← Chapters

ကျော်ဖြတ်ခြင်း။ ကောင်းကင်တာအိုရတနာ:ကောင်းကင်နှင့်မြေကြီးစကြဝဠာပန်းချီ၊ ကျင့်ကြံခြင်းအမြန်နှုန်းတိုးမြှင့်ခြင်း

Vol. 25 Ch. 366

ကျော်ဖြတ်ခြင်း။ ကောင်းကင်တာအိုရတနာ:ကောင်းကင်နှင့်မြေကြီးစကြဝဠာပန်းချီ၊ ကျင့်ကြံခြင်းအမြန်နှုန်းတိုးမြှင့်ခြင်း

Vol. 25 Ch. 366

ချီမင်၏အင်အားက တကယ့်ကိုသန်မာလေသည်။ ယင်းက နတ်ဘုရားလမ်းစဉ်ကမ္ဘာ၏ကမ္ဘာခြားနတ်ဘုရားများအနေဖြင့် ခုခံနိုင်မည့်အရာမဟုတ်ပေ။ သူတို့က လုံးဝကိုမတူညီသည့်အဆင့်ကပေ။

"ဒါ...ဒါ...ဒီ.."

"သူ...သူကဘယ်သူလဲ။"

"ဒီအင်အားက အတော်လေးကြောက်ဖို့ကောင်းတယ်။ သူ့ကိုဆန့်ကျင်တဲ့ ကမ္ဘာခြားနတ်ဘုရားတွေက ပုရွတ်ဆိတ်တွေအတိုင်းပဲ။ တစ်ချက်ကလေးတောင် မခုခံနိုင်ဘူး။ သူတို့က အလွယ်လေးအသတ်ခံလိုက်ရပြီ။"

"ဟူး"

"ကြောက်ဖို့ကောင်းသွားပြီ။"

"သူ...သူက မူလအစကမ္ဘာရဲ့ နတ်ဘုရားအသစ်ပဲ။"

"အဲ့ဒီတော့ သူပေါ့။ မူလအစကမ္ဘာရဲ့လူသားမျိုးနွယ်ရဲ့ကောင်းချီးက ဆယ်ရာခိုင်နှုန်းတောင် တက်လာတာပဲ။ မအံ့ဩတော့ပါဘူး။ ဒီလိုအင်အားမျိုးက တကယ့်ကို ကြောက်ဖို့ကောင်းတယ်။"

“…”

စစ်မြေပြင်ပေါ်တွင် ကမ္ဘာခြားနတ်ဘုရားများသာမဟုတ်ပေ။ နတ်ဆိုးသာလွန်သူများနှင့် မူလအစကမ္ဘာ၏နတ်ဘုရားများတောင် အာရုံစိုက်ကာ အံ့ဩစွာဖြင့် ဆွေးနွေးနေကြသည်။

ချီမင်က တကယ့်ကို သန်မာပေသည်။

အချိန်ကုန်ဆုံးသွားသည်။

ချီမင်သည် ကမ္ဘာခြားနတ်ဘုရားများကို သတ်ဖြတ်နေခဲ့သည်။ သိပ်မကြာခင်မှာပဲ သူက ကမ္ဘာခြားနတ်ဘုရားပေါင်း(၁၂၉၆၀၀)ကိုသတ်ဖြတ်ပြီး အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းကိုရှင်းလင်းနိုင်သွား၏။

"မဟာတာအိုသာလွန်သူတွေ"

ချီမင်သည် အသက်ပြင်းပြင်းရှုလိုက်၏။ အင်မော်တယ်နယ်ဂိမ်းမြေအောက်စခန်းကိုရှင်းလင်းတဲ့အရှိန်ကို မြန်သွားအောင် သူ့ကိုယ်ထဲက မဟာတာအိုအင်မော်တယ်ဝင်ပေါက်အားလုံးကို အသက်သွင်းလိုက်၏။

စုစုပေါင်းမဟာတာအိုအင်မော်တယ်ဝင်ပေါက်ပေါင်း(၃၅၃၅၂)ရှိပေသည်။

အားလုံးကို အသက်သွင်းလိုက်၏။

ကြယ်ရောင်ကောင်းကင်ကြီးမှာ ပြင်းထန်စွာတုန်ခါသွားသည်။ နတ်ဘုရားလမ်းစဉ်ကမ္ဘာတစ်ခုလုံးလှုပ်ခါသွားသည်။ နေရာလွတ်ကပြိုကွဲသွားပြီး အက်ကွဲကြောင်းများ ပေါ်လာတော့၏။ ကြောက်မက်ဖွယ်စွမ်းအားမှာ စကြဝဠာကို ဖြတ်သန်းသွားခဲ့သည်။

ထိုအခိုက်တွင် မဟာတာအိုသာလွန်သူများသည် မဟတာအိုအင်မော်တယ်ဝင်ပေါက်(၃၅၃၅၂)ထံမှ လမ်းလျှောက်ထွက်လာသည်။ မဟာတာအိုသာလွန်သူတိုင်းက ချီမင်၏အဓိကခန္ဓာနှင့်တူညီလုနီးပါးအင်အားမျိုးရှိသည်။

အံ့ဖွယ်စွမ်းအားနည်းစနစ်များကိုပေါင်းစပ်သည့်နည်းစနစ်မတူညီ၍ မဟာတာအိုအံ့ဖွယ်စွမ်းအားတိုင်းတွင် မတူညီသည့်ဓမ္မရုပ်တုများနှင့်အသွင်ပြင်မျိုးရှိသည်။ စုစုပေါင်း(၃၅၃၅၂)ယောက်ပေါ်လာသည်။

အတော်လေးကြောက်မက်ဖွယ်ကောင်းပါ၏။

"တိုက်ခိုက်" ချီမင်က အော်ဟစ်လိုက်သည်။

"ကောင်းကင်ကြယ်တာရာအစီအရင်"

"မြေကမ္ဘာနတ်ဆိုးအစီအရင်"

"သမာဓိမီးလျှံ"

"လျှို့ဝှက်ဆန်းကြယ်တံခါးနိမိတ်ဖတ်ခြင်း"

"ကြည်လင်ကောင်းကင်စစ်မှန်မီးလျှံ။"

"ကပ်ဘေးဒုက္ခဝဲဂယက်"

"မူလအစအင်မော်တယ်အလင်း"

“…”

မဟာတာအိုသာလွန်သူ(၃၅၃၅၂)က တစ်ပြိုင်တည်းတိုက်ခိုက်လိုက်သည်။ သူတို့သုံးလိုက်သည့် အံ့ဖွယ်စွမ်းအားအားလုံးက စစ်မြေပြင်တစ်ခုလုံးကို လွှမ်းမိုးသွားခဲ့သည်။

ချက်ချင်းပဲ နတ်ဘုရားများနှင့်နတ်ဆိုးများသည် အံ့ဖွယ်စွမ်းအားအလင်းတန်းများကိုသာ မြင်နိုင်တော့သည်။ မယှဉ်သာလောက်အောင် ခမ်းနားတောက်ပကာ စစ်မြေပြင်တစ်ခုလုံးကိုဖုံးလွှမ်းနေသည်။ မယှဉ်သာလောက်အောင် ကြောက်မက်ဖွယ်ကောင်းပါ၏။ နတ်ဘုရားလမ်းစဉ်ကမ္ဘာတစ်ခုလုံးတုန်လှုပ်သွားရသည်။

"မဟုတ်ဘူး"

"ဘယ်လို..ဘယ်လိုစွမ်းအားမျိုးပါလိမ့်။"

"ဘုရား‌ရေ။"

"မဟုတ်ဘူး။ မဟုတ်ဘူး။ မဟုတ်ဘူး။"

"ပြေး!”

“…”

စစ်မြေပြင်ပေါ်တွင် နတ်ဘုရားများနှင့်နတ်ဆိုးများသည် ကြောက်လန့်တကြားအော်ဟစ်နေကြ၏။ သူတို့မျက်လုံးများက အကြောက်တရားကြောင့် ပြူးကျယ်နေခဲ့သည်။ သူတို့ခန္ဓာကိုယ်က တောင့်တင်းကုန်ပြီး ခြေဖျားလက်ဖျားများ အေးစက်လာကြ၏။

မယှဉ်သာလောက်အောင် ကြီးမားသည့် ပေါက်ကွဲသံကြီးထွက်လာပြီး စကြဝဠာကို ပြိုကွဲသွားစေ၏။ ကြောက်မက်ဖွယ်အားက ကမ္ဘာအတားအဆီးများကို ပိုင်းဖြတ်သွားသည်။ နေရာလွတ်ကပြိုကွဲသွားပြီး ကမ္ဘာငယ်လေးများကို ပျက်စီးသွားစေသည်။

စကြဝဠာကြီးက လှုပ်ခါသွားသည်။

နတ်ဘုရားလမ်းစဉ်ကမ္ဘာတစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါသွားသည်။ ချီမင်၏ရိုက်ချက်ကြောင့် အပေါက်ကြီးတစ်ခုပေါ်လာပြီး ပြင်းထန်သည့်လေဟာနယ်လေပြင်းများ ဝင်လာသည်။

တင်း!

"ဂုဏ်ပြုပါတယ်လက်ခံသူ။ သင် ဂိမ်းတာဝန်ကိုပြီးမြောက်သွားပါပြီ။သင် မဟာဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း နတ်ဘုရားလမ်းစဉ်ကမ္ဘာကို အောင်မြင်စွာရှင်းလင်းနိုင်းခဲ့ပါတယ်။ သင် ဆုလဒ်များကို လက်ခံနေပါတယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

"ပြီးပြီ။"

ချီမင်က ပတ်ကြည့်လိုက်၏။ စစ်မြေပြင်တစ်ခုလုံးတွင် မူလအစကမ္ဘာ၏နတ်ဘုရားများမှလွဲ၍ ကျန်သည့်နတ်ဘုရားအားလုံးနှင့်နတ်ဆိုးသာလွန်သူအားလုံး သေဆုံးသွားခဲ့သည်။

မှန်ပေသည်။

အကုန် သေသွားခြင်းဖြစ်ပါ၏။

ချီမင်က တစ်ချက်သာလှုပ်ရှားလိုက်ရပြီး နတ်ဘုရားဆယ်သန်းကျော် သေဆုံးသွားသည်။ သူက ကြောက်မက်ဖွယ်ကောင်းသည့် အင်အားတစ်စိတ်တစ်ပိုင်းကိုပြလိုက်ခြင်းဖြစ်၏။ သူသာ အင်အားကုန်သုံးရင် နတ်ဘုရားလမ်းစဉ်ကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးနိုင်ပေသည်။

"ဒါ...ဒါ...ဒီ.."

"ဟူး"

"ဒါဘယ်လိုဖြစ်နိုင်မှာလဲ။"

ပတ်ဝန်းကျင်တွင် မူလအစကမ္ဘာ၏အထွတ်အထိပ်နတ်ဘုရားငါးပါးနှင့်ကျန်သည့်နတ်ဘုရားများက ကြောင်အသွားကြသည်။ သူတို့မျက်လုံးများက ထိတ်လန့်မှုကြောင့် ပြူးကျယ်နေပြီး မတည်ငြိမ်နိုင်ပေ။

သူတို့က ချီမင်၏ခမ်းနားပြီးမြင့်မားသည့် ကျောပြင်ကို ကြည့်နေကြသည်။

အတော်လေးစွမ်းအားကြီးသည်။

စွမ်းအားကြီးပါ၏။

၎င်းက သူတို့စိတ်ကူးတာထက် ကျော်လွန်သွားခဲ့၏။

စွမ်းအားကြီးလွန်း၏။

ဖော်ပြဖို့တောင် ခက်ခဲနေသည်။

"သွားဖို့အချိန်တန်ပြီ။"

အတွေးတစ်ချက်ဖြင့် ချီမင်၏အသိစိတ်တစ်စိတ်တစ်ပိုင်းက ဂိမ်းဇာတ်ကောင်ထဲမှထွက်ကာ မူလကိုယ်သို့ပြန်ရောက်လာပြီး သူ၏အဓိကအသိစိတ်နှင့်ပေါင်းစပ်သွားသည်။

နတ်ဘုရားလမ်းစဉ်ကမ္ဘာတွင် ချီမင်၏အသိစိတ်က ထွက်သွားသည်။ နတ်ဘုရားလမ်းစဉ်ကမ္ဘာတစ်ခုလုံးက ရပ်တန့်ပါ ဟူသည့်ခလုတ်နှိပ်ထားသလိုမျိုး ရပ်တန့်နေပြီး အေးခဲနေသည်။ ချီမင်၏ဂိမ်းဇာတ်ကောင်က မရေမတွက်နိုင်သောအလင်းစက်လေးများအဖြစ်ပြောင်းလဲသွားခဲ့သည်။ ၎င်းက သန့်စင်သည့်စွမ်းအားအဖြစ် နတ်ဘုရားလမ်းစဉ်ကမ္ဘာထဲသို့ပေါင်းစပ်သွားသည်။ ယင်းက ဂိမ်းကမ္ဘာကို လျင်မြန်စွာဖြင့် ပြန်လည် ပြုပြင်လိုက်သည်။

အချိန်ကာလက လျင်မြန်စွာဖြင့် ပြောင်းလဲသွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာ နတ်ဘုရားလမ်းစဉ်ကမ္ဘာသည် မူလအခြေအနေသို့ပြန်ရောက်သွားသည်။

၎င်းက ဂိမ်းမြေအောက်စခန်းကို ပြန်လည်စတင်လိုက်သည့်အလားပင်။

တင်း!

"ခြေမှုန်းမှုပြီးဆုံးပါပြီ။"

"ဂုဏ်ပြုပါတယ်လက်ခံသူ။ သင် အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်း နှစ်ခြင်းအခန်းကိုအသက်သွင်းခဲ့ပါတယ်။သင် မဟာဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့်ဂိမ်းမြေအောက်စခန်းကို ဝင်ရောက်ခဲ့ပါတယ်။ သင် နေ့တစ်ဝက်သာသုံးပြီး ဂိမ်းဇာတ်ကောင်၏တာဝန်ကို ပြီးမြောက်ခဲ့ပါတယ်။သင် မဟာဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့် ဂိမ်းမြေအောက်စခန်း နတ်ဘုရားလမ်းစဉ်ကမ္ဘာကို အောင်မြင်စွာ ရှင်းလင်းနိုင်ခဲ့ပါတယ်။ သင် ကောင်းကင်တာအိုရတနာ:ကောင်းကင်နှင့်မြေကြီးစကြဝဠာပန်းချီနှင့် အဆင့်မြင့်အင်မော်တယ်သလင်းကျောက်တစ်ဆယ်ထရီလီယန်ရရှိခဲ့ပါတယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

ချီမင်က မျက်စိဖွင့်လိုက်သည်။"ဒီတစ်ကြိမ် ငါ့အသိစိတ်ဝင်ရောက်ပြီး ဂိမ်းဇာတ်ကောင်ကိုထိန်းချုပ်လိုက်တော့ နေ့တစ်ဝက်ထဲနဲ့ ငါဂိမ်းမြေအောက်စခန်းကိုရှင်းလင်းတာပြီးသွားတာပဲ။"

"ငါသာ အသိစိတ်နဲ့မထိန်းချုပ်ရင် ဆယ်ရက်လောက်တော့လိုမှာ။"

သူ အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းကို ဝင်ပြီးတိုင်း နှစ်ခြင်းအခန်းအသက်သွင်းပါက သူက အင်မော်တယ်သလင်းကျောက်များတော့ လိုအပ်ပါ၏။ မတူညီသည့် ဂိမ်းမြေအောက်စခန်းများအရ လိုအပ်သည့်အင်မော်တယ်သလင်းကျောက်အရေအတွက်ကလည်း ကွာသွားပေမည်။

ကောင်းကင်တာအိုရတနာ:ကောင်းကင်နှင့်မြေကြီးစကြဝဠာပန်းချီ

ဖော်ပြချက်။ မဟာဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း မှရရှိသော ကောင်းကင်တာအိုရတနာဖြစ်သည်။ ယင်းတွင် ကောင်းကင်နှင့်မြေကြီးမှဖန်တီးထားသည့် စကြဝဠာတစ်ခုပါဝင်သည်။ သူ၏ဖန်တီးမှုက အဆုံးမဲ့ပေ။ ယင်းက အရာအားလုံးကို သိမ်းဆည်းနိုင်ပြီး ကောင်းကင်နှင့်မြေကြီးတောင် သိမ်းဆည်းနိုင်သည်။

"ကောင်းတယ်။"

ချီမင်က ကောင်းကင်တာအိုရတနာ:ကောင်းကင်နှင့်မြေကြီးစကြဝဠာပန်းချီ၏အချက်အလက်များကို စစ်ဆေးလိုက်၏။ သူက ပစ္စည်းစာရင်းကိုဖွင့်ကာ ထုတ်ယူလိုက်၏။

သူ့ရှေ့တွင် အဖြူရောင်အလင်းများလင်းလက်လာသည်။

ချီမင်၏ညာဘက်လက်တွင် အဝတ်ဖြင့်ရစ်ပတ်ထားသည့် အင်မော်တယ်ရတနာတစ်လက်ရှိသည်။ တစ်ခုလုံးက မီးခိုးရောင်သန်းနေသည့် အဝါရောင်ဖြစ်ပေသည်။ အလယ်ဗဟိုတွင် ထိုက်ချီပါ့ကွားပုံစံများရှိသည်။

လက်တစ်ဝါးစာအရွယ်သာရှိသည်။

သို့ပါသော်လည်း ယင်းက ကောင်းကင်နှင့်မြေကြီးကို ဖုံးလွှမ်းကာ စကြဝဠာကိုသိမ်းဆည်းနိုင်၏။ ယင်းက စွမ်းအားကြီးရန်သူများကို ပိတ်လှောင်ထားနိုင်သည်။ နာရီဝက်တောင်မကြာလိုက်ရပါဘဲ ရန်သူကို ပြာချပစ်နိုင်သည်။ ရန်သူ၏ဓမ္မစွမ်းအားနှင့်ကောင်းချီးကို သန့်စင်ကာ စကြဝဠာဆေးလုံးအဖြစ်လည်း သန့်စင်နိုင်သည်။

စကြဝဠာဆေးသည် ဆိုးကျိုးမရှိဘဲသောက်နိုင်သည့် ဆေးဖြစ်သည်။ စကြဝဠာဆေးကိုသန့်စင်ချေဖျက်ပြီးပါက ထိုဆေးအရင်းအမြစ်၏ ဓမ္မစွမ်းအားနှင့်ကောင်းချီးကို ရယူနိုင်သည်။

မီးခိုဝါရောင်အလင်းတောက်ပလာသည်။

ကောင်းကင်နှင့်မြေကြီးစကြဝဠာပန်းချီကားမှ တစ်လက်မအရွယ်ကလေးတစ်ဦးပေါ်လာသည်။ ထိုကလေးက ခပ်တည်တည်နှင့် ချစ်စဖွယ်ကောင်းပြီး ထိုက်ချီပါ့ကွားပန်းချီကားပုံထိုးထားသော အနီရောင်ဗိုက်စည်းလေးသာ ဝတ်ဆင်ထား၏။

"မြင့်မြတ်ရတနာ စကြဝဠာက သခင့်ကို နှုတ်ဆက်ပါတယ်။"

ထိုချစ်စဖွယ်ကလေးလေးက ချီမင်ကိုဦးညွှတ်လိုက်သည်။

ချီမင်က သူ့ကိုတစ်ချက်ကြည့်လိုက်သည်။"မင်းက ကောင်းကင်တာအိုရတနာ:ကောင်းကင်နှင့်မြေကြီးစကြဝဠာပန်းချီရဲ့ ပစ္စည်းစိတ်ဝိညာဉ်လား။"

"ဟုတ်ကဲ့ပါ သခင်။" ကလေးလေးက ပြန်ဖြေလိုက်သည်။

သူက မြင့်မြတ်ရတနာ စကြဝဠာ ခေါ်သူကို ကြည့်လိုက်သည်။

ထိုအခိုက်တွင် ချီမင်၏ဘေးတွင် အချိန်နှင့်နေရာလွတ်အလင်းများ လည်ပတ်လာပြီး ပုံရိပ်တစ်ခုသိပ်သည်းလာသည်။ ယင်းက ကောင်းကင်တာအိုရတနာ:အချိန်နေရာလွတ်တံခါး၏ပစ္စည်းစိတ်ဝိညာဉ်ဖြစ်သည်။

မူလဇာစ်မြစ်က ချီမင်ကိုဦးညွှတ်လိုက်သည်။သို့ပေမဲ့ သူက မြင့်မြတ်ရတနာ စကြဝဠာကို ကြည့်နေ သည်။

ချီမင်သည် မူလဇာစ်မြစ်ကို ကြည့်လိုက်၏။"မင်း ဘာလို့ထွက်လာတာလဲ။"

"သခင် ကျွန်တော် တခြားပစ္စည်းစိတ်ဝိညာဉ်အရှိန်အဝါကို ခံစားမိလို့ပါ။ ကျွန်တော်သိချင်လို့ အပြင်ထွက်လာတာပါ။" မူလဇာစ်မြစ်က ပြန်ဖြေလိုက်သည်။"ဂုဏ်ပြုပါတယ်။သခင်။ သခင်က နောက်ထပ်ကောင်းကင်တာအိုရတနာကို ပိုင်ဆိုင်သွားပါပြီ။"

"ဟုတ်တယ်။မဆိုးဘူး။"

ချီမင်သည် လက်ချိတ်စည်းကိုဖွဲ့စည်းလိုက်သည်။ သူက မြင့်မြတ်ရတနာစကြဝဠာ၏မျက်ခုံးကြားကို ထိုလက်ချိတ်စည်းများ ရေးထိုးလိုက်ပြီး သူ၏ကျင့်ကြံခြင်းနည်းစနစ်ကို လှည့်ပတ်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူက ကောင်းကင်တာအိုရတနာ:ကောင်းကင်နှင့်မြေကြီးစကြဝဠာပန်းချီကို အပြည့်အဝသန့်စင်လိုက်၏။

ချက်ချင်းဆိုသလိုပင် ချီမင်၏စိတ်ထဲသို့ အချက်အလက်များ ဝင်ရောက်လာသည်။ သူက ကောင်းကင်တာအိုရတနာနှင့်ပတ်သက်သည့် အချက်အလက်များကို ရလိုက်သည်။ ကောင်းကင်တာအိုရတနာများတွင်လည်း မတူညီသည့်အဆင့်အတန်းများ ရှိသည်။

"ကောင်းကင်တာအိုရတနာတွေကိုလည်း အဆင့်အတန်းတွေ အများကြီးခွဲထားသေးတာပဲ။"

ခြုံငိုပြောရရင် မွေးရာပါကောင်းကင်တာအိုရတနာနှင့် လူလုပ်ကောင်းကင်တာအိုရတနာဟူ၍ဖြစ်သည်။ ယင်းတို့၌လည်း အဆင့်နိမ့်၊အလယ်အလတ်၊အဆင့်မြင့်နှင့်ထိပ်တန်းအဆင့်တို့ဖြစ်သည်။

ပထမဆုံး လူလုပ်ကောင်းကင်တာအိုရတနာသည် အရှင်နယ်ပယ်ကသူများ သန့်စင်ထားသည့် ကောင်းကင်တာအိုရတနာဖြစ်၏။ မွေးရာပါကောင်းကင်တာအိုရတနာကတော့ အထက်ကမ္ဘာကောင်းကင်တာအိုမှ မွေးဖွားလာသောကောင်းကင်တာအိုရတနာများဖြစ်သည်။

ကောင်းကင်တာအိုရတနာ:ကောင်းကင်နှင့်မြေကြီးစကြဝဠာပန်းချီကတော့ အဆင့်နိမ့်လူလုပ်ကောင်းကင်တာအိုရတနာဖြစ်သည်။ ထိုကောင်းကင်တာအိုရတနာကတော့ အဆင့်နိမ့်ဆုံးအဆင့်ဖြစ်သည်။

သို့ပါသော်လည်း ထိုစွမ်းအားက အတော်လေးထူးခြားသည်။ ယင်းက အထက်ကမ္ဘာအင်မော်တယ်ဘုရင်အဆင့်ထက်များစွာ ကျော်လွန်သေးသည်။

ကောင်းကင်တာအိုရတနာ:အချိန်နေရာလွတ်တံခါးကတော့ အလယ်အလတ်အဆင့် လူလုပ်ကောင်းကင်တာအိုရတနာဖြစ်သည်။ ၎င်းက ကောင်းကင်နှင့်မြေကြီးစကြဝဠာပန်းချီကားထက်သန်မာသည်။သို့ပေမဲ့ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏ကောင်းကင်တာအိုရတနာဖြစ်သော ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ်နှင့် ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏ကောင်းကင်တာအိုရတနာ:ကောင်းကင်ဖန်တီးခြင်းကြေးမုံဖြင့်တော့ မယှဉ်နိုင်ပေ။

တာအိုဂိုဏ်းမဟာမိတ်မှကောင်းကင်တာအိုရတနာ၊မွေးရာပါပါ့ကွားထိုက်ချီကားချပ်က ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ်နှင့်ကောင်းကင်ဖန်တီးခြင်းကြေးမုံထက်တော့ အားမနည်းပေ။ သူတို့က တူညီသည့်အဆင့်ကဖြစ်သည်။

နောက်ပိုင်းအချိန်တွေမှာ ချီမင်က သူ၏ကိုယ်ပိုင်အင်မော်တယ်ရတနာများဖြစ်သည့် ဖရိုဖရဲမဟာတာအိုဓားကြာပွင့်၊ဖရိုဖရဲကမ္ဘာဖျက်ဓားနှင့်ဖရိုဖရဲပုကျုံးတောင်တို့ကို စတင်သန့်စင်တော့၏။ သူက အင်မော်တယ်သလင်းကျောက်များနှင့် တန်ဖိုးကြီးသည့်ကုန်ကြမ်းပစ္စည်းများကို သုံးလိုက်သည်။

ထိုကုန်ကြမ်းများနှင့်အင်မော်တယ်သလင်းကျောက်များက အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းမှ ရတာဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းမှာ ဆယ်နှစ်ကြာသွားသည်။

တင်း!

"ဖရိုဖရဲမဟာတာအိုကျမ်း:မဟာဆန်းကြယ်အင်မော်တယ်အပိုင်းကို အဆကွာဒရီလီယန်မြှင့်တင်မှုအောက်တွင် ဆယ်နှစ်ကြာကျင့်ကြံခဲ့ပါတယ်။ မဟာတာအိုအင်မော်တယ်နယ်ပယ်တစ်ခုကို အောင်မြင်စွာဖြင့် တည်ဆောက်နိုင်ခဲ့ပြီး အသေးစားအံ့ဖွယ်စွမ်းအားနဲ့ပေါင်းစပ်ပြီး မဟာတာအိုသာလွန်သူတစ်ဦးကို သိပ်သည်းနိုင်ခဲ့ပါတယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

"ငါ့ရဲ့ကျင့်ကြံခြင်းနှုန်းက တိုးတက်သွားပြီ။"

ချီမင်၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။

ချီမင်က ဆန်းကြယ်အင်မော်တယ်အဆင့်မှာတုန်း သူက မဟာတာအိုအင်မော်တယ်ဝင်ပေါက်တစ်ခုကို နှစ်တစ်ရာကြာအောင်တည်ဆောက်ခဲ့ပြီး မဟာတာအိုသာလွန်သူတစ်ဦးကို သိပ်သည်းရသည်။

သို့ပေမဲ့ အခုကျတော့...

ချီမင်၏အရည်အချင်းက အထက်ကမ္ဘာကန့်သတ်ချက်ကိုကျော်သွားပေသည်။အဆတစ်ရာထရီလီယန်မြှင့်တင်မှုအခြေအနေမှ တစ်ကွာဒရီလီယန်မြှင့်တင်မှုအခြေအနေသို့တိုးတက်သွားသည်နှင့်အတူ သူ၏ကျင့်ကြံခြင်းအမြန်နှုန်းက ဆယ်ဆတိုးသွားသည်။ သူက မဟာတာအိုအင်မော်တယ်ဝင်ပေါက်တစ်ခုကို တည်ဆောက်ဖို့ ဆယ်နှစ်သာလိုပါတော့၏။

All Chapters