← Chapters

ထပ်မံအဆင့်ချိုးဖြတ်ခြင်း။ မဟာဆန်းကြယ်အင်မော်တယ်အလယ်ပိုင်းအဆင့်။ စိတ်ဝိညာဉ်ထိန်းချုပ်ကမ္ဘာသို့ဝင်ရောက်ခြင်း

Vol. 25 Ch. 367

ထပ်မံအဆင့်ချိုးဖြတ်ခြင်း။ မဟာဆန်းကြယ်အင်မော်တယ်အလယ်ပိုင်းအဆင့်။ စိတ်ဝိညာဉ်ထိန်းချုပ်ကမ္ဘာသို့ဝင်ရောက်ခြင်း

Vol. 25 Ch. 367

အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာ နှစ်တစ်ရာကျော်ကြာသွားခဲ့၏။

ချီမင်၏လက်ရှိကျင့်ကြံခြင်းအဆင့်သည် ဆယ်ဆလောက် မြန်သွားသည်။ မူလက သူသည် မဟာဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့်မှ အလယ်ပိုင်းအဆင့်သို့ချိုးဖြတ်ရန် နှစ်တစ်သန်းကျော်လိုအပ်မှာဖြစ်၏။ ယခု သူ နှစ်တစ်သိန်းကျော်လောက်သာ လိုပါတော့မည်။

တင်း!

"ဂုဏ်ပြုပါတယ် လက်ခံသူ။ "ဖရိုဖရဲမဟာတာအိုကျမ်း:မဟာဆန်းကြယ်အင်မော်တယ်အပိုင်းကို အဆတစ်ကွာဒရီလီယန်မြှင့်တင်မှုအောက်တွင် (၁၁၇၈၁၀)ကြာ ကျင့်ကြံခဲ့ပါတယ်။ ကောင်းကင်နှင့်မြေကြီးမဟာတာအိုကိုနားလည်ခဲ့ပြီး မဟာတာအိုအင်မော်တယ်ဝင်ပေါက်(၁၁၇၈၁)ကို တည်ဆောက်နိုင်ခဲ့ပါတယ်။ အံ့ဖွယ်စွမ်းအား(၁၁၇၈၁)နှင့်ပေါင်းစပ်နိုင်ခဲ့ပြီး မဟာတာအိုသာလွန်သူပေါင်း(၁၁၇၈၁)ကို သိပ်သည်းနိုင်ခဲ့ပါတယ်။"

"မဟာတာအိုအင်မော်တယ်ဝင်ပေါက်ပေါင်း(၄၇၁၃၃)ကို ပေါင်းစပ်ခဲ့ပါတယ်။ သင့်ရဲ့ဓမ္မစွမ်းအားများကို ကောင်းကင်နှင့်မြေကြီးမဟာတာအိုမှ ကာကွယ်ပေးထားပြီး အသိအမှတ်ပြုခဲ့ပါတယ်။ သင့်ရဲ့ကျင့်ကြံခြင်းအဆင့်က မဟာဆန်းကြယ်အင်မော်တယ်အလယ်ပိုင်းအဆင့်သို့အောင်မြင်စွာ တက်ရောက်သွားပါပြီ။"

အသိပေးချက်တစ်ခုပေါ်လာသည်။

ဘုန်း! ဘုန်း!

ကောင်းကင်နှင့်မြေကြီးထူးခြားဖြစ်စဉ်များ ထပ်မံပေါ်လာခဲ့သည်။ ချီမင် အဆင့်ချိုးဖြတ်တိုင်း ကြီးမားသည့်ထူးခြားဖြစ်စဉ်များ ပေါ်လာသည်။ သူသာ မဖုံးကွယ်ထားရင် ကမ္ဘာဦးပြည်နယ်တစ်ခုလုံးပါ မြင်နိုင်ပေသည်။

"ဖွင့်စမ်း"

ကောင်းကင်သံသရာကြယ်တာရာအစီအရင်သည် လည်ပတ်လာပြီး မိုးမြေမဟာတာအို၏နက်နဲမှုအရိပ်ယောင်လေးများ ပေါ်လာသည်။ ၎င်းက အရာအားလုံးကိုဖုံးကွယ်လိုက်သောကြောင့် ချီမင်၏အရှိန်အဝါက စုစည်းသွားသည်။

ပိုပြီးအရေးကြီးသည်က။

သူ၏အရှိန်အဝါကိုဖုံးကွယ်လိုက်သည်နှင့် ချီမင်၏အရှိန်အဝါကို အထက်ကမ္ဘာကောင်းကင်တာအိုကတောင် ရှာမတွေ့နိုင်ပေ။ မဟုတ်ရင် သူက အန္တရာယ်ရောက်သွားနိုင်ပေမည်။

တစ်လအကြာမှာ။

ချီမင်က သူ၏ကျင့်ကြံခြင်းအဆင့်ကို လုံးဝ တည်ငြိမ်အောင်လုပ်လိုက်သည်။ သူ၏ဓမ္မစွမ်းအားအတက်အကျများက တည်ငြိမ်သွားပြီး ကျင့်ကြံခြင်းအဆင့်ကလည်း တိုးတက်သွားရတော့၏။ သူ့ခွန်အားက သိသိသာသာတိုးတက်သွားတော့၏။

တင်း!

"ဂုဏ်ပြုပါတယ် လက်ခံသူ။ သင့်ရဲ့ကျင့်ကြံခြင်းအဆင့်က မဟာဆန်းကြယ်အင်မော်တယ်အလယ်ပိုင်းအဆင့်သို့ တက်ရောက်သွားပါပြီ။" မဟာဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း:နတ်ဘုရားလမ်းစဉ်ကမ္ဘာကို ရှင်းလင်းရာမှရရှိမည့်ဆုလဒ်များ လျော့ကျသွားပါပြီ။ သင် ထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက်တစ်ထရီလီယန်ဖြည့်သွင်းပြီး ဂိမ်းမြေအောက်စခန်းအသစ်ကိုဖွင့်နိုင်ပါပြီ။"

အသိပေးချက်တစ်ခုပေါ်လာသည်။

ချီမင်က ခေါင်းညိတ်လိုက်သည်။ "ငါ ထိပ်တန်းအဆင့် အင်မော်တယ်သလင်းကျောက်တစ်ထရီလီယန်ထည့်မယ်။"

တင်း!

"ဖြည့်သွင်းခြင်းအောင်မြင်ပါတယ်။"

"မဟာဆန်းကြယ်အင်မော်တယ်အလယ်ပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း:စိတ်ဝိညာဉ်ထိန်းချုပ်ကမ္ဘာကို အောင်မြင်စွာ အသက်သွင်းနိုင်ခဲ့ပါတယ်။"

"သင် ဝင်ရောက်နိုင်ပါပြီ။"

အသိပေးချက်တစ်ခုပေါ်လာသည်။

"ဝင်မယ်။"

ချီမင်၏ရှေ့တွင် အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းမြင်ကွင်းမျိုးပေါ်လာသည်။ မြင်ကွင်းက အတော်လေးရင်းနှီးလှသည်။ သူက စိတ်ဝိညာဉ်ထိန်းချုပ်ကမ္ဘာ၏အခြေအနေကို ဂရုတစိုက်ကြည့်လိုက်၏။

သိပ်မကြာခင်မှာပဲ ချီမင်က ထိုကမ္ဘာကိုအခြေခံအားဖြင့် နားလည်သွားခဲ့သည်။

ပထမဆုံး ၎င်းက နတ်ဘုရားလမ်းစဉ်ကမ္ဘာထက်မနိမ့်သည့် အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းပေ။ နတ်ဘုရားလမ်းစဉ်ကမ္ဘာထက် သန်မာပေမဲ့ အများကြီးတော့မဟုတ်ပေ။

စိတ်ဝိညာဉ်ထိန်းချုပ်ကမ္ဘာတွင် လူသားများမှလွဲပြီး ကမ္ဘာကြီးထဲမှာအရာအားလုံးသည် ၎င်းတို့၏အရည်အသွေးများကို နိုးထနိုင်ပြီး ကောင်းကင်နှင့်မြေကြီးကိုနားလည်ဆင်ခြင်ပြီး ထူးခြားသည့်စွမ်းအားများကို ပိုင်ဆိုင်လျက် စိတ်ဝိညာဉ်သားရဲများ ဖြစ်လာနိုင်သည်။

ဥပမာအနေဖြင့် တိရစ္ဆာန်များ၊အပင်များ၊အင်းဆက်ပိုးမွှားများ နိုးထလာနိုင်သည်။ကျောက်တုံးများ၊လေ၊တောင်တန်းများ၊မြစ်ချောင်းများနှင့်နေရာလွတ်တောင် နိုးထလာနိုင်ပြီး စိတ်ဝိညာဉ်သားရဲများဖြစ်လာနိုင်သည်။

လူသားများက မနိုးထနိုင်ပေမဲ့ သူတို့က စိတ်ဝိညာဉ်နေရာလွတ်ကိုတည်ဆောက်နိုင်ပြီး စိတ်ဝိညာဉ်ထိန်းချုပ်နည်းစနစ်များကို ကျင့်ကြံနိုင်သည်။ သူတို့က စိတ်ဝိညာဉ်သားရဲများကိုထိန်းချုပ်နိုင်ပြီး စိတ်ဝိညာဉ်သခင်များ ဖြစ်လာကာ စိတ်ဝိညာဉ်ထိန်းချုပ်တစ်ကမ္ဘာလုံးကို အုပ်ချုပ်နိုင်သည်။

စိတ်ဝိညာဉ်ထိန်းချုပ်ကမ္ဘာတွင် ကမ္ဘာတစ်ခုနှင့်တိုက်တစ်တိုက်သာ ရှိသည်။ ယင်းကို စိတ်ဝိညာဉ်ထိန်းချုပ်ပြည်နယ်နှင့် အဆုံးမဲ့ပင်လယ်ဟုခေါ်သည်။

နတ်ဘုရားလမ်းစဉ်ကမ္ဘာကဲ့သို့ မဟုတ်ပေ။ ၎င်းတွင် အဓိကကမ္ဘာသုံးခုအပြင် ကမ္ဘာငယ်(၁၂၉၆၀၀)ပေါင်းရှိသည်။ နတ်ဘုရားများတောင် နတ်ဘုရားနိုင်ငံတော်ကို တည်ထောင်ထားသေးသည်။

စိတ်ဝိညာဉ်ထိန်းချုပ်ကမ္ဘာ၏အရွယ်အစားက အဆုံးအစမဲ့ပင်။ လူသားမျိုးနွယ်ရှာတွေ့ထားသလောက်ဆို ၎င်းက နေအဖွဲ့အစည်းတစ်ခုနှင့်တောင် ယှဉ်နိုင်နေပေသည်။

စိတ်ဝိညာဉ်ထိန်းချုပ်ကမ္ဘာ၏လူသားများက ကမ္ဘာတစ်ခုလုံးကိုမရှာနိုင်သေးပေ။ ထိုကမ္ဘာကြီးထဲတွင် လျှို့ဝှက်ဆန်းကြယ်ပြီး ရှာမတွေ့သေးသော နေရာများနှင့် ထိုနေရာများတွင် အန္တရာယ်များ၊စွမ်းအားကြီးသက်ရှိများ ပြည့်နှက်နေသည်။

ချီမင်တွင် ရွေးချယ်စရာ ဂိမ်းဇာတ်ကောင်တစ်ခုသာရှိသည်။ ဂိမ်းဇာတ်ကောင်ကိုရွေးပြီးတာနဲ့ ချီမင်က စိတ်ဝိညာဉ်ထိန်းချုပ်ကမ္ဘာမှလူသားများကို ဦးဆောင်ပြီး ရှာဖွေမှုများပြုလုပ်ရမည်ဖြစ်ပြီး အကြွင်းမဲ့အုပ်ချုပ်နိုင်ရမည်ဖြစ်သည်။

တင်း!

"ဂုဏ်ပြုပါတယ် လက်ခံသူ။ သင် ဂိမ်းဇာတ်ကောင်:လူသားစိတ်ဝိညာဉ်သခင်ကိုရွေးချယ်ခဲ့ပါတယ်။ သင် ထိပ်တန်းအဆင့် အင်မော်တယ်သလင်းကျောက်တစ်ထရီလီယန်သုံးပြီး အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်း နှစ်ခြင်းအခန်းကို ဖွင့်ချင်ပါသလား။"

အသိပေးချက်တစ်ခုပေါ်လာသည်။

"အသက်သွင်းမယ်။"

ချီမင် ခဏလောက်တွေဝေသွားပေမဲ့ အသက်သွင်းလိုက်သေးသည်။ သူက ထိပ်တန်းအဆင့် အင်မော်တယ်သလင်းကျောက်တစ်ထရီလီယန်ထည့်ပြီးတာနဲ့ ချက်ချင်းပဲ သူ့စိတ်ထဲကိုအားတစ်ခုတိုးဝင်လာတာကို ခံစားလိုက်ရသည်။

နောက်တခဏမှာ ချီမင်သည် ထိုစွမ်းအားကို စုပ်ယူလိုက်သည်။သူ၏အဓိကအသိစိတ်မှ တစ်စိတ်တစ်ပိုင်းကွဲထွက်လာပြီး မဟာဆန်းကြယ်အင်မော်တယ်အလယ်ပိုင်းအဆင့် ဂိမ်းမြေအောက်စခန်း:စိတ်ဝိညာဉ်ထိန်းချုပ်ကမ္ဘာကို ဝင်ရောက်သွားသည်။ သူက ဂိမ်းဇာတ်ကောင်နှင့်ပေါင်းစပ်သွားတော့သည်။

ချီမင်သည် ဂိမ်းဇာတ်ကောင်ကို အပြည့်အဝထိန်းချုပ်လိုက်သည်။

မြင်ကွင်းကပြောင်းလဲသွားသည်။

ချီမင်သည် စိတ်ဝိညာဉ်ထိန်းချုပ်ကမ္ဘာထဲသို့ဝင်သွားတော့သည်။ သူက မျက်လုံးဖွင့်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူမြင်လိုက်ရသည့်နေရာက အတော်လေးရင်းနှီးနေသလိုဖြစ်နေပေမဲ့ မရင်းနှီးသလိုလည်း ခံစားနေရသည်။

"ဒါဘယ်နေရာလဲ။"

ချီမင် ကခဏလောက်တွေးမိသွားသည်။ ချက်ချင်းဆိုသလိုပဲ သူ့စိတ်ထဲသို့ အချက်အလက်များနှင့် မှတ်ဉာဏ်များ ဝင်ရောက်လာခဲ့သည်။ သူက ချက်ချင်းနာလည်သွားပြီး အနည်းငယ်အံ့ဩသွားရသည်။"ဒီဂိမ်းဇာတ်ကောင်ကငါ့အတွက် စီစဉ်ထားတဲ့အတိုင်းပဲ။ ငါ မှတ်ဉာဏ်တွေအကုန်လုံးရလိုက်တယ်။"

"စိတ်ဝင်စားဖို့ကောင်းတယ်။"

ချီမင်သည် သူ၏စိတ်ထဲမှ အချက်အလက်များကို စီစဉ်လိုက်သည်။

"ယန်ကွမ်းရှီ" ချီမင်က တီးတိုးရေရွတ်လိုက်သည်။"ငါက အင်မော်တယ်နတ်ဘုရားတစ်ပါးနဲ့ယှဉ်နိုင်တဲ့ဒဏ္ဍာရီလာစိတ်ဝိညာဉ်သခင်တစ်ပါးပဲ။ အဆင့်ကွာခြားချက်တွေအရဆို အထက်ကမ္ဘာအင်မော်တယ်ဘုရင်တစ်ပါးနဲ့ ညီမျှတယ်လို့ပြောလို့ရတယ်။ သူက စိတ်ဝိညာဉ်ထိန်းချုပ်ကမ္ဘာရဲ့ပိရမစ်ထိပ်မှာ ရပ်နေတယ်လို့ပြောလို့ရတယ်။ သူက လူသားမျိုးနွယ်စိတ်ဝိညာဉ်ထိန်းချုပ်ဘုရားကျောင်းရဲ့ ဒုခန်းမသခင်တွေထဲက တစ်ပါးပဲ။ သူက ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ထိန်းချုပ်ကျောင်းတော်သုံးကျောင်းထဲ က တစ်ကျောင်းဖြစ်တဲ့ ထာဝရကျောင်းတော်ရဲ့ကျောင်းအုပ်ကြီးလည်းဖြစ်တယ်။"

" ငါ သူနေရာကိုတိုက်ရိုက်ရမယ်လို မထင်ထားခဲ့ဘူး။"

စိတ်ဝိညာဉ်ထိန်းချုပ်ကမ္ဘာထဲမှာ စိတ်ဝိညာဉ်သခင်များကို အဆင့်နှစ်ဆင့်ခွဲထားသည်။

ဆရာအဆင့် စိတ်ဝိညာဉ်သခင်များက အင်မော်တယ်အဆင့်နှင့်တူညီသည်။ ထို့ကြောင့် ဆရာအဆင့်စိတ်ဝိညာဉ်သခင်အဆင့်အောက်က အင်မော်တယ်နယ်ပယ်အဆင့်အောက်ကဖြစ်ပြီး ထူးခြားနယ်ပယ်ဟုလည်းခေါ်သည်။ ဆရာစိတ်ဝိညာဉ်သခင်အဆင့်ထက်က နယ်ပယ်ကိုတော့ ဒဏ္ဍာရီနယ်ပယ်ဟုခေါ်ကြသည်။

ပထမဆုံး ဒဏ္ဍာရီနယ်ပယ်ဖြစ်သည်။

အဓိကအဆင့်ကြီးကိုးဆင်ရှိပြီး အဆင့်တစ်မှ အဆင့်ကိုးဖြစ်သည်။

အဆင့်ကိုး စိတ်ဝိညာဉ်သခင်က မဟာယနအဆင့်နှင့်တူညီသည်။

ဒဏ္ဍာရီလာနယ်ပယ်တွင် အဓိကအဆင့်များမှာ ဆရာ(အင်မော်တယ်)၊အထူးဆရာ(ပြီးပြည့်စုံခြင်းအင်မော်တယ်)၊မဟာသခင်(ဆန်းကြယ်အင်မော်တယ်)၊အထူးမဟာသခင်(မဟာဆန်းကြယ်အင်မော်တယ်)၊သမိုင်းဝင်(ရွှေအင်မော်တယ်)၊အထူးသမိုင်းဝင်(မဟာဆန်းကြယ်ရွှေအင်မော်တယ်)နှင့် ဒဏ္ဍာရီလာ(အထက်ကမ္ဘာအင်မော်တယ်ဘုရင်)တို့ဖြစ်သည်။

ဒဏ္ဍာရီလာအဆင့်အထက်တွင်တော့ အထူးဒဏ္ဍာရီလာအဆင့်ဖြစ်သည်။ ချီမင်၏တွက်ချက်မှုအရရော စိတ်ဝိညာဉ်ထိန်းချုပ်ကမ္ဘာ၏ကျင့်ကြံခြင်းအဆင့်အပေါ်နားလည်မှုအရရော အထူးဒဏ္ဍာရီလာအဆင့်က သေချာပေါက် အထက်ကမ္ဘာအင်မော်တယ်ဘုရင်အဆင့်ကို မကျော်လွန်ပေ။ စည်းမျဉ်းကျင့်ကြံသည့်အထက်ကမ္ဘာအင်မော်တယ်ဘုရင်အဆင့်တော့ ဖြစ်လောက်သည်။

ထိုအခိုက်တွင် တစ်စုံတစ်ယောက်က တံခါးလာခေါက်သည်။

"ကျေးဇူးပြုပြီး ဝင်လာပါ။"

ချီမင်က သတိပြန်ဝင်လာသည်။ သူက မှတ်ဉာဏ်များနှင့် အချက်အလက်များကို သိုလှောင်သိမ်းဆည်းလိုက်သည်။ သူက သူ့ကဏ္ဍကို စတင် သရုပ်ဆောင်တော့သည်။သို့ပေမဲ့ ဂိမ်းမြေအောက်စခန်းကိုရှင်းလင်းဖို့က စူးစမ်းလေ့လာရမည်ဖြစ်၍ အချိန်တိုအတွင်းတော့ မပြီးနိုင်ပေ။

"ကျောင်းအုပ်"

တံခါးက ပွင့်လာပြီး ကိုယ်ကြပ်ဝတ်ထားသည့် ဆရာမတစ်ဦးဝင်လာသည်။ သူမက ထာဝရကျောင်းတော်၏ညွှန်ကြားရေးမှုး လင်းဖေးယွီဖြစ်သည်။ သူမတွင် စွဲမက်ဖွယ်ကိုယ်ဟန်နှင့် ထက်မြက်သည့်ကိုယ်ရည်ကိုယ်သွေးမျိုးရှိသည်။

ချီမင်က သူမကိုတစ်ချက်ကြည့်လိုက်သည်။"ဘာကိစ္စရှိလို့လဲ။ ညွှန်ကြားရေးမှုးလင်း"

လင်းဖေးယွီက အသက်ပြင်းပြင်းရှုလိုက်၏။ သူမရဲ့ ဖွံ့ထွားတဲ့ ရင်အစုံက ပြူထွက်နေပြီး လူအများ၏အာရုံကို ဆွဲဆောင်တော့မည့်အလား နိမ့်ချည်မြင့်ချည် လှုပ်ခတ်နေသည်။ သူမက ချီမင်၏ရှေ့သို့ စာရွက်စာတမ်းများကို ချလိုက်သည်။"ကျောင်းအုပ် တစ်ချက်ကြည့်ပေးပါဦး။"

ချီမင်၏အမူအရာက မပြောင်းလဲပေ။ သူက စာရွက်စာတမ်းများကိုကောက်ကာ တစ်ချက်ကြည့်လိုက်သည်။ သူက အခြေခံအားဖြင့် နားလည်သွားသည်။"အို.. ဒါလား။"

သုံးလကြာပြီးနောက်မှာ။

စိတ်ဝိညာဉ်ထိန်းချုပ်ပြည်နယ်၏အသန်မာဆုံးအဖွဲ့အစည်းဖြစ်သည့် လူသားမျိုးနွယ်၏စိတ်ဝိညာဉ်သခင်ဘုရားကျောင်းက နှစ်တစ်ရာပြည့်တိုင်း ထိပ်တန်းစီရင်စုသုံးခုမှ တက္ကသိုလ်များနှင့် ပူးပေါင်းလေ့ရှိသည်။ ကျော်ကြားသည့် စိတ်ဝိညာဉ်ထိန်းချုပ်ပြည်နယ်မှ စိတ်ဝိညာဉ်ထိန်းချုပ်ကျောင်းတော်များနှင့်တွဲကာ ကြီးမားသည့်စိတ်ဝိညာဉ်ထိန်းချုပ်ပြိုင်ပွဲကြီးကို ကျင်းပလေ့ရှိသည်။

ထိုပွဲက မယုံနိုင်လောက်အောင်ကြီးမားပြီး နှစ်တစ်ရာတိုင်းမှာ အကြီးမားဆုံးပွဲတော်ကြီးလည်းဖြစ်သည်။ တိုက်ကြီးတစ်ခုလုံးမှ ပါရမီရှင်စိတ်ဝိညာဉ်သခင်များနှင့် စွမ်းအားကြီးစိတ်ဝိညာဉ်သခင်များစုစည်းလာတတ်သည်။

"ငါတို့ထာဝရကျောင်းတော်က ဒီစိတ်ဝိညာဉ်ထိန်းချုပ်ပြိုင်ပွဲကို ဝင်ပြိုင်တာ ပထမဆုံးအကြိမ်မဟုတ်ဘူး။ ကိစ္စကြီးကြီးမားမားတော့မဟုတ်ဘူး။ ငါမင်းတို့နဲ့ပဲ ထားခဲ့မယ်။"

ချီမင်က စာရွက်စာတမ်းများကို ချကာဆိုသည်။"မင်းတို့ ကိုင်တွယ်နိုင်ပါတယ်။"

"ကောင်းပါပြီရှင့်။” လင်းဖေးယွီက ခေါင်းညိတ်ရုံသာရှိသည်။

ချီမင်က ခဏတွေးတောကာ ထာဝရကျောင်းတော်မှ တိုက်ရိုက်ထွက်ခွာသွားတော့၏။ သူက တိုက်ကြီး၏ဗဟိုဒေသတွင်ရှိသော လူသားမျိုးနွယ်စိတ်ဝိညာဉ်သခင်ဘုရားကျောင်း၏ဌာနချုပ်သို့ ဦးတည်လိုက်သည်။

သူက ဂိမ်းမြေအောက်စခန်းကိုမြန်မြန်ရှင်းချင်ပါက သူက လူသားမျိုးနွယ်၏အသန်မာဆုံးအဖွဲ့အစည်းဖြစ်သည့် စိတ်ဝိညာဉ်သခင်ဘုရားကျောင်းကို ထိန်းချုပ်ထားဖို့သာလိုသည်။ ဗဟိုဒေသ၏ဘုရားကျောင်းသည် အရပ်မျက်နှာအနှံတွင် ခြေတံလက်တံများ ဖြန့်ကျက်ထား၏။ သူက ပထမဆုံးအနေဖြင့် စိတ်ဝိညာဉ်ထိန်းချုပ်ကမ္ဘာ၏လူသားမျိုးနွယ်တစ်ခုလုံးကို ထိန်းချုပ်ထားရမည်ဖြစ်သည်။

ချီမင်သည် ကမ္ဘာကြီး၏အမည်မသိနေရာများကို ရှာဖွေနိုင်မည်ဖြစ်ပြီး ဂိမ်းတာဝန်များကို တစ်ဆင့်ချင်းဖြေရှင်းပြီး ပြီးမြောက်နိုင်မည်ဖြစ်သည်။

နတ်ဘုရားလမ်းစဉ်ကမ္ဘာ၏ဂိမ်းတာဝန်က အင်မတန်ရိုးရှင်းသည်။ချီမင်က ကမ္ဘာခြားနတ်ဘုရားများကို သတ်ဖြတ်ဖို့ အင်အားမျိုးရှိနေရင်ရပြီဖြစ်သည်။

သို့ပါသော်လည်း စိတ်ဝိညာဉ်ထိန်းချုပ်ကမ္ဘာထဲမှ ဂိမ်းတာဝန်ကတော့ ခက်ခဲပေသည်။ ချီမင်က အင်အားသုံးကာ စိတ်ဝိညာဉ်ထိန်းချုပ်ကမ္ဘာ၏ကျွမ်းကျင်သူများကို ဖိနှိပ်ပြီး အညံ့ခံခိုင်းရမည့်အပြင်ထိုကျွမ်းကျင်သူများကို ကိုယ်တိုင်ဦးဆောင်ပြီး မသိရသေးသည့်ဒေသများကို ရှာဖွေဖော်ထုတ်ရမည်ဖြစ်သည်။

အချိန်ကုန်ဆုံးသွားသည်။

ချီမင်ဂိမ်းမြေအောက်စခန်းကိုရောက်လာပြီးနောက်မှာ သူက စိတ်ဝိညာဉ်သခင်ဘုရားကျောင်းကိုသွားပြီး ခန်းမသခင်ယုဟောင်နှင့်တွေ့ခဲ့သည်။ သူက အင်အားကိုသုံးကာ တိုက်ခိုက်ခဲ့သည်။ နောက်မှာတော့ သူက ခန်းမသခင်ဖြစ်လာပြီး လူသားစိတ်ဝိညာဉ်သခင်ဘုရားကျောင်းကို တဖြည်းဖြည်းထိန်းချုပ်ထားနိုင်ခဲ့သည်။

ယုဟောင်က အားမနည်းပေ။ သူက အထူးဒဏ္ဍာရီလာစိတ်ဝိညာဉ်သခင်တစ်ဦးဖြစ်ပြီး စည်းမျဉ်းကျင့်ကြံသူအထက်ကမ္ဘာအင်မော်တယ်ဘုရင်တစ်ပါးနှင့်ယှဉ်နိုင်သည်။ သူက မြောက်ပိုင်း ပြည်နယ်အရှင်နှင့်မယှဉ်နိုင်သေးပေမဲ့ အားမနည်းပေ။

ချီမင်က တစ်ဖက်ကိုဖိနှိပ်ထားနိုင်တုန်းဖြစ်သည်။

နောက်တစ်နေ့မှာ သူက တခြားသောအဖွဲ့အစည်းများကို တစ်ခုပြီးတစ်ခု ထိန်းချုပ်ခဲ့သည်။ အညံ့မခံသူများကို သတ်ဖြတ်ပစ်ခဲ့ပြီး အညံ့ခံသူများကတော့ လက်အောက်ခံများဖြစ်လာသည်။ ပေါင်းစည်းဖို့ နှစ်ရက်သာလိုခဲ့သည်။

လေးရက်မြောက်နေ့မှာ ချီမင်က စိတ်ဝိညာဉ်ထိန်းချုပ်ကမ္ဘာ၏အမည်မသိနေရာများကို စတင်စူးစမ်းဖို့ ပြင်ဆင်တော့သည်။

All Chapters