အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်း နှစ်ခြင်းနည်းလမ်းအသက်သွင်း။ နတ်ဘုရားလမ်းစဉ်ကမ္ဘာသို့ဝင်ရောက်ခြင်းနှင့် ဝိုင်းရံခြင်း
Vol. 25 Ch. 364
ချီမင်သည် ဂိမ်းဇာတ်ကောင်များကို ကြည့်လိုက်ပြီး မရွေးချယ်ခင် ခဏလောက်စဉ်းစားလိုက်သည်။သူက မူလအစကမ္ဘာ၏နတ်ဘုရားဇာတ်ကောင်ကို ရွေးချယ်လိုက်သည်။
"ဝင်မယ်။" ချီမင်က ဆက်ပြောသည်။
တင်း!
"ဂုဏ်ပြုပါတယ်လက်ခံသူ။ သင် ဂိမ်းဇာတ်ကောင် မူလအစကမ္ဘာနတ်ဘုရားကို ရွေးချယ်ခဲ့ပါတယ်။ သင် အဆင့်မြင့်အင်မော်တယ်သလင်းကျောက်တစ်ကွာဒရီလီယန်သုံးပြီး အင်မော်တယ်ဂိမ်းမြေအောက်စခန်း နှစ်ခြင်းအခန်းကို ဖွင့်ချင်ပါလား။"
အသိပေးချက်တစ်ခုပေါ်လာသည်။
ချီမင်၏မျက်နှာပေါ်တွင် စိတ်ရှုပ်မှုတစ်စွန်းတစ်စနှင့် အံ့ဩမှုအနည်းငယ် ပေါ်လာသည်။ "လုပ်ဆောင်ချက်အသစ်တစ်ခု တိုးလာတာလား။ အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းရဲ့ နှစ်ခြင်းအခန်းလား။ ဘာကိုဆိုလိုချင်တာလဲ။ နှစ်ခြင်းအခန်းမှာ ဘယ်လိုအကျိုးသက်ရောက်မှုမျိုးရှိတာလဲ။"
တင်း!
"အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းနှစ်ခြင်းအခန်းကိုအသက်သွင်းပြီးပါက လက်ခံသူက အသိစိတ်တစ်ပိုင်းတစ်စကိုခွဲထုတ်ကာ ရွေးချယ်ထားသည့်ဂိမ်းဇာတ်ကောင်ကို ဝင်ပူးနိုင်ပါတယ်။ ဂိမ်းဇာတ်ကောင်ကို လုံးဝထိန်းချုပ်သွားနိုင်မည်ဖြစ်ပြီး အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းကိုဝင်ရောက်ပြီးနောက် ထူးခြားသည့်ဂိမ်းအတွေ့အကြုံကိုရရှိနိုင်ပါတယ်။ အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းထဲမှ ဘယ်လိုပစ္စည်းမဆို ရရှိနိုင်ပြီး ဂိမ်းကမ္ဘာကြီးထဲမှ တိုက်ရိုက်ယူဆောင်နိုင်ပါတယ်။"
ချီမင် ကခဏလောက်တွေးမိသွားသည်။ သူက တစ်ချက်ကြည့်လိုက်ပြီးနောက် အခြေခံအားဖြင့် နားလည်သွား၏။"ငါဂိမ်းမြေအောက်စခန်းထဲဝင်ပြီးသွားရင် ဂိမ်းဇာတ်ကောင်ကို ကိုယ်တိုင်ထိန်းချုပ်နိုင်မယ်လို့ပြောချင်တာလား။"
အပေါ်ယံမှာတော့ နှစ်ခြင်းအခန်းကိုဖွင့်လှစ်ခြင်းက အကျိုးမရှိဟန်ပင်။ ယင်းက ဂိမ်းမြေအောက်စခန်း၏စွမ်းဆောင်ရည်နှင့် စိတ်ဝင်စားမှုကို တိုးတက်စေပြီး ချီမင်ကို ဂိမ်းမြေအောက်စခန်းသို့အမှန်တကယ်ဝင်ရောက်စေနိုင်သည်။
သို့ပေမဲ့ အမှန်တကယ်တော့ သူက အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းနှစ်ခြင်းအခန်းကို မဖွင့်ရင် သူက ပုံသေဆုလဒ်များသာ ရရှိမည်ဖြစ်သည်။ ဆုလဒ်များက သူ၏ကံတရားပေါ်သာ မူတည်ပါသည်။
သို့ပါသော်လည်း ချီမင်သည် ကိုယ်တိုင်ဝင်ရောက်ပြီးနောက်မှာ ဂိမ်းမြေအောက်စခန်းထဲမှ မည်သည့်ပစ္စည်းများမဆို ရယူနိုင်ပေသည်။
ချီမင်သည် ပစ္စည်းများ ပိုရနိုင်သည်။ သူက ဂိမ်းမြေအောက်စခန်းထဲမှ သူကြိုက်သည့်ဘယ်အရာမဆို ယူနိုင်ပေသည်။
ထို့ပြင် နှစ်သန်းပေါင်းများစွာအတွင်းမှာ ချီမင်သည် ကောင်းကင်ဉာဏ်အလင်းမြင့်မြတ်တောင်တွင် သီးခြားကျင့်ကြံနေခဲ့သည်။ သူက ခြေလှမ်းတစ်ဝက်တောင် မထွက်သေးပေ။ ချီမင်သည် ဂိမ်းမြေအောက်စခန်းသို့ အပန်းဖြေရန်တောင် ဝင်ရောက်နိုင်သည်။ သူ၏စိတ်အခြေအနေအတွက်လည်း ကောင်းပေသည်။
"အသက်သွင်းမယ်"
တင်း!
"အဆင့်မြင့်အင်မော်တယ်သလင်းကျောက် တစ်ကွာဒရီလီယန်မြှင့်တင်မှုအောက်တွင် အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းနှစ်ခြင်းအခန်းကို အောင်မြင်စွာအသက်သွင်းနိုင်လိုက်ပါတယ်။"
အသိပေးချက်တစ်ခုပေါ်လာသည်။
နောက်တခဏမှာ ချီမင်သည် သူ့ကိုယ်ပေါ်သို့ အားတစ်ခုသက်ရောက်လာသည်ကို ခံစားမိလိုက်သည်။ မသိလိုက်စွာဖြင့် သူ၏အသိစိတ်တစ်ပိုင်းတစ်စသည် ခွဲထွက်ကာ ဂိမ်းဇာတ်ကောင်ဖြစ်သည့် မူလအစကမ္ဘာနတ်ဘုရားထဲသို့ ဝင်ကာ ပေါင်းစပ်သွားတော့၏။
သူ့အတွက် အလုပ်မျိုးစုံကိုတစ်ပြိုင်တည်းလုပ်ဖို့ ပြဿနာတော့မရှိပေ။ သူ၏ခွဲထွက်သွားသည့် အသိစိတ် တစ်စိတ်တစ်ပိုင်းသည် ဂိမ်းဇာတ်ကောင်မူလအစကမ္ဘာနတ်ဘုရားကို ထိန်းချုပ်လိုက်သည်။ သူ၏အဓိကအသိစိတ်ကတော့ သဘာဝအတိုင်း အဓိကခန္ဓာကိုယ်ထဲမှာပဲရှိနေဆဲဖြစ်ပြီး ကျင့်ကြံခြင်းနည်းစနစ်များကို သီးခြားကျင့်ကြံနေသည်။
ချီမင်သည် အာရုံအများစုကို ဂိမ်းဇာတ်ကောင် မူလအစကမ္ဘာနတ်ဘုရားထံသို့ ထားလိုက်သည်။
မြင်ကွင်းကပြောင်းလဲသွားသည်။
မဟာဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း : နတ်ဘုရားလမ်းစဉ်ကမ္ဘာတွင်။
အဓိက ကမ္ဘာသုံးခုထဲမှ တစ်ခုဖြစ်သည့် မူလအစကမ္ဘာတွင်။
အရှေ့နိုင်ငံ မဟာရှပြည်နယ် ဟွိုက်မြို့တော်။
မြို့ပြင်မှ လူမနေသည့်ဆင်ခြင်ဖုံးနေရာတွင်။
ချီမင်၏ပုံရိပ်သည် လေထုထဲတွင် ပေါ်လာသည်။ သူက ဆင်ခြေဖုံးရပ်ကွက်၏လေထုထဲတွင် ရပ်နေခဲ့ကာ မျက်လုံးဖွင့်ပြီး ပတ်ဝန်းကျင်ကိုစူးစမ်းနေခဲ့သည်။ သူက ကောင်းကင်ပေါ်မှ ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့ပြီး မြေပြင်ပေါ်သို့ရပ်လိုက်သည်။
သူက နတ်ဘုရားလမ်းစဉ်ကမ္ဘာသို့ ရောက်လာခဲ့သည်။ သူ၏လက်ရှိအထောက်အထားသည် မူလအစကမ္ဘာတွင် အသစ်မွေးဖွားလာသည့် နတ်ဘုရားတစ်ပါးပင်။
ထိုအခိုက် ချီမင်မူလအစကမ္ဘာသို့ခြေချလိုက်သည်အချိန်မှာ မူလအစကမ္ဘာ၏ပြင်ပလေဟာနယ်တွင် ခမ်းနားသည့်ထူးခြားဖြစ်စဉ်များ ပေါ်လာခဲ့သည်။ တိမ်နှင့်လေတို့မှာ ပြောင်းလဲသွားပြီး ကောင်းချီးများ တဟုန်ထိုးမြင့်တက်လာခဲ့သည်။
အချိန်တိုလေးအတွင်းမှာ လူသားများ၏ကောင်းချီးသည် စောင့်တက်သွားတော့၏။
စွမ်းအားကြီးပုံရိပ်တစ်ခု လျင်မြန်စွာဖြင့် အလုံးအထည်ဖြစ်တည်လာတော့သည်။
သေချာကြည့်လိုက်လျှင် ထိုခမ်းနားသည့်ပုံရိပ်သည် ချီမင်ဖြစ်ပေ၏။
"နတ်ဘုရားအသစ်တစ်ပါးမွေးဖွားလာတာပဲ။"
"အရမ်းစွမ်းအားကြီးတယ်။ တစ်ဖက်က အခုမှမွေးလာတဲ့ နတ်ဘုရားအသစ်ပဲဖြစ်သေးတာကို။ သူက လူသားမျိုးနွယ်ရဲ့ကောင်းချီးကို တစ်ဆယ်ရာခိုင်နှုန်းတောင် မြှင့်ပေးတယ်။ ကြောက်ဖို့ကောင်းလွန်း တယ်။"
"ဟူး"
“…”
အချိန်တိုလေးအတွင်းမှာ မူလအစကမ္ဘာပေါ်တွင် အခြားသောမူလအစကမ္ဘာလူသားနတ်ဘုရားများ သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ လူသားမျိုးနွယ်၏ကောင်းချီးမှ ဖြစ်တည်လာသည့်ဓမ္မရုပ်တု ကို ကြည့်လိုက်သည်။ သူတို့က လူသားမျိုးနွယ်၏အပြောင်းအလဲကို အာရုံခံမိလိုက်သည့်အတွက် စိတ်လှုပ်ရှားထိတ်လန့်လာကြသည်။
မူလအစကမ္ဘာတစ်ခုလုံး၏လူသားမျိုးနွယ်ကောင်းချီးမှ ကောင်းချီးဓမ္မရုပ်တုအဖြစ် ဖြစ်တည်လာခြင်းဖြစ်သည်။ ယင်းက ခမ်းနားမြင့်မြတ်နေပြီး သာမန်လူသားများကိုငုံ့ကြည့်၍နေသည်။ လူသားမျိုးနွယ်၏ကောင်းချီးနှင့်ပေါင်းစပ်ကာ အကောင်အထည်ဖြစ်တည်လာခြင်းဖြစ်သည်။
"လူသားမျိုးနွယ် ကောင်းချီး"
တစ်ချိန်တည်းမှာ ချီမင်သည် မူလအစကမ္ဘာမှ လူသားမျိုးနွယ်များ၏ကောင်းချီးကို အာရုံခံမိသွားသည်။ မသိလိုက်စွာဖြင့် လူသားမျိုးနွယ်ကောင်းချီးစွမ်းအားက သူ့ကို ကာကွယ်ပေးနေသည်။
တစ်နည်းပြောရရင်။
မူလအစကမ္ဘာသည် ချီမင်ကို နတ်ဘုရားအဖြစ်အသိမှတ်ပြုလိုက်ခြင်းဖြစ်၏။
"အာရုံခံစားနိုင်စွမ်းရှိတာပဲ။"
ချီမင်သည် ညာဘက်လက်ဖြင့် လက်ချိတ်စည်းတစ်ခုကိုဖွဲ့စည်းလိုက်၏။ လူသားများ၏ကောင်းချီးများမှတစ်ဆင် အံ့ဖွယ်စွမ်းအားများသုံးကာ သူရလိုသည့် မူလအစကမ္ဘာ၏နတ်ဘုရားများ၏အခြေအနေကိုတွက်ချက်နိုင်သွားသည်။
ဆယ်နှစ်အတွင်းမှာမူလအစကမ္ဘာမှ လူသားများသည် မယုံနိုင်စရာကောင်းသည့် အမြန်နှုန်းဖြင့် လျင်မြန်စွာ ကြီးထွားလာခဲ့သည်။ နတ်ဘုရားများစွားရှိပြီး စုစုပေါင်းအထွတ်အထိပ်နတ်ဘုရားငါးပါး သည် မူလအစကမ္ဘာကို စောင့်ကြပ်နေသည်။
တစ်ချိန်တည်းမှာပဲ ချီမင်သည် နတ်ဘုရားလမ်းစဉ်ကမ္ဘာ၏စွမ်းအားအဆင့်ကို သိလိုက်ရသည်။
ရှင်းရှင်းလင်းလင်းပြောရရင် နတ်ဘုရားလမ်းစဉ်ကမ္ဘာ၏စွမ်းအားမှာ နတ်ဘုရားလမ်းစဉ်သာဖြစ်သည်။ ယင်းတို့က မတူညီသည့်နတ်ဘုရားလမ်းစဉ်ကိုလျှောက်လှမ်းကြခြင်းဖြစ်သည်။ တကယ်တော့ ကောင်းကင်နှင့်မြေကြီးဥပဒေသကို နားလည်ဆင်ခြင်ကြခြင်းဖြစ်သည်။
ကောင်းကင်နှင့်မြေကြီးဥပဒေသကို နားလည်ဆုပ်ကိုင်နိုင်ပြီး လုံလောက်သည့်သက်ဝင်ယုံကြည်မှုကို စုဆောင်းနိုင်နေသ၍ သူတို့က နတ်ဘုရားနယ်ပယ်သို့တက်လှမ်းနိုင်ပြီဖြစ်ကာ နတ်ဘုရားနိုင်ငံတော်ကိုတည်ဆောက်ပြီး စစ်မှန်နတ်ဘုရားတစ်ပါးဖြစ်လာလေသည်။
နတ်ဘုရားလမ်းစဉ်ကမ္ဘာ၏နတ်ဘုရားများသည် အခြေခံအားဖြင့် ဥပဒေသကျင့်ကြံခြင်းအဆင့်၌ ဖြစ်သည်။ နတ်ဘုရားများက အင်မော်တယ်များနှင့်တူညီပြီး နတ်ဘုရားအဆင့်အောက်ကတော့ အဆင့်နိမ့်ကမ္ဘာ၏ကျင့်ကြံသူများနှင့်တူညီသည်။
နတ်ဘုရားအဆင့်၌ နတ်ဘုရား၊ကောင်းကင်နတ်ဘုရား၊စစ်မှန်နတ်ဘုရား၊နတ်ဘုရားအရှင်၊နတ်ဘုရားဘုရင်နှင့်အထွတ်အထိပ်နတ်ဘုရားဟူ၍ ခွဲထားသည်။ အဓိကအဆင့်တိုင်းကို အဆင့်ငယ်သုံးခုအဖြစ် အငယ်စား၊အလတ်အလတ်နှင့်မဟာဟူ၍ခွဲထားသည်။
အထွတ်အထိပ်နတ်ဘုရားကတော့ အထက်ကမ္ဘာအင်မော်တယ်ဘုရင်အဆင့်ဖြစ်ပြီး နတ်ဘုရားဘုရင်ကတော့မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်ဖြစ်ပြီး နတ်ဘုရားအရှင်ကတော့ မဟာဆန်းကြယ်အင်မော်တယ်ဖြစ်သည်။စစ်မှန်နတ်ဘုရားသည်တော့ ဆန်းကြယ်အင်မော်တယ်ဖြစ်ပြီး သာမန်နတ်ဘုရားကတော့ အင်မော်တယ်အဆင့်သာဖြစ်သည်။
ချီမင်သည် အခြေခံအချက်အလက်များကို တွက်ချက်လိုက်သည်။
သူက ခဏလောက်တွေးလိုက်သည်။ "ဒီလိုဆိုမှတော့ တခြားကမ္ဘာရဲ့နတ်ဘုရားတွေကို သတ်ဖို့ရှာရတာပေါ့။ တာဝန်ကိုအပြီးသတ်ပြီး ဂိမ်းမြေအောက်စခန်းကိုအရင်ရှင်းလင်းရမယ်။"
ထိုအခိုက်တွင် ချီမင်သည် နတ်ဘုရားလမ်းစဉ်ကမ္ဘာ၏နတ်ဘုရားရောင်ဝါကို ခံစားမိသည်။ နတ်ဘုရားအရှိန်အဝါတော်တော်များသည် မတူညီသည့်အရပ်မျက်နှာများမှ ရောက်လာကြပြီး အချိန်တိုလေးအတွင်းမှာပဲ ချီမင်၏ရှေ့သို့ ပေါ်လာသည်။
စုစုပေါင်းနတ်ဘုရားငါးပါးပေ။
တစ်ယောက်က အငယ်စားကောင်းကင်နတ်ဘုရားဖြစ်ပြီး လေးယောက်ကတော့ မဟာနတ်ဘုရားများဖြစ်သည်။
"မင်းတို့တွေ" ချီမင်သည် ထိုသူတို့ကို တစ်ချက်ကြည့်ကာ မထူးမခြားဟန်ဖြင့်မေးသည်။"ဘာလို့ ငါ့လမ်းကိုလာပိတ်နေတာလဲ။"
"အဟွတ် ဟွတ်"
အသေးစားကောင်းကင်နတ်ဘုရားသည် ရှေ့အနည်းငယ်တိုး၍ဆိုသည်။"ကျွန်တော်တို့က လူသားတွေရဲ့ကောင်းချီးက တစ်ဆယ်ရာခိုင်နှုန်းတိုးလာတာကို အာရုံခံမိတယ်။ ကျွန်တော်တို့ သင့်ရဲ့ကောင်းချီးဓမ္မရုပ်တုကိုတွေ့လို့ ရောက်လာတာပါ။"
"ကျွန်တော်တို့မှာ မကောင်းတဲ့ရည်ရွယ်ချက်မရှိပါဘူး။"
"ဟုတ်တယ်။ဟုတ်ပါတယ်ဗျ။"
"ကျွန်တော့်တို့က လာပြီးနှုတ်ဆက်ရုံပါ။"
"ဟုတ်တယ်။"
ကျန်သည့် သာမန်နတ်ဘုရားများကလည်း ပြောလိုက်သည်။
ချီမင်က ပြောလိုက်သည်။"မင်းတို့အခု ငါကိုတွေ့ပြီမလား။ ဖယ်ပေးနိုင်ပြီလား။"
"အသင်က ဘယ်သွားမလို့လဲ။"
"ကျွန်တော်တို့က ဒီဟွိုက်မြို့တော်နဲ့အရမ်းကိုရင်းနှီးပါတယ်။ ကျွန်တော်တို့ လိုက်ပြပေးရမလား။"
“…”
နတ်ဘုရားများက ဆက်၍ပြောသည်။
ရုတ်တရက် ချီမင်နတ်ဘုရားများကို ပြန်၍မပြောရသေးခင်မှာပဲ အနားကလေဟာနယ်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသည့် အက်ကွဲကြောင်းများ ပေါ်လာသည်။ ကြောက်မက်ဖွယ်ရာအနက်ရောင်ဟင်းလင်းပြင်အက်ကွဲကြောင်းများမှာ ဝဲဂယက်အလားကျယ်ပြန့်လာ၏။
ကြောက်မက်ဖွယ်အရှိန်အဝါက ပျံ့နှံ့လာ၏။
"ဟီးဟီး"
"တွေ့ပြီ။"
"မူလအစကမ္ဘာပေါ်က လူသားတွေရဲ့ ကောင်းချီးက ရုတ်တရက်ကြီး အများကြီးတိုးလာတာ။ ကောင်းတဲ့ကိစ္စတော့မဟုတ်ဘူး။"
"ငါတို့ အဲ့လိုခြိမ်းခြောက်မှုကို သတ်ရမယ်။"
“…”
ဟင်းလင်းပြင်အက်ကွဲကြောင်းထဲမှ ကျောချမ်းဖွယ်ရာအသံများထွက်လာသည်။ စွမ်းအားကြီးအရှိန်အဝါသည် နေရာလွတ်ကိုပါ တဖြည်းဖြည်းသက်ရောက်လာသည်။ တန်ခိုးကြီးအံ့ဖွယ်စွမ်းအားများနှင့်ဥပဒေသများမှာ အဓိကမ္ဘာကြီးထဲမှ ဖယ်ရှားခံလိုက်ရပြီး လှောင်ချိုင့်တစ်ခုသဖွယ် သီးခြားနေရာလွတ်တစ်ခုဖြစ်သွားသည်။
အနီးကပ်ကြည့်လိုက်ရင် သွေးနက်ရောင်မှော်စာလုံးများနှင့် ရွှေနီရောင်အလင်းတန်းများ တောက်ပနေသည်။ ၎င်းတို့က လျှို့ဝှက်ဆန်းကြယ်သည့် ဥပဒေသပုံစံများသဖွယ် ယှက်သွယ်ချိတ်နွယ်နေကြပြီး သီးခြားနေရာလွတ်တစ်ခုလုံးကို ဖုံးအုပ်ထားသည်။
"အိုးမဟုတ်ဘူး!”
"ကမ္ဘာခြားနတ်ဘုရားတွေနဲ့နတ်ဆိုးသာလွန်သူတွေက တကယ့်ကိုတိုက်ခိုက်လာတာပဲ။"
"အရမ်းမြန်လွန်းတယ်။"
"သေစမ်း"
"အချိန်နေရာလွတ်လှောင်ချိုင့်ပဲ။"
"ငါတို့တော ဒုက္ခရောက်ပြီ။"
အငယ်စားကောင်းကင်နတ်ဘုရားနှင့် မဟာနတ်ဘုရားလေးပါး၏အမူအရာများက အင်မတန်အရုပ်ဆိုးသွားတော့၏။သူတို့က တည်ကြည်သွားကြသည်။ သူတို့မျက်နှာများက ဖျော့တော့လာပြီး သေလောက်သည့်ဖိအားကိုခံစားနေရသည်။
မူလက ဟင်းလင်းပြင်အက်ကွဲကြောင်းတစ်ခုပဲဆိုပေမဲ့ ဒုတိယမြောက် ဟင်းလင်းပြင်အက်ကွဲကြောင်း ပေါ်လာတော့သည်။ ဟင်းလင်းပြင်အက်ကွဲကြောင်းထဲတွင် အနက်ရောင်အရိပ်များ တစ်ယောက်ပြီးတစ်ယောက်ထွက်လာသည်။
ပထမဟင်းလင်းပြင်အက်ကွဲကြောင်းထဲတွင် ကမ္ဘာခြားနတ်ဘုရားများ၏သစ္စာရှိ ယုံကြည်ကိုးကွယ်သူများ ထွက်လာသည်။ အရေအတွက်ကအတော်လေးများပြားပြီး ဆယ်သန်းတောင်ကျော်သည်။
မှော်ဆရာများ၊သူရဲကောင်းများ၊မသေမျိုးများ၊မှော်သားရဲများ...
သူတို့က ကမ္ဘာခြားစစ်တပ်တစ်ခုဖြစ်သည်။
ကမ္ဘာခြားစစ်တပ်နောက်တွင် မတူညီသည့်နတ်ဘုရားနိုင်ငံတော်ပုံရိပ်ယောင်ကိုးခုပေါ်လာသည်။ နတ်ဘုရားနိုင်ငံတော် ပုံရိပ်ယောင်ကိုးခု၏အလယ်ဗဟိုတွင် စွမ်းအားကြီးနတ်ဘုရားကိုးပါးရှိသည်။
"ကောင်းကင်... ကောင်းကင်နတ်ဘုရားကိုးပါး။"
အသေးစားကောင်းကင်နတ်ဘုရား၏မျက်နှာသည် ပို၍ဖြူလျော်လာသည်။
မပြီးဆုံးသေးပေ။
ဒုတိယဟင်းလင်းပြင်အက်ကွဲကြောင်းထဲတွင် ပုံရိပ်များထွက်လာပြန်သည်။ သူတို့အားလုံးက မတူညီသည့်နတ်ဆိုးများပင်။ အတော်လေးများပြားကာ ဆယ်သန်းကျော်သည်။
ခေါင်းနှစ်လုံးငရဲခွေး၊ဆိတ်ဦးချိုနတ်ဆိုး၊ငရဲမီးလျှံနတ်ဆိုး၊လက်ရှစ်ဖက်မြေနတ်ဆိုး....
သူတို့က နတ်ဆိုးစစ်တပ်ကိုဖွဲ့စည်းထား၏။
နတ်ဆိုးစစ်တပ်နောက်တွင် ခမ်းနားသည့် နတ်ဆိုးသာလွန်သူကိုးပါးပေါ်လာသည်။ အတော်လေးကြောက်မက်ဖွယ်ကောင်း၍ သူတို့ခေါင်းကျိန်းလာသလိုခံစားလိုက်ရသည်။
"ကိစ္စတော့ပြတ်ပြီ။"
"ငါတို့ ကောင်းကင်နတ်ဘုရားကိုးပါးနဲ့နတ်ဆိုးသာလွန်သူကိုးပါးကို မနိုင်ဘူး။"
“အံ့ဖွယ်စိတ်ဝိညာဉ်ကမ္ဘာနဲ့နတ်ဆိုးကမ္ဘာက ဒီလောက်မြန်မြန်တုံ့ပြန်လာမယ်လို့မထင်ထားဘူး။ ငါတို့မူလအစကမ္ဘာပေါ်က လူသားတွေရဲ့ကောင်းချီးက ပြောင်းလဲရုံပဲရှိသေးတယ်။ အချိန်တိုလေးအတွင်းမှာ သူတို့ကကျူးကျော်ခြင်းဥမင်တောင်တူးပြီး စစ်တပ်နဲ့တောင်လာသေးတယ်။ သူတို့က နေရာအတိအကျကိုအတည်ပြုပြီး လူသားမျိုးနွယ်ရဲ့ကောင်းချီးကိုသက်ရောက်တဲ့ နတ်ဘုရားအသစ်ကို ပစ်မှတ်ထားလာတာပဲ။"
"အစွမ်းကုန်တိုက်ရအောင်။ ငါတို့ လူသားကျွမ်းကျင်သူတွေဘက်က စစ်ကူမရခင် တတ်နိုင်သမျှ တောင့်ခံရမယ်။"
"အဲ့ဒီ့တစ်နည်းပဲရှိတော့တယ်။"
နတ်ဘုရားငါးပါးသည် အသက်ပြင်းပြင်းရှုလိုက်၏။ သူတို့အကြည့်များက လေးနက်နေလျက် စိတ်ပိုင်းဖြတ်လိုက်သည်။