက်သည်။
“…”
မူလအစကမ္ဘာ၏နတ်ဘုရားငါးပါးသည် မနေနိုင်ဘဲ တံတွေးမျိုချလိုက်သည်။သူတို့မျက်လုံးများက ချီမင်အပေါ်လေးစားမူများဖြင့် ပြည့်သွားခဲ့၏။
ဟင်လင်းပြင်အက်ကွဲကြောင်းနှစ်ခုမှာ လောလောဆယ်တော့ မပျောက်ကွယ်သေးပေ။
ထိုအခိုက်တွင် အလင်းစီးကြောင်းများသည် လေထုကို အလွန်မြန်ဆန်သည့်အရှိန်ဖြင့် ဖြတ်သန်းလာနေသည်။ အချိန်တိုလေးအတွင်းမှာပင် သူတို့အားလုံး ပတ်ဝန်းကျင်တွင် ပေါ်လာသည်။ သူတို့သည် မူလအစကမ္ဘာ၏နတ်ဘုရားများဖြစ်သည်။
သူတို့က လာရောက်ကူညီပေးခြင်းဖြစ်ပေမဲ့ ရောက်လာသည်နှင့် တိုက်ပွဲက ပြီးဆုံးနေခဲ့ပေသည်။ ချီမင်သည် ရန်သူအားလုံးကို သတ်ဖြတ်လိုက်သည်။
"ကမ္ဘာခြားနတ်ဘုရားတွေအားလုံး ဘယ်မှာလဲ။"
"နတ်ဆိုးသာလွန်သူတွေရော။"
"ဘာဖြစ်ကုန်တာလဲ။"
“…”
မူလအစကမ္ဘာ၏နတ်ဘုရားများက မျက်မှောင့်ကြုံ့လျက် မေးခွန်းများတစ်ခုပြီးတစ်ခုမေးလာခဲ့သည်။
ချက်ချင်းဆိုသလိုပင် သူတို့က အမှန်တရားကိုသိလိုက်ရ၍ ထိတ်လန့်သွားကြသည်။ သူတို့က ချီမင်ကို အံ့ဩသည့်အမူအရာများဖြင့် ကြည့်လာသည်။ မဟာကောင်းကင်နတ်ဘုရားကိုးပါးနှင့်နတ်ဆိုးသာလွန်သူကိုးပါးကို ချက်ချင်းသတ်ဖြတ်နိုင်မည်ဟု မထင်ထားခဲ့ကြပေ။
ပိုပြီးအရေးကြီးသည်က။
ချီမင်သည် အခုမှနတ်ဘုရားဖြစ်လာပေမဲ့ တိုက်ရိုက်ပဲ အငယ်စားနတ်ဘုရားအရှင်ဖြစ်လာခဲ့သည်။ အင်မတန်မယုံကြည်နိုင်စရာကောင်းပြီး ထိတ်လန့်စရာလည်းကောင်းသည်။
မမြင်စဖူးမကြားစဖူးပေ။
"အဲ့မှာပဲ ရပ်မနေနဲ့။ မြန်မြန်လာပြီး ဟင်းလင်းပြင်အက်ကွဲကြောင်းတွေကို လာဖျက်ဆီးတော့။မဟုတ်ရင် နတ်ဆိုးသာလွန်သူတွေ ကမ္ဘာခြားနတ်ဘုရားတွေ ထပ်လာနေဦးမယ်။"
"ဟုတ်တယ်။"
"မြန်မြန် လုပ်ကြ။"
နတ်ဘုရားများသည် ဆိုလိုက်၏။
ရုတ်တရက်ဆိုသလိုပဲ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်တုန်ခါမှုများ ပေါ်လာသည်။ ဟင်းလင်းပြင်အက်ကွဲကြောင်းထဲတွင် နတ်ဆိုးများနှင့်နတ်ဘုရားရုပ်တုများ ပေါ်လာခဲ့ပြန်သည်။ ၎င်းသည် နတ်ဘုရားများကိုထိတ်လန့်သွားစေ၏။
"ဒါက..."
"အိုးမဟုတ်ဘူး!”
"သူတို့ ဘာလုပ်နေကြတာလဲ။"
"သူတို့ ကမ္ဘာနတ်ဘုရားစစ်ပွဲကို စချင်နေတာလား။"
"သတိထား.."
မူလအစကမ္ဘာ၏နတ်ဘုရားများသည် အော်ဟစ်လိုက်ကြသည်။
ထိုအခိုက်တွင် မူလအစကမ္ဘာ၏အပြင်ဘက်လေဟာနယ်ထဲတွင် လူသားများ၏ကောင်းချီးများသည် တဟုန်ထိုးမြင့်တက်လာခဲ့သည်။ နတ်ဘုရားစိတ်ဝိညာဉ်ဓမ္မရုပ်တုများ ပေါ်လာခဲ့သည်။ ထိတ်လန့်စရာပြောင်းလဲမှုများသည် မူလအစကမ္ဘာ၏နတ်ဘုရားများအားလုံးကို ထိတ်လန့်သွားစေသည်။
အပြင်ပိုင်းလေဟာနယ်ထဲတွင် စကြဝဠာနေရာလွတ်သည် အဆက်မပြတ်အက်ကွဲလာသည်။ဟင်းလင်းပြင်အက်ကွဲကြောင်းများ ပေါ်လာသည်။ နတ်ဘုရားများနှင့်နတ်ဆိုးများသည် နေရာလွတ်ကိုဖြတ်သန်းလျက် မူလအစကမ္ဘာ၏အပြင်လေဟာနယ်ထဲသို့ ရောက်လာသည်။
"တိုက်ပွဲအတွက် ပြင်ဆင်တော့။"
"သူတို့ တကယ်ကြီး.."
“…”
တုံ့ဆိုင်းမှုကင်းမဲ့စွာဖြင့် အလင်းစီးကြောင်းများမှာ ကောင်းကင်ပေါ်သို့တက်လာပြီး မူလအစကမ္ဘာ၏လေဟာနယ်ကိုခွဲဖျက်ကာ အပြင်ပိုင်းလေဟာနယ်ထဲသို့ဝင်ရောက်လာသည်။ မူလအစကမ္ဘာ၏နတ်ဘုရားစစ်တပ်သည် ကမ္ဘာခြားနတ်ဆိုးများနှင့်နတ်ဆိုးသာလွန်သူများကို ရင်ဆိုင်လိုက်သည်။
"အတော်လေးကို ရုတ်ရုတ်သဲသဲဖြစ်နေတာပဲ။"
ချီမင်က ခေါင်းမော့ကာ အပြင်ပိုင်းလေဟာနယ်ကို ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် အံ့ဩသည့်အမူအရာတစ်ခုပေါ်လာသည်။ သူကနေရာမှာတင်ပျောက်ကွယ်သွားခဲ့ပြီး စစ်မြေပြင်ထဲသို့ဝင်ရောက်လိုက်သည်။
ထိုအခိုက်တွင် စကြဝဠာထဲ၌ အက်ကွဲကြောင်းများ ပေါ်လာခဲ့သည်။ ယင်းတို့က အချိန်နေရာလွတ်၏အတားအဆီးများကို ထိုးဖောက်လာသည့် အခြားကမ္ဘာများပင်။
ထိုအခြေအနေအောက်တွင် ပြင်းထန်သည့်တိုက်ပွဲကို ရှောင်လွှဲလို့မရတော့ပေ။
ပတ်ဝန်းကျင်တွင် ဟင်းလင်းပြင်အက်ကွဲကြောင်းများ ပေါ်လာခဲ့သည်။ ယင်းတို့က အံ့ဖွယ်စိတ်ဝိညာဉ်ကမ္ဘာနှင့်နတ်ဆိုးကမ္ဘာပဲမဟုတ်ပေ။ ကမ္ဘာငယ်လေး(၁၂၉၆၀၀)ထံမှ နတ်ဘုရားများလည်း ပါဝင်သည်။
ကြည့်လိုက်ရင် စကြဝဠာတစ်ခုလုံးတွင် ကြယ်တာရာများ ပြည့်နေသည့်အတိုင်း နတ်ဘုရားများ တစ်ပါးပြီးတစ်ပါးပေါ်လာသည်။ ထိုနတ်ဘုရားများသည် နတ်ဘုရားနိုင်ငံများကို ပျံ့နှံ့စေ၍ နတ်ဘုရားနိုင်ငံတော်ပုံရိပ်ယောင်များကို ထုတ်လွှတ်နေသောကြောင့် စွမ်းအားကြီးအရှိန်အဝါများ ထွက်ပေါ်နေသည်။ အတော်လေး ခမ်းနားလှသည်။
ဒီနေရာတွင် အနည်းဆုံးနတ်ဘုရား ဆယ်သန်းကျော်ရှိသည်။
"ဒါက..."
ချီမင်သည် သူ၏ပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။ မူလအစကမ္ဘာမှ နတ်ဘုရားများလည်းရှိနေသည်။ ထို့အရာများအပြင် အထက်ကမ္ဘာအင်မော်တယ်ဘုရင်နှင့်ယှဉ်ပြိုင်နိုင်သည့် အထွတ်အထိပ်နတ်ဘုရားငါးပါးရှိ၏။ သူတိုငါးယောက်သည် မူလအစကမ္ဘာကို ကာကွယ်ပေးနေသည့် ထောက်တိုင်ကြီးများ ဖြစ်သည်။
အံ့ဖွယ်စိတ်ဝိညာဉ်ကမ္ဘာတွင်လည်း အထွတ်အထိပ်နတ်ဘုရားငါးပါးရှိသည်။ နတ်ဆိုးကမ္ဘာတွင်လည်း အထွတ်အထိပ်နတ်ဘုရားငါးပါးနှင့်ယှဉ်နိုင်သည့် နတ်ဆိုးသာလွန်သူငါးပါးရှိသည်။ အထက်ကမ္ဘာအင်မော်တယ်ဘုရင်ငါးပါးနှင့်ယှဉ်နိုင်သည့်အထွတ်အထိပ်ဖြစ်တည်မှု(၁၅)ပါးသည် မျက်နှာချင်းဆိုင်ရင်ဆိုင်လာကြသည်။
"ငါ နတ်ဘုရားလမ်းစဉ်ကမ္ဘာရောက်တာနဲ့ ကမ္ဘာတစ်ခုလုံးသက်ရောက်မဲ့ စစ်ပွဲကြီးက ဖြစ်တော့မှာပဲ။ လက်ရှိအခြေအနေအရ နတ်ဘုရားလမ်းစဉ်ကမ္ဘာရဲ့အသန်မာဆုံးဖြစ်တည်မှုက အထွတ်အထိပ်နတ်ဘုရားအဆင့်ပဲ။ ဒီဂိမ်းမြေအောက်စခန်းမှာ ဘာမှကောင်းတာလဲမရှိဘူး။" ချီမင်က စဉ်းစားလိုက်သည်။
အချိန်ကုန်ဆုံးသွားသည်။
အဓိကသုံးကမ္ဘာ၏အထွတ်အထိပ်နတ်ဘုရား(၁၅)ပါး ငြင်းခုံနေသည်။ ချီမင်က သူတို့ဘာငြင်းနေလဲတောင် ဂရုတစိုက်နားထောင်မနေပေ။
သိသာနေတာကတော့ သူတို့က ဘယ်အရာကိုမှ သဘောမတူနိုင်ကြပေ။
"တိုက်ခိုက်"
"တိုက်ခိုက်"
"သတ်ပစ်။ တိုက်"
နတ်ဘုရားလမ်းစဉ်ကမ္ဘာတစ်ခုလုံးကိုတောင် သိမ်းခြုံလွှမ်းမိုးသွားမည့် မဖြစ်စဖူးထူးခြားသော တိုက်ပွဲကြီးသည် အထွတ်အထိပ်နတ်ဘုရားငါးပါး၏အမိန့်အောက်တွင် ဖြစ်ပေါ်လာသည်။
စကြဝဠာထဲမှ နေရာလွတ်များမှာ အဆက်မပြတ်အက်ကွဲလာပြီး မရေမတွက်နိုင်သော ပေါက်ကွဲသံများထွက်လာခဲ့သည်။ နတ်ဘုရားနိုင်ငံတော်များသည် တစ်နိုင်ငံပြီးတစ်နိုင်ငံ ပွင့်လာကာ ယုံကြည်သူများပြေးထွက်လာပြီး တိုက်ပွဲဝင်ရန် တပ်ဖွဲ့များ ဖွဲ့စည်းလိုက်သည်။
"ပျင်းဖို့ကောင်းတယ်။"
ချီမင်၏အကြည့်ကတော့ တည်ငြိမ်နေပြီး စစ်မြေပြင်ကို စိုက်ကြည့်နေသည်။ ယင်းက သူအင်မော်တယ်နယ်ကပယ်ဂိမ်းမြေအောက်စခန်းကိုဝင်ရောက်ခြင်းက ပထမဆုံးအကြိမ်ဖြစပေမဲ့ ချီမင်ကတော့ အရမ်း စိတ်လှုပ်ရှားမေနေပေ။
ပိုပြီးအရေးကြီးသည်က။
နတ်ဘုရားလမ်းစဉ်ကမ္ဘာ၏ကန့်သတ်ချက်သည် အရမ်းနည်းသည်။ အသန်မာဆုံးအထွတ်အထိပ်နတ်ဘုရားများသည် အထက်ကမ္ဘာအင်မော်တယ်ဘုရင်အဆင့်၌သာဖြစ်သည်။ ချီမင်အတွက်တော့ စိတ်ဝင်စားဖို့ တကယ့်ကိုခက်ခဲပေသည်။
ချီမင်၏လက်ရှိအဆင့်သည် မဟာဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့်သို့ရောက်ရှိနေပေပြီ။ သူက အထွတ်အထိပ်ကမ္မနည်းစနစ်နှင့်အသင်္ချေနည်းစနစ်များတစ်ခုသို့ ပြန်သွားခြင်းကို နက်နဲခြင်းအဆင့်ထိကျင့်ကြံထား၏။ ယင်းက အမြင့်ဆုံးအဆင့်ပေ။
သူ့အင်အားက အတိတ်ကထက်များစွာ ကျော်လွန်သွားခဲ့ပေသည်။
"အသင်္ချေနည်းစနစ်များတစ်ခုသို့ ပြန်သွားခြင်း"
ချီမင်က တိုက်ခိုက်လိုက်သည်။ သူက စစ်မြေပြင်သို့တိုက်ရိုက်ဝင်လာပြီး ကမ္ဘာခြားနတ်ဘုရားများကို သတ်ဖြတ်လာသည်။ သူက အထွတ်အထိပ်အံ့ဖွယ်စွမ်းအားကိုသုံးပြီး ညာဘက်လက်ကိုဝေ့ယမ်းလိုက်သည်။မမြင်နိုင်သည့် အံ့ဖွယ်စွမ်းအားတုန်ခါမှုလိုင်းများ ပျံ့နှံ့လာသည်။ အတွေးတစ်ချက်ဖြင့် သူက ပတ်ဝန်းကျင်မှအံ့ဖွယ်စွမ်းအားများကို ထိန်းချုပ်လိုက်သည်။
"သေကြစမ်း"
ကမ္ဘာခြားနတ်ဘုရားများသုံးထားသည့်အံ့ဖွယ်စွမ်းအားများအားလုံးက ထိန်းချုပ်မှုလွတ်သွားတော့၏။ ချီမင်၏ထိန်းချုပ်မှုအောက်တွင်၎င်းတို့က ပို၍အားကောင်းသော စွမ်းအားများကို ထုတ်လာကြ၏။
"မဟုတ်ဘူး"
"ဒါဘယ်လိုဖြစ်နိုင်မှာလဲ။"
"ငါ့ရဲ့အံ့ဖွယ်စွမ်းအားက ဘာလိုထိန်းချုပ်မှုလွတ်သွားတာလဲ။"
"အိုးမဟုတ်ဘူး!”
ကမ္ဘာခြားနတ်ဘုရားများက ထိတ်လန့်သွားတော့၏။
"အား"
ပေါက်ကွဲသံမျိုးစုံထွက်လာသည်။
စိတ်မချမ်းမြေ့သံအော်ဟစ်သံများထွက်လာသည်။ တစ်ထောင်ထက်ကျော်သော နတ်ဘုရားများသည် သူတို့၏ကိုယ်ပိုင်အံ့ဖွယ်စွမ်းအားများဖြင့် သေသွားကြသည်။
"တိုက်ခိုက်"
ချီမင်သည် ညာဘက်လက်ကိုဝေ့ယမ်းပြီး သူ၏ခန္ဓာကိုယ်ထဲမှ ကိုယ်ပိုင်အင်မော်တယ်ရတနာသုံးခုကိုထုတ်ယူလိုက်သည်။ ယင်းတို့က အလင်းစီးကြောင်းသုံးကြောင်းအဖြစ်ပြောင်းလဲသွားပြီး စစ်မြေပြင်မှ ကမ္ဘာခြားနတ်ဘုရားများကို ကောက်ရိတ်သလိုတိုက်ခိုက်သတ်ဖြတ်လာသည်။
ကမ္ဘာခြားနတ်ဘုရားများက သူထံမှတိုက်ကွက်တစ်ကွက်တောင် မခုခံနိုင်ပေ။ သူတို့က ချီမင်ကိုယ်ပိုင်အင်မော်တယ်ရတနာများးကို လုံးဝမခုခံနိုင်ပေ။တစ်ယောက်ပြီးတစ်ယောက် သေသွားခဲ့သည်။