မဟာဆန်းကြယ်အင်မော်တယ်နှောင်းပိုင်းအဆင့်၊ကောင်းကင်နှင့်မြေကြီး မဟာတာအိုအပိုင်းစ
Vol. 25 Ch. 368
ချီမင်က သူ၏စွမ်းအားကြီးမှုနှင့်ရက်စက်မှုကြောင့် အညံ့ခံမှန်းကို သိသည်။သူတို့က သူ့အင်အားကို အမှန်တကယ်မယုံကြည်ကြသေးပေ။ စိတ်ဝိညာဉ်သခင်များက သူ့ကိုမုန်းတောင် မုန်းနေနိုင်သည်။
သူကလည်း ဂရုတော့မစိုက်ပေ။စိတ်ဝိညာဉ်ထိန်းချုပ်ကမ္ဘာမှာလည်း ထာဝရနေမှာမဟုတ်ပေ။ ထို့ပြင် ၎င်းက ဂိမ်းမြေအောက်စခန်းတစ်ခုသာဖြစ်သည်။ ချီမင်တာဝန်တစ်ခုပြီးမြောက်တိုင်း ပြန်ပြီးစတင်သည်။
ချီမင်နောက်တစ်ကြိမ် ပြန်လာရင် မူလအခြေအနေသို့ပြန်ရောက်သွားပေလိမ့်မည်။
သူ၏နည်းလမ်းများက အရေးမကြီးပေ။
ရလဒ်ကသာ အရေးကြီးသည်။
အချိန်ကုန်ဆုံးသွားသည်။
သုံးရက်ကြာပြီးနောက်မှာ ချီမင်က စိတ်ဝိညာဉ်ထိန်းချုပ်ကမ္ဘာ၏လူသားမျိုးနွယ်စိတ်ဝိညာဉ်သခင်များ ကို ဦးဆောင်လျက် မသိရှိရသေးသည့်ဒေသများကို ပြီးအောင်ရှာပြီး စိတ်ဝိညာဉ်ထိန်းချုပ်ကမ္ဘာတစ်ခုလုံးကို လုံးဝနားလည်အောင်လုပ်ခဲ့သည်။ စိတ်ဝိညာဉ်သားရဲမျိုးနွယ်များနှင့် တိုက်ပွဲဆက်တိုက်ဖြစ်လာခဲ့ပြီး အထူးဒဏ္ဍာရီစိတ်ဝိညာဉ်သားရဲများအားလုံးကို သတ်ဖြတ်ခဲ့သည်။
ချက်ချင်းဆိုသလိုပင် နောက်ထပ်သုံးရက်ကြာသွားသည်။
ချီမင်က လူသားများကိုဦးဆောင်၍ စိတ်ဝိညာဉ်ထိန်းချုပ်ကမ္ဘာကို အုပ်ချုပ်ခဲ့သည်။ စိတ်ဝိညာဉ်ထိန်းချုပ်ကမ္ဘာ၏လူသားများတွင် လျှို့ဝှက်ချက်ဟူ၍မရှိတော့ပေ။
တင်း!
"ဂုဏ်ပြုပါတယ် လက်ခံသူ။ သင် ဆယ်ရက်သုံးပြီး ဂိမ်းတာဝန်ကိုပြီးမြောက်ခဲ့ပါတယ်။ မဟာဆန်းကြယ်အင်မော်တယ်အလယ်ပိုင်းအဆင့် ဂိမ်းမြေအောက်စခန်း:စိတ်ဝိညာဉ်ထိန်းချုပ်ကမ္ဘာကို အောင်မြင်စွာရှင်းလင်းနိုင်ခဲ့ပါတယ်။ ဆုလဒ်များကို တွက်ချက်နေပါတယ်။"
အသိပေးချက်တစ်ခုပေါ်လာသည်။
"ပြီးသွားပြီ။"
ချီမင်က အတော်လေးစိတ်ကျေနပ်သွားသည်။သို့ပေမဲ့ သူက အနည်းငယ်နောင်တရသွားသလို စိတ်လည်းပျက်သွား၏။"အစကနေအဆုံးထိ ဆယ်ရက်တောင်ကြာသွားတယ်။ငါ ဒီဂိမ်းတာဝန်ကို စောမပြီးသွားဘူး။"
သူသာ ဂိမ်းတာဝန်ကိုစောပြီး ပြီးသွားခဲ့ပါက ဆုလဒ်များ ပို၍ရနိုင်လေသည်။ စိတ်ဝိညာဉ်ထိန်းချုပ်ကမ္ဘာထဲတွင် ချီမင်သည် သူစကားထဲထည့်ပြောစရာတောင် မလိုအပ်သည့် ရတနာများသာ တွေ့ခဲ့သည်။
"သွားဖို့အချိန်တန်ပြီ။"
အတွေးတစ်ချက်ဖြင့် ချီမင်၏အသိစိတ်သည် ဂိမ်းဇာတ်ကောင်ထဲမှထွက်ကာ မူလကိုယ်ထဲသို့ပြန်ဝင်သွားတော့သည်။
စိတ်ဝိညာဉ်ထိန်းချုပ်ကမ္ဘာထဲတွင် နတ်ဘုရားလမ်းစဉ်ကမ္ဘာကဲသို့ တူညီသည့်အရာများ ဖြစ်သွားခဲ့သည်။
ပထမဆုံး ချီမင်၏ဂိမ်းဇာတ်ကောင်က လျင်မြန်စွာဖြင့် ပျောက်ကွယ်သွားခဲ့ပြီး သန့်စင်သည့်စွမ်းအားအဖြစ် ပြောင်းလဲသွားတော့၏။ သူက ထိုစွမ်းအင်ကိုသုံးကာ စိတ်ဝိညာဉ်ထိန်းချုပ်ကမ္ဘာ၏အချိန်ကာလကိုပြန်ပြောင်းလိုက်ပြီး မူလအခြေအနေသို့ ပြန်ပြင်လိုက်တော့သည်။
ကောင်းကင်ဉာဏ်အလင်းမြင့်မြတ်တောင်။
ချီမင်က မျက်လုံးဖွင့်လာသည်။
တင်း!
"ဂုဏ်ပြုပါတယ် လက်ခံသူ။ သင် အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်း နှစ်ခြင်းအခန်းကိုဖွင့်ပြီး မဟာဆန်းကြယ်အင်မော်တယ်အလယ်ပိုင်းအဆင့်သို့ ဝင်ရောက်ခဲ့ပါတယ်။ သင် ဂိမ်းတာဝန်ကို ဆယ်ရက်ခန့်သုံးပြီး ပြီးမြောက်ခဲ့ပါတယ်။သင်မဟာဆန်းကြယ်အင်မော်တယ်အလယ်ပိုင်းအဆင့် ဂိမ်းမြေအောက်စခန်းကို အောင်မြင်စွာ ရှင်းလင်းနိုင်ခဲ့ပါတယ်။”
ဆုလဒ်:စိတ်ဝိညာဉ်ဘုရားကျောင်းသခင်နှင့် ထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက် တစ်ကွာဒရီလီယန်။
အသိပေးချက်တစ်ခုပေါ်လာသည်။
"နောက်ထပ် အင်မော်တယ်သားရဲပဲ။"
ရှားပါးအင်မော်တယ်သားရဲ:လူသားစိတ်ဝိညာဉ်ဘုရားကျောင်းသခင်
နာမည်အရင်း: ယုဟောင်
ဖော်ပြချက်: မဟာဆန်းကြယ်အင်မော်တယ်အလယ်ပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း:စိတ်ဝိညာဉ်ထိန်းချုပ်ကမ္ဘာမှ ရရှိသော ရှားပါးအင်မော်တယ်သားရဲတစ်ကောင်ဖြစ်သည်။ ထိန်းချုပ်ခြင်းစည်းမျဉ်းကိုအဓိကထားကျင့်ကြံပြီး ကောင်းကင်နှင့်မြေကြီး၏အမှန်တရားကို နားလည်ထားသည်။ စိတ်ဝိညာဉ်ထိန်းချုပ်ဘုရားကျောင်းကို ထိန်းချုပ်သည်။ စွမ်းအားကြီးပြီး အလားအလာမြင့်မားသူပေ။ အင်မော်တယ်ဘုရင်နှောင်းပိုင်းအဆင့်သို့ ရောက်ရှိပြီးသားဖြစ်သည်။
ချီမင်က ရှားပါးအင်မော်တယ်သားရဲတစ်ကောင်ရလိုက်သည်။ ထို့ပြင်း၎င်းက စည်းမျဉ်းကျင့်ကြံသည့်ရှားပါးအင်မော်တယ်သားရဲဖြစ်၏။ ယင်းက အင်မော်တယ်ဘုရင်နှောင်းပိုင်းအဆင့်သို့လည်း ရောက်နေပေပြီ။
တကယ့်ကိုမဆိုးပေ။
ချီမင်က သက်ပြင်းအသာချလိုက်သည်။ အတွေးတစ်ချက်ဖြင့် အဖြူရောင်အလင်းတစ်ချက်လက်သွားသည်။ ယုဟောင်က ချီမင်ရှေ့တွင်ပေါ်လာပြီး ဦးညွှတ်လိုက်သည်။
"ဒီငယ်သားယုဟောင်က သခင့်ကိုနှုတ်ဆက်ပါတယ်။" ယုဟောင်က ဦးညွှတ်လိုက်သည်။
ချီမင်က ခေါင်းအသာညိတ်ပြီး အင်မော်တယ်သလင်းကျောက်များကိုသုံးလျက် ယုဟောင်အတွက် ဆယ်ခုမြောက် အင်မော်တယ်သားရဲကြီးထွားရာနေရာကို ဖွင့်ပြီး သူ့ကို ဝင်ရောက်စေကာ ကျင့်ကြံလိုက်သည်။
ယုဟောင်၊ကုရှီးရွှေနှင့်မြေနီမှုန့်တို့အားလုံးက စည်းမျဉ်းကျင့်ကြံသူများဖြစ်သည်။ သူတို့က အင်မော်တယ်ဘုရင်နှောင်းပိုင်းအဆင့်ဖြစ်သော်လည်း အလားအလာကန့်သတ်ချက်ကြောင့် ကျင့်ကြံခြင်းအဆင့်အရ ဆက်၍မတိုးတက်လာနိုင်တော့ပေ။
သို့ပါသော်လည်း သူတို့က အင်မော်တယ်သားရဲကြီးထွားရာနေရာများထဲတွင် ဆက်လက်ကြီးထွားပြီး ဥပဒေသများ၊စည်းမျဉ်းများကို နားလည်ဆင်ခြင်ကာ အံ့ဖွယ်စွမ်းအားများကို ဖန်းတီးလျက် ဆက်လက်သန်မာလာနိုင်သေးသည်။
တင်း!
"ဂုဏ်ပြုပါတယ် လက်ခံသူ။ သင့်ရဲ့ကိုယ်ပိုင်အင်မော်တယ်ရတနာ ဖရိုဖရဲမဟာတာအိုဓားကြာပွင့်ကို အဆတစ်ကွာဒရီလီယန်မြှင့်တင်မှုအောက်တွင် နှစ်(၁၀၀၀၀၀)ကြာ သန့်စင်ခဲ့ပါတယ်။ မဟာဆန်းကြယ်အင်မော်တယ်ထိပ်တန်းအဆင့်ထိ သန့်စင်ပြီးသွားခဲ့ပါပြီ။"
…
တင်း!
"ဂုဏ်ပြုပါတယ် လက်ခံသူ။ သင့်ရဲ့ကိုယ်ပိုင်အင်မော်တယ်ရတနာ ဖရိုဖရဲကမ္ဘာဖျက်ဓားကို အဆတစ်ကွာဒရီလီယန်မြှင့်တင်မှုအောက်တွင် နှစ်(၁၀၀၀၀၀)ကြာ သန့်စင်ခဲ့ပါတယ်။ မဟာဆန်းကြယ်အင်မော်တယ်ထိပ်တန်းအဆင့်ထိ သန့်စင်ပြီးသွားခဲ့ပါပြီ။"
…
တင်း!
"ဂုဏ်ပြုပါတယ် လက်ခံသူ။ သင့်ရဲ့ကိုယ်ပိုင်အင်မော်တယ်ရတနာ ဖရိုဖရဲပုကျုံးတောင်ကို အဆတစ်ကွာဒရီလီယန်မြှင့်တင်မှုအောက်တွင် နှစ်(၁၀၀၀၀၀)ကြာ သန့်စင်ခဲ့ပါတယ်။ မဟာဆန်းကြယ်အင်မော်တယ်ထိပ်တန်းအဆင့်ထိ သန့်စင်ပြီးသွားခဲ့ပါပြီ။"
…
နောက်ပိုင်းအချိန်တွေမှာ ချီမင်သည် သဘာဝအတိုင်းဆက်၍သာကျင့်ကြံပြီး ခွန်အားကိုသာ တိုးတက်အောင်ပြုလုပ်နေခဲ့သည်။ တစ်ချိန်တည်းမှာ သူက အပြင်ကမ္ဘာဘက်မှ အခြေအနေများကို အာရုံစိုက်ထားသည်။ ပြည်နယ်ကိုးလောကတစ်ခုလုံးသည် ပိုပြီး ဗရမ်းဗတာဖြစ်လာသည်။သို့ပေမဲ့ အစီအစဉ်တကျတော့ ဖြစ်နေသေးသည်။
နောက်ထပ်နှစ်တစ်ရာကုန်သွားခဲ့သည်။
တင်း!
"ဂုဏ်ပြုပါတယ် လက်ခံသူ။ "ဖရိုဖရဲမဟာတာအိုကျမ်း:မဟာဆန်းကြယ်အင်မော်တယ်အပိုင်းကို အဆကွာဒရီလီယန်မြှင့်တင်မှုအောက်တွင် (၁၁၇၈၁၀)ကြာကျင့်ကြံခဲ့ပါတယ်။ ကောင်းကင်နှင့်မြေကြီးမဟာတာအိုကိုနားလည်ခဲ့ပြီး မဟာတာအိုအင်မော်တယ်ဝင်ပေါက်(၁၁၇၈၁)ကို တည်ဆောက်နိုင်ခဲ့ပါတယ်။ အံ့ဖွယ်စွမ်းအား(၁၁၇၈၁)နှင့်ပေါင်းစပ်နိုင်ခဲ့ပြီး မဟာတာအိုသာလွန်သူပေါင်း(၁၁၇၈၁)ကို သိပ်သည်းနိုင်ခဲ့ပါတယ်။"
"မဟာတာအိုအင်မော်တယ်ဝင်ပေါက်ပေါင်း(၅၈၉၁၄)ကို ပေါင်းစပ်ခဲ့ပါတယ်။ သင့်ရဲ့ဓမ္မစွမ်းအားများ တိုးတက်လာပြီး ကောင်းကင်နှင့်မြေကြီးမဟာတာအိုက သင့်ကိုကာကွယ်ပေးခဲ့ပါတယ်။ သင့်ရဲ့ကျင့်ကြံခြင်းအဆင့်က မဟာဆန်းကြယ်အင်မော်တယ်နှောင်းပိုင်းအဆင့်သို့ရောက်ရှိသွားပါပြီ။"
အသိပေးချက်တစ်ခုပေါ်လာသည်။
သူထပ်မံ အဆင့်ချိုးဖြတ်သွားခဲ့ပါသည်။
ချီမင်က ကောင်းကင်သံသရာကြယ်တာရာအစီအရင်ကိုလည်ပတ်ပြီး ကောင်းကင်လျှို့ဝှက်ချက်များကို ဖုံးကွယ်ကာ ကောင်းကင်နှင့်မြေကြီးထူးခြားဖြစ်စဉ်များကို ဖုံးကွယ်လိုက်သည်။ အရာရာတိုင်းက တည်ငြိမ်နေခဲ့သည်။ နောက်တစ်လအကြာမှာ ကျင့်ကြံခြင်းကိုတည်ငြိမ်အောင်လုပ်လိုက်သည်။
အသိပေးချက်တစ်ခုပေါ်လာသည်။
တင်း!
"ဂုဏ်ပြုပါတယ် လက်ခံသူ။ သင် မဟာဆန်းကြယ်အင်မော်တယ်နှောင်းပိုင်းအဆင့်သို့ ချိုးဖြတ်တက်ရောက်သွားပါပြီ။ မဟာဆန်းကြယ်အင်မော်တယ်အလယ်ပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း:စိတ်ဝိညာဉ်ထိန်းချုပ်ကမ္ဘာကို ရှင်းလင်းရာမှရရှိမည့်ဆုလဒ်များ လျော့ကျသွားပါပြီ။ သင် ထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက်(၁၀)ထရီလီယန်ဖြည့်တင်းပြီး ဂိမ်းမြေအောက်စခန်းအသစ်ကိုဖွင့်နိုင်ပါတယ်။"
"ဖြည့်မယ်။"
တင်း!
"ဖြည့်သွင်းခြင်းအောင်မြင်ပါတယ်။"
"မဟာဆန်းကြယ်အင်မော်တယ်နှောင်းပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း:သိုင်းတာအိုကမ္ဘာကို အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပါတယ်။"
"သင် ဝင်ရောက်နိုင်ပါပြီ။"
အတွေးတစ်ချက်ဖြင့် ချီမင်က သိုင်းတာအိုကမ္ဘာသို့ ဝင်ရောက်သွားသည်။ နာမည်အတိုင်းပင် သိုင်းတာအိုကမ္ဘာ၏အခြေအနေက သိုင်းပညာကိုအလေးထားသည့် ကျင့်ကြံခြင်းကမ္ဘာတစ်ခုဖြစ်သည်။
အမြင့်ဆုံးအဆင့်ထိကျင့်ကြံပြီးပါက အထွတ်အထိပ်သိုင်းသူတော်စင်တစ်ဦးဖြစ်လာပြီး စည်းမျဉ်းကျင့်ကြံသည့်အထက်ကမ္ဘာအင်မော်တယ်ဘုရင်များနှင့် ယှဉ်နိုင်လာလေသည်။ ၎င်းဂိမ်းမြေအောက်စခန်းက စိတ်ဝိညာဉ်ထိန်းချုပ်ကမ္ဘာနှင့်တူညီပြီး အနည်းငယ်ပိုမြင့်နိုင်သည်။
ဂိမ်းမြေအောက်စခန်းထဲတွင် ချီမင်၏ဂိမ်းဇာတ်ကောင်က သိုင်းစွဲလမ်းနေသူတစ်ဦးဖြစ်သည်။ သူ၏တာဝန်က သိုင်းတာအိုကမ္ဘာမှ သိုင်းတာအိုပညာရှင်များ အားလုံးကိုစိန်ခေါ်ကာ အနိုင်ယူရမှာဖြစ်သည်။
သူ၏ဂိမ်းတာဝန်က မခက်ခဲပေ။ ချီမင်က အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်း:နှစ်ခြင်းအခန်းကို ထပ်မံအသက်သွင်းကာ ကိုယ်တိုင်ဝင်သွားတော့သည်။
သုံးရက်ကြာပြီးနောက်မှာ ချီမင်က သိုင်းတာအိုကမ္ဘာမှ ကျွမ်းကျင်သူအားလုံးကို အနိုင်ယူခဲ့သည်။ အထွတ်အထိပ်သိုင်းသူတော်စင်များတောင် သူ၏တိုက်ကွက်ကို သုံးကွက်ထပ်ပို၍မခုခံနိုင်ပေ။
သူတွင် ကောင်းကင်တာအိုရတနာနှစ်ခုရှိသည်။ သူ၏ခွန်အားအပြည့်နှင့်ဆို သိုင်းသူတော်စင်များက သူ့ပြိုင်ဘက်မဟုတ်ပေ။
သုံးရက်သာကြာသွားပြီး ဂိမ်းတာဝန်ကိုပြီးဆုံးသွားခဲ့သည်။သူက ဂိမ်းမြေအောက်စခန်းထဲမှ ထွက်ခွာလိုက်သည်။ အသိစိတ်တစ်ပိုင်းတစ်စက ပြန်ရောက်လာသည်။
ဤအကြိမ်တော့ ချီမင်က ဂိမ်းတာဝန်ဖြေရှင်းပြီးရန် သုံးရက်သာကြာသွားသည်။ သူရလာသည့်ဆုလဒ်ကလည်း တိုးသွားသည်။
တင်း!
"ဂုဏ်ပြုပါတယ် လက်ခံသူ။ သင်အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်း:နှစ်ခြင်းအခန်းကို အသက်သွင်းကာ မဟာဆန်းကြယ်အင်မော်တယ်နှောင်းပိုင်းအဆင့် ဂိမ်းမြေအောက်စခန်း: သိုင်းတာအိုကမ္ဘာကို ဝင်ရောက်ခဲ့ပါတယ်။ သင်ဂိမ်းတာဝန်ကိုသုံးရက်အတွင်းရှင်းလင်းခဲ့ပြီး အောင်မြင်နိုင်ခဲ့ပါတယ်။ သင် ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပိုင်းအစနှင့် ထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက်(၁၀)ကွာဒရီလီယန်ရရှိခဲ့ပါတယ်။"
အသိပေးချက်တစ်ခုပေါ်လာသည်။
"ကောင်းကင်နဲ့မြေကြီး မဟာတာအိုအပိုင်းအစ။"
ချီမင်သည် ထိတ်လန့်သွား၏။ သူက ထိုပစ္စည်းကို မရိုးရှင်းမှန်းခံစားရ၏။ သူက သိပ်မတွေးနေတော့ဘဲ ထိုပစ္စည်း၏အချက်အလက်များကို လျင်မြန်စွာ စစ်ဆေးလိုက်တော့သည်။
ချက်ချင်းဆိုလိုပင် ချီမင်၏မျက်နှာပေါ်တွင် အံ့ဩမှုတစ်ခုပေါ်လာတော့သည်။
"ဒီကိစ္စက.."
ချီမင်က သူ့ကိုယ်သူတည်ငြိမ်အောင်လုပ်လိုက်သည်။
ပစ္စည်း:ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပိုင်းအစ။
ဖော်ပြချက်:မဟာဆန်းကြယ်အင်မော်တယ်နှောင်းပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း:သိုင်းတာအိုကမ္ဘာမှ ရရှိသော ပစ္စည်းဖြစ်သည်။ ယင်းတွင် ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စစ်မှန်ဆန်းကြယ်မှုများ ပါဝင်ပါသည်။ တိုက်ရိုက်စုပ်ယူနိုင်ပြီး သင်ရဲ့ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပေါ်နားလည်မှုကို မြှင့်တင်နိုင်ပါသည်။ သို့ပါသော်လည်း ၎င်းက မဟာတာအိုကျင့်ကြံခြင်းအဆင့်ကသူများသာ စုပ်ယူနိုင်သည်။
"ပစ္စည်းကောင်းလေးပဲ။"
ချီမင်သည် အသက်ပြင်းပြင်းရှုလိုက်၏။
ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပိုင်းအစက တကယ့်ကိုရှားပါးပစ္စည်းပေ။ မဟာတာအိုကျင့်ကြံသူများသာ စုပ်ယူနိုင်သည်။ မဟုတ်လို့ရှိရင် ပေါင်းစပ်နေစဉ်အတွင်းမှာ သူတို့က ကောင်းကင်နှင့်မြေကြီးမဟာတာအိုမှ ဖယ်ရှားခံရကာ ထိုအရာ၏တစ်စိတ်တစ်ပိုင်းဖြစ်လာပေလိမ့်မည်။ အရှင်နယ်ပယ်ကျင့်ကြံသူများတောင် စုပ်ယူဖို့ခက်ခဲပေသည်။
"စုပ်ယူ။"
ချီမင်က သဘာဝအတိုင်း မစိုးရိမ်ပေ။ ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပိုင်းအစ၏အကျိုးသက်ရောက်မှုကိုသိသွားတော့သူက ပိုပြီးတောင်စိတ်မရှည်ဖြစ်လာသည်။
သူက စတင်စုပ်ယူဖို့ ပြင်ဆင်တော့သည်။
အတွေးတစ်ချက်ဖြင့် ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပိုင်းအစသည် ပစ္စည်းစာရင်းထဲမှ ချီမင်၏ကိုယ်ထဲသို့ တိုက်ရိုက်ပေါင်းစပ်သွားသည်။ အပြင်ဘက်ကမ္ဘာ၌တောင် ပေါ်မလာပေ။
၎င်းက ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပိုင်းအစဖြစ်သည်။ ပြင်ပကမ္ဘာ၌သာပေါ်လာရင် ကောင်းကင်သံသရာကြယ်တာရာအစီအရင်ဖြင့်ဖုံးထားရင်တောင် အရှိန်အဝါက ကျိန်းသေထွက်လာပေလိမ့်မည်။
ထိုအချိန်ကျရင် ၎င်းကို အထက်ကမ္ဘာကောင်းကင်တာအိုက သေချာပေါက် သတိထားမိသွားလိမ့်ပေမည်။ အထက်ကမ္ဘာကောင်းကင်တာအိုအတွက် ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပိုင်းအစက စုပ်ယူလို့ရသည့်ဖြည့်စွက်စာကြီးဖြစ်သည်။
"ငါ အလယ်အလတ်အဆင့်အင်မော်တယ်သလင်းကျောက် သန်းတစ်သောင်းထည့်ပြီး ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပိုင်းအစကို ပေါင်းစပ်မယ်။"
တင်း!
"ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပိုင်းအစကို အဆတစ်ကွာဒရီလီယန်မြင့်တင်မှုအောက်တွင် ကျင့်ကြံခဲ့ပါတယ်။"
ချီမင်သည် မယှဉ်သာလောက်အောင်နက်နဲသည့်အခြေအနေထဲသို့ဝင်ရောက်သွားတော့သည်။ သူက အဆုံးမရှိသည့် ကောင်းကင်နှင့်မြေကြီးမဟာတာအိုနှင့်ရင်ဆိုင်နေရဟန်ရပြီး ဆန်းကြယ်သည့်အခြေအနေကို ကြည့်လိုက်သည်။
ထိုအခိုက်တွင် ချီမင်က ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပိုင်းအစသည် ဖရိုဖရဲမဟာတာအိုစာလုံးနှင့်တူညီသည်ကိုတွေ့သွား၏။သို့ပေမဲ့ ဖရိုဖရဲမဟာတာအိုစာလုံးက ပိုပြီးပြည့်စုံပြီး ပိုပြီးရှုပ်ထွေးသည်။ ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပိုင်းအစကတော့ မပြည့်စုံပေ။
ပိုပြီးအရေးကြီးသည်က။
ချီမင်က ကောင်းကင်နှင့်မြေကြီးအပိုင်းမဟာတာအိုအပိုင်းအစကိုပေါင်းစပ်စုပ်ယူလိုက်သောကြောင့် သူ၏ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပေါ် နားလည်မှုက လျင်မြန်စွာဖြင့် တိုးတက်သွားတော့သည်။ မဟာတာအိုအင်မော်တယ်ဝင်ပေါက်က တစ်ပေါက်ပြီးတစ်ပေါက်ပွင့်သွားတော့သည်။